Issues
Select Version
နိဿယ
မြန်မာဘာသာ
法护-Dhammapāla
中文
Suttanipātapāḷi
Suttanipātapāḷi

ကိံသီလသုတ်

Author: နိဿယ @ IAPT

ကိံသီလသုတ်

ဘန္တေဘဂ၀ါ၊ ဘုန်းတော်ကြီးသော မြတ်စွာဘုရား။ ကိံသီလော၊ အဘယ်သို့သောဝါရိတ္တသီလရှိသော။ ကိံသမာစာရော၊ အဘယ်သို့သောစာရိတ္တသီလရှိသော။ ကာနိကမ္မာနိ၊ အဘယ်သို့သောကာယကံစသည်တို့ကို။ ဗြူဟယံဗြူဟယန္တော၊ ပွါးစေသော။ နရော၊ ပုဂ္ဂိုလ်သည်။ သမာနိဝိဋ္ဌော၊ သာသနာ၌ အလွန်နှစ်သက် မွေ့လျော်သည်ဖြစ်၍ ကောင်းစွာ တည်သည်။ အဿ၊ ဖြစ်ရာသနည်း။ ဥတ္တမတ္ထဉ္စ၊ အချင်းခပ်သိမ်းအားဖြင့် မြတ်သောအရဟတ္တဖိုလ်သိုလည်း။ ပါပုဏေ၊ ရောက်ရာသနည်း။ ။
သာရိပုတ္တ၊ သာရိပုတ္တရာ။ ဝုဍ္ဎံပစာယီ၊ ပညာဂုဏ်တို့ဖြင့် ကြီးကုန်သောသူတို့အားအရိုအသေပြုလေ့ရှိသည်လည်း။ သိယာ၊ ဖြစ်ရာ၏။ အနုသူယကောပ၊ ထိုကြီးသောသူတို့အားလာဘ်စသည်တို့ကြောင့်ငြူစူခြင်းမရှိသည်လည်း။ သိယာ၊ ဖြစ်ရာ၍။ ဂရူနံ၊ အလေးပြုအပ်ကုန်သော ဆရာဥပဇ္ဈာယ်တို့အား။ ဒဿနာယ၊ ဖူးမြင်ခြင်းငှါ။ ကာလညူစ၊ အခါကိုသိသည်လည်း။ အဿ၊ ဖြစ်ရာ၏။ ရေယိတံ၊ ဟောကြားအပ်သော။ ဓမ္မိကထံ၊ သမထဝိပဿနာနှင့်ယှဉ်သောတရားစကားကို။ သုဏေယျ၊ ကောင်းစွာနာရာ၏။ ခဏညူ၊ ထိုကထာ၏ရခဲသောခဏကိုသိသည်ဖြစ်၍။ သက္ကစ္စံ၊ ရိုသေစွာ။ သုဏေယျ၊ နာရာ၏။ အညာနိ၊ တပါးကုန်သော။ သုဘာသိကာနိ၊ ဘုရားဂုဏ်စသည်နှင့်ယှဉ်၍ ကောင်းစွာဟောကုန်သော တရားစကားတို့ကိုလည်း။ သက္ကစ္စံ၊ ရိုသေစွာ။ သုဏေယျ၊ ကောင်းစွာနာရာ၏။ ။
ကာလေန၊ ဆရာ၏ သင့်တင့် လျောက်ပတ်သောကာလ၌။ သကာသံ၊ မိမိ၏နေရာ၌ချမ်းငြိမ်းစွာနေသည်ကို။ သလ္လက္ခေတွာ၊ မှတ်၍။ ထမ္ဘံ၊ ခက်ထန်သော အပြစ်ကိုပြတတ်သောငါဟူသောမာန်ကို။ နိရံကတွာ၊ ကင်းသည်ကိုပြု၍။ နိဝါတဝုတ္တိ၊ နိမ့်ချသော ဖြစ်ခြင်းရှိသည်။ ဟုတွာ၊ ဖြစ်၍။ ဂရူနံ၊ ဆရာတို့သို့။ ဂစ္ဆေ၊ ဆည်းကပ်ရာ၏။ အတ္ထံစ၊ ပါဠိ၏အနက်ကိုလည်းကောင်း။ ဓမ္မံစ၊ ပါဠိကိုလည်းကောင်း။ သံယမံစ၊ သီလကိုလည်းကောင်း။ ဗြဟ္မစရိယဉ္စ၊ ကြွင်းသောသာသနာတည်းဟူသောဗြဟ္မစရိယကိုလည်းကောင်း။ အနုဿရေစေဝ၊ အောက်မေ့လည်းအောက်မေ့ရာ၏။ သမာစရေစ၊ ဆောက်တည်၍ကောင်းစွာကျင့်လည်းကျင့်ရာ၏။ ။
ဓမ္မရာမောစ၊ မွေ့လျော်အပ်ပြီးသောသမထဝိပဿနာဓမ္မရှိသည်လည်းကောင်း။ ဓမ္မရတောစ၊ သမထဝိပဿနာဓမ္မဖြင့် နှစ်သက်သည်လည်းကောင်း။ ဓမ္မေ၊ ထိုနှစ်ပါးသောဓမ္မ၌။ ဌိတောစ၊ တည်သည်လည်းကောင်း။ ဓမ္မဝိနိစ္ဆယညူစ၊ ဓမ္မအဆုံးအဖြတ်ကို သိသည်လည်းကောင်း။ အဿ၊ ဖြစ်ရာ၏။ ဓမ္မသန္ဒောသဝါဒံ၊ သမထဝိပဿနာဓမ္မကို ဖျက်တတ်သော ရာဇကထာစသောတိရစ္ဆာနကထာကို။ နေဝစရေ၊ မပြောဟောရာ။ တစ္ဆေဟိ၊ သမထဝိပဿနာနှင့်ယှဉ်ကုန်သည်ဖြစ်၍မှန်ကုန်သော။ သုဘာသိတေဟိ၊ ကောင်းစွာ ဟောကြားအပ်ကုန်သောဓမ္မကထာတို့ဖြင့်သာလျှင်။ နိ‌ယျေ၊ ကာလကိုကုန်စေရာ။ ။
ဟသဉ္စ၊ ရယ်မြူးခြင်းကို လည်းကောင်း။ ဇပ္ပဉ္စ၊ အကျိုးမရှိသောစကားကို ပြောခြင်းကိုလည်းကောင်း။ ပရိဒေ၀ဉ္စ၊ ဉာတိဗျသနစသည်ဖြင့်ငိုကြွေးခြင်းကိုလည်းကောင်း။ ပဒေါသဉ္စ၊ ဆူးစူးခြင်းစသည်၌ဖြစ်သောမသာယာခြင်းလည်းကောင်း။ မာယာကတံ၊ လှည့်ပတ်ခြင်းမာယာကိုလည်းကောင်း။ ကုဟနဉ္စ၊ သုံးပါးအပြားရှိသောအံ့ဖွယ်ပြုခြင်းကိုလည်းကောင်း။ ဂိဒ္ဓိစ၊ ပစ္စည်းတို့၌ မက်မောခြင်းကို လည်းကောင်း။ မာနဉ္စ၊ မာန်ကိုလည်းကောင်း။ သာရမ္ဘဉ္စ၊ ဇာတိစသည်ဖြင့်ဆန့်ကျင်ဘက်၌ သာယာသောသူ၏အဖြစ်တည်းဟူသောချုတ်ချယ်နှိပ်စက်ခြင်းကို လည်းကောင်း။ ကက္ကသဉ္စ၊ ကြမ်းတန်းသောစကားကိုဆိုခြင်းကိုလည်းကောင်း။ကသာဝဉ္စ= ရာဂစသောဖန်ရည်ကိုလည်းကောင်း။ မုစ္ဆံစ၊ လွန်စွာတပ်မက်ခြင်းလက္ခဏာရှိသောမိန်းမောခြင်းကို လည်းကောင်း။ ဣမေဒေါသေ၊ ဤအပြစ်တို့ကို။ ဟိတွာ၊ ပယ်စွန့်၍။ ဝီကမဒေါ၊ အာရောဂျမဒစသော ကင်းသော ယစ်ခြင်းရှိသည်။ ဌိတတ္တော၊ ပျံ့လွင့်ခြင်းမရှိတည်ကြည်သောစိတ်ရှိသည်။ ဟုတွာ၊ ဖြစ်၍။ စရေ၊ ကျင့်ရာ၏။ ။
သုဘာသိတာနိ၊ သမထဝိပဿနာနှင့် ယှဉ်ကုန်သည်ဖြစ်၍ကောင်းစွဟောာကုန်သောကထာတို့သည်။ ဝိညာထသာရာနိ၊ ထိုကထာတို့ကိုသိကြောင်းဖြစ်သောသုတမယဉာဏ်ဟူသော အနှစ်ရှိကုန်၏။ သုတဉ္စ၊ ကြားနာအပ်ကုန်သော သုတမယဉာဏ်သည်လည်း။ ဝိညာတသမာဓိသာရံ၊ သမထဝိပဿနာဓမ္မတို့ကိုသိအပ်ကုန်ပြီးသောသမာဓိဟူသောအနှစ်ရှိ၏။ ယောနရော၊ အကြင်ပုဂ္ဂိုလ်သည်။ သာဟသောစ၊ ရာဂအစရှိသည်၏အစွမ်းဖြင့်ဖြစ်၍ မစူးမစမ်း ရွှင်မြူးခြင်းရှိသည်လည်းကောင်း။ ပမတ္တောစ၊ ကုသိုလ်တရားတို့ကို ပွါးစေခြင်းငှါ မပြတ်ပြုခြင်း၌မေ့လျော့ခြင်းရှိသည်လည်းကောင်း။ ဟောတိ၊ ဖြစ်၏။ တဿ၊ ထိုသူအား။ ပညာစ၊ ကောင်းစွာဟောအပ်သော ကထာကိုသိသော ပညာသည်လည်းကောင်း။ သုတဉ္စ၊ ဟောကြားအပ်သောသုတသည်လည်းကောင်း။ နဝဍ္ဎတိ၊ မပွါး။ ။
အရိယပဝေဒိတေ၊ ဘုရားတို့သည် ဟောကြားအပ်ပြီးထသော။ ဓမ္မေ= သမထဝိပဿနာတရား၌။ ယေ၊ အကြင်ပုဂ္ဂိုလ်တို့သည်။ ရတာစ၊ မွေ့လျော်ကုန်သည်ဖြစ်၍မမေ့မလျော့မပြတ်ပြုလေ့ရှိကုန်သည်လည်း။ ဟောန္တိ၊ ဖြစ်ကုန်၏။ ဝစသာစ၊ လေးပါးသောဝစီသုစရိုက်ဖြင့်လည်းကောင်း။ မနသာစ၊ သုံးပါးသော မနောသုစရိုက်ဖြင့်လည်းကောင်း။ ကမ္မုနာစ၊ သုံးပါးသောကာယကံဖြင့်လည်းကောင်း။ အနုတ္တရာစ၊ ကြွင်းသောသတ္တဝါတို့နှင့်မတူထူးမြတ်ကုန်သည်လည်းကောင်း။ ဟောန္တိ၊ ဖြစ်ကုန်၏။ တေ၊ ထိုပုဂ္ဂိုတ်တို့သည်။ သန္တိသော ရစ္စသမာဓိသဏ္ဌိတာ၊ နိဗ္ဗာန်၌ကောင်းစွာ မွေ့လျော်နှစ်သက်သောသူ၏ အဖြစ်တည်းဟူသော မဂ်ပညာမဂ်နှင့်သမ္ပယုတ် ဖြစ်သောသမာဓိ၌ကောင်းစွာ တည်ကုန်သည် ဖြစ်၍။ သုတဿစ၊ ကောင်းစွာဟောကြားအပ်သောဓမ္မကထာတည်းဟူသောသုတ၏ လည်းကောင်း။ ပညာယစ၊ ထိုဓမ္မကိုသိသော ပညာ၏ လည်းကောင်။ သာရံ၊ အနှစ်ဖြစ်သောအရဟတ္တဖိုလ်ကို။ အဇ္ဈဂူအဓိဂတ၊ ရကုန်၏။ ဣတိ၊ ဤသည်လျှင်အပြီးတည်း။ ။
ကိံသီလသုတ္တံ၊ ကိံသီလသုတ်တည်း။ ။