Issues
Select Version
နိဿယ
မြန်မာဘာသာ
Suttanipātapāḷi
Suttanipātapāḷi

ပရာဘဝသုတ်

Author: နိဿယ @ IAPT

ပရာဘဝသုတ်

ဘန္တေ၊ အရှင်ဘုရားကဿပ။ ဣဒံသုတ္တံ၊ ဤပရာဘဝသုတ်ကို။ မေမယာ၊ အကျွန်ုပ်အာနန္ဒာသည်။ ဘဂဝတော၊ မြတ်စွာဘုရား၏။ သန္တိကာ၊ အထံတော်မှ။ ဧဝံ၊ ဤသို့။ သုတံ၊ ကြားလိုက်ရ၏။ ကိံသုတံ၊ အဘယ်သို့ကြားလိုက်ရသနည်း။ ဧကံ၊ တပါးသော။ သမယံ၊ အခါ၌။ ဘဂဝါ၊ မြတ်စွာဘုရားသည်။ သာဝတ္ထိယံ၊ သာဝတ္ထိပြည်၌။ ဇေတဝနေ၊ ဇေတဝန်အမည်ရှိသော။ အနာထပိဏ္ဍိကဿ၊ အနာထပိဏ်သူဌေးသည်။ ကာရိတေ၊ ဆောက်လုပ်စေအပ်သော။ အာရာမေ၊ အရံ၌။ ဝိဟရတိ၊ နေတော်မူ၏။
အထခေါ၊ ထို့သို့နေတော်မူသောအခါ၌။ အညတရာ၊ မထင်ရှားသော။ ဒေဝတာ၊ နတ်သားသည်။ အတိက္ကန္တာယ၊ ညဦးယံလွန်ပြီးသော။ ရတ္တိယာ၊ ညဉ့်သန်းခေါင်၌။ အတိက္ကန္တဝဏ္ဏာ၊ အလွန်နှစ်လိုဖွယ်သောအဆင်းရှိသည်ဖြစ်၍။ ကေဝထကပ္ပံ၊ အလုံးစုံထက်ဝန်းကျင်သော။ ဇေတဝနံ၊ ဇေတဝန်ကျောင်းတော်ကို။ ဩဘာသေတွာ၊ အရောင်ဖြင့်ထွန်းလင်းစေ၍။ ယေန၊ အကြင်အရပ်၌။ ဘဂဝါ၊ မြတ်စွာဘုရားသည်။ အတ္ထိ၊ ရှိတော်မူ၏။ တေန၊ ထိုမြတ်စွာဘုရားရှိတော်မူရာအရပ်သို့။ ဥပသင်္ကမိ၊ ကပ်လေ၏။ ဥပသင်္ကမိတွာ၊ ကပ်လေပြီး၍။ ဘဂဝန္တံ၊ မြတ်စွာဘုရားကို။ အဘိပါဒေတွာ၊ ရိုသေစွာရှိခိုးပြီး၍။ ဧကမန္တံ၊ သင့်တင့်လျောက်ပတ်သောအရပ်၌။ အဋ္ဌာသိ၊ ရပ်၏။
ဧကမန္တံ၊ သင့်တင့်လျောက်ပတ်သောအရပ်၌။ ဌိတာခေါ၊ ရပ်ပြီးသော။ သာဒေဝတာ၊ ထိုနတ်သားသည်။ ဘဂဝန္တံ၊ မြတ်စွာဘုရားကို။ ဂါထာယ၊ ဂါထာဖြင့်။ အဇ္ဈဘာသိ၊ နားတော်လျှောက်၏။ ကိံအဇ္ဈဘာသိ၊ အဘယ်သို့ နားတော်လျှောက်သနည်း။
ဂေါတမ၊ ဂေါတမအနွယ်ဖြစ်တော်မူသောမြတ်စွာဘုရား။ ပါရာဘဝန္တံ၊ ပျက်စီးအံ့သော။ ပုရိသံ၊ ယောက်ျားကို။ မယံ၊ အကျွန်ုပ်တို့သည်။ ပုစ္ဆာမ၊ မေးလျှောက်ပါကုန်၏။ မယံ၊ အကျွန်ုပ်တို့သည်။ ဘဝန္တံ၊ အရှင်ဘုရားကို။ ပုဋ္ဌုံ၊ မေးလျှောက်ခြင်းငှါ။ အာဂမာ၊ လာကုန်၏။ ပါရာဘဝတော၊ ပျက်စီးခြင်း၏။ မုခံ၊ အကြောင်းကား။ ကိံ၊ အဘယ်နည်း။ ဣတိ၊ ဤသို့။ အဇ္ဈဘာသိ၊ နားတော်လျှောက်၏။
သုဝိဇာနော၊ အတတ်ပညာကို လိုလားသောသူသည်။ ဘဝံ၊ အကျိုးစီးပွါးများခြင်း၏အကြောင်းသည်။ ဟောတိ၊ ဖြစ်၏။ အဝိဇာနော၊ အတတ်ပညာကိုမလိုလားသောသူသည်။ ပရာဘဝေါ၊ အကျိုးစီးပွါး ပျက်ပြားခြင်း၏ အကြောင်းသည်။ ဟောတိ၊ ဖြစ်၏။
ဣတိဟိ၊ ဤသို့သာလျှင်။ ဧတံ၊ ဤပျက်စီးခြင်း၏အကြောင်းကို။ မယံ၊ ငါတို့သည်။ ဝိဇာနာမ၊ သိပါကုန်၏။ သော၊ ထိုပျက်စီးခြင်း၏အကြောင်းသည်။ ပဌမော၊ ‌ရှေးဦးစွာသော။ ပါရာဘဝေါ၊ ပျက်စီးခြင်း၏အကြောင်းတည်း။ ဘဂဝါ၊ မြတ်စွာဘုရား။ တွံ၊ အရှင်ဘုရားသည်။ ဒုတိယံ၊ နှစ်ခုမြောက်သောပျက်စီးခြင်း၏အကြောင်းကို။ ဗြူဟိ၊ ဟောတော်မူပါလော။ ဒုတိယံ၊ နှစ်ခုမြောက်သော။ ပါရာဘဝတော၊ ပျက်စီးခြင်း၏။ မုခံ၊ အကြောင်းကား။ ကိံ၊ အဘယ်နည်း။
အသန္တော၊ မငြိမ်းသောကာယကံစသည်တို့နှင့်ပြည့်စုံကုန်သောသူတို့ကို။ အဿ၊ ထိုသူသည်။ ပိယာ၊ ချစ်အပ်ကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ သန္တေ၊ သူတော်ကောင်းတို့ကို။ ပိယံ၊ ချစ်ခြင်းကို။ နကုရုတေ၊ မပြု။ အသတံ၊ သူတော်မဟုတ်ယုတ်သောသူတို့၏။ ဓမ္မံ၊ အပါယ်လားကြောင်း မကောင်းသောအကုသလကမ္မပထတရားတို့ကို။ ရောစေတိ၊ နှစ်သက်၏။ တံ၊ ထိုသူယုတ်ကိုချစ် သူတော်ပစ်၍ သူညစ်တရား။ နှစ်သက်များခြင်းသည်။ ပါရာဘဝတော၊ ပျက်စီးခြင်း၏။ မုခံ၊ အကြောင်းတည်း။
ဣတိဟိ၊ ဤသို့သာလျှင်။ ဧတံ၊ ဤပျက်စီးခြင်း၏အကြောင်းကို။ ဝိဇာနာမ၊ သိပါကုန်၏။ သော၊ ထိုပျက်စီးခြင်း၏အကြောင်းသည်။ ဒုတိယော၊ နှစ်ကြိမ်မြောက်သော။ ပရာဘဝေါ၊ ပျက်စီးခြင်း၏အကြောင်းသည်။ ဟောတိ၊ ဖြစ်၏။ ဘဂဝါ၊ မြတ်စွာဘုရား။ တွံ၊ ရှင်ပင်ဘုရားသည်။ တတိယံ၊ သုံးကြိမ်မြောက်သောပျက်စီးခြင်း၏အကြောင်းကို။ ဗြူဟိ၊ ဟောတော်မူပါလော။ တတိယံ၊ သုံးကြိမ်‌မြောက်သော။ ပရာဘဝတော၊ ပျက်စီးခြင်း၏။ မုခံ၊ အကြောင်းကား။ ကိံ၊ အဘယ်နည်း။
ယောနရော၊ အကြင်သူသည်။ နိဒ္ဒါသီလီ၊ သွားထိုင်ရပ်လျောင်း ရိယာပေါင်း၌ ပျောင်းပျောင်းမွေ့မွေ့ အိပ်ခြင်းအလေ့ရှိသည်လည်းကောင်း။ သဘာသီလီ၊ ဖော်ပေါင်းအများ စကားပြောခြင်း၌ အလေ့ရှိသည်လည်းကောင်း။ အနုဋ္ဌာတာစ၊ လုံ့လတန်ခိုးကင်းစင်လျှိုး၍နိုးကြားထကြွမရှိလှသည်လည်းကောင်း။ အလသော၊ စင်စစ်အမှန်လွန်ထက်သန်သောပျင်းရိခြင်းသည်လည်းကောင်း။ ကောဓပညာနော၊ အရုဝဏူပမာလျှင်စွာအမျက်ထွက်လေ့ရှိသည်လည်းကောင်း။ ဟောတိ၊ ဖြစ်၏။ တံ၊ ထိုသွားထိုင်ရပ်လျောင်း ရိယာပေါင်း၌ ပျောင်းပျောင်းမွေ့မွေ့အိပ်ခြင်း အလေ့စသည်လည်း။ ပရာဘဝတော၊ ပျက်စီးခြင်း၏။ မုခံ၊ အကြောင်းတည်း။
ဣတိဟိ၊ ဤသို့သာလျှင်။ ဧတံ၊ ဤသွားထိုင်ရပ်လျောင်းရိယာပေါင်း၌ပျောင်းပျောင်းမွေ့မွေ့အိပ်ခြင်းအလေ့အစရှိသောပျက်စီးခြင်း၏ အကြောင်းကို။ ဝိဇာနာမ၊ သိပါကုန်၏။ သော၊ ထိုပျက်စီးခြင်း၏အကြောင်းသည်။ တတိယော၊ သုံးခုမြောက်သော။ ပရာဘဝေါ၊ ပျက်စီးခြင်း၏အကြောင်းတည်း။ ဘဂဝါ၊ မြတ်စွာဘုရား။ တွံ၊ အရှင်ဘုရားသည်။ စတုတ္ထံ၊ လေးကြိမ်‌မြောက်သောပျက်စီးခြင်း၏အကြောင်းကို။ ဗြူဟိ၊ ဟောတော်မူပါလော။ စတုတ္ထံ၊ လေးကြိမ်မြောက်သော။ ပရာဘဝတော၊ ပျက်စီးခြင်း၏။ မုခံ၊ အကြောင်းကား။ ကိံ၊ အဘယ်နည်း။
ယောနရော၊ အကြင်သူသည်။ ဇိဏ္ဏကံ၊ အိုမင်းထသော။ ဂတယောဗ္ဗနံ၊ ပစ္ဆိမအရွယ်သို့ရောက်ထသော။ မာတရံဝါ၊ အမိရင်းကိုလည်းကောင်း။ ပိတရံဝါ၊ အဘရင်းကိုလည်းကောင်း။ ပဟု၊ မွေးခြင်းငှါစွမ်းနိုင်သည်။ သန္တော၊ ဖြစ်လျက်။ နဘရတိ၊ မ‌မွေးမြူ။ တဿ၊ ထိုသူ၏။ တံ၊ ထိုသို့မမွေးမြူခြင်းသည်။ ပါရာဘဝတော၊ ပျက်စီးခြင်း၏။ မုခံ၊ အကြောင်းတည်း။
ဣတိဟိ၊ ဤသို့သာလျှင်။ ဧတံ၊ ဤအမိအဘတို့ကို မမွေးခြင်းတည်းဟူသောပျက်စီးခြင်း၏အကြောင်းကို။ ဝိဇာနာမ၊ သိပါကုန်၏။ သော၊ ထိုမိဘတို့ကိုမမွေးမြူခြင်းတည်းဟူသောပျက်စီးခြင်း၏အကြောင်းသည်။ စတုတ္ထော၊ လေးကြိမ်မြောက်သော။ ပရာဘဝေါ၊ ပျက်စီးခြင်း၏ အကြောင်းတည်း။ ဘဂဝါ၊ မြတ်စွာဘုရား။ တွံ၊ အရှင်ဘုရားသည်။ ပဉ္စမံ၊ ငါးကြိမ်မြောက်သောပျက်စီးခြင်းအကြောင်းကို။ ဗြူဟိ၊ ဟောတော်မူပါလော။ ပဉ္စမံ၊ ငါးကြိမ်မြောက်သော။ ပါရာဘဝတော၊ ပျက်စီးခြင်း၏။ မုခံ၊ အကြောင်းကား။ ကိံ၊ အဘယ်နည်း။
ယောနရော၊ အကြင်သူသည်။ ဗြဟ္မဏံဝါ၊ အပပြုအပ်ပြီးသောမကောင်းမှုရှိသောခီဏာသဝဗြာဟ္မဏကိုလည်းကောင်း။ သမဏံဝါ၊ ငြိမ်းစေအပ်ပြီးသောမကောင်းမှုရှိသောရဟန်းကိုလည်းကောင်း။ အညံ၊ သမဏဗြာဟ္မဏမှတပါးသော။ ဝနိဗ္ဗကံဝါ၊ တစုံတယောက်သောယာစကားကိုလည်းကောင်း။ မုသာဝါဒေန၊ မဟုတ်သော စကားကိုဆိုသဖြင့်။ ဝဉ္စေတိ၊ လှည့်ပတ်ချွတ်ယွင်းစေ၏။ တဿ၊ ထိုသူ၏။ တံဝဉ္စနံ၊ ထိုလှည့်ပတ်ချွတ်ယွင်းစေခြင်းသည်။ ပရာဘဝတော၊ ပျက်စီးခြင်း၏။ မုခံ၊ အကြောင်းတည်း။
ဣတိဟိ၊ ဤသို့သာလျှင်။ ဧတံ၊ ဤပျက်စီးခြင်း၏အကြောင်းကို။ ဝိဇာနာမ၊ သိပါကုန်၏။ သောပရာဘဝေါ၊ ထိုပျက်စီးခြင်း၏ အကြောင်းသည်။ ပဉ္စမော၊ ငါးကြိမ်မြောက်သော။ ပရာဘဝေါ၊ ပျက်စီးခြင်း၏ အကြောင်းတည်း။ ဘဂဝါ၊ ဘုန်းတော်ကြီးသောမြတ်စွာဘုရား။ တွံ၊ အရှင်ဘုရားသည်။ ဆဋ္ဌံ၊ ခြောက်ကြိမ်‌မြောက်သောပျက်စီးခြင်း၏အကြောင်းကို။ ဗြူဟိ၊ ဟောတော်မူပါ။ ဆဋ္ဌံ၊ ခြောက်ကြိမ်မြောက်သော။ ပရာဘဝတော၊ ပျက်စီးခြင်း၏။ မုခံ၊ အကြောင်းကား။ ကိံ၊ အဘယ်နည်း။
ပုရိသော၊ ယောက်ျားသည်။ ဗဟုတဝိတ္တော၊ များစွာသောရွှေငွေပတ္တမြားရတနာရှိသည်ဖြစ်၍လည်းကောင်း။ သဟိရညော၊ အသပြာ ရှိသည်ဖြစ်၍ လည်းကောင်း။ သဘောဇနော၊ များစွာသော ပဲနောက် ဟင်းလျာစားဖွယ်နှင့် ပြည့်စုံသည်ဖြစ်၍လည်းကောင်း။ သာဒူနိ၊ ချိုမြိန်ကောင်းသောဘောဇဉ်တို့ကို။ ဧကော၊ တယောက်ထည်းတည်း။ ဘုဉ္ဇတိ၊ စား၏။ တဿ၊ ထိုသူ၏။ တံ၊ ထိုသို့စားခြင်းသည်။ ပရာဘဝတော၊ ပျက်စီးခြင်း၏။ မုခံ၊ အကြောင်းတည်း။ ။
ဣတိဟိ၊ ဤသို့သာလျှင်။ ဧတံ၊ ဤပျက်စီးခြင်းအကြောင်းကို။ ဝိဇာနာမ၊ သိပါကုန်၏။ သောပရာဘဝေါ၊ ထိုပျက်စီးခြင်း၏အကြောင်းသည်။ ဆဋ္ဌော၊ ခြောက်ကြိမ်မြောက်သော။ ပရာဘဝေါ၊ ပျက်စီးခြင်း၏အကြောင်းတည်း။ ဘဂဝါ၊ ဘုန်းတော်ကြီးသောမြတ်စွာဘုရား။ တွံ၊ အရှင်ဘုရားသည်။ သတ္တမံ၊ ခုနစ်ကြိမ်မြောက်သောပျက်စီးခြင်း၏အကြောင်းကို။ ဗြူဟိ၊ ဟောတော်မူပါ။ သတ္တမံ၊ ခုနစ်ကြိမ်မြောက်သော။ ပရာဘဝတော၊ ပျက်စီးခြင်း၏။ မုခံ၊ အကြောင်းကား။ ကိံ၊ အဘယ်နည်း။
ယောန‌ရော၊ အကြင်သူသည်။ ဇာတိထဒ္ဓေါစ၊ အမျိုးမာန်ဖြင့်ခက်ထန်သည်လည်းကောင်း။ ဓနထဒ္ဓေါစ၊ ဥစ္စာမာန်ဖြင့်ခက်ထန်သည်လည်းကောင်း။ ဂေါတ္တထဒ္ဓေါစ၊ အနွယ်မာန်ဖြင့် ခက်ထန်သည်လည်းကောင်း။ ဟောတိ၊ ဖြစ်၏။ သဉာတိံ၊ မိမိ၏အမျိုးကိုလည်း။ အတိမညတိ၊ မထီမဲ့မြင်ပြု၏။ တဿနရဿ၊ ထိုသူ၏။ တံ၊ ထိုခက်ထန်ခြင်းမထီမဲ့ပြုခြင်းသည်။ ပရာဘဝတော၊ ပျက်စီးခြင်း၏။ မုခံ၊ အကြောင်းတည်း။ ။
ဣတိဟိ၊ ဤသို့သာလျှင်။ ဝုတ္တံ၊ အရှင်ဘုရားဟောတော်မူအပ်သော။ ဧတံ၊ ဤပျက်စီးခြင်း၏အကြောင်းကို။ ဝိဇာနာမ၊ သိပါကုန်၏။ သောပရာဘဝေါ၊ ထိုပျက်စီးခြင်း၏အကြောင်းသည်။ သတ္တမော၊ ခုနစ်ကြိမ်မြောက်သော။ ပရာဘဝေါ၊ ပျက်စီးခြင်း၏အကြောင်းတည်း။ ။ ဘဂဝါ၊ ဘုန်းတော်ကြီးသော မြတ်စွာဘုရား။ တွံ၊ အရှင်ဘုရားသည်။ အဋ္ဌမံ၊ ရှစ်ကြိမ်မြောက်သောပျက်စီးခြင်း၏အကြောင်းကို။ ဗြူဟိ၊ ဟောတော်မူပါလော။ အဋ္ဌမံ၊ ရှစ်ကြိမ်မြောက်သော။ ပရာဘဝတော၊ ပျက်စီးခြင်း၏။ မုခံ၊ အကြောင်းကား။ ကိံ၊ အဘယ်နည်း။
ယောန‌ရော၊ အကြင်သူသည်။ ဣတ္ထိဓုတ္တောစ၊ မိန်းမကြူးသည်ဖြစ်၍လည်းကောင်း။ သုရာဓုတ္တောစ၊ သေသောက်ခြင်းဖြင့်ကြူးသည်ဖြစ်၍လည်းကောင်း။ အက္ခဓုတ္တောစ၊ ကြွေအန်ကစားခြင်းဖြင့် ကြူးသည်ဖြစ်၍လည်းကောင်း။ လဒ္ဓံလဒ္ဓံ၊ ရတိုင်းရတိုင်းပြီးသောဥစ္စာဘဏ္ဍာကို။ ဝိနာသေတိ၊ ဖျက်ဆီး၏။ တဿနရဿ၊ ထိုယောက်ျား၏။ တံ၊ ထိုသို့ဖျက်ဆီးခြင်းသည်။ ပရာဘဝတော၊ ပျက်စီးခြင်း၏။ မုခံ၊ အကြောင်းတည်း။ ။
ဣတိဟိ၊ ဤသို့သာလျှင်။ ဧတံ၊ ဤပျက်စီးခြင်း၏အကြောင်းကို။ ဝိဇာနာမ၊ သိပါကုန်၏။ သောပရာဘဝေါ၊ ထိုပျက်စီးခြင်း၏အကြောင်းသည်။ အဋ္ဌမော၊ ရှစ်ကြိမ်မြောက်သော။ ပရာဘဝေါ၊ ပျက်စီးခြင်း၏အကြောင်းတည်း။ ။ ဘဂဝါ၊ ဘုန်းတော်ကြီးသော မြတ်စွာဘုရား။ တွံ၊ အရှင်ဘုရားသည်။ နဝမံ၊ ကိုးခုမြောက်သောပျက်စီးခြင်း၏အကြောင်းကို။ ဗြူဟိ၊ ဟောတော်မူပါ။ နဝမံ၊ ကိုးကြိမ်မြောက်သော။ ပရာဘဝတော၊ ပျက်စီးခြင်း၏။ မုခံ၊ အကြောင်းကား။ ကိံ၊ အဘယ်နည်း။ ။ အဋ္ဌမော၊ ရှစ်ကြိမ်မြောက်သော။ ပရာဘဝေါ၊ စီးပွါးဆုတ်ယုတ်ခြင်းတည်း။
ယောန‌ရော၊ အကြင်သူသည်။ သဟိဒါရေဟိ၊ မိမိမယားတို့ဖြင့်။ အသန္တုဋ္ဌော၊ မရောင့်ရဲသည်ဖြစ်၍။ ဝေသိယာသု၊ ပြည်တန်ဆာမတို့၌။ ပဒုဿတိ၊ ပြစ်မှား၏။ ပရဒါရေသု၊ သူတပါးတို့၏မယားတို့၌။ ဒုဿတိ၊ ပြစ်မှား၏။ တဿ၊ ထိုပြစ်မှားသောသူ၏။ တံ၊ ထိုသို့ပြစ်မှားခြင်းသည်။ ပရာဘဝတော၊ ပျက်စီးခြင်း၏။ မုခံ၊ အကြောင်းတည်း။ ။
ဣတိဟိ၊ ဤသို့လျှင်။ ဧတံ၊ ဤပျက်စီးခြင်း၏အကြောင်းကို။ ဝိဇာနာမ၊ သိပါကုန်၏။ သောပရာဘဝေါ၊ ထိုပျက်စီးခြင်း၏အကြောင်းသည်။ နဝမော၊ ကိုးကြိမ်မြောက်သော။ ပရာဘဝေါ၊ ပျက်စီးခြင်း၏အကြောင်းတည်း။ ဘဂဝါ၊ ဘုန်းတော်ကြီးသောမြတ်စွာဘုရား။ တွံ၊ အရှင်ဘုရားသည်။ ဒသမံ၊ ဆယ်ကြိမ်မြောက်သော ပျက်စီးခြင်း၏အကြောင်းကို။ ဗြူဟိ၊ ဟောတော်မူပါလော။ ဒသမံ၊ ဆယ်ကြိမ်မြောက်သော။ ပရာဘဝတော၊ ပျက်စီးခြင်း၏။ မုခံ၊ အကြောင်းကား။ ကိံ၊ အဘယ်နည်း။
အတီတယောဗ္ဗနော၊ အရွယ်လွန်ပြီးသော။ ပေါသော၊ ယောက်ျားသည်။ တိမ္ဗရုတ္ထနိံ၊ နုနယ်ပျိုမျစ်ထည်သီးငယ်မျှသမြတ်ရှိသောမိန်းမငယ်ကို။ အာနေတိ၊ သိမ်းမြန်းဆောင်ယူအိမ်သူပြုလုပ်၏။ တဿာ၊ ထိုသတို့သ္မီးငယ်အား။ ဣဿာ၊ ယောက်ျားတပါးယုံမှားတွေးတော စိတ်မချသောကြောင့်။ နသုပ္ပတိ၊ စိတ်ချလက်ချအားပါးရအောင်မအိပ်ရ။ တံ၊ ထိုသို့မအိပ်ရခြင်းသည်။ ပရာဘဝတော၊ ပျက်စီးခြင်း၏။ မုခံ၊ အကြောင်းတည်း။ ။
ဣတိဟိ၊ ဤသို့သာလျှင်။ ဧတံ၊ ဤပျက်စီးခြင်း၏အကြောင်းကို။ ဝိဇာနာမ၊ သိပါကုန်၏။ သော၊ ထိုပျက်စီးခြင်း၏အကြောင်းသည်။ ဒသမော၊ ဆယ်ခုမြောက်သော။ ပရာဘဝေါ၊ ပျက်စီးခြင်း၏အကြောင်းတည်း။ ဘဂဝါ၊ ဘုန်းတော်ကြီးသော မြတ်စွာဘုရား။ တွံ၊ အရှင်ဘုရားသည်။ ဧကာဒသမံ၊ တစ်ဆယ့်တစ်ကြိမ်မြောက်သောပျက်စီးခြင်း၏အကြောင်းကို။ ဗြူဟိ၊ ဟောတော်မူပါ‌လော။ ဧကာဒသမံ၊ တစ်ဆယ့်တစ်ကြိမ်မြောက်သော။ ပရာဘဝတော၊ ပျက်စီးခြင်း၏။ မုခံ၊ ‌အကြောင်းကား။ ကိံ၊ အဘယ်နည်း။
သောဏ္ဍိံ၊ ငါးအမဲစသည်တို့၌လျှပ်ပေါ်မက်မောသောသဘောရှိထသော။ ဝိကိရဏိံ၊ ဖရိုဖရဲပြုတတ်ထသော။ ဣတ္ထိဝါ၊ မိန်းမကိုသော်လည်းကောင်း။ တာဒိသံ၊ ထိုသို့သဘောရှိသော။ ပုရိသံဝါပိ၊ ယောက်ျားကိုသော်လည်းကောင်း။ ယောနရော၊ အကြင်သူသည်။ ဣဿရိယသ္မိံ၊ အစိုးရသောအရာ၌။ ဌပေတိ၊ ထား၏။ တဿ၊ ထိုသူ၏။ တံ၊ ထိုသို့ထားခြင်းသည်။ ပရာဘဝတော၊ ပျက်စီးခြင်း၏။ မုခံ၊ အကြောင်းတည်း။ ။
ဣတိဟိ၊ ဤသို့သာလျှင်။ ဧတံ၊ ဤပျက်စီးခြင်း၏အကြောင်းကို။ ဝိဇာနာမ၊ သိပါကုန်၏။ သော၊ ထိုပျက်စီးခြင်း၏အကြောင်းသည်။ ဧကာဒသမော၊ ဆယ့်တစ်ခုမြောက်သော။ ပရာဘဝေါ၊ ပျက်စီးခြင်း၏အကြောင်းတည်း။ ဘဂဝါ၊ ဘုန်းတော်ကြီးသောမြတ်စွာဘုရား။ တွံ၊ အရှင်ဘုရားသည်။ ဒွါဒသမံ၊ တစ်ဆယ့်နှစ်ကြိမ်မြောက်သော ပျက်စီးခြင်း၏ အကြောင်းကို။ ဗြူဟိ၊ ဟောတော်မူပါလော။ ဒွါဒသမံ၊ တစ်ဆယ့်နှစ်ကြိမ်မြောက်သော။ ပရာဘဝတော၊ ပျက်စီးခြင်း၏။ မုခံ၊ အကြောင်းကား။ ကိံ၊ အဘယ်နည်း။
အပ္ပဘောဂေါ၊ နည်းသောစည်းစိမ်ရှိထသော။ မဟာတဏှော၊ ကြီးစွာသော တဏှာရှိထသော။ ယောနရော၊ အကြင်သူသည်။ ခတ္တိယေကုလေ၊ မင်းမျိုး၌။ ဇာယတေ၊ ဖြစ်၏။ သောစ၊ ထိုသူသည်လည်း။ ရဇ္ဇံ၊ မင်းအဖြစ်ကို။ ပတ္ထယတိ၊ တောင့်တ၏။ တဿ၊ ထိုသူ၏။ တံ၊ ထိုမင်းအဖြစ်ကို တောင့်တခြင်းသည်။ ပရာဘဝတော၊ ပျက်စီးခြင်း၏။ မုခံ၊ အကြောင်းတည်း။
လောကေ၊ လောက၌။ ပဏ္ဍိတော၊ ပညာနှင့်ပြည့်စုံထသော။ အရိယော၊ ‌ပျက်စီးခြင်း၏ အကြောင်း၌မဖြစ်ထသော။ ဒဿနသမ္ပန္နော၊ ရှု၍ကြည့်တတ်သော ပညာနှင့် ပြည့်စုံထသော။ သော၊ ထိုသူသည်။ ဧတေပရာဘဝေ၊ ဤပျက်စီးခြင်း၏ အကြောင်းတို့ကို။ သမဝေက္ခိယ၊ ပညာဖြင့်ဆင်ခြင်၍။ သီဝံ၊ ချမ်းမြေ့သော။ လောကံ၊ နတ်ပြည်သို့။ ဘဇတေ၊ ကပ်ရ၏။ ဣတိ၊ ဤသို့။ သုတံ၊ ကြားရလိုက်၏။ ။
ပရာဘဝသုတ္တံ၊ ပရာဘဝသုတ်တည်း။ ။