Issues
Select Version
Abhidhammatthavibhāvinīṭīkā
Abhidhammatthavibhāvinīṭīkā

Abhidhammatthavibhāvinīṭīkā

Author: နိဿယ @ IAPT

(အဟံ၊ ငါသည်။) ဝိသုဒ္ဓကရုဏာညာဏံ၊ အထူးသဖြင့်စင်ကြယ်သောမဟာကရုဏာ,သဗ္ဗညုတဉာဏ်ရှိတော်မူသော။ ဗုဒ္ဓံ၊ ကြွင်းမဲ့ဥဿုံ,အလုံးစုံကို,အကုန်သိမြင်,ဘုရားရှင်ကိုလည်းကောင်း။ သမ္ဗုဒ္ဓပူဇိတံ၊ မြတ်စွာဘုရားသည်ပူဇော်တော်မူအပ်သော။ ဓမ္မံ၊ မဂ်ဖိုလ်နိဗ္ဗာန်,ဓမ္မကုန်ဟု,ဆယ်တန်သောတရားမြတ်ကိုလည်းကောင်း။ သဒ္ဓမ္မသမ္ဘူတံ၊ သုံးပါးသောသဒ္ဓမ္မကြောင့် အရိယာဇာတ်အားဖြင့်ကောင်းစွာဖြစ်တော်မူသော။ နိရင်္ဂဏံ၊ ရာဂစသည့်,ကိလေသာအင်္ဂဏ ရှိတော်မမူသော။ သံဃံ၊ ရှစ်ပါးအရိယာ,မြတ်သံဃာကိုလည်းကောင်း။ (နမာမိ၊ ကိုင်းညွတ်ရိုကျိုး,ရှိခိုးပါ၏။) နတွာ၊ ကိုင်းညွတ်ရိုကျိုး,ရှိခိုးပြီး၍လည်းကောင်း။ [ဝဏ္ဏယိဿံ၌ စပ်။]အနုသန္ဓေ ။ ။ ကျမ်း၏အစ၌ အန္တရာယ်ပျောက်ကင်း ကျမ်းပြီးခြင်းအကျိုးငှာ ရတနတ္တယပဏာမကို ပြုတော်မူလိုသော အရှင်သုမင်္ဂလဿာမိ ဋီကာဆရာသည် "ဝိသုဒ္ဓကရုဏာညာဏံ"အစရှိသော ဂါထာကိုမိန့်၊ ထိုဂါထာ၏ လိုရင်းကား-"ဗုဒ္ဓံ ဓမ္မံ သံဃံ နတွာ"တည်း၊ဘုရား တရား သံဃာ ရတနာသုံးပါးကို ရှိခိုးပြီး၍-ဟူလို။ [ပဏာမစေတနာ၏ အန္တရာယ်ကင်းစေနိုင်ပုံကို ဋီကာဆရာကိုယ်တိုင် ဖွင့်လတ္တံ့။]
အနက်ပေး သတိပြုဖွယ် ပဌမံ ကရေ ပဒစ္ဆေဒံ,သမာသာဒိံ တတော ကရေ၊ သမာသာခေါ ကတေ ပစ္ဆာ,အတ္ထံ နိယျာထ ပဏ္ဍိတော။
ပဒစ္ဆေဒ ။ ။ ပဏ္ဍိတော-ပညာရှိသည်၊ ပဌမံ-စွာ၊ ပဒစ္ဆေဒံ-ပုဒ်ဖြတ်မှုကို၊ကရေ-ပြရာ၏၊ သမာသ်စသည် မတွဲမီ ရှေးဦးစွာ ပုဒ်ဖြတ်မှုကို ပြုရသည်၊ "ပုဒ်ဖြတ်"ဟူရာ၌ သန္ဓိပုဒ်ဖြတ်ရုံမျှမက,ပဒစ္ဆေဒ ပဒစိန္တာ-ဟူသော သံဝဏ္ဏနာနည်းအရ ပုဒ်တစ်ခုကို နာမ် အာချာတ် ဥပသာရ နိပါတ်တွင် မည်သည့်ပုဒ်ဟု ခွဲဖြတ်ရမည်၊ နာမ်အမျိုးမျိုးတွင်လည်း သမာသ်-တဒ္ဓိတ်-ကိတ်-ရုဠှီနာမ်တို့တွင် မည်သည့်နာမ်ပုဒ်ဟု ခွဲဖြတ်ရဦးမည်၊ ဤအားလုံးကို ပဒစ္ဆေဒဟု ဆိုလိုသည်။
သမာသာဒိံ ။ ။ ထို့နောက် သမာသ်ပုဒ်ဖြစ်လျှင် မည်သည့်သမာသ်ဟု ခွဲခြား၍ သမာသ်တွဲ၊ တဒ္ဓိတ်ပုဒ်ဖြစ်လျှင်မည်သည့်တဒ္ဓိတ်ဟု ခွဲခြား၍ တဒ္ဓိတ်ဝိဂြိုဟ်ပြု၊ ကိတ်ပုဒ်ဖြစ်လျှင် မည်သည့်သာဓနဟု ခွဲခြား၍ ကိတ်ဝိဂြိုဟ်ပြုရသည်၊ တိဿ- ဍိတ္တပုဒ်တို့ကဲ့သို့ ရုဠှီပုဒ်ဖြစ်လျှင် ဝိဂြိုဟ်မလုပ်ရသော သုဒ္ဓနာမ်ဟု မှတ်သားထားရသည်၊ မှန်၏-ရုဠှီပုဒ်,အာချာတ်,ဥပသာရ,နိပါတ်နှင့် အာလုပ်ပုဒ်များ၌ ဝိဂြိုဟ်မပြုရ။
အတ္ထံ နိယျာထ ။ ။ သမာသာဒေါ-သမာသ်အစရှိသည်ကို၊ကတေ-ပြုအပ်ပြီးသော်၊ပစ္ဆာ-နောက်၌၊အတ္ထံ-ကို၊နိယျာထ-ထုတ်ဆောင်ရာ၏၊ ဤသို့ရှေးဆရာတို့မိန့်အပ်သည်နှင့်အညီ ပုဒ်တစ်ခုကို သဒ္ဒါနည်းအားဖြင့်သေချာစွာစီစစ်ပြီးမှ အနက်ပေးရပါသည်၊ထို့ကြောင့် ဤဋီကာကျော်နိဿယ၌ သဒ္ဒါနက်မလွတ်အောင် အနက်ပေးထားပုံကို သတိပြုပါလေ၊ အဓိပ္ပာယ်ပြရာ၌ကား အကျဉ်းချုပ်မျှ ရေးသားမည်ဖြစ်သောကြောင့် ထိုသဒ္ဒါနည်းများကို ထူးခြားသောပုဒ်၌သာ ခွဲပြပါမည်။ ["နိယျာထ"၌ နိပုဗ္ဗ-ယာဓာတ်, ဧထဝိဘတ်မှ ဧကို ချေ။]
ဝိသုဒ္ဓ၊ပေ၊ဉာဏံ ။ ။ ဘုရားရှင်၏ ဂုဏ်တော်များစွာတို့တွင် ကရုဏာနှင့် ပညာသည် အချုပ်အခြာဖြစ်၏၊ ချဲ့ဦးအံ့၊-သတ္တဝါတို့အပေါ်၌ သနားကရုဏာ ကြီးမားတော်မူသောကြောင့် လက်တော်အနီး၌ ရောက်နေသော နိဗ္ဗာန်ကို စွန့်၍ ဘုရားဖြစ်ဖို့ရန် ဓိဋ္ဌာန်တော်မူခဲ့ပါသည်၊ ထို့ကြောင့်ဘုရားရှင် ဂုဏ်တော်များ၏အစသည် မဟာကရုဏာတော်တည်း၊ထို့နောက် ပါရမီတော်များကို ဖြည့်ကျင့်၍ သဗ္ဗညုတဉာဏ်ပညာတော်ကြီးရမှ ဗုဒ္ဓမြတ်စွာအဖြစ်သို့ ရောက်တော်မူ၏၊ ထို့ကြောင့် ဘုရားဖြစ်ကြောင်းတရားသည်ဉာဏ်တော်တည်း၊ စတုဝေသာရဇ္ဇဉာဏ်တော် စသည်များကားသဗ္ဗညုတဉာဏ်တော်မှ ဆက်ပွားသော ဉာဏ်တော်အထူးများသာဖြစ်သည်၊ ဤသို့လျှင် အချုပ်အခြာဖြစ်သော ဂုဏ်တော် ၂ပါးဖြင့်"ဝိသုဒ္ဓကရုဏာဉာဏံ"ဟု ဘုရားရှင်ကိုထောမနာပြုသည်။
သမ္ဗုဒ္ဓပူဇိတံ ။ ။ တရားတော်ကား ထိုဘုရှားရှင်သည် ပူဇော်အပ်သောတရားတော်ဖြစ်ပေသည်၊ ချဲ့ဦးအံ့-ဘုရားရှင်သည် ဘုရားဖြစ်ပြီး၍ မကြာမီပင် (အဇပါလညောင်ပင်အောက်၌ သီတင်းသုံးတော်မူစဉ်)"ရိုသေလေးစားစရာ မရှိဘဲ နေရခြင်းသည် မကောင်းချေ၊အဘယ်သူ့ကို အရိုအသေပြု၍ နေရပါမည်နည်း"ဟုဆင်ခြင်တော်မူသောအခါ ကမ္ဘာလောက၌ ကိုယ်တော်မြတ်ထက် သီလစသည်သာသော အရိုအသေပြုစရာ တစ်စုံတစ်ယောက်မျှ မြင်တော်မမူရသောကြောင့် "ယံနူနာဟံ ယွာယံ ဓမ္မော မယာ အဘိသမ္ဗုဒ္ဓေါ, တမေဝ ဓမ္မံ သက္ကတွာ ဂရုံ ကတွာ ဥပနိဿာယ ဝိဟရေယျံ-ငါသိအပ်ပြီးသောတရားကိုသာ ရိုသေသမှုအလေးပြု၍ နေရပါမူ ကောင်းလေစွ"ဟုဆင်ခြင်တော်မူကာ တရားကိုသာ ရိုသေလေးစား ပူဇော်သောအားဖြင့် အာရုံပြု၍ နေတော်မူသည်၊ (သဂါထာဝဂ္ဂ-ဗြဟ္မသံယုတ်)၊ထို့ကြောင့် တရားတော်၏ဂုဏ်ကို "သမ္ဗုဒ္ဓပူဇိတံ-မဟာကရုဏာနှင့် သဗ္ဗညုတဉာဏ်ရှင် ဖြစ်တော်မူသော ဘုရားရှင်သော်မှ လေးစားကော်ရော် ပူဇော်အပ်သောတရား"ဟု အမြင့်ဆုံးစကားလုံးဖြင့် ချီးကျူးထောမနာလေသည်၊ မှန်၏-တရားတော်ကို ချီးကျူးရာဝယ် ဤဂုဏ်ပုဒ်ထက်မြင့်သောစကားလုံးမရှိတော့ပြီ။
သဒ္ဓမ္မသမ္ဘူတံ ။ ။ သူတော်ကောင်း ကျင့်စဉ်တရားကို နာယူခြင်း,နာယူပြီး၍ ကျင့်ခြင်း,ကျင့်၍သိအပ်သော မဂ်ဖိုလ်နိဗ္ဗာန်တရား, ဤ ၃ပါးသည် သဒ္ဓမ္မသုံးပါးတည်း၊ထို သဒ္ဓမ္မကြောင့် အရိယာဇာတ် (အရိယာဘဝ)သို့ရောက်ရသော အရိယာသံဃာတော်များကို "သဒ္ဓမ္မသမ္ဘူတံ"ဟုထောမနပြုသည်။ [သဒ္ဓမ္မတော-ကြောင့်+သမ္ဘူတော သဒ္ဓမ္မသမ္ဘူတော။]
သာရိပုတ္တံ၊ သာရိပုတြာမည်တော်မူသော။ မဟာထေရံ၊ ဝါ ၂၀ ရပြီး,မဟာထေရ်ဖြစ်တော်မူထသော။ ပရိယတ္တိဝိသာရဒံ၊ သုံးပုံပိဋကတ်,ပရိယတ်အတွင်း,ခြင်္သေ့မင်းသို့,ကင်းသောရွံ့ရှားခြင်းရှိတော်မူထသော။ ဓီရံ၊ ခိုင်မြဲသော သမာဓိရှိတော်မူထသော။ ဂါရဝဘာဇနံ၊ ရိုသေလေးစားအပ်သောပုဂ္ဂိုလ်၏ဖြစ်ကြောင်းဖြစ်ရာ သီလသမာဓိစသော ဂုဏ်၏တည်ရာ ဖြစ်တော်မူထသော။ ဂုရုံ၊ ကျောက်ထီးတန္တု,အလေးပြုအပ်,ဆရာမြတ်ကို။ သိရသာ၊ ဦးခေါင်းရတနာ,မြတ်အင်္ဂါဖြင့်။ (ဝန္ဒာမိ၊ ချီးမွမ်းမြတ်နိုး,ရှိခိုးပါ၏။) ဝန္ဒိတွာ၊ ချီးမွမ်းမြတ်နိုး,ရှိခိုးပြီး၍လည်းကောင်း။ [ဝဏ္ဏယိဿံ၌ စပ်။]နိရင်္ဂဏံ ။ ။ အင်္ဂန္တိ ဧတေဟိ (တံသမင်္ဂီပုဂ္ဂလံ နိဟီနဘာဝံ ဂစ္ဆန္တီတိ)အင်္ဂဏာနိ-ရာဂ စသည်ရှိသူ ဟူသမျှ၏ ယုတ်ညံ့သူ၏ အဖြစ်သို့ ရောက်ကြောင်းတရားများ။ [ပဏ္ဏာသ-အနင်္ဂဏသုတ်ဋီကာဝိဂ္ဂဟ၊ အဂိဓာတ်,ယုကို အနပြု၊ပိသောဒရာဒိဂိုဏ်း၊ နတ္ထိ+အင်္ဂဏာနိ ယဿာတိ နိရင်္ဂဏော။]
အမှာ ။ ။ ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူပြီးနောက် ဘုရားနှင့်တရား ရတနာ ၂ပါးကိုလည်း သံဃာတော်ကြောင့်သာ သိရသည်ဖြစ်၍ သံဃာတော်က အထူးကျေးဇူးများသောကြောင့် သံဃာတော်ကို "သဒ္ဓမ္မသမ္ဘူတံ,နိရင်္ဂဏံ"ဟု ဝိသေသန ၂ပုဒ်ဖြင့်ထောမနာ ပြုတော်မူသည်ဟု မိန့်လေ့ရှိကြသည်၊ ဤ၌ "သံဃာဟူသည်လည်းပုထုဇဉ်မဟုတ်,အရိယာချည်းသာ၊ မှန်၏-အန္တရာယ်ကင်းခြင်းဟူသော ဒိဋ္ဌဓမ္မအကျိုးကို မျှော်ကိုး၍ ရှိခိုးရာ၌လည်းကောင်း,သံဃာနုဿတိကမ္မဋ္ဌာန်းစီးဖြန်းရာ၌လည်းကောင်း,(ရတနသုတ်ဝယ်) သံဃာ့ဂုဏ်တော်ကိုဆို၍ သစ္စာပြုရာ၌လည်းကောင်း,"သံဃံ သရဏံ ဂစ္ဆာမိ"ဟူသော သရဏဂုံ ဆောက်တည်ရာ၌လည်းကောင်း,အရိယာသံဃာချည်းသာ ဖြစ်သည်။
နတွာ ။ ။ ဤနတွာပုဒ်နှင့်စပ်၍ "နမာမီတိ နတွာ,အနမိံတိ နတွာ"ဟု ဝိဂ္ဂဟမပြုရကြောင်းကို သင်္ဂြိုဟ်ဘာသာဋီကာ အဘိဝါဒိယပုဒ်အဖွင့်၌ စီစစ်ထားပြီ၊ ["နတွာ-ပြီး၍လည်းကောင်း"ဤ (လည်းကောင်း)သည် ဒုတိယဂါထာ၌ ဝန္ဒိတွာကိုဆည်းသော သမုစ္စည်းတည်း၊ နတွာဟု ရှိခိုးပြီးခြင်း အတိတ်ကြိယာကို တွေ့ရသဖြင့် ရှိခိုးဆဲ ပစ္စုပ္ပန်ကြိယာကိုလည်း (အကျိုးကိုအစဉ်လိုက်၍သိရသော) ဖလာနုမာနနည်းအားဖြင့် မှန်းဆ၍ သိနိုင်၏၊] [ဖလ-အကျိုးကို+အနု-အစဉ်လျှောက်၍+မာန-အကြောင်းကိုမှန်းဆနိုင်သောနည်း၊] ထို့ကြောင့်"နမာမိ"ဟုရှိခိုးဆဲ ပစ္စုပ္ပန်ကြိယာကို ထည့်ခဲ့ရသည်၊ ဤသို့ ထည့်နိုင်ပုံကိုလည်း သင်္ဂြိုဟ်ဘာသာဋီကာ၌ပြထားပြီ။
သာရိပုတ္တံတျာဒိ ။ ။ ရတနတ္တယပဏာမကို ပြပြီး၍ ဂုရု (အာစရိယ)ပဏာမကို ပြလိုသောကြောင့် "သာရိပုတ္တံ"စသည်ကိုမိန့်၊ ဤဂါထာ၌ လိုရင်းကား "သာရိပုတ္တံ ဂုရုံဝန္ဒိတွာ"တည်း၊သာရိပုတ္တရာမည်တော်မူသောဆရာကိုလည်း ရှိခိုးပါ၏၊ ရှိခိုးပြီး၍-ဟူလို၊ "ဝန္ဒိတွာ-ရှိခိုးပြီး၍လည်းကောင်း"ဟူရာ၌ လည်းကောင်း"ဖြင့်ဆိုခဲ့ပြီးသော "နတွာ"ကိုပေါင်းသည်၊ "လည်းကောင်း"အနက်ဟောဖို့ရာ စသဒ္ဒါကိုကားဂါထာဖြစ်၍ အက္ခရာလုံးရေ မပိုစေလိုသောကြောင့်လည်းကောင်း,မပါသော်လည်းသိလောက်သောကြောင့်လည်းကောင်းမထည့်ဘဲ ထားသည်၊ ထို့ကြောင့် အနက်ပေးရာ၌သာ "လည်းကောင်း"ထည့်၍ ပေးရသည်၊ စသဒ္ဒါကိုထည့်၍ပေးလိုကလည်းပေးနိုင်ပါသည်။
သာရိပုတ္တံ ။ ။ ဤအမည်သည် လကျ်ာတော်ရံ အဂ္ဂသာဝကအရှင်သာရိပုတ္တရာ၏အမည်တည်း၊ ["သာရိယာ-ရူပသာရီမည်သောမယ်တော်၏+ပုတ္တော-သားတော်တည်း၊ သာရိပုတ္တော-သားတော်၊] ထိုအဂ္ဂသာဝကအရှင်မြတ်၏ အမည်ကို ယူ၍ (ပညာဉာဏ်တစ်စိတ်တူသောကြောင့်)အရှင်သုမင်္ဂလသာမီ၏ ဆရာတော်ကိုလည်းသဒိသူပစာရအားဖြင့်"သာရိပုတ္တ"ဟု ဆရာတို့က မှည့်ခေါ်ကြသတတ်၊ ထိုသာရိပုတ္တရာ အရှင်ကား သီဟိုဠ်ကျွန်းဝယ် ပရက္ကမဗာဟုမင်းလက်ထက်၌ ထင်ရှားခဲ့သော သာရတ္ထဋီကာဆရာတော်ဖြစ်သည်။
မဟာထေရံ ။ ။ "ထေရ-နဝ-မဇ္ဈိမ"ဟု ၃ မျိုးခွဲခြားရာ၏၊ထိုတွင် ရဟန်းဖြစ်သည်မှစ၍ ၅ ဝါမရသေးသူကို "နဝ-သီတင်းငယ်"ဟုလည်းကောင်း, ၅ ဝါရပြီး၍ ၁၀ပါ မရသေးသူကို "မဇ္ဈိမ-သီတင်းလတ်"ဟုလည်းကောင်း, ၁၀ ဝါရပြီးသူကို "ထေရ-ထေရ်၊ ဝါ-သီတင်းကြီး"ဟုလည်းကောင်း ခေါ်၏၊ ထို ထေရတွင် လည်း ဝါ ၂၀ မရသေးသူကို "အနုထေရ-ငယ်သောထေရ်"ဟုလည်းကောင်း, ဝါ ၂၀ရပြီးသူကို "မဟာထေရ-ကြီးသောထေရ်"ဟုလည်းကောင်း,ခွဲခြား၍ ခေါ်ဝေါ်ကြ၏၊ အရှင်သာရိပုတ္တရာကား ဝါ ၂၀ ရပြီးသော မဟာထေရ်-ဆရာတော်ကြီးတည်း။ [မဟန္တော+ထေရော မဟာထေရော။]
ပရိယတ္တိဝိသာရဒံ ။ ။ သာရဇ္ဇနံ-ရွံ့ရှာခြင်း၊သာရဒေါ-ခြင်း၊ ဝိဂတော+သာရဒေါ ယဿာတိ ဝိသာရဒေါ၊ပရိယတ္တိယံ-၃ပုံပိဋကတ်,အလုံးစုံသော ပရိယတ်အရာ၌၊ ဝိသာရဒေါ-ကင်းသော ရွံ့ရှားခြင်းရှိသူတည်း၊ ပရိယတ္တိဝိသာရဒေါ၊ (တော ၃ တောင်အတွင်း၌ ကေသရာဇာခြင်္သေ့မင်းသည် ရွံ့ရှားခြင်းကင်း ရဲတင်းသကဲ့သို့) ပိဋကတ် ၃ပုံ ပရိယတ်တောရဂုံ အတွင်း၌ ရဲတင်းတော်မူသော ဆရာတော်။
ဓီရံ ။ ။ ဓန္တိ တိဋ္ဌန္တိ ဧတာယာတိ ဓီ-ယှဉ်ဖက်တရားတို့၏ တည်တံ့ကြောင်းသမာဓိ၊ ဓီ+ယဿ အတ္ထီတိ ဓီရော-ပရဝါဒီပုဂ္ဂိုလ်များ၏ လှုပ်ရှားမှုကြောင့်လည်းကောင်း,ကာမဂုဏ်များ၏ လှုပ်ရှားမှုကြောင့်လည်းကောင်း,မယိမ်းမယိုင်မြဲခိုင်သောသမာဓိရှိသောပုဂ္ဂိုလ်၊ [ဓီသဒ္ဒါသည်"ပညာ"အနက်ကိုလည်း ဟော၏၊ သို့သော် ထိုပညာကို ရှေ့ပုဒ်ဖြင့်ယူပြီးဖြစ်၍ သမာဓိအနက်ကိုသာ ပေးလိုက်သည်။]
ဂုရုံ ။ ။ ဆရာ မိဘ,လေးသောဝန်စသည်ကိုဟောရာ၌ "ဂုရုံ,ဂရုံ"ဟု ပါဌ်နှစ်ထွေ အသုံးပြုကြ၏၊ သို့သော် ထောမနိဓိအဘိဓာန်၌ "ဂုရု"ဟုသာရှိသောကြောင့် လည်းကောင်း,ရှေးဆရာတို့လည်း"ရာဇိဓိရာဂုရု"စသည်ဖြင့်အသုံးပြုခဲ့သောကြောင့်လည်းကောင်း ဂုရုပုဒ်ကိုသာ အသုံးပြုလိုက်ပါသည်၊ သက္ကတ၌ "ဂြ"ဓာတ်,ပါဠိ၌ "ဂရ"ဓာတ်သည် သေက, ဥဂ္ဂတ (သွန်းလောင်းခြင်း,ကျော်ဇောခြင်း)အနက်ကို ဟော၏၊ သက္ကတ၌ ကုပစ္စည်းဟု ဆို၏၊ ပါဠိ၌ ဥပစ္စည်းကြံ၊ ဂရတိ-တပည့်များကိုမေတ္တာရေဖြင့် သွန်းဖြန်းတတ်၏၊ ဣတိ ဂုရု၊ (တစ်နည်း) ဂရယတိ-တပည့်တို့ကလည်း မေတ္တာရေဖြင့် သွန်းဖြန်းအပ်၏၊ ဣတိ ဂုရု၊ (အ)ကို (ဥ)ပြု။
အာဘိဓမ္မိကဘိက္ခူနံ၊ အဘိဓမ္မာကို သင်ယူသိတတ်,ရဟန်းမြတ်တို့၏။ ပရံ၊ လွန်စွာ။ ပီတိဝိဝဍ္ဎနံ၊ ပီတိကို တိုးပွားစေတတ်သော။ အဘိဓမ္မတ္ထသင်္ဂဟံ၊ အဘိဓမ္မတ္ထသင်္ဂြိုဟ်ကျမ်းကို။ သမာသေန၊ အကျဉ်းချုပ်အားဖြင့်။ ဝဏ္ဏယိဿံ၊ ဖွင့်ပြပေအံ့။ဂါရဝဘာဇနံ ။ ။ ဂုရုနော-လေးစားအပ်သူ၏+ဘာဝေါ-ဖြစ်ကြောင်းဖြစ်ရာသီလ သမာဓိ ပညာစသောဂုဏ်တည်း၊ ဂါရဝံ-ဂုဏ်၊အကြင် သီလစသောဂုဏ်တို့ကြောင့်အများ၏ လေးစားခြင်းကို ခံရ၏၊ ထို သီလစသောဂုဏ်များကို "ဂါရဝ"ဟု ခေါ်သည်၊ [ဂါရဝယုတ္တောတိ-ဂုရုဘာဝယုတ္တော၊ သာရတ္ထ (ဘဂဝါပုဒ်) အဖွင့်၊] တစ်နည်း- "ဂုရုကာရ-အလေးအမြတ်ပြုတတ်သူ"ဟုဆိုလိုလျက် ကာရပုဒ်ကို ချေ၊ "ဂုရုနော-အလေးပြုတတ်သူ၏+ဘာဝေါ-ဖြစ်ကြောင်းဖြစ်ရာ ရိုသေလေးစားခြင်းတည်း၊ ဂါရဝံ- ရိုသေလေးစားခြင်း၊ [ဂါ၌ ဥကို အာပြု၊ အာဇ္ဇဝံကဲ့သို့တည်း၊] ဂါရဝဿ+ဘာ‌ဇနော ဂါရဝဘာဇနော-လေးစားအပ်သူ၏ဖြစ်ကြောင်းဖြစ်ရာဖြစ်သော သီလစသော ဂုဏ်၏တည်ရာ၊ ဝါ-လေးစားတတ်သူ၏ ဖြစ်ကြောင်းဖြစ်ရာဖြစ်သော ရိုသေလေးစားခြင်း၏တည်ရာ။
ဝဏ္ဏယိဿံတျာဒိ ။ ။ ရတနတ္တယပဏာမ, ဂုရုပဏာမတို့ကို ပြပြီး၍ ပဋိညာဉ်စသည်ကိုပြလိုသောကြောင့် "ဝဏ္ဏယိဿံ"စသည်ကိုမိန့်၊ လိုရင်းကား-အဘိဓမ္မတ္ထသင်္ဂဟံ ဝဏ္ဏယိဿံတည်း၊ "အဘိဓမ္မတ္ထသင်္ဂြိုဟ်ကျမ်းကို ဖွင့်ပြအံ့"ဟူလို၊ ဤစကားဖြင့် "ဖွင့်ပြအံ့"ဟု ဝန်ခံမှုပဋိညာဉ်ကိုလည်းကောင်း, "အဘိဓမ္မတ္ထသင်္ဂဟဝဏ္ဏနာ"ဟူသော သာမညအမည်သညာကိုလည်းကောင်းပြ၏၊ "အဘိဓမ္မတ္ထဝိဘာဝနီ"ဟူသော ဝိသေသသညာကိုကား ထိုထို အပိုင်းအဆုံး၌ ပြလတ္တံ၊ သမာသေနဖြင့် ကျမ်းပြုပုံအခြင်းအရာကိုပြ၏၊ "အကျယ်ဖွင့်မည်မဟုတ်ပါ,အကျဉ်းအားဖြင့်သာ ဖွင့်ပါမည်"ဟူလို။ [နိမိတ်,ကတ္တားစသည်ကိုလည်း ရူပသိဒ္ဓိဘာသာဋီကာနည်းမှီး၍ ခွဲပါ။]
အာဘိဓမ္မိက, ဝိဝဍ္ဎနံ ။ ။ ဤနှစ်ပါဒဖြင့် အဘိဓမ္မတ္ထသင်္ဂြိုဟ်ကျမ်း၏ဂုဏ်ကိုပြ၏၊ အဘိဓမ္မတ္ထသင်္ဂြိုဟ်ကျမ်းဟူသည် သာမန်ကျမ်းမဟုတ်ပါ၊ အဘိဓမ္မာကို သင်ယူတတ်ကျွမ်းသောပုဂ္ဂိုလ်များ၏ နှစ်သက်မှုပီတိကို အလွန်တိုးပွားစေတတ်သောကျမ်းဖြစ်ပါသည်-ဟူလို၊ [အဘိဓမ္မံ+ အဇ္ဈယန္တိ ဇာနန္တိ ဝါတိ အာဘိဓမ္မိကာ၊] ပရံ-သည် အတိရေကအနက်ဟော ကြိယာဝိသေသနပုဒ်၊ ဝိသေသေန+ဝဍ္ဎေတီတိ ဝိဝဍ္ဎနော၊ ပီတိယာ+ဝိဝဍ္ဎနော ပီတိဝိဝဍ္ဎနော (အဘိဓမ္မတ္ထသင်္ဂဟော)။
ဝဏ္ဏယိဿံ ။ ။ "ဖွင့်ပြပေအံ့"ဟူရာ၌ ရတနာ အပြည့်ရှိသော တိုက်ခန်းကို ဖွင့်လှစ်၍ ပြသကဲ့သို့,ကောင်းမြတ်လှစွာအနက်အဓိပ္ပာယ်ရတနာတို့ဖြင့် ပြည့်နေသော အဘိဓမ္မတ္ထသင်္ဂြိုဟ်ကျမ်း၏ တိမ်မြုပ်ငုပ်နေသော အနက်အဓိပ္ပာယ်ကို ပေါ်လွင်ထင်ရှားအောင် ရေးသားခြင်းကိုလည်း "အဖွင့်"ဟုခေါ်သည်။
ပေါရာဏေဟိ၊ ရှေး၌ဖြစ်ပေါ်,ဆရာတော်တို့သည်။ အနေကာပိ၊ တစ်ကျမ်းမက များစွာလည်းဖြစ်ကုန်သော။ ယာ ဝဏ္ဏနာ၊ အကြင် ဖွင့်ကြောင်းဖွင့်ရာ ဋီကာတို့ကို။ (ကိဉ္စာပိ) ကတာ၊ အကယ်၍ကား ပြုအပ်ပါပေကုန်ပြီ။ ပန၊ ထိုသို့ပင် ပြုအပ်ပြီးပါကုန်သော်လည်း။ တာဟိ၊ ထိုများစွာသောဋီကာတို့ဖြင့်။ ဣဓ၊ ဤအဘိဓမ္မတ္ထသင်္ဂြိုဟ်ကျမ်း၌။ သဗ္ဗတ္ထ၊ အလုံးစုံသော လီနပဒတို့၌။ အတ္ထော၊ အနက်အဓိပ္ပာယ်သည်။ ဝါ၊ ကို။ ဝိညာတဝေ၊ သိခြင်းငှာ။ န သက္ကာ၊ မတတ်နိုင်။
တသ္မာ၊ ထို့ကြောင့်(များစွာသောဋီကာဟောင်းတို့ဖြင့်ဤအဘိဓမ္မတ္ထသင်္ဂြိုဟ်ကျမ်းဝယ်အလုံးစုံသော လီနပဒတို့၌ အနက်အဓိပ္ပာယ်ကိုသိခြင်းငှာမတတ်နိုင်သည်၏အဖြစ်ကြောင့်။) ဧတ္ထ၊ ဤအဘိဓမ္မတ္ထသင်္ဂြိုဟ်ကျမ်း၌။ လီနပဒါနံ၊ လျှို့ဝှက် တိမ်မြုပ် ငုပ်နေသောပုဒ်တို့၏။ သာဓိပ္ပာယံ၊ အဓိပ္ပာယ်နှင့်တကွဖြစ်သောအနက်ကို။ အဟာပယံ၊ မယုတ်လျော့စေသည်။ (ဟုတွာ၊ ဖြစ်၍လည်းကောင်း။) ဝိဘာဝန္တော၊ ထင်စွာပြသည်။ (ဟုတွာ၊ လည်းကောင်း။) ဝဏ္ဏနံ၊ ဖွင့်ကြောင်းဖွင့်ရာ ဋီကာသစ်ကို။ သမာသေန၊ အကျဉ်းချုပ်အားဖြင့်။ ရစယိဿာမိ၊ စီရင်ပေအံ့။ ဣတိ၊ ရတနတ္တယပ္ပဏာမစသည်ကို ဆိုရာစကားရပ်အပြီးသတ်တည်း။ပေါရာဏေဟိတျာဒိ ။ ။ "ဝဏ္ဏယိဿံ သမာသေန အဘိဓမ္မတ္ထသင်္ဂဟံ"ဟူသော ပဋိညာဉ်ကို ကြားသိရသောအခါ အချို့ပုဂ္ဂိုလ်များက "ရှေးဋီကာ များစွာရှိပြီးဖြစ်သောကြောင့် အဘိဓမ္မတ္ထသင်္ဂဟကျမ်းကို မဖွင့်ထိုက်တော့"ဟု ကန့်ကွက်လိုကြပေလိမ့်မည်၊ ထိုကန့်ကွက်ချက်ကို ကြိုတင်၍ ပယ်ဖျက်လိုသောကြောင့် "ပေါရာဏေဟိ၊ပေ၊ရစယိဿာမိ ဝဏ္ဏနံ"ဟူသော နှစ်ဂါထာကို မိန့်သည်၊ ထိုနှစ်ဂါထာ၌ လိုရင်းကား-"ပေါရာဏေဟိ အနေကာပိ ကတာ,ပန ရစယိဿာမိ ဝဏ္ဏနံ"တည်း၊ "ရှေးဆရာတို့သည် အဘိဓမ္မတ္ထသင်္ဂဟကျမ်း၏ အဖွင့်ဋီကာ များစွာတို့ကို ပြုအပ်ပြီးပါပေကုန်ပြီ၊ သို့သော်လည်း အဖွင့်ဋီကာသစ်ကို ရေးရပါဦးမည်"ဟူလို။
န တာဟိ၊ပေ၊တသ္မာ ။ ။ "ရှေးဋီကာများစွာ ရှိပြီးဖြစ်ပါလျက် အဘယ့်ကြောင့် ဋီကာသစ် ရေးဦးမည်နည်း"ဟု မေးဖွယ်ရှိသောကြောင့်"န တာဟိ၊ပေ၊တသ္မာ"မိန့်၊"ထိုရှေးဋီကာတို့ဖြင့် ဤသင်္ဂြိုဟ်ကျမ်းဝယ် လျှို့ဝှက်တိမ်မြုပ် ငုပ်နေသော ပုဒ်တို့၌ အနက်အဓိပ္ပာယ်ကို မသိနိုင်၊ ထို့ကြောင့် ‌ဋီကာသစ် ရေးရပါဦးမည်"ဟူလို။
လီနပဒါနေတ္ထ၊ပေ၊သမာသေန ။ ။ "ဋီကာသစ်ရေးလျှင် ဘယ်ပုံဘယ်နည်းရေးမည်နည်း"ဟုမေးဖွယ်ရှိသောကြောင့် ကျမ်းပြုပုံအချိုးအစား (ကရဏပ္ပကာရ)ကို ပြလိုရကား "လီန၊ပေ၊သမာသေန"ဟု မိန့်၊ "ဤသင်္ဂဟကျမ်း၌ လျှို့ဝှက် တိမ်မြုပ်ငုပ်နေသောပုဒ်တို့၏ အနက်အဓိပ္ပာယ်ကို မယုတ်လျော့စေရ-ပေါ်လွင်ထင်ရှား‌အောင်ပြလျက် အကျဉ်းချုပ်ရေးပါမည်"ဟူလို၊ဤကား နှစ်ဂါထာလုံး၏ ပိဏ္ဍတ္ထ (အပေါင်းအဓိပ္ပာယ်)တည်း၊ အဝယဝတ္ထ (အစိတ်အစိတ်ပုဒ်နက်)အချို့ကို ပြဦးအံ့။