အာမဂန္ဓသုတ်
ဓမ္မေန၊ တရားဖြင့်။
လဒ္ဓါနိ၊ ရအပ်ကုန်သော။
သာမာကစိင်္ဂုလကစိနကာနိစ၊ ခါ၍သော် လည်းကောင်း အနှံတို့ကို ရွေး၍သော်လည်းကောင်းယူအပ်သောလမန်းမြက်စပါးမျိုးဆောင်မေးခါးပွင့်သဏ္ဍာန်အနှံရှိသောမြက်စပါးမျိုးတောအုပ်တောင်ခြေတို့၌ မစိုက်မူ၍အလိုလိုရောက်သောပဲနောက်စောင်းတို့ကိုလည်းကောင်း။
ဓမ္မေန၊ မိစ္ဆာဇီဝကိုပယ်၍တော၌ ရှာသည်ဖြစ်၍တရားသဖြင့်။
လဒ္ဓံ၊ ရအပ်သော။
ပက္ကဖလံ၊ စိမ်းသော အရွက်အသီးကိုလည်းကောင်း။
မူလဖလံ၊ အဖူးအမြစ် အသီးကိုလည်းကောင်း။
ဂဝိပ္ဖလံ၊ သစ်ပွင့်နွယ်သီးကိုလည်းကောင်း။
သတံသန္တော၊ သူတော်ဖြစ်ကုန်သောရသေ့အရိယာတို့သည်။
အသ္နမာနော၊ ဘုန်းပေးကုန်၏။
တေ၊ ထိုရသေ့တို့သည်။
ကာမကာမာ၊ ကာမတို့ကိုတောင့်တကုန်သည်ဖြစ်၍။
လိကံ၊ ချွတ်ယွင်းသောစကားကို။
နဘဏန္တိ၊ မဆိုကုန်။ ။
ကဿပ၊ ပဿပ။
သုကတံ၊ ဆေးခြင်းဖြတ်ခြင်းစသော အမှုဖြင့်ကောင်းစွာပြုပြင်အပ်ပြီးထသော။
သုနိဋ္ဌိတံ၊ ချက်ခြင်းလုံခြင်းစသော ပရိကံဖြင့်ကောင်းစွာပြီးပြီးထသော။
ယံ၊ အကြင်အလုံးစုံသော ငါးအမဲဟင်းမျိုးကို။
ပရေဟိ၊ သူတပါးတို့သည်။
ဒိန္နံ၊ လှူအပ်၏။
တံ၊ ထိုအလုံးစုံသောငါးအမဲဟင်းမျိုးကို။
အသ္နမာနော၊ စားသည်ဖြစ်၍။
ပယတံ၊ စင်စွာရွေးအပ်သည်ဖြစ်၍ အမဲကင်းပြီးထသော။
သာလီနံ၊ သလေးဆန်ဖြင့် ချက်သော။
ယံအန္နံ၊ အကြင်သားပြွမ်းထမင်းကို။
ပရေဟိ၊ တပါးသောသူတို့သည်။
ဒိန္နံ၊ လှူအပ်၏။
တံအန္နံ၊ ထိုသားပြွမ်းထမင်းကို။
ပရိဘုဉ္ဇမာနော၊ ဘုဉ်းပေးသည်ဖြစ်၍။
တွံ၊ သင်သည်။
အာမဂန္ဓံ၊ အစိမ်းအနံ့ကို။
ဘုဉ္ဇတိ၊ စားဘိ၏။
ဗြဟ္မဗန္ဓု၊ ပုဏ္ဏားမျိုးဖြစ်သော ကဿပ။
အာမဂန္ဓော၊ အစိမ်းနံ့သည်။
မမ၊ ငါ့အား။
နကပ္ပတိ၊ မအပ်။
ဣတိ ဣစ္စေဝ၊ ဤသို့စင်စစ်သဖြင့်သာလျှင်။
တွံ၊ သင်သည်။
ဘာသတိ၊ ငါ့အားဆိုသည်မဟုတ်လော။
သုသင်္ခတေဟိ၊ ကောင်းစွာပြုပြင်စီရင်အပ် ကုန်ပြီးသော။
သကုန္တမံသေဟိ၊ ဆန်ကွဲနှင့်တကွ ရောကုန်သော အသားတို့နှင့်။
သဟ၊ တကွ။
သာလီနံ၊ သလေးဆန်ဖြင့်ချက်အပ်သော။
အန္နံ၊ သားပြွမ်းထမင်းကို။
ပရိဘုဉ္ဇမာနော၊ စားဘိ၏။
ကဿပ၊ ကဿပ။
တံ၊ သင်ကို။
ဧတမတ္ထံ၊ ဤအနက်ကို။
အဟံ၊ ငါသည်။
ပုစ္ဆာမိ၊ မေး၏။
တဝ၊ သင်၏။
အာမဂန္ဓော၊ အစိမ်းအနံ့သည်။
ကထံပကာရော၊ အဘယ်သို့အပြားရှိအံ့နည်း။
ပါဏာတိပါတောစ၊ သူ၏အသက်ကိုသတ်ခြင်းသည်လည်းကောင်း။
ဝဓဆေဒဗန္ဓနဉ္စ၊ သတ္တဝါတို့အား လှံတံစသည်ဖြင့် ပုတ်ခတ်ခြင်း လက်ခြေစသည်ကိုဖြတ်ခြင်းကြိုးစသည်ဖြင့် နှောင်ဖွဲ့ခြင်းလည်းကောင်း။
ထေယျံ၊ ခိုးဝှက်ခြင်းလည်းကောင်း။
မုသာဝါဒေါစ၊ မဟုတ်သည်ကို ဆိုခြင်းလည်းကောင်း။
နိကတိစ၊ စဉ်းလဲစဉ်းစားပြုခြင်း လည်းကောင်း။
ဝဉ္စနာနိစ၊ အသပြာစသည်ဖြင့်လှည့်ပတ်ခြင်းတို့လည်းကောင်း။
အဇ္ဈောနကုတ္တံ၊ အကျိုးမရှိသောများစွာသော ကျမ်းကို သင်ခြင်းလည်းကောင်း။
ပရဒါရသေဝနာစ၊ သူ့မယားကိုမှီဝဲခြင်းလည်းကောင်း။
ဧသဧသော၊ ဤပါဏာတိပါတစသောအကုသိုလ်ဓမ္မကိုလေ့ကျက်ခြင်းသည်။
အာမဂန္ဓော၊ အဆိပ်အနံ့အပုပ်အနံ့တည်း။
မံသဘောဇနံ၊ အသားဖြင့်ပြွမ်းသောဘောဇဉ်သည်။
အာမန္ဓော၊ အဆိပ်နံ့အပုပ်နံ့သည်။
နဟိဟောတိ၊ မဖြစ်သည်သာလျှင်တည်း။
ယေဇနာ၊ အကြင်သူတို့သည်။
ဣဓ၊ ဤလောက၌။
ကာမေသု၊ ကာမဂုဏ်မှီဝဲသည်ဟုဆိုအပ်ကုန်သောကာမတို့၌။
အသညထာ၊ မစောင့်စည်းကုန်။
ရသေသု၊ ရသာရုံတို့၌။
ဂိဒ္ဓါ၊ မက်မောကုန်၏။
အသုစိဘာဝံ၊ မက်မောသောရသာတဏှာဖြင့်မိစ္ဆာဇီဝဟုဆိုအပ်သောမစင်သောအဖြစ်ကို။
အဿိတာ၊ မှီကုန်၏။
နတ္ထိကုဒိဋ္ဌိ၊ နတ္ထိဒိန္နံစသော ဆယ်ပါးသောဝတ္ထုရှိသောမိစ္ဆာအယူရှိကုန်၏။
ဝိသမာ၊ မညီညွတ်သောကာယကံအစရှိသည်ရှိကုန်၏။
ဒုရန္နယာ၊ သူတပါးသိစေနိုင်ခဲ့ကုန်၏။
ဧတေသံ၊ ထိုသူတို့၏။
ဧသဧသော၊ ဤသို့ ကာမတို့၌အပိုင်းအခြားကိုလွန်သည်ဖြစ်၍ပျက်သောသံဝရရှိသော သူ၏အဖြစ်အစရှိသည်သည်။
အာမဂန္ဓော၊ အဆိပ်နံ့အပုပ်နံ့တည်း။
မံသဘောဇနံ၊ သားဖြင့်ပြွမ်းသောဘောဇဉ်သည်။
အာမဂန္ဓော၊ အဆိပ်နံ့အပုပ်နံ့သည်။
နဟိဟောတိ၊ မဖြစ်သည်သာလျှင်တည်း။ ။
ယေ၊ အကြင်သူတို့သည်။
လူခရသာ၊ ခေါင်းပါးသော အရသာရှိကုန်၏။
ဒါရုဏာ၊ ကြမ်းတမ်းကုန်၏။
ပရဝိဋ္ဌိမံသိကာ၊ မျက်ကွယ်ဖြစ်ကုန်သောသူတပါး၏ကျောက်ကုန်းသားကိုစားသကဲ့သို့ဖြစ်ကုန်၏။
မိတ္တာဒုနော၊ အဆွေခင်ပွန်းတို့ကိုပြစ်မှားကုန်၏။
နိက္ကရုဏာ၊ သနားခြင်းကင်းကုန်၏။
အတိမာနိနော၊ အမျိုးစသည်ဖြင့်ငါဟုထောင်လွှားတတ်သောအလွန်မာန်မူခြင်းရှိကုန်၏။
အဒါနသီလာ၊ မပေးမကမ်းတတ်သောအလေ့ရှိကုန်၏။
ယာစိတာပိ၊ တောင်းအပ်ကုန်သော်လည်း။
ကဿစိ၊ တစုံတယောက်သောသူအား။
ကိဉ္စိ၊ တစုံတခုကိုမျှ။
နစဒေန္တိ၊ မပေးကုန်။
ဧသဧသော၊ ဤလူခရသစသောအကုသိုလ်ဓမ္မကိုပြုခြင်းသည်။
အာမဂန္ဓော၊ အဆိပ်နံ့အပုပ်နံ့တည်း။
မံသဘောဇနံ၊ သားဖြင့်ပြွမ်းသောဘောဇဉ်သည်။
အာမဂန္ဓော၊ အဆိပ်နံ့အပုပ်နံ့သည်။
နဟိဟောတိ၊ မဖြစ်သည်သာလျှင်တည်း။ ။
ကောဓော၊ အမျက်ထွက်ခြင်း။
မဒေါ၊ ဇာတိဂေါတ္တစသည်ဖြင့်စိတ်၏ယစ်ခြင်း။
ထမ္ဘော၊ ခက်ထန်ခိုင်မာခြင်း။
ပစ္စုပဋ္ဌနာ၊ ဆန့်ကျင်သော အားဖြင့်ရှေးရှုတည်ခြင်း။
မာယာ၊ ပြုအပ်ပြီးသော မကောင်းမှုကို ဖုံးလွှမ်းသောသူ၏ အဖြစ်တည်းဟူသောမာယာ။
ဣဿာ၊ သူတပါးတို့၏ လာဘ်ပူဇော်သက္ကာရစသည်တို့၌ငြူစူခြင်း။
ဘဿသမုဿယောစ၊ စကားအလွန်ထောင်ခြင်း။
မာနာတိမာနောစ၊ ဇာတိမာန်စသည်ဖြင့်အလွန်မာန်မူခြင်း။
အသမ္ဘီ၊ သူတော်မဟုတ်သူယုတ်မာတို့နှင့်။
သန္ဓဝေါ၊ ပေါင်းဖော်ခြင်း။
ဧသဧသော၊ ဤကောဓစသောကိုးပါးအပြားရှိသောအကုသိုလ်အစုသည်။
အာမဂန္ဓော၊ အဆိပ်နံ့အပုပ်နံ့တည်း။
မံသဘောဇနံ၊ အသားဖြင့်ပြွမ်းသောဘောဇဉ်သည်။
အာမဂန္ဓော၊ အဆိပ်နံ့အပုပ်နံ့သည်။
နဟိဟောတိ၊ မဖြစ်သည်သာလျှင်တည်း။ ။
ယေ၊ အကြင်သူတို့သည်။
ပါပသီလာ၊ မကောင်းသော အကျင့်ရှိကုန်သည်ဖြစ်၍ယုတ်မာသောအလေ့ရှိကုန်၏ဟုထင်ရှားကုန်၏။
ဣဏဃာတသူစကာ၊ သူ့မြီကိုယူ၍ မပေးသဖြင့်သူမြီကို ဖျက်ကုန်သည် ချောပစ်သော စကားဖြင့်ဂုံးချောတတ်ကုန်သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။
ဣဓ၊ ဤလောက၌။
ဝေါဟာရကုဋာ၊ ဥစ္စာရှင်ကိုရှုံးစေကုန်သည်ဖြစ်၍စဉ်းလဲသောတရားဆုံးဖြတ်ခြင်းရှိကုန်၏။
ပါတိရူပိကာ၌၊ တရား၌ တည်သောအတုကိုပြုကုန်၏။
ဣဓလောကေ၊ ဤလောက၌။
ယေစနရာ၊ အကြင်ကြမ်းတမ်းကုန်သောသူတို့သည်လည်း။
ကိဗ္ဗိသံ၊ အမိအဘစသည် တို့၌လည်းမှားသော အကျင့်ဟုဆိုအပ်သောကြမ်းတမ်းသောအမှုကို။
ကရောန္တိ၊ ပြုကုန်၏။
တေသံ၊ ထိုသူတို့၏။
ဧသဧသော၊ ဤပါပသီလစသော ခြောက်ပါးသော အကုသိုလ်အပေါင်းသည်။
အာမဂန္ဓော၊ အဆိပ်နံ့အပုပ်နံ့တည်း။
မံသဘောဇနံ၊ အသားဖြင့်ပြွမ်းသောဘောဇဉ်သည်။
အာမဂန္ဓော၊ အဆိပ်နံ့အပုပ်နံ့သည်။
နဟိဟောတိ၊ မဖြစ်သည်သာလျှင်တည်း။ ။
ယေဇနာ၊ အကြင်သူတို့သည်။
ဣဓလောကေ၊ ဤလောက၌။
ပါဏေသု၊ သတ္တဝါတို့၌။
အသညတာ၊ အလိုရှိတိုင်းသတ်၍သနားခြင်းကိုမျှမပြုကုန်သည်ဖြစ်၍မစောင့်စည်းကုန်။
ပရေသံ၊ သူတပါးတို့၏။
သန္တကံ၊ ဥစ္စာကို။
အာဒါယ၊ ယူ၍။
တေသံ၊ ထိုဥစ္စာရှင်တို့အား။
ဝိဟေသဿ၊ လက်အုတ်ခဲစသည်ဖြင့်ညှဉ်းဆဲခြင်းကို။
ဥယျုတာ၊ လုံ့လပြုကုန်၏။
ဒုဿီလာ၊ မကောင်းသော ကိုယ်နှုတ်စိတ်အကျင့်ရှိကုန်သည်ဖြစ်၍ သီလမရှိကုန်။
လုဒ္ဒါ၊ သားငါးစသည်ကို သတ်သဖြင့် အလိမ်းအလိမ်းကပ်သော လက်ရှိသောအဖြစ်ဖြင့် ကြမ်းတမ်းသောအမှုရှိကုန်၏။
ဖရုသာ၊ ကြမ်းသောစကားရှိကုန်၏။
အနာဒရာ၊ ရိုသေခြင်းကင်းကုန်၏။
ဧသဧသော၊ ဤသတ္တဝါတို့၌မစောင့်စည်းခြင်းစသော ခြောက်ပါးသော အကုသိိုလ်အပေါင်းသည်။
အာဂမန္ဓော၊ အဆိပ်နံ့အပုပ်နံ့တည်း။
မံသဘောဇနံ၊ အသားဖြင့်ပြွမ်းသောဘောဇဉ်သည်။
အာမဂန္ဓော၊ အဆိပ်နံ့အပုပ်နံ့သည်။
နဟောတိ၊ မဖြစ်သည်သာလျှင်တည်း။ ။
ယေ၊ အကြင်သူတို့သည်။
ဧတေသု၊ ဤသတ္တဝါတို့၌။
ဂိဒ္ဓါ၊ လောဘဖြင့်မက်မောကုန်၏။
ဝိရုဒ္ဓါ၊ ဒေါသဖြင့်ဆန့်ကျင်ကုန်၏။
အတိပါသိနော၊ မောဟဖြင့်အပြစ်ကို မမြင်ကုန်သည်ဖြစ်ကုန်၍အဖန်တလဲလဲလွန်ကျူးခြင်းသို့ရောက်သဖြင့်လျှင်စွာချကုန်၏။
နိစ္စုယျုတာ၊ အကုသိုလ်ကိုပြုခြင်း၌အမြဲမပြတ်လုံ့လပြုကုန်၏။
ယေသက္ကာ၊ အကြင်သတ္တဝါတို့သည်။
ပေစ္စ၊ တမလွန်ဘဝ၌။
တမံ၊ ယုတ်သောအမျိုးရှိသောသူ၏အဖြစ်ရှိသော အမိုက်သို့။
ဝဇန္တိ၊ သွားကုန်၏။
နိရယံ၊ အဝီစိစသောအပြားရှိသောငရဲသို့။
အဝံသိရာ၊ အောက်သို့ညွတ်သောဦးခေါင်းရှိကုန်သည်ဖြစ်၍။
ပထန္တိ၊ ကျကုန်၏။
တေသံသတ္တာနိ၊ ထိုသတ္တဝါတို့၏။
ဧသဧသော၊ အမိုက်သို့သွားခြင်းငရဲသို့ကျခြင်း၏အကြောင်းဖြစ်သော ဤဂေဓဝိရောဓ ပါဏာတိပါတအပြားရှိသောအကုသိုလ်အစုသည်။
အာမဂန္ဓော၊ အဆိပ်နံ့အပုပ်နံ့တည်း။
မံသဘောဇနံ၊ အသားဖြင့်ပြွမ်းသောဘောဇဉ်သည်။
အာမဂန္ဓော၊ အဆိပ်နံ့အပုပ်နံ့သည်။
နဟိဟောတိ၊ မဖြစ်သည်သာလျှင်တည်း။ ။
မစ္ဆမံသာနံ၊ မစားအပ်သောငါးအမဲတို့ကို။
အနာသကတ္တံ၊ မစားသောအဖြစ်သည်။
အဝိတိဏ္ဏကင်္ခံ၊ မကူးမြောက်သောယုံမှားခြင်းရှိသော။
မစ္စံ၊ သတ္တဝါကို။
နသောဓေတိ၊ မစင်စေနိုင်။
နဂ္ဂိယံ၊ အဝတ်မဝတ်အချည်းစည်းသောအဖြစ်သည်။
နသောဓေတိ၊ မစင်စေနိုင်။
မုဏ္ဍိယံ၊ ဦးပြည်းအဖြစ်သည်။
နသောဓေတိ၊ မစင်စေနိုင်။
ဇဋာဇလ္လံ၊ ဆံကျစ်မြူမှုံ အညစ်အကြေးသည်။
နသောဓေတိ၊ မစင်စေနိုင်။
ခါရာဇိနာနိစ၊ ရသေ့ပရိက္ခရာသစ်နက်ရေတို့သည်လည်း။
နသောဓေတိ၊ မစင်စေနိုင်ကုန်။
အဂ္ဂိဟုတဿုပသေဝနာ၊ မီးကိုလုပ်ကျွေးခြင်းတို့သည်။
နသောဓေတိ၊ မစင်စေနိုင်ကုန်။
ယေဝါပိ၊ အကြင်သို့သဘောရှိသည်မူလည်းဖြစ်ကုန်သော။
အမရာ၊ မသေသောအဖြစ်ကိုတောင့်တသဖြင့်ဖြစ်သောကိုယ်၏ပင်ပန်းသောအကျင့်တို့သည်လည်းကောင်း။
ဗဟူ၊ ဆောင့်ကြောင့်ထိုင်သောအဖြစ်ကို ဆောက်တည်ခြင်းစသောအားဖြင့်များသောအပြားရှိကုန်သော။
တပါ၊ ကိုယ်ကို ပူစေသော အကျင့်တို့သည်လည်းကောင်း။
မန္တာစ၊ ဗေဒင်တို့သည်လည်းကောင်း။
အာဟုတိ၊ မီးပူဇော်သောအမှုကိုလည်းကောင်း။
ယညံ၊ အဿမေစသောယစ်လည်းကောင်း။
ဥတုပသေဝနာ၊ ဥတုကိုမှီဝဲခြင်းတို့သည်လည်းကောင်း။
ဧတာနိဝိ၊ ဤအလုံးစုံတို့သည်လည်း။
အဝိတိဏ္ဏကင်္ခံ၊ မကူးမြောက်သေးသောယုံမှားခြင်းရှိသော။
မစ္စံ၊ သတ္တဝါကို။
နသောဓေန္တိ၊ မစင်စေနိုင်ကုန်။ ။
ယော၊ အကြင်သူသည်။
တေသု၊ ထိုခြောက်ပါးသောဣန္ဒြေတို့၌။
ဂုတ္တော၊ လွန်စွာစောင့်ခြင်းနှင့်ပြည့်စုံသည်ဖြစ်၍။
ဝိရိတိန္ဒြိယော၊ ဉာတပရိညာဖြင့်ခြောက်ပါးသောဣန္ဒြေတို့ကိုထင်သည်ကိုပြု၍။
စရေ၊ ကျင့်ရာ၏။
ဓမ္မေ၊ လေးပါးသောသစ္စာတရား၌။
ဌိတော၊ အရိယမဂ်ဖြင့်တည်၏။
အဇ္ဇဝမဒ္ဒဝေ၊ ဖြောင့်သောသူ၏အဖြစ်နူးညံ့သောသူ၏အဖြစ်၌။
ရတော၊ မွေ့လျော်၏။
သင်္ဂါတိဂေါ၊ ရာဂစသောငြိခြင်းကိုလွန်၏။
သဗ္ဗဒုက္ခပဟီနော၊ အလုံးစုံသောဝဋ်ဆင်းရဲကိုပယ်ပြီ။
သော၊ ထိုသူသည်။
ဓိရော၊ အရဟတ္တဖိုလ်သို့ရောက်သဖြင့်မတုန်မလှုပ်လည်သည်ဖြစ်၍။
ဒိဋ္ဌသုတေသု၊ မြင်အပ်ကြားအပ်ကုန်သောအာရုံတို့၌။
နလိမ္ပတိ၊ တစုံတခုသောကိလေသာဖြင့်မလိမ်းကျံ။ ။
ဣတိ၊ ဤသို့။
ဘဂဝါ၊ ကဿပဘုရားရှင်သည်။
ဧတံအတ္ထံ၊ ဤအနက်ကို။
ပုနပ္ပုနံ၊ အထပ်ထပ်။
အက္ခာသိ၊ ဟောပြီ။
မန္တပါရဂူ၊ ဗေဒင်တို့၏အပြီးသို့ရောက်သော။
သောပိ၊ ထိုတိဿပုဏ္ဏားသည်လည်း။
နံအတ္ထံ၊ ထိုအနက်ကို။
အဝေဒယိအညာသိ၊ သိပြီ။
ကိံကာရဏာ၊ အဘယ်အကြောင်းကြောင့်နည်း။
ယသ္မာ၊ အကြင်ကြောင့်။
မုနိ၊ ကဿပဘုရားရှင်သည်။
ဝိစိတြာဟိ၊ ဆန်းကြယ်ကုန်သော။
ဂါထာဟိ၊ ဂါထာတို့ဖြင့်။
ပကာသယိ၊ ပြတော်မူပြီ။
တသ္မာ၊ ထိုကြောင့်။
အဝေဒယိအညာသိ၊ သိပြီ။
နိရာမဂန္ဓော၊ ကိလေသာဟူသောအဆိပ်နံ့အပုပ်နံ့ကင်းသောနိရာမဂန္ဓသည်။
အသိတော၊ တဏှာဒိဋ္ဌိကိုမမှီ။
ဒူရန္နယော၊ ဗာဟိရဖြစ်သောအယူအားဖြင့် တစုံတယောက်သည်ဆောင်နိုင်ခဲ့၏။
ဗုဒ္ဓဿ၊ ကဿပဘုရားရှင်၏။
သုဘာသိတံ၊ ကောင်းစွာဟောတော်မူအပ်ပြီးထသော။
နိရာမဂန္ဓံ၊ ကင်းသောကိလေသာဟူသော အဆိပ်နံ့ အပုပ်နံ့ရှိထသော။
သဗ္ဗဒုက္ခပနုဒနံ၊ ခပ်သိမ်းသောဝဋ်ဆင်းရဲကိုဖျောက်တတ်ထသော။
ပဒံ၊ တရားတော်ကို။
သုတွာ၊ နာပြီး၍။
သော၊ ထိုတိဿပုဏ္ဏားသည်။
နီစမနော၊ နှိမ့်ချသောစိတ်ရှိသည်ဖြစ်၍။
တထာဂတဿ၊ ကဿပဘုရား၏။
ပါဒေ၊ ခြေတော်တို့ကို။
ဝန္ဒိ၊ ရှိခိုးပြီ။
တတ္ထေဝ၊ ထိုအရပ်၌ပင်လျှင်။
ပဗ္ဗဇ္ဇံ၊ ရဟန်းအဖြစ်ကို။
အာရောစယိတ္ထ၊ ကြားလျှောက်ပြီ။
ဣတိ၊ ဤသည်လျှင်အပြီးတည်း။ ။
အာမဂန္ဓသုတ္တံ၊ အာမဂန္ဓသုတ်တည်း။ ။