၂-အာဟာရသုတ်
၁၁။ (ဧဝံ မေ သုတံ။ ပ။ အာရာမေပေးမြဲ။ )
ဘိက္ခဝေ၊ တို့။
ဘူတာနံ၊ ဖြစ်ပြီးဖြစ်ကုန်သော။
သတ္တာနံ ဝါ၊ သတ္တဝါတို့၏ ၎င်း။
သမ္ဘဝေသီနံ၊ ဖြစ်ခြင်းသို့ ရှာမှီးကပ်ရောက်ဆဲ ဖြစ်ကုန်သော။
သတ္တာနံ ဝါ၊ သတ္တဝါတို့၏၎င်း။
ဌိတိယာ၊ တည်တံ့စေခြင်းအကျိုးငှါ၎င်း။
အနုဂ္ဂဟာယ၊ ခြီးမြှောက်ထောက်ပံ့ခြင်း အကျိုးငှါ၎င်းဘူတာနံ သမ္ဘဝေသီနံ သတ္တာနံဖြင့် အလုံးစုံသော သတ္တဝါတို့ကို သိမ်းယူသည်။ မည်သည့်သတ္တဝါမဆို ဆိုလတ္တံ့ အာဟာရ လေးပါးကို ထိုက်သင့်သလို မှီရသည် ဟု ဆိုလို၏ ။
ဌိတိယာဖြင့် သတ္တဝါတို့၏ သန္တာန်၌ ဖြစ်ပြီးသော တရားများ အစဉ်မပြတ် တည်တံ့အောင် စောင့်ရှောက်ရန်ဖြစ်သော အာဟာရများအဖြစ်ကို ပြသည်။ "အနှစ်တစ်ရာ အသက်ရှည် တည်သည်' ဟု ဆိုရာ၌ အစဉ်မပြတ်ဆက်စပ် ဖြစ်နေသည်ဟု ဆိုရသကဲ့သို့ သတ္တဝါတို့၏ အစဉ်မပြတ် ဆက်စပ် ဖြစ်နေရန် စောင့်ရှောက်ကြသော အာဟာရများ ဖြစ်လေသည်။
အနုဂ္ဂဟာယဖြင့် အစဉ်မပြတ် တရားတို့ ဖြစ်နေခြင်းကြောင့် သတ္တဝါတို့ သန္တာန်၌ မဖြစ်သေးသော တရားတို့ အသစ်ဖြစ်ပေါ်လျက် အထောက်အကူ ဖြစ်စေရန် စောင့်ရှောက်သော အာဟာရများ အဖြစ်ကို ပြ၏ ။ အာဟာရာ၊ အကြောင်းတရားတို့သည်။ ဣမေ စတ္တာရော၊ ဤလေးပါးတို့တည်း။ ဣမေ စတ္တာရော၊ ဤလေးပါးတို့တည်း။

ကတမေ စတ္တာရော၊ အဘယ်လေးပါးတို့နည်းဟူမူ။
ဩဠာရိကော ဝါ၊ ကြမ်းထန်းသည်မူလည်းဖြစ်သော။
သုခုမော ဝါ၊ နူးညံ့သည်မူလည်းဖြစ်သော။
ကဗဠီကာရော၊ အလုတ်အလွေးကို မပြုအပ်သော်လည်း ပြုအပ်သကဲ့သို့သော။
အာဟာရော၊ အာဟာရဩဇာဓာတ်၎င်း။
ဒုတိယော၊ နှစ်ခုမြောက်သော။
ဖဿော၊ စက္ခုသမ္ဖဿစသော ခြောက်ပါးသောဖဿ၎င်း။
တတိယာ၊ သုံးခုမြောက်သော။
အနောသဉ္စေတနာ၊ စိတ်၏ စေ့ဆော်တိုက်တွန်းခြင်း စေတနာ၎င်း။
စတုတ္ထံ၊ လေးခုမြောက်သော။
ဝိညာဏံ၊ စိတ်ဝိညာဏ်၎င်းတည်း။အာဟာရဝတ္ထု၌ ရှိသော အဆီဩဇာကို ကဗဠီကာရ အာဟာရဟု ခေါ်၏ ။ သို့သော် အာဟရဝတ္ထုနှင့်လည်း မကင်းနိုင်သောကြောင့် ၎င်းကိုလည်း ဌာနူပစာရအားဖြင့် ကဗဠီကာရအာဟာရဟု ခေါ်ရသေး၏ ။
အဆီဩဇာ အကြမ်းအနုကို ဩဠာရိက သုခုမခွဲရန်မလို၊ အာဟာရဝတ္ထု အကြမ်းအနုကိုသာ ဩဠာရိကသုခုမခွဲရသည်၊ အာဟာရဝတ္ထု အကြမ်းအနုကိုလည်း အဆီ ဩဇာနည်းသော အာဟာရဝတ္ထုသည် ဩဠာရိက, အဆီဩဇာများသော အာဟာရဝတ္ထုသည် သုခုမဟု ခွဲရသည်။ အာဟာရဝတ္ထုသက်သက်သည် ကမ္မဇတေဇောလောင်မြိုက်ခြင်းကြောင့် ဆာလောင်ခြင်း ကိုယ်ပင်ပန်း ပူလောင်ခြင်းကိုသာ ပယ်ဖျောက်နိုင်၍ ခန္ဓာကိုယ်ကို မျှတရန် မစောင့်ရှောက်နိုင်။ အဆီဩဇာသက်သက်ကလည်း ခန္ဓာကိုယ်ကို မျှတရန်သာ စောင့်ရှောက်နိုင်၍ အစာမပြည့် ဝမ်းဟာသောကြောင့် ဆာလောင်ခြင်းကို မပယ်ဖျောက်နိုင်။ အဆီဩဇာပြည့်သော အာဟာရဝတ္ထုသည်သာ ခန္ဓာကိုယ်မျှတရန်နှင့် အဆာပျောက်ရန် စောင့်ရှောက်နိုင်၏ ။
ဥပါဒိဏ္ဏက ကဗဠီကာရအာဟာရ-စားသည်ဖြစ်စေ မစားသည်ဖြစ်စေ ဤသတ္တဝါတို့၏ ကမ္မဇရုပ်၌ ပါဝင်သော ဩဇာရုပ်သည် ဖြစ်သည့်နေ့မှစ၍ ခုနစ်ရက်တိုင်အောင် ခန္ဓာကိုယ် ရုပ်အစဉ်မပြတ်ရန် စောင့်ရှောက်၏ ။ ၎င်းဩဇာသည် ဥပါဒိဏ္ဏကကဗဠီကာရအာဟာရမည်၏ ။ ဤစကားကို ထောက်၍ "လူ့ အသက်-ခုနစ်ရက်" ဟု ဆိုကြဟန်ရှိ၏ ။ "ထမင်းအသက် ခုနစ်ရက်" ဟူ၍လည်း ဆိုကြသေး၏ ။
အနုပါဒိဏ္ဏကကဗဠိကာရအာဟာရ-ကမ္မဇဩဇာကို စွဲ၍ဖြစ်သော ဩဇာသည် အနုပါဒိဏ္ဏကကဗဠီကာရအာဟာရမည်၏ ။ ကမ္မဇဩဇံ ပန ပဋိစ္စ ဥပန္နဩဇာ အကမ္မဇတ္တာ အနုပါဒိဏ္ဏအာဟာရောတွေဝ ဝေဒိတဗ္ဗော ဋီ-၂၇။
ဥပါဒိဏ္ဏကဖဿာဟာရစသည်-တေဘူမက ဝိပါက်တရားများသည် ဥပါဒိဏ္ဏဖဿာဟာရစသည်မည်၍ တေဘူမကကုသိုလ် အကုသိုလ် ကြိယာတရားများသည် အနုပါဒိဏ္ဏဖဿာဟာရစသည် မည်၏ ။

ဘူတာနံ၊ ကုန်သော။
ပ။
အနုဂ္ဂဟာယ၊ ငှါ၎င်း။
အာဟာရာ၊ တို့သည်။
ဣမေ ခေါ စတ္တာရော၊ တို့ပင်တည်း။
ဘိက္ခဝေ၊ တို့။
စတ္တာရော၊ ကုန်သော။
ဣမေ အာဟာရာ၊ ဤအာဟာရတို့သည်။
ကိံ နိဒါနာ၊ အဘယ်လျှင်အကြောင်းရင်းရှိကုန်သနည်း။
ကိံ သမုဒယာ၊ အဘယ်လျှင်ဖြစ်ကြောင်းရှိကုန်သနည်း။
ကိံ ဇာတိယာ၊ အဘယ်လျှင် ဇစ်မြစ်ရှိကုန်သနည်း။
ကိံ ပဘဝါ၊ အဘယ်လျှင် အမွန်အစရှိကုန်သနည်း။
စတ္တာရော၊ ကုန်သော။
ဣမေ အာဟာရာ၊ တို့သည်။
တဏှာနိဒါနာ၊ တဏှာလျှင် အကြောင်းရင်းရှိကုန်၏ ။
တဏှာသမုဒယာ၊ တဏှာလျှင်ဖြစ်ကြောင်းရှိကုန်၏ ။
တဏှာဇာတိကာ၊ တဏှာလျှင် ဇစ်မြစ်ရှိကုန်၏ ။
တဏှာပဘဝါ၊ တဏှာလျှင် အမွန်အစရှိကုန်၏ ။
ဘိက္ခဝေ၊ တို့။
အယံ တဏှာစ၊ ဤတဏှာသည်လည်း။
ကိံ နိဒါနာ၊ ရှိသနည်း။ ပ။
တဏှာ၊ သည်။
ဝေဒနာနိဒနာ၊ ဝေဒနာလျှင် အကြောင်းရင်းရှိ၏ ။ ပ။
အယံဝေဒနာ စ၊ သည်လည်း။
ကိံ နိဒါနာ၊ နည်း။ ပ။
ဝေဒနာ၊ သည်။
ဖဿနိဒါနာ၊ ဖဿလျှင်အကြောင်းရင်းရှိ၏ ။ ပ။
အယံ ဖဿော စ၊ သည်လည်း။
ကိံ နိဒါနော၊ နည်း။ ပ။
သဠာယတနနိဒါနော၊ အာယတနခြောက်ပါးလျှင်အကြောင်းရင်းရှိ၏ ။ ပ။
ဣဒံ သဠာယတနံ စ၊ သည်လည်း။
ကိံ နိဒါနံ၊ နည်း။ ပ။
နာမရူပနိဒါနံ၊ နာမ်ရုပ်လျှင်အကြောင်းရင်းရှိ၏ ။ ပ။
ဣဒံ နာမရူပံ စ၊ သည်လည်း။
ကိံ နိဒါနံ၊ နည်း။ ပ။
ဝိညာဏနိဒါနံ၊ ဝိပါက်ဝိညာဏ်လျှင်အကြောင်းရင်းရှိ၏ ။ ပ။
ဣဒံ ဝိညာဏံစ၊ သည်လည်း။
ကိံ နိဒါနံ၊ နည်း။ ပ။
သင်္ခါရနိဒါနံ၊ ကောင်းမှု မကောင်းမှုဟူသော ပြုပြင်စီရင်ခြင်းလျှင်အကြောင်းရင်းရှိ၏ ။ ပ။
ဣမေ သင်္ခါရာ စ၊ တို့သည်လည်း။
ကိံ နိဒါနာ၊ ရှိကုန်သနည်း။ ပ။
အဝိဇ္ဇာနိဒါနာ၊ သစ္စာလေးပါးစသည်တို့၌ ဖုံးလွှမ်းတတ်သော မောဟလျှင် အကြောင်းရင်းရှိကုန်၏ ။
အဝိဇ္ဇာသမုဒယာ၊ ရှိကုန်၏ ။
အဝိဇ္ဇာဇာတိကာ၊ ရှိကုန်၏ ။
အဝိဇ္ဇာပဘဝါ၊ ရှိကုန်၏ ။
ဘိက္ခဝေ၊ တို့။
ဣတိ ခေါ၊ ဤသို့လျှင်။
အဝိဇ္ဇာပစ္စယာ၊ အဝိဇ္ဇာဟူသော အကြောင်းကြောင့်။
သင်္ခါရာ၊ တို့သည်။
(သမ္ဘဝန္တိ၊ ဖြစ်ကုန်၏ ။ ) ။ ပ။
ဧဝံ၊ ဤသို့။
ကေဝလဿ၊ သတ္တဇီဝမဖက်သက်သက်သော။
ဧတဿ ဒုက္ခက္ခန္ဓဿ၊ ဤဆင်းရဲအစု၏ ။
သမုဒယော၊ ဖြစ်ပေါ်လာကြောင်းသည်။
ဟောတိ၊ ၏ ။
အဝိဇ္ဇာယ တွေဝ၊ အဝိဇ္ဇာ၏သာလျှင်။
အသေသဝိရာဂနိရောဓာ၊ တပ်ခြင်းကင်းသောမဂ်ဖြင့် အကြွင်းမဲ့ ချုပ်ခြင်းကြောင့်။
သင်္ခါရနိရောဓော၊ သင်္ခါရတို့၏ ချုပ်ခြင်းသည်။
ဟောတိ၊ ၏ ။ ပ။
ဧဝံ၊ သို့။
ကေဝလဿ၊ သော။
ဧတဿ ဒုက္ခက္ခန္ဓဿ၊ ၏ ။
နိရောဓော၊ သည်။
ဟောတိ၊ ၏ ။
ဣတိ၊ သို့။
သုတံ၊ ပြီ။
ပဌမံ၊ မဌမသုတ်တည်း။