Issues
Select Version
နိဿယ
မြန်မာဘာသာ
Therāpadānapāḷi(Paṭhamo bhāgo)
Therāpadānapāḷi(Paṭhamo bhāgo)

6. Maggadattikattheraapadānaṃ

Author: နိဿယ @ IAPT

ဒွိပဒိန္ဒေါ၊ အခြေနှစ်ချောင်းရှိသော သတ္တဝါတို့ကို အစိုးရတော်မူသော။ နရာသဘော၊ လူတို့ထက်မြတ်တော်မူသော။ အနောမဒဿီ၊ အနောမဒဿီအမည်တော်ရှိသော။ ဘဂဝါ၊ မြတ်စွာဘုရားသည်။
ဒိဋ္ဌဓမ္မသုခတ္ထာယ၊ မျက်မှောက်သော ကိုယ်၏ အဖြစ်၌ချမ်းသာစွာနေခြင်းငှါ။ အဗ္ဘောကာသမှိ၊ ဟင်းလင်းအပြင်ကောင်းကင်၌။ စင်္ကမိ၊ စင်္ကြံကြွတော်မူ၏။
ပါဒေ၊ ချေတော်တို့ကို။ ဥဒ္ဓတေ၊ ချီအပ်သည်ရှိသော။ ပုပ္ဖာနိ၊ ပန်းတို့သည်။ သီသံမုဒ္ဓနိ၊ ဉီးခေါင်းထက်၌။ တိဋ္ဌရေ၊ တည်ကုန်၏။
ပသန္နစိတ္တော၊ ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍။ သုမနော၊ ဝမ်းမြောက်သည်ဖြစ်၍။ ဝန္ဒိတွာ၊ ရှိခိုး၍။ ပုပ္ဖံ၊ ပန်းကို။ ဩကိရိံ၊ ကြဲပြီ။
ဣတော၊ ဤဘဒ္ဒကမ္ဘာမှ။ ဝီသကပ္ပသဟဿမှိ၊ ကမ္ဘာနှစ်သောင်းထက်၌။ ပဉ္စ ဇနာ၊ ငါးကြိမ်သော စကြာမင်းတို့သည်။ အဟုံ၊ ဖြစ်ကုန်ပြီ။
စက္ကဝတ္တီ၊ စကြာရတနာကို လည်စေတတ်ကုန်သော။ မဟဗ္ဗလာ၊ ကြီးသောခွန်အား များသောဗိုလ်ပါရှိကုန်သော။ ပုပ္ဖစ္ဆဒနိယာ နာမ၊ ပုပ္ဖစ္ဆဒနိယအမည်ရှိကုန်သော။
စတဿော၊ လေးပါးကုန်သော။ ပဋိသမ္ဘိဒါ၊ ပဋိသမ္ဘီဒါတို့ကိုလည်းကောင်း။ အဋ္ဌ၊ ရှစ်ပါးသော။ ဣမေဝိမောက္ခာပိစ၊ ဤဝိမောက္ခတို့ကိုလည်းကောင်း။ ဆဠာဘိညာ၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း။ သစ္ဆိကတာ၊ မျက်မှောက်ပြုအပ်ကုန်ပြီ။ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏။ သာသနံ၊ အဆုံးအမတော်ကို။ ကတံ၊ ပြုအပ်ပြီ။
ဣတ္ထံ၊ ဤသို့လျှင်။ အာယသ္မာ မဂ္ဂဒတ္တိကော ထေရော၊ အရှင်မဂ္ဂဒတ္တိကမထေရ်သည်။ ဣမာ ဂါထာယော၊ ဤဂါထာတို့ကို။ အဘာသိတ္ထ၊ ရွတ်ဆိုတော်မူပြီ။
ဣတိဣမိနာနုက္ကမေန၊ ဤသို့သော သဒ္ဒါအစဉ် အနက်အစဉ်ဖြင့်။ မဂ္ဂဒတ္တိကတ္ထေရဿ၊ မဂ္ဂဒတ္တိကမထေရ်၏။ ဆဋ္ဌံ၊ ခြောက်ခုမြောက်သော။ အပဒါနံ၊ အပဒါန်သည်။ သမတ္တံ၊ ပြီးပြီ။