Issues
Select Version
miuthi-မိုးထိ
မြန်မာဘာသာ
(SN) Sagāthāvagga-aṭṭhakathā
(SN) Sagāthāvagga-aṭṭhakathā

၃=နတ္ထိပုတ္တသမသုတ်အဖွင့်

Author: miuthi-မိုးထိ @ IAPT

၃၊ နတ္ထိပုတ္တသမသုတ်အဖွင့်

၁၃။ တတိယေ၊ တတိယသုတ်၌။ နတ္ထိ ပုတ္တသမံ ပေမန္တိ၊ နတ္ထိ ပုတ္တသမံပေမံဟူသည်ကား။ ဟိ ယသ္မာ၊ အကြင့်ကြောင့်။ ဝိရူပေပိ၊ အဆင်းမလှကုန်သော်လည်း။ အတ္တနော၊ မိမိ၏။ ပုတ္တကေ၊ သားငယ်တို့ကို။ သုဝဏ္ဏဗိမ္ဗကံဝိယ၊ ရွှေရုပ်ကလေးကဲ့သို့။ မညန္တိ၊ အောက်မေ့မှတ်ထင်ကုန်၏။ မာလာဂုလေဝိယ မာလာဂုဠေ ဝိယ (ဆဋ္ဌ) ၊ ပန်းကုံးတို့ကဲ့သို့။ သီသာဒီသု၊ ဦးခေါင်းထက်စသည်တို့၌။ ဌတွာ၊ ထားသည်ကိုပြု၍။ ပရိဟရမာနာ၊ လက်ဝဲလက်ရာ ဘယ်ညာအရပ် ဆောင်ကုန်လတ်လျက်။ တေဟိ၊ ထိုသားငယ်ကလေးတို့သည်။ ဩဟဒိတာပိ၊ ကျင်ကြီးစွန့်ကုန်သော်လည်း။ ဩမုတ္တိကာပိ၊ ကျင်ငယ်စွန့်ကုန်သော်လည်း။ ဂန္ဓဝိလေပနပတိတာ ဝိယ၊ နံ့သာရည်,နံ့သာပြောင်းကျကုန်၏သို့။ သောမနဿံ၊ နှစ်လိုဝမ်းမြောက်သောအဖြစ်သို့။ အာပဇ္ဇန္တိ၊ ‌ရောက်ကုန်၏။
တေန၊ ထို့ကြောင့်။
နတ္ထိ ပုတ္တသမံ ပေမန္တိ၊ နတ္ထိ ပုတ္တသမံ ပေမံဟူ၍။ အာဟ၊ ဟောတော်မူ၏
ပုတ္တပေမသမံ၊ သား၏ချစ်ခြင်းနှင့်တူသော။ ပေမံ နာမ၊ ချစ်ခြင်းမည်သည်။ နတ္ထိ၊ မရှိ။ ဣတိ၊ ဤသို့။ ဝုတ္တံ၊ ဆိုအပ်သည်။ ဟောတိ၊ ဖြစ်၏။
ဂေါသမိတံ ဓနန္တိ၊ ‌‌ဂေါသမိတံ ဓနံဟူသည်ကား။ ဘဂဝါ၊ မြတ်စွာဘုရား။ ဂေါတိ၊ နွားတို့နှင့်။ သမံ၊ တူသော။ ဂေါဓနသမံ ဂေါဓနသဒိသံ၊ နွားတည်းဟူသော ဥစ္စာနှင့်တူသော။ အညံ၊ တပါးသော။ ဓနံ နာမ၊ ဥစ္စာမည်သည်။ နတ္ထိ၊ မရှိ။ ဣတိ၊ ဤသို့။ အာဟ၊ ဆို၏။
သူရိယသမာ အာဘာတိ၊ သူရိယသမာအာဘာဟူသည်ကား။ သူရိယာဘာယ၊ နေ၏အရောင်နှင့်။ သမာ၊ တူသော။ အညာ၊ တပါးသော။ အာဘာ နာမ၊ အရောင်မည်သည်။ နတ္ထိ၊ မရှိ။ ဣတိ၊ ဤအနက်ကို။ ဒဿေတိ၊ ပြ၏။
သမုဒ္ဒပရမာတိ၊ သမုဒ္ဒပရမာတိဟူသည်ကား။ ဘဂဝါ၊ မြတ်စွာဘုရား။ အညေ၊ တပါးကုန်သော။ ယေ ကေစိ၊ ခပ်သိမ်းကုန်သော။ သရာ နာမ၊ မြစ်တို့မည်သည်။ သန္တိ၊ ရှိကုန်၏။ တေ သဗ္ဗေ၊ ထိုခပ်သိမ်းကုန်သော မြစ်တို့သည်။ သမုဒ္ဒပရမာ၊ သမုဒ္ဒရာဟူသော အလွန်အမြတ်ရှိကုန်၏။ သမုဒ္ဒေါ၊ သမုဒ္ဒရာသည်။ တေသံ၊ ထိုမြစ်တို့ထက်။ ဥတ္တမော၊ လွန်မြတ်၏။ သမုဒ္ဒသဒိသံ၊ သမုဒ္ဒရာနှင့်တူသော။ အညံ၊ တပါးသော။ ဥဒကနိဓာနံ နာမ၊ ရေ၏တည်ရာမည်သည်။ နတ္ထိ၊ မရှိ။ ဣတိ၊ ဤသို့။ အာဟ၊ ဆို၏။
ယသ္မာ ပန၊ အကြင့်ကြောင့်ကား။ အတ္တပေမေန၊ ကိုယ်ကိုချစ်ခြင်းနှင့်။ သမံ၊ တူသော။ ပေမံ နာမ၊ ချစ်ခြင်းမည်သည်။ နတ္ထိ၊ မရှိ။
ဟိ၊ ဆိုသင့်၏။ မာတာပိတရော မာတာပိတာဒယော (ဆဋ္ဌ) ၊ အမိအဘတို့သည်။ ဆဋ္ဋေတွာပိ၊ စွန့်ကုန်၍လည်း။ ပုတ္တဓီတရော ပုတ္တဓီတာဒယော (ဆဋ္ဌ) ၊ သားသမီးတို့ကို။ အပေါသေတွာပိ၊ မမွေးမြူကုန်၍လည်း။ သတ္တာ၊ သတ္တဝါတို့သည်။ အတ္တာနမေဝ၊ မိမိကိုယ်သာလျှင်။ ပေါသေန္တိ၊ မွေးမြူကုန်၏။
ဓညေန စ၊ စပါးနှင့်လည်း။ သမံ၊ တူသော။ ဓနံ နာမ၊ ဥစ္စာမည်သည်။ နတ္ထိ၊ မရှိ။ (ယဒါ ဟိ သတ္တာ ဒုဗ္ဘိက္ခာ ဟောန္တိ၊ (ဆဋ္ဌ) ) ဟိ၊ ဆိုသင့်၏။ တထာရူပေ၊ ထိုသို့ရခဲ့သော ထမင်းရှိသည်သဘောရှိသော။ ကာလေ၊ မွတ်သိပ်ခေါင်းပါးသော ကာလ၌။ ဟိရညသုဝဏ္ဏာဒီနိပိ၊ ရွှေ,ငွေစသည်တို့ကိုလည်း။ ဂေါမဟိံသာဒီနိပိ၊ နွား,ကျွဲစသည်တို့ကိုလည်း။ ဓညဂ္ဂဟဏတ္ထံ၊ စပါးကိုခံဝယ်ယူခြင်းငှါ။ ဓညသာမိကာနမေဝ၊ စပါးရှင်တို့၏သာလျှင်။ သန္တိကံ၊ အထံသို့။ ဂဟေတွာ၊ ယူကုန်၍။ ဂစ္ဆန္တိ၊ သွားရကုန်၏။
ပညာယ စ၊ ပညာနှင့်လည်း။ သမာ၊ တူသော။ အာဘာ နာမ၊ အရောင်မည်သည်။ နတ္ထိ၊ မရှိ။ ဟိ သစ္စံ၊ မှန်၏။
သူရိယာဒယော၊ နေရောင်စသည်တို့သည်။ ဧကဒေသံယေဝ၊ တစ်ခုသောခဏ၌ ဒီပနှစ်ခန်း သုံးရပ်ကျွန်းမျှ တစ်စိတ်တစ်ဒေသကိုသာလျှင်။ ဩဘာသေန္တိ၊ ထွန်းပစေကုန်၏။ ပစ္စုပ္ပန္နမေဝ၊ ဖြစ်ဆဲပစ္စုပ္ပန်သာဖြစ်သော။ တမံ၊ အမိုက်မှောင်ကို။ ဝိနောဒေန္တိ၊ ပျောက်စေကုန်၏။
ပညာ ပန၊ ပညာရောင်သည်ကား။ ဒသသဟဿိမ္ပိ လောကဓာတုံ၊ လောကဓာတ်တစ်သောင်းလုံးကိုလည်း။ ဧကပဇ္ဇောတံ၊ တပြိုင်နက် အရောင်အလင်းကို။ ကာတုံ၊ ပြုခြင်းငှါ။ သက္ကောတိ၊ စွမ်းနိုင်၏။ အတီတံသာဒိပဋိစ္ဆာဒကံ၊ အတိတ်အဖို့ကာလစသည်ကို ဖုံးလွှမ်းတတ်သော။ တမံ စ၊ အဝိဇ္ဇာဟူသော အမိုက်မှောင်တိုက်ကိုလည်း။ ဝိဓမတိ၊ ဖျောက်လွှင့်ဖျက်ဆီး၏။
မေဃဝုဋ္ဌိယာ စ၊ မိုဃ်းရည်အယဉ်နှင့်လည်း။ သမော၊ တူသော။ သရော နာမ၊ မြစ်မည်သည်။ နတ္ထိ၊ မရှိ။
နဒီ ဝါပိ၊ မြစ်သည်မူလည်း။ ဟောတု၊ ဖြစ်စေ။ တလာကာဒီနိ ဝါ၊ တစ်ဖက်ဆည်ကန် စသည်တို့သည်မူလည်း။ ဟောန္တု၊ ဖြစ်ကုန်စေ။ ဝုဋ္ဌိသမော၊ မိုဃ်းရည်နှင့်တူသော။ သရော နာမ၊ မြစ်မည်သည်။ နတ္ထိ၊ မရှိ။ ဟိ သစ္စံ၊ မှန်၏။
မေဃဝုဋ္ဌိယာ၊ မိုဃ်းရည်အယဉ်သည်။ ပစ္ဆိန္နာယ၊ ပြတ်သည်ရှိသော်။ မဟာသမုဒ္ဒေါ၊ မဟာသမုဒ္ဒရာသည်။ အင်္ဂုလိပဗ္ဗ တေမနမတ္တမ္ပိ၊ လက်ချောင်းစွတ်နစ်ရုံမျှလည်း။ ဥဒကံ၊ ရေသည်။ န ဟောတိ၊ ရှိသည်မဖြစ်။ ဝုဋ္ဌိယာ၊ မိုဃ်းရေသည်။ ပဝတ္တမာနာယ ပန၊ ဖြစ်သည်ရှိ‌သော်ကား။ ယာဝ အာဘဿရဘဝနာပိ၊ အာဘဿရာဘုံတိုင်အောင်လည်း။ ဧကောဒကံ၊ တစ်ခဲနက်ရေသည်။ ဟောတိ၊ ဖြစ်၏။
တသ္မာ၊ ထို့ကြောင့်။ ‌ဒေဝတာယ၊ နတ်သားအား။ ပါဋိဂါထံ၊ ဂါထာစကားတို့ကို။ ဝဒန္တော၊ ဆိုတော်မူသော။ ဘဂဝါ၊ မြတ်စွာဘုရားသည်။ နတ္ထိ အတ္တသမံ ပေမန္တိအာဒိံ၊ နတ္ထိ အတ္တသမံ ပေမံဤသို့ အစရှိသောစကားကို။ အာဟ၊ မိန့်တော်မူ၏။ ဣတိ၊ ဤသည်လျှင် တတိယသုတ်၏အဖွင့် အပြီးတည်း။
တတိယံ၊ သုံးခုမြောက်သောသုတ်တည်း။