Issues
Select Version
sāsanāre-သာသနာရေး
မြန်မာဘာသာ
Bhikkhu Bodhi
English
Dasakanipātapāḷi
Dasakanipātapāḷi

5. Migasālāsuttaṃ

Author: sāsanāre-သာသနာရေး @ IAPT

အထ ခေါ၊ ဲ၌။ အာယသ္မာ အာနန္ဒေါ၊ အရှင်အာနန္ဒာသည်။ ပုဗ္ဗဏှသမယံ၊ နံနက်အခါ၌။ နိဝါသေတွာ၊ သင်းပိုင်ကို ကောင်းမွန်ညီညာစွာ ပြင်ဝတ်၍။ ပတ္တစီဝရံ၊ သပိတ်သင်္ကန်းကို။ အာဒါယ၊ ယူ၍။ ဝါ၊ ကိုင်ဆောင်ခြုံရုံ၌။ ယေန၊ အကြင်အရပ်၌။ မိဂသာလာယ၊ မိဂသာလာမည်သော။ ဥပါသိကာယ၊ သီတင်းသည် ဒါယိကာမ၏။ နိဝေသနံ၊ နေအိမ်သည်။ (အတ္ထိ၊ ရှိ၏။) တေန၊ ထိုအရပ်၌။ ဝါ၊ သို့။ ဥပသင်္ကမိ၊ ကြွသွားတော်မူ၏။ ဝါ၊ မူပြီ။
ဥပသင်္ကမိတွာ၊ ကြွသွားတော်မူပြီး၍။ ပညတ္တေ၊ ခင်းထားအပ်သော။ အာသနေ၊ နေရာထိုင်ခင်း၌။ နိသီဒိ၊ ထိုနေတော်မူပြီ။
အထခေါ၊ ၌။ မိဂသာလာ၊ သော။ ဥပါသိကာ၊ သည်။ ယေန၊ အကြင်အရပ်၌။ အာယသ္မာ အာနန္ဒေါ၊ သည်။ (အတ္ထိ)တေန၊ ၌။ ဝါ၊ သို့။ ဥပသင်္ကမိ၊ ရောက်လာပြီ။ ဝါ၊ သွားပြီ။
ဥပသင်္ကမိတွာ၊ ၍။ အာယသ္မန္တံ အာနန္ဒံ၊ အရှင်အာနန္ဒာကို။ အဘိဝါဒေတွာ၊ ရိုသေစွာ ရှိခိုးပြီး၍။ ဧကမန္တံ၊ သင့်လျော်သည့် တခုသော နေရာ၌ ။ နိသီဒိ၊ ထိုင်နေပြီ။
ဧကမန္တံ၊ ၌။ နိသိန္နော၊ ထိုင်နေပြီးသော။ မိဂသာလာ၊ သော။ ဥပါသိကာ၊ သည်။ ။ပ။ ဧတံ၊ ဤစကားကို။ အဝေါစ၊ လျှောက်ပြီ။
(ကိန္တိ၊ အဘယ်သို့။ အဝေါစ၊ လျှောက်သနည်းဟူမူ။) ဘန္တေ အာနန္ဒ၊ အရှင်အာနန္ဒာ။ ယတြ (ယသ္မိံ ဓမ္မေ)၊ အကြင်တရားတော်၌။ ဗြဟ္မစာရီစ၊ (မေထုတ်မှ ရှေင်ကြဉ်ခြင်းတည်းဟူသော) မြတ်သော အကျင့်ကို ကျင့်သော သူသည်လည်းကောင်း။ အဗြဟ္မစာရီစ၊ (မေထုန်မှ ရှောင်ကြဉ်ခြင်းတည်းဟူသော) မြတ်သောအကျင့်ကို မကျင့်သော သူသည်လည်းကောင်း။ ဝါ၊ ယုတ်နိမ့်မအပ် မမြတ်သော မေထုန်အမှုပြုကျင့်သော သူသည်လည်းကောင်း။ ဥဘော၊ နှစ်ဦးသော ထိုသူတို့သည်။ အဘိသမ္ပရာယံ၊ နောင်တမလွန်ဘဝ၌။ သမသမဂတိကာ၊ တထပ်တည်းကျ တူညီမျှသော လားရာဘတရှိကုန်သည်။ ဘဝိသန္တိ နာမ၊ (မဖြစ်သင့်ဘဲ) ဖြစ်နေခဲ့ကြလေကုန်ပြီ။ [အတိတ်အနက်၌ သက်သော အနာဂတ်ဝိဘတ်တည်း။] ဘဂဝတာ၊ မြတ်စွာဘုရားသည်။ အယံ ဓမ္မော၊ ဤတရားကို။ ကထံ ကထံ နာမ၊ အဘယ်အဘယ်မည်သော အကြောင်းယုတ္တိဖြင့်။ ဒေသိတော၊ ဟောတော်မူအပ်၏ ဟူ၍။ (ဗြဟ္မာစာရီနှင့် အဗြဟ္မစာရီနှစ်ဦးစလုံး၏ တမလွန်ဘဝ အဆင့်အတန်း ကို ထပ်တူညီမျှထား၍ ဟောကြားတော်မူအပ်၏ ဟူ၍။) အညေယျော၊ သိမှတ်ရပါမည်နည်း။
ဘန္တေ၊ အရှင်ဘုရား။ မေ၊ တပည့်တော်မူ၏။ ပိတာ၊ ဖခင်ဖြစ်သော။ ပုရာဏော၊ ပုရာဏသည်။ ဗြဟ္မစာရီ၊ (မေထုတ်မှ ရှောင်ကြဉ်ခြင်းတည်း ဟူသော) မြတ်သော အကျင့်ကို ကျင့်သည်။ အာရာစာရီ၊ မေထုန်မှ ဝေးစွာကျင့်သည်။ မေထုနာ၊ မေထုန်ဖြစ်သော။ ဝါ၊ ရာဂထလာ, ညီညာတူကြ, အဖိုအမတို့၏ ဥစ္စာဖြစ်သော။ ဂါမဓမ္မာ၊ ရွာသူရွာသားတို့၏ အကျင့်တရားမှ။ ဝိရတော၊ ရှောင်ကြဉ်သည်။ ဟောတိ၊ ဖြစ်၏။
သော၊ ထိုဖခင် ပုရဏသည်။ ဝါ၊ ကို။ ကာလင်္ကတော၊ ကွယ်လွန်မှုပြုပြီးသည်။ (သမာနော၊ ဖြစ်လသော်။) (ပုရာဏော၊ ပုရာဏသည်။)
သကဒါဂါမီ၊ သကဒါဂါမ်ဖြစ်သော။ ဝါ၊ ဤလူ့ရွာသို့ တကြိမ်မျှသာ ပဋိသန္ဓေတည်နေလာရောက်တတ်သော။ သတ္တော၊ ပုဂ္ဂိုလ်သည်။ (ဟုတွာ၊ ဖြစ်၍။) တုသိတံ၊ တုသိတာမည်သော။ ကာယံ၊ နတ်အပေါင်း၌။ ဝါ၊ နတ်ဘုံ၌။ ဥပပန္နော၊ ဖြစ်ပြီ။ [တနည်း- တုသိတံ၊ သော။ ကာယံ၊ နတ်အပေါင်းတို့။ ဝါ၊ နတ်ဘုံသို့။ ဥပပန္နော၊ ကပ်ရောက်ပြီ။ ဝါ၊ လားရောက်ပြီ။] ဣတိ၊ ဤသို့ ။ ဘဂဝတာ၊ သည်။ ဗျာကတော၊ မိန့်ကြားတော်မူအပ်ပါပြီ။

ဘန္တေ၊ ရား။ မေ၊ တပည့်တော်မ၏။ ပိတာမဟော၊ အဘိုးဖြစ်သော။

ပိတာမဟော, ပေတ္တေယျော- ဟူသော ပါဌ်နှစ်မျိုး ။ ။ ဤသုတ်၌ "ပိတာမဟော" ဟု တွေ့ရပြီး ဆက္ကနိပါတ်စာပိုဒ် (၄၄) မိဂသာလာသုတ်၌မူ "ပေတ္တေယျော" ဟု တွေ့ရ၏၊ ပိတုပုဒ် အာမဟပစ္စည်းဖြင့် ရုပ်ပြီး၍ "ပိတု ပိတာ ပိတာမဟော" ဟု ဝစနတ္ထပြုရသော ပိတာမဟပုဒ်ကို အဘိုးဟုသာ အနက်ပြန်ဆိုရမည်ဖြစ်၍ အခြားပြန်ဆိုစရာ အနက်မရှိ၊ ပိတာမဟပုဒ်ကို အဘိုးဟု အနက်ပြန်ဆိုလျှင်လည်း ထိုပုဒ်၏ မူကွဲဖြစ်သော ပေတ္တေယျပုဒ်ကိုလည်း အဘိုးဟူသာ အနက်ပြန်ဆိုရတော့မည်ဖြစ်၏၊ သို့ဖြစ်လျှင် ဣသိဒတ္တသည် မိဂသာလာမည်သော ဥပါသိကာ၏ ပိတာမဟ (အဘိုး) ပေတ္တေယျ (အဘိုး) ဖြစ်သောကြောင့် မိဂသာလာ၏ အဖေဖြစ်သော ပုရာဏကို ဣသိဒတ္တ၏သားဟု ဆိုရတော့မည်ဖြစ်၏။

သို့သော် မောဂ္ဂလ္လာန် ဏာဒိကဏ္ဍ "ပိတိတော ဘာတရိ ရေယျဏ်"ဟူသော (၃၆) သုတ်အလိုအားဖြင့်ကား ပေတ္တေယျပုဒ်ကို ပိတုပုဒ် ရေယျဏ် ပစ္စည်းဖြင့် ရုပ်စီရင်ရပြီး "ပိတု ဘာတာ ပေတ္တေယျော" ဟု ဝစနတ္ထပြုရသောကြောင့် "ပေတ္တေယျော- ဘကြီး, ဘထွေး" ဟုသာ အနက်ပြန်ဆိုရမည် ဖြစ်၏၊ သို့ဖြစ်လျှင် ဣသိဒတ္တသည် မိဂသာလာ၏ ဘကြီး (သို့မဟုတ်) ဘထွေးဖြစ်၍ မိဂသာလာ၏ အဖေဖြစ်သော ပုရာဏသည် ဣသိဒတ္တ၏အကို (သို့မဟုတ်) ညီတော်စပ်သူဟု ဆိုရမည်ဖြစ်၏၊ ဤသို့ အားဖြင့် ပိတာမဟော, ပေတ္တေယျောဟုပါဌ်နှစ်မျိုးရှိနေသောကြောင့် မိဂသာလာ, ဣသိဒတ္တ, ပုရာဏတို့သုံးဦး မည်သို့တော်စပ်ကြသည် ဆိုသည့် ပြဿနာ၏ အဖြေမှာ မသေမချာဖြစ်လာစရာရှိ၏၊ မိမိစဉ်းစားမိသည်ကား-

မဇ္ဈိမပဏ္ဏာသပါဠိတော် ဓမ္မစေတိယသုတ် (၃၂၅၊ ၃၂၆) နှင် မဟာဝဂ္ဂသံယုတ်ပါဠိတော် ထပတိသုတ် (၃၀၃) တို့၌ ဣသိဒတ္တနှင့် ပုရဏတို့ နှစ်ဦးအကြောင်းတွေ့ရ၏၊ ထိုနှစ်ဦးစလုံးပင် အင်္ဂုတ္တိုရ်မိဂသာလာသုတ်နှစ်သုတ်တို့မှ ဣသိဒတ္တ, ပုရာဏတို့ပင်ဖြစ်ကြောင်းကို မဇ္ဈျမပဏ္ဏာသအဋ္ဌကထာအဖွင့် (၂၄၃) ဖြင့် သိနိုင်၏၊ ထို့အဖွင့်၌ "ဣသိဒတ္တပုရာဏာတိ ဣသိဒတ္တော စ ပုရာဏော စ၊ တေသု ဧကော ဗြဟ္မစာရီ၊ ဧကော သဒ္ဒါရသန္တုဋ္ဌော" ဟုမိန့်သောကြောင့် အင်္ဂုတ္တိုရ်မိဂသာလာသုတ်နှင့် အတူတူပင်ဖြစ်၏၊ ဆက်လက်၍ ဖော်ပြရသော်-

ဣသိဒတ္တ, ပုရာဏတို့နှစ်ဦးသည် ကောသလဘုရင်၏ အမှုတော်ထမ်းလက်သ္မားဆရာကြီးများဖြစ်ကြပြီး မြတ်စွာဘုရားထံသို့ အတူသွား၍ တရားနာကြသူများလည်းဖြစ်ကြ၏။ တချိန်က ကောသလမင်း စစ်ချီ ထွက်ရာသို့ လိုက်ပါသွားကြပြီး ကျဉ်းမြောင်းသော တည်းခိုအဆောက်အဦးတခုတည်း၌ ကောသလမင်းနှင့် အတူတူတည်းခိုကြရသော ထို လက်သ္မားဆရာနှစ်ဦးတို့သည် ညဉ့်နက်သည်အထိ တရားစကားပြောဆို ဆွေးနွေးကြပြီးနောက် အိပ်ကြသောအခါ မြတ်စွာဘုရားရှိရာဘက်သို့ ခေါင်းပြုပြီး ကောသလမင်းဘက်သို့ ခြေဆင်း၍ အိပ်ကြကြောင်းနှင့် အမြဲတမ်းလစာရိက္ခာ အထောက်အပံ့ပေးနေသော ကောသလမင်းထက် မြတ်စွာဘုရားကို ပို၍ အရိုအသေပြုကြကြောင်းကို ကောသလမင်းကိုယ်တိုင် မြတ်စွာဘုရားအားလျှောက်ထားဘူး၏။

ဤသို့အားဖြင့် ဣသိဒတ္တနှင့် ပုရာဏတို့သည် ဘုရင့်အမှုတော်ထမ်းဖော်ထမ်းဖော်, သွားဖော်လာဖက်, လုပ်ဖော်ကိုင်ဖက်, တရားနာဖက်, တရားဆွေးနွေးဖက်ဖြစ်ကြခြင်းအားဖြင့် တဦးနှင့်တဦး ဆက်ဆံနေထိုင်ကြပုံအမှုအရာတို့သည် ညီအစ်ကိုတို့၏ တန်းတူရည်တူဆင်ဆံနေထိုင်ခြင်းမျိုးသာဖြစ်၍ သားအဖတို့၏ ဆက်ဆံနေထိုင်ကြခြင်းမျိုး မဟုတ်ကြ၊ ထိုကြောင့် မိဂသာလာ၏ အဖေဖြစ်သော ပုရာဏသည် ဣသိဒတ္တ၏ ညီ (သိုမဟုတ်) အစ်ကိုဖြစ်၍ ဣသိဒတ္တသည် မိဂသာလာ၏ ဘကြီး (သို့မဟုတ်) ဘထွေးဟုသာဆိုသင့်ရကား ပေတ္တေယျပုဒ်ကိုလည်း မောဂ္ဂလ္လာန်သဒ္ဒါကျမ်းများဆိုသည့်အတိုင်း ဘကြီး, ဘထွေးအနက်သာဖြစ်သင့်သည်ဟု ယူဆပါသည်၊ ထို့အပြင် ပိတာမဟောပုဒ်ကို မူရင်းစာမူအဖြစ်ဖြင့် သင်္ဂါယနာစာအုပ်၌ ပြထားသော်လည်း စာအုပ်၏ အောင်ခြေ၌ "ပေတ္တာ ပိယော မေ(သီ)၊ ပိတုပိယော မေ(သျာ) ဟူ၍ မူကွဲများလည်း ပြထားသောကြောင့် ပိတာမဟောပုဒ်လည်း သေချာသောပါဌ်မဖြစ်နိုင်ပါ။

[တနည်း- မေ၊ တပည့်တော်မ၏။ ပေတ္တေယျော၊ ဘကြီးဖြစ်သော။ ဝါ၊ ဘထွေးဖြစ်သော။] ဣသိဒတ္တော၊ ဣသိဒတ္တသည်။ အဗြဟ္မစာရီ၊ (မေထုန်မှ ရှောင်ကြဉ်ခြင်းတည်းဟူသော) မြတ်သောအကျင့်ကို မကျင့်သည်။ သဒါရ သန္တုဋ္ဌော၊ မိမိ၏မယာဖြင့် ရောင့်ရဲကျေနပ်သည်။ အဟောသိ၊ ဖြစ်ပါပြီ။
သောပိ၊ ထိုအဘိုးဣသိဒတ္တသည်လည်း။ ဝါ၊ ကိုလည်း။ [တနည်း- သောပိ၊ ထိုဘကြီး (ဘထွေး) ဣသိဒတ္တသည်လည်း။] ကာလင်္ကတော၊ သည်။ (သမာနော၊ သော်။) (ဣသိဒတ္တော၊ ဣသိဒတ္တသည်။) သကဒါဂါမီ၊ သော။ သတ္တော၊ သည်။ (ဟုတွာ) တုသိတံ၊ သော်။ ကာယံ၊ ၌။ ဥပပန္နော၊ ဖြစ်ပြီ။ ဣတိ၊ သို့။ ဘဂဝတာ၊ သည်။ ဗျာကတော၊ ပြီ။
ဘန္တေ အာနန္ဒ၊ န္ဒာ။ ယတြ (ယသ္မိံ ဓမ္မေ)၊ ၌။ ဗြဟ္မာစာရီ စ၊ ကောင်း။ ။ပ။ ဘဝိဿန္တိ နာမ၊ ကုန်ပြီ။ ဘဂဝတာ၊ သည်။ အယံ ဓမ္မော၊ ကို။ ကထံ ကထံ နာမ၊ ။ပ။၊ အညေယျော၊ နည်း။ ဣတိ (အဝေါစ၊ လျှောက်ပြီ။)
ဘဂိနိ၊ နှမ။ ဧတံ၊ ဤပုရာဏနှင့် ဣသိဒတ္တတို့၏ လားရောက်အပ်သော ဘဝအဆင့်အတန်းကို။ ဧဝံခေါ၊ ဤသင့်လျောက်သည့်အတိုင်း ထပ်တူညီမျှ ထား၍ သာလျှင်။ ဘဂဝတာ၊ သည်။ ဗျာကတံ၊ မိန့်ကြားတော်မူအပ်ပြီ။ ဣတိ၊ ဤသို့။ (အဝေါစ၊ အရှင်အာနန္ဒာမိန့်ကြားတော်မူပြီ။)
အထခေါ၊ ၌။ အာယသ္မာ အာနန္ဒေါ၊ သည်။ မိဂသာလာယ၊ သော။ ဥပါသိကာယ၊ ၏။ နိဝေသနေ၊ နေအိမ်၌။ ပိဏ္ဍပါတံ၊ ဆွမ်းကို။ ဂဟေတွာ၊ ခံယူပြီး၍။ အာသနာ၊ ထိုင်နေရာမှ ။ ဥဋ္ဌာယ၊ ထ၍။ ပက္ကာမိ၊ ဖဲခွာသွားပြီ။
အထခေါ၊ ၌။ အာယသ္မာ အာနန္ဒေါ၊ သည်။ ပစ္ဆာဘတ္တံ၊ ဆွမ်းဘုဉ်းပေးပြီးရာ ကာလမှ နောက်၌။ ပိဏ္ဍပါတပဋိက္ကန္တော၊ ဆွမ်းခံရာအရပ်မှ ဖဲခွါတော်မူပြီးသည်။ (ဟုတွာ၊ ဖြစ်၍။) ။ပ။၊
ဘန္တေ၊ ရား။ ဣဓ၊ ဤအရပ်၌။ အဟံ၊ တပည့်တော်သည်။ ။ပ။၊ ယေန၊ အကြင်အရပ်၌။ အဟံ၊ သည်။ (အသ္မိ)၊ ။ပ။၊
မံ၊ တပည့်တော်ကို။ ။ပ။၊
ဘန္တေ၊ ရား။ ဧဝံ၊ ဤသို့။ ဝုတ္တေ၊ မိဂသာသာဥပါသိကာက လျှောက်ထားအပ်လသော်။ အဟံ၊ သည်။ မိဂသာလံ၊ သော။ ဥပါသိကံ၊ ကို။ ။ပ။၊
အာနန္ဒ၊ အာနန္ဒာ။ ဗာလာ၊ မသိနားမလည်သော။ အဗျတ္တာ၊ မကျွမ်းကျင် မလိမ္မာသော။ အမ္မကာ၊ မိန်းမသားမျှသည်။ (ဟုတွာ၊ ဖြစ်၍။) အမ္မကပညာ၊ မိန်းမသားတို့၏ အသိပညာမျှသာရှိသော။ မိဂသာလာ၊ သော။ ဥပါသိကာ၊ သည်။ ကာစ၊ အဘယ်မိန်းမတဲ့နည်း။ (တမလွန်လောကလားရာဂတိကို မှန်ကန်စွာ ခွဲခြားသိသော ဘုရားရှင်တို့၏ ဉာဏ်အရာဝယ် အဘယ်မျှလောက်ခွဲခြားသိနိုင်သော မိန့်မတဲ့နည်း။) ပုရိသပုဂ္ဂလပရောပရိယ ဉာဏေ၊ ယောင်္ကျားပုဂ္ဂိုလ်တို့၏ ဣန္ဒြေထက်သည်, နုံသည်အဖြစ်ကို သိသော (ဣန္ဒြိယပရောပရိယ) ဉာဏ်အရာ၌။ (အပ္ပဋိဟတဝိသယာ၊ အဆီးအတားမရှိသော အာရုံရှိတော်မူကြကုန်သော။ သမ္မာသမ္ဗုဒ္ဓါ၊ မြတ်စွာဘုရားရှင်တို့သည်။) ကေစ၊ အဘယ်ပုဂ္ဂိုလ်တို့တဲ့နည်း။ (မိဂသာလာ၏ ဉာဏ်ဖြင့် ဝေဘန်ဖြစ်ရာ အဘယ်ပုဂ္ဂိုလ်တို့တဲ့နည်း။) [ဆက္ကနိပါတ်စာပိုဒ် (၄၄) မိဂသာလာသုတ်လည်းကြည့်။]
အာနန္ဒာ၊ န္ဒာ။ လောကသ္မိံ၊ သတ္တလောက၌။ ဒသ၊ ဆယ်ဦးကုန်သော ။ ဣမေ ပုဂ္ဂလာ၊ ဤပုဂ္ဂိုလ်တို့သည်။ ဝါ၊ တို့ကို။ သန္တော၊ ထင်ရှားရှိကုန်၏။ သံဝိဇ္ဇာမာနာ၊ ရအပ်ကုန်၏။
ကတမေ၊ အဘယ်မည်ကုန်သော။ ဒသ၊ ကုန်သော။ (ဣမေ ပုဂ္ဂလော၊ တို့သည်။ ဝါ၊ တို့ကို။ သန္တော၊ ထင်ရှားရှိကုန်သနည်း။ သံဝိဇ္ဇမာနာ၊ ရအပ်ကုန်သနည်းဟူမူ။)
အာနန္ဒ၊ န္ဒာ။ ဣဓ၊ ဤလောက၌။ ဧကစ္စော၊ အချို့သော ပုဂ္ဂိုလ်သည်။ ဒုဿီလော၊ သီလမရှိသည်။ ဟောတိ၊ ဖြစ်၏။
ယတ္ထ၊ အကြင်စေတောဝိမုတ္တိ, ပညာဝိမုတ္တိ၌။ အဿ၊ ထိုသီလမရှိသူ၏။ တံဒုဿိလျံ၊ ထိုသီလမရှိသူ၏ အဖြစ်ဟူသော အကုသိုလ်သည်။ အပရိသေသံ၊ အကြွင်းအကျန်မရှိအောင်။ နိရုဇ္ဈတိ၊ ချုပ်၏။ တဉ္စ စေတောဝိမုတ္တိံ၊ ထိုကိလေသာတို့မှ လွတ်မြောက်သော ဖိုလ်စိတ်သမာဓိကိုလည်းကောင်း။ တဉ္စ ပညာဝိမုတ္တိံ၊ ထိုကိလေသာတို့မှ လွတ်မြောက်သော ဖိုလ်ပညာကိုလည်းကောင်း။ ယထာဘူတံ၊ အဖြစ်မှန်သဘောအတိုင်း။ ဝါ၊ ဟုတ်မှန်စွာ။ နပ္ပဇာနာတိ၊ မသိ။ (သင့်ယူခြင်း, အနက်ဓိပ္ပါယ် မေးမြန်းခြင်းဖြင့် မသိ)။
တဿ၊ ထိုသီလမရှိသူသည်။ သဝနေနပိ၊ တရားဓမ္မကြားနားခြင်းဖြင့်လည်း။ ဝါ၊ တရားဓမ္မကြားနာခြင်းကိုလ်း။ အကတံ၊ မပြုအပ်သည်။ ဟောတိ၊ ၏။ ဗာဟုဿစ္စေနပိ၊ ဗဟုသုတရှိသူ၏ ဖြစ်ကြောင်း လုံ့လဝီရိယဖြင့်လည်း။ ဝါ၊ များစွာကြားနာသတ်မှတ်အပ်ပြီးသော သုံးဖြာပိဋကတ်ပရိယတ်ရှိသူ၏ ဖြစ်ကြောင်း လုံ့လဝီရိယဖြင့်လည်း။ အကတံ၊ (ပြုသင့်သော ကုသိုလ်ကို) မပြုအပ်သည်။ ဟောတိ၊ ၏။ ဒိဋ္ဌိယာပိ၊ ပညာဖြင့်လည်း။ အပ္ပဋိဝိဒ္ဓံ၊ (ထိုထွင်းသိသင့်သော တရားကို) ထိုးထွင်းမသိအပ်သည်။ ဟောတိ၊ ၏။ သာမာယိကံ၊ သင့်လျော်သည့်အခါတိုင်းအခါတိုင်း၌ တရားနာမှုကို အမှီတကဲပြု၍ ရသင့်ရထိုက်သော။ ဝိမုတ္တိမ္ပိ၊ ကိလေသာတို့မှ လွတ်မြောက်သော ပီတိပါမောဇ္ဇကိုလည်း။ န လဘတိ၊ မရ။
သော၊ ထိုပုဂ္ဂိုလ်သည်။ ကာယဿ၊ ဥပါဒိန္နကိုယ်ခန္ဓာ၏။ ဘေဒါ၊ ပျက်စီးခြင်းတည်းဟူသော။ မရဏာ၊ သေခြင်းမှ။ ဝါ၊ သေသည်မှ။ ပရံ၊ နောက်၌။ ဝါ၊ နောက်ဖြစ်သော ဘဝသစ်ခန္ဓာကိုယ်ကို ယူခြင်း၌။ ဝါ၊ နောက်ထပ်ယူအပ်သော ဘဝသစ်ခန္ဓာကိုယ်၌။ ဟာနာယ၊ (နတ်ပြည်နှင့် မဂ်တရားတို့မှ) ယုတ်လျော့နိမ့်ကျခြင်းမှာ။ ပရေတိ၊ ဖြစ်၏။ ဝိသေသာယ၊ (နတ်ပြည်နှင့် မဂ်တရားတို့၏) တိုးတက်မြင့်မားထူးခြားခြင်းငှာ။ နော ပရေတိ၊ မဖြစ်။
ဟာနဂါမီယေဝ၊ ယုတ်လျော့နိမ့်ကျခြင်းသို့ ရောက်သည်သာလျှင်။ ဟောတိ၊ ဖြစ်၏။ ဝိသေသဂါမီ၊ တိုးတက်မြင့်မား ထူးခြားခြင်းသို့ ရောက်သည်။ နော ဟောတိ၊ မဖြစ်။
အာနန္ဒ၊ န္ဒာ။ ပန၊ နောက်ထပ် ပုဂ္ဂိုလ်တဦးကား။ ဣဓ၊ ဤလောက၌။ ဧကစ္စော၊ အချို့သော။ ပုဂ္ဂလော၊ ပုဂ္ဂိုလ်သည်။ ။ပ။၊
ပဇာနာတိ၊ (သင်ယူခြင်း, မေးမြန်းခြင်းအားဖြင့်) သိ၏။ ။ပ။၊
သဝနေနပိ၊ ဖြင့်လည်း။ ဝါ၊ ကိုလည်း။ ကတံ၊ ပြုအပ်ပြီးသည်။ ဟောတိ၊ ၏။ ဗာဟုဿစ္စေနပိ၊ ဖြင့်လည်း။ ကတံ၊ (ပြုသင့်သော ကုသိုလ်ကို) ပြုအပ်ပြီးသည်။ ဟောတိ၊ ၏။ ဒိဋ္ဌိယာပိ၊ ဖြင့်လည်း။ ပဋိဝိဒ္ဓံ၊ ( ထိုးထွင်း၍ သိသင့်သော တရားကို) ထိုးထွင်းသိအပ်ပြီးသည်။ ဟောတိ၊ ၏။ သမာယိကံ၊ သော။ ဝိမုတ္တိမ္ပိ၊ ကိုလည်း။ လဘတိ၊ ရ၏။ ။ပ။၊
အာနန္ဒ၊ န္ဒာ။ တတြ၊ ထိုဒုဿီလပုဂ္ဂိုလ်နှစ်ဦး၌။ ဝါ၊ ထိုဒုဿီလပုဂ္ဂိုလ်နှစ်ဦးတို့၏ ဟာနဂါမီ, ဝိသေသဂါမီဖြစ်ခြင်း, မဖြစ်ခြင်း ကိစ္စ၌။ ပမာဏိကာ၊ အတိုင်းအတာပမာဏကို ယူငင်မှတ်သားကြသူတို့သည်. ဝါ၊ နှိုင်းယှဉ်တိုင်းတာကြသော သူတို့သည်။ ပမိဏန္တိ၊ နှိုင်းယှဉ် တိုင်းတာခြင်းငှာ အားထုတ်ကြကုန်၏။ (ကိန္တိ၊ အဘယ်သို့ ပမိဏန္တိ= ကုန်သနည်းဟူမူ။)
ဣမဿမိ၊ ဤဒုဿီလပုဂ္ဂိုလ်မှာလည်း။ တေဝ ဓမ္မာ၊ ထိုတရားတို့သည်ပင်။ (ဟောန္တိ၊ ဖြစ်ကုန်ရှိကုန်၏။) အပရိဿပိ၊ အခြားဒုဿီလပုဂ္ဂိုလ်မှာလည်း။ တေဝ ဓမ္မာ၊ ပင်။ (ဟောန္တိ၊ ၏။)
ကသ္မာ၊ အဘယ့်ကြောင့်။ နေသံ၊ ထိုဒုဿီလပုဂ္ဂိုလ်နှစ်ဦးတို့တွင်။ ဧကော၊ တဦးသည်။ ဟီနော၊ ဂုဏ်တို့ဖြင့် ယုတ်နိမ့်အောက်ကျနေသည်။ (ဟုတွာ၊ ဖြစ်၍။) ဧကော၊ တဦးသည်။ ပဏီတော၊ ဂုဏ်တို့ဖြင့် သာလွန်မြင့်မြတ်နေသည်။ (ဟောတိ၊ ဖြစ်ပါသနည်း။) ဣတိ၊ ဤသို့။ (ပမိဏန္တိ၊ ကုန်၏။)
အာနန္ဒ၊ န္ဒာ။ ဟိ၊ နှိုင်းယှဉ်တိုင်းတာခြင်း၏ အပြစ်ကား။ တေသံ၊ ထိုပမာဏိကပုဂ္ဂိုလ်တို့၏။ တံ၊ ထိုနှိုင်းယှဉ်တိုင်းတာမှု ပြုလုပ်ခြင်းသည်။ ဒိဃရတ္တံ၊ ရှည်မြင့်ကြာသော နေ့ညဉ့်ပတ်လုံး။ အဟိတာယ၊ စီးပွားကင်းမဲ့ဖို့အကျိုးငှာ။ ဒုက္ခာယ၊ ဆင်းရဲခြင်းငှာ။ စောတိ၊ ၏။ [ပမီဏန္တီတိ တုလေတုံ အာရဘန္တိ၊ (ဆက္ကနိပါတ်အဋ္ဌကထာ) ဤ၌ "အရဟန္တိ" ဟု ပါဌ်ပျက်၏။]
အာနန္ဒ၊ န္ဒာ။ တတြ၊ ထိုဒုဿီလပုဂ္ဂိုလ်နှစ်ဦးတို့တွင်။ ယွာယံ ပုဂ္ဂလော၊ အကြင်ပုဂ္ဂိုလ်သည်။ ဒုဿီလော၊ သည်။ ။ပ။၊
ပဇာနာတိ၊ သိ၏။ (ပါဠိသင်ယင်ယူခြင်း, အနက်အဓိပ္ပာယ်မေးမြန်းခြင်းဖြင့် သိ၏။)
အာနန္ဒ၊ န္ဒာ အယံ ပုဂ္ဂလော၊ ဤဒုဿီလပုဂ္ဂိုလ်သည်။ (တရားနာခြင်း, ဗာဟုဿစ္စဖြင့် ပြုသင့်သော ကုသိုလ်ကိုပြုခြင်း စသော အကြောင်းအင်္ဂါတို့နှင့် ပြည့်စုံသော ဤဒုဿီလပုဂ္ဂိုလ်သည်။) ပုရိမေန၊ ရှေး၌ဖြစ်သော။ အမုနာ ပုဂ္ဂလေန၊ ထိုဒုဿီလပုဂ္ဂိုလ်ထက်။ (တရားနာခြင်း, ဗာဟုဿစ္စဖြင့် ပြုသင့်သော ကုသိုလ်ကို ပြုခြင်းစသော အကြောင်းအင်္ဂါချို့တဲ့သော ထိုဒုဿီလပုဂ္ဂိုလ်ထက်။) အဘိက္ကန္တ တရောစ၊ သာလွန်ကောင်းမွန်သည်လည်းကောင်း။ ပဏီတတရောစ၊ သာလွန်မြင့်မြတ်သည်လည်းကောင်း။ (ဟောတိ၊ ၏။)
ကိဿ ဟေတု၊ အဘယ်အကြောင်းကြောင့်။ တံ၊ ထိုသို့သာလွန်ကောင်းမွန်မြင့်မြတ်သည်အဖြစ်သည်။ (ဟောတိ၊ ဖြစ်သနည်းဟူမူ။)
အာနန္ဒ၊ န္ဒာ။ ဟိ၊ အကြင်ကြောင့်။ ဣမံ ပုဂ္ဂလံ၊ (တရားနာမှု စသည်နှင့် ပြည့်စုံသော) ဤဒုဿီလပုဂ္ဂိုလ်ကို။ ဓမ္မသောတော၊ (အရှိန်အဝါကြီးမြင့်ရဲရင့်စွာ ဖြစ်လာသော) ဝိပဿနာဉာဏ်တရား အယဉ်သည်။ နိဗ္ဗဟတိ၊ အရိယဘုံ အဆင့်သို့ပို့ဆောင်၏။ (တသ္မာ၊ ထို့ကြောင့်။ တံ၊ ထိုသို့ သာလွန်ကောင်းမွန် မြင့်မြတ်သည်အဖြစ်သည်။ ဟောတိ၊ ၏။)
တဒန္တရံ၊ ထိုအကြောင်းကို။ (ထိုဝိပဿနာဉာဏ်တရား အယဉ်က အရိယဘုံအဆင့်သို့ ပို့ဆောင်ခြင်းတည်းဟူသော ထိုအကြောင်းကို)။ တထာဂတေန၊ မြတ်စွာဘုရားကို။ အညတြ၊ ချွင်းချန်ထား၍။ ကော၊ အဘယ်သူသည်။ ဇာနေယျ၊ သိနိုင်အံ့နည်း။
နာနန္ဒ၊ န္ဒာ။ တသ္မာ၊ ထို့ကြောင့်။ (ထိုသို့ မြတ်စွာဘုရားမှ တပါး အဘယ်သူမျှ ထိုအကြောင်းကို မသိနိုင်သည်အဖြစ်ကြောင့်။) ဣဟ၊ ဤသာသနာတော်၌။ (တုမှေ၊ သင်တို့သည်။) ပုဂ္ဂလေသု၊ ပုဂ္ဂိုလ်တို့၌။ ပမာဏိကာ၊ တို့သည်။ မာ အဟုဝတ္ထ၊ မဖြစ်ကြကုန်လင့်။ ပုဂ္ဂလေသု၊ တို့၌။ ပမာဏံ၊ အတိုင်းအတာပမာဏကို။ မာ ဂဏှိတ္ထ၊ မယူငင် မမှတ်သားကြကုန်လင့်။
အာနန္ဒ၊ န္ဒာ။ ပုဂ္ဂလေသု၊ တို့၌။ ပမာဏံ၊ ကို။ ဂဏှန္တော၊ ယူငင်သော သူသည်။ ခညတိ ဟိ၊ မိမိ၏ အကျင့်ဂုဏ်ကို တူးဖြိုမိတော့သည်သာတည်း။ [ခညတိကို ကတ္တုရုပ်ကြံသည်။ တနည်းအားဖြင့် ခညတိကို ထုံးစံအတိုင်း ကမ္မရုပ်ကြံ၍ "ပုဂ္ဂလေသု၊ တို့၌။ ပမာဏံ၊ ကို။ ဂဏှန္တော၊ သူကို။ ခညတိ ဟိ၊ (နှိုင်းယှဉ်တိုင်းတာမှု ပြုကြောင်း အကုသိုလ်က ထိုတိုင်းတာသူ၏ အကျင့်ဂုဏ်ကို တူးဖြိုခြင်းအားဖြင့်) တူးဖြိုအပ်, တူးဖြိုခံရတော့သည်သာတည်း" ဟု အနက်ဆိုပါ။]
အာနန္ဒ၊ န္ဒာ။ အဟံ ဝါ၊ ငါသည်သော်လည်း။ ပုဂ္ဂလေသု၊ တို့၌။ ပမာဏံ၊ ကို။ ဂဏှေယျံ၊ ယူငင်မှတ်သားသင့်၏။ ဝါ၊ ယူငင်မှတ်သားရမည်။ ပန၊ သို့မဟုတ်။ ယော၊ (ငါမှတပါး အခြားသော) အကြင်ပုဂ္ဂိုလ်သည်။ မာဒိသော၊ ငါကဲဲ့သို့သော သဗ္ဗညု မြတ်စွာဘုရားသည်ပင်။ အဿ၊ ဖြစ်၏။ (သော ဝါ၊ ငါကဲ့သို့သော ထိုမြတ်စွာဘုရားသည်သော်လည်း။ ပမာဏံ၊ ကို။ ဂဏှေယျ၊ ယူငင်မှတ်သားသင့်၏။ ဝါ၊ ရမည်။)
အာနန္ဒာ၊ န္ဒာ။ ပန၊ နာက်ထပ်ပုဂ္ဂိုလ်တဦးကား။ ဣဓ၊ ၌။ ဧကစ္စော၊ သော။ ပုဂ္ဂလော၊ သည်။ သီလဝါ၊ လောကီသီလရှိသည်။ ဟောတိ၊ ၏။
ယတ္ထ၊ ၌။ အဿ၊ ထိုသီလရှိသူ၏။ တံ သီလံ၊ ထိုလောကီသီလသည်။ အပရိသေသံ၊ အောင်။ နိရုဇ္ဈတိ၊ ၏။ တဉ္စ စေတောဝိမုတ္တိံ၊ လည်း။ ။ပ။၊
တဿ၊ ထိုသီလရှိသူသည်။ သဝနေနပိ၊ ဖြင့်လည်း။ ဝါ၊ ကိုလည်း။ ။ပ။၊
သော၊ ထိုပုဂ္ဂိုလ်သည်။ ကာယဿ၊ ၏။ ။ပ။၊
အာနန္ဒ၊ န္ဒာ။ တတြ၊ ထိုသီလရှိသူနှစ်ဦး၌။ ဝါ၊ ထိုသီလရှီသူနှစ်ဦး၏ ဟာနဂါမီ, ဝိသေသဂါမီဖြစ်ခြင်း မဖြစ်ခြင်းကိစ္စ၌။ ပမာဏိကာ၊ တို့သည်။ ။ပ။၊
အာနန္ဒ၊ န္ဒာ။ ပန၊ နောက်ထပ်ပုဂ္ဂိုလ်တဦးကား။ ဣဓ၊ ၌။ ဧကစ္စော၊ သော။ ပုဂ္ဂလော၊ သည်။ တိဗ္ဗရာဂေါ၊ ထူထပ်သော ရာဂရှိသည်။ ဟောတိ၊ ၏။
ယတ္ထ၊ ၌။ အဿ၊ ထိုတိဗ္ဗရာဂပုဂ္ဂိုလ်၏။ သော ရာဂေါ၊ ထိုရာဂသည်။ အပရိသေသော၊ အကြွင်းအကျန်မရှိအောင်။ နိရုဇ္ဈတိ၊ ၏။ ။ပ။၊
တဿ၊ ထိုတိဗ္ဗရာဂပုဂ္ဂိုလ်သည်။ သဝနေနပိ၊ လည်း။ ။ပ။၊
အာနန္ဒ၊ န္ဒာ။ တတြ၊ ထိုတိဗ္ဗရာဂပုဂ္ဂိုလ်နှစ်ဦး၌။ ဝါ၊ ထိုတိဗ္ဗရာဂပုဂ္ဂိုလ်နှစ်ဦး၏ ဟာနဂါမီ, ဝိသေသဂါမီဖြစ်ခြင်း မဖြစ်ခြင်းကိစ္စ၌။ ပမာဏိကာ၊ တို့သည်။ ။ပ။၊
အာနန္ဒ၊ န္ဒာ။ ပန၊ ကား။ ဣဓ၊ ၌။ ဧကစ္စော၊ သော။ ပုဂ္ဂလော၊ သည်။ ကောဓနာ၊ စိတ်ဆိုးလေ့ရှိသည်။ ဝါ၊ ဒေါသကြီးသည်။ ဟောတိ၊ ၏။
ယတ္ထ၊ ၌။ အဿ၊ ထိုကောဓနပုဂ္ဂိုလ်၏။ သော ကောဓော၊ ထိုအမျက်ဒေါသသည်။ ။ပ။၊
တဿ၊ ထိုကောဓနပုဂ္ဂိုလ်သည်။ သဝနေနပိ၊ ။ပ။၊
သော၊ ထိုပုဂ္ဂိုလ်သည်။ ကာယဿ၊ ၏။ ။ပ။၊
အာနန္ဒ၊ န္ဒာ။ တတြ၊ ထိုကောဓန ပုဂ္ဂိုလ်နှစ်ဦး၌။ ဝါ၊ ထိုကောဓနပုဂ္ဂိုလ်နှစ်ဦး၏ ဟာနဂါမီ, ဝိသေသဂါမီ ဖြစ်ခြင်း မဖြစ်ခြင်းကိစ္စ၌။ ပမာဏိကာ၊ တို့သည်။ ပမိဏန္တိ၊ ။ပ။၊
ဥဒ္ဓတော၊ ဥဒ္ဓစ္စဖြင့် စိတ်ပျံ့လွင့်သည်။ ဟောတိ၊ ၏။
ယတ္ထ၊ ၌။ အဿ၊ ထိုဥဒ္ဓတပုဂ္ဂိုလ်၏။ တံ ဥဒ္ဓစ္စံ၊ ထိုစိတ်ပျံ့လွင့်ခြင်းကို။ ။ပ။၊
တဿ၊ ထိုဥဒ္ဓတပုဂ္ဂိုလ်သည်။ ။ပ။၊
အာနန္ဒ၊ န္ဒာ။ တတြ၊ ထိုဥဒ္ဓတပုဂ္ဂိုလ်နှစ်ဦး၌။ ဝါ၊ ထိုဥဒ္ဓတပုဂ္ဂိုလ်နှစ်ဦး၏ ဟာနဂါမီ ဝိသေသဂါမီဖြစ်ခြင်း မဖြစ်ခြင်းကိစ္စ၌။ ပမာဏိကာ၊ တို့သည်။ ပမိဏန္တိ၊ ကုန်၏။ (ကိန္တိ ပမိဏန္တိ)၊
ဣမဿပိ၊ ဤဥဒ္ဓတပုဂ္ဂိုလ်မှာလည်း။ တေဝ ဓမ္မာ၊ ထိုတရားတို့သည်ပင်။ (ဟောန္တိ၊ ဖြစ်ကုန်ရှိကုန်၏။) အပရဿပိ၊ အခြားသော ဥဒ္ဓတပုဂ္ဂိုလ်မှာလည်း။ တေဝ ဓမ္မာ (ဟောန္တိ)၊
ကသ္မာ၊ အဘယ့်ကြောင့်။ နေသံ၊ ထိုဥဒ္ဓတပုဂ္ဂိုလ်နှစ်ဦးတို့တွင်။ ဧကော၊ တဦးသည်။ ဟီနော၊ သည်။ (ဟုတွာ) ဧကော၊ သည်။ ပဏီတော၊ သည်။ (ဟောတိ၊ သနည်း)။ ဣတိ၊ သို့။ (ပမိဏန္တိ၊ ကုန်၏။)
အာနန္ဒ၊ န္ဒာ။ ဟိ၊ နှိုင်းယှဉ်တိုင်းတာခြင်း၏ အပြစ်ကား။ တေသံ၊ ထိုပမာဏိက ပုဂ္ဂိုလ်တို့၏။ တံ၊ ထိုနှိုင်းယှဉ်တိုင်းတာမှု ပြုလုပ်ခြင်းသည်။ ။ပ။ ဒုက္ခာယ၊ ငှာ။ ဟောတိ၊ ၏။
အာနန္ဒာ၊ န္ဒာ။ တတြ၊ ထိုပုဂ္ဂိုလ်တို့တွင်။ ယွာယံ ပုဂ္ဂလော၊ အကြင်ပုဂ္ဂိုလ်သည်။ ဥဒ္ဓတော၊ သည်။ ဟောတိ၊ ၏။ ။ပ။၊
အာနန္ဒ၊ န္ဒာ။ အယံ ပုဂ္ဂလော၊ ဤဥဒ္ဓတပုဂ္ဂိုလ်သည်။ (တရားနာခြင်း, ဗာဟုသစ္စဖြင့် ပြုသင့်သော ကုသိုလ်ကို ပြုခြင်းစသော အကြောင်းအင်္ဂါတို့နှင့် ပြည့်စုံသော ဤဥဒ္ဓတပုဂ္ဂိုလ်သည်။) ပုရိမေန၊ ရှေး၌ဖြစ်သော။ အမုနာ ပုဂ္ဂလေန၊ ထိုဥဒ္ဓတ ပုဂ္ဂိုလ်ထက်။ (တရားနာခြင်း, ဗာဟုသစ္စဖြင့် ပြုသင့်သော ကုသိုလ်ကိုပြုခြင်း စသော အကြောင်းအင်္ဂါချို့တဲ့သော ထိုဥဒ္ဓတပုဂ္ဂိုလ်ထက်။) အဘိက္ကန္တ တရော စ ပဏီ တတရော စ ဟောတိ၊ ။ပ။၊
အာနန္ဒာ၊ န္ဒာ။ ဟိ၊ အကြင့်ကြောင့်။ ဣမံ ပုဂ္ဂလံ၊ (တရားနားမှု စသည်နှင့် ပြည့်စုံသော) ဤဥဒ္ဓတပုဂ္ဂိုလ်ကို။ ။ပ။၊
အာနန္ဒ၊ န္ဒာ။ ယထာ ရူပေန၊ အကြင်သို့ သဘောရှိသော။ သီလေန၊ သီလနှင့် (မေထုနဝိရတိဟူသော ဗြဟ္မစရိယသီလနှင့်) ။ ပုရာဏော၊ ပုရာဏသည်။ သမန္နာဂတော၊ ပြည့်စုံသည်။ အဟောသိ၊ ဖြစ်ပြီ။ တထာ ရူပေန၊ ထိုသို့သဘောရှိသော။ သီလေန၊ သီလနှင့် (ပုရာဏမှာ ပြည့်စုံနေသော သီလနှင့်) ။ ဣသိဒတ္တော၊ ဣသိဒတ္တသည်။ သမန္နာဂတော၊ သည်။ အဘဝိသာ၊ ဖြစ်ခဲ့ငြားအံ့။ ဣဓ၊ ဤပုရာဏနှင့် ဣသိဒတ္တတို့နှစ်ဦး နှိုင်းယှဉ်တိုင်းတာရာ၌။' ပုရာဏော၊ သည်. ဣသိဒတ္တဿ၊ ၏။ ဂတိမ္ပိ၊ အညိဉာဏ်အဆင့်အတန်းကိုလည်း။ န အညဿ၊ မသိနိုင်ရာ။ ဝါ၊ မမှီနိုင်ရာ။
အနန္ဒ၊ န္ဒာ။ စ၊ ထို့အပြင်။ ယထာ ရူပါယ၊ အကြင်သို့သဘောရှိသော။ ပညာယ၊ ပညာနှင့်။ ဣသိဒတ္တော၊ သည်။ သမန္နာဂတော၊ သည်။ အဟောသိ၊ ဖြစ်ပြီ။ တထာရူပါယ၊ ထိုသို့သဘောရှိသော။ ပညာယ၊ နှင့်။ (ဣသိဒတ္တမှာ ပြည့်စုံနေသောပညာနှင့်) ။ ပုရာဏော၊ သည်။ သမန္နာဂတော၊ သည်။ အဘဝိဿ၊ အံ့။ ဣဓ၊ ၌။ ။ပ။ န အညဿ၊ ရာ။
အာနန္ဒ၊ န္ဒာ။ ဣတိ ခေါ၊ ဤနည်းဤပုံအားဖြင့်။ (ပုရာဏနှင့် ဣသိဒတ္တတို့သည် တဦး၏ဂတိအဆင့်အတန်းကို တဦးက မသိနိုင်သည် မဟုတ်ဘဲ သိနိုင်မှီနိုင်ခြင်းအားဖြင့်။)။ ဥဘော၊ နှစ်ဦးကုန်သော။ ဣမေ ပုဂ္ဂလာ၊ (ပုရာဏနှင့် ဣသိဒတ္တမည်သော) ဤပုဂ္ဂိုလ်တို့သည်။ ဧကင်္ဂဟီနာ၊ တပါးပါးသော ဂုဏ်အင်္ဂါအားဖြင့် ယုတ်လျော့နေကြကုန်၏။ (သီလပညာဟူသော ဂုဏ်အင်္ဂါနှစ်ပါးတို့တွင် တပါးပါးသော ဂုဏ်အင်္ဂါအားဖြင့် ယုတ်လျော့နေကြကုန်၏။) ဣတိ၊ ဤသို့။ (အဝေါစ၊ မိန့်တော်မူပြီ။) [ဤနေရာ၌ ရေးသင့်သော အဓိပ္ပါယ်များကို ဆက္ကနိပါတ်စာပိုဒ် (၄၄) မိဂသာလာသုတ်၌ ရေးခဲ့ပြီ။]
ပဉ္စမံ၊