စ၊ စာကိုယ်ပြီးဆုံး ကမ္ပတ်ဖုံး၌ နိဂုံးကို ဆိုဦးအံ့။
ဧတ္တာဝတာ၊ ဤ မျှ အတိုင်းအရှည်ရှိသော အဋ္ဌာရသဟိ ဘေဒေဟိ အစ ဝုတ္တနယာနုသာရေနေဝ ဝေဒိတဗ္ဗော တိုင်အောင်သော စကားအစဉ်ဖြင့်။
(နိဋ္ဌိတံ ဟောတိ ၌စပ်။)
ဓါတာပ္ပဘေဒကုသလော၊ ၂ ပါး ၃ ပါး စသော အားဖြင့် များစွာသော ဓာတ်အပြား၌ ကျွမ်းကျင်တော်မူသော။
တထာ ဂတာ၊ ရှေးဘုရားတို့ အတူ ကြွတော်မူလာသော မြတ်စွာဘုရားသည်။
ယံ ဓာတုကထံ၊ အကြင် ဓာတုကထာ ပါဠိတော်ကို။
[ဣတ္ထိလိင်ဖြစ်သောကြောင့် ပကရဏကို မစွဲပဲ ပါဠိတော်ကို စွဲပါသည်။]
အာဟ၊ ဟောတော်မူပြီ။
တဿာ၊ ထို ဓာတုကထာပါဠိတော်၏။
နယမုခဘေဒပ္ပကာသနံ၊ နည်းအမြွက် အထူးအပြားကို ထင်ရှားပြခြင်းသည်။
**နယမုခဘေဒပ္ပကာသနံ**။ ။ နယတိုင်း၏ အဖွင့်ကို ပြန်ကြည့်ပါ။ ထိုသို့ နယ၌ အစအစဖြစ်သော တပုဒ်, သို့မဟုတ် ၂ ပုဒ် ၃ ပုဒ် စသည်ကို သမ္ပယောဂ, သင်္ဂဟ အသင်္ဂဟအားဖြင့် ဖွင့်ပြထားသည်ကို တွေ့ရပါလိမ့်မည်။ ထိုသို့ နည်းအမြွက်မျှ ဖွင့်ပြခြင်းကို "နယမုခပ္ပကာသန" ဟု ဆို၍ ထိုနယတွေက များသောကြောင့် "နယမုခဘေဒပ္ပကာသန" ဟု ဆိုသည်။
ဝါ၊ နည်းအမြွက် အထူးအပြားကို ထင်ရှားပြရာ ပြကြောင်း စကားရပ်သည်။
နိဋ္ဌိတံ၊ နိဂုံးအရောက် ပြီးမြောက်ခြင်းသည်။
ဟောတိ၊ ဟိ၊ မှန်။
ဣမိနာ နယမုခဘေဒပ္ပကာသနေန၊ ဤ နည်းအမြွက် အထူးအပြားကို ထင်ရှားပြရာ ပြကြောင်း စကားရပ်ဖြင့်။
ဝိဘာဝိနာ၊ အကျဉ်းမြင်သော အကျယ်ဖော်၍ အလျော်မြင်သိ ပညာရှိသည်။
သဗ္ဗေပိ၊ ကုန်သော။
နယာ၊ နည်းတို့သည်။
ဝါ၊ တို့ကို။
ဉာတုံ၊ သိခြင်းငှါ။
သက္ကာ၊ တတ်ကောင်းကုန်၏။
ဣတိ၊ ထို့ကြောင့်။
သင်္ခေပကထာဝ၊ အကျဉ်းကို ဆိုရာဆိုကြောင်း စကားကိုသာ။
(မယာ၊ ဗုဒ္ဓဃောသ ဆရာ ငါသည်။
ဝုတ္တာ၊ ဆိုအပ်ပြီ။
ပန၊ ဆက်။
ဧကေကဿ၊ တပါး တပါးသော။
ပဒဿ၊ ပုဒ်၏။
ဝိတ္ထာရမေဝ၊ အကျယ်ကိုပင်။
သစေ ဘာသေယျံ၊ အကယ် ၍ ဖွင့်ဆိုငြားအံ့။
(ဧဝံ သတိ၊ ဤ သို့ ဖွင့်ဆိုလသော်။)
ဝစနဉ္စ၊ ဖွင့်ဆိုကြောင်း စကားသည်လည်း။
အတိဝိယ၊ အလွန်သာလျှင်။
ဗဟုံ၊ ကျယ်ဝန်းများပြားသည်။
[ပဌမန္တဖြစ်၍ နိဂ္ဂဟိတ်ကား ဝါစာသိသိဋ္ဌ။]
ဘဝေယျ၊ ဖြစ်ရာ၏။
စ၊ ထိုသို့ပင် အလွန် ကျယ်ဝန်း များပြားပါသော်လည်း။
အတ္ထော၊ အနက် အဓိပ္ပါယ်သည်။
အဝိသေသော၊ မထူးသည်။
ဟောတိ၊
ဣတိ၊ ဤ အကြောင်းကြောင့်။
ဦနဘာဏဝါရဒွကာယ၊ ယုတ်လျော့သော ဘာဏဝါရ နှစ်ပါးအပေါင်း ရှိသော ။
တန္တိယာ၊ ပါဠိအစဉ်ဖြင့်။
ဧတံ၊ ဤ အဋ္ဌကထာကို။
ကုရုနာ၊ ရေးသားပြုစုသော။
မယာ၊ ငါသည်။
ယံ ပုညံ၊ အကြင် ဉာဏသမ္ပယုတ် တိဟိတ်ဥက္ကဌ်, ကုသိုလ်မြတ်သို့။
ပတ္တံ၊ ရောက်အပ် ရအပ်ပြီ။
တံ၊ ထိုဉာဏ သမ္ပယုတ် တိဟိတ်ဥက္ကဌ် ကုသိုလ်မြတ်သည်။
လောကဿ၊ လူ နတ် ဗြဟ္မာ သတ္တဝါ အပေါင်း၏။
သုခါယ၊ ကောင်းကျိုးချမ်းသာ မင်္ဂလာ အကျိုးငှါ။
ဟောတု၊ စင်စစ်မသွေ, ဖြစ်ပါစေသနည်း။
ဣတိ၊ ဓာတုကထာ အဖွင့်ပြီးတည်း။
ဓာတုကထာ အဋ္ဌကထာ၊ သည်။
နိဋ္ဌိတာ၊ ပြီးပြီ။