Issues
Select Version
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
Puggalapaññattipāḷi

6. Chakkapuggalapaññatti

Author: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

တတြ၊ ထို ဥဒ္ဒေသ၌ ဟောတော်မူအပ်သော ပုဂ္ဂိုလ် ၆ ယောက် တို့တွင်။ ယွာယံ (ယော အယံ) ပုဂ္ဂလော၊ သည်။ ပုဗ္ဗေ၊ ရှေး၌။ အနနုဿုတေသု၊ မကြားအပ်ဘူးကုန်သော။ ဓမ္မေသု (ပေ ) ဝသီဘာဝံ၊ [ဤပုဒ်တို့ကို ဧကက, သမ္မသမ္ဗုဒ္ဓ နိဒ္ဒေသ, ပုဒ်ရေ (၂၂) ၌ အနက်ပေးခဲ့ပြီ။] တေန၊ ထိုသို့ သစ္စာ ၄ ပါးတို့ကို ထိုးထွင်း၍ သိခြင်း, သဗ္ဗညုအဖြစ်သို့ရောက်ခြင်း, ဉာဏ်တော်အားတို့၌ ဝသီဘော်သို့ ရောက်ခြင်းကြောင့်။ သမ္မာသမ္ဗုဒ္ဓေါ၊ သမ္မာသမ္ဗုဒ္ဓ ဟူ၍။ ဒဋ္ဌဗ္ဗော၊ မှတ်ထိုက်၏။ [ ပစ္စေက သမ္ဗုဒ္ဓ နိဒ္ဒေသကိုလည်း ဧကက, ပုဒ်ရေ (၂၃) ၌ အနက်ပေးခဲ့ပြီ။]
တတြ (ပေ) တေန၊ ထိုသို့ သစ္စာ ၄ ပါးတို့ကို ကိုယ်တိုင် ထိုးထွင်း၍ မသိခြင်း, ပစ္စုပ္ပန်ဘဝ၌ပင် ဒုက္ခ၏ အဆုံးကို ပြုခြင်း, သာဝက ပါရမီဉာဏ်သို့လည်း ရောက်ခြင်းကြောင့်။ သာရိပုတ်တ မောဂ္ဂလ္လာနာ၊ အရှင်သာရိပုတြာ, အရှင်မောဂ္ဂလ္လာန်တို့ဟူ၍။ ဒဋ္ဌဗ္ဗာ၊ မှတ်ထိုက်ကုန်၏။ [အကြွင်းကို ဥဒ္ဒေသကို မှီ၍ အနက်ပေးတတ်လောက်ပြီ။ ဤ၌ "သာဝကပါရမိံ၊ သာဝကတို့၏ အပြီးအဆုံးကို သိသော ဉာဏ်သိ့" ဟု ပေးရုံသာ ထူး၏။]
ဆက္ကနိဒ္ဒေသော (နိဋ္ဌိတော)၊