အထခေါ၊ သံတော်ဦးတင်ပြီးရာထိုအခါ၌။
မာဂဓော အဇာတသတ္တုဝေဒေဟိ ပုတ္တော, ရာဇာ၊ သည်။
ယာဝတိကာ၊ အကြင်မျှအတိုင်းအရှည်ရှိသောမြေအရပ်သည်။
နာဂဿ၊ စီးတော်ဆင်၏။
ဘူမိ၊ သွား၍ ဖြစ်နိုင်လောက်ရာမြေအရပ်သည်။
(ဟောတိ၊ ဖြစ်၏။)
(တာဝတိကံ၊ ထိုမျှအတိုင်းအရှည်ရှိသောမြေအရပ်တိုင်အောင်။)
နာဂေန၊ ဆင်တောဖြင့်။
ဂန္တွာ၊ သွားပြီး၍။
နာဂါ၊ မှ။
ပစ္စောရောဟိတွာ၊ ဆင်း၍။
ပတ္တိကောဝ၊ ခြေဖြင့်သွားသည်သာလျှင်။
ဝါ၊ ခြေလျှင်သွားသည်သာလျှင်။
(ဟုတွာ၊ ၍။)
ယေန၊ အကြင်အရပ်၌။
မဏ္ဍလမာဠဿ၊ တန်ဆောင်ဝန်း၏။
ဒွါရံ၊ တံခါးသည်။
(အတ္ထိ၊ ရှိ၏။)
တေန၊ တန်ဆောင်ဝန်း၏တံခါးရှိရာ ထိုအရပ်သို့။
ဥပသင်္ကမိ၊ သွားပြီ။
ဥပသင်္ကမိတွာ၊ သွားပြီး၍။
ကောမာရဘစ္စံ၊ သော။
ဇီဝကံ၊ ကို။
ဧတံ၊ ကို။
အဝေါစ၊ ပြီ။
(ကိံ၊ နည်း။)
သမ္မဇီဝက၊ က။
ဘဂဝါ၊ မြတ်စွာဘုရားသည်။
ကဟံ၊ အဘယ်အရပ်၌။
(ဟောတိ၊ ဖြစ်သနည်း။)
(တစ်နည်း)
ကဟံ ပန၊ အဘယ်မှာနည်း။
ဣတိ(အဝေါစ)။
မဟာရာဇ၊ ဇာ။
ပုရတ္ထာဘိမုခေါ၊ အရှေ့အရပ်သို့ရှေးရှုမျက်နှာရှိတော်မူသည်။
(ဟုတွာ၊ ၍။
ဘိက္ခုသံဃဿ၊ ရဟန်းအပေါင်းသည်။
ဝါ၊ ၏။
ပုရက္ခတော၊ ရှေ့၌ ပြုအပ်သည်။
(ဟုတွာ၊ ၍။)
မဇ္ဈိမံ ထမ္ဘံ၊ အလယ်တိုင်ကို။
နိဿာယ၊ မှီတော်မူ၍။
(ကျောပေးတော်မူ၍။)
နိသိန္နော၊ ထိုင်နေတော်မူသော။
ဧသော၊ ဤပုဂ္ဂိုလ်မြတ်သည်။
ဘဂဝါ၊ ဘုန်းတော်ကြီးဘုရားပါတည်း။
မဟာရာဇ၊ ဇာ။
(ပုရတ္ထာဘိမုခေါ၊ သည်။
ဟုတွာ၊ ၍။
မဇ္ဈိမံ ထမ္ဘံ၊ ကို။
နိဿာယ၊ ၍။
ဝါ၊ ၍။
နိသိန္နော၊ မူသော။)
ဧသော၊ သည်။
ဘဂဝါ၊ ပါတည်း။
ဣတိ၊ သို့။
(အဝေါစ၊ သံတော်ဦးတင်ပြီ။)
အထ ခေါ၊ သံတော်ဦးတင်ပြီးရာ ထိုအခါ၌။
မာဂဓော။
ပေ။
ရာဇာ၊ သည်။
ယေန၊ အကြင်အရပ်၌။
ဘဂဝါ၊ သည်။
(အတ္ထိ၊ ၏။)
တေန၊ ဘုရားရှိတော်မူရာထိုအရပ်သို့။
ဥပသင်္ကမိ၊ သွားပြီ။
ဥပသင်္ကမိတွာ၊ သွားပြီး၍။
ဧကမန္တံ၊ သင့်တင့်လျောက်ပတ် တစ်ခုသောအရပ်အဖို့၌။
အဋ္ဌာသိ၊ ရပ်ပြီ။
ဧကမန္တံ၊ ၌။
ဌိတော၊ ရပ်ပြီးသော။
မာဂဓော။
ပေ။
ရာဇာ၊ သည်။
ဝိပ္ပသန္နံ၊ အထူးသဖြင့် ကြည်လင်သော။
ရဟဒမိဝ၊ ရေအိုင်ကိုကဲ့သို့။
တုဏှီဘူတံ တုဏှီဘူတံ၊ ဆိတ်ဆိတ်ဖြစ်၍ဖြစ်,ဆိတ်ဆိတ်ဖြစ်၍ဖြစ်သော။
ဘိက္ခုသံဃံ၊ ရဟန်းအပေါင်းကို။
အနုဝိလောကေတွာ၊ အစဉ်အတိုင်းကြည့်ရှုပြီး၍။
ဥဒါနံ၊ ကို။
ဝါ၊ ကို။
ဥဒါနေသိ၊ မြွက်ဆိုပြီ။
(ကိံ၊ နည်း။)
ဧတရဟိ၊ ယခုအခါ၌။
ဘိက္ခုသံဃော၊ ရဟန်းသံဃာတော်သည်။
ယေန ဥပသမေန၊ အကြင်ကိုယ်နှုတ်တို့၏ငြိမ်သက်ခြင်းနှင့်။
သမန္နာဂတော၊ ပြည့်စုံတော်မူ၏။
[ဋီကာ၌ "ကိုယ်နှုတ်တို့၏ငြိမ်သက်ခြင်းကိုမြင်ရသဖြင့် စိတ်၏ ငြိမ်သက်ခြင်းကိုပါ မှန်းဆ၍ သိနိုင်သည်"ဟုဖွင့်ထားသည်။]
မေ၊ ငါ၏။
ဥဒယဘဒ္ဒေါ၊ ဥဒယဘဒ္ဒမည်သော။
ကုမာရော၊ သားတော်မင်းသားသည်။
ဣမိနာ ဥပသမေန၊ ဤကဲ့သို့သော ငြိမ်သက်ခြင်းနှင့်။
သမန္နာဂတော၊ ပြည့်စုံသည်။
ဟောတု၊ ဖြစ်ပါစေသတည်း။
ဝါ၊ ဖြစ်စေလို၏။
ဣတိ၊ သို့။
(ဥဒါနံ ဥဒါနေသိ)။
(ဧဝံ၊ သို့။
ဥဒါနေ၊ ဥဒါန်းကို။
ဥဒါနိတေ၊ ကျူးရင့်အပ်သော်။
ဘဂဝါ၊ သည်။
ရာဇာနံ၊ ကို။
ဧတံ၊ ကို။
အဝေါစ၊ ပြီ။
ကိံ၊ နည်း။)
မဟာရာဇ၊ ဇာ။
တွံ၊ အသင်ဒကာတော်သည်။
ယထာပေမံ၊ အကြင်အကြင်ချစ်အပ်သူသို့။
အာဂမာ ခေါ၊ ရောက်သွားပြီနော။
ဣတိ၊ ဤသို့မိန့်တော်မူပြီ။
(ဧဝံ ဝုတ္တေ ရာဇာ ဘဂဝန္တံ ဧတံ အဝေါစ။
ကိံ။)
ဘန္တေ၊ ရား။
မေ၊ ဒကာတော်သည်။
ဥဒယဘဒ္ဒေါ၊ သော။
ကုမာရော၊ သားတော်မင်းသားကို။
ပိယော၊ ချစ်အပ်ပါ၏။
ဧတရဟိ၊ ၌။
ဘိက္ခုသံဃော၊ သည်။
ယေန ဥပသမေန၊ နှင့်။
သမန္နာဂတော၊ ၏။
မေ၊ ၏။
ဥဒယဘဒ္ဒေါ၊ သော။
ကုမာရော၊ သည်။
ဣမိနာ ဥပသမေန၊ နှင့်။
သမန္နာဂတော၊ သည်။
ဟောတု၊ ဖြစ်ပါစေသတည်း။
ဝါ၊ ဖြစ်စေလိုပါ၏။
ဣတိ၊ ဤသို့လျှောက်ပြီ။
အထ ခေါ၊ လျှောက်ပြီးရာ ထိုအခါ၌။
မာဂဓော။
ပေ။
ရာဇာ၊ သည်။
ဘဂဝန္တံ၊ မြတ်စွာဘုရားကို။
အဘိဝါဒေတွာ၊ အလွန်ရိုသေစွာ ရှိခိုးပြီး၍။
ဝါ၊ ဝပ်ချပြီး၍။
ဘိက္ခု သံဃဿ၊ ရဟန်းသံဃာတော်အား။
အဉ္ဇလိံ၊ လက်အုပ်ကို။
ပဏာမေတွာ၊ ညွတ်စေပြီး၍။
ဧကမန္တံ၊ ၌။
နိသီဒိ၊ ထိုင်ပြီ။
ဧကမန္တံ၊ ၌။
နိသိန္နော၊ ထိုင်ပြီးသော။
မာဂဓော။
ပေ။
ရာဇာ၊ သည်။
ဘဂဝန္တံ၊ ကို။
ဧတံ၊ ကို။
အဝေါစ၊ ပြီ။
(ကိံ၊ နည်း။)
ဘန္တေ၊ မြတ်စွာဘုရား။
အဟံ၊ ဒကာတော်သည်။
ဘဂဝန္တံ၊ ကို။
ကဉ္စိဒေဝ၊ တစ်စုံတစ်ခုသာလျှင်ဖြစ်သော။
ဒေသံ၊ ညွှန်ပြအပ်သောအကြောင်းအရာကို။
ပုစ္ဆေယျာမိ၊ မေးလိုပါ၏။
ဝါ၊ မေးပါရစေ။
ဘဂဝါ၊ မြတ်စွာဘုရားသည်။
မေ၊ ဒကာတော်အား။
ဝါ၊ ၏။
ပဉှဿ၊ ပြဿနာကို။
ဝေယျာကရဏာယ၊ ဖြေတော်မူခြင်းငှာ။
ဩကာသံ၊ အခွင့်ကို။
သစေ ကရောတိ၊ အကယ်၍ ပြုတော်မူအံ့။
(ဧဝံသတိ၊ ဤသို့ပြုတော်မူလတ်သော်။)
ဣတိ၊ ဤသို့လျှောက်ပြီ။
(ဧဝံ ဝုတ္တေ ဘဂဝါ ရာဇာနံ ဧတံ အဝေါစ၊ကိံ၊)
မဟာရာဇ၊ ဇာ။
(ပဉှံ၊ ပြဿနာကို။
ပုစ္ဆိတုံ၊ မေးခြင်းငှာ။)
ယဒိ အာကင်္ခသိ၊ အကယ်၍ အလိုရှိအံ့။
(ဧဝံသတိ၊ ဤသို့အလိုရှိလတ်သော်။)
ပုစ္ဆ၊ မေးလော။
(တစ်နည်း)
မဟာရာဇ၊ ဇာ။
ယံ၊ အကြင်ပြဿနာကို။
(ပုစ္ဆိတုံ၊ ငှာ။)
အာကင်္ခသိ၊ အလိုရှိ၏။
(တံ၊ ထိုမေးလိုအပ်သောပြဿနာကို။)
ပုစ္ဆ၊ မေးလော။
ဣတိ၊ ဤသို့မိန့်တော်မူပြီ။
ဘန္တေ၊ မြတ်စွာဘုရား။
ဣမာနိ ပုထုသိပ္ပာယတနာနိ၊ ဤများစွာသောအတတ်တို့သည်။
(တစ်နည်း)
ဣမာနိ ပုထုသိပ္ပာယတနာနိ၊ ဤအသက်မွေးခြင်း၏အကြောင်းဖြစ်သောများစွာသောအတတ်တို့သည်။
(တစ်နည်း)
ဣမာနိ ပုထုသိပ္ပာယတနာနိ၊ ဤအသက်မွေးခြင်း၏မှီရာဖြစ်သောများစွာသောအတတ်တို့သည်။
(သန္တိ၊ ရှိပါကုန်၏။)
သေယျထိဒံ၊ ထိုအတတ်သည်တို့ဟူသည်အဘယ်နည်း။
(တစ်နည်း)
ဣဒံ(ဣမေ)၊ ဤအတတ်သည်တို့ဟူသည်။
သေယျထာ(ကတမေ)၊ အဘယ်တို့နည်း။
ဟတ္ထာရောဟာ၊ ဆင်ကိုစီးတတ် စီးစေတတ်သောဆင်သူရဲကောင်း,ဆင်ကိုသင်ပြတတ် ဆင်စီးအတတ်ကို သင်ပြတတ်သောဆင်ဆရာ,ဆင်ဆေးဆရာ,ဆင်ထိန်းတို့လည်းကောင်း။
အဿာရောဟာ၊ မြင်းကိုစီးတတ် စီးစေတတ်သော မြင်းသူရဲကောင်း,မြင်းကိုသင်ပြတတ် မြင်းစီးအတတ်ကို သင်ပြတတ်သောမြင်းဆရာ,မြင်းဆေးဆရာ,မြင်းထိန်းတို့လည်းကောင်း။
ရထိကာ၊ ရထား၌ယှဉ်ကုန်သောရထားစီးသူရဲကောင်း,ရထားစီးအတတ်ကိုသင်ပြတတ် ရထားလုပ်တတ်သောရထားဆရာ,ရထားနားပန်းစောင့်တို့လည်းကောင်း။
ဓနုဂ္ဂဟာ၊ လေးကိုကိုင်တတ် ကိုင်စေတတ်သောလေးတော်သား, လေးအတတ်ကို သင်ပြတတ်လေးလုပ်တတ်သောလေးဆရာတို့လည်းကောင်း။
[အဋ္ဌကထာ၌ လေးလုပ်တတ်သူကို မပြသော်လည်း ရထိကာပုဒ်၌ ရထားလုပ်တတ်သူကိုပါ ယူရသကဲ့သို့ ဤ၌လည်း လေးလုပ်တတ်သူကိုပါ ယူနိုင်ပါသည်။]
စေလကာ၊ အောင်လံကိုထောင်,စစ်သည်ဘောင်,ရှေ့ဆောင်ရှေ့သွား,အလံကိုင်စစ်သားတို့လည်းကောင်း။
စလကာ၊ စစ်သည်အများ,နေရာထား၍,ရွေ့ရှားစေတတ် စစ်ဆင်တတ်သော စစ်ဗိုလ်ကြီးတို့လည်းကောင်း။
ပိဏ္ဍဒါယကာ၊ တစ်ဖက်စစ်သားအပေါင်းတွင် အတင်းဝင်၍ လိုရာဦးခေါင်းကို ဖြတ်တောက်လျက် အမြန်ခုန်ထွက်တတ်သောသူရဲကောင်းတို့လည်းကောင်း။
(တစ်နည်း)
ပိဏ္ဍဒါယကာ၊ ကျပ်တည်းကျဉ်းမြောင်း မိမိစစ်သားအပေါင်းတွင် ထမင်းကျွေးဖို့ရန်အမြန်ဝင်သွားတတ်သော စစ်သားတို့လည်းကောင်း။
ဥဂ္ဂါ၊ စစ်တိုက်ရာတွင်,ပေါ်ထင်ကျော်ကြား,ထင်ရှားကုန်သော။
ရာဇပုတ္တာ၊ မင်းသားတို့လည်းကောင်း။
ပက္ခန္ဓိနော၊ ဦးခေါင်းလက်နက်, လိုရာဆက်ဖို့, တစ်ဖက်စစ်တပ်သို့ ပြေးဝင်တတ်သောသူရဲကောင်းတို့လည်းကောင်း။
မဟာနာဂါ၊ ဆင်ပြောင်ကြီးအလား,ောနက်မဆုတ်သောစစ်သားတို့လည်းကောင်း။
သူရာ၊ သမုဒ္ဒရာတစ်ဖက်,ကူး၍တက်ဖို့,ရဲဘက်မတောင်း,တစ်ယောက်တည်းသောသူရဲကောင်းတို့လည်းကောင်း။
စမ္မယောဓိနော၊ သားရေ သင်တိုင်းသို့ဝင်လျက် စစ်တိုက်တတ်သော သူရဲကောင်းတို့လည်းကောင်း။
ဝါ၊ သားရေ မြားကာကိုကိုင်လျက် စစ်တိုက်တတ်သောသူရဲကောင်းတို့လည်းကောင်း။
ဒါသိကပုတ္တာ၊ ကိုယ့်သခင်အား,အချစ်များသော,အိမ်ကျွန်မ၏သားဖြစ်သော စစ်သားတို့လည်းကောင်း။
အာဠာရိကာ၊ စဖိုအိမ်၌ယှဉ်လျက် ထမင်းချက်ခြင်း မုံ့လုပ်ခြင်းဖြင့် အသက်မွေးသူတို့လည်းကောင်း။
ကပ္ပကာ၊ ဆတ္တာသည်လုပ်လျက် အသက်မွေးသူတို့လည်းကောင်း။
နှာပကာ၊ အဖိုးအခယူ၍ ရေချိုးပေးလျက် အသက်မွေးသူတို့လည်းကောင်း။
သူဒါ၊ ကောင်းမွန်စွာ ဟင်းချက်လျက် အသက်မွေးသူတို့လည်းကောင်း။
မာလာကာရာ၊ ပန်းသည်လုပ်လျက် အသက်မွေးသူတို့လည်းကောင်း။
ရဇကာ၊ ကဝါသည်လုပ်လျက် အသက်မွေးသူတို့လည်းကောင်း။
ပေသကာရာ၊ ယက်ကန်းသည်လုပ်လျက် အသက်မွေးသူတို့လည်းကောင်း။
နဠကာရာ၊ ကျူထရံသည် လုပ်လျက် အသက်မွေးသူတို့လည်းကောင်း။
ကုမ္ဘကာရာ၊ အိုးထိန်းသည်လုပ်လျက်အသက်မွေးသူတို့လည်းကောင်း။
ဂဏကာ၊ ဧကအစ,နဝကျအောင်,အဆက်မပြတ်,ရေတွက်တတ်သောဂဏန်းကျမ်းအတတ်တို့လည်းကောင်း။
မုဒ္ဒိကာ၊ လက်ချောင်းချိုးလျက် ရေတွက်တတ်သူတို့လည်းကောင်းတည်း။
ဝါပန၊ သည်သာမကသေး။
အညာနိပိ၊ အခြားလည်းဖြစ်ကုန်သော။
ဧဝံဂတာနိ၊ ဤသို့အလားတူဖြစ်ကုန်သော။
ယာနိ ပုထုသိပ္ပါယတနာနိ၊ အကြင်များစွာသောအတတ်တို့သည်။
(တစ်နည်း)
ယာနိ ပုထုသိပ္ပါယတနာနိ၊ အကြင်အသက်မွေးခြင်း၏အကြောင်းဖြစ်သောများစွာသောအတတ်တို့သည်။
(တစ်နည်း)
ယာနိ ပုထုသိပ္ပါယတနာနိ၊ အကြင်အသက်မွေးခြင်း၏မှီရာဖြစ်သောများစွာသောအတတ်တို့သည်။
(သန္တိ၊ ရှိပါကုန်၏။)
တေ၊ ထိုအတတ်တို့သည်။
ဒိဋ္ဌေဝဓမ္မေ၊ မျက်မှောက်ထင်ထင် တွေ့မြင်အပ်သောသဘောဟူသောပစ္စက္ခအတ္တဘော၌ပင်။
သန္ဒိဋ္ဌိကံ၊ ကိုယ်တိုင်ကိုယ်ကျပ် တွေ့မြင်အပ်သော။
သိပ္ပဖလံ၊ အတတ်၏အကျိုးကို။
ဥပဇီဝန္တိယထာ၊ မှီ၍အသက်မွေးကြကုန်သကဲ့သို့။
တေ၊ ထိုအတတ်သည်တို့သည်။
တေန၊ ထိုအတတ်၏အကျိုးဖြင့်။
အတ္တာနံ၊ မိမိကိုလည်း။
သုခေန္တိ ယထာ၊ ချမ်းသာစေကြကုန်သကဲ့သို့။
ပိဏေန္တိယထာ၊ နှစ်သက်ပြည့်ဖြိုး,ပွားတိုးစေကြကုန်သကဲ့သို့။
မာတာပိတရော၊ အမိအဖတို့ကိုလည်း။
သုခေန္တိယထာ၊ သို့။
ပီဏေန္တိ ယထာ၊ သို့။
ပုတ္တဒါရံ၊ သားမယားကိုလည်း။
သုခေန္တိ ယထာ,ပီဏေန္တိ ယထာ၊ သို့။
မိတ္တာမစ္စေ၊ မိတ်ဆွေချင်းချင်း,အပေါင်းအသင်းတို့ကိုလည်း။
သုခေန္တိ ယထာ၊ သို့။
ပီဏေန္တိယထာ၊ သို့။
သမဏဗြာဟ္မဏေသု၊ ရဟန်းပုဏ္ဏားတို့၌။
ဥဒ္ဓဂ္ဂိကံ၊ အထက်နတ်ပြည်ဆန်သဖြင့် မီးလျှံနှင့်တူသောအကျိုးရှိသော။
ဝါ၊ အထက်နတ်ပြည်၌ ကောင်းမြတ်သောအကျိုးရှိသော။
သောဝဂ္ဂိကံ၊ ကာမဂုဏ် ၅ရပ်ဖြင့် လွန်စွာမြတ်သောနတ်ပြည်ကိုထိုက်သော။
သုခဝိပါကံ၊ ကောင်းသော ဣဋ္ဌအကျိုးရှိသော။
သဂ္ဂသံဝတ္တနိကံ၊ လွန်စွာမြတ်သောရူပါရုံစသောဆယ်ပါးသောအကျိုးတို့ကိုဖြစ်စေနိုင်သော။
ဒက္ခိဏံ၊ တမလွန်ဘဝဝယ် အလှူ့ရှင်၏ကြီးပွားကြောင်း,ကောင်းမြတ်သောအလှူကို။
ပတိဋ္ဌာပေန္တိယထာ၊ တည်စေကြကုန်သကဲ့သို့။
ဘန္တေ၊ မြတ်စွာဘုရား။
ဧဝမေဝ၊ ဤ့အတူသာလျှင်။
ဒိဋ္ဌေဝဓမ္မေ၊ ပင်။
သန္ဒိဋ္ဌိကံ၊ သော။
သာမညဖလံ၊ ရဟန်းအဖြစ်၏အကျိုးကို။
ပညပေတုံ၊ ပညတ်ခြင်းငှာ။
သက္ကာနုခေါ၊ တတ်ကောင်းပါသလော။
ဣတိ၊ ဤသို့လျှောက်ပြီ။
(ဧဝံ ဝုတ္တေ ဘဂဝါ ရာဇာနံ ဧတံ အဝေါစ၊ကိံ၊)
မဟာရာဇ၊ ဇာ။
တွံ၊ အသင်ဒကာတော်သည်။
ဣမံ ပဉှံ၊ ဤပြဿနာကို။
အညေ၊ ငါဘုရားမှတစ်ပါးကုန်သော။
သမဏဗြာဟ္မဏေ၊ သမဏဗြာဟ္မဏအမည်ရသူတို့ကို။
ပုစ္ဆိတာနော၊ မေးဖူးသလော။
(နံ ပုဋ္ဌဘာဝံ၊ ထိုမေးအပ်ဖူးသည်၏အဖြစ်ကို။)
အဘိဇာနာသိစ၊ သိလည်းသိ၏လော။
ဝါ၊ မှတ်မိလည်းမှတ်မိ၏လော။
ဣတိ၊ သို့။
(အဝေါစ)။
ဘန္တေ၊ မြတ်စွာဘုရား။
အဟံ၊ ဒကာတော်သည်။
ဣမံ ပဉှံ၊ ကို။
အညေ၊ မြတ်စွာဘုရားမှတစ်ပါးကုန်သော။
သမဏဗြာဟ္မဏေ၊ တို့ကို။
ပုစ္ဆိတွာ၊ မေးဖူးပါပြီ။
(နံ ပုဋ္ဌဘာဝံ၊ ထိုမေးအပ်ဖူးသည်၏အဖြစ်ကို။)
အဘိဇာနာမိ၊ သိလည်းသိပါ၏။
ဝါ၊ မှတ်မိလည်း မှတ်မိပါ၏။
ဣတိ၊ ဤသို့လျှောက်ပြီ။
(ဧဝံ ဝုတ္တေ ဘဂဝါ ရာဇာနံ ဧတံ အဝေါစ၊ကိံ၊)
မဟာရာဇ၊ ဇာ။
ယထာကထံပန၊ အဘယ်သို့လျှင်။
တေ၊ ထိုသမဏဗြာဟ္မဏတို့သည်။
ဗျာကရိံသု၊ ဖြေဆိုလိုက်ကြကုန်သနည်း။
တေ၊ အသင်ဒကာတော်၏။
ဝါ၊ အသင်ဒကာတော်မှာ။
(ဘာသိတုံ၊ လျှောက်ခြင်းငှာ။)
အဂရု၊ ဝန်မလေးသည်။
သစေ (ဟောတိ)၊ အကယ်၍ဖြစ်အံ့။
(ဧဝံ သတိ၊ သော်။)
ဘာဿု၊ လျှောက်စမ်းပါလော။
ဣတိ(အဝေါစ)။
ဘန္တေ၊ ရား။
ယတ္ထ၊ အကြင်အရပ်၌။
ဘဂဝါ၊ မြတ်စွာဘုရားသည်သော်လည်းကောင်း။
ဘဂဝန္တရူပေါဝါ၊ မြတ်စွာဘုရား၏သဘောတော်နှင့်တူသောသဘောထားရှိသောပုဂ္ဂိုလ်သည်သော်လည်းကောင်း။
နိသိန္နော၊ ထိုင်နေသည်။
အဿ၊ ဖြစ်၏။
(တတ္ထ၊ ထိုအရပ်၌။)
မေ၊ ဒကာတော်၏။
ဝါ၊ ဒကာတော်မှာ။
(ဘာသိတုံ၊ လျှောက်ခြင်းငှာ။)
ဂရု၊ ဝန်လေးသည်။
န ခေါ (ဟောတိ)၊ မဖြစ်ပါ။
ဣတိ(အဝေါစ)။
မဟာရာဇ၊ ဇာ။
တေနဟိ၊ ထိုသို့ဖြစ်လျှင်။
(ထိုသို့ ဝန်မလေးလျှင်။)
ဘာသဿု၊ လျှောက်စမ်းပါလော။
ဣတိ၊ ဤသို့မိန့်တော်မူပြီ။
ပုစ္ဆိတာ ။ ။ ပုစ္ဆိတာ-မေးဖူးသည်(ဟုတွာ-ဖြစ်၍၊) အဘိဇာနာသိနော-သိ၏လော၊(တစ်နည်း) ပုစ္ဆိတာ နေရာ၌ "ပုစ္ဆိတွာ"ဟု ပြင်ပြီးလျှင် "ပုစ္ဆိတွာ-မေးပြီး၍၊ အဘိဇာနာသိနော-သိ၏လော"ဤသို့လည်း အနက်ပေးကြသေး၏၊ထိုအနက်သည် အခြားနေရာ၌ ဖွင့်သောအနက်သာတည်း၊ဤနေရာ၌ကား ဤအဋ္ဌကထာမဖွင့်ပါ။