Issues
Select Version
နိဿယ
မြန်မာဘာသာ
Therāpadānapāḷi(Paṭhamo bhāgo)
Therāpadānapāḷi(Paṭhamo bhāgo)

3-1. Sāriputtattheraapadānaṃ

Author: နိဿယ @ IAPT

အထ၊ ထိုအခါ၌။ ထေရာပဒါနံ၊ ထေရအပဒါန်တို့ကို။ သုဏာထ၊ နာကြကုန်လော။
ဟိမဝန္တဿ၊ ဟိမဝန္တာတောင်၏။ အဝိဒူရေ၊ မနီးမဝေးသောအရပ်၌။ လမ္ဗကော နာမ၊ လမ္ဗကအမည်ရှိသော။ ပဗ္ဗတော၊ တောင်သည်။ အတ္ထိ၊ ရှိ၏။
တတ္ထ၊ ထိုလမ္ဗကမည်သော တောင်၌။ မယှံ၊ ငါသည်။ အဿမော၊ သင်္ခမ်းကို။ သုကတော၊ ကောင်းစွာပြုအပ်၏။ ပဏ္ဏသာလာ၊ သစ်ရွက်မိုးသော ကျောင်းကို။ သုမာပိတာ၊ ကောင်းစွာဖန်ဆင်းအပ်၏။
နဒိကာ၊ မြစ်သည်။ ဥတ္တာနကုလာ၊ တိမ်သောကမ်းလည်းရှိ၏။ သုပတိတ္ထာ၊ ကောင်းသော ရေဆိပ်လည်းရှိ၏။ မနောရမာ၊ နှလုံးမွေ့လျော်ဘွယ်ရှိသော။
သုသုဒ္ဓပုဠိနာကိဏ္ဏာ၊ ငွေများသဘွယ်စင်ကြယ်သော သဲဖြင့်လည်းပြွမ်း၏။ မမ၊ ငါ၏။ အဿမံ၊ သင်္ခမ်းမှ။ အဝိဒူရေ၊ မနီးမဝေးသော အရပ်၌။
တတ္ထ၊ ထိုငါ့သင်္ခမ်း၏အနီး၌။ အသက္ခရာ၊ ကျောက်ပြုတ်လည်းမရှိသော။ အပဗ္ဘာရာ၊ ထူးဇလုပ်လည်းမရှိသော။ အပ္ပဋိဂန္ဓိကာ၊ ရွံဘွယ်ရနံ့မပျံ့သောကြောင့်။ သာဓု၊ ကောင်းသောရေရှိသော။
နဒိကာ၊ မြစ်သည်။ မမ၊ ငါ၏။ အဿမ၊ သင်္ခမ်းကို။ သောဘယန္တာ၊ တင့်တယ်စေကုန်လျက်။ သန္ဒတိ၊ စီး၏။
ဧတ္ထ၊ ဤမြစ်၌။ ကုမ္ဘီလာ၊ မိကျောင်းတို့သည်လည်းကောင်း။ မကရာစ၊ မကရ်းတို့သည်လည်းကောင်း။ သုသုမာရာ စ၊ ကြမ်းသောငါးတို့သည်လည်းကောင်း။ ကစ္ဆပါစ၊ လိပ်တို့သည်လည်ကောင်း။
မမ၊ ငါ၏။ အဿမံ၊ သင်္ခမ်းကို။ သောဘယန္တာ၊ တင့်တယ်စေကုန်လျက်။ တတ္ထ၊ ထိုသင်္ခမ်းအနီး၌။ နဒိယာ၊ မြစ်၌။ စရန္တိ၊ ကျက်စားကုန်၏။
မစ္ဆာ၊ ငါးတို့သည်။ ပါတိနာ၊ ငါးဖယ်တို့လည်းကောင်း။ ပါဝုသာ၊ ငါးတန်တို့လည်းကောင်း။ ဖလဇာ၊ ငါးရံ့တို့လည်းကောင်း။ မုဉ္ဇရောဟိတာ၊ ဟင်းငံငါးကြင်းတို့လည်းကောင်း။
ဝဂ္ဂဠာ၊ ငါးခူတို့လည်းကောင်း။ ဧဝမာဒိကာ၊ ဤသို့အစရှိသော ငါးတို့သည်။ မမ၊ ငါ၏။ အဿာမံ၊ သင်္ခမ်းကို။ သောဘယန္တာ၊ တင့်တယ်စေကုန်လျက်။ ပပတာယန္တိ၊ ငုတ်ပေါ်ခုံပြန်စုံဆန်းကွန့်မြူးကုန်၏။
နဒိယာ၊ မြစ်၏။ ဥဘော ကူလေသု၊ ကမ်းနှစ်ဘက်တို့၌။ ပုပ္ဖိနော၊ အပွင့်ရှိကုန်သော။ ဖလိနော၊ အသီးရှိကုန်သော။ ဒုမာ၊ သစ်ပင်တို့သည်။
ဥဘတော၊ ကမ်းနှစ်ဘက်မှ။ မမ၊ ငါ၏။ အဿမံ၊ သင်္ခမ်းကို။ သောဘယန္တာ၊ တင့်တယ်စေကုန်လျက်။ အဘိလမ္ဗန္တိ၊ တွဲလျားကျကုန်၏။
အမ္ဗာ၊ သရက်ပင်တို့သည်လည်းကောင်း။ သာလာ စ၊ အင်ကြင်းပင်တို့သည်လည်းကောင်း။ တိလကာ၊ ပြည့်စင်ပင်တို့သည်လည်းကောင်း။ ပါဋလီ၊ သခွတ်ပင်တို့သည်လည်းကောင်း။ သိန္ဒုဝါရိကာ၊ ရေအုပ်နှဲပင်တို့သည်လည်းကောင်း။
မမ၊ ငါ၏။ အဿမေ၊ သင်္ခမ်းကျောင်း၌။ ပုပ္ဖိတာ၊ ပွင့်ကုန်သည်ဖြစ်၍။ ဒိဗ္ဗဂန္ဓါ၊ နတ်၌ဖြစ်ကုန်သော ရနံ့တို့သည်။ သမ္ပာဝန္တိ၊ သင်းထုံနံ့လှိုင်ပျံ့ကြိုင်ကုန်၏။
စမ္ပကာ၊ စကားပင်တို့သည်လည်းကောင်း။ သဠလာ၊ ထင်းရှူးပင်တို့သည်လည်းကောင်း။ နိမ္ဗာ၊ ထိန်ပင်တို့သည်လည်းကောင်း။ နာဂပုန္နာဂကေဋကာ၊ ကန့်ကော်ပုံးညက်ဆတ်သွားပင်တို့သည်လည်းကောင်း။
မမ၊ ငါ၏။ အဿမေ၊ သင်္ခမ်းကျောင်း၌။ ပုပ္ဖိတာ၊ ပွင့်ကုန်သည်ဖြစ်၍။ ဒိဗ္ဗဂန္ဓါ၊ နတ်၌ဖြစ်ကုန်သော ရနံ့တို့သည်။ သမ္ပဝန္တိ၊ လှိုင်ပျံ့ကုန်၏။
အဓိမုတ္တာ၊ စစ်ကြီးပင်တို့သည်လည်းကောင်း။ အသောကာ စ၊ သော်ကပင်တို့သည်လည်းကောင်း။ ဘဂိနိမာလာ စ၊ ဆင်နှာမောင်းပင်တို့သည်လည်းကောင်း။ ပုပ္ဖိတာ၊ ပွင်းကုန်၏။
မမ၊ ငါ၏။ အဿမေ၊ သင်္ခမ်းကျောင်း၌။ အင်္ကောလာ၊ မှန်ကူပင်တို့သည်လည်းကောင်း။ ဗိမ္ဗိဇာလာ၊ မျက်နှာပန်းပင်တို့သည်လည်းကောင်း။ ပုပ္ဖိတာ၊ ပွင့်ကုန်၏။
ကေဋကာ၊ ဆတ်သွားပင်တို့သည်လည်းကောင်း။ ကန္ဒလိ စေဝ၊ ခတ္တာပင်တို့သည်လည်းကောင်း။ ဂေါဓုကာ၊ ဆွဲပန်းပင်တို့သည်လည်းကောင်း။ တိဏသိလိကာ၊ စမ္ပယ်ကြက်ရုံးပင်တို့သည်လည်းကောင်း။
ဒိဗ္ဗဂန္ဓံ၊ နတ်ရနံ့ကို။ သမ္ပဝန္တာ၊ လှိုင်စေကုန်လျှက်။ မမ၊ ငါ၏။ အဿမံ၊ သင်္ခမ်းကျောင်းကို။ သောဘယန္တိ၊ တင့်တယ်စေကုန်၏။
ကဏိကာရာ၊ အပွင့်ကြီးသော မဟာလှေကားတို့သည်လည်းကောင်း။ ကဏ္ဏိကာ စ၊ အပွင့်ငယ်သော မဟာလှေကားတို့သည်လည်းကောင်း။ အသနာ၊ ပိတောက်ပင်တို့သည်လည်းကောင်း။ ဗဟူ၊ များစွာကုန်သော။ အဇ္ဇုနာ၊ ဖောက်ကြံပင်တို့သည်လည်းကောင်း။
မမ၊ ငါ၏။ အဿမံ၊ သင်္ခမ်းကျောင်းကို။ သောဘယန္တာ၊ တင့်တယ်စေကုန်လျက်။ ဒိဗ္ဗဂန္ဓာ၊ နတ်ရနံ့တို့သည်။ သမ္ပဝန္တိ၊ လှိုင်စေကုန်၏။
ပုန္နာဂါ၊ ပုန်းညက်ပင်တို့သည်လည်းကောင်း။ ဂိရိပုန္နာဂါ၊ တောင်းပုန်းညက်ပင်တို့သည်လည်းကောင်း။ ကောဝိဠာရာ စ၊ ပင်လယ်ကသစ်ပင်တို့သည်လည်းကောင်း။ ပုပ္ဖိတာ၊ ပွင့်ကုန်သည်ဖြစ်၍။
မမ၊ ငါ၏။ အဿမံ၊ သင်္ခမ်းကျောင်းကို။ သောဘယန္တာ၊ တင့်တယ်စေကုန်လျက်။ ဒိဗ္ဗဂန္ဓာ၊ နတ်ရနံ့တို့သည်။ သမ္ပဝန္တိ၊ ပျံ့လှိုင်ကုန်၏။
ဥဒ္ဓါလကာ စ၊ ငုစပ်ပင်တို့သည်လည်းကောင်း။ ကုဋဇာ၊ လက်ထုတ်ပင်တို့သည်လည်းကောင်း။ ကဒမ္ဗာ၊ ထိန်ပင်တို့သည်လည်းကောင်း။ ဗဟူ၊ များစွာကုန်သော။ ဗဟုလာ၊ ဖါလာပင်တို့သည်လည်းကောင်း။
မမ၊ ငါ၏။ အဿမံ၊ သင်္ခမ်းကျောင်းကို။ သောဘယန္တာ၊ တင့်တယ်စေကုန်လျက်။ ဒိဗ္ဗဂန္ဓာ၊ နတ်ရန့့တို့သည်။ သမ္ပဝန္တိ၊ ပျံ့လှိုင်ကုန်၏။
အာဠကာ၊ ပဲတက်ပင်တို့သည်လည်းကောင်း။ ဣသိမုဂ္ဂါ၊ ရသေ့ကပဲတို့သည်လည်းကောင်း။ ကဒလိ၊ ငှက်ပျောပင်တို့သည်လည်းကောင်း။ မာတုလုင်္ဂိယော၊ ရှောက်ပင်တို့သည်လည်းကောင်း။
ဂန္ဓေါဒကေန၊ နံ့သာရေဖြင့်။ သံဝဒ္ဓါ၊ ကောင်းစွာပွားကုန်သည်ဖြစ်၍။ တေ၊ ထိုသစ်ပင်တို့သည်။ ဖလာနိ၊ အသီးတို့ကို။ ဓါရယန္တိ၊ ဆောင်ကုန်၍။
အညေ၊ တစ်ပါးကုန်သော။ ပဒုမာ၊ ပဒုမ္မာကြာတို့သည်။ ပုပ္ဖန္တိ၊ ပွင့်ကုန်၏။ အညေ၊ တစ်ပါးကုန်သော။ ပဒုမာ၊ ပဒုမ္မာကြာတို့သည်။ ကေသရီ၊ ပွင့်ချပ်ကျွေကျောက်ဆံမျှသာရှိကုန်သည်ဖြစ်၍။ ဇာယန္တိ၊ ဖြစ်ကုန်၏။
အညေ၊ တစ်ပါးကုန်သော။ ပဒုမာ၊ ပဒုမ္မာကြာတို့သည်။ ဩပုပ္ဖာ၊ ပွင့်ချပ်မရှိ ကြာချပ်မျှသာရှိကုန်သည်ဖြစ်၍။ ဇာယန္တိ၊ ဖြစ်ကုန်၏။ တဒါ၊ ထိုအခါ၌။ တဠာကေ၊ တစ်ဘက်ဆည်ကန်၌။ အညေ၊ ပဒုမ္မာကြာတစ်ပါးသော ရေပန်းတို့သည်။ ပုပ္ဖိတာ၊ ဖွင့်ကုန်၏။
အညေ၊ တစ်ပါးကုန်သော။ ပဒုမာ၊ ပဒုမာကြာတို့သည်။ ဂဗ္ဘံ၊ ကြာငုံတည်းဟူသော တိုက်ခန်းကို။ ဇယန္တိ၊ ယူကုန်၏။ မုလာဠိယော၊ ကြာစွယ်တို့သည်။ နိဒ္ဓါဝန္တိ၊ ထွက်ကုန်၏။
ပတ္တမာကိဏ္ဏာ၊ အရွက်တို့ဖြင့် ပြွမ်းကုန်သော။ သိံဃာဋိ၊ ကြာရုံတို့သည်။ တဒါ၊ ထိုအခါ၌။ တဠာကေ၊ တစ်ဘက်ဆည်ကန်၌။ သောဘန္တိ၊ တင့်တယ်ကုန်၏။
နယိတာ၊ လံမူးချုံတို့သည်လည်းကောင်း။ အမှီဂန္ဓီ စ၊ သရက်အနံ့ရှိသော ပန်းတို့သည်လည်းကောင်း။ ဥတ္တလိ၊ မြစ်ကိုင်းပန်းတို့သည်လည်းကောင်း။ ဗန္ဓုဇီဝကာ၊ ခေါင်ရန်းပန်းတို့သည်လည်းကောင်း။
တဒါ၊ ထိုအခါ၌။ တဠာကေ၊ တစ်ဘက်ဆည်ကန်၌။ ပုပ္ဖိတာ၊ ပွင့်ကုန်သည်ဖြစ်၍။ ဒိဗ္ဗဂန္ဓါ၊ နတ်ရနံ့တို့သည်။ သမ္ပဝန္တိ၊ ပျံ့လှိုင်ကုန်၏။
မစ္ဆာ၊ ငါးတို့သည်။ ပါတိနာ၊ ငါးဖတ်တို့လည်းကောင်း။ ပါဝုသာ၊ ငါးတန်တို့လည်းကောင်း။ ဗလဇာ၊ ငါးရံ့တို့လည်းကောင်း။ မုဉ္ဇရောဟိတာ၊ ဟင်းငံငါးကြင်းတို့လည်းကောင်း။
သံဂုလာ၊ ငါးသန်တို့သည်လည်းကောင်း။ မဂ္ဂုရာ စေဝ၊ ငါးခူတို့သည်လည်းကောင်း။ တဒါ၊ ထိုအခါ၌။ တဠာကေ၊ တစ်ဘက်ဆည်ကန်၌။ ဝသန္တိ၊ နေကုန်၏။
ကုမ္ဘီလာ၊ မိကျောင်းတို့သည်လည်းကောင်း။ သံသုမာရာ စ၊ ကြမ်းသော ငါးတို့သည်လည်းကောင်း။ တန္တိဂါဟာ စ၊ ညံ့သတ္တဝါတို့သည်လည်းကောင်း။ ရက္ခသာ၊ ရေစောင့်ဘီလူးတို့သည်လည်းကောင်း။
ဩဂုဟာ၊ ဩဂုဟမည်သော မြွေတို့လည်းကောင်း။ အဇဂရာ စ၊ စပါးကြီးတို့သည်လည်းကောင်း။ တဒါ၊ ထိုအခါ၌။ တဠာကေ၊ တစ်ဘက်ဆည်ကန်၌။ ဝသန္တိ၊ နေကုန်၏။
ပါရေဝတာ၊ ခိုငှက်တို့သည်လည်းကောင်း။ ရဝိဟံသာ၊ ရေဘဲတို့သည်လည်းကောင်း။ စက္ကဝက္ကာ၊ စက္ကဝက္ကာတို့သည်လည်းကောင်း။ နဒီစရာ၊ တင်ကျီးငှက်တို့သည်လည်းကောင်း။
ကောကိလာ၊ ဥဩတို့သည်လည်းကောင်း။ သုကသာလိကာ၊ ကျေးငှက်သာလိကာတို့သည်လည်းကောင်း။ တံသရံ၊ ထိုအိုင်ကို။ ဥပဇီဝန္တိ၊ မှီ၍အသက်မွေးကုန်၏။
ကုက္ကုတ္ထကာ၊ ဥဘုတ်ငှက်သည်လည်းကောင်း။ ကုဠီရကာ၊ ပုဇွန်တို့သည်လည်းကောင်း။ ဝနေ ပေါက္ခရသာဋကာ၊ တောစနေမှန်းသစ်လွတ်ငှက်တို့သည်လည်းကောင်း။
ဒိန္ဒိဘာ၊ ဘုံးမတီးငှက်တို့သည်လည်းကောင်း။ သုဝပေါတာ စ၊ ကျေးကုလားတို့သည်လည်းကောင်း။ တံ သရံ၊ ထိုအိုင်ကို။ ဥပဇီဝန္တိ၊ မှီ၍အသက်မွေးကုန်၏။
ဟံသာ စ၊ ဟင်္သာတို့သည်လည်းကောင်း။ ကုဉ္စာ စ၊ ကြိုးကြာတို့သည်လည်းကောင်း။ မယူရာ စ၊ ဥဒေါင်းတို့သည်လည်းကောင်း။ ကောကိလာ၊ ဥဩတို့သည်လည်းကောင်း။ တမ္ပစူဠကာ၊ အမောက်နီကြက်တို့သည်လည်းကောင်း။
ပမ္ပကာ၊ ခရုတုတ်တို့သည်လည်းကောင်း။ ဇီဝံဇီဝါ စ၊ ဇီဝဇိုးငှက်တို့သည်လည်းကောင်း။ တံ သရံ၊ ထိုအိုင်ကို။ ဥပဇီဝန္တိ၊ မှီ၍အသက်မွေးကုန်၏။
ကောသိကာ၊ ခင်ပုပ်ငှက်တို့သည်လည်းကောင်း။ ပေါဋ္ဌသီသာ စ၊ တောင်သူဘီငှက်တို့သည်လည်းကောင်း။ ကုရုရာ၊ ဝံလိုငှက်တို့သည်လည်းကောင်း။ သေနကာ၊ သိန်းစွန်တို့သည်လည်းကောင်း။ ဗဟူ၊ များစွာကုန်သော။
မဟာကာဠာ စ သကုဏာ၊ ငှက်နက်ကြီးတို့သည်လည်းကောင်း။ တံ သရံ၊ ထိုအိုင်ကို။ ဥပဇီဝန္တိ၊ မှီ၍အသက်မွေးကုန်၏။
သပဒါ စ၊ ချေတို့သည်လည်းကောင်း။ ဝရာဟာ စ၊ ဝက်တို့သည်လည်းကောင်း။ စမရာ၊ အောင်းတို့သည်လည်းကောင်း။ ဂဏ္ဍကာ၊ ကြံ့တို့သည်လည်းကောင်း။ ဗဟူ၊ များစွာကုန်သော။
ရောဟိစ္စာ၊ စိုင်တို့သည်လည်းကောင်း။ သုကပေါတာ စ၊ သုကပေါတ မည်သော သားတို့သည်လည်းကောင်း။ တံ သရံ၊ ထိုအိုင်ကို။ ဥပဇီဝန္တိ၊ မှီ၍အသက်မွေးကုန်၏။
သီဟဗျဂ္ဃါ စ၊ ခြင်္သေ့ကျားတို့သည်လည်းကောင်း။ ဒီပီ စ၊ သစ်တို့သည်လည်းကောင်း။ အစ္ဆကောကတရစ္ဆကာ၊ ဝံ ဝံပလွေ ကျားသစ်တို့သည်လည်းကောင်း။
တိဓါ ပဘိန္နမာတင်္ဂါ၊ နပန်းနှစ်ပါးနိမိတ်အားဖြင့် သုံးပါးရပ်မှ ယိုကျ ပေါက်ပြဲအက်ကွဲသော အမုံရှိသောဆင်တို့သည်လည်းကောင်း။ တံ သရံ၊ ထိုအိုင်ကို။ ဥပဇီဝန္တိ၊ မှီ၍အသက်မွေးကုန်၏။
ကိန္နရာ၊ အသို့ဖြစ်လား ဤသူများဟု မေးမှားအပ်စွာ ကိန္နရာတို့သည်လည်းကောင်း။ ဝါနရာ စေဝ၊ မျောက်တို့သည်လည်းကောင်း။ အထောပိ၊ ထိုမှတစ်ပါးလည်း။ ဝနကမ္မိကာ၊ တောအမှုလုပ်တို့သည်လည်းကောင်း။
စေတာ စ၊ အစေအပါးတို့သည်လည်းကောင်း။ လုဒ္ဒကာ စေဝ၊ မုဆိုးတို့သည်လည်းကောင်း။ တံ သရံ၊ ထိုအိုင်ကို။ ဥပဇီဝန္တိ၊ မှီ၍အသက်မွေးကုန်၏။
တိန္ဒုကာနိ၊ တည်ပင်တို့သည်လည်းကောင်း။ ပိယာလာနိ၊ လွန်ပင်တို့သည်လည်းကောင်း။ မဓုကေ၊ သစ်မြေစည်တို့သည်လည်းကောင်း။ ကာသုမာရယော၊ သရက်တို့သည်လည်းကောင်း။
မမ၊ ငါ၏။ အဿမံ၊ သင်္ခမ်းမှ။ အဝိဒူရေ၊ မနီးမဝေးသောအရပ်၌။ ဓုဝံ၊ မပြတ်။ ဖလာနိ၊ အသီးတို့ကို။ ဓါရေန္တိ၊ ဆောင်ကုန်၏။
ကောသမ္ဗာ၊ ကြို့ပင်တို့သည်လည်းကောင်း။ သဠလာ၊ ထင်းရှုးပင်တို့သည်လည်းကောင်း။ နိမ္ဗာ၊ တမာပင်တို့သည်လည်းကောင်း။ သာဒုဖလသမာယုတာ၊ ကောင်းသော အသီးတို့နှင့် ယှဉ်ကုန်သည်ဖြစ်၍။
မမ၊ ငါ၏။ အဿမံ၊ သင်္ခမ်းကျောင်းမှ။ အဝိဒူရေ၊ မနီးမဝေးသောအရပ်၌။ ဓုဝံ၊ မပြတ်။ ဖလာနိ၊ အသီးတို့ကို။ ဓါရေန္တိ၊ ဆောင်ကုန်၏။
ဟရီဍကာ၊ သဖန်းခါးတို့သည်လည်းကောင်း။ အာမလကာ၊ ရှစ်ရှားတို့သည်လည်းကောင်း။ အမ္ဗဇမ္ဗုဝိဘေဒကာ၊ သရက်သပြေသစ်ဆိမ့်တို့သည်လည်းကောင်း။
ကောလာ၊ အိမ်ဆီးတို့သည်လည်းကောင်း။ ဘလ္လာတကာ၊ ချေးပင်တို့သည်လည်းကောင်း။ ဗေလာ၊ အုပ်ရှစ်ပင်တို့သည်လည်းကောင်း။ တေ၊ ထိုသစ်ပင်တို့သည်။ ဖလာနိ၊ အသီးတို့ကို။ ဓါရယန္တိ၊ ဆောင်ကုန်၏။
အာလုဝါ စ၊ မျောက်တို့သည်လည်းကောင်း။ ကဠမ္ဗာ စ၊ သင်ထောက်တို့သည်လည်းကောင်း။ ဗိဠာလိ၊ ပိန်းတို့သည်လည်းကောင်း။ တက္ကဠာနိ စ၊ သတွေးတို့သည်လည်းကောင်း။
ဇီဝကာ၊ ကစွန်ကြီးပင်တို့သည်လည်းကောင်း။ သုတကာ စေဝ၊ သုတကမည်သော သစ်ပင်တို့သည်လည်းကောင်း။ မမ၊ ငါ၏။ အဿမေ၊ သင်္ခမ်း၌။ ဗဟုကာ၊ များစွာကုန်၏။
အဿမဿာ၊ သင်္ခမ်း၏။ အဝိဒူရမှိ၊ မနီးမဝေးသော အရပ်၌။ သုနိမ္မိတာ၊ ကောင်းစွာဖန်ဆင်းအပ်ကုန်သော။
အစ္ဆောဒကာ၊ ကြည်လင်သော ရေရှိကုန်သော။ သီတဇလာ၊ ချမ်းအေးသော ရေကုန်သော။ သုပတိတ္ထာ၊ ကောင်းသော ရေဆိပ်ရှိကုန်သော။ မနောရမာ၊ နှလုံးမွေ့လျော်ဘွယ်ရှိကုန်သော။ တဠာကာ၊ တစ်ဘက်ဆည်းကန်တို့သည်။ အာသုံ၊ ဖြစ်ကုန်ပြီ။
ပဒုမုပ္ပလသဉ္ဆန္နာ၊ ပဒုမာကြာတို့ဖြင့် ဖုံးလွှမ်းအပ်ကုန်သော။ ပုဏ္ဍရီကသမာယုတာ၊ ကြာပုဏ္ဏရိတ်တို့နှင့်ကောင်းစွာယှဉ်ကုန်သော။
မန္ဒါလကေဟိ၊ မျောက်လှေကူးတို့ဖြင့်။ သဉ္ဆန္နါ၊ ဖုံးလွှမ်းအပ်ကုန်သော ရေကန်တို့သည်။ အာသုံ၊ ဖြစ်ကုန်ပြီ။ ဒိဗ္ဗော၊ နတ်၌ဖြစ်သော။ ဂန္ဓေါ၊ ရနံ့သည်။ ပဝါယတိ၊ လှိုင်၏။
ဧဝံ၊ ဤသို့။ သဗ္ဗင်္ဂသမ္ပန္နေ၊ အလုံးစုံသော အင်္ဂါနှင့်ပြည့်စုံသော။ ပုပ္ဖိတေ၊ အပွင့်ရှိသော။ ဖလိတေ၊ အသီးရှိသော။ ဝနေ၊ တော၌။
သုကတေ၊ ကောင်းစွာပြုအပ်သော။ ရမ္မေ၊ မွေ့လျှော်ဘွယ်ရှိသော။ အဿမေ၊ သင်္ခမ်းကျောင်း၌။ အဟံ၊ ငါသည်။ တဒါ၊ ထိုသရဒဟု မိဘမည်ပြုသုရုစိရလေ့ဖြစ်သောအခါ၌။ ဝိဟရာမိ၊ နေ၏။
သီလဝါ၊ သီလရှိ၏။ ဝတသမ္ပန္နော၊ ဝတ်အကျင့်နှင့်ပြည့်စုံ၏။ ဈာယီ၊ ဈာန်ဝင်စားလေ့ရှိ၏။ သဒါ၊ အခါခပ်သိမ်း။ ဈာနရတော၊ ဈာန်ဖြင့်မွေ့လျော်၏။
ပဉ္စာဘိညာဗလပ္ပတ္တော၊ ငါးပါးသော အဘိညာဉ်တည်းဟူသော အားသို့ရောက်၏။ သုရုစိ နာမ၊ သုရုစိအမည်ရှိသော။ တာပသော၊ ရသေ့သည်။ အာသိံ၊ ဖြစ်ပြီ။
စတုဝီသသဟဿာနိ၊ နှစ်သောင်းလေးထောင်ကုန်သော။ သိဿာ၊ တပည့်တို့သည်။ မယှံ၊ ငါ့အား။ ဥပဋ္ဌဟုံ၊ လုပ်ကျွေးကုန်၏။
သဗ္ဗေ၊ အလုံးစုံကုန်သော။ ဧတေဝ၊ ထိုနှစ်သောင်းလေးထောင်ကုန်သော တပည့်တို့သည်လည်း။ ဗြာဟ္မဏာ၊ ပုဏ္ဏားမျိုးတို့ချည်းတည်း။ ဇာတိမန္တော၊ ပုဏ္ဏားဇာတ်နှင့်ပြည့်စုံကုန်၏။ ယသဿိနော၊ များသော အခြံအရံရှိကုန်၏။
သနိဃဏ္ဋုသကေဋုဘေ၊ အဘိဓာန်ကျမ်းအသင်္ကာကျမ်းနှင့်တကွသော။ လက္ခဏေ၊ သာဓုဒြိကထက္ခဏာကျမ်း၌လည်းကောင်း။ ဣတိဟာသေ စ၊ ဣတိဟာသ ကျမ်း၌လည်းကောင်း။
ပါရမိံ ဂတာ၊ အပြီးသို့ရောက်ကုန်၏။ ပဒကာ၊ ပုဒ်၌လိမ်မာကုန်၏။ ဝေယျာကရဏာ၊ ဗျာကရုဏ်းကျမ်းကိုတတ်ကုန်၏။ သဓမ္မေ၊ မိမိဥစ္စာဖြစ်သော ဆရာအတတ်၌။ ပါရမိံဂတာ၊ အပြီးသို့ရောက်ကုန်၏။
ဥပ္ပါတေသု၊ ဥက္ကာကျခြင်းစသော ဥပါတ်တို့၌လည်းကောင်း။ နိမိတ္တေသု၊ မြေလှုပ်ခြင်းစသော နိမိတ်တို့၌လည်းကောင်း။ လက္ခဏေသု စ၊ ဆင်ကြမ်မြင်ကြမ်စသော လက္ခဏာတို့၌လည်းကောင်း။ ကောဝိဒါ၊ လိမ်မာကုန်၏။
သုသိက္ခိတာ၊ ကောင်းစွာသင်အပ်ပြီးသော အတတ်ရှီကုန်သော။ မမ၊ ငါ၏။ သိဿာ၊ တပည့်တို့သည်။ ပထဗျာ၊ မြေ၌လည်းကောင်း။ ဘူမန္တလိက္ခေ၊ မြေမှတစ်ပါးသော ကောင်းကင်၌လည်းကောင်း။
ဧတေ၊ ထိုငါ့တပည့်တို့သည်။ အပ္ပိစ္ဆာ၊ နည်းသော အလိုရှိကုန်၏။ နိပကာ၊ ရင့်သော ပညာရှိကုန်၏။ အပ္ပါဟာရာ၊ နည်းသော အစာအာဟာရရှိကုန်၏။ အလောလုပါ၊ လျှင်ပေါ်လော်လည်ခြင်းမရှိကုန်။
လာဘာလာဘေန၊ ရခြင်း မရခြင်းဖြင့်။ သန္တုဋ္ဌါ၊ ရောင့်ရဲကုန်သည်ဖြစ်၍။ သဒါ၊ အခါခပ်သိမ်း။ မံ၊ ငါ့ကို။ ပရိဝါရေန္တိ၊ ခြံရံကုန်၏။
ဈာယီ၊ ဈာန်ဝင်စားလေ့ရှိကုန်၏။ ဈာနရတာ၊ ဈာန်၌မွေ့လျော်ကုန်၏။ ဓီရာ၊ ပညာရှိကုန်၏။ သန္တစိတ္တာ၊ ငြိမ်သက်သော စိတ်ရှိကုန်၏။ သမာဟိတာ၊ တည်ကြည်သော စိတ်ရှိကုန်၏။
အာကိဉ္စညံ၊ ကြောင့်ကြမဲ့သည်၏ အဖြစ်ကို။ ပတ္ထယန္တာ၊ တောင့်တကုန်သည်ဖြစ်၍။ သဒါ၊ အခါခပ်သိမ်း။ မံ၊ ငါ့ကို။ ပရိဝါရေန္တိ၊ ခြံရံကုန်၏။
အဘိညာပါရမိပ္ပတ္တာ၊ အဘိညာဉ်ငါးပါးအဆုံးသို့ရောက်ကုန်သော။ ပေတ္တိကေ၊ အဘ၏ဥစ္စာဖြစ်သော။ ဂေါစရေ၊ ကသိုဏ်းစသော အာရုံ၌။ ရတာ၊ မွေ့လျော်ကုန်၏။
အန္တလိက္ခစရာ၊ ကောင်းကင်၌သွားလေ့ရှိကုန်သော။ ဓီရာ၊ ပညာရှီကုန်သော ငါ့တပည့်တို့သည်။ သဒါ၊ အခါခပ်သိမ်း။ မံ၊ ငါ့ကို။ ပရိဝါရေန္တိ၊ ခြံရံကုန်၏။
ဆသု ဒွါရေသု၊ ခြောက်ပါးသော ဒွါရတို့၌။ သံဝုတာ၊ စောင့်ရှောက်ကုန်၏။ အနေဇာ၊ တဏှာကင်းကုန်၏။ ရက္ခိတိန္ဒြိယာ၊ စောင့်ရှောက်အပ်သော ဣန္ဒြေရှိကုန်၏။
တေ ဓီရာ၊ ထိုပညာရှီသော တပည့်တို့သည်။ အသံသဋ္ဌာ စ၊ ရောရှက်ခြင်းမရှိကုန်သည်လည်း။ ဟောန္တိ၊ ဖြစ်ကုန်၏။ မမ၊ ငါ၏။ သိဿာ၊ တပည့်တို့သည်။ ဒုရာသဒါ၊ နှိပ်စက်ခြင်းငှါ ချဉ်းဝံ့ခဲကုန်၏။
ပလ္လင်္ကေန၊ ထက်ဝယ်ဖြစ်သော။ နိသဇ္ဇာယ၊ ထိုခြင်းဖြင့်လည်းကောင်း။ ဌာနစင်္ကမနေန စ၊ ရပ်ခြင်းသွားခြင်းဖြင့်လည်းကောင်း။
တေ၊ ထိုငါ့တပည့်တို့သည်။ ရတ္တိံ၊ ညဉ့်အခါ၌။ ဝီတိနာမေန္တိ၊ လွန်စေကုန်၏။ မမ၊ ငါ၏။ သိဿာ၊ တပည့်တို့သည်။ ဒုရာသဒါ၊ သူတစ်ပါးတို့နှိပ်စက်ခြင်းငှါချဉ်းဝံ့ခဲကုန်၏။
ရဇ္ဇနီယ၊ တပ်ကောင်းဘွယ်သော အာရုံ၌။ န ရဇ္ဇန္တိ၊ မတပ်ကုန်။ ဒေါသနီယေ၊ အမျက်ထွက်ဘွယ်သော အာရုံ၌။ န ဒုဿရေ၊ အမျက်မထွက်ကုန်။
မောဟနီယေ၊ တွေဝေဘွယ်သော အာရုံ၌။ န မုယှန္တိ၊ မတွေဝေကုန်။ မမ၊ ငါ၏။ သိဿာ၊ တပည့်တို့သည်။ ဒုရာသဒါ၊ သူတစ်ပါးတို့နှိပ်စက်ခြင်းငှါ ချဉ်းဝံ့ခဲကုန်၏။
တေ၊ ထိုငါ့တပည့်တို့သည်။ ဣဒ္ဓိံ၊ တန်ခိုးကို။ ဝီမံသမာနာ၊ စူးစမ်းလိုကုန်သည်ဖြစ်၍။ နိစ္စကာလံ၊ အခါခပ်သိမ်း။ ဝတ္တန္တိ၊ တန်ခိုးဖန်ဆင်းခြင်းကို ဖြစ်စေကုန်၏။
တေ၊ ထိုသူတို့သည်။ ပထဝိံ၊ မြေကို။ ပကမ္ပေန္တိ၊ ပြင်းစွာလှုပ်စေကုန်၏။ သာရမ္ဘေန၊ ချုပ်ချယ်ရမ်းကားထိပါးလိုသဖြင့်။ ဒုရာသဒါ၊ ချဉ်းဝံ့ခဲကုန်၏။
တေ သိဿာ၊ ထိုငါ့တပည့်တို့သည်။ ကီဠမာနာ စ၊ ကစားကုန်သော်ကား။ ဈာနကီဠိတံ၊ ဈာန်ဖြင့်ကစားခြင်းကို။ ကီဠန္တိ၊ ကွန့်မြူးကုန်၏။
ဇမ္ဗုတော၊ သပြေပင်မှ။ ဖလံ၊ အသီးကို။ အာနေန္တိ၊ ဆောင်ကုန်၏။ မမ၊ ငါ၏။ သိဿာ၊ တပည့်တို့သည်။ ဒုရာသဒါ၊ ချဉ်းဝံ့ခဲကုန်၏။
ဒုရာသဒါ၊ ချဉ်းဝ့့ခဲကုန်သော။ အညေ၊ အချို့ကုန်သောငါ့တပည့်တို့သည်။ ဧသနာယ၊ အစာရှာခြင်းငှါ။ ပုဗ္ဗဝိဒေဟနံ၊ အရှေ့ကျွန်းသို့။ ဂစ္ဆန္တီ၊ သွားကုန်၏။
အညေ စ၊ အချို့ကုန်သောငါ့တပည့်တို့သည်။ ဧသနာယ၊ အစာရှာခြင်းငှါ။ ဥတ္တရကုရုံ၊ မြောက်ကျွန်းသို့။ ဂစ္ဆန္တိ၊ ရောက်ကုန်၏။
တေ၊ ထိုငါ့တပည့်တို့သည်။ ပုရတော၊ ရှေ့မှ။ ခါရိံ၊ ရသေ့ပရိက္ခရာကို။ ပေသေန္တိ၊ သွားစေကုန်၏။ ပစ္ဆတော၊ နောက်မှ။ ဝဇန္တိ၊ မိမိတို့လိုက်ကုန်၏။
စတုဝီသသဟဿေဟိ၊ နှစ်သောင်းလေးထောင်ကုန်သော ရသေ့တို့ဖြင့်။ အမ္ဗရံ၊ ကောင်းကင်အပြင်သည်။ ဆာဒိတံ၊ ဖုံးလွှမ်းအပ်သည်။ ဟောတိ၊ ဖြစ်၏။
ကေစိ၊ အချို့သော ရသေ့တို့သည်။ အဂ္ဂိပါကီ၊ မီးဖြင့်ချက်သည်ကိုစားကုန်၏။ ကေစိ၊ အချို့သော ရသေ့တို့သည်။ အနဂ္ဂီ စ၊ မီးဖြင့်ချက်သည်ကိုမစားကုန်။ ကေစိ၊ အချို့သော ရသေ့တို့သည်။ ဒန္တဒန္တိကာ၊ သွားဖြင့်ကိုက်၍ရသမျှကိုသာ စားကုန်၏။ ကေစိ၊ အချို့သော ရသေ့တို့သည်။ ဩဒုက္ခလိကာပိ စ၊ ဆုံဖြင့်ထောင်း၍စားကုန်၏။
ကေစိ၊ အချို့သော ရသေ့တို့သည်။ အသ္မေန၊ ကျောက်ဖြင့်။ ကောဋ္ဋိတာ၊ ထု၍ရသမျှကိုသာ စားကုန်၏။ ကေစိ၊ အချို့သော ရသေ့တို့သည်။ ပဝတ္တဖလဘောဇနာ၊ ကြွေကြသော သစ်သီးကိုသာစားကုန်၏။
ကေစိ၊ အချို့သော ရသေ့တို့သည်။ သုစီရတာ၊ စင်ကြယ်ခြင်း၌မွေ့လျော်ကုန်သည်ဖြစ်၍။ သာယံ ပါတော၊ ညနံနက်။ ဥဒကောရောဟဏာ၊ ရေသို့သက်ကုန်၏။
ကေစိ၊ အချို့သော ရသေ့တို့သည်။ တောယာဘိသေစနကရဏာ၊ ရေသွန်ခြင်းကို ပြုကုန်၏။ မမ၊ ငါ၏။ သိဿာ၊ တပည့်တို့သည်။ ဒုရာသဒါ၊ ချဉ်းဝံ့ခဲကုန်၏။
ပရူဠှကစ္ဆနခလောမာ၊ ပွားသော လက်ကတီးမွေးရှည်သော ခြေသည်းလက်သည်းရှည်သော မုတ်ဆိတ်ကြင်စွယ်အမွေးရှိကုန်သော။ ပင်္ကဒန္တာ၊ သွားချေးကပ်သော သွားရှိကုန်သော။ ရဇဿိရာ၊ မြူကပ်သော ဥက္ခေါင်းရှီကုန်သော။
သီလဂန္ဓေန၊ သီလရနံ့ဖြင့်။ ဂန္ဓိတာ၊ လှိုင်ကုန်သော။ မမ၊ ငါ၏။ သိဿာ၊ တပည့်တို့သည်။ ဒုရာသဒါ၊ ချဉ်းဝံ့ခဲကုန်၏။
ဥဂ္ဂတာပနာ၊ ထက်သော အကျင့်ရှိကုန်သော။ ဇဋိလာ၊ ရသေ့တို့သည်။ ပါတောဝ၊ နံနက်အခါ၌သာလျှင်။ သန္နိပါတေတွာ၊ စည်းဝေးကုန်၍။
လာဘာလာဘံ၊ လာဘ်ရသည် မရသည်ကို။ ပကိတ္တေတွာ၊ ကြားကုန်၍။ တဒါ၊ ထိုကြားပြီးသော အခါမှ။ အမ္ဗရေ၊ ကောင်းကင်အပြင်၌။ ဂစ္ဆန္တိ၊ သွားကုန်၏။
ပက္ကမန္တာနံ၊ ကောင်းကင်ခရီးဖြင့် သွားကုန်သော။ ဧတေသံ၊ ထိုရသေ့တို့၏။ အဇိနစမ္မသဒ္ဒေန၊ သစ်နက်ရေအသံဖြင့်။ မဟာသဒ္ဒေါ၊ ပြင်းစွာသော အသံသည်။ ပဝတ္တတိ၊ ဖြစ်၏။
အဇိနစမ္မသဒ္ဒေန၊ သစ်နက်ရေအသံဖြင့်။ ဒေဝတာ၊ နတ်တို့သည်။ မုဒိတာ၊ ဝမ်းမြောက်ကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။
အန္တလိက္ခစရာ၊ ကောင်းကင်၌သွားကုန်သော။ ဣသီ၊ ရသေ့တို့သည်။ ဒိသောဒိသံ၊ တူရူအရပ်အထောင့်အရပ်သို့။ ပက္ကမန္တိ၊ ဖဲသွားကုန်၏။
သကေ ဗလေန၊ မိမိတို့၏ တန်ခိုးအစွမ်းဖြင့်။ ဥပတ္ထဒ္ဓါ၊ ထောက်ပံ့ကုန်သည်ဖြစ်၍။ တေ၊ ထိုရသေ့တို့သည်။ ယဒိစ္ဆကံ၊ အလိုရှိရာအရပ်သို့။ ဂစ္ဆန္တိ၊ သွားကြကုန်၏။
ဧတေ၊ ထိုရသေ့တို့သည်။ ပထဝီကမ္ပကာ၊ မြေကိုလှုပ်စေနိုင်ကုန်၏။ သဗ္ဗေဝ၊ အလုံးစုံသော ရသေ့တို့သည်သာလျှင်။ နဘစာရိနော၊ ကောင်းကင်ပျံတို့ချည်းတည်း။
ဥဂ္ဂတေဇာ၊ ထက်သော တန်ခိုးရှိကုန်သော။ ဒုပ္ပသဟာ၊ နှိပ်စက်ခြင်းငှါစွမ်းနိုင်ခဲကုန်၏။ သာဂရောဝ၊ သမုဒ္ဒရာကဲ့သို့။ အခေါဘိယာ၊ မချောက်ချားနိုင်ကုန်။
ကေစိ ဣသီ၊ အချို့သော ရသေ့တို့သည်။ ဌာနစင်္ကမိနော၊ ရပ်ခြင်းသွားခြင်းဣရိယာပုတ်ဖြင့် မျှကုန်၏။ ကေစိ ဣသီ၊ အချို့သော ရသေ့တို့သည်။ နေသဇ္ဇိကာ၊ နိသစ်ဓုတင်ကို ဆောင်တည်ကုန်၏။
ကေစိဣသီ၊ အချို့သော ရသေ့တို့သည်။ ပဝတ္တဘောဇနာ၊ ကြွေကျသော သစ်သီးကိုသာ စားကုန်၏။ မမ၊ ငါ၏။ သိဿာ၊ တပည့်တို့သည်။ ဒုရာသဒါ၊ ချဉ်းဝံ့ခဲကုန်၏။
ဧတေ၊ ထိုရသေ့တို့သည်။ မေတ္တာဝိဟာရိနော၊ မေတ္တာဈာန်ဖြင့်နေလေ့ရှိကုန်၏။ သဗ္ဗပါဏိနံ၊ အလုံးစုံသော သတ္တဝါတို့၏။ ဟိတေသီ၊ အစီးအပွားကို ရှာမှီးလေ့ရှိကုန်၏။
သဗ္ဗေ၊ ခပ်သိမ်းကုန်သော ရသေ့တို့သည်။ အနတ္တုက္ကံသကာ၊ မိမိကိုယ်ကို မခြီးမြှောက်တတ်ကုန်။ တေ၊ ထိုရသေ့တို့သည်။ ကဿစိ၊ တစ်စုံတစ်ယောက်သော သူအား။ နမ္ဘေန္တိ၊ မရှုတ်ချကုန်။
အဆမ္ဘိတာ၊ ထိတ်လန့်ခြင်းကင်းကုန်သော။ သီဟရာဇာဝ၊ ခြင်္သေ့မင်းတို့ကဲ့သို့။ အဆမ္ဘိတာ၊ မထိတ်လန့်ကုန်။ ထာမဝါ၊ အားရှိကုန်သော။ ဂဇရာဇာဝ၊ ဆင်မင်းတို့ကဲ့သို့။ ထာမဝါ၊ ကိုယ်အားတန်ခိုးအားရှိကုန်၏။
ဒုရာသဒါ၊ ချဉ်းဝံ့ခဲ့ကုန်သော။ ဗျဂ္ဃါရိဝ၊ ကျားတို့ကဲ့သို့။ ဒုရာသဒါ၊ ချဉ်းဝံ့ခဲ့ကုန်သော ငါ့တပည့်တို့သည်။ မမန္တိကေ၊ ငါ၏အနီးသို့။ အာဂစ္ဆန္တိ၊ လာကြကုန်၏။
ဝိဇ္ဇာဓရာ၊ ဝိဇ္ဇာဓိုရ်တို့သည်လည်းကောင်း။ ဒေဝတာ စ၊ နတ်တို့သည်လည်းကောင်း။ နာဂဂန္ဓဗ္ဗရက္ခသာ၊ နဂါးဂန္ဓဗ္ဗရက္ခိုက်တို့သည်လည်းကောင်း။
ကုမ္ဘဏ္ဍာ၊ ကုမ္ဘာန်တို့သည်လည်းကောင်း။ ဒါနဝါ၊ အသူရာတို့သည်လည်းကောင်း။ ဂရုဠာ၊ ဂဠုန်တို့သည်လည်းကောင်း။ တံ သရံ၊ ထိုအိုင်ကို။ ဥပဇီဝန္တိ၊ မှီ၍အသက်မွေးကုန်၏။
တေ၊ ထိုရသေ့တို့သည်။ ဇတာခါရိဘရိတာ၊ ဆံကျစ်ရသေ့ ပရိက္ခရာဝန်ဖြင့်ပြည့်ကုန်၏။ အဇိနုတ္တရဝါသိနော၊ သစ်နက်ရေကို ရုံကုန်၏။
အန္တလိက္ခစရာ၊ ကောင်းကင်ဖြင့်သွားကုန်၏။ သဗ္ဗေ၊ ခပ်သိမ်းကုန်သော ရသေ့တို့သည်။ တံ သရံ၊ ထိုအိုင်ကို။ ဥပဇီဝန္တိ၊ မှီ၍အသက်မွေးကုန်၏။
တဒါ၊ ထိုအခါ၌။ အနုစ္ဆဝိကာ၊ လျောက်ပတ်သော အကျင့်ရှိကုန်သော။ ဧတေ၊ ထိုရသေ့တို့သည်။ အညမညံ၊ အချင်းချင်း။ သဂါရဝါ၊ ရိုသေတုပ်ဝပ်ကုန်၏။
စတုဗ္ဗိသသဟဿာနံ၊ နှစ်သောင်းလေးထောင်ကုန်သော ရသေ့တို့၏။ ခိပိတသဒ္ဒေါ၊ ချေဆပ်သော အသံသည်။ န ဝိဇ္ဇတိ၊ မရှိ။
ပဒေ၊ တစ်ယောက်သွားသော ခြေရာ၌။ ပဒံ၊ တစ်ယောက်ခြေရာကို။ နိက္ခိပန္တာ၊ ချနင်းကုန်လျက်။ အပ္ပသဒ္ဒါ၊ နည်းသော အသံရှိကုန်သည်ဖြစ်၍။ သုသံဝုတာ၊ ကောင်းစွာစောင့်ရှောက်အပ်သော ဣန္ဒြေရှိကုန်သည်ဖြစ်၍။
သဗ္ဗေဝ၊ အလုံးစုံသော ရသေ့တို့သည်သာလျှင်။ ဥပသင်္ကမ္မ၊ ကပ်ကုန်၍။ မမ၊ ငါ့ကို။ သိရသာ၊ ဉီးဖြင့်။ ဝန္ဒရေ၊ ရှိခိုးကုန်၏။
သန္တေဟိ စ၊ ငြိမ်သက်သည်လည်းဖြစ်ကုန်သော။ တပဿိဘိ၊ အကျင့်ကို မှီကုန်သော။ တေဟိ သိဿေဟိ၊ ထိုတပည့်တို့သည်။ ပရိဝုတော၊ ခြံရံအပ်သည်ဖြစ်၍။
တတ္ထ အဿမေ၊ ထိုသင်္ခမ်းကျောင်း၌။ ဝသာမိ၊ နေ၏။ အဟံ၊ ငါရသေ့သည်။ ဈာယီ၊ ဈာန်ဝင်စားလေ့ရှိ၏။ ဈာနရတော၊ ဈာန်ဖြင့်မွေ့လျော်၏။
ဣသိနံ၊ ရသေ့တို့၏။ သီလဂန္ဓေန၊ သီလတည်းဟူသော ရနံ့ဖြင့်လည်းကောင်း။ ပုပ္ဖဂန္ဓေန စ၊ ပန်းရနံ့ဖြင့်လည်းကောင်း။ ဥဘယံ၊ နှစ်ပါးစုံသော ရနံ့ဖြင့်။
ဖလီနံ၊ အသီးသီးကုန်သော သစ်ပင်တို့၏။ ဖလဂန္ဓေန၊ အသီးနံ့ဖြင့်။ အဿမော၊ သင်္ခမ်းကျောင်းသည်။ ဂန္ဓိတော၊ ရနံ့ပျံလှိုင်ကြိုင်၏။
ရတ္တိဒီဝံ၊ ညဉ့်နေ့ကို။ န ဇာနာမိ၊ မသိ။ အရတိ၊ မမွေ့လျော်ခြင်းသည်။ မေ၊ ငါ့အား။ န ဝိဇ္ဇတိ၊ မရှိ။
သကေ သိဿေ၊ မိမိ၏တပည့်တို့ကို။ ဩဝဒန္တော၊ ဆုံးမလျက်။ အဟံ၊ ငါသည်။ ဘိယျော၊ လွန်စွာ။ ဟာသံ၊ ရွှင်ခြင်းကို။ လဘာမိ၊ ရ၏။
ပုပ္ဖမာနာနံ၊ ပွင့်ကုန်သော။ ပုပ္ဖာနံ၊ ပန်းတို့၏လည်းကောင်း။ ဝိပစ္စတံ ဝိပစ္စန္တာနံ၊ မှည့်ကုန်သော။ ဖလာနဉ္စ၊ အသီးတို့၏လည်းကောင်း။
ဒိဗ္ဗဂန္ဓါ၊ နှစ်သက်ဖွယ်သော နတ်၌ဖြစ်သော ရနံ့တို့သည်။ မမ၊ ငါ၏။ အဿမံ၊ ကျောင်းသင်္ခမ်းကို။ သောဘယန္တာ၊ တင့်တယ်စေကုန်လျက်။ ပဝါယန္တိ၊ လှိုင်စေကုန်၏။
သမာဓိမှာ၊ ဈာန်သမာဓိမှ။ ဝုဋ္ဌဟိတွာ၊ ထလတ်၍။ အာတာပီ၊ ကိလေသာကို ပူပန်စေတတ်သော လုံ့လရှိသော။ နိပကော၊ ရင့်သော ပညာရှိသော။ အဟံ၊ ငါသည်။
ခါရိဘာရံ၊ တချူတရွင်းခြင်းတောင်းပရိက္ခရာကို။ ဂဟေတွာန၊ ယူ၍။ ဝနံ၊ တောသို့။ အဟံ၊ နေ့၌။ အဇ္ဈောဂဟိံ၊ ဝင်ပြီ။
ဥပ္ပါတေ၊ ဥက္ကာကျခြင်းစသော ဥပါတ်၌လည်းကောင်း။ သုပိနေ စာပိ၊ အိမ်မက်၌လည်းကောင်း။ လက္ခဏေသု၊ ဣတ္ထိပုရိသစသော လက္ခဏာတို့၌လည်းကောင်း။
ဝတ္တမာန၊ ဖြစ်သော။ မန္တပဒံ၊ မန္တရားပုဒ်ကို။ အဟံ၊ ငါသည်။ တဒါ၊ အခါခပ်သိမ်း။ ဓါရယာမိ၊ ဆောင်း၏။
ဘဂဝါ၊ ဘုန်းတော်ခြောက်ပါးနှင့်ပြည့်စုံတော်မူသော။ လောကဇေဋ္ဌော၊ လူတို့ထက်ကြီးတော်မူသော။ နရာသဘော၊ လူတို့ထက်မြတ်တော်မူသော။
ဝိဝေကကာမော၊ ဆိတ်ငြိမ်ခြင်းကို အလိုရှိတော်မူသော။ သမ္ဗုဒ္ဓေါ၊ သစ္စာလေးပါးတရားကို သိတော်မူသော။ အနောမဒဿီ၊ အနောမဒဿီမြတ်စွာဘုရားသည်။ ဟိမဝန္တံ၊ ဟိမဝန္တာသို့။ ဥပါဂမိ၊ ကပ်တော်မူ၏။
အဂ္ဂေါ၊ မြတ်တော်မူသော။ ကာရုဏိကော၊ ကြီးသော ကရုဏာရှိတော်မူသော။ မုနိ၊ မြတ်စွာဘုရားသည်။ ဟိမဝန္တံ၊ ဟိမဝန္တာသို့။ အဇ္ဈောဂါဟေတွာ၊ သက်ဝင်တော်မူ၍။
ပုရိသုတ္တမော၊ ယောက်ျားမြတ်ဖြစ်တော်မူသော အနောမဒဿီမြတ်စွာဘုရားသည်။ ပလ္လင်္ကံ၊ ထက်ဝယ်ကို။ အာဘုဇိတွာန၊ ဖွဲ့ခွေတော်မူ၍။ နိသီဒိ၊ ထိုင်နေတော်မူ၏။
သပ္ပဘာသံ၊ ရောင်ခြည်တော်ဖြင့်တောက်ပသော။ မနောရမံ၊ နှလုံးမွေ့လျော်ဘွယ်ရှိသော။ တံသမ္ဗုဒ္ဓံ၊ ထိုအနောမဒဿီမြတ်စွာဘုရားကို။ အဟံ၊ ငါသည်။ အဒ္ဒသ၊ မြင်ပြီ။
ဇလိတံ၊ တောက်ပသော။ ဣန္ဒိဝရံဝ၊ ငုရွှေပန်းကဲ့သို့။ ဇလိတံ၊ တောက်ပသော။ အာဒိတ္တံ၊ ပြောင်ပြောင်တောက်သော။ ဟုတာသနံ ဝ၊ မီးကဲ့သို့။ အာဒိတ္တံ၊ ပြောင်ပြောင်တောက်ပသော။
ဇလန္တံ၊ တောက်ပသော။ ဒီပရုက္ခံဝ၊ ဆီမီးတိုင်ကဲ့သို့။ ဇလန္တံ၊ တောက်ပသော။ ဂဂဏေ၊ ကောင်းကင်၌။ နိစ္ဆရိတံ၊ ပြတ်သော။ ဝိဇ္ဇုဝ၊ လျှပ်စစ်ကဲ့သို့။ နိစ္ဆရိတံ၊ ပြက်သော။ တထာ၊ ထိုမှတစ်ပါး။
သုဖုလ္လံ၊ ပင်လုံးကျွတ်ပွင့်သော။ သာလရာဇံဝ၊ အင်ကြင်းပင်မင်းကဲ့သို့။ သုဖုလ္လံ၊ အဘိညာဉ်ခြောက်ပါးဖြင့် ပွင့်သော။ လောကနာယကံ၊ အနောမဒဿီမြတ်စွာဘုရားကို။ အဒ္ဒသံ၊ မြင်ပြီ။
နာဂေါ၊ ဆင်ပြောင်သဘွယ်ဖြစ်တော်မူသော။ မဟာဝီရော၊ ကြီးသော လုံ့လရှိတော်မူသော။ အယံမုနိ၊ ဤအနောမဒဿီမြတ်စွာဘုရားသည်။ ဒုက္ခဿန္တကရော၊ ဆင်းရဲ၏အဆုံးကို ပြုတတ်၏။
ဣမံ၊ ဤအနောဒဿီမြတ်စွာဘုရားကို။ ဒဿနံ၊ ဖူးမြင်ခြင်းကို။ အာဂမ္မ၊ အကြောင်းပြု၍။ သဗ္ဗဒုက္ခာ၊ ခပ်သိမ်းသော ဆင်းရဲမှ။ ပမုစ္စရေ၊ လွတ်ကုန်၏။
အဟံ၊ ငါသည်။ ဒေဝဒေဝံ၊ နတ်ထက်နတ်ဖြစ်တော်မူသော မြတ်စွာဘုရားကို။ ဒိသွာန၊ မြင်ပြီး၍။ လက္ခဏံ၊ လက္ခဏာကို။ ဥပဓါရယိံ၊ စူးစမ်းပြီ.
ဗုဒ္ဓေါ နု ခေါ၊ ဘုရားဖြစ်လေသသော။ န ဝါ ဗုဒ္ဓေါ၊ ဘုရားမဟုတ်လေသလော။ ဣတိ၊ ဤသို့။ လက္ခဏံ၊ လက္ခဏာကို။ ဥပဓာရယိံ၊ စူးစမ်းပြီ။ ဟန္ဒ၊ ယခု။ စက္ခုမံ၊ စက္ခုငါးပါးနှင့်ပြည့်စုံတော်မူသော မြတ်စွာဘုရားကို။ ပဿာမိ၊ ဖူးမြင်အံ့။
သဟဿာရာနိ၊ အကန့်တစ်ထောင်ရှိကုန်သော။ စက္ကာနိ၊ စက်လက္ခဏာတို့သည်။ စရဏုတ္တမေ၊ ခြေတော်မြတ်၌။ ဒိဿန္တိ၊ ထင်ကုန်၏။
အဿ၊ ထိုမြတ်စွာဘုရား၏။ လက္ခဏာနိ၊ လက္ခဏာတို့ကို။ ဒိသွာန၊ မြင်၍။ တထာဂတေ၊ မြတ်စွာဘုရား၌။ နိဋ္ဌံ၊ ဘုရားဖြစ်၏ဟု ဆုံးဖြတ်ခြင်းကို။ ဂစ္ဆိံ၊ ရောက်ပြီ။
သမ္မဇ္ဇနိံ၊ တမြက်စီးကို။ ဂဟေတွာန၊ ယူ၍။ အဟံ၊ ငါသည်။ တဒါ၊ ထိုအခါ၌။ သမ္မဇ္ဇိတွာန၊ တမြက်လှည်း၍။
အထ၊ ထိုနောက်မှ။ ပုပ္ဖေ၊ ပန်းတို့ကို။ သမာနေတွာ၊ တပေါင်းတည်းဆောင်း၍။ ဗုဒ္ဓသေဋ္ဌံ၊ ဘုရားမြတ်ကို။ အပူဇယိံ၊ ပူဇော်ပြီ။
ဩဃတိဏ္ဏံ၊ ဩဃလေးပါးကို ကူးမြောက်တော်မူပြီးသော။ အနာသဝံ၊ အာသဝေါကင်းတော်မူသော။ တံ ဗုဒ္ဓံ၊ ထိုမြတ်စွာဘုရားကို။ ပူဇယိတွာန၊ ပူဇော်ပြီး၍။
အဇိနံ၊ သစ်နက်ရေကို။ ဧကံသံ၊ လက်ဝဲတဘက်ပုခုံးထက်၌။ ကတွာ၊ စမ္ပယ်တင်သည်ကိုပြု၍။ လောကနာယကံ၊ နိဗ္ဗာန်သို့ပို့ဆောင်တတ်သော မြတ်စွာဘုရားကို။ နမဿိံ၊ ရှိခိုးပြီ။
ယေန ဉာဏေန၊ အကြင်ဉာဏ်ဖြင့်။ သမ္ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်။ အနာသဝေါ၊ အာသဝေါကင်းတော်မူလျက်။ ဝိဟရတိ၊ နေတော်မူ၏။
တံ ဉာဏံ၊ ထိုဉာဏ်တော်ကို။ ကိတ္တယိဿာမိ၊ ခြီးမွမ်းအံ့။ ဘာသတော၊ ခြီးမွမ်းသော။ မမ၊ ငါ၏။ ဝစနံ၊ စကားကို။ သုဏာထ၊ နာကြကုန်လော။
သယံဘူ၊ အလိုလိုဖြစ်တော်မူသော။ အမိတောဒယ၊ မနှိုင်းယှဉ်နိုင်သောထက် ပွားခြင်းရှိတော်မူသော အရှင်ဘုရား။ ဣမံလောကံ၊ ဤလူအပေါင်းကို။ သမုဒ္ဓရသိ၊ ထုတ်ဆောင်ကယ်တင်တော်မူ၏။
တဝ၊ အရှင်ဘုရားအား။ ဒဿနံ၊ ဖူးမြင်ခြင်းကို။ အာဂမ္မ၊ အကြောင်းပြု၍။ တေ၊ ထိုသတ္တဝါတို့သည်။ ကင်္ခါသောတံ၊ ယုံမှားခြင်းတည်းဟူသော အယဉ်ကို။ တရန္တိ၊ လွန်ကုန်၏။
တုဝံ၊ အရှင်ဘုရားသည်။ ပါဏိနံ၊ သတ္တဝါတို့၏။ သတ္ထာ စ၊ ဆရာလည်းမည်တော်မူ၏။ ကေတု စ၊ မှန်ကင်းသဖွယ်လည်းဖြစ်တော်မူ၏။ ဓဇော စ၊ တံခွန်သဖွယ်လည်းဖြစ်တော်မူ၏။ ယူပေါ စ၊ ယဇ်တိုင်သဖွယ်လည်းဖြစ်တော်မူ၏။
ပရာယနော၊ လည်းလျောင်းရာလည်းဖြစ်တော်မူ၏။ ပတိဋ္ဌာ စ၊ တည်ရာလည်းဖြစ်တော်မူ၏။ ဒီပေါ၊ မှီခိုရာကိုင်းကျွန်းသဖွယ်ဖြစ်တော်မူ၏။ ဒွိပဒုတ္တမော၊ အခြေနှစ်ချောင်းရှိသော သူတို့ထက်မြတ်တော်မူ၏။
သမုဒ္ဒေ၊ မဟာသမုဒ္ဒရာ၌။ ဥဒကံ၊ ရေကို။ အာဠှကေန ဝါ၊ ကွန်းစားဖြင့်မူလည်း။ ပမေတုံ၊ နှိုင်းယှဉ်ခြင်းငှါ။ သက္ကာ၊ တတ်ကောင်းရာ၏။
သဗ္ဗညု၊ သဗ္ဗညုဖြစ်တော်မူသော အရှင်ဘုရား။ တဝ၊ အရှင်ဘုရား၏။ ဉာဏံ၊ ဉာဏ်တော်အန္တကို။ ပမေတဝေ၊ နှိုင်းယှဉ်ခြင်းငှါ။ န တွေဝ သက္ကာ၊ မတတ်ကောင်းရာသည်သာလျှင်တည်း။
ပထဝီ၊ မဟာပထဝီကို။ တုလမဏ္ဍလေ၊ ချိန်ခွင်၌။ ဌပေတွာ၊ တင်ထား၍။ ဓါရေတုံ၊ ချိန်ခြင်းငှါ။ သက္ကာ၊ တတ်ကောင်းရာ၏။
သဗ္ဗညု၊ ခပ်သိမ်းသော တရာကို သိတော်မူသော မြတ်စွာဘုရား။ တဝ၊ အရှင်ဘုရား၏။ ဉာဏံ၊ ဉာဏ်တော်ကို။ ဓရေတဝေ၊ ချိန်ခြင်းငှါ။ န တွေဝ သက္ကာ၊ မတတ်ကောင်းသည်သာလျှင်တည်း။
အာကာသံ၊ ကောင်းကင်ကို။ ရဇ္ဇုနာ၊ ကြိုးဖြင့်လည်းကောင်း။ အင်္ဂုလေန ဝါ၊ လက်သစ်ဖြင့်လည်းကောင်း။ မိနိတုံ၊ တိုင်းတာနှိုင်းယှဉ်ခြင်းငှါ။ သက္ကာ၊ တတ်ကောင်းရာ၏။
သဗ္ဗညု၊ ခပ်သိမ်းသော တရားကို သိတော်မူသော မြတ်စွာဘုရား။ တဝ၊ အရှင်ဘုရား၏။ ဉာဏံ၊ ဉာဏ်တော်ကို။ ပမေတဝေ၊ တိုင်းတာနှိုင်းယှဉ်ခြင်းငှါ။ န တွေဝ သက္ကာ၊ မတတ်ကောင်းသည်သာလျှင်တည်း။
မဟာသမုဒ္ဒေ၊ မဟာသမုဒ္ဒရာ၌။ အခိလံ၊ အလုံးစုံသော။ ဥဒကံ၊ ရေသည်လည်းကောင်း။ ပထဝီ၊ ‌ြေမသည်လည်းကောင်း။ တေ၊ ထိုရေမြေတို့သည်။
ဗုဒ္ဓဉာဏံ၊ ဘုရားဉာဏ်တော်ကို။ ဥပါဒါယ၊ စွဲ၍။ ဥပမာတော၊ နှိုင်းယှဉ်စရာဥပမာအားဖြင့်။ န ယုဇ္ဇရေ၊ မသင့်ကုန်။
သဒေဝကဿ သဒေဝကေ၊ နတ်နှင့်တကွသော။ လောကဿ လောကေ၊ လူ၌။ ယေသံ၊ အကြင်သတ္တဝါတို့၏။ စိတ္တံ၊ စိတ်သည်။ ပဝတ္တတိ၊ ဖြစ်၏။
စက္ခုမ၊ မျက်စိအမြင်နှင့်ပြည့်စုံတော်မူသော မြတ်စွာဘုရား။ တဝ၊ အရှင်ဘုရား၏။ ဉာဏမှိ၊ ဉာဏ်တော်၌။ ဧတေ၊ ထိုသတ္တဝါတို့သည်။ အန္တောဇာလီကတာ၊ ဉာဏ်ကွန်ရွက်အတွင်းသို့ ဝင်ကုန်၏။
ယေန ဉာဏေန၊ အကြင်ဉာဏ်တော်ဖြင့်။ ကေဝလံ၊ အလုံးစုံသော။ ဗောဓိမုတ္တမံ၊ မြတ်သော သဗ္ဗညုတဉာဏ်သို့။ ပတ္တော၊ ရောက်သည်။ အသိ၊ ဖြစ်၏။
သဗ္ဗညု၊ သဗ္ဗညုဖြစ်တော်မူသော ဘုရား။ တေန ဉာဏေန၊ ထိုဉာဏ်တော်ဖြင့်။ တွံ၊ အရှင်ဘုရားသည်။ ပရတိတ္ထိယေ၊ တစ်ပါးသော တိတ္ထိတို့ကို။ မဒ္ဒသိ၊ နှိပ်နင်းတော်မူ၏။
ဣမာ ဂါထာ ဣမာဂါထာဟိ၊ ဤဂါထာတို့ဖြင့်။ ထဝိတွာန၊ ခြီးမွမ်း၍။ သုရုစိ နာမ၊ သုရုစိအမည်ရှိသော။ တာပသော၊ ရသေ့သည်။
အဇိနံ၊ သစ်နက်ရေကို။ ပတ္ထရိတွာန၊ ဖြန့်ခင်း၍။ သော၊ ထိုရသေ့သည်။ ပထဝိယံ၊ မြေ၌။ နိသီဒိ၊ ထိုင်နေ၏။
စုလ္လာသီတိသဟဿာနိ၊ ရှစ်သောင်းလေးထောင်တို့တိုင်တိုင်။ မဟဏ္ဏဝေ၊ သမုဒ္ဒရာ၌။ အဇ္ဈောဂါဠှော၊ သက်ဝင်၏။
တာဝဒေဝ၊ ထိုမျှလောက်သာလျှင်။ အစ္စုဂတော၊ ရေပေါ်စွင့်စွင့်မြင့်၏ဟု။ ဂိရိရာဇာ၊ မြင်းမိုရ်တောင်မင်းကို။ ပဝုစ္စတိ၊ အပြားအားဖြင့်ဆိုအပ်၏။
တဝ၊ ထိုမျှလောက် ရှစ်သောင်းလေးထောင်။ အစ္စုဂ္ဂတော၊ ရေပေါ်စွင့်စွင့်မြင့်သော။ တာဝ၊ ထိုမျှလောက်။ အာယတော၊ အလျားရှည်သော။ တာဝ၊ ထိုမျှလောက်။ ဝိတ္ထတော၊ အနံပြန့်သည်လည်းဖြစ်သော။ သောနေရု၊ ထိုမြင့်မိုရ်တောင်မင်းသည်။
ကောဋိသတသဟဿိယော၊ ကုဋေတစ်သိန်းမျှလောက်။ အနုဘေဒေန၊ သိမ်မွေ့သေးဖွဲထုခွဲသဖြင့်။ စုဏ္ဏိတော၊ အမှုန့်ပြုအပ်သည်ဖြစ်၍။
လက္ခေ၊ ဉာဏ်တော်တစ်ခုမြူတစ်ခုဟူသော အမှတ်၌။ ဌပိယမာနမှိ၊ ထားအပ်သည်ရှိသော်။ ပရိက္ခယံ၊ မြူ၏ကုန်ခြင်းသို့။ ဂစ္ဆေထ၊ ရောက်ရာ၏။
သဗ္ဗညု၊ ခပ်သိမ်းသော တရားတို့ကို သိတော်မူသော အရှင်ဘုရား။ တဝ၊ အရှင်ဘုရား၏။ ဉာဏံ၊ ဉာဏ်တော်ကို။ ပမေတဝေ၊ တိုင်းတာနှိုင်းယှဉ်ခြင်းငှါ။ န တွေဝ သက္ကာ၊ မတတ်ကောင်းသည်သာလျှင်တည်း။
သုခုမစ္ဆိကေန ဇာလေန၊ ကွန်စိပ်ဖြင့်။ ယော၊ အကြင်သူသည်။ ဥဒကံ၊ ရေကို။ ပရိက္ခိပေ၊ ဖုံးလွှမ်းရာ၏။
ယေ ကေစိ၊ ခပ်သိမ်းကုန်သော။ ဥဒကာ၊ ရေ၌ဖြစ်ကုန်သော။ ပါဏာ၊ သတ္တဝါတို့သည်လည်းကောင်း။ အန္တောဇာလိတော၊ ကွန်ရက်တွင်းဝင်ကုန်သည်။ သိယုံယထာ၊ ဖြစ်ကုန်သကဲ့သို့။
တထေဝ ဟိ၊ ထိုအတူသာလျှင်။ မဟာဝီရ၊ ကြီးသော လုံ့လရှိတော်မူသော မြတ်စွာဘုရား။ ယေ ကေစိ၊ ခပ်သိမ်းကုန်သော။ ပုထုတိတ္ထိယာ၊ များသော တိတ္ထိတို့သည်။
ဒိဋ္ဌိဂဟနပက္ခန္ဒါ၊ မိစ္ဆာဒိဌိတည်းဟူသော တောအုပ်သို့သက်ဝင်ကုန်သော။ ပရာမာသေန၊ မှားသော သုံးသပ်ခြင်းဖြင့်။ မောဟိတာ၊ တွေဝေခြင်းသို့ရောက်ကုန်သော။ ပုထုတိတ္ထိယာ၊ များသော တိတ္ထိတို့သည်။ သန္တိ၊ ရှိကုန်၏။
အနာဝရဏဒဿိနာ၊ မပိတ်မပင်မြင်တတ်သော။ တဝ၊ အရှင်ဘုရား၏။ သုဒ္ဓေန၊ စင်ကြယ်သော။ ဉာဏေန၊ ဉာဏ်ဖြင့်။
ဧတေ၊ ထိုတိတ္ထိတို့သည်။ အန္တောဇာလီကတာ၊ ဉာဏ်ကွန်ရက်အတွင်းဝင်ကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ ဉာဏံ၊ ဉာဏ်ကို။ တေ၊ ထိုတိတ္ထိတို့သည်။ နာတိဝတ္တရေ၊ မလွန်နိုင်ကုန်။
တမှိ သမယေ၊ ထိုအခါ၌။ မဟာယသော၊ များမြတ်သော အခြံအရံရှိတော်မူသော။ အနောမဒဿီ၊ အနောမဒဿီ မည်တော်မူသော။ ဘဂဝါစ၊ မြတ်စွာဘုရားသည်ကား။
သမာဓိမှာ၊ သမာဓိမှ။ ဝုဋ္ဌဟိတွာ၊ ထ၍။ ဇိနော၊ အနောမဒဿီမြတ်စွာဘုရားသည်။ ဒိသံ၊ အရပ်ကို။ ဩလောကယိ၊ ကြည့်တော်မူ၏။
အနောမဒဿိမုနိနော၊ အနောမဒဿီမြတ်စွာဘုရား၏။ နိသဘော နာမ သာဝကော၊ နိသဘမည်သော လက်ျာရံပဌမအဂ္ဂသာဝကသည်။
သတသဟဿေဟိ၊ တစ်သိန်းကုန်သော။ သန္တစိတ္တေဟိ၊ တည်ကြည်သော စိတ်ရှိတော်မူကုန်သော။ တာဒိဘိ၊ တာဒိဂုဏ်နှင့်ပြည့်စုံတော်မူကုန်သော။ ပရိဝုတော၊ ခြံရံအပ်သည်ဖြစ်၍။
ခီဏာသဝေဟိ၊ ကုန်ပြီးသော အာသဝေါရှိကုန်သော။ သုဒ္ဓေဟိ၊ စင်ကြယ်ကုန်ပြီးသော။ ဆဠဘိညေဟိ၊ ခြောက်ပါးသော အဘိညာဉ်ရှိကုန်သော။ တာဒိဘိ၊ ထိုမျှလောက်တစ်သိန်းကုန်သော ရဟန်းတို့သည်။ ပရိဝုတော၊ ခြံရံအပ်သည်ဖြစ်၍။
ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏။ စိတ္တံ၊ လာစေလိုသော စိတ်တော်ကို။ အညာယ၊ သိ၍။ လောကနာယကံ၊ အနောမဒဿီမြတ်စွာဘုရားသို့။ ဥပေသိ၊ ကပ်တော်မူ၏။
အန္တလိက္ခေ၊ ကောင်းကင်၌။ ဌိတာ၊ တည်ကုန်သော။ တေ၊ ထိုတစ်သိန်းသော ရဟန်းတို့သည်။ တတ္ထ၊ ထိုအနောမဒဿီမြတ်စွာဘုရားအထံတော်၌။ ပဒက္ခိဏံ၊ လကျ်ာရစ်လှည့်သည်ကို။ အကံသု၊ ပြုကုန်၏။
တေ၊ ထိုတစ်သိန်းသော ရဟန်းတို့သည်။ နမဿန္တာ၊ ရှိခိုးကုန်လျက်။ ပဉ္ဇလိကာ၊ လက်အုပ်ချီကုန်လျက်။ ဗုဒ္ဓသန္တိကေ၊ မြတ်စွာဘုရားအထံတော်၌။ ဩတရုံ၊ သက်ဆင်းကုန်၏။
လောကဇေဋ္ဌော၊ လူတို့ထက် အထူးသဖြင့်မြတ်တော်မူသော။ နရာသဘော၊ လူတို့ထက်မြတ်တော်မူသော။ အနောမဒဿီ ဘဂဝါ၊ အနောမဒဿီမြတ်စွာဘုရားသည်။
ဘိက္ခုသံဃေ၊ ရဟန်းသံဃာ၌။ နိသိဒိတွာ၊ နေတော်မူ၍။ ဇိနော၊ အနောမဒဿီမြတ်စွာဘုရားသည်။ သိတံ၊ ပြုံးတော်မူခြင်းကို။ ပါတုကရိ၊ ထင်စွာပြုတော်မူ၏။
အနောမဒဿိဿ၊ အနောမဒဿီအမည်တော်ရှိသော။ သတ္ထုနော၊ မြတ်စွာဘုရား၏။ ဥပဌကော၊ အလုပ်အကျွေးဖြစ်သော။ ဝရုဏော နာမ၊ ဝရုဏမည်သော ရဟန်းသည်။
စီဝရံ၊ ကိုယ်ဝတ်သင်္ကန်းကို။ ဧကံသံ၊ လက်ဝဲတဘက်ပုခုံးထက်၌။ ကတွာ၊ စမ္ပယ်တင်သည်ကို ပြု၍။ လောကနာယကံ၊ နိဗ္ဗာန်သို့ပို့ဆောင်တော်မူသော မြတ်စွာဘုရားကို။ အပုစ္ဆိ၊ မေးလျှောက်၏။
ကိံအပုစ္ဆိ၊ အဘယ်သို့မေးလျှောက်သနည်း။ ဘဂဝါ၊ မြတ်စွာဘုရား။ သတ္ထုနော၊ မြတ်စွာဘုရား၏။ သိတကမ္မဿ၊ ပြုံးတော်မူခြင်း၏။ ဟေတု၊ အကြောင်းကား။ ကော နု ခေါ၊ အဘယ်ပါနည်း။
ဘေဗုဒ္ဓါ၊ ထိုမြတ်စွာဘုရားတို့သည်။ အဟေတူဟိ အဟေတူဧဝ၊ အကြောင်းမရှိကုန်ဘဲသာလျှင်။ သိတံ၊ ပြုံးတော်မူခြင်းကို။ ဟိယသ္မာ၊ အကြေင်ကြောင့်။ နပါတုကရောန္တိ၊ ထင်ရှားပြုတော်မမူကုန်။ ဣတိ၊ ဤသို့။ အပုစ္ဆိ၊ မေးလျှောက်၏။
လောကဇေဋ္ဌော၊ လူတို့၏အကြီးအမှူးဖြစ်တော်မူသော။ နရာသဘော၊ လူတို့ထက်မြတ်တော်မူသော။ အနောမဒဿီ၊ အနောမဒဿီအမည်တော်ရှိသော။ ဘဂဝါ၊ မြတ်စွာဘုရားသည်။
ဘိက္ခုမဇ္ဈေ၊ ရဟန်းအလယ်၌။ နိသီဒိတွာ၊ ထိုင်နေတော်မူ၍။ ဣမံ ဂါထံ၊ ဤဂါထာကို။ အဘာသထ၊ မိန့်တော်မူ၏။
ယောဣသိ၊ အကြင်သရဒရသေ့သည်။ မံ၊ ငါဘုရားကို။ ပုပ္ဖေန၊ ပန်းထီးဆောင်းလှူတယူဇနာပန်းနေရာဖြင့်။ ပူဇေသိ၊ ပူဇော်၏။ ဉာဏဉ္စာပိ၊ ငါဘုရားဉာဏ်တော်ကိုလည်း။ အနုတ္ထဝိ၊ လျောက်ပတ်စွာခြီးမွမ်း၏။
တံဣသိံ၊ ထိုရသေ့ကို။ အဟံ၊ ငါသည်။ ကိတ္တယိဿာမိ၊ ဗျာဒိတ်စကားကြားတော်မူ၏။ ဘာသတော၊ ဟောတော်မူသော။ မမ၊ ငါဘုရား၏။ ဝစနံ၊ စကားတော်ကို။ သုဏောထ၊ နာကြကုန်သော။
ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏။ ဂိရံ၊ စကားတော်ကို။ အညာယ၊ သိ၍။ သဗ္ဗေ၊ ခပ်သိမ်းကုန်သော။ ဒေဝါ၊ နတ်ဗြဟ္မာတို့သည်။ သမာဂတာ၊ အညီအညွတ်လာကုန်၏။
တေ၊ ထိုနတ်ဗြဟ္မာတို့သည်။ သဒ္ဓမ္မံ၊ သူတော်ကောင်းတရားကို။ သောတုကာမာ၊ နာလိုကုန်သည်ဖြစ်၍။ သမ္ဗုဒ္ဓံ၊ မြတ်စွာဘုရားကို။ ဥပသံကမုံ၊ ကပ်ကုန်၏။
ဒသသု လောကဓါတူသု၊ တစ်သောင်းသော လောကဓာတ်တို့၌။ မဟိဒ္ဓိကာ၊ ကြီးသော တန်ခိုးရှိကုန်သော။ ဒေဝကာယာ၊ နတ်ဗြဟ္မာအပေါင်းတို့သည်။ သန္တိ၊ ရှိကုန်၏။
တေ၊ ထိုနတ်ဗြဟ္မာတို့သည်။ သဒ္ဓမ္မံ၊ သူတော်ကောင်းတရားကို။ သောတုကာမာ၊ နာလိုကုန်သည်ဖြစ်၍။ သမ္ဗုဒ္ဓံ၊ မြတ်စွာဘုရားသို့။ ဥပသံကမုံ၊ ကပ်ကုန်၏။
စတုရင်္ဂိနီ၊ အင်္ဂါလေးပါးရှိကုန်သော။ ဟတ္ထီ အဿာ ရထပတ္တိ သေနာ စ၊ ဆင် မြင်း ရထားသူရဲ စသည် စသည်တို့သည်လည်း။
ဣမံ၊ ဤရသေ့ကို။ နိစ္စံ၊ အခါခပ်သိမ်း။ ပရိဝါရေဿန္တိ၊ ခြံရံကုန်လတ္တံ့။ ဣဒံဖလံ၊ ဤအကျိုးသည်။ ဗုဒ္ဓပူဇာယ၊ ငါဘုရားကို ပူဇော်ခြင်း၏။ ဖလံ၊ အကျိုးတည်း။
သဋ္ဌိတူရိယသဟဿာနိ၊ တူရိယာခြောက်သောင်းတို့သည်လည်းကောင်း။ သမလင်္ကတာ၊ ကောင်းစွာတန်ဆာဆင်အပ်ကုန်သော။ ဘေရိယော၊ စည်ကြီးတို့သည်လည်းကောင်း။
ဣမံ၊ ဤရသေ့ကို။ နိစ္စံ၊ အခါခပ်သိမ်း။ ဥပဋ္ဌိဿန္တိ၊ ဆည်းကပ်တီးမှုတ်ကုန်လတ္တံ့။ ဣဒံဖလံ၊ ဤအကျိုးသည်။ ဗုဒ္ဓပူဇာယ၊ ငါဘုရားကို ပူဇော်ခြင်း၏။ ဖလံ၊ အကျိုးတည်း။
သောဠသိတ္ထိသဟဿာနိ၊ တစ်သောင်းခြောက်ထောင်သော မောင်းမဟု ဆိုအပ်ကုန်သော။ သမလင်္ကတာ၊ ကောင်းစွာတန်ဆာဆင်အပ်ကုန်သော။ နာရိယော၊ မိန်းမတို့သည်။
ဝိစိတ္တဝတ္ထာဘရဏာ၊ ဆန်းကြယ်သော အဝတ်တန်ဆာရှိကုန်သော။ အာမုတ္တမဏိကုဏ္ဍလာ၊ ပုလဲနားဍောင်းဝတ်ကုန်သော။
အဠာရပမှာ၊ ကျယ်သော မျက်တောင်ရှိကုန်သော။ ဟသုလာ၊ ပြုံးရယ်လျက်ဆိုတတ်စွာကုန်သော။ သုသညာ၊ ကောင်းသော အမှတ်ရှိကုန်သော။ တနုမဇ္ဈိမာ၊ စည်းသော ခါးရှိကုန်သော။ နာရိယော၊ မိန်းမတို့သည်။
ဒေဝလောကေ၊ နတ်ပြည်၌။ ဣမံ၊ ဤရသေ့ကို။ ရမိဿတိ၊ မွေ့လျော်လတ္တံ့။ နိစ္စံ၊ အမြဲ။ သဟဿက္ခတ္တုံ၊ အကြိမ်အထောင်။ ပရိဝါရေဿန္တိ၊ ခြံရံကုန်လတ္တံ့။ စက္ကဝတ္တိရာဇာ၊ လေးကျွန်းလှည့်ပတ် စက္ကဝတ်မင်းသည်။ ဟုတွာ၊ ဖြစ်၍။ ဣဒံဖလံ၊ ဤအကျိုးသည်။ ဗုဒ္ဓပူဇာယ၊ ဘုရားကို ပူဇော်ခြင်း၏။ ဖလံ၊ အကျိုးတည်း။
ရဌေ၊ တိုင်း၌။ ကပ္ပသတသဟဿာနိ၊ ကပ်တစ်သိန်းတို့ပတ်လုံး။ ဘဝိဿတိ၊ ဖြစ်လတ္တံ့။
သဟဿက္ခတ္တုံ၊ အကြိမ်တစ်ထောင်။ ဒေဝိန္ဒေါ၊ သိကြားမင်းသည်။ ဟုတွာ၊ ဖြစ်၍။ ဒေဝရဇ္ဇံ၊ နတ်မင်းအဖြစ်ကို။ ကရိဿတိ၊ ပြုလတ္တံ့။
သဟဿက္ခတ္တုံ၊ အကြိမ်တစ်ထောင်။ ဒေဝိန္ဒေါ၊ သိကြားမင်းသည်။ ဟုတွာ၊ ဖြစ်၍။ ဒေဝရဇ္ဇံ၊ နတ်မင်းအဖြစ်ကို။ ကရိဿတိ၊ ပြုလတ္တံ့။
ဂဏနာတော၊ အရေအတွက်အားဖြင့်။ အသင်္ခိယံ၊ မရေတွက်နိုင်အောင်။ ဝိပုလံ၊ ပြန့်ပြောစွာသော။ ပဒေသရဇ္ဇံ၊ ပဒေသရာဇ်မင်းအဖြစ်ကို။ ကရိဿတိ၊ အုပ်စိုးလတ္တံ့။
ပစ္ဆိမေ ဘဝသမ္ပတ္တေ၊ အဆုံးဘဝရောက်သော အခါ၌။ မနုဿတ္တံ၊ လူ၏အဖြစ်သို့။ ဂမိဿတိ၊ လားရလတ္တံ့။
သာရိယာ နာမ၊ သာရီအမည်ရှိသော။ ဗြာဟ္မဏီ၊ ပုဏ္ဏေးမသည်။ ကုစ္ဆိနာ၊ ဝမ်းဖြင့်။ ဓါရယိဿတိ၊ ဆောင်လတ္တံ့။
မာတုယာ၊ အမိ၏။ နာမဂေါတ္တေန၊ အမည်အနွယ်အားဖြင့်။ အယံနရော၊ ဤရသေ့သည်။ ပညာယိဿတိ၊ ထင်ရှားလတ္တံ့။
သာရိပုတ္တောတိ နာမေန၊ သာရိပုတ္တရာဟူသော အမည်ဖြင့်။ တိက္ခပညော၊ ထက်သော ပညာရှိသည်။ ဘဝိဿတိ၊ ဖြစ်လတ္တံ့။
အသီတိကောဋိံ၊ ကုဋေရှစ်ဆယ်သော ဥစ္စာကို။ ဆတွာန၊ စွန့်၍။ အကိဉ္စနော၊ ကြောင့်ကြမဲ့။ ပဗ္ဗဇိဿတိ၊ ရဟန်းပြုလတ္တံ့။
သန္တိပဒံ၊ ငြိမ်းသက်သော နိဗ္ဗာန်ကို။ ဂဝေသန္တော၊ ရှာလျက်။ ဣမံ မဟိံ၊ ဤမြေပြင်ကို။ စရိဿတိ၊ လှည့်လည်လတ္တံ့။
ဣတော၊ ဤငါအနောမဒဿီဘုရား ပွင့်ရာပရကပ်မှ။ အပ္ပရိမေယျေ၊ မရေတွက်နိုင်သော အသင်္ချေနှင့်ကမ္ဘာတစ်သိန်းထက်၌။ ကပ္ပေ၊ ဘဒ္ဒကပ်၌။ ဥက္ကာကကုလသမ္ဘဝေါ၊ တတိယဥက္ကာကမင်းမျိုး၌ဖြစ်သော။
ဂေါတ္တေန၊ မဟာသမ္မတမင်းမြတ်အနွယ်တော်အားဖြင့်။ ဂေါတမော နာမ၊ ဂေါတမအမည်တော်ရှိသော။ သတ္ထာ၊ မြတ်စွာဘုရားသည်။ လောကေ၊ လောက၌။ ဘဝိဿတိ၊ ဖြစ်လတ္တံ့။
တဿ၊ ထိုဂေါတမမြတ်စွာဘုရား၏။ ဓမ္မေသု၊ တရားတို့၌။ ဒါယာဒေါ၊ အမွေခံသည့်။ ဩရသော၊ ရင်၌ဖြစ်သောတရားမင်းသည်။ ဓမ္မနိမ္မိတော၊ တရားသည်ဖန်ဆင်းအပ်သည်။ ဟုတွာ၊ ဖြစ်၍။
သာရိပုတ္တောတိ နာမေန၊ သာရိပုတ္တရာဟူသော အမည်ဖြင့်။ အဂ္ဂသာဝကော၊ တပည့်မြတ်သည်။ ဟေဿတိ၊ ဖြစ်လတ္တံ့။
ဘာဂီရထီ၊ ဘာဂီရသီအမည်ရှိသော။ အယံ ဂင်္ဂါ၊ ဤမြစ်သည်။ ဟိမဝန္တာ၊ ဟိမဝန္တာမှ။ ပဘာဝိတာ၊ အမွန်ဖြစ်၏။
မဟောဒဓိံ၊ မဟာသမုဒ္ဒရာကို။ တပ္ပယန္တီ၊ ပြည့်စေလျက်။ မဟာသမုဒ္ဒံ၊ မဟာသမုဒ္ဒရာသို့။ အပ္ပေတိ၊ စီးဝင်၏။
တထေဝ၊ ထိုအတူသာလျှင်။ အယံ သာရိပုတ္တော၊ ဤသာရိပုတ္တရာသည်။ သကေသု၊ မိမိဆရာမြတ်၏ ဥစ္စာဖြစ်ကုန်သော။ တီသု၊ ပိဋကတ်သုံးပုံတို့၌။ ဝိသာရဒေါ၊ ရဲရင့်သည်။ ဟုတွာ၊ ဖြစ်၍။
ပညာယ၊ ပညာ၏။ ပါရမိံ၊ အဆုံးသို့။ ဂန္တွာ၊ ဖြည့်၍။ ပါဏိနေ၊ သတ္တဝါတို့ကို။ တပ္ပယိဿတိ၊ နှစ်သိမ့်စေလတ္တံ့။
ဟိမဝန္တံ၊ ဟိမဝန္တာတောင်ကို။ ဥပါဒါယ၊ အစပြု၍။ မဟောဒဓိံ၊ များစွာရေရှိသော။ သာဂရဉ္စ၊ သမုဒ္ဒရာကိုလည်း။ ပရိယန္တံကတွာ၊ အပိုင်းအခြားပြု၍။
ဧတ္ထန္တရေ၊ ဤအတွင်း၌။ ယံ ပုဠိနံ၊ အကြင်သဲကို။ ဂဏနာတော၊ ဂဏန်းသင်္ချာအားဖြင့်။ အသင်္ခိယံ၊ မရေတွက်နိုင်။
တံပိ၊ ထိုဂင်္ဂါထဲကိုလည်း။ အသေသေန၊ အကြွင်းမဲ့အားဖြင့်။ ယထာ၊ အကြင်အခြင်းအရာဖြင့်။ သံခါတုံ၊ ရေတွက်ခြင်းငှါ။ ဂဏနာ၊ ဂဏန်းသည်။ သက္ကာ၊ တတ်ကောင်းရာ၏။
သာရိပုတ္တဿ၊ သာရိပုတ္တရာ၏။ ပညာယ၊ ပညာ၏။ အန္တော၊ အဆုံးသည်။ န တွေဝ ဘဝိဿတိ၊ မဖြစ်လတ္တံ့သတည်း။
လက္ခေ၊ အမှတ်ကို။ ဌပိယမာနမှိ၊ ထားအပ်သည်ရှိသော်။ ဂင်္ဂါယ၊ ဂင်္ဂါ၌။ ဝါလုကာ၊ သဲသည်။ ခီယေ၊ ကုန်ရာ၏။
သာရိပုတ္တဿ၊ သာရိပုတ္တရာ၏။ ပညာယ၊ ပညာ၏။ အန္တော၊ အဆုံးသည်။ န တွေဝ ဘဝိဿတိ၊ မဖြစ်လတ္တံ့သတည်း။
မဟာသမုဒ္ဒေ၊ မဟာသမုဒ္ဒရာ၌။ ဥမ္မိထော၊ လှိုင်းတံပိုးတို့သည်။ ဂဏနာတော၊ ဂဏန်းအားဖြင့်။ အသင်္ခိယာ၊ မရေတွက်နိုင်ကုန်။
တထေဝ၊ ထိုအတူသာလျှင်။ သာရိပုတ္တဿ၊ သာရိပုတ္တရာ၏။ ပညာယ၊ ပညာ၏။ အန္တော၊ အဆုံးသည်။ န ဟေဿတိ၊ မဖြစ်လတ္တံ့သတည်း။
သကျပုင်္ဂဝံ၊ သာကီဝင်မင်းတို့ထက်မြတ်တော်မူသော။ ဂေါတမံ၊ ဂေါတမအမည်တော်ရှိသော။ သမ္ဗုဒ္ဓံ၊ မြတ်စွာဘုရားကို။ အာရာဓယိတွာ၊ နှစ်သက်စေ၍။
ပညာယ၊ ပညာ၏။ ပါရမိံ၊ ပါရမီသို့။ ဂန္တွာ၊ ရောက်၍။ အဂ္ဂသာဝကော၊ တပည့်မြတ်သည်။ ဟေဿတိ၊ ဖြစ်လတ္တံ့။
တာဒိနာ၊ တာဒိဂုဏ်နှင့်ပြည့်စုံတော်မူသော။ သကျပုတ္တေန၊ သာကီဝင်မင်းသား ဂေါတမမြတ်စွာဘုရားသည်။ ပဝတ္တိတံ၊ ဖြစ်စေအပ်သော။ ဓမ္မစက္ကံ၊ ဓမ္မစက်ကို။
ဓမ္မဝုဋ္ဌိယော၊ တရားတည်းဟူသော မိုးတို့ကို။ ဝဿေန္တော၊ ရွာစေလျက်။ သဒ္ဓမ္မံ၊ သူတော်ကောင်းတရားကို။ အနုဝတ္တေသိ၊ အထူးလည်စေလတ္တံ့။
သကျပုင်္ဂဝေါ၊ သာကီဝင်မင်းတို့ထက်မြတ်တော်မူသော။ ဂေါတမော၊ ဂေါတမမြတ်စွာဘုရားသည်။ ဧတံသဗ္ဗံ၊ ဤအလုံးစုံကို။ အဘိညာယ၊ ထူးသော ဉာဏ်ဖြင့်သိ၍။
ဘိက္ခုသံဃေ၊ ရဟန်းသံဃာ၌။ နိသီဒိတွာ၊ ထိုင်၍။ အဂ္ဂဋ္ဌာနေ၊ မြတ်သော နေရာ၌။ ဌပေဿတိ၊ ထားလတ္တံ့။
အနောမဒဿိဿ၊ အနောမဒဿီအမည်တော်ရှိသော။ သတ္ထုနော၊ မြတ်စွာဘုရားအား။ မေမယာ၊ ငါသည်။ သုကတံ၊ ကောင်းစွာပြုအပ်သော။ ကမ္မံ၊ ကံသည်။ အဟော၊ အံ့ဘွယ်ရှိစွ။
ယဿ၊ အကြင်မြတ်စွာဘုရား၌။ အဟံ၊ ငါသည်။ ကာရံ၊ ကုသိုလ်ကို။ ကတွာန၊ ပြုကျင့်သောကြောင့်။ သဗ္ဗတ္ထ၊ ခပ်သိမ်းသော သာဝကပါရမီဉာဏ်၌။ ပါရမိံ ဂတော၊ အဆုံးသို့ရောက်၏။
အပရိမေယျေ၊ မရေတွက်နိုင်သောကပ်၌။ ကတံ၊ ပြုအပ်သော။ ကမ္မံ၊ ကံသည်။ ဣဓ၊ ဤအဆုံးဘဝ၌။ မေ၊ ငါ့အား။ ဖလံ၊ အကျိုးကို။ ဒဿေသိ၊ ပြ၏။
သုမုတ္တော၊ ဘေးမှကောင်းစွာလွှတ်သော။ သရဝေဂေါ၊ မြှား၏အဟုံသည်။ လက္ခံ၊ မှတ်တိုင်ကို။ ယထာဓိပ္ပါယံ၊ အလိုအတိုင်း။ ဝိဇ္ဈတိဣဝ၊ စူးဝင်သကဲ့သို့။ ကိလေသေ၊ ကိလေသာတို့ကို။ အဟံ၊ ငါသည်။ ဈာပယိံ၊ မဂ်ဉာဏ်မီးဖြင့်လောင်စေပြီ။
အသင်္ခတံ၊ အကြောင်းတရားလေးပါးတို့သည် မပြုပြင်အပ်သော။ အစလံ၊ တုန်လှုပ်ခြင်းမရှိသော။ ပဒံ၊ ချမ်းသာခြင်း၏အကြောင်းဖြစ်သော။ နိဗ္ဗာနံ၊ နိဗ္ဗာန်ကို။ ဂဝေသန္တော၊ ရှာမှီးသောငါသည်။
ဝိစိနံ တိတ္ထိယေ သဗ္ဗေ, ဧသာဟံ သံသရိံ ဘဝေ.
‘ ‘ ယထာပိ ဗျာဓိတော ပေါသော, ပရိယေသေယျ ဩသဓံ;
ဝိစိနေယျ ဝနံ[ ဓနံ( သျာ. က.)] သဗ္ဗံ, ဗျာဓိတော ပရိမုတ္တိယာ.
အသင်္ခတံ၊ အကြောင်းတရားလေးပါးတို့သည် မပြုပြင်အပ်သော။ အမတံ၊ သေခြင်းမရှိသော။ ပဒံ၊ ချမ်းသာခြင်း၏ အကြောင်းဖြစ်သော။ နိဗ္ဗာနံ၊ နိဗ္ဗာန်ကို။ ဂဝေသန္တော၊ ရှာမှီးသောငါသည်။
အဗ္ဗောကိဏ္ဏံ၊ အဖြစ်မပြွမ်းသော။ ပဉ္စသတံ၊ အဖြစ်ငါးရာသော။ ဣသိပဗ္ဗဇ္ဇံ၊ ရသေ့ရဟန်းအဖြစ်ကို။ ပဗ္ဗဇိံ၊ ရဟန်းပြုပြီ။
အဟံ၊ ငါသည်။ ဇဋာဘာရေန၊ ဆန်ကျစ်ဝန်ဖြင့်။ ဘရိတော၊ ပြည့်၏။ အဇိနုတ္တရံ၊ မြတ်သော သစ်နက်ရေကို။ နိဝါသိံ၊ ဝတ်ရုံပြီ။
အဘိညာပါရမိံ၊ လောကီအဘိညာဉ်ငါးပါးအဆုံးသို့။ ဂန္တွာ၊ ရောက်၍။ ဗြဟ္မလောကံ၊ ဗြဟ္မပြည်သို့။ အဟံ၊ ငါသည်။ အဂစ္ဆိ၊ ရောက်ပြီ။
ဇိနသာသနံ၊ မြတ်စွာဘုရား သာသနာတော်ကို။ ဌပေတွာ၊ ထား၍။ ဗာဟိရကေ၊ အပဖြစ်သော တိတ္ထိ၌။ သုဒ္ဓိ၊ မဂ်ဉာဏ်ဖြင့်စင်ကြယ်ခြင်းသည်။ နတ္ထိ၊ မရှိ။
ဗုဒ္ဓိမာ၊ ပညာရှိကုန်သော။ ယေ ကေစိ၊ ခပ်သိမ်းကုန်သော။ သတ္တာ၊ သတ္တဝါတို့သည်။ ဇိနသာသနေ၊ မြတ်စွာဘုရားသာသနာတော်၌။ သုဇ္ဈန္တိ၊ မဂ်ဉာဏ်ဖြင့်စင်ကြယ်ကုန်၏။
ဧတံသုဇ္ဈနံ၊ ဤသို့မဂ်ဉာဏ်ဖြင့်စင်ကြယ်ခြင်းသည်။ အတ္တကာရမယံ၊ မိမိသည်ပြုအပ်သော လုံ့လဖြင့်ပြီး၏။ ဣဒံသုဇ္ဈနံ၊ ဤသို့စင်ကြယ်ခြင်းသည်။ ဣတိဟီတိဟံ၊ ဤသို့ဤသို့ဟု ပြောဆိုကာမျှဖြင့်ပြီးသည်။ နဟောတိ၊ မဖြစ်။
အသင်္ခတံ၊ အကြောင်းတရားလေးပါးတို့သည် မပြုပြင်အပ်သော နိဗ္ဗာန်ကို။ ဂဝေသန္တော၊ ရှာမှီးသော။ အဟံ၊ ငါသည်။ ကုတိတ္ထံ၊ မှားသော မိစ္ဆာဆိပ်သို့။ သဉ္စရိံ၊ ထိုဤလှည့်လားရွေ့ရှားပေါက်ရောက်ပြီ။
သာရတ္ထိကော၊ အနှစ်ကို အလိုရှိသော။ ပေါသော၊ ယောက်ျားသည်။ ကဒလိံ၊ ငှက်ပြောပင်ကို။ ဆေတွာ၊ ဖြတ်၍။ ဖာလယေ၊ ခွဲရာ၏။
တတ္ထ၊ ထိုငှက်ပျောတုံး၌။ သာရံ၊ အနှစ်ကို။ နိဝိန္ဒေယျ ယထာ၊ မရသကဲ့သို့။ ကသ္မာ၊ အဘယ်ကြောင့်မရသနည်း။ ဟိယသ္မာ၊ အကြင်ကြောင့်။ သော၊ ထိုငှက်ပျောတုံးသည်။ သာရေန၊ အနှစ်မှ။ ရိတ္တကော၊ ဆိတ်၏။ တသ္မာ၊ ထိုကြောင့်။ နဝိန္ဒေယျယထာ၊ မရသကဲ့သို့။
တထေဝ၊ ထိုအတူသာလျှင်။ လောကေ၊ လောက၌။ နာနာဒိဋ္ဌိ၊ အထူးထူးသော အယူရှိကုန်သော။ ဗဟုဇ္ဇနာ၊ များစွာသော သူဟု ဆိုအပ်ကုန်သော။ တိတ္ထိယာ၊ တိတ္ထိတို့သည်။
အသင်္ခတေန၊ နိဗ္ဗာန်မှ။ ရိတ္တာသေ၊ ဆိတ်ကုန်၏။ ကိမိဝ၊ အဘယ်ကဲ့သို့နည်း။ ကဒလိ၊ ငှက်ပျော်ပင်သည်။ သာရေန၊ အနှစ်မှ။ ရိတ္တာသေယထာ၊ ဆိတ်သကဲ့သို့တည်း။
ပစ္ဆိမေ၊ နောက်ဆုံးဖြစ်သော။ ဘဝသမ္ပတ္တေ၊ ဘဝ၏ပြည့်စုံခြင်း၌။ အဟံ၊ ငါသည်။ ဗြဟ္မဗန္ဓု၊ ပုဏ္ဏားမျိုးသည်။ အဟောသိ၊ ဖြစ်ပြီ။
မဟာဘောဂံ၊ များစွာသော ကုဋေရှစ်ဆယ်သော ဥစ္စာကို။ ဆတွာန၊ ဖြတ်၍။ အနဂါရိယံ၊ ရဟန်းဘောင်၌။ ပဗ္ဗဇိံ၊ ရဟန်းပြုပြီ။
ပဌမဘာဏဝါရံ၊ ပဌမဘာဏဝါရသည်။ နိဌိတံ၊ ပြီးခြင်းသို့ရောက်ပြီ။
အဇ္ဈာယကော၊ ဗေဒင်ကို သရဇ္ဈာယ်တတ်သော။ မန္တဓရော၊ ဗေဒင်ကို ဆောင်တတ်သော။ တိဏ္ဏံ၊ သုံးပါးကုန်သော။ ဗေဒါနံ၊ ဗေဒင်တို့၏။ ပါရဂူ၊ အဆုံးသို့ရောက်သော။
သဉ္စယော နာမ၊ သိဉ္စည်းအမည်ရှိသော။ ဗြာဟ္မဏော၊ ပုဏ္ဏားပရိဗိုဇ်သည်။ အတ္ထိ၊ ရှိ၏။ တဿ၊ ထိုပုဏ္ဏားပရိဗိုဇ်၏။ မူလေ၊ အထံ၌။ အဟံ၊ ငါသည်။ ဝသာမိ၊ နေ၏။
မဟာဝီရ၊ ကြီးမြတ်သော လုံ့လရှိတော်မူသော အရှင်ဘုရား။ တေ၊ အရှင်ဘုရား၏။ သာဝကော၊ တပည့်သားတော်ဖြစ်သော။ အဿဇိ နာမ၊ အဿဇိအမည်ရှိသော။ ဗြာဟ္မဏော၊ ရဟန္တာသည်။
ဒုရာသဒေါ၊ နှိပ်စက်ခြင်းငှါချည်းဝံ့ခဲသော။ ဥဂ္ဂတေဇော၊ ထက်သောတန်ခိုးရှိသော။ တဒါ၊ ထိုအခါ၌။ ပိဏ္ဍာယ၊ ဆွမ်းအလို့ငှါ။ စရတိ၊ ကျင့်၏။
သပ္ပညံ၊ ပညာရှိသော။ မောနေ၊ မဂ်ဉာဏ်ကြောင့်။ သမာဟိတံ၊ တည်ကြည်သော။ တံမုနိံ၊ ထိုအဿဇိမထေရ်ကို။ အဒ္ဒသံ၊ မြင်ပြီ။
သန္တစိတ္တံ၊ ငြိမ်သက်သော စိတ်ရှိသော။ မဟာနာဂံ၊ ရဟန္တာမြတ်ဖြစ်သော။ သုဖုလ္လံ၊ ကောင်းစွာပွင့်သော။ ပဒုမံ ယထာ၊ ပဒုမာကဲ့သို့သော။
သုဒန္တံ၊ အလွန်ယဉ်ကျေးသော။ သုဒ္ဓမာနသံ၊ စင်ကြယ်သော စိတ်ရှိသော။ ဒိသွာ၊ မြင်၍။ မေ၊ ငါ့အား။ ဝိတ္တံ၊ နှစ်သက်ခြင်းစိတ်ရှိသည်။ ဥပ္ပဇ္ဇိ၊ ဖြစ်၏။
ဥသဘံ၊ ဥသဘနှင့်တူသော။ ပဝရံ၊ မြတ်သော။ ဓီရံ၊ မြဲမြံတည်ကြည်သော အဿဇိမထေရ်ကို။ အယံ၊ ဤရဟန်းသည်။ အရဟာ၊ ရဟန္တာသည်။ ဘဝိဿတိ၊ ဖြစ်လတ္တံ့ဟူ၍။
ပါသာဒိကော၊ ကြည်ညိုဘွယ်ကို ဆောင်သည်ဖြစ်၍။ ဣရိယတိ၊ သွား၏။ အဘိရူပေါ၊ အလွန်အဆင်းလှ၏။ သုသံဝုတော၊ ကောင်းစွာစောင့်အပ်သော ဣန္ဒြေရှိ၏။
ဥတ္တမေ၊ မြတ်သော။ ဒမထေ၊ ဆုံးမခြင်း၌။ ဒန္တော၊ ယဉ်ကျေး၏။ အမတဒဿီ၊ အမြိုက်နိဗ္ဗာန်ကိုမြင်သော ရဟန္တာသည်။ ဘဝိဿတိ၊ ဖြစ်လတ္တံ့။
ဥတ္တမတ္ထံ၊ နိဗ္ဗာန်ဟု ဆိုအပ်သော မြတ်သော အကျိုးကို။ တုဋ္ဌမာနသံ၊ နှစ်သက်သော စိတ်ရှိသော ရဟန်းကို။ အဟံ၊ ငါသည်။ ပုစ္ဆေယျံ၊ မေးရမူကား။ ယံနူန၊ ကောင်းသည်သာတည်း။
မေမယာ၊ ငါသည်။ ပုဋ္ဌော၊ မေးအပ်သော။ သော၊ ထိုရဟန်းသည်။ ကထိဿတိ၊ ဖြေလတ္တံ့။ တထာ၊ ထိုသို့ဖြေသောအခြင်းအရာဖြင့်။ အဟံ၊ ငါသည်။ ပဋိပုစ္ဆာမိ၊ တဖန်မေးအံ့။
အမတံ၊ သေခြင်းကင်းသော။ ပဒံ၊ နိဗ္ဗာန်ကို။ ပုစ္ဆိတုံ၊ မေးခြင်းငှါ။ ပိဏ္ဍပါတံပိဏ္ဍပါတာယ၊ ဆွမ်းအလို့ငှါ။ စရန္တဿ၊ သွားသော ရဟန်း၏။ ပစ္ဆတော၊ နောက်မှ။ အဟံ၊ ငါသည်။ အဂမာသိံ၊ လိုက်ပြီ။
ဩကာသံ၊ မေးခွင့်ကို။ ပဋိမာနေန္တော၊ ငံ့လျက်။
ဝီထိန္တရေ၊ ခရီးအကြား၌။ အနုပ္ပတ္တံ၊ အစဉ်ရောက်သော ရဟန်းသို့။ ဥပဂန္တွာန၊ ကပ်၍။ အဟံ၊ ငါသည်။ အပုစ္ဆိံ၊ မေးပြီ။
ဝီရ၊ ကြီးသော လုံ့လရှိသော အရှင်ဘုရား။ တွံ၊ အရှင်ဘုရားသည်။ ကထံ ဂေါတ္တော၊ အဘယ်အနွယ်ရှိသည်။ အသိ၊ ဖြစ်သနည်း။ မာရိသ၊ အရှင်ဘုရား။ တွံ၊ အရှင်ဘုရားသည်။ ကဿ၊ အဘယ်သူ၏။ သိဿော၊ တပည့်သည်။ အသိ၊ ဖြစ်သနည်း။
မေ မယာ၊ ငါသည်။ ပုဋ္ဌော၊ မေးအပ်သော။ သော၊ ထိုအဿဇိမထေရ်သည်။ အဆမ္ဘိတော၊ ထိတ်လန့်ခြင်းကင်းသော။ ကေသရီဝ၊ ခြင်္သေ့မင်းကဲ့သို့။ ဝိယာကာသိ၊ ကြားတော်မူ၏။
လောကေ၊ လောက၌။ ဗုဒ္ဓေါ၊ ဘုရားသည်။ သမုပ္ပန္နော၊ ကောင်းစွာဖြစ်ပြီ။ အာဝုသော၊ အချင်းပရိဗိုဇ်။ အဟံ၊ ငါသည်။ တဿ၊ ထိုမြတ်စွာဘုရား၏။ သိဿော၊ တပည့်သည်။ အမှိ၊ ဖြစ်၏။
မဟာဝီရ၊ ကြီးသော လုံ့လရှိတော်မူသော။ အနုဇာတ၊ အဘသို့အစဉ်လိုက်သော သားဖြစ်တော်မူသော။ မဟာယသ များမြတ်သော အခြံအရံရှိတော်မူသောအရှင်ဘုရား။ တေ၊ အရှင်ဘုရား၏။ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏။ သာသနံ၊ အဆုံးအမတော်သည်။ ကီဒိသံ၊ အဘယ်သို့သဘောရှိသနည်း။
ဘော၊ အရှင်ရဟန်း။ သာဓု၊ တောင်းပန်ပါ၏။ မေ၊ အကျွန်ုပ်အား။ ဓမ္မံ၊ တရားကို။ ကထယဿု၊ ဟောတော်မူပါလော။
မေမယာ၊ ငါသည်။ ပုဋ္ဌော၊ မေးအပ်သော။ သော၊ ထိုအဿဇိမထေရ်သည်။ ဂမ္ဘီရံ၊ နက်နဲစွာသော။ နိပုဏံ၊ သိမ်မွေ့သော။ ပဒံ၊ နိဗ္ဗာန်ဟု ဆိုအပ်သော။ သဗ္ဗံ၊ အလုံးစုံသော။ ကထံ၊ အဆုံးအမတော်ကို။ ကထေသိ၊ ဟောပေ၏။
တဏှာသလ္လဿ၊ တဏှာတည်းဟူသော ငြောင့်ကို။ ဟန္တာရံ၊ ဖျောက်တတ်သော။ သဗ္ဗဒုက္ခာပနူဒနံ၊ ခပ်သိမ်းသော ဆင်းရဲကို ပယ်တတ်သော။
ယေ ဓမ္မာ၊ အကြင်ဒုက္ခသစ္စာတရားတို့သည်။ ဟေတုပဘဝါ၊ အကြောင်းဖြစ်သော သမုဒယသစ္စာသာလျှင်အမွန်ရှိကုန်၏။ တေသံ၊ ထိုဒုက္ခသစ္စာတရားတို့၏။ ဟေတုံ၊ အကြောင်းဖြစ်သော သမုဒယသစ္စာကို။ တထာဂတော၊ ငါတို့ဆရာမြတ်စွာဘုရားသည်။ အာဟ၊ ဟောတော်မူ၏။
တေသံ၊ ထိုဒုက္ခသစ္စာ သမုဒယသစ္စာတို့၏။ ယော နိရောဓေါစ၊ အကြင်ချုပ်ရာဖြစ်သော နိရောဓသစ္စာသည်လည်းကောင်း။ ယောနိရောဓောစ၊ အကြင်ချုပ်ကြောင်းဖြစ်သော မဂ္ဂသစ္စာသည်လည်းကောင်း။ အတ္ထိ၊ ရှိ၏။ တဉ္စ၊ ထိုနိဗ္ဗာန်ကိုလည်း။ အာဟ၊ ဟောတော်မူ၏။ မဟာသမဏော၊ ရဟန်းမြတ်သည်။ ဧဝံ ဝါဒီ၊ ဤသို့သစ္စာလေးပါးတရားကို ဟောလေ့ရှိ၏။
သောအဟံ၊ ထိုငါသည်။ ပဉှေ၊ ပြဿနာကို။ ဝိဿဇ္ဇိတေ၊ ဖြေအပ်သည်ရှိသော်။ ပဌမ ဖလံ၊ သောတာပတ္တိဖိုလ်သို့။ အဇ္ဈဂံ၊ ရောက်ပြီ။
ဇိနသာသနံ၊ မြတ်စွာဘုရားအဆုံးအမတော်ကို။ သုတွာန၊ နာရသောကြောင့်။ ဝိရဇော၊ ကင်းသော မြူရှိသည်။ ဝိမလော၊ ကင်းသော အညစ်အကြေးရှိသည်။ အာသိံ၊ ဖြစ်ပြီ။
မုနိနော၊ အဿဇိရဟန်း၏။ ဝါကျံ၊ စကားတော်ကို။ သုတွာန၊ နာရသောကြောင့်။ ဥတ္တမံ၊ မြတ်သော။ ဓမ္မံ၊ နိဗ္ဗာန်ကို။ ပဿိတွာ၊ မြင်ရ၍။
ပရိယောဂါဠှသဒ္ဓမ္မော၊ သက်ဝင်အပ်သော သူတော်ကောင်းတရားရှိသည်ဖြစ်၍။ အဟံ၊ ငါသည်။ ဣမံ ဂါထံ၊ ဤဂါထာကို။ အဘာသိ၊ ရွတ်ပြီ။
တာဝဒေဝ၊ ထိုသောတပတ္ထိမဂ်ကိုသာလျှင်။ ယဒိ ပစ္စဗျထ၊ အကယ်၍သိရသေး၏ရှင့်။ တထာပိ၊ ထိုသို့သောတာပတ္တိဖိုလ်ကို သိရသေးသော်လည်း။ ဧသေဝ ဧသောဧဝ၊ ထိုသောတာပတ္တိဖိုလ်တရားသည်သာလျှင်။ ဓမ္မော၊ ငါတို့ရှာအပ်သော တရားတည်း။ အသောကံ၊ စိုးရိမ်ခြင်းမရှိသော။ ပဒံ၊ နိဗ္ဗာန်ကို။
အဒိဋ္ဌံ၊ မမြင်ဘဲ။ ဗဟူဟိ၊ များစွာကုန်သော။ ကပ္ပနဟုတေဟိ၊ ကပ်အသောင်းတို့ဖြင့်။ အဗ္ဘတီတံ၊ လွန်‌လေပြီ။
သောအဟံ၊ ထိုငါသည်။ ဓမ္မံ၊ တရားကို။ ဂဝေသန္တော၊ ရှာမှီးသည်ရှိသော်။ ကုတိတ္ထေ၊ မိစ္ဆာဆိပ်၌။ အဟံ၊ ငါသည်။ သဉ္စရိံ၊ ကူးမှားပြီ။
မေမယာ၊ ငါသည်။ သော အတ္ထော၊ ထိုအလိုရှိအပ်သော အကျိုးသို့။ အနုပ္ပတ္တော၊ အစဉ်ရောက်အပ်လေပြီ။ မေ၊ ငါ့အား။ နပ္ပမဇ္ဇိတုံ၊ မမေ့လျော့ခြင်းငှါ။ ကာလော၊ အခါတန်ပြီ။
အဿဇိနာ၊ အဿဇိမထေရ်သည်။ တောသိတော၊ နှစ်သက်စေအပ်သော။ အဟံ၊ ငါသည်။ အစလံ၊ တုလှုပ်ခြင်းမရှိသော။ ပဒံ၊ နိဗ္ဗာန်သို့။ ပတွာန၊ ရောက်၍။
သဟာယကံ၊ အဆွေခင်ပွန်းကို။ ဂဝေသန္တော၊ ရှာမှီးလျက်။ အဟံ၊ ငါသည်။ အဿမံ၊ သင်္ခမ်းသို့။ အဂမာသိံ၊ သွားပြီ။
သုသိက္ခိတော၊ ကောင်းစွာသင်အပ်ပြီးသော အတတ်ရှိသော။ မေ၊ ငါ၏။ သဟာယော၊ အဆွေခင်ပွန်းသည်။ ဒူရတောဝ၊ အဝေးမှသာလျှင်။ မံ၊ ငါ့ကို။ ဒိသွာ၊ မြင်၍။ မမံ၊ ငါ၏။
ဣရိယာပထံ၊ သွားခြင်းအရိယာပုသ်ကို။ ဒိသွာ၊ ရှု၍။ ဣဒံ ဝစနံ၊ ဤစကားကို။ အဗြဝိ၊ ဆိုပြီ။
သမ္မ၊ အဆွေ။ တွံ၊ သင်သည်။ ပသန္နမုခနေတ္တော၊ ကြည်လင်သော မျက်နှာ ကြည်လင်သော မျက်စိသည်။ အသိ၊ ဖြစ်၏။ မုနိဘာဝေါဝ၊ ရဟန်းအဖြစ်သည်လည်း။ ဒိဿတိ၊ ထင်၏။
ကစ္စိ၊ အသို့နည်း။ အမတံ၊ သေခြင်းကင်းသော။ အစ္စုတံ၊ စုတေခြင်းမရှိသော။ ပဒံ၊ နိဗ္ဗာန်ကို။ အဓိဂတော၊ ရရှာလေတော့သလော။
သုဘာနုရူပေါ၊ တင့်တယ်ခြင်းသဘောရှိသည်ဖြစ်၍။ အာယာသိ၊ လာဘိ၏။ အာနေဉ္ဇကာရိတော၊ မတုနလှုပ်ပါရတရားရအောင်သင်အပ်ပြီးသော။ ဟတ္တိဝိယ၊ ဆင်ကဲ့သို့။
ဗြာဟ္မဏ၊ အဆွေပုဏ္ဏား။ တွံ၊ သင်သည်။ ဒန္တော၊ ယဉ်ကျေးသည်ဖြစ်၍သာလျှင်။ ဒန္တဒမထေ၊ ယဉ်ကျေးအောင် ဆုံးမသော အရာ၌။ ဥပသန္တော၊ ငြိမ်သက်သည်။ အသိ၊ ဖြစ်၏။ ဣတိဣဒံဝစနံ၊ ဤစကားကို။ အဗြဝိ၊ ဆို၏။
သမ္မ၊ အဆွေ။ မယာ၊ ငါသည်။ သောကသလ္လာပနူဒနံ၊ သောကတည်းဟူ‌သောငြောင့်ကို နှုတ်တတ်သော။ အမတံ၊ အမြိုက်နိဗ္ဗာန်ကို။ အဓိဂတံ၊ ရအပ်ပြီ။
တွံပိ၊ သင်သည်လည်း။ တံ၊ ထိုနိဗ္ဗာန်ကို။ အဓိဂစ္ဆေသိ၊ ရလေသော။ ဗုဒ္ဓသန္တိကံ၊ မြတ်စွာဘုရားအထံသို့။ ဂစ္ဆာမ၊ သွားကြကုန်စို့။
သုသိက္ခိတော၊ ကောင်းစွာသင်အပ်သော။ မေ၊ ငါ၏။ သဟာယော၊ အဆွေခင်ပွန်းသည်။ သာဓူတိ၊ ကောင်းပြီဟူ၍။ ပဋိဿုတွာ၊ ဝန်ခံ၍။
ဟတ္ထေန၊ ငါ၏လက်ဖြင့်။ ဟတ္ထံ၊ အဆွေ၏လက်ကို။ ဂဏှိတွာ၊ ကိုင်၍။ တဝ၊ အရှင်ဘုရား၏။ အန္တိကံ၊ အနီးသို့။ ဥပါဂမ္မ၊ ကပ်ကုန်၏။
သကျပုတ္တ၊ သာကီဝင်မင်းဖြစ်တော်မူသော အရှင်ဘုရား။ တဝ၊ အရှင်ဘုရား၏။ အန္တိကေ၊ အနီး၌။ ဥဘောပိ၊ အကျွန်ုပ်တို့နှစ်ယောက်သည်လည်း။ ပဗ္ဗဇိဿာ၊ ရဟန်းပြုပါကုန်အံ့။
တဝ၊ အရှင်ဘုရား၏။ သာသနံ၊ အဆုံးအမတော်ကို။ အာဂမ္မ၊ အကြောင်းပြုကုန်၍။ အနာသဝါ၊ အာသဝေါကင်းကုန်သည်ဖြစ်၍။ ဝိဟရာမ၊ နေပါကုန်အံ့။
ကောလိတော၊ အဆွေကောလိတသည်။ ဣဒ္ဓိယာ၊ တန်ခိုးဖြင့်။ သေဋ္ဌေါ၊ ဧတဒဂ်ဟု ခြီးမွမ်းအပ်၏။ အဟံ၊ ငါသည်။ ပညာယ၊ ပညာ၏။ ပါရဂေါ၊ အဆုံးသို့ရောက်၏။
ဥဘောဝ၊ အကျွန်ုပ်တို့နှစ်ယောက်သည်လျှင်။ ဧကတော ဟုတွာ၊ တစ်ပေါင်းတည်းဖြစ်ကုန်၍။ သာသနံ၊ အဆုံးမတော်ကို။ သောဘယာမသေ၊ တင့်တယ်ပါစေကုန်အံ့။
အပရိယောသိတသင်္ကပ္ပေါ၊ အပြီးသို့မရောက်သေးသော အလိုရှိသည်ဖြစ်၍။ ကုတိတ္ထေ၊ မှားသော မိစ္ဆာဆိပ်၌။ အဟံ၊ ငါသည်။ သဉ္စရိံ၊ ကူးမှားပြီ။
တဝ၊ အရှင်ဘုရားအား။ ဒဿနံ၊ ဖူးမြင်ရခြင်းကို။ အာဂမ္မ၊ စွဲ၍။ မမ၊ ငါ၏။ သင်္ကပ္ပေါ၊ အဂ္ဂသာဝကတည်းဟူသော အလိုသည်။ ပူရိတော၊ ပြည့်ပြီ။
ပထဝိယံ၊ မြေ၌။ ပတိဋ္ဌာယ၊ မြဲမြံစွာတည်ကုန်၍။ ဒုမာ၊ သစ်ပင်တို့သည်။ သမယေ၊ ပွင့်ချိန်ရောက်သော အခါ၌။ ပုပ္ဖန္တိ၊ ပွင့်ကုန်၏။
ဒိဗ္ဗဂန္ဓါ၊ နှစ်သက်ဖွယ်သော နတ်ရနံ့တို့သည်။ သမ္ပဝန္တိ၊ လှိုင်ကုန်၏။ သဗ္ဗပါဏိနံ၊ သူခပ်သိမ်းတို့အား။ တောသေန္တိ၊ နှစ်သက်စေကုန်၏။
မဟာဝီရ၊ ကြီးသော လုံ့လရှိတော်မူသော။ သကျပုတ္တ၊ သာကီဝင်မင်းဖြစ်တော်မူသော။ မဟာယသ၊ များမြတ်သော အခြံအရံရှိတော်မူသောအရှင်ဘုရား။ တထေဝ၊ ထိုအတူသာလျှင်။
သာသနေ တေ ပတိဋ္ဌာယ, သမယေသာမိ ပုပ္ဖိတုံ.
ပုပ္ဖံ၊ အရဟတ္တဖိုလ်ပန်းကို။ ဧသန္တော၊ ရှာသောငါသည်။ ဝိမုတ္တိ ပုပ္ဖံလာဘေန၊ အရဟတ္တဖိုလ်ပန်းကို ရသဖြင့်။
သဗ္ဗပါဏိနံ၊ သူခပ်သိမ်းတို့အား။ တောသေမိ၊ နှစ်သက်စေနိုင်၏။
ဗုဒ္ဓခေတ္တမှိ၊ ဘုရားခေတ်သုံးပါး၌။ ယာဝတာ၊ အကြင်မျှလောက်ကုန်သော သတ္တဝါတို့သည်။ သန္တိ၊ ရှိကုန်၏။ တေသု၊ ထိုသတ္တဝါတို့တွင်။ မဟာမုနိံ၊ မြတ်စွာဘုရားကို။ ဌပေတွာန၊ ထား၍။
စက္ခုမ၊ စက္ခုလေးပါးနှင့်ပြည့်စုံတော်မူသော အရှင်ဘုရား။ တဝ၊ အရှင်ဘုရား၏။ ပုတ္တဿ၊ သားတော်ဖြစ်သော အကျွန်ုပ်၏။ ပညာယ၊ ပညာနှင့်။ သဒိသော၊ တူသော။ ပညော၊ ပညာရှိသော သူသည်။ နတ္ထိ၊ မရှိ။
တေတယာ၊ အရှင်ဘုရားသည်။ သိဿာ၊ တပည့်သားတော်တို့ကို။ သုဝိိနိတာ စ၊ ကောင်းစွာဆုံးမအပ်ကုန်သည်လည်း။ ဟောန္တိ၊ ဖြစ်ကုန်၏။ ပရိသာ စ၊ ပရိတ်သတ်တို့ကိုလည်း။ သုသိက္ခိတာ၊ ကောင်းစွာသင်အပ်ကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။
ဥတ္တမေ၊ မြတ်သော။ ဒမထေ၊ ဆုံးမခြင်း၌။ ဒန္တာ၊ ယဉ်ကျေးကုန်သော တပည့်တော်တို့သည်။ တံ၊ ထိုအရှင်ဘုရားကို။ သဒါ၊ အခါခပ်သိမ်း။ ပရိဝါရေန္တိ၊ ခြံရံကုန်၏။
ဈာယိ၊ ဈာန်ဝင်စားလေ့ရှိသော။ ဈာနရတာ၊ ဈာန်၌မွေ့လျော်ကုန်သော။ ဓီရာ၊ တည်ကြည်သော ပညာရှိကုန်သော။ သန္တစိတ္တာ၊ ငြိမ်သက်သော စိတ်ရှိကုန်သော။ သမာဟိတာ၊ တည်ကြည်ကုန်သော။
မောနေယျသမ္ပန္နာ၊ မဂ်ဉာဏ်နှင့်ပြည့်စုံကုန်သော။ မုနိ၊ တပည့်သားတော်တို့သည်။ တံ၊ ထိုအရှင်ဘုရားကို။ သဒါ၊ အခါခပ်သိမ်း။ ပရိဝါရေန္တိ၊ ခြံရံကုန်၏။
အပိစ္ဆာ၊ နည်းသော အလိုရှိကုန်သော။ နိပကာ၊ ရင့်သော ပညာရှိကုန်သော။ ဓီရာ၊ တည်ကည်သော ပညာရှိကုန်သော။ အပ္ပါဟာရာ၊ နည်းသော အစာအာဟာရရှိကုန်သော။ အလောလုပါ၊ လျှပ်ပေါ်လော်လည်ခြင်းကင်းကုန်သော။
လာဘာလာဘေန၊ လာဘ်ရခြင်းမရခြင်းဖြင့်။ သန္တုဋ္ဌါ၊ ရောင့်ရဲကုန်သော တပည့်သားတော်တို့သည်။ တံ၊ ထိုအရှင်ဘုရားကို။ သဒါ၊ အခါခပ်သိမ်း။ ပရိဝါရေန္တိ၊ ခြံရံကုန်၏။
အာရညကာ၊ အရညကင်ဓုတင်ဆောက်တည်ကုန်သော။ ဓုတရတာ၊ ဓုတင်၌မွေ့ပလျော်ကုန်သော။ ဈာယိနော၊ မကောင်းမှုကို ဖုတ်ကြည်တတ်ကုန်သော။ ခလုစီဝရာ၊ ခေါင်းပါးသော သင်္ကန်းရှိကုန်သော။
ဝိဝေကာဘိရတာ၊ ဝိဝေက၌မွေ့လျော်ကုန်သော။ ဓီရာ၊ ကြီးသောလုံ့လရှိကုန်သော တပည့်သားတော်တို့သည်။ တံ၊ ထိုအရှင်ဘုရားကို။ သဒါ၊ အခါခပ်သိမ်း။ ပရိဝါရေန္တိ၊ ခြံရံကုန်၏။
ပဋိပန္နာ၊ ကျင့်ဆဲဖြစ်ကုန်သော မဂ္ဂဌာန်ပုဂ္ဂိုလ်တို့သည်လည်းကောင်း။ ဖလဋ္ဌာ စ၊ ရဟန္တာတို့သည်လည်းကောင်း။ ဖလသမင်္ဂိနော၊ အောက်ဖိုလ်နှင့်ပြည့်စုံကုန်သော။ သေခါ၊ သေခပုဂ္ဂိုလ်ခုနှစ်ယောက်တို့သည်လည်းကောင်း။
ဥတ္တမတ္ထံ၊ မြတ်သော နိဗ္ဗာန်အကျိုးကို။ အာသီသကာ၊ တောင့်တကုန်သော ကလျှာဏပုထုဇဉ် ပုဂ္ဂိုလ်တို့သည်လည်းကောင်း။ တံ၊ ထိုအရှင်ဘုရားကို။ သဒါ၊ အခါခပ်သိမ်း။ ပရိဝါရေန္တိ၊ ခြံရံကုန်၏။
ဝိမလာ၊ ကင်းသော အညစ်အကျေးရှိကုန်သော။ သောတာပန္နာ စ၊ သောတာပန်ပုဂ္ဂိုလ်ိတို့သည်လည်းကောင်း။ ယေစ သကဒါဂါမိနော၊ အကြင်သကဒါဂံပုဂ္ဂိုလ်တို့သည်လည်းကောင်း။
အနာဂါမီ စ၊ အနာဂံပုဂ္ဂိုလ်တို့သည်လည်းကောင်း။ အရဟာ၊ ရဟန္တာပုဂ္ဂိုလ်တို့သည်လည်းကောင်း။ တံ၊ ထိုအရှင်ဘုရားကို။ သဒါ၊ အခါခပ်သိမ်း။ ပရိဝါရေန္တိ၊ ခြံရံကုန်၏။
သတိပဋ္ဌာနကုသလာ၊ သတိပဌာန်၌လိမ်မာကုန်သော။ ဗောဇ္ဈင်္ဂဘာဝနာရတာ၊ ဗောဇ္ဈင်ခုနှစ်ပါးကို ပွားစေခြင်း၌မွေ့လျော်ကုန်သော။
ဗဟူ၊ များစွာကုန်သော။ သဗ္ဗေ၊ ခပ်သိမ်းကုန်သော။ တေ သာဝကာ၊ ထိုတပည့်သားတို့သည်။ တံ၊ ထိုအရှင်ဘုရားကို။ သဒါ၊ အခါခပ်သိမ်း။ ပရိဝါရေန္တိ၊ ခြံရံကုန်၏။
ဣဒ္ဓိပါဒေစ၊ ဣဒ္ဓိပါဒ်၌လည်း။ ကုသလာ၊ လိမ်မာကုန်သော။ သမာဓိဘာဝနာရတာ၊ ဈာန်ကိုပွားစေခြင်း၌ မွေ့လျော်ကုန်သော။
သမ္မပ္ပဓါနနုယုတ္တာ၊ သမ္မပ္ပဓာန်၌ယှဉ်ကုန်သော တပည့်သားတော်တို့သည်။ တံ၊ ထိုအရှင်ဘုရားကို။ သဒါ၊ အခါခပ်သိမ်း။ ပရိဝါရေန္တိ၊ ခြံရံကုန်၏။
တေဝိဇ္ဇာ၊ ဝိဇ္ဇာသုံးပါးရှိသော တပည့်သားတို့သည်လည်းကောင်း။ ဆဠဘိညာ၊ ခြောက်ပါးသော အဘိညာဉ်ရိသော တပည့်သားတို့သည်လည်းကောင်း။ ဣဒ္ဓိယာ ပါရမိံ ဂတာ၊ တန်ခိုးအဆုံးသို့ရောက်သော တပည့်သားတို့သည်လည်းကောင်း။
ပညာယ ပါရမိ ပတ္တာ၊ ပညာပါရမီအဆုံးသို့ရောက်သော တပည့်သားတို့သည်လည်းကောင်း။ တံ၊ ထိုအရှင်ဘုရားကို။ သဒါ၊ အခါခပ်သိမ်း။ ပရိဝါရေန္တိ၊ ခြံရံကုန်၏။
မဟာဝီရ၊ ကြီးသော လုံ့လရှိတော်မူသော အရှင်ဘုရား။ တေ၊ အရှင်ဘုရား၏။ သုသိက္ခိတာ၊ ကောင်းစွာသင်အပ်ကုန်သော။ ဧဒိသာ၊ ဤသို့သဘောရှိကုန်သော။ တဝ၊ အရှင်ဘုရား၏။ သိဿာ၊ တပည့်တို့သည်။
ဒုရာသဒါ၊ နှိပ်စက်ခြင်း၌ ချဉ်းဝံ့ခဲ့ကုန်သော။ ဥဂ္ဂတေဇာ၊ ထင်သော တန်ခိုးရှိကုန်သော။ ဧဒိသာ၊ ဤသို့သဘောရှိကုန်သော။ တဝ၊ အရှင်ဘုရား၏။ သိဿာ၊ တပည့်တို့သည်။ တံ၊ ထိုအရှင်ဘုရားကို။ သဒါ၊ အခါခပ်သိမ်း။ ပရိဝါရေန္တိ၊ ခြံရံကုန်၏။
သညတေဟိ၊ ကိုယ်နှုတ်နှလုံးစောင့်သုံးကုန်သော။ တပဿိဘိ၊ အကျင့်ကို မှီကုန်သော။ တေဟိ သိဿေဟိ၊ ထိုတပည့်တို့ဖြင့်။ ပရိဝုတော၊ ခြံရံအပ်သည်ဖြစ်၍။
အဆမ္ဘိတေ၊ ကောက်ရွံ့ခြင်းကင်းသော။ မိဂရာဇာဝ၊ ခြင်္သေ့မင်းကဲ့သို့လည်းကောင်း။ ဥဠုရာဇာဝ၊ ကြယ်များသနင်းလမင်းကဲ့သို့လည်းကောင်း။ သောဘသိ၊ တင်တယ်ပေစွ။
ပထဝိယံ၊ မြေ၌။ ပတိဋ္ဌာယ၊ တည်၍။ ဓရဏီရုဟာ၊ သစ်ပင်တို့သည်။ ရုဟန္တိ၊ ပေါက်ရောက်ကုန်၏။
ဝေပုလ္လတံ၊ ပြန့်ပြောသည်၏အဖြစ်သို့။ ပါပုဏန္တိ၊ ရောက်ကုန်၏။ တေ၊ ထိုသစ်ပင်တို့သည်။ ဖလဉ္စ၊ အသီးကိုလည်း။ ဒဿယန္တိ၊ ပြကုန်၏။
သကျပုတ္တ၊ သာကီဝင်မင်းသားဖြစ်တော်မူသော။ မဟာယသ၊ များသော အခြံအရံရှိတော်မူသော မြတ်စွာဘုရား။ တွံ၊ အရှင်ဘုရားသည်။ ပထဝီသဒိသော၊ မြေကြီးနှင့်တူသည်။ အသိ၊ ဖြစ်၏။
တေ၊ အရှင်ဘုရား၏။ သာသနေ၊ သာသနာတော်၌။ ပတိဋ္ဌာယ၊ တည်၍။ အမတံ ဖလံ၊ အမြိုက်သီးကို။ လဘန္တိ၊ ရကုန်၏။
သိန္ဓု၊ သိန္ဓုမြစ်လည်းကောင်း။ သရဿတီ စေဝ၊ သရဿတီမြစ်လည်းကောင်း။ စန္ဒဘာဂိကာ၊ စန္ဒဘာဂါမည်ကုန်သော။ နဒိယော၊ မြစ်တို့လည်းကောင်း။
ဂင်္ဂါ စ၊ ဂင်္ဂါလည်းကောင်း။ ယမုနာ စေဝ၊ ယမုနာမြစ်လည်းကောင်း။ သရဘူ စ၊ သရဘူမြစ်လည်းကောင်း။ အထော၊ ထိုမှတစ်ပါး။ မဟီ၊ မဟီမြစ်လည်းကောင်း။
သန္ဒမာနာနံ၊ ရေယဉ်ဒီးဒီးစီးကုန်သော။ ဧတာသံ၊ ထိုမြစ်တို့၏။ ဇသံ၊ ရေကို။ သာဂရော၊ သမုဒ္ဒရာသည်။ သမ္ပဋိစ္ဆတိ၊ ခံလင့်၏။
ပုရိမံ နာမံ၊ သိန္ဓုစသော ရှေးအမည်ဟောင်းကို။ ဇဟန္တိ၊ စွန့်ကုန်၏။ သာဂရောတွေေ၊ သမုဒ္ဒရာဟူသော အမည်သည်သာလျှင်။ ဉာယတိ၊ ထင်ရှား၏။
တထေဝ၊ ထိုအတူသာလျှင်။ ဧမေစတုဝဏ္ဏာ၊ ဤအမျိုးလေးပါးတို့သည်။ တဝ၊ အရှင်ဘုရား၏။ အန္တိကေ၊ အနီး၌။ ပဗ္ဗဇိတွာ၊ ရဟန်းပြု၍။
ပုရိမံ နာမံ၊ ရှေးအမည်ကို။ ဇဟန္တိ၊ စွန့်ကုန်၏။ ဗုဒ္ဓပုတ္တာတိ၊ ဘုရားသားတော်ဟူ၍။ ဉာယရေ၊ ထင်ရှားကုန်၏။
အာကာသဓါတုယာ၊ အာကာသဓာတ်၌။ ဂစ္ဆံ ဂစ္ဆန္တော၊ လှည့်လည်သွားသော။ ဝိမလော၊ အညစ်အကြေးကင်းသော။ စန္ဒေါ၊ လသည်။
လောကေ၊ လောက၌။ သဗ္ဗေ၊ ခပ်သိမ်းကုန်သော။ တာရဂဏေ၊ ကြယ်အပေါင်းတို့ကို။ အာဘာယ၊ အရောင်ဖြင့်။ အတိရောစတိယထာ၊ သာလွန်၍ တင့်တယ်သကဲ့သို့တည်း။
တထေဝ၊ ထိုအတူသာလျှင်။ မဟာဝီရ၊ ကြီးသော လုံ့လရှိတော်မူသော အရှင်ဘုရား။ တွံ၊ အရှင်ဘုရားသည်။ ဒေဝမာနုသေဟိ၊ နတ်လူတို့ဖြင့်။ ပရိဝုတော၊ ခြံရံ၍။
သဗ္ဗေ၊ ခပ်သိမ်းကုန်သော။ ဧတေသိ၊ တောက်ပတော်မူသော။
ဂမ္ဘီရေ၊ အစောက်နက်စွာသော မဟာသမုဒ္ဒရာ၌။ ဥဋ္ဌိတာ၊ လှိုက်ဆူပေါ်ထွက်တတ်သော။ ဦမ၊ လှိုင်းတံပိုးသည်။ ဝေလံ၊ ကမ်းကို။ န အတိဝတ္တတိ၊ လွန်၍မဖြစ်။
သဗ္ဗာ၊ ခပ်သိမ်းကုန်သော။ တံ၊ ထိုလှိုင်းတံပိုးတို့သည်။ ဝေလံဝ၊ ကမ်းကိုသာလျှင်။ ဖုသန္တိ၊ ထိကုန်သည်ဖြစ်၍။ သဉ္စုဏ္ဏာ၊ မှုန့်မှုန့်ညက်ညက်ကျေပျက်ကုန်သည်ဖြစ်၍။ ဝိကိရန္တိ၊ ဖရိုဖရဲကြဲကုန်၏။
တထေဝ၊ ထိုအတူသာလျှင်။ လောကေ၊ လောက၌။ နာနာဒိဋ္ဌိ၊ အထူးထူးသော အယူရှိကုန်သော။ ဗဟုဇနာ၊ လူများဖြစ်ကုန်သော။ တိတ္ထိယာ၊ တိတ္ထိတို့သည်။ သန္တိ၊ ရှိကုန်၏။
မုနိံ၊ အရှင်ဘုရား။ ဓမ္မံ၊ တရားကို။ ဝါဒိတုကာမာ၊ ဝါဒပြိုင်ဆိုဟောလိုကုန်သော။ တေ၊ ထိုတိတ္ထိတို့သည်။ တံ၊ အရှင်ဘုရားကို။ နာတိဝတ္တန္တိ၊ မလွန်နိုင်ကုန်။
စက္ခုမ၊ စက္ခုငါးပါးနှင့်ပြည့်စုံတော်မူသော အရှင်ဘုရား။ တေ၊ ထိုတိတ္ထိတို့သည်။ ပဋိဝါဒေဟိ၊ ဆန့်ကျင်ဘက်ဖြစ်သော ဝါဒတို့ဖြင့်။ တံ၊ အရှင်ဘုရားကို။ သစေ ပါပုဏန္တိ၊ အကယ်၍ရောက်ကုန်သည်ဖြစ်အံ့။
တဝန္တိကံ၊ အရှင်ဘုရားအနီးသို့။ ဥပါဂန္တွာ၊ ကပ်ကုန်၍။ သဉ္စုဏ္ဏာဝ၊ ဝါဒကျေပျက်ကုန်သည်သာလျှင်။ ဘဝန္တိ၊ ဖြစ်ကုန်၏။
ဥဒကေ၊ ရေ၌။ ဇာတာ၊ ဖြစ်ကုန်သော။ ဗဟူ၊ များစွာကုန်သော။ ကုမုဒါ၊ ကုမုဒြာကြာတို့သည်လည်းကောင်း။ မန္ဒါလကာ၊ မျောက်လှေကူးတို့သည်လည်းကောင်း။
တောရေန၊ ရေဖြင့်လည်းကောင်း။ ကဒ္ဒမံကဒ္ဒမေနစ၊ ညွန်ပျစ်ဖြင့်လည်းကောင်း။ ကလလေန စ၊ ညွန်ကြဲဖြင့်လည်းကောင်း။ ဥပလိမ္ပန္တိ ယထာ၊ လိမ်းကျံသကဲ့သို့တည်း။
တထေဝ၊ ထိုအတူသာလျှင်။ လောကေ၊ လောက၌။ ဇာတာ၊ ဖြစ်ကုန်သော။ ဗဟုကာ၊ များကုန်သော။ သတ္တာ၊ သတ္တဝါတို့သည်။ ဝိရူဟရေ၊ ဖြစ်ကုန်၏။
ရာဂဒေါသေန၊ ရာဂဒေါသဖြင့်။ အဋ္ဋိတါ၊ နှိပ်စက်ကုန်သည်ဖြစ်၍။ ကိမိဝ၊ အဘယ်ကဲ့သို့နည်း။ ကုမုဒံ၊ ကုမုဒြာကြာသည်။ ကဒ္ဒမေ၊ ညွန်၍။ လိမ္ပတိယထာ၊ လိမ်းကျံသကဲ့သို့တည်း။
ဇလဇံ၊ ရေ၌ဖြစ်သော။ ပဒုမံ၊ ပဒုမကြာသည်။ ဇလမဇ္ဈေ၊ ရေ၏အလယ်၌။ ဝိရူဟတိ၊ ပေါက်ရောက်၏။
ကေသရိ၊ ဝတ်ဆံရှိသော။ သော၊ ထိုပဒုမာသည်။ တောယေန၊ ရေဖြင့်။ န လိမ္ပတိ၊ မလိမ်းကျံ။ ပရိသုဒ္ဓေါ ဟိ ပရိသုဒ္ဓေါဧဝ၊ စင်ကြယ်သည်သာလျှင်။ ဟောတိယထာ၊ ဖြစ်သကဲ့သို့။
တထေဝ၊ ထိုအတူသာလျှင်။ မဟာဝီရ၊ ကြီးသော လုံ့လရှိတော်မူသော။ မဟာမုနိ၊ မြတ်သော မုနိဖြစ်တော်မူသော အရှင်ဘုရား။ တွံ၊ အရှင်ဘုရားသည်။ လောကေ၊ လောက၌။ ဇာတော၊ ဖြစ်တော်မူလျက်။
လောကေန၊ လူဖြင့်။ နောပလိမ္ပသိ၊ လိမ်းကျံတော်မမူ။ ကိမိဝ၊ အဘယ်ကဲ့သို့နည်း။ ပဒုမံ၊ ပဒုမာသည်။ တောယေန၊ ရေဖြင့်။ နောပလိမ္ပလိယထာ၊ မလိမ်းကျံသကဲ့သို့တည်း။
ရမ္မကေ၊ မွေ့လျော်ဘွယ်ရှိသော။ မာသေ၊ တန်ဆောင်မုန်းလ၌။ ဗဟူ၊ များစွာကုန်သော။ ဝါရိဇာ၊ ရေ၌ဖြစ်ကုန်သော ကုမုဒြာကြာတို့သည်။ ပုပ္ဖန္တိ၊ ပွင့်ကုန်၏။
တံ မာသံ၊ ထိုတန်ဆောင်မုန်းလကို။ နာတိက္ကမန္တိ၊ မလွန်နိုင်ကုန်။ ပုပ္ဖနာယ၊ ကုမုဒြာကြာပွင့်ခြင်း။ သမယော သော၊ ထိုအခါသည်။ ဟောတိယထာ၊ ဖြစ်သကဲ့သို့။
တထေဝ၊ ထိုအတူသာလျှင်။ မဟာဝီရ၊ ကြီးမြတ်သော လုံ့လရှိတော်မူသော အရှင်ဘုရား။ တွံ၊ အရှင်ဘုရားသည်။ ပုပ္ဖိတော၊ သစ္စာလေးဆင့်ပွင့်တော်မူ၏။ တေ၊ အရှင်ဘုရား၏။ ဝိမုတ္တိယာ၊ အရဟတ္တဖိုလ်အားဖြင့်။ ပုပ္ဖိတာ၊ ပွင့်ခြင်းသို့ရောက်ကုန်သော။
သာဝကာ၊ တပည့်သားတော်တို့သည်။ သာသနံ၊ သာသနာတော်ကို။ နာတိဝတ္တန္တိ၊ မလွန်နိုင်ကုန်။ ကိမိဝ၊ အဘယ်ကဲ့သို့နည်း။ ဝါရိဇံ၊ ရေ၌ဖြစ်သော။ ပဒုမံ၊ ပဒုမာကြာသည်။ သမယံ၊ ပွင့်ခါကို။ နာတိဝတ္တတိယထာ၊ လွန်၍မဖြစ်သကဲ့သို့တည်း။
သုပုပ္ဖိတော၊ ပင်လုံးကျွတ်ပွင့်သော။ သာလရာဇာ၊ အင်ကြင်းပင်မင်းသည်။ ဒိဗ္ဗဂန္ဓံ၊ နတ်ရနံ့ကို။ ပဝါယတိ၊ လှိုင်စေ၏။
အညသာလေဟိ၊ အင်ကြင်းပင်မှတစ်ပါးသော သစ်ပင်တို့သည်။ ပရိဝုတော၊ ခြံရံလျက်။ သာလရာဇာဝ၊ အင်ကြင်ပင်မင်းသည်။ သောဘတိဣဝ၊ တင့်တယ်သကဲ့သို့။
တထေဝ၊ ထိုအတူသာလျှင်။ မဟာဝီရ၊ ကြီးသော လုံ့လရှိတော်မူသော အရှင်ဘုရား။ တွံ၊ အရှင်ဘုရားသည်။ ဗုဒ္ဓဉာဏေန၊ သဗ္ဗညုတညာဏ်တော်ဖြင့်။ ပုပ္ဖိတော၊ ပွင့်ခြင်းသို့ရောက်တော်မူလျက်။
ဘိက္ခုသင်္ဃပရိဝုတော၊ ရဟန်းသံဃာခြံရံ၍။ သာလရာဇာဝ၊ အင်ကြင်းပင်မင်းကဲ့သို့။ သောဘသိ၊ တင့်တယ်တော်မူ၏။
သေလောဟိမဝါ၊ ဟိမဝန္တာတောင်မင်းသည်။ သဗ္ဗပါဏိနံ၊ ခပ်သိမ်းကုန်သော သတ္တဝါတို့၏။ ဩသဓေါ၊ ဆေး၏တည်ရာသည်။
နာဂါနံ၊ နဂါးတို့၏လည်းကောင်း။ အသုရာနဉ္စ၊ အသုရာတို့၏လည်းကောင်း။ ဒေဝတာနဉ္စ၊ နတ်တို့၏လည်းကောင်း။ အာလယော၊ တည်ရာသည်။ ဟောတိယထာပိ၊ ဖြစ်သကဲ့သို့လည်း။
တထေဝ၊ ထိုအတူသာလျှင်။ မဟာဝီရ၊ ကြီးမြတ်သော လုံ့လရှိတော်မူသော အရှင်ဘုရား။ တွံ၊ အရှင်ဘုရားသည်။ ပါဏိနံ၊ သတ္တဝါတို့၏။ ဩသဓေါ၊ ဆေး၏တည်ရာနတ်၏နေရာဟိမဝါနှင့်တူတော်မူ၏။
တေဝိဇ္ဇာ၊ ဝိဇ္ဇာသုံးပါရှိသော တပည့်သားတော်တို့သည်လည်းကောင်း။ ဆဠဘိညာ စ၊ ခြောက်ပါးသော အဘိညာဉ်ရှိသော သားတော်တို့သည်လည်းကောင်း။ ဣဒ္ဓိယာ ပါရမိံ၊ တန်ခိုးပြီးခြင်းသို့။ ဂတာ၊ ရောက်ကုန်၏။
မဟာဝီရ၊ ကြီးမြတ်သော လုံ့လရှိတော်မူသော မြတ်စွာဘုရား။ ကာရုဏိကေန၊ သနားခြင်း ကရုဏာရှိတော်မူသော။ တယာ၊ အရှင်ဘုရားသည်။ အနုသိဋ္ဌာ၊ ဆုံးမတော်မူအပ်ကုန်သော။ တေ၊ အရှင်ဘုရား၏။ သာဝကာ၊ တပည့်သားတော်တို့သည်။
ဓမ္မရတိယာ၊ တရားတည်းဟူသော မွေ့လျော်ခြင်းဖြင့်။ ရမန္တိ၊ မွေ့လျော်ကုန်၏။ တဝ၊ အရှင်ဘုရား၏။ သာသနေ၊ သာသနာတော်၌။ ဝသန္တိ၊ နေကုန်၏။
မိဂရာဇာ၊ သားတို့၏မင်းဖြစ်သော။ သီဟော၊ ခြင်္သေ့သည်။ အာသယာ၊ နေရာရွှေဂူမှ။ အဘိနိက္ခမ္မ၊ ထွက်၍။
စတုဒ္ဒိသာ၊ အရပ်လေးမျက်နှာတို့ကို။ အနုဝိလောကေတွာ၊ စောင်းငဲ့လည်လှည့်ရှေ့နောက်ကြည့်၍။
တိက္ခတ္တုံ၊ သုံးကြိမ်။ အဘိနာဒတိ၊ ဟောက်၏။
ဂဇ္ဇတော၊ သုံးယူဇနာရပ်ရွာကားလောက်မြည်သံတောက်သော။ မိဂရာဇဿ၊ ခြင်္သေ့မင်း၏။ သဒ္ဒေန၊ အသံကြောင့်။ သဗ္ဗေ၊ ခပ်သိမ်းကုန်သော။ မိဂါ၊ သားတို့သည်။ ဥတ္တသန္တိယထာ၊ လန့်ကုန်သကဲ့သို့။
တထာ ဟိဧဝ၊ ထိုကြောင့်သာလျှင်။ ဇာတိမာ၊ မြတ်သော ဇာတ်ရှိသော။ ဧသောသီဟော၊ ခြင်္သေ့မင်းသည်။ သဗ္ဗဒါ၊ အခါခပ်သိမ်း။ ပသုံ၊ အခြေလေးမွှာ သားတကာကို။ တာသေတိ၊ လန့်စေ၏။
မဟာဝီရ၊ ကြီးမြတ်သော လုံ့လရှိတော်မူသော မြတ်စွာဘုရား။ ဂဇ္ဇတော၊ ကြုံးဝါးတော်မူသော။ တေ၊ အရှင်ဘုရား၏။ သဒ္ဒေန၊ အသံတော်ကြောင့်။ အယံ ဝသုဓါ၊ ဤမြေကြီးသည်။ ပကမ္ပတိ၊ ပြင်းစွာတုန်လှုပ်၏။
ဗောဓနေယျာဝ၊ ကျွတ်ထိုက်ကုန်သော သတ္တဝါတို့သည်သာလျှင်။ ဗုဇ္ဈန္တိ၊ ပွင့်ကုန်၏။ မာရကာယိကာ၊ မာရ်၏ အပင်းအသင်းဖြစ်သော သတ္တဝါတို့သည်။ တသန္တိ၊ လန့်ကုန်၏။
မဟာမုနိ၊ မြတ်စွာဘုရား။ နဒတော၊ ကြုံးဝါးတော်မူသော။ တေ၊ အရှင်ဘုရား၏။ သဒ္ဒေန၊ အသံတော်ကြောင့်။ သဗ္ဗေ၊ ခပ်သိမ်းကုန်သော။ တိတ္ထိယာ၊ တိတ္ထိတို့သည်။ တသန္တိ၊ လန့်ကုန်၏။
ကာကာ၊ ကျီးတို့သည်။ သေနာ၊ သိန်းငှက်ကြောင့်။ ဝိဗ္ဘန္တိဣဝ၊ မရပ်မတည်လှည့်လည်ထွက်ပြေးကြသကဲ့သို့။ မိဂါ၊ သားတို့သည်။ မိဂရညာ၊ သားတို့၏မင်းကြောင့်။ ဝိဗ္ဘန္တိယထာ၊ တိမ်းရှောင်ထွက်ပြေးကုန်သကဲ့သို့။ တသန္တိ၊ လန့်ကုန်၏။
လောကေ၊ လောက၌။ ယေ ကေစိ၊ ခပ်သိမ်းကုန်သော။ ဂဏိနော၊ ဂိုဏ်းရှိသော သူတို့ကို။ သတ္ထာရောတိ၊ ဆရာတို့ဟူ၍။ ပဝုစ္စရေ၊ ဆိုအပ်ကုန်၏။
တေ၊ ထိုဂိုဏ်းဆရာတို့သည်။ ပရံပရာဂတံ၊ ဆရာစဉ်ဆက် ဆင်းသက်စကားဆောင်ယူ၍ထားသော။ ဓမ္မံ၊ တရားကို။ ပရိသာယ၊ ပရိသတ်၌။ ဒေသေန္တိ၊ ဟောကြကုန်၏။
မဟာဝီရ၊ ကြီးမြတ်သော လုံ့လရှိတော်မူသော မြတ်စွာဘုရား။ တွံ၊ အရှင်ဘုရားသည်။ ပါဏိနံ၊ သတ္တဝါတို့အား။ ဓမ္မံ၊ တရားကို။ န တွေဝဒေသေသိ၊ ဟောတော်မမူ။ ကိံတု၊ အဘယ်သို့ဟောသနည်း။
သာမံ၊ ကိုယ်တိုင်။ သစ္စာနိ၊ သစ္စာတို့ကို။ ဗုဇ္ဈိတွာ၊ သိတော်မူ၍။ ကေဝလံ၊ အလုံးစုံသော။ ဗောဓိပက္ခိယံ၊ မဂ်ဉာဏ်အဘို့ရှိသော တရားကို။ ဗုဇ္ဈိတွာ၊ ဆရာမရှိ ကိုယ်တော်တိုင်သိ၍။
အာသယာနုသယံ၊ အာသယာနုသယကို။ ဉတွာ၊ သိ၍။ ဣန္ဒြိယာနံ၊ သဒ္ဓိန္ဒြေစသည်တို့၏။ ဗလာဗလံ၊ အားရှိသည်အားမရှိသည်ကို။ ဉတွာ၊ သိ၍။
ဘဗ္ဗာဘဗ္ဗေ၊ ကျွတ်ထိုက် မကျွတ်ထိုက်သော ပုဂ္ဂိုလ်တို့ကို။ ဝိဒိတွာန၊ သိ၍။ မဟာမေဃော၊ ကြီးစွာသော မိုဃ်းသည်။ ဂဇ္ဇတိဣဝ၊ ထစ်ကြိုးသကဲ့သို့။ ဂဇ္ဇသိ၊ ကြုံးဝါးတော်မူ၏။
ပရိဝါရေတွာ၊ ခြံရံ၍။ စက္ကဝါဠပရိယန္တာ၊ စကြာဝဠာအဆုံးတိုင်အောင်။ ပရိသာ၊ ပရိသတ်သည်။ နိသိန္နာ၊ ထိုင်နေသည်။ ဘဝေ၊ ဖြစ်၏။
နာနာဒိဌိ၊ အထူးထူးသော အယူတို့ကို။ ဝိစိနန္တံ၊ စူးစမ်းဆင်ခြင်လျက်။ ဝိမတိစ္ဆေဒနာယ၊ ယုံမှားခြင်းကို ဖြတ်ခြင်းငှါ။ တံ၊ ထိုအရှင်ဘုရားကို။
သဗ္ဗေသံ၊ ခပ်သိမ်းကုန်သော ပရိတ်သတ်တို့၏။ စိတ္တံ၊ စိတ်ကို။ အညာယ၊ သိ၍။ ဩပမ္မကုသလော၊ ဥပမာ၌လိမ်မာတော်မူသော။ မုနိ၊ အရှင်ဘုရားသည်။
ဧကံ၊ တစ်ခုသော။ ပဉှံ၊ ပြဿနာကို။ ကထေန္တောဝ၊ ဖြေတော်မူသည်ဖြစ်၍သာလျှင်။ ပါဏိနံ၊ သတ္တဝါတို့၏။ ဝိမတိံ၊ အထူးထူးသော ယုံမှားခြင်းကို။ ဆိန္ဒိ၊ ဖြတ်တော်မူ၏။
ဥပတိဿသဒိသေဟေဝ၊ ဥပတိဿနှင့်တူသည်သာလျှင်ဖြစ်ကုန်သော ပညာရှိတို့ဖြင့်သာလျှင်။ ဝသုဓါ၊ မြေအပြင်သည်။ ပူရိတာ၊ ပြည့်သည်။ ဘဝေ၊ ဖြစ်ရာ၏။
သဗ္ဗေဝ၊ အလုံးစုံသာလျှင်ဖြစ်ကုန်သော။ တေ၊ ထိုဥပတိဿနှင့်တူသော ပညာရှိတို့သည်။ ပဉ္ဇလိကာ၊ ထည့်ခြင်းငါးဖြာဖြင့်လက်အုပ်မိုးကုန်လျက်။ လောကနာယကံ၊ မြတ်စွာဘုရားကို။ ကိတ္တယုံ၊ ခြီးမွမ်းကုန်ရာ၏။
တေ၊ ထိုဥပတိဿနှင့်တူသော ပညာရှိတို့သည်။ ကပ္ပံ ဝါ၊ တစ်ကမ္ဘာပတ်လုံးသာလျှင်။ ကိတ္တယန္တာ၊ ခြီးမွမ်းကုန်သည်ဖြစ်၍။ နာနာဝဏ္ဏေဟိ၊ အထူးထူးသော ဂုဏ်တော်တို့ဖြင့်။ ကိတ္တယုံ၊ ခြီးမွမ်းကုန်ရာ၏။
တထာပိ၊ ထိုမှတစ်ပါးလည်း။ ပရိမေတုံ၊ နှိုင်းယှဉ်ခြင်းငှါ။ န ပပ္ပေယုံ၊ မရောက်ကုန်ရာ။ ကသ္မာ၊ အဘယ်ကြောင့်နည်း။ ယသ္မာ၊ အကြင်ကြောင့်။ တထာဂတာ၊ မြတ်စွာဘုရားတို့သည်။ အပ္ပမေယျာ၊ မနှိုင်းယှဉ်နိုင်သော ဂုဏ်နှင့်ပြည့်စုံတော်မူကုန်၏။ တသ္မာ၊ ထိုကြောင့်တည်း။
ယထာသကေန ထာမေန၊ မိမိအစွမ်းအလျောက်။ မယာ၊ ငါသည်။ ဇိနော၊ မြတ်စွာဘုရားကို။ ကိတ္တိတော ဟိ ကိတ္တိတောဧဝ၊ ခြီးမွမ်းအပ်သည်သာလျှင်တည်း။
ကပ္ပကောဋံ၊ ကမ္ဘာကုဋေတို့ပတ်လုံး။ ပကိတ္တန္တာ၊ ခြီးမွမ်းကုန်သော ပညာရှိတို့သည်။ ဧဝမေဝ၊ ဤသို့သာလျှင်။ ပကိတ္တယုံ၊ ခြီးမွမ်းကုန်ရာ၏။
သုသိက္ခိတော၊ ကောင်းစွာငါသင်ပြီးသသူဟူ၍။ ကောစိ၊ တစ်စုံတစ်ယောက်သော။ ဒေဝေါ ဝါ၊ နတ်သည်လည်းကောင်း။ မနုဿော ဝါ၊ လူသည်လည်းကောင်း။
ပမေတုံ၊ နှိုင်းယှဉ်ခြင်းငှါ။ သစေဟိပရိကပ္ပေယျ၊ အကယ်၍ကြံငြားအံ့။ သော၊ ထိုသူသည်။ ဝိဃာတံဝ၊ ပင်ပန်းခြင်းကိုသာလျှင်။ လဘေယျ၊ ရရာ၏။
သကျပုတ္တ၊ သာကီဝင်မင်းသားဖြစ်တော်မူသော။ မဟာယသ၊ များသော အခြံအရံရှိတော်မူသော အရှင်ဘုရား။ တေ၊ အရှင်ဘုရား၏။ သာသနေ၊ သာသနာတော်၌။ ပတိဋ္ဌာယ၊ တည်၍။
ပညာယ၊ ပညာ၏။ ပါရမိံ ပါရမီသို့။ ဂန္တွာ၊ ရောက်၍။ အနာသဝေါ၊ အာသဝေါမရှိဘဲ။ ဝိဟရာမိ၊ နေ၏။
တိတ္ထိယေ၊ တိတ္ထိတို့ကို။ သံပမဒ္ဒါမိ၊ အကြောင်းနှင့်တကွ ကောင်းစွာနှိပ်နင်းနိုင်၏။ ဇိနသာသနံ၊ မြတ်စွာဘုရားအဆုံးအမတော်ကို။ ဝတ္တေမိ၊ ကျင့်၏။
သကျပုတ္တဿ၊ မြတ်စွာဘုရား၏။ သာသနေ၊ သာသနာတော်၌။ အဇ္ဇ၊ ယခု။ ဓမ္မသေနာပတိ၊ အရှင်သာရိပုတ္တရာသည်။ ဟောမိ၊ ဖြစ်ရ၏။
အပရိမေယျေ၊ မရေတွက်နိုင်သော တစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်းအထက်၌။ ကတံ၊ ပြုအပ်သော။ ကမ္မံ၊ ကုသိုလ်ကံသည်။ ဣဓ၊ ဤလောက၌။ မေ၊ ငါ့အား။ ဖလံ၊ အကျိုးကို။ ဒဿေသိ၊ ပြ၏။
သုခိတ္တော၊ ကောင်းစွာပစ်အပ်သော။ သရဝေဂေါ၊ မြှားအဟုန်သည်။ လက္ခံ၊ မှတ်တိုင်ကို။ ဝိဇ္ဈတိဣဝ၊ ပစ်သကဲ့သို့။ အဟံ၊ ငါသည်။ ကိလေသေ၊ ကိလေသာတို့ကို။ ဈာပယိံ၊ လောင်စေပြီ။
ယော ကောစိ၊ အမှတ်မဲ့သော။ မနုဇော၊ လူသည်။ ဘာရံ၊ ဝန်ကို။ မတ္ထကေ၊ ဉီးခေါင်း၌။ သဒါ၊ အခါခပ်သိမ်း။ ဓါရေယျ၊ ဆောင်ရာ၏။
ဘာရေန၊ ဝန်အားဖြင့်။ ဒုက္ခိတော၊ ဆင်းရဲခြင်းသို့ရောက်သည်။ အဿ၊ ဖြစ်ရာ၏။ တထာ၊ ထိုအခြင်းအရာဖြင့်။ ဘာရေဟိ၊ ဝန်တို့ဖြင့်။ ဘရိတောယထာ၊ ပြည့်သကဲ့သို့။
တထာ၊ ထိုအတူ။ တီဟဂ္ဂီဟိ၊ သုံးပါးသော မီးတို့ဖြင့်။ ဍယှမာနေါ၊ လောင်လျက်။ ဘဝေသု၊ ဘဝတို့၌။ အဟံ၊ ငါသည်။ သံသရိံ၊ ကျင်လည်ရပြီ။
နေရုံ၊ မြင့်မိုရ်တောင်ကို။ ဥဒ္ဓရိတောယထာ၊ ဉီးထိပ်အထက်တင်ရွက်သကဲ့သို့။ ဘဝဘာရေနံ၊ ဘဝတည်းဟူသော ဝန်ဖြင့်။ ဘရိတော၊ ပြည့်၏။
မေ၊ ငါသည်။ ဘာရော၊ ခန္ဓာဝန်ကို။ ဩရောပိတော စ၊ ချအပ်ပြီးသည်သာတည်း။ မယာ၊ ငါသည်။ ဘဝါ၊ ကိုးပါးသော ဘဝတို့ကို။ ဥဂ္ဃါဋိတာ၊ ဖျက်ဆီးအပ်ကုန်ပြီ။
သကျပုတ္တဿ၊ မြတ်စွာဘုရား၏။ သာသနေ၊ သာသနာတော်၌။ သဗ္ဗံ၊ အလုံးစုံသော။ ကရဏီယံ၊ ပြုဘွယ်ဟူသမျှကို။ ကထံ၊ ပြုအပ်ပြီ။
ဗုဒ္ဓခေတ္တမှိ၊ ဘုရားတည်းဟူသော ခေတ်၌။ ယာဝတာ၊ အကြင်မျှလောက်သော သတ္တဝါအနန္တတို့သည်။ သန္တိ၊ ရှိကုန်၏။ တေသု၊ ထိုသတ္တဝါတို့တွင်။ သကျပုင်္ဂဝံ၊ မြတ်စွာဘုရားကို။ ဌပေတွာ၊ ထား၍။
အဟံ၊ ငါသည်။ ပညာယ၊ ပညာဖြင့်။ အဂ္ဂေါ၊ မြတ်သည်။ အမှိ၊ ဖြစ်၏။ မေ၊ ငါနှင့်။ သဒိသော၊ တူသောသူသည်။ န ဝိဇ္ဇတိ၊ မရှိ။
သမာဓိမှိ၊ သမာဓိ၌။ သုကုသလော၊ အလွန်လိမ္မာ၏။ ဣဒ္ဓိယာ၊ တန်ခိုးဖြင့်။ ပါရမိံ ဂတော၊ ပြီးဆုံးခြင်းသို့ရောက်၏။
အဟံ၊ ငါသည်။ အဇ္ဇ၊ ယခု။ ဣစ္ဆမာနော စ၊ အလိုရှိမူကား။ သဟဿံ၊ အထောင်မျှလောက်။ အဘိနိမ္မိနေ၊ ဖန်ဆင်းနိုင်၏။
အနုပုဗ္ဗဝိဟာရဿ၊ အစဉ်အတိုင်းဝင်စားအပ်သော ကိုးပါးသော သမာပတ်၌။ ဝသီဘူတော၊ လေ့လာခြင်းသို့ရောက်တော်မူသော။ မဟာမုနိ၊ မြတ်စွာဘုရားသည်။
မယှံ၊ ငါ့အား။ သာသနံ၊ အဆုံးအမတော်၏။ ကထေသိ၊ ဆိုတော်မူ၍။ နိရောဓေါ၊ နိရောဓသမာပတ်။ မမ၊ ငါ၏။ သယနံ၊ ကျောင်းအိပ်ရာနေရာတည်း။
မေ၊ ငါ၏။ ဒိဗ္ဗစက္ခု၊ ဒိဗ္ဗစက္ခုအသိညာဏ်သည်။ ဝိသုဒ္ဓံ၊ စင်ကြယ်၏။ အဟံ၊ ငါသည်။ သမာဓိကုသလော၊ သမာဓိ၌ လိမ်မာ၏။
သမ္မပ္ပဓါနာနုယုတ္တော၊ သမ္မပ္ပဓာန်လုံ့လနှင့်အခါခပ်သိမ်းယှဉ်၏။ ဗောဇ္ဈင်္ဂဘာဝနာရတော၊ ဗောဇ္ဈင်္ဂခုနှစ်ပါးကိုပွားများခြင်း၌မွေ့လျော်၏။
သာဝကေန၊ တပည့်သားတော်သည်။ ပတ္တဗ္ဗံ၊ ရောက်အပ်သော။ သဗ္ဗမေဝ၊ အလုံးစုံသော ပြုကောင်းဘွယ်ကိုသာလျှင်။ မမ၊ ငါသည်။ ကတံ၊ ပြုအပ်ပြီ။
လောကနာထံ၊ မြတ်စွာဘုရားကို။ ဌပေတွာန၊ ထား၍။ မေ၊ ငါ့အား။ သဒိသော၊ တူသော သူသည်။ န ဝိဇ္ဇတိ၊ မရှိ။
သမာပတ္တီနံ၊ သမာပတ်ကိုးပါး၌။ ကုသလော၊ လိမ်မာသည်။ အသ္မိ၊ ဖြစ်၏။ ဈာနဝိမောက္ခာန ခိပ္ပပဋိလာဘီ၊ ဈာန်ဝိမောက္ခကိုလျှင်စွာရသည်။ အသ္မိ၊ ဖြစ်၏။
ဗောဇ္ဈင်္ဂဘာဝနာရတော၊ ဗောဇ္ဈင်ခုနှစ်ပါးကိုပွားများခြင်း၌ မွေ့လျော်သည်။ အသ္မိ၊ ဖြစ်၏။ သာဝကဂုဏပါရမိဂတော၊ သာဝကပါရမီအဆုံးသို့ရောက်သည်။ အသ္မိ၊ ဖြစ်၏။
သာဝကပါရမိဂတော၊ သာဝကပါရမီအဆုံးသို့ရောက်သည်။ အသ္မိ၊ ဖြစ်၏။ ပုရိသုတ္တမ၊ ယောက်ျားမြတ်ဖြစ်တော်မူသောအရှင်ဘုရား။ ဖုဿေန၊ ရောက်အပ်သော။ သာဝကဂုဏေနပိ၊ သာဝကဂုဏ်နှင့်လည်းကောင်း။ ဗုဒ္ဓိယာ၊ တစ်ဆယ့်ခြောက်ဖြာပညာနှင့်လည်းကောင်း။
သမ္ပန္နောပိ၊ ပြည့်စုံသော်လည်း။ သဗြဟ္မစာရီသု၊ သီတင်းသုံးဖေါ်တို့၌။ သဒါ၊ အခါခပ်သိမ်း။ သဗ္ဗေသံ၊ ခပ်သိမ်းကုန်သောသူတို့၏။ သဟိတံ၊ အကျိုးစီးပွားရှိသော။ စိတ္တံ၊ စိကိုလည်းကောင်း။ ဂါရဝံ၊ ရိုသေခြင်းကို။ ကရောဓိ၊ ပြု၏။
ဥဒ္ဓတဝိသော၊ ချိုးနှက်ဖျက်ဆီးအပ်ပြီးသော အဆိပ်ရှိသော။ သပ္ပေါဝ၊ မြွေကဲ့သို့။ ဆိန္နဝိသာဏော၊ ချိုးအပ်ပြီးသော ဉီးချိုရှိသော။ ဥသဘော၊ နွားလားကဲ့သို့။
နိက္ခိတ္တမာနဒဗ္ဗောဝ၊ ချအပ်ပြီးသော ထောင်လွှားခြင်းမာနရှိသည်ဖြစ်၍သာလျှင်။ ဂရုဂါရဝေန၊ ရိုသေလေးမြတ်ခြင်းဖြင့်။ ဂဏံ၊ ရဟန်းအပေါင်းသို့။ ဥပေမိ၊ ဆည်းကပ်ဝင်ရောက်၏။
မေ၊ ငါ၏။ ပညာ၊ ပညာသည်။ ရူပိနီ၊ ရုပ်မှိသည်။ ယဒိ ဘဝေယျ၊ အကယ်၍ဖြစ်ငြားအံ့။ ဧဝံသတိ၊ ဤသို့ဖြစ်သည်ရှိသော်။ ဝသုမတီ၊ မြေကြီးသည်။ န သမေယျ၊ မမှုရာ။
ဧတံဖလံ၊ ဤအကျိုးသည်။ အနောမဒဿိဿ၊ အနောမဒဿီအမည်တော်ရှိသော။ ဘဂဝတော၊ မြတ်စွာဘုရား၏။ ဉာဏထဝနာယ၊ ဉာဏ်တော်ကို ချီးမြှင့်ခြင်း၏။ ဖလံ၊ အကျိုးတည်း။
တာဒိနာ၊ တာဒိဂုဏ်နှင့်ပြည့်စုံတော်မူသော။ သကျပုတ္တေန၊ သာကီဝင်မင်းသားဖြစ်တော်မူသော မြတ်စွာဘုရားသည်။ ပဝတ္တိတံ၊ ဖြစ်စေအပ်သော။ သဗ္ဗံ၊ အလုံးစုံသော။ ဓမ္မစက္ကံ၊ ဓမ္မစကြာတရားကို။
အဟံ၊ ငါသည်။ အနုဝတ္တေသိံ၊ အတုလိုက်၍ဖြစ်စေပြီ။ ဣဒံဖလံ၊ ဤအကျိုးသည်။ ဉာဏထဝနာယ၊ ဉာဏ်တော်ကို ခြီးမွမ်းခြင်း၏။ ဖလံ၊ အကျိုးတည်း။
ပါပိစ္ဆော၊ ယုတ်မာသော အလိုရှိသော သူသည်လည်းကောင်း။ ကုသီတော၊ ပျင်းရိသော သူသည်လည်းကောင်း။ ဟီနဝီရိယော၊ လျော့သောဝီရိယရှိသော သူသည်လည်းကောင်း။
အပ္ပဿုတော၊ နည်းသော အကြားအမြင်ရှိသော သူသည်လည်းကောင်း။ အနာစာရော၊ မကောင်းသော အကျင့်ရှိသော သူသည်လည်းကောင်း။ ကတ္ထစိ၊ တစ်စုံတစ်ခုသော အရပ်၌။ မေ၊ ငါနှင့်။ သမေတော၊ တကွပေါင်းဖော်ရခြင်းသည်။ မာအဟု၊ မဖြစ်စေလင့်။
ဗဟုဿုတော စ၊ များသော အကြားအမြင်ရှိသော သူသည်လည်းကောင်း။ မေဓါဝီ၊ လျှင်သော ပညာရှိသော သူသည်လည်းကောင်း။ သီလေသု၊ သီလတို့၌။ သမာဟိတော၊ ကောင်းစွာတည်ကြည်သော သူသည်လည်းကောင်း။
စေတောသမထာနုယုတ္တော၊ စိတ်၏တည်ကြည်ခြင်း ပဌမဈာန် သမာဓိစ သည်၌ အဖန်တလဲလဲယှဉ်သောသူသည်လည်းကောင်း။ မုဒ္ဓနိအပိ၊ ထိပ်ထက်၌ပင်သော်လည်း။ တိဋ္ဌတု၊ တည်ပါစေ။
ဘဒ္ဒန္တေ၊ အရှင်ကောင်းတို့။ ဝေါ၊ အရှင်ကောင်းတို့အား။ တံကရဏံ၊ ထိုအကြောင်းကို။ အဟံ၊ ငါသည်။ ဝဒါမိ၊ ဆိုအံ့။ ယာဝန္တော၊ အကြင်မျှလောက်သော အရှင်ကောင်းတို့သည်။ ဧတ္ထ၊ ဤပရိတ်သတ်၌။ သမာဂတာ၊ အညီအညွတ်လာကုန်၏။
တာဝန္တေ၊ ထိုမျှလောက်ကုန်သော အရှင်ကောင်းတို့သည်။ အပ္ပိစ္ဆာ၊ နည်းသော အလိုရှိကုန်သည်။ ဟောထ၊ ဖြစ်ကြကုန်သော။ သန္တုဋ္ဌာ၊ ရောင့်ရဲလွယ်ကုန်သည်။ ဟောထ၊ ဖြစ်ကြကုန်သော။ သဒါ၊ အခါခပ်သိမ်း။ ဈာယီ၊ ဈာန်ဝင်စားလေ့ရှိကုန်သည်။ ဟောထ၊ ဖြစ်ကုန်သော။ ဈာနရတာ၊ ဈာန်၌မွေ့လျော်ကြကုန်သည်။ ဟောထ၊ ဖြစ်ကြကုန်လော။
အဟံ၊ ငါသည်။ ယံထေရံ၊ အကြင်အဿဇိမထေရ်ကို။ ပဌမံ၊ ရှေးဉီးစွာ။ ဒိသွာ၊ မြင်ရ၍။ ဝိရဇော၊ ကင်းသော မြူရှိသော။ ဝိမလော၊ ကင်းသော အညစ်အကြေးရှိသည်။ အဟုံ၊ ဖြစ်ပြီ။
အာစရိယော၊ ဆရာဖြစ်သော။ သော ဓိရော၊ အကြင်ပညာရှိသည်။ အဿဇိ နာမ၊ အာဿဇိအမည်ရှိသော။ သာဝကော၊ တပည့်သားတော်တည်း။
အဟံ၊ ငါသည်။ တဿ၊ ထိုအဿဇီတမထေရ်၏။ ဝါဟသာ၊ အစွမ်းကြောင့်။ အဇ္ဇ၊ ယခု။ ဓမ္မသေနာပတိ၊ အရှင်သာရိပုတ္တရာသည်။ အဟုံ၊ ဖြစ်ပြီ။
သဗ္ဗတ္ထ၊ ခပ်သိမ်းသော သာဝကပါရမီဉာဏ်၌။ ပါရမီဂတော၊ အဆုံးသို့ရောက်သည်ဖြစ်၍။ အနာသဝေါ၊ အာသဝေါကင်းသည်ဖြစ်၍။ ဝိဟရာမိ၊ နေ၏။
မေ၊ ငါ၏။ အာစရိယော၊ အကြင်ဆရာသည်။ အဿဇိ နာမ၊ အဿဇိအမည်ရှိသော။ သာဝကော၊ တပည့်သားတော်သည်။ အာသိ၊ ဖြစ်၏။
သော၊ ထိုအဿဇိမထေရ်သည်။ ယဿံ ဒိသာယံ၊ အကြင်အရပ်၌။ ဝသတိ၊ နေ၏။ တံဒိသံ၊ ထိုအရပ်ကို။ အဟံ၊ ငါသည်။ ဥဿိသမှိ၊ ဉီးခေါင်းရင်း၌။ ကရောမိ၊ ပြု၏။
မမ၊ ငါ၏။ ကမ္မံ၊ ရှေးကပြုခဲ့ဘူးသော ကံကို။ သရိတွာန၊ အောက်မေ့တော်မူ၍။ ဂေါတမော၊ ဂေါတမအမည်ရှိသော။ သကျပုင်္ဂဝေါ၊ ဘုရားမြတ်စွာသည်။
ဘိက္ခုသံဃေ၊ ရဟန်းသံဃာ၌။ နိသီဒိတွာ၊ ထိုင်တော်မူ၍။ မံ၊ ငါကို။ အဂ္ဂဋ္ဌာနေ၊ မြတ်သော အရာ၌။ ဌပေသိ၊ ထားတော်မူ၏။
မယှံ၊ ငါသည်။ ကိလေသာ၊ ကိလေသာတို့ကို။ ဈာပိတာ၊ မဂ်ဉာဏ်မီးဖြင့် ‌လောင်စေအပ်ကုန်ပြီ။ သဗ္ဗေ၊ ခပ်သိမ်းသော။ ဘဝါ၊ ကိုးပါးသော ဘဝတို့ကို။ သမူဟတာ၊ ကောင်းစွာနုတ်အပ်ကုန်ပြီ။
နာဂေါ၊ ဆင်ပြောင်သည်။ ဗန္ဓနံ၊ အဘွဲ့ကို။ ဆေတွာ၊ ဖြတ်၍။ ဝိဟရတိဣဝ၊ နေသကဲ့သို့။ ဗန္ဓနံ၊ သံယောဇဉ်ဆယ်ပါးကို။ ဆေတွာ၊ ဖြတ်သောကြောင့်။ အနာသဝေါ၊ အာသဝေါကင်းသည်ဖြစ်၍။ ဝိဟရာမိ၊ နေရ၏။
ဗုဒ္ဓသေဋ္ဌဿ၊ ဘုရားမြတ်၏။ သန္တိကေ၊ အထံတော်၌။ မေ၊ ငါ၏။ အာဂတံ၊ လာရခြင်းကား။ ဝတ၊ စင်စစ်။ သွာဂတံ၊ ကောင်းသော လာခြင်းတည်း။
တိဿော ဝိဇ္ဇာ၊ သုံးပါးသော ဝိဇ္ဇာတို့သို့။ အနုပ္ပတ္တာ၊ အစဉ်ရောက်အပ်ကုန်ပြီ။ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏။ သာသနံ၊ အဆုံးအမတော်ကို။ ကတံ၊ လိုက်နာရပြီ။
စတဿော၊ လေးပါးကုန်သော။ ပဋိသမ္ဘိဒါ စ၊ ပဋိသမ္ဘီဒါတို့ကိုလည်းကောင်း။ အဌ၊ ရှစ်ပါးကုန်သော။ ဣမေဝိမောက္ခာပိ ‌ေ၊ ဤဝိမောက္ခတို့ကိုလည်းကောင်း။
ဆဠဘိညာ၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း။ သစ္ဆိကတာ၊ မျက်မှောက်ပြုအပ်ကုန်ပြီ။ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏။ သာသနံ၊ သာသနာတော်ကို။ ကတံ၊ ပြုအပ်ပြီ။
ဣတ္ထံ၊ အသို့လျှင်။ အာယသ္မာ၊ ရှည်သော သက်တော်ရှိသော။ သာရိပုတ္တ ထေရော၊ သာရိပုတ္တရာမထေရ်သည်။ ဣမာ ဂါထာယော၊ ဤဂါထာတို့ကို။
အဘာသိတ္ထ၊ ရွတ်ဆိုပြီ။
ဣတိဣမိနာနုတ္တမေန၊ ဤသို့သော သဒ္ဒါအစဉ်အနက်အစဉ်ဖြင့်။ သာရိပုတ္တထေရဿ၊ အရှင်သာရိပုတ္တရာမထေရ်၏။ ပဌမံ၊ ရှေးဉီးစွာသော။ အပဒါနံ၊ အပဒါန်သည်။ သမတ္တံ၊ ပြီးပြီ။