၄၊ ဧကမူလသုတ်အဖွင့်
၄၄။ စတုတ္ထေ၊ လေးခုမြောက်သောသုတ်၌။
ဧကမူလန္တိ၊ ဧကမူလံဟူသည်ကား။
အဝိဇ္ဇာ၊ အဝိဇ္ဇာသည်။
တဏှာယ၊ တဏှာ၏။
မူလံ၊ အမြစ်မူလမည်၏။
တဏှာ၊ တဏှာသည်။
အဝိဇ္ဇာယ၊ အဝိဇ္ဇာ၏။
မူလံ၊ အမြစ်မူလမည်၏။
ဣဓ ပန၊ ဤဂါထာ၌ကား။
တဏှာ၊ တဏှာကို။
အဓိပ္ပေတာ၊ ဧကမူလဟူ၍ အလိုရှိအပ်၏။
ဒွီဟိ၊ နှစ်ပါးကုန်သော။
သဿတုစ္ဆေဒဒိဋ္ဌီဟိ၊ သဿတဒိဋ္ဌိ, ဥစ္ဆေဒဒိဋ္ဌိတို့ဖြင့်။
အာဝဋ္ဋတိ၊ လည်တတ်၏။
ဣတိ တသ္မာ၊ ထို့ကြောင့်။
ဒွိရာဝဋ္ဋာ၊ ဒွိရာဝဋ္ဋမည်၏။
ဒွိရာဝဋ္ဋာ၊ နှစ်ပါးသော သဿတဒိဋ္ဌိ, ဥစ္ဆေဒဒိဋ္ဌိတို့ဖြင့် လည်ခြင်းရှိသော။
စ၊ ဆက်ဦးအံ့။
သာ၊ ထိုတဏှာသည်။
ရာဂါဒီဟိ၊ ရာဂအစရှိသော။
တီဟိ မလေဟိ၊ သုံးပါးသောအညစ်အကြေးတို့ဖြင့်။
တိမလာ၊ ရာဂစသည် သုံးမည်ညစ်ကြေးရှိထသော။
တတြ၊ ထိုရာဂါဒီဟိစသော စကား၌။
မောဟော၊ မောဟသည်။
သဟဇာတကောဋိယာ၊ သဟဇာတပစ္စည်းဖြင့်။
အဿာ၊ ထိုတဏှာ၏။
မလံ၊ အညစ်အကြေးသည်။
ဟောတိ၊ ဖြစ်၏။
ရာဂဒေါသာ၊ ရာဂဒေါသတို့သည်။
ဥပနိဿယကောဋိယာ၊ ဥပနိဿယပစ္စည်းဖြင့်။
အဿာ၊ ထိုတဏှာ၏။
မလံ၊ အညစ်အကြေးသည်။
ဟောတိ၊ ဖြစ်၏။
ပဉ္စ ပန ကာမဂုဏာ၊ ကာမဂုဏ်ငါးပါးတို့သည်ကား။
အဿာ၊ ထိုတဏှာ၏။
ပတ္ထရဏဋ္ဌာနာ၊ ပျံ့နှံ့သည်ဖြစ်၍ ဖြစ်ရာဌာနမြေတို့တည်း။
တေသု၊ ထိုငါးပါးသော ကာမဂုဏ်တို့၌။
သာ၊ ထိုတဏှာသည်။
ပတ္ထရတိ၊ ပျံ့နှံ့တတ်၏။
ဣတိ တသ္မာ၊ ထို့ကြောင့်။
ပဉ္စပတ္ထာရာ
ပဉ္စပတ္ထရာ (ဆဋ္ဌ)
၊ ပဉ္စပတ္ထာရမည်၏။
ပဉ္စပတ္ထာရာ
ပဉ္စပတ္ထရာ (ဆဋ္ဌ)
၊ ကာမငါးပါးဟူသော ဖြစ်ရာဌာနမြေရှိထသော။
သာ စ၊ ထိုတဏှာသည်လည်း။
အပူရဏီယဋ္ဌေန၊ ပြည့်နိုင်ခဲသော အနက်သဘောဖြင့်။
သမုဒ္ဒေါ၊ သမုဒ္ဒမည်၏။
ဧသာ ပန၊ ဤတဏှာဟူသော သမုဒ္ဒရာသည်ကား။
အဇ္ဈတ္တိကဗာဟိရေသု၊ အဇ္ဈတ္တိကဗာဟိရဖြစ်ကုန်သော။
ဒွါဒသာယတနေသု၊ တစ်ဆယ့်နှစ်ပါးသော အာယတနတို့၌။
အာဝဋ္ဋတိ၊ လည်၏။
ပရိဝဋ္ဋတိ၊ တပြောင်းတပြန်ပြန်လည်၏။
ဣတိ တသ္မာ၊ ထို့ကြောင့်။
ဒွါဒသာဝဋ္ဋာ၊ ဒွါဒသာဝဋ္ဋမည်၏။
အပတိဋ္ဌဋ္ဌေန ပန၊ ထောက်တည်ရာမရသော အနက်သဘောကြောင့်ကား။
ပါတာလောတိ၊ ပါတာလဟူ၍။
ဝုစ္စတိ
ဝုစ္စတီတိ (ဆဋ္ဌ)
၊ ဆိုအပ်၏။
ဧကမူလံ၊ တဏှာဟုဆိုအပ်သော တစ်ခုသောအမြစ်မူလလည်းရှိထသော။
(လ) ပါတာလံ၊ ထောက်တည်ရာမရသော တဏှာဟူသောသမုဒ္ဒရာကို။
ဣသိ၊ ရဟန္တာသည်။
အတရိ၊ ကူးခပ်ပြီ။
ဥတ္တရိ၊ ထွက်မြောက်ပြီ။
သမတိက္ကမိ၊ လွန်မြောက်ပြီ။
ဣတိ၊ ဤသည်ကား။
အတ္ထော၊ အနက်တည်း။
စတုတ္ထံ၊ လေးခုမြောက်သောသုတ်တည်း။