Issues
Select Version
နိဿယ
မြန်မာဘာသာ
Suttanipātapāḷi
Suttanipātapāḷi

ဟိရိသုတ်

Author: နိဿယ @ IAPT

ဟိရိသုတ်

ဝိဟရထံ၊ ရှက်ခြင်းကိုလွန်ထသော။ ဝိဇိဂုစ္ဆမာနံ၊ မကောင်းမှုကိုစက်ဆုပ်သောဟိရိကင်းထသော။ သမ္မ၊ အချင်း။ အဟံ၊ ငါသည်။ တဝ၊ သင်၏။ သဟာယော၊ အတူတကွချမ်းသာဆင်းရဲသော်လည်း။ အသ္မိ၊ ဖြစ်၏။ ဟိတကာမော၊ သင်၏အစီးအပွါးကိုအလိုရှိ၏။ ဣတိအာဒိနာ၊ ဤသို့စသည်ဖြင့်။ ဘာသမာနံ၊ ဆိုငြားသော်လည်း။ ဣတိ၊ ဤသို့။ ဝါစာဝါစာယ၊ စကားဖြင့်။ သေယှာနိ၊ ပြုခြင်းငှါတတ်ကောင်းကုန်သော။ ကမ္မာနိ၊ အဆွေခင်ပွန်း၏ အမှုတို့ကို။ အသမာဒိယန္တံ၊ ပြုခြင်းငှါ ကောင်းစွာမဆောက်တည်ထသော။ နံ၊ ထိုသူကို။ ဧသော၊ ဤသူကား။ မိတ္တပတိရူပကော၊ အဆွေခင်ပွန်း တုသာတည်း။ ဧသော၊ ဤသူကား။ မမ၊ ငါ၏။ နမိတ္တော၊ အဆွေခင်ပွန်းမဟုတ်။ ဣတိ၊ ဤသို့။ ပဏ္ဍိတော၊ ပညာရှိသည်။ ဝိဇညာ၊ အထူးသိရာ၏။ ။
ယော၊ အကြင်သူသည်။ အတ္ထနွယံ၊ အနက်သို့အစဉ်လိုက်သော။ ဝိယံ၊ ချစ်ဖွယ်သောစကားကို။ မိတ္တေသု၊ အဆွေခင်ပွန်းတို့၌။ ပကုဗ္ဗတိ၊ ပြော၏။ ဘာသမာနံ၊ သက်သက်စကားကိုသာဆို၍။ အကရောန္တံ၊ မပြုသော။ နံ၊ ထိုသူကို။ ဧသော၊ ဤသူကား။ ဝစီပရမော၊ စကားသာအတိုင်း အရှည်ရှိသည်ဖြစ်၍။ အမိတ္တော၊ ခင်ပွန်းမဟုတ်။ မိတ္တပတိရူပကော၊ အဆွေခင်ပွန်းတုသာတည်း။ ဣတိ၊ ဤသို့။ ပဏ္ဍိတာ၊ ပညာရှိတို့သည်။ ပရိဇာနန္တိ၊ ပိုင်းခြား၍သိကုန်၏။ ။
ယောမိတ္တော၊ အကြင်အဆွေခင်ပွန်းသည်။ ဘေဒါသံကိ၊ ကွဲပြားပျက်စီးခြင်းကိုသာအလိုရှိသည်ဖြစ်၍။ သဒါ၊ အခါခပ်သိမ်း။ အပ္ပမတ္တော၊ မမေ့မလျော့သည်ဖြစ်၍။ ရန္ဓမေဝ၊ စောဒနာခြင်းအပြစ်တင်ခြင်း၏ အကြောင်းအခွင့်ကိုသာလျှင်။ အနုပဿီ၊ ရှုလေ့ရှိ၏။ သောမိတ္တော၊ ထိုအဆွေခင်ပွန်းကို။ နသေဝိတဗ္ဗော၊ မမှီဝဲအပ်။ ပိတု၊ အဘ၏။ ဥရသိ၊ ရင်၌။ ပုတ္တော၊ သားသည်။ နိဗ္ဗိသင်္ကော၊ ရွံရှာခြင်းကင်းသည်ဖြစ်၍။ သေတိဣဝ၊ အိပ်သကဲ့သို့။ ယသ္မိံ၊ အကြင်အဆွေခင်ပွန်း၌။ မိတ္တော၊ အဆွေခင်ပွန်းတယောက်သည်။ နိဗ္ဗိသင်္ကော၊ ရွံရှာခြင်းကင်းသည်ဖြစ်၍။ သေတိ၊ အိပ်နေ၏။ ယောစ၊ အကြင်အဆွေခင်ပွန်းသည်တည်း။ စရေဟိ၊ သူတပါးတို့သည်။ အနေကသတဿံပိ၊ တထောင်မကသောအကြောင်းကိုလည်း။ ဝတွာ၊ ဆို၍။ အဘဇ္ဇော၊ မပျက်နိုင်သည်။ ‌ဟောတိ၊ ဖြစ်၏။ သောမိတ္တော၊ ထိုအဆွေခင်ပွန်းကောင်းကို။ ဝေ၊ စင်စစ်။ သေဝိတဗ္ဗော၊ မှီဝဲအပ်၏။ ။
ပါမောဇ္ဇကရဏံ၊ ဝမ်းမြောက်သောသူ၏အဖြစ်ကိုပြုတတ်သော။ ပသံသာဝဟနံ၊ ခြီးမွမ်းခြင်းကိုဆောင်တတ်ထသော။ သုခံ၊ ငြိမ်းချမ်းထသော။ ဋ္ဌာနံနာမ၊ သမ္မပ္ပဓာန်ဝီရိယ တည်းဟူသော အကြောင်းမည်သည်ကို။ ဖလာနိသံသော၊ ‌အကျိုးကိုအလိုရှိသောသူသည်။ ဘာ‌ဝေတိ၊ ပွါးစေ၏။ ဘာဝေန္တောစ၊ ပွါးစေသော်လည်း။ ပေါသံ၊ ယောက်ျားတို့အားလျောက်ပတ်သော။ ဓုရံ၊ ဝန်ကို။ ဝဟန္တော၊ ရွက်ဆောင်သည်ဖြစ်၍သာလျှင်။ ဌာနံ၊ သမ္မပ္ပဓာန်ဝီရိယတည်းဟူသောဌာနကို။ ဘာဝေတိ၊ ပွါးစေ၏။ ။
ပဝိဝေကရသံ၊ ကိလေသာတို့မှဆိတ်သောအားဖြင့် ဖြစ်သောအရဟတ္တဖိုလ်၏ရသကို။ ဥပသမဿစ၊ ကိလေသာတို့၏ငြိမ်းရာနိဗ္ဗာန်၏လည်း။ ရသံ၊ ထိုနိဗ္ဗာန်လျှင်အာရုံရှိသောသုခရသကို။ ပိဝိတွာ၊ သောက်၍။ ဓမ္မပီတိရသံ၊ နိဗ္ဗာန်တရား၌ဖြစ်သောပီတိ၏သုခရသကို။ ပိဝံပိဝန္တော၊ သောက်သောသူသည်။ နိဒ္ဒရောစ၊ ကိလေသာဟူသောအပူကင်းသည်လည်း။ ဟောတိ၊ ဖြစ်၏။ နိပ္ပါပေါစ၊ ပယ်အပ်ပြီးသောမကောင်းမှုကင်းသည်လည်း။ ဟောတိ၊ ဖြစ်၏။ တသ္မာ၊ ထိုကြောင့်။ ဧတံ၊ ဤရသသည်။ ရသာနံ၊ ရသတို့တွင်။ အဂ္ဂံ၊ မြတ်သောရသတည်း။
ဟိရိသုတ္တံ၊ ဟိရိသုတ်တည်း။ ။