၇၊ သမယသုတ်အဖွင့်
၃၇။ သတ္တမေ၊ သတ္တမသုတ်၌။
သက္ကေသူတိ၊ သက္ကေသုဟူသည်ကား။
သကျာ ဝတ ဘော ကုမာရာတိ၊ သကျာ ဝတ ဘော ကုမာရာဟူသော။
ဥဒါနံ၊ ခမည်းတော်ဥက္ကာကမင်း၏ ဝမ်းတွင်းကြည်ညို မိန့်ဆိုသောစကားကို။
ပဋိစ္စ၊ အကြောင်းပြု၍။
သက္ကာတိ လဒ္ဓနာမာနံ၊ သက္ကဟုရအပ်သော အမည်ရှိကုန်သော။
ရာဇကုမာရာနံ၊ မင်းသားတို့၏။
နိဝါသော၊ နေရာဖြစ်သော။
ဧကောပိ ဇနပဒေါ၊ တစ်ခုသောဇနပုဒ်ကိုလည်း။
ရုဠှီသဒ္ဒေန၊ ရုဠှီသဒ္ဒါဖြင့်။
သက္ကာတိ၊ သက္ကာဟူ၍။
ဝုစ္စတိ၊ ဗဟုဝုစ်ဖြင့် ဆိုအပ်၏။
သက္ကေသု၊ သက္ကတိုင်းတို့၌။
တသ္မိံ ဇနပဒေ၊ ထိုဇနပုဒ်၌။
မဟာဝနေတိ၊ မဟာဝနေဟူသည်ကား။
အရောပိမေ၊ တစ်စုံတစ်ယောက်သောသူ မစိုက်ပျိုးသော။
သယံဇာတေ၊ အလိုအလျောက်ပေါက်ရောက်သော။
ဟိမဝန္တောန၊ ဟိမဝန္တာနှင့်။
သဒ္ဓိံ၊ တကွ။
ဧကာဗဒ္ဓေ၊ တစ်စပ်တည်းစပ်သော။
မဟတိ ဝနေ၊ ကြီးစွာသောတော၌။
သဗ္ဗေဟေဝ အရဟန္တေဟီတိ၊ သဗ္ဗေဟေဝ အရဟန္တေဟိဟူသည်ကား။
ဣမံ သုတ္တံ၊ ဤသုတ်ကို။
ကထိတဒိဝသေယေဝ၊ ဟောတော်မူအပ်သောနေ့၌သာလျှင်။
ပတ္တအရဟန္တေဟိ၊ ရောက်အပ်သော အရဟတ္တဖိုလ်ရှိကုန်သော ရဟန္တာတို့နှင့်။
သဒ္ဓိံ
ပါဠိယံ နတ္ထိ (ဆဋ္ဌ)
၊ တကွ။
တတြ၊ ထိုစကား၌။
အယံ အနုပုဗ္ဗိကထာ၊ ဤဆိုလတ္တံ့သော ရှေးအသစ်ဖြစ်သောစကားကို။
ဝေဒိတဗ္ဗာ၊ သိအပ်၏။
ဟိ၊ အဘယ်သို့ သိအပ်သနည်း။
သာကိယကောလိယာ၊ သာကိယမင်း, ကောလိယမင်းတို့သည်။
ကပိလဝတ္ထုနဂရဿ စ၊ ကပိလဝတ်ပြည်၏လည်းကောင်း။
ကောလိယနဂရဿ စ၊ ကောလိယပြည်၏လည်းကောင်း။
အန္တရေ၊ အကြား၌။
ရောဟနိံ နာမ နဒိံ၊ ရောဟနီမည်သောမြစ်ကို။
ဧကေနေဝ အာဝရဏေန၊ တစ်ခရိုင်တည်းသာဖြစ်သောဆည်ဖြင့်။
ဗန္ဓာပေတွာ၊ အခိုင်အလုံဆည်စေ၍။
သဿာနိ၊ ကောက်တို့ကို။
ကာရေန္တိ ကိရ၊ လုပ်ဆောင်စေကုန်သတတ်။
အထ၊ ထိုသို့လုပ်ဆောင်စေရာ၌။
ဇေဋ္ဌမူလမာသေ၊ နယုန်လ၌။
သဿေသု၊ ကောက်ပင်တို့သည်။
မိလာယန္တေသု၊ ညှိုးနွမ်းကုန်လတ်သော်။
ဥဘယနဂရဝါသီနမ္ပိ၊ နှစ်ပြည်ထောင်မင်းတို့၏လည်း။
ကမ္မကာရာ၊ အမှုလုပ်တို့သည်။
သန္နိပတိံသု၊ စည်းဝေးကုန်၏။
တတ္ထ၊ ထိုနှစ်ပြည်ထောင်သားတို့တွင်။
ကောလိယနဂရဝါသိနော၊ ကောလိယပြည်သားတို့သည်။
အာဟံသု၊ ဆိုကြကုန်၏။
ဣဒံ ဥဒကံ၊ ဤရေသည်။
ဥဘယတော၊ နှစ်ဦးသားမှ။
ဟရိယမာနံ၊ ယူအပ်သည်ရှိသော်။
တုမှာကံ၊ သင််တို့အားလည်း။
န ပဟောဿတိ၊ မလောက်လေအံ့။
အမှာကံ၊ ငါတို့အားလည်း။
န ပဟောဿတိ၊ မလောက်လေအံ့။
အမှာကံ၊ ငါတို့၏။
သဿံ၊ ကောက်သည်။
ဧကဥဒကေနေဝ၊ တစ်ကြိမ်သောရေဖြင့်ပင်လျှင်။
နိပ္ပဇ္ဇိဿတိ
နိပ္ဖဇ္ဇိဿတိ (ဆဋ္ဌ)
၊ ပြည့်စုံလတ္တံ့။
ဣဒံ ဥဒကံ၊ ဤရေအလှည့်ကို။
အမှာကံ၊ ငါတို့အား။
ဒေထ၊ ပေးကြကုန်လော့။
ဣတိ၊ ဤသို့။
အာဟံသု၊ ဆိုကြကုန်၏။
ကပိလဝတ္ထုဝါသိနော၊ ကပိလဝတ်ပြည်သားတို့သည်။
အာဟံသု၊ ဆိုကြကုန်၏။
တုမှေသု၊ သင်တို့သည်။
ကောဋ္ဌေ၊ ကျီကျ၌။
ပူရေတွာ၊ စပါးဆန်ပြည့် ထည့်လှောင်၍။
ဌိတေသု၊ တည်နေကြကုန်သည်ရှိသော်။
မယံ၊ ငါတို့သည်။
ရတ္တသုဝဏ္ဏနီလမဏိကာဠကဟာပနေ စ
ကဟာပဏေ စ (ဆဋ္ဌ)
၊ ရွှေနီ, ပတ္တမြားညို, သလွဲမည်း, အသပြာတို့ကိုလည်း။
ဂဟေတွာ၊ ယူ၍။
ပစ္ဆိပသိဗ္ဗကာဒိဟတ္ထာ၊ ခြင်းတောင်း,အိပ်စသည်လက်ကိုင်ကုန်လျက်။
တုမှာကံ၊ သင်တို့၏။
ဃရဒွါရေ၊ အိမ်တံခါးအနီးတို့သို့။
ဝိစရိတုံ၊ သွားလာခြင်းငှာ။
န သက္ခိဿာမ၊ မတတ်နိုင်ကုန်။
အမှာကမ္ပိ၊ ငါတို့၏လည်း။
သဿံ၊ ကောက်သည်။
ဧကေနေဝ ဥဒကေန၊ တစ်ကြိမ်တည်းသော ရေဖြင့်သာလျှင်။
နိပ္ပဇ္ဇိဿတိ
နိပ္ဖဇ္ဇိဿတိ (ဆဋ္ဌ)
၊ ပြည့်စုံလတ္တံ့။
ဣဒံ ဥဒကံ၊ ဤရေအလှည့်ကို။
အမှာကံ၊ ငါတို့အား။
ဒေထ၊ ပေးကုန်လော့။
ဣတိ၊ ဤသို့။
အာဟံသု၊ ဆိုကြကုန်၏။
မယံ၊ ငါတို့သည်။
န ဒဿာမ၊ မပေးကုန်အံ့။
ဣတိ၊ ဤသို့ဆိုသည်ရှိသော်။
မယမ္ပိ၊ ငါတို့သည်လည်း။
န ဒဿာမ၊ မပေးကုန်အံ့။
ဣတိ၊ ဤသို့ဆိုကုန်၏။
ဧဝံ၊ ဤသို့။
ကထံ ဝဍ္ဎေတွာ၊ စကားကျယ်ပွား၍။
ဧကော၊ တစ်ယောက်သောလူသည်။
ဥဋ္ဌာယ၊ ထ၍။
ဧကဿ၊ တစ်ယောက်သောသူအား။
ပဟာရံ၊ တွန်းထိုးသတ်ပုတ်ခြင်းကို။
အဒါသိ၊ ပေး၏။
သောပိ၊ ထိုသူသည်လည်း။
အညဿ၊ တစ်ယောက်သောသူအား။
ပဟာရံ၊ တွန်းထိုးသတ်ပုတ်ခြင်းကို။
အဒါသိ၊ ပေး၏။
ဣတိ ဧဝံ၊ ဤသို့။
အညမညံ၊ အချင်းချင်း။
ပဟရိတွာ၊ တွန်းထိုးသတ်ပုတ်ကြ၍။
ရာဇကုလာနံ၊ မင်းမျိုးတို့၏။
ဇာတိံ၊ ဇာတ်ကို။
ဃဋ္ဋေတွာ၊ ထိပါး၍။
ကလဟံ၊ ငြင်းခုံခိုက်ရန်ကို။
ဝဍ္ဎယိံသု၊ ပွားစေကုန်၏။
ကောလိယကမ္မကာရာ၊ ကောလိယမင်းကျွန် လယ်လုပ်သားတို့က။
"တုမှေ၊ သင်တို့သည်။
ကပိလဝတ္ထုဝါသိကေ၊ ကပိလဝတ်ပြည်နေမင်းတို့ကို။
ဂဟေတွာ၊ ကိုးစား၍။
ဂဇ္ဇထ၊ ကြိမ်းဝါးကုန်၏။
ယေ၊ အကြင်နင်တို့ ကပိလဝတ်မင်းတို့သည်။
သောဏသိင်္ဂါလာဒယော ဝိယ၊ အိမ်ခွေး,တောခွေးအစရှိသည်တို့ကဲ့သို့။
အတ္တနော၊ မိမိ၏။
ဘဂိနီဟိ၊ နှမတို့နှင့်။
သဒ္ဓိံ၊ အတူတကွ။
သံဝသိံသု၊ အိမ်ထောင်ကုန်၏။
ဧတေသံ၊ ထိုကပိလဝတ်မင်းတို့၏။
ဟတ္ထိနော စ၊ ဆင်တို့သည်လည်းကောင်း။
အဿာ စ၊ မြင်းတို့သည်လည်းကောင်း။
ဖလကာဝုဓာနိ စ၊ လွှားကာလက်နက်တို့သည်လည်းကောင်း။
အမှာကံ၊ ငါတို့အား။
ကိံ ကရိဿန္တိ၊ အဘယ်မှုကုန်အံ့နည်း"။
ဣတိ၊ ဤသို့။
ဝဒန္တိ၊ ဆိုကုန်၏။
သာကိယကမ္မကာရာ၊ သာကိယမင်းကျွန် လယ်လုပ်သားတို့သည်။
"တုမှေ၊ သင်တို့သည်။
ဒါနိ၊ ယခု။
ကုဋ္ဌိနော ဒါရကေ၊ အနူအရွဲသားငယ်တို့ကို။
ဂဟေတွာ၊ ကိုးစား၍။
ဂဇ္ဇထ၊ ကြိမ််းဝါးကုန်သလော။
ယေ၊ အကြင်နင်တို့ ကောလိယမင်းတို့သည်။
အနာထာ၊ ကိုးကွယ်ရာမဲ့။
နိဂ္ဂဟိတာ
နိဂ္ဂတိကာ (ဆဋ္ဌ)
၊ ပြည်မှနှင်ထုတ်အပ်ကုန်သည်ဖြစ်၍။
တိရစ္ဆာနာ ဝိယ၊ တိရစ္ဆာန်တို့ကဲ့သို့။
ကောလရုက္ခေ၊ ကုလောပင်ခေါင်း၌။
ဝသိံသု၊ နေရကုန်၏။
ဧတေသံ၊ ထိုကောလိယမင်းတို့၏။
ဟတ္ထိအဿာ စ
ဟတ္ထိနော စ အဿာ စ (ဆဋ္ဌ)
၊ ဆင်,မြင်းတို့သည်လည်းကောင်း။
ဖလကာဝုဓာနိ စ၊ လွှားကာ, လက်နက်တို့သည်လည်းကောင်း။
အမှာကံ၊ ငါတို့အား။
ကိံ ကရိဿန္တိ၊ အဘယ်မှုကုန်အံ့နည်း"။
ဣတိ၊ ဤသို့။
ဝဒန္တိ၊ ဆိုကုန်၏။
တေ၊ ထိုလယ်လုပ်သမား ကျေးကျွန်များတို့သည်။
ဂန္တွာ၊ သွားကုန်၍။
တသ္မိံ ကမ္မေ၊ ထိုလယ်အမှု၌။
နိယုတ္တအမစ္စာနံ၊ စီရင်သော အမတ်ဝန်ကြီးတို့အား။
ကထေသုံ၊ ကြားလျှောက်ကုန်၏။
အမစ္စာ၊ အမတ်ဝန်ကြီးတို့သည်။
ရာဇကုလာနံ၊ မင်းမျိုးတို့အား။
ကထေသုံ၊ တင်လျှောက်ကုန်၏။
တတော၊ ထိုနောက်မှ။
သာကိယာ၊ သာကိယမင်းတို့သည်။
ဘဂိနီဟိ၊ နှမတို့နှင့်။
သဒ္ဓိံ၊ တကွ။
သံဝသိတကာနံ၊ ပေါင်းဖော်စံနေကုန်သောသူတို့၏။
ထာမဉ္စ၊ အားအစွမ်းကိုလည်းကောင်း။
ဗလဉ္စ၊ ဗိုလ်ပါကိုလည်းကောင်း။
ဒဿေဿာမ၊ ပြကုန်အံ့။
ဣတိ၊ ဤသို့။
ယုဒ္ဓသဇ္ဇာ၊ စစ်အင်စီရင် ကျင်းပကုန်လျက်။
နိက္ခမိံသု၊ ထွက်ကုန်၏။
ကောလိယာပိ၊ ကောလိယမင်းတို့သည်လည်း။
ကောလရုက္ခဝါသီနံ၊ ကုလောပင်၌ နေကုန်သောသူတို့၏။
ထာမဉ္စ၊ အားအစွမ်းကိုလည်းကောင်း။
ဗလဉ္စ၊ ဗိုလ်ပါကိုလည်းကောင်း။
ဒဿေဿာမ၊ ပြကုန်အံ့။
ဣတိ၊ ဤသို့။
ယုဒ္ဓသဇ္ဇာ၊ စစ်အင်စီရင် ကျင်းပကုန်လျက်။
နိက္ခမိံသု၊ ထွက်ကုန်၏။
ဘဂဝါပိ၊ မြတ်စွာဘုရားသည်လည်း။
ရတ္တိယာ၊ ညဉ့်၏။
ပစ္စူသသမယေဝ၊ မိုးသောက်ယံအခါ၌သာလျှင်။
မဟာကရုဏာသမာပတ္တိတော၊ မဟာကရုဏာသမာပတ်မှ။
ဥဋ္ဌာယ၊ ထတော်မူ၍။
လောကံ၊ လောကကို။
ဝေါလောကေန္တော၊ ကြည့်ရှုတော်မူလတ်သော်။
ဧဝံ၊ ဤသို့။
ယုဒ္ဓသဇ္ဇေ၊ စစ်အင်စီရင် ကျင်းပကုန်လျက်။
နိက္ခမန္တေ၊ ပြည်မှထွက်ကုန်သော။
ဣမေ၊ ဤနှစ်ပြည်ထောင်သော မင်းတို့ကို။
အဒ္ဒသ၊ မြင်တော်မူ၏။
ဒိသွာ၊ မြင်တော်မူပြီး၍။
မယိ၊ ငါဘုရားသည်။
ဂတေ၊ ကြွတော်မူသည်ရှိသော်။
အယံ ကလဟော၊ ဤခိုက်ရန်ငြင်းခုံခြင်းသည်။
ဝူပသမိဿတိ နု ခေါ
ဝူပသမ္မိဿတိ နု ခေါ (ဆဋ္ဌ)
၊ ငြိမ်းအံ့လော။
နော ဝူပသမိဿတိ
ဝူပသမ္မိဿတိ (ဆဋ္ဌ)
နု ခေါ၊ မငြိမ်းအံ့လော။
ဣတိ၊ ဤသို့။
ဥပဓာရေန္တော၊ ဆင်ခြင်တော်မူလတ်သော်။
"အဟံ၊ ငါသည်။
ဧတ္ထ၊ ဤနှစ်ပြည်ထောင်မင်းစုဝေးရာသို့။
ဂန္တွာ၊ ရောက်၍။
ကလဟဝူပသမနတ္ထံ၊ ခိုက်ရန်ငြင်းခုံ ငြိမ်းစိမ့်သောငှာ။
တီဏိ ဇာတကာနိ၊ သုံးပါးကုန်သော ဖန္ဒနဇာတ်, ဒဒ္ဒရ
ဒဒ္ဒုဘ (ဆဋ္ဌ)
ဇာတ်, လဋုကိကဇာတ်တို့ကို။
ကထေဿာမိ၊ ဟောတော်မူအံ့။
တတော၊ ထိုသို့ဟောခြင်းကြောင့်။
သော ကလဟော၊ ထိုခိုက်ရန်ငြင်းခုံခြင်းသည်။
ဝူပသမိဿတိ
ဝူပသမ္မိဿတိ (ဆဋ္ဌ)
၊ ငြိမ်းလတ္တံ့တည်း။
အထ၊ ထိုခိုက်ရန်ငြင်းခုံ ငြိမ်းသောအခါ၌။
သာမဂ္ဂိဒီပနတ္ထာယ၊ ညီညွတ်သောအဖြစ်ကို ပြခြင်းငှာ။
ဒွေ ဇာတကာနိ၊ နှစ်ပါးကုန်သောရုက္ခဓမ္မဇာတ်, ဝဋ္ဋကဇာတ်တို့ကို။
ကထေတွာ၊ ဟောတော်မူ၍။
အတ္တဒဏ္ဍသုတ္တံ၊ အတ္တဒဏ္ဍသုတ်ကို။
ဒေသေဿာမိ၊ ဟောတော်မူအံ့။
ဒေသနံ၊ တရားဒေသနာတော်ကို။
သုတွာ၊ ကြားနာရ၍။
ဥဘယနဂရဝါသိနောပိ၊ နှစ်ပြည်ထောင်နေ ဆွေတော်မင်းများတို့သည်လည်း။
အဍ္ဎတိယာနိ အဍ္ဎတိယာနိ၊ အခွဲလျှင်သုံးခုမြောက်စီ အခွဲလျှင်သုံးခုမြောက်စီဖြစ်ကုန်သော။
ကုမာရသတာနိ၊ မင်းသားအရာတို့ကို။
ဒဿန္တိ၊ ပေးကုန်လတ္တံ့။
အဟံ၊ ငါသည်။
တေ၊ ထိုငါးရာသောမင်းသားတို့ကို။
ပဗ္ဗာဇေဿာမိ၊ ရဟန်းပြုပေးအံ့။
(တဒါ (ဆဋ္ဌ))
မဟာသမာဂမော၊ များမြတ်သော အစည်းအဝေးသည်။
ဘဝိဿတိ၊ ဖြစ်လတ္တံ့"။
ဣတိ၊ ဤသို့။
သန္နိဋ္ဌာနံ၊ ဆုံးဖြတ်တော်မူခြင်းကို။
အကာသိ၊ ပြုတော်မူ၏။
တသ္မာ၊ ထိုအကြောင်းကြောင့်။
ဣမေသု၊ ဤနှစ်ပြည်ထောင်မင်းတို့သည်။
ယုဒ္ဓသဇ္ဇေသု၊ စစ်အင်စီရင်ကုန်လျက်။
နိက္ခမန္တေသု၊ ပြည်မှထွက်ကုန်သည်ရှိသော်။
ကဿစိ၊ တစ်စုံတစ်ယောက်သောသူအား။
အနာရောစေတွာ၊ မပန်ကြားမူ၍။
သယမေဝ၊ ကိုယ်တော်ထည်းသာလျှင်။
ပတ္တစီဝရံ၊ သပိတ်, သင်္ကန်းကို။
အာဒါယ၊ ယူတော်မူလျက်။
ဂန္တွာ၊ ကြွတော်မူ၍။
ဒွိန္နံ သေနာနံ၊ နှစ်ဖက်စစ်သည်တို့၏။
အန္တရေ၊ အကြားအလယ်၌။
အာကာသေ၊ ကောင်းကင်၌။
ပလ္လင်္ကံ၊ ထက်ဝယ်ကို။
အာဘုဇိတွာ၊ ဖွဲ့ခွေလျက်။
ဆဗ္ဗဏ္ဏရသ္မိယော၊ ခြောက်သွယ်သောရောင်ခြည်တို့ကို။
ဝိဿဇ္ဇေတွာ၊ လွှတ်၍။
နိသီဒိ၊ နေတော်မူ၏။
ကပိလဝတ္ထုဝါသိနော၊ ကပ္ပိလဝတ်၌ နေသောမင်းတို့သည်။
ဘဂဝန္တံ၊ မြတ်စွာဘုရားကို။
ဒိသွာဝ၊ မြင်ကုန်၍သာလျှင်။
"အမှာကံ၊ ငါတို့၏။
ဉာတိသေဋ္ဌော၊ ဆွေမျိုးမြတ်ဖြစ်သော။
သတ္ထာ၊ မြတ်စွာဘုရားသည်။
အာဂတော၊ ကြွရောက်တော်မူလာ၏။
တေန၊ ထိုဘုရားသခင်သည်။
အမှာကံ၊ ငါတို့၏။
ကလဟကရဏဘာဝေါ၊ ခိုက်ရန်ငြင်းခုံပြုပြင်ခြင်းရှိသောအဖြစ်ကို။
ဒိဋ္ဌော နု ခေါ၊ မြင်တော်မူလေယောင်တကား"။
ဣတိ၊ ဤသို့။
စိန္တေတွာ၊ ကြံ၍။
"ခေါ၊ စင်စစ်။
ဘဂဝတိ၊ မြတ်စွာဘုရားသည်။
အာဂတေ၊ ကြွရောက်တော်မူလာလျက်။
အမှေဟိ၊ ငါတို့သည်။
ပရဿ၊ သူတစ်ပါး၏။
သရီရေ၊ ကိုယ်၌။
သတ္ထံ၊ လက်နက်ကို။
ပါတေတုံ၊ ပစ်ချခြင်းငှာ။
န ပန သက္ကာ၊ မတတ်ကောင်းလေခဲ့။
ကောလိယနဂရဝါသိနော၊ ကောလိယပြည်၌ နေကုန်သောမင်းတို့သည်။
အမှေ၊ ငါတို့ကို။
ဟနန္တု ဝါ၊ သတ်လိုလည်း သတ်စေကုန်။
ဗဇ္ဈန္တု ဝါတိ၊ ဖွဲ့လိုမူလည်း ဖွဲ့စေကုန်ဟူ၍။
အာဝုဓာနိ၊ လက်နက်တို့ကို။
ဆဋ္ဋေတွာ
ဆဍ္ဍေတွာ (ဆဋ္ဌ)
၊ စွန့်ပစ်၍။
ဘဂဝန္တံ၊ မြတ်စွာဘုရားကို။
ဝန္ဒိတွာ၊ ရှိခိုး၍။
နိသီဒိံသု၊ နေကုန်၏။
ကောလိယနဂရဝါသိနောပိ၊ ကောလိယပြည်၌ နေကုန်သောမင်းတို့သည်လည်း။
တထေဝ၊ ထိုကပိလဝတ်မင်းတို့အတူသာလျှင်။
စိန္တေတွာ၊ ကြံ၍။
အာဝုဓာနိ၊ လက်နက်တို့ကို။
ဆဋ္ဋေတွာ
ဆဍ္ဍေတွာ (ဆဋ္ဌ)
၊ စွန့်ပစ်၍။
ဘဂဝန္တံ၊ မြတ်စွာဘုရားကို။
ဝန္ဒိတွာ၊ ရှိခိုး၍။
နိသီဒိံသု၊ နေကုန်၏။
ဘဂဝါ၊ မြတ်စွာဘုရားသည်။
ဇာနန္တောဝ၊ သိတော်မူလျက်လျှင်။
မဟာရာဇာနော
မဟာရာဇ (ဆဋ္ဌ)
၊ မင်းများတို့။
ကသ္မာ၊ အဘယ့်ကြောင့်။
အာဂတတ္ထ၊ လာကုန်ကြသနည်း။
ဣတိ၊ ဤသို့။
ပုစ္ဆိ၊ မေးတော်မူ၏။
ဘဂဝါ၊ ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား။
တိတ္ထကီဠာယ ဝါ၊ မြစ်ဆိပ်ကစားအံ့ငှာလည်း။
န၊ လာသည်မဟုတ်ပေ။
ပဗ္ဗတကီဠာယ ဝါ၊ တောင်ကစားအံ့ငှာလည်း။
န၊ လာသည်မဟုတ်ပေ။
နဒီကီဠာယ ဝါ၊ မြစ်ကစားအံ့ငှာလည်း။
န၊ လာသည်မဟုတ်ပေ။
ဂိရိဒဿနတ္ထံ၊ တောတောင်ရှုစားအံ့ငှာလည်း။
န၊ လာသည်မဟုတ်ပေ။
ပန၊ စင်စစ်မူကား။
ဣမသ္မိံ ဌာနေ၊ ဤအရပ်၌။
သင်္ဂါမံ၊ စစ်ထိုးခြင်းကို။
ပစ္စုပဋ္ဌပေတွာ၊ ဖြစ်စေလိုသောကြောင့်။
အာဂတာ၊ လာကုန်သည်။
အမှ၊ ဖြစ်ကုန်၏။
ဣတိ၊ ဤသို့။
အဝေါစုံ၊ လျှောက်ကြကုန်၏။
မဟာရာဇာနော
မဟာရာဇ (ဆဋ္ဌ)
၊ မင်းများတို့။
ကိံ၊ အဘယ်ကို။
နိဿာယ၊ မှီ၍။
ဝေါ၊ သင်မင်းများတို့၏။
ကလဟော၊ ခိုက်ရန်ငြင်းခုံဖြစ်သနည်း။
ဣတိ၊ ဤသို့မေးတော်မူသော်။
ဘန္တေ၊ ဘုန်းတော်ကြီးသောဘုရား။
ဥဒကံ၊ ရေကို။
နိဿာယ၊ မှီ၍။
ကလဟော၊ ခိုက်ရန်ငြင်းခုံ ဖြစ်သတည်း။
ဣတိ၊ ဤသို့ နားတော်လျှောက်၏။
မဟာရာဇာနော
မဟာရာဇ (ဆဋ္ဌ)
၊ မြတ်သောမင်းတို့။
ဥဒကံ၊ ရေသည်။
ကိံ အဂ္ဃတိ၊ အတီမျှထိုက်သနည်း။
ဣတိ၊ ဤသို့မေးတော်မူသော်။
ဘန္တေ၊ မြတ်စွာဘုရား။
အပ္ပံ၊ အနည်းငယ်သာ ထိုက်၏။
ဣတိ၊ ဤသို့ လျှောက်၏။
မဟာရာဇာနော
မဟာရာဇ (ဆဋ္ဌ)
၊ မြတ်သောမင်းတို့။
ပထဝီ နာမ၊ မြေကြီးမည်သည်။
ကိံ အဂ္ဃတိ၊ အတီမျှထိုက်သနည်း။
ဣတိ၊ ဤသို့မေးတော်မူသော်။
ဘန္တေ၊ ဘုန်းတော်ကြီးသောဘုရား။
အနဂ္ဃါ၊ အဖိုးအနဂ္ဃထိုက်၏။
ဣတိ၊ ဤသို့ နားတော်လျှောက်၏။
ခတ္တိယာ၊ မင်းတို့သည်။
ကိံ အဂ္ဃန္တိ၊ အတီမျှထိုက်ကုန်သနည်း။
ဣတိ၊ ဤသို့မေးတော်မူသော်။
ဘန္တေ၊ ဘုန်းတော်ကြီးသောဘုရား။
ခတ္တိယာ နာမ၊ မင်းတို့မည်သည်။
အနဂ္ဃါ၊ အဖိုးအနဂ္ဃထိုက်ကုန်၏။
ဣတိ၊ ဤသို့ နားတော်လျှောက်၏။
မဟာရာဇာနော
မဟာရာဇ (ဆဋ္ဌ)
၊ မင်းများတို့။
အပ္ပမူလံ၊ အဖိုးအနည်းငယ်ထိုက်သော။
ဥဒကံ၊ ရေကို။
နိဿာယ၊ အမှီပြု၍။
ကိမတ္ထံ၊ အဘယ်အကျိုးငှာ။
အနဂ္ဃေ၊ အဖိုးအနဂ္ဃထိုက်ကုန်သော။
ခတ္တိယေ၊ မင်းတို့ကို။
နာသေထ၊ ဖျက်ဆီးကုန်အံံ့နည်း။
ကလဟေ၊ ခိုက်ရန်ငြင်းခုံခြင်း၌။
အဿာဒေါ နာမ၊ သက်သာရခြင်းမည်သည်။
နတ္ထိ၊ မရှိ။
မဟာရာဇာနော
မဟာရာဇ (ဆဋ္ဌ)
၊ မင်းများတို့။
ကလဟဝသေန၊ ငြင်းခုံခြင်းနှင့်စပ်သဖြင့်။
အဋ္ဌာနေ၊ အကြောင်းအရာမဟုတ်သည်၌။
ဝေရံကတွာ၊ ရန်ငြိုးထား၍။
ဧကာယ၊ တစ်ယောက်သော။
ရုက္ခဒေဝတာယ၊ ကြို့ပင်စောင့်နတ်သည်။
ကာဠသီဟေန၊ ဝံနှင့်။
သဒ္ဓိံ၊ တကွ။
ဗဒ္ဓါဃာတာ၊ ဖွဲ့အပ်သောရန်ငြိုးသည်။
သကလံ၊ အလုံးစုံသော။
ဣမံ ကပ္ပမ္ပိ၊ ဤတစ်ကမ္ဘာပတ်လုံးလည်း။
အနုပ္ပတ္တောယေဝ၊ ရောက်ဖူးသည်သာလျှင်တည်း။
ဣတိ ဝတွာ၊ ဤသို့မိန့်တော်မူ၍။
ဖန္ဒနဇာတကံ၊ ဖန္ဒနဇာတ်ကို။
ကထေသိ၊ ဟောတော်မူ၏။
တတော၊ ထိုနောက်မှ။
မဟာရာဇာနော
မဟာရာဇ (ဆဋ္ဌ)
၊ မင်းများတို့။
ပရပတ္တိယေန နာမ၊ သူယုတ်မာစကားကို လိုက်နာခြင်းမည်သည်။
န ဘဝိတဗ္ဗံ၊ မဖြစ်ရာ။
ဟိ၊ သင့်စွ။
ပရပတ္တိယာ၊ သူယုတ်မာစကားကို လိုက်နာသည်။
ဟုတွာ၊ ဖြစ်၍။
ဧကဿ သသဿ၊ တစ်ကောင်သောယုန်၏။
ကထာယ၊ စကားဖြင့်။
တိယောဇနသဟဿဝိတ္ထတေ၊ ယူဇနာသုံးထောင် အပြောကျယ်ပြန့်သော။
ဟိမဝန္တေ၊ ဟိမဝန်၌။
စတုပ္ပဒဂဏာ၊ အခြေလေးချောင်း သားအပေါင်းတို့သည်။
မဟာသမုဒ္ဒပက္ခန္ဒိနော၊ မဟာသမုဒ္ဒရာသို့ ပြေးဆင်းကုန်သည်။
အဟေသုံ၊ ဖြစ်ကုန်၏။
တသ္မာ၊ ထို့ကြောင့်။
ပရပတ္တိယေန၊ သူယုတ်မာစကားကို လိုက်နာခြင်းမည်သည်။
န ဘဝိတဗ္ဗံ၊ မဖြစ်ရာ။
ဣတိ ဝတွာ၊ ဤသို့မိန့်တော်မူ၍။
ပထဝိဥန္ဒြိယဇာတကံ
ပထဝီဥန္ဒြိယနဇာတကံ (ဆဋ္ဌ)
၊ ပထဝိဥန္ဒြိယဇာတ်ကို။
ကထေသိ၊ ဟောတော်မူ၏။
တတော၊ ထိုနောက်မှ။
မဟာရာဇာနော
မဟာရာဇ (ဆဋ္ဌ)
၊ မင်းများတို့။
ကဒါစိ၊ တစ်ရံတစ်ခါ။
ဒုဗ္ဗလောပိ၊ ခွန်အားနည်းသောသူသည်လည်း။
မဟာဗလဿ၊ ခွန်အားကြီးသောသူ၏။
ရန္ဓဝိဝရံ၊ အကြားအပေါက်ကို။
ပဿတိ၊ မြင်၏။
ကဒါစိ၊ တစ်ရံတစ်ခါ။
မဟာဗလော၊ ခွန်အားကြီးသောသူသည်။
ဒုဗ္ဗလဿ၊ နည်းသောအားရှိသောသူ၏။
ရန္ဓဝိဝရံ၊ အကြားအပေါက်ကို။
ပဿတိ၊ မြင်၏။
ဟိ၊ ဆိုသင့်၏။
လဋုကိကာပိ သကုဏိကာ၊ ဘီလုံးငှက်မ ငယ်သည်လည်း။
ဟတ္ထိနာဂံ၊ ဆင်ပြောင်ကို။
ဃာတေသိ၊ သတ်ရလေ၏။
ဣတိ၊ ဤသို့မိန့်တော်မူ၍။
လဋုကိကဇာတကံ၊ လဋုကိကဇာတ်ကို။
ကထေသိ၊ ဟောတော်မူ၏။
ဧဝံ၊ ဤသို့ဆိုပြီးသောနည်းဖြင့်။
ကလဟဝူပသမနတ္ထာယ၊ ခိုက်ရန်ငြင်းခုံခြင်း ကင်းငြိမ်းစိမ့်သောငှာ။
တီဏိ ဇာတကာနိ၊ သုံးပါးသော ဇာတ်တို့ကို။
ကထေတွာ၊ ဟောတော်မူ၍။
သာမဂ္ဂိပရိဒီပနတ္ထာယ၊ ညီညွတ်သောအဖြစ်ကို ပြခြင်းငှာ။
ဒွေ ဇာတကာနိ၊ နှစ်ဇာတ်တို့ကို။
ကထေသိ၊ ဟောတော်မူ၏။
ကထံ၊ အဘယ်သို့ ဟောတော်မူသနည်း။
ဟိ၊ သင့်စွ။
မဟာရာဇာနော
မဟာရာဇ (ဆဋ္ဌ)
၊ မင်းများတို့။
သမဂ္ဂါနံ၊ ညီညွတ်ကုန်သောသူတိို့အား။
ကောစိ၊ တစ်စုံတစ်ယောက်သောသူသည်။
ဩတာရံ နာမ၊ အခွင့်မည်သည်ကို။
ပဿိတုံ၊ မြင်ခြင်းငှာ။
န သက္ကောတိ၊ မတတ်နိုင်။
ဣတိ ဝတွာ၊ ဤသို့မိန့်တော်မူ၍။
ရုက္ခဓမ္မဇာတကံ၊ ရုက္ခဓမ္မဇာတ်ကို။
ကထေသိ၊ ဟောတော်မူ၏။
တတော၊ ထိုနောက်မှ။
မဟာရာဇာနော
မဟာရာဇ (ဆဋ္ဌ)
၊ မင်းများတို့။
သမဂ္ဂါနံ၊ အညီအညွန်ဖြစ်ကုန်သောသူတို့အား။
ကောစိ၊ တစ်စုံတစ်ယောက်သောသူသည်။
ဝိဝရံ၊ အကြားအပေါက်ကို။
ဒဿိတုံ၊ ကြည့်ခြင်းငှာ။
န သက္ခိ၊ မတတ်နိုင်။
ယဒါ ပန၊ အကြင်အခါ၌ကား။
အညမညံ၊ အချင်းချင်း။
ဝိဝါဒံ၊ ခိုက်ရန်ငြင်းခုံခြင်းကို။
အကံသု၊ ပြုကုန်၏။
အထ၊ ထိုခိုက်ရန်ငြင်းခုံပြုသော အခါ၌။
တေ၊ ထိုငုံးတို့ကို။
နေသာဒပုတ္တော၊ မုဆိုးသားသည်။
ဇီဝိတာ၊ အသက်မှ။
ဝေါရောပေတွာ၊ ချ၍။
အာဒါယ၊ ယူ၍။
ဂတော၊ သွားဖူးလေ၏။
ဣတိ၊ ဤသို့။
ဝိဝါဒေ၊ ခိုက်ရန်ငြင်းခုံပြုခြင်း၌။
အဿာဒေါ နာမ၊ သာယာခြင်းမည်သည်။
နတ္ထိ၊ မရှိ။
ဣတိ ဝတွာ၊ ဤသို့မိန့်တော်မူ၍။
ဝဋ္ဋကဇာတကံ၊ ဝဋ္ဋကဇာတ်ကို။
ကထေသိ၊ ဟောတော်မူ၏။
ဧဝံ၊ ဤသို့။
(ဣမာနိ (ဆဋ္ဌ))
ပဉ္စ ဇာတကာနိ၊ ငါးဇာတ်တို့ကို။
ကထေတွာ၊ ဟောတော်မူ၍။
အဝသာနေ၊ အဆုံး၌။
အတ္တဒဏ္ဍသုတ္တံ၊ အတ္တဒဏ္ဍသုတ်ကို။
ကထေသိ၊ ဟောတော်မူ၏။
ရာဇာနော၊ မင်းမျိုးတို့သည်။
ပသန္နာ၊ ကြည်ညိုကြကုန်သည်ဖြစ်၍။
သတ္ထာ၊ မြတ်စွာဘုရားသည်။
သစေ နာဂမိဿ၊ အကယ်၍ ကြွတော်မမူလာချေအံ့။
ဧဝံ သတိ၊ ဤသို့ ကြွတော်မမူလာချေသော်။
မယံ၊ ငါတို့သည်။
သဟတ္ထာ၊ မိမိလက်ဖြင့်။
အညမညံ၊ အချင်းချင်း။
ဝဓိတွာ၊ သတ်ဖြတ်၍။
လောဟိတနဒိံ၊ သွေးချောင်းစီးသည်ကို။
ပဝတ္တယိဿာမ၊ ဖြစ်စေကုန်ရာ၏။
အမှာကံ၊ ငါတို့၏။
ပုတ္တဘာတရော စ၊ သားညီနောင်တို့ကိုလည်း။
ဂေဟဒွါရေ၊ အိမ်တံခါး၌။
န ပဿေယျာမ၊ မမြင်ရလေကုန်အံ့။
နော၊ ငါတို့အား။
သာသနပဋိသာသနမ္ပိ၊ သတင်းဆက်ခါ စေပါးတုံ့ခေါက်စကားကိုလည်း။
အာဟရဏကော၊ ဆောင်ယူသွားမည့်သူသည်။
နာဘဝိဿ၊ မဖြစ်ရာပြီ။
သတ္ထာရံ၊ မြတ်စွာဘုရားကို။
နိဿာယ၊ မှီ၍။
နော၊ ငါတို့အား။
ဇီဝိတံ၊ အသက်ကို။
လဒ္ဓံ၊ ရအပ်၏။
သတ္ထာ၊ မြတ်စွာဘုရားသည်။
အဂါရံ၊ အိမ်ကို။
သစေ ပန အဇ္ဈာဝသိဿတိ
အဇ္ဈာဝသိဿ (ဆဋ္ဌ)
၊ အကယ်၍စိုးအုပ်လျက် နေတော်မူသည်ဖြစ်အံ့။
အဿ၊ ထိုမြတ်စွာဘုရားအား။
ဒီပသဟဿဒွယပရိဝါရံ၊ ကျွန်းငယ်နှစ်ထောင် အရံရှိသော။
စတုမဟာဒီပရဇ္ဇံ၊ ကျွန်းကြီးလေးကျွန်း၌ဖြစ်သော မင်းစည်းစိမ်သည်။
ဟတ္ထဂတံ၊ လက်သို့ရောက်သည်။
အဘဝိဿ၊ ဖြစ်ရာ၏။
ခေါ ပန၊ စင်စစ်။
အဿ၊ ထိုမြတ်စွာဘုရားအား။
အတိရေကသဟဿံ၊ တစ်ထောင်မကကုန်သော။
ပုတ္တာ၊ သားတို့သည်။
အဘဝိဿံသု၊ ဖြစ်ကုန်ရာ၏။
တတော၊ ထို့ကြောင့်။
ခတ္တိယပရိဝါရော၊ မင်းအပေါင်းခြံရံခြင်းရှိသည်ဖြစ်၍။
အစရိဿ
အဝိစရိဿ (ဆဋ္ဌ)
၊ ကြွတော်မူရရာ၏။
ခေါ ပန၊ စင်စစ်မူကား။
ဧသ၊ ဤမြတ်စွာဘုရားသည်။
တံ သမ္ပတ္တိံ၊ ထိုစကြာဝတေးမင်းစည်းစိမ်ကို။
ပဟာယ၊ ပယ်စွန့်လျက်။
နိက္ခမိတွာ၊ တောထွက်၍။
သမ္ဗောဓိံ၊ သဗ္ဗညုဘုရားအဖြစ်သို့။
ပတ္တော၊ ရောက်တော်မူ၏။
ဣဒါနိပိ၊ ဘုရားအဖြစ်သို့ ရောက်တော်မူသော ဤအခါ၌လည်း။
ခတ္တိယပရိဝါရောယေဝ၊ မင်းပရိသတ်အခြံအရံ ရှိသည်ဖြစ်၍သာလျှင်။
ဝိစရတူတိ၊ ကြွလာတော်မူစေသောဟု။
ဥဘယနဂရဝါသိနော၊ နှစ်ပြည်ထောင်နေမင်းတို့သည်။
အဍ္ဎတိယာနိ အဍ္ဎတိယာနိ၊ အခွဲလျှင်သုံးခုမြောက်စီ အခွဲလျှင်သုံးခုမြောက်စီ ဖြစ်ကုန်သော။
ကုမာရသတာနိ၊ မင်းသားအရာတို့ကို။
အဒံသု၊ လှူကြကုန်၏။
ဘဂဝါပိ၊ မြတ်စွာဘုရားသည်လည်း။
တေ၊ ထိုမင်းသားတို့ကို။
ပဗ္ဗဇိတွာ
ပဗ္ဗာဇေတွာ (ဆဋ္ဌ)
၊ ရဟန်းပြုပေးတော်မူ၍။
မဟာဝနံ၊ မဟာဝုန်တောကြီးသို့။
အဂမာသိ၊ ကြွတော်မူ၏။
ဂရုဂါရဝေန၊ ဘုရားသခင်ကို ရိုသေသောအားဖြင့်။
န အတ္တနော ရုစိယာ၊ မိမိတို့အလိုမဟုတ်ဘဲ။
ပဗ္ဗဇိတာနံ၊ ရဟန်းပြုရကုန်သော။
တေသံ၊ ထိုငါးရာသော မင်းသားရဟန်းတို့အား။
အနဘိရတိ၊ မမွေ့လျော်ခြင်းသည်။
ဥပ္ပဇ္ဇိ၊ ဖြစ်၏။
တေသံ၊ ထိုငါးရာသော ရဟန်းတို့၏။
ပုရာဏဒုတိယိကာယောပိ၊ မယားဟောင်းတို့သည်လည်း။
အယျပုတ္တာ၊ အရှင့်သားတို့သည်။
ဥက္ကဏ္ဌန္တု၊ ဆန့်ကျင်ပျင်းရိစေကုန်သတည်း။
ဃရာဝါသော၊ အိမ်ရာများသည်။
န သဏ္ဌာတိ၊ ကောင်းစွာမတည်။
ဣတိအာဒီနိ၊ ဤသို့စသောစကားတို့ကို။
ဝတွာ၊ မှာဆို၍။
သာသနံ၊ သဝန်ဆက်စာကို။
ပေသေန္တိ၊ စေကုန်၏။
တေ၊ ထိုရဟန်းဖြစ်သော မင်းသားတို့သည်။
အတိရေကတရံ၊ အတိုင်းထက်အလွန်။
ဥက္ကဏ္ဌိံသု၊ ဆန့်ကျင်ပျင်းရိကုန်၏။
ဘဂဝါ၊ မြတ်စွာဘုရားသည်။
အာဝဇ္ဇေန္တော၊ ဆင်ခြင်တော်မူလတ်သော်။
တေသံ၊ ထိုငါးရာသောရဟန်းတို့၏။
အနဘိရတိဘာဝံ၊ မမွေ့လျော်သောအဖြစ်ကို။
ဉတွာ၊ သိတော်မူ၍။
ဣမေ ဘိက္ခူ၊ ဤရဟန်းတို့သည်။
မာဒိသေန၊ ငါကဲ့သို့သဘောရှိသော။
ဗုဒ္ဓေန၊ ဘုရားနှင့်။
သဒ္ဓိံ၊ အတူတကွ။
ဧကတော၊ တစ်ပေါင်းတည်း။
ဝသန္တာ၊ နေရကုန်လျက်။
ဥက္ကဏ္ဌန္တိ၊ ဆန့်ကျင်ကုန်၏။
ဟန္ဒ၊ ယခု။
နေသံ၊ ထိုရဟန်းတို့အား။
ကုဏာလဒဟဿ၊ ကုဏာလအိုင်၏။
ဝဏ္ဏံ၊ ကျေးဇူးကို။
ကထေတွာ၊ ဆို၍။
တတ္ထ၊ ထိုကုဏာလအိုင်သို့။
နေတွာ၊ ဆောင်၍။
အနဘိရတိံ၊ မမွေ့လျော်ခြင်းကို။
ဝိနောဒေမိ၊ ဖျောက်အံ့။
ဣတိ၊ ဤသို့ကြံတော်မူ၍။
ကုဏာလဒဟဿ၊ ကုဏာလအိုင်၏။
ဝဏ္ဏံ၊ ကျေးဇူးကို။
ကထေသိ၊ ဆိုတော်မူ၏။
တေ၊ ထိုငါးရာသောရဟန်းတို့သည်။
တံ၊ ထိုကုဏာလအိုင်ကို။
ဒဋ္ဌုကာမာ၊ ရှုမြင်လိုကုန်သည်။
အဟေသုံ၊ ဖြစ်ကုန်၏။
ဘိက္ခဝေ၊ ရဟန်းတို့။
ကုဏာလဒဟံ၊ ကုဏာလအိုင်ကို။
ဒဋ္ဌုကာမာ၊ ရှုမြင်ကုန်သည်။
အတ္ထ၊ ဖြစ်ကြကုန်သလော။
ဣတိ၊ ဤသို့ မေးတော်မူသော်။
ဘဂဝါ၊ မြတ်စွာဘုရား။
အာမ၊ ရှုမြင်ချင်ပါကုန်၏။
ဣတိ၊ ဤသို့တင်လျှောက်ကြကုန်၏။
ယဒိ၊ အကယ်၍ ရှုမြင်လိုကြကုန်သသည် ဖြစ်အံ့။
ဧဝံ၊ ဤသို့ ရှုမြင်လိုကြကုန်သည်ရှိသော်။
ဧထ၊ လိုက်ခဲ့ကြကုန်။
ဂစ္ဆာမ၊ ငါ ကြွတော်မူအံ့။
ဣတိ၊ ဤသို့မိန့်တော်မူသော်။
ဘဂဝါ၊ မြတ်စွာဘုရား။
ဣဒ္ဓိမန္တာနံ၊ တန်ခိုးဣဒ္ဓိရှိပေကုန်သောသူတို့၏။
ဂမနဋ္ဌာနံ၊ သွားရာအရပ်တည်း။
မယံ၊ အကျွန်ုပ်တို့သည်။
ကထံ၊ အဘယ်သို့လျှင်။
ဂမိဿာမ၊ ရောက်နိုင်ပါကုန်အံ့နည်း။
ဣတိ၊ ဤသို့ တင်လျှောက်ကုန်၏။
တုမှေ၊ သင်တို့သည်။
ဂန္တုကာမာ၊ နောက်တော်လိုက်လိုကုန်သည်။
ဟောထ၊ ဖြစ်ကြကုန်လော။
မမာနုဘာဝေန၊ ငါ၏တန်ခိုးအာနုဘော်ဖြင့်။
ဂဟေတွာ၊ ဆောင်ယူ၍။
အဟံ၊ ငါဘုရားသည်။
ဂမိဿာမိ၊ ကြွတော်မူအံ့။
ဣတိ၊ ဤသို့ မိန့်တော်မူသော်။
ဘန္တေ၊ မြတ်စွာဘုရား။
သာဓု၊ ကောင်းပါပြီ။
ဣတိ၊ ဤသို့ တင်လျှောက်ကုန်၏။
ဘဂဝါ၊ မြတ်စွာဘုရားသည်။
ပဉ္စ ဘိက္ခုသတာနိ၊ ငါးရာသော ရဟန်းတို့ကို။
ဂဟေတွာ၊ ဆောင်ယူတော်မူ၍။
အာကာသေ၊ ကောင်းကင်၌။
ဥပ္ပတိတွာ၊ ပျံတက်တော်မူ၍။
ကုဏာလဒဟေ၊ ကုဏာလအိုင်၌။
ပတိဋ္ဌာယ၊ တည်ရပ်တော်မူ၍။
တေ ဘိက္ခူ၊ ထိုရဟန်းတို့ကို။
အာဟ၊ မိန့်တော်မူ၏။
ကိံ အာဟ၊ အဘယ်သို့ မိန့်တော်မူသနည်း။
ဘိက္ခဝေ၊ ရဟန်းတို့။
ဣမသ္မိံ ကုဏာလဒဟေ၊ ဤကုဏာလအိုင်၌။
ယေသံ မစ္ဆာနံ၊ အကြင်ငါးတို့၏။
နာမံ၊ အမည်ကို။
န ဇာနာထ၊ မသိကြအံ့။
မမံ၊ ငါဘုရားကို။
ပုစ္ဆထ၊ မေးကြကုန်လော့။
ဣတိ၊ ဤသို့။
အာဟ၊ မိန့်တော်မူ၏။
တေ၊ ထိုရဟန်းတို့သည်။
ပုစ္ဆိံသု၊ မေးလျှောက်ကုန်၏။
ဘဂဝါ၊ မြတ်စွာဘုရားသည်။
ပုစ္ဆိတံ ပုစ္ဆိတံ၊ မေးလျှောက်တိုင်း မေးလျှောက်တိုင်း။
ကထေသိ၊ ဖြေတော်မူ၏။
ကေဝလဉ္စ၊ စင်စစ်ကား။
မစ္ဆာနံယေဝ၊ ငါးတို့၏သာလျှင်။
နာမာနိ၊ အမည်တို့ကို။
န ကထေသိ၊ ဖြေတော်မူသည်မဟုတ်။
တသ္မိံ ဝနသဏ္ဍေ၊ ထိုတောအုပ်၌။
ရုက္ခာနမ္ပိ၊ သစ်ပင်တို့၏လည်းကောင်း။
ပဗ္ဗတပါဒေ၊ တောင်ခြေ၌။
ဒွိပဒစတုပ္ပဒသကုဏာနမ္ပိ၊ အခြေနှစ်ချောင်း အခြေလေးချောင်းရှိသောသား, ငှက်တို့၏လည်းကောင်း။
နာမာနိ၊ အမည်တို့ကို။
ပုစ္ဆာပေတွာ၊ မေးစေ၍။
ကထေသိ၊ ဖြေတော်မူ၏။
အထ၊ ထိုအခါ၌။
ဒွီဟိသကုဏေဟိ၊ နှစ်ခုကုန်သော ဥဩငှက်မတို့သည်။
မုခတုဏ္ဍကေန၊ နှုတ်သီးဖြင့်။
ဍံသိတွာ၊ ကိုက်၍။
ဂဟိတဒဏ္ဍကေ၊ ယူအပ်သောလှံဒန်၌။
နိသိန္နော၊ နေလျက်။
ကုဏာလသကုဏရာဇာ၊ ကုဏာလမည်သော ဥဩငှက်မင်းသည်။
ပုရတော၊ ရှေ့မှလည်းကောင်း။
ပစ္ဆတော၊ နောက်မှလည်းကောင်း။
ဥဘောသု ပဿေသု
ဥဘောသု စ ပဿေသု (ဆဋ္ဌ)
၊ အောက်ထပ်ဘယ်ညာ ဝဲယာနှက်ဖက်တို့၌လည်းကောင်း။
သကုဏသံဃပရိဝုတော၊ ဥဩငှက်အပေါင်း သောင်းသောင်းဝန်းရံလျက်။
အာဂစ္ဆတိ၊ လာ၏။
ဘိက္ခူ၊ ရဟန်းတို့သည်။
တံ၊ ထိုဥဩငှက်မင်းကို။
ဒိသွာ၊ မြင်ကုန်၍။
ဘန္တေ၊ မြတ်စွာဘုရား။
ဧသ၊ ဤအပေါင်းဝန်းရံသောငှက်သည်။
ဣမေသံ သကုဏာနံ၊ ဤငှက်အပေါင်းတို့၏။
ရာဇာ၊ မင်းသည်။
ဘဝိဿတိ၊ ဖြစ်လတ္တံ့တည်း။
ဧတေ၊ ထိုအခြံအရံငှက်တို့သည်။
ဧတဿ၊ ထိုငှက်မင်း၏။
ပရိဝါရာ၊ သင်းပင်းခြွေရံတို့သည်။
ဘဝိဿန္တိ၊ ဖြစ်ကုန်လတ္တံ့။
ဣတိ၊ ဤသို့။
မညေမ
မညာမ (ဆဋ္ဌ)
၊ အကျွန်ုပ်တို့ ထင်မှတ်ကုန်၏။
ဣတိ၊ ဤသို့။
အဝေါစုံ၊ တင်လျှောက်ကုန်၏။
ဘိက္ခဝေ၊ ရဟန်းတို့။
ဧတံ၊ ဤစကားသည်။
ဧဝံ၊ သင်တို့ထင်တိုင်းမှန်၏။
အယမ္ပိ၊ ဤငှက်မင်းသည်လည်း။
မမေဝ၊ ငါဘုရား၏သာလျှင်။
ဝံသော၊ အနွယ်တည်း။
မမ၊ ငါဘုရား၏သာလျှင်။
ပဝေဏီ၊ အစဉ်အဆက်တည်း။
ဣတိ၊ ဤသို့ မိန့်တော်မူ၏။
ဘန္တေ၊ မြတ်စွာဘုရား။
ဣဒါနိ၊ ယခုအခါ၌။
မယံ၊ အကျွန်ုပ်တို့သည်။
ဧတေ သကုဏေ၊ ထိုငှက်တို့ကို။
တာဝ ပဿာမ၊ မြင်ရပါကုန်ပြီ။
ဘဂဝါ၊ မြတ်စွာဘုရားသည်။
အယမ္ပိ မမေဝ ဝံသော မမ ပဝေဏီတိ၊ အယမ္ပိ မမေဝ ဝံသော မမ ပဝေဏီဟူ၍။
ယံ ပန၊ အကြင်စကားတော်ကိုကား။
အာဟ၊ မိန့်ဆိုတော်မူ၏။
တံ၊ ထိုစကားတော်ကို။
သောတုကာမမှ၊ ကြားနာပါလိုကုန်၏။
ဣတိ၊ ဤသို့။
အဝေါစုံ၊ တင်လျှောက်ကုန်၏။
ဘိက္ခဝေ၊ ရဟန်းတို့။
သောတုကာမာ၊ ကြားနာလိုကြကုန်သည်။
အတ္ထ၊ ဖြစ်ကြကုန်၏လော။
ဣတိ၊ ဤသို့ မေးတော်မူသည်ရှိသော်။
ဘဂဝါ၊ မြတ်စွာဘုရား။
အာမ၊ ဪကြားနာလိုပါကုန်၏။
ဣတိ၊ ဤသို့ တင်လျှောက်ကုန်သည်ရှိသော်။
တေန ဟိ၊ ထိုသို့တပြီးကား။
သုဏာထ၊ နာကြကုန်လော။
ဣတိ၊ ဤသို့ နာကြားခြင်း၌ တိုက်တွန်းတော်မူ၍။
(တီဟိ (ဆဋ္ဌ))
ဂါထာသတေဟိ၊ ဂါထာအရာတို့ဖြင့်။
မဏ္ဍေတွာ၊ တန်ဆာဆင်၍။
ကုဏာလဇာတကံ၊ ကုဏာလဇာတ်ကို။
ကထေန္တော၊ ဟောတော်မူသည်ဖြစ်၍။
အနဘိရတိံ၊ မမွေ့လျော်ခြင်းကို။
ဝိနောဒေသိ၊ ဖျောက်တော်မူ၏။
ဒေသနာပရိယောသာနေ၊ ဒေသနာတော်၏အဆုံး၌။
သဗ္ဗေပိ၊ အလုံးစုံကုန်သော ရဟန်းတို့သည်လည်း။
သောတာပတ္တိဖလေ၊ သောတာပတ္တိဖိုလ်၌။
ပတိဋ္ဌဟိံသု၊ တည်ကုန်၏။
မဂ္ဂေနေဝ စ၊ မဂ်ဖြင့်သာလျှင်လည်း။
နေသံ၊ ထိုငါးရာသော ရဟန်းတို့အား။
ဣဒ္ဓိပိ၊ တန်ခိုးသည်လည်း။
အာဂတာ၊ ရောက်လာ၏။
ဘဂဝါ၊ မြတ်စွာဘုရားသည်။
တေသံ ဘိက္ခူနံ၊ ထိုရဟန်းတို့အား။
ဧတ္တကံ၊ ဤမျှသောမဂ်ဖိုလ်သည်။
တာဝ ဟောတု၊ ဖြစ်နှင့်စေဦးတော့။
ဣတိ၊ ဤသို့ကြံတော်မူ၍။
အာကာသေ၊ ကောင်းကင်၌။
ဥပ္ပတိတွာ၊ ပျံတက်တော်မူ၍။
မဟာဝနမေဝ၊ မဟာဝုန်တောကြီးသို့သာလျှင်။
အဂမာသိ၊ ကြွရောက်တော်မူ၏။
တေပိ ဘိက္ခူ၊ ထိုငါးရာသော ရဟန်းတို့သည်လည်း။
ဂမနကာလေ၊ သွားသောကာလ၌။
ဒသဗလဿ၊ မြတ်စွာဘုရား၏။
အာနုဘာဝေန၊ အာနုဘော်တော်ဖြင့်။
ဂန္တွာ၊ သွားကုန်၏။
အာဂမနကာလေ၊ ပြန်သောအခါ၌။
အတ္တနော၊ မိမိ၏။
အာနုဘာဝေန၊ တန်ခိုးအာနုဘော်ဖြင့်။
ဘဂဝန္တံ၊ မြတ်စွာဘုရားကို။
ပရိဝါရေတွာ၊ ခြံရံ၍။
မဟာဝနေ၊ မဟာဝုန်တောကြီး၌။
ဩတရိံသု၊ သက်ကုန်၏။
ဘဂဝါ၊ မြတ်စွာဘုရားသည်။
ပညတ္တာသနေ၊ ခင်းအပ်သောနေရာ၌။
နိသီဒိတွာ၊ နေတော်မူလျက်။
တေ ဘိက္ခူ၊ ထိုရဟန်းတို့ကို။
အာမန္တေတွာ၊ ခေါ်တော်မူ၍။
ဘိက္ခဝေ၊ ရဟန်းတို့။
ဧထ၊ လာကြကုန်လော့။
နိသီဒထ၊ ထိုင်ကြကုန်လော။
ဝေါ၊ သင်တို့အား။
ဥပရိမဂ္ဂတ္တယဝဇ္ဈာနံ၊ အထက်မဂ်သုံးပါးအပေါင်းသည် သတ်အပ်ကုန်သော။
ကိလေသာနံ၊ ကိလေသာတို့၏။
ကမ္မဋ္ဌာနံ၊ ကမ္မဋ္ဌာန်းကို။
ကထေဿာမိ၊ ဟောတော်မူအံ့။
ဣတိ၊ ဤသို့မိန့်တော်မူ၍။
ကမ္မဋ္ဌာနံ၊ ကမ္မဋ္ဌာန်းကို။
ကထေသိ၊ ဟောတော်မူ၏။
ဘိက္ခူ၊ ရဟန်းတို့သည်။
စိန္တယိံသု၊ ကြံကြကုန်၏။
ကိံ စိန္တယိံသု၊ အဘယ်သို့ ကြံကြကုန်သနည်း။
ဘဂဝါ၊ မြတ်စွာဘုရားသည်။
အမှာကံ၊ ငါတို့၏။
အနဘိရတဘာဝံ၊ မမွေ့လျော်သောအဖြစ်ကို။
ဉ တွာ၊ သိတော်မူ၍။
ကုဏာလဒဟံ၊ ကုဏာလအိုင်သို့။
နေတွာ၊ ဆောင်တော်မူ၍။
အနဘိရတိံ၊ မမွေ့လျော်ခြင်းကို။
ဝိနာဒေသိ၊ ဖျောက်တော်မူ၏။
တတ္ထ၊ ထိုကုဏာလအိုင်၌။
သောတာပတ္တိဖလံ၊ သောတာပတ္တိဖိုလ်သို့။
ပတ္တာနံ၊ ရောက်ကုန်သော။
နော၊ ငါတို့အား။
ဣဒါနိ၊ ယခုအခါ၌။
ဣဓ၊ ဤမဟာဝုန်တော၌။
တိဏ္ဏံ မဂ္ဂါနံ၊ အထက်မဂ်သုံးပါးတို့၏။
ကမ္မဋ္ဌာနံ၊ ကမ္မဋ္ဌာန်းကို။
အဒါသိ၊ ပေးတော်မူ၏။
ခေါ ပန၊ စင်စစ်ကား။
အမှေဟိ၊ ငါတို့သည်။
မယံ၊ ငါတို့သည်။
သောတာပန္နာ၊ သောတာပတ္တိဖိုလ်သို့ ရောက်ကုန်ပြီ။
ဣတိ၊ ဤသို့။
ဝီတိနာမေတုံ၊ ကာလကိုလွန်စေခြင်းငှာ။
န ဝဋ္ဋတိ၊ မသင့်လျော်။
ပုရိသသဒိသေဟိ
ပုရိသပုရိသေဟိ (ဆဋ္ဌ)
၊ ယောက်ျားဟုတ်ဟုတ် အားထုတ်စွန့်စားသဖြင့် ယောက်ျားမြတ်တို့နှင့်တူကုန်သည်။
နော၊ ငါတို့အား။
ဘဝိတုံ၊ ဖြစ်ခြင်းငှာ။
ဝဋ္ဋတိ၊ သင့်လျော်၏။
ဣတိ၊ ဤသို့။
စိန္တယိံသု၊ ကြံကြကုန်၏။
တေ၊ ထိုရဟန်းငါးရာတို့သည်။
ဒသဗလဿ၊ မြတ်စွာဘုရား၏။
ပါဒေ၊ ခြေတော်တို့ကို။
ဝန္ဒိတွာ၊ ရှိခိုးကြကုန်၍။
ဥဋ္ဌာယ၊ ထလတ်၍။
နိသီဒနံ၊ နိသီဒိုင်ကို။
ပပ္ဖေါဋေတွာ၊ ခါ၍။
ဝိသုံ ဝိသုံ၊ အသီးသီး။
ပဗ္ဘာရရုက္ခမူလေသု၊ တောင်ဝှမ်း, သစ်ပင်ရင်းတို့၌။
နိသီဒိံသု၊ နေကုန်၏။
ဘဂဝါ၊ မြတ်စွာဘုရားသည်။
စိန္တေသိ၊ ဆင်ခြင်တော်မူ၏။
ကိံ စိန္တေသိ၊ အဘယ်သို့ ဆင်ခြင်တော်မူသနည်း။
ဣမေ ဘိက္ခူ၊ ဤရဟန်းတို့သည်။
ပကတိယာပိ၊ ပြကတေ့အားဖြင့်လည်း။
အဝိဿဋ္ဌကမ္မန္တာ
အဝိသဋ္ဌကမ္မဋ္ဌာနာ (ဆဋ္ဌ)
၊ မစွန့်လွှတ်သောရဟန်းတို့၏အမှု ရှိကုန်၏။
ပန၊ စင်စစ်။
လဒ္ဓုပါယဿ၊ ရအပ်သော အကြောင်းရှိသော။
ဘိက္ခုနော၊ ရဟန်းအား။
ကိလမနကာရဏံ နာမ၊ ပင်ပန်းခြင်း၏ အကြောင်းမည်သည်။
နတ္ထိ၊ မရှိ။
ဂစ္ဆန္တာ ဂစ္ဆန္တာ စ၊ ရောက်ရာ ရောက်ရာအရပ်မှလည်း။
ဝိပဿနံ၊ ဝိပဿနာကို။
ပဋ္ဌပေတွာ
ဝဍ္ဎေတွာ (ဆဋ္ဌ)
၊ ဖြစ်စေ၍။
အရဟတ္တံ၊ အရဟတ္တဖိုလ်သို့။
ပတွာ၊ ရောက်၍။
အတ္တနာ အတ္တနာ
အတ္တနာ (ဆဋ္ဌ)
၊ ကိုယ်စီ ကိုယ်စီ။
ပဋိဝိဒ္ဓဂုဏံ၊ ထိုးထွင်း၍သိအပ်သော အရဟတ္တဖိုလ်ကျေးဇူးကို။
အာရောစေဿာမာတိ၊ ကြားကုန်အံ့ဟု။
မမ၊ ငါဘုရား၏။
သန္တိကံ၊ အထံတော်သို့။
အာဂမိဿန္တိ၊ လာကြကုန်လတ္တံ့။
ဧတေသု၊ ထိုရဟန်းတို့သည်။
အာဂတေသု၊ လာကုန်သည်ရှိသော်။
ဒသသဟဿစက္ကဝါဠဒေဝတာ၊ တစ်သောင်းသော စကြာဝဠာ၌ နေကုန်သောနတ်တို့သည်။
ဧကစက္ကဝါဠေ၊ တစ်ခုတည်းသော စကြာဝဠာ၌။
သန္နိပတိဿန္တိ၊ စည်းဝေးကုန်လတ္တံ့။
မဟာသမယော၊ များစွာသောအပေါင်းသည်။
ဘဝိဿတိ၊ ဖြစ်လတ္တံ့။
ဝိဝိတ္တေ ဩကာသေ၊ ဆိတ်ငြိမ်ရာအရပ်၌။
မယာ၊ ငါဘုရားသည်။
နိသီဒိတုံ၊ နေတော်မူခြင်းငှာ။
ဝဋ္ဋတိ၊ သင့်၏။
ဣတိ၊ ဤသို့။
စိန္တေသိ၊ ဆင်ခြင်တော်မူ၏။
တတော၊ ထိုနောက်မှ။
ဝိဝိတ္တေ ဩကာသေ၊ ဆိတ်ငြိမ်ရာအရပ်၌။
ဗုဒ္ဓါသနံ၊ ဘုရားနေရာကို။
ပညာပေတွာ၊ ခင်းစေ၍။
နိသီဒိ၊ နေတော်မူ၏။
သဗ္ဗပဌမံ၊ ခပ်သိမ်းသောရဟန်းတို့၏ ရှေးဦးစွာ။
ကမ္မဋ္ဌာနံ၊ ကမ္မဋ္ဌာန်းကို။
ဂဟေတွာ၊ ယူတော်မူ၍။
ဂတတ္ထေရော၊ ကြွသွားသောမထေရ်သည်။
သဟ ပဋိသမ္ဘိဒါဟိ၊ ပဋိသမ္ဘိဒါလေးပါးတို့နှင့်တကွ။
အရဟတ္တံ၊ အရဟတ္တဖိုလ်သို့။
ပါပုဏိ၊ ရောက်၏။
တတော၊ ထိုမထေရ်နောက်မှ။
အပရော၊ တစ်ယောက်သောမထေရ်သည်။
တတော၊ ထိုမထေရ်နောက်မှ။
အပရော၊ တစ်ယောက်သောမထေရ်သည်။
ဣတိ၊ ဤသို့သောအပြားအားဖြင့်။
ပဉ္စသတာပိ၊ ငါးရာသောမထေရ်တို့သည်လည်း။
ပဒုမိနိယံ၊ ပဒုမ္မာကြာတော၌။
ပဒုမာနိ ဝိယ၊ ပဒုမ္မာအငုံတို့ကဲ့သို့။
ဝိကသိံသု၊ ပွင့်ကုန်၏။
သဗ္ဗပဌမံ၊ ခပ်သိမ်းသောရဟန်းတို့၏ ရှေးဦးစွာ။
အရဟတ္တံ၊ အရဟတ္တဖိုလ်သို့။
ပတ္တဘိက္ခု၊ ရောက်သောရဟန်းသည်။
ဘဂဝတော၊ မြတ်စွာဘုရားအား။
အာရောစေဿာမီတိ၊ ကြားလျှောက်အံ့ဟု။
ပလ္လင်္ကံ၊ ထက်ဝယ်တင်ပျဉ်ကို။
ဝိနိဘုဇိတွာ
ဝိနိဗ္ဘုဇိတွာ (ဆဋ္ဌ)
၊ ဖြေ၍။
နိသီဒနံ၊ နိသီဒိုင်ကို။
ပပ္ဖေါဋေတွာ၊ ခါလျက်။
ဥဋ္ဌာယ၊ ထလတ်၍။
ဒသဗလာဘိမုခေါ၊ မြတ်စွာဘုရားသို့ရှေးရှု။
အဟောသိ၊ ဖြစ်၏။
ဧဝံ၊ ဤအတူ။
အပရောပိ၊ တစ်ယောက်သော ရဟန်းသည်လည်း။
အပရောပိ၊ တစ်ယောက်သော ရဟန်းသည်လည်း။
ဣတိ၊ ဤသို့။
ပဉ္စသတာ၊ ရဟန်းငါးရာတို့သည်။
ဘတ္တသာလံ၊ ဆွမ်းစားစရပ်သို့။
ပဝိသန္တာ ဝိယ၊ ဝင်ကုန်သကဲ့သို့။
ပဋိပါဋိယာဝ၊ အစဉ်အတိုင်းသာလျှင်။
အာဂမိံသု၊ ကြွရောက်လာကုန်၏။
ပဌမံ၊ ရှေးဦးစွာ။
အာဂတော၊ ရောက်သောရဟန်းသည်။
ဝန္ဒိတွာ၊ ရှိခိုး၍။
နိသီဒနံ၊ နိသီဒိုင်ကို။
ပညာပေတွာ၊ ခင်း၍။
ဧကမန္တံ၊ တင့်အပ်လျောက်ပတ်သောအရပ်၌။
နိသီဒိတွာ၊ ထိုင်၍။
ပဋိဝိဒ္ဓံ၊ ထိုးထွင်းလျက်သိအပ်သော။
ဂုဏံ၊ အရဟတ္တဖိုလ်ကျေးဇူးကို။
အာရောစေတုကာမော၊ ကြားလျှောက်လို၍။
အညော၊ တပါးသော။
ကောစိ၊ တစ်စုံတစ်ယောက်သောသူသည်။
အတ္ထိ နု ခေါ၊ ရှိသလော။
နတ္ထိ၊ မရှိသလော။
ဣတိ၊ ဤသို့အောက်မေ့ကြံလျက်။
နိဝတ္တေတွာ၊ ပြန်လှည့်၍။
အာဂတမဂ္ဂံ၊ လာရာခရီးသို့။
ဩလောကေန္တော၊ ကြည့်လတ်သော်။
(အပရမ္ပိ အဒ္ဒသ (ဆဋ္ဌ))
အပရမ္ပိ၊ တပါးသောမထေရ်ကိုလည်း။
အဒ္ဒသယေဝ၊ မြင်သည်သာလျှင်တည်း။
ဣတိ၊ ဤသို့။
တေ သဗ္ဗေပိ၊ ထိုရဟန်းငါးရာ အားလုံးတို့သည်လည်း။
အာဂန္တွာ၊ ရောက်ကုန်၍။
ဧကမန္တံ၊ တင့်အပ်လျောက်ပတ်သောအရပ်၌။
နိသီဒိတွာ၊ နေကုန်၍။
အယံ၊ ဤရှေးဦးရောက်သောရဟန်းသည်။
ဣမဿ၊ ဤနောက်ရောက်လာသောရဟန်းအား။
ဟရာယမာနော၊ ရှက်နိုးရွံ့စိုးခဲ့ရကား။
န ကထေသိ၊ မလျှောက်ကြား။
(အယံ ဣမဿ ဟရာယမာနော န ကထေသိ (ဆဋ္ဌ))
ကိရ၊ ထင်စေဦးအံ့။
ခီဏာသဝါနံ၊ ရဟန္တာတို့အား။
ဒွေ၊ နှစ်ပါးကုန်သော။
အာကာရာ၊ အကြောင်းတို့သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။
မယာ၊ ငါသည်။
ပဋိဝိဒ္ဓဂုဏံ၊ ထိုးထွင်း၍သိအပ်သော အရဟတ္တဖိုလ်ကျေးဇူးကို။
သဒေဝကော၊ နတ်နှင့်တကွသော။
လောကော၊ လူအပေါင်းသည်။
ခိပ္ပမေဝ၊ လျင်စွာသာလျှင်။
အဟော ဝတ ပဋိဝိဇ္ဈေယျ၊ ဪ ထိုးထွင်းလျက်သိဘိမူ ကောင်းလေစွ။
ဣတိ စိတ္တံ၊ ဤစိတ်သည်။
ဥပ္ပဇ္ဇတိ၊ ဖြစ်၏။
ပဋိဝိဒ္ဓဘာဝံ ပန၊ ထိုးထွင်းလျက် သိအပ်သည်အဖြစ်ကိုမူကား။
နိဓိလဒ္ဓပုရိသော ဝိယ၊ ရွှေအိုးကိုရသော ယောက်ျားကဲ့သို့။
အညဿ၊ သူတပါးအား။
အာရောစေတုကာမာ၊ ပြောကြားလိုကုန်သည်။
န ဟောန္တိ၊ မဖြစ်ကုန်။
ဧဝံ၊ ဤသို့။
တသ္မိံ အရိယမဏ္ဍလေ၊ ထိုအရိယာပုဂ္ဂိုလ်အပေါင်းသည်။
ဩသဋမတ္တေ ပန၊ မြတ်စွာဘုရားအထံတော်သို့ထ၍ ကြွတော်မူကာမျှ၌။
ပါစိနယုဂန္ဓရပရိက္ခေပတော၊ ယုဂန္ဓိုရ်တောင်၏ အရှေ့မျက်နှာအဝန်းမှ။
အဗ္ဘာ၊ တိမ်တိုက်။
မဟိယာ၊ ဆီးနှင်း။
ဓူမော၊ အခိုး။
ရဇော၊ မြူ။
ရာဟု၊ ရာဟုအသူရိန်။
ဣတိ၊ ဤသို့။
ဣမေဟိ ဥပက္ကိလေသေဟိ၊ ဤငါးပါးသော လ၏ညစ်ညူးကြောင်းဘေးရန်တို့မှ။
ဝိပ္ပမုတ္တံ၊ ကင်းလွတ်သော။
ဗုဒ္ဓုပ္ပါဒပဋိမဏ္ဍိတဿ၊ ဘုရား၏ဖြစ်တော်မူခြင်းဖြင့် တန်ဆာဆင်အပ်သော။
လောကဿ၊ လောက၏။
ရာမဏေယျကဒဿနတ္ထံ၊ နှလုံးမွေ့လျော်ဖွယ်ရှိသည်အဖြစ်ကို ရှုမြင်ခြင်းငှာ။
ပါစီနဒိသာယ၊ မျက်နှာရှေ့ရပ် လောကဓာတ်မှ။
ဥက္ခိတ္တရဇတမယမဟာအာဒါသမဏ္ဍလံ ဝိယ၊ ချီးမြှောက်အပ်သော ငွေစစ်ဖြင့်ပြီးသော ကြီးကျယ်သောကြေးမုံဝန်းကဲ့သို့လည်းကောင်း။
နေမိဝဋ္ဋိယံ၊ ဘီးစက်အကွပ်ဝန်း၌။
ဂဟေတွာ၊ ကိုင်၍။
ပရိဝတ္တိယမာနရဇတစက္ကံ ဝိယ စ
ပရိဝတ္တိယမာနရဇတစက္ကသဿိရိကံ (ဆဋ္ဌ)
၊ လှိမ့်အပ်လည်စေအပ်သော ငွေလှည်းဘီးစက်ကဲ့သို့သော။
သဿိရိကံ
ပရိဝတ္တိယမာနရဇတစက္ကသဿိရိကံ (ဆဋ္ဌ)
၊ အသရေရှိသော။
ပုဏ္ဏစန္ဒမဏ္ဍလံ၊ လပြည့်ဝန်းသည်။
ဥလ္လင်္ဃိတွာ၊ တက်လတ်၍။
အနိလပထံ၊ ကောင်းကင်ခရီးသို့။
ပဋိပဇ္ဇိတ္ထ၊ ရောက်လတ်သတည်း။
ဣတိ ဧဝရူပေ၊ ဤသို့သဘောရှိသော။
ခဏေ၊ ခဏ၌။
လယေ၊ လယ၌။
မုဟုတ္တေ၊ မုဟုတ္တ၌။
ဘဂဝါ၊ မြတ်စွာဘုရားသည်။
သက္ကေသု၊ သက္ကတိုင်းတို့၌။
ကပိလဝတ္ထုသ္မိံ၊ ကပိလဝတ်ပြည်ကြီး၌။
မဟာဝနေ၊ မဟာဝုန်တောကြီး၌။
မဟတာ၊ အရေအတွက်အားဖြင့်များသော။
ဘိက္ခုသံဃေန၊ ရဟန်းသံဃာနှင့်။
သဗ္ဗေဟေဝ အရဟန္တေဟိ၊ အလုံးစုံသော ရဟန္တာချည်းသာဖြစ်ကုန်သော။
ပဉ္စမတ္တေဟိ ဘိက္ခုသတေဟိ၊ ငါးရာအတိုင်းအရှည်ရှိကုန်သော ရဟန်းတို့နှင့်။
သဒ္ဓိံ၊ တကွ။
ဝိဟရတိ၊ နေတော်မူ၏။
တတ္ထ၊ ထိုသို့နေတော်မူရာအခါ၌။
ဘဂဝါပိ၊ မြတ်စွာဘုရားသည်လည်း။
မဟာသမ္မတဿ၊ မဟာသမ္မတမင်း၏။
ဝံသေ၊ အနွယ်၌။
ဥပ္ပန္နော၊ ဖြစ်တော်မူ၏။
ပဉ္စသတာ၊ ငါးရာကုန်သော။
တေပိ ဘိက္ခု၊ ထိုရဟန်းတို့သည်လည်း။
မဟာသမ္မတဿ၊ မဟာသမ္မတမင်း၏။
ကုလေ၊ အမျိုး၌။
ဥပ္ပန္နာ၊ ဖြစ်ကုန်၏။
ဘဂဝါပိ၊ မြတ်စွာဘုရားသည်လည်း။
ခတ္တိယဂဗ္ဘေ၊ မင်း၏ဝမ်းတိုက်၌။
ဇာတော၊ ဖြစ်တော်မူ၏။
တေပိ၊ ထိုငါးရာသော ရဟန်းတို့သည်လည်း။
ခတ္တိယဂဗ္ဘေ၊ မင်း၏ဝမ်းတိုက်၌။
ဇာတာ၊ ဖြစ်ကုန်၏။
ဘဂဝါပိ၊ မြတ်စွာဘုရားသည်လည်း။
ရာဇပဗ္ဗဇိတော၊ မင်းအဖြစ်မှ ရဟန်းပြုတော်မူ၏။
တေပိ၊ ထိုငါးရာသော ရဟန်းတို့သည်လည်း။
ရာဇပဗ္ဗဇိတော၊ မင်းအဖြစ်မှ ရဟန်းပြုတော်မူကုန်၏။
ဘဂဝါပိ၊ မြတ်စွာဘုရားသည်လည်း။
သေတစ္ဆတ္တံ၊ ထီးဖြူကို။
ပဟာယ၊ ပယ်၍။
ဟတ္ထဂတံ၊ လက်သို့ရောက်သော။
စက္ကဝတ္တိရဇ္ဇံ၊ စကြာမင်းအဖြစ်ကို။
ဝိဿဇ္ဇိတွာ
နိသဇ္ဇိတွာ (ဆဋ္ဌ)
၊ စွန့်၍။
ပဗ္ဗဇ္ဇိတော၊ ရဟန်းပြုတော်မူ၏။
တေပိ၊ ထိုငါးရာသော ရဟန်းတို့သည်လည်း။
သေတစ္ဆတ္တံ၊ ထီးဖြူကို။
ပဟာယ၊ ပယ်၍။
ဟတ္ထဂတာနိ၊ လက်သို့ရောက်ကုန်ပြီးသော။
ရဇ္ဇာနိ၊ မင်းစည်းစိမ်တို့ကို။
ဝိဿဇ္ဇိတွာ
နိသဇ္ဇိတွာ (ဆဋ္ဌ)
၊ စွန့်ကုန်၍။
ပဗ္ဗဇ္ဇိတာ၊ ရဟန်းပြုကုန်၏။
ဣတိ၊ ဤသို့။
ဘဂဝါ၊ မြတ်စွာဘုရားသည်။
ပရိသုဒ္ဓေ၊ ထက်ဝန်းကျင်စင်ကြယ်သော။
ဩကာသေ၊ အရပ်၌။
ပရိသုဒ္ဓေ၊ သန့်ရှင်းစင်ကြယ်သော။
ရတ္တိဘာဂေ၊ ညဉ့်အဖို့၌။
သယံ၊ ကိုယ်တော်သည်။
ပရိသုဒ္ဓေါ၊ ထက်ဝန်းကျင်စင်ကြယ်သန့်ရှင်းတော်မူသည်ဖြစ်၍။
ပရိသုဒ္ဓပရိဝါရော၊ စင်ကြယ်သန့်ရှင်းသော အခြံအရံရှိတော်မူ၏။
ဝီတရာဂေါ၊ ကိုယ်တော်၌ ကင်းသောရာဂရှိတော်မူသည် ဖြစ်၍။
ဝီတရာဂပရိဝါရော၊ ရာဂကင်းသော ရဟန္တာအခြံအရံရှိတော်မူ၏။
ဝီတဒေါသော၊ ကိုယ်တော်၌ ကင်းသောဒေါသရှိတော်မူသည်ဖြစ်၍။
ဝီတဒေါသပရိဝါရော၊ ဒေါသကင်းသော ရဟန္တာအခြံအရံရှိတော်မူ၏။
ဝီတမောဟော၊ ကိုယ်တော်၌ ကင်းသောမောဟရှိတော်မူသည်ဖြစ်၍။
ဝီတမောဟပရိဝါရော၊ မောဟကင်းသော ရဟန္တာအခြံအရံ ရှိတော်မူ၏။
နိတ္တဏှော၊ ကိုယ်တော်၌ တဏှာကင်းတော်မူသည်ဖြစ်၍။
နိတ္တဏှပရိဝါရော၊ တဏှာကင်းသော ရဟန္တာအခြံအရံ ရှိတော်မူ၏။
နိက္ကိလေသော၊ ကိုယ်တော်၌ ကိလေသာမရှိသည်ဖြစ်််််််််၍။
နိက္ကိလေသပရိဝါရော၊ ကိလေသာမရှိသော ရဟန္တာအခြံအရံရှိတော်မူ၏။
သန္တော၊ ကိုယ်တော်ငြိမ်သက်တော်မူသည်ဖြစ််၍။
သန္တပရိဝါရော၊ ငြိမ်သက်သော ရဟန္တာအခြံအရံရှိတော်မူ၏။
ဒန္တော၊ ကိုယ်တော်ယဉ်ကျေးတော်မူသည်ဖြစ်၍။
ဒန္တပရိဝါရော၊ ယဉ်ကျေးသော ရဟန္တာအခြံအရံရှိတော်မူ၏။
မုတ္တော၊ ကိုယ်တော်ကင်းလွတ်တော်မူသည်ဖြစ််၍။
မုတ္တပရိဝါရော၊ ကင်းလွတ်သော ရဟန္တာအခြံအရံရှိတော်မူ၏။
အတိဝိယ၊ အလွန်လျှင်။
ဝိရောစတိ၊ တင့်တယ်တော်မူ၏။
ဣတိ၊ ဤသို့သိအပ်၏။
ဧသာ ဝဏ္ဏဘူမိ နာမ၊ ဤသို့ကျေးဇူးတော်ကို ချီးမွမ်းသည့်အရာမည်သည်။
ယတ္တကံ၊ အကြင်ရွေ့လောက်သော စကားကို။
သက္ကောတိ၊ စွမ်းနိုင်၏။
တတ္တကံ၊ ထိုရွေ့လောက် စွမ်းနိုင်သောစကားကို။
ဝတ္တဗ္ဗံ၊ ဆိုအပ်၏။
ဣတိ၊ ဤသို့။
ဣမေ ဘိက္ခူ၊ ဤငါးရာသော ရဟန်းတို့ကို။
သန္ဓာယ၊ ရည်၍။
ပဉ္စမတ္တေဟိ ဘိက္ခုသတေဟိ သဗ္ဗေဟေဝ အရဟန္တေဟီတိ၊ ပဉ္စမတ္တေဟိ ဘိက္ခုသတေဟိ သဗ္ဗေဟေဝ အရဟန္တေဟိဟူ၍။
ဝုတ္တံ၊ ဟောတော်မူအပ်၏။
ယေဘုယျေနာတိ၊ ယေဘုယျေနဟူသည်ကား။
ဗဟုတရာ၊ များမြတ်သောအားဖြင့်။
သန္နိပတိတာ၊ စည်ဝေးကုန်၏။
န သန္နိပတိတာ၊ အစည်းဝေးသို့ မရောက်ကုန်သည်သော်ကား။
မန္ဒာ၊ နည်းယုတ်ကုန်၏။
အသညီအရူပါဝစရဒေဝတာယေဝ
အသညီအရူပါဝစရဒေဝတာ သမာပန္နဒေဝတာယော စ (ဆဋ္ဌ)
၊ အသညသတ် အရူပနတ်တို့သာလျှင်တည်း။
တတြ၊ ထိုယေဘုယျေန သန္နိပတိတာဟူသော စကား၌။
အယံ၊ ဤဆိုအပ်လတ္တံံ့သည်ကား။
သန္နိပါတက္ကမော၊ အစည်းအဝေးဖြစ်ခြင်းအစဉ်တည်း။
ကိရ၊ ချဲ့ဦးအံ့။
မဟာဝနဿ၊ မဟာဝုန်တောကြီး၏။
သာမန္တာ၊ ထက်ဝန်းကျင်အနီးအရပ်၌။
ဒေဝတာ၊ နတ်တို့သည်။
စလိံသု၊ ထကုန်၏။
ဘော၊ အချင်းတို့။
အာယာမ၊ လာသွားကြကုန်အံ့။
ဗုဒ္ဓဒဿနံ နာမ၊ ဘုရားကိိုဖူးမြင်ခြင်း မည်သည်။
ဗဟူပကာရံ၊ များသောကျေးဇူးရှိ၏။
ဓမ္မဿဝနံ၊ တရားတော်ကိုကြားနာရခြင်းမည်သည်။
ဗဟူပကာရံ၊ များသောကျေးဇူးရှိ၏။
ဘိက္ခုသံဃဒဿနံ၊ ရဟန်းသံဃာတော်ကို ဖူးမြင်ရခြင်းသည်။
ဗဟူပကာရံ၊ များသောကျေးဇူးရှိ၏။
အာယာမ အာယာမာတိ၊ လာသွားကြကုန်စို့ လာသွားကြကုန်စို့ဟု။
မဟာသဒ္ဒံ၊ ကျယ်စွာသောအသံကို။
ကုရုမာနာ၊ ကြွေးကြော်ပြုကုန်လျက်။
အာဂန္တွာ၊ လာရောက်ကုန်၍။
ဘဂဝန္တဉ္စ၊ မြတ်စွာဘုရားကိုလည်းကောင်း။
တံ မုဟုတ္တံ၊ ထိုခဏ၌။
အရဟတ္တပတ္တခီဏာသဝေ စ၊ အရဟတ္တဖိုလ်သို့ရောက်ကုန်သော ရဟန္တာတို့ကိုလည်းကောင်း။
ဝန္ဒိတွာ၊ ရှိခိုးဦးတိုက်ကြကုန်၍။
ဧကမန္တံ၊ သပ္ပါယတင့်အပ်စွာ။
အဋ္ဌံသု၊ တည်ကုန်၏။
ဧတေနေဝ ဥပါယေန၊ ဤသို့သောအကြောင်းဖြင့်သာလျှင်။
တာသံ တာသံ၊ ထိုထိုနတ်တို့၏။
သဒ္ဒံ၊ ဘုရားဖူးအံ့ငှာ လာကြဟူသော ကြွေးကြော်သံကို။
သုတွာ၊ ကြား၍။
သဒ္ဒန္တရအဍ္ဎဂါဝုတဂါဝုတအဍ္ဎယောဇနယောဇနာဒိဝသေန၊ တစ်ကောသ,တစ်ဂါဝုတ်ခွဲ,တစ်ဂါဝုတ်,ယူဇနာခွဲ,တစ်ယူဇနာစသည်၏ အစွမ်းအားဖြင့်။
တိယောဇနသဟဿဝိတ္ထတေ၊ သုံးထောင်ယူဇနာ ကျယ်စွာအပြန့်ရှိသော။
ဟိမဝန္တေ၊ ဟိမဝန္တာ၌လည်းကောင်း။
တိက္ခတ္တုံ တေသဋ္ဌိယာ နဂရသဟဿေသု၊ တစ်သန်းရှစ်သိန်းကိုးထောင်သော ထီးစိုက်နန်းတည်မြို့ကြီးတို့၌လည်းကောင်း။
နဝနဝုတိယာ ဒေါဏမုခသတသဟဿေသု၊ ကိုးသန်းကိုးသိန်းသော တုတ်ခွန်ပဏ္ဏာဖြစ်ရာ ကျေးလက်မြို့ကြီးတို့၌လည်းကောင်း။
ဆနဝုတိယာ ပဋ္ဋနကောဋိသတသဟဿေသု၊ ကုဋေကိုးသန်းခြောက်သိန်းသော သင်္ဘောလှေကြီးတို့ဆိုက်ကပ်ရာ ဆိပ်ကမ်းကွန်းပြင် သဘင်အိမ်ဈေးတို့၌လည်းကောင်း။
ဆပဏ္ဏာသာယ ရတနာကရေသု၊ ငါးဆယ့်ခြောက်ဌာနသောရွှေ,ငွေစသည်အမွန်ရတနာတို့၏ တည်ရာအရပ်တို့၌လည်းကောင်း။
ဣတိ၊ ဤသို့။
သကလဇမ္ဗုဒီပေ၊ ဇမ္ဗူဒိပ်ကျွန်းအလုံး၌လည်းကောင်း။
ပုဗ္ဗဝိဒေဟေ၊ ပုဗ္ဗဝိဒေဟကျွန်း၌လည်းကောင်း။
အပရဂေါယာနေ၊ အပရဂေါယာန်ကျွန်း၌လည်းကောင်း။
ဥတ္တရကုရုမှိ၊ ဥတ္တရကုရုကျွန်း၌လည်းကောင်း။
ဒွီသု ပရိတ္တဒီပသဟဿေသု၊ ကျွန်းငယ်နှစ်ထောင်တို့၌လည်းကောင်း။
ဣတိ၊ ဤသို့။
သကလစက္ကဝါဠေ၊ စကြာဝဠာတစ်တိုက်လုံး၌လည်းကောင်း။
တတော၊ ထိုငါတို့စကြာဝဠာမှ။
ဒုတိယတတိယစက္ကဝါဠေ၊ ဒုတိယ,တတိယစကြာဝဠာ၌လည်းကောင်း။
ဣတိ၊ ဤသို့။
ဧဝံ၊ ဤအတူ။
ဒသသဟဿစက္ကဝါဠေသု၊ တစ်သောင်းသော စကြာဝဠာတို့၌။
ဒေဝတာ၊ နေကုန်သောနတ်တို့သည်။
သန္နိပတိတာ၊ စည်းဝေးကုန်၏။
ဣတိ၊ ဤသို့။
ဝေဒိတဗ္ဗာ၊ သိအပ်ကုန်၏။
ဟိ၊ ဆိုသင့်၏။
ဒသသဟဿစက္ကဝါဠံ၊ စကြာဝဠာတစ်သောင်းကို။
ဣဓ၊ ဤပါဠိ၌။
ဒသလောကဓာတုယောတိ၊ ဆယ်ပါးသော လောကဓာတ်တို့ဟူ၍။
အဓိပ္ပေတံ၊ အလိုရှိအပ်၏။
တေန၊ ထို့ကြောင့်။
ဒသဟိ စ လောကဓာတူဟိ ဒေဝတာ ယေဘုယျေန သန္နိပတိတာ ဟောန္တီတိ၊ ဒသဟိ စ လောကဓာတူဟိ ဒေဝတာ ယေဘုယျေန သန္နိပတိတာ ဟောန္တိဟူ၍။
ဝုတ္တံ၊ ဆိုအပ်၏။
ဧဝံ၊ ဤသို့ဆိုပြီးသည့်နည်းဖြင့်။
သန္နိပတိတာဟိ၊ စည်းဝေးကုန်သော။
ဒေဝတာဟိ၊ နတ်တို့သည်(ဖြင့်)။
သကလစက္ကဝါဠဂဗ္ဘံ၊ စကြာဝဠာတိုက်အလုံးကို(သည်)။
ယာဝ ဗြဟ္မလောကာ၊ ဗြဟ္မာ့ပြည်တိုင်အောင်။
သူစိဃရေ၊ အပ်ကျည်၌။
နိရန္တရံ ပက္ခိတ္တသူစိ ဝိယ
နိရန္တရံ ပက္ခိတ္တသူစီဟိ ဝိယ (ဆဋ္ဌ)
၊ အကြားမလပ် ထည့်သွင်းအပ်သော အပ်ငယ်ကဲ့သို့။
ပရိပုဏ္ဏံ၊ ဝန်းကျင်အောက်ထက် ပြည့်နှက်သည်။
ဟောတိ၊ ဖြစ်၏။
တတ္ထ၊ ထိုယာဝ ဗြဟ္မလောကာဟူသော စကား၌။
ဗြဟ္မလောကဿ၊ ဗြဟ္မပြည်၏။
ဥစ္စတရံ
ဥစ္စတ္တနံ (ဆဋ္ဌ)
၊ မြင့်သောအဖြစ်ကို။
ဧဝံ၊ ဤသို့။
ဝေဒိတဗ္ဗံ၊ သိအပ်၏။
ကိရ၊ ထင်စေဦးအံ့။
လောဟပါသာဒေ၊ ကြေးပြားအုပ်ကြွပ် အမိုးထပ်သောပြာသာဒ်၌။
သတ္တမကူဋာဂါရသမော
သတ္တကူဋာဂါရသမော (ဆဋ္ဌ)
၊ ခုနစ်ဆင့်မြောက်သောဘုံ၌ တင်အပ်သော ထုပိကာအထွဋ်နှင့်တူမျှသော။
ပါသာဏော၊ ကျောက်ကို။
ဗြဟ္မလောကေ၊ အောက်စွန်စ ဗြဟ္မပြည်၌။
ဌတွာ၊ တည်၍။
အဓော ခိတ္တော၊ အောက်သို့ပစ်ချအပ်သည်ရှိသော်။
စတူဟိ မာသေဟိ၊ လေးလတို့ဖြင့်။
ပထဝိံ၊ မြေသို့။
ပါပုဏာတိ၊ ရောက်၏။
ဧဝံ၊ ဤသို့။
မဟန္တေ၊ ကျယ်ဝန်းလှစွာသော။
ဩကာသေ၊ အရပ်နေရာ၌။
ယထာ၊ အတန္တုကား။
ဟေဋ္ဌာ၊ အောက်မြေပေါ်၌။
ဌတွာ၊ တည်၍။
ခိတ္တပုပ္ဖါနိ ဝါ
ခိတ္တာနိ ဝါ ပုပ္ဖါနိ (ဆဋ္ဌ)
၊ ကြဲမြှောက်အပ်သော ပန်းပွင့်တို့သည်လည်းကောင်း။
ဓူမော ဝါ၊ အခိုးသည်လည်းကောင်း။
ဥပရိ၊ အထက်သို့။
ဂန္တုံ၊ သွားခြင်းငှာလည်းကောင်း။
ဥပရိ၊ အထက်ကောင်းကင်၌။
ဌတွာ၊ တည်ရပ်၍။
ခိတ္တသာသပေါ
ခိတ္တသာသပါ (ဆဋ္ဌ)
၊ ပစ်ချအပ်သော မုန်ညင်းဆံသည်။
ဟေဋ္ဌာ၊ အောက်သို့။
ဩတရိတုံ ဝါ၊ လျှောသက်ခြင်းငှာလည်းကောင်း။
အန္တရံ၊ အကြားအလပ်ကို။
န လဘန္တိ၊ မရကုန်။
ဧဝံ၊ ဤနှင့်တူစွာ။
နိရန္တရာ၊ အကြားအလပ်မရှိကုန်သော။
ဒေဝတာ၊ နတ်တို့သည်။
အဟေသုံ၊ ဖြစ်ကုန်၏။
ပန၊ နောက်မှလာသော နတ်တို့အား ရပ်တည်ရာရှိသည်ကို ဆိုဦးအံ့။
စက္ကဝတ္တိရညော၊ စကြာဝတေးမင်း၏။
နိသိန္နဌာနံ၊ စံနေရာအရပ်သည်။
ခေါ၊ စင်စစ်။
အသမ္ဗာဓံ၊ မကျဉ်းမြောင်းသည်။
ဟောတိ၊ ဖြစ်၏။
အာဂတာဂတာ၊ လာတိုင်း လာတိုင်းကုန်သော။
မဟေသက္ခာ၊ ကြီးသောဘုန်းတန်ခိုးရှိကုန်သော။
ခတ္တိယာ၊ မင်းတို့သည်။
ဩဘာသံ၊ ခစားရာအခွင့်ကို။
လဘန္တိယေဝ၊ ရကုန်သည်သာတည်း။
ပန၊ ယင်းသို့ပင်ရကုန်သော်လည်း။
ပရတော ပရတော၊ နောက်မှ နောက်မှ။
အတိသမ္ဗာဓံ၊ အလွန်ကျဉ်းမြောင်းသည်။
ဟောတိ ယထာ၊ ဖြစ်သကဲ့သို့။
ဧဝမေဝ၊ ဤအတူသာလျှင်။
ဘဂဝတော၊ မြတ်စွာဘုရား၏။
နိသိန္နဋ္ဌာနံ၊ နေတော်မူရာအရပ်သည်။
အသမ္ဗာဓံ၊ ကျဉ်းမြောင်းခြင်း မရှိ။
အာဂတာဂတာ၊ လာတိုင်း လာတိုင်းကုန်သော။
မဟေသက္ခာ၊ ကြီးသောအာနုဘော်ရှိကုန်သော။
ဒေဝါ စ၊ နတ်တို့သည်လည်းကောင်း။
ဗြဟ္မာနော စ၊ ဗြဟ္မာတို့သည်လည်းကောင်း။
ဩကာသံ၊ ဆည်းကပ်ရာအခွင့်ကို။
လဘန္တိယေဝ၊ ရကုန်သည်သာလျှင်တည်း။
အပိ သုဒံ၊ ယင်းသို့ပင် ရပါကုန်သော်လည်း။
ဘဂဝတော၊ မြတ်စွာဘုရား၏။
အာသန္နာသန္နဋ္ဌာနေ၊ နီးမြတ်လွန်းသောနေရာ၌။
ဝါလဂ္ဂနိတ္တုဒနမတ္တေ၊ သားမြီး၏အဖျားအစွန်းမျှသာဖြစ်သော။
ပဒေသေ၊ အရပ်၌။
ဒသပိ ဒေဝါ၊ တစ်ကျိပ်သောနတ်တို့သည်လည်းကောင်း။
ဝီသတိပိ ဒေဝါ၊ နှစ်ကျိပ်သောနတ်တို့သည်လည်းကောင်း။
သုခုမေ၊ သိမ်မွေ့သော။
အတ္တဘာဝေ၊ အတ္တဘောတို့ကို။
မာပေတွာ၊ ဖန်ဆင်း၍။
အဋ္ဌံသု၊ တည်ကုန်၏။
သဗ္ဗပရတော၊ ခပ်သိမ်းစုံတို့၏နောက်မှ။
သဋ္ဌိ သဋ္ဌိ ဒေဝတာ၊ ခြောက်ကျိပ် ခြောက်ကျိပ်သော နတ်တို့သည်။
အဋ္ဌံသု၊ တည်ကုန်၏။
သုဒ္ဓါဝါသကာယိကာနန္တိ၊ သုဒ္ဓါဝါသကာယိကာနံဟူသည်ကား။
သုဒ္ဓါဝါသဝါသီနံ၊ သုဒ္ဓါဝါသဘုံ၌ နေကုန်သော။
သုဒ္ဓါဝါသာ နာမ၊ သုဒ္ဓဝါသတို့မည်သည်။
သုဒ္ဓါနံ၊ စင်ကြယ်ကုန်သော။
အနာဂါမိခီဏာသဝါနံ၊ အနာဂါမ်,ရဟန္တာတို့၏။
အာဝါသာ၊ နေရာဖြစ်ကုန်သော။
ပဉ္စ ဗြဟ္မလောကာ၊ ငါးထပ်သော ဗြဟ္မပြည်တို့တည်း။
ဧတဒဟောသီတိ၊ ဧတဒဟောသိဟူသည်ကား။
ကသ္မာ၊ အဘယ်ကြောင့်။
အဟောသိ၊ အကြံဖြစ်သနည်း။
ကိရ၊ ထင်စေဦးအံ့။
တေ ဗြဟ္မာနော၊ ထိုသုဒ္ဓါဝါသဗြဟ္မာတို့သည်။
သမာပတ္တိံ၊ သမာပတ်ကို။
သမာပဇ္ဇိတွာ၊ ဝင်စား၍။
ယထာ ပရိစ္ဆေဒေန၊ ပိုင်းခြားတိုင်းသောကာလဖြင့်။
ဝုဋ္ဌိတာ၊ ထကုန်၍။
ဗြဟ္မဘဝနံ၊ ဗြဟ္မဘုံကို။
ဩလောကေန္တာ၊ ကြည့်ကုန်လတ်သော်။
ပစ္ဆာဘတ္တေ၊ ဆွမ်းဘုဉ်းပေးပြီးသည်မှ နောက်၌။
ဘတ္တဂေဟေဝိယ
ဘတ္တဂေဟံ ဝိယ (ဆဋ္ဌ)
၊ ဆွမ်းစားကျောင်းကဲ့သို့။
သုညကံ
သုညတံ (ဆဋ္ဌ)
၊ အချည်းနှီးသောဗိမာန်ကို။
အဒ္ဒသံသု၊ မြင်ကုန်၏။
တတော၊ ထိုနောက်မှ။
ဗြဟ္မာနော၊ ဗြဟ္မာတို့သည်။
ကုဟိံ၊ အဘယ်အရပ်သို့။
ဂတာ၊ သွားကြကုန်သနည်း။
ဣတိ၊ ဤသို့။
အာဝဇ္ဇန္တာ၊ ဆင်ခြင်ကုန်လတ်သော်။
မဟာသမာဂမံ၊ များစွာသော နတ်အစည််းအဝေးသို့။
ဂတာ၊ သွားကုန်၏။
ဣတိ၊ ဤသို့။
ဉတွာ၊ သိကုန်၍။
အယံ သမာဂမော၊ ဤအစည်းအဝေးသည်ကား။
မဟာ၊ များ၏။
မယံ၊ ငါတို့သည်။
ဩဟီနာ၊ ကျန်ရစ်ကုန်၏။
ဩဟီနကာနံ ပန၊ နောက်ကျန်ရစ်သော သူတို့အားကား။
ဩကာသော၊ နေခွင့်နေရာသည်။
ဒုလ္လဘော၊ ရနိုင်ခဲသည်။
ဟောတိ၊ ဖြစ်၏။
တသ္မာ၊ ထို့ကြောင့်။
ဂစ္ဆန္တာ၊ သွားကုန်သောငါတို့သည်။
အတုစ္ဆဟတ္ထာ၊ လက်ချည်းမဟုတ်သည်။
ဟုတွာ၊ ဖြစ်ကုန်၍။
ဧကေကံ ဂါထံ၊ တစ်ဂါထာစီ တစ်ဂါထာစီ။
အဘိသင်္ခရိတွာ၊ စီရင်၍။
ဂစ္ဆာမ၊ သွားကုန်အံ့။
တာယ မဟာသမာဂမေ စ၊ ထိုများစွာသော အစည်းအဝေး၌လည်း။
အတ္တနော၊ မိမိ၏။
အာဂတဘာဝံ၊ လာသောအဖြစ်ကို။
ဇာနာပေဿာမ၊ သိစေကုန်အံံ့။
ဒသဗလဿ စ၊ မြတ်စွာဘုရား၏လည်း။
ဝဏ္ဏံ၊ ကျေးဇူးတော်ကို။
ဘာသိဿာမာတိ၊ ဆိုကုန်အံ့ဟူ၍။
ဣတိ၊ ဤသို့။
တေသံ၊ ထိုသုဒ္ဓါဝါသဗြဟ္မာတို့၏။
သမာပတ္တိတော၊ သမာပတ်မှ။
ဝုဋ္ဌာယ၊ ထ၍။
အာဝဇ္ဇိတတ္တာ၊ ဆင်ခြင်အပ်သည်၏အဖြစ်ကြောင့်။
ဧတံ၊ ဤအကြံသည်။
အဟောသိ၊ ဖြစ်၏။
ဘဂဝတော ပုရတော ပါတုရဟေသုန္တိ၊ ဘဂဝတော ပုရတော ပါတုရဟေသုံဟူသည်ကား။
ပါဠိယံ၊ ပါဠိတော်၌။
ဘဂဝတော၊ မြတ်စွာဘုရား၏။
သန္တိကေ၊ အထံတော်၌။
အဘိမုခဋ္ဌာနေယေဝ၊ တူရူရှေ့ရှုအရပ်၌သာလျှင်။
ဩတိဏ္ဏာ ဝိယ၊ သက်ကုန်သကဲ့သို့။
ကတွာ၊ ပြု၍။
ဝုတ္တာ၊ ဆိုအပ်ကုန်၏။
ပန၊ ယင်းသို့ ဆိုအပ်ကုန်သော်လည်း။
ဧတ္ထ၊ ဤအရာ၌။
ဧဝံ အတ္ထော၊ ဘုရားရှေ့တော်တွင် ထင်ရှားဖြစ်၏ဟူသော ဤအနက်ကို။
န ခေါ ဝေဒိတဗ္ဗော၊ မသိအပ်သည်သာတည်း။
ပန၊ စင်စစ်ကား။
တေ၊ ထိုသုဒ္ဓါဝါသဗြဟ္မာတို့သည်။
ဗြဟ္မလောကေ၊ ဗြဟ္မပြည်၌။
ဌိတာယေဝ၊ တည်ကုန်လျက်လျှင်။
ဂါထာ၊ ဂါထာတို့ကို။
အဘိသင်္ခရိတွာ၊ စီရင်၍။
ဧကော၊ တစ်ဦးသောဗြဟ္မာသည်။
ပုရတ္ထိမစက္ကဝါဠမုခဝဋ္ဋိယံ၊ ရှေ့ရပ်မျက်နှာ စကြာဝဠာအနားရေး၌။
ဩတရိ၊ သက်၏။
ဧကော၊ တစ်ဦးသောဗြဟ္မာသည်။
ဒက္ခိဏစက္ကဝါဠမုခဝဋ္ဋိယံ၊ တောင်မျက်နှာ စကြာဝဠာအနားရေး၌။
ဩတရိ၊ သက်၏။
ဧကော၊ တစ်ဦးသောဗြဟ္မာသည်။
ပစ္ဆိမစက္ကဝါဠမုခဝဋ္ဋိယံ၊ အနောက်မျက်နှာ စကြာဝဠာအနားရေး၌။
ဩတရိ၊ သက်၏။
ဧကော၊ တစ်ဦးသောဗြဟ္မာသည်။
ဥတ္တရစက္ကဝါဠမုခဝဋ္ဋိယံ၊ မြောက်မျက်နှာ စကြာဝဠာအနားရေး၌။
ဩတရိ၊ သက်၏။
တတော၊ ထိုနောက်မှ။
ပုရတ္ထိမစက္ကဝါဠမုခဝဋ္ဋိယံ၊ ရှေ့ရပ်မျက်နှာ စကြာဝဠာအနားရေး၌။
ဩတိဏ္ဏဗြဟ္မာ၊ သက်ဆင်းသောဗြဟ္မာသည်။
နီလကသိဏံ၊ နီလကသိုဏ်းကို။
သမာပဇ္ဇိတွာ၊ ဝင်စား၍။
နီလရသ္မိယော၊ ညိုသောအရောင်အဝါတို့ကို။
ဝိဿဇ္ဇေတွာ၊ လွှတ်၍။
ဒသသဟဿစက္ကဝါဠဒေဝတာနံ၊ လောကဓာတ်ပေါင်းတစ်သောင်းသော စကြာဝဠာတို့မှ စည်းဝေးရောက်ကုန်သော နတ်အပေါင်းတို့အား။
မဏိဝမ္မံ၊ ဣန္ဒနီလာမြဖြင့်ပြီးသော မိန်းညိုချပ်ကို။
ပဋိမုစ္စန္တော ဝိယ
ပဋိမုဉ္စန္တော ဝိယ (ဆဋ္ဌ)
၊ စွပ်သကဲ့သို့။
အတ္တနော၊ မိမိ၏။
အာဂတဘာဝံ၊ လာသောအဖြစ်ကို။
ဇာနာပေတွာ၊ သိစေ၍။
ဗုဒ္ဓဝီထိ နာမ၊ ဘုရားတို့ခရီးမည်သည်။
ကေနစိ၊ တစ်စုံတစ်ယောက်သောသူသည်။
ဥတ္တရိတုံ၊ ပိတ်ပင်ခြင်းငှာ။
န သက္ကာ၊ မတတ်ကောင်း။
တသ္မာ၊ ထို့ကြောင့်။
မဟတိယာ၊ ကြီးကျယ်သော။
ဗုဒ္ဓဝီထိယာဝ၊ ဘုရားတို့တမ်း ထားမြဲလမ်းဖြင့်သာလျှင်။
အာဂန္တွာ၊ လာ၍။
ဘဂဝန္တံ၊ မြတ်စွာဘုရားကို။
အဘိဝါဒေတွာ၊ ရိုသေစွာရှိခိုး၍။
ဧကမန္တံ၊ တင့်အပ်လျောက်ပတ်သောအရပ်၌။
အဋ္ဌာသိ၊ ရပ်၏။
ဧကမန္တံ၊ တင့်အပ်လျောက်ပတ်သောအရပ်၌။
ဌိတော ခေါ၊ ရပ်ပြီးသောဗြဟ္မာကြီးသည်။
အတ္တနာ၊ မိမိသည်။
အဘိသင်္ခတံ၊ စီရင်အပ်သော။
ဂါထံ၊ ဂါထာကို။
အဘာသိ၊ ရွတ်ဆို၏။
ဒက္ခိဏစက္ကဝါဠမုခဝဋ္ဋိယံ၊ တောင်မျက်နှာ စကြာဝဠာအနားရေး၌။
ဩတိဏ္ဏဗြဟ္မာ၊ သက်ဆင်းသောဗြဟ္မာသည်။
ပီတကသိဏံ၊ ပီတကသိုဏ်းကို။
သမာပဇ္ဇိတွာ၊ ဝင်စား၍။
သုဝဏ္ဏပဘံ၊ ရွှေသောအရောင်အဝါကို။
မုဉ္စိတွာ၊ လွှတ်၍။
ဒသသဟဿစက္ကဝါဠဒေဝတာနံ၊ စကြာဝဠာအပေါင်း တိုက်တစ်သောင်းမှ လာကုန်သောနတ်တို့အား။
သုဝဏ္ဏပဋံ၊ ရွှေပုဆိုးကို။
ပါရုပေန္တော ဝိယ
ပါရုပန္တော ဝိယ (ဆဋ္ဌ)
၊ ရုံဘိသကဲ့သို့။
အတ္တနော၊ မိမိ၏။
အာဂတဘာဝံ၊ လာသည်၏အဖြစ်ကို။
ဇာနာပေတွာ၊ သိစေ၍။
တထေဝ၊ ထိုရှေးနည်းတိုင်းသာလျှင်။
အကာသိ၊ ပြု၏။
ပစ္ဆိမစက္ကဝါဠမုခဝဋ္ဋိယံ၊ အနောက်မျက်နှာ စကြာဝဠာအနားရေး၌။
ဩတိဏ္ဏဗြဟ္မာ၊ သက်ဆင်းသောဗြဟ္မာသည်။
လောဟိတကသိဏံ၊ လောဟိတကသိုဏ်းကို။
သမာပဇ္ဇိတွာ၊ ဝင်စား၍။
လောဟိတရသ္မိယော၊ နီသောအရောင်အဝါတို့ကို။
မုဉ္စိတွာ၊ လွှတ်၍။
ဒသသဟဿစက္ကဝါဠဒေဝတာနံ၊ လောကဓာတ်အပေါင်း တစ်သောင်းစကြာဝဠာမှ စည်းဝေးရောက်လာကုန်သော နတ်အပေါင်းတို့အား။
ရတ္တဝရကမ္ဗလေန၊ မြတ်သောကမ္ဗလာအနီဖြင့်။
ပရိက္ခိပန္တော ဝိယ၊ ရံဘိသကဲ့သို့။
အတ္တနော၊ မိမိ၏။
အာဂတဘာဝံ၊ လာသည်၏အဖြစ်ကို။
ဇာနာပေတွာ၊ သိစေ၍။
တထေဝ၊ ထိုရှေးနည်းအတူသာလျှင်။
အကာသိ၊ ပြု၏။
ဥတ္တရစက္ကဝါဠမုခဝဋ္ဋိယံ၊ မြောက်ရပ်မျက်နှာ စကြာဝဠာအနားရေး၌။
ဩတိဏ္ဏဗြဟ္မာ၊ သက်ဆင်းသော ဗြဟ္မာသည်။
ဩဒါတကသိဏံ၊ ဩဒါတကသိုဏ်းကို။
သမာပဇ္ဇိတွာ၊ ဝင်စား၍။
ဩဒါတရသ္မိယော၊ ဖြူသောအရောင်အဝါတို့ကို။
ဝိဿဇ္ဇေတွာ၊ လွှတ်၍။
ဒသသဟဿစက္ကဝါဠဒေဝတာနံ၊ လောကဓာတ်အပေါင်း တိုက်တစ်သောင်းမှ လာကုန်သောနတ်တို့အား။
သုမနကုသုမပဋံ၊ မြတ်လေးကြက်ရုံးပွင့်ပုဆိုးကို။
ပါရုပန္တော ဝိယ၊ ရုံဘိသကဲ့သို့။
အတ္တနော၊ မိမိ၏။
အာဂတဘာဝံ၊ လာသည်၏အဖြစ်ကို။
ဇာနာပေတွာ၊ သိစေ၍။
တထေဝ၊ ထိုရှေးနည်းအတူသာလျှင်။
အကာသိ၊ ပြု၏။
ပါဠိယံ ပန၊ ပါဠိတော်၌ကား။
ဘဂဝတော ပုရတော ပါတုရဟေသုံ။ အထ ခေါ တာ ဒေဝတာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ အဋ္ဌံသူတိ၊ ဘဂဝတော ပုရတော ပါတုရဟေသုံ။ အထ ခေါ တာ ဒေဝတာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ အဋ္ဌံသုဟူ၍။
ဧဝံ၊ ဤသို့။
ဧကက္ခဏေ ဝိယ၊ တစ်ပြိုင်နက်သောခဏ၌ကဲ့သို့။
ပုရတော၊ ဘုရားရှေ့တော်၌။
ပါတုဘာဝေါ စ၊ ထင်ရှားသောအဖြစ်ကိုလည်းကောင်း။
အဘိဝါဒေတွာ၊ ရိုသေစွာရှိခိုးပြီး၍။
ဧကမန္တံ၊ တင့်အပ်လျောက်ပတ်သောအရပ်၌။
ဌိတဘာဝေါ စ၊ တည်သောအဖြစ်ကိုလည်းကောင်း။
ဝုတ္တော၊ ဆိုအပ်၏။
သော၊ ထိုဆိုအပ်သောစကားသည်။
ဣမိနာ အနုက္ကမေန၊ ဤငါဆိုပြီးသောအစဉ်ဖြင့်။
အဟောသိ၊ ဖြစ်၏။
ပန၊ ယင်းသို့ဖြစ်လျက်။
ဧကတော၊ တပေါင်းတည်း။
ကတွာ၊ ပြု၍။
ဒဿိတော၊ ပြတော်မူအပ်၏။
ဂါထာဘာသနံ ပန၊ ဂါထာကို လျှောက်ဆိုခြင်းကိုကား။
ပါဠိယမ္ပိ၊ ပါဠိ၌လည်း။
ဝိသုံ ဝိသုံယေဝ၊ အသီးအသီးသာလျှင်။
ဝုတ္တံ၊ ဆိုအပ်၏။
တတ္ထ၊ ထိုဘုရားဟောဖော် ပါဠိတော်၌။
မဟာသမယောတိ၊ မဟာသမယောဟူသည်ကား။
မဟာသမူဟော၊ များစွာသောနတ်အပေါင်း။
ဝနသဏ္ဍော၊ တောအုပ်ကို။
ပဝနံ၊ ပဝနဟူ၍။
ဝုစ္စတိ၊ ဆိုအပ်၏။
ဥဘယေနပိ၊ မဟာသမယော ပဝနသ္မိံဟူသော နှစ်ပုဒ်ဖြင့်လည်း။
ဘဂဝါ၊ မြတ်စွာဘုရားသည်။
ဣမသ္မိံ ပန ဝနသဏ္ဍေ၊ ဤတောအုပ်၌။
အဇ္ဇ၊ ယနေ့။
မဟာသမူဟော၊ များစွာသော နတ်အပေါင်းသည်။
သန္နိပါတော၊ စည်းဝေး၏။
ဣတိ၊ ဤအနက်ကို။
အာဟ၊ မိန့်ဆို၏။
တတော၊ ထို့နောက်မှ။
ယေသံ၊ အကြင်နတ်တို့၏။
သော သန္နိပါတော၊ ထိုသို့သောအစည်းအဝေးသည်။
အဟောသိ၊ ဖြစ်၏။
တေ၊ ထိုအစည်းအဝေးတို့ကို(နတ်တို့ကို)။
ဒဿေတုံ၊ ပြခြင်းငှာ။
ဒေဝကာယာ သမာဂတာတိ၊ ဒေဝကာယာ သမာဂတာဟူ၍။
အာဟ၊ မိန့်ဆို၏။
တတ္ထ၊ ထိုပါဠိ၌။
ဒေဝကာယာတိ၊ ဒေဝကာယာဟူသည်ကား။
ဒေဝဃဋာ၊ နတ်အပေါင်းတို့သည်။
အာဂတမှာ
အာဂတာမှ (ဆဋ္ဌ)
ဣမံ ဓမ္မသမယန္တိ၊ အာဂတမှာ ဣမံ ဓမ္မသမယံဟူသည်ကား။
ဧဝံ၊ ဤသို့။
သမာဂတေ၊ အညီအညွတ် ရောက်လာကုန်သော။
ဒေဝကာယေ၊ နတ်အပေါင်းတို့ကို။
ဒိတွာ၊ မြင်၍။
မယမ္ပိ၊ ငါတို့သည်လည်း။
ဣမံ ဓမ္မသမူဟံ၊ ဤတရားသဘင်သို့။
အာဂတာ၊ ရောက်လာပါကုန်၏။
ကိံကာရဏာ၊ အဘယ်အကြောင်းကြောင့်။
အာဂတာ၊ ရောက်လာကုန်သနည်း။
ဒက္ခိတာယေ အပရာဇိတသံဃန္တိ၊ ဒက္ခိတာယေ အပရာဇိတသံဃံဟူသည်ကား။
ကေနစိ၊ တစ်စုံတစ်ယောက်သောသူသည်။
အပရာဇိတံ၊ မအောင်အပ်မအောင်နိုင်သော။
အဇ္ဇေဝ၊ ယနေ့သာလျှင်။
တယော မာရေ၊ သုံးပါးသောမာရ်တို့ကို။
မဒ္ဒိတွာ၊ နှိမ်နင်း၍။
ဝိဇိတသင်္ဂါမံ၊ အောင်အပ်သောစစ်မြေရှိသော။
အပရာဇိတံ၊ ယနေ့သာလျှင် သူများတကာ မအောင်နိုင်အားမာရ်သုံးပါးတို့ကို ထွားထွားဖျက်ချေသဖြင့် အောင်အပ်သောစစ်မြေရှိတော်မူသော။
ဣမံ သံဃံ၊ ဤသံဃာတော်အပေါင်းကို။
ဒဿနတ္ထာယ၊ ဖူးမြင်ခြင်းအလို့ငှာ။
အာဂတာမှ၊ ရောက်လာပါကုန်၏။
ဣတိ အယံ၊ ဤသည်ကား။
အတ္ထော၊ အနက်တည်း။
သော ပန ဗြဟ္မာ၊ ထိုဗြဟ္မာသည်ကား။
ဣမံ ဂါထံ၊ ဤဂါထာကို။
ဘာသိတွာ၊ ဆို၍။
ဘဂဝန္တံ၊ မြတ်စွာဘုရားကို။
အဘိဝါဒေတွာ၊ ရှိခိုး၍။
ပုရတ္ထိမစက္ကဝါဠမုခဝဋ္ဋိယမေဝ
ပုရတ္ထိမစက္ကဝါဠမုခဝဋ္ဋိယံယေဝ (ဆဋ္ဌ)
၊ ရှေ့ရပ်မျက်နှာ စကြာဝဠာအနားရေး၌သာလျှင်။
အဋ္ဌာသိ၊ တည်၏။
အထ၊ ထိုနောက်မှ။
ဒုတိယော၊ နှစ်ယောက်မြောက်သော ဗြဟ္မာသည်။
ဝုတ္တနယေနေဝ၊ ဆိုအပ်ပြီးသော နည်းဖြင့်သာလျှင်။
အာဂန္တွာ၊ လာ၍။
အဘာသိ၊ လျှောက်ဆို၏။
တတ္ထ၊ ထိုဂါထာ၌။
တတြ ဘိက္ခဝေါတိ၊ တတြဘိက္ခဝေါဟူသည်ကား။
တသ္မိံ သန္နိပါတဋ္ဌာနေ၊ ထိုစည်းဝေးရာအရပ်၌။
ဘိက္ခူ၊ ရဟန်းတို့သည်။
သမာဒဟံသူတိ၊ သမာဒဟံသုဟူသည်ကား။
သမာဓိနာ၊ လောကုတ္တရာသမာဓိနှင့်။
ယောဇေသုံ၊ ယှဉ်စေကုန်၏။
အတ္တနော ဥဇုက မကံသူတိ
စိတ္တမတ္တနော ဥဇုကံ အကံသူတိ (ဆဋ္ဌ)
၊ အတ္တနော ဥဇုကမကံသုဟူသည်ကား။
အတ္တနော၊ မိမိ၏။
စိတ္တေ၊ စိတ်၌။
သဗ္ဗေ၊ ခပ်သိမ်းကုန်သော။
ဝင်္ကကုဋိလဇိမှဘာဝေ၊ နွားသေးကောက်, လရေးကောက်, ထွန်တုံးကောက်၏အဖြစ်တို့ကို။
ဟရိတွာ၊ ပယ်၍။
ဥဇုကံ၊ ဖြောင့်ဖြောင့်။
အကံသု၊ ပြုကုန်၏။
သာရထီဝ နေတ္တာနိ ဂဟေတွာတိ၊ သာရထီဝ နေတ္တာနိ ဂဟေတွာဟူသည်ကား။
သမပ္ပဝတ္တေသု၊ အညီအညွတ်ဖြစ်ကုန်သော။
သိန္ဓဝေသု၊ သိန္ဓောမျိုးဖြစ်သော မြင်းတို့၌။
ဩသဋ္ဌပတောဒေါ
ဩဓသ္တပတောဒေါ (ဆဋ္ဌ)
၊ လွှတ်သောနှင်တံရှိသော။
သာရထိ၊ ရထားထိန်းသည်။
သဗ္ဗယောတ္တာနိ၊ အလုံးစုံသောကြိုးတို့ကို။
ဂဟေတွာ၊ ကိုင်၍။
အစောဒေန္တော၊ မနှင်မတို့ဘဲ။
အဝါရေန္တော၊ မထားမြစ်ဘဲ။
တိဋ္ဌတိ ယထာ၊ တည်သကဲ့သို့။
ဧဝံ၊ ဤအတူ။
ဆဠင်္ဂုပေက္ခာယ၊ ဆဠင်္ဂုပေက္ခာနှင့်။
သမန္နာဂတာ၊ ပြည့်စုံကုန်သော။
ဂုတ္တဒွါရာ၊ လုံခြုံစောင့်မှု စက္ခုစသော တံခါးရှိကုန်သော။
ပဏ္ဍိတာ၊ ပညာရှိကုန်သော။
သဗ္ဗေပိ၊ အလုံးစုံလည်းဖြစ်ကုန်သော။
ဧတေ ပဉ္စသတာ ဘိက္ခူ၊ ထိုငါးရာသောရဟန်းတို့သည်။
ဣန္ဒြိယာနိ၊ စက္ခုစသော ဣန္ဒြေတို့ကို။
ရက္ခန္တိ၊ စောင့်ရှောက်ကုန်၏။
ဘဂဝါ၊ မြတ်စွာဘုရား။
ဧတေ၊ ထိုရဟန်းတို့ကို။
ဒဋ္ဌုံ၊ ဖူးမြင်ခြင်းငှာ။
ဣဓ၊ ဤစည်းဝေးရာအရပ်သို့။
အာဂတာမှ၊ ရောက်လာပါကုန်၏။
ဣတိ၊ ဤကား အနက်တည်း။
သောပိ၊ ထိုဗြဟ္မာသည်လည်း။
ဂန္တွာ၊ သွား၍။
ယထာဌာနေယေဝ၊ တည်မြဲတိုင်းသော စကြာဝဠာတောင်ထိပ်၌သာလျှင်။
အဋ္ဌာသိ၊ တည်၏။
အထ၊ ထိုနောက်မှ။
တတိယော၊ သုံးယောက်မြောက်ဖြစ်သော ဗြဟ္မာသည်။
ဝုတ္တနယေနေဝ၊ ဆိုအပ်ပြီးသောနည်းဖြင့်သာလျှင်။
အာဂန္တွာ၊ လာ၍။
အဘာသိ၊ လျှောက်ဆို၏။
တတ္ထ၊ ထိုဂါထာ၌။
ဆေတွာ ခိလန္တိ
ဆေတွာ ခီလန္တိ (ဆဋ္ဌ)
၊ ဆေတွာခိလံဟူသည်ကား။
ရာဂဒေါသမောဟခိလံ
ရာဂဒေါသမောဟခီလံ (ဆဋ္ဌ)
၊ ရာဂ, ဒေါသ, မောဟတည်းဟူသောတံသင်းကို။
ဆိန္ဒိတွာ၊ ဖြစ်၍။
ပလိဃန္တိ၊ ပလိဃံဟူသည်ကား။
ရာဂဒေါသမောဟပလိဃမေဝ၊ ရာဂ, ဒေါသ, မောဟသာလျှင်ဖြစ်သော တံခါးကျည်ကို။
(ဣန္ဒခီလန္တိ ရာဂဒေါသဣန္ဒခီလမေဝ (ဆဋ္ဌ))
ဥဟစ္စ
ဦဟစ္စ (ဆဋ္ဌ)
မနေဇာတိ၊ ဥဟစ္စ မနေဇာဟူသည်ကား။
တဏှာဧဇာယ၊ တဏှာဟူသောဧဇာဖြင့်။
အနေဇာ၊ တဏှာမရှိကုန်သော။
ဧတေ ဘိက္ခူ၊ ထိုရဟန်းတို့သည်။
ဣန္ဒခီလံ၊ ရာဂ, ဒေါသ,မောဟဟူသော တံခါးတိုင်ကို။
ဥဟစ္စ
ဦဟစ္စ (ဆဋ္ဌ)
သမူဟနိတွာ၊ နှုတ်၍။
စတူသု ဒိသာသု၊ အရပ်လေးမျက်နှာတို့၌။
အပ္ပဋိဟတစာရိကံ၊ ပိတ်ပင်ခြင်းကင်းသော သွားခြင်းကို။
စရန္တိ၊ သွားကုန်၏။
သုဒ္ဓါတိ၊ သုဒ္ဓါဟူသည်ကား။
နိရုပက္ကိလေသာ၊ ညစ်ညူးကြောင်းကိလေသာမရှိကုန်။
ဝိမလာတိ၊ ဝိမလာဟူသည်ကား။
နိမ္မလာ၊ ရာဂစသည် အညစ်အကြေး ကင်းကုန်၏။
ဣတိ ဣဒံ
ဣဒံ (ဆဋ္ဌ)
၊ ဤဝိမလာဟူသောပုဒ်သည်။
တဿေဝ၊ ထိုသုဒ္ဓါဟူသောပုဒ်၏သာလျှင်။
ဝေဝစနံ၊ ဝေဝုစ်ပရိယာယ်သဒ္ဒါတည်း။
စက္ခုမတာတိ၊ စက္ခုမတာဟူသည်ကား။
ပဉ္စဟိ၊ ငါးပါးကုန်သော။
စက္ခူဟိ၊ ဗုဒ္ဓ, ဓမ္မ, ဒိဗ္ဗ, သမန္တ, ပကတိစက္ခုတို့ဖြင့်။
စက္ခုမန္တေန၊ စက္ခုရှိသဖြင့်။
သုဒန္တာတိ၊ သုဒန္တာဟူသည်ကား။
စက္ခုတောပိ၊ စက္ခုန္ဒြေအားဖြင့်လည်း။
ဒန္တာ၊ ယဉ်ကျေးကုန်၏။
သောတတောပိ၊ သောတအားဖြင့်လည်း။
ဃာနတောပိ၊ ဃာနအားဖြင့်လည်း။
ဇိဝှါတောပိ၊ ဇိဝှါအားဖြင့်လည်း။
ကာယတောပိ၊ ကာယအားဖြင့်လည်း။
မနတောပိ၊ မနိန္ဒြေအားဖြင့်လည်း။
ဒန္တာ၊ ယဉ်ကျေးကုန်၏။
သုသုနာဂါတိ၊ သုသုနာဂါဟူသည်ကား။
တရုဏနာဂါ၊ ပျိုမြစ်နုနယ် ငယ်ရွယ်သောအခါက ရဟန္တာဖြစ်ကုန်၏။
တတြ၊ ထိုသုသုနာဂါဟူသောပုဒ်၌။
အယံ၊ ဤဆိုအလတ္တံ့သည်ကား။
ဝစနတ္ထော၊ ဝိဂြိုဟ်တည်း။
ဆန္ဒာဒီဟိ၊ ဆန္ဒစသည်တို့ဖြင့်။
န ဂစ္ဆန္တိ၊ မရောက်ကုန်။
ဣတိ၊ ထို့ကြောင့်။
နာဂါ၊ နာဂမည်ကုန်၏။
တေန တေန မဂ္ဂေန၊ ထိုထိုမဂ်ဖြင့်။
ပဟီနကိလေသေ
ပဟီနေကိလေသေ (ဆဋ္ဌ)
၊ ပယ်အပ်သော ကိလေသာတို့ကို။
န အာဂစ္ဆန္တိ၊ မလာမရောက်စေတတ်ကုန်။
ဣတိ၊ ထို့ကြောင့်။
နာဂါ၊ နာဂမည်ကုန်၏။
နာနပ္ပကာရံ၊ အထူးထူးအပြားပြားသော။
အာဂုံ၊ ပြစ်မှားခြင်းကို။
န ကရောန္တိ၊ မပြုကုန်။
ဣတိ၊ ထို့ကြောင့်။
နာဂါ၊ နာဂမည်ကုန်၏။
အယံ၊ ဤဆိုအပ်ပြီးသည်ကား။
ဧတ္ထ၊ ဤအဋ္ဌကထာ၌။
သင်္ခေပေါ၊ အကျဉ်းတည်း။
ဝိတ္ထာရော ပန၊ အကျယ်ကိုမူကား။
မဟာနိဒ္ဒေသေ၊ မဟာနိဒ္ဒေသပါဠိ၌။
ဝုတ္တနယေနေဝ၊ ဟောတော်မူအပ်သည့် နည်းဖြင့်သာလျှင်။
ဝေဒိတဗ္ဗော၊ သိအပ်၏။
အပိစ၊ နည်းတစ်ပါးကို မိန့်ဆိုဦးအံ့။
ယာဒိသော၊ အကြင်သို့သောသဘောရှိသောပုဂ္ဂိုလ်သည်။
လောကေ၊ လောက၌။
ကိဉ္စ၊ တစ်စုံတစ်ခုသော။
အာဂုံ၊ ပြစ်မှားမှုကို။
န ကရောတိ၊ မပြု။
သဗ္ဗသံယောဂဝိဿဇ္ဇ
သဗ္ဗသံယောဂဝိသဇ္ဇ (ဆဋ္ဌ)
၊ ခပ်သိမ်းသောသံယောဇဉ်တို့ကို စွန့်လွှတ်၍။
သဗ္ဗတ္ထ၊ ခပ်သိမ်းသောဘဝတို့၌။
ဗန္ဓနာနိ၊ အနှောင်အဖွဲ့တို့သည်။
န သဇ္ဇတိ၊ မကပ်ငြိ။
ဝိမုတ္တော၊ ဘဝခပ်သိမ်းမှကင်းငြိမ်းလွတ်တော်မူ၏။
တာဒိသော၊ ထိုသို့သဘောရှိသော ပုဂ္ဂိုလ်ကို။
တထတ္ထာ၊ မဖောက်ပြန်သည်၏ အဖြစ်ကြောင့်။
နာဂေါ၊ ရဟန္တာဟူ၍။
ပဝုစ္စတေ၊ ဆိုအပ်၏။
ဣတိ ဧဝမ္ပိ
ဣတိ ဧဝံ (ဆဋ္ဌ)
၊ ဤဂါထာ၏ အစွမ်းအားဖြင့်လည်း။
ဧတ္ထ၊ ဤနာဂဟူသောပုဒ်၌။
အတ္ထော၊ အနက်ကို။
ဝေဒိတဗ္ဗော၊ သိအပ်၏။
(သုသုနာဂါတိ သုသူ နာဂါ (ဆဋ္ဌ))
သုသုနာဂဘာဝသမ္ပတ္တိံ၊ ပျိုမြစ်နုနယ်ငယ်သောအခါက ရဟန္တာအဖြစ်၏ ပြည့်စုံခြင်းသို့။
ပတ္တာ၊ ရောက်ကုန်၏။
ဣတိ အတ္ထော၊ ဤကား အနက်တည်း။
ဘဂဝါ၊ မြတ်စွာဘုရား။
ဧဝရူပေ၊ ဤသို့သဘောရှိကုန်သော။
အနုတ္တရေန၊ အတုမရ မြတ်လှစွာသော။
ယောဂ္ဂါစရိယေန၊ လိမ္မာဆန်းထူး ရထားမှူးသည်။
ဒမိတေ၊ ဆုံးမအပ်သော။
တေ တရုဏနာဂေ၊ ထိုရွယ်လူပျိုမြစ် ရဟန္တာအသစ်တို့ကို။
ဒဿနာယ၊ ဖူးမြင်ခြင်းငှာ။
အာဂတမှ၊ ရောက်လာပါကုန်၏။
ဣတိ၊ ဤကား အနက်တည်း။
သောပိ၊ ထိုဗြဟ္မာသည်လည်း။
ဂန္တွာ၊ သွား၍။
ယထာဌာနေယေဝ၊ တည်မြဲတိုင်းနေရာ စကြာဝဠာတောင်ထိပ်၌သာလျှင်။
အဋ္ဌာသိ၊ တည်၏။
အထ၊ ထိုနောက်မှ။
စတုတ္ထော၊ လေးယောက်မြောက်သော ဗြဟ္မာသည်။
ဝုတ္တနယေနေဝ၊ ဆိုအပ်ပြီးသော နည်းဖြင့်သာလျှင်။
အာဂန္တွာ၊ လာ၍။
အဘာသိ၊ လျှောက်၏။
တတ္ထ၊ ထိုဂါထာ၌။
ဂတာသေတိ၊ ဂတာသေဟူသည်ကား။
နိဗ္ဗေမတိကသရဏဂမနေန၊ ဘုရားစသည်၌ ယုံမှားတွေးတောခြင်းကင်းသော လောကုတ္တရာသရဏဂုံဖြင့်။
ဂတာ၊ ဆည်းကပ်ကုန်၏။
သောပိ၊ ထိုဗြဟ္မာသည်လည်း။
ဂန္တွာ၊ သွား၍။
ယထာဌာနေယေဝ၊ တည်မြဲ တိုင်းနေရာစကြာဝဠာတောင်ထိပ်၌သာလျှင်။
အဋ္ဌာသိ၊ တည်၏။
ဣတိ၊ ဤသည်လျှင်သတ္တမသုတ်၏အဖွင့် အပြီးတည်း။
သတ္တမံ၊ ခုနစ်ခုမြောက်သောသုတ်တည်း။