Issues
Select Version
Bhikkhu Bodhi
English
sāsanāre-သာသနာရေး
မြန်မာဘာသာ
Ekādasakanipātapāḷi

1. Kimatthiyasuttaṃ

Author: sāsanāre-သာသနာရေး @ IAPT

ဤဧကာဒသကနိပါတ် အစပဌမ ငါးသုတ်သည် ဒသကနိပါတ်၏ အစပဌမငါးသုတ်နှင့် နာမည်နှင့်တကွ အားလုံးနီးပါးပင်တူ၏၊ အနည်းငယ် ထူးသည်မှာ ဒသကနိပါတ်၌ နိဗ္ဗိဒါနှင့် ဝိရာဂကို တပုဒ်တည်းပေါင်းစပ်၍ အင်္ဂါတခုတည်း သတ်မှတ်ရေတွက် ရသောကြောင့် အင်္ဂါဆယ်ချက် (ဒသင်္ဂ)ဖြစ်၏၊ ဤ၌ကား ဧကာဒသကနိပါတ်ဖြစ်သည်နှင့် အညီ နိဗ္ဗိဒါနှင့် ဝိရာဂကို တပုဒ်စီခွဲ၍ အင်္ဂါနှစ်ခုရေတွက်ရသောကြောင့် အင်္ဂါ တဆယ့်တချက် (ဧကဒသင်္ဂ) ဖြစ်၏၊ ဤမျှသာထူး၏၊ အနက်မှာလည်း။ အာနန္ဒ၊ အာနန္ဒာ။ ယာထာဘူတဉာဏဒဿနံ၊ အဖြစ်မှန် သဘော အတိုင်းသိမြင်သော တရုဏဝိပဿနာဉာဏ်သည်။ နိဗ္ဗိဒတ္ထံ၊ ရုပ်နာမ်သင်္ခါရတို့၌ ငြီးငွေ့ကြောင်း ဗလဝဝိပဿနာဟူသော အကျိုးရှိပါ၏။ နိဗ္ဗိဒါ နိသံသံ၊ ရုပ်နာမ်သင်္ခါရတို့၌ ငြီးငွေ့ကြောင်း ဗလဝဝိပဿနာဟူသော အာနိသင်ရှိပါ၏။ ဣတိ၊ ဤသို့။ (အဝေါစ၊ ဖြေဆိုတော်မူပြီ)။
ဘန္တေ၊ မြတ်စွာဘုရား။ နိဗ္ဗိဒါ ပန၊ ရုပ်နာမ်သင်္ခါရတို့၌ ငြီးငွေ့ကြောင်း ဗလဝဝိပဿနာသည်ကား။ ကိမတ္ထိယာ၊ အဘယ်မည်သော အကျိုးရှိပါသနည်း။ ကိမာနိသံသာ၊ အဘယ်မည်သော အာနိသင်ရှိပါသနည်း။ ဣတိ၊ သို့။ (အဝေါစ၊ မေးလျှောက်ပြီ)။
အာနန္ဒ၊ န္ဒာ။ နိဗ္ဗိဒါ၊ သည်။ ဝိရာဂတ္ထာ၊ ရုပ်နာမ် သင်္ခါရမှ ကင်းကွာ လွန်မြောက်ကြောင်း အရိယမဂ်ဟူသော အကျိုးရှိပါ၏။ ဝိရာဂါနိသံသာ၊ ရုပ်နာမ်သင်္ခါရမှ ကင်းကွာလွန်မြောက်ကြောင်း အရိယမဂ်ဟူသော အာနိသင်ရှိပါ၏။ ဣတိ၊ သို့။ (အဝေါစ၊ ဖြေကြားတော်မူပြီ)။
ဘန္တေ၊ မြတ်စွာဘုရား။ ဝိရာဂေါ ပန၊ ရုပ်နာမ်သင်္ခါရမှ ကင်းကွာ လွန်မြောက်ကြောင်း အရိယမဂ်သည်ကား။ ကိမတ္ထိယော၊ အဘယ်မည်သော အကျိုးရှိပါသနည်း။ ကိမာနိသံသော၊ အဘယ်မည်သော အာနိသင်ရှိပါသနည်း။ ဣတိ (အဝေါစ)၊
အာနန္ဒ၊ န္ဒာ။ ဝိရာဂေါ၊ သည်။ ဝိမုတ္တိဉာဏဒဿနာတ္ထော၊ အရဟတ္တဖိုလ်ဝိမုတ္တိနှင့် ပစ္စဝေက္ခဏာဉာဏ်အမြင်ဟူသော အကျိုးရှိပါ၏။ ဝိမုတ္တိဉာဏဒဿနာနိသံသော၊ အရဟတ္တဖိုလ်ဝိမုတ္တိနှင့် ပစ္စဝေက္ခဏာဉာဏ်အမြင်ဟူသော အာနိသင်ရှိပါ၏။ ဣတိ (အဝေါစ)၊ ။ပ။၊
ပရေန္တိ၊ ဖြစ်ပါကုန်၏။ ဣတိ (အဝေါစ)၊
ပဌမံ ။ပ။၊