Issues
Select Version
နိဿယ
မြန်မာဘာသာ
Therāpadānapāḷi(Paṭhamo bhāgo)
Therāpadānapāḷi(Paṭhamo bhāgo)

၅. ဥပသီဝတ္ထေရအပဒါန်

Author: နိဿယ @ IAPT

၅. ဥပသီဝတ္ထေရအပဒါန်

ဟိမဝန္တဿ၊ ဟိမဝန္တာ၏။ အဝိဒူရေ၊ မနီးမဝေးသောအရပ်၌။ အနောမောနာမ၊ အနောမအမည်ရှိသော။ ပဗ္ဗတော၊ တောင်သည်။ အတ္ထိ၊ ရှိ၏ ။ တတ္ထ၊ ထိုတောင်၌။ မယှံ၊ ငါ၏။ အဿမော၊ သင်ခမ်းကျောင်းကို။ သုကတော၊ ကောင်းစွာပြုအပ်၏ ။
တတ္ထ၊ ထိုတောင်၌။ နဒီစ၊ မြစ်သည်လည်း။ သန္ဒတိ၊ စီး၏ ။ သုပတိတ္ထာ၊ ကောင်းသောဆိပ်ရှိ၏ ။ မနောရမာ၊ နှလုံးမွေ့လျော်ဖွယ်ရှိ၏။ အနုပတိဋ္ဌေ၊ ရေများသောအရပ်၌။ ဗဟူ၊ များစွာကုန်သော။ ပဒုမုပ္ပလကာ၊ ပဒုမ္မာကြာ ဥပ္ပလကြာတို့သည်။ ဇာယန္တိ၊ ဖြစ်ကုန်၏ ။
မစ္ဆာ၊ ငါးတို့သည်။ ပါဋ္ဌီနာ၊ ငါးဖယ်တို့သည်လည်းကောင်း။ ပါဝုသာ၊ ငါးတန်တို့သည်လည်းကောင်း။ ဗလဇာ၊ ငါးရန့်တို့သည်လည်းကောင်း။ မုဉ္ဇရောဟိတာ၊ ငါးကြင်းတို့သည်လည်းကောင်း။ မစ္ဆကစ္ဆပသဉ္ဆန္နာ၊ ငါးလိပ်တို့ဖြင့်ဖုံးလွှမ်းအပ်ကုန်သည်ဖြစ်၍။ တဒါ၊ ထိုအခါ၌။ နဒိကာ၊ မြစ်ငယ်တို့သည်။ သန္ဒတေ၊ စီးကုန်၏ ။
တတ္ထ၊ ထိုမြစ်၌။ တိမိရာ၊ ကျည်းပင်တို့သည်။ ပုပ္ဖိတာ၊ ပွင့်ကုန်၏ ။ အသောကာ၊ သော်ကပင်တို့သည်လည်းကောင်း။ ခုဒ္ဒမာလကာ၊ ပန်းပင်ငယ်တို့သည်လည်းကောင်း။ ပုန္နာဂါ၊ ပုံးညက်ပင်တို့သည်လည်းကောင်း။ ဂိရိပုန္နာဂါ၊ တောင်ပုံ့ညက်တို့သည်လည်းကောင်း။ မမ၊ ငါ၏ ။ အဿမံ၊ သင်္ခမ်းကျောင်းကို။ သမ္ပဝန္တိံ၊ လှိုင်စေကုန်၏ ။
တတ္ထ၊ ထိုသင်ခမ်းကျောင်း၌။ ကုဋဇာ၊ လက်ထုတ်ပင်တို့သည်လည်း။ ပုပ္ဖိတာ၊ ပွင့်ကုန်၏။ တိဏသူလဝနာနိစ၊ ကြက်ရုံးတောတို့သည်လည်းကောင်း။ ပုပ္ဖိတာနိ၊ ပွင့်ကုန်၏ ။ တတ္ထ၊ ထိုသင်ခမ်း‌ကျောင်း၌။ သာလာစ၊ အင်ကြင်းတို့သည်လည်းကောင်း။ သဠလာစ၊ ထင်းရူးတို့သည်လည်းကောင်း။ ဗဟူ၊ များကုန်သော။ စမ္ပကာ၊ စကားပင်တို့သည်လည်းကောင်း။ ပုပ္ဖိတာ၊ ပွင့်ကုန်၏ ။
အဇ္ဈုနာ၊ ဖောက်ကြန့်ပင်တို့သည်လည်းကောင်း။ အဓိမုတ္တကာ၊ စစ်ကြီးပင်တို့သည်လည်းကောင်း။ မဟာနာမာစ၊ ဆီးဇောင်းပင်တို့သည်လည်းကောင်း။ ပုပ္ဖိတာ၊ ပွင့်ကုန်၏ ။ အသနာ၊ ပိတောက်ပင်တို့သည်လည်းကောင်း။ မဓုဂန္ဓိစ၊ ပျားအနံ့ရှိသောပန်းပွင့်တို့သည်၎င်း။ မမ၊ ငါ၏ ။ အသမေ၊ သင်ခမ်းကျောင်း၌။ တေ၊ ထိုသစ်ပင်တို့သည်။ ပုပ္ဖိတာ၊ ပွင့်ကုန်၏ ။
ဥဒ္ဒါလကာ၊ ငုစပ်ပင်တို့သည်လည်းကောင်း။ ဂါဋလိကာ၊ သခွတ်ပင်တို့သည်လည်းကောင်း။ ယုထိကာစ၊ စပယ်ကြီးပင်တို့သည်လည်းကောင်း။ ပိယင်္ဂုကာ၊ ဥပါသကာပင်တို့သည်လည်းကောင်း။ သမန္တာ၊ ထက်ဝန်းကျင်မှ။ အဍ္ဎယောဇနံ၊ ယူဇနာခွဲတိုင်အောင်။ ဗိမ္ဗဇာသကသဉ္ဆန္နာ၊ မျက်နှပန်းတောဖြင့်ဖုံးလွှမ်းကုန်၏ ။
မာတဂ္ဂရာ၊ မာတဂ္ဂရသစ်ပင်တို့သည်လည်းကောင်း။ သတ္တလိယော၊ မိုးစွေပင်တို့သည်လည်းကောင်း။ ပါဋလိ၊ သန်သတ်ပင်တို့သည်လည်းကောင်း။ သိန္ဓဝါရိတာ၊ ရေဉုတ်နှဲ့ပင်တို့သည်လည်းကောင်း။ အင်္ကောလကာ၊ အင်္ကောလပင်တို့သည်လည်းကောင်း။ တတ္ထ၊ ထိုသင်ခမ်းကျောင်း၌။ ဗဟူ၊ များကုန်၏။ တာလကုဋ္ဌိစ၊ လက်ပန်ပင်တို့သည်လည်း‌။ ပုပ္ဖိတာ၊ ပွင့်ကုန်၏ ။ တတ္ထ၊ ထိုသင်ခမ်းကျောင်း၌။ သေလေယျကာ၊ ကျောက်ပွင့်တို့သည်လည်း။ ဗဟူ၊ များကုန်၏ ။ မမ၊ ငါ၏ ။ အဿမေ၊ သင်ခမ်းကျောင်း၌။ ပုပ္ဖိတာ၊ ပွင့်ကုန်သော။
ဧတေသု၊ ထိုသစ်ပင်တို့သည်။ ပုပ္ဖာဇာတေသု၊ အပွင့်ပွင့်ကုန်သည်ရှိသော်။ ဗဟူ၊ များကုန်သော။ ပါဒပါ၊ သစ်ပင်တို့သည်။ သောဘန္တိ၊ တင့်တယ်ကုန်၏ ။ သမန္တာ၊ ထက်ဝန်းကျင်မှ။ တေနဂန္ဓေန၊ ထိုရနံ့ဖြင့်။ မမအဿမော၊ ငါ၏သင်ခမ်းကျောင်းသည်။ ဝါ‌ယတေ၊ လှိုင်၏ ။
ဟရီဋကာ၊ သဖန်းခါးတို့သည်လည်းကောင်း။ အာမလကာ၊ သျှစ်ရှားပင်တို့သည်လည်းကောင်း။ အမ္ဗဇမ္ဗုဝိဘေဒိကာ၊ သရက်သပြေသစ်ဆိန့်တို့သည်လည်းကောင်း။ ကောလာ၊ အိမ်ဆီးသီးတို့သည်လည်းကောင်း။ ဘလ္လာတကာ၊ ချေးပင်တို့သည်လည်းကောင်း။ ဗလာ၊ ဥသျှစ်ပင်တို့သည်လည်းကောင်း။ ဖာရုသကဖလာနိစ၊ ဖက်သက်တရော်သီးတို့သည်လည်းကောင်း။
တိန္ဒုကာစ၊ တည်တို့သည်လည်းကောင်း။ ပိယာလာစ၊ လွန်တို့သည်လည်းကောင်း။ မဓူ၊ သစ်မြေစည်တို့သည်လည်းကောင်း။ ကေကာ၊ ထောက်ရှာပင်တို့သည်လည်းကောင်း။ သုမာရိယော၊ သရက်ဖြူပင်တို့သည်လည်းကောင်း။ တတ္ထ၊ ထိုသင်ခမ်းကျောင်း၌။ လဗုဇာ၊ တောင်ပိန်းနဲတို့သည်လည်းကောင်း။ ပနသာ၊ ပိန်းနဲတို့သည်လည်းကောင်း။ ကဒလီ၊ ငှက်ပျောတို့သည်လည်းကောင်း။ မန္ဒရိဖသာ၊ မန္ဒရီသီးတို့သည်လည်းကောင်း။
တတ္ထ၊ ထိုသင်ခမ်းကျောင်း၌။ အမ္ဗုဋကာ၊ ဝှေးသီးတို့သည်လည်းကောင်း။ ဗဟူ၊ များကုန်၏။ ဝလ္လိကာရဖလာနိစ၊ ဖရဲသီးတို့သည်၎င်း။ ဝိဒပရပဒါဒယော၊ ဝိဒပရပဒသစ်ပင်တို့သည်၎င်း။ မမ၊ ငါ၏ ။ အဿမေ၊ သင်ခမ်းကျောင်း၌။ ဖလိတာ၊ အသီးသီးကုန်၏ ။
အာဠကာ၊ ပဲတက်ပင်တို့သည်လည်းကောင်း။ ဣသိမုဂ္ဂါစ၊ ရသေ့စားပဲတို့သည်လည်းကောင်း။ အထော၊ ထိုမှတစ်ပါး။ မောဒဖလာစ၊ သစ်သီးတို့သည်၎င်း။ ဗဟူ၊ များကုန်၏ ။ အဝဋာ၊ အဝဋပင်တို့သည်လည်းကောင်း။ သက္ကရာရိကာ၊ သက္ကရာရိကသစ်ပင်တို့သည်လည်းကောင်း။ ပိလက္ခုဒုမ္ဗရာနိစ၊ ‌ညောင်ကြပ်သဖန်းပင်တို့သည်လည်းကောင်း။
တတ္ထ၊ ထိုသင်ခမ်းကျောင်း၌။ ပိပ္ပလိ၊ ပိတ်ချင်းသည်လည်းကောင်း။ မရိစာ၊ ငြုပ်တို့သည်လည်းကောင်း။ နိဂြောဓာစ၊ ပြည်ညောင်ပင်တို့သည်လည်းကောင်း။ ကပိတ္ထနာ၊ ညောင်ကြပ်ပင်တို့သည်လည်းကောင်း။ ဥဒုမ္ဗရာ၊ ရေသဖန်းပင်တို့သည်လည်းကောင်း။ ဗဟဝေါ၊ များကုန်၏ ။ ဟရိယော၊ စိမ်းကုန်သော။ ကဏ္ဍုပဏ္ဏောစ၊ ကဏ္ဍုပဏ္ဏမည်သောသစ်ပင်တို့သည်လည်းကောင်း။ ဗဟဝေါ၊ များကုန်၏ ။
ဧတေစ၊ ထိုသစ်ပင်တို့သည်လည်းကောင်း။ ဗဟဝေါ၊ များကုန်သော။ အညေစ၊ တစ်ပါးသောသစ်ပင်တို့သည်လည်းကောင်း။ မမ၊ ငါ၏ ။ အဿမေ၊ သင်ခမ်းကျောင်း၌။ ဖလိတာ၊ အသီးသီးကုန်၏ ။ ဗဟဝေါ၊ များကုန်သော။ ပုပ္ဖရုက္ခာပိ၊ အပွင့်ရှိသောသစ်ပင်တို့သည်လည်း။ မမ၊ ငါ၏ ။ အဿမေ၊ သင်ခမ်းကျောင်း၌။ ပုပ္ဖိတာ၊ ပွင့်ကုန်၏ ။
အာလုဝါစ၊ ‌မျောက်တို့သည်လည်းကောင်း။ ကထမ္ဗာစ၊ သစ်တောက်တို့သည်လည်းကောင်း။ ဗိဠာလိစ၊ ပိန်းတို့သည်လည်းကောင်း။ တက္ကလာနိစ၊ တံတွေးတို့သည်လည်းကောင်း။ အာလကာ၊ ပဲဖက်တို့သည်လည်းကောင်း။ တာလကာစေဝ၊ ထန်းပင်တို့သည်လည်းကောင်း။ မမ၊ ငါ၏ ။ အဿမေ၊ သင်ခမ်းကျောင်း၌။ ဝိဇ္ဇန္တိ၊ ရှိကုန်၏ ။
မေ၊ ငါ၏။ အဿမဿ၊ သင်ခမ်းကျောင်း၏ ။ အဝိဒူရေ၊ မနီးမဝေးသောအရပ်၌။ မဟာဇာတဿရော၊ မဟာဇာတဿရအိုင်သည်။ အဟု၊ ဖြစ်၏ ။ အစ္ဆောဒ‌ကော၊ ကြည်သောရေရှိ၏ ။ သီတဇလော၊ အေးသောရေရှိ၏ ။ သုပတိတ္ထော၊ ကောင်းသောဆိပ်ရှိ၏ ။ မနောရမော၊ နှလုံးမွေ့လျော်ဖွယ်ရှိ၏ ။
တတ္ထ၊ ထိုအိုင်၌။ ပဒုမုပ္ပလာ၊ ပဒုမ္မာကြာ ဥပ္ပလာကြာတို့သည်။ ဗဟူ၊ များကုန်၏ ။ ပုဏ္ဍရီကသမာယုတာ၊ ကြာပုဏ္ဍရိက်နှင့်ယှဉ်ကုန်၏ ။ မန္ဒာလကေဟိ၊ မျောက်လှေကူးတို့ဖြင့်။ သဉ္ဆန္နော၊ ဖုံးလွှမ်း၏ ။ နာနာဂန္ဓ သမေရိတော၊ အထူးထူးသောရနံ့တို့ဖြင့်လှိုင်၏ ။
အညေ၊ တစ်ပါးကုန်သော။ ပဒုမာ၊ ပဒုမ္မာကြာတို့သည်။ ဂဗ္ဘံ၊ ဝတ်မှုံ၏တည်ရာကြာငုံတည်းဟူသောတိုက်ခန်းကို။ ဂယှန္တိ၊ ယူကုန်၏ ။ အညေပဒုမာ၊ တစ်ပါးသောပဒုမ္မာကြာတို့သည်။ ကေသရိံ၊ ပွင့်ချပ်ကြွေကျဝတ်ဆံမျှသာရှိကုန်သည်ဖြစ်၍။ ပုပ္ဖန္တိ၊ ပွင့်ကုန်၏ ။ အညေပဒုမာ၊ တစ်ပါးသောပဒုမ္မာကြာတို့သည်။ ဩပုပ္ဖပတ္တာ၊ ကြွေကျသောပွင့်ချပ်ရှိကုန်သည်ဖြစ်၍။ တိဋ္ဌန္တိ၊ တည်ကုန်၏ ။ ဗဟူ၊ များကုန်သော။ အညေပဒုမာ၊ တစ်ပါးသောပဒုမ္မာတို့သည်။ ကဏ္ဏိကာ၊ ပွင့်ချပ်မရံဝတ်ဆံကြွေသက်ကြာချက်မျှသာရှိကုန်သည်ဖြစ်၍။ တိဋ္ဌန္တိ၊ တည်ကုန်၏ ။
ဘိသမှာ၊ ကြာစွယ်မှ။ မဓု၊ ပျားသည်။ သဝတိ၊ ယိုစီး၏ ။ မုဠာထီဘိ၊ ကြာရင်းတို့မှ။ ခီရသပ္ပိ၊ နို့ရည်ထောပတ်သည်။ သဝတိ၊ ယိုစီး၏ ။ သမန္တာ၊ ထက်ဝန်းကျင်မှ။ တေနဂန္ဓေန၊ ထိုအနံ့ဖြင့်။ နာနာဂန္ဓသမေရိတာ၊ အထူးထူးသောရနံ့တို့ဖြင့်လှိုင်ကုန်သော။
ဗဟူ၊ များကုန်သော။ ကုမုဒါ၊ ကုမုဒြာကြာတို့သည်လည်းကောင်း။ အမ္ဗဂန္ဓိစ၊ သရက်အနံ့ရှိသောပန်းပွင့်တို့သည်လည်းကောင်း။ နယိတာ၊ ဆောင်အပ်ကုန်သည်ဖြစ်၍။ ဒိဿရေ၊ ထင်ကုန်၏ ။ ဇာတဿရဿ၊ ဇာတဿရအိုင်၏ ။ အနုကူလံ၊ ကမ်းနားတစ်လျှောက်။ ဗဟူ၊ များကုန်သော။ ကေဋကာ၊ ဆပ်သွားပင်တို့သည်။ ပုပ္ဖိတာ၊ ပွင့်ကုန်၏ ။
ဗန္ဓုဇီဝါစ၊ ခေါင်ရန်းပင်တို့သည်လည်း။ သမ္ဖုလ္လာ၊ ပွင့်ကုန်၏ ။ သေတဝါရီ၊ မှော်တို့သည်။ သုဂန္ဓိတာ၊ ကောင်းသောအနံ့ရှိကုန်၏ ။ တတ္ထ၊ ထိုအိုင်၌။ ဂဟကာ၊ ဖမ်းယူတတ်ကုန်သော။ ကုမ္ဘိလာ၊ မိကျောင်းတို့သည်လည်းကောင်း။ သံသုမာရာစ၊ ကြမ်းသောငါးတို့သည်လည်းကောင်း။ ဇာယရေ၊ ဖြစ်ကုန်၏ ။
ဥဂ္ဂါဟကာ၊ ဖမ်းယူတတ်ကုန်သော။ အဇဂရာ၊ စပါးကြီးတို့သည်။ တတ္ထဇာတဿရေ၊ ထိုဇာတဿရေအိုင်၌။ ဗဟူ၊ များကုန်၏ ။ မစ္ဆာ၊ ငါးတို့သည်။ ပါဋ္ဌိနာ၊ ငါးဖယ်တို့သည်လည်းကောင်း။ ပါဝုသာ၊ ငါးတန်တို့သည်လည်းကောင်း။ ဗလဇာ၊ ငါးရန့်တို့သည်လည်းကောင်း။ မုဉ္စရောဟိတာ၊ ဟင်းငံငါးကြင်းတို့သည်လည်းကောင်း။
မစ္ဆကစ္ဆပဉ္ဆန္နာ၊ ငါးလိပ်တို့ဖြင့်ဖုံးလွှမ်းကုန်သည်ဖြစ်၍။ အထော၊ ထိုမှတစ်ပါး။ ပပဋာကာဟိစ၊ ပုတ်သင်ပျံတို့သည်လည်းကောင်း။ ပါရေဝတာ၊ ခိုတို့သည်လည်းကောင်း။ ရဝိဟံသာ၊ ဝမ်းဘဲဟင်္သာတို့သည်လည်းကောင်း။ ကုက္ကုဋ္ဌာစ၊ ဥထုတ်ငှက်တို့သည်လည်းကောင်း။ နဒီစရာ၊ ဒင်ကျည်းငှက်တို့သည်လည်းကောင်း။
ဒိန္ဒိဘာ၊ ယစ်တို့သည်လည်းကောင်း။ စက္ကဝါကာ၊ စက္ကဝက်တို့သည်လည်းကောင်း။ စမ္ပကာ၊ စမ္ပကမည်သောငှက်တို့သည်လည်းကောင်း။ ဇီဝဇီဝကာ၊ ဇီဝဇိုးငှက်တို့သည်လည်းကောင်း။ ကလန္ဒကာစ၊ ရှဉ့်နက်တို့သည်လည်းကောင်း။ ဥက္ကုသာစ၊ ဝံလိုငှက်တို့သည်လည်းကောင်း။ ဥဒ္ဓရာ၊ သုတ်တတ်ကုန်သော။ ဗဟူ၊ များကုန်သော။ သေနကာ၊ သိန်းစွန်တို့သည်လည်းကောင်း။
ကောဋ္ဌကာ၊ ကောဋ္ဌကမည်သောငှက်တို့သည်လည်းကောင်း။ သုကပေါတာစ၊ ကျေးသားငှက်တို့သည်လည်းကောင်း။ တုလိယာစ၊ ရှူးတို့သည်လည်းကောင်း။ စမရာ၊ အောင်းတို့သည်လည်းကောင်း။ ဗဟူ၊ များကုန်၏ ။ ကာရေနိယောစ၊ ကာရေနိယငှက်တို့သည်လည်းကောင်း။ တိလကာ၊ တိလကငှက်တို့သည်လည်းကောင်း။ တံသရံ၊ ထိုအိုင်ကို။ ဥပဇီဝန္တိ၊ မှီ၍အသက်မွေးကုန်၏ ။
သီဟာစ၊ ခြင်္သေ့တို့သည်လည်းကောင်း။ ဗျဂ္ဃာစ၊ ကျားတို့သည်လည်းကောင်း။ ဒီပိစ၊ သစ်တို့သည်လည်းကောင်း။ မစ္ဆကောကတရစ္ဆယော၊ ဝံ ဝံပုလွေ ကျားသစ်တို့သည်လည်းကောင်း။ ဝါနရာ၊ မျောက်တို့သည်လည်းကောင်း။ ကိန္နရာစေဝ၊ ကိန္နရာတို့သည်လည်းကောင်း။ မမ၊ ငါ၏ ။ အဿမေ၊ သင်ခမ်းကျောင်း၌။ ဒိဿန္တိ၊ ထင်ကုန်၏ ။
တာနိဂန္ဓာနိ၊ ထိုအနံ့တို့ကို။ ဃာယန္တော၊ နမ်းလျက်။ ဖလာနိ၊ သစ်သီးတို့ကို။ ဘက္ခယန္တော၊ စားလျက်။ အဟံ၊ ငါသည်။ ဂန္ဓောဒကံ၊ နံ့သာရေကို။ ပိဝန္တောစ၊ သောက်လျက်လည်း။ မမ၊ ငါ၏ ။ အဿမေ၊ သင်ခမ်းကျောင်း၌။ ဝသာမိ၊ နေ၏ ။
ဧဏီမိဂါ၊ ဧဏီမည်သောသားတို့သည်လည်းကောင်း။ ဝရာဟာစ၊ ဝက်တို့သည်လည်းကောင်း။ ခုဒ္ဒရူပကာ၊ ဝယ်သောသဏ္ဌာန်ရှိကုန်သော။ ပသဒါစ၊ ဂျီတို့သည်လည်းကောင်း။ အဂ္ဂိကာ၊ မီးပူဇော်သောသူတို့သည်လည်းကောင်း။ ဇောတိကာစေဝ၊ ဟူးရားသင်သောသူတို့သည်လည်းကောင်း။ မမ၊ ငါ၏ ။ အဿမေ၊ သင်ခမ်းကျောင်း၌။ ဝသန္တိ၊ နေကုန်၏ ။
ဟံသာ၊ ဟင်္သာတို့သည်လည်းကောင်း။ ကုဉ္စာ၊ ကြိုးကြာတို့သည်လည်းကောင်း။ မယူရာစ၊ ဥဒေါင်းတို့သည်လည်းကောင်း။ ပဟီနာပိစ၊ ပဟီနမည်သောငှက်တို့သည်လည်းကောင်း။ ကောလိလာ၊ ဥဩတို့သည်လည်းကောင်း။ တတ္ထ၊ ထိုသင်ခမ်းကျောင်း၌။ ဗဟူ၊ များကုန်သော။ မဉ္ဇာရိကာ၊ ကြောင်တို့သည်လည်းကောင်း။ ကောသိကာ၊ ကုတ်သလုပ်ငှက်တို့သည်လည်းကောင်း။ ပေါတ္ထသီသကာ၊ တောင်သူဘီးငှက်တို့သည်လည်းကောင်း။
ပိသာစ၊ မြေဘုတ်ဘီလူးတို့သည်လည်းကောင်း။ ဒါနဝါစေဝ၊ ရက္ခိုက်တို့သည်လည်းကောင်း။ ကုမ္ဘဏ္ဍ၊ ကုမ္ဘဏ်တို့သည်လည်းကောင်း။ ရက္ခသာ၊ ရေစောင့်ဘီလူးတို့သည်လည်းကောင်း။ ဗဟူ၊ များကုန်၏ ။ ဂရုဠာ၊ ဂဠုံတို့သည်လည်းကောင်း။ ပန္နဂါစေဝ၊ နဂါးတို့သည်လည်းကောင်း။ မမ၊ ငါ၏ ။ အဿမေ၊ သင်ခမ်းကျောင်း၌။ ဝသန္တိ၊ နေကုန်၏ ။
မဟာနုဘာဝါ၊ ကြီးသောအာနုဘော်ရှိကုန်သော။ ဣဿယော၊ ရသေ့တို့သည်။ သန္တစိတ္တာ၊ ငြိမ်သက်‌သောစိတ်ရှိကုန်၏ ။ သမာဟိတာ၊ တည်ကြည်သောစိတ်ရှိကုန်၏ ။ သဗ္ဗေ၊ အလုံးစုံကုန်သောရသေ့တို့သည်။ ကမဏ္ဍလုဓရာ၊ ကရားကိုဆောင်ကုန်၏ ။ အဇိနုတ္တရသိနောဝါ၊ သစ်နက်ရေတည်းယူသောအ‌ပေါ်ရုံရှိ၏ ။ ဇဋာဘာရဘရိတာဝ၊ ဆံကျစ်ဝန်ဖြင့်ဆောင်ကုန်၍သာလျှင်။ မမ၊ ငါ၏။ အဿမေ၊ သင်ခမ်းကျောင်း၌။ ဝသန္တိ၊ နေကုန်၏။
ယုဂမတ္တဉ္စ၊ ထမ်းပိုးတစ်ပြန်ခန့်မျှသာလျှင်။ ပေက္ခန္တာ၊ ရှုကုန်၏ ။ နိပကာ၊ ပါဋိဟာရိယဉာဏ်ဖြင့်ရင့်ကျက်ကုန်သည်ဖြစ်၍။ သန္တဝုတ္တိနော၊ ဖြစ်သောငြိမ်သက်ခြင်းရှိသည်ဖြစ်၍။ လာဘာလာဘေန၊ လာဘ်ရခြင်း မရခြင်းဖြင့်။ သန္တုဋ္ဌော၊ ရောင့်ရဲသည်ဖြစ်၍။ မမ၊ ငါ၏ ။ အဿမေ၊ သင်ခမ်းကျောင်း၌။ ဝသန္တိ၊ နေကုန်၏ ။
တေ၊ ထိုရသေ့တို့သည်။ ဝါကစီရံ၊ လျှော်တေသင်္ကန်းကို။ ဓုနန္တာ၊ ခါကုန်လျက်။ အဇိနစမ္မံ၊ သစ်နက်ရေကို။ ‌ဖောဋေန္တာ၊ ပုတ်ခတ်ကုန်လျက်။ သဗလေဟိ၊ မိမိအစွမ်းတို့ဖြင့်။ ဥပတ္ထဒ္ဓါ၊ ထောက်ပံ့ကုန်သည်ဖြစ်၍။ တဒါ၊ ထိုအခါ၌။ အမ္ဗရေ၊ ကောင်းကင်၌။ ဂစ္ဆန္တိ၊ သွားကုန်၏ ။
တေ၊ ထိုရသေ့တို့သည်။ ဒကံ၊ ရေကို။ နအာဟရန္တိ၊ မဆောင်ကုန်။ ကဋ္ဌံဝါ၊ ထင်းကိုလည်းကောင်း။ အဂ္ဂိဒါရုကံဝါ၊ မီးပူဇော်ရန်ထင်းကိုလည်းကောင်း။ နအာဟရန္တိ၊ မဆောင်ကုန်။ သယဉ္စ၊ အလိုလိုသာလျှင်။ ဥပသမ္ပန္နာ၊ ပြည့်စုံကုန်၏ ။ ဣဒံဖလံ၊ ဤအကျိုးသည်။ ပါဋိဟာရဿ၊ တန်ခိုး၏ ။ ဖလံ၊ အကျိုးတည်း။
တေ၊ ထိုရသေ့တို့သည်။ လောဟဒေါဏိံ၊ ကြေးခွက်ကို။ ဂဟေတွာန၊ ယူ၍။ ဝနမဇ္ဈေ၊ တောအလယ်၌။ ကုဉ္ဇရာ၊ တောင်ထိပ်တောင်ကွေ့ပျော်မွေ့ကုန်သော။ မဟာနာဂါဝ၊ ဆင်ပြောင်တို့ကဲ့သို့လည်းကောင်း။ အဆမ္ဘိတာ၊ ကြောက်ရွံ့ခြင်းကင်းကုန်သော။ ကေသရီဝ၊ ခြင်္သေ့တို့ကဲ့သို့လည်းကောင်း။ ဝသန္တိ၊ နေကုန်၏ ။
အညေ၊ အချို့ကုန်သောရသေ့တို့သည်။ ဂေါယာနံ၊ ဂေါယာန်ကျွန်းသို့။ ဧသနာယ၊ ရှာမှီးခြင်းငှါ။ ဂစ္ဆန္တိ၊ သွားကုန်၏ ။ အညေ၊ တစ်ပါးကုန်သောရသေ့တို့သည်။ ပုဗ္ဗဝိဒေဟာနံ၊ ပုဗ္ဗဝိဒေဟကျွန်းသို့။ ဧသာနာယ၊ ရှာမှီးခြင်းငှါ။ ဂစ္ဆန္တိ၊ သွားကုန်၏ ။ အညေစ၊ တစ်ပါးကုန်သောရသေ့တို့သည်ကား။ ဥတ္တရကုရုံ၊ ဥတ္တရကုရုကျွန်းသို့။ ဧသနာယ၊ ရှာမှီးခြင်းငှါ။ ဂစ္ဆန္တိ၊ သွားကုန်၏ ။ သကံဗလံ၊ မိမိအားအစွမ်းကို။ အပဿိတာ၊ မှီကုန်၏ ။
တတော၊ ထိုထိုကျွန်းမှ။ ပိဏ္ဍံ၊ ဆွမ်းကို။ အာဟရိတွာ၊ ဆောင်၍။ သဗ္ဗေသံ၊ ခပ်သိမ်းကုန်သော။ ပက္ကမန္တာနံ၊ အရပ်တစ်ပါးသို့ဖဲသွားကုန်သော။ ဥဂ္ဂတေဇာနတာဒီနံ၊ ထက်သောတန်ခိုး သည်းခံခြင်းရှိကုန်သောရသေ့တို့သည်။ ဧကတော၊ တစ်ပေါင်းတည်း။ ပရိဘုဉ္ဇန္တိ၊ ဘုန်းပေးသုံးဆောင်ကုန်၏ ။
အဇိနစမ္မသဒ္ဒေန၊ သစ်နက်ရေသံကြောင့်။ တဒါ၊ ထိုအခါ၌။ ဝနံ၊ တောသည်။ သဒ္ဒါယတေ၊ ဆူဆူညံ၏ ။ မဟာဝီရ၊ မြတ်စွာဘုရား။ ဥဂ္ဂတပါ၊ ထက်သောအကျင့်ရှိကုန်သော။ တေမမသိဿာ၊ ထိုငါ၏ တပည့်တို့သည်။ ဧဒိသာ၊ ဤသို့သဘောရှိကုန်၏ ။
အဟံ၊ အကျွန်ုပ်သည်။ တေဟိ၊ ထိုတပည့်တို့ဖြင့်။ ပရိဝုတော၊ ခြံရံသည်ဖြစ်၍။ မမ၊ ငါ၏ ။ အဿမေ၊ သင်္ခမ်းကျောင်း၌။ ဝသာမိ၊ နေ၏ ။ သကကမ္မေန၊ မိမိကံဖြင့်။ တောသိတာ၊ နှစ်သက်စေအပ်ကုန်သော။ ဝိနီတာ၊ ဆုံးမအပ်သောတပည့်တို့သည်။ သမာဂတာ၊ အညီအညွတ်လာကုန်၏ ။
သကကမ္မာဘိလာသိနော၊ မိမိအမှု၌အားထုတ်အပ်ကုန်သော။ သီလတန္တောစ၊ သီလရှိသည်လည်းဖြစ်ကုန်သော။ နိပကာ၊ ရင့်ကျက်သောပါဋိဟာရိယဉာဏ်ရှိကုန်သော။ အပ္ပမညာသု၊ အပ္ပမညာတို့၌။ ကောဝိဒါ၊ လိမ္မာကုန်သော။ ဧတေ၊ ထိုတပည့်တို့သည်။ မံ၊ ငါ့ကို။ အာရာဓယိံသု၊ နှစ်သက်စေကုန်၏ ။
လောကဝိဒူ၊ လောကသုံးပါးကိုသိတော်မူသော။ အာဟုတီနံ၊ အဝေးမှဆောင်အပ်သောအပူဇော်ကို။ ပဋိဂ္ဂဟော၊ ခံတော်မူထိုက်သော။ ပဒုမုတ္တရော၊ ပဒုမုတ္တရအမည်တော်ရှိသော။ ဝိနာယကော၊ မြတ်စွာဘုရားသည်။ သမယံ၊ အခါကို။ သံဝိဒိတွာ၊ သိတော်မူ၍။ ဥပဂစ္ဆိ၊ ကပ်တော်မူ၏ ။
အာတာပီ၊ ကိလေသာကိုပူပန်စေတတ်သောလုံ့လရှိတော်မူသော။ နိပကော၊ ရင့်ကျက်သောပါဋိဟာရိယဉာဏ်ရှိ‌တော်မူသော။ သမ္ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်။ ဥပဂန္တွာန၊ ကပ်တော်မူ၍။ ပတ္တံ၊ သပိတ်ကို။ ပဂ္ဂယှ၊ ‌မြှောက်ချီ၍။ သမ္ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်။ ဘိက္ခာယ၊ ဆွမ်းအလို့ငှါ။ မမံ၊ ငါသို့။ ဥပါဂမိ၊ ကပ်တော်မူ၏ ။
ဥပဂတံ၊ ကပ်တော်မူလာသော။ မဟာဝီရံ၊ ကြီးသောလုံ့လရှိတော်မူသော။ ဇလဇုတ္တမနာယကံ၊ ပဒုမုတ္တရအမည်တော်ရှိသောမြတ်စွာဘုရားကို။ တိဏတ္ထတံ၊ မြက်အခင်းကို။ ပညာပေတွာ၊ ခင်း၍။ သာလပုပ္ဖေဟိ၊ အင်ကြင်းပန်းတို့ဖြင့်။ ဩကိရိံ၊ ကြဲပြီ။
သမ္ဗုဒ္ဓံ၊ မြတ်စွာဘုရားကို။ နိသီဒေတွာန၊ ထိုင်တော်မူ၍။ ဟဋ္ဌော၊ ရွှင်သောစိတ်ရှိသည်ဖြစ်၍။ သံဝိဂ္ဂမာနသော၊ ထိတ်လန့်သောစိတ်ရှိသည်ဖြစ်၍။ ခိပ္ပံ၊ လျှင်စွာ။ ပဗ္ဗတံ၊ တောင်သို့။ အာရုယှ၊ တက်၍။ အဟံ၊ ငါသည်။ အဂ္ဂလုံ၊ အကျော်ကို။ အဂ္ဂဟိံ၊ ယူပြီ။
ကုမ္ဘမတ္တံ၊ အိုးစရည်းမျှရှိသော။ ဒေတဂန္ဓိကံ၊ နတ်ရနံ့ဖြင့်လှိုင်လော။ ပနသံ၊ ပိန္နဲသီးကို။ ဂဟေတွာန၊ ယူ၍။ ခန္ဓေ၊ ပုခုံး၌။ အာရောပယိတွာန၊ တင်၍။ ဝိနာယကံ၊ မြတ်စွာဘုရားသို့။ ဥပဂစ္ဆိံ၊ ကပ်ပြီ။
ဗုဒ္ဓဿ၊ မြတ်စွာဘုရားအား။ ဖလံ၊ ပိန္နဲသီးကို။ ဒတွာန၊ လှူ၍။ အဟံ၊ ငါသည်။ အဂ္ဂလုံ၊ အကျော်ကို။ အနုလိမ္ပိံ၊ လိမ်းကျံပြီ။ ပသန္နစိတ္တော၊ ကြည်ညိုသောစိတ်ရှိသည်ဖြစ်၍။ သုမနော၊ ဝမ်းမြောက်သည်ဖြစ်၍။ အဟံ၊ ငါသည်။ ဗုဒ္ဓသေဋ္ဌံ၊ ဘုရားမြတ်ကို။ အဝန္ဒိံ၊ ရှိခိုးပြီ။
လောကဝိဒူ၊ လောကသုံးပါးကိုသိတော်မူသော။ အာဟုတီနံ၊ ‌အဝေးမှဆောင်အပ်သောအပူဇော်ကို။ ပဋိဂ္ဂဟော၊ ခံတော်မူထိုက်သော။ ပဒုမုတ္တ‌ရော၊ ပဒုမုတ္တရမြတ်စွာဘုရားသည်။ ဣသိမဇ္ဈေ၊ ရသေ့တို့၏အလယ်၌။ နိသီဒိတွာ၊ ထိုင်တော်မူ၍။ ဣမာဂါထာ၊ ဤဂါထာတို့ကို။ အဘာသထ၊ ဟောတော်မူ၏ ။
ယော၊ အကြင်သူသည်။ မေ၊ ငါဘုရားအား။ ဖလံစ၊ ပိန္နဲသီးကိုလည်းကောင်း။ အဂ္ဂလုဉ္စ၊ အကျော််ကိုလည်းကောင်း။ မေ၊ ငါဘုရားအား။ အာသနဉ္စ၊ နေရာကိုလည်း‌။ အဒါသိ၊ လှူ၏ ။ တံ၊ ထိုသူကို။ အဟံ၊ ငါသည်။ ကိတ္တယိဿာမိ၊ ကြား၏ ။ ဘာသတော၊ ဟော‌တော်မူသော။ မမ၊ ငါဘုရား၏ ။ ဝစနံ၊ စကားတော်ကို။ သုဏာထ၊ နာကြကုန်လော။
ဂါမေဝါ၊ ရွာ၌လည်းကောင်း။ ယဒိ၊ ထိုမြို့။ အရညေဝါ၊ တော၌လည်းကောင်း။ ပဗ္ဘရေသုဝါ၊ တောင်ဝှမ်းတို့၌လည်းကောင်း။ ဂုဟာသုဝါ၊ လိုဏ်တို့၌လည်းကောင်း။ ဣမဿ၊ ဤသူ၏ ။ စိတ္တံ၊ စိတ်ကို။ အညာယ၊ သိ၍။ ဘောဇနံ၊ အစာသည်။ နိဗ္ဗတ္တိဿတိ၊ ဖြစ်လတ္တံ့။
ဒေဝလောကေဝါ၊ နတ်ပြည်၌လည်းကောင်း။ မနုဿေဝါ၊ လူပြည်၌လည်းကောင်း။ ဥပပန္နော၊ ဖြစ်ရသော။ အယံနရော၊ ဤသူသည်။ ဘောဇနေဟိစ၊ ဘောဇဉ်တို့ဖြင့်လည်းကောင်း။ ဝတ္ထေဟိစ၊ အဝတ်တို့ဖြင့်လည်းကောင်း။ ပရိသန္တပ္ပယိဿတိ၊ ရောင့်ရဲလတ္တံ့။
ဒေဝတ္တံ၊ နတ်ပြည်၌လည်းကောင်း။ အထ၊ ထိုမြို့။ မာနုသံ၊ လူပြည်၌လည်းကောင်း။ ယံယောနိံ၊ အကြင်အဖြစ်၌။ ဥပပဇ္ဇတိ၊ ဖြစ်ရ၏ ။ တတ္ထ၊ ထိုဘဝ၌။ အက္ခောဘဘောဂေါ၊ သူတစ်ပါးမဖျက်ဆီးနိုင်သောစည်းစိမ်ဥစ္စာရှိသည်။ ဟုတွာန၊ ဖြစ်၍။ အယံနရော၊ ဤသူသည်။ သံသရိဿတိ၊ ကျင်လည်ရလတ္တံ့။
တိံသကပ္ပသဟဿာနိ၊ ကမ္ဘာသုံးသောင်းတို့ပတ်လုံး။ ဒေဝလောကေ၊ နတ်ပြည်၌။ ရမိဿတိ၊ မွေ့လျော်ရလတ္တံ့။ သဟဿက္ခတ္တုံ၊ အကြိမ်တစ်ထောင်တိုင်တိုင်။ စက္ကဝတ္တိရာဇာစ၊ စကြာမင်းသည်လည်း။ ဘဝိဿတိ၊ ဖြစ်လတ္တံ့။
ဧကသတ္တတိခတ္တုဉ္စ၊ ခုနစ်ဆယ့်တစ်ကြိမ်တိုင်တိုင်လည်း။ ဒေဝရဇ္ဇံ၊ နတ်မင်း၏အဖြစ်ကို။ ကရိဿတိ၊ ပြုလတ္တံ့။ ဝိပုလံ၊ ပြန့်ပြောသော။ ပဒေသရဇ္ဇံ၊ ပဒေသရာဇ်မင်း၏အဖြစ်သည်။ ဂဏနတော၊ ဂဏာန်းအ‌ရေအတွက်အားဖြင့်။ အသံခယံ၊ မရေတွက်နိုင်။
ကပ္ပသတသဟဿမှိ၊ ကမ္ဘာတစ်သိန်းထက်၌။ ဩက္ကာကကုလသမ္ဘဝေါ၊ တတိယဩက္ကာကအမျိုး၌ဖြစ်သော။ နာမေန၊ အမည်အားဖြင့်။ ဂေါတမောနာမ၊ ဂေါတမအမည်ရှိသော။ သတ္ထာ၊ မြတ်စွာဘုရားသည်။ လောကေ၊ လောက၌။ ဘဝိဿတိ၊ ဖြစ်လတ္တံ့။
တဿ၊ ထိုဂေါတမမြတ်စွာဘုရား၏ ။ ဓမ္မေသု၊ ဆယ်ပါးသောတရားတို့၌။ ဒါယာဒေါ၊ အ‌မွေခံသည်။ ဩရသော၊ ရင်၌ဖြစ်သောတရားဖြင့်ဖြစ်သည်။ ဓမ္မနိမ္မိတော၊ တရားသည်ဖန်ဆင်းအပ်သည်။ ဟုတွာ၊ ဖြစ်၍။ သဗ္ဗာသဝေ၊ အလုံးစုံသောအာသဝေါတရားတို့ကို။ ပရိညာယ၊ ပိုင်းခြား၍။ အနာသဝေါ၊ အာသဝေါမရှိဘဲ။ ဝိဟရိဿတိ၊ နေရလတ္တံ့။
မေမယာ၊ ငါသည်။ သုလဒ္ဓလာဘော၊ ကောင်းစွာရအပ်သောလာဘ်ကို။ လဒ္ဓေါ၊ ရအပ်ပြီ။ သောအဟံ၊ ထိုငါသည်။ နာယကံ၊ မြတ်စွာဘုရားသို့။ အဒ္ဒက္ခိံ၊ မြင်ပြီ။ တိဿောဝိဇ္ဇာ၊ သုံးပါးသောဝိဇ္ဇာတို့ကို။ အနုပ္ပတ္တာ၊ အစဉ်ရောက်အပ်ကုန်ပြီ။ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏ ။ သာသနံ၊ အဆုံးအမတော်ကို။ ကတံ၊ ပြုအပ်ပြီ။
ဂါမေဝါ၊ ရွာ၌လည်းကောင်း။ ယဒိ၊ ထိုမြို့။ အရညေဝါ၊ ‌တော၌လည်းကောင်း။ ပဗ္ဘာရေသုဝါ၊ တောင်ဝှမ်းတို့၌လည်းကောင်း။ ဂုဟာသုဝါ၊ လိုဏ်တို့၌လည်းကောင်း။ မမ၊ ငါ၏ ။ သင်္ကပ္ပံ၊ အကြံကို။ အညာယ၊ သိ၍။ ဘောဇနံ၊ အစာသည်။ မေ၊ ငါ့အား။ သဒါ၊ အခါခပ်သိမ်း။ ဟောတိ၊ ဖြစ်၏ ။
မယှံ၊ ငါသည်။ ကိလေသာ၊ ကိလေသာတို့ကို။ (ပ) ။ အနာသဝေါ၊ အာသဝေါမရှိဘဲ။ ဝိဟရာမိ၊ နေရ၏ ။
မေ၊ ငါ၏။ အာဂတံ၊ လာခြင်းသည်။ ဝတ၊ စင်စစ်။ သွာဂတံ၊ ကောင်းသောလာခြင်းသည်။ အာသိ၊ ဖြစ်၏ ။ (ပ) ။ သာသနံ၊ အဆုံးအမတော်ကို။ ကတံ၊ ပြုအပ်ပြီ။
စတဿော၊ လေးပါးကုန်သော။ ပဋိသမ္ဘိဒါစ၊ ပဋိသမ္ဘီဒါတို့ကိုလည်းကောင်း။ (ပ) ။ သာသနံ၊ အဆုံးအမတော်ကို။ ကတံ၊ ပြုအပ်ပြီ။
ဣတ္ထံ၊ ဤသို့လျှင်။ အာယသ္မာ၊ ရှည်‌သောသက်တော်ရှိသော။ ဥပသိဝေါထေရော၊ ဥပသိပမထေရ်သည်။ ဣမာဂါထာယော၊ ဤဂါထာတို့ကို။ အဘာသိတ္ထ၊ ရွတ်ဆိုတော်မူပြီ။
ဣတိဣမိနာနုက္ကနေ၊ ဤသို့သောသဒ္ဒါအစဉ်အနက်အစဉ်ဖြင့်။ ဥပသိဝတ္ထေရဿ၊ ဥပသိဝမထေရ်၏ ။ ပဉ္စမံ၊ ငါးခုမြောက်သော။ အပဒါနံ၊ အပဒါန်သည်။ သမတ္တံ၊ ပြီးပြီ။