[ဓာတုကထာကျမ်းကို ဖွင့်ပြပြီး၍ ပုဂ္ဂလပညတ်ကျမ်းကို ဖွင့်ပြလိုသော အရှင်ဗုဒ္ဓဃောသဆရာသည် နိပုဏတ္ထံ အစရှိသော ပါဌ်ကို မိန့်။]
ဓာတုဘေဒပ္ပကာသနော၊ ၂ ပါး, ၃ ပါး စသော အားဖြင့် များစွာသော ဓာတ်အပြားကို ထင်ရှားပြတော်မူထသော။
သတ္ထာ၊ လူ နတ် ဗြဟ္မာ သတ္တဝါ တို့၏ ဆရာဖြစ်တော်မူထသော။
လောကေ၊ သတ္တလောက, ဩကာသ လောက၌။
အဂ္ဂပုဂ္ဂလော၊ အမြတ်ဆုံး ပုဂ္ဂိုလ်ဖြစ်တော်မူထသော။
ဇိနော၊ ငါးမာန်အောင်မြင် ဘုရားရှင်သည်။
နိပုဏတ္ထံ၊ သိမ်မွေ့နက်နဲ ခက်ခဲသော အနက် အဓိပ္ပါယ်ရှိသော။
ဓာတုကထံ နာမ၊ ဓာတုကထာမည်သော။
ပကရဏံ၊ ပါဠိတော်ကျမ်းကို။
သုရာလယေ၊ နတ်တို့နေရာ တာဝတိံသာ၌။
ဒေယယိတွာ၊ ဟောတော်မူပြီး၍။
တဿ၊ ထို ဓာတုကထာကျမ်း၏။
အန္တရံ၊ အခြားမဲ့ကာလ၌။
ဝါ၊ အခြားမဲ့ဖြစ်သော။
(ပုဂ္ဂလပညတ္တိံ၊ ၌စပ်)။
ပညတ္တိဘေဒဒီပနံ၊ ခန္ဓပညတ် အစရှိသော ပညတ်အထူးအခြားကို ပြရာ ပြကြောင်းဖြစ်သော။
ယံ ပုဂ္ဂလပညတ္တိံ၊ အကြင် ပုဂ္ဂလပညတ်ပါဠိတော်ကို။
[နောက်၌ တဿာကို ကြည့်၍ ပါဠိတော်ကို စွဲလိုက်ပါသည်။]
အာဟ၊ ဟောတော်မူပြီ။
တဿာ (ပုဂ္ဂလပညတ္တိယာ)၊ ထို ပုဂ္ဂလပညတ်ပါဠိတော်၏။
သံဝဏ္ဏနောကာသော၊ ဖွင့်ခြင်း၏ အခွင့်သည်။
ဝါ၊ ဖွင့်ကြောင်း ဖွင့်ရာ အဋ္ဌကထာ၏ အခွင့်သည်။
ယသ္မာ၊ ကြောင့်။
ဒါနိ၊ ယခုအခါ၌။
ဥပါဂတာ၊ ကပ်ရောက်ပြီ။
တသ္မာ၊ ကြောင့်။
(ထိုသို့ ပုဂ္ဂလပညတ်ပါဠိတော် အဖွင့်၏ အခွင့်ရောက်လာ သည်၏ အဖြစ်ကြောင့်။)
နံ၊ ထို ပုဂ္ဂလပညတ်ပါဠိတော်ကို။
ဝဏ္ဏယိဿာမိ၊ ဖွင့်ပြပေအံ့။
တံ၊ ထို ပုဂ္ဂလပညတ်အဋ္ဌကထာကို။
(တုမှေ၊ သောတုအပေါင်းအသင် သူတော်ကောင်းတို့သည်။)
သမာဟိတာ၊ ကောင်းစွာ အာရုံ၌ ထားအပ်သော စိတ်ရှိကြကုန်သည်။
ဝါ၊ မိမိစိတ်၌ သွင်းထားကြကုန်သည်။
(ဟုတွာ) သုဏာထ၊ နာယူသော အားအရင်းထား၍ မှတ်ထားဆောင်ရွက်ကြကုန်လော့။
ဣတိ၊ ပဋိညာ ဥယျောဇန ဒေသကနှင့် ကာလဒေသကို ပြရာ စကားရပ် အပြီးသတ်တည်း။
[ဓာတုကထာနှင့် လိုက်လျောအောင်
"ဓာတု၊ ဘေဒပ္ပကာသနော" ဟု၎င်း, ပုဂ္ဂလပညတ်နှင့် လိုက်လျောအောင်
"ပညတ္တိဘေဒဒီပနံ အဂ္ဂပုဂ္ဂလော" ဟု၎င်း ဝိသေသန ပြုသည်။ ]