Issues
Select Version
miuthi-မိုးထိ
မြန်မာဘာသာ
(SN) Sagāthāvagga-aṭṭhakathā
(SN) Sagāthāvagga-aṭṭhakathā

၃=မိတ္တသုတ်အဖွင့်

Author: miuthi-မိုးထိ @ IAPT

၃၊ မိတ္တသုတ်အဖွင့်

၅၂။ တတိယေ၊ တတိယသုတ်၌။ သတ္ထောတိ၊ သတ္ထောဟူသည်ကား။ သဒ္ဓိံစရော၊ တကွခရီးသွားဖော်ဖြစ်သော။ ဇင်္ဃသတ္ထော ဝါ၊ ခြေကုန်သည်သည်လည်းကောင်း။ သကဋသတ္ထော ဝါ၊ လှည်းကုန်သည်သည်လည်းကောင်း။
မိတ္တန္တိ၊ မိတ္တံဟူသည်ကား။ ရောဂေ၊ အနာရောဂါသည်။ ဥပ္ပန္နေ၊ ဖြစ်သည်ရှိသော်။ ပါဋင်္ကိယာ ဝါ၊ ထမ်းစင်ဖြင့်လည်း‌ကောင်း။ အညေန ဝါ ယာနေန၊ တစ်ပါးသော လှည်းယာဉ်, နွားယာဉ်စသည်ဖြင့်လည်းကောင်း။ ဟရိတွာ၊ ဆောင်ယူ၍။ ခေမန္တသမ္ပာပနေန၊ ဘေးကင်းရာသို့ ကောင်းစွာရောက်စေသောအားဖြင့်။ မိတ္တံ၊ ချစ်နှစ်လိုသော အဆွေခင်ပွန်း မည်၏။
သကေ ဃရေတိ၊ သကေ ဃရေဟူသည်ကား။ အတ္တနော၊ မိမိ၏။ ဂေဟေ၊ အိမ်၌။
တထာရူပေ၊ ထိုသို့စက်ဆုပ်အပ်သော သဘောရှိသော။ ရောဂေ၊ အနာသည်။ ဇာတေ၊ ဖြစ်သည်ရှိသော်။ ပုတ္တဘရိယာဒယော၊ သား,မယားစသောသူတိုသည်။ ဇိဂုစ္ဆန္တိ၊ စပ်ဆုပ်ကုန်၏။ မာတာ ပန၊ မိခင်သည်ကား။ အသုစိမ္ပိ၊ မစင်ကိုလျက်လည်း။ စန္ဒ နံ ဝိယ၊ စန္ဒကူးကဲ့သို့။ မညတိ၊ မှတ်ထင်၏။
တသ္မာ၊ ထို့ကြောင့်။ သာ၊ ထိုမိခင်သည်။ သကေ ဃရေ၊ မိမိ၏အိမ်၌။ မိတ္တံ၊ ချစ်နှစ်လိုသော အဆွေခင်ပွန်းမည်၏။
သဟာယော အတ္ထဇာတဿာတိ၊ သဟာယော အတ္ထဇာတဿဟူသည်ကား။ ယော၊ အကြင်သူသည်။ ဥပ္ပန္နကိစ္စဿ၊ ဖြစ်သောအမှုကိစ္စရှိသူ၏။ တံ ကိစ္စံ၊ ထိုအမှုဝန်ကို။ ဝဟတိ၊ ဆောင်ရွက်၏။ နိတ္ထရတိ၊ ထုတ်ဆောင်၏။ သော သဟာယော၊ ထိုသို့သောသဘောရှိသော အဖော်သဟဲသည်။ ကိစ္စေသု၊ မှုဝန် ကိစ္စတို့၌။ သဟ အယနဘာဝေန၊ ချမ်းတူမျှမျှ တကွဖြစ်သည်၏အဖြစ်ဖြင့်။ မိတ္တံ၊ နှစ်လိုကြင်ချစ် ခင်ပွန်းစစ်မည်၏။ သုရာပါနာဒိသဟာယာ ပန၊ သေသောက်ကြူးစသော အဖော်တို့သည်ကား။ န မိတ္တာ၊ ချစ်ဟန်ယောင်ပြု ခင်ပွန်းတုမည်ကုန်၏။
သမ္ပရာယိကန္တိ၊ သမ္ပရာယိကံဟူသည်ကား။ သမ္ပရာယ သမ္ပရာယဟိတံ (ဆဋ္ဌ) ၊ တမလွန်လောက၌။ ဟိတံ သမ္ပရာယဟိတံ (ဆဋ္ဌ) ၊ အစီးအပွားကိုဆောင်တတ်သော။ မိတ္တံ၊ ခင်ပွန်းကောင်းမည်၏။ ဣတိ ပါဠိယံ နတ္ထိ (ဆဋ္ဌ) ၊ ဤသည်လျှင် တတိယသုတ်၏အဖွင့် အပြီးတည်း။
တတိယံ၊ သုံးခုမြောက်သောသုတ်တည်း။