Issues
Select Version
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
Kathāvatthupāḷi
Kathāvatthupāḷi

2. Paccanīkānulomaṃ

Author: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

ဤ ပစ္စနီကပဉ္စက၌ ပါဠိတော် နိဿယ အနက် ပေးပုံသည် အနုလောမဉ္စကနှင့် တူ၏။ အနုလောမ ပဉ္စက၌ ဥပလဗ္ဘတိ နေရာဝယ် နုပလဗ္ဘတိ ဟု ပုစ္ဆာထုတ်ခြင်းသာ ထူး၏။ ဤသို့ ဆန့်ကျင်ဘက် ပြောင်းပြန် ဖြစ်သောကြောင့် (၁) နိဂ္ဂဟ (၂) အနုလောမ ပါပနာ (၃) အနုလောမရောပနာ (၄) ပဋိလောမ ပါပနာ (၅) ပဋိလောမရောပနာ ဤ စကား ၅-ရပ်ကို “ပစ္စနီကပဉ္စက” ဟု နာမည် တပ်ရသည်။
(ဣဒံ၊ ကား။) ပစ္စနီကပဉ္စကံ၊ တည်း။

ဤ စတုက္က၌လည်း နိဿယ အနက် ပေးပုံမှာ ပစ္စနီက ပဉ္စက နှင့် မထူးပါ။ “ပုဂ္ဂလော နုပလဗ္ဘတိ”နေရာဝယ် “ပုဂ္ဂလော ဥပလဗ္ဘတိ" စသည်ဖြင့် ပြောင်းလွဲရုံသာတည်း။

နိဂ္ဂဟ ဥပနယန, နိဂ္ဂမနစတုက္ကတို့၌လည်း နည်းတူ။ ဒုတိယော၊ သော။ နိဂ္ဂဟော၊ နှိပ်ခြင်းတည်း။