၈-သမဏဗြာဟ္မဏသုတ်
၁၂၁။ (သာဝတ္ထိယံ ဝိဟရတိ)
ဘိက္ခဝေ၊ တို့။
ဓာတုယော၊ ဓာတ်တို့သည်။
ဣမာ စတဿော၊ ဤလေးပါးတို့တည်း။
ကတမာ စတဿော၊ အဘယ်လေးပါးတို့နည်း။
ပထဝီဓာတု၊ ပထဝီဓာတ်၎င်း။ ပ။
ဝါယောဓာတု၊ ဝါယောဓာတ်၎င်းတည်း။
ဘိက္ခဝေ၊ တို့။
ကေစိ၊ အချို့ကုန်သော။
ယေသမဏာ ဝါ၊ အကြင်ရဟန်းတို့သည်သော်၎င်း။
ယေ ဗြာဟ္မဏာ ဝါ၊ အကြင်ပုဏ္ဏားတို့သည်သော်၎င်း။
စတုန္နံ၊ လေးပါးကုန်သော။
ဣမာသံ ဓာတူနံ၊ ဤဓာတ်တို့၏ ။
အဿာဒဉ္စ၊ သာယာကြောင်းတဏှာကို၎င်း။
အာဒီနဝဉ္စ၊ အပြစ်ကို၎င်း။
နိဿရဏဉ္စ၊ ထွက်မြောက်ရာ နိဗ္ဗာန်ကို၎င်း။
ယထာဘူတံ၊ ဟုတ်တိုင်းမှန်စွာ။
နပ္ပဇာနန္တိ၊ မသိနိုင်ကုန်။
ဘိက္ခဝေ၊ တို့။
မေ၊ ငါဘုရားသည်။
တေ သမဏာ ဝါ၊ ထို (အဿာဒ စသည်ကိုမသိသော) ရဟန်းတို့ကိုသော်၎င်း။
တေ ဗြာဟ္မဏာ ဝါ၊ ထို (အဿာဒစသည်ကို မသိသော ) ပုဏ္ဏားတို့ကိုသော်၎င်း။
သမဏေသု ဝါ၊ ကိလေသာတို့ကိုငြိမ်းအေးစေပြီးသော အရိယာသမဏတို့၌လည်း။
န သမဏသမ္မတာ၊ ကိလေသာတို့ကိုငြိမ်းအေးစေပြီးသော သမဏတို့ဟူ၍ အသိအမှတ်မပြုအပ်ကုန်။
ဗြာဟ္မဏေသု ဝါ၊ မကောင်းမှုကိုအပပြုပြီးသော ဗြာဟ္မဏတို့၌လည်း။
န ဗြာဟ္မဏသမ္မတာ၊ မကောင်းမှုကို အပပြုပြီးသော ဗြာဟ္မဏတို့ဟူ၍ အသိအမှတ်မပြုအပ်ကုန်
ဓာတ်လေးပါးတို့၏ အဿာဒ စသည်ကိုမသိကြလျှင် ရဟန်းပင်ဖြစ်စေ ပုဏ္ဏားပင်ဖြစ်စေ ကိလေသာတို့ကို ငြိမ်းစေပြီးသောအရိယာသမဏ, မကောင်းမှုကို အပပြုပြီးသော အရိယာဗြာဟ္မဏ ၂-မျိုးတွင် မည်သည့်အမျိုးအစားတို့မှ မသက်ဝင်ဟူလို။။
အာယသ္မန္တော၊ ရှည်သောအသက်ရှိကုန်သော။
တေ၊ ထိုအဿာဒစသည်ကို မသိကုန်သောရဟန်းပုဏ္ဏားတို့သည်။
သာမညတ္ထံ ဝါ၊ သမဏအဖြစ်ဟူသော အရိယာမဂ်အကျိုးဖြစ်သောဖိုလ်ကိုသော်၎င်း။
(သစ္ဆိကတွာ၌စပ်)
ဝါ၊ သို့သော်လည်း။
(ဥပသမ္ပဇ္ဇ၌စပ်)
ဗြဟ္မညတ္ထံ ဝါ၊ ဗြဟ္မဏအဖြစ််ဟူသော အရိယာမဂ်အကျိုးဖြစ်သော ဖိုလ်ကိုသော်၎င်း။
ဝါ၊ သို့သော်၎င်း
သာမညတ္ထံ ဝါ ဗြဟ္မညတ္ထံ ဝါတိ ဧတ္ထ အရိယမဂ္ဂေါ သာမညဉ္စေဝ ဗြဟ္မညဉ္စ ဥဘယတ္ထာပိ ပန အတ္ထော နာမ အရိယဖလံ ဝေဒိတဗ္ဗံဟူသော သံ-ဋ္ဌ-၂၊ စာပိုဒ် ၁၃-နှင့်အညီ ပေးသည်။ သံ-ဋ္ဌ-၃ စာမျက်နှာ ၁၆၉-၌ကား သာမညတ္ထန္တိ နိဗ္ဗာနံ၊ တံ ဟိ သာမညေန ဥပဂန္တဗ္ဗတော သာမညတ္ထောတိ ဝုစ္စတိစသည်ဖြင့် အရာအားလျှော် တစ်မျိုးဖွင့်၏ ။။
ဒိဋ္ဌေဝဓမ္မေ၊ မျက်မှောက်သောကိုယ်၏အဖြစ်၌ပင်လျှင်။
သယံ၊ ကိုယ်တိုင်။
အဘိညာ၊ ထူးသောဉာဏ်ဖြင့်။
သစ္ဆိကတွာ၊ မျက်မှောက်ပြု၍။
ဥပသမ္ပဇ္ဇ၊ ကပ်ရောက်၍။
န စ ပန ဝိဟရန္တိ၊ နေလည်းမနေနိုင်ကုန်။
(ယေ စ ခေါ ကေစိ ဘိက္ခဝေ စသော နောက်ဝါကျတို့၌ န မပါသည်သာ ထူး၏ ။ )
(ယေ စ ခေါ ကေစိ ဘိက္ခဝေ စသော နောက်ဝါကျတို့၌ န မပါသည်သာ ထူး၏ ။ )
အဋ္ဌမံ၊ ရှစ်ခုမြောက်သောသုတ်တည်း။