ပုဏ္ဏကမာဏဝပုစ္ဆာ
အနေဇံ၊ တဏှာကင်းပြီးသော။
မူလဒဿာပိ၊ အကုသလမူလအစရှိကုန်သောမူလတို့ကိုမြင်တော်မူပြီးသောအရှင်ဘုရား။
အတ္ထိပဉှေန၊ ပြဿနာကိုအလိုရှိသဖြင့်။
အာဂမိံအာဂတော၊ လာသည်။
အမှိ၊ ဖြစ်၏။
ဣဿရော၊ ရသေ့တို့သည်လည်းကောင်း။
မနုဇာ၊ လူဖြစ်ကုန်သော။
ခတ္တိယာ၊ မင်းတို့သည်လည်းကောင်း။
ဗြာဟ္မဏာ၊ ပုဏ္ဏားတို့သည်လည်းကောင်း။
ကိံနိဿိတာ၊ အဘယ်ကိုမှီကုန်၍။
ဣဓသောကေ၊ ဤလောက၌။
ဒေဝတာနံ၊ နတ်တို့အား။
ယညံ၊ ဒေယျဓမ္မဖြင့်ပူဇော်ခြင်းကို။
ပုထု၊ များစွာ။
အကပ္ပယိံသု၊ ပြုပြင်ကုန်သနည်း။
ဘဂဝါ၊ မြတ်စွာဘုရား။
တံ၊ ထိုအကြောင်းကို။
ပုစ္ဆာမိ၊ မေးပါ၏။
တွံ၊ အရှင်ဘုရားသည်။
ဧတံအတ္ထံ၊ ထိုအကြောင်းကို။
ဗြူဟိ၊ ဟောတော်မူပါလော။
ဣတိ၊ ဤသို့။
အာယသ္မာပုဏ္ဏကော၊ အရှင်ပုဏ္ဏကသည်။
ပုစ္ဆိ၊ မေး၏။
ပုဏ္ဏက၊ ပုဏ္ဏက။
ယေကေစိ၊ အမှတ်မရှိကုန်သော။
ဣမေဣသယော၊ ဤရသေ့တို့သည်လည်းကောင်း။
မနုဇာ၊ လူဖြစ်ကုန်သော။
ဣမေခတ္တိယာ၊ ဤမင်းတို့သည်လည်းကောင်း။
ဣမေဗြာဟ္မဏာ၊ ဤပုဏ္ဏားတို့သည်လည်းကောင်း။
ဣတ္ထံ၊ ဤပြည့်စုံသောရူပါရုံအစရှိသည်တို့ကို။
အာသိသမာနာ၊ တောင့်တကုန်သည်ဖြစ်၍။
ဣဓလောကေ၊ ဤလောက၌။
ဒေဝတာနံ၊ နတ်တို့အား။
ယညံ၊ ဒေယျဓမ္မဖြင့်ပူဇော်ခြင်းကို။
ပုထု၊ များစွာ။
အကပ္ပယိံသု၊ ပြုရကုန်၏။
ဇရံ၊ အိုခြင်းဆင်းရဲကို။
သိတာ၊ မှီကုန်၍။
အကပ္ပယိံသု၊ ပြုကြကုန်၏။ ။
ဘဂဝါ၊ ဘုန်းတော်ကြီးသော။
မာရိသ၊ ဘုရားရှင်။
ယညပထေ၊ ယဇ်၌။
အပ္ပမတ္တာ၊ မမေ့မလျော့ကုန်သော သူတို့သည်။
ဇာတိံစ၊ ဖြစ်ခြင်းဇာတိကိုလည်းကောင်း။
ဇရံစ၊ အိုခြင်းဇရာကိုလည်းကောင်း။
အတာရုံ၊ ကူးမြောက်ကုန်ပြီဟူ၍။
ကစ္စိ၊ အဘယ်သို့နည်း။
သုတေ၊ ကြားဖူးပါသလော။
ဘဂဝါ၊ မြတ်စွာဘုရား။
တံ၊ ထိုအကြောင်းကို။
ပုစ္ဆာမိ၊ မေးပါ၏။
တွံ၊ အရှင်ဘုရားသည်။
ဧတံ၊ ဤအကြောင်းကို။
ဗြူဟိ၊ ဖြေကြားတော်မူလော။
ပုဏ္ဏက၊ ပုဏ္ဏက။
ယေ၊ အကြင်သူတို့သည်။
အာသိသန္တိ၊ ရူပါရုံကိုရခြင်းစသည်တို့ကိုတောင့်တကုန်၏။
ထောမယန္တိ၊ ယဇ်စသည်တို့ကိုခြီးမွမ်းကုန်၏။
အဘိဇပ္ပန္တိ၊ ရူပါရုံစသည်ကိုရခြင်းငှါစကားမြွက်ကုန်၏။
ဇုဟန္တိ၊ ပေးကမ်းကုန်၏။
လာဘံ၊ ရူပါရုံစသည်တို့ကိုရခြင်းကို။
ပဋိစ္စ၊ စွဲ၍။
ကာမာဘိဇပ္ပန္တိ၊ ကာမတို့ကိုသာလျှင်တောင့်တ၍ အဖန်တလဲလဲဆိုကုန်၏။
ယာဇယောဂါ၊ ယဇ်ကိုလုံ့လပြုကုန်သော။
တေ၊ ထိုရသေ့အစရှိကုန်သောသူတို့သည်။
ဣမေဟိအာသိသန္တာဒီဟိ၊ ဤရူပါရုံကိုရခြင်းစသည်တို့ကိုတောင့်တခြင်းတို့ဖြင့်။
ဘဝရာဂရတ္တာ၊ ဘဝရာဂဖြင့် တပ်ကုန်သည်ဖြစ်၍။
ဇာတိဇရံ၊ ဇာတိဇရာကို။
နာတရိံသု၊ မကူးမြောက်နိုင်ကုန်။
ဣတိ၊ ဤသို့။
အဟံ၊ ငါဘုရားသည်။
ဗြူမိ၊ ပြောကြားတော်မူ၏။ ။
မာရိသ၊ ဘုရားရှင်။
ယာဇယောဂါ၊ ယဇ်ကိုလုံ့လပြုကုန်သော။
တေ၊ ထိုသူတို့သည်။
ယညေဟိ၊ ယဇ်ပူဇော်ခြင်းတို့ဖြင့်။
ဇာတိဉ္စ၊ ဖြစ်ခြင်းဇာတိကိုလည်းကောင်း။
ဇရံစ၊ အိုခြင်းဇရာကိုလည်းကောင်း။
စေနာတရိံသု၊ အကယ်၍မကူးမြောက်နိုင်ကုန်အံ့။
အထ၊ ထိုသို့မကူးမြောက်နိုင်ကုန်သည်ရှိသော်။
စရဟိ၊ အသို့လျှင်။
အညော၊ ထိုသူတို့မှတပါးသော။
ကော၊ အဘယ်သူသည်။
ဒေဝမနုဿလောကေ၊ လူပြည်နတ်ပြည်၌။
ဇာတိဉ္စ၊ ဖြစ်ခြင်းဇာတိကိုလည်းကောင်း။
ဇရဉ္စ၊ အိုခြင်းဇာတိကိုလည်းကောင်း။
အတာရိ၊ ကူးနိုင်သနည်း။
ဘဂဝါ၊ မြတ်စွာဘုရား။
တံ၊ ထိုအကြောင်းကို။
ပုစ္ဆာမိ၊ မေးပါ၏။
တွံ၊ အရှင်ဘုရားသည်။
ဧတံ၊ ထိုအကြောင်းကို။
ဗြူဟိ၊ ဖြေကြားတော်မူလော။
ဣတိ၊ ဤသို့။
အာယသ္မာပုဏ္ဏကော၊ အရှင်ပုဏ္ဏကသည်။
ပုစ္ဆိ၊ မေး၏။
ပုဏ္ဏက၊ ပုဏ္ဏက။
ပရော၊ တပါးသောသူသည်။
အပရာနိ၊ တပါးကုန်သောသူတို့ကို။
သင်္ခါယ၊ ဉာဏ်ဖြင့်စုံစမ်း၍။
ယဿ၊ အကြင်သူအား။
ကုဟိဉ္စိလောကေ၊ တစုံတခုသောလောက၌။
ဣဉ္ဇိတံ၊ တဏှာဒိဋ္ဌိအားဖြင့်တုန်လှုပ်ခြင်းသည်။
နတ္ထိ၊ မရှိ။
သန္တော၊ ကိလေသာငြိမ်းပြီးသော။
ဝိဓုမော၊ ဒုစရိုက်ဟူသောအခိုးကင်းပြီးသော။
အနီဃေ၊ ရာဂစသောနှိပ်စက်ခြင်းကင်းပြီးသော။
နိရာသော၊ ငဲ့ကွက်ခြင်းကင်းပြီးသော။
သော၊ ထိုရဟန္တာပုဂ္ဂိုလ်သည်။
ဇာတိဇရံ၊ ဇာတ်ဇရာကို။
အထာရိ၊ ကူးပြီ။
ဣတိ၊ ဤသို့။
ဗြူမိ၊ ဖြေကြားတော်မူ၏။ ။
ဣတိ၊ ဤသို့။
ဘဂဝါ၊ မြတ်စွာဘုရားသည်။
ဝိဿဇ္ဇတိ၊ ဖြေတော်မူ၏။ ။
ပုဏ္ဏကမာဏဝကပုစ္ဆာ၊ ပုဏ္ဏကမာဏဝကပုစ္ဆာသည်။
နိဋ္ဌိတော၊ ပြီးခြင်းသို့ရောက်ပြီ။ ။
ပုဏ္ဏကသုတ်ပြီး၏။ ။