Issues
Select Version
Suttanipātapāḷi
Suttanipātapāḷi

ကလဟဝိဝါဒသုတ္တံ

Author: နိဿယ @ IAPT

ကလဟဝိဝါဒသုတ္တံ

ဂေါတမ၊ ဂေါတမအနွယ်ဖြစ်သောဘုရား။ ကလဟာစ၊ မျက်မှောက်ငြင်းခုံခြင်းတို့သည်လည်းကောင်း။ ဝိဝါဒါ၊ မျက်ကွယ်ငြင်းခုံခြင်းတို့သည်လည်းကောင်း။ ဣမေဓမ္မာ၊ ဤတရားတို့သည်။ ကုတောပဟုတာ၊ အဘယ်မှအကြောင်းဖြစ်ကုန်သနည်း။ သဟမစ္ဆရာ၊ ဝန်တိုခြင်းနှင့်တကွကုန်သော။ ပရိဒေဝသောကာစ၊ ငိုကြွေးခြင်းစိုးရိမ်ခြင်းတို့သည်လည်းကောင်း။ သယပေသုဏာ၊ ‌ချောပစ်ဂုံးတိုက်ခြင်းနှင့်တကွကုန်သော။ မာနာတိမာနာစ၊ မာန်မူခြင်းအလွန်မာန်မူခြင်းတို့သည်လည်းကောင်း။ ကုတောပဟုတာ၊ အဘယ်မှအကြောင်းဖြစ်ကုန်သနည်း။ တေ၊ ထိုရှစ်ပါးအပြားရှိသော ကိလေသာတရားတို့သည်။ ကုတောပဟုတာ၊ အဘယ်မှ အကြောင်းဖြစ်ကုန်သနည်း။ တံအတ္ထံ၊ ထိုအနက်ကို။ တွံ၊ အရှင်ဘုရားသည်။ ဗြူဟိ၊ ဟောတော်မူလော။ အဟံ၊ ငါသည်။ တံ၊ သင့်ကို။ ဣင်္ဃယာစာမိ၊ တောင်းပန်ပါ၏။
ကလဟာစ၊ မျက်မှောက်ငြင်းခုံခြင်းတို့သည်လည်းကောင်း။ ဝိဝဒါစ၊ မျက်ကွယ်ငြင်းခုံခြင်းတို့သည်လည်းကောင်း။ သဟမစ္ဆရာ၊ ဝန်တိုခြင်းနှင့်တကွကုန်သော။ ပရိဒေဝသောကာစ၊ ငိုကြွေးခြင်းစိုးရိမ်ခြင်းတို့သည်လည်းကောင်း။ သဟပေသုဏာ၊ ချောပစ်ဂုံးတိုက်ခြင်းနှင့်တကွကုန်သော။ မာနာတိမာနာစ၊ မာန်မူခြင်းအလွန်မာန်မူခြင်းတို့သည်လည်းကောင်း။ ပိယပ္ပဟုတာ၊ ချစ်အပ်သောဝတ္ထုကြောင့်ဖြစ်ကုန်၏။ ကလဟာဝိဝဒါ၊ မျက်မှောက်ငြင်းခုံခြင်းမျက်ကွယ်ငြင်းခုံခြင်းတို့သည်။ မစ္ဆရိယယုတ္တာ၊ ဝန်တိုခြင်းနှင့်လည်းစပ်ကုန်၏။ ဝိဝါဒဇာ‌တေသု၊ ငြင်းခုံခြင်းဖြစ်ကုန်သည်ရှိသော်။ ပေသုဏာနိစ၊ ချောပစ်ဂုံးတိုက်ခြင်းတို့သည်လည်း။ ဘဝန္တိ၊ ဖြစ်ကုန်၏။ ။
ယေ၊ အကြင်ပိယဝတ္ထုတို့ကို။ ဝုတ္တာ၊ ဆိုအပ်ကုန်၏။ တေပိယာ၊ ထိုချစ်ခြင်း တို့သည်။ လောကသ္မိံ၊ လောက၌။ ကုတောနိဒါနာ၊ အဘယ်အကြောင်းရှိကုန်သည်။ အဿု၊ ဖြစ်ကုန်သနည်း။ ယေစာပိ၊ အကြင်ခတ္တိယအစရှိကုန်သောအမျိုးလေးပါးတို့သည်လည်း။ လောဘာ၊ လောဘဟူသော အကြောင်းရှိကုန်သည်ဖြစ်၍။ လောကေ၊ လောက၌။ ဝိစရန္တိ၊ သွားကုန်၏။ တေသံ၊ ထိုမင်းအစရှိသည်တို့၏။ သောလောဘောစ၊ ထိုလောဘသည်လည်း။ ကုတောနိဒါနာ၊ အဘယ်အကြောင်းရှိကုန်သနည်း။ ယေ၊ အကြင်အာသာနိဋ္ဌာဘုံသည်။ နရဿ၊ လူအား။ သမ္ပရာယာယ၊ ကောင်းစွာတကွလဲလျောင်းခြင်းငှါ။ ဟောန္တိ၊ ဖြစ်ကုန်၏။
တေအာသာစ၊ ထိုတောင့်တခြင်းတို့သည်လည်းကောင်း။ တေနိဋ္ဌာစ၊ ထိုထိုအာသာ၏ပြီးပြည့်စုံခြင်းတိို့သည်လည်းကောင်း။ ကုတောနိဒါနာ၊ အဘယ်အကြောင်းရှိကုန်သနည်း။ လောကေ၊ လောက၌။ ပိယာနိ၊ ချစ်အပ်ကုန်သောဝတ္ထုတို့သည်။ ဆန္ဒနိဒါနာနိ၊ ကာမဆန္ဒဟူသောအကြောင်းရှိကုန်၏။ ယေစာပိ၊ အကြင်ခတ္တိယအစရှိသည်တို့သည်လည်း။ လောဘာ၊ လောဘဟူသောအကြောင်းရှိကုန်သည်ဖြစ်၍။ လောကေ၊ လောက၌။ ဝိစရန္တိ၊ သွားကုန်၏။ တေသံ၊ ထိုခတ္တိယတို့၏။ လောဘောပိ၊ လောဘသည်လည်း။ ဆန္ဒနိဒါနော၊ ကာမဆန္ဒဟူသောအကြောင်းရှိ၏။ ယေ၊ အကြင်အာသာနိဋ္ဌာတို့သည်။ နရဿ၊ လူအား။ သမ္ပရာယာယ၊ ကောင်းစွာတကွလဲလျောင်းခြင်းငှါ။ ဟောန္တိ၊ ဖြစ်ကုန်၏။ တေအာသာစ၊ ထိုတောင့်တခြင်းတို့သည်လည်းကောင်း။ တေနိဋ္ဌာစ၊ ထိုထိုအာသာ၏ပြီးပြည့်စုံခြင်းတို့သည်လည်းကောင်း။ ဣတောနိဒါနာ၊ ဤကာမစ္ဆန္ဒဟူသော အကြောင်းရှိကုန်၏။
လောကသ္မိံ၊ လောက၌။ ဆန္ဒော၊ ဆန္ဒသည်။ ကုတောနိဒါနောနု၊ အဘယ်အကြောင်းရှိသနည်း။ ဝိနိစ္ဆယာပိ၊ တဏှာဒိဋ္ဌိဟူသောဆုံးဖြတ်ခြင်းတို့သည်မူလည်း။ ကုတောပဟုတာ၊ အဘယ်မှ အကြောင်းဖြစ်ကုန်သနည်း။ ကောဓောစ၊ အမျက်ထွက်ခြင်းသည်လည်းကောင်း။ မောသဝဇ္ဇဉ္စ၊ တွေဝေမိုက်မဲခြင်းအပြစ်သည်လည်းကောင်း။ ကထံကထာစ၊ ယုံမှားခြင်းသည်လည်းကောင်း။ ဣမေဓမ္မာ၊ ဤတရားတို့သည်။ ကုတောပဟုတာ၊ အဘယ်မှအကြောင်းဖြစ်ကုန်သနည်း။ အညေပိ၊ တပါးလည်းဖြစ်ကုန်သော။ ယေဝါပိဓမ္မာ၊ အကြင်သို့သောသဘောရှိကုန်သောကောဓစသည်နှင့်သမ္ပယုတ်ဖြစ်ကုန်သောတရားတို့သို့သဘောရှိကုန်သော အကုသိုလ်ဓမ္မတို့ကို မူလည်း။ သမဏေန၊ ဗုဒ္ဓသမဏသည်။ ဝုတ္တာ၊ ဟောအပ်ကုန်ပြီ။
တေဓမ္မာ၊ ထိုတရားတို့သည်။ ကုတောပဟုတာ၊ အဘယ်မှအကြောင်းဖြစ်ကုန်သနည်း။ ယံ၊ အကြင်သုခဒုက္ခကို။ သာတံ အာသာတန္တိ၊ သာယာခြင်း လက္ခဏာ မသာယာခြင်းလက္ခဏာရှိ၏ဟူ၍။ လောကေ၊ လောက၌။ အာဟု၊ ဆိုကုန်ပြီ။ တံ၊ ထိုသုခဒုက္ခတဒုဘယဝတ္ထုဟုဆိုအပ်သော သာတအသာတကို။ ဥပနိဿာယ၊ မှီ၍။ ဆန္ဒော၊ ဆန္ဒသည်။ ပဟောတိ၊ ဖြစ်၏။ ရူပေသု၊ ရုပ်တရားတို့၌။ ဝိဘဝဉ္စ၊ ပျက်ခြင်းကိုလည်းကောင်း။ ဘဝဉ္စ၊ ဖြစ်ခြင်းကိုလည်းကောင်း။ ဒိသွာ၊ မြင်၍။ ဇန္တု၊ သတ္တဝါအပေါင်းသည်။ လောကေ၊ အပါယ်စသောလောက၌။ ဝိနိစ္ဆယံ၊ တဏှာဒိဋ္ဌိအားဖြင့် ဆုံးဖြတ်ခြင်းကို။ ကုရုတေကရောတိ၊ ပြု၏။ ။
ကောဓောစ၊ အမျက်ထွက်ခြင်းသည်လည်းကောင်း။ မောသဝဇ္ဇဉ္စ၊ တွေဝေမိုက်မဲခြင်းအပြစ်သည်လည်းကောင်း။ ကထံကထာစ၊ ယုံမှားခြင်းသည်လည်းကောင်း။ ဧတေပိဓမ္မာ၊ ဤကောဓအစရှိသောတရားတို့သည်လည်း။ ဒွယမေဝ၊ သာတအသာတနှစ်ပါးသည်။ သန္တေဧဝ၊ ရှိသော်သာလျှင်။ ပဟောန္တိ၊ ဖြစ်ကုန်၏။ ကထံကထီ၊ ယုံမှားခြင်းရှိသောသူသည်။ ဉာဏပထာယ၊ ဉာဏ်အမြင်ကိုရစိမ့်သောငှါ။ တိဿောသိက္ခာ၊ သုံးပါးသောသိက္ခာတို့ကို။ သိက္ခေ၊ ကျင့်ရာ၏။ ကာရဏံ၊ အကြောင်းကား။ ကိံ၊ အသို့နည်း။ သမဏေန၊ ဗုဒ္ဓသမဏသည်။ ဉတွာ၊ သိ၍သာလျှင်။ ဓမ္မာ၊ တရားတို့ကို။ ပဝုတ္တာ၊ ဟောအပ်ကုန်ပြီ။ တသ္မာ၊ ထိုကြောင့်။ ကထံကထီ၊ ယုံမှားခြင်းရှိသောသူသည်။ ဉာဏပထာယ၊ ဉာဏ်ကိုတောင့်တသဖြင့်။ သိက္ခေ၊ ကျင့်ရာ၏။ ။
သာတဉ္စ၊ သုခသည်လည်းကောင်း။ အသာတဉ္စ၊ ဒုက္ခသည်လည်းကောင်း။ ကုတောနိဒါနာ၊ အဘယ်တရားအကြောင်းရှိကုန်သနည်း။ သာတံအသာတာနံ၊ သုခဒုက္ခတို့၏။ ဝိဘဝံစ၊ ပျက်ခြင်းသည်လည်းကောင်း။ ဘဝဉ္စ၊ ဖြစ်ခြင်းသည်လည်းကောင်း။ ဧတေ၊ ထိုဝိဘဝဘဝတို့သည်။ ကိသ္မိံ၊ အဘယ်တရားသည်။ အသန္တေ၊ မရှိသည်ရှိသော်။ နဟိဘဝန္တိ၊ မဖြစ်ကုန်သနည်း။ သာတံအသာတာနံ၊ သုခဒုက္ခတို့၏။ ဝိဘဝဉ္စဝိဘဝေါစ၊ ပျက်ခြင်းကိုလည်းကောင်း။ ဘဝံဘဝေါစ၊ ဖြစ်ခြင်းကိုလည်းကောင်း။ ဣတိ၊ ဤသို့။ ယမေတမတ္တံယောဧသောအတ္ထော၊ အကြင်အနက်ကို။ ဝုတ္တော၊ မိန့်အပ်၏။ ဧတံအတ္ထံ၊ ဤအနက်ကို။ ယတောနိဒါနံ၊ အကြင်အကြောင်းရှိ၏ဟု။ ပဗြူဟိ၊ ‌ဟောတော်မူလော့။
သာတံစ၊ သာယာခြင်းသည်လည်းကောင်း။ အသာတံစ၊ မသာယာခြင်းသည်လည်းကောင်း။ ဖဿနိဒါနံ၊ ဖဿလျှင်အကြောင်းရှိ၏။ ဝိဘဝဉ္စ၊ ပျက်ခြင်းသည်လည်းကောင်း။ ဘဝဉ္စ၊ ဖြစ်ခြင်းသည်လည်းကောင်း။ ဧတေ၊ ဤဝိဘဝဘဝတို့သည်။ ဖဿေ၊ ဖဿသည်။ အသန္တေ၊ မရှိသည်ရှိသော်။ နဟိဘဝန္တိ၊ မဖြစ်ကုန်။ ဝိဘဝံဝိဘဝေါစ၊ ပျက်ခြင်းကိုလည်းကောင်း။ ဘဝံဘဝေါစ၊ ဖြစ်ခြင်းကိုလည်းကောင်း။ ဣတိ၊ ဤသို့။ ယမေထမတ္ထံယောဧသောအတ္ထော၊ ဤအနက်ကို။ ဝုတ္တော၊ မိန့်အပ်၏။ ဧတံအတ္ထံ၊ ထိုအနက်ကို။ ဣတောနိဒါနံ၊ ဤဖဿလျှင်အကြောင်းရှိ၏ဟူ၍။ တေ၊ သင်အား။ အဟံ၊ ငါသည်။ ပဗြူမိ၊ အပြားအားဖြင့်‌ဟောတော်မူ၏။
ဖဿော၊ ဖဿသည်။ လောကသ္မိံ၊ လောက၌။ ကုတောနိဒါနောနု၊ အဘယ်အကြောင်းရှိသနည်း။ ပရိဂ္ဂဟာစာပိ၊ ဝတ္ထုကိုသိမ်းဆည်းခြင်းတို့သည်လည်း။ ကုတောပဟုတာ၊ အဘယ်အကြောင်းဖြစ်ကုန်သနည်း။ ကသ္မိံ၊ အဘယ်တရားသည်။ အသန္တေ၊ မရှိသည်ရှိသော်။ မမ၊ ငါအား။ အတ္ထံ၊ ဥစ္စာသည်။ အတ္ထိ၊ ရှိ၏။ ဣတိ၊ ဤသို့။ ပရိဂ္ဂဟာ၊ သိမ်းဆည်းခြင်းတို့သည်။ နသန္တိ၊ မရှိကုန်သနည်း။ ကသ္မိံ၊ အဘယ်သည်။ ဝိဘူတေ၊ လွန်သည်ရှိသော်။ ဖဿာ၊ စက္ခုသံဖဿစသည်တို့သည်။ နဖုသန္တိ၊ မတွေ့ကုန်သနည်း။ ။
နာမဉ္စ၊ သမ္ပယုတ်ဖြစ်သောနံကိုလည်းကောင်း။ ရူပဉ္စ၊ ဝတ္ထုအာရုံဖြစ်သောရုပ်ကိုလည်းကောင်း။ ပဋိစ္စ၊ စွဲ၍။ ဖဿော၊ ဖဿသည်။ ဘဝတိ၊ ဖြစ်၏။ ပဋိဂ္ဂဟာနိ၊ သိမ်းဆည်းခြင်းတို့သည်။ ဣစ္ဆာနိဒါနာနိ၊ အလိုလျှင်အကြောင်းရှိကုန်၏။ ဣစ္ဆာယ၊ အလိုသည်။ အသတိ၊ မရှိခဲ့သော်။ မမ၊ ငါ၏။ အတ္ထံ၊ ဥစ္စာတည်း။ ဣတိ၊ ဤသို့။ ပရိဂ္ဂဟော၊ သိမ်းဆည်းခြင်းသည်။ နအတ္ထိ၊ မရှိ။ ရူပေ၊ ဝတ္ထုအာရုံဖြစ်သောရုပ်သည်။ ဝိဘူတေ၊ ကင်းသည်ရှိသော်။ ဖဿာစ၊ စက္ခုသံဖဿအစရှိကုန်သောငါးပါးကုန်သောဖဿတို့သည်။ နဖုသန္တိ၊ မတွေ့ထိကုန်။
ကထံသမေတဿ၊ အဘယ်သို့ကျင့်သောသူအား။ ရူပံ၊ ရုပ်သည်။ ဝိတောတိ၊ မဖြစ်သနည်း။ သုခံဒုက္ခံစာပိ၊ ချမ်းသာဆင်းရဲသည်မူလည်း။ ကထံ၊ အဘယ်အကြောင်းဖြင့်။ ဝိတောတိ၊ မဖြစ်သနည်း။ ယထာ၊ အကြင်အကြောင်းဖြင့်။ ဝိတောတိ၊ ကွယ်၏။ တထာ၊ ထိုအကြောင်းဖြင့်။ တံ၊ ထိုကွယ်ခြင်းကို။ ဇာနိဿာမ၊ သိရပါကုန်အံ့နည်း။ ဣတိ၊ ဤသို့။ မေ၊ ငါ၏။ မနော၊ စိတ်သည်။ အာဟု၊ ဖြစ်၏။ ဧတံ၊ ဤအကြောင်းကို။ မေ၊ ငါ့အား။ ပဗြူဟိ၊ အပြားအားဖြင့်‌ဟောတော်မူလော။ ယထာ၊ အကြင်အခြင်းဖြင့်။ သမေတဿ၊ ကျင့်သောသူအား။ ရူပံ၊ ကသိုဏ်းရုပ်သည်။ ဝိဘောတိ၊ ကွယ်၏။
သော၊ ထိုကျင့်သောသူသည်။ သညသညီ၊ ပကတိသညာဖြင့်သညာရှိသည်လည်း။ နဟောတိ၊ မဖြစ်။ ဝိသညသညီ၊ ‌ဖောက်ပြန်သောသညာရှိသည်လည်း။ နဟောတိ၊ မဖြစ်။ သညာ၊ ဖောက်ပြန်၍။ အသညီ၊ သညာမရှိသည်လည်း။ နဟောတိ၊ မဖြစ်။ ဝိဘူတသညီ၊ အခြင်းခပ်သိမ်းလွန်ပြီးသောသညာရှိသည်လည်း။ နဟောတိ၊ မဖြစ်။ ဧတသ္မိံ၊ ဤသညာရှိသည်၏အဖြစ်အစရှိသည်၌။ အဌတွာ၊ မတည်မူ၍။ ဧဝံ၊ ဤသို့အာကာသာနဉ္စာယတနသမာပတ်ကိုရစိမ့်သောငှါ စိတ်ကို‌ရှေးရှုဆောင်သောအခြင်းအရာဖြင့်။ သမေတဿ၊ ကျင့်သောအရူပ၏အကြောင်းဖြစ်သောမာရ်နှင့်ပြည့်စုံသောသူအား။ ရူပံ၊ ကသိုဏ်းရုပ်သည်။ ဝိဘောတိ၊ ကွယ်၏။ ဟိ၊ သင့်စွ။ ပပဉ္စသင်္ခါ၊ သံသရာချဲ့တတ်ရကားပပဉ္စဟုဆိုအပ်ကုန်သော တဏှာမာနဒိဋ္ဌိအစုတို့သည်။ သညာနိဒါနာ၊ သညာဟူသောအကြောင်းရှိကုန်၏။ ။
ယန္တံအသန္တံ၊ ဆိုအပ်ခဲ့ပြီးသည်မှတပါး အကြင်ဝိသုဒ္ဓိမဂ္ဂမရှိသည်ကို။ မယံ၊ ငါတို့သည်။ အပုစ္ဆိမှ၊ မမေးရကုန်သေး။ နော၊ ငါတို့အား။ အကိတ္တယိ၊ မကြားသေး။ တံအသန္တံ၊ ထိုမရှိသည်ကို။ ပုစ္ဆာမ၊ မေးကုန်၏။ တံအသန္တံ၊ ထိုမရှိခြင်းကို။ ဗြူဟိ၊ ဟောတော်မူလော။ ဣင်္ဃယာစာမ၊ ငါတို့တောင်းပန်ပါကုန်၏။
ဧတ္တာဝတာ၊ ဤသမာပတ်မျှတည်းသောအတိုင်းအရှည်ဖြင့်။ ဣဓ၊ ဤလောက၌။ ပဏ္ဍိတာသေ၊ ပညာရှိကုန်သော။ ဧကေ၊ အချို့ကုန်သောရဟန်းပုဏ္ဏားတို့သည်။ ယက္ခဿ၊ သတ္တဝါ၏။ အဂ္ဂံ၊ မြတ်သော။ သုဒ္ဓိံ၊ စင်ခြင်းကို။ ဝဒန္တိနု၊ ဆိုကုန်သလော။
ဥဒါဟု၊ ထိုသို့မဟုတ်မူကား။ အညမ္ပိ၊ တပါးလည်းဖြစ်သော။ ဧတ္တော၊ ဤအရူပသမာပတ်ထက်။ အဓိကံ၊ လွန်သောစင်ခြင်း၏အကြောင်းကို။ ဝဒန္တိ၊ ဆိုကုန်သလော။
ဧတ္တာဝတာ၊ ဤသမာပတ်မျှတည်းသောအတိုင်းအရှည်ဖြင့်။ တေသံပန၊ ထိုရဟန်းပုဏ္ဏားတို့တွင်။ ဣဓ၊ ဤလောက၌။ ပဏ္ဍိတာသေ၊ ပညာရှိဟုမှတ်အပ်ကုန်သော။ ဧကေ၊ အချို့ကုန်သောသဿတဝါဒရှိကုန်သောရဟန်းပုဏ္ဏားတို့သည်။ ယက္ခဿ၊ သတ္တဝါ၏။ အဂ္ဂံ၊ မြတ်သော။ သုဒ္ဓိံ၊ စင်ခြင်းကို။ ဝဒန္တိ၊ ဆိုကုန်၏။ တေသံ၊ ထိုရဟန်းပုဏ္ဏားတို့တွင်။ ဧကေ၊ အချို့ကုန်သောဥစ္ဆေဒအယူရှိကုန်သောရဟန်းပုဏ္ဏားတို့သည်။ အနုပါဒိသေသေ၊ အနုပါဒိသေသနိဗ္ဗာန်၌။ ကုသလာဝဒါနာ၊ လိမ္မာကုန်၏ဟုဆိုကုန်သည်။ သမာနာ၊ ဖြစ်ကုန်၍။ သမယံ၊ ဥစ္ဆေဒအယူကို။ ဝဒန္တိ၊ ဆိုကုန်၏။
ဧတေစ၊ ဤမိစ္ဆာအယူရှိကုန်သောရဟန်းပုဏ္ဏားတို့ကိုလည်း။ ဉတွာ၊ သိ၍။ ဥပနိဿိတာ၊ မှီကုန်၏။ ဣတိ၊ ဤသို့။ နိဿယေစ၊ မှီရာတို့ကိုလည်း။ ဉတွာ၊ သိ၍။ ဝိမံသီ၊ ထိုသို့စုံစမ်းသောအလေ့ရှိသော။ သောမုနိ၊ ထိုဗုဒ္ဓမုနိသည်။ ဓမ္မေ၊ တရားတို့ကို။ အနိစ္စာဒိတော၊ အနိစ္စစသောအားဖြင့်။ ဉတွာ၊ သိ၍။ ဒုက္ခာ၊ ဆင်းရဲမှ။ ဝိမုတ္တော၊ လွတ်၏။ ဝိဝါဒံ၊ ငြင်းခုံခြင်းသို့။ နဧတိ၊ မရောက်။ သောဓီရောဝ၊ ထိုဗုဒ္ဓမုနိသည်။ ဘဝါဘဝါယ၊ အဖန်တလဲလဲဖြစ်ခြင်းငှါ။ နဧတိ၊ မရောက်။
ကလဟဝိဝါဒသုတ္တံ၊ ကလဟဝိဝါဒသုတ်သည်။ နိဋ္ဌိတံ၊ ပြီးခြင်းသို့ရောက်ပြီ။ ။ ကလဟဝိဝါဒသုတ်ပြီး၏။ ။