问题
选择版本
中文翻译1
中文
Bhikkhu Bodhi
English
莊春江讀經站
繁体中文
sāsanāre-သာသနာရေး
မြန်မာဘာသာ
Dukanipātapāḷi

9. Cariyasuttaṃ

作者: sāsanāre-သာသနာရေး @ IAPT

ဘိက္ခဝေ၊ တို့။ ဒွေ၊ နှစ်ပါးကုန်သော။ သုက္ကာ၊ ဖြူစင်ကုန်သော။ ဣမေ ဓမ္မာ၊ ဤတရားတို့သည်။ လောကံ၊ သတ္တလောကကို။ ပါလေန္တိ၊ စောင့်ရှောက်ကုန်၏။ ပ။
ဘိက္ခဝေ၊ တို့။ ဒွေ၊ ကုန်သော။ သုက္ကာ၊ ကုန်သော။ ဣမေ ဓမ္မာ၊ တို့သည်။ လောကံ၊ ကို။ န ပါလေယျုံ၊ မစောင့်ရှောက်ကုန်အံ့။ ဣဓ၊ ဤလောက၌။ မာတာတိဝါ၊ အမိဟူ၍လည်းကောင်း။ မာတုစ္ဆာတိ ဝါ၊ မိကြီး မိထွေးဟူ၍ လည်းကောင်း။ [အမိ၏ အမ ညီမတည်း] မာတုလာနီတိဝါ၊ ဉီးကြီး ဉီးလေး၏ မယားဟူ၍ လည်းကောင်း။ အာစရိယဘရိယာတိ ဝါ၊ ဆရာ၏ မယားဟူ၍ လည်းကောင်း။ ဂရူနံ၊ လေးစားထိုက်သော ဘကြီး ဘထွေးစသည်တို့၏။ ဒါရာတိ ဝါ၊ မယားဟူ၍ လည်းကောင်း။ န ပညာယေထ၊ (အလေးဂရု စိတ်၌ပြုသောအားဖြင့်) မထင်ရှားလေတော့ရာ။ ဝါ၊ မသိအပ်နိုင်တော့ရာ။
အဇေဠကာ ယထာ၊ ဆိတ်, သိုးတို့ ကဲ့သို့လည်းကောင်း။ [အဇ+ ဧဠက] ကုက္ကုဋ္ဋ သူကရာ ယထာ၊ ကြက်, ဝက် တို့ကဲ့သို့ လည်းကောင်း။ သောဏသိင်္ဂါလာ ယထာ၊ အိမ်ခွေး, တောခွေးတို့ကဲ့သို့ လည်းကောင်း။ လောကော၊ လူအပေါင်းသည်။ သမ္ဘေဒံ၊ ရောယှက်ဆက်ဆံခြင်းသို့။ ဝါ၊ စည်းကမ်းဖောက်ဖျက်ခြင်းသို့။ အဂမိဿ၊ ရောက်ခဲ့လေရာပြီ။
ဘိက္ခဝေ၊ တို့။ စ၊ ထိုသို့မဟုတ်မူ၍။ ယသ္မာ၊ အကြင့်ကြောင့်။ ပ။ ပါလေန္တိ၊ ကုန်၏။ တသ္မာ၊ ထို့ကြောင့်။ မာတာတိဝါ၊ ဟူ၍လည်းကောင်း။ ပ။ ဒါရာတိ ဝါ၊ ၍လည်းကောင်း။ ပညာယတိ၊ ထင်ရှား၏။ ဝါ၊ သိအပ်သိနိုင်၏။ ဣတိ (အဝေါစ) နဝမံ။