အဟံ၊ ငါသည်။
တိလောကတိလကံ၊ သုံးလောက၏ နှမ်းစေ့နှိုင်းဖက် မှန်ကူကွက်ဖြစ်တော်မူထသော။
သုဒ္ဓဂုဏာကရံ၊ ညစ်ကြေးကင်းစင် ဖြူစင်လွင်သောဂုဏ်ကျေးဇူးတို့၏ တည်ရာဖြစ်တော်မူထသော။
ကရုဏာသီတလီဘူတဟဒယံ၊ သူများသန္တာန် ဒုက္ခဒဏ်ကိုပယ်လှန်လိုဘိ လက္ခဏာရှိသော ကရုဏာဖြင့်အေးသည်ဖြစ်၍ဖြစ်သောစိတ်နှလုံးရှိတော်မူထသော။
မဟိတောဒယံ၊ ပူဇော်အပ် မြတ်သောတရားတို့၏ ဖြစ်ရာဖြစ်တော်မူထသော။
ဗုဒ္ဓံ၊ မြတ်စွာဘုရားကို။
ဝန္ဒေ၊ ရှိခိုးပါ၏။
အဟံ၊ သည်။
ယောသဒ္ဓမ္မော၊ အကြင်ပသတ္တသန္တသံဝိဇ္ဇမာနဂုဏ်အင်စုံလင်ညီညွတ်တုလွတ်လေငြား လောကုတ္တရာတရားကို။
လောကေ၊ သတ္တလောက၌။
ကောစရိယေန၊ တုဖက်ကင်းပျောက်တစ်ယောက်တည်းသော ဆရာဖြစ်တော်မူသော။
တေနာပိဓမ္မရာဇေန၊ ထိုတရား၏ မင်းဖြစ်တော်မူသော မြတ်စွာဘုရားသည်သော်မှလည်း။
ပူဇိတော၊ ဝေါစရ ဘာဝနာ နှစ်ဖြာယှဉ်တွဲ မှီဝဲခြင်းဖြင့် ပူဇော်အပ်တော်မူပြီ။
ဂမ္ဘီရံ၊ နက်နဲခက်ခဲသော။
ဥတ္တမံ၊ မြတ်သော။
ဝါ၊ နုတ်အပ်ပြီးသောအဝိဇ္ဇာတမ မိုက်မောဟရှိသော။
ဝါ၊ အဝိဇ္ဇာတမ မိုက်မောဟကို နုတ်တတ်သော။
တဉ္စ သဒ္ဓမ္မံ၊ ကိုလည်း။
ဝန္ဒေ၊ ရှိခိုးပါ၏။
ယောသံဃော၊ အကြင် အရိယာတို့၏အပေါင်းကို။
ဝိမလေဟိ၊ ကင်းသောအညစ်အကြေးရှိကုန်သော။
ဝါ၊ ဝါပပညစ်ကျု မလစုမှ ကင်းကုန်သော။
မုနိန္ဒစန္ဒသဒ္ဓမ္မရံသီဟိ၊ ရဟန်းမင်းလ ဝင်းပထိန်ပြောင် တရားရောင်တို့ဖြင့်။
ဗောဓိတော၊ သိစေတော်မူအပ်ပြီ။
အဟံ၊ သည်။
ကုမုဒါကရံ၊ ကုမုဒြာ အိုင်ပမာဖြစ်တော်မူသော။
ဝါ၊ မြေ၌တည်သူ ဦးမည်းဖြူကို ကြည်ဖြူနှစ်ထောင်း ဝမ်းမြောက်ကြောင်းဖြစ်သော ကြာခေါင်းလောင်းတည်ရာ အိုင်ပမာဖြစ်တော်မူသော။
ဝါ၊ မြေ၌တည်သူဦးမည်းဖြူတို့ ကြည်ဖြူနှစ်ထောင်း ဝမ်းမြောက်ကြောင်းဖြစ်သော သုပ္ပဋိပန္နတာ အစရှိသောဂုဏ်တို့၏ တည်ရာဖြစ်တော်မူသော။
တံ သံဃံ၊ ထိုသံဃာကိုလည်း။
သဒါ၊ အခါခပ်သိမ်း။
ဝန္ဒေ၊ ရှိခိုးပါ၏။
ဝန္ဒိတွာ၊ ၍။
နယဂမ္ဘီရေ၊ မူလအနု ပညတ်မှုဟူသောနည်းတို့ဖြင့် နက်နဲရာဖြစ်သော။
ဝါ၊ တစ်ခုတစ်ခုသောနယ၌ နည်း ဓမ္မ အတ္ထ ဒေသနာ ပဋိဝေဓတို့ဖြင့် နက်နဲရာဖြစ်သော။
ဒုတ္တရာဂါဓသဗ္ဗသတ္ထမဟဏ္ဏဝေ၊ ထောက်တည်မရ ကူးခက်လှ၍ များစွဥဿုံ ကျမ်းစုံစုံ၏ ကျယ်ဝန်ကြီးမားသော အဏ္ဏဝသညာ မဟာသမုဒ္ဒရာ သဖွယ်ဖြစ်သော။
ဝါ၊ ရှိသမျှဥဿုံ ကျမ်းမျိုးစုံတို့ထက် ထောက်တည်မရ ကူးခတ်လှသောကြောင့် အဏ္ဏဝသညာ မဟာသမုဒ္ဒရာသဖွယ် ဖြစ်သော။
ဝိနယေ၊ ၌။
သဗ္ဗထာ၊ ခပ်သိမ်းသော အခြင်းအရာအားဖြင့်။
ပါရဒဿိနာ၊ ကမ်းကိုမြင်ထသော။
ဝါဒိနာ၊ ပြောအပ်သမျှ အဝဝကို ပြောဆိုတတ်သော။
**ဗုဒ္ဓဃောသေန**၊ မည်သော။
ထေရေန၊ သည်။
ထိရစေတသာ၊ ခိုင်မြဲသောစိတ်ဖြင့်။
သုဘာ၊ သဒ္ဒ အတ္ထ ဝိနိစ္ဆယ စည်တို့နှင့် ပြည့်စုံသည်ဖြစ်၍ တင့်တယ်သော။
**ကင်္ခါဝိတရဏီ**နာမ၊ မည်သော။
ဝါ၊ အမည်ရှိသော။
ယာ မာတိကာဋ္ဌကထာ၊ ကို။
ကထာ၊ ရေးသားရွတ်ဆိုအပ်ပြီ။
အဟံ၊ သည်။
(တမဟံ ဝဏ္ဏယိဿမိ- လှမ်းယူ) တံ မာတိကာဋ္ဌကထံ၊ ကို။
ထိရာနေကဂုဏောဃေန၊ ခိုင်ခံ့စားစား များသောကျေးဇူး အလျဉ်လည်းရှိထသော။
ဝိနယညုနာ၊ သတိ ပဟာန အစရှိသော ဝိနည်းကိုလည်း သိထသော။
ကလျာဏာစာရယုတ္တေန၊ ကောင်းသောအကျင့်နှင့်လည်း ယှဉ်ထသော။
ဝါ၊ စာရိတ္တသီလတည်းဟူသော ကလျာဏ,ဝါရိတ္တသီလ တည်းဟူသော အာစာရနှင့်လည်းယှဉ်ထသော။
ဓီမတာ၊ ပညာလည်း ရှိထသော။
မုနိသူနုနာ၊ မြတ်စွာဘုရား၏ သားတော်လည်း ဖြစ်ထသော။
ဝိနိယဋ္ဌိတိကာမေန၊ ဝိနည်းပိဋကတ် ပရိယတ်၏ တည်ခြင်းကို အလိုလည်းရှိထသော။
**သုမေဓန**၊ သုမေဓာအမည်ရှိသော။
ထေရေန၊ သည်။
အဘိယာစိတော၊ ရှေးရှုပျပ်ဝပ် တောင်းပန်အပ်သည်ဖြစ်၍။
သုဝိသုဒ္ဓံ၊ လွန်စွာသန့်ရှင်း စင်ကြယ်ခြင်းရှိသည်ကို။
ဝါ၊ လွန်စွာသန့်ရှင်းစင်ကြယ်ခြင်း ရှိအောင်။
အနာကုလံ၊ နိကာယန္တရလဒ္ဓိ တည်းဟူသော အဖြစ်နှင့်ရှုပ်ထွေးခြင်း မရှိသည်ကို။
ဝါ၊ အောင်။
ကတွာ၊ ၍။
ဝဏ္ဏယိဿာမိ၊ ဖွင့်ဆိုပေအံ့။
သာဓဝေါ၊ သကဝရ အတ္ထအကျိုး အမျိုးမျိုးကို ပြီးစေတတ်ညောင်းသူတော်ကောင်းဖြစ်ကုန်သော။
တုမှေ၊ တို့သည်။
ဘာသတော၊ ဆိုလတ္တံ့ဖြစ်သော။
မမ၊ ၏။
တံ ဝဏ္ဏနံ၊ သုဝိသုဒ္ဓ အနာကုလ ကရဏပ္ပကာရ, အင်္ဂါဒွယတ်ပြည့်စုံလတ်သော ထိုအဖွင့်သံဝဏ္ဏနာ ဋီကာသစ်ကို။
သက္ကစ္စံ၊ ရိုသေစွာ။
နိသာမေထ၊ နာကြားကြကုန်လော့။
ဣတိ၊ ဤသည်လျှင် ပဏာမစသည်ကို ဆိုရာစကားတစ်ရပ်အပြီးသတ်သတည်း။