သင်္ဂါမာ ဝစရေန၊ စစ်မြေပြင် တမျှ, သံဃာ့ အစည်း အဝေး၌ သက်ဝင်သော။
တေန ဘိက္ခုနာ၊ ထို စောဒကရဟန်းသည်။
အတ္တပစ္စတ္ထိကာ, သာသနပစ္စတ္ထိကာ။ ။အတ္တပစ္စတ္ထိကာတိ-လဇ္ဇီပေသလဿ စောဒကပါပဂရဟီပုဂ္ဂလဿ အနတ္ထကာမာ ဝေရီ ပုဂ္ဂလာ၊ သာသနပစ္စတ္ထိကာတိ-အတ္တနောအနာစာရာနုဂုဏံ ဗုဒ္ဓဝစနံ ပကာသေန္တော တဏှာ ဂတိကာဒိဋ္ဌိဂတိကာစ၊-ဝိမတိ၊ (အရှင်ဒဗ္ဗကိုစွပ်စွဲသော မေတ္တိယ ဘူမဇက ရန်တို့သည် အရှင်ဒဗ္ဗတည်းဟူသော မိမိတစ်ပါးတည်း၏ ပစ္စတ္ထိကတို့တည်း၊ သင်္ဂီလောဏကပ္ပစသော အဓမ္မဝတ္ထု ၁၀ ပါးကို ပြုကြသော ဝေသာလီကဝဇ္ဇိပုတ္တက ရဟန်းတို့သည် သာသနာတော်တစ်ရပ်လုံး၏ ပစ္စတ္ထိကတို့တည်း။)
သင်္ဂါမာဝစရေန။ ။သံပဗ္ဗ+ဂမုဓစတ်+ဏပစ္စည်းဖြင့် ပြီးသော သင်္ဂါမသဒ္ဒါသည် ''ပေါင်းဆုံခြင်း-စုဝေးခြင်း''အနက်ကို ဟော၏ ၊ ထို့ကြောင့် ''သင်္ဂါမော ဝုစ္စတိ၊ပေ၊သံဃသန္နိပါတော''ဟုဆိုသည်၊ သံဃာတော်၏ ပေါင်းဆုံ စည်းဝေးရာဖြစ်သော အစည်းအဝေးကို ''သင်္ဂါမ''ဟုဆိုအပ်သည်-ဟူလို၊ မှန်၏-ဤ သင်္ဂါမ သဒ္ဒါသည် ''နှစ်ဘက်စစ်သည်တို့၏ပေါင်းဆုံရာ စစ်ပွဲ''ဟူသော အနက်ကို ဟောရင်းတည်း၊ ဤသံဃာ့ အစည်းအဝေး၌လည်း မိိမိတစ်ပါးတည်း၏ ရန်သူ, သာသနာတော် တစ်ရပ်လုံး၏ ရန်သူဖြစ်ကြသော ပုဂ္ဂိုလ်တို့သည်ပေါင်းဆုံမိကြ၏ ၊ သင်္ဂမန္တိ ဧတ္ထာတိ သင်္ဂါမော၊ သင်္ဂါမေ- စစ်မြေပြင်ကဲ့သို့ ရန်သူတို့၏ပေါင်းဆုံရာ သံဃာ့ အစည်းအဝေး၌+အဝစရာ-သက်ဝင်သော ရဟန်းတည်း၊ သင်္ဂါမာဝစရော-တုန်း၊ (နောက်၌ မဟာသင်္ဂါမဟု လာလတ္တံ ဖြစ်၍ ဤအခန်းကို ''စူဠသင်္ဂါမ''ဟု ခေါ်သည်။)
သံဃံ၊ သံဃာတော်သို့။ ဥပသင်္က မန္တေန၊ ချဉ်းကပ်လသော်။ နီစစိတ္တေန၊ နိမ့်ကျသော စိတ်ဖြင့်။ သံဃော၊ သံဃာ တော်သို့။ ဥပသင်္ကမိတဗ္ဗော၊ ချဉ်းကပ်ထိုက်၏။အတိရစ္ဆာနကထိကေနာတိ၊ ကား။
ဒိဋ္ဌသုတမုတံ၊ မြင်အပ် ကြားအပ်သိအပ်သည်။
(သမာနံ)ပိ၊ သော်လည်း။
ရာဇကထာဒိကံ၊ ရာဇကထာ အစရှိသော။
တိရစ္ဆာနကထံ၊ မဂ်ဖိုလ်လမ်း၏ ဖီလာကန့်လန့် ဖြစ်သော စကားကို။
အကထေန္တေန၊ သည်။
(''ဘဝိတဗ္ဗံ''၌စပ်။)
နီစစိတ္တေန။ ။ထိုသံဃာ အစည်းအဝေး ဖြစ်သော သင်္ဂါမသို့ သက်ဝင်၍ (အရှင်ယသကဲ့သို့ စောဒကလုပ်မည့် ပုဂ္ဂိုလ်သည် မောက်မာသော စိတ်ကို မဖြစ်စေဘဲ အစွယ်ကျိုးသောမြွေ ဦးချိုကျိုးသော နွား, ခြေသုတ် အဝတ် အလားကဲ့သို့ နှိမ့်ချသော စိတ်နေ စိတ်ထားဖြင့် သံဃာတော်ကို ရိုသေလေးစားစွာ ချဉ်းကပ်ပါ-ဟူလို။
ဒိဋ္ဌ၊ပေ၊ရာဇကထာဒိကံ။ ။ဒိဋ္ဌာသုတမုတမ္ပိ ရာဇကထာဒိကန္တိ -ဒိဋ္ဌသုတဝသေနေဝ ရာဇစောရာဒိကထံ, မုတဝသေနပိ အန္နာဒိကထဉ္စ အကထေန္တနာတိ ယောဇေတဗ္ဗံ၊-ဝိမတိ၊ ဃာန-ဇိဝှာ-ကာယ ဝိညာဏ်ဖြင့် ရောက်၍ သိအပ်သော အာရုံသုံးမျိုးကို ''မုတ''ဟုခေါ်၏၊ (မုနိတဗ္ဗံ-ဃာနဝိညာဉ်စသည် ရောက်၍ သိထိုက်၏ ၊ ဣတိ မုတံ၊ ''သမ္ပတ္တ ဂေါစရဂါဟကဖြစ်သောကြောင့်၊ ''ရောက်၍+သိ''ဟု ဆိုသည်၊) ''ဒိဋ္ဌသုတ မုတမ္ပိ''၌ ပိကား သမ္ဘာဝနာ၊ ဒိဋ္ဌသုတပင် ဖြစ်သော်လည်း မပြောရ၊ ဒိဋ္ဌ သုတ မုတ မဟုတ်လျှင်ကား မပြောဖို့ရာ အဘယ်မှာ တားမြစ်ဖွယ်ရှိတော့အံ့နည်း-ဟု ဂရဟာပြု။
အညတရံ၊ တစ်မျိုးမျိုးသော။
ကမ္မဋ္ဌာနံ၊ ကမ္မဋ္ဌာန်းကို။
ဂဟေတွာဝ၊ ယူ၍သာ။
နိသီဒန္တိ၊ န်၏။
ကပ္ပိယာကပ္ပိယ၊ပေ၊ဝတ္တာဒိနိဿိတာ။ ။ကပ္ပိယာကပ္ပိနိဿိတာ ဝါတိ အာဒီသု ရူပါရူပ ပရိစ္ဆေဒပဒေန သကလအဘိဓမ္မပိဋကတ္ထံ ဒဿေတိ၊ သမိထာစာရာဒီဟိ ပဋိသံယုတ္တန္တိ-သကလသုတ္တန္တ ပိဋကတ္ထံ၊ တတ္ထ သမထာစာရောနာမ သမထဘာဝနာက္ကမော, တထာဝိပဿနာစာရော၊ ဌာန နိသဇ္ဇဝတ္တာဒိ နိဿိတာတိ-သံဃမဇ္ဈာဒီသု ဂရုစိတ္တီကာရံ ပစ္စုပဋ္ဌာပေတွာ ဌာနာဒိက္ကမ နိဿိတာ စေဝ စုဒ္ဒသ မဟာဝတ္တာဒိဝတ္တနိဿိတာစ၊ အာဒိသဒ္ဒေနအပ္ပိစ္ဆတာဒိ နိဿိတာ စာတိ အတ္ထော၊-ဝိမတိ။
သော ဝတ္တဗ္ဗော။ ။''ပရောဝါ အဇ္ဈေသိတဗ္ဗော''အရ တိုက်တွန်းပုံ အခြင်းအရာကိုပြုလိုသောကြောင့် ''သော ဝတ္တဗ္ဗော''စသည်မိန့်၊ ဌာနနိသဇ္ဇဝတ္တအရ သာရတ္ထ၌ တစ်မျိုးဆို၍ ယောဇနာက ဝိမတိကို ပယ်ထားသည်။ (ပဉှေ ဥပ္ပန္နေတိကေနစိ ဥပ္ပန္နေ ပဉှေ ပုစ္ဆတေ၊ ဣဒဉ္စ ဥပလက္ခဏမတ္တံ၊ ယံကိဉ္စိ ဥပဋ္ဌိတံ ဓမ္မံ ဘာသဿူတိ အဓိိပ္ပာယော၊-ဝိမတိ။
န ဇာနာတီတိ၊ ကား။
တွံ၊ သင်သည်။
ခတ္တိယဇာတိယော၊ ခတ္တိယဇာတ် ရှိသူလော။
ဗြဟ္မဏဇာတိယော၊ ဗြဟ္မဏဇာတ် ရှိသူလော။
ဣတိဧဝံ၊ သို့။
ဇာတိ၊ ဇာတ်ကို။
န ပုစ္ဆိတဗ္ဗာ၊ ထိုက်။
အရိယောဝါ တုဏှီဘာဝေါ။ ။သံဃာ့ အစည်းအဝေးသို့ ရောက်သောအခါ အရိယာပုဂ္ဂိုလ်တို့သည် ဗာလပုထုဇဉ်ကဲ့သို့ အမျိုးမျိုးသော အကြံကို မကြံဘဲ ကမ္မဋ္ဌာန်း တစ်မျိုးမျိုးကို နှလုံးသွင်း၍ ထိုင်နေတော်မူလေ့ ရှိကြသတတ်၊ ယခုအခါ အချို့ထေရ်ကြီးများလည်း အရိယာမဟုတ်စေကာမူ သံဃာ့ အစည်းအဝေး၌ သာသနာရေးကိုတွေး၍ ငြိမ်သက်စွာ ထိုင်နေတော်မူလေ့ ရှိကြသည်။ (ဤအဖွင့်ကို ကြည့်၍ ''အရိယော-မြတ်သော၊ တုဏှီဘာဝေါ-ဆိတ်ဆိတ်ဖြစ်ခြင်းကို၊ နာတိမညိတဗ္ဗော-လွန်၍ မမှတ်ထင်ထိုက်၊ (အထင်မသေးထိုက်)''ဟုပေး၊ ယောဇနာ၌ကား-''အရိယာနံ+ဧသော အရိယော''ဟု ဣဒံ တဒ္ဓိတ်လုပ်၏ ၊ ထိုအလို ''အရိယော''ဟု ရှိလျှင်ကောင်း၏ ၊ ''အရိယော-အရိယာတို့၏ ဥစ္စာဖြစ်သော၊ တုဏှီဘာဝေါ-ကို''ဟုပေးပါ။
န ဥပဇ္ဈာယော ပုစ္ဆိတဗ္ဗော။ ။ပါဠိတော်၌ ''တံ ကိံကာရဏာ-ထိုသို့ မမေးထိုက်ခြင်းသည် အဘယ် အကြောင်းကြောင့်နည်း၊ အတြဿ ပေမံဝါ ဒေါသောဝါ၊ ပေမေဝါ သတိ ဒေါသေဝါဆန္ဒာပိ ဂစ္ဆေယျ၊ပေ၊ဘယာပိ ဂစ္ဆေယျ (တသ္မာ-ထို့ကြောင့်တည်း၊)ဟု မမေးထိုက်ခြင်း၏အကြောင်းကို ပြတော်မူထား၏ ၊ ဥပဇ္ဈာယ်ကို မေးသောအခါ ထို ဥပဇ္ဈာယ်က မိမိတို့အဆက် အနွယ်ဖြစ်နေလျှင် စုဒိိတက သို့မဟုတ် စောဒက အပေါ်၌ ဆန္ဒာဂတိ လိုက်မိတတ်၏၊ ထိုဥပဇ္ဈာယ်က မိမိတို့၏ ဆရာသ္မားများနှင့် ဆန့်ကျင်ဘက်ဖြစ်နေလျှင် စုဒိတက, သို့မဟုတ် စောဒက အပေါ်၌ ဒေါသာဂတိ လိုက်မိတတ်၏ ၊ ထိုဥပဇ္ဈာယ်က အလွန်ထင်ရှားသော ပုဂ္ဂိုလ်ကြီးဖြစ်လျှင် ''ငါဆုံးဖြတ်တိုင်း ခံမှာ မဟုတ်ဘူး''ဟု တွေးကာ စုဒိတက, သို့မဟုတ် စောဒကအပေါ်၌ ဘယာဂတိ လိုက်မိတတ်၏ ၊ ထို့ကြောင့် မမေးဖို့ရန် တားမြစ်တော်မူသည်။
ဟိတ ပရိသက္ကိနာတိ၊ ကား။
ဟိတေသိနာ ဟိတဂဝေသိနာ၊ စီးပွားကို ရှာလေ့ရှိသူသည်။
(“ဘဝိတဗ္ဗံ” ၌စပ်)။
ကရုဏာစ၊ အပ္ပနာသို့ရောက်သော ကရုဏာကို လည်းကောင်း။
ကရုဏာပုဗ္ဗဘာဂေါစ၊ အပ္ပနာကရုဏာ၏ ရှေ့အဖို့၌ဖြစ်သော ဥပစာရကရုဏာကို လည်းကောင်း။
ဥပဋ္ဌပေတဗ္ဗော၊ ဖြစ်စေထိုက်၏။
ဣတိအယံ၊ ကား။
ပဒဒွယေပိ၊ ပုဒ်နှစ်ပါးအပေါင်း၌လည်း။
အဓိပ္ပာယော၊ (အရှင်ဥပါလိ၏) အလိုတည်း။
န ဝိစရိတဗ္ဗံ။ ။မိမိ၏ ဆုံးဖြတ်မည့်အချက်ကို သံဃာအား အသိပေးခြင်းငှာ တရားဆုံးဖြတ်သူတို့ ထိုင်နေရာမှထ၍ သံဃာ့ အစည်းအဝေး အလယ်သို့ သူတစ်ပါးမျက်နှာကို ကြည့်လျက် မလှည့်လည်ပါနှင့်၊ ထိုင်မြဲထိုင်လျက်သာ ဓမ္မဝိနယအားလျော်သော အဆုံးအဖြတ်ကို အားလုံး နာယူနိုင်လောက်အောင် ပြောဆိုပါ၊- ဝိမတိ။
ပဒဒွယေပိ။ ။ကာရုဏိကေန ဘဝိတဗ္ဗံတိ ဣမိနာ အပ္ပနာပတ္တ ကရုဏာဝုတ္တာ၊ ဟိတ ပရိသက္ကိနာတိ ဣမိနာ ကရုဏာပုဗ္ဗဘာဂေါ၊ တေနာဟ- “ကရုဏာစ၊ ပေ၊ ပဒဒွယေပိအဓိပ္ပာယော” တိ၊- ဝိမတိ၊ဤ ဝိမတိအလို ကာရုဏိကေနနှင့် ဟိတ ပရိသက္ကိနာကို “ပဒဒွယ” ဟု ယူရမည်၊ ယောဇနာ၌ကား တစ်မျိုးယူလေ၏။
**အနသုရုတ္တေန**။ ။ “ဥစ္စတေိ ဥတ္တံ၊ သုဋ္ဌု+ ဥတ္တံ သုရုတ္တံ၊ န+သုရုတ္တံ အသုရုတ္တံ၊ နတ္ထိ+ အသုရုတ္တံ ယဿာတိ အနသုရုတ္တော” ဟုပြု၊ ဤသို့သော ဝစနတ္ထကို ပြလို၍ “အနသုရုတ္တေနာတိ” စသည်မိန့်၊ “တံ န ကထေတဗ္ဗံ” ကား ဓမ္မာဓိဋ္ဌာန်ကိုပြသော စကားတည်း၊ ပါဠိတော်၌ “အဝေရဝသိကေန ဘဝိတဗ္ဗံ အနသုရုတ္တေန”ဟု ပုဂ္ဂလာဓိဋ္ဌာန်ရှိသည်၊ (“အဝေရဝသိကေန- ရန်၏အလိုသို့ မလိုက်သူသည်၊ အနသုရုတ္တေန- ကောင်းစွာ ပြောဆိုအပ်သည် မဟုတ်သော ဝိဂ္ဂါဟိကစကား မရှိသူသည်၊ ဘဝိတဗ္ဗံ- ရာ၏”ဟု ပေး။)ဘီရူအဿာသေတဗ္ဗောတိ၊ ကား။
ယဿ၊ အကြင်ပုဂ္ဂိုလ်၏။
သံဃမဇ္ဈံဝါ၊ သံဃာ၏ အလယ်သို့သော် လည်းကောင်း။
ဂဏမဇ္ဈံဝါ၊ ဂိုဏ်း၏အလယ်သို့သော် လည်းကောင်း။
အနောသဋပုဗ္ဗတ္တာ၊ မသက်ဝင်ဘူးသည်၏ အဖြစ်ကြောင့်။
သာရဇ္ဇံ၊ ရွံ့ရှားသူ၏ အဖြစ်သည်။
ဥပ္ပဇ္ဇတိ၊ ဖြစ်တတ်၏။
တာဒိသော၊ ထိုကဲ့သို့ ရှုအပ်သော ပုဂ္ဂိုလ်ကို။
မာဘာယိ၊ မကြောက်ပါနှင့်။
ဝိသဋ္ဌော၊ စွန့်လွှတ်အပ်သော ကိုယ်စိတ်ရှိသည်။
(ရွံ့ရှားခြင်းကင်း, ရဲတင်းသည်၊ဟုတွာ)။
ကထေဟိ၊ ပြောပါလော။
မယံ၊ တို့သည်။
တေ၊ ၏။
ဥပတ္ထမ္ဘာ၊ အထောက်အပံ့တို့သည်။
ဘဝိဿာမ၊ ဖြစ်ပါကုန်အံ့။
ဣတိ၊ သို့။
ဝတွာပိ၊ ပြောဆို၍သော်မှလည်း။
အနုယောဂဝတ္တံ၊ ကို။
ကထာပေတဗ္ဗော၊ ပြောဆိုစေထိုက်၏။
(စစ်ဆေး မေးမြန်းထိုက်၏။)
(အနုဝိဇ္ဇကဖြစ်သော ဝိနည်းဓိုရ်ပုဂ္ဂိုလ်က ဤမျှလောက်ပြော၍ တစ်ဘက်သတ်သတ် အားပေးနိုင်ပါသလား-ဟု မေးဖွယ်ရှိသောကြောင့်''ဝတွာပိ''ဟု မိန့်သည်၊ ပိကား သမ္ဘာဝနာ၊ ''ဤတိုင်အောင်သော စကားမျိုးကိုပြောဆိုသော်မှလည်း ကြောက်သူကို အားပေးနိုင်ပါသည်''ဟူလို။)
အနုယောဂဝတ္တံ ကထာပေတွာ။ ။ဤပါဠိတော် စောဒနာကဏ္ဍ, စောဒကာဒိပဋိပတ္တိအခန်းဝယ်ပြအပ်ခဲ့သော ''ကာလေန ဝက္ခာမိ''စသော ကျင့်ဝတ်များကို ''အနုယောဂဝတ္တ''ဟု ခေါ်၏ ၊ ထို အနုယောဂဝတ်ကို၊ စောဒကအား (သို့မဟုတ်) စုဒိတကအား ''ဆိုစမ်းပါ''ဟု အဆိုခိုင်းခြင်းကို ''အနုယောဂဝတ္တံကထာပေတွာ''ဟု ဆိုသည်၊ (အနုယောဂဝတ္တံ ကထာပေတွာတိ- ''ကိအနုယောဂဝတ္တံ ဇာနာသီ''တိ ပုစ္ဆိတွာ တေနေဝ ကထာပေတွာ၊သာရတ္ထ။)
ဝိမတိ။ ။ဝိမတိ၌ကား- အနုယောဂဝတ်အတိုင်း စောဒက (စုဒိတက)ကို အစစ်ခံစေခြင်းကို ''အနုယောဂဝတ္တံ ကထာပေတွာ''ဟု ဆိုသည်။ (အနုယောဂဝတ္တံ ကထာပေတွာတိ- ''ကာလေနဝက္ခာမီ''တိ အာဒိနာ ဝုတ္တဝတ္တံ၊ အနုယုဉ္ဇနာစာရက္ကမေနေဝ အနုယုဉ္ဇနံ အနုယောဂဝတ္တံနာမ၊ တံ ကထာပေတွာ တေနေဝကမေန အနုယုဉ္ဇာပေတွာတိ အတ္ထော၊-ဝိမတိ။)
သုတ္တံ သံသန္ဒနတ္ထာယာတိ အာဒီသု (အတ္ထော ဧဝံ ဝေဒိတဗ္ဗော)။
စပန၊ ထပ်၍ ဆက်ဦးအံ့။
ဧဝံ၊ ဤ ဆိုအပ်ပြီးသော အစဉ်ဖြင့်။
သဗြဟ္မစာရီနံ၊ သီတင်းသုံးဖော်တို့၏။
ဝါ၊ တို့သည်။
ပိယမနာပ ဂရုဘာဝနီယေန၊ ချစ်အပ်, မြတ်နိုးအပ်, အလေးပြုအပ်, တိုးပွားစေအပ်သော ဂုဏ်သတင်းရှိသော။
တေနအနုဝိဇ္ဇကေန၊ အနုဝိဇ္ဇကအမည်ရသော ထို ဝိနည်းဓိုရ်ပုဂ္ဂိုလ်သည်။
သမုဒါဟဋေသု၊ ထုတ်ဆောင်အပ်ကုန်သော။
သုတ္တာဒီသု၊ သုတ္တ အစရှိသည်တို့တွင်။
သုတ္တံ၊ ပါဠိတော်သုတ်သည်။
သံသန္ဒနတ္ထာယ၊ နှီးနှော တိုက်ဆိုင်ခြင်း အကျိုးငှာ။
မဇ္ဈတ္တောတိ ဝေဒိတဗ္ဗော။ ။''ဓမ္မေသုစ ပုဂ္ဂလေသုစာ''တိ ဣဒံ ''မဇ္ဈတ္တေန ဘဝိတဗ္ဗံ''တိိိ ပကတေန သမ္ဗန္ဓိတဗ္ဗန္တိ အာဟ- ''ဓမ္မေသုစ ပုဂ္ဂလေသုစ၊ပေ၊မဇ္ဈတ္တောတိ ဝေဒိတဗ္ဗော''တိ၊ ယဉှိ ယတ္ထ ကတ္ထစိ ကတ္တဗ္ဗံ၊ တံ တတ္ထ အတိက္ကမန္တော မဇ္ဈတ္တော နာမ နဟောတိ၊ဓမ္မေသုစ ဂါရဝေါ ကတ္တဗ္ဗော၊ ပုဂ္ဂလေသု ပန မေတ္တာဘာဝေန ပက္ခာပါတ ဂါရဝေါ၊ (ဘက်မလိုက်ခြင်း ဟူသော ဂါရဝကို ပြုထိုက်၏)၊ တသ္မာ ဣမံ ဝိဓိံ အနတိက္ကန္တောဝတေသု မဇ္ဈတ္တောတိ ဝေဒိတဗ္ဗော၊-ဝိမတိ။
သုတ္တာဒီသု။ ။''သုတ္တာဒီသုဟိ အာဒိသဒ္ဒေန ဝိနယ အနုလောမ ပညတ္တ အနုလောမိကာနိသင်္ဂဟေတဗ္ဗာနိ''ဟု ယောဇနာဖွင့်၏ ၊ ဤအလို အာဒိဖြင့် ''ဝိနယ-အနုလောမ-ပညတ္တ-အနုလောမိက''တို့ကို ယူ၊ မိမိကား လာလတံ့ ဖြစ်သော ဩပမ္မ-ပဋိပုစ္ဆာ စသည်တို့ကိုယူစေလိုသည်။
**သဝစနီယကရဏတ္ထာယ**။ ။သဝစနီယ ကရဏတ္ထာယာတိ-ဒေါသေ သာရိတေပိ-(အပြစ်ကို အမှတ်ရစေအပ်ပြီးပါသော်လည်း) သမ္ပဋိစ္ဆိတွာ (လက်ခံ၍) ပဋိကမ္မံ အကရောန္တဿ (ကုစားမှုကို မပြုသော ပုဂ္ဂိုလ်၏ အပေါ်၌) သဝစနီယ ကရဏတ္ထာယ (ပြောဆိုဖွယ်အပြစ် ရှိသည်ကို ပြုခြင်းအကျိုးငှာ ဖြစ်၏ ၊) ဦးတိဿသည် သူ့အပြစ်သူ အမှတ်ရပါလျက်အပြစ်ဟု ဝန်ခံ၍ မကုစားဘဲနေသည်-ဟု ပြောဆိုဖို့ရာ အပြစ်ကို အမှတ်ရစေမှုကို ပြုရသည်-ဟူလို-ဝိိမတိ။ပစ္စေကဋ္ဌာယိနော အဝိသံဝါဒကဋ္ဌာယိနောတိ၊ ကား။
(သံဃေန၊ သည်။
အနုမတာ၊ ခွင့်ပြုအပ်ကုန်သော။
ပုဂ္ဂလာ၊ တို့သည်။)
ဣဿရိယာ ဓိပစ္စဇေဋ္ဌကဋ္ဌာနေစ၊ အစိုးရသူ၏ အဖြစ်, အရှင်သခင်၏ အဖြစ်, အကြီးအကဲ အရာ၌လည်းကောင်း။
အဝိသံဝါဒကဋ္ဌာနေစ၊ မချွတ်မယွင်း သူတို့၏အရာ၌လည်းကောင်း။
ဌိတာ၊ တည်သော ပုဂ္ဂိုလ်တို့တည်း။
ဌာနာဋ္ဌာန ဂမနတ္ထာယ။ ။''ဌာနာ ဋ္ဌာနဂမန''ဟူသည်၊ အာပတ်ဖြစ််လျှင် အာပတ္တိဋ္ဌာနသို့ရောက်ခြင်း, အာပတ်မဟုတ်လျှင် အနာပတ္တိဋ္ဌာနသို့ ရောက်ခြင်း, ဂရုကအာပတ်ဖြင့်စောဒနာလျှင် ဂရုကဟူသော ဌာနသို့ ရောက်ခြင်း, သို့မဟုတ် လဟုကဟူသော အဋ္ဌာနသို့ရောက်ခြင်းတည်း၊ အချုပ်မှာ- စောဒနာအပ်သော အာပတ်အရာသို့ ရောက်ခြင်းသည် ဌာနဂမန,စောဒနာအပ်သော အာပတ်အရာမှ တစ်ပါးသော အာပတ်-အနာပတ်အရာသို့ ရောက်ခြင်းသည် အဋ္ဌာနဂမနဟု မှတ်ပါ။
ဣဿရိယာ၊ပေ၊ဌာနေစ။ ။ပစ္စေစကဋ္ဌာယိနော၏ အဖွင့်တည်း၊ ပစ္စေကံ-အသီးအသီးသောဌာန၌+ဌာယိနော-တည်သူတို့တည်း၊ ပစ္စေကဋ္ဌာယိနော-တို့၊ ထိုတွင် ''နာပိ တေရသသုသမ္မုတီသု ဧကသမ္မုတိဝသေနပိ ဣဿရိယာယကမ္မံ ကာတဗ္ဗံ''ဟု စူဠဝဂ္ဂ, ပါရိဝါသိကက္ခန္ဓက အဋ္ဌကထာ၌ ဖွင့်သောကြောင့်၊ ဘတ္တုဒ္ဒေသကသမ္မုတိ စသည်ဝယ် သမုတ်ခံရသော ပုဂ္ဂိုလ်ဖြစ်ခြင်းသည် ဣဿရိယတည်း၊ ဣဿရဿ+ဘာဝေါ ဣဿရိယံ-သမ္မုတိ ရထားသောပုဂ္ဂိုလ်သည် ထိုကိစ္စ၌ အစိုးရ၏ ၊ သူ၏ အလုပ်ကို မည်သူမျှ မကန့်ကွက်နိုင်၊ အရှင်သခင်၏ဖြစ်ကြောင်းဖြစ်ရာ ဩဇာ အာဏာ ရာထူး ဌာနန္တရသည် အာဓိပစ္စမည်၏ ၊ ကျောင်းတိုက်၌ဆရာတော်ဖြစ်ခြင်း တစ်ဂိုဏ်းလုံး၏ ပါမောက္ခဖြစ်ခြင်းစသည်တည်း၊ အဓိပတိနော+ဘာဝေါအာဓိပစ္စံ၊ ထိုထို ကိစ္စ၌ အကြီးအကဲဖြစ်ခြင်းသည် ဇေဋ္ဌကဌာနတည်း၊ ထို့ကြောင့် ''ဝိဟာရေ ဇေဋ္ဌကဋ္ဌာနံ န ကာတဗ္ဗံ၊ ပါတိမောက္ခုဒ္ဒေသကေနဝါ ဓမ္မမဇ္ဈေသကေနဝါ န ဘဝိတဗ္ဗံ''ဟု ပါရိဝါသိကက္ခန္ဓကအဋ္ဌကထာဖွင့်သည်၊ နောက် တိက၌လည်း ဤဇေဋ္ဌကဋ္ဌာနကို ဖွင့်ဦးလတ္တံ။
ရှေးနိဿယ။ ။ရှေးနိဿယ၌ကား ဣဿရိယဇေဋ္ဌကဋ္ဌာန အာဓိပစ္စဇေဋ္ဌကဋ္ဌာနဟုနှစ်မျိုးသာခွဲ၍, ဘဏ္ဍာဂါရိက စသည်ဖြင့် သက်မဲ့ဘဏ္ဍာစသည်၌ အစိုးရခြင်းကို ဣဿရိယဇေဋ္ဌကဋ္ဌာနဟု လည်းကောင်း, ဂဏပါမောက္ခစသည်ဖြင့် သက်ရှိဂိုဏ်းသံဃာ၌ အစိုးရခြင်းကို အာဓိပစ္စဇေဋ္ဌကဌာနဟု လည်းကောင်း ယူလေသည်။
ပစ္စယော၊ အကြောင်းသည်။
ဟောတိ။
ဣတိ အတ္ထော။
နတေ အပသာဒေတဗ္ဗာ။ ။(''သံဃေန-သည်၊ အနုမတာ-ခွင့်ပြုအပ်ကုန်သော၊ ပုဂ္ဂလာ-တို့သည်၊ ပစ္စေကဋ္ဌာယိနော-အသီးအသီးသော ဣဿရိယ, အာဓိပစ္စ, ဇေဋ္ဌကအရာ၌ တည်ကုန်၏ ၊ အဝိသံဝါဒကဋ္ဌာယိနော-မချွတ်မယွင်း သူတို့၏ အရာ၌ တည်ကုန်၏''ဟု ပါဠိတော်၌ပေး။) ဤကဲ့သို့ ပစ္စေကဋ္ဌာယီ, အဝိသံဝါဒကဋ္ဌာယီ ပုဂ္ဂိုလ်တို့ကို စုဒိတက စောဒကတတစ်ဘက်ဘက်က မခြိမ်းခြောက်ထိုက်ကုန်၊ ''ထို ပုဂ္ဂိုလ်တို့၏ စကားကို ရိုသေလေးစားရမည်''ဟု ဆိုလိုသည်၊ (န တေ အပသာဒေတဗ္ဗောတိ ဣဒံ အဓိပ္ပေတတ္ထ ဒဿနံ၊ တတ္ထအဝိသံဝါဒကဋ္ဌာနေ ဌိတာ ဧဝ န အပသာတေဗ္ဗာ၊ န ဣတရေတိ ဒဋ္ဌဗ္ဗံ၊-ဝိမတိ။
ဝိနယော သံဝရတ္ထာယ။ ။ သကလာပိ ဝိနယပညတ္တိ ဥပနိဿယော ဟောတီတိသမ္ဗန္ဓော၊ ဣမိနာ သံဝရတ္ထာယာတိ အာဒီသု အနုပါဒါပရိနိဗ္ဗာနတ္ထာယာတိ ပရိယောသာနေသုတေရေသဝါကျေသု ဥပနိဿယော ဟောတီတိ ပါဌသေသော အဇ္ဈာဟရိ တဗ္ဗောတိ ဒဿေတိ၊-ယောဇနာ၊ ဤ ယောဇနာအလို ''ဝိနယော-သည်၊ သံဝရတ္ထာယ-ကိုယ်နှုတ် နှစ်ပါးကိုစောင့်စည်းခြင်းအကျိုးငှာ၊ ဥပနိဿယော-အားကြီးသော မှီရာသည်၊ ဟောတိ''ဟု ထည့်ပေးရမည်၊ မိမိကား ထည့်ပေးရမည်မဟုတ်, အဓိပ္ပာယ်ဖွင့်သာဟု ယူဆသည်၊''ဝိနယော-သည်၊သံဝရတ္ထာယ-ငှာ၊ ဟောတိ'' ပေးပါ။ (''ဥပနိဿယော ဟောတိ''၏ နောက်၌ ''ပစ္စယော ဟောတိ''ဟု ထပ်၍ဖွင့်ခြင်းကား ဥပနိဿယအရ ဥပနိဿယပစ္စည်းကို ယူပါဟု သိစေလိုသည်။
မန္တနာတိ၊ ကား။
ဝိနယမန္တနာဧဝ၊ ဝိနည်းကို နှီးနှော တိုင်ပင်ခြင်းပင်တည်း။
အပစ္စယ ပရိနိဗ္ဗာနတ္ထာယ။ ။ပါဠိတော်၌ ''အနုပါဒါ''ကို အဋ္ဌကထာက ''အပစ္စယ''ဟုဖွင့်၏ ၊ ထိုအပစ္စယကို ''အာယတိံ ပဋိသန္ဓိယာ အကာရဏဘူတ''ဟု ဝိမတိဖွင့်သည်၊ ''နောက်တစ်ဖန် ပဋိသန္ဓေ၏ အကြောင်းမဟုတ်သော ပရိနိဗ္ဗန် အကျိုးငှာ''ဟု ပေးပါ၊ ထို ''ပရိနိဗ္ဗန်''ဟူသည်လည်း ရဟန္တာပုဂ္ဂိုလ်တို့၏ နောက်ဆုံး စုတိစိတ်နှင့် ကမ္မဇရုပ်ဟူသောနောက်ဆုံး ခန္ဓာတို့တည်းဟု ဝိမတိဆို၏ ၊ ထိုခန္ဓာတို့သည် အဝိဇ္ဇာနှင့် တဏှာ အစေကွာပြီးဖြစ်ကော နောက်၌ ခန္ဓာအသစ်ဖြစ်ဖို့ရန် အနန္တရစသော ပစ္စယတ္တိဖြင့် ကျေးဇူးမပြုကြတော့၊ စုတိ၏ အခြားမဲ့၌ ငြိမ်းအေးခြင်း ဓာတ်သဘောသာ ထင်ရှားရှိတော့သည်။
ဝိမတိ။ ။ပရိနိဗ္ဗာနဉှိနာမ ခီဏာသဝါနံ သဗ္ဗပစ္ဆိမာ စုတိစိတ္တ ကမ္မဇ ရူပ သင်္ခါတာခန္ဓာ၊ တေစ သဗ္ဗာကာရတော သမုစ္ဆိန္နာနုသယတာယ ပုနဗ္ဘဝါယ အနန္တရာဒိပစ္စယာ နဟောန္တိ၊ အညေဟိစ တဏှာဒိပစ္စယေတိ ဝိရဟိတတ္တာ၊ တသ္မာ ''အပစ္စယပရိနိဗ္ဗာန''န္တိဝုစ္စတိ။
မှတ်ချက်။ ။ဤဋီကာ၌ အပစ္စယပရိနိဗ္ဗာန်ကို ရဟန္တာတို့၏ နောက်ဆုံးခန္ဓာဟု ဖွင့်ခြင်းသည် စဉ်းစားဖွယ်တည်း၊ ဓမ္မသင်္ဂဏီမာတိကာ ပါဠိတော်၌ ''အပစ္စယာဓမ္မာ''နှင့် ဤအပစ္စယသည် သဘောတူပင်ထင်၏ ၊ ထို အပစ္စယအရ၌ နောက်ဆုံးခန္ဓာကို မကောက်ရ၊ ခန္ဓဝိမုတ်ဖြစ်သော အသင်္ခတဓာတ်ကိုသာ ကောက်ရသည်၊ ထို ''အသင်္ခတဓာတ်''ဟူသည် ဝိပါကစိတ်ဟူသော နာမ်ခန္ဓာ ကမ္မဇရုပ်ခန္ဓာတို့၏ အကြွင်းအကျန် မရှိရာ အနုပါဒိသေသနိဗ္ဗာန်ဟု ခေါ်အပ်သော ဓာတ်တစ်မျိုးတည်း၊ ထိုဓာတ် တစ်မျိုးမှာ နောက်ဆုံးခန္ဓာ၏ အခြားမဲ့၌(ဥပါဒ်အားဖြင့် မဟုတ်သော) သန္တိဓာတ် တစ်မျိုးသာတည်း။
ဣတိဝုတ်။ ။ဒိဋ္ဌဓမ္မိကာ သဥပါဒိသေသာ နိဗ္ဗာနဓာတု၊ အနုပါဒိသေသာ သမ္ပရာယိကာ၊-ပါဠိတော်၊ ဒိဋ္ဌဓမ္မိကာတိ-ဒိဋ္ဌေယေဝ အတ္တဘာဝေ ဘဝါ ဝတ္တမာနာ၊ သမ္ပရာယိကာတိ-သမ္ပာရာယေ ခန္ဓဘေဒတော (ခန္ဓာပျက်ရာ စုတိအခါမှ) ပရဘာဂေ ဘဝါ-အဋ္ဌကထာ၊(ဒုတိယဝဂ်, နိဗ္ဗာနဓာတုသုတ်)၊ ဤ၌ ''ပရဘာဂေ ဘဝါ''ဟု ဆိုသော်လည်း ''ဘဝါ''အရ ဥပါဒ်အားဖြင့် ဖြစ်ခြင်းကို မယူရ၊ ''ဘူ-သတ္တာယံ''ဟူသော ဓာတ်အနက်အရ ထင်ရှားရှိသော သန္တိသဘောကိုသာ ယူရသည်၊ ''ဘဝါ''ဟုသာ ဖွင့်၍ ရှေ့ဝါကျကဲ့သို့ ''ဝတ္တမာနာ''ဟု မဖွင့်ပုံကို သတိပြုပါ။
**တေနေဝ၊ပေ၊အညာဏေန**။ ။တေနေဝါတိ အာဒီသု တေနေဝ ကတာကတဿအဇာနနေဝ ပုဗ္ဗာပရံ အဇာနနဿ၊ အညဿာပိ ဘိက္ခုနော ယံ ကတာကတံ ဟောတိ၊ တမ္ပိ န ဇာနာတီတိ အတ္ထော၊-ဝိမတိ။
သမထေစာတိ၊ ၌လည်း။
အကောဝိဒေါ၊ မကျွမ်းကျင်။
ပန၊ ထိုသို့ပင် ဖြစ်ပါသော်လည်း။
ရာဂါဒီဟိ၊ ရာဂ အစရှိသော အကုသိုလ်တို့ဖြင့်။
ဝါ၊ တို့သည်။
ရတ္တော၊ တပ်မက်သည်။
(ဟုတွာစ၊ ဖြစ်၍လည်းကောင်း။
ဝါ၊ ခြင်းကြောင့် လည်းကောင်း။)
ဒုဋ္ဌော၊ ဖျက်ဆီးအပ်သည်။
(ဟုတွာ)စ၊ လည်းကောင်း။
မူဠှော၊ တွေဝေသည်။
(ဟုတွာ)စ၊ လည်းကောင်း။
(ဂစ္ဆတိ၊ အဂတိသို့လိုက်၏။)
ဘယေန ဘယာ၊ ကြောက်ခြင်းကြောင့်။
ဂစ္ဆတိ၊ ၏။
သမ္မောဟေနမောဟာ၊ တွေဝေခြင်းကြောင့်၊ ဂစ္ဆတိ။
ပန၊ ဆက်။
ရတ္တတ္တာ၊ တတ်မက်သည်၏ အဖြစ်ကြောင့်လည်းကောင်း။
ဒုဋ္ဌတ္တာစ၊ ဖျက်ဆီးအပ်သည်၏ အဖြစ်ကြောင့်လည်းကောင်း။
ဆန္ဒာ၊ ချစ်ခြင်းကြောင့်လည်းကောင်း။
ဒေါသာ၊ မုန်းခြင်းကြောင့်လည်းကောင်း။
ဂစ္ဆတိ၊ အဂတိသို့လိုက်၏။
(ဆန္ဒာ၏ အကြောင်းကား ရတ္တတ္တာ, ဒေါသာ၏ အကြောင်းကား ဒုဋ္ဌတ္တာတည်း။)
ပရံ၊ တစ်ပါးသော စုဒိတက, စောဒက တစ်ဘက်ဘက်ကို။
သညာပေတုံ၊ နားလည် စေခြင်းငှာ။
အသမတ္ထတာယ၊ မစွမ်းနိုင်သည်၏ အဖြစ်ကြောင့်။
နစ သညတ္တိကုသလော၊ နားလည်စေခြင်း၌လည်း မကျွမ်းကျင်။
ကာရဏာကာရဏ ဒဿနေ၊ မှန်သောအကြောင်း မမှန်သောအကြောင်းကို ပြခြင်း၌။
အသမတ္ထတာယ၊ ကြောင့်။
နိဇ္ဈတ္တိယာစ၊ သူတစ်ပါးကို ရှုစေခြင်း၌လည်း။
အကောဝိဒေါ၊ မကျွမ်းကျင်။
အတ္တနော၊ ၏။
ဝါ၊ နှင့်။
သဒိသာယ၊ တူသော။
ပရိသာယ၊ ၏။
ဝါ၊ ကို။
လဒ္ဓတ္တာ၊ ရအပ်သည်၏ အဖြစ်ကြောင့်။
လဒ္ဓပက္ခေါ၊ ရအပ်ပြီးသော အသင်းအပင်းရှိ၏။
(အချို့စာအုပ်၌ ''အတ္တနော ပရိသာ သဒိသာယ''ဟု ရှိသည်ကား မကောင်း၊ အတ္တနော သဒိသာယာတိ-ယထာဝုတ္တေဟိ ဒေါသေတိယုတ္တတာယ အတ္တနာ သဒိသာယ၊-ဝိမတိ၊ မိမိနှင့် ရတ္တချင်း ဒုဋ္ဌချင်း စသည်အားဖြင့် တူသော ပရိသတ်-ဟူလို။)
ဟိရိယာ၊ ရှက်ခြင်း၏။
ပရိဗာဟိရတ္တာ၊ အပတ်၏ အဖြစ်ကြောင့်။
အဟိရိကော၊ အရှက်မရှိ။
ကာဠကေဟိ၊ မည်းညစ်ကုန်သော။
ကမ္မေဟိ၊ အကုသိုလ် ကံတို့နှင့်။
သမန္နာဂတတ္တာ၊ ပြည့်စုံသည်၏ အဖြစ်ကြောင့်။
ကဏှကမ္မော၊ မည်းညစ်သောအကုသိုလ်ကံရှိ၏။
ဓမ္မာဒရိယ ပုဂ္ဂလာဒရိယာနံ၊ ဓမ္မ၌ လေးစားခြင်း ရှိသူ၏အဖြစ်ပုလ္လဂ၌ လေးစားခြင်း ရှိသူ၏ အဖြစ်တို့၏။
အဘာဝတော၊ မရှိခြင်းကြောင့်။
အနာဒရော၊ ဓမ္မပုဂ္ဂလ၌ လေးစားခြင်း မရှိ။
တာဒိသကော၊ သော။
သ (သော)ဘိက္ခု၊ ကို။
ဝေ၊ စင်စစ်။
အပဋိက္ခေါတိ၊ အပဋိက္ခပုဂ္ဂိုလ် ဟူ၍။
ဝုစ္စတိ၊ ၏။
**အပဋိက္ခေါ**။ ။ပဋိက္ခီယတေတိ ပဋိက္ခေါ၊ ပတိ+ဣက္ခဓာတ်-ရှုခြင်း အနက် ဟော+အပစ္စည်း၊ ''ရှု''ဆိုသည်ကား ''အစိုးရသူ၏ ဖြစ်ကြောင်းဖြစ်ရာဌာန, အရှင်သခင်၏ ဖြစ်ကြောင်းဖြစ်ရာဌာန, အကြီးအကဲ၏ ဌာန၌ တင်ထားခြင်းကို ဆိုလိုသည်၊ န+ပဋိက္ခေါ အပဋိက္ခေါ-ဣဿရိယဋ္ဌာန, အာဓိပစ္စဌာန, ဇေဋ္ဌကဌာန၌ တင်ထားသော အားဖြင့် မကြည့်ရှုထိုက်-မချီးမြှောက်ထိုက်သော ပုဂ္ဂိုလ်။
န ပဋိက္ခိတဗ္ဗော။
န ဩလောကေတဗ္ဗော၊ မကြည့်ရှုထိုက်။
သမ္မန္နိတွာ၊ ပမုတ်၍။
ဣဿရိယဓိပစ္စဇေဋ္ဌကဋ္ဌာနေ၊ အစိုးရသူ၏ အဖြစ်, အရှင်သခင်၏ အဖြစ်, အကြီးအကဲ၏အရာ၌။
န ထပေတဗ္ဗော၊ မထားထိုက်။
ဣတိ အတ္ထော။
(ဣတိ၊ ကား။
ယောဇနာ၊ တည်း။)