Issues
Select Version
နိဿယ
မြန်မာဘာသာ
Therāpadānapāḷi(Paṭhamo bhāgo)
Therāpadānapāḷi(Paṭhamo bhāgo)

7. Vatthadāyakattheraapadānaṃ

Author: နိဿယ @ IAPT

တဒါ၊ ထိုအခါ၌။ ပက္ခိဇာတော၊ ငှက်မျိုးဖြစ်သော။ ဂရုဠာဓိပေါ၊ ဂဠုန်တို့၏ အရှင်ဖြစ်သော။ သုပဏ္ဏော၊ ဂဠုန်မင်းသည်။ အာသိံ၊ ဖြစ်ပြီ။
ဂန္ဓမာဒနံ၊ ဂန္ဓမာဒနတောင်သို့။ ဂစ္ဆန္တံ၊ ကြွတော်မူသော။ ဝိရဇံ၊ မြူကြေးညှင်းကင်းတော်မူသော။ ဗုဒ္ဓံ၊ မြတ်စွာဘုရားကို။ အဒ္ဒသံ၊ မြင်ပြီ။
ဂရုဠဝဏ္ဏံ၊ ဂဠုန်သဏ္ဍာန်ကို။ ဇဟိတွာ၊ စွန့်၍။ မာဏဝကံ၊ လုလင်အသွင်ကို။ အဓါရယိံ၊ ဆောင်ပြီ။
ဒွိပဒိန္ဒဿ၊ အခြေနှစ်ချောင်းရှိသော သတ္တဝါတို့ကို အစိုးရတော်မူသော။ တာဒိနော၊ တာဒိဂုဏ်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားအား။ ဧကံ ဝတ္ထံ၊ တထည်သော အဝတ်ကို။ မယာ၊ ငါသည်။ ဒိန္နံ၊ လှူအပ်ပြီ။
တဉ္စ ဒုဿံ၊ ထိုပုဆိုးကိုလည်း။ လောကဂ္ဂနာယကော၊ လူတို့ကို မြတ်သော နိဗ္ဗာန်သို့ ဆောင်ပေတတ်သော။ ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်။ ပဋိဂ္ဂယှ၊ ခံတော်မူ၍။
အန္တလိက္ခေ၊ ဟင်းလင်းအပြင် မိုးကောင်းကင်၌။ ဌိတော၊ ရွှေစက်မဖြန့်တန့်တော်မူလျက်။ သတ္ထာ၊ မြတ်စွာဘုရားသည်။ ဣမာ ဂါထာ၊ ဤဂါထာတို့ကို။ အဘာသထ၊ ရွတ်ဆိုတော်မူ၏။
ဣမိနာ ဝတ္ထဒါနေန၊ ဤအဝတ်အလှူကြောင့်လည်းကောင်း။ စိတ္တဿ၊ စိတ်၏။ ပဏိဓီဟိ စ၊ တောင့်တခြင်းတို့ဖြင့်လည်းကောင်း။
ဂရုဠံ ယောနိံ၊ ဂဠုန်အမျိုးကို။ ပဟာယ၊ ပယ်၍။ ဒေဝလောကေ၊ နတ်ပြည်၌။ ရမိဿတိ၊ မွေ့လျော်လတ္တံ့။
လောကဇေဋ္ဌော၊ လူတို့၏အကြီးအမှူးဖြစ်တော်မူသော။ နရာသဘော၊ လူတို့၏ အမြတ်ဖြစ်တော်မူသော။ အတ္ထဒဿီ တု ဘဂဝါ၊ အတ္ထဒဿီမြတ်စွာဘုရားသည်ကား။
ဝတ္ထဒါနံ၊ အဝတ်အလှူကို။ ပသံသိတွာ၊ ခြီးမွမ်းတော်မူ၍။ ဥတ္တရာမုခေါ၊ မြောက်သို့ရှေးရှုမျက်နှာမူလျက်။ ပက္ကာမိ၊ ဖဲကြွတော်မူ၏။
ဘဝေ၊ ဘဝသံသရာ၌။ နိဗ္ဗတ္တမာနမှိ၊ ကျင်လည်သည်ရှိသော်။ မေ၊ ငါအား။ ဝတ္ထသမ္ပဒါ၊ အဝတ်၏ပြည့်စုံခြင်းတို့သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။
အာကာသေ၊ ကောင်းကင်၌။ ဆဒနံ၊ အမိုးသည်။ ဟောတိ၊ ဖြစ်၏။ ဣဒံဖလံ၊ ဤအကျိုးသည်။ ဝတ္ထဒါနဿ၊ ပုဆိုးအလှူ၏။ ဖလံ၊ အကျိုးတည်း။
အရုဏဝါ၊ အရုဏအမည်ရှိကုန်သော။ မဟဗ္ဗလာ၊ များသော ဗိုလ်ပါအားရှိကုန်သော။ စက္ကဝတ္တီ၊ စကြာရတနာကိုလည်စေတတ်ကုန်သော။ သတ္တ ဇနာ၊ ခုနှစ်ကြိမ်သောမင်းတို့သည်။
မနုဇာဓိပါ၊ လူတို့၏အဓိပတိဖြစ်ကုန်သော။ သတ္တဇနာ၊ ခုနှစ်ကြိမ်သောမင်းတို့သည်။ ဆတ္တိံသတိကပ္ပမှ၊ သုံးဆယ့်ခြောက်ကပ်ထက်၌။ အာသိံသု၊ ဖြစ်ကုန်၏။
စတဿော၊ လေးပါးကုန်သော။ ပဋိသမ္ဘိဒါ၊ ပဋိသမ္ဘီဒါတို့ကိုလည်းကောင်း။ အဋ္ဌ၊ ရှစ်ပါးကုန်သော။ ဣမေဝိမောက္ခာပိစ၊ ဤဝိမောက္ခတို့ကိုလည်းကောင်း။ ဆဠာဘိညာ၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း။ သစ္ဆိကတာ၊ မျက်မှောက်ပြုအပ်ကုန်ပြီ။ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏။ သာသနံ၊ အဆုံးအမတော်ကို။ ကတံ၊ ပြုအပ်ပြီ။
ဣတ္ထံ၊ ဤသို့လျှင်။ အာယသ္မာ ဝတ္ထဒါယကော ထေရော၊ အရှင်ဝတ္ထဒါယကမထေရ်သည်။ ဣမာ ဂါထာယော၊ ဤဂါထာတို့ကို။ အဘာသိတ္ထ၊ ရွတ်ဆိုတော်မူပြီ။
ဣတိဣမိနာနုက္ကမေန၊ ဤသို့သော သဒ္ဒါအစဉ် အနက်အစဉ်ဖြင့်။ ဝတ္ထဒါယကတ္ထေရဿ၊ ဝတ္ထဒါယကမထေရ်၏။ သတ္တမံ၊ ခုနှစ်ခုမြောက်သော။ အပဒါနံ၊ အပဒါန်သည်။ သမတ္တံ၊ ပြီးပြီ။