Issues
Select Version
arhaငaindāsabha
မြန်မာဘာသာ
Vajirabuddhi-ṭīkā
Vajirabuddhi-ṭīkā

Ganthārambhakathā

Author: arhaငaindāsabha @ IAPT

(၁)ပညာဝိသုဒ္ဓါယ ဒယာယ သဗ္ဗေ၊ ဝိမောစိတာ ယေန ဝိနေယျသတ္တာ။ တံ စက္ခုဘူတံ သိရသာ နမိတွာ၊ လောကဿ လောကန္တဂတဿ ဓမ္မံ။

သံဃဉ္စ သီလာဒိဂုဏေဟိ ယုတ္တ- မာဒါယ သဗ္ဗေသု ပဒေသု သာရံ။ သင်္ခေပ ကာမေန မမာသယေန၊ သဉ္ဇောဒိတော ဘိက္ခုဟိတဉ္ဇ ဒိသွာ။

သမန္တပါသာဒိကသညိတာယ၊ သမ္ဗုဒ္ဓဃောသာစရိယောဒိတာယ။ သမာသတော လီနပဒေ လိခိဿံ၊ သမာသတော လီနပဒေ လိခိတံ။ [ရှေ့နှစ်ဂါထာသည် ရ-ဂိုဏ်းနှစ်ခု, ဇ-ဂိုဏ်းတခု ဂရု တခုရှိသော ဣန္ဒဝဇိရာ ဂါထာ မည်၏။ နောက်ဂါထာကား ဥပဇာတိဂါထာမည်၏။]ယေန ဗုဒ္ဓေန၊ အကြင်မြတ်ဘုရားသည်။ သဗ္ဗေ၊အလုံးစုံကုန်သော။ ဝိနေယျသတ္တာ၊ ကျွတ်ထိုက်သော သတ္တဝါတို့ကို။ ပညာဝိသုဒ္ဓါယ၊ ပညာကြောင့်စင်ကြယ်သော။ ဒယာယ၊ ကရုဏာတော်ကြောင့်။ ဝိမောစိတာ၊ လွတ်စေတော်မူအပ်ကုန်ပြီ။ ဝါ-ဒယာယ၊ ကရုဏာတော်ကြောင့်။ ပညာဝိသုဒ္ဓါယ၊ စင်ကြယ်သောပညာတော်ဖြင့်။ ဝါ- ဝိသုဒ္ဓါယ၊ စင်ကြယ်စွာသော။ ဒယာယ၊ ကြောင့်။ ပဝတ္တာယ၊ ဖြစ်သော။ ဝိသုဒ္ဓါယ၊ စင်ကြယ်စွာသော။ ပညာ- ပညာယ၊ ပညာတော်ဖြင့်။ သဗ္ဗေ၊ ခပ်သိမ်းကုန်သော။ ဝိနေယျသတ္တာ၊ ကျွတ်ထိုက်သော သတ္တဝါတို့ကို။ ဝဋ္ဋဒုက္ခတော၊ ဝဋ်ဆင်းရဲမှ။ ဝိမောစိတာ၊ လွတ်စေတော်မူအပ်ကုန်ပြီ။ လောကဿ၊ အကြွင်းမရှိသော သတ္တလောက၏။ စက္ခုဘူတံ၊ မျက်စိသဖွယ် ဖြစ်တော်မူသော။ ဝါ၊ ငါးပါးအားဖြင့် စက္ခုအားထင်ခြင်းသို့ ရောက်တော်မူပြီးသော။ တံ ဗုဒ္ဓံ၊ ထိုမြတ်စွာဘုရားကို။ သိရသာ၊ ဦးဖြင့်၊ နမာမိ၊ ရှိခိုးပါ၏။ နိမိတွာ၊ ၍။ လောကန္တဂတဿ၊ လောကသုံးပါး၏အဆုံးသို့ ရောက်တော်မူသော မြတ်စွာဘုရား၏။ သန္တကဘူတံ၊ ဥစ္စာဖြစ်၍ဖြစ်သော။ (ဓမ္မံ-၌စပ်) ဝါ၊ လောကသုံးပါး၏ အဆုံးသို့ ရောက်တော်မူပြီးသော မြတ်စွာ ဘုရားသည်။ သွာက္ခာတံ၊ ကောင်းစွာ ဟောတော်မူအပ်သော။ ဓမ္မဉ္ဇ၊ တရားတော်ကိုလည်း။ သိရသာ၊ ဦးဖြင့်။ နမာမိ၊ ၏။ နမိတွာ၊ ၍။ သီလာဒိ ဂုဏေဟိ၊ သီလစသော ဂုဏ်ကျေးဇူးတို့နှင့်။ ယုတ္တံ၊ အမြဲယှဉ်တော်မူသော။ သံဃဉ္ဇ၊ သံဃာတော်ကိုလည်း။ နမိတွာ၊ နမာမိ၏။ နမိတွာ၊ ၍။ သင်္ခေပကာမေန၊ သင်္ခေပနည်းကိုအလိုရှိသော။ မမာသယေန၊ ငါ၏အလိုဖြင့်။ ဘိက္ခူဟိ၊ တို့သည်။ သဉ္ဇောဒိတော၊ ကောင်းစွာ တိုက်တွန်းတောင်းပန်အပ်သည်ဖြစ်၍။ သမန္တပါသာဒိကသညိတာယ၊ သမန္တပါသာဒိကာ အမည်ရှိသော။ ဝါ၊ သမန္တပါသာဒိကာ−ဟူသော အမည်ဖြင့် မှတ်အပ်သော။ သမ္ဗုဒ္ဓဃောသာစရိယောဒိတာယ၊ ဘုရားကဲ့သို့ ကျော်စောထင်ရှားသော အသံရှိသော အရှင်ဗုဒ္ဓဃောသဆရာသည် စီရင်တော်မူအပ်သော။ ဝါ၊ ဗုဒ္ဓဃောသအမည်ရှိသော ဆရာမြတ်သည် စီရင်တော်မူအပ်သော။ (ဤ၌ သံ−အနက် မရှိ၊ ဂါထာ ဗန္ဓ ပဒပူရဏမျှသာ) သံဝဏ္ဏနာယ၊ ဝိနည်းအဋ္ဌကထာ၌။ သမဘိနိဝိဋ္ဌေသု၊ ကောင်းစွာ အကျုံးဝင်ကုန်သော။ သဗ္ဗေသု ပဒေသု၊ အလုံးစုံသော ပုဒ်တို့၌။ သာရံ၊ မြတ်ညောအနက်ကို။ ဝါ၊ အနှစ်သက်ဖွယ်ဖြစ်သော အနက် အဆုံးအဖြတ်တို့ကို။ အာဒါယ စ၊ ယူ၍လည်းကောင်း။ ဘိက္ခုဟိတံ၊ ဝိနည်း အဋ္ဌကထာကို သင်ကြားလေ့လာကုန်သော ရဟန်းတို့၏ အကျိုးကို။ ဒိသွာစ၊ ရှု၍လည်းကောင်း။ သံဝဏ္ဏနာယ၊ ဝိနည်းအဋ္ဌကထာ၏။ လီနပဒေ၊ ကွယ်သော ပုဒ်၌။ ယံ အတ္ထဝိနိစ္ဆယံ၊ အကြင်အနက် အဆုံးအဖြတ်ကို။ သမာသထော၊ အကျဉ်းအားဖြင့်။ မယာ၊ ငါသည်။ လိခိတံ၊ ရေးအပ်၏။ လီနပဒေ၊ ကွယ်သော ပုဒ်၌။ ဝါ၊ ကွယ်သော ပုဒ်ရှိသော အရာ၌။ တံ အတ္ထဝိနိစ္ဆိယံ၊ ထိုသို့သော အဆုံးအဖြတ်ကို။ သမာသတော၊ အကျဉ်းအားဖြင့်။ အဟံ၊ သည်။ လိခိဿံ− လိခိဿာမိ၊ ရေးပေအံ့။
ဝိနည်းအဋ္ဌကထာ၏ အဖွင့်ကိုရေးလိုသော ဝဇိရဗုဒ္ဓိဋီကာ ဆရာသည် ယော ကပ္ပကောဋီဟိ အစရှိသော သံဝဏ္ဏေတဗ္ဗ ဖြစ်သော အဋ္ဌကထာ၏အဖွင့်ကိုသာ မပြုမူ၍ ပညာဝိသုဒ္ဓါယ ဒယာယ−စသည်ဖြင့် ရတနတ္တယပဏာမကို အဘယ်အကျိုးငှာ ပြုတော်မူသနည်း−ယူမူကားကျမ်းကို အားထုတ်သည်၏အစ၌ အလုံးစုံသော အဇ္ဈတ္တိက ဗာဟိရ ဖြစ်သော အန္တရာယ်ကို တားမြစ်ခြင်းငှာ စွမ်းနိုင်သော ရတနတ္တယ ပဏာပကို ပြုခြင်းသည် မိမိ၏ ရတနာသုံးပါးအပေါင်း၌ သဒ္ဒါခြင်း ပုံသေခြင်း အစရှိသော ကျေးဇူး၏ ပြည့်စုံခြင်းကို သိရခြင်း အကျိုးရှိသည် ထိုသို့သိရခြင်းသည် ပညာရှိတို့၏ စိတ်နှလုံးကို နှစ်သိမ့်စေခြင်း အကျိုး ရှိသည်။ ထိုသို့နှစ်သိမ့်စေခြင်းသည် မိမိ၌ ပညာရှိတို့၏ များစွာ မြတ်နိုးခြင်းကို ဖြစ်စေခြင်း အကျိုးရှိသည်။ ထိုသို့ မြတ်နိုးခြင်းသည် သဒ္ဓါ အစရှိသော ကျေးဇူးနှင့်ပြည့်စုံသော ဆရာသည် ပြုအပ်သော အဖွင့်ကျမ်းသည်သာ ပမာဏဖြစ်၏−ဟု သံဝဏ္ဏနာဖြစ်သော ဋီကာကျမ်း၌ ရိုသေခြင်းကို အကျိုးရှိသည်။ ထိုသို့ဖြစ်သော ရိုသေခြင်းရှိသော ပညာရှိတို့သည် ကျမ်းကိုသင်ခြင်း ဆောင်ခြင်း မှတ်ယူခြင်းအကျိုးရှိသည်၊ ထိုသို့သင်ခြင်း ဆောင်ခြင်း မှတ်ယူခြင်းသည် သံဝဏ္ဏေတဗ္ဗဖြစ်သော ဝိနည်းအဋ္ဌကထာကျမ်း၏ အနက်အဓိပ္ပါယ်ကို ကောင်းစွာ သိခြင်း အကျိုးရှိသည်။ ထိုသို့ သိခြင်းသည် အဋ္ဌကထာနှင့်တကွသော ပါဠိဓမ္မကို ဟုတ်မှန်တိုင်း သိရခြင်း အကျိုးရှိသည်။ ထိုသို့သိခြင်းသည် မဖောက်မပြန် မှန်သောအကျင့်ကို ကျင့်ရခြင်း အကျိုးရှိ၏။ ထိုကျင့်ရခြင်းသည် အလုံးစုံသော လောကီလောကုတ္တရာ အကျိုးပြီးခြင်း အကျိုးရှိသည်သာ ဖြစ်သောကြောင့် ဝိနည်းအဋ္ဌကထာကျမ်း၏ အဖွင့်ဖြစ်သော ဋီကာကျမ်းကို အားထုတ်လိုသော အရှင်ဝဇိရဗုဒ္ဓိ ဋီကာဆရာသည် ‘’ယော ကပ္ပ ကောဋီဟိ’’ အစရှိသည်တို့၏ အဖွင့်ကို မပြုမီ ရှေ့အဖို့ ကျမ်း၏အစ၌ ရတနတ္ထယ ပဏာမကို ပြု၍ ထိုပဏာမဖြင့် ဖျောက်အပ်သော အန္တရာယ်ရှိသည်ဖြစ်၍ ကျမ်းကို အားထုတ်ရာ၏ဟု နှလုံးထားတော်မူ၍ အတိုင်းမသိသော မရေမတွက်နိုင်သော ကာလ၌ ဆည်းပူးအပ်သောကုသိုလ် ပါရမီတော်တို့၏ အကျိုးဖြစ်သော ဒသဗလ အသာဓာရဏ ဝေသာရဇ္ဇ−ဉာဏ်အစရှိသော ကျေးဇူးတော် အပေါင်းတည်းဟူသော ဓမ္မကာယ လက္ခဏာတော်ကြီး လက္ခဏာတော်ငယ်တို့ဖြင့် တင့်တယ်စွာ ရူပကာယတို့နှင့် ပြည့်စုံတော်မူသည်၏ အဖြစ်ကြောင့်လည်းကောင်း ဝဋ်ဆင်းရဲ အပေါင်းမှ ထုတ်တတ်သော နိယျာနိက စသော များစွာသော ကျေးဇူးတို့နှင့် ပြည့်စုံသည်၏ အဖြစ်ကြောင့်လည်းကောင်း အနုတ္တရ ပုညက္ခေတ္တ အစရှိသော ကျေးဇူးတို့နှင့် ပြည့်စုံသည်၏ အဖြစ်ကြောင့်လည်းကောင်း အလုံးစုံသော လောကသည် ရှိခိုးခြင်း ပူဇော်ခြင်း မြတ်နိုးခြင်း အရိုအသေပြုခြင်းတို့၏ တည်ရာဖြစ်သော ရတနာသုံးပါး အပေါင်းအား အန္တရာယ်ကို ပြုတတ်သော အကုသိုလ်ကို ဖြတ်ခြင်း ပယ်ခြင်း အကျိုးပြီးစိမ့်သောငှါ ရတနတ္တယပဏာမကို ပြုခြင်းငှါ ၏၏ပညာဝိသုဒ္ဓါယ ဒယာယ သဗ္ဗေ’’−စသော ဂါထာကို မိန့်၏။
တနည်းကား− ဝိနည်းအဋ္ဌကထာ၏ အဖွင့်ဖြစ်သော ဋီကာကျမ်းကိုပြုလိုသော အရှင်ဝဇိရဗုဒ္ဓိဆရာသည် ကျမ်းပြုဆရာတို့၏ သဘောကိုပြတတ်သော ရတနတ္တယပဏာမ ပဏာမိတဗ္ဗ ပဏာမဟေတု ပဏာမ ပယောဇဉ် နိမိတ် ကတ္တား ကရဏပ္ပကာရ ပကရဏပယောဇဉ် ပဋိညာဉ် ပဋိညာတဗ္ဗတို့ကို ပြုတော်မူခြင်းငှါ ‘’ပညာဝိသုဒ္ဓါယ ဒယာယ သဗ္ဗေ၊ ဝိမောစိတာ ယေန ဝိနေယျသတ္တာ၊’’− စသော သုံးဂါထာတို့ကို မိန့်တော်မူ၏။
ထိုပါဌ်တို့တွင် ရတနာသုံးပါးအပေါင်းတို့၏ ကျေးဇူးကို ညွတ်ခြင်းကိုင်းခြင်း ရှိုင်းခြင်း၏ အစွမ်းအားဖြင့် အန္တရာယ်ကို ပြုတတ်သော အကုသိုလ်တို့ကို ဖျောက်ခြင်း မြစ်ခြင်းငှာ စွမ်းနိုင်သော ကုသိုလ်စေတနာသည် ပဏာမ မည်၏။ ထိုပဏာမကို နမိတွာ−၌ နမု−ဓာတ်ဖြင့် ပြတော်မူ၏။ မနှိုင်းယှဉ်အပ်သော ကျေးဇူးတော် အပေါင်းတို့၏ တည်ရာဖြစ်သော ခပ်သိမ်းသောသူတို့၏ နှစ်သက်ခြင်း ဝမ်းမြောက်ခြင်းကိုဖြစ်စေတတ်သော ချမ်းသာကို ပေးတတ်သော ဘုရား တရား သံဃာ ရတနာသုံးပါးအပေါင်းသည် ပဏာမိတဗ္ဗမည်၏။ ထိုပဏာမိတဗ္ဗကို တံ ဗုဒ္ဓံ ဓမ္မံ သံဃဉ္စ−ပုဒ်တို့ဖြင့် ပြတော်မူ၏။ ပဏာမာရဟအဖြစ်−ဟု ဆိုအပ်သော ကျေးဇူးတော် အပေါင်းသည် ပဏာမဟေတု မည်၏။ ထိုပဏာမဟေတုကို ပညာဝိသုဒ္ဓါယ ဒယာယ။ပ။သတ္တာ၊စက္ခုဘူတံ လောကဿ လောကန္တဂတဿ သီလာ ဒိဂုဏေဟိ ယုတ္တံ−ဟူသောပုဒ်တို့ဖြင့် ပြတော်မူ၏။ အန္တရာယ်၏ အဘာဝသည် ပဘောဇဉ် မည်၏။ ရတနာသုံးပါးအပေါင်းအား ရှိခိုးခြင်းတို့ကို ပြုသဖြင့် အန္တရာယ် မရှိ ပျောက်ကင်းရကား ထိုပဏာမပယောဇဉ်ကို နမိတွာ−၌ အကျိုးဝင်သော နမု−ဓာတ်ဖြင့် ပြတော်မူ၏။ နိမိတ်သည် အဇ္ဈတ္တိကနိမိတ် ဗာဟိရနိမိတ်ဟူ၍ နှစ်ပါးအပြားရှိ၏၊ ထိုတွင် ကျမ်းပြုဆရာ၏ ကရုစာသည် အဇ္ဈတ္တိကနိမိတ် မည်၏။ ထိုအဇ္ဈတ္တိကနိမိတ်ကို မမာသယေန−ဟူသော ပုဒ်ဖြင့် ပြတော်မူ၏။ သောတုဇနအပေါင်းသည် ဗာဟိရနိမိတ် မည်၏။ ထိုဗာဟိရနိမိတ်ကို ဘိက္ခုဗာကဉ္ဆ ဒိသွာ−ပုဒ်ဖြင့် ပြတော်မူ၏၊ ကျမ်းပြုသော အခြင်းအရာသည် ကရဏပ္ပကာရ မည်၏။ ထို ကရဏပ္ပကာရကို ‘’အာဒါယ သဗ္ဗေသု ပဒေသု သာရံ သမာ သတော လီနပဒေ လိခိတံ’’−ပုဒ်တို့ဖြင့် ပြတော်မူ၏။ ကျမ်းပြုသော ဆရာသည် ကတ္တားမည်၏။ ထိုကတ္တားကို လိခိဿံ−ဟူသောပုဒ်၌ ဿံ−ဝိဘတ်သည် ဟောအပ်သော အဟံ−ဟူသော ကတ္တားဖြင့် ပြတော်မူ၏။ ကျမ်းကိုပြုအံ့ဟု ဝန်ခံခြင်းသည် ပဋိညာဉ် မည်၏။ ပြုအပ်သောကျမ်းသည် ပဋိညာတဗ္ဗ မည်၏။ ထိုပဋိညာဉ် ပဋိညာတဗ္ဗကို လီနပဒေ လိခိဿံ−ပုဒ်တို့ဖြင့်ပြတော်မူ၏။ ဤဋီကာကျမ်းဖြင့် သိအပ်သောအနက်အဆုံးအဖြတ်သည် ပကရဏ ပယောဇဉ်မည်၏။ ထိုပယောဇဉ်ကို လိခိဿ−၌ လိခ ဓာတ်ဖြင့် ပြတော်မူ၏။ ဤသို့ ပဏာမကိုပြုရာ၌ ကာယဏာမ မနောပဏာမ တို့ဖြင့်လည်း အန္တရာယ်ကို ပြုတတ်သော အကုသိုလ်ကို ဖျောက်ခြင်း တားမြစ်ခြင်းငှာ စွမ်းနိုင်သည် ဖြစ်ကောင်းလျက် ဂန္ထဂရုက ဖြစ်သော ဝစီပဏာမကို အဘယ့်ကြောင့် ပြုအပ်လေသနည်း−ဟုမူ ကာယ ပဏာမ မနောပဏာမတို့ဖြင့် အန္တရာယ်ကိုပြုတတ်သော အကုသိုလ်ကို ဖျောက်ခြင်း တားမြစ်ခြင်းငှာ စွမ်းနိုင်သော်လည်း ဝစိပဏာမသည်သာ ရတနာသုံးပါးတို့၏ ဟုတ်တိုင်းသော ကျေးဇူးကို ကြားခြင်း၌ စွမ်းနိုင်သည်၏အဖြစ်၌ သာတိသယဖြစ်သောကြောင့် ဝစီပဏာမကိုသာ ပြုတော်မူသည်ဟူလို။ ထိုအနက်ကို ‘’ယဿ သတ္ထုနော ပဏာမံ ကတ္တုကာမော တဿ ဂုဏဝိသေသဒဿနတ္ထံ ကရုဏာ ဝိယာတိအာဒိမာဟ’’ဟူသော မူလဋီကာကိုလည်းကောင်း ‘’ဂုဏဝိသေသဒဿနတ္ထန္တိ ဧတေန သတိပိ။ပ။သာတိသယော ဝစီပကာမော ဝိဟိတောတိ ဒဿေတိ’’−ဟူသော အနုဋီကာကိုလည်းကောင်း ထောက်၍ သိရာ၏။ ဝဇိရဗုဒ္ဓိဋီကာသည် မာဂဓဘာသာပြန်၍ အနည်းငယ်မျှသာ သီဟိုဠ်ဘာသာပါသည့် ဝဇိရတမျိုး မာဂဓဘာသာမပြန်မူ၍ သီဟိုဠ်ဘာသာအများပါသည့် ဝဇိရတမျိုးရှိသည်တွင် ယခုအနက်ရေးလတ္တံ့သည်မှာ မာဂဓဘာသာ ပြန်၍ အနည်းငယ်မျှသာ သီဟိုဠ်ဘာသာ ပါသော ဝဇိရဗုဒ္ဓဋိကာ၏ အနက်ကို ရေးပေအံ့။ ပါဌ်လည်း အဟုတ် အလွန်ရှိကြသည်၊ မာဂဓ ပြနိသည့်စာမှာ မရှိမူ၍ မပြန်သည့်စာမှာရှိသည်၊ မပြန်သည့်စာမှာရှိ၍ ပြန်သည့်စာမှာ မရှိမဖြစ်ကြသည် ဖြစ်၍ ပြန်စာရှိတိုင်းအနက်ကိုသာ သဗ္ဗန်အံ့။

‘’သညာစ၊ ကျမ်း၏အမည်လည်းကောင်း။ နိမိတ္တဉ္စ၊ ကျမ်းပြုခြင်း၏အကြောင်းလည်းကောင်း။ ကတ္တာ စ၊ ကျမ်းပြုသော ဆရာလည်းကောင်း။ ပရိမာဏဉ္စ၊ ကျမ်း၏အတိုင်းအရှည်လည်းကောင်း။ ပယောဇနဉ္စ၊ ကျမ်း၏အကျိုးလည်းကောင်း။ ဣတိ−ဣဒံ ပဉ္စကံ၊ ဤပဉ္စကကို။ ဝါ၊ ဤအနက်ငါးပါး အပေါင်းကို။ သဗ္ဗာဂမဿ၊ အလုံးစုံသောကျမ်း၏။ ပုဗ္ဗေဝ၊ ရှေးဦးကလျှင်။ ဝါ၊ အစ၌လျှင်။ ဝတ္တုံ၊ ဆိုခြင်းငှာ။ ဣစ္ဆတာ−ဣစ္ဆန္တေန၊ အလိုရှိသောကျမ်းပြုဆရာသည်။ ဝတ္တဗ္ဗံ၊ ဆိုအပ်၏။ ဣတိ၊ သို့။
ဝစနတော၊ ဆိုတော်မူသောကြောင့်။ သမန္တပါသာဒိကေတိဣမိနာ၊ ဟူသောပါဌ်ဖြင့်။ သညာ၊ သမန္ထပါသာဒိကေတိ ဣမိနာ၊ ဟူသောပါဌ်ဖြင့်။ သညာ၊ သမန္တပါသာဒိကာ၊ ဟူသော ကျမ်းအမည်ကို။ ဝတ္တဗ္ဗာ၊ ဆိုအပ်၏။
ဒီပန္တရေ ဘိက္ခုဇနဿ။ အတ္ထံ နာဘိ သမ္ဘုနာတီတိ ဣမိနာ၊ ဖြင့်။ နိမိတ္တံ၊ ကျမ်းပြုခြင်း၏ အကြောင်းကို။ ဝတ္တဗ္ဗံ၊ ဆိုအပ်၏။
ဗုဒ္ဓဃောသောတိ ဂရူဟိ ဂတိတနာမဓေယျေနာတိ ဣမိနာ၊ ဖြင့်။ ကတ္တာ၊ ကျမ်းပြုတော်မူသော ဆရာကို။ ဝတ္တဗ္ဗော၊ ၏။
သမဓိကသတ္တဝီသတိ သဟဿမတ္တေန၊ တဿ ဂန္ထေနာတိ ဣမိနာ၊ ဖြင့်။ ပရိမာဏံ၊ ကျမ်း၏ အတိုင်းအရှည်ကို။ ဝတ္တဗ္ဗံ၊ ၏။
စိရဋ္ဌိတတ္ထံ ဓမ္မဿာတိ ဣမိနာ၊ ဖြင့်။ ပယောဇနံ၊ ကျမ်း၏အကျိုးကို။ ဝတ္တဗ္ဗံ၊ ၏။
[အချို့စာ၌−‘’မိစ္ဆတာတိ ပြုတ္တာ သဗ္ဗတန္တာနံ ပစ္ဆာ အတ္ထာနုဝဏ္ဏယေ’’ အစရှိသည်ဖြင့်ပါဌ်ရှိ၏။ သဗ္ဗတန္တာနံ၊ ခပ်သိမ်းသောကျမ်းတို့၏။ အတ္ထပဉ္စကံ၊ ကို။ ပြုတ္တာ၊ ရှေးဦးစွာဆိုပြီး၍။ ပစ္ဆာ၊ နောက်မှ။ အတ္ထံ၊ ကို။ အနုဝဏ္ဏယေ၊ အစဉ်ဖွင့်ရာ၏−ဟု အနက်ပေးလေ။] (၂) တတြ၊ ဤသညာ နိမိတ္တံ- စသောဂါထာ၌။
ဝတ္တဗ္ဗံ ဝတ္တု မိစ္ဆတာတိ၊ ဝတ္တဗ္ဗံ ဝတ္ထုမိစ္ဆတာ ဟူ၍။ ယံ ဝစနံ၊ အကြင်စကားကို။ ဝုတ္တံ၊ ၏။ တတ္ထ ဝစနေ၊ ထိုစကား၌။ ကထံဝိဓော၊ အဘယ်သို့ဂုဏ်သတ္တိရှိသော ဆရာသည်။ ဝတ္တာ၊ ဆိုတတ်သော ဆရာမည်သနည်း။ ဣတိ၊ သို့။
စောဒကော၊ စောဒကဆရာသည်။ အာဟ၊ ဆို၏။ ပရိဟာရော၊ အဖြေကို။ မယာ၊ သည်။ ဝုစ္စတေ၊ ဆိုဦးအံ့။ ပါဌတ္ထဝိဒူ၊ ပါဌ်အပြား အနက်အပြားကို သိလေ့ရှိသော။ ဝါ၊ ပါဌ်အထူး အနက်အထူးကိုသိလေ့ရှိသော။ အသံဟိရော၊ ရွံ့ တွန့်ဆုတ်ဆိုင်းခြင်းမရှိထသော။ သုစိ၊ စင်ကြယ်သော စိတ်နှလုံးရှိထသော။ အမစ္ဆရော၊ ဝန်တိုခြင်းမရှိထသော။ စတုက္ကမ ပရိစ္စာဂီ၊ သုတ္တ, သုထ္တာနုလောမ- စသော လေးပါးသော အဆုံးအဖြတ်ကို မစွန့်လေ့ရှိထသော။ ဟိတုဿုကော၊ သင်နာကုန်သော တပည့်အပေါင်းတို့၏ အကျိုးစီးပွားငှာ အားထုတ်တတ်ထသော။ ဒေသကောပိ ဒေသကဿ (ဆဋ္ဌ) ဒေသကောဝ၊ ဒေသကပုဂ္ဂိုလ်သည်လျှင်။ ဝတ္တာ၊ ဟောတတ်သော ဆရာမည်၏။ ဝါ၊ ဆိုတတ်သော ဆရာမည်၏။ ဣတိ၊ သို့။ ပရိဟာရော၊ ကို။ ဥစ္စတေ၊ ၏။ တတ္ထ တတြ ပဌီယတေတိ ပါဌော (ဆဋ္ဌ) ၊ ထိုပါဌတ္ထဝိဒူစသော ပုဒ်တို့၌။ ဝိတ္ထာရော၊ အကျယ်ကို။ မယာ၊ သည်။ ဝုစ္စတေ၊ အံ့။ ဧတ္ထ၊ ဤပါဌိအစဉ်၌။ အတ္ထော၊ ကို ပဋုတေ၊ သိအပ်၏။ ဣတိ တသ္မာ၊ ထိုသို့ သိရာဖြစ်သော သတ္တိကြောင့်။ သော ပါဠိပဗန္ဓော၊ ထိုပါဠိအစဉ်သည်။ ပါဌော၊ ပါဌမည်၏။
[ဤကား ပဋုတေ−ဟု မုဒ္ဓဇ ပထမအက္ခရာ ဋ−နှင့်ရှိသော ပါဌ်အနက်တည်း။ ပဌုတေတိ−ဟု ဒုတိယက္ခရာ ဌ−နှင့် ကမ္မသာဓနလည်း ပါဌ်အချို့ ရှိ၏။ ယော ပါဠိပဗန္ဓော၊ အကြင်ပါဠိအစဉ်ကို။ ပဌုတေ၊ ရွတ်အပ်၏။ ဣတိ တသ္မာ၊ ထိုသို့ ရွတ်အပ်သောသတ္တိကြောင့်။ သော ပါဠိပဗန္ဓော၊ သည်။ ပါဌော− ပါဌမည်ဟု−ပေးလေ။] ဟိ-သစ္စံ၊ မှန်၏။ သော ပါဌော၊ သည်။ အတ္ထာနုရူပေါစ၊ အနက်အားလျော်သောပါဌ်လည်းကောင်း။ အတ္ထာနနုရူပေါစ၊ အနက်အား မလျော်သော ပါဌ်လည်းကောင်း။ ဣတိ−ဣမိနာ ပဘေဒေန၊ ဖြင့်။
အနေကပ္ပကာရော၊ များသော အပြားရှိ၏။ ကထံ အနေကပ္ပကာရော၊ အဘယ်သို့များသော အပြားရှိသနည်းဟူမူကား။
သန္ဓာယဘာသိတော၊ သန္ဓာယဘာသိတဖြစ်သော ပါဌ်လည်းကောင်း။ ဗျဉ္ဇနဘာသိတော၊ ဗျဉ္ဇနဘာသိတဖြစ်သော ပါဌ်လည်းကောင်း။ ဘာဝသေသပါဌော၊ လည်းကောင်း။ နိရဝသေသပါဌော၊ လည်းကောင်း။ နိထော၊ နီတပါဌ်လည်းကောင်း။ နေယျော၊ နေယျပါဌ်လည်းကောင်း။ ဣတိ−ဣမိနာ ပဘေဒေန၊ ဖြင့်။ အနေကပ္ပကာရော၊ ၏။
တတြ၊ ထိုသန္ဓာယ ဘာသိတစသော ပါဌ်တို့၌။ ဝိသေသော၊ အထူးကို။ ဧဝံ၊ ဤသို့သော ပါဠိ အထူးဖြင့်။ ဝေဒိတဗ္ဗော၊ ၏။ အနေကတ္ထဝတ္တာ၊ များသောအနက်ကို ဟောတတ်သောပါဌ်သည်။ သန္ဓာယဘာသိတော နာမ၊ သန္ဓာယဘာသိတမည်၏။ ‘’မာတရံ ပိတရံ ဟန္တွာ’’တိ အာဒိ၊ မာတရံ ပိတရံ ဟန္တွာ− အစရှိသည်တည်း။ တနည်းကား၊ ‘’မာတရံ ပိတရံ ဟန္တွာ’’တိ အာဒိ၊ မာတရံ ပိတရံ ဟန္တွာအစရှိသောပါဌ်သည်။ အနေကတ္ထဝတ္တာ၊ အနေကတ္ထဝုတ္ထတ္တာ− များသော အနက်ကို ဟောတတ်သောကြောင့်။ သန္ဓာယဘာသိတော၊ နာမည်၏။
[ဤ၌ လောဘကို ရည်၍ မာတရံ၊မာနကို ရည်၍ပိတရံ ဟု ဟောတော်မူရကား သန္ဓာယဘာသိတပါဌ်မည်၏−ဟု သိရာ၏။] ‘’မနောပုဗ္ဗင်္ဂမာ ဓမ္မာ’’ တျာဒိ၊ ဓမ္မာ- အစရှိသော ပါဌ်သည်။ ဧကတ္ထဝတ္တာ၊ တစ်ခုသောအနက်ကို ဟောတတ်သောကြောင့်။ ဗျဉ္ဇနဘာသိတောနာမ၊ ၏။
[ဤ၌ မနောပုဗ္ဗင်္ဂမာ− ၌ မနော− သဒ္ဒါသည် စိတ်ဟူသောအနက်ကို ဟောရကား ဗျဉ္ဇနဘာသိတမည်၏။] ‘’သဗ္ဗံ ဘိက္ခဝေ အာဒိတ္တ’’ မိတျာဒိ၊ ပါဌ်သည်။ သာဝသေသော နာမ၊ ၏။ ‘’သဗ္ဗေ ဓမ္မာ သဗ္ဗာကာရေန ဗုဒ္ဓဿ ဘဂဝတော ဉာဏမုခေအာပါထံ အာဂစ္ဆန္တိ’’ တျာဒိ၊ သည်။
ဝိပရီတော၊ သာဝသေသမှ ပြန်သည်ဖြစ်၍။ နိရဝသေသော နာမ၊ ပါဌ်မည်၏။
ယထာ၊ အကြင်သို့သော အခြင်းအရာဖြင့်။ ဝစနံ၊ ဆိုအပ်၏။ ဝါ၊ ဟောအပ်၏။ တထာ၊ ထိုသို့ ဟောအပ်သော အခြင်းအရာဖြင့်။ အဝဂန္တဗ္ဗော၊ သိအပ်သော အနက်ရှိသောပါဌ်သည်။ နီတော နာမ၊ မည်၏။ ‘’အနိစ္စံ ဒုက္ခမနတ္တာ’’ တျာဒိ၊ အစရှိသည်တည်း။
ယုတ္တိယာ၊ အသင့်ဖြင့်။ အနုဿရိတဗ္ဗော၊ အောက်မေ့ဆင်ခြင်အပ်သော အနက်ရှိသော ပါဌ်သည်။ နေယျောနာမ၊ မည်၏။ ‘’ဧကပုဂ္ဂလော ဘိက္ခဝေ’’ တျာဒိ၊ အစရှိသည်တည်း။
အတ္ထောပိ၊ အနက်သည်လည်း။ အနေကပ္ပကာရော၊ ၏။ ပါဌတ္ထော၊ ပါဌ်လျှောက်ဖြစ်သော အနက်လည်းကောင်း။ ဝါ၊ ပါဌ်ဖြင့် မှတ်အပ်သော အနက်လည်းကောင်း။ သဘာဝတ္ထော၊ သဘောဖြင့်သော အနက်လည်းကောင်း။ နေယျတ္ထော၊ သိအပ်သော အနက်လည်းကောင်း။ ပါဌာနုရူပေါ၊ ပါဌ်အားလျော်စွာဖြစ်သော အနက်လည်းကောင်း။ ပါဌာနနုရူပေါ၊ ပါဌ်နှင့်မလျော်သော အနက်လည်းကောင်း။ သာဝသေသတ္ထော၊ အကြွင်းနှင့်တကွဖြစ်သော အနက်လည်းကောင်း။ နိရဝသေသတ္တော၊ အကြွင်းမရှိသော အနက်လည်းကောင်း။ နီတတ္ထော၊ တိုက်ရိုက် သိအပ်သော အနက်လည်းကောင်း။ နေယျတ္ထော၊ ဆောင်၍သိအပ်သော အနက် လည်းကောင်း။ ဣတျာဒိ၊ ဤသို့အစရှိသည်တည်း။
တတ္ထ၊ ထို ပါဌတ္ထအစရှိသည်တို့၌။ ဧဝံ၊ သို့။ ပါဠိယာ၊ အားဖြင့်။ ဝိသေသော၊ ကို။ ဝေဒိတဗ္ဗော၊ ၏။ ယော ပါဌော၊ ကို။ တံတံသညာပနတ္ထံ၊ ထိုထိုသို့သော အနက်သဘောကို မှတ်စိမ့်သောငှါ။ ဝါ၊ သိစိမ့်သောငှာ။ ဥစ္စာရီယတေ၊ ရွတ်အပ်၏။ သော ပါဌော၊ ထိုပါဌ်သည်။ ပါဌတ္ထော၊ ၏။ ‘’သာတ္ထံ သဗျဉ္ဇန’’ မိတျာဒီသု ဝိယ၊ တို့၌ကဲ့သို့တည်း။ ဝါ၊ ‘’သာတ္ထံ သဗျဉ္ဇန’’ မိတျာဒီသု ဝိယ၊ တို့၌ကဲ့သို့။ ယော ပါဌော၊ ကို။ ပ၊ သော ပါဌော၊ သည်။ ပါဌတ္ထော၊ မည်၏။ (ဟူ၍ပေး)။ ‘’သမာဒိဋ္ဌိံ ဘာဝေတီ’’ တိအာဒီသု ဝိယ၊ တို့၌ကဲ့သို့။
ရူပါရူပဓမ္မာနံ၊ ရုပ်,နာမ်ဖြစ်သော တရားတို့၏။ လက္ခဏရသာဒိ၊ လက္ခဏ ရသ အစရှိသည်သည်။ သဘာဝတ္ထော၊ သဘောဖြစ်သော အနက်မည်၏။ ဝါ၊ သဘာဝအနက်မည်၏။ ‘’အတ္ထဝါဒီ ဓမ္မဝါဒီ’’ တျေဝမာဒီသု ဝိယ၊ တို့၌ကဲ့သို့။
ယော အတ္တော၊ အကြင်အနက်သည်။ ဉာယမာနော၊ သိအပ်သည်ရှိသော်။ ဟိတာယ၊ အစီးအပွားအကျိုးငှာ။ ဘဝတိ၊ ဖြစ်၏။ သ−သော အတ္ထော၊ ထိုအနက်သည်။ ဉာတုံ၊ သိခြင်းငှာ။ အရဟတ္တာ၊ ထိုက်သည်၏အဖြစ်ကြောင့်။ ဉေယျတ္ထော၊ သိအပ်သောအနက်မည်၏။
ယထာပါဌံ၊ ပါဌ်အားလျော်စွာ။ ဘာသိတော၊ ဟောအပ်သောအနက်သည်။ ပါဌာနုရူပေါ၊ မည်၏။ ‘’စက္ခု ဘိက္ခဝေ ပုရာဏကမ္မ’’ န္တိ၊ ဟူ၍။ ဘဂဝတာ၊ သည်။ ဝုတ္တံ၊ ၏။ အထော−တသ္မာ၊ ထိုသို့သော အကြောင်းကြောင့်။ စက္ခုမပိ၊ စက္ခုသည်လည်း။ ကမ္မံ၊ ကံမည်၏။ ဣတိ အာဒိ၊ ဤသို့အစရှိသည်တည်း။
[စက္ခုသ္မိံ ကမ္မန္တိ−ဟူ၍လည်း ပါဌ်ရှိ၏။ စက္ခုသ္မိံ၊ စက္ခုပသာဒ၌။ နိဿိတံ၊ မှီသော။ ဝိညာကံ၊ ဝိညာဉ်သည်။ ကမ္မံ၊ ကံမည်၏။ ပေး။] ဗျဉ္ဇနစ္ဆာယာယ၊ သဒ္ဒါအရိပ်ဖြင့်။ အတ္ထံ၊ အနက်ကို။ ပဋိဗာဟယမာနေန၊ တားမြစ်သဖြင့်။ ဝုတ္တော၊ ဟောအပ်သော အနက်သည်။ ပါဌာနနုရူပေါ၊ မည်၏။
ဝဇ္ဇေတဗ္ဗံ၊ ကြဉ်အပ်သော။ ကိဉ္ဇိ၊ အချို့ကို။ အပရိစ္စဇိတွာ၊ မစွန့်မူ၍။ ပရိသေသံ၊ အကြွင်းရှိသည်ကို။ ကတွာ၊ ပြု၍။ ဝုတ္တော၊ ဟောအပ်သောအနက်သည်။ သာဝသေသတ္ထော၊ မည်၏။ ‘’စက္ခုဉ္ဇ၊ ကိုလည်းကောင်း။ ရူပေ စ၊ ရုပ်တို့ကိုလည်းကောင်း။ ပဋိစ္စ၊ စွဲ၍။ (၃)ဥပ္ပဇ္ဇတိ၊ ဖြစ်၏။’’ ဣတိစ၊ ဤသို့အစရှိသည်တို့၌လည်းကောင်း။ ‘’သဗ္ဗေ၊ ခပ်သိမ်းကုန်သော သတ္တဝါတို့သည်။ ဒဏ္ဍဿ၊ မူ။ တသန္တိ၊ လန့်ကုန်၏။ သဗ္ဗေ၊ တို့သည်။ မစ္စုနော၊ သေခြင်းမှ။ ဘာယန္တိ၊ ကြောက်ကုန်၏။’’ ဣတျာဒီသု ဝိယစ၊ ဤသို့အစရှိသည်တို့၌ကဲ့သို့လည်းကောင်းတည်း။
ဝိပရီတော၊ ဖောက်ပြန်သော အနက်သည်။ နိရဝသေသတ္ထော၊ မည်၏။
‘’ဘိက္ခဝေ၊ တို့။ မမဉ္ဇေဝ၊ ငါ၏လည်းကောင်း။ တုမှာကဉ္ဇ၊ သင်တို့၏လည်းကောင်း။ သန္ဓာဝိတံ၊ ပြေးသွားရခြင်းသည်။ သံသရိတံ၊ ပြောင်းရွှေ့ရခြင်းသည်။ ဟောတိ၊ ၏။ တတြ၊ ထိုသို့ သံသရာတွင် ကျင်လည်ရာ၌။ ဒိဋ္ဌိပဒေဟိ၊ ပညာတည်းဟူသောအကြောင်းရှိသော သူတို့ကို။ အညတြ၊ ကြဉ်၍။ ကော၊ အဘယ်သူသည်။ မန္ထာ၊ သိရာအံ့နည်း။ ကော၊ အဘယ်မည်သောသူသည်။ သန္ဓာတာ သဒ္ဓါတာ (ဆဋ္ဌ) ၊ တည်ရာရနိုင်အံ့နည်း။’’ ဣတိအာဒိ၊ ဤသို့အစရှိသော။
‘’ရူပါ သဒ္ဒါ။ပေ။ မနောရမာ’’ တျာဒီသုဝိယ၊ တို့၌ကဲ့သို့။ သစ္စဝသေနေဝ၊ ဖြင့်သာလျှင်။ ဝေဒိတဗ္ဗော သဒ္ဒဝသေနေဝ ဝေဒနီယော(ဆဋ္ဌ) ၊ သိအပ်သောအနက်သည်။ နိတတ္ထော၊ မည်၏။
‘’စတ္တာရောမေ ဘိက္ခဝေ ဝလာဟကူပမာပုဂ္ဂလာ’’ တျာဒီသု ဝိယ၊ တို့၌ကဲ့သို့။ သမ္မုတိယာ၊ သမုတ်ပညတ်သောအားဖြင့်။ ဝေဒိတဗ္ဗောဝ သဠုတိဝသေန ဝေဒိတဗ္ဗော (ဆဋ္ဌ) ၊ သိအပ်သော အနက်သည်လျှင်။ နေယျတ္ထော၊ မည်၏။ စ သစ္စံ၊ ထိုစကားမှန်၏။ [သမ္မုတိယာ ဝေဒိတဗ္ဗော နေယျတ္ထော−ကို နှလုံးသွင်းလေ။]
‘’ယော အတ္ထော သဒ္ဒတော ဉေယျာ၊ နီတတ္ထမီတိ တံ ဝိဒု။ အတ္ထဿေ ဝါ ဘိသာမဂ္ဂီ၊ နေယျတ္ထော ဣတိ ကထျတေ’’တိ− ဟူ၍။ အာဟ၊ ၏။ ယော အတ္ထော၊ ကို။သဒ္ဒတော၊ သဒ္ဒါအားဖြင့်။ ဉေ ယျာ၊ သိအပ်၏။ တံအတ္ထံ၊ ထိုအနက်ကို။ နီတတ္ထမီတိ−နီတတ္ထံ ဣတိ၊ နီတတ္ထဟူ၍။ ဝိဒူ၊ သိရာ၏။ အတ္ထဿေဝ၊ လိုအပ်သော အနက်ကိုလျှင်။ အဘိသာမဂ္ဂီ၊ အညီအညွှတ်သမုတ်၍သိအပ်သော အနက်ကို။ နေယျတ္ထော ဣတိ၊ ဟူ၍။ ကထျတေ၊ ဆိုအပ်၏။
ဧဝံ၊ ဤသို့ ဆိုအပ်ပြီးသော အခြင်းအရာဖြင့်။ ပဘေဒဂတေ၊ အပြားအထူးအားဖြင့် လာကုန်သော။ ပါဌတ္ထေ၊ ပါဌ်အထူးတို့ကို။ ဝိဇာနာတိ၊ သိတတ်၏။ ဣတိ၊ ကြောင့်။ ပါဌတ္ထဝိဒူ၊ မည်၏။
ပရပဝါဒီဟိ၊ သူတပါးတို့၏ကဲ့ရဲ့ စွပ်စွဲခြင်းတို့ဖြင့်လည်းကောင်း။ ဒီဃရတ္တံ၊ ရှည်စွာသော နေ့ည၌ရှိသော ကာလပတ်လုံး။ တိတ္ထိယတပေန၊ တတ္ထိတို့၏ အကျင့်ဖြင့်လည်းကောင်း။ န သံဟိရတေ၊ မရွံ့တို့။ ဝါ၊ ရွံ့တို့ခြင်းကို မဖြစ်စေတတ်။ ဣတိ တသ္မာ၊ ထို့ကြောင့်။ အသံတီရော၊ မည်၏။ [န သံဟရိတေ၊ ပရပ္ပဝါဒိသယာ စ တိတ္ထိယာတံ သေနာတိ−ဟူ၍ ပါဌ်ရှိ၏။]
ဘာဝနာယ၊ ဖြင့်။ အာဂမာဓိဂမသမ္ပန္နတ္တာ၊ အာဂမကျေးဇူး, အဓိဂမ ကျေးဇူးတို့နှင့် ပြည့်စုံသည်၏အဖြစ်ကြောင့်။ ဝတ္တုံ၊ ဆိုခြင်းငှာ။ ဝါ၊ ဟောခြင်းငှာ။ သက္ကောတိ၊ စွမ်းနိုင်၏။ ဣတိ−တသ္မာ၊ ကြောင့်။ ဝတ္ထာ၊ ဝတ္ထာမည်၏။ သင်္ခေပဝိတ္ထာရ နယေန၊ သင်္ခေပနည်း ဝိတ္ထာရနည်းဖြင့်လည်းကောင်း။ ဟေတုဒါဟရဏာဒီဟိ စ၊ အကြောင်း ဥဒါဟရုဏ် စသည်တို့ဖြင့်လည်းကောင်း။ အဝဗောဓယိတုံ၊ သိစေခြင်းငှာ။ သမတ္ထော၊ စွမ်းနိုင်၏။ ဣတိ အတ္ထော၊ နက်။
ယော အာစရိယော၊ အကြင်ဆရာသည်။ အတ္တာနဉ္ဇ၊ မိမိကိုယ်ကို လည်းကောင်း။ ပရေ စ၊ သူတစ်ပါးတို့ကိုလည်းကောင်း။ သော စယတိ၊ စင်ကြယ်စေတတ်၏။ ဣတိ−တသ္မာ၊ ကြောင့်။ သော အာစရိယော၊ သည်။ သုစိ၊ မည်၏။ ဒုဿီလျဒုဒ္ဒိဋ္ဌိမလဝိရဟိတော၊ သီလမရှိသည်၏အဖြစ် မကောင်းသောအယူရှိသည်၏ အဖြစ်တည်းဟူသော အညစ်အကြေးမှ ကင်း၏။ ဣတိ အယံ၊ လျှင်။ အတ္ထော၊ တည်း။
ဟိ သစ္စံ၊ ၏။ ဒုဿီလော၊ သီလမရှိသော ပုဂ္ဂိုလ်သည်။ အတ္တာနံ၊ မိမိကိုယ်ကို။ ဥပဟန္တွာ၊ ကပ်၍သတ်သည်ဖြစ်၍။ အနာဒေယျဝစနောဝ စ (ဆဋ္ဌ) ၊ မမှတ်မယူအပ်သော စကားရှိသည်သာလျှင်။ ဘဝတိ၊ ၏။ သဗ္ဗာဟာရစာရော အပတ္တဟာရာစာရော။ (ဆဋ္ဌ) ၊ အလုံးစုံသော အာဟာရကိုမှီ၍ အဓမ္မအားဖြင့် ကျင့်သောပုဂ္ဂိုလ်ကို။ ဣဓ ဣဝ (ဆဋ္ဌ) ၊ ဤမြတ်စွာဘုရားသာသနာတော်၌။ နိစ္စာတုရော၊ အမြဲဆင်းရဲခြင်း နာခြင်းရှိသော ပုဂ္ဂိုလ်ဟူ၍။ ဝါ၊ အမြဲ ဆင်းရဲ ကျင်နာအံ့သော ပုဂ္ဂိုလ်ဟူ၍။ ဝေဒိတဗ္ဗော ဝေဇ္ဇော (ဆဋ္ဌ) ၊ ၏။ (တပတျာ ဟာရာစာရော−လည်း ပါဌ်ရှိ၏။)
ဒိဋ္ဌိဝိပန္နော ပန စ (ဆဋ္ဌ) ၊ အယူပျက်သော သူသည်ကား။ ဝါ၊ ပျက်သောအယူရှိသောသူသည်ကား။ ပရေ၊ သူတပါးတို့ကို။ အနုပဟန္တံ− အနုပဟန္ထော၊ အစဉ်ကပ်၍ ညှဉ်းဆဲတတ်သည် ဖြစ်၍။ နိဿယော၊ သူတပါးတို့၏ မှီရာသည်။ န ဘဝတိ၊ မဖြစ်။ ကိမိဝ၊ အဘယ်ကဲ့သို့ နည်းဟူမူကား။ အဟိဂဠှဂါဟာကုလော၊ အလွန်မြဲစွာဖမ်းတတ်သော မြွေတို့ဖြင့် နှောင့်ယှက်သော။ ကမလသဏ္ဍော ဝိယ ဒုဒ္ဒိဋ္ဌိ ပရံ ဥပဟန္တိ (ဆဋ္ဌ) ၊ ကြာတောကဲ့သို့တည်း။
ဥဘယဝိပန္နော ပန၊ အယူ သီလနှစ်ပါးပျက်သော သူသည်ကား။ သဗ္ဗထာပိ၊ ခပ်သိမ်းသော အခြင်းအရာ တို့ဖြင့်လည်း။ အနုပါသိတဗ္ဗော အနုပါသနီယော (ဆဋ္ဌ) ၊ မဆည်းကပ်အပ်သည်။ ဘဝတိ၊ ၏။ ကိမိဝ၊ ကား။ အသုစိ မက္ခိတံ ဍ္ဍထဂတံ (ဆဋ္ဌ) ၊ မစင်ဖြင့် လိမ်းကျံသော။ ဆဝါလာထံ ဣဝ၊ လူကောင်ဖုတ်သော ထင်းမီးစကဲ့သို့လည်းကောင်း။ အသုစိမက္ခိတော ဂုထဂတော (ဆဋ္ဌ) ၊ မစင်ဖြင့်လိမ်းကျံသော။ ကဏှသပ္ပေါ ဝိယ၊ မြွေဟောက်ကဲ့သို့လည်းကောင်းတည်း။
ဥဘယသမ္ပန္နော ပန၊ နှစ်ပါးသော အယူသီလနှင့် ပြည့်စုံသော သူသည်ကား။ သုစိ၊ စင်ကြယ်သည်ဖြစ်၍။ သဗ္ဗထာပိ၊ ခပ်သိမ်းသောအားဖြင့် လည်း။ အနုပါသနီယော၊ အဖန်တလဲလဲ ဆည်းကပ်အပ်သည်၏။ ဟောတိ၊ ၏။ ဝိညူဟိ၊ ပညာရှိတို့သည်။ သေဝိတဗ္ဗောစ၊ မှီဝဲအပ်သည်လည်း။ ဟောတိ၊ ၏။ နိရုပဒ္ဒဝေါ၊ ဘေးရန် ဥပဒ္ဒဝေါမရှိသည်ဖြစ်၍။ ရတနာကရော ဣဝ၊ ရတနာတို့၏ တည်ရာကဲ့သို့။ ဟောတိ၊ ၏။
အဿ၊ ထိုပုဂ္ဂိုလ်အား။ မစ္ဆရော၊ ဝန်တိုခြင်းသည်။ န အတ္ထိ၊ မရှိ။ ဣတိ−တသ္မာ၊ ထိုသို့ ဝန်တိုခြင်းမရှိသော သတ္တိကြောင့်။ အမစ္ဆရော၊ ၏။ ပဟီနာ အဟိနာ (ဆဋ္ဌ) စရိယာမုဋ္ဌိ၊ ပယ်အပ်သော အညစ်အကြေးရှိသော ဆရာမှ လက်ထပ်ရအပ်သောဉာဏ်ရှိ၏။ ဝါ၊ ပယ်အပ်သော အညစ်အကြေးရှိသော ဆရာမှရအပ်သော လက်ဆုပ်နှင့် တူသော စိတ်ရှိ၏။ ဣတိ အယံ၊ လျှင်။ အတ္ထော၊ တည်း။
သုတ္ထသုတ္တာနုလောမာစရိယ ဝါဒ အတ္တနောမတိသင်္ခါတဿ၊ သုတ္တ သုတ္တာနုလောမ အာစရိယဝါဒ အတ္တနောမတိဟု ဆိုအပ်သော။ စတုက္ကဿ၊ လေးပါးသောအဆုံးအဖြတ်ကို။ အပရိစ္စာဂီ၊ မစွန့်တတ်သောအလေ့ရှိ၏။ တဒတ္ထဿေဝ၊ ထိုလေးပါးသော အနက်အဆုံးအဖြတ်ကိုလျှင်။ ဗျာချာတော၊ အကျယ် ဟောတတ်၏။ ဝိပရီတဝါဒီ၊ ဖောက်ပြန်သောစကားရှိသည်။ န၊ မဟုတ်။ ဣတိ အယံ အတ္ထော ဗျာချာကေတျတ္တော။ (ဆဋ္ဌ)
အထဝါ၊ ကား။ ပစ္စက္ခာနုမာန သဒ္ဒတ္ထာပတ္တိ၊ ပစ္စက္ခအနုမာနဖြစ်သော သဒ္ဒါပတ္တိ ပစ္စက္ခအနုမာနဖြစ်သော အတ္ထာပတ္တိဟူ၍။ ဝါ၊ ပစ္စက္ခာပတ္တိ အနုမာနာပတ္တိ သဒ္ဒါပတ္တိ အတ္ထာပတ္ထိဟူ၍။ ဝုတ္တဿ၊ ဆိုအပ်သော။ ပမာဏစတုက္ကဿ၊ ပမာဏဖြစ်သော အနက်လေးပါးအပေါင်းကို။ အပရိစ္စာဂီ၊ မစွန့်တတ်သော အလေ့ရှိ၏။ ဝါ၊ ကား။
‘’ဧကံသဝစနံ၊ စင်စစ်အားဖြင့် ဖြေအပ်သော ဝိဿဇ္ဇနာသည်။ ဧကံ၊ တစ်ခုသော ဧကံသ ဗျာကရဏမည်၏။ ဝိဘဇ္ဇဝစနံ၊ ဝေဖန်၍ ဖြေသော ဝိဿဇ္ဇနာသည်။ အပရံ၊ တပါးသော ဝိဘဇ္ဇဗျာကရဏမည်၏။ တတိယံ၊ သုံးကြိမ်မြောက်ဖြစ်သော ပဋိပုစ္ဆာဗျာကရဏကို။ ပဋိပုစ္ဆေယျံ၊ တဖန်မေး၍ဖြေရာ၏။ စတုတ္ထံ ပန၊ လေးခုမြောက်ဖြစ်သော ဌပနဗျာကရဏကို။ ဌပယေ၊ မဖြေမူ၍ ရပ်တန့်သောအားဖြင့်ထားရာ၏’’။ ဣတိ၊
(၄) ဧဝံ၊ ဤသို့။ ဝုတ္တစတုက္ကဿ၊ ဆိုအပ်သော အနက်လေးပါးအပေါင်းကို။ အပရိစ္စာဂီ၊ ရှိ၏။ [ဤအဖြေလေးပါးအထူးကို− စက္ခုံ အနိစ္စန္တိ ပုဋ္ဌေ အာမ စက္ခု အနိစ္စ မေဝါတိ ဧကန္တတော ဝိသဇ္ဇနံ ဧကံသဗျာကရဏံ၊ အညိန္ဒြိယံ ဘာဝေတဗ္ဗံ သစ္ဆိကာတဗ္ဗန္တိပုဋ္ဌေ မဂ္ဂပရိယာပန္နံ ဘာဝေတဗ္ဗံ၊ ဖလပရိယာပန္နံ သစ္ဆိကာတဗ္ဗန္တိ ဝိဘဇိတွာ ဝိသဇ္ဇနံ ဝိဘဇ္ဇဗျာကရဏံ၊ အညိန္ဒြိယံ ကုသလန္တိ ပုဋ္ဌေ ‘’ကိံ အနဝဇ္ဇဋ္ဌောကုသလဋ္ဌော၊ ဥဒါဟု သုခဝိပါကဋ္ဌော’’တိ ပဋိပုစ္ဆာတွာ ဝိသဇ္ဇနံ ပဋိပုစ္ဆာဗျာကရဏံ။ သဿတော အတ္ထာ၊ အသဿတော ဝါတိ ဝုတ္ထေ အဗျကတမေတန္တိ အာဒိနာ အဝိသဇ္ဇနံ ဌပနံ နေတ္တိံ−ဋီ (၂၀) ပိဋ္ဌေ ၊−ဟူသော နေတ္ထိဋီကာကို ထောက်၍ သိရာ၏။] ဟိတုဿုက္ကောတိ ဧတ္ထ၊ ၌။ သောတူနံ၊ တို့၏။ ဟိတနိဟထော ဟိတာ ယောဿုကော (ဆဋ္ဌ) ၊ အစီးအပွားကို အားထုတ်တတ်၏။ တေသံ၊ ထိုအမည်ကို။ ဉာပနာယ၊ သိစေခြင်းငှာ။ ဥဿာဟကတော အဝဗောဓနံ ပတိပတ္ထေဟိ၊ (ဆဋ္ဌ) ၊ ဖြစ်သောအားထုတ်ခြင်းရှိ၏။ ဣတိ အတ္ထော၊ တည်း။ သော ဧသော၊ ထိုဆရာသည်။ သုစိတ္တာ၊ အယူ သီလတို့၏ စင်ကြယ်သည်၏အဖြစ်ကြောင့်။ ပိယော၊ ချစ်မြတ်နိုးအပ်၏။ စတုက္ကဿ အပရိစ္စာဂိတ္ထာ၊ သုတ္တ−စသော လေးပါးသော အနက်ကို မစွန့်တတ်သည်၏ အဖြစ်ကြောင့်။ ဂရု၊ ကျောက်ထီးကဲ့သို့ အလေးအမြတ်ပြုအပ်၏။ အသံဟီရတ္တာ၊ ရွှံ့တိုခြင်း မရှိသည်၏အဖြစ်ကြောင့်။ ဘာဝနီယော၊ သဒ္ဓါမေတ္တာ စသည်တို့ဖြင့် မပြတ်ပွါးစေအပ်၏။ ဒေသကတ္တာ၊ ကြောင့်။ ဝတ္တာ၊ မည်၏။ ဟိတုဿုကတ္တာ၊ သင်ကုန် နာကုန်သော သူတို့၏ အကျိုးငှါ အားထုတ်တတ်သည်၏အဖြစ်ကြောင့်။ ဝစနက္ခမော၊ လျှောက်ထားပြောဆိုခြင်းငှါ ခံသောနှလုံးရှိ၏။ ပါဌတ္ထဝိဒုတ္တာ၊ ပါဌ ပါဌတ္ထတို့၌ သိတတ်သော အလေ့ရှိသည်၏ အဖြစ်ကြောင့်။ ဂမ္ဘီရကထံ၊ နက်နဲသော စကားကို။ ကတ္တာ၊ ပြုတတ်၏။ အမစ္ဆရတ္တာ၊ ဝန်တိုခြင်း မရှိသည်၏အဖြစ်ကြောင့်။ အဋ္ဌာနေ၊ အရာမဟုတ်သည်၌။ နော စ နိယောဇကော၊ မယှဉ်စေတတ်။ ဣတိ ဣမိနာ ကာရဏက္ကမေန၊ ဤသို့သော အကြောင်းအစဉ်ဖြင့်။ “ပိယောစ၊ ချစ်မြတ်နိုး အပ်သည်လည်းကောင်း။ ဂရုစ၊ ကျောက်ထီးကဲ့သို့ အလေးပြုအပ်သည်လည်းကောင်း။ ဘာဝနီယောစ၊ သဒ္ဓါမေတ္တာစသည်ဖြင့် ပွါးစေအပ်သည်လည်းကောင်း။ ဝတ္တာ စ၊ အကျိုးရှိသည်နှင့် စပ်သည်ကို ဟောတတ်သည်လည်းကောင်း။ ဝစနက္ခမောစ၊ ပြောဆိုခြင်းငှါ ခံ့သော နှလုံးရှိသည်လည်းကောင်း။ ဂမ္ဘီရဉ္စ ကထံ၊ နက်နဲသော စကားကို။ ကတ္တာစ၊ ပြုတတ်သည်လည်းကောင်း။ အဋ္ဌာနေ၊ အရာမဟုတ်သည်၌။ နောစ နိယောဇကော၊ မယှဉ်စေတတ်သည် လည်းကောင်း။ ဝါ၊ မတိုက်တွန်းတတ်သည်လည်းကောင်း။ ဟောတိ၊ ၏။’’
ဣတိ ဣမေဟိ ကာရဏေဟိ၊ ဤသို့သောအကြောင်းတို့ဖြင့်။ အဘိဟိတော၊ ဟောတတ်သောဆရာသည်။ ဒေသကော၊ ၏။ ဣဒါနိ၊ ယခုအခါ၌။ သောတာ၊ နာတတ်သော ပုဂ္ဂိုလ်ကို။ ဝုစ္စတေ၊ အံ့။ သောတာ၊ နာတတ်သော တပည့်ဖြစ်သော ပုဂ္ဂိုလ်သည်။ ဓမ္မာစရိယဂရု၊ တရားကျမ်းဂန်ကို သင်သော ဆရာကိုအလေးအမြတ်ပြုတတ်သည်လည်းကောင်း။ သဒ္ဓါပညာဒိဂုဏမဏ္ဍိတော၊ သဒ္ဓါပညာစသောကျေးဇူးတို့ဖြင့် တန်ဆာဆင်အပ်သည်လည်းကောင်း။ အသာဓုဟယော၊ ပြီးစေအပ်သော ကောင်းသောတရားမှ မယုတ်စေတတ်သည် လည်းကောင်း။ သုမေဓော၊ ကောင်းသောပညာနှင့် ပြည့်စုံသည်လည်းကောင်း။ အမတေ၊ အမြွိုက်နိဗ္ဗာန်၌။ ရတော အမတာမုခေါ (ဆဋ္ဌ) ၊ မွေ့လျော်သည်လည်းကောင်း။ ဘဝေ၊ ၏။ ဣတိ၊ သို့။ ဝေဒိတဗ္ဗံ၊ ၏။ ဝါ−ဓမ္မာစရိယဂရု၊ တရားကျမ်းဂန်ကို သင့်သောဆရာကိုအလေးအမြတ် ပြုတတ်သည်မူလည်းဖြစ်သော။ သဒ္ဓါပညာဒိဂုဏမဏ္ဍိတော၊ သဒ္ဓါပညာ စသော ကျေးဇူးတို့ဖြင့် တန်ဆာဆင်အပ်သည်လည်း ဖြစ်သော။ အသာဓဟယော၊ ဆရာသည် ပြီးစေအပ်ညော ကောင်းသောအကျင့်တရားမှ မယုတ်စေတတ်သည်မူလည်း ဖြစ်သော။ သုမေဓော၊ တင့်တယ်သော ပညာနှင့် ပြည်စုံသည်မူလည်းဖြစ်သော။ အမတေ၊ အမြိုက်နိဗ္ဗာန်၌။ ရတော၊ မွေ့လျော်သည်မူလည်းဖြစ်သော ပုဂ္ဂိုလ်သည်။ သောတာ၊ ဆရာစကားကိုနာတတ်သောပုဂ္ဂိုလ်မည်သည်။ ဘဝေ၊ ၏။ ဣတိ၊ သို့။ ဝေဒိတဗ္ဗံ၊ ၏။
တတ္ထ၊ ထိုသောတဖြစ်သည့် စကားကိုဆိုသော စကားအစဉ်၌။ သောတာ၊ နာတတ်သောတပည့်ဖြစ်သော ပုဂ္ဂိုလ်သည်။ ဓမ္မဂရုတ္တာ၊ သူတော်ကောင်းတရားကို အလေးပြုတတ်သည်၏အဖြစ်ကြောင့်။ ကထံ၊ တရားစကားကို။ န ပရိဘဝတိ၊ မနှိပ်စက်။ အာစရိယဂရုတ္တာ၊ ဆရာကို အလေးပြုတတ်သည်၏အဖြစ်ကြောင့်။ ကထိကံ၊ ဓမ္မကထိကပုဂ္ဂိုလ်ကို။ န ပရိဘဝတိ၊ မနှိပ်စက်။ သဒ္ဓါပညာဒိဂုဏပဋိမဏ္ဍိတတ္တာ၊ သဒ္ဓါပညာစသော ဂုဏ်ကျေးဇူးတို့ဖြင့် တန်ဆာဆင်အပ်သည်၏အဖြစ်ကြောင့်။ အတ္တာနံ၊ မိမိကိုယ်ကို။ န ပရိဘဝတိ၊ မနှိပ်စက်။ ဝါ၊ မပုတ်ခတ်။ အသာဓဟယတ္တာ စ၊ ဆရာသည်ပြီးစေအပ်သော ကောင်းသော အကျင့်တရားမှ မယုတ်စေတတ်သည်၏အဖြစ်ကြောင့်လည်းကောင်း။ အမတေ၊ အမြိုက်နိဗ္ဗာန်၌။ ရတတ္တာစ အတောဘိမုခတ္တာ စ (ဆဋ္ဌ) ၊ မွေ့လျော်သည်၏အဖြစ်ကြောင့်လည်းကောင်း။ ဝိက္ခိတ္ထစိတ္တော၊ ပျံ့လွင့်သော စိတ်ရှိသည်။ န ဘဝတိ အဝိတ္ထိတ္တံစိတ္ထော ဆဂတိ (ဆဋ္ဌ) မဖြစ်။ သုမေဓတ္တာ၊ ကောင်းသောပညာရှိသည်၏အဖြစ်ကြောင့်။ ယောနိသော၊ အသင့်အားဖြင့်။ မနောသိကရောတိ၊ နှလုံးသွင်းခြင်းကို ပြုတတ်၏။ ဣတိ စ၊ လျှင်။ အတ္ထော၊ တည်း။
“ဘိက္ခဝေ၊ ရဟန်းတို့။ ပဉ္စဟိ ဓမ္မဟိ၊ တို့နှင့်။ သမန္နာဂတော၊ ပြည့်စုံသောသူသည်။ သဒ္ဓမ္မံ၊ သူတော်ကောင်းတရားကို။ သုဏန္တော၊ နာရသည်ဖြစ်၍။ ကုသလေသု အနဝဇ္ဇေသု၊ အပြစ်မရှိကုန်သော။ ဓမ္မေသု၊ တရားတို့၌။ သမ္မတ္ထံ၊ မဖောက်မပြန် မှန်သောစကားကို။ (သဘောကို)။ နိယာမံ၊ အမြဲ။ ဩက္ကမိတုံ၊ သက်ဝင်ခြင်းငှာ။ ဘဗ္ဗော၊ ထိုက်၏။
ကတမေဟိပဉ္စဟိ၊ အဘယ်ငါးပါးတို့နည်းဟူမူကား။
ကထံ၊ တရားစကားကို။ န ပရိဘောတိ၊ မပုတ်ခတ်။ ကထိကံ၊ ဓမ္မကထိကပုဂ္ဂိုလ်ကို။ န ပရိဘောတိ၊ မပုတ်ခတ်။ အတ္ထာနံ၊ မိမိကိုယ်ကို။ န ပရိဘောတိ၊ မပုတ်ခတ်။ အဝိက္ခိတ္တစိတ္တော၊ မပျံ့လွင့်သော စိတ်ရှိသည်ဖြစ်၍။ ဓမ္မံ၊ ကို။ သုဏာတိ၊ ၏။ ဧကဂ္ဂစိတ္တော၊ တည်ကြည်သောစိတ်ရှိသည်ဖြစ်၍။ ယောနိသော၊ အသင့်အားဖြင့်။ ကရောတိ၊ ၏။” ဣတိ၊ သို့။ ယံ ဝစနံ၊ ကို။ ဘဂဝတာ၊ သည်။ ဝုတ္တံ၊ ၏။
တံ လက္ခဏသမန္နာ ဂတတ္တာ တံလက္ခဏပ္ပတ္တတ္တာ (ဆဋ္ဌ) ၊ ထိုသို့ဟောတော်မူအပ်သော လက္ခဏာနှင့် ပြည့်စုံသည်၏အဖြစ်ကြောင့်။ သဝနဿ၊ တရားကိုနာခြင်း၏။ ဘာဝနာ၊ သည်။ ဘဝတိ၊ ၏။ ဣတိ၊ ဤသို့သော အကြောင်းဖြင့်။ သောတာဝ၊ နာတတ်သောပုဂ္ဂိုလ်ကိုလျှင်။ ဝုတ္တော၊ ၏။