ဒွိပဒုတ္တမေ၊ အခြေနှစ်ချောင်း လူအပေါင်းတို့ထက် မြတ်တော်မူသော။
သိဒ္ဓတ္ထေ လောကနာထမှိ၊ သိဒ္ဓတ်မြတ်စွာဘုရား သည်။
နိဗ္ဗုတေ၊ ပရိနိဗ္ဗာန်စံတော်မူသည်ရှိသော်။
ပါဝစနေ၊ သာသနာတော်သည်။
ဝိတ္ထာရိတေ၊ ဆယ်ရပ်အနှံ့ပြန့်လတ်သည်ရှိသော်။
သာသနေ၊ သာသနာတော်ကို။
ဗာဟုဇညေ၊ များစွာသော လူတို့သည် သိအပ်သည်ရှိသော်။
ပသန္နစိတ္တော၊ ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍။
သုမနော၊ ဝမ်းမြောက်သည်ဖြစ်၍။
သီဟာသနံ၊ ခြင်္သေ့ခံသော နေရာပလ္လင်ကို။
အဟံ၊ ငါသည်။
အကာသိံ၊ ပြုပြီ။
သီဟာသနေစ၊ ခြင်္သေ့ခံသော နေရာပလ္လင်ကို။
ကရိတွာန၊ ပြု၍။
ပါဒပီဌံ၊ ခြေနင်းအင်းပျဉ်ကို။
အဟံ၊ ငါသည်။
အကာသိံ၊ ပြုပြီ။
သီဟာသနေ စ၊ ခြင်္သေ့ခံသော နေရာပလ္လင်သည်လည်း။
ဝဿန္တေ၊ မိုဃ်းစွတ်သည်ရှိသော်။
တတ္ထ၊ ထိုနေရာမြတ်အထက်၌။
ဃရံ၊ အမိုးတစ်ဆောင်းကျောင်းအိမ်စရပ်ကို။
အဟံ၊ ငါသည်။
အကာသိံ၊ ပြုပြီ။
တေန စိတ္တပ္ပသာဒေန၊ ထိုစိတ်ကြည်ညိုခြင်းကြောင့်။
တုသိတံ၊ တုသိတာနတ်ပြည်သို့။
အဟံ၊ ငါသည်။
ဥပပဇ္ဇိံ၊ ကပ်၍ဖြစ်ပြီ။
တာဝဒေ၊ ထိုတုသိတာနတ်ပြည်၌။
အာယာမေန၊ အလျားအားဖြင့်။
စတုဝီသ ယောဇနံ၊ နှစ်ဆယ့်လေးယူဇနာရှိသော။
ဝိတ္ထာရေန၊ အနံအားဖြင့်။
စတုဒ္ဒသ၊ တစ်ဆယ့်လေးယူဇနာရှိသော။
မယှံ၊ ငါ၏။
သုကတံ၊ ကုသိုလ်၏ အကျိုးဖြစ်သော။
ဝိမာနံ၊ ဗိမာန်သည်။
အာသိ၊ ဖြစ်၏။
သတံ ကညာသဟဿာနိ၊ တစ်သိန်းသော နတ်သမီးတို့သည်။
သဒါ၊ အခါခပ်သိမ်း။
မံ၊ ငါ့ကို။
ပရိဝါရေန္တိ၊ ခြံရံကုန်၏။
သုနိမ္မိတံ၊ ကောင်းစွာဖန်ဆင်းအပ်သော။
သောဏ္ဏမယဉ္စ ပလ္လင်္ကံ၊ ရွှေဖြင့်ပြီးသော ပလ္လင်သည်။
ဗျမှေ၊ ဗိမာန်၌။
အာသိံ၊ ဖြစ်ပြီ။
ဟတ္ထိယာနံ၊ ဆင်ယာဉ်သည်လည်းကောင်း။
အဿယာနံ၊ မြင်းယာဉ်သည်လည်းကောင်း။
ဒိဗ္ဗယာနံ၊ နတ်ယာဉ်သည်လည်းကောင်း။
ဥပဋ္ဌိတံ၊ ရှေးရှုတည်၏။
ပါသာဒါ၊ ပြာသာဒ်တို့သည်လည်းကောင်း။
သိဝိကာ စေဝ၊ ထမ်းစင်တို့သည်လည်းကောင်း။
ယဒိစ္ဆကံ၊ အလိုရှိတိုင်း။
နိဗ္ဗတ္တန္တိ၊ ဖြစ်ကုန်၏။
မဏိမယာ၊ ပတ္တမြားဖြင့်ပြီးကုန်သော။
ပလ္လင်္ကာ စ၊ ပလ္လင်တို့သည်လည်းကောင်း။
အညေ၊ တစ်ပါးကုန်သော။
ဗဟူ၊ များစွာကုန်သော။
သာရမယာ၊ စန္ဒကူးနှစ်ဖြင့်ပြီးကုန်သော ပလ္လင်တို့သည်လည်းကောင်း။
သဗ္ဗေ၊ ခပ်သိမ်းကုန်သော ပလ္လင်တို့သည်။
မမ၊ ငါအား။
နိဗ္ဗတ္တန္တိ၊ ဖြစ်ကုန်၏။
ဣဒံဖလံ၊ ဤအကျိုးသည်။
သီဟာသနဿ၊ ခြင်္သေ့ခံသော နေရာပလ္လင်ကို လှူခြင်း၏။
ဖလံ၊ အကျိုးတည်း။
သောဏ္ဏမယာ၊ ရွှေဖြင့်ပြီးသည်လည်းဖြစ်ကုန်သော။
ရူပိမယာ၊ ငွေဖြင့်ပြီးသည်လည်းဖြစ်ကုန်သော။
ဖလိကာ၊ ဖလ်ဖြင့်ပြီးသည်လည်းဖြစ်ကုန်သော။
ဝေဠုရိယာမယာ၊ ကြောင်မျက်ရွဲဖြင့် ပြီးသည်လည်းဖြစ်ကုန်သော။
ပါဒုကာ၊ ရွှေခြေနင်းတို့ကို။
အဘိရူဟာမိ၊ စီးရ၏။
ဣဒံဖလံ၊ ဤအကျိုးသည်။
ပါဒပီဌဿ၊ ခြေနင်းအင်ပျဉ်ကို လှူခြင်း၏။
ဖလံ၊ အကျိုးတည်း။
ဣတော၊ ဤဘဒ္ဒကပ်မှ။
စတုနဝုတိ ကပ္ပေ၊ ကိုးဆယ့်လေးကမ္ဘာထက်၌။
ယံ ကမ္မံ၊ အကြင်ကောင်းမှုကို။
တဒါ၊ ထိုအခါ၌။
အကရိံ၊ ပြုပြီ။
တတော၊ ထိုအခါမှ။
ပဌာယ၊ စ၍။
ဒုဂ္ဂတိံ၊ အပါယ်လေးပါးလားရခြင်းကို။
နာဘိဇာနာမိ၊ မသိစဘူး။
ဣဒံဖလံ၊ ဤအကျိုးသည်။
ပုညကမ္မဿိ၊ ကောင်းမှုကံ၏။
ဖလံ၊ အကျိုးတည်း။
ဣတော၊ ဤဘဒ္ဒကပ်မှ။
တေသတ္တတိကပ္ပေ၊ ခုနှစ်ဆယ့်သုံးကမ္ဘာထက်၌။
ဣန္ဒနာမာ၊ ဣန္ဒအမည်ရှိသော။
တယော ဇနာ၊ သုံးကြိမ်သော စကြာမင်းတို့သည်။
အဟုံ၊ ဖြစ်ကုန်ပြီ။
ဣတော၊ ဤဘဒ္ဒကပ်မှ။
ဒွေသတ္တတိကပ္ပေ၊ ခုနှစ်ဆယ့်နှစ်ကမ္ဘာထက်၌။
သုမနနာမကာ၊ သုမနအမည်ရှိကုန်သော။
တယော၊ သုံးကြိမ်သော စကြာမင်းတို့သည်။
အဟုံ၊ ဖြစ်ကုန်ပြီ။
ဣတော၊ ဤဘဒ္ဒကပ်မှ။
သမသတ္တတိကပ္ပေ၊ အမျှခုနှစ်ဆယ်သော ကမ္ဘာ၌။
ဝရုဏနာမကာ၊ ဝရုဏအမည်ရှိကုန်သော။
တယော၊ သုံးကြိမ်သော စကြာမင်းတို့သည်။
အဟုံ၊ ဖြစ်ကုန်ပြီ။
သတ္တရတနသမ္ပန္နာ၊ ရတနာခုနှစ်ပါးနှင့် ပြည့်စုံကုန်သော။
စတုဒီပမှိ၊ ကျွန်းကြီးလေးကျွန်း၌။
ဣဿရာ၊ အစိုးရကုန်သော။
စတဿော၊ လေးပါးကုန်သော။
ပဋိသမ္ဘိဒါ၊ ပဋိသမ္ဘီဒါတို့ကိုလည်းကောင်း။
အဌ၊ ရှစ်ပါးကုန်သော။
ဣမေဝိမောက္ခာပိ စ၊ ဤဝိမောက္ခတို့ကိုလည်းကောင်း။
ဆဠဘိညာ၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း။
သစ္ဆိကတာ၊ မျက်မှောက်ပြုအပ်ကုန်ပြီ။
ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏။
သာသနံ၊ အဆုံးအမတော်ကို။
ကတံ၊ ပြုအပ်ပြီ။
ဣတ္ထံ၊ ဤသို့လျှင်။
အာယသ္မာ၊ ရှည်သော သက်တော်ရှိသော။
သီဟာသနဒါယကော၊ ခြင်္သေ့ခံသော နေရာပလ္လင်လှူသော။
ထေရော၊ မထေရ်သည်။
ဣမာ ဂါထာယော၊ ဤတစ်ဆယ့်နှစ်ဂါထာတို့ကို။
အဘာသိတ္ထ၊ ရွတ်ဆိုတော်မူပြီ။
ဣတိဣမိနာနုက္ကမေန၊ ဤသဒ္ဒါအစဉ်အနက်အစဉ်ဖြင့်။
သီဟာသနဒါယကတ္ထေရဿ၊ သီဟာသနဒါယကထေရ်၏။
ပဌမံ၊ ရှေးဉီးစွာသော။
အပဒါနံ၊ အပဒါန်သည်။
သမတ္တံ၊ ပြီးပြီ။