၁၊ ဇရာသုတ်
၅၁။ ဇရာဝဂ္ဂဿ၊ ဇရာဝဂ်၏။
ပဌမေ၊ ပဌမသုတ်၌။
သာဓူတိ၊ သာဓုဟူသည်ကား။
လဒ္ဓကံ၊ ရအပ်၏။
ဘဒ္ဒံ၊ ကောင်းမြတ်၏။
သီလံ ယာဝ ဇရာတိ ဣမိနာ၊ သီလံ ယာဝ ဇရာဟူသော ဤပါဌ်ဖြင့်။
ဣဒံ၊ ဤဆိုလတ္တံ့သောအနက်ကို။
ဒဿေတိ၊ ပြ၏။
မုတ္တာမဏိရတ္တဝတ္ထာဒီနိ၊ ပုလဲ, ပတ္တမြား, နှစ်သက်အပ်သော အဝတ်ပုဆိုးအစရှိကုန်သော။
အာဘရဏာနိ၊ တန်ဆာတို့သည်။
တရုဏကာလေယေဝ၊ ငယ်သောအခါ၌သာလျှင်။
သောဘန္တိ၊ တင့်တယ်ကုန်၏။
ဇရာဇိဏ္ဏကာလေ၊ အိုမင်းရွတ်တွ ရှိကာလ၌။
တာနိ၊ ထိုတန်ဆာတို့သည်။
ဓာရေန္တော၊ ဆင်ယင်ဝတ်စားသည်ရှိသော်။
အယံ၊ ဤလူအိုကြီးသည်။
အဇ္ဇာပိ၊ ယနေ့ထက်တိုင်လည်း။
ဗာလဘာဝံ၊ သူငယ်အဖြစ်ကို။
ပတ္ထေတိ၊ တောင့်တ၏။
ဥမ္မတ္တကော မညေ၊ ရူးပြီထင်၏။
ဣတိ၊ ဤသို့။
ဝတ္တဗ္ဗတံ၊ ဆိုအပ်သည်၏အဖြစ်သို့။
အာပဇ္ဇတိ ယထာ၊ ရောက်သကဲ့သို့။
ဧဝံ၊ ဤအတူ။
သီလံ၊ သီလသည်။
န အာပဇ္ဇတိ၊ ရောက်၏။
ဟိ၊ ဆိုသင့်၏။
သီလံ၊ သီလသည်။
နိစ္စကာလံ၊ အခါခပ်သိမ်း။
သောဘတိ၊ တင့်တယ်၏။
ဗာလကာလေပိ၊ ငယ်သောအခါ၌လည်း။
သီလရက္ခန္တံ
သီလံ ရက္ခန္တံ (ဆဋ္ဌ)
၊ သီလစောင့်သောသူကို။
ဣမဿ၊ ဤသူငယ်အား။
သီလေန၊ သီလဖြင့်။
ကိံ၊ အဘယ်မူစအံ့နည်း။
ဣတိ၊ ဤသို့။
ဝတ္တာရော၊ ကဲ့ရဲ့မည့်သူတို့သည်။
နတ္ထိ၊ မရှိကုန်။
မဇ္ဈိမကာလေပိ၊ အလတ်အလယ် ပျိုရွယ်အခါ၌လည်း။
မဟလ္လကကာလေပိ၊ ကြီးရင့်သောအရွယ်အခါ၌လည်း။
သီလရက္ခန္တံ
သီလံ ရက္ခန္တံ (ဆဋ္ဌ)
၊ သီလစောင့်သူကို။
ဣမဿ၊ ဤသူအား။
သီလေန၊ သီလဖြင့်။
ကိံ၊ အဘယ်မူစအံ့နည်း။
ဣတိ၊ ဤသို့။
ဝတ္တာရော၊ ကဲ့ရဲ့သောသူတို့မည်သည်။
နတ္ထိ၊ မရှိ။
ဣတိ၊ ဤသို့ သိအပ်၏။
သဒ္ဓါ သာဓု ပတိဋ္ဌိတာတိ၊ သဒ္ဓါ သာဓု ပတိဋ္ဌိတာဟူသည်ကား။
ဟတ္ထာဠဝကစိတ္တဂဟပတိအာဒီနံ၊ ဟတ္ထာဠဝက, စိတ္တသူကြွယ်စသော သတင်းသည်တို့၏။
သဒ္ဓါ ဝိယ၊ သဒ္ဓါတရားကဲ့သို့။
မဂ္ဂေန၊ မဂ်ဖြင့်။
အာဂတာ၊ ရောက်လာသော။
ပတိဋ္ဌိတသဒ္ဓါ နာမ၊ စိတ်သန္တာန်၌ ရအပ်သောတည်ခြင်းရှိသဖြင့်သူတပါးမလှုပ်ရှားစေနိုင်သော သဒ္ဓါမည်သည်။
သာဓု၊ ကောင်း၏။
ပညာ နရာနံ ရတနန္တိ ဧတ္ထ၊ ပညာ နရာနံ ရတနံဟူသော ဤပါဠိ၌။
စိတ္တီကတဋ္ဌာဒီဟိ၊ ရိုသေလေးမြတ် ပြုအပ်သောအနက် အစရှိသည်တို့ဖြင့်။
ရတနံ၊ ရတနာကို။
ဝေဒိတဗ္ဗံ၊ သိအပ်၏။
ဟိ သစ္စံ၊ မှန်၏။
ဧတံ၊ ဤဆိုလတ္တံ့သော စိတ္တီကတံစသောစကားကို။
ဝုတ္တံ၊ ရှေးအဋ္ဌကထာ၌ ဆိုအပ်၏။
စိတ္တီကတံ၊ ရိုသေလေးမြတ်ပြုအပ်၏။
ဣတိ၊ ဤအနက်သဘောကြောင့်။
ယိဒိ ရတနံ၊ အကယ်၍ ရတနာဟု ဆိုအပ်သည် ဖြစ်အံ့။
နနု၊ စင်စစ်။
ဘဂဝါ၊ မြတ်စွာဘုရားသည်။
စိတ္တီကတော၊ ရိုသေလေးမြတ်ပြုအပ်သော။
ပုရိသသီဟော၊ ယောက်ျားမြတ်တည်း။
ယေ စ၊ အကြင်မင်း, ပညာရှိ, စတုမဟာရာဇ်အစရှိသည်တို့ကိုလည်း။
လောကေ၊ လောက၌။
စိတ္တီကတာ၊ ရိုသေလေးမြတ်ပြုအပ်ကုန်၏။
ဘဂဝါ၊ မြတ်စွာဘုရားသည်။
တေသံ၊ ထိုလောက၌ ရိုသေလေးမြတ် ပြုအပ်ကုန်သော မင်း, ပညာရှိ, စတုမဟာရာဇ်, သိကြား, သုယာမ, မဟာဗြဟ္မာစသောသူတို့သည်။
စိတ္တီကတော၊ ကိုးကွယ်ရာဟု ဆည်းကပ်အပ်သည်၏အဖြစ်စသောအစွမ်းဖြင့် ရိုသေလေးမြတ်ပြုအပ်သော ယောက်ျားမြတ် ဖြစ်တော်မူ၏။
ရတိကရံ၊ နှစ်သက်ဝမ်းမြောက်ခြင်းကို ပြုတတ်၏။
ဣတိ၊ ဤအနက် သဘောကြောင့်။
ယဒိ ရတနံ၊ အကယ်၍ ရတနာဟု ဆိုအပ်သည်ဖြစ်အံ့။
နနု၊ စင်စစ်။
ဘဂဝါ၊ မြတ်စွာဘုရားသည်။
ရတိကရော၊ ပီတိသုခကိုဆောင် တတ်သော။
ပုရိသသီဟော၊ ယောက်ျားမြတ်ဖြစ်တော်မူ၏။
တဿ၊ ထိုပုရိသသီဟဖြစ်တော်မူသော ဘုရားမြတ်၏။
ဝစနေန၊ စကားတော်ဖြင့်။
စရန္တာ၊ ကျင့်ကုန်သောသူတို့သည်။
ဈာနရတိသုခေန၊ နှစ်ပါးအပြားရှိသောဈာန်၌ မွေ့လျော်ခြင်းသုခဖြင့်။
အဘိရမန္တိ၊ လွန်စွာမွေ့လျော်ကုန်၏။
အတုလျံ၊ တုဖက်မရှိ။
ဣတိ၊ ဤအနက်သဘောကြောင့်။
ယဒိ ရတနံ၊ အကယ်၍ ရတနာဟု ဆိုအပ်သည်ဖြစ်အံ့။
နနု၊ စင်စစ်။
ဘဂဝါ၊ မြတ်စွာဘုရားသည်။
အတုလော၊ တုဖက်ကင်းသော။
ပုရိသသီဟော၊ ယောက်ျားမြတ်ဖြစ်တော်မူ၏။
ဂုဏေဟိ၊ ကျေးဇူးတော်တို့ဖြင့်။
တုလေတုံ၊ နှိုင်းယှဉ်တိုင်းစား ပိုင်းခြားခြင်းငှာ။
န သက္ကာဟိ၊ မတတ်ကောင်းသည်သာလျှင်တည်း။
ဂုဏပါရမိံ၊ ကျေးဇူးတော်တို့၏အထွဋ်အမြတ်သို့။
ဂတော၊ ရောက်တော်မူ၏။
ဒုလ္လဘံ၊ ရနိုင်ခဲ၏။
ဣတိ၊ ဤအနက်သဘောကြောင့်။
ယဒိ ရတနံ၊ အကယ်၍ ရတနာဟု ဆိုအပ်သည်ဖြစ်အံ့။
နနု၊ စင်စစ်။
ဘဂဝါ၊ မြတ်စွာဘုရားသည်။
ဒုလ္လဘော ပုရိသသီဟော၊ အလွန်ရခဲသော ယောက်ျားမြတ်ဖြစ်တော်မူ၏။
အနောမသတ္တပရိဘောဂံ၊ ပြည့်စုံစွာသောသတ္တဝါတို့သည် သုံးဆောင်ထိုက်၏။
ဣတိ၊ ဤအနက်သဘောကြောင့်။
ယဒိ ရတနံ၊ အကယ်၍ ရတနာဟု ဆိုအပ်သည်ဖြစ်အံ့။
နနု၊ စင်စစ်။
ဘဂဝါ၊ မြတ်စွာဘုရားသည်။
သီလေန၊ သီလအားဖြင့်။
သမာဓိနာ၊ သမာဓိအားဖြင့်။
ပညာယ၊ ပညာအားဖြင့်။
ဝိမုတ္တိယာ၊ ဝိမုတ္တိအားဖြင့်။
ဝိမုတ္တိဉာဏဒဿနေန၊ ဝိမုတ္တိဉာဏ်ကိုမြင်သဖြင့်။
အနောမော၊ ပြည့်စုံသောယောက်ျားမြတ် ဖြစ်တော်မူ၏။
(ဣတိ (ဆဋ္ဌ))။
ဣဓ ပန၊ ဤအရာ၌ကား။
ဒုလ္လဘပါတုဘာဝဋ္ဌေန၊ ရနိုင်ခဲသည် ဖြစ်၍ထင်ရှားသော အနက်သဘောကြောင့်။
ပညာ၊ ပညာကို။
ရတနန္တိ၊ ရတနာဟူ၍။
ဝုတ္တံ၊ မိန့်အပ်၏။
ပုညန္တိ၊ ပုညံဟူသည်ကား။
ပုညစေတနာ၊ ကုသိုလ်စေတနာတည်း။
ဟိ သစ္စံ၊ မှန်၏။
သာ၊ ထိုကုသိုလ်စေတနာသည်။
အရူပတ္တာ၊ နာမ်ဖြစ်သောကြောင့်။
ပရိဟရိတုံ၊ ဆောင်ခြင်းငှာ။
န သက္ကာ၊ မတတ်ကောင်း။
ဣတိ၊ ဤသည်လျှင် ပဌမသုတ်၏ အဖွင့်အပြီးတည်း။
ပဌမံ၊ ရှေးဦးစွာသောသုတ်တည်း။