[ဣန္ဒြိယေသု ဂုတ္တဒွါရော၏ အကျယ်ကိုပြတော်မူလိုသောကြောင့်"ကထဉ္စ မဟာရာဇ"စသည်ကိုဟောတော်မူသည်။]
မဟာရာဇ၊ ဇာ။
ကထဉ္စ၊ အဘယ်သို့လျှင်။
ဘိက္ခု၊ သည်။
ဣန္ဒြိယေသု၊ စက္ခုစသား,၆ပါးသောဣန္ဒြေတို့၌။
ဂုတ္တဒွါရော၊ စောင့်ရှောက်အပ်ပိတ်ဆို့အပ်သောတံခါးရှိသည်။
ဟောတိ၊ နည်း။
မဟာရာဇ၊ ဇာ။
ဣဓ၊ ဤသာသနာတော်၌။
ဘိက္ခု၊ သည်။
စက္ခုနာ၊ စက္ခုပသာဒဖြင့်။
ဝါ၊ အကြောင်းစက္ခု,တင်စားပြုသည့်,စက္ခုဝိညာဉ်ဖြင့်။
ရူပံ၊ ဣဋ္ဌအနိဋ္ဌ,ရူပါရုံဟူသမျှကို။
ဒိသွာ၊ မြင်ရ၍။
ဝါ၊ မြင်ရသည်ရှိသော်။
ဝါ၊ မြင်ရခြင်းကြောင့်။
နိမိတ္တဂ္ဂါဟီ၊ မိန်းမဟုလည်းကောင်းယောကျ်ားဟုလည်းကောင်းသိမှတ်ကြောင်းဖြစ်သော ပုံသဏ္ဌာန်နိမိတ်ကြီးကို ကိလေသာစိတ်ဖြင့်ယူလေ့ရှိသည်။
ဝါ၊ ကိလေသာဖြစ်ခြင်း၏တည်ရာအကြောင်းဖြစ်သောတင့်တယ်သောအခြင်းအရာ,မတင့်တယ်သောအခြင်းအရာဟူသောနိမိတ်ကြီးကိုကိလေသာစိတ်ဖြင့်ယူလေ့ရှိသည်။စက္ခုနာ ရူပံ ဒိသွာ ။ ။ ကာရဏဝသေန (ရူပါရုံကိုမြင်ဖို့ရန် အကြောင်း၏အဖြစ်ဖြင့်)စက္ခူတိ လဒ္ဓဝေါဟာရေန ဒဿနသမတ္ထေန (စက္ခုဟု အခေါ်အဝေါ်ကို ရသောမြင်စွမ်းနိုင်သော)စက္ခုဝိညာဏေန ရူပံ ဒိသွာ၊...ဝိသုဒ္ဓိမဂ်အဋ္ဌကထာ။
ကာရဏဝသေန ။ ။ "ကာရဏတသေန လဒ္ဓဝေါဟာရ-အကြောင်းနှင့်စပ်သဖြင့်ရအပ်သောအမည်"ဟူသည် ကာရဏူပစာရအမည်ပင်တည်း၊"စက္ခုနာ"အရ စက္ခုပသာဒကို မုချရသော်လည်း ထိုပသာဒဖြင့် ရူပါရုံကို မမြင်နိုင်၊စက္ခုဝိညာဉ်ဖြင့်သာ မြင်နိုင်သောကြောင့်"အကြောင်းစက္ခု၏အမည်ကို အကျိုးစက္ခုဝိညာဉ်ပေါ်၌ တင်စားထားသော ကာရဏူပစာရစကားဖြစ်ပါသည်"ဟူလို၊ဤအတိုင်းနိဿယ၌ အနက်ပေးပါသည်၊ [ဝိသုဒ္ဓိမဂ် မဟာဋီကာ၌ ကာရဏူပစာရအပြင် "နိဿယဝေါဟာရေနဝါ ဧတံ နိဿိတဝစနံ၊ ယထာ မဉ္စာဥက္ကုဋ္ဌိံ ကရောန္တီ တိ"ဟုတစ်နည်း ဖွင့်သေး၏၊ ထိုအလို ဌာနူပစာရဟု မှတ်ပါ။]
သသမ္ဘာရကထာ ။ ။ "စက္ခုဝိညာဉ်ဖြင့်"ဟု တိုက်ရိုက်ဟောတော်မမူဘဲ "စက္ခုနာ"ဟု ဟောတော်မူခြင်းကို "သသမ္ဘာရကထာ"ဟုခေါ်၏၊ "စက္ခုဝိညာဉ်၏အကြောင်းအဆောက်အဦးဖြစ်သောစက္ခုပသာဒနှင့်တကွ ဆိုအပ်သောစကားဖြစ်သည်"ဟူလို၊ ဥပမာ-"ဓနုနာ ဝိဇ္ဈတိ-လေးဖြင့် သားကောင်ကို ပစ်ခွင်း၏"ဟူရာ၌ အဆောက်အဦးဖြစ်သောလေးနှင့်တကွ မြားကိုဆိုထားသကဲ့သို့တည်း။
နိမိတ္တဂ္ဂါဟီ ။ ။ ဣတ္ထိပုရိသ နိမိတ္တံဝါ သုဘနိမိတ္တာဒိကံဝါ ကိလေသဝတ္ထုဘူတံ နိမိတ္တံ ဆန္ဒရာဂဝသေန ဂဏှာတိ၊-အဋ္ဌသာလိနီ နိက္ခေပကဏ္ဍ၊...နိမိတ္တအရ ပဌမနည်း၌ မိန်းမယောကျ်ားဟု သိမှတ်ကြောင်းဖြစ်သောပုံသဏ္ဌာန်ကို ယူရ၏၊ ဒုတိယနည်း၌ လောဘ ဒေါသ စသော ကိလေသာဖြစ်ခြင်း၏ အကြောင်းဖြစ်သောသုဘအခြင်းအရာ (အာဒိဖြင့်အသုဘအခြင်းအရာ)ကို ယူရ၏။ န ဟောတိ၊ မဖြစ်။ အနုဗျဉ္ဇနဂ္ဂါဟီ၊ လောဘ ဒေါသစသော ကိလေသာတို့ကိုအဖန်ဖန်ထင်ရှားစေတတ်သောလက်ခြေ သဏ္ဌာန်,စကားပြောသံ,ပြုံးရယ်ဟန်စသော နိမိတ်ငယ်ကိုကိလေသာစိတ်ဖြင့်ယူလေ့ရှိသည်။ န ဟောတိ၊ မဖြစ်။

ယတွာဓိကရဏံ(ယတော+အဓိကရဏံ+ အကြင်စက္ခုန္ဒြေကို မစောင့်စည်းခြင်းဟူသောအကြောင်းကြောင့်။
ဝါ၊ မစောင့်စည်းအပ်သောစက္ခုန္ဒြေကြောင့်။
စက္ခုန္ဒြိယံ၊ စက္ခုန္ဒြေကို။
အသံဝုတံ၊ မစောင့်စည်းသည် (ဖြစ်၍)။
ဝိဟရတံ၊ နေသော။မဟာဋီကာ ။ ။ ဣတ္ထိပုရိသ နိမိတ္တဝါတိ ဧတ္ထ ဣတ္ထိသန္တာန သန္နိဿိတံ ရူပမုခေန ဂယှမာနံ(အဆင်းကို ပဓာနပြု၍ ယူအပ်သော)သဏ္ဌာနံ၊ပေ၊သဗ္ဗံ ဣတ္ထီတိ သဉ္ဇာနနဿ ကာရဏဘာဝတော ဣတ္ထိနိမိတ္တံ၊ သုဘနိမိတ္တာဒိကံဝါ ဧတ္ထ ရာဂုပ္ပတ္တိ ဟေတုဘူတော ဣဋ္ဌာ ကာရော သုဘနိမိတ္တံ၊အာဒိသဒ္ဒေန ပဋိဃနိမိတ္တာဒီနံ သင်္ဂဟော၊-ဝိသုဒ္ဓိမဂ် မဟာဋီကာ သီလနိဒ္ဒေသ။
ပဋိဃနိမိတ္တာဒိ ။ ။ အာဒိဖြင့် ဥပက္ခောဖြစ်ခြင်း၏အကြောင်းဖြစ်သောသုဘ အသုဘ၏အလယ်ဖြစ်သောမဇ္ဈတ္တအာရုံကိုလည်းယူရ၏၊ မစောင့်စည်းသူမှာ ထို မဇ္ဈတ္တနိမိတ်၌ မောဟကိလေသာဖြစ်နိုင်ပြန်၏၊ [ကာမဉ္စေတ္ထ ပါဠိယံ အဘိဇ္ဈာဒေါမနဿာဝ သရူပတောအာဂတာ၊ဥပေက္ခာနိမိတ္တဿာပိ ပန သင်္ဂဟော ဣစ္ဆိတဗ္ဗော၊ အသမပေက္ခဏေ (မညီမမျှ ရှုခြင်း၌) ဥပ္ပဇ္ဇနက မောဟဿပိ အသံဝရဘာဝတော၊-မဟာဋီကာ။]
အနုဗျဉ္ဇနဂ္ဂါဟီ ။ ။ လက္ခဏာတော်ကြီး,လက္ခဏာတော်ငယ်ကို ပြရာ၌ လက္ခဏာတော်ငယ်တို့ကို "အနုဗျဉ္ဇန"ဟုခေါ်ရသကဲ့သို့ ဤ၌လည်း မိန်းမပုံသဏ္ဌာန်, ယောကျ်ားပုံသဏ္ဌာန်တို့၏အစိတ်အပိုင်းဖြစ်သော လက် ခြေစသော အင်္ဂါငယ်တို့ကို "အနုဗျဉ္ဇန"ဟုခေါ်ရသည်၊ ပုံသဏ္ဌာန်ကို ကြည့်ပြီးသောအခါ ထို အင်္ဂါငယ်တို့၏တင့်တယ်ခြင်း သုဘ,မတင့်တယ်ခြင်းအသုဘကို ဆက်လက်၍ ကြည့်တတ်၏၊ စကားပြောပုံ,ပြုံးရယ်ပုံ, ကြည့်ရှုပုံတို့၏ တင့်တယ်ခြင်းသုဘ,မတင့်တယ်ခြင်းအသုဘကိုလည်း သတိပြု၍ ကြည့်ရှုတတ်၏၊ ထိုအခါ သုဘဖြစ်လျှင် ရာဂ(အဘိဇ္ဈာ),အသုဘဖြစ်လျှင် ဒေါသ ဒေါမနဿတို့ဖြစ်ရပြန်၏၊ ထို့ကြောင့် လက်ခြေစသော အခြင်းအရာတို့ကို "ကိလေသေ-ကိလေသာတို့ကို+အနုဗျဉ္ဇယတိ-နောက်ထပ်ထင်ရှားစေတတ်(ထင်ရှားအောင်ပြုတတ်)၏"ဟူသောဝစနတ္ထကြောင့် အနုဗျဉ္ဇနဟု ခေါ်ရသည်။
အဋ္ဌကထာ ။ ။ အနုဗျဉ္ဇနဂ္ဂါဟီတိ ကိလေသာနံ အနုဗျဉ္ဇနတော ("အနုအနုဗျဉ္ဇနတော"ဟုလည်းရှိ၏၊) ပါကဋဘာဝကရဏတော အနုဗျဉ္ဇနန္တိ လဒ္ဓဝေါဟာရံ ဟတ္ထပါဒ သိတ ဟသိတ ကထိတ အာလောကိတ ဝိလောကိတာဒိဘေဒံ အာကာရံ ဂဏှာတိ၊-အဋ္ဌသာလိနီ, ဝိသုဒ္ဓိမဂ်၊ [ထမင်းစာရာ၌ ဟင်းသည် ထမင်းအရသာကို သာ၍ထင်ရှားစေ၏၊ ထို့ကြောင့် ဟင်းကောင်းဟင်းလျာကို "ဗျဉ္ဇန"ဟုခေါ်ရသကဲ့သို့ ထို့အတူ လက် ခြေ, ပြုံးပုံ,စကားပြောပုံ စသည်တို့ကိုလည်းချစ်စရာကို သာ၍ ချစ်စရာကောင်းအောင်,မုန်းစရာကို သာ၍ မုန်းစရာကောင်းအောင်ထင်ရှားပြတတ်သောကြောင့်လည်း အနုဗျဉ္ဇနဟုခေါ်ရသည်။] ဧနံ (ဘိက္ခုံ)၊ ထိုရဟန်းကို။ (အဲဒီရဟန်းကို)။ အဘိဇ္ဈာဒေါမနဿာ၊ အဘိဇ္ဈာဒေါမနဿဟူကုန်သော။ ပါပကာ၊ ယုတ်မာကုန်သော။ ဝါ၊ မိမိကိန်းရာ,သတ္တဝါကို,အပါယ်လေးရွာသို့ရောက်စေတတ်ကုန်သော။ အကုသလာ၊ အကုသိုလ်ဖြစ်ကုန်သော။ ဓမ္မာ၊ တရားတို့သည်။ အနွာဿဝေယျုံ၊ အစဉ်တစိုက်,လိုက်ကုန်ရာ၏။ ဝါ၊ လွှမ်းမိုးကုန်ရာ၏။ တဿ၊ ထိုစက္ခုန္ဒြေကို။ သံဝရာယ၊ စောင့်စည်းခြင်းငှာ။ ပဋိပဇ္ဇတိ၊ ကျင့်ကြံကြိုးကုတ်,အားထုတ်၏။ စက္ခုန္ဒြိယံ၊ စက္ခုန္ဒြေကို။ ရက္ခတိ၊ စောင့်ရှောက်၏။ (စောင့်ရှောက်၍ နေ၏၊) စက္ခုန္ဒြိယေ၊ စက္ခုန္ဒြေ၌။ သံဝရံ၊ မပျက်မစီး,စောင့်စည်းနိုင်ခြင်းသို့။ အာပဇ္ဇတိ၊ ရောက်၏။ယတွာဓိကရဏံ ။ ။ ယတွာဓိကရဏန္တိ အာဒိမှိ ယံကာရဏာ,ယဿ စက္ခုန္ဒြိယာ သံဝရဿဟေတု (အကြင်စက္ခုန္ဒြေကို မစောင့်စည်းခြင်းဟူသောအကြောင်းကြောင့်၊) ဧတံ (ဧနံ အဖွင့်) ပုဂ္ဂလံ သတိကဝါဋေန အသံဝုတံ အပိဟိတ စက္ခုဒွါရံ ဟုတွာ ဝိဟရန္တံ ဧတေ အဘိဇ္ဈာဒယော ဓမ္မာ အနွာဿဝေယျုံ၊အနုဗန္ဓေယျုံ (အဇ္ဈောတ္ထရေယျုံ)။ [အနု+အာပုဗ္ဗ သုဓာတ်၏ ကတိအနက်ကို ရည်ရွယ်၍ အနုဗန္ဓေယျုံဟု ဖွင့်၏၊ နောက်က တစ်ကောက်ကောက် လိုက်နေသည်ဟု ယူမည်စိုးသောကြောင့် အဇ္ဈောတ္ထရေယျုံဟု ထပ်၍ဖွင့်သည်။] အနက်အဓိပ္ပာယ်ကို အဋ္ဌသာလိနီ နိဿယ၌ရှုပါ။
မူလဋီကာ ။ ။ အဋ္ဌကထာအလိုအားဖြင့် "ယတွာဓိကရဏံ-အကြင်စက္ခုန္ဒြေကို မစောင့်စည်းခြင်းဟူသောအကြောင်းကြောင့်"ဟုအနက်ပေးရမည်ကဲ့သို့ထင်ရ၏၊ သို့သော်"ယတွာဓိကရဏန္တိ ဟိ ယဿ စက္ခုန္ဒြိယဿ ကာရဏာတိ အတ္ထော၊ကီဒိသဿစ ကာရဏာတိ၊ အသံဝုတဿ"ဟုဖွင့်သော မူလဋီကာအလိုအားဖြင့် "အကြင်မစောင့်စည်းအပ်သော စက္ခုန္ဒြေဟူသောအကြောင်းကြောင့်"ဟုပေးရသည်၊ ဤသို့စက္ခုန္ဒြေကို ပဓာနရအောင် ပေးမှလည်း "တဿ သံဝရာယ-ထိုစက္ခုန္ဒြေကိုစောင့်စည်းခြင်းငှာ"ဟူသောနောက်စကားနှင့်လိုက်လျောနိုင်ပါသည်။[မဟာဋီကာ၌လည်းအလားတူပင်ဖွင့်၏။]
တဿသံဝရာယ ပဋိပဇ္ဇတိ ။ ။ ဤစကားကိုပင် "ရက္ခတိ စက္ခုန္ဒြိယံ၊ စက္ခုန္ဒြိယေသံဝရံ အာပဇ္ဇတိ"ဟုထပ်၍ ဟောတော်မူသည်ဟု အဋ္ဌကထာ ဖွင့်၏။ [ဧဝံ ပဋိပဇ္ဇန္တောယေဝစ ရက္ခတိ စက္ခုန္ဒြိယံ၊စက္ခုန္ဒြိယေ သံဝရံ အာပဇ္ဇတီတိ ဝုစ္စတိ၊-ဝိသုဒ္ဓိမဂ်။]
မိမိအထင် ။ ။ မိမိကား-ဥပုသ်စောင့်သောအခါ (၁)သီလကို ဆောက်တည်ခြင်း၊ (၂) ဆောက်တည်ထားသည့်အတိုင်းမကျိုးမပေါက်အောင် သတိထား၍ စောင့်ရှောက်ခြင်း၊ (၃)အတော်စောင့်မိသောအခါ သတိမထားရတော့ဘဲ စောင့်စည်းခြင်းကိစ္စ အသားကျသကဲ့သို့,ဤ၌လည်း ဣန္ဒြိယသံဝရသီလကို (၁)စ၍ကျင့်ခြင်း၊ (၂) သတိထား၍ စောင့်ရှောက်ခြင်း၊ (၃) အသားကျစောင့်စည်းမှုသို့ရောက်နေခြင်းအားဖြင့် ၃ မျိုးကွဲပြားသည်ဟု ကြံမိပါသည်။ ကောင်းစွာ မကျင့်ရာ ဝါရ၌လည်း (၁)စ၍ မကျင့်ခြင်း၊ (၂) ကျင့်သော်လည်း မစောင့်ရှောက်နိုင်ခြင်း၊ (၃) စောင့်ရှောက်နိုင်သော်လည်း အသားမကျသေးခြင်းအားဖြင့် ၃ပါးပင် ပြားနိုင်ပါသည်။

သောတေန၊ သောတပသာဒဖြင့်။
ဝါ၊ အကြောင်းသောတ,တင်စားရသည့်,သောတဝိညာဉ်ဖြင့်။
သဒ္ဒံ၊ ဣဋ္ဌ အနိဋ္ဌ,သဒ္ဒါရုံဟူသမျှကို။
သုတွာ၊ ကြားရ၍။
ဝါ၊ ကြားရသည့်ရှိသော်။
ဝါ၊ ကြားရခြင်းကြောင့်။
နိမိတ္တဂ္ဂါဟီ၊ သဒ္ဒါရုံတည်ရာဝတ္ထု၏ ပုံသဏ္ဌာန်နိမိတ်ကြီးကို ကိလေသာစိတ်ဖြင့် ယူလေ့ရှိသည်။
ဝါ၊ ကိလေသာ၏တည်ရာအကြောင်းဖြစ်သောတင့်တယ်သောအခြင်းအရာ,မတင့်တယ်သော အခြင်းအရာဟူသော နိမိတ်ကြီးကို ကိလေသာစိတ်ဖြင့်ယူလေ့ရှိသည်။
န ဟောတိ။
အနုဗျဉ္ဇနဂ္ဂါဟီ၊ လောဘ ဒေါသစသော ကိလေသာတို့ကို အဖန်ဖန်ထင်ရှားစေတတ်သော ပြောပုံ ဆိုပုံ အခြင်းအရာကိုကိလေသာစိတ်ဖြင့်ယူလေ့ရှိသည်။
န ဟောတိ။
ယတွာဓိကရဏံ၊ အကြင်သောတိန္ဒြေကို မစောင့်စည်းခြင်းဟူသောအကြောင်းကြောင့်။
ဝါ၊ အကြင်မစောင့်စည်းအပ်သော သောတိန္ဒြေကြောင့်။
ပေ။
သောတိန္ဒြိယေ သံဝရံ အာပဇ္ဇတိ။
ဇိဝှာယ၊ ဇိဝှာပသာဒဖြင့်။
ဝါ၊ အကြောင်းဇိဝှာ တင်စားရာသည့် ဇိဝှာဝိညာဉ်ဖြင့်။
ရသံ၊ ဣဋ္ဌအနိဋ္ဌ,ရသာရုံဟူသမျှကို။
သာယိတွာ၊ သာယာရ၍။
ဝါ၊ သော်။
ဝါ၊ ကြောင့်။
နိမိတ္တဂ္ဂါဟီ၊ ရသာရုံတည်ရာဝတ္ထု၏ပုံသဏ္ဌာန်နိမိတ်ကြီးကိုကိလေသာစိတ်ဖြင့်ယူလေ့ရှိသည်။
ဝါ၊ ကိလေသာ၏တည်ရာအကြောင်းဖြစ်သောတင့်တယ်သောအခြင်းအရာ,မတင့်တယ်သောအခြင်းအရာကိုကိလေသာစိတ်ဖြင့်ယူလေ့ရှိသည်။
န ဟောတိ။
အနုဗျဉ္ဇနဂ္ဂါဟီ၊ လောဘ ဒေါသ စသောကိလေသာတို့ကိုအဖန်ဖန် ထင်ရှားစေတတ်သော အရသာရှိပုံ မရှိပုံ အခြင်းအရာကိုကိလေသာစိတ်ဖြင့်ယူလေ့ရှိသည်။
န ဟောတိ။
ပေ။
သံဝရံ အာပဇ္ဇတိ။
ကာယေန၊ ကာယပသာဒဖြင့်။
ဝါ၊ အကြောင်းကာယ တင်စားရသည့်ကာယဝိညာဉ်ဖြင့်။
ဖောဋ္ဌဗ္ဗံ၊ ဣဋ္ဌအနိဋ္ဌ,ဗောဋ္ဌာဗ္ဗာရုံဟူသမျှကို။
ဖုသိတွာ၊ ထိရ၍။
ဝါ၊ သော်။
ဝါ၊ ကြောင့်။
နိမိတ္တဂ္ဂါဟီ၊ ဗောဋ္ဌဗ္ဗာရုံ၏တည်ရာ ပုံသဏ္ဌာန်နိမိတ်ကြီးကိုကိလေသာစိတ်ဖြင့်ယူလေ့ရှိသည်။
ဝါ၊ ကိလေသာ၏တည်ရာအကြောင်းဖြစ်သောတင့်တယ်သောအခြင်းအရာ,မတင့်တယ်သောအခြင်းအရာကိုကိလေသာစိတ်ဖြင့်ယူလေ့ရှိသည်။
န ဟောတိ။
အနုဗျဉ္ဇနဂ္ဂါဟီ၊ လောဘ ဒေါသစသော ကိလေသာတို့ကို အဖန်ဖန် ထင်ရှားစေတတ်သော အတွေ့ကောင်းပုံ မကောင်းပုံအခြင်းအရာကို ကိလေသာစိတ်ဖြင့် ယူလေ့ရှိသည်။
န ဟောတိ။
ပေ။
သံဝရံ အာပဇ္ဇတိ။
မနသာ၊ မနောဒွါရဖြင့်။
ဝါ၊ အကြောင်းမနော,တင်စားပြောသည့်,မနောဝိညာဉ်ဖြင့်။
ဓမ္မံ၊ ဣဋ္ဌအနိဋ္ဌ, ဓမ္မာရုံဟူသမျှကို။
ဝိညာယ၊ သိရ၍။
ဝါ၊ သော်။
ဝါ၊ ကြောင့်။
နိမိတ္တဂ္ဂါဟီ၊ ဓမ္မရုံ၏တည်ရာပုံသဏ္ဌာန် နိမိတ်ကြီးကို ကိလေသာစိတ်ဖြင့် ယူလေ့ရှိသည်။
ဝါ၊ ကိလေသာ၏တည်ရာအကြောင်းဖြစ်သောတင့်တယ်သောအခြင်းအရာ,မတင့်တယ်သောအခြင်းအရာကိုကိလေသာစိတ်ဖြင့်ယူလေ့ရှိသည်။
န ဟောတိ။
အနုဗျဉ္ဇနဂ္ဂါဟီ၊ လောဘ ဒေါသစသော ကိလေသာတို့ကို အဖန်ဖန် ထင်ရှားစေတတ်သော သဘာဝအခြင်းအရာပညတ်အခြင်းအရာကို ကိလေသာစိတ်ဖြင့် ယူလေ့ရှိသည်။
န ဟောတိ။
ပေ။
သံဝရံ အာပဇ္ဇတိ။
သော၊ ထိုရဟန်းသည်။
အရိယေန၊ မြတ်သော။
ဣမိနာ ဣန္ဒြိယသံဝရေန၊ ဤ ဣန္ဒြိယသံဝရ အကျင့်နှင့်။
ဝါ၊ ဣန္ဒြေ ၆ပါးကိုမပေါက်ကြားအောင် စောင့်စည်းကြောင်းဖြစ်သော ဤအကျင့်နှင့်။
သမန္နာဂတော၊ ပြည့်စုံသည်။
(ဟုတွာ၊ ဖြစ်၍။
ဝါ၊ ဖြစ်ခြင်းကြောင့်။)
အဇ္ဈတ္တံ၊ မိမိသန္တာန်၌။
အဗျာသေကသုခံ၊ ကိလေသာအပေါင်း,သွန်းလောင်းထည့်ခတ်ရခြင်းမရှိ,အဓိစိတ္တသမာဓိနှင့်ယှဉ်သောသုခကို။
ပဋိသံဝေဒေတိ၊ ခံစားရ၏။
မဟာရာဇ၊ ဇာ။
ဧဝံ ခေါ၊ ဤသို့လျှင်။
ဘိက္ခု၊ ရဟန်းသည်။
ဣန္ဒြိယေသု၊ စက္ခုစသား, ၆ပါးသော ဣန္ဒြေတို့၌။
ဂုတ္တဒွါရော၊ စောင့်ရှောက်အပ် ပိတ်ဆိုအပ်သော တံခါးရှိသည်။
ဟောတိ၊ ဖြစ်၏။
နိမိတ္တဂ္ဂါဟီ ။ ။ ရူပါရုံကို မြင်၍ နိမိတ္တကို ယူရာ၌ ရူပါရုံ၏တည်ရာ ဣတ္ထိ ပုရိသ တို့၏ ပုံသဏ္ဌာန်ကို ယူရသကဲ့သို့, သဒ္ဒါရုံကိုကြားရာစသည်တို့၌လည်း သဒ္ဒါရုံစသည်တို့၏တည်ရာ ဝတ္ထုမှာ ပုံသဏ္ဌာန်ဒြဗ်ရှိ၏၊ ထိုပုံသဏ္ဌာန်ကို နိမိတ်အဖြစ်ဖြင့် ယူရသည်၊ အနုဗျဉ္ဇနကို ယူရာ၌လည်း ထိုပုံသဏ္ဌာန်၏ အစိတ်အစိတ်အခြင်းအရာကို "အနုဗျဉ္ဇန"ဟု ဆိုလိုပါသည်။