**ဧကုတ္တရိကနယ**။ ။ဧကေန+ဥတ္တရော ဧကုတ္တရော-တစ်ပါး တစ်ပါးသော အင်္ဂါအားဖြင့် လွန်ခြင်း၊ ဧကုတ္တရော+ယဿ+အတ္ထီတိ ဧကုတ္တရိကော-တစ်ပါး တစ်ပါးသောအင်္ဂါအားဖြင့် လွန်ခြင်းရှိသောနည်း၊ တစ်ပါးတည်း ပြရာနည်းကို ''ဧကက''ဟု ဆိုသည်၊ နှစ်ပါးအပေါင်းဖြင့် ပြရာနည်းကို ''ဒုက''ဟု ဆိုသည်၊ ဤသို့ စသည်ဖြင့် သိပါ။
ပုဂ္ဂလော၊ သည်။
အာပတ္တိံ၊ သို့။
အာပဇ္ဇတိ၊ ရောက်၏။
တသ္မာ၊ ကြောင့်။
အာပတ္တိကရာတိ၊ အာပတ္တိကရတို့ဟူ၍။
ဝုတ္တာ၊ ဟောတော်မူအပ်ကုန်ပြီ။အန္တရာယိကံ၊ သဂ္ဂ, မောက္ခ၏အန္တရာယ်ကိုပြုတတ်သော အာပတ်သို့။
အာပန္နဿ၊ ရောက်ပြီးသည်။
(သမာနဿပိ၊ သော်လည်း။
''သုဒ္ဓိပတ္တဿ''၌စပ်)။
ဒေသနာဂါမိနိံ၊ ဒေသနာဂါမ်အာပတ်ကို။
(ဒေသနာပြောခြင်းသို့ ရောက်သော အာပတ်ကို။)
ဒေသေတွာ၊ ဒေသနာပြောပြီး၍လည်းကောင်း။
ဝုဋ္ဌာဂါမိနိတော၊ ဝုဋ္ဌာနဂါမ်အာပတ်မှ။
ဝုဋ္ဌာယ၊ ထပြီး၍လည်းကောင်း။
သုဒ္ဓိပတ္တဿ၊ စင်ကြယ်ခြင်းသို့ရောက်သော ရဟန်း၏လည်းကောင်း။
သာမဏေရဘူမိယံ၊ သာမဏေ၏ ဖြစ်ရာအခိုက်၌။
ဌိတဿ စ၊ တည်သောပုဂ္ဂိုလ်၏ လည်းကောင်း။
(ပါရာဇိကအာပတ်ကို ရည်ရွယ်သည်။)။
သဂ္ဂမောက္ခမဂ္ဂေါ၊ လူ့ဘဝ နတ်ဘဝဟူသော သုဂတိလမ်းကြောင်း, နိဗ္ဗာန်လမ်းကြောင့်ကို။
အဝါရိတော၊ မတားမြစ်အပ်။
ဣတိ၊ ဤသို့ မှတ်အပ်၏။
အဇာနန္တေန ဝီတိက္ကန္တာ။ ။ပဏ္ဏတ္တိံ ဝါ(ပညတ်ကိုလည်းကောင်း) ဝတ္ထုံ ဝါ(အာပတ်သင့်ခြင်း၏အကြောင်းကိုလည်းကောင်း) အဇာနန္တေန ဝီတိက္ကန္တာ ပထဝီခဏနသဟသေယျာဒိကာ (ပထဝီခဏနအာပတ်, သဟသေယျအာပတ် အစရှိသော၊ ''ပဏ္ဏတ္တိဝဇ္ဇာပတ္တိ''၌စပ်၊) သာပိ ပစ္ဆာ အာပန္နဘာဝံ ဉတွာ ပဋိကမ္မံ (ကုစားမှုကို) အကရောန္တဿ(မပြုသောရဟန်း၏)အန္တရာယိကာဝ ဟောတိ၊-ဝိမတိ။
မှတ်ချက်။ ။''အဇာနန္တေန၊ပေ၊ န ကရောတိ'' ဤဝါကျကို ထောက်လျှင် ''သိက္ခာပုဒ်ကိုမသိသောပုဂ္ဂိုလ်၏ ကျူးလွန်မှုက အပြစ်သက်သာ၍ သိက္ခာပုဒ်ကို သိလျက် ကျူးလွန်သူက အပြစ်ကြီး၏''ဟု အဓိပ္ပာယ်ရ၏ ၊ဘာ့ကြောင့် အပြစ်ကြီးရသနည်း၊ ဘုရားရှင်တားမြစ်တော်မူအပ်သော အပြစ်ကို ကျူးလွန်မှု ဒေါသစိတ်ကြောင့်တည်း၊ ဤစကားကို ထောက်လျှင်''ဝိနည်းကို မသင်ဘဲ နေရခြင်းက မသိသည့်အတွက်ကြောင့် တော်သေး၏''ဟု ထင်စရာ ရှိ၏ ၊ သို့သော် ထိုမသိသူမှာ ထိုသိက္ခာပုဒ်ကို စောင့်စည်းမှု ကုသိုလ်စိတ်လည်းမရ၊ သိသူကား ထိုသိက္ခာပုဒ်ကို စောင့်စည်းမှုကုသိုလ် ရနိုင်သည်။
ရဟန်းဘဝ။ ။ရဟန်း သာမဏေဘဝ၌ နေရခြင်းသည် ကုသိုလ်စိတ် များများဖြစ်မှအကျိုးရှိ၏ ၊ ထိုသို့ ကုသိုလ်စိတ် များများလည်းဖြစ်အောင် သိက္ခာပုဒ်သီလကိုလည်းနားလည်အောင် လေ့လာ၍ ထိန်းသိမ်းစောင့်ရှောက်ကြရသည်၊ ''ထိုကုသိုလ်စိတ် မများလျှင်လည်း အရေးမကြီး''ဟု ယူဆလျှင် လူ့ဘဝ၌ နေရခြင်းက ကိုယ့်လုပ်စာ ကိုယ်စားသဖြင့် အပြစ်ကင်းပါသေးသည်၊ ရဟန်း သာမဏေများကား သူများ လုပ်စာတွေကို စားသောက် သုံးစွဲနေရသဖြင့် ''ပစ္စယသန္နိဿိတ''စသော သီလတို့ သိသည် ဖြစ်စေ,မသိသည် ဖြစ်စေ ပျက်၍ နေမည်သာ ဖြစ်သောကြောင့် မစောင့်စည်းသည့်အတွက် အကုသိုလ် များလှပါသည်။
**မူလဝိသုဒ္ဓိယာ အန္တရာပတ္တိ**။ ။မူလံ-အရင်းမူလအစ၌၊ (မူလာယပဋိကဿန စသည်ကိုမပြုသေးဘဲ အရင်းမူလအစ၌) ဝိသုဒ္ဓိ-စင်ကြယ်ကြောင်းဖြစ်သော ပရိဝါသ် မာနတ်ကျင့်ရာအခါတည်း၊ မူလဝိသုဒ္ဓိ-ခါ၊ မူလဝိသုဒ္ဓိယာ-၌၊ (အာပန္နာ-သော၊) အန္တရာပတ္တိ-အန္တရာပတ်တည်း။ (မူလဝိသုဒ္ဓိယာ အန္တရာပတ္တီတိ မူလာယ ပဋိကဿနာဒီနိ အကတွာသဗ္ဗပဌမံ(မူလအဖွင့်) ဒိန္နပရိဝါသမာနတ္တဝိသုဒ္ဓိယာ စရဏကာလေ(ဝိသုဒ္ဓိအဖွင့်) အာပန္နအန္တရာပတ္တိသင်္ခါတသံဃာဒိသေသော၊-ဝိမတိ။)ယာ၊ အကြင်အာပတ်သည်။
ဓုရနိက္ခေပံ၊ ဓုရနိက္ခေပကို။
ကတွာ၊ ပြုပြီး၍။
ပုန၊ တစ်ဖန်။
န အာပဇ္ဇိဿာမိ၊ မရောက်တော့အံ့။
ဣတိ၊ ဤသို့ကြံ၍။
ဒေသိတာ၊ ဒေသနာပြောအပ်သည်။
ဟောတိ၊ ၏။
(သာ၊ ထိုအာပတ်သည်။)
ဒေသိတာဂဏနူပိကာ နာမ၊ ဒေသိတာဂဏနူပိကာအာပတ် မည်၏။
(အချို့စာအုပ်၌'' ဒေသိတာဂဏနူပဂါ''ဟုရှိ၏။)
သာရတ္ထ။ ။သာရတ္ထ၌ကား ''မူလဝိသုဒ္ဓိယာ အန္တရာပတ္တီတိ အန္တရာပတ္တိံ အာပဇ္ဇိတွာ မူလာယ ပဋိကဿနံ ကတွာ ဌိတေန အာပန္နာ''ဟု ဖွင့်၏ ၊ ဤအလို မူလဝိသုဒ္ဓိယာ-မူလာယပဋိကဿန ပြုပြီး၍ စင်ကြယ်ကြောင်းဖြစ်သော ပရိဝါရ် မာနတ်ကျင့်ရာအခါ၌၊ အာပန္နာ အန္တရာပတ္တိ''ဟု ပေးရလိမ့်မည်၊ ဤနည်းကို ဝိမတိ၌ ''အဂ္ဃဝိသုဒ္ဓိယာ''ဟူသော နောက်ပုဒ်ကျင့်မှ ဖွင့်သည်။
အဂ္ဃဝိသုဒ္ဓိယာ။ ။အန္တရာပတ်သို့ ရောက်သောရဟန်းအား မူလာယပဋိကဿနပြု၍ကျင့်အပ်ပြီးရာ ရက်တို့ကို ခါတွက် ချေဖျက်ပြီးလျှင် ရှေးက အာပတ်၌ ဤအန္တရာပတ်ကိုထည့်၍ ရှေ့အာပတ်၏ အပိုင်းအခြားဖြင့် တစ်ဖန် ပရိဝါသ် မာနက် ကျင့်ရာအခါ၌၊ အာပန္နာ အန္တရာပတ္တိ''ဟု ပေးရလိမ့်မည်၊ ဤနည်းကို ဝိမတိ၌ ''အဂ္ဃဝိသုဒ္ဓိယာ''ဟူသော နောက်ပုဒ်ကျမှ ဖွင့်သည်။
ဒေသိတာဂဏနူပိကာ။ ။ဒေသိတာ-ဒေသနာပြောအပ်သည်၊ (ဟုတွာ) ဂဏနူပိကာ-ဒေသနာပြောအပ်ပြီဟူသော အရေအတွက်သို့ ကပ်ရောက်သောအာပတ်၊ (''ဤအမှုကို မပြုတော့အံ့ဟု ဓုရနိက္ခေပ ပြု၍ ဒေသနာပြောမှ ဒေသနာပြောရာ ရောက်သော အာပတ်''ဟုလို။)
အထုလ္လဝဇ္ဇာတိ၊ ကား။
လဟုကာပတ္တိ၊ လဟုကအာပတ်ကို။
(ဇာနိတဗ္ဗာ)။
(''အထုလ္လဒေါသေပညတ္တာ လဟုကာပတ္တိ''ဟု ဆိုလိုသည်။)
အဂဏူပိကာ။ ။''နောက်မပြုတော့အံ့''ဟု ဓုရနိက္ခေပ မပြုဘဲ (ပြုဦးမည်ဟူသော အပရိသုဒ္ဓစိတ်ဖြင့်) ဒေသနာပြောအပ်သော်လည်း ဒေသနာပြောအပ်ပြီဟူသော အရေအတွက်သို့ မကပ်ရောက်သောအာပတ်။ (''ဧဝံ ဒေသိတာပိ အာပတ္တိ န ဝုဋ္ဌာတီတိ အဓိပ္ပာယော-ဤသို့ အသုဒ္ဓစိတ်ဖြင့် ဒေသနာပြောအပ်သော်လည်း အာပတ်သည် မထ''ဟု ဆိုလိုသည်၊-ဝိမတိ။)
သာရတ္ထ။ ။''ဒေသိတာ အဂဏူပိကာ''ဟူသော စကားကို ဘိက္ခုနီတို့၏ အဋ္ဌဝတ္ထုက ပါရာဇိကကို ရည်ရွယ်၍မိန့်တော်မူအပ်၏''ဟု ဆို၏ ၊ (ဘိက္ခုနီနံ အဋ္ဌဝတ္ထုကာယဝသေနစေတံ ဝုတ္တံ၊ တေနေဝါဟ-အဋ္ဌမေ ဝတ္ထုသ္မိံ ဘိက္ခုနိယာ ပါရာဇိကမေဝ ဟောတီတိ၊)ဝိမတိကား ''ဤအဋ္ဌဝတ္ထုက ပါရာဇိကကို ပြခြင်းငှာ သိခါပတ္တ (အထွတ်အထိပ်)အာပတ်ကိုပြခြင်းသာတည်း''ဟု ဆို၍ ဤသာရတ္ထဝါဒကို ''ကေစိ ဝဒန္တိ''ဟု ဆို၏ ၊ ဝိမတိအလိုမှာမည်သည့်အာပတ်မဆို ''နောက်မပြုတော့အံ့''ဟု ဓုရနိက္ခေပ မပြုဘဲ ဒေသနာပြောလျှင်''အာပတ်မှ မထ''ဟုပင် ဆိုလိုသည်၊ ထို့ပြင် ဓုရနိက္ခေပ မပြုဘဲ နည်းနည်း ခိုးယူနေလျှင် တစ်မတ်တန် ပြည့်သောအခါ ပါရာဇိက ကျသည်မှာ အဋ္ဌဝတ္ထုကနှင့် သဘောတူပင်တည်း။
မှတ်ချက်။ ။အချို့ ပုဂ္ဂိုလ်တို့သည် ငွေ-ဒသာဟာတိက္ကန္တသင်္ကန်း-အကပ္ပိယကျောင်းစသော နိသဂ္ဂိပစ္စည်းဝတ္ထုကို မစွန့်ဘဲ ဒေသနာပြောကြ၏ ၊ နိသဂ္ဂိပါစိတ်ကား ဝတ္ထုကိုမစွန့်သမျှ မထနိုင်၊ သာရတ္ထအလိုဖြစ်ဖြစ်, ဝိမတိအလိုဖြစ်ဖြစ် ဒေသိတအဂဏနူပိကာအာပတ်ပင်တည်း။
ပဉ္စာနန္တရိယကမ္မာပတ္တိ၊ ပဉ္စာနန္တရိယကံကြောင့် သင့်ရောက်အပ်သော အာပတ်ဟူသော။
နိယတာ၊ နိယတအာပတ်ကို။
(ဇာနိတဗ္ဗာ)။
သေသာ၊ သော။
အနိယတာ၊ အနိယတအာပတ်ကို။
(ဇာနိတဗ္ဗာ)။
ဓမ္မိနကပဋိဿဝ။ ။''တရားနှင့်လျော်သော ဝန်ခံခြင်း''ဟူသည် ''တပည့်တော်တို့၏ကျောင်း၌ ဝါဆိုပါဘုရား''ဟု လျှောက်ထားရာဝယ် ''ကောင်းပြီ''ဟု ဝန်ခံခြင်းတည်း၊ ထိုသို့ဝန်ခံပြီးနောက် ထိုကျောင်း၌ ဝါဆိုဖို့ရန် မကြွလျှင် ဝန်ခံမှု ပျက်ကွက်ခြင်းကြောင့် ပဋိဿဝဒုက္ကဋ်အာပတ် သင့်သည်၊ ''မည်သူကို ရိုက်နှက်ပါမည်''စသော တရားနှင့် မလျော်သောဝန်ခံခြင်းကို ပျက်ကွက်စေရာ၌ကား အာပတ်မသင့်၊-ဝိမတိ။
နိယတ အနိယတ။ ။''အမိကို သတ်ခြင်း စသော အာနန္တရိယကံကြောင့် သင့်ရောက်အပ်သော ပါရာဇိက, သံဃဘေဒကကံကြောင့် သင့်ရောက်အပ်သော သံဃာဒိသေသ်အာပတ်များသည် နိယတအာပတ်တည်း၊ ''စုတိ၏ အခြားမဲ့၌ အပါယ်ကျဖို့ရန် မြဲသောအကျိုးရှိသောအာပတ်''ဟူလို၊ အခြားအာပတ်များကား အပါယ်ကျဖို့ရန်အကြောင်း မှန်သော်လည်း အမြဲ(အသေအချာ ကျကြောင်း) မဟုတ်သောကြောင့် အနိယတအာပတ် မည်၏။
စဉ်းစားဖွယ်။ ။''သာပတ္တိကဿ ဘိက္ခဝေ နိရယံ ဝါ ဝဒါမိ တိရစ္ဆာနယောနိံ ဝါ''ဟုသာရတ္ထဋီကာ စူဠဝဂ္ဂသမထက္ခန္ဓက၌ သာဓကပါဠိကို တွေ့ရ၏ ၊ (ပါဠိတော်ကျမ်းရင်းကိုကား မတွေ့ရ၊) ထိုပါဠိအလိုအားဖြင့် မိမိကိုယ်တိုင် သိလျက် ဖုံးလွှမ်းအပ်သော အာပတ်တန်းလန်းနှင့် သေသူမှာ ငရဲ တိရစ္ဆာန် တစ်မျိုးမျိုးသာ ဖြစ်စရာရှိတော့၏ ၊ သို့သော်ဤ၌ ''နိယတ, အနိယတ'' ခွဲထားသောကြောင့် အနိယတအာပတ်များအတွက် အပါယ်ကျဖို့ရန် အသေအချာမဟုတ်, သေခါနီး၌ မိမိ၏ အာပတ်ကို အမှတ်ရ၍ ဝိပ္ပဋိသာရဖြစ်လျှင်သာ အပါယ်ချမည်၊ ဓမ္မပဒ, ဗုဒ္ဓဝဂ် ဧရကပတ္တနာဂရာဇဝတ္ထုလာ ဧရကပတ္တနဂါးမင်းကား အာပတ်သင့်၏ဟူသော ဝိပ္ပဋိသာရကြောင့် နဂါးဖြစ်ရရှာသည်။
မှတ်ချက်။ ။အချို့ကား ဤရောဂါဖြင့် သေတော့မည်ဟု ထင်သောအခါ သိက္ခာချ၍လူဝတ်လဲကြ၏ ၊ သိက္ခာချသည့်အတွက် ပြေပျောက်သောအာပတ်မှာ ပါရာဇိကအာပတ်တစ်မျိုးသာတည်း၊ သံဃာဒိသေသ်စသော အာပတ်တို့မှာ သိက္ခာချရုံဖြင့် မပြေပျောက်ပါ၊ စူဠဝဂ္ဂသမုစ္စယက္ခန္ဓက မာနတ္တသတကထာ၌ ''ရဟန်းတစ်ပါးသည် သံဃာဒိသေသ်အာပတ်သင့်ပြီး၍ လူထွက်ပြီးနောက် ပြန်ဝတ်သောအခါ ထိုအာပတ်ကို ပြန်၍ ကုစားဖို့ရန်ညွှန်ပြထားပါသည်၊ ထို့ကြောင့် သံဃာဒိသေသ် စသော အာပတ်များသည် လူထွက်သော်လည်း မပြေပျောက်နိုင်ဟု မှတ်ချက်ချရသည်။