၂-နခသိခသုတ်
၂၂၄။ (သာဝတ္ထိယံ ဝိဟရတိမှစ၍ အာရောပိတောတိ တိုင်အောင်သော အနက်မှာ စာပိုဒ် ၇၄-နခသိခသုတ်နှင့်တူ၏ ။ )
ဘိက္ခဝေ၊ တို့။
ဧဝမေဝ ခေါ၊ သာလျှင်။
ယေ၊ အကြင်လူ့ဘုံမှစုတေသောသတ္တဝါတို့သည်။
မနုဿေသု၊ လူတို့၌။
ပစ္စာဇာယန္တိ၊ ဖြစ်ကုန်၏ ။
တေ သတ္တာ၊ ထို (လူသေ၍ လူဖြစ်သော)သတ္တဝါတို့သည်။
အပ္ပကာ ခေါ၊ နည်းကုန်သည်သာတည်း။
အထ ခေါ၊ စင်စစ်သော်ကား။
ယေ၊ အကြင်လူ့ဘုံမှစုတေသော သတ္တဝါတို့သည်။
မနုဿေဟိ၊ လူတို့မှ။
အညတြ၊ တစ်ပါးသော အပါယ်ဘုံတို့၌။
ပစ္စာဇာယန္တိ၊ ဖြစ်ကုန်၏ ။
ဧတေ ယော သတ္တာ၊ ထိုသတ္တဝါတို့သည်သာလျှင်။
ဗဟုတရာ၊ များကုန်၏ ။
(ကြွင်းမထူး။ )
ဒုတိယံ၊ နှစ်ခုမြောက်သောသုတ်တည်း။