Issues
Select Version
miuthi-မိုးထိ
မြန်မာဘာသာ
(SN) Sagāthāvagga-aṭṭhakathā
(SN) Sagāthāvagga-aṭṭhakathā

၁၀=သူရိယသုတ်အဖွင့်

Author: miuthi-မိုးထိ @ IAPT

၁၀၊ သူရိယသုတ်အဖွင့်

၉၁။ ဒသမေ၊ ဒသမသုတ်၌။ သူရိယောတိ၊ သူရိယောဟူသည်ကား။ သူရိယဝိမာနဝါသီ၊ နေဗိမာန်၌စံနေသော။ ဒေဝပုတ္တော၊ နတ်သားသည်။
အန္ဓကာရေတိ၊ အန္ဓကာရေဟူသည်ကား။ စက္ခုဝိညာဏုပ္ပတ္တိနိဝါရဏေန၊ စက္ခုဝိညာဉ်ဖြစ်ခြင်ကို တားမြစ်သောအားဖြင့်။ အန္ဓဘာဝကရဏေ၊ လူအပေါင်း၏မမြင်သည်အဖြစ်ကို ပြုတတ်သော။
ဝိရောစတိ၊ တောက်ပတတ်၏။ ဣတိ၊ ထို့ကြောင့်။ ဝေရောစနော၊ ဝေရောစနမည်၏။ ဝေရောစနော၊ တောက်ပသောအရောင်ရှိသော။
မဏ္ဍလီတိ၊ မဏ္ဍလီဟူသည်ကား။ မဏ္ဍလသဏ္ဌာနော၊ လုံးဝန်းသော သဏ္ဌာန်ရှိသော။
မာ ရာဟု ဂိလီ စရံ အန္တလိက္ခေတိ စရမန္တလိက္ခေတိ (ဆဋ္ဌ) ၊ မာ ရာဟု ဂိလီ စရံ အန္တလိက္ခေဟူသည်ကား။ အန္တလိက္ခေ၊ ကောင်းကင်၌။ စရံ၊ ပျံသွားသော။ သူရိယံ၊ နေကို။ ရာဟု၊ ရာဟုအသုရိန်။ မာ ဂိလီ၊ သင် မမျိုလင့်။ ဣတိ၊ ဤသို့။ ဝဒတိ၊ ဆို၏။
ပန၊ စီစစ်ရန်ရှိသေး၏။ ဧသ၊ ဤရာဟုအသုရိန်သည်။ တံ၊ ထိုနေဗိမာန်ကို။ ဂိလတိ ကိံ၊ မျိုသလော။ ဣတိ၊ ဤသည်ကား။ စောဒနာ၊ စောဒနာခြင်းတည်း။
အာမ ဂိလတိ၊ ဪ မျိုသည် မှန်၏။ ဣတိ၊ ဤသို့ ဖြေအပ်၏။
ဟိ၊ ချဲ့ဦးအံ့။ ရာဟုဿ၊ ရာဟုအသုရိန်၏။ အတ္တဘာဝေါ၊ အတ္တဘောသည်။ မဟာ၊ ကြီးမြင့်၏။ ဥစ္စတ‌ရေန ဥစ္စတ္တနေန (ဆဋ္ဌ) ၊ အမြင့်အားဖြင့်။ အဋ္ဌယောဇနသတာဓိကာနိ၊ ယူဇနာရှစ်ရာအလွန်ရှိကုန်သော။ စတ္တာရိ ယောဇနသဟဿနိ၊ ယူဇနာလေးထောင်တို့သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ အဿ၊ ထိုရာဟုအသုရိန်အား။ ဗာဟန္တရံ၊ လက်ရုံးနှစ်ခုအကြားသည်။ ဒွါဒသ ယောဇနသတာနိ၊ ယူဇနာတစ်ထောင့်နှစ်ရာတို့သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ ဗဟလတ္တေန၊ အထူးအားဖြင့်။ ဆ ယောဇနသတာနိ၊ ယူဇနာခြောက်ရာတို့သည်။ အဟေသုံ၊ ရှိသည်ဖြစ်ကုန်၏။ သီသံ၊ ဦး‌ခေါင်းသည်။ နဝ ယောဇနသတံ၊ ယူဇနာသုံးရာရှိ၏။ နလာဋံ၊ နဖူးပြင်သည်။ တိယောဇနသတံ၊ ယူဇရာသုံးရာရှိ၏။ ဘမုကန္တရံ၊ မျက်မှောင်နှစ်ခုအကြားသည်။ ပန္နရသယောဇနံ ပဏ္ဏာသယောဇနံ (ဆဋ္ဌ) ၊ တစ်ဆယ့်ငါးယူဇနာရှိ၏။ မုခံ၊ ခံတွင်းသည်။ ဒွိယောဇနသတံ၊ ယူဇနာနှစ်ရာရှိ၏။ ဃာနံ၊ နှာခေါင်းသည်။ တိယောဇနသတံ၊ ယူဇနာသုံးရာရှိ၏။ မုခါဒါနံ မုခါဓာနံ (ဆဋ္ဌ) ၊ လှစ်အပ်သောခံတွင်းသည်။ တိယောဇနသတဂမ္ဘီရံ၊ ယူဇနာသုံးရာနက်၏။ ဟတ္ထတလပါဒတလာနံ ဟတ္ထပါဒတလာနိ (ဆဋ္ဌ) ၊ လက်ဖဝါး, ခြေဖဝါးအပြင်တို့၏။ ပုထုလတော၊ အပြန့်အားဖြင့်။ ဒွိယောဇနသတာနိ၊ ယူဇနာနှစ်ရာတို့သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။
အင်္ဂုလိပဗ္ဗာနိ၊ လက်ဆစ်တို့သည်။ ပဏ္ဏာသ‌ယောဇနာနိ၊ ယူဇနာငါးဆယ်တို့သည်။ အဟေသုံ၊ ဖြစ်ကုန်၏။
သော၊ ထိုရာဟုအသုရိန်သည်။ စန္ဒိမသူရိယေ၊ လ,နေတို့ကို။ ဝိရောစမာနေ၊ ထွန်းတောက်ပသည်တို့ကို။ ဒိသွာ၊ မြင်သည်ရှိသော်။ ဣဿာပကတော၊ ငြူစူခြင်း ပြင်းစွာနှိပ်စက်သောကြောင့်။ တေသံ၊ ထိုလ,နေတို့၏။ ဂမနဝီထိံ၊ သွားရာခရီးသို့။ ဩတရိတွာ၊ သက်၍။ မုခံ ဝိဝရိတွာ၊ ခံတွင်းကို ဖွင့်လျက်။ တိဋ္ဌတိ၊ တည်ရပ်၏။
စန္ဒဝိမာနံ ဝါ၊ လဗိမာန်သည်လည်း။ သူရိယဝိမာနံ ဝါ၊ နေဗိမာန်သည်လည်း။ တိယောဇနသတိကေ၊ ယူဇနာသုံးရာနက်သော။ မဟာနရကေ၊ နရက်ချောက်ကြီး၌။ ပက္ခိတ္တံ ဝိယ၊ ပစ်ချလိုက်သကဲ့သို့။ ဟောတိ၊ ဖြစ်၏။
ဝိမာနေ၊ လဗိမာန်,နေဗိမာန်၌။ အဓိဝတ္ထာ၊ စောင့်ကုန်သော။ ဒေဝတာ၊ နတ်သားတို့သည်။ မရဏဘယတဇ္ဇိတာ၊ သေဘေးဖြင့် ထိတ်လန့်ကုန်သည်ဖြစ်၍။ ဧကပ္ပဟာရေနေဝ၊ တစ်ပြိုင်နက်တည်းသာလျှင်။ ဝိရဝန္တိ၊ ယောင်ယမ်းဟစ်ကြော်ကုန်၏။
သော ပန၊ ထိုရာဟုအသုရိန်နတ်သားသည်ကား။ ဝိမာနံ၊ လဗိမာန်,နေဗိမာန်ကို။ ကဒါစိ၊ ရံခါရံခါ။ ဟတ္ထေန၊ လက်ဖြင့်။ ဆာဒေတိ၊ ဖုံးဖိ၏။ ကဒါစိ၊ ရံခါရံခါ။ ဟနုကဿ၊ မေး၏။ ဟေဋ္ဌာ၊ အောက်၌။ ပက္ခိပတိ၊ ချသွင်း၏။ ကဒါစိ၊ ရံခါရံခါ။ ဇိဝှါယ၊ လျှာဖြင့်။ ပရိမဇ္ဇတိ၊ သုံးသပ်၏။ ကဒါစိ၊ ရံခါရံခါ။ အဝဂဏ္ဍကရဏံ အဝဂဏ္ဍကာရကံ (ဆဋ္ဌ) ၊ ပါးစောင်၌ထား၍။ ဘုဉ္ဇန္တော ဝိယ၊ စားမည်ကဲ့သို့။ ကပေါလန္တရေ၊ ပါးစောင်တွင်း၌။ ဌပေတွာ၊ ထား၏။
ဝေဂံ ပန၊ အဟုန်ကိုမူကား။ ဝါရေတုံ၊ တားမြစ်ခြင်းငှါ။ န သက္ကောတိ၊ မစွမ်းနိုင်။
ဝါရေဿာမီတိ၊ တားမြစ်အံ့ဟု။ ဂဏ္ဍကံ ကတွာ၊ ပါးစောင်အတွင်းသွင်း၍။ သစေ တိဋ္ဌေယျ၊ အကယ်၍ရပ်တည်ငြားအံ့။ တဿ၊ ထိုရာဟုအသုရိန်၏။ မတ္ထကံ၊ အထက်အရပ်ကို။ ဘိန္ဒိတွာ၊ ဖေါက်ခွဲ၍။ နိက္ခမေယျ၊ ထွက်ရာ၏။ အာကဍ္ဎိတွာ ဝါ၊ မိမိသွားမြဲနေရာဒေသသို့ ရှေးရှုငင်၍မူလည်း။ နံ၊ ထိုရာဟုအသုရိန်ကို။ ဩနမေယျ၊ ညွတ်စေရာ၏။
တသ္မာ၊ ထို့ကြောင့်။ ဝိမာနေန၊ ဗိမာန်နှင့်။ သဟေဝ၊ အတူတကွသာလျှင်။ ဂစ္ဆတိ၊ သွား၏။
ပဇံ မမာတိ၊ ပဇံ မမဟူသည်ကား။ စန္ဒိမသူရိယာ၊ စန္ဒိမ,သူရိယအမည်ရှိကုန်သော။ ဒွေပိ ဒေဝပုတ္တာ၊ နတ်နှစ်ဦးတို့သည်လည်း။ မဟာသမယသုတ္တကထနဒိဝသေ၊ မဟာသမယသုတ်ကို ဟောတော်မူသောနေ့၌။ သောတာပတ္တိဖလံ၊ သောတာပတ္တိဖိုလ်သို့။ ပတ္တာ ကိရ၊ ရောက်ကြကုန်သတတ်။
တေန၊ ထို့ကြောင့်။ ဘဂဝါ၊ မြတ်စွာဘုရားသည်။ ပဇံ မမာတိ၊ ပဇံ မမဟူ၍။ အာဟ၊ မိန့်တော်မူ၏။ ဧသော၊ ဤလ,နေစံမြူးနတ်နှစ်ဦးသည်။ မမ ပုတ္တော၊ ငါဘုရားသားတော်ချည်းတည်း။ ဣတိ အယံ၊ ဤသည်ကား။ အတ္ထော၊ အနက်တည်း။
ဒသမံ၊ ဆယ်ခုမြောက်သောသုတ်တည်း။
ပဌမဝဂ္ဂေါ၊ ပဌမဝဂ်သည်။ နိဋ္ဌိ‌တော၊ ပြီးခြင်းသို့ရောက်ပြီ။