စတုကဏ္ဏိတ္ထေရအပဒါန်
ဟံသာဝတိယာ၊ ဟံသာဝတီအမည်ရှိသော။
နဂရေ၊ မြို့၌။
အဟံ၊ ငါသည်။
သေဋ္ဌိပုတ္တော၊ သူဋ္ဌေးသားသည်။
အဟောသိံ၊ ဖြစ်ပြီ။
ကာမဂုဏေ၊ ကာမဂုဏ်၌။
သမပ္ပိတော၊ တကွဖြစ်လျက်။
တဒါ၊ ထိုအခါ၌။
ပရိစာရေမိ၊ စမ္ပယ်၏ ။
ဥဗ္ဗိဒ္ဓါ၊ အထက်သို့မြင့်ကုန်သော။
ဂေဟလုဉ္စကာ၊ အိမ်ကိုနှုတ်တတ်ကုန်သော။
တယောပါသာဒံ၊ သုံးဆောင်သောပြာသာဒ်သို့။
အာရုယှ၊ တက်၍။
တတ္ထ၊ ထိုပြာသာဒ်၌။
နစ္စေဟိ၊ ကခြင်းတို့ဖြင့်လည်းကောင်း။
ဂီတေဟိ၊ သီခြင်းတို့ဖြင့်လည်းကောင်း။
အဟံ၊ ငါသည်။
တဒါ၊ ထိုအခါ၌။
ပရိစာရေမိ၊ စမ္ပယ်၏ ။
မယှံ၊ ငါ့အား။
သမ္မတာလသမာဟိတာ၊ မောင်းကြေးနင်းနှင့်တကွသော။
တူရိယာ၊ တူရိယာတို့ကို။
အာဟတာ၊ ဆောင်ယူအပ်ကုန်၏ ။
သဗ္ဗာ၊ အလုံးစုံကုန်သော။
ဣတ္ထိယော၊ မိန်းမတို့သည်။
ရဇ္ဇန္တာ၊ တပ်စွန်းစေကုန်လျက်။
မေ၊ ငါ၏ ။
မနော၊ စိတ်ကို။
ဟရန္တိယေဝ၊ ဆောင်သည်သာလျှင်တည်း။
စေလာပိကာ၊ အစေအပါးတို့သည်လည်းကောင်း။
လာမဏိကာ၊ ရာမဏိကမည်သောသူတို့သည်လည်းကောင်း။
ကုဉ္ဇဝါသီဟိ၊ ကုဉ္ဇဝါသီမည်သောသူတို့နှင့်ကတွ။
မဇ္ဈိကာ၊ မဇ္ဈိကမည်သောသူတို့သည်လည်းကောင်း။
လင်္ကကာ၊ ဂျွမ်းသမားတို့သည်လည်းကောင်း။
သောကဇ္ဈာယီစ၊ မျက်လှည့်သမားတို့သည်လည်းကောင်း။
မံ၊ ငါ့ကို။
သဒါ၊ အခါခပ်သိမ်း။
ပရိဝါရေန္တိ၊ ခြံရံကုန်၏ ။
ဝေတာဠိနော၊ မောင်းကြေးနင်း တီးသောသူတို့သည်လည်းကောင်း။
ကုမ္ဘထူနိ၊ အိုးစည်တီးသောသူတို့သည်လည်းကောင်း။
နဋာစ၊ ကချေသည်တို့သည်လည်းကောင်း။
နစ္စကာ၊ သီချင်းသီသောသူတို့သည်လည်းကောင်း။
နဋကာ၊ ကချေသည်တို့သည်လည်းကောင်း။
နာဋကာ၊ ကချေသည်ဆရာတို့သည်လည်းကောင်း။
မံ၊ ငါ့ကို။
သဒါ၊ အခါခပ်သိမ်း။
ပရိဝါရေန္တိ၊ ခြံရံကုန်၏ ။
ကပ္ပကာ၊ ဆေတ္တာသည်တို့သည်လည်းကောင်း။
နှာပကာ၊ ရေချိုးသည်တို့သည်လည်းကောင်း။
သူဒါ၊ စဖိုသည်တို့သည်လည်းကောင်း။
မာလာကာရာ၊ ပန်းသည်တို့သည်လည်းကောင်း။
သုပါသကာ၊ အမြဲဆည်းကပ်ကုန်၏။
ဇလ္လာ၊ အညစ်အကြေးကိုပယ်တတ်သောသူတို့သည်လည်းကောင်း။
မလ္လာစ၊ လက်ပန်းသည်တို့သည်၎င်း။
တေသဗ္ဗေ၊ ထိုအလုံးစုံသောသူတို့သည်။
မံ၊ ငါ့ကို။
သဒါ၊ အခါခပ်သိမ်း။
ပရိဝါရေန္တိ၊ ခြံရံကုန်၏ ။
သိက္ခိတေ၊ သင်အပ်ကုန်သော။
ကတုပသနေ၊ ပြုအပ်ပြီသောဆည်းကပ်ခြင်းရှိကုန်သော။
ဧတေသု၊ ထိုသူတို့သည်။
ကီဠမာနေသု၊ ကစားကုန်သည်ရှိသော်။
ရတ္တိန္ဒိဝံ၊ နေ့ညဉ့်ကို။
နာဘိဇာနာမိ၊ မသိစဖူး။
တိဒသင်္ဂဏေ၊ တာဝတိံသာနတ်ပြည်၌။
ဣန္ဒောဝ၊ သိကြားမင်းကဲ့သို့။
ပရိစာရေမိ၊ စမ္ပယ်ရ၏ ။
အဒ္ဓိကာ၊ ခရီးရှည်သွားသောသူတို့သည်လည်းကောင်း။
ပတိကာ၊ ခရီးတို့သွားသောသူတို့သည်လည်းကောင်း။
သဗ္ဗေ၊ ခပ်သိမ်းကုန်သော။
ယာစကာ၊ သူတောင်းစားတို့သည်လည်းကောင်း။
ဝရကာ၊ အထီးကျန်သောသူတို့သည်လည်းကောင်း။
ဗဟူ၊ များကုန်သော။
တေ၊ ထိုသူတို့သည်။
နိစ္စံ၊ အမြဲ။
ဘိက္ခယန္တာ၊ တောင်းစားကုန်လျက်။
မမံဃရံ၊ ငါ၏အိမ်သို့။
ဥပဂစ္ဆန္တိ၊ ကပ်ကုန်၏ ။
ပုညက္ခေတ္တာ၊ ကောင်းမှု၏စိုက်ပျိုးရာလယ်မြေကောင်းသဖွယ်ဖြစ်ကုန်သော။
သမဏာစ၊ ရဟန်းတို့သည်လည်းကောင်း။
ဗြဟ္မဏာစေဝ၊ ပုဏ္ဏားတို့သည်လည်းကောင်း။
မမံ၊ ငါ့ကို။
ပုညံ၊ ကောင်းမှုကို။
ဝဍ္ဎယန္တာ၊ ပွားစေကုန်လျက်။
မမံဃရံ၊ ငါ၏အိမ်သို့။
အာဂစ္ဆန္တိ၊ လာကုန်၏ ။
ပဋဂါ၊ ပဋဂလူမျိုးတို့သည်လည်းကောင်း။
လဋုကာ၊ ကဋုကလူမျိုးတို့သည်လည်းကောင်း။
နိဂဏ္ဍာ၊ နိဂဏ္ဍလူမျိုးတို့သည်လည်းကောင်း။
ပုပ္ဖာသာပဋကာ၊ ပန်းဆိုးတတ်သောသူတို့သည်လည်းကောင်း။
တေဒဏ္ဍိကာ၊ လှံကန်သုံးချောင်းစွဲသောသူတို့သည်လည်းကောင်း။
ဧကသိခါ၊ ဦးစွန်းရှိသောသူတို့သည်လည်းကောင်း။
မမံဃရံ၊ ငါ၏အိမ်သို့။
အာဂစ္ဆန္တိ၊ လာကုန်၏ ။
အာဇီဝကာ၊ တက္ကတွန်းတို့သည်လည်းကောင်း။
ဝိလုတ္တာဝီ၊ လုယက်တတ်သောသူတို့သည်လည်းကောင်း။
ဂေါတမာ၊ ဂေါတမအမျိုးဖြစ်ကုန်သောသူတို့သည်လည်းကောင်း။
ဒေဝဓမ္မိကာ၊ ဒေဝဓမ်တရားကျင့်သောသူတို့သည်လည်းကောင်း။
ရဇောဇလ္လဓရာ၊ မြူအညစ်အကြေးကိုဆောင်တတ်သောသူတို့သည်လည်းကောင်း။
ဧတေ၊ ထိုသူတို့သည်။
မမံဃရံ၊ ငါ၏အိမ်သို့။
အာဂစ္ဆန္တိ၊ လာကုန်၏ ။
ပရိတ္တကာ၊ အရံအတားကိုပြုတတ်သောသူတို့သည်လည်းကောင်း။
သန္တိပတ္တာ၊ ငြိမ်သက်ခြင်းသို့ရောက်ကုန်သောသူတို့သည်လည်းကောင်း။
ကောဓပုဂ္ဂနိကာ၊ ကောဓပုဂ္ဂနိကမည်သောလူမျိုးသည်လည်းကောင်း။
ဗဟူ၊ များကုန်သော။
တပဿိ၊ ခြိုးခြံစွာကျင့်သောသူတို့သည်လည်းကောင်း။
ဝနစာရီဝ၊ တော၌ကျင်လည်သောရသေ့တို့်သည်လည်းကောင်း။
မမံဃရံ၊ ငါ၏အိမ်သို့။
အာဂစ္ဆန္တိ၊ လာကုန်၏ ။
အန္ဓကာ၊ အန္ဓတိုင်းသားတို့သည်လည်းကောင်း။
ဒမိဠာစေဝ၊ ကျည်းလူမျိုးတို့သည်လည်းကောင်း။
သာကုဠာ၊ သာကုဠမည်သောလူမျိုးတို့သည်လည်းကောင်း။
မလဝါဠကာ၊ မလဝါဠကမည်သောလူမျိုးတို့သည်လည်းကောင်း။
သဇရာ၊ သဇရလူမျိုးတို့သည်လည်းကောင်း။
ယောနကာစေဝ၊ ယွန်းလူမျိုးတို့သည်လည်းကောင်း။
မမံဃရံ၊ ငါ၏အိမ်သို့။
အာဂစ္ဆန္တိ၊ လာကုန်၏ ။
အန္ဓကာ၊ အန္ဓကလူမျိုးတို့သည်လည်းကောင်း။
မုဏ္ဍကာ၊ ဦးပျည်းတို့သည်လည်းကောင်း။
သဗ္ဗေ၊ ခပ်သိမ်းကုန်သော။
ကောဋကာ၊ ကောဋကမည်သောသူတို့သည်လည်းကောင်း။
ဟနုဝိန္ဒကာ၊ ဟနုဝိန္ဒကမည်သောသူတို့သည်လည်းကောင်း။
အာရာဂစိနဘတ္တာစ၊ အာရာဂစိနမည်သောသူတို့သည်လည်းကောင်း။
မမံဃရံ၊ ငါ၏အိမ်သို့။
အာဂစ္ဆန္တိ၊ လာကုန်၏ ။
အလန္တာ၊ ပျင်းရိကုန်သောသူတို့သည်လည်းကောင်း။
ပသံဝလာ၊ ပသံဝသမည်သောသူတို့သည်လည်းကောင်း။
ဓမ္မရာ၊ ဓမ္မရမည်သောလူတို့သည်လည်းကောင်း။
နိဂ္ဂဟမာနုသာ၊ နိဂ္ဂဟမည်သောလူတို့သည်လည်းကောင်း။
ဂေဟိကာစ၊ ဂဟိကမည်သောသူတို့သည်လည်းကောင်း။
စေတပုတ္တာစ၊ စေတတိုင်းသားတို့သည်လည်းကောင်း။
သဗ္ဗေ၊ ခပ်သိမ်းကုန်သောသူတို့သည်။
မမံဃရံ၊ ငါ၏အိမ်သို့။
အာဂစ္ဆန္တိ၊ လာကုန်၏ ။
မာဓုရကာ၊ မာဓုရတိုင်းသားတို့သည်လည်းကောင်း။
ကောသလကာ၊ ကောသလတိုင်းသားတို့သည်လည်းကောင်း။
ကလိင်္ဂါ၊ ကလိင်္ဂါတိုင်းသားတို့သည်လည်းကောင်း။
ဟတ္ထိပေါရိသာ၊ ဆင်ထိန်းတို့သည်လည်းကောင်း။
ဣသိန္ဒမက္ကလာစေဝ၊ ဣသိန္ဒမက္ကလမည်သောသူတို့သည်လည်းကောင်း။
မမံဃရံ၊ ငါ၏အိမ်သို့။
အာဂစ္ဆန္တိ၊ လာကုန်၏ ။
စေလာဝကာ၊ စေလာဝကမည်သောသူတို့သည်လည်းကော်ငး။
အာရဗ္ဘာစ၊ အာရဗ္ဘမည်သောသူတို့သည်လည်းကောင်း။
ဩဂုဠာစ၊ ဩဂုဠမည်သောသူတို့သည်လည်းကောင်း။
မေဃလာ၊ မေဃလမည်သောသူတို့သည်လည်းကောင်း။
ဗဟူ၊ များကုန်သော။
ခုဒ္ဒကာ၊ လူငယ်တို့သည်လည်းကောင်း။
သုန္ဒရာစေဝ၊ ကောင်းသောအကျင့်ရှိသောသူတို့သည်လည်းကောင်း။
မမံဃရံ၊ ငါ၏အိမ်သို့။
အာဂစ္ဆန္တိ၊ လာကုန်၏ ။
ရောဟဏာ၊ ရောဟဏတိုင်းသားတို့သည်၎င်း။
သိန္ဓဝါစေဝ၊ သိန္ဓုတိုင်းသားတို့သည်လည်းကောင်း။
စိတကာ၊ စေတတိုင်းသားတို့သည်လည်းကောင်း။
ဧကကဏ္ဏိကာ၊ နားတစ်ဖက်တွင်းသောသူတို့သည်လည်းကောင်း။
သုရဋ္ဌာ၊ သုရဋ္ဌတိုင်းသားတို့သည်လည်းကောင်း။
အဝဒတ္တာစ၊ အဝဒတ္တတိုင်းသားတို့သည်လည်းကောင်း။
မမံဃရံ၊ ငါ၏အိမ်သို့။
အာဂစ္ဆန္တိ၊ လာကုန်၏ ။
သုပ္ပါရကာ၊ သုပ္ပါရကတိုင်းသားတို့သည်လည်းကောင်း။
ကုမာရာစ၊ ကုမာရတိုင်းသားတို့သည်လည်းကောင်း။
မလ္လသောဝဏ္ဏဘုမ္မိကာ၊ မလ္လတိုင်း သုဝဏ္ဏဘုမ္မိတိုင်းသားတို့သည်လည်းကောင်း။
ဝဇ္ဇိ၊ ဝဇ္ဇိတိုင်းသားတို့သည်လည်းကောင်း။
အင်္ဂါ၊ အင်္ဂါတိုင်းသားတို့သည်လည်းကောင်း။
တေသဗ္ဗေ၊ ထိုအလုံးစုံသောသူတို့သည်။
မမံဃရံ၊ ငါ၏အိမ်သို့။
အာဂစ္ဆန္တိ၊ လာကုန်၏ ။
နဠကာရာ၊ ကျုတရံသည်တို့သည်လည်းကောင်း။
ပေသကာရာ၊ ရက်ကန်းသည်တို့သည်လည်းကောင်း။
စမ္မကာရာစ၊ သားရေနယ်သမားတို့သည်လည်းကောင်း။
တစ္ဆကာ၊ ရွေသမားတို့သည်လည်းကောင်း။
ကမ္မကာရာ၊ အမှုလုပ်သောသူတို့သည်လည်းကောင်း။
ကုမ္ဘာကာရာ၊ အိုးထိမ်းသည်တို့သည်လည်းကောင်း။
မမံဃရံ၊ ငါ၏အိမ်သို့။
အာဂစ္ဆန္တိ၊ လာကုန်၏ ။
မဏိကာရာ၊ ရွဲသမားတို့သည်လည်းကောင်း။
လောဟကာရာစ၊ ပတင်းသမားတို့သည်လည်းကောင်း။
သောဝဏ္ဏကာရာစ၊ ပန်းထိမ်သမားတို့သည်လည်းကောင်း။
ဒုဿိကာ၊ ပုဆိုးသည်တို့သည်လည်းကောင်း။
တိပုကာရာစ၊ သလွဲသမားတို့သည်လည်းကောင်း။
ဘေသဗ္ဗေ၊ ထိုအလုံးစုံသောသူတို့သည်။
မမံဃရံ၊ ငါ၏အိမ်သို့။
အာဂစ္ဆန္တိ၊ လာကုန်၏ ။
ဥသုကာရာ၊ လေးသမားတို့သည်လည်းကောင်း။ ဘမကာရာ၊ ပွတ်သမားတို့သည်လည်းကောင်း။ ပေသကာရာစ၊ ပန်းပွတ်သမားတို့သည်လည်းကော်ငး။ ဂန္ဓကာ၊ နံ့သာသမားတို့သည်လည်းကောင်း။ ရဇကာ၊ ကဝါသည်တို့သည်၎င်း။
တုန္နဝါယာစ၊ အပ်လျှိုသမားတို့သည်၎င်း။ မမံဃရံ၊ ငါ၏အိမ်သို့။ အာဂစ္ဆန္တိ၊ လာကုန်၏ ။
တေလိကာ၊ ဆီသမားတို့သည်လည်းကောင်း။
ကဋ္ဌဟာရာစ၊ ထင်းထမ်းတို့သည်လည်းကောင်း။
ပေသိကာ၊ အစေအပါးတို့သည်လည်းကောင်း။
သုပိကာယော၊ ဟင်းသည်တို့သည်လည်းကောင်း။
ပရက္ခာစ၊ ပရက္ခမည်သောသူတို့သည်လည်းကောင်း။
မမံဃရံ၊ ငါ၏အိမ်သို့။
အာဂစ္ဆန္တိ၊ လာကုန်၏ ။
ဒေါဝါရိကာ၊ တံခါးမှူးတို့သည်လည်းကောင်း။
အနိကဋ္ဌာ၊ ဆင်စီးမြင်းစီးတို့သည်လည်းကောင်း။
ဗန္ဓိကာ၊ အနှောင်အဖွဲ့တို့သည်လည်းကောင်း။
ပုပ္ဖဆဋ္ဋကာ၊ ပန်းမှိုက်သွန်တို့သည်လည်းကောင်း။
ဟတ္ထာရုဟာ၊ ဆင်စီးမြင်းစီးသူတို့သည်လည်းကောင်း။
ဟတ္ထိပါလာ၊ ဆင်ထိန်းတို့သည်လည်းကောင်း။
မမံဃရံ၊ ငါ၏အိမ်သို့။
အာဂစ္ဆန္တိ၊ လာကုန်၏ ။
အာနန္ဒဿ၊ အာနန္ဒာအမည်ရှိသော။
မဟာရညော၊ မင်းကြီးအား။
မမတ္ထဿ၊ ငါ့ဥစ္စာကို။
အဟံ၊ ငါသည်။
အဒါသိံ၊ လှူပြီ။
သတ္တဝဏ္ဏေန၊ ခုနစ်ပါးသောအဆင်းရှိသော။
ရတနေန၊ ရတနာဖြင့်။
အဟံ၊ ငါသည်။
ဦနတ္တံ၊ ယုတ်သည်၏အဖြစ်ကို။
ပူရယာမိ၊ ပြည့်၏ ။
နာနာဝဏ္ဏာ၊ အထူးထူးသောအဆင်းရှိကုန်သော။
သဗ္ဗေ၊ အလုံးစုံကုန်သော။
ယေဇနာ၊ အကြင်သူတို့ကို။
မယာ၊ ငါသည်။
ကိတ္တိတာ၊ ကြားအပ်ကုန်ပြီ။
အဟံ၊ ငါသည်။
တေသံ၊ ထိုသူတို့၏ ။
စိတ္တံ၊ စိတ်ကို။
အညာယ၊ သိ၍။
အဟံ၊ ငါသည်။
ရတနေန၊ ရတနာဖြင့်။
တပ္ပယိံ၊ ရောင့်ရဲစေပြီ။
ပဂ္ဂူသု၊ သာသာယာယာ။
ဘာသမာနာသု၊ မည်တတ်ကုန်သော။
ဘေရီသု၊ စည်တို့ကို။
ဝဇ္ဇမာနာသု၊ တီးမှုတ်အပ်ကုန်သည်ရှိသော်။
သင်္ခေသု၊ ခရုသင်းတို့ကို။
ဓမ္မယန္တေသု၊ မှုတ်အပ်ကုန်သည်ရှိသော်။
အဟံ၊ ငါသည်။
သကဂေဟေ၊ မိမိအိမ်၌။
ရမာမိ၊ မွေ့လျော်၏ ။
ဘဂဝါ၊ ဘုန်းတော်ခြောက်ပါးနှင့်ပြည့်စုံတော်မူသော။
ပဒုမုတ္တမနာယကော၊ ပဒုမုတ္တရမြတ်စွာဘုရားသည်။
တမှိသမယေ၊ ထိုအခါ၌။
ပရိက္ခီဏာသဝေဟိ၊ ကုန်ပြီးသောအာသဝေါရှိကုန်သော။
သတသဟဿသိဿေဟိ၊ တစ်သိန်းသောတပည့်ဖြစ်ကုန်သော။
ဘိက္ခူဟိ၊ ရဟန်းတို့နှင့်။
သဟိတာ၊ တကွ။
ဝီထိံ၊ ခရီးကို။
သော၊ ထိုမြတ်စွာဘုရားသည်။
ပစိပဇ္ဇိတ္ထ၊ ကြွသွားတော်မူ၏။
စက္ခုမာ၊ မြတ်စွာဘုရားသည်။
ဒိသာသဗ္ဗာ၊ အရပ်ခပ်သိမ်းတို့ကို။
ဩဘာသေန္တော၊ ထွန်းတောက်ပလျက်။
ဒီပရုက္ခော၊ ဆီမီးတိုင်သည်။
ဇောတတိဣဝ၊ ထွန်းတောက်ပသကဲ့သို့။
ဇောတတိ၊ ထွန်းတောက်ပတော်မူ၏ ။
လောကနာယကေ၊ မြတ်စွာဘုရားသည်။
ဂစ္ဆန္တေ၊ ကြွသွားတော်မူသည်ရှိသော်။
သဗ္ဗာ၊ ခပ်သိမ်းကုန်သော။
ဘေရိယော၊ စည်တို့သည်။
ဝဇ္ဇန္တိ၊ မည်ကုန်၏ ။
တဿ၊ ထိုမြတ်စွာဘုရား၏ ။
ဥဂ္ဂတော၊ တက်သော။
သတရံသီဝ၊ နေမင်းကဲ့သို့။
ပဘာ၊ အရောင်သည်။
နိဒ္ဓါဝတိ၊ ထွက်၏ ။
ကဝါဋန္တရိကာယပိ၊ တံခါးရွက်ကြား၌လည်း။
ပဝိဋ္ဌေန၊ ဝင်သော။
ရသ္မိနာ၊ ရောင်ခြည်တော်သည်။
အန္တေဃရေ၊ အိမ်တွင်း၌။
တာဝဒေ၊ ထိုခဏ၌။
ဝိပုလော၊ ပြန့်ပြောသော။
အာလောကော၊ အရောင်သည်။
အာသိ၊ ဖြစ်၏ ။
ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏ ။
ပဘံ၊ အရောင်ကို။
ဒိသွာန၊ မြင်၍။
အဟံ၊ ငါသည်။
ပါရိသဇ္ဇေ၊ ပရိသတ်တို့ကို။
အဝေါစံ၊ ဆိုပြီ။
နိသံသယံ၊ မချွတ်။
ဗုဒ္ဓသေဋ္ဌော၊ ဘုရားမြတ်သည်။
ဣမံဝီထိံ၊ ဤခရီးသို့။
ဥပါဂတော၊ ကပ်တော်မူ၏ ။
ခိပ္ပံ၊ လျှင်စွာ။
ပါသာဒါ၊ ပြာသာဒ်မှ။
ဩရုယှ၊ သက်၍။
အန္တရာပဏံ၊ အိမ်ဈေးသို့။
အဂမိံ၊ ကြွတော်မူပြီ။
သမ္ဗုဒ္ဓံ၊ မြတ်စွာဘုရားကို။
အဘိဝါဒေတွာ၊ ရှိခိုး၍။
ဣမံဝစနံ၊ ဤစကားကို။
အဗြဝိံ၊ လျှောက်ပြီ။
ဗုဒ္ဓေါ၊ သစ္စာလေးပါးတရားကိုသိတော်မူသော။
ဇလဇုတ္တမနာယကော၊ ပဒုမုတ္တရမြတ်စွာဘုရားသည်။
မေ၊ အကျွန်ုပ်အား။
အနုကမ္ပတု၊ သနားတော်မူစေသော။
ဝသီသတသဟဿေဟိ၊ တစ်သိန်းသောရဟန်းတို့နှင့်တကွ။
သောမုနိ၊ ထိုမြတ်စွာဘုရားသည်။
အဓိဝါသေတိ၊ သည်းခံတော်မူ၏ ။
သမ္ဗုဒ္ဓံ၊ မြတ်စွာဘုရားကို။
နိမန္တယိတွာန၊ ပင့်ဖိတ်၍။
သကံဃရံ၊ မိမိအိမ်သို့။
အဘိနေသိံ၊ ပင့်ဆောင်ပြီ။
တတ္ထ၊ ထိုအိမ်၌။
အန္နေန၊ ထမင်းဖြင့်လည်းကောင်း။
ပါနေန၊ အဖျော်ဖြင့်လည်းကောင်း။
မဟာမုနိံ၊ မြတ်စွာဘုရားကို။
သန္တပ္ပေသိံ၊ ရောင့်ရဲစေပြီ။
တာဒိနော၊ သည်းခံခြင်းဂုဏ်နှင့်ပြည့်တော်မူသော။
ဗုဒ္ဓသေဋ္ဌဿ၊ ဘုရားမြတ်၏ ။
ဘုတ္တာဝိကာလံ၊ ဆွမ်းစားပြီးသောကာလကို။
အညာယ၊ သိ၍။
သတင်္ဂိကေန၊ တစ်ရာသောအင်္ဂါရှိသော။
တူရိယေန၊ တူရိယာဖြင့်။
အဟံ၊ ငါသည်။
ဗုဒ္ဓသေဋ္ဌံ၊ ဘုရားမြတ်ကို။
ဥပဋ္ဌဟိံ၊ လုပ်ကျွေးပြီ။
လောကဝိဒူ၊ လောကသုံးပါးကိုသိတော်မူသော။
အာဟုတီနံ၊ အဝေးမှဆောင်အပ်သောအပူဇော်ကို။
ပဋိဂ္ဂဟော၊ ခံတော်မူထိုက်သော။
ပဒုမုတ္တရော၊ ပဒုမုတ္တရမြတ်စွာဘုရားသည်။
အန္တေဃရေ၊ အိမ်တွင်း၌။
နိသီဒိတွာ၊ ထိုင်တော်မူ၍။
ဣမာဂါထာယော၊ ဤဂါထာတို့ကို။
အဘာသထ၊ ဟောတော်မူ၏ ။
ယော၊ အကြင်သူသည်။
မံ၊ ငါဘုရားကို။
တူရိယေဟိ၊ တူရိယာတို့ဖြင့်။
ဥပဋ္ဌာသိ၊ လုပ်ကျွေး၏။
အန္နပါနဉ္စ၊ ထမင်းအဖျော်ကိုလည်း။
မေ၊ ငါ့အား။
အဒါသိ၊ လှူ၏။
တံ၊ ထိုသူကို။
အဟံ၊ ငါဘုရားသည်။
ကိတ္တယိဿာမိ၊ ကြာအံ့။
ဘာသတော၊ ဟောတော်မူသော။
မမ၊ ငါဘုရား၏ ။
ဝစနံ၊ စကားတော်ကို။
သုဏာထ၊ နာကြကုန်လော။
သဟိရညော၊ ရွှေနှင့်တကွ။
သဘောဇနော၊ အသုံးအဆောင်နှင့်ကတွ။
အယံနရော၊ ဤသူသည်။
စာတုဒိပေ၊ လေးကျွန်းလုံး၌။
ဧကရဇ္ဇံ၊ တစ်ယောက်တည်းသောမင်းအဖြစ်ကို။
ကာရယိဿတိ၊ ပြုလတ္တံ့။
ပဉ္စသီလေ၊ ငါးပါးသောသီလတို့ကို။
သမာဒါယ၊ ဆောက်တည်၍။
ဒကမ္မပထေ၊ ဆယ်ပါးသောကုသိုလ်ကမ္မပထတရား၌။
ရတော၊ မွေ့လျော်သည်ဖြစ်၍။
သမာဒါယ၊ ဆောက်တည်၍။
ပဝတ္တေန္တော၊ ဖြစ်စေလျက်။
ပရိသိက္ခာပယိဿတိ၊ ကျင့်စေလတ္တံ့။
တူရိယသတသဟဿာနိ၊ တူရိယာတစ်သိန်းတို့ဖြင့်လည်းကောင်း။
သမလင်္ကတာ၊ အညီအမျှတန်ဆာဆင်အပ်ကုန်သော။
ဘေရိယော၊ စည်တို့သည်လည်းကောင်း။
ဣမံ၊ ဤသူကို။
နိစ္စံ၊ အမြဲ။
ဝဇ္ဇယိဿန္တိ၊ တီးမှုတ်ကုန်လတ္တံ့။
ဣဒံဖလံ၊ ဤအကျိုးသည်။
ဥပဋ္ဌာနဿ၊ လုပ်ကျွေးခြင်း၏ ။
ဖလံ၊ အကျိုးတည်း။
တိံသကပ္ပသဟဿာနိ၊ ကမ္ဘာသုံးသောင်းတို့ပတ်လုံး။
ဒေဝလောကေ၊ နတ်ပြည်၌။
ရမိဿတိ၊ မွေ့လျော်လတ္တံ့။
စတုသဋ္ဌိက္ခတ္တုံ၊ ခြောက်ဆယ့်လေးကြိမ်။
ဒေဝိန္ဒော၊ နတ်တို့ကိုအစိုးရသည်။
ဟုတွာ၊ ဖြစ်၍။
ဒေဝရဇ္ဇံ၊ နတ်မင်း၏အဖြစ်ကို။
ကရိဿတိ၊ ပြုလတ္တံ့။
ကပ္ပသတသဟဿမှိ၊ ကမ္ဘာတစ်သိန်းထက်၌။
ဩက္ကာကကုလသမ္ဘဝေါ၊ တတိယဩက္ကာကအမျိုး၌ဖြစ်သော။
နာမေန၊ အမည်အားဖြင့်။
ဂေါတမောနာမ၊ ဂေါတမအမည်ရှိသော။
သတ္ထာ၊ မြတ်စွာဘုရားသည်။
လောကေ၊ လောက၌။
ဘဝိဿတိ၊ ဖြစ်လတ္တံ့။
ဒေဝတ္တံ၊ နတ်၌လည်းကောင်း။
အထ၊ ထိုမြို့။
မာနုသံ၊ လူပြည်၌လည်းကောင်း။
ယံယောနိံ၊ အကြင်အဖြစ်၌။
ဥပပဇ္ဇတိ၊ ဖြစ်ရ၏။
တတ္ထ၊ ထိုနတ်ပြည်၌။
အနူနဘောဂေါ၊ မယုတ်သောစည်းစိမ်ရှိသည်။
ဟုတွာ၊ ဖြစ်၍။
မနုဿတ္တံ၊ လူပြည်သို့။
ဂမိဿတိ၊ ရောက်လတ္တံ့။
အဇ္ဈာယကော၊ ဗေဒင်ကိုသရဇ္ဈာယ်တတ်သော။
တိဏ္ဏံဝေဒါနပါရဂူ၊ ဗေဒင်သုံးကျမ်းဆုံးခမ်းရောက်သောပုဏ္ဏားသည်။
ဘဝိတွာန၊ ဖြစ်၍။
ဥတ္တမတ္ထံ၊ မြတ်သာအကျိုးကို။
ဂဝေသန္တော၊ ရှာမှီးလျက်။
ဣမံမဟိံ၊ ဤမြေအပြင်ကို။
စရိဿတိ၊ ကျင်လည်းရတ္တံ့။
သော၊ ထိုပုဏ္ဏားသည်။
ပစ္ဆာ၊ နောက်၌။
ပဗ္ဗဇိတွာန၊ ရဟန်းပြု၍။
သုက္ကမူလေန၊ ကုသိုလ်အကြောင်းရင်းသည်။
စောဒိတော၊ တိုက်တွန်းအပ်သည်ဖြစ်၍။
ဂေါတမဿ၊ ဂေါတမအမည်တော်ရှိသော။
ဘဂဝတော၊ မြတ်စွာဘုရား၏ ။
သာသနေ၊ သာသနာတော်၌။
အဘိရမိဿတိ၊ မွေ့လျော်လတ္တံ့။
ဂေါတမံ၊ ဂေါတမအမည်တော်ရှိသော။
သကျပုင်္ဂဝံ၊ သာကီဝင်မင်းတို့၏ရှေ့သွားဖြစ်တော်မူသော။
သမ္ဗုဒ္ဓံ၊ မြတ်စွာဘုရားကို။
အာရာဓယိတွာန၊ နှစ်သက်စေ၍။
ကိလေသေ၊ ကိလေသာတို့ကို။
ဈာပယိတွာန၊ ဖုတ်မှိုက်၍။
အယံ၊ ဤသူသည်။
အရဟာ၊ ရဟန္တာသည်။
ဘဝိဿတိ၊ ဖြစ်လတ္တံ့။
ဝိပိနေ၊ တော၌။
ဗျဂ္ဃရာဇာဝ၊ ကျားမင်းကဲ့သို့။
ကေသရီ၊ မှင်ဆံရှိသော။
မိဂရာဇာ၊ ခြင်္သေ့မင်းကဲ့သို့။
အဘီတော၊ ကြောက်ခြင်းမရှိဘဲ။
အဇ္ဇ၊ ယခု။
သကျပုတ္တဿ၊ မြတ်စွာဘုရား၏ ။
သာသနေ၊ သာသနာတော်၌။
ဝိဟရာမိ၊ နေရ၏ ။
ဒေဝလောကေ၊ နတ်ပြည်၌လည်းကောင်း။
မနုဿေဝါ၊ လူပြည်၌လည်းကောင်း။
ဒလိဒ္ဒေ၊ ဆင်းရဲသောအမျိုး၌လည်းကောင်း။
ဒုဂ္ဂတိမှိဝါ၊ ဒုဂ္ဂတိံဘုံ၌လည်းကောင်း။
မေ၊ ငါ့အား။
နိဗ္ဗတ္တိံ၊ ဖြစ်ခြင်းကို။
နပဿာမိ၊ မမြင်။
ဣဒံဖလံ၊ ဤအကျိုးသည်။
ဥပဋ္ဌာနဿ၊ ခစားခြင်း၏ ။
ဖလံ၊ အကျိုးတည်း။
ဝိဝေကံ၊ ဆိတ်ငြိမ်ရာကို။
အနုယုတ္တော၊ အားထုတ်သည်။
အမှိ၊ ဖြစ်၏ ။
ဥပသန္တော၊ ကိလေသာငြိမ်းသည်ဖြစ်၍။
နိရူပဓိ၊ ဥပဓိမရှိသည်ဖြစ်၍။
နာဂေါ၊ ဆင်ပြောင်သည်။
ဗန္ဓနံ၊ အနှောင်အဖွဲ့ကို။
ဆေတွာ၊ ဖြတ်၍။
ဝိဟရတိဣဝ၊ နေသကဲ့သို့။
အနာသဝေါ၊ အာသဝေါမရှိဘဲ။
ဝိဟရာမိ၊ နေရ၏ ။
မယှံ၊ ငါသည်။
ကိလေသာ၊ ကိလေသာတို့ကို။ (ပ) ။
အနာသဝေါ၊ အာသဝေါမရှိဘဲ။
ဝိဟရာမိ၊ နေရ၏ ။
မေ၊ ငါ၏ ။
အာဂတံ၊ လာခြင်းသည်။
ဝတ၊ စင်စစ်။
သွာဂတံ၊ ကောင်းသောလာခြင်းသည်။ (ပ) ။
သာသနံ၊ အဆုံးအမတော်ကို။
ကတံ၊ ပြုအပ်ပြီ။
စတဿော၊ လေးပါးကုန်သော။
ပဋိသမ္ဘိဒါစ၊ ပဋိသမ္ဘီဒါတို့ကိုလည်းကောင်း။ (ပ) ။
သာသနံ၊ အဆုံးအမတော်ကို။
ကတံ၊ ပြုအပ်ပြီ။
ဣတ္ထံ၊ ဤသို့လျှင်။
အာယသ္မာ၊ ရှည်သောသက်တော်ရှိသော။
ဇတုကဏ္ဏိတ္ထေရော၊ ဇတုကဏ္ဏိမထေရ်သည်။
ဣမာဂါထာယော၊ ဤဂါထာတို့ကို။
အဘာသိတ္ထ၊ ရွတ်ဆိုတော်မူပြီ။
ဣတိဣမိနာနုက္ကမေန၊ ဤသို့သောသဒ္ဒါအစဉ်အနက်အစဉ်ဖြင့်။
ဇတုကဏ္ဏိတ္ထေရဿ၊ ဇတုကဏ္ဏိမထေရ်၏ ။
နဝမံ၊ ကိုးခုမြောက်သော။
အပဒါနံ၊ အပဒါန်သည်။
သမတ္တံ၊ ပြီးပြီ။