Issues
Select Version
Janakābhivaṃsa-ဇနကာဘိဝံသ
မြန်မာဘာသာ
AI-汉译-Nissaya
简体中文
Kaccāyanabyākaraṇaṃ
Kaccāyanabyākaraṇaṃ

ကာရကအချီ “ကြိယံ ကရောတီ (အဘိနိပ္ဖာဒေတီ)တိ ကာရကံ” ယံ-အကြင်သတ္တိသည်၊ ကြိယံ-ကြိယာကို၊ ကရောတိ-ပြုတတ်၏၊ (“အဘိနိပ္ဖာဒေတိဖြစ်စေတတ်၏”ဟု ဆိုလိုသည်၊) ဣတိ-ထို့ကြောင့်၊ တံ-ထိုသတ္တိသည်၊ ကာရကံ-ကာရက မည်၏၊ “ကြိယာကို ပြုတတ်၏”ဟူရာ၌ “ပြု”ဟူသည် ဖြစ်စေခြင်းပင်တည်း၊ လောက၌လည်း တ

Author: Janakābhivaṃsa-ဇနကာဘိဝံသ @ IAPT

ကာရကအချီ “ကြိယံ ကရောတီ (အဘိနိပ္ဖာဒေတီ)တိ ကာရကံ” ယံ-အကြင်သတ္တိသည်၊ ကြိယံ-ကြိယာကို၊ ကရောတိ-ပြုတတ်၏၊ (“အဘိနိပ္ဖာဒေတိဖြစ်စေတတ်၏”ဟု ဆိုလိုသည်၊) ဣတိ-ထို့ကြောင့်၊ တံ-ထိုသတ္တိသည်၊ ကာရကံ-ကာရက မည်၏၊ “ကြိယာကို ပြုတတ်၏”ဟူရာ၌ “ပြု”ဟူသည် ဖြစ်စေခြင်းပင်တည်း၊ လောက၌လည်း တစ်စုံတစ်ခုသော အရာဝတ္ထု ဖြစ်လာစေမှုကို “ပြုသည်၊ လုပ်သည်”ဟု ခေါ်ဝေါ်ကြ၏၊ ထို့ကြောင့် ကရောတိအရ “ပြု၏”ဟူသော အနက်၏အဓိပ္ပာယ်ကို “အဘိနိပ္ဖာဒေတိဖြစ်စေ၏”ဟု ဖွင့်ပြရသည်။

သတ္တိကာရက။ ။ “ပုရိသော မဂ္ဂံ ဂစ္ဆတိ၊ ယောက်ျားသည် လမ်းကို သွား၏”ဟူရာ၌ သွားခြင်းကြိယာဟူသည် ခြေထောက်ကို မြှောက်ကာ ချကာ ရှေ့သို့ တိုး၍ တိုး၍နေသော အမူအရာတည်း၊ ထိုသွားခြင်းကြိယာ ကို ဖြစ်စေနိုင်သူကား ယောက်ျားမဟုတ်, ယောက်ျားသန္တာန်မှာ ရှိသော သွားစွမ်းနိုင်သော သတ္တိတည်း၊ ယောက်ျားအထည်ကိုယ်ဒြဗ်က သွားခြင်း ကြိယာကို မဖြစ်စေနိုင်၊ ဒူလာပါဒရက်စွဲ၍ ပုံလဲနေသောယောက်ျားဒြဗ်၌ သွားခြင်းကြိယာကို ဖြစ်စေနိုင်သော သတ္တိမရှိချေ၊ ထို့ကြောင့် “ကြိယံ ကရောတီတိ ကာရကံ”အရ ပြုလုပ်တတ်, ပြီးစေတတ်သော ကာရက ဟူသည် မုချဧကန် အမှန်အားဖြင့် သတ္တိသာတည်းဟု မှတ်၊ ထို့ကြောင့် နောက်၌ “သတ္တိမုချ, ကာရက”ဟု ဆိုထားသည်။

ဒဗ္ဗကာရက။ ။ သို့သော် ယောက်ျားအထည်ကိုယ်ဒြဗ်ကြီးလည်း ထိုသွားစွမ်းနိုင်သောသတ္တိ၏ တည်ရာဖြစ်သောကြောင့် ဌာနီသတ္တိ၏ ကာရကဟူသော နာမည်ရင်းကို ဌာနဒြဗ်ပေါ်မှာ တင်စား၍ ဌာနျူပစာရ (ဌာနီ၏နာမည်)အားဖြင့် ကာရက ဟု အမည်ရ၏၊ ထို့ကြောင့် နောက်၌ “ဒဗ္ဗဌာနျူပစာ”ဟု ဆိုထားသည်။

သဒ ကာရက။ ။ ယခုကာလ၌ကား ပုရိသော စသော သဒ္ဒါကို ကာရကဟု ခေါ်ဆိုကြ၏၊ ထိုသို့ ခေါ်ဆိုရာ၌ အကြောင်းဖြစ်သော ဒြဗ် အနက်၏ ကာရကဟူသော နာမည်ကို အကျိုးဖြစ်သော သဒ္ဒါပေါ်တွင် တင်စား၍ ကာရဏူပစာရ (အကြောင်း၏နာမည်)အားဖြင့် ကာရက ခေါ်သည်ဟု မှတ်၊ ထို့ကြောင် “သဒ္ဒါ၌မူ, ကာရဏူ”ဟု နောက်၌ ဆိုထား သည်၊

အကြောင်းအကျိုး။ ။ အနက်ရှိမှ သဒ္ဒါဖြစ်ပေါ်နိုင်၏၊ ကမ္ဘာဦးက အနက်ဒြဗ်တွေ ဖြစ်ပြီးရှိနေသော်လည်း သဒ္ဒါနာမည်တွေ မဖြစ်ပေါ်သေး၊ နောက်မှ ကမ္ဘာဦးလူကြီးတို့က သင့်သလို သဒ္ဒါနာမည်တွေကို တီထွင် ကြလေသည်၊ ကလေးတစ်ယောက် ဖွားမြင်လာသော်လည်း သဒ္ဒါနာမည် မရှိသေး၊ နောက်မှ ကလေးနှင့်ဆိုင်ရာ သဒ္ဒါနာမည်ကို မိဘတို့က တီထွင် ကြလေသည်၊ ထို့ကြောင့် အနက်ကအကြောင်း, သဒ္ဒါက ထိုအနက်ကို အကြောင်းပြု၍ ဖြစ်ရသောအကျိုးဟု အမြဲမှတ်ပါ၊ သူတစ်ပါးပြောသည် ကို တစ်ဆင့်ကြားရာ၌ကား ကြားပြီးမှ အနက်ဒြဗ်ကို သိရသောကြောင့် သဒ္ဒါက အကြောင်း, အနက်က အကျိုးတည်း။

[ဆောင်]၁။ သတ္တိမုချ , ကာရက , ဒဗ္ဗဌာနျူပစာ။ ၂။ သဒ္ဒါ၌မူ , ကာရဏူ , မှတ်ယူ မြဲသေချာ။ ကာရကနှင့်သာဓနအထူး။ ။ ပြခဲ့သောသတ္တိကိုပင် ကိတ်ပိုင်းတုန်းက သာဓနဟု ခေါ်ခဲ့ပြီ၊ “ပါစကံ ပဿတိ-ချက်တတ်သူကို မြင်၏”ဟူရာ၌ “ချက်တတ်”ဟူသည် ပါစကံ၌ ပစဓာတ် ဏွုပစ္စည်း၏ အနက်တည်း၊ ထိုသို့ ဓာတ်နှင့်တွဲဖက်နေသည့် ကိတ်ပစ္စည်း၏ အနက်ဖြစ်သောသတ္တိကို သာဓနဟု ခေါ်၏၊ “ချက်တတ်သူကို”ဟူရာ၌ “ကို”ဟူသော အနက်ကား အံဝိဘတ်၏အနက်တည်း၊ ထို “ကို”ဟူသော အနက်သည် နောက်ကြိယာ တစ်ခုခုနှင့် တွဲဖက်ရမှ ပေါ်ထွက်နိုင်၏၊ ထိုသို့ ကြိယာ တစ်ပါးနှင့် တွဲဖက်ရမှ ပေါ်ထွက်လာသော နာမ်ဝိဘတ်၏ အနက်သည် ကာရက မည်၏။ [“ဂစ္ဆတိ-သွားတတ်၏”ဟူရာ၌ အာချာတ်ဝိဘတ်၏အနက် ဖြစ်သော သွားစွမ်းနိုင်သော သတ္တိသည်လည်း ကာရကပင်တည်း။]

[ဆောင်] ၁။ ဓာတ်နှင့်စပ်ဖက် , ပစ္စည်းနက် , မှတ်ချက် သာဓန။ ၂။ ဝိဘတ်နက်တွေ , အထွေထွေ , ခေါ်လေ ကာရက။ ကာရက ၆ မျိုး။ ။ “ကတ္တု ကမ္မ, ကရဏနှင့်, သမ္ပဒါနာ, အပါဒါ, တစ်ဖြာ သြကာသ” နှင့်အညီ, ထိုကာရကသည် ကတ္တု ကမ္မ ကရဏ သမ္ပဒါန အပါဒါန သြကာသဟု ၆ မျိုးရှိ၏၊ ထို ၆ မျိုးကို ပြရာဖြစ်သော ကြောင့် ဤအပိုင်းကိုလည်း ဌာနီသဒ္ဒါတို့၏ ကာရကအမည်ကို ဌာန အပိုင်းပေါ်တွင် တင်စား၍ ဌာနျူပစာရအားဖြင့် ကာရကပိုင်းဟု ခေါ်ဝေါ် ရလေသည်။

အမှာ။ ။ ယခုအခါ ထိုနာမ်ဝိဘတ်နက်တွေကို ပြရာဖြစ်သော ကာရကပိုင်းကို ပြဆိုရတော့မည်၊ ဤကာရကပိုင်း၌ ရုပ်တွက်ဖို့ အရေး မကြီးလှ, အားလုံး နာမ်ရုပ်တွေသာ ဖြစ်သည်၊ ဝိဘတ်သက်ပုံကိုသာ ဆိုင်ရာသုတ်၏အဆိုနှင့် ညီညွတ်အောင် သက်တတ်ဖို့ အရေးကြီးသည်၊ ကာရက ၆ မျိုးတွင် ကတ္တုကာရကသည် အစဆုံး ဖြစ်သော်လည်း အပါဒါန, သမ္ပဒါနကာရကတို့က ကျယ်ဝန်းသည့်အတွက် ထိုကာရက တို့ကို ရှေးဦးစွာ ထုတ်ပြလတ္တံ့။

ကာရကအချီပြီး၏။

ကာရကသုတ်နက် သုတ်အဓိပ္ပာယ်နှင့်ရုပ်တွက်

ယသ္မာ ဝါ- အကြင် ကာရကမှလည်း၊ အပေတိ- ဖဲသွား၏၊ ယသ္မာ ဝါ- အကြင် ကာရကမှလည်း၊ ဘယံ- ဘေးသည်၊ ဇာယတေ- ဖြစ်၏။ ယသ္မာ ဝါ- အကြင် ကာရကမှလည်း၊ အာဒတ္တေ- ယူ၏၊ တံ- ထိုကာရကမျိုးသည်၊ အပါဒါနံ- အပါဒါန်မည်သည်၊ ဟောတိ- ၏။ ဂါမာ အပေန္တိ မုနယော, စောရာ ဘယံ ဇာယတေ, အာစရိ ယုပဇ္ဈာယေဟိ သိက္ခံ ဂဏှာတိ သိဿော စသည်တည်း။

၁။ ဤသုတ်ကား အပါဒါန်အမည် မှည့်သော သညာသုတ်တည်း၊ သို့သော် နေရာတိုင်းမှာ မှည့်နိုင်သည်မဟုတ်, “ယသ္မာ အပေတိ”အရ ဖဲသွားရာ ရှောင်သွား ထွက်သွားရာ ဌာနဖြစ်သော ကာရက တစ်မျိုး, “ယသ္မာ ဘယံ ဇာယတေ”အရ ဘေးဥပဒ်အန္တရာယ်ဖြစ်ရာ ကာရက တစ်မျိုး, “ယသ္မာ အာဒတ္တေ”အရ အတတ်ပညာစသည်ကို သင်ယူရာ ကာရကတစ်မျိုး ဤ ၃ မျိုးကိုသာ အပါဒါန်အမည်မှည့်သည်၊ ဝါသဒ္ဒါဖြင့် နောက်နောက်သုတ်တို့ မမှည့်နိုင်သော အရာများကိုလည်း မှည့်နိုင်ပါ သေး၏။

အပါဒါန်ခေါ်ပုံ။ ။ ပင်ကိုက ပေါင်းစပ်နေသော အရာဝတ္ထုဖြစ်စေ, အာရုံနှင့်အာရုံဖြစ်သော စိတ်၏အဖြစ်ဖြင့် ပေါင်းမိသော သဘောတရား ဖြစ်စေ ပေါင်းစပ်ပြီးနောက် ခွဲခွာခြင်းကြိယာ ပေါ်လာသည့်အခါ အရင်းခံ တည်ရာကို အပါဒါန်ဟု ခေါ်သည်၊ “ဣတော အပနေတွာ အညံ အာဒဒါတီတိ အပါဒါနံ”၊ ဣတော-ဤအရာမှ၊ အပနေတွာ-ဖဲခွာ၍၊ အညံ-တစ်ပါးသောအရာကို၊ အာဒဒါတိ-ယူတတ်၏၊ ဣတိ-ထိုသို့ ဖဲခွာ ရာ၏အဖြစ်ကြောင့်၊ တံ-ထိုအရာသည်၊ အပါဒါနံ-အပါဒါန် မည်၏၊ ကာရကဟူသည် အချီစကား၌ ပြခဲ့သည့်အတိုင်း သတ္တိ, ဒြဗ်, သဒ္ဒါဟု ၃ မျိုးလုံးပင် ဖြစ်သောကြောင့် “ယသ္မာ ဝါ-အကြင် ကာရကမှလည်း”ဟု ဆိုရာ၌ ရွာ, ခိုးသူ, ဆရာ စသော ဒြဗ်များကို ကာရကဟု ခေါ်နိုင်သည်။

ပုံစံများ။ ။ မုနယော-ရဟန်းတို့သည်၊ ဂါမာ-ရွာမှ၊ အပေန္တိ-ဖဲသွား ကုန်၏၊ ဤကား “ယသ္မာ ဒပေတိ”အရ ပုံစံ၊ ဤပုံစံ၌ ဂါမာပုဒ်သာ လိုရင်းတည်း၊ အပေန္တိစသည်ကား တွဲဖက်ဖြစ်၍ ထည့်ရသည်၊ နောက် နောက်၌လည်း လိုရင်းပုဒ်နှင့်တွဲဖက်ဖြစ်၍ ထည့်ရသောပုဒ်များကို သတိ ပြုလေ၊ စောရာ-ခိုးသူမှ၊ ဘယံ-ဘေးသည်၊ ဇာယတေ-ဖြစ်၏၊ ဤကား “ယသ္မာ ဘယံ”အရ ပုံစံ၊ အာစရိယုပဇ္ဈာယေဟိ-ဆရာ ဥပဇ္ဈာယ်တို့မှ၊ သိက္ခံ-သိက္ခာကို၊ သိဿော-တပည့်သည်၊ ဂဏှာတိ-ယူ၏၊ “ယသ္မာ အာဒတ္တေ”အရ ပုံစံ။

ရုပ်တွက်။ ။ ဂါမာကို ဂါမတည်, ယသ္မာ ဒပေတိ ဘယမာဒတ္တေ ဝါ တဒပါဒါနံသုတ်ဖြင့် ဂါမကို အပါဒါန်အမည်မှည့်, မှဟူ၍ အနက်ပေး သောကြောင့် အပါဒါနေ ပဉ္စမီသုတ်ဖြင့် ပဉ္စမီဧကဝုစ် သ္မာဝိဘတ်သက် (ဂါမသ္မာ), မ် ခွင်း, သ္မာသ္မိံနံ ဝါသုတ်ဖြင့် သ္မာဝိဘတ်ကို -ါ ပြု, သရ လောပေါ စသောသုတ်ဖြင့် မ၏ ၊ ကို ချေ, နယေ ပရံ ယုတ္တေသုတ်ဖြင့် မ် ကို -ါ သို့ ကပ်, ဂါမာ ပြီး၏။

“စောရာကို စောရ တည်, ယသ္မာ ဒပေတိ ၊ပေ၊ ပါဒါနံသုတ်ဖြင့် စောရကို အပါဒါန်အမည် မှည့်”စသည် ဆိုလေ၊ “အာစရိယုပဇ္ဈာယေဟိ ကို အာစရိယုပဇ္ဈာယတည်, ယသ္မာ ဒပေတိ စသောသုတ်ဖြင့် အာစရိယု ပဇ္ဈာယကို အပါဒါန်အမည်မှည့်”စသည်ဖြင့် ဆို၍ ပုရိသေဟိကဲ့သို့ ရုပ်စီရင်လေ။

ဓာတုနာမာနံ- ဓာတ်, နာမ်တို့၏၊ ယောဂေ- ယှဉ်ရာပုဒ်၌လည်းကောင်း၊ ဥပသဂ္ဂ ယောဂါဒီသွပိ စ- ဥပသာရ၏ ယှဉ်ရာပုဒ် အစရှိသည်တို့၌လည်း ကောင်း၊ အပါဒါနံ- အပါဒါန် မည်သည်၊ ဟောတိ- ဖြစ်၏။ ဗုဒ္ဓသ္မာ ပရာဇေန္တိ အညတိတ္ထိယာ, ဥရသ္မာ ဇာတော ပုတ္တော, အပသာလာယ အာယန္တိ ဝါဏိဇာ စသည်တည်း။

၂။ ဓာတုနာမာနံ၌ ဓာတုအရ အပါဒါန်ငဲ့သော အာချာတ်ဓာတ်ကိုယူ၊ နာမအရ အပါဒါန်ကို ငဲ့သော ကိတ်နာမ်ပုဒ်တို့ကို ယူ၊ ထိုဓာတ်, နာမ် ဥပသာရစသည်တို့၏ ယှဉ်ရာပုဒ်များကို ဤသုတ်က အပါဒါန်မှည့်သည်။

ဓာတုယောဂ။ ။ အညတိတ္ထိယာ-သာသနာတော်မှ တစ်ပါးသော အယူရှိသော တိတ္ထိတို့သည်၊ ဗုဒ္ဓသ္မာ- ဘုရားမှ၊ ပရာဇေန္တိ- ရှုံးကုန်၏၊ ဓာတုယောဂပုံစံ၊ ပရာဇေန္တိ၌ ပရာပုဗ္ဗ ဇိဓာတ် အန္တိဝိဘတ်တည်း၊ စာစပ် သည့်အခါ ဗုဒ္ဓသ္မာကို ပရာဇေန္တိ၌ စပ်ရသောကြောင့် ဓာတုယောဂပုဒ် (ပရာပုဗ္ဗ ဇိဓာတ်၏ ယှဉ်စပ်ရာပုဒ်) ဟု ခေါ်ဆိုအပ်သည်။ [ဓာတု၊ ဓာတ်၏+ယောဂ=ယှဉ်ရာပုဒ်၊ “ဓာတ်၏ယှဉ်ရာပုဒ်, ဓာတ်၌ စာစပ် ရသောပုဒ်”ဟု ဆိုလိုသည်။]

ရုပ်တွက်။ ။ ဗုဒ္ဓသ္မာကို “ဗုဒ္ဓ”တည်, ဓာတုနာမာနမုပသဂ္ဂယောဂါ ဒီသွပိ စသုတ်ဖြင့် ဗုဒ္ဓကို အပါဒါန်အမည်မှည့်, မှဟူ၍ အနက်ပေးသော ကြောင့် အပါဒါနေ ပဉ္စမီသုတ်ဖြင့် ပဉ္စမီဧကဝုစ် သ္မာဝိဘတ် သက်, ဗုဒ္ဓသ္မာ ပြီး၏။

နာမယောဂ။ ။ ဥရသ္မာ-ရင်မှ၊ ဇာတော-ဖြစ်သော၊ ပုတ္တော-သား၊ ဤကား နာမယောဂပုံစံတည်း၊ ဇာတကား ဇနဓာတ် တပစ္စည်းဖြင့် ပြီးသော ကိတ်နာမ်ပုဒ်တည်း၊ စာစပ်သည့်အခါ ဥရသ္မာကို ဇာတော၌ စပ်ရသောကြောင့် ဥရသ္မာကို နာမယောဂ (နာမ်၏ ယှဉ်စပ်ရာပုဒ်) ဟု ခေါ်သည်။ [ရုပ်ကို ဗုဒ္ဓသ္မာအတိုင်းတွက်။]

ဥပသဂ္ဂယောဂ။ ။ ဝါဏိဇာ-ကုန်သည်တို့သည်၊ အပသာလာယကင်းတဲကို ရှောင်လွှဲကြကုန်၍၊ အာယန္တိ-လာခဲ့ကြကုန်၏၊ (ကင်းတဲနား ရောက်သွားလျှင် ကင်းကောက်အခွန်ပေးရမည် စိုးသောကြောင့် ကင်းတဲ ကို ရှောင်၍ လာခဲ့ကြသည် ဟူလို၊) ဤကား ဥပသဂ္ဂယောဂ (အပဟူသော ဥပသာရ၏ ယှဉ်ရာ) သာလာကို အပါဒါန်မှည့်သောပုံစံတည်း၊ (စာစပ် သည့်အခါ “သာလာယကား ကိုဟူ၍ အနက်ပေးသောကြောင့် အပ၌ကံ, အပကား ထိုကံကို ထွန်းပြသော ဥပသာရပုဒ်တည်း”ဟု စပ်ရမည်။)

ရုပ်တွက်။ ။ သာလာယကို “သာလာ”တည်, ဓာတုနာမာနမုပသဂ္ဂ ယောဂါဒီသွပိ စသုတ်ဖြင့် သာလာပုဒ်ကို အပါဒါန်အမည်မှည့်, သ္မာ ဝိဘတ်သက် (သာလာသ္မာ), -ါ ကို ဃအမည်မှည့်, ဃတော နာဒီနံသုတ် ဖြင့် သ္မာဝိဘတ်ကို -ါ ယ ပြု, လ် ခွင်း, ချေ, ကပ်, သာလာယ ပြီး၏။

အပါဒါန် ၃ မျိုး။ ။ ပဉ္စမီဝိဘတ်သာ သက်၍ အနက်ကို “မှ”ဟု အပါဒါန်အနက် မဆိုရလျှင် သဒ္ဒအပါဒါန် မည်၏၊ ပုံစံကား… “အပ သာလာယ အာယန္တိ ဝါဏိဇာ”၌ သာလာယပုဒ်တည်း၊ ဤ သာလာယ၌ သဒ္ဒါက အပါဒါနကာရကဖြစ်၍ အပါဒါနေ ပဉ္စမီသုတ်ဖြင့် ပဉ္စမီဝိဘတ် သက်နိုင်သည်၊ ပဉ္စမီဝိဘတ် မသက်မူ၍ အနက်ကို “မှ”ဟု အပါဒါန် အနက်ဆိုရလျှင် အတ္ထအပါဒါန်မည်၏၊ ပုံစံကား…“ဓမ္မိဿ ပရိဟာယန္တိ” ၌ ဓမ္မဿပုဒ်တည်း။ [ဓမ္မဿ-တရားမှ၊ ပရိဟာယန္တိ-ယုတ်လျော့ကုန်၏၊] ပဉ္စမီဝိဘတ်လည်း သက်, အနက်ကိုလည်း “မှ”ဟု ဆိုရလျှင် သဒ္ဒတ္ထ အပါဒါန် မည်၏၊ ပုံစံကား…“ဂါမာ အပေန္တိ”၌ ဂါမာ စသည်တည်း။ [အာဒိ အပိ စ တို့၏ အနက်ကို ရူပသိဒ္ဓိမှာ ရှု။]

ရက္ခဏတ္ထာနံ- စောင့်ရှောက်ခြင်း အနက်ရှိသောဓာတ်တို့၏၊ ပယောဂေ- ယှဉ်ရာ၌၊ ဣစ္ဆိတံ စ- အလိုရှိအပ်သော ကာရကသည်လည်း၊ အပါဒါနံ- အပါဒါန် မည်သည်၊ ဟောတိ- ဖြစ်၏။ ကာကေ ရက္ခန္တိ တဏ္ဍုလာ, ယဝါ ပဋိသေဓေန္တိ ဂါဝေါ စသည်တည်း။

၃။ ဤသုတ်လည်း အပါဒါန်မှည့်သောသုတ်ပင် ဖြစ်၏၊ ဤသုတ်၌ “ရက္ခဏ”အရ စောင့်ရှောက်ခြင်းဟူသည် မဖြစ်သေးသော ဘေးအန္တရာယ် ကို ကာကွယ်ခြင်း, ဖြစ်လာသော ဘေးရန်ကို တားမြစ်ခြင်းတည်း၊ ထို အနက်မျိုးကို ဟောသည့်ဓာတ်တို့၏ ယှဉ်ရာ၌ အလိုရှိအပ်သော ဝတ္ထု သည် အပါဒါန် မည်၏။

စောင့်ရှောက်ပုံစံ။ ။ တဏ္ဍုလာ-ဆန်မှ၊ ကာကေ-ကျီးတို့ကို၊ ရက္ခန္တိစောင့်ရှောက်ကုန်၏၊ ဤ၌ ကျီးမထိုးအောင် လေး, ပိုက်စသည်တို့ဖြင့် ကာကွယ်ခြင်းကို စောင့်ရှောက်ခြင်းဟု ဆိုသည်၊ ဆန်ကား ဥစ္စာရှင်တို့ အလိုရှိအပ်သောဝတ္ထုတည်း၊…တဏ္ဍုလာကို “တဏ္ဍုလ”တည်, ရက္ခဏ တ္ထာနမိစ္ဆိတံသုတ်ဖြင့် တဏ္ဍုလကို အပါဒါန်အမည်မှည့်, အပါဒါနေ ပဉ္စမီ သုတ်ဖြင့် သ္မာဝိဘတ်သက်, -ါ ပြု, တဏ္ဍုလာ ပြီး၏။

တားမြစ်ပုံစံ။ ။ ယဝါ-မုယောစပါးမှ၊ ဂါဝေါ-နွားတို့ကို၊ ပဋိသေဓေန္တိတားမြစ်ကုန်၏၊ ဤ၌ မုယောစပါးကို နွားမစားအောင် တစ်စုံတစ်ခုဖြင့် တားဆီးထားခြင်းသည် စောင့်ရှောက်ခြင်းပင် ဖြစ်၏၊ ထိုသို့ စောင့်ရှောက် ခြင်း အနက်ရှိသော ပဋိပုဗ္ဗ သိဓဓာတ်၏ ယှဉ်ရာ ယ၀ ဟူသော ဣစ္ဆိတ ပုဒ်ကို အပါဒါန်မှည့်၍ ရုပ်တွက်လေ။

ယေန- အကြင် ကာရကသည်၊ အဒဿနံ- မမြင်ခြင်းကို၊ ဣစ္ဆိတံ- အလိုရှိအပ်၏။ တံ- ထိုကာရကသည်၊ ဝါ- ဝိကပ်အားဖြင့်၊ အပါဒါနံ- အပါဒါန် မည်သည်၊ ဟောတိ- ဖြစ်၏။ ဥပဇ္ဈာယာ အန္တရဓာယတိ သိဿော စသည်တည်း။

၄။ ဤသုတ်လည်း အပါဒါန်မှည့်သော သုတ်ပင်တည်း၊ သိဿောတပည့်သည်၊ ဥပဇ္ဈာယာ-ဥပဇ္ဈာယ်ဆရာမှ၊ အန္တရဓာယတိ-ပုန်းကွယ်၏၊ ဤ၌ ဥပဇ္ဈာယ်ဆရာ၏ မမြင်ခြင်းကို တပည့်သည် အလိုရှိ၏၊ ထို့ကြောင့် ဥပဇ္ဈာယ်ဆရာ မမြင်အောင် ပုန်းကွယ်နေ၏၊ ထိုပုန်းကွယ်ရာ ဥပဇ္ဈာယ် ဆရာသည် အပါဒါန်မည်၏၊…ဥပဇ္ဈာယာကို ဥပဇ္ဈာယတည်, ယေန ဝါ.ဒဿနံသုတ်ဖြင့် ဥပဇ္ဈာယကို အပါဒါန်အမည်မှည့်, အပါဒါနေ ပဉ္စမီ သုတ်ဖြင့် သ္မာ သက်, -ါ ပြု, ဥပဇ္ဈာယာ ပြီး၏။

[ဒူရ.န္တိကမှ စ၍ ကတ္တုသု တိုင်အောင် တစ်ပုဒ်တည်း ဖြစ်သော်လည်း ရှင်းအောင် သင့်သလို ခွဲ၍ အနက်ဆိုမည်။]

ဒူရ.န္တိက- အဝေးဟောသဒ္ဒါ, အနီးဟောသဒ္ဒါတို့၏ ယှဉ်ရာ၊ အဒ္ဓကာလနိမ္မာန- ခရီးကို တိုင်းတာ, အခါကို ပိုင်းခြားရာ၊ တွာလောပ- တွာပစ္စယန္တပုဒ် ကျေသော ကံ အာဓာရအရာ၊ ဒိသာယောဂ- အရပ်မျက်နှာဟောသဒ္ဒါတို့၏ယှဉ်ရာ၊ ဝိဘတ္တ- ခွဲခြားဝေဖန်ရာ၊ အာရပ္ပယောဂ- ရှောင်ကြဉ်ခြင်းအနက်ရှိသော သဒ္ဒါတို့၏ယှဉ်ရာ၊ သုဒ္ဓ- စင်ကြယ်ရာ၊ ပမောစန- လွတ်မြောက် ရာ၊ ဟေတု- ဟိတ်အနက်ရှိသောသဒ္ဒါ၊ ဝိဝိတ္တ- ကင်းဆိတ်ရာ၊ ပမာဏ- တိုင်းတာရာ၊ ပုဗ္ဗယောဂ- ပုဗ္ဗသဒ္ဒါ၏ယှဉ်ရာ၊ ဗန္ဓန- နှောင်ဖွဲ့ကြောင်းအရာ၊ ဂုဏဝစန- ဂုဏ်ကို ပြောဆိုကြောင်း အရာ၊ ပဥှ- မေးမြန်းအပ်သောအရာ၊ ကထန- ဖြေဆိုအပ်သော အရာ၊ ထောက- အနည်းငယ်ဟူသောအနက်ဟောသဒ္ဒါ၊ အကတ္တုသု စ- ဟေတုကတ္တားမဟုတ်သော ဟိတ်အနက်ဟော သဒ္ဒါတို့၌လည်း၊ အပါဒါနံ- အပါဒါန်မည်သည်၊ ဟောတိ- ဖြစ်၏။ [ပုံစံကို အဓိပ္ပာယ်၌ ထုတ်ပြအံ့။]

၅။ ဒူရ.န္တိကကို ဒူရ+အန္တိကဟု ပုဒ်ဖြတ်၊ ဒူရ-အဝေးဟူသော အနက် ဟောသဒ္ဒါ+အန္တိက-အနီးဟူသော အနက်ဟောသဒ္ဒါ၊ ဒိသာယောဂမှ ယောဂသဒ္ဒါကို လိုက်စေ၍ အတ္ထသဒ္ဒါ အကျေကြံပြီးလျှင် “ဒူရန္တိကတ္ထ ယောဂ”ဟု အဓိပ္ပာယ်မှတ်၊ “အဝေးအနက်, အနီးအနက်ဟော သဒ္ဒါတု့ိ၏ ယှဉ်ရာပုဒ်၌ အပါဒါန်မှည့်သည်” ဟူလို။

ဒူရယောဂပုံစံကား။ ။ ကီ၀ ဒူရော ဣတော နဠကာရဂါမော၊ ဣတော-ဤအရပ်မှ၊ နဠကာရဂါမော-ကျူထရံသည်တို့ရွာသည်၊ ကီဝ ဒူရော-ဘယ့်လောက်ဝေးသနည်း၊ အာရကာ တေ မောဃပုရိသာ ဣမသ္မာ ဓမ္မဝိနယာ၊ တေ မောဃပုရိသာ-ထိုအချည်းနှီးသော ယောက်ျားတို့သည်၊ ဣမသ္မာ ဓမ္မဝိနယာ-ဤသာသနာတော်မှ၊ အာရကာ-ဝေးကုန်၏၊ ဤပုံစံ၌ အဝေးအနက်ဟော ဒူရ, အာရကာသဒ္ဒါတို့၏ ယှဉ်ရာဖြစ်သော ဣတော၌ ဣမပုဒ် ဓမ္မဝိနယပုဒ်တို့ကို အပါဒါန်မှည့်သည်။

ရုပ်တွက်။ ။ ဣတောကို ဣမတည်, ဒူရ န္တိကဒ္ဓကာလနိမ္မာန ၊ပေ၊ ကတ္တုသု စသုတ်ဖြင့် ဣမကို အပါဒါန်အမည်မှည့်, ကွစိတော ပဉ္စမျတ္ထေ သုတ်ဖြင့် တောပစ္စည်းသက်, တွာဒယော ဝိဘတ္တိသညာယောသုတ်ဖြင့် တောပစ္စည်းကို ပဉ္စမီဝိဘတ်အမည်မှည့်, ဣမဿိ ထံဒါနိဟတောဓေသု စ သုတ်ဖြင့် ဣမကို ဣပြု, ဣတော ပြီး၏။ [ဣမသ္မာကို ဣမတည်, ဓမ္မဝိနယာ ကို ဓမ္မဝိနယ တည်၍ တွက်။]

အန္တိကယောဂပုံစံများ။ ။ “အန္တိကံ ဂါမာ, အာသန္နံ ဂါမာ, သမီပံ ဂါမာ”စသည်တည်း၊ ဂါမှ-ရွာမှ၊ ဝါ-ရွာ၏၊ အန္တိကံ-အနီးတည်း၊ (အာသန္နံ, သမီပံ-အနီးတည်း။)

ရုပ်တွက်။ ။ ဂါမာကို ဂါမ တည်, ဒူရ န္တိက စသောသုတ်ဖြင့် ဂါမကို အပါဒါန်မှည့်, သ္မာဝိဘတ်သက်, သ္မာကို -ါ ပြု, ဂါမာ ပြီး၏။ [“ဂါမာရွာ၏”ဟု အနက်ဆိုရာ၌ကား အနက်က “မှ”ဟုမဆိုရ၍ သဒ္ဒအပါဒါန်ဟု မှတ်၊ ရုပ်ကို ပဉ္စမီဝိဘတ်သက်၍ တွက်ရမည်။]

အဒ္ဓကာလနိမ္မာန။ ။ အဒ္ဓ၊ ခရီး (အဓွန့်ဟုလည်း ခေါ်သည်၊) ကာလ= အချိန်အခါ+နိမ္မာန=တိုင်းတာရာ, ပိုင်းခြားသတ်မှတ်ရာ၊ ထိုခရီး ကာလ တို့ကို တိုင်းတာ သတ်မှတ်ရာဖြစ်သော ပုဒ်ကို အပါဒါန် မှည့်။

ပုံစံကား -ဣတော မထုရာယ၊ ဤမထုရာပြည်မှ၊ စတူသု ယောဇနေသု၄ ယူဇနာတို့၌၊ သင်္ကဿံ-သင်္ကဿမြို့ ရှိ၏၊ ဤပုံစံ၌ “မထုရာပြည်မှ သင်္ကဿမြို့သည် ၄ ယူဇနာဝေး၏”ဟု ခရီးတိုင်းတာခြင်းတည်း၊ ထိုသို့ တိုင်းတာရာ၌ မူလဌာနကား ဣတော မထုရာယတည်း၊ ထို့ကြောင့် ဣမနှင့် မထုရာပုဒ်တို့ကို အပါဒါန် မှည့်ရသည်။

ရုပ်တွက်။ ။ ဣတောကို ဣမတည်, ဒူရ န္တိကစသောသုတ်ဖြင့် ဣမကို အပါဒါန်မှည့်ဟု ဆို၍ တွက်လေ၊ မထုရာယကိုလည်း မထုရာဟု အာ ပစ္စည်းနှင့်တကွ တည်၍ တွက်, ကညာယကဲ့သို့ သ္မာကို -ါယ ပြုရုံသာ။

ကာလနိမ္မာန။ ။ ဣတော ဧကနဝုတိကပ္ပမတ္ထကေ ဝိပဿီ ဘဂဝါ လောကေ ဥဒပါဒိ၊ ဣတော-ဤကမ္ဘာမှ၊ ဧကနဝုတိကပ္ပမတ္ထကေ-၉၁ ကမ္ဘာထက်၌၊ ဝိပဿီ-ဝိပဿီမည်သော၊ ဘဂဝါ-မြတ်စွာဘုရားသည်၊ လောကေ-လောက၌၊ ဥဒပါဒိ-ပွင့်တော်မူဖူးပြီ၊…ဣတောကို ဣမတည် ဒူရ န္တိကစသောသုတ်ဖြင့် ဣမကို အပါဒါန်မှည့်ဟု ဆို၍ တွက်။

တွာလောပ။ ။ ပါဠိစီသည့်အခါ တွာပစ္စည်းဆုံးသော တွာပစ္စယန္တပုဒ် ပါခွင့်ရှိလျက် စကားကျဉ်းစေလို၍ တွာပစ္စယန္တပုဒ်ကို မထည့်ဘဲ စီကုံး ခြင်းကို “တွာလောပ”ဟု ခေါ်သည်၊ ရှိပြီးတွာပစ္စယန္တပုဒ်ကို ချေထားသည် ဟု မမှတ်လင့်။

[ဆောင်] တွာပစ္စယန္တ, ဖော်ထုတ်ပြဖို့, မုချအသင့်, ရှိပါလင့်လည်း, အခွင့်လျော်စေ, မဖော်ချေ, ခေါ်လေ တွာလောပ။

ပုံစံ။ ။ ထိုတွာလောပအရာဝယ် (တွာပစ္စယန္တနှင့်တွဲဖက်၍ ပါဠိစီလျှင် ကံပုဒ်, အာဓာရပုဒ် ဖြစ်သင့်သောအရာ၌) အပါဒါန်မှည့်သည်၊ ပုံစံကား- “ပါသာဒါ သင်္ကမေယျ, အာသနာ ဝုဋ္ဌဟေယျ”စသည်တည်း၊ ပါသာဒါပြာသာဒ်မှ၊ သင်္ကမေယျ-ပြောင်းရွှေ့ရာ၏၊ အာသနာ-နေရာမှ၊ ဝုဋ္ဌဟေယျထရာ၏။

ကံနေရာ၌ တွာလောပ။ ။ “ပါသာဒါ သင်္ကမေယျ၊ ပြာသာဒ်မှ ပြောင်း ရွှေ့သည်”ဟု ဆိုရာဝယ် ရှေးဦးစွာ ပြာသာဒ်ပေါ်သို့ မတက်ဘဲ ပြာသာဒ်မှ မရွှေ့နိုင်၊ ထို့ကြောင့် “ပါသာဒံ အဘိရုဟိတွာ သင်္ကမေယျ=ပြာသာဒ်သို့ တက်ပြီး၍ ပြောင်းရွှေ့ရာ၏”ဟု တွာပစ္စယန္တပုဒ်ဖြင့် ပါဠိစီခွင့် ရှိ၏၊ ပါသာဒကိုလည်း ကံပုဒ်အနေအားဖြင့် ထားခွင့်ရှိ၏၊ သို့သော် စကား ကျဉ်းအောင် အဘိရုဟိတွာဟူသော တွာပစ္စယန္တပုဒ်ကို မသုံးစွဲဘဲ တွာ လောပ ပြုလိုက်သည့်အခါ ပါသာဒံဟူသော ကံပုဒ်၏အရာဝယ် အပါဒါန် မှည့်၍ “ပါသာဒါ”ဟု ရှိရသည်။

အာဓာရနေရာ၌ တွာလောပ။ ။ “အာသနာ ဝုဋ္ဌဟေယျ၊ နေရာမှ ထသည်”ဟု ဆိုရာ၌လည်း ရှေးဦးစွာ မထိုင်ဘဲနှင့် ထ၍ မဖြစ်၊ ထို့ကြောင့် “အာသနေ နိသီဒိတွာ ဝုဋ္ဌဟေယျ”ဟု တွာပစ္စယန္တပုဒ်, အာသနကိုလည်း အာသနေဟု အဓိကရဏပုဒ်အဖြစ်ဖြင့် ပါဠိစီခွင့် ရှိ၏၊ သို့သော် စကား ကျဉ်းအောင် နိသီဒိတွာကို တွာလောပ ပြုလိုက်သည့်အခါ အာသနေ ဟူသော အာဓာရအရာဝယ် အပါဒါန်မှည့်၍ အာသနာဟု ရှိရသည်။

ရုပ်တွက်။ ။ ပါသာဒါကို “ပါသာဒ”တည်, ဒူရ န္တိကစသောသုတ်ဖြင့် ပါသာဒကို အပါဒါန်မှည့်, သ္မာသက်, အာသနာကိုလည်း အာသနတည်၍ နည်းတူ ဆိုလေ။

ဒိသာယောဂ။ ။ အရှေ့ အနောက် အထက် အောက် စသော အရပ် မျက်နှာကို ဟောသောသဒ္ဒါသည် ဒိသာမည်၏၊ ထိုဒိသာသဒ္ဒါ၏ယှဉ်ရာ ပုဒ်ကို အပါဒါန်မှည့်သည်၊ ပုံစံကား-“အဝီစိတော ယာဝ ဥပရိဘဝဂ္ဂါ, ဥဒ္ဓံ ပါဒတလာ, အဓော ကေသမတ္ထကာ”စသည်တည်း၊ အဝီစိတောအဝီစိမှ၊ ယာဝ ဥပရိဘဝဂ္ဂါ-အထက် ဘဝဂ်တိုင်အောင်၊ ပါဒတလာခြေဖဝါး အပြင်မှ၊ ဥဒ္ဓံ-အထက် ဆံဖျားတိုင်အောင်၊ ကေသမတ္ထကာအထက် ဆံဖျားမှ၊ အဓော-အောက်ခြေဖဝါးတိုင်အောင်၊… ဤပုံစံတို့၌ ဥပရိ, ဥဒ္ဓံ, အဓောဟူသော ဒိသာသဒ္ဒါတို့၏ ယှဉ်ရာဖြစ်သော အဝီစိ, ပါဒတလ, ကေသမတ္ထကပုဒ်ကို အပါဒါန် မှည့်သည်။

ရုပ်တွက်။ ။ အဝီစိတောကို “အဝီစိ”တည်, ဒူရ န္တိကစသောသုတ်ဖြင့် အဝီစိကို အပါဒါန်အမည်မှည့်, တောပစ္စည်းသက်, ဝိဘတ်မှည့်၍ ပြီးစေ၊ ပါဒတလ, ကေသမတ္ထက တည်၍ နောက်ရုပ်များလည်း တွက်လေ။

ဝိဘတ္တ။ ။ တစ်မျိုးနှင့်တစ်မျိုး မရောနှောအောင် ခွဲခြားဝေဖန်မှုကို ဝိဘတ္တဟု ခေါ်၏၊ ဤနေရာ၌ ခွဲခြားဝေဖန်ရာပုဒ်ကို အပါဒါန်မှည့်သည်၊ ပုံစံကား-“ယတော ပဏီတတရော ဝါ ဝိသိဋ္ဌတရော ဝါ နတ္ထိ”တည်း၊ ယတော-အကြင် ဘုရားတရားတော်ထက်၊ ပဏီတတရော ဝါ-သာလွန် မြင့်မြတ်သောတရားသည်လည်းကောင်း၊ ဝိသိဋ္ဌတရော ဝါ-ထူးကဲသော တရားသည်လည်းကောင်း၊ နတ္ထိ-မရှိ၊ ဤပုံစံ၌ ပင်ကိုကကွဲပြားပြီးဖြစ်သော ဘုရားတရားတော်နှင့် အခြားတရားများကို ဂုဏ်အားဖြင့် ထပ်၍ ခွဲခြားမှု သည် ဝိဘတ္တမည်၏။ [ဤဝိဘတ္တကို ဝိဘတ္တဝိဘဇနဟု ခေါ်၏၊ နောက်၌ အဝိဘတ္တဝိဘဇနခေါ်သော နိဒ္ဓါရဏလည်း လာလိမ့်ဦးမည်။]

ရုပ်တွက်။ ။ ယတောကို “ယ”တည်, ဒူရ န္တိကစသောသုတ်ဖြင့် ယကို အပါဒါန်မှည့်, တောပစ္စည်းသက်, ဝိဘတ်မှည့်၍ ပြီးစေ။

အာရပ္ပယောဂ။ ။ အာရတိပ္ပယောဂဟု ဆိုလိုလျက် တိကို ချေထားသည်၊ ဟအာရတိ၊ ရှောင်ကြဉ်ခြင်းအနက်ရှိသော သဒ္ဒါတို့၏+ပယောဂ= ယှဉ်ရာပုဒ်၊] အသဒ္ဓမ္မာ-မသူတော်တို့၏တရားမှ၊ အာရတိ-ရှောင်ကြဉ်ခြင်း၊ ပါဏာတိပါတာ-ပါဏာတိပါတမှ၊ ဝေရမဏိ-ရှောင်ကြဉ်ကြောင်းသိက္ခာပုဒ်၊ ဤပုံစံတို့၌ ရှောင်ကြဉ်ခြင်းအနက်ဟော အာရတိ, ဝေရမဏိသဒ္ဒါတို့၏ ယှဉ်ရာ အသဒ္ဓမ္မ, ပါဏာတိပါတပုဒ်တို့ကို အပါဒါန်မှည့်။

ရုပ်တွက်။ ။ အသဒ္ဓမ္မာကို “အသဒ္ဓမ္မ”တည်, ဒူရ န္တိကစသောသုတ်ဖြင့် အသဒ္ဓမ္မကို အပါဒါန်မှည့်, သ္မာသက်, -ါ ပြု၍ ပြီးစေ၊ ပါဏာတိပါတာ ကိုလည်း ပါဏာတိပါတ တည်၍ နည်းတူတွက်။

သုဒ္ဓ။ ။ စင်ကြယ်ရာဖြစ်သောအရာဝတ္ထုကို အပါဒါန်မှည့်၏၊ [ရူပ သိဒ္ဓိ၌ စင်ကြယ်ခြင်းအနက်ရှိသောသဒ္ဒါ၏ ယှဉ်ရာဟု ဆို၏။]ပုံစံကား- “လောဘနီယေဟိ ဓမ္မေဟိ သုဒ္ဓေါ” စသည်တည်း၊ လောဘနီယေဟိလောဘ၏အာရုံဖြစ်ကုန်သော၊ ဓမ္မေဟိ-တရားတို့မှ၊ သုဒ္ဓေါ-စင်ကြယ်၏။

ရုပ်တွက်။ ။ လောဘနီယေဟိကို “လောဘနီယ”တည်, ဒူရန္တိက စသော သုတ်ဖြင့် လောဘနီယကို အပါဒါန်မှည့်, ပဉ္စမီဗဟုဝုစ် ဟိဝိဘတ် သက်, သုဟိသွကာရော ဧသုတ်ဖြင့် ယ၏ အစိတ် ၊ ကို ေ- ပြု, လောဘနီယေဟိ ပြီး၏၊ ဓမ္မေဟိလည်း နည်းတူ။

ပမောစန။ ။ လွတ်မြောက်ရာပုဒ်ကို အပါဒါန်မှည့်သည်၊ ဟလွတ် မြောက်ခြင်းအနက်ရှိသောသဒ္ဒါ၏ယှဉ်ရာဟုလည်း အဆိုရှိ၏။] ပုံစံကား- “ပရိမုတ္တော ဒုက္ခသ္မာ, မုတ္တော.သ္မိ မာရဗန္ဓနာ”စသည်တည်း၊ ဒုက္ခသ္မာဆင်းရဲအပေါင်းမှ၊ ပရိမုတ္တော-လွတ်မြောက်ပြီ၊ မာရဗန္ဓနာ-မာရ်မင်း၏ အနှောင်အဖွဲ့မှ၊ မုတ္တော-လွတ်မြောက်သည်၊ အသ္မိ-ဖြစ်၏။

ရုပ်တွက်။ ။ ဒုက္ခသ္မာကို “ဒုက္ခ”တည်, ဒူရ န္တိကစသောသုတ်ဖြင့် ဒုက္ခကို အပါဒါန်မှည့်, သ္မာဝိဘတ်သက်, ဒုက္ခသ္မာ ပြီး၏၊ မာရဗန္ဓနာ ကိုလည်း မာရဗန္ဓန တည်၍ တွက်။

ဟေတု။ ။ ဟိတ်အနက်ကို မှည့်၍ မဖြစ်, ဟိတ်အနက်ဟောသော သဒ္ဒါကိုသာ အပါဒါန်မှည့်၍ဖြစ်သောကြောင့် ဟေတုအရ ဟိတ်အနက် ရှိသောသဒ္ဒါကို ယူရသည်၊ ပုံစံကား-“ကသ္မာ နု တုမံှ ကုလေ ဒဟရာ န မီယျရေ”တည်း၊ ကသ္မာ-အဘယ့်ကြောင့်၊ တုမှံ-သင်တို့၏၊ ကုလေ-အမျိုး၌၊ ဒဟရာ-ကလေးတို့သည်၊ န မီယျရေ နု-သေကြရိုး မရှိကုန်သနည်း။

ရုပ်တွက်။ ။ ကသ္မာကို “ကိံ ”တည်, ဒူရ န္တိကစသောသုတ်ဖြင့် ကိံ သဒ္ဒါကို အပါဒါန်အမည် မှည့်, အပါဒါနေ ပဉ္စမီသုတ်ဖြင့် အပါဒါန ကာရက၌ ပဉ္စမီဧကဝုစ်သ္မာဝိဘတ်သက်, (မှဟု အနက်မဆိုရသော်လည်း အပါဒါန်အမည်ရသဖြင့် ပဉ္စမီဝိဘတ်သက်နိုင်၏၊) ကိဿ က ဝေ စ သုတ်၌ စသဒ္ဒါဖြင့် ကိံ ကို က ပြု, ကသ္မာ ပြီး၏။

ဝိဝိတ္တ။ ။ ကင်းဆိတ်ရာဖြစ်သော သဒ္ဒါကိုလည်း အပါဒါန် မှည့်၏၊ [ကင်းဆိတ်ခြင်းအနက်ရှိသော သဒ္ဒါတို့၏ယှဉ်ရာဟုလည်း အဆိုရှိ၏၊] ပုံစံကား-“ဝိဝိတ္တော ပါပကာ ဓမ္မာ, ဝိဝိစ္စေဝ ကာမေဟိ” စသည်တည်း၊ ပါပကာ-ယုတ်မာသော၊ ဓမ္မာ-အကုသိုလ်တရားမှ၊ ဝိဝိတ္တော-ကင်းဆိတ်၏၊ ကာမေဟိ-ကာမတို့မှ၊ ဝိဝိစ္စေဝ-ကင်းဆိတ်၍သာလျှင်။

ရုပ်တွက်။ ။ ပါပကာကို “ပါပက”တည်, ဒူရ န္တိကစသောသုတ်ဖြင့် ပါပကကို အပါဒါန်အမည်မှည့်, သ္မာသက်, -ါ ပြုလေ။ [ဓမ္မ, ကာမ တည်၍ ဤအတိုင်း ဆိုပါ။]

ပမာဏ။ ။ နှိုင်းယှဉ် တိုင်းတာရာဖြစ်သော သဒ္ဒါကို အပါဒါန် မှည့် သည်၊ “အာယာမတော စ ဝိတ္ထာရတော စ ယောဇနံ” စသည်တည်း၊ အာယာမတော စ-အလျားမှလည်းကောင်း၊ ဝိတ္ထာရတော စ-အနံမှ လည်းကောင်း၊ ယောဇနံ-တစ်ယူဇနာတည်း၊ “အလျားက တစ်ယူဇနာ, အနံက တစ်ယူဇနာ” ဟူလို။

ရုပ်တွက်။ ။ အာယာမတောကို “အာယာမ”တည်, ဒူရ န္တိကစသော သုတ်ဖြင့် အာယာမကို အပါဒါန်အမည်မှည့်, တောပစ္စည်းသက်, ပဉ္စမီ ဝိဘတ်မှည့်။ [ဝိတ္ထာရတောကိုလည်း ဝိတ္ထာရ တည်၍ တွက်။] ဒီဃသော နဝဝိဒတ္ထိယော။ ။ ဤပုံစံကိုလည်း ထုတ်ပါ၊ ဒီဃသောအလျားမှ၊ နဝဝိဒတ္ထိယော-၉ ထွာတို့တည်း၊ “အလျားက ၉ ထွာ”ဟူလို၊ ဒီဃသောကို “ဒီဃ” တည်, ဤသုတ်ဖြင့် အပါဒါန် မှည့်, သ္မာ သက်, ဒီဃောရေဟိသုတ်ဖြင့် သ္မာကို သော ပြု, ဒီဃသော ပြီး၏။

ပုဗ္ဗယောဂ။ ။ ဤပုဗ္ဗသဒ္ဒါကား “အရှေ့”ဟူသော ဒိသာအနက်ဟော မဟုတ်, ဒိသာ အနက်ဟောပုဒ်မှာ ဒိသာယောဂ၌ ပါဝင်လေပြီ၊ ရှေး ရှေ့ဟူသော အခါကာလနှင့် နေရပ်ဌာနကို ဟောသောသဒ္ဒါတည်း၊ ပုဗ္ဗကို ဥပလက္ခဏနည်းအားဖြင့် မှတ်၍ ဆိုသည်၊ ပရ အပရ စသည် ယှဉ်ရာ၌လည်း အပါဒါန်မှည့်၏၊ ပုံစံကား-“ပုဗ္ဗေဝ သမ္ဗောဓာ, တတော အပရေန”စသည်တည်း၊ သမ္ဗောဓာ-သစ္စာလေးပါးကို သိတော်မူရာအခါမှ၊ ပုဗ္ဗေဝ-ရှေးတုန်းကပင်လျှင်၊ တတော-ထိုမှ၊ အပရေန သမယေန-နောက် အခါ၌။

ရုပ်တွက်။ ။ သမ္ဗောဓာကို “သမ္ဗောဓ”တည်, ဒူရ န္တိကစသောသုတ်ဖြင့် သမ္ဗောဓကို အပါဒါန်မှည့်, သ္မာသက်, -ါ ပြု။ [တတောကို တ တည်, တ ကို အပါဒါန်မှည့်။]

ဗန္ဓန။ ။ နှောင်ဖွဲ့ကြောင်းဖြစ်သော သဒ္ဒါကိုလည်း အပါဒါန် မှည့် သည်၊ ဟနှောင်ဖွဲ့ခြင်းအနက်ရှိသော သဒ္ဒါတို့၏ ယှဉ်ရာဟုလည်း ဆို၏၊] ပုံစံ-“သတသ္မာ ဗန္ဓော နရော”စသည်တည်း၊ သတသ္မာ-တစ်ရာသော ကြွေးမြီကြောင့်၊ နရော-လူကို၊ ဗန္ဓော-နှောင်ဖွဲ့အပ်၏၊ ဤပုံစံ၌ ကြွေးမြီ သည် နှောင်ဖွဲ့ခြင်း၏အကြောင်းတည်း။

ရုပ်တွက်။ ။ သတသ္မာကို “သတ”တည်, ဒူရ န္တိကစသောသုတ်ဖြင့် သတ ကို အပါဒါန်မှည့်, သ္မာ သက်။

ဂုဏဝစန။ ။ ဂုဏ်ကျေးဇူးကို ချီးကျူးပြောဆိုကြောင်းဖြစ်သောသဒ္ဒါကို အပါဒါန် မှည့်၏၊ ဤအရာ၌ ချီးကျူးပြောဆိုကြောင်းကား ဂုဏ်တည်း၊ ထို့ကြောင့် “ဣဿရိယာ ဇနံ ရက္ခတိ ရာဇာ, သီလတော နံ ပသံသန္တိ” စသည်၌ ဣဿရိယဂုဏ် သီလဂုဏ်ကို ဟောသောသဒ္ဒါကိုပင် အပါဒါန် မှည့်ရသည်၊ ဣဿရိယာ-အစိုးရသူ၏အဖြစ်ဟူသောဂုဏ်ကြောင့်၊ ရာဇာမင်းသည်၊ ဇနံ-လူအပေါင်းကို၊ ရက္ခတိ-စောင့်ရှောက်၏၊ သီလတော-သီလ ဂုဏ်ကြောင့်၊ နံ-ထိုသူ့ကို၊ ပသံသန္တိ-ချီးမွမ်းကုန်၏။

ရုပ်တွက်။ ။ ဣဿရိယာကို “ဣဿရိယ”တည်, ဒူရ န္တိကစသော သုတ်ဖြင့် ဣဿရိယကို အပါဒါန်မှည့်, သ္မာဝိဘတ်သက်, -ါ ပြုလေ။ [သီလတောကိုလည်း “သီလ” တည်၍ တွက်။]

ကစ္စည်းပုံစံ။ ။ ကစ္စည်းဝုတ္တိ၌ “ပုညာယ သုဂတိံ ယန္တိ၊ ကောင်းမှု ကြောင့် သုဂတိသို့ ရောက်ကုန်၏” စသည်ကို ထုတ်၏၊ ထို၌ ပုညာယ စသည်ကို လိင်္ဂဝိပလ္လာသနည်း (လိန်ပြောင်းနည်း)ဟု မှတ်၊ ပုညကား နပုံလိန်တည်း၊ သို့သော် ဤနေရာ၌ ဣတ္ထိလိန်ပြောင်းထားသဖြင့် သ္မာကို -ါ ယ ပြုသည်၊ စာဂါယ ဝိပုလံ ဓနံ=စွန့်ကြဲမှုကြောင့် ပြန့်ပြောသော ဥစ္စာ ဖြစ်၏။ [ဤ၌လည်း စာဂ ပုံလိန်မှ ဣတ္ထိလိန် ပြန်နေ၏။]

ပဥှ, ကထန။ ။ မေးအပ်သောအနက်, ဖြေဆိုအပ်သောအနက်ဟော သဒ္ဒါကိုလည်း အပါဒါန်မှည့်၏၊ ပုံစံကား- “ကုတော ဘဝံ အာဂစ္ဆတိ၊ ပါဋလိပုတ္တတော”စသည်တည်း၊ ဘဝံ-အရှင်သည်၊ ကုတော-ဘယ်အရပ်မှ၊ အာဂစ္ဆတိ-လာခဲ့သနည်း၊ (ဤကား ပဥှတည်း၊) ပါဋလိပုတ္တတောပါဋလိပုတ်ပြည်မှ၊ အာဂစ္ဆာမိ-လာခဲ့၏။ (ဤကား ကထနတည်း။)

ရုပ်တွက်။ ။ ကုတောကို “ကိံ ”တည်, ဒူရ န္တိကစသောသုတ်ဖြင့် ကိံကို အပါဒါန်မှည့်, ကွစိ တော ပဉ္စမျတ္ထေသုတ်ဖြင့် တောပစ္စည်းသက်, ဝိဘတ် မှည့်, တြတောထေသု စသုတ်ဖြင့် ကိံ ကို ကု ပြု, ကုတော ပြီး၏။

[“ပါဋလိပုတ္တ”တည်၍ ပါဋလိပုတ္တကို အပါဒါန်မှည့် ဟု ဆိုလေ၊ ကစ္စည်းဝုတ္တိလာ “အဘိဓမ္မာ ပုစ္ဆ န္တိ”စသော ပုံစံများမှာ တွာလောပတွင် ပါဝင်ပြီးဖြစ်၍ ရူပသိဒ္ဓိအတိုင်း ပုံစံထုတ်လိုက်သည်။]

ထောက။ ။ အနည်းငယ်ဟူသော အနက်ဟောသဒ္ဒါကိုလည်း အပါဒါန်မှည့်၏၊ ပုံစံကား-“ထောကာ မုစ္စတိ, အပ္ပမတ္တကာ မုစ္စတိ”စသည် တည်း၊ ထောကာ-အနည်းငယ်ဖြင့်၊ မုစ္စတိ-လွတ်မြောက်၏။ [ရူပသိဒ္ဓိက ကရိုဏ်းအနက်ဟု ဖွင့်သောကြောင့် “ဖြင့်”ဟု အနက်ဆိုသည်။]

ရုပ်တွက်။ ။ ထောကာကို “ထောက”တည်, ဒူရ န္တိကစသောသုတ်ဖြင့် ထောကကို အပါဒါန်မှည့်, သ္မာသက်, -ါ ပြုလေ။ [အပ္ပမတ္တကာလည်း ဤနည်းပင်တည်း။]

အကတ္တု။ ။ ဤအကတ္တုအရ “ကမ္မဿ ကတတ္တာ ဥပစိတတ္တာ ဥဿန္နတ္တာ ဝိပုလတ္တာ ဥပ္ပန္နံ ဟောတိ စက္ခုဝိညာဏံ”ဟု ပုံစံထုတ်၏၊ ကမ္မဿ-ကံ၏၊ ဝါ-ကံကို၊ ကတတ္တာ-ပြုအပ်ခဲ့သည်၏အဖြစ်ကြောင့်၊ ဥပစိတတ္တာ-ဆည်းပူးအပ်ခဲ့သည်၏အဖြစ်ကြောင့်၊ ဥဿန္နတ္တာ-ပေါများ သည်၏အဖြစ်ကြောင့်၊ ဝိပုလတ္တာ-ပြန့်ပြောသည်၏အဖြစ်ကြောင့်၊ စက္ခု ဝိညာဏံ-စက္ခုဝိညာဏ်သည်၊ ဥပ္ပန္နံ-ဖြစ်သည်၊ ဟောတိ-ဖြစ်၏၊ ဤပုံစံ၌ ကတတ္တာ စသည်ဝယ် သ္မာဝိဘတ်သည် ဟိတ်အနက်ကို ဟော၏။

မှန်၏ဟိတ်သည် “ယော ကာရေတိ သ ဟေတု”သုတ်ဖြင့် မှည့်အပ် သော ဟေတုကတ္တားခေါ်သော ဟိတ်, အကျိုးကို ပြီးစေတတ်သော အကြောင်းဟိတ်ဟု ၂ မျိုးရှိ၏၊ ထိုတွင် ဟေတုကတ္တားဖြစ်သော ဟိတ်ကို တားမြစ်လို၍ အကတ္တုဟု ဆိုသည်၊ ဟေတုကတ္တားဟိတ်မဟုတ်လျှင် အကျိုးကို ပြီးစေတတ်သော အကြောင်ဟိတ်ဟု သိသာလေပြီ၊ ထို့ကြောင့် “အကတ္တု-ဟေတုကတ္တား မဟုတ်သော ဟိတ်အနက်ဟောသဒ္ဒါ”ဟု အနက်မှန် ဆိုပါ။

ရုပ်တွက်။ ။ ကတတ္တာကို ကတတ္တတည်, ဒူရ န္တိကစသောသုတ်ဖြင့် ကတတ္တကို အပါဒါန်မှည့်, အပါဒါနေ ပဉ္စမီသုတ်ဖြင့် အပါဒါနကာရက၌ ပဉ္စမီဧကဝုစ်သ္မာဝိဘတ်သက်, သ္မာကို -ါ ပြု, တ္တခွင်း, ချေ, ကပ်, ကတတ္တာ ပြီး၏။ [ဥပစိတတ္တ, ဥဿန္နတ္တ, ဝိပုလတ္တ တည်၍ တွက်။]

ယဿ ဝါ- အကြင် ကာရကအားလည်း၊ ဒါတု ကာမော- ပေးခြင်းငှာ အလိုရှိ၏၊ ယဿ ဝါ- အကြင် ကာရက အားလည်း၊ ရောစတေ- နှစ်သက်၏၊ ယဿ ဝါ- အကြင်ကာရက အားလည်း၊ ဓာရယတေ- ဆောင်၏၊ တံ- ထိုကာရကသည်၊ သမ္ပဒါနံ- သမ္ပဒါနမည်သည်၊ ဟောတိ- ဖြစ်၏။ ဘိက္ခုဿ စီဝရံ ဒဒါတိ, သမဏဿ ရောစတေ သစ္စံ, ဒေဝဒတ္တဿ သုဝဏ္ဏဆတ္တံ ဓာရယတေ ယညဒတ္တော စသည်တည်း။

၆။ ဤသုတ်ကား သမ္ပဒါန်မှည့်သော သုတ်တည်း၊ ပေးရာ, နှစ်သက် ရာ, ဆောင်ရာ ဤ ၃ ဌာနကို သမ္ပဒါန်မှည့်သည်၊ ဝါသဒ္ဒါဖြင့် နောက် သုတ်က မမှည့်နိုင်သော ပုံစံများကိုလည်း သမ္ပဒါန်မှည့်သေး၏။

သမ္ပဒါန။ ။ သံသဒ္ဒါသည် သမ္မာအနက်ကို ဟော၏၊ ထို့ကြောင့် “သမ္မာ ပဒီယတေ ယဿာတိ သမ္ပဒါနံ”ဟု ဝိဂြိုဟ်ပြု၊ ယဿ-အကြင် ကာရကအား၊ သမ္မာ-ကောင်းစွာ၊ ပဒီယတေ-အပိုင်ပေးအပ်၏၊ ဣတိထိုသို့ အပိုင်ပေးရာ၏ အဖြစ်ကြောင့်၊ တံ-ထိုကာရကသည်၊ သမ္ပဒါနံမည်၏၊ သမ္မာအရ “ကောင်းစွာ”ဆိုသည်ကား ငယ်ရွယ်သူက ကြီးသူမြတ်သူအား ပူဇော်လိုခြင်း, ကြီးသူ-မြတ်သူက ငယ်ရွယ်သူ-အောက်ကျသူ အား ချီးမြှောက်လို၍ ပေးခြင်းမျိုးတည်း။

ပုံစံ။ ။ ဘိက္ခုဿ-ရဟန်းအား၊ စီဝရံ-သင်္ကန်းကို၊ ဒဒါတိ-ပေးလှူ၏၊ ဤကား ယဿ ဒါတုကာမောအရ ပုံစံတည်း၊ သမဏဿ-ရဟန်းအား၊ သစ္စံ-သစ္စာစကားသည်၊ ရောစတေ-နှစ်သက်၏၊ (သူများက မှန်မှန်ပြော သော စကားကို ရဟန်းက သဘောကျသည် ဟူလို၊ ရဟန်း၏သစ္စာ မဟုတ်, သူများ၏သစ္စာကို ရဟန်းက သဘောကျခြင်း ဖြစ်သည်၊) ဤကား ယဿ ရောစတေ အရ ပုံစံတည်း၊ ဒေဝဒတ္တဿ-ဒေဝဒတ်အား၊ ယည ဒတ္တော-ယညဒတ်သည်၊ သုဝဏ္ဏဆတ္တံ-ရွှေထီးကို၊ ဓာရယတေ-ဆောင်၏၊ (ဆောင်းမိုး၍ ပေးသည်ကို “ဆောင်”ဟု ဆိုသည်၊) ဤကား ယဿ ဓာရယတေ အရ ပုံစံတည်း။

ရုပ်တွက်။ ။ ဘိက္ခုဿကို “ဘိက္ခု”တည်, အားဟူ၍ အနက်ပေးသော ကြောင့် သမ္ပဒါန်အနက်ကို အလိုရှိရကား ယဿ ဓာတုကာမောရောစတေ ဓာရယတေ ဝါ တံ သမ္ပဒါနံသုတ်ဖြင့် ဘိက္ခုကို သမ္ပဒါန်အမည်မှည့်, သမ္ပဒါနေ စတုတ္ထီသုတ်ဖြင့် သမ္ပဒါန်အနက်၌ စတုတ္ထီဧကဝုစ် သဝိဘတ် သက်, သာဂမော သေသုတ်ဖြင့် သ် လာ, ဘိက္ခုဿ ပြီး၏။ [သမဏဿ, ဒေဝဒတ္တဿ တို့ကိုလည်း တွက်လေ။]

သိလာဃ- သိလာဃဓာတ်၊ ဟနု- ဟနုဓာတ်၊ ဌာ- ဌာဓာတ်၊ သပ- သပဓာတ်၊ ဓာရ- ဓာရဓာတ်၊ ပိဟ- ပိဟဓာတ်၊ ကုဓ- ကုဓဓာတ်၊ ဒုဟိဿော.သူယ- ဒုဟဓာတ်, ဣဿဓာတ်, ဥသူယဓာတ်၊ ရာဓိက္ခ- ရာဓဓာတ်, ဣက္ခဓာတ်တို့၏ ယှဉ်ရာ၊ ပစ္စာသုဏအနုပတိဂိဏပုဗ္ဗကတ္တု- ပတိ+အာပုဗ္ဗ သု ဓာတ်, အနု + ပတိပုဗ္ဗ ဂိဓာတ်တို့၏ ရှေ့ဝါကျ၌ ကတ္တား၊ အာရောစနတ္ထ- ပြောဆိုခြင်းအနက်ရှိသောဓာတ်၊ တဒတ္ထ- ထို ကြိယာ၏အကျိုးဟောသဒ္ဒါ၊ တုမတ္ထ- တုံပစ္စည်း၏ အနက်ဟော သဒ္ဒါ၊ အလမတ္ထ- အလံသဒ္ဒါ၏အနက်ဟောသဒ္ဒါ၊ မညာ. နာဒရ.ပ္ပာဏိနိ- မနဓာတ်၏ ယှဉ်ရာ, မလေးစားအပ်သော သတ္တဝါအနက်ဟော မဟုတ်သောသဒ္ဒါ၌လည်းကောင်း၊ ဂတျတ္ထ ကမ္မနိ- ဂတိအနက်ရှိသော ဓာတ်တို့၏ ကံ၌လည်းကောင်း၊ အာသီသတ္ထ- တောင့်တခြင်းအနက်ရှိသော သဒ္ဒါ၏ယှဉ်ရာ၊ သမ္မုတိ- သမ္မုတိသဒ္ဒါ၏ယှဉ်ရာ၊ ဘိယျ- ဘိယျသဒ္ဒါ၏ ယှဉ်ရာ၊ သတ္တမျတ္ထေသု စ- သတ္တမီဝိဘတ်၏အနက်ဟော သဒ္ဒါတို့၌ လည်းကောင်း၊ သမ္ပဒါနံ- သမ္ပဒါန်မည်သည်၊ ဟောတိ- ဖြစ်၏။ (ပုံစံကို အဓိပ္ပာယ်၌ ပြမည်။)

၇။ သိလာဃ။ ။ သိလာဃဓာတ်သည်၊ ကတ္ထနေ-ချီးကျူးခြင်း၌ ဖြစ်၏၊ ချီးကျူးပြောဆိုခြင်းအနက်ဟော သိလာဃဓာတ်၏ ယှဉ်ရာပုဒ်ကို ဤသုတ်က သမ္ပဒါန် မှည့်၏၊ “ဗုဒ္ဓဿ သိလာဃတေ” စသည်တည်း၊ ဗုဒ္ဓဿ-ဘုရားအား၊ သိလာဃတေ-ချီးကျူးလျှောက်ထား၏၊ “ဘုရား ဂုဏ်တော်များကို ဘုရားအား ချီးကျူးလျှောက်ထားသည်”ဟူလို။

ရုပ်တွက်။ ။ ဗုဒ္ဓဿကို “ဗုဒ္ဓ”တည်, အားဟူ၍ အနက်ပေးသော ကြောင့် သမ္ပဒါန်အနက်ကို အလိုရှိရကား သိလာဃဟနုဌာ စသော သုတ် ဖြင့် ဗုဒ္ဓကို သမ္ပဒါန်အမည်မှည့်, သမ္ပဒါနေ စတုတ္ထီသုတ်ဖြင့် သမ္ပဒါန် အနက်၌ စတုတ္ထီဧကဝုစ် သဝိဘတ်သက်, သာဂမော သေသုတ်ဖြင့် သ် လာ, ဗုဒ္ဓဿ ပြီး၏။ [နောက်၌ ထူးရာရုပ်ကိုသာ တွက်ပြမည်။]

ဟနု။ ။ [နုဓာတ်သည်၊ အပနယနေ-ပယ်ရှားခြင်းအနက်၌ ဖြစ်၏၊ ရညော ဟနုတေ၊ ရညော-မင်းအား၊ ဟနုတေ-ပယ်ရှား၏၊ “မင်းနှင့် မဆက်ဆံချင်၍ မင်းကို ပယ်ရှားသည်”ဟူလို။ [ဆရာတို့ကား… “ဟနု “ဟနု သင့်အားသာလျှင်၊ ဟနုတေ-ခွန်းတုံ့မပြန်, အလိမ်ဉာဏ်ဖြင့် နေ၏”ဟု ဆိုကြသည်။]

ဌာ-ဌာဓာတ်သည်၊ ဂတိနိဝတ္တိမှိ-သွားခြင်း၏ ဆုတ်နစ်ခြင်း၌ ဖြစ်၏၊ “ဥပတိဋ္ဌေယျ သကျပုတ္တာနံ ဝဍ္ဎကီ” ဝဍ္ဎကီ-လက်သမားသည်၊ သကျပုတ္တာနံ-သာကီဝင်မင်းသား ဘုရားရှင်၏ သားတော်တို့အား၊ ဥပတိဋ္ဌေယျဆည်းကပ်လုပ်ကျွေးရာ၏။ [ဥပတိဋ္ဌေယျ၌ ဥပပုဗ္ဗ ဌာဓာတ်ကို တိဋ္ဌ ပြုထားသည်။]

သပ- သပ ဓာတ်သည်၊ သပထေ - သစ္စာဆိုခြင်းအနက်၌ ဖြစ်၏၊ တုယှံ သပတေ၊ တုယှံ-သင့်အား၊ သပတေ-ယုံကြည်စေလို သစ္စာဆို၏၊ [“တစ်ယောက်နှင့်တစ်ယောက် ယုံကြည်ကျေနပ်လောက်အောင် သစ္စာ ဆိုသည်”ဟူလို။]

ဓရ-ဓရဓာတ်သည်၊ ဓာရဏေ-ဆောင်နှင်း, ဆပ်သွင်းခြင်း၌ ဖြစ်၏၊ ထီးကို ဆောင်းရာ၌ “ဆောင်”ဟု အနက်ဆို၍ ကြွေးမြီကို ပေးဆပ်ရာ၌ “ဆပ်သွင်း”ဟု ဆိုသည်၊ “အခွန်တော် ဆောင်ရမည်”စသည်၌ ပေးခြင်း ကိုပင် “ဆောင်”ဟု ပြောဆိုရိုးရှိသည်ကို သတိပြု၊ “ယဿ ဒါတုကာမော သုတ်လာ ဓရဓာတ်နှင့် ဤက ဓရဓာတ်သည် အနက်တူ”ဟု မောဂ္ဂလ္လာန် နိသျ သျာဒိကဏ္ဍ ၂၅ သုတ်၌ ဆုံးဖြတ်လျက် ရှိ၏၊ သုဝဏ္ဏံ တေ ဓာရယတေ၊ တေ-သင့်အား၊ သုဝဏ္ဏံ-ရွှေကို၊ ဓာရယတေ-ဆောင်၏၊ ဝါဆပ်ပေး၏။

ပိဟ-ပိဟဓာတ်သည်၊ ဣစ္ဆာယံ-နှစ်သက်ခြင်း၌ ဖြစ်၏၊ ဗုဒ္ဓဿ ပိဟယန္တိ အညတိတ္ထိယာ၊ အညတိတ္ထိယာ-သာသနာပ တိတ္ထိတို့သည်၊ ဗုဒ္ဓဿ-ဘုရားရှင်အား၊ ပိဟယန္တိ-နှစ်သက်လိုလားကြကုန်၏။

ကုဓ-ကုဓဓာတ်သည်၊ ကောပေ-အမျက်ထွက်ခြင်း, စိတ်ဆိုးခြင်း၌ ဖြစ်၏၊ မဟာဝီရ-ကြီးမြတ်ရဲရင့်သော အရှင်ရသေ့၊ တဿ-ထို ကလာဗု မင်းအား၊ ကုဇ္ဈ-အမျက်ထွက်တော်မူပါ။ [ရသေ့က စိတ်ဆိုးလျှင် ကျူးလွန် သော မင်းမှာ အပြစ်သက်သာ၏၊ ထို့ကြောင့် တိုင်းပြည်ပျက်မည် စိုး၍ “မင်းကို စိတ်ဆိုးပါ”ဟု ခန္တီဝါဒီရသေ့အား လျှောက်သောစကားတည်း၊၊]

ဒုဟ-ဒုဟဓာတ်သည်၊ ဇိဃံသာယံ-ဖျက်ဆီးခြင်း၌ ဖြစ်၏၊ ဒုဟယတိ ဒိသာနံ မေဃော၊ မေဃော-မိုးသည်၊ ဒိသာနံ-အရပ်မျက်နှာတို့အား၊ ဒုဟယတိ-ဖျက်ဆီး၏။

ဣဿ-ဣဿဓာတ်သည်၊ ဣဿာယံ-ငြူစူခြင်း၌ ဖြစ်၏၊ တိတ္ထိယာ ဣဿယန္တိ သမဏာနံ၊ တိတ္ထိယာ-တိတ္ထိတို့သည်၊ သမဏာနံ-ရဟန်းတို့ အား၊ ဣဿယန္တိ-ငြူစူကြကုန်၏။

ဥဿူယ-ဥဿူယဓာတ်သည်၊ ဒေါသာ. ဝိကရဏေ-အပြစ်ကို ထင်စွာ ပြုခြင်း၌ ဖြစ်၏၊ ဒုဇ္ဇနာ ဂုဏဝန္တာနံ ဥဿူယန္တိ၊ ဒုဇ္ဇနာ-ယုတ်မာသော၊ လူတို့သည်၊ ဂုဏဝန္တာနံ-ဂုဏ်ရှိသူတို့အား၊ ဥဿူယန္တိ-အပြစ်ကိုပြ, ရှုတ်ချ ကြကုန်၏၊ ဝါ-စောင်းမြောင်းကြကုန်၏။

ရာဓ-ရာဓဓာတ်သည်၊ ဟိံသာသံရာဓေသု-ညှဉ်းဆဲခြင်း ပြီးစီးခြင်းတို့၌ ဖြစ်၏၊ (သံသိဒ္ဓိယံ-ပြီးစီးခြင်း၌ ဖြစ်၏ဟုလည်း ရှိ၏။) အာရာဓောဟံ ရညော၊ ကျာဟံ (ကိံ+အဟံ) အယျာနံ အပရဇ္ဈာမိ၊ အဟံ-ကျွန်တော်မျိုးသည်၊ ရညော-မင်းအား၊ အာရာဓော-နှစ်သက်ပါ၏၊ အဟံတပည့်တော်သည်၊ အယျာနံ-အရှင်တို့အား၊ ကိံ အပရဇ္ဈာမိ-အဘယ်သို့ ချွတ်ယွင်းမိပါသနည်း။

မှတ်ချက်။ ။ ရှင်ဘုရင်သည် ပုဏ္ဏားအား စကားမပြောဘဲနေရာ ပုဏ္ဏားက မိမိမှာ ဘာအပြစ်များ ရှိပါလိမ့်မည်နည်းဟု မိမိ မှုပြစ် ပေါ်အောင် “အာရာဓောဟံ ရညော”ဟု သံတော်ဦးတင်၏၊ မေတ္တိယာ မည်သောဘိက္ခုနီကို ဆဗ္ဗဂ္ဂီရဟန်းတို့က စကားမပြောဘဲနေရာ, ဘိက္ခုနီက မိမိမှုပြစ်ရှိလျှင် ပြောစေလို၍ “ကျာဟံ အယျာနံ အပရဇ္ဈာမိ”ဟု လျှောက် သည်၊ ဤသို့ မိမိအပြစ်ကို ထင်ရှားပြောပြစေလို၍ စကားမပြောဘဲ နေသူ အား အဖန်ဖန် မေးရာ၌ အမေးခံရသူသည် သမ္ပဒါန်ဖြစ်၏။

ဣက္ခ-ဣက္ခဓာတ်သည်၊ ဒဿနင်္ကေသု-ကြည့်ရှုခြင်း, အမှတ်အသားပြုခြင်းတို့၌ ဖြစ်၏၊ အာယသ္မတော ဥပါလိတ္ထေရဿ ဥပသမ္ပဒါ.ပေက္ခော ဥပတိဿော၊ ဥပတိဿော-ဥပတိဿသည်၊ အာယသ္မတော ဥပါလိ တ္ထေရဿ-အရှင်ဥပါလိထေရ်အား၊ ဥပသမ္ပဒါ.ပေက္ခော-ရဟန်းအဖြစ်ကို ရှုငဲ့၏၊ ဥပသမ္ပဒါ.ပေက္ခော၌ ဥပသမ္ပဒါကား တွဲဖက်ဖြစ်၍ ပါလာသော ပုဒ်တည်း၊ အပေက္ခောသာ လိုရင်းတည်း၊ အပေက္ခော၌ အပပုဗ္ဗ ဣက္ခ ဓာတ်၏ ယှဉ်ရာ ဥပါလိတ္ထေရကို သမ္ပဒါန်အမည် မှည့်သည်။

ပစ္စာသုဏအနုပတိဂိဏပုဗ္ဗကတ္တု။ ။ ပုဗ္ဗကတ္တာ.ရောစနတ္ထကို ပုဗ္ဗ ကတ္တု+အာရောစနတ္ထဟု ပုဒ်ဖြတ်၊ သုဏ ဂိဏတို့၌ ဏကား “တိ ဏ ဣ ဥ, ဤလေးခု, ဓာတုနိဒ္ဒိဋ္ဌ” ဟူသည့်အတိုင်း သုဓာတ် ဂိဓာတ်ကို ညွှန်ပြသော အက္ခရာတည်း၊ ဏ အက္ခရာဖြင့် ညွှန်ပြသည့်အတွက် သုဏာတိဟုရုပ်ဖြစ်သော သုဓာတ်, ဂိဏာတိဟုရုပ်ဖြစ်သော ဂိဓာတ်မှန်း သိရသည် ဟူလို။

အမှာ။ ။ ဝါကျ ၂ ဝါကျရှိရာဝယ် ရှေ့ဝါကျ၌ ကတ္တားသည် နောက် ဝါကျသို့ ရောက်သည့်အခါ ပတိ+အာ ပုဗ္ဗ သုဓာတ်, အနု+ပတိ ပုဗ္ဗ ဂိဓာတ်၏ သမ္ပဒါန်ဖြစ်ရမည်၊ သို့အတွက် ပုံစံကို ၂ ဝါကျစီယှဉ်လျက် ထုတ်ပြအံ့။

ပစ္စာသုဏပုံစံ။ ။ ဘဂဝါ ဘိက္ခူ ဧတဒဝေါစ, တေ ဘိက္ခူ ဘဂဝတောပစ္စဿောသုံ၊ ပတိပုဗ္ဗ သုဓာတ် -ုံ ဝိဘတ်တည်း၊ ရှေ့ဝါကျ၌ ဘဂဝါဟူသော ကတ္တားသည် နောက်ဝါကျသို့ ရောက်သည့်အခါ ပတိပုဗ္ဗ သုဓာတ်၏ ယှဉ်ရာဝယ်“ဘဂဝတော”ဟု သမ္ပဒါန်ဖြစ်လာရသည်၊ အာပုဗ္ဗ သုဓာတ်၏ ယှဉ်ရာ၌ “အာသုဏန္တိ ဗုဒ္ဓဿ ဘိက္ခူ”ဟု ပုံစံထုတ်၏။

ဘဂဝါ-မြတ်စွာဘုရားသည်၊ ဘိက္ခူ-ရဟန်းတို့ကို၊ ဧတံ-ဤစကားကို၊ အဝေါစ- မိန့်တော်မူပြီ၊ တေ ဘိက္ခူ- ထို ရဟန်းတို့သည်၊ ဘဂဝတောမြတ်စွာဘုရားအား၊ ပစ္စဿောသုံ-ရှေးရှုနားထောင်ကုန်ပြီ၊ ဘိက္ခူ-ရဟန်း တို့သည်၊ ဗုဒ္ဓဿ-ဘုရားရှင်အား၊ အာသုဏန္တိ-ရိုသေစွာ နာယူကုန်၏။

ရုပ်တွက်။ ။ ဘဂဝတော ကို ဘဂဝန္တုတည်, သိလာဃစသောသုတ် ဖြင့် ပတိပုဗ္ဗ သုဓာတ်၏ယှဉ်ရာ ရှေ့ဝါကျ၌ ကတ္တားဖြစ်သော ဘဂဝန္တုကို သမ္ပဒါန်အမည် မှည့်ဟု ဆို။ [ဗုဒ္ဓဿ၌ ဗုဒ္ဓတည်, အာပုဗ္ဗ သုဓာတ်၏ ယှဉ်ရာဟု ဆိုလေ။]

အနုပတိဂိဏပုံစံ။ ။ အနု+ပတိပုဗ္ဗ ဂိဓာတ်၏ယှဉ်ရာပုံစံကား “ ဘိက္ခု ဇနံ ဓမ္မံ သာဝေတိ, တဿ ဘိက္ခုနော ဇနော အနုဂိဏာတိ(ပတိဂိဏာတိ)”တည်း၊ ရှေ့ဝါကျ၌ ကတ္တားကား ဘိက္ခုတည်း၊ ထိုဘိက္ခုဟူသော ကတ္တား သည် နောက်ဝါကျ၌ အနု+ပတိ ပုဗ္ဗ ဂိဓာတ်၏ ယှဉ်ရာဝယ် ဘိက္ခုနော ဟု သမ္ပဒါန် ဖြစ်လာသည်၊ ဘိက္ခု-ရဟန်းသည်၊ ဇနံ-လူအပေါင်းကို၊ ဓမ္မံတရားကို၊ သာဝေတိ-နာယူစေ၏၊ ဝါ-ဟော၏၊ တဿ ဘိက္ခုနော-ထို ရဟန်းအား၊ ဇနော-တရားနာသူ လူအပေါင်းသည်၊ အနုဂိဏာတိ-သာဓု သာဓု, ကောင်းချီးပြုလျက်, အားတက်စေလို, လျော်စွာဆို၏၊ ပတိဂိဏာတိသာဓု သာဓု, ကောင်းချီးပြုလျက်, အားတက်စေလို, ခွန်းတုံ့ဆို၏။

အာရောစနတ္ထ။ ။ ပြောဆိုခြင်းအနက်ရှိသော ဓာတ်တို့၏ယှဉ်ရာပုဒ် ကို သမ္ပဒါန်မှည့်၊“အာရောစယာမိ ဝေါ ဘိက္ခဝေ, အာမန္တယာမိ ဝေါ”စသည်တည်း၊ ဘိက္ခဝေ-ရဟန်းတို့၊ ဝေါ-သင်တို့အား၊ အာရောစယာမိ-မိန့်တော် မူ၏၊ ဝေါ-သင်တို့အား၊ အာမန္တယာမိ-သိစေတော်မူ၏။ [“သိစေခြင်း” ဟူသည် သိအောင် ပြောဆိုခြင်းပင်တည်း။]

တဒတ္ထ။ ။ တဿ အတ္ထော တဒတ္ထော၊ တဿ-ထိုကြိယာ၏၊ အတ္ထောအကျိုးတည်း၊ တဒတ္ထော-ထိုကြိယာ၏အကျိုး၊ ထိုကြိယာ၏အကျိုးကို ဟောသောပုဒ်၌ သမ္ပဒါန်မှည့်ရသည်၊ ဗုဒ္ဓဿ အတ္ထာယ ဇီဝိတံ ပရိစ္စဇာမိ၊ ဗုဒ္ဓဿ-ဘုရား၏၊ အတ္ထာယ-အကျိုးငှာ၊ ဇီဝိတံ-အသက်ကို၊ ပရိစ္စဇာမိစွန့်နိုင်ပါ၏၊ “ဘုရားအတွက် အသက်ကိုပင် စွန့်ရဲပါ၏”ဟူလို၊ ဤ၌ အသက်ကို စွန့်နိုင်ခြင်းကြိယာသည်အကြောင်း, အသက်စွန့်သည့်အတွက် ဘုရားမှာ ကျေးဇူးများခြင်းသည် အကျိုးတည်း၊ ဤသို့ ထိုထိုကြိယာ အကျိုးကို တဒတ္ထ ဟု ခေါ်သည်။

ရုပ်တွက်။ ။ အတ္ထာယကို အတ္ထ တည်, သိလာဃစသောသုတ်ဖြင့် တဒတ္ထဖြစ်သော အတ္ထကို သမ္ပဒါန်အမည်မှည့်, ငှာဟူ၍ အနက်ပေးသော ကြောင့် သမ္ပဒါနေ စတုတ္ထီသုတ်ဖြင့် သမ္ပဒါန်အနက်၌ စတုတ္ထီဧကဝုစ် သဝိဘတ်သက်, အာယ စတုတ္ထေကဝစနဿ တုသုတ်ဖြင့် သကို -ါယပြု, တ္ထ် ခွင်း, ချေ, ကပ်, အတ္ထာယ ပြီး၏။

တုမတ္ထ။ ။ တုံပစ္စယဿ-တုံပစ္စည်း၏၊ အတ္ထော-အနက်တည်း၊ တုမတ္ထော-တုံပစ္စည်း၏အနက်၊ ဤ၌ တုံပစ္စည်း၏အနက်ကို ဟောသော သဒ္ဒါသည် တုမတ္ထ မည်၏၊ ထိုသဒ္ဒါကို သမ္ပဒါန် မှည့်ရသည်။

ပုံစံ။ ။ လောကာ.နုကမ္ပာယ အတ္ထာယ ဟိတာယ သုခါယ ဒေဝ မနုဿာနံ ဗုဒ္ဓေါ လောကေ ဥပ္ပဇ္ဇတိ၊ လောကာ.နုကမ္ပာယ-လောကကို သနားစောင့်ရှောက်ခြင်းငှာ၊ ဒေဝမနုဿာနံ-နတ်လူတို့၏၊ အတ္ထာယအကျိုးငှာ၊ ဟိတာယ-စီးပွားအလို့ငှာ၊ သုခါယ-ချမ်းသာခြင်းငှာ၊ ဗုဒ္ဓေါဘုရားရှင်သည်၊ လောကေ-လောက၌၊ ဥပ္ပဇ္ဇတိ-ဖြစ်တော်မူလာ၏။

တုမတ္ထခေါ်ရပုံ။ ။ ဤပုံစံ၌ အနုကမ္ပာယသည် အနုကမ္ပိတုံ၏အနက် တည်း၊ အတ္ထာယသည် အတ္ထံ ကာတုံ၏, ဟိတာယသည် ဟိတံ ကာတုံ၏, သုခါယသည် သုခံ ကာတုံ၏ အနက်တည်း၊ ဤသို့ တုံပစ္စည်း၏အနက် ဟော ပုဒ်များဖြစ်၍ တုမတ္ထသမ္ပဒါန်ဟု ခေါ်သည်။

ရုပ်တွက်။ ။ လောကာ.နုကမ္ပာယကို လောကာ.နုကမ္ပတည်, သိလာဃ စသောသုတ်ဖြင့် တုမတ္ထဖြစ်သော လောကာ.နုကမ္ပကို သမ္ပဒါန်အမည် မှည့်, သဝိဘတ်သက်၍ အတ္ထာယအတိုင်း တွက်။ [ဟိတာယ, သုခါယ တို့လည်း နည်းတူ။] တဒတ္ထ တုမတ္ထအထူးကို ရူပသိဒ္ဓိဘာသာဋီကာမှာရှု။

အလမတ္ထ။ ။ အလံသဒ္ဒါ၏အနက်ဟူသည် “ထိုက်တန်၏”ဟူသော အရဟတိအနက်,“မသင့်-အကျိုးမရှိ”ဟူသော ပဋိက္ခေပအနက်များတည်း၊ အလံ မေ ရဇ္ဇံ, အရဟတိ မလ္လော မလ္လဿ၊ ဤကား အရဟတိအနက်ဟော ပုံစံတည်း၊ အလံ တေ ဣဓ ဝါသေန, ကိံ တေ ဇဋာဟိ ဒုမ္မေဓ၊ ဤကား ပဋိက္ခေပအနက်ဟော ပုံစံတည်း၊ ထိုအလံအနက်ဟောသဒ္ဒါ၏ ယှဉ်ရာပုဒ်ကို သမ္ပဒါန်မှည့်သည်။

မေ-ငါ့အား၊ ရဇ္ဇံ-တိုင်းပြည်သည်၊ အလံ-ထိုက်၏၊ မလ္လော-လက်ဝှေ့ သည် တစ်ယောက်သည်၊ မလ္လဿ-လက်ဝှေ့သည်တစ်ယောက်အား၊ အရဟတိ-ထိုက်တန်၏၊ တေ-သင့်အား၊ ဣဓ-ဤကျောင်း၌၊ ဝါသေနနေခြင်းဖြင့်၊ အလံ- အကျိုးမရှိ၊ ဒုမ္မေဓ- ပညာမရှိသော ရသေ့၊ တေသင့်အား၊ ဇဋာဟိ-ဆံကျစ်တို့ဖြင့်၊ ကိံ-အဘယ်အကျိုးရှိအံ့နည်း။

မညာ.နာဒရ.ပ္ပာဏိနိ။ ။ [မည၊ မနဓာတ်၏ ယှဉ်ရာဖြစ်သော+ အနာဒရ=မလေးစားအပ်သော+အပ္ပာဏိ=သတ္တဝါမဟုတ်သောအနက်၊ (နိကား သ္မိံကိုပြုသော နိတည်း၊)] မနဓာတ်၏ ယှဉ်ရာဝယ် မလေးစားအပ် သတ္တဝါမဟုတ်သောအနက်ဟော သဒ္ဒါကို သမ္ပဒါန် မှည့်သည်။

ပုံစံ။ ။ ကဋ္ဌဿ တုဝံ မညေ, ကလိင်္ဂရဿ တုဝံ မညေ၊ တုဝံ-သင့်ကို၊ ဝါ-နင်လိုလူစားကို၊ ကဋ္ဌဿ-ထင်းတုံးလောက်၊ မညေ-မှတ်ထင်၏၊ တုဝံသင့်ကို၊ ကလိင်္ဂရဿ-ထင်းနုပ်ထင်းဖွဲလောက်၊ မညေ-၏၊ [မီးထည့်ဖို့မျှ အသုံးမကျသော ထင်းအနုပ်အဖွဲကို ကလိင်္ဂရဟု ခေါ်၏၊ အဘိဓာန်၌ ထုသ၊ စပါးခွံ(ဖွဲ)ကိုလည်း ကလိင်္ဂရဟု ဆို၏။] ဤပုံစံ၌ ကဋ္ဌကလိင်္ဂရ တို့သည် မညေအရ မနဓာတ်၏ ယှဉ်ရာလည်း ဟုတ်၏, လေးလည်း မလေးစားအပ်, သတ္တဝါလည်း မဟုတ်၊ ထို့ကြောင့် သမ္ပဒါန်မှည့်သည်။

ရုပ်တွက်။ ။ ကဋ္ဌဿကို ကဋ္ဌတည်, သိလာဃ စသောသုတ်ဖြင့် မနဓာတ်၏ ယှဉ်ရာ မလေးစားအပ် သတ္တဝါအနက်ဟော မဟုတ်သော ကဋ္ဌကို သမ္ပဒါန်အမည်မှည့်, သဝိဘတ် သက်, သ် လာ, ကဋ္ဌဿ ပြီး၏။ [ကလိင်္ဂရဿ လည်း နည်းတူ။]

အမှာ။ ။ အားဟု အနက်မဆိုရသော်လည်း ဤသုတ်က သမ္ပဒါန် မှည့်လိုက်လျှင် သမ္ပဒါနေ စတုတ္ထီသုတ်က စတုတ္ထီဝိဘတ်ကို အနှောင့် အယှက်မရှိ သက်နိုင်ပြီ၊ “ကဋ္ဌဿ-ထင်းတုံးလောက်”ဟူရာ၌လည်း “ထင်းတုံးကိုကဲ့သို့”ဟု ကံအနက် ဆိုလိုသည်။

ဂတျတ္ထကမ္မနိ။ ။ ဂတိအနက်ရှိသော ဓာတ်ကား ဂမုဓာတ်သာမက ဝဇဓာတ်, ကသဓာတ် စသည်ဖြင့် များ၏၊ ထိုဓာတ်တို့၏ ကံပုဒ်ကို သမ္ပဒါန်မှည့်သည်၊ အပ္ပော သဂ္ဂါယ ဂစ္ဆတိ၊ အပ္ပော-အနည်းငယ်သော သူတော်ကောင်းသည်၊ သဂ္ဂါယ- နတ်ပြည်သို့၊ ဂစ္ဆတိ- ရောက်နိုင်၏။ [အများကား အပါယ်သို့ သွားကြသည် ဟူလို။]

အာသီသတ္ထ။ ။ တောင့်တခြင်းအနက်ဟောသဒ္ဒါ၏ ယှဉ်ရာပုဒ်ကို လည်း သမ္ပဒါန်မှည့်၏၊ “အာယသ္မတော ဒီဃာယု ဟောတု”စသည်တည်း၊ အာယသ္မတော-အရှင်အား၊ ဒီဃာယု-ရှည်သောအသက်သည်၊ ဟောတုဖြစ်ပါစေသတည်း။ [“ဒီဃာယု-ရှည်သောအသက်ရှိသည်”ဟု မပေးရ။]

သမ္မုတိ။ ။ သာဓု သမ္မုတိ မေ ဘဂဝတော ဒဿနာယ၊ ဘဂဝတောမြတ်စွာဘုရားကို၊ ဒဿနာယ-ဖူးမြင်ခြင်းငှာ၊ မေ-ငါ့အား၊ သမ္မုတိသမုတ်ခြင်းသည်၊ သာဓု-ကောင်း၏။

ဘိယျ။ ။ ဘိယျောသော မတ္တာယ၊ မတ္တာယ-အတိုင်းအရှည်ထက်၊ ဘိယျောသော-လွန်စွာ။ [ရှေးရိုက်စာအုပ်များ၌ “သော-ထိုခွေးသည်”ဟု ပေးခဲ့၏။]

ရုပ်တွက်။ ။ မတ္တာယကို မတ္တာတည်, သိလာဃစသောသုတ်ဖြင့် ဘိယျသဒ္ဒါ၏ယှဉ်ရာ မတ္တာကို သမ္ပဒါန်မှည့်, သဝိဘတ်သက်, -ါ ကို ဃမှည့်, ဃတော နာဒီနံသုတ်ဖြင့် သကို -ါယ ပြု။

သတ္တမျတ္ထ။ ။ တုယှဉ္စဿ အာဝိကရောမိ, တဿ မေ သက္ကော ပါတုရဟောသိ၊ အဿ တုယှံ-ထိုသင့်အထံ၌ (စအနက် မလို)၊ အာဝိ ကရောမိ-ထင်စွာပြု၏၊ တဿ မေ-ထိုငါ့အထံ၌၊ သက္ကော-သိကြားသည်၊ ပါတုရဟောသိ-ထင်ရှားဖြစ်ပြီ။ [ရုပ်များကို ဤသုတ်ဖြင့် သမ္ပဒါန်မှည့်၍ တွက်ပါ။]

ယော- အကြင်ကာရက သည်၊ အာဓာရော- ကြိယာ၏မှီရာဖြစ်သော ကတ္တား ကံတို့၏ တည်ရာသည်၊ ဟောတိ- ဖြစ်၏။ တံ- ထိုတည်ရာ ကာရကသည်၊ သြကာသံ- သြကာသမည်သည်၊ ဟောတိ- ဖြစ်၏။ ကဋေ နိသီဒတိ ဒေဝဒတ္တော, ထာလိယံ သြဒနံ ပစတိ စသည်တည်း။

၈။ ဤသုတ်ကား သြကာသအမည်မှည့်သောသုတ်တည်း၊ အဝကသန္တိ (ပတိဋ္ဌဟန္တိ) ကတ္တုကမ္မာနိ ဧတ္ထာတိ သြကာသံ၊ ဧတ္ထ-ဤကာရက၌၊ ကတ္တု ကမ္မာနိ-ကတ္တား ကံတို့သည်၊ အဝကသန္တိ(ပတိဋ္ဌဟန္တိ)-တည်တတ်ကုန်၏၊ ဣတိ-ထိုသို့ ကတ္တား ကံတို့၏ တည်ရာ၏အဖြစ်ကြောင့်၊ တံ-ထိုကာရက သည်၊ သြကာသံသြကာသမည်၏၊ ကာရကမှန်လျှင် ကြိယာကို ဖြစ်စေ တတ်သော သတ္တိရှိရမည်၊ ထို့ကြောင့် ဤကာရက၏ ကြိယာဖြစ်စေပုံကို (ကြိယာ၏ တည်ရာဖြစ်ပုံကို) ပုံစံဖြင့် ရှင်းလင်းရာ၏။

ကတ္တား၏တည်ရာ။ ။ ဒေဝဒတ္တော-ဒေဝဒတ်သည်၊ ကဋေ-ဖျာပေါ်၌၊ နိသီဒတိ-ထိုင်၏၊ ဤကား ကြိယာ၏မှီရာဖြစ်သော ကတ္တား၏တည်ရာ ပုံစံတည်း၊ ဖျာပေါ်၌ ဒေဝဒတ်သည် တည်၏၊ ထို့ကြောင့် ဖျာသည် ဒေဝဒတ္တောဟူသော ကတ္တား၏ တည်ရာဖြစ်၏၊ နိသီဒတိအရ “ထိုင်ခြင်း” ကြိယာကား ဒေဝဒတ်၌ မှီ၍ဖြစ်၏၊ ထို့ကြောင့် ကဋေဟူသော အာဓာရ သည် ထိုင်ခြင်းကြိယာ၏ မှီရာဖြစ်သော ဒေဝဒတ်ဟူသော ကတ္တား၏ တည်ရာဖြစ်၍ (တိုက်ရိုက်မဟုတ်သော်လည်း ဆက်သွယ်သောအားဖြင့်) ထိုင်ခြင်းကြိယာ၏ တည်ရာလည်း ဖြစ်သည်။

ကံ၏တည်ရာ။ ။ ထာလိယံ-ထမင်းအိုး၌၊ သြဒနံ-ထမင်းကို၊ ပစတိချက်၏၊ ဤကား-ကြိယာ၏ မှီရာဖြစ်သော ကံ၏ တည်ရာပုံစံတည်း၊ ထမင်းအိုး၌ ထမင်းသည် တည်၏၊ ထို့ကြောင့် ထမင်းအိုးသည် သြဒနံ ဟူသော ကံ၏ တည်ရာ ဖြစ်၏၊ ပစတိအရ “ကျက်ခြင်း” ကြိယာကား ထမင်း၌ မှီ၏၊ ထို့ကြောင့် ထာလိယံဟူသော အာဓာရသည် ကျက်ခြင်း ကြိယာ၏ တည်ရာလည်း ဖြစ်နိုင်သည်။ [ဤ သြကာသကာရကကို အဓိကရဏကာရကဟုလည်း သုံးစွဲကြ၏၊ အာဓာရကာရကဟုလည်း တချို့နေရာ၌ သုံးစွဲ၏၊ အာဓာရ ၄ မျိုး အကျယ်ကို နောင်ခါ သိရ လတ္တံ့၊၊]

ရုပ်တွက်။ ။ ကဋေကို ကဋတည်, ယော ဓာရော တမောကာသံသုတ် ဖြင့် ကဋကို သြကာသအမည်မှည့်, သ္မိံဝိဘတ်သက်, သ္မာသ္မိံနံ ဝါသုတ်ဖြင့် သ္မိံကို ေ- ပြု, ဋ်ခွင်း, ချေ, ကပ်, ကဋေ ပြီး၏။ [ထာလိယံ၊ ထာလီတည်, ဣတ္ထိယံကဲ့သို့ ရုပ်တွက်။]

ယေနဝါ- အကြင် ကာရကဖြင့်လည်း၊ ကယိရတေ- ပြုတတ်၏၊ တံ- ထိုပြုကြောင်း ကာရကသည်၊ ကရဏံ- ကရိုဏ်းမည်သည်၊ ဟောတိ- ဖြစ်၏။ ဒတ္တေန ဝိဟိံ လုနာတိ စသည်တည်း။

၉။ ဤသုတ်ကား ကရဏအမည်မှည့်သော သုတ်တည်း၊ ကယိရတေ ယေနာတိ ကရဏံ၊ ယေန-အကြင် ကာရကဖြင့်၊ ကယိရတေ-ပြုတတ်၏၊ ဣတိ-ထိုသို့ ပြုကြောင်း၏အဖြစ်ကြောင့်၊ တံ-ကာရကသည်၊ ကရဏံကရိုဏ်းမည်၏၊ တစ်စုံတစ်ခု ပြုလုပ်ရာဝယ် ပြုလုပ်သူ ကတ္တားအား အလွန်ကျေးဇူးများသော (သူပါမှ မြန်မြန်ပြီးနိုင်, တချို့အရာဝယ် သူမပါ လျှင် ပြီးကို မပြီးနိုင်သော) ကာရကကို ကရဏဟု ခေါ်သည်။

ပုံစံ။ ။ ဒတ္တေန-တံစဉ်ဖြင့်၊ ဝိဟိံ-ကောက်စပါးကို၊ လုနာတိ-ရိတ် ဖြတ်၏၊ ဤပုံစံ၌ ကောက်ရိတ်သူ ကတ္တား၏ ကောက်ရိတ်မှုကို ပြုရာဝယ် တစဉ်သည် အလွန် ကျေးဇူးများ၏။

ရုပ်တွက်။ ။ ဒတ္တေနကို “ဒတ္တ”တည်, ယေန ဝါ ကယိရတေ တံ ကရဏံသုတ်ဖြင့် ဒတ္တကို ကရိုဏ်းအမည် မှည့်, နာဝိဘတ်သက်, နာ ဝိဘတ်ကို ‌ေ- နပြု, တ္တ် ခွင်း, ချေ, ကပ်, ဒတ္တေန ပြီး၏။

ယံ ဝါ- အကြင်ကာရကကို မူလည်း၊ ကရောတိ- ပြု၏၊ တံ- ထိုပြုအပ်သောကာရကသည်၊ ကမ္မံ- ကံမည်သည်၊ ဟောတိ- ၏။ ဆတ္တံ ကရောတိ စသည်တည်း။

၁၀။ ဤသုတ်ကား ကံအမည် မှည့်သော သုတ်တည်း၊ ယေန ဝါ ကယိရတေသုတ်မှ ဝါသဒ္ဒါလိုက်သောကြောင့် ထိုဝါဖြင့် ထူးအောင်ပြုအပ် သော ကာရက, ရောက်အပ်သော ကာရက စသည်ဖြင့် ကံမှည့်ထိုက်သမျှ ကို မှည့်ဖို့ရန် ဆည်းသည်၊ ကရီယတေတိ ကမ္မံ၊ ယံ-အကြင်ကာရကကို၊ ကရီယတေ-ပြုအပ်၏၊ ဣတိ-ထိုသို့ ပြုအပ်သည်၏အဖြစ်ကြောင့်၊ တံထိုကာရကသည်၊ ကမ္မံ-ကံ မည်၏။

ပုံစံ။ ။ ဆတ္တံ-ထီးကို၊ ကရောတိ-ပြု၏၊ လုပ်၏၊ ဤပုံစံ၌ ပြုလုပ်အပ် သော ထီးသည် ကမ္မကာရက မည်၏၊… ဆတ္တံကို “ဆတ္တ” တည်, ယံ ကရောတိ တံ ကမ္မံသုတ်ဖြင့် ဆတ္တကို ကံအမည်မှည့်, -ံ ဝိဘတ် သက်, တ္တ် ခွင်း, ချေ, ကပ်, ဆတ္တံ ပြီး၏။

ယော- အကြင် ကာရကသည်၊ ကရောတိ- ကိုယ်တိုင် ပြုတတ်၏၊ သ, သော- ထိုကာရကသည်၊ ကတ္တာ- သုဒ္ဓကတ္တား မည်၏။ အဟိနာ ဒဋ္ဌော နရော စသည်တည်း။

၁၁။ ကတ္တားသည် သုဒ္ဓကတ္တား, ဟေတုကတ္တားဟု ၂ မျိုးရှိ၏၊ ထို ၂ မျိုးတွင် ဤသုတ်သည် သုဒ္ဓကတ္တားအမည် မှည့်သော သုတ်တည်း၊ ကရောတီတိ ကတ္တာ၊ ယော-အကြင် ကာရကသည်၊ ကြိယံ-ကြိယာကို၊ ကရောတိ-ပြုတတ်, ဖြစ်စေတတ်၏၊ ဣတိ-ထိုသို့ ကြိယာကို ပြုတတ် ဖြစ်စေတတ်သည်၏အဖြစ်ကြောင့်၊ သော-ထိုကာရကသည်၊ ကတ္တာ-ကတ္တုကာရက မည်၏၊ သုဒ္ဓေါ ကတ္တာ သုဒ္ဓကတ္တာ၊ သုဒ္ဓေါ-ဟိတ်နှင့် မဖက် သက်သက်သော၊ ကတ္တာ-ကတ္တားတည်း၊ သုဒ္ဓကတ္တာ-ဟိတ်နှင့် မဖက် သက်သက်သော ကတ္တား၊ ဟေတုကတ္တားသည် ဟေတုသတ္တိနှင့် ရောယှက်သောကြောင့် သက်သက်မဟုတ်, ဤကတ္တားကား ဟေတုသတ္တိ နှင့် မရောယှက်သဖြင့် သက်သက်သန့်သန့် ဖြစ်သည် ဟူလို။

သုဒ္ဓကတ္တား ၂ မျိုး။ ။ ဤ သုဒ္ဓကတ္တားသည် ဝုတ္တကတ္တား, အဝုတ္တ ကတ္တားဟု ၂ မျိုးရှိ၏၊ ထို ၂ မျိုးလုံးကိုပင် ဤသုတ်က ကတ္တုကာရက အမည်မှည့်နိုင်၏၊ သို့သော် ဝုတ္တကတ္တားကို အာချာတ် ကိတ်တို့က ဟောထားသဖြင့် ဝုတ္တကတ္တားအနက်၌ ဝိဘတ်သက်ဖွယ် မလိုသော ကြောင့် အဝုတ္တကတ္တားကိုသာ ထုတ်ပြသည်။ [ယံ ကရောတိ တံ ကမ္မံ သုတ်၌လည်း ဤသဘောအတိုင်းပင်တည်း။]

ပုံစံ။ ။ အဟိနာ-မြွေသည်၊ နရော-လူကို၊ ဒဋ္ဌော-ကိုက်အပ်၏၊ ဤ ပုံစံ၌ မြွေသည် ကိုက်ခြင်းကြိယာကို ပြုတတ်, ဖြစ်စေတတ်သောကြောင့် “ကြိယံ ကရောတီတိ”အရ ကတ္တုကာရက အမည်ရသည်။

ရုပ်တွက်။ ။ အဟိနာကို “အဟိ”တည်, ယော ကရောတိ သ ကတ္တာ သုတ်ဖြင့် အဟိကို သုဒ္ဓကတ္တုကာရက အမည်မှည့်, သည်ဟူ၍ အနက် ပေးသောကြောင့် ကတ္တရိ စသုတ်ဖြင့် အဝုတ္တကတ္တားအနက်၌ တတိယာ ဧကဝုစ် နာဝိဘတ်သက်, အဟိနာ ပြီး၏။

ယော- အကြင်ကာရက သည်၊ ကတ္တာရံ- ကတ္တားတစ်ပါးကို၊ ကာရေတိ- ပြုစေတတ်၏၊ သ, သော- ထိုကာရကသည်၊ ဟေတု- ဟေတုကတ္တားမည်သည်၊ ဟောတိ- ၏။ သာမိကော ဒါသံ ကမ္မံ ကရောတိ စသည်တည်း။

၁၂။ ဤသုတ်ကား “ဟေတုကတ္တား”မှည့်သောသုတ်တည်း၊ ဟေတု စ သော ကတ္တာ စာတိ ဟေတုကတ္တာ၊…ဟေတု စ-အကြောင်းလည်း ဟုတ်၏၊ သော-ထိုအကြောင်းဟူသည်၊ ကတ္တာ စ-ကတ္တားလည်း ဟုတ်၏၊ ဣတိ-ထို့ကြောင့်၊ ဟေတုကတ္တာ-ဟေတုကတ္တား မည်၏။

ပုံစံ။ ။ သာမိကော-သခင်သည်၊ ဒါသံ-ကျွန်ကို၊ ကမ္မံ-အမှုကို၊ ကာရေတိ-ပြုစေတတ်၏၊ သခင်သည် ကျွန်ကို အမှုလုပ်စေရာ၌ ကိုယ်တိုင် မလုပ်, ကျွန်ကသာ ကိုယ်တိုင်လုပ်သည်၊ သို့သော် ကျွန်လည်း သူ့ဘာသာ လုပ်သည်မဟုတ်, သခင်က စေခိုင်းသောကြောင့်သာ ပြုလုပ် ရကား သခင်သည် ပြုလုပ်ခြင်း၏ အကြောင်းဖြစ်၍ ဟေတုလည်း မည်၏၊ နှုတ်ဖြင့် ပြောဆို၍ဖြစ်စေ, လက်ဖြင့် ပြ၍ဖြစ်စေ စေခိုင်းခြင်းကြိယာကို ပြုတတ်သောကြောင့် ကတ္တားလည်း မည်၏၊ ထို့ကြောင့် သာမိကောကို ဟေတုကတ္တားဟု ခေါ်ရသည်။

ရုပ်တွက်။ ။ သာမိကောကို သာမိကတည်, ယော ကာရေတိ သ ဟေတုသုတ်ဖြင့် သာမိကကို ဟေတုကတ္တားအမည် မှည့်, လိင်္ဂတ္ထေ ပဌမာ သုတ်ဖြင့် သိဝိဘတ်သက်, သိကို ေ-ါ ပြု, က် ခွင်း, ချေ, ကပ်, ပြီး၏။

ကာရိတ် ကတ္တား ကံ ခွဲပုံ။ ။ ဤကာရိတ်ပစ္စည်းနှင့်စပ်၍ ကတ္တား ကံ ခွဲနည်းကို အာချာတ်တုန်းက မပြခဲ့ရသေး၍ ယခုမှ ပြအံ့၊ ကာရိတ် ပစ္စည်း မပါလျှင် သုဒ္ဓဝါကျဟု မှတ်၊ သုဒ္ဓဝါကျတုန်းက သုဒ္ဓကတ္တားသည် ကရိတ်ဝါကျ၌ ကံဖြစ်လာ၏၊ မြန်မာလို“ကျွန်သည် ရွာသို့ သွား၏”ဟူရာ၌ “ကျွန်သည်” ဟူသော သုဒ္ဓကတ္တားသည် ကာရိတ်ပစ္စည်း ပါသည့်အခါ “သခင်သည် ကျွန်ကို ရွာသို့ သွားစေ၏”ဟူသော ဝါကျ၌ “ကျွန်ကို”ဟု ကံဖြစ်လာသည်။

သုဒ္ဓဝါကျ - ဒါသော ဂါမံ ဂစ္ဆတိ။

ကာရိတိဝါကျ- သာမိကော ဒါသံ ဂါမံ ဂမယတိ။

ကာရိတ်ဓာတ် ကတ္တားနှင့်ကံ။ ။ ဒါသောသည် ဂစ္ဆတိ၌ ဂမုဓာတ်၏ ကတ္တားဖြစ်၍ ဓာတ်ကတ္တား မည်၏၊ သာမိကောသည် ဂမယတိ၌ ကာရိတ် ဏယပစ္စည်း၏ ကတ္တားဖြစ်၍ ကာရိတ်ကတ္တား မည်၏၊ ဒါသံသည် ထို ဏယပစ္စည်း၏ ကံဖြစ်၍ ကာရိတ်ကံ မည်၏၊ ကာရိတ်ကံနှင့်ဓာတ်ကတ္တား သည် “ဒါသ”ချည်း ဖြစ်ရကား အရမပြားတော့ပြီ၊ ဓာတ်ကတ္တားအခိုက်၌ ဝုတ္တကတ္တားဖြစ်၍ ကာရိတ်ကံ၏ အခိုက်မှာ အဝုတ္တကံ ဖြစ်ရခြင်းသာ ထူး၏၊ ထိုကာရိတ်ပစ္စည်း၏ အဝုတ္တကံနေရာ၌ ဒုတိယာဝိဘတ်သာမက, တတိယာ ဆဋ္ဌီဝိဘတ်များလည်း သက်နိုင်၏ဟု ဆို၏၊ ပါဠိ အဋ္ဌကထာ များ၌ကား တတိယာဝိဘတ်ဖြင့် အရှိများသည်။

[ဆောင်]၁။ ကာရိတ်ကံကား, ဓာတ်ကတ္တား, မပြား ဝုတ္တ, အဝုတ္တတည်း။ ၂။ ကာရိတ်ကံမှာ, ဒုတိယာနှင့်, တတိယာ ဆဋ္ဌီ, သုံးလီ ဝိဘတ်, သက်တုံလတ်ဟု, ကျမ်းမြတ် ဤသို့ မိန့်သတည်း။ ၃။ ထိုသုံးပါးမှာ, တတိယာ, ကျမ်းလာ အရှိများသတည်း။ ပုံစံကား - သာမိကော ဒါသံ ဂါမံ ဂမယတိ (သွားစေ၏)။

  • သာမိကော ဒါသေန ဂါမံ ဂမယတိ (သွားစေ၏)။

  • သာမိကော ဒါသဿ ဂါမံ ဂမယတိ (သွားစေ၏)။

မှတ်ချက်။ ။ တတိယာနှင့်ဆဋ္ဌီကို ကံအနက်မဟုတ်, ကတ္တားအနက်၌ သက်ရမည်ဟုလည်း ဝါဒတစ်မျိုးရှိသေး၏၊ ထိုဝါဒအလို “ဒါသေန, ဒါသဿ-ဤကျွန်သည်”ဟု ကတ္တားအနက် ဆိုရမည်၊ ထိုသို့ ကတ္တား အနက် ဆိုရာ၌ ဂမယတိဝယ် ဂမုဓာတ်၏ ကတ္တားဟု မှတ်၊ တိဝိဘတ်က ထို ဒါသကို မဟော, သာမိကောကို ဟောသောကြောင့် “မဟောကတ္တာ, တတိယာ”ဟု ဆိုသည့်အတိုင်း တတိယာဝိဘတ်ဖြင့် ထားရသည်၊ “ဆဋ္ဌီ ကတ္တား, ရံခါငြားမူ, ကတ္တား တတိယာနှင့်တူမြဲတည်း”ဟု အဆိုရှိသောကြောင့် အဝုတ္တကတ္တားအရာဝယ် တတိယာ၏ ကိုယ်စားလှယ်အဖြစ်ဖြင့် ဆဋ္ဌီဝိဘတ်ကိုလည်း သုံးစွဲခွင့်ရှိသည်။

ကံဟော ကာရိတ်ဝါကျ။ ။ ကာရိတ်ပစ္စည်းက ကံကို ဟောရာ၌ကား “မဟောကတ္တာ, တတိယာ-ဟောရာ ဟောရာ, ပဌမာ”ဟူသည်တို့နှင့်အညီ, ကတ္တား၌ တတိယာ, ကာရိတ်ကံ၌ ပဌမာဝိဘတ်ဖြင့် ထားရာ၏၊ ဓာတ်ကံ ကို မဟောသောကြောင့် ဓာတ်ကံမှာလည်း ဒုတိယာဝိဘတ်ဖြင့် ထားရာ၏၊

ပုံစံကား-“သာမိကေန ဒါသော ဂါမံ ဂမာပီယတေ”တည်း၊ သာမိကေန-သခင်သည်၊ ဒါသော-ကျွန်ကို၊ ဂါမံ-ရွာသို့၊ ဂမာပီယတေ-သွားစေအပ်၏။ [ကြွင်းသော မှတ်ဖွယ်များကို ရူပသိဒ္ဓိ “ဓာတူဟိ ဏေဏယ” စသော သုတ်မှာ ရှု။]

ယဿ ဝါ- အကြင်ဥစ္စာရှင်၏လည်း၊ ပရိဂ္ဂဟော- သိမ်းပိုက်အပ်သောဥစ္စာ တည်း။ တံ- ထိုဥစ္စာရှင်သည်၊ သာမီ- သာမီမည်သည်၊ ဟောတိ- ဖြစ်၏။ ဘိက္ခုနော ပဋိဝီသော စသည်တည်း။

၁၃။ ယသ္မာ ဒပေတိသုတ်မှစ၍ ယော ကာရေတိ သ ဟေတု တိုင် အောင်သောသုတ်များသည် ကာရက ၆ ပါးကို အသီးအသီး နာမည်မှည့် သောသုတ်များတည်း၊ ဤသုတ်ကား အကာရကတို့တွင် သာမီမည်သော

အကာရကကို နာမည်မှည့်သော သုတ်တည်း၊ ဘိက္ခုနော-ရဟန်း၏၊ ပဋိဝိသော-အဖို့ဖြစ်သောဥစ္စာတည်း၊ “ရဟန်းဖို့ဥစ္စာ” ဟူလို။

ယဿ ဝါ ပရိဂ္ဂဟော။ ။ ဥစ္စာသည် ရဟန်းက (ငါ့ဥစ္စာ)ဟု သိမ်းပိုက် အပ်သော အရာဝတ္ထုတည်း၊ တံ သာမီ-ဉ္စာရှင်ဖြစ်သော ထိုရဟန်းကို သာမီဟု နာမည်မှည့်သည်၊ သံ ယဿ အတ္ထီတိ သာမီ၊ ယဿ-အကြင် သူ၏၊ သံ-ဥစ္စာသည်၊ အတ္ထိ-ရှိ၏၊ ဣတိ-ထို့ကြောင့်၊ တံ-ထိုသူသည်၊ သာမီ-သာမီမည်၏။ [အဿတ္ထိအနက်၌ သုတ်ကြီးဖြင့် အာမီပစ္စည်း သက်, သံ၌ နိဂ္ဂဟိတ်ကို ချေ, သာမီ ပြီးစေ။]

ဝါအတွက်။ ။ သုတ်ရင်းအဆိုအတိုင်း မှည့်လျှင် ဥစ္စာရှင်ကိုသာ “သာမီ”ဟု မှည့်နိုင်၏၊ သို့သော် ယဿ ဝါ၌ ဝါသဒ္ဒါသည် အတ္ထန္တရ ဝိကပ္ပန (အနက်တစ်မျိုးကို စီရင်ခြင်း) အနက်ရှိသောကြောင့် ထိုဝါ သဒ္ဒါဖြင့် ဥစ္စာရှင် မဟုတ်သော အနက်များကိုလည်း သာမီမှည့်နိုင်သည်၊ ထို့ကြောင့် “ဒေဝါနံ ဣန္ဒော” စသည်၌ ဒေဝါနံသည် သိကြားမင်း၏ဥစ္စာ (သံ) ဖြစ်ပါလျက် ဤသုတ်က သာမီအမည် မှည့်သည်။ [ဒေဝါနံ-တို့၏၊ ဣန္ဒော-အရှင်သခင်ဖြစ်သော သိကြားမင်း။]

ရုပ်တွက်။ ။ ဘိက္ခုနောကို “ဘိက္ခု”တည်၊ ယဿ ဝါ ပရိဂ္ဂဟော တံ သာမီသုတ်ဖြင့် ဘိက္ခုကို သာမီအမည် မှည့်, သာမီအနက်၌ ဆဋ္ဌီ ဧကဝုစ် သဝိဘတ်သက်, ု ကို လမှည့်, ဈလတော သဿ နော ဝါသုတ် ဖြင့် သ ကို နော ပြု, ဘိက္ခုနော ပြီး၏။

လိင်္ဂတ္ထေ- လိန်အနက်မျှ၌၊ ပဌမာ- ပဌမာဝိဘတ်သည်၊ ဟောတိ- ဖြစ်၏။ ပုရိသော, ပုရိသာ, ဧကော ဒွေ, ဒေါဏော, စ, ဝါ စသည်တည်း။

၁၄။ ဤသုတ်ကား လိန်အနက်၌ ပဌမာဝိဘတ်သက်သော သုတ် တည်း၊ “လိန်အနက်” ဆိုသော်လည်း အနက်၌ ဝိဘတ် သက်၍ မဖြစ်, လိန်အနက်ကို ဟောသော သဒ္ဒါ၌သာ သိဝိဘတ် သက်၍ ဖြစ်သည်၊ ထို့ကြောင့် “လိင်္ဂတ္ထာ.ဘိဓာနမတ္တေ” ဟု ကစ္စည်းဝုတ္တိ ဖွင့်လေသည်၊ “လိင်္ဂတ္ထာ.ဘိဓာနမတ္တေ-လိန်အနက်မျှကို ဟောသောသဒ္ဒါ၌”ဟု ဆို၊ အဘိဓာနမတ္တေ၌ မတ္တသဒ္ဒါသည် ပါဠိလို “သာမည”အနက်, မြန်မာလို “မျှ”ဟူသောအနက်ကို ဟော၏၊ ထို မတ္တသဒ္ဒါဖြင့် ကံ ကတ္တား စသော ဝိဘတ်နက်များကို ကန့်ကွက်သည်၊ “သည်မျှသာ, သည်လောက်သာ, သည့်ပြင်အထူးမရှိပါ”ဟု ဆိုသကဲ့သို့ “လိန်အနက်မျှသာ, လိန်အနက် လောက်သာ, လိန်အနက်အပြင် အပိုအမို“သည် ကို ဖြင့်”စသော ဝိဘတ် နက်တွေ မပါ”ဟု ဆိုလိုသည်။

လိန်နှင့်လိန်အနက်။ ။ ယခုပြမည့်လိန်ကား ဣတ္ထိလိန် ပုံလိန် နပုံလိန် ဟု ခေါ်ရသော အခြင်းအရာ အာကာရပညတ် မဟုတ်, လိင်္ဂဉ္စ နိပစ္စတေ သုတ်အရ အာချာတ်ပုဒ်မှ တစ်ပါးသော သဒ္ဒါဟူသမျှကို ခေါ်သော လိန်တည်း၊ ထိုလိန်နှင့် လိန်အနက်ကို ရှင်းပြပါမည်။

ရုက္ခောတိဝစနံ လိင်္ဂံ, လိင်္ဂတ္ထော တေန ဒီပိတော၊

ဧဝံ လိင်္ဂဉ္စ လိင်္ဂတ္ထံ, ဉတွာ ယောဇေယျ ပဏ္ဍိတော။

ရုက္ခောတိဝစနံ- ရုက္ခဟူသောသဒ္ဒါသည်၊ လိင်္ဂံ- လိန်မည်၏။ တေနထိုရုက္ခသဒ္ဒါသည်၊ ဒီပိတော- ပြအပ်သော သစ်ပင်ဒြဗ်သည်၊ လိင်္ဂတ္ထောလိင်္ဂတ္ထ မည်၏။ ဧဝံ- ဤသို့၊ လိင်္ဂဉ္စ- လိန်ကိုလည်းကောင်း၊ လိင်္ဂတ္ထဉ္စ- လိန်၏ အနက်ကိုလည်းကောင်း၊ ဉတွာ- သိပြီး၍၊ ပဏ္ဍိတော- ပညာရှိသည်၊ ယောဇေယျ- သုံးစွဲရာ၏။

ဤဂါထာနှင့်အညီ “ရုက္ခ”သဒ္ဒါသည် လိန်, ထိုရုက္ခသဒ္ဒါ၏ဟောနက် ဖြစ်သော သစ်ပင်အထည်ကိုယ်ဒြဗ်ကား လိန်၏အနက်တည်း၊ ထို့အတူ “ပုရိသ”သဒ္ဒါသည် လိန်, ယောက်ျားဒြဗ်ကား လိန်၏အနက်တည်း၊ အာချာတ်မှတစ်ပါး သမာသ် တဒ္ဓိတ် ကိတ်သဒ္ဒါစုနှင့် တိဿ ဒတ္တစသော ရုဠှီသဒ္ဒါ, သင်္ချာ ဥပသာရ နိပါတ်ဟူသမျှတို့ လိင်္ဂအရတွင် ပါဝင်ကြ လေသည်၊ ထို့ကြောင့် ရာဇပုတ္တသည် လိန်, မင်းသားဒြဗ်ကား လိင်္ဂတ္ထ၊ ဝါသိဋ္ဌသည် လိန်, ဝသိဋ္ဌ၏သားဒြဗ်ကား လိင်္ဂတ္ထ၊ ပါစကသည် လိန်, စားဖိုသည်ဒြဗ်ကား လိင်္ဂတ္ထ၊ သဗ္ဗသဒ္ဒါသည် လိန်, အလုံးစုံကား လိင်္ဂတ္ထ၊ တိဿသဒ္ဒါသည် လိန်, တိဿမည်သူ လူဒြဗ်ကား လိင်္ဂတ္ထ၊ ဧကသဒ္ဒါ သည် လိန်, တစ်ဟူသော သင်္ချာအနက်ကား လိင်္ဂတ္ထ၊ ဒေါဏသဒ္ဒါသည် လိန်, တစ်စိတ်ဟူသော အရေအတွက်သင်္ချာကား လိင်္ဂတ္ထ၊ ပ ပရာ စသော ဥပသာရသည် လိန်, ထိုသဒ္ဒါ၏ဆိုင်ရာအနက်ကား လိင်္ဂတ္ထ၊ စ ဝါ ဟေ အဟေ ရေ အရေ စသော နိပါတ်သည် လိန်, ထိုနိပါတ်တို့၏ သမုစ္စည်း စသော အနက်ကား လိင်္ဂတ္ထ၊ ဤသို့ လိန်နှင့်လိန်အနက်ကို နားလည်ပါစေ။

လိန်အနက်ပေးပုံ။ ။ သည် ကို ဖြင့် နှင့်စသော အနက်စုမှာ လိန် အနက်တွင် မပါ, ဝိဘတ်၏ အနက်များသာတည်း၊ ထိုကဲ့သို့ ဝိဘတ်နက် မပါ, လိင်္ဂတ္ထသက်သက်ကိုသာ ဟောသော သဒ္ဒါနောင် ဤ လိင်္ဂတ္ထေ ပဌမာသုတ်က ပဌမာဝိဘတ် သက်၏၊ ပဌမာဝိဘတ်အတွက်ကြောင့် အနက်ပို တစ်ခုမျှ မထွက်, ဝိဘတ်မပါလျှင် ပုဒ်ရာ မဝင်မည်စိုးသော ကြောင့် မူလရှိရင်း လိန်အနက်ကို ထွန်းပြခြင်းငှာ ပဌမာဝိဘတ် သက်ရ သည်၊ သို့ဖြစ်၍ “ပုရိသော၊ ယောက်ျား, ပုရိသာ=ယောက်ျားတို့”ဟု ဤမျှ သာ အနက်ဆိုနိုင်၏၊ နောက်ကြိယာနှင့် တွဲသည့်အခါလည်း “ပုရိသော+ ဂစ္ဆတိ=ယောက်ျား+သွား၏၊ ပုရိသာ+ဂစ္ဆ န္တိ=ယောက်ျားတို့+သွားကြ၏”ဟု ဆိုရသည်။

ကံဟော လိင်္ဂတ္ထ။ ။ ကံဟောကြိယာနှင့် တွဲဖက်ရာ၌လည်း “မဂ္ဂေါ+ ဂစ္ဆီယတေ၊ လမ်း+သွားအပ်၏၊ မဂ္ဂါ+ဂစ္ဆီယန္တေ=လမ်းတို့+သွားအပ်ကုန်၏” ဟုသာ အနက်ထွက်သည်၊ ကတ္တားအနက် ကံအနက်များကို တိ အန္တိ တေ အန္တေဟူသော အာချာတ်ဝိဘတ်တို့ကသာ ဟော၏၊ ပဌမာဝိဘတ်က မဟောနိုင်၊ ထို့ကြောင့် နိဿယအနက်ပေးရာ၌ “ပုရိသော-ယောက်ျား သည်၊ မဂ္ဂေါ-လမ်းကို”ဟု “သည်-ကို” ထည့်ပေးသော်လည်း အနက်ပိုဟု သာ မှတ်၊ ဝိဘတ်သွယ် ဆိုရိုးကိုလည်း “သည် ကို”မပါဘဲ တစ်မျိုးပြင်နိုင် မှသာ လိန်အနက်အစစ်ကို စနစ်ကျ နားလည်ဖွယ်ရှိသည်၊ ဤအခြေပြု ဝိဘတ်သွယ်မှာပင် အများနှင့် မဆန့်ကျင်စေလိုသည့်အတွက် “သည်ဟူ၍ အနက်ပေးသောကြောင့်”ဟု ဆိုခဲ့ရသည်၊ ဝိဘတ်သွယ်ဆိုရိုးကို တစ်မျိုး ပြင်၍ ရုပ်တွက်ပြအံ့။

ရုပ်တွက်။ ။ ပုရိသောကို ပုရိသလိန်တည်, ပရသမညာ ပယောဂေ သုတ်ဖြင့် ပုရိသကို လိန်အမည်မှည့်, ယောက်ျားဟူ၍ အနက်ပေးသော ကြောင့် လိင်္ဂတ္ထေ ပဌမာသုတ်ဖြင့် လိန်အနက်မျှကိုဟောသောသဒ္ဒါနောင် ပဌမာဧကဝုစ် သိဝိဘတ်သက် (ပုရိသသိ), သိကို ေ-ါ ပြု, သ် ခွင်း, ချေ, ကပ်, ပုရိသော ပြီး၏။ [ပုရိသာ၌ “ယောကျ်ားတို့”ဟု ဆိုရုံသာ။]

ဧကော၌ “တစ်ဟူ၍ အနက်ပေးသောကြောင့်”ဟု ဆို၊ ဒွေ၌ “နှစ်ခုတို့ ဟူ၍ အနက်ပေးသောကြောင့်”ဟု ဆို၊ ဒေါဏော၌ “တစ်စိတ်ဟူ၍ အနက် ပေးသောကြောင့်”ဟု ဆို၊ စ၌ “လည်းဟူ၍ အနက်ပေးသောကြောင့်”ဟု ဆို၊ သဗ္ဗာသမာဝုသောသုတ်ဖြင့် သိချေ၊ ဝါကိုလည်း ဝါတည်, သော်လည်း ဟူ၍ အနက်ပေးသောကြောင့်”ဟု ဆို။

အာလပနေ စ- အာလုပ်အနက်အပို ရှိသော လိန်အနက်၌လည်း၊ ပဌမာ- ပဌမာဝိဘတ်သည်၊ ဟောတိ- ဖြစ်၏။ ဘော ပုရိသ, ဘောန္တော ပုရိသာ စသည်တည်း။

၁၅။ ဤသုတ်ကား လိန်အနက်၌ အာလုပ်အနက်ပိုလာသည့်အခါ ပဌမာဝိဘတ် သက်သောသုတ်တည်း၊ အာလပန၌ အာသဒ္ဒါသည် ရှေးရှု ဟူသောအနက်ကို ဟော၏၊ အဘိမုခံ-ရှေးရှု၊ လပနံ-ပြောဆိုခြင်းသည်၊ အာလပနံ-အာလုပ်မည်၏၊ ဤ၌ “ရှေးရှု”ဟူသည် “တိုက်ရိုက်”ဟူသော စကားနှင့် အဓိပ္ပာယ်ညီမျှ၏၊ ထို့ကြောင့် တစ်ယောက်နှင့်တစ်ယောက် တိုက်ရိုက်ခေါ်ခြင်း, ခေါ်လိုက်သည့်အခါ ထူးခြင်းများကို အာလုပ်ဟုမှတ်၊ “ဥုးတိဿ, အရှင်ဘုရား, ကိုရင်, ကိုကို, မောင်မောင်, မမ, မိမိ, ရှင်, တော်” စသော စကားများသည် အာလုပ်သံချည်းတည်း။

လိန်အနက်၌ အာလုပ်အနက် ပိုလာပုံ။ ။ ယောက်ျားဟူသောအနက် သည် မူလလိန်အနက်တည်း၊ “အိုယောက်ျားဟု ဆိုသည့်အခါ “အို” ဟူသော အာလုပ်အနက် ပိုလာသည်၊ ထို့ကြောင့် “ပုရိသော-ယောက်ျား၊ ဘော ပုရိသ-အိုယောက်ျား၊ ကညာ၊ သတို့သမီး၊ ဘောတိ ကညေ-အို သတို့သမီး၊ စိတ္တံ-စိတ်၊ ဘော စိတ္တ-အိုစိတ်” စသည်ဖြင့် မူလလိန်အနက်၌ အာလုပ်အနက် ပိုလာပုံကို သိပါ။

ရှေးနက်နှင့် အပြစ်။ ။ လိန်အနက်ပေးရာ၌ “ပုရိသော-ယောက်ျား သည်”ဟု ရှေးက ပေးကြ၏၊ ထိုအနက်ကို အမှန်ယူလျှင် အာလုပ်အနက် အပိုဝင်သည့်အခါ “ဘော ပုရိသ၊ အို ယောက်ျားသည်”ဟု ဆိုရလိမ့်မည်၊ ထို့အတူ “ကညာ-သတို့သမီးသည်၊ ဘောတိ ကညေ-အို သတို့သမီးသည်” စသည်ဖြင့် ဆိုဖွယ်ရှိပုံကို ချဲ့ထွင်ကြည့်ပါ၊ သို့အတွက် လိန်အနက်ဆိုရာ၌ “သည်”ဟူသော အနက်မှာ အပိုသာတည်းဟု ဆိုခဲ့ပေသည်။

ရုပ်တွက်။ ။ ပုရိသကို “ပုရိသလိန်”တည်၊ အို ယောက်ျားဟူ၍ အနက်ပေးသောကြောင့် ပရသမညာ ပယောဂေသုတ်ဖြင့် ပုရိသကို လိန် အမည်မှည့်, အာလပနေ စသုတ်ဖြင့် အာလုပ်အနက် အပိုရှိသော လိန် အနက်ကို ဟောသော သဒ္ဒါမှနောက်၌ ပဌမာဧကဝုစ် သိဝိဘတ်သက်၊ သိကို ဂအမည်မှည့်, အကာရပိတာဒျ န္တာနမာသုတ်ဖြင့် သ၏အဆုံး ၊ ကို ါ ပြု, အာကာရော ဝါသုတ်ဖြင့် -ါ ကို ၊ ရဿပြု, ဂသိကို ချေ, ပုရိသ ပြီး၏။ [ပုရိသာ၌ ယောသက်၍ တွက်လေ။]

ကရဏေ- ကရဏကာရက၌၊ တတိယာ- တတိယာဝိဘတ်သည်၊ ဟောတိ- ဖြစ်၏။ အဂ္ဂိနာ ကုဋိံ ဈာပေတိ စသည်တည်း။

၁၆။ “အဂ္ဂိနာ-မီးဖြင့်၊ ကုဋိံ-ကုဋိကို (တဲကုတ်ကို)၊ ဈာပေတိ-လောင် ကျွမ်းစေ၏၊ ဤ၌ လောင်ကျွမ်းခြင်းကြိယာကို အထူးသဖြင့်ပြီးစေတတ်သော ကြိယာသာဓကတမသတ္တိသည် မုချအားဖြင့် ကရဏကာရက မည်၏၊ ထိုသတ္တိနက်ဟူသော ကရဏကာရက၌ တတိယာဝိဘတ် သက်၏၊ “ထို အနက်ကို တတိယာဝိဘတ်က ဟောသည်”ဟူလို။ [ကြိယံ-ကြိယာကို+ သာဓကတမ၊ အထူးသဖြင့် ပြီးစေတတ်သော+သတ္တိ=အစွမ်း။]

ဒဗ္ဗ, သဒ္ဒကာရက။ ။ မီးဒြဗ်ကား သတ္တိ၏တည်ရာဖြစ်၍ ဌာနျူပစာရ အားဖြင့် ကရဏကာရက မည်၏၊ အဂ္ဂိနာသဒ္ဒါသည်လည်း ဒြဗ်အနက်ကို အကြောင်းပြု၍ ကာရဏူပစာရအားဖြင့် ကရဏကာရက မည်၏၊ ထို ဒဗ္ဗကာရက, သဒ္ဒကာရကတို့ကို တတိယာဝိဘတ်က ဟောပြနေဖွယ်မလို၊ ထို သတ္တိကာရက အနက်၌ တတိယာဝိဘတ် သက်လိုသည်ရှိသော် “တတော စ ဝိဘတ္တိယော”ဟု ပရိဘာသာရှိသောကြောင့် အဂ္ဂိဟူသော လိန်နောင် သက်ရသည်။

ရုပ်တွက်။ ။ အဂ္ဂိနာကို “အဂ္ဂိ”တည်, ဖြင့်ဟူ၍ အနက်ပေးသော ကြောင့် “ယေန ဝါ ကယိရတေ, တံ ကရဏံ”သုတ်ဖြင့် အဂ္ဂိကို ကရိုဏ်း အမည်မှည့်, ကရဏေ တတိယာသုတ်ဖြင့် တတိယာဧကဝုစ် နာဝိဘတ် သက်, အဂ္ဂိနာ ပြီး၏။

သဟာဒိယောဂေ စ- သဟ အစရှိသော သဒ္ဒါတို့နှင့်ယှဉ်ရာ၌လည်း၊ တတိယာ- တတိယာ ဝိဘတ်သည်၊ ဟောတိ- ဖြစ်၏။ သဟာပိ ဂဂ္ဂေန သံဃော ဥပေါသထံ ကရေယျ စသည်တည်း။

၁၇။ သဟ အစရှိသော သဒ္ဒါတို့နှင့်ယှဉ်ရာပုဒ်၌ တတိယာဝိဘတ် သက်သောသုတ်တည်း၊ သဟာဒိ၌ အာဒိသဒ္ဒါဖြင့် သဒ္ဓိံ, သမံ, နာနာ, ဝိနာ, အလံ, ကိံ စသည်တို့ကို ယူ၊ ယောဂေ စ၌ စသဒ္ဒါဖြင့် သဟတ္ထယောဂ (သဟသဒ္ဒါ၏ အနက်နှင့်ယှဉ်ရာ)၌လည်း တတိယာဝိဘတ် သက်။

ပုံစံ။ ။ သံဃော-သံဃာသည်၊ ဂဂ္ဂေန-ရူးနေသော ဂဂ္ဂရဟန်းနှင့်၊ သဟာပိ-အတူတကွလည်း၊ ဥပေါသထံ-ဥပုသ်ကို၊ ကရေယျ-ပြုကောင်း၏၊ ဤကား သဟသဒ္ဒါနှင့်ယှဉ်သော သဟယောဂပုံစံတည်း၊ ဝိနာပိ ဂဂ္ဂေန၊ ရဟန်းရူးဂဂ္ဂနှင့် ကင်း၍လည်း (ဂဂ္ဂ မပါဘဲလည်း) ဥပုသ်ပြုကောင်း၏၊ ဤကား သဟာဒိယောဂပုံစံတည်း၊ ဒေဝဒတ္တော-ဒေဝဒတ်သည်၊ ပစ္ဆာ သမဏေန-နောက်လိုက်ရဟန်းဖြစ်သော၊ ကောကာလိကေန-ကောကာ လိကနှင့်(တကွ)၊ ရာဇဂဟံ-ရာဇဂြိုဟ်ပြည်သို့၊ ပါဝိသိ-ဝင်ပြီ၊ ဤကား သဟတ္ထယောဂပုံစံတည်း၊ ဟသဟတ္ထယောဂ၌ “သဟတ္ထ”ဟုလည်း (ယောဂ သဒ္ဒါ မပါဘဲ) ဆိုကြ၏၊ ဝိနိစ္ဆယကို ရူပသိဒ္ဓိဘာသာဋီကာမှာ ရှု။]

ရုပ်တွက်။ ။ ဂဂ္ဂေနကို ဂဂ္ဂတည်, နှင့်ဟူ၍ အနက်ပေးသောကြောင့် သဟာဒိယောဂေ စသုတ်ဖြင့် တတိယာဧကဝုစ် နာဝိဘတ်သက်, နာ ဝိဘတ်ကို ေ-န ပြု, ဂ္ဂ် ခွင်း, ချေ, ကပ်, ဂဂ္ဂေန ပြီး၏။ [ကောကာလိကေနကို ကောကာလိကတည်, “နှင့်တကွ”ဟူ၍ အနက်ပေးသောကြောင့် သဟာဒိ ယောဂေ စသုတ်၌ စသဒ္ဒါဖြင့် နာဝိဘတ်သက်, ‌ေ-န ပြု။]

ကတ္တရိ စ- အဝုတ္တကတ္တုကာရက၌လည်း၊ တတိယာ- တတိယာဝိဘတ်သည်၊ ဟောတိ- ဖြစ်၏။ ရညာ ဟတော ပေါသော စသည်တည်း။

၁၈။ အဝုတ္တကတ္တားအနက်၌ တတိယာဝိဘတ်သက်သောသုတ်တည်း၊ ဝုတ္တကတ္တားအနက်ကိုကား အာချာတ် ကိတ်တို့က ဟောလေပြီး ဖြစ်၍ လိန်အနက်မျှ၌ လိင်္ဂတ္ထေ ပဌမာသုတ်က ပဌမာဝိဘတ်သက်လေပြီ။ [ရညာ-မင်းသည်၊ ပေါသော-ယောက်ျားကို၊ ဟတော-သတ်အပ်ပြီ။]

ရုပ်တွက်။ ။ ရညာကို ရာဇတည်, သည်ဟူ၍အနက်ပေးသောကြောင့် ကတ္တားအနက်ကို အလိုရှိရကား ယော ကရောတိ သ ကတ္တာ သုတ်ဖြင့် ရာဇကို ကတ္တားအမည် မှည့်, ကတ္တရိ စသုတ်ဖြင့် ကတ္တားအနက်၌ တတိယာ ဧကဝုစ် နာဝိဘတ်သက်, ရညာ နာမှိ ဝါသုတ်ဖြင့ ဝိဘတ်နှင့် တကွ ရာဇကို ရညာ ပြု, ရညာ ပြီး၏။

စသဒ္ဒါအနက်။ ။ ကတ္တရိ စ၌ စသဒ္ဒါဖြင့် ကံအနက်, ပဌမာဝိဘတ်၏ လိန်အနက်, အပါဒါန်အနက်, ကြိယာပဝဂ္ဂအနက်, ဣတ္ထမ္ဘူတလက္ခဏ အနက်, ကလဟ, ပုဗ္ဗ စသည်တို့နှင့်ယှဉ်ရာ စသည်၌ တတိယာဝိဘတ် သက်သေး၏၊ ပုံစံကို ရူပသိဒ္ဓိမှာ ရှု။

[ဆောင်] ကံ ပဌမာ, အပါဒါနှင့်, ကြိယာပဝဂ္ဂံ, ဣတ္ထမ္ဘူတ-လက္ခဏ တည့်၊ ကလဟ ပုဗ္ဗာ, ယှဉ်ကုန်ရာဝယ်, စဖြင့် ဆွယ်, သက်ဖွယ် တတိယာ။

ဟေတွတ္ထေ စ- ဟိတ်အနက်၌လည်း၊ တတိယာ- တတိယာဝိဘတ်သည်၊ ဟောတိ- ဖြစ်၏။ အန္နေန ဝသတိ စသည်တည်း။

၁၉။ ဟိတ်အနက်၌ တတိယာဝိဘတ်သက်သော သုတ်တည်း၊ အန္နေန-ထမင်းကြောင့်၊ ဝသတိ-နေ၏။ [လိင်္ဂတ္ထေ ပဌမာသုတ်မှ စ၍ ဝိဘတ်သက်သော သုတ်များကို (ဝိဘတ်ပေါ်လာအောင် စီရင်သော ကြောင့်) အာဂမဝိဓိသုတ်ဟု ဆိုကြ၏။]

ရုပ်တွက်။ ။ အန္နေနကို အန္နတည်, ကြောင့်ဟူ၍ အနက်ပေးသော ကြောင့် ဟိတ်အနက်ကို အလိုရှိရကား ဟေတွတ္ထေ စသုတ်ဖြင့် ဟိတ် အနက်၌ တတိယာဧကဝုစ် နာဝိဘတ်သက်, နာကို ‌ေ-န ပြု, အန္နေန ပြီး၏။

သတ္တမျတ္ထေ စ- သတ္တမီဝိဘတ်၏ အနက်၌လည်း၊ တတိယာ- တတိယာဝိဘတ်သည်၊ ဟောတိ- ဖြစ်၏။ တေန ကာလေန စသည်တည်း။

၂၀။ သတ္တမီဝိဘတ်၏ အနက်ဟူသည် “၌”ဟု ဆိုရသော အနက် တည်း၊ ဤသုတ်က ထိုသတ္တမီအနက်၌ တတိယာဝိဘတ် သက်သည်၊ ဟတေန ကာလေန-ထိုအခါ၌၊] ဤသတ္တမီအနက်၌ အခါကာလဟောသဒ္ဒါ, ခရီးအဓွန့်ဟောသဒ္ဒါ, အရပ်မျက်နှာ(ဒိသာ)ဟောသဒ္ဒါ, အရပ်ဌာနဒေသ ဟောသဒ္ဒါများနောင် တတိယာဝိဘတ်သက်လေ့ ရှိသည်။

[ဆောင်] ကာလ အဒ္ဓါ, ဒိသာ ဒေသ, ဟူသမျှ၌, သတ္တမျတ္ထာ, တတိယာ, သက်ပါ များလှသည်။

ရုပ်တွက်။ ။ တေနကို “တ”တည်၊ ၌ဟူ၍ အနက်ပေးသောကြောင့် သြကာသအနက်ကို အလိုရှိရကား ယော ဓာရော တ.မောကာသံသုတ်ဖြင့် တကို သြကာသအမည်မှည့်, သတ္တမျတ္ထေ စသုတ်ဖြင့် သြကာသအနက်၌ တတိယာ ဧကဝုစ် နာဝိဘတ်သက်, ေ-န ပြု။ [ကာလေနလည်း ကာလ တည်၍ နည်းတူတွက်လေ။]

ယေန- အကြင် အစိတ်ဖြင့်၊ အင်္ဂဝိကာရော- အပေါင်း၏ ဖောက်ပြန်ခြင်းကို၊ လက္ခီယတေ- မှတ်သားအပ်၏။ တတ္ထ- ထိုအစိတ်၌၊ တတိယာ- တတိယာဝိဘတ် သည်၊ ဟောတိ- ဖြစ်၏။ အက္ခိနာ ကာဏော စသည်တည်း။

၂၁။ ဤသုတ်ကား အင်္ဂဝိကာရလက္ခဏအနက်၌ တတိယာဝိဘတ် သက်သောသုတ်တည်း၊ အင်္ဂံ ယဿ အတ္ထီတိ အင်္ဂံ၊ ယဿ-အကြင် အပေါင်းဖြစ်သော ကိုယ်၏၊ (အင်္ဂါကြီးငယ်တွေ ပေါင်းနေသော ကိုယ်၏၊) အင်္ဂံ-အစိတ်အင်္ဂါသည်၊ အတ္ထိ-ရှိ၏၊ ဣတိ-ထို့ကြောင့်၊ တံ-ထိုအပေါင်းဖြစ်သောကိုယ်သည်၊ အင်္ဂံ-အင်္ဂမည်၏၊ ဤဝိဂြိုဟ်နက်အရ တစ်ကိုယ်လုံးကို အင်္ဂဟု ခေါ်၏၊ အင်္ဂဿ+ဝိကာရော အင်္ဂဝိကာရော၊ အပေါင်းဖြစ်သော ကိုယ်၏ ဖောက်ပြန်ခြင်း၊ အပေါင်းတစ်ကိုယ်လုံး၏ ဖောက်ပြန်ချို့ယွင်း မှုကို အကြင် ကိုယ်အင်္ဂါ အစိတ်အပိုင်းဖြင့် မှတ်သားရ၏၊ ထိုကိုယ်အင်္ဂါ အစိတ်အပိုင်းကို “အင်္ဂဝိကာရလက္ခဏ”ဟု ခေါ်၏။ [အင်္ဂဝိကာရ=ကိုယ် အင်္ဂါတစ်ခုလုံး၏ ဖောက်ပြန်ချို့ယွင်းမှုကို+လက္ခဏ=မှတ်သားကြောင်း အနက်။]

ပုံစံ။ ။ အက္ခိနာ-မျက်စိဖြင့်၊ ကာဏော-ကန်းသူ၊ ဤပုံစံ၌ ကာဏော အရ ကန်းသူတစ်ယောက်လုံး (တစ်ကိုယ်လုံး) ရ၏၊ ဘာဖြင့် ကန်းသလဲ, ကန်းတဲ့အရာကို သေသေချာချာ မှတ်သားပြစမ်းပါဟုဆိုလျှင် အက္ခိကို ပြရလိမ့်မည်၊ ထို့ကြောင့် အက္ခိနာအရ မျက်စိသည် ထိုကန်းသူကို မှတ်သား၍ ပြောပြကြောင်း ဖြစ်သောကြောင့် လက္ခဏ မည်၏၊ ယခု ကာလ၌လည်း လူတစ်ယောက် မထင်ရှားလျှင် ထူးခြားသောအမှတ် အသားကို ပြ၍ “မျက်စိတစ်ဖက် ကန်းတဲ့သူလေ, မင်း မသိဘူးလား၊ လက်ကောက်တဲ့ လူလေ, ခြေခွင်တဲ့ လူဟာလေ” စသည်ဖြင့် ပြောလေ့ ရှိကြသည်။

ရုပ်တွက်။ ။ အက္ခိနာကို “အက္ခိ”တည်, ဖြင့်ဟူ၍ အနက်ပေးသော ကြောင့် အင်္ဂဝိကာရလက္ခဏအနက်ကို အလိုရှိရကား ယေနင်္ဂဝိကာရော သုတ်ဖြင့် အင်္ဂဝိကာရလက္ခဏအနက်၌ တတိယာဧကဝုစ် နာဝိဘတ် သက်, အက္ခိနာ ပြီး၏။ [ဣတ္ထမ္ဘူတလက္ခဏကို ရူပသိဒ္ဓိမှာ ရှု။]

ဝိသေသနေ စ- ဝိသေသနအနက် ၌လည်း၊ တတိယာ- တတိယာဝိဘတ်သည်၊ ဟောတိ- ဖြစ်၏။ ဂေါတ္တေန ဂေါတမော နာထော စသည်တည်း။

၂၂။ ဝိသေသီယတိ ဝိသေသိတဗ္ဗံ အနေနာတိ ဝိသေသနံ (အဝုတ္တ ကတ္တုသာဓန)၊ အနေန-ဤအနက်ဖြင့်၊ ဝိသေသိတဗ္ဗံ-အထူးပြုထိုက်သော အနက်ကို၊ ဝိသေသီယတိ-အထူးပြုအပ်၏၊ ဣတိ-ထို့ကြောင့်၊ တံ-ထို အနက်သည်၊ ဝိသေသနံဝိသေသန မည်၏၊ အထူးပြုထိုက်သော အနက် ကို ဝိသေသိတဗ္ဗ (တစ်နည်း) ဝိသေသျဟု ခေါ်သည်၊ ထိုဝိသေသျကို အထူးပြုတတ်သောအနက်ကို ဝိသေသနဟု ခေါ်သည်၊ ထိုဝိသေသနဝိသေသျကို ဟောသောသဒ္ဒါများကိုလည်း (ကာရဏူပစာရအားဖြင့်) ဝိသေသန, ဝိသေသျ ခေါ်ရသည်၊ ဤသုတ်ကား ထို ဝိသေသနအနက်၌ တတိယာဝိဘတ်သက်သော သုတ်တည်း။

ပုံစံ။ ။ နာထော-မြတ်စွာဘုရားသည်၊ ဂေါတ္တေန-အနွယ်တော် အားဖြင့်၊ ဂေါတမော-ဂေါတမ မည်တော်မူ၏၊ ဤ၌ မြတ်စွာဘုရား၏ ဂေါတမဟူသော အမည်တော်သည် အနွယ်တော်အားဖြင့် ရသော အမည် ဖြစ်သည်၊ “အရဟံ”ဟူသော အမည်ကဲ့သို့ ဂုဏ်တော်အားဖြင့်ရသော အမည်မဟုတ်၊ ဤသို့ ဂေါတ္တေနသည် ဂေါတမအမည်တော်ရမှုကို အခြား အကြောင်းတို့မှ ထူးခြားအောင် ပြုတတ်သောကြောင့် ဝိသေသန မည်၏၊ ဂေါတမသဒ္ဒါသည် အထူးပြုအပ်သောကြောင့် ဝိသေသျ မည်၏။ [ဝိသေသနအမျိုးမျိုးကို ကစ္စည်းဘာသာဋီကာမှာ ရှု။]

ရုပ်တွက်။ ။ ဂေါတ္တေနကို “ဂေါတ္တ”တည်, အားဖြင့်ဟူ၍ အနက်ပေး သောကြောင့် ဝိသေသနအနက်ကို အလိုရှိရကား ဝိသေသနေ စသုတ်ဖြင့် ဝိသေသနအနက်၌ တတိယာ ဧကဝုစ် နာဝိဘတ် သက်, နာကို ‌ေ-န ပြု, ခွင်း, ချေ, ကပ်, ဂေါတ္တေန ပြီး၏။

သမ္ပဒါနေ- သမ္ပဒါနကာရက၌၊ စတုတ္ထီ- စတုတ္ထီဝိဘတ်သည်၊ ဟောတိ- ဖြစ်၏။ ဗုဒ္ဓဿ ဒါနံ ဒေတိ စသည်တည်း။

၂၃။ [ဗုဒ္ဓဿ-ဘုရားရှင်အား၊ ဒါနံ-အလှူကို၊ ဒေတိ-ပေးလှူ၏။] ဗုဒ္ဓဿကို ယဿ ဒါတုကာမောသုတ်၌ ဘိက္ခုဿနည်းမှီ၍ ရုပ်တွက်လေ။

နမောယောဂါဒီသွပိ စ- နမောသဒ္ဒါ၏ယှဉ်ရာ အစရှိသည်တို့၌လည်း၊ စတုတ္ထီ- စတုတ္ထီ ဝိဘတ်သည်၊ ဟောတိ- ဖြစ်၏။ နမော တေ ဗုဒ္ဓ ဝီရ.တ္ထု စသည်တည်း။

၂၄။ ဝီရ-ရဲရင့်တော်မူသော၊ ဗုဒ္ဓ-ရှင်တော်ဘုရား၊ တေ-အရှင်မြတ် အား၊ နမော-တပည့်တော်၏ ရှိခိုးခြင်းသည်၊ အတ္ထု-ဖြစ်ပါစေသတည်း၊ “အရှင်ဘုရားအားသာ တပည့်တော်၏ ရှိခိုးခြင်းသည် ဖြစ်ပါစေ, အခြား သူအား မဖြစ်စေလိုပါ, အရှင်ဘုရားကိုသာ ရှိခိုးပါ၏” ဟူလို။

ရုပ်တွက်။ ။ တေကို “တုမှ”တည်, နမော ယောဂါဒီသွပိ စသုတ်ဖြင့် နမောသဒ္ဒါ၏ယှဉ်ရာ တုမှသဒ္ဒါနောင် စတုတ္ထီဧကဝုစ် သဝိဘတ်သက်, တေမေကဝစနေသု စသုတ်ဖြင့် ဝိဘတ်နှင့်တကွ တုမှကို တေပြု, ပြီး၏။

အပါဒါနေ- အပါဒါနကာရက၌၊ ပဉ္စမီ- ပဉ္စမီဝိဘတ်သည်၊ ဟောတိ- ဖြစ်၏။ အဗ္ဘာ မုတ္တော၀ စန္ဒိမာ စသည်တည်း။

၂၅။ [အဗ္ဘာ-တိမ်တိုက်မှ၊ မုတ္တော-လွတ်သော၊ စန္ဒိမာဣဝ-လကဲ့သို့၊] အဗ္ဘာကို “အဗ္ဘ”တည်, ဒူရ န္တိက စသောသုတ်ဖြင့် အပါဒါန်မှည့်, ဤ သုတ်ဖြင့် သ္မာဝိဘတ်သက်, -ါ ပြု။

ကာရဏတ္ထေ စ- ကာရဏအနက် ၌လည်း၊ ပဉ္စမီ- ပဉ္စမီဝိဘတ်သည်၊ ဟောတိ- ဖြစ်၏။ စတုန္နံ အရိယသစ္စာနံ အနနုဗောဓာ အပ္ပဋိဝေဓာ ယထာဘူတံ အဒဿနာ သန္ဓာဝိတံ စသည်တည်း။

၂၆။ စတုန္နံ-လေးပါးကုန်သော၊ အရိယသစ္စာနံ-အရိယသစ္စာတို့ကို၊ အနနုဗောဓာ-လျော်စွာမသိခြင်းကြောင့်၊ အပ္ပဋိဝေဓာ-ထိုးထိုးထွင်းထွင်း မသိခြင်းကြောင့်၊ ယထာဘူတံ-ဟုတ်တိုင်းမှန်စွာ၊ အဒဿနာ-မမြင်ခြင်း ကြောင့်၊ သန္ဓာဝိတံ-ပြေးသွားအပ်ခဲ့လှလေပြီ။

ရုပ်တွက်။ ။ အနနုဗောဓာကို “အနနုဗောဓ”တည်, ကြောင့်ဟူ၍ အနက်ပေးသောကြောင့် ကာရဏတ္ထေ စသုတ်ဖြင့် ကာရဏအနက်၌ ပဉ္စမီ ဧကဝုစ် သ္မာသက်, -ါ ပြု, မ် ခွင်း, ချေ, ကပ်, အနနုဗောဓာ ပြီး၏။ [အပ္ပဋိဝေဓာ, အဒဿနာ တို့ကိုလည်း တွက်လေ။]

ကမ္မတ္ထေ- အဝုတ္တကံအနက်၌၊ ဒုတိယာ- ဒုတိယာဝိဘတ်သည်၊ ဟောတိ- ဖြစ်၏။ ဂါဝံ ဟနတိ စသည်တည်း။

၂၇။ ဝုတ္တကံအနက်ကို အာချာတ် ကိတ်ကြိယာတို့က ဟောအပ်သည် ဖြစ်၍ ထိုဝုတ္တကံအနက်၌ နာမ်ဝိဘတ် သက်ဖို့မလို၊ ထို့ကြောင့် ဤ သုတ်က အဝုတ္တကံအနက်၌သာ ဒုတိယာဝိဘတ် သက်ရသည်။ [ဂါဝံနွားကို၊ ဟနတိ-သတ်၏၊ ကြိယာဝိသေသနအကြောင်းကို ရူပသိဒ္ဓိမှာရှု၊၊]

ရုပ်တွက်။ ။ ဂါဝံကို “ဂေါ”တည်, ယံ ကရောတိ တံ ကမ္မံသုတ်ဖြင့် ဂေါကို ကံအမည်မှည့်, ကိုဟူ၍အနက်ပေးသောကြောင့် ကမ္မတ္ထေ ဒုတိယာ သုတ်ဖြင့် ကံအနက်၌ ဒုတိယာဧကဝုစ် -ံ ဝိဘတ်သက်, အဝံမှိ စသုတ်ဖြင့် စီရင်လေ။

ကာလဒ္ဓါနံ- ကာလ အဓွန့်တို့၏၊ အစ္စန္တသံယောဂေ- ဒြဗ် ဂုဏ် ကြိယာတို့နှင့်မပြတ် ယှဉ်ရာ၌၊ ဒုတိယာ- ဒုတိယာဝိဘတ်သည်၊ ဟောတိ- ဖြစ်၏။ မာသံ မံသောဒနော စသည်တည်း။

၂၈။ အစ္စန္တကို “အတိ+အန္တ”ဟု ပုဒ်ဖြတ်၊ အန္တံ အတိက္ကန္တံ အစ္စန္တံ” (အဗျယီဘောသမာသ်)၊ အန္တံ-အပိုင်းအခြားကို၊ အတိက္ကန္တံ-လွန်သည် တည်း၊ အစ္စန္တံ-အပိုင်းအခြားကို လွန်သည်၊ အကြားအကြား၌ ပိုင်းခြား ကန့်သတ် ပြတ်နေခြင်းမရှိဘဲ တစ်ဆက်တည်းနေခြင်းကို “အစ္စန္တ”ဟု ခေါ်၏၊ ထို့ကြောင့် “အစ္စန္တံ၊ မပြတ်”ဟု အဓိပ္ပာယ်နက်ဆိုကြသည်၊ အစ္စန္တံအပိုင်းအခြားကို လွန်၍၊ ဝါ-မပြတ်၊ သံယောဂေါ-ယှဉ်ခြင်းသည်၊ အစ္စန္တ သံယောဂေါ-အစ္စန္တသံယောဂ မည်၏။

အစ္စန္တသံယောဂအပြား။ ။ ထိုအစ္စန္တသံယောဂသည် ကာလအစ္စန္တ သံယောဂ, အဒ္ဓါအစ္စန္တသံယောဂဟု ၂ မျိုးရှိ၏၊ “ယှဉ်ခြင်း”ဟု ဆိုရာ၌ “ဘာနှင့်ယှဉ်သနည်း”ဟု မေးလျှင် “ဒြဗ် ဂုဏ် ကြိယာ ၃ မျိုးတွင် တစ်မျိုး မျိုးနှင့် ယှဉ်သည်”ဟု ဖြေ၊ ထို့ကြောင့် ဒဗ္ဗအစ္စန္တသံယောဂ, ဂုဏအစ္စန္တ သံယောဂ, ကြိယာအစ္စန္တသံယောဂဟု ၃ မျိုး ပြားပြန်၏၊ အရင်းခံ ကာလ အဒ္ဓါ ၂ မျိုးကို ဒဗ္ဗ ဂုဏ ကြိယာ ၃ မျိုးဖြင့် မြှောက်လျှင် အစ္စန္တသံယောဂ ၆ မျိုးပြား၏၊ ထိုအစ္စန္တသံယောဂဖြစ်သော ကာလ အဒ္ဓပုဒ်နောင် ဤသုတ်က ဒုတိယာဝိဘတ် သက်သည်။ [ကာလ၊ အခါ၊ အဒ္ဓါ=ခရီးအဓွန့်၊၊]

ကာလဒဗ္ဗအစ္စန္တသံယောဂ။ ။ “မာသံ မံသောဒနော” မာသံ-တစ်လ ပတ်လုံး၊ မံသောဒနော-အသားရောပြွမ်း, ဒံပေါက်ဆွမ်းပေါ၏၊ ဤ၌ သားပြွမ်းထမင်းဟူသည် အထည်ဒြဗ်တည်း၊ ထိုသားပြွမ်းထမင်းဒြဗ်၏ တစ်လလုံးလုံး ဆက်ကာ ဆက်ကာ ပေါများနေသောကြောင့် မာသံသည် ကာလဒဗ္ဗအစ္စန္တသံယောဂမည်၏၊ “သားပြွမ်းထမင်းဒြဗ်နှင့်မပြတ်ယှဉ်ရာ တစ်လအချိန်အခါ” ဟူလို။ [“တစ်လလုံးလုံး” စသော စကားသုံးကို ကြည့်၍ “ပတ်လုံး”ဟု အနက်သုံးကြသည်။]

အဒ္ဓါဒဗ္ဗအစ္စန္တသံယောဂ။ ။ ယောဇနံ ဝနရာဇိ၊ ယောဇနံ-တစ်ယူဇနာ တိုင်တိုင် (တစ်ယူဇနာတိုင်အောင်)၊ ဝနရာဇိ-တောတန်း တည်၏၊ တောတန်းဟူသည် တောတန်းဒြဗ်တည်း၊ ထိုတောတန်းဒြဗ်နှင့်တစ်ယူဇနာ အတွင်းမှာ အကြားမပြတ်ဘဲ ယှဉ်သောကြောင့် ယောဇနံသည် အဒ္ဓါဒဗ္ဗ အစ္စန္တသံယောဂ မည်၏။ [“တိုင်တိုင်-တိုင်အောင်”ဟု အနက်သုံးစွဲရိုး ပြုသည်၊ ဂုဏကြိယာအစ္စန္တသံယောဂပုံစံများကို ရူပသိဒ္ဓိမှာ ရှု။]

ရုပ်တွက်။ ။ မာသံကို “မာသ”တည်, ပတ်လုံးဟူ၍ အနက်ပေးသော ကြောင့် အစ္စန္တသံယောဂ အနက်ကို အလိုရှိရကား ကာလဒ္ဓါန.မစ္ဆ န္တ သံယောဂေသုတ်ဖြင့် အစ္စန္တသံယောဂအနက်၌ ဒုတိယာ ဧကဝုစ် -ံ ဝိဘတ်သက်, သ် ခွင်း, ချေ, ကပ်, မာသံ ပြီး၏။ [ယောဇနံကိုလည်း တိုင်တိုင်ဟူ၍ အနက်ပေးသောကြောင့်ဟု ဆို၍ ဤနည်းအတိုင်းတွက်၊၊]

ကမ္မပ္ပဝစနီယယုတ္တေ- ကမ္မ ပ္ပဝစနီယ အမည်ရသော ဥပသာရပုဒ် နိပါတ်ပုဒ်တို့နှင့် ယှဉ် လတ်သော်၊ ဒုတိယာ- ဒုတိယာဝိဘတ်သည်၊ ဟောတိ- ဖြစ်၏။ ပဗ္ဗဇိတမနု ပဗ္ဗဇိံသု စသည်တည်း။

၂၉။ ကမ္မပ္ပဝစနီယဟူသောအမည်သည် သက္ကတကျမ်းတို့၌လာသော နာမည်တစ်မျိုးတည်း၊ ထို့ကြောင့် ပရိ ပတိ အနု အဘိ ဥပသာရပုဒ်, ဓီ ဟူသော နိပါတ်ပုဒ်များကို ပရသမညာ ပယောဂေသုတ်ဖြင့် ကမ္မပ္ပဝစနီယ အမည်မှည့်၍ ထိုကမ္မပ္ပဝစနီယအမည်ရသော ပုဒ်တို့နှင့် ယှဉ်ရာပုဒ်၌ ဤသုတ်က ဒုတိယာဝိဘတ်သက်သည်၊ ကမ္မပ္ပဝစနီယ အဆုံးအဖြတ်မှာ အခြေပြုဉာဏ်နှင့် မသက်ဆိုင်သေး၊ ပဗ္ဗဇိတံ အနု-ဘုရားအလောင်း ရဟန်းပြုလတ်သော်၊ ပဗ္ဗဇိံသု-ရဟန်းပြုကြကုန်ပြီ။

ရုပ်တွက်။ ။ ပဗ္ဗဇိတံကို “ပဗ္ဗဇိတ”တည်, ကမ္မပ္ပဝစနီယယုတ္တေသုတ် ဖြင့် အနုဟူသော ကမ္မပ္ပဝစနီယ၏ယှဉ်ရာ ပဗ္ဗဇိတသဒ္ဒါနောင် ဒုတိယာ ဧကဝုစ် -ံ ဝိဘတ်သက်, တ် ခွင်း, ချေ, ကပ်, ပဗ္ဗဇိတံ ပြီး၏။

အမှာ။ ။ “ကမ္မပ္ပဝစနီယနှင့်ယှဉ်သည်”ဟု ဆိုရာ၌ ပုဒ်ချင်း ယှဉ်စပ် နေမှ “အယှဉ်”ဟု မမှတ်ရ, ပုဒ်ချင်းဝေးသော်လည်း အနက်သဘော အားဖြင့် ဆက်သွယ်နေလျှင် “အယှဉ်”ဟုပင် ဆိုရသည်၊ ထို့ကြောင့် “တံ ခေါ ပန ဘဂဝန္တံ ဂေါတမံ ဧဝံ ကလျာဏော ကိတ္တိသဒ္ဒေါ အဗ္ဘုဂ္ဂတော” ဝါကျ၌ အဘိနှင့် ပုဒ်ချင်း ဝေးသော်လည်း “တံ ဘဂဝန္တံ ဂေါတမံ” ကို “ကမ္မပ္ပဝစနီယနှင့်ယှဉ်သည်”ဟု ဆိုနိုင်သည်။

ဂတိဗုဒ္ဓိဘုဇပဌဟရကရသယာဒီနံ- သွားခြင်း, သိခြင်း, စားခြင်း, ရွတ်ဆိုခြင်းအနက်ရှိသောဓာတ်, ဟရဓာတ်, ကရဓာတ်, သီအစရှိ သော အကမ္မကဓာတ်တို့၏၊ ကာရိတေ- ကာရိတ်ပစ္စည်းနှင့်ယှဉ် လတ်သော်၊ ကမ္မနိ- ကံအနက်၌၊ ဒုတိယာ- ဒုတိယာဝိဘတ်သည်၊ ဝါ- ဝိကပ်အားဖြင့်၊ ဟောတိ- ဖြစ်၏။ သာမိကော ဒါသံ ဒါသေန ဒါသဿ ဝါ ဂါမံ ဂမယတိ စသည်တည်း။

၃၀။ ဤသုတ်ကား ဂတိအနက်ရှိသော ဓာတ်စသည်တို့ ကာရိတ် ပစ္စည်းနှင့်ယှဉ်သည့်အခါ ကာရိတ်ကံ၌ ဒုတိယာဝိဘတ်ကို ဝိကပ်အားဖြင့် သက်ရမည်ဟု ပြသောသုတ်တည်း၊ “သာမိကော ဒါသံ ဂါမံ ဂမယတိ”၌ ဒါသံကား ဒုတိယာဝိဘတ်သက်ထားသော ပုံစံတည်း၊ ဒုတိယာဝိဘတ် မသက်သောအခါ ကတ္တရိ စသုတ်၌ စသဒ္ဒါဖြင့် တတိယာဖြစ်စေ, ဒုတိယာ ပဉ္စမီနဉ္စသုတ်ဖြင့် ဆဋ္ဌီဝိဘတ်ဖြစ်စေ သက်ရမည်၊ ဒါသေန, ဒါသဿတို့ ကား တတိယာဝိဘတ်နှင့် ဆဋ္ဌီဝိဘတ်သက်ထားသော ပုံစံများတည်း၊ ဟတတိယာနှင့် ဆဋ္ဌီကို တချို့က ကံအနက်၌, တချို့က ကတ္တားအနက်၌ သက်၏ဟု ဝါဒကွဲသည်။]

မှတ်ချက်။ ။ ဤသုတ်၌ ဂတိဖြင့် ဂမုဓာတ်တစ်ခုသာမက, ဂတိ အနက်ရှိသော (ဓာတ်နက်ဆိုရာ၌ “ဂတိမှိ”ဟု ဆိုရသော) ဓာတ်များကို ယူ၊ ဗုဒ္ဓိ ဘုဇ ပဌတို့ဖြင့်လည်း သိခြင်း စားခြင်း ရွတ်ဆိုခြင်းအနက်ရှိသော ဓာတ်အားလုံးကို ယူ၊ သယဖြင့်လည်း သီအစရှိသော အကမ္မက (ကံမရှိ သော)ဓာတ်များကို ယူ၊ ဤသုတ်၌ ပြအပ်သော ဓာတ်တို့၏ ကာရိတ်ကံ၌ ဒုတိယာ အမြဲမဟုတ်သောကြောင့် တတိယာ ဆဋ္ဌီများလည်း သက်ရသည်၊ ပုံစံကို နောင်ခါ သိလတ္တံ့။

အမှာ။ ။ ဤသုတ်၌ ပြအပ်သော ဓာတ်မှတစ်ပါးသော ဓာတ်တို့ဝယ် ကာရိတ်ပစ္စည်းနှင့်ယှဉ်ရာ၌ ဒုတိယာ မသက်ရ, ဓာတ်ကတ္တားအနေအား ဖြင့် တတိယာသက်စေလို၏၊ သို့သော် ပိဋကတော်မှာ ဤသုတ်အဆိုတွင် မပါဝင်သော ဓာတ်တို့၏ ကာရိတ်ပစ္စည်းနှင့် ယှဉ်ရာ၌လည်း ဒုတိယာ ရှိသည်ဟု ဆရာတို့ မိန့်ကြသည်။

ရုပ်တွက်။ ။ ဒါသံကို “ဒါသ”တည်, ကိုဟူ၍ အနက်ပေးသောကြောင့် ယံ ကရောတိ တံ ကမ္မံသုတ်ဖြင့် ဒါသကို ကံအမည်မှည့်, ဂတိဗုဒ္ဓိဘုဇပဌ ဟရကရသယာဒီနံ ကာရိတေ ဝါသုတ်ဖြင့် ဒုတိယာ ဧကဝုစ် -ံ ဝိဘတ် သက်, သ် ခွင်း, ချေ, ကပ်, ဒါသံ ပြီး၏။ [ဒါသေန, ဒါသဿတို့ကား ဤသုတ်အရာ မဟုတ်။]

သာမိသ္မိံ- သာမီအနက်၌၊ ဆဋ္ဌီ- ဆဋ္ဌီ ဝိဘတ်သည်၊ ဟောတိ- ဖြစ်၏။ တဿ ဘိက္ခုနော ပတ္တော စသည်တည်း။

၃၁။ တဿ ဘိက္ခုနော-ထိုရဟန်း၏၊ ပတ္တော-သပိတ်၊ ဤ၌ တဿ ဘိက္ခုနောကား ဥစ္စာရှင်ဖြစ်သောကြောင့် “သာမီ”တည်း၊ ပတ္တောကား ဥစ္စာဖြစ်သောကြောင့် “သံ”တည်း၊ တဿ ဘိက္ခုနောနှင့် ပတ္တောတို့၏ “သာမီ-သံ”အဖြစ်ဖြင့် ဆက်စပ်ခြင်း (တော်စပ်ခြင်း)ကို သမ္ဗန်ဟု ခေါ်၏၊ ထိုသမ္ဗန်အနက်၌သာ ဆဋ္ဌီဝိဘတ် သက်ရ၏၊ သို့သော် သာမီပုဒ်နောင် သက်ရသောကြောင့် သက်ရာပုဒ်ကို စွဲ၍ “သာမိသ္မိံ-သာမီအနက်၌”ဟု ဆိုရလေသည်။ [ရုပ်တွက်ပုံကို ယဿ ဝါ ပရိဂ္ဂဟော တံ သာမီသုတ်၌ ပြခဲ့ပြီ။]

သြကာသေ- သြကာသကာရက ၌၊ သတ္တမီ- သတ္တမီဝိဘတ်သည်၊ ဟောတိ- ဖြစ်၏။ ဂမ္ဘီရေ သြဒကန္တိကေ, ပါပသ္မိံ ရမတိ မနော စသည်တည်း။

၃၂။ ဂမ္ဘီရေ-နက်သော၊ သြဒကန္တိကေ-ရေ၏အနီးဖြစ်သော တွင်း၌၊ နိဓိံ-ရွှေအိုးကို၊ နိဓေတိ-မြှုပ်၏၊ (ခုဒ္ဒကပါဌ, နိဓိကဏ္ဍပါဠိတော်၊ ရှေးက အနက်ပေး မှား၏၊) ပါပသ္မိံ-မကောင်းမှု၌၊ မနော-စိတ်သည်၊ ရမတိမွေ့လျော်၏၊ ဂမ္ဘီရ, သြဒကန္တိက, ပါပ တည်၍ ၃ ရုပ်လုံး ယော ဓာရော တမောကာသံသုတ်၌ တွက်ခဲ့သည့်အတိုင်း ရုပ်တွက်လေ။

၃၃။ ဤသုတ်ကား သာမီသဒ္ဒါစသည်တို့နှင့်ယှဉ်ရာပုဒ်၌ ဆဋ္ဌီ သတ္တမီ ဝိဘတ် ၂ မျိုးသက်သုတ်တည်း၊ ဂေါဏာနံ-နွားတို့၏၊ သာမီ-အရှင်တည်း၊ ဂေါဏေသု-နွားတို့၌၊ သာမီ-အရှင်တည်း၊ ဂေါဏာနံ ဂေါဏေသု ဣဿရော, အဓိပတိ, ဒါယာဒေါ, သက္ခိ, ပတိဘူ, ပသုတော, ကုသလော ဟူသည်တည်း၊ ဣဿရော-အစိုးရသူတည်း၊ အဓိပတိ-အရှင်တည်း၊ ဒါယာဒေါ-အမွေခံဆွေမျိုးတည်း၊ သက္ခိ-မျက်မှောက်တည်း၊ ပတိဘူ-ဝန်ခံ တည်း၊ ပသုတော-မွေးဖွားသောသားတည်း၊ ကုသလော-လိမ်မာသော ဆရာတည်း။

သာမိဿရာ.ဓိပတိဒါယာဒသက္ခိပတိဘူ ပသုတကုသလေဟိ စ- သာမီ, ဣဿရ, အဓိပတိ, ဒါယာဒ, သက္ခိ, ပတိဘူ, ပသုတ, ကုသလသဒ္ဒါတို့နှင့်လည်း၊ ယောဂေ- ယှဉ်ရာ၌၊ ဆဋ္ဌီ- ဆဋ္ဌီဝိဘတ်သည်လည်းကောင်း၊ သတ္တမီ- သတ္တမီ ဝိဘတ်သည်လည်းကောင်း၊ ဟောတိ- ဖြစ်၏။ ဂေါဏာနံ သာမီ, ဂေါဏေသု သာမီ စသည်တည်း။

ရုပ်တွက်။ ။ ဂေါဏာနံကို “ဂေါဏ”တည်, သာမိဿရာ.ဓိပတိဒါယာဒ သက္ခိပတိဘူပသုတကုသလေဟိ စသုတ်ဖြင့် ဆဋ္ဌီဗဟုဝုစ် နံဝိဘတ်သက်, ဏ၏အစိတ် ၊ ကို -ါ ဒီဃပြု, ဂေါဏာနံ ပြီး၏။ [ဂေါဏေသု၌ ဤသုတ်ဖြင့် သုဝိဘတ် သက်။]

၃၄။ နိဒ္ဓါရဏအနက်၌ ဆဋ္ဌီ သတ္တမီဝိဘတ်သက်သော သုတ်တည်း၊ နီဟရိတွာ ဓာရဏံ နိဒ္ဓါရဏံ၊ နီဟရိတွာ-ထုတ်၍၊ ဓာရဏံ-ဆောင်ခြင်း သည်၊ နိဒ္ဓါရဏံ-နိဒ္ဓါရဏ မည်၏၊ အများပေါင်းထားသည့်အထဲမှ ဇာတ်, ဂုဏ်, ကြိယာ (၃ မျိုးတွင်) တစ်မျိုးမျိုးကို စွဲ၍ သီးခြားထုတ်ခြင်းကို နိဒ္ဓါရဏဟု ခေါ်သည်၊ ဂါဝီနံ-နွားမတို့တွင် (ဂါဝီသု-နွားမတို့တွင်၊) ကဏှာ-နွားနက်မသည်၊ သမ္ပန္နခီရတမာ-အလွန်ချိုသော နို့ရည်ရှိ၏။

နိဒ္ဓါရဏေ စ- နိဒ္ဓါရဏအနက်၌လည်း၊ ဆဋ္ဌီသတ္တမိယော- ဆဋ္ဌီဝိဘတ်, သတ္တမီဝိဘတ်တို့သည်၊ ဟောန္တိ- ဖြစ်ကုန်၏။ ကဏှာ ဂါဝီနံ သမ္ပန္နခီရတမာ, ကဏှာ ဂါဝီသု သမ္ပန္နခီရတမာ စသည်တည်း။

ဤပုံစံ၌ အဖြူ အနီ အနက် စသော နွားမအမျိုးမျိုးထဲမှ နက်သော နွားမတစ်မျိုးကို ခွဲထုတ်ခြင်းသည် နိဒ္ဓါရဏမည်၏၊ ဇာတိနိဒ္ဓါရဏစသော အပြားနှင့် နိဒ္ဓါရဏသမုဒါယ စသော ခွဲခြားချက်ကို ရူပသိဒ္ဓိဘာသာဋီကာ မှာ ရှု၊ မှတ်နှင့်ရန်ကား…

[ဆောင်]၁။ ခွဲထုတ်ဖို့ရာ, အပေါင်းမှာ, မှတ်ပါ နိဒ္ဓါရဏသမုဒါယ။ ၂။ ခွဲထုတ်အပ်ငြား, အစိတ်များ, မှတ်သား နိဒ္ဓါရဏိယ။ ၃။ ခွဲထုတ်ဖို့ရန်, အကြောင်းခံ, မှတ်ရန် နိဒ္ဓါရဏဟေတုပြ။ ၄။ ခွဲ၍ထုတ်ခြင်း, သရုပ်သွင်း, မယွင်း နိဒ္ဓါရဏ။ ရုပ်တွက်။ ။ ဂါဝီနံကို “ဂါဝီ”တည်, တို့တွင်ဟူ၍ အနက်ပေးသော ကြောင့် နိဒ္ဓါရဏအနက်ကို အလိုရှိရကား နိဒ္ဓါရဏေ စသုတ်ဖြင့် နိဒ္ဓါရဏ အနက်၌ ဆဋ္ဌီဗဟုဝုစ် နံဝိဘတ်သက်, ဂါဝီနံ ပြီး၏။ [သုဝိဘတ်သက်လျှင် ဂါဝီသု ဟု ဖြစ်၏။]

အနာဒရေ စ- အနာဒရကြိယာကို လည်း၊ ဂမျမာနေ- သိအပ်သည်ရှိသော်၊ အနာဒရိယတော- အနာဒရိယလိန်မှ နောက်၌၊ ဆဋ္ဌီသတ္တမီယော- ဆဋ္ဌီဝိဘတ်, သတ္တမီဝိဘတ်တို့သည်၊ ဟောန္တိ- ဖြစ်ကုန်၏။ ရုဒတော ဒါရကဿ ပဗ္ဗဇိ ပိတာ, ရုဒတိ ဒါရကေ ပဗ္ဗဇိ ပိတာ စသည်တည်း။

၃၅။ န+အာဒရော အနာဒရော၊ အာဒရော-အလေးပြုခြင်း, ဂရုစိုက် ခြင်းသည်၊ န- မဟုတ်၊ အနာဒရော- အလေးမပြုခြင်း, ဂရုမစိုက်ခြင်း၊ တစ်ဝါကျတည်း၌ ကြိယာ၂ ခုရှိရာဝယ် ရှေ့ကြိယာသည် နောက်ကြိယာ၏ အမှတ်အသားလည်း ဖြစ်၏၊ နောက်ကြိယာ၏ဖြစ်မှုကို စဉ်းစားကြည့်လျှင် အလေးမပြု ဂရုမစိုက်သောသဘောလည်း ပါနေ၏၊ ထို နောက်ကြိယာကို အနာဒရဟု ခေါ်သည်။

ပုံစံ။ ။ ဒါရကဿ-သားကလေးသည်၊ ရုဒတော-ငိုနေစဉ်၊ (ဒါရကေသည်၊ ရုဒတိ-ငိုနေစဉ်)၊ ပိတာ-အဘသည်၊ ပဗ္ဗဇိ-ရဟန်းပြု၏၊ မြန်မာလို “သားကလေး ငိုနေတုန်း, အဖေ ရဟန်းပြုသွားသည်”ဟူလို၊ ဤပုံစံ၌ ငိုခြင်းကြိယာ, ရဟန်းပြုခြင်းကြိယာဟု ကြိယာ၂ ခု ရှိ၏၊ ငိုခြင်းကြိယာ သည် ရဟန်းပြုခြင်းကြိယာ၏ အမှတ်အသားလည်း ဟုတ်၏၊ ရဟန်း ပြုခြင်းကြိယာကို စဉ်းစားကြည့်လျှင် အဖေသည် သားကလေး ငိုနေမှုကို မငဲ့ မရှု ဂရုမစိုက်ကြောင်း ထင်ရှား၏၊ ဤကဲ့သို့ ရှေ့ကြိယာဖြင့် နောက် ကြိယာကို မှတ်သား၍ အလေးမပြု ဂရုမစိုက်ခြင်းသဘောပါသော အရာ ကိုသာ အနာဒရ ဆိုရမည်။

ထိုကဲ့သို့ အနာဒရသဘောမပါဘဲ ကြိယာ၂ ခု ပြိုင်တူဖြစ်နေသော အရာကို မြန်မာလို “စဉ်”ဟု အနက်ဆိုကြသော်လည်း အနာဒရမဟုတ်၊ ဘဂဝါ ဇေတဝနေ ဝိဟရန္တော ကထေသိ၊ ဘဂဝါ-မြတ်စွာဘုရားသည်၊ ဇေတဝနေ-ဇေတဝန်တိုက်တော်၌၊ ဝိဟရန္တော-နေတော်မူလတ်သော်၊ ဝါနေတော်မူစဉ်, နေတော်မူခိုက်, နေတော်မူတုန်း၊ ကထေသိ-ဟောတော်မူပြီ၊ ဤပုံစံ၌ နေခြင်းကြိယာ, ဟောခြင်းကြိယာ၂ မျိုး ပြိုင်၏၊ နေခြင်းကြိယာ သည် ဟောခြင်းကြိယာ၏ အမှတ်အသား ဖြစ်၏၊ မလေးစားသော အနာဒရသဘော မပါသောကြောင့် အနာဒရကား မဟုတ်၊ ယခုကာလ၌ ကြိယာ၂ ခု ပြိုင်တူဖြစ်၍ “စဉ်”ဟု အနက်ဆိုရသမျှကို အနာဒရဟု ယူကြသည်။

အနက် ၄ ပါး ခွဲခြားချက်။ ။ “အနာဒရ-အနာဒရဝန္တ-အနာဒရိယ-အနာဒရိယဝန္တ, ဤလေးဝ, တကွ ရှိစမြဲ”နှင့်အညီ အနာဒရနှင့်စပ်၍ ၄ မျိုးသော အနက်ကို မှတ်အပ်၏၊ ရုဒတော ဒါရကဿ ပဗ္ဗဇိ ပိတာ၊ ဤပုံစံ၌ ပဗ္ဗဇိသည် ဂရုမစိုက်ခြင်းသဘောပါသောကြောင့် အနာဒရတည်း၊ ပိတာကား အနာဒရကြိယာရှိသောကြောင့် အနာဒရဝန္တတည်း၊ (ဂုဏ်ရှိ သူကို ဂုဏဝန္တ ခေါ်သကဲ့သို့တည်း၊) ရုဒတောသည် ဂရုမစိုက်အပ်သော ကြိယာဖြစ်၍ အနာဒရိယတည်း၊ ဒါရကဿကား ထိုအနာဒရိယကြိယာ ရှိသောကြောင့် အနာဒရိယဝန္တတည်း၊ ဤသို့ အနာဒရဆိုင်ရာတိုင်းမှာ ၄ မျိုး ခွဲခြားထား၏။

ဆက်ဦးအံ့ … အနာဒရကြိယာ၏ ကံ ကတ္တားကို အနာဒရဝန္တ, အနာဒရိယကြိယာ၏ ကံ ကတ္တားကို အနာဒရိယဝန္တဟုမှတ်၊ ဒါရကဿ၌ ဆဋ္ဌီဝိဘတ် သက်ထားသော်လည်း “ရုဒတော”အရ ရောဒနကြိယာ၏ ကတ္တားဖြစ်သောကြောင့် “သည်”ဟု ကတ္တားအနက်ပေးရသည်၊ ဒါရကေ ၌လည်း နည်းတူ၊ ဤခွဲပြချက်ကို ကြည့်လျှင် ဆဋ္ဌီဝိဘတ်သည် အနာဒရ ကြိယာနောင် မသက်, အနာဒရိယနောင်သာ သက်သည်ကို တွေ့ရမည်၊ သို့အတွက် “အနာဒရေ-အနာဒရကြိယာကို၊ ဂမျမာနေ-သော်၊ အနာဒရိ ယတော-အနာဒရိယလိန်မှ နောက်၌”ဟု သုတ်နက်ဆိုရသည်။

ရုပ်တွက်။ ။ ရုဒတောကို “ရုဒန္တ”တည်, စဉ်ဟူ၍ အနက်ပေးရသော ကြောင့် အနာဒရေ စသုတ်ဖြင့် ရုဒန္တနောင် ဆဋ္ဌီဧကဝုစ် သဝိဘတ်သက်, သေသေသု န္တုဝသုတ်ဖြင့် န္တကို န္တုကဲ့သို့ စီရင်လေဟု ညွှန်ပြသောကြောင့် တောတိတာ သသ္မိံနာသု သုတ်ဖြင့် ဝိဘတ်နှင့်တကွ န္တကို တောပြု, ရုဒတော ပြီး၏။ [ရုဒတိ၌ ဤသုတ်ဖြင့် သ္မိံဝိဘတ်သက်၍ တောတိတာ သသ္မိံနာသုသုတ်ဖြင့် သ္မိံဝိဘတ်နှင့်တကွ န္တကို တိပြုလေ။]

အမှာ။ ။ ပဓာနပုဒ်ကို ယူလျှင် အပဓာနပုဒ်များသည်လည်း ယူပြီး ဖြစ်သောကြောင့် ရုဒတော ရုဒတိဟူသော ပဓာနပုဒ်နှင့် အတူ ဒါရကဿ ဒါရကေဟူသော အပ္ပဓာနပုဒ်၌လည်း ဤသုတ်ဖြင့်ပင် ဝိဘတ်သက်ရသည်။

ဆဋ္ဌီနံ- ဆဋ္ဌီဝိဘတ်တို့၏၊ အတ္ထေ- အနက်၌၊ ကွစိ- အချို့အရာ၌၊ ဒုတိယာ- ဒုတိယာဝိဘတ် သည်၊ ဟောတိ- ဖြစ်၏။ အပိဿု မံ အဂ္ဂိဝေဿန တိဿော ဥပမာ ပဋိဘံသု စသည်တည်း။

၃၆။ ဆဋ္ဌီဝိဘတ်၏ “၏”ဟူသော အနက်၌ ဒုတိယာဝိဘတ် သက်ရ သော သုတ်တည်း၊ အဂ္ဂိဝေဿန- အဂ္ဂိဝေဿန၊ အပိဿု- စင်စစ်၊ တိဿော-၃ မျိုးကုန်သော၊ ဥပမာ-ဥပမာတို့သည်၊ မံ-ငါ၏(ဉာဏ်၌)၊ ပဋိဘံသု-ထင်လာကုန်ပြီ။

ရုပ်တွက်။ ။ မံကို “အမှ”တည်, ၏ဟူ၍ အနက်ပေးသောကြောင့် သာမီအနက်ကို အလိုရှိရကား ကွစိ ဒုတိယာဆဋ္ဌီန.မတ္ထေသုတ်ဖြင့် ဆဋ္ဌီ အနက်၌ ဒုတိယာ ဧကဝုစ် အံဝိဘတ်သက်, တံမမံမှိသုတ်ဖြင့် အံဝိဘတ် နှင့်တကွ အမှသဒ္ဒါကို မံ ပြု, ပြီး၏။

တတိယာသတ္တမီနံ- တတိယာ သတ္တမီဝိဘတ်တို့၏၊ အတ္ထေ စ- ၌လည်း၊ ကွစိ- ၌၊ ဒုတိယာ- ဒုတိယာဝိဘတ်သည်၊ ဟောတိ- ဖြစ်၏။ သစေ မံ သမဏော ဂေါတမော အာလပိဿတိ, ပုဗ္ဗဏှသမယံ, ဧကံ သမယံ စသည်တည်း။

၃၇။ “နှင့်”ဟု ဆိုရသော တတိယာဝိဘတ်၏အနက်, “၌”ဟု ဆိုရ သော သတ္တမီဝိဘတ်၏အနက်များဝယ် ဒုတိယာဝိဘတ်သက်သောသုတ် တည်း၊ သမဏော ဂေါတမော-ရဟန်းဂေါတမသည်၊ မံ-ငါနှင့်၊ သစေ အာလပိဿတိ-အကယ်၍ စကားပြောအံ့၊ ပုဗ္ဗဏှသမယံ-နံနက်အခါ၌၊ ဧကံ-တစ်ပါးသော၊ သမယံ-အခါ၌။

ရုပ်တွက်။ ။ မံကို “အမှ”တည်, နှင့်ဟူ၍ အနက်ပေးသောကြောင့် တတိယာသတ္တမီနဉ္စသုတ်ဖြင့် တတိယာအနက်၌ ဒုတိယာ ဧကဝုစ် အံဝိဘတ်သက်, တံ မ.မံမှိသုတ်ဖြင့် ဝိဘတ်နှင့်တကွ အမှသဒ္ဒါကို မံ ပြု, ပြီး၏။ [ပုဗ္ဗဏှသမယံကို ပုဗ္ဗဏှသမယတည်, တတိယာသတ္တမီနဉ္စ သုတ်ဖြင့် သတ္တမီဝိဘတ်၏အနက်၌ ဒုတိယာ ဧကဝုစ် -ံ ဝိဘတ်သက်၊ ဧကံ ကို ဧက တည်၊ သမယံ ကို သမယ တည်, နည်းတူ။]

တတိယာသတ္တမီနံ- တတိယာ သတ္တမီဝိဘတ် တို့၏၊ အတ္ထေ- အနက်၌၊ ဆဋ္ဌီ စ- ဆဋ္ဌီဝိဘတ်သည်လည်း၊ ဟောတိ- ဖြစ်၏။ ကတော မေ ကလျာဏော, ကုသလာ, နစ္စ ဂီတဿ သိက္ခိတာ စာတုရိတ္ထိယော စသည်တည်း။

၃၈။ မေ-ငါသည်၊ ကလျာဏော-ကောင်းမှုကို၊ ကတော-ပြုအပ်ပြီ၊ ဤပုံစံဝယ် တတိယာဝိဘတ်၏ အဝုတ္တကတ္တား၌ ဆဋ္ဌီဝိဘတ်သက်၍ “မေ”ဟု ဖြစ်၏၊ ဤကတ္တားမျိုးကို ဆဋ္ဌီကတ္တားဟု ခေါ်သည်၊ တတိယာ ကတ္တား၏ ကိုယ်စားလှယ်ဖြစ်သော ကတ္တားတည်း။

[ဆောင်] ဆဋ္ဌီကတ္တား, ရံခါငြားမူ, ကတ္တားတတိယာနှင့် တူမြဲတည်း။

ပုံစံ။ ။ နစ္စဂီတဿ-ကခြင်း သီဆိုခြင်း၌၊ ကုသလာ-ကျွမ်းကျင်ကုန် သော၊ စာတုရိတ္ထိယော (စာတုရာ+ဣတ္ထိယော)-တင့်တယ်သောမိန်းမတို့ သည်၊ ဤကား သတ္တမီဝိဘတ်တို့၏အနက်၌ ဆဋ္ဌီသက်ပုံတည်း။

ရုပ်တွက်။ ။ မေကို “အမှ”တည်, သည်ဟူ၍အနက်ပေးသောကြောင့် ကတ္တားအနက်ကို အလိုရှိရကား ဆဋ္ဌီ စသုတ်ဖြင့် တတိယာဝိဘတ်၏ အနက်၌ ဆဋ္ဌီ ဧကဝုစ် သဝိဘတ်သက်, တေမေကဝစနေသု စ သုတ်ဖြင့် ဝိဘတ်နှင့်တကွ အမှသဒ္ဒါကို မေပြု, ပြီး၏။ [“နိစ္စဂီတ”တည်, ၌ဟူ၍ အနက်ပေးသောကြောင့် ဆဋ္ဌီ စသုတ်ဖြင့် သတ္တမီဝိဘတ်၏အနက်၌ ဆဋ္ဌီဧကဝုစ် သ ဝိဘတ်သက်, သ် လာ, နစ္စဂီတဿ ပြီး၏။]

ဒုတိယာပဉ္စမီနံ- ဒုတိယာ ပဉ္စမီ ဝိဘတ်တို့၏၊ အတ္ထေ စ- အနက်၌လည်း၊ ကွစိ- အချို့အရာ၌၊ ဆဋ္ဌီ- ဆဋ္ဌီဝိဘတ်သည်၊ ဟောတိ- ဖြစ်၏။ တဿ ဘဝန္တိ ဝတ္တာရော,အဿဝနတာယ ဓမ္မဿ ပရိဟာယန္တိ စသည်တည်း။

၃၉။ တဿ-ထိုသူ့ကို၊ ဝတ္တာရော-ပြောဆိုမည့်သူတို့သည်၊ ဘဝန္တိဖြစ်ကုန်၏ (ရှိကုန်၏)၊ ဤကား ဒုတိယာဝိဘတ်၏ ကံအနက်၌ တဿဟု ဆဋ္ဌီသက်သော ပုံစံတည်း၊ ဤသို့ ဆဋ္ဌီဝိဘတ်သက်၍ “ကို”ဟု အနက် ပေးရသော ကံကို ဆဋ္ဌီကံဟု ခေါ်၏၊ ဆဋ္ဌီကတ္တားသည် အဝုတ္တကတ္တား ဖြစ်သကဲ့သို့ ဆဋ္ဌီကံလည်း အဝုတ္တကံပင်တည်း။

[ဆောင်] ဆဋ္ဌီကမ္မ, ရံခါပြမူ, ကမ္မဒုတိယာနှင့် တူမြဲတည်း။

ပဉ္စမီအနက်၌ ဆဋ္ဌီသက်ပုံ။ ။ အဿဝနတာယ-မနာရခြင်းကြောင့်၊ ဓမ္မဿ-တရားမှ၊ ပရိဟာယန္တိ-ဆုတ်ယုတ်ကြကုန်၏။

ရုပ်တွက်။ ။ တဿကို “တ”တည်, ကိုဟူ၍ အနက်ပေးသောကြောင့်၊ ဒုတိယာပဉ္စမီနဉ္စသုတ်ဖြင့် ဒုတိယာဝိဘတ်၏အနက်၌ ဆဋ္ဌီဧကဝုစ် သ ဝိဘတ် သက်, သ် လာ, တဿ ပြီး၏။ [ဓမ္မဿကိုလည်း တွက်လေ။]

ကမ္မကရဏ နိမိတ္တတ္ထေသု- ကံ, ကရိုဏ်း, နိမိတ်အနက်တို့၌၊ သတ္တမီ- သတ္တမီ ဝိဘတ်သည်၊ ဟောတိ- ဖြစ်၏။ သုန္ဒရာ.ဝုသော ဣမေ အာဇီဝကာ ဘိက္ခူသု အဘိဝါဒေန္တိ, ဟတ္ထေသု ပိဏ္ဍာယ စရ န္တိ, ဒီပိ စမ္မေသု ဟညတေ စသည်တည်း။

၄၀။ အာဝုသော-ငါ့ရှင်တို့၊ ဣမေ အာဇီဝကာ-ဤတက္ကဒွန်းတို့သည်၊ သုန္ဒရာ-တော်ပါပေကုန်၏၊ ဘိက္ခူသု-တို့ကို၊ အဘိဝါဒေန္တိ-ရှိခိုးကြကုန်၏၊

ဤ၌ ဘိက္ခူသုကား ဒုတိယာဝိဘတ်၏ ကံအနက်၌ သတ္တမီဝိဘတ်သက် သော ပုံစံတည်း၊ ဟတ္ထေသု-လက်တို့ဖြင့်၊ ပိဏ္ဍာယ-ဆွမ်းအလို့ငှာ၊ စရ န္တိလှည့်လည်ကြကုန်၏၊ ဤကား ကရိုဏ်းအနက်၌ “ဟတ္ထေသု”ဟု သတ္တမီ သက်သော ပုံစံတည်း၊ ဒီပိ-သစ်သတ္တဝါကို၊ စမ္မေသု-အရေတို့ကြောင့်၊ ဟညတေ-သတ်အပ်၏၊ ဤကား “ကြောင့်”ဟူသော နိမိတ်အနက်၌ “စမ္မေသု”ဟု သတ္တမီသက်သောပုံစံတည်း။

ရုပ်တွက်။ ။ ဘိက္ခူသုကို “ဘိက္ခု”တည်, တို့ကိုဟူ၍ အနက်ပေးသော ကြောင့် ကံအနက်ကို အလိုရှိရကား ကမ္မကရဏနိမိတ္တတ္ထေသု သတ္တမီ သုတ်ဖြင့် ကံအနက်၌ သတ္တမီဗဟုဝုစ် သုဝိဘတ်သက်, ု ကို ူ ဒီဃပြု, ဘိက္ခူသု ပြီး၏၊ [ဟတ္ထေသု၌ “ကရုဏ်းအနက်၌ သတ္တမီဝိဘတ်သက်” ဟု ဆို၊ စမ္မေသု၌ “နိမိတ်အနက်၌ သတ္တမီဝိဘတ်သက်” ဟု ဆို။]

သမ္ပဒါနေ စ- သမ္ပဒါန်အနက်၌လည်း၊ သတ္တမီ- သတ္တမီဝိဘတ်သည်၊ ဟောတိ- ဖြစ်၏။ သံဃေ ဒိန္နံ မဟပ္ဖလံ စသည်တည်း။

၄၁။ သံဃေ-သံဃာအား၊ ဒိန္နံ-ပေးလှူကြောင်း ဒါနစေတနာသည်၊ မဟပ္ဖလံ-များသောအကျိုးရှိ၏၊ ဤသို့ သမ္ပဒါန်အနက်၌ သံဃေဟု သတ္တမီဝိဘတ်သက်ထားသည်။

ရုပ်တွက်။ ။ သံဃေကို “သံဃ”တည်, အားဟူ၍အနက်ပေးသော ကြောင့် သမ္ပဒါနေ စသုတ်ဖြင့် သမ္ပဒါနေ စသုတ်ဖြင့် သမ္ပဒါန်အနက်၌ သတ္တမီ ဧကဝုစ် သ္မိံဝိဘတ်သက်, ‌ေ- ပြု, ဃ် ခွင်း, ချေ, ကပ်, သံဃေ ပြီး၏။

ပဉ္စမျတ္ထေ စ- ပဉ္စမီဝိဘတ်၏ အပါဒါန် အနက်၌လည်း၊ သတ္တမီ- သတ္တမီဝိဘတ်သည်၊ ဟောတိ- ဖြစ်၏။ ကဒလီသု ဂဇေ ရက္ခန္တိ စသည်တည်း။

၄၂။ ကဒလီသု - ငှက်ပျောပင်တို့မှ၊ ဂဇေ - ဆင်တို့ကို၊ ရက္ခန္တိ စောင့်ရှောက်ကြကုန်၏၊ ဤသို့ “တို့မှ”ဟူ၍ ဆိုရသော ပဉ္စမီဝိဘတ်၏ အနက်၌ “ကဒလီသု”ဟု သတ္တမီဝိဘတ် သက်ထားသည်။

ရုပ်တွက်။ ။ ကဒလီသုကို “ကဒလီ”တည်, တို့မှဟူ၍ အနက်ပေး သောကြောင့် ပဉ္စမျတ္ထေ စသုတ်ဖြင့် အပါဒါန်အနက်၌ သတ္တမီဗဟုဝုစ် သု ဝိဘတ်သက်, ကဒလီသု ပြီး၏။

ကာလဘာဝေသု စ- ကာလ အနက်, ဘာဝလက္ခဏအနက်တို့၌လည်း၊ သတ္တမီ- သတ္တမီ ဝိဘတ်သည်၊ ဟောတိ- ဖြစ်၏။ ပုဗ္ဗဏှသမယေ ဂတော, ဂေါသု ဒုယှမာနာသု ဂတော ပုရိသော စသည်တည်း။

၄၃။ တစ်ခဏ, တစ်လယ, တစ်မုဟုတ်, နံနက်, ညနေ စသော အခါများကို ကာလဟု ခေါ်၏၊ ထိုကာလအနက်ဟော သဒ္ဒါနောင် သတ္တမီ ဝိဘတ်သက်၍ “ပုဗ္ဗဏှသမယေ-နံနက်အခါ၌”ဟု ဖြစ်၏။

ရုပ်တွက်။ ။ ပုဗ္ဗဏှသမယေကို “ပုဗ္ဗဏှသမယ”တည်, ကာလ ဘာဝေသု စသုတ်ဖြင့် ကာလအနက်၌ သတ္တမီဧကဝုစ် သ္မိံဝိဘတ်သက်, သ္မိံကို ‌ေ- ပြု၍ ရုပ်ပြီးစေ။ [“သာယနှသမယေ-ညနေချမ်းအခါ၌” ဤပုံစံ လည်း နည်းတူ။]

ဘာဝလက္ခဏ။ ။ ဘာဝဟူသည် ကြိယာတည်း၊ ထိုကြိယာသည် ထင်ရှားသော (အများနားလည်သော) ကြိယာ, မထင်ရှားသောကြိယာဟု ၂ မျိုး ရှိ၏၊ ထင်ရှားသော ကြိယာဖြင့် မထင်ရှားသော ကြိယာကို မှတ် သား၍ ပြောဆိုရိုး ရှိ၏၊ ဥပမာ - အိမ်တစ်အိမ်၌ နို့စားနွားမတွေ ရှိ၏၊ အချိန်မှန်မှန် နို့ညှစ်ရ၏၊ ထိုအိမ်က လူတစ်ယောက်မှာ ကိစ္စရှိသဖြင့် အပြင်သို့ ထွက်သွား၍ ပြန်လာ၏၊ ထိုသူ၏ ထွက်သွားရာအခါ ပြန်လာရာ အခါကို မသိ၍ တစ်စုံတစ်ယောက်က မေးလျှင် “နွားမတွေ နို့ညှစ်စက သွားသည်၊ နို့ညှစ်လည်း ပြီးရော, ပြန်လာသည်”ဟု ပြောလိုက်လျှင် “မည်သည့်အချိန်မှာသွား၍ မည်သည့်အချိန်မှာပြန်လာသည်”ဟု မေးသူ မှာ နားလည်လေသည်၊ ဤ၌ ထင်ရှားသော နို့ညှစ်ခြင်းကြိယာသည် မထင် ရှားသော သွားခြင်းကြိယာကို မှတ်သားကြောင်း “ဘာဝလက္ခဏ”တည်း။

ဘာဝဿ-မထင်ရှားသော ကြိယာကို၊ လက္ခဏံ-မှတ်သားကြောင်းဖြစ်သော ကြိယာတည်း၊ ဘာဝလက္ခဏံ-မထင်ရှားသော ကြိယာကို မှတ်သား ကြောင်း ကြိယာ၊ ဂေါသု-နွားမတို့ကို၊ ဒုယှမာနာသု-နို့ညှစ်အပ်ကုန်သော်၊ (ဝါ-နို့စ၍ ညှစ်တုန်းမှာ၊) ပုရိသော-ယောက်ျားသည်၊ ဂတော-သွား၏၊ ဂေါသု- တို့ကို၊ ဒုဒ္ဓါသု- နို့ညှစ်အပ်ကုန်ပြီးသော်၊ (ဝါ-နို့ညှစ်ပြီးချိန်မှာ၊) အာဂတော-ပြန်လာ၏။

အနက်လေးပါး ခွဲခြားချက်။ ။ “လက္ခဏ-လက္ခဏဝန္တ, လက္ချ-လက္ချဝန္တ , ဤလေးဝ, တကွ ရှိစမြဲ”ဟူသည့်အတိုင်း ၄ မျိုး ခွဲခြားရာ၏၊ ဒုယှမာနာသုသည် သွားခြင်းကြိယာကို မှတ်သားကြောင်းဖြစ်၍ လက္ခဏ ကြိယာ, ဂေါသုသည် ထိုလက္ခဏကြိယာရှိသောကြောင့် လက္ခဏဝန္တကံ, ဂတောသည် နို့ညှစ်ခြင်းကြိယာဖြင့် မှတ်သားအပ်သောကြောင့် လက္ချ ကြိယာ, ပုရိသောကား ထိုလက္ချကြိယာရှိသောကြောင့် လက္ချဝန္တကတ္တား တည်း။

အရတူ ဝိဘတ်တူ။ ။ လက္ခဏကြိယာ၏ ကံ ကတ္တားကို လက္ခဏဝန္တ ဟု ခေါ်၏၊ ထို့ကြောင့် လက္ခဏနှင့်လက္ခဏဝန္တသည် အနက်အရလည်း တူ, ဝိဘတ်လည်း တူမြဲတည်း၊ “လက္ခိတဗ္ဗံတိ လက္ချံ-မှတ်သားအပ်သော ကြိယာ”၊ လက္ချကြိယာ၏ ကံ ကတ္တားသည် လက္ချဝန္တ မည်၏၊ ထို့ကြောင့် လက္ချကြိယာသည် “ဂတော”ကဲ့သို့ ကိတ်ပုဒ်ဖြစ်အံ့, လက္ချနှင့်လက္ချဝန္တ တို့ အနက်ရလည်း တူ, ဝိဘတ်လည်း တူမြဲတည်း၊ လက္ချကြိယာသည် ဂစ္ဆတိကဲ့သို့ အာချာတ်ပုဒ် ဖြစ်အံ့, လက္ချဝန္တနှင့် အနက်အရသာ တူသည်, ဝိဘတ်ကား မတူနိုင်။

မှတ်ချက်။ ။ “အနက်တူ ဝိဘတ်တူ”ဆိုသောစကားကို ဝုတ္တကံ ကတ္တားကို ရည်ရွယ်၍ ဆိုသည်၊ အဝုတ္တကံ ကတ္တားမှာ ထုံးစံအတိုင်း ဒုတိယာ တတိယာသာတည်း၊ ထို့ကြောင့် “ဂေါပါလေန ဂေါသု ဒုယှ မာနာသု ပုရိသော မဂ္ဂံ ဂတော”ဟု အစုံအလင် ထည့်လျှင် အဝုတ္တကတ္တား ကံဖြစ်သော ဂေါပါလေန မဂ္ဂံတို့၌ လက္ခဏ လက္ချကြိယာတို့နှင့် ဝိဘတ် မတူဘဲ တတိယာ ဒုတိယာဝိဘတ်ဖြင့် ရုပ်နေရလေသည်။

ရုပ်တွက်။ ။ ဒုယှမာနာသုကို ဒုယှမာနာတည်း၊ (ကညာသု၌ ကညာ တည်သကဲ့သို့ မှတ်၊) ကာလဘာဝေသု စသုတ်ဖြင့် ဘာဝလက္ခဏအနက်၌ သတ္တမီဗဟုဝုစ် သုဝိဘတ်သက်, ဒုယှမာနာသု ပြီး၏။

အနက်သတိပြု။ ။ ဤသုတ်က လက္ခဏအနက်၌ သတ္တမီဝိဘတ် သက်သောကြောင့် မာန အန္တပစ္စည်း မပါ သတ္တမီဝိဘတ်လည်း မပါသော အရာဝယ် “သော်”ဟူ၍ အနက်မဆိုရ၊ “ဝုတ္တော-ပြောဆိုအပ်သည် ရှိသော်”ဟု သုံးစွဲသောအနက်မှာ သတ္တမီဝိဘတ်မပါသဖြင့် သဒ္ဒါနက် မဟုတ်၊ “ဝုတ္တေ-ပြောဆိုအပ်သော်”ဟု ဆိုကြသော အနက်ကား သတ္တမီ ဝိဘတ်က လက္ခဏအနက်ကို ဟောသောကြောင့် သင့်၏၊ မာန အန္တ ပစ္စည်း ပါရာ၌မူ ထို မာန အန္တတို့က လက္ခဏအနက်ကို ဟောနိုင်သော ကြောင့် မည်သည့်ဝိဘတ်ဖြင့် နေနေ လက္ခဏအနက်ကို သုံးစွဲနိုင်သည်၊ ထို့ကြောင့် “ဝုတ္တော-ပြောဆိုအပ်သည်၊ သမာနော-ဖြစ်လတ်သော်”ဟု မာနပစ္စည်း ဆုံးသောပုဒ်ဖြင့် ကူစွက်မှ သဒ္ဒါနည်းကျသည်။ [အနာဒရနှင့် လက္ခဏအထူးကို ဘာသာဋီကာမှာ ရှု။]

ဥပါဓိ- ဥပသဒ္ဒါ, အဓိသဒ္ဒါ တို့နှင့်၊ ယောဂေ- ယှဉ်ရာ၌၊ အဓိကိ.ဿရဝစနေ- အပိုအလွန် ဟူသောအနက်, အစိုးရသူ အစိုးရရှိသူဟူသောအနက်ကို ဟော သည်ရှိသော်၊ သတ္တမီ- သတ္တမီဝိဘတ်သည်၊ ဟောတိ- ဖြစ်၏။ ဥပ ခါရိယံ ဒေါဏော, အဓိ ဗြဟ္မဒတ္တေ ပဉ္စာလာ, အဓိ နစ္စေ ဂေါတမီ စသည်တည်း။

၄၄။ “ဥပါဓီဟိ”ဟု ဆိုလိုလျက် ဟိကျေသည်၊ အဓိကိဿရကိုလည်း အဓိက+ဣဿရဟု ပုဒ်ဖြတ်၊ ဣဿရသဒ္ဒါသည် အစိုးရသူ အရှင်သခင် ကိုလည်းကောင်း, မိမိအထက်က အစိုးရရှိသူ ကျေးကျွန်ကိုလည်းကောင်း ဤ ၂ နက်ကို တစ်ပြိုင်နက်ဟော၏၊ [နည်း ၄၀ လာ တန္တနည်းတည်း၊] အဓိကအနက်ကို ဟောသော ဥပသဒ္ဒါ၏ ယှဉ်ရာပုဒ်, ဣဿရအနက်ကို ဟောသော အဓိသဒ္ဒါ၏ ယှဉ်ရာပုဒ်၌ ဤသုတ်က သတ္တမီဝိဘတ် သက် သည်။

ပုံစံ။ ။ ခါရိယံ-တစ်တို့၏၊ ဥပ-အပိုအလွန်ဖြစ်သော၊ ဒေါဏောတစ်စိတ်၊ ၄ တင်းကို “တစ်တို့”ဟု ခေါ်၏၊ “၄ တင်းအပြင် တစ်စိတ်, ၄ တင်းနဲ့ တစ်စိတ်” ဟူလို။

ရုပ်တွက်။ ။ ခါရိယံကို “ခါရီ” တည်, ဥပါဓျာဓိကိဿရဝစနေ သုတ်ဖြင့် ဥပသဒ္ဒါ၏ယှဉ်ရာ ခါရီသဒ္ဒါနောင် သ္မိံဝိဘတ်သက်, -ီ ကို ပမှည့်, အဃော ရဿမေကဝစနယောသွပိ စသုတ်ဖြင့် -ီ ကို -ရဿ ပြု, ဃပတော သ္မိံ ယံ ဝါသုတ်ဖြင့် သ္မိံကို ယံပြု, ခါရိယံ ပြီး၏။

ပုံစံ။ ။ ပဉ္စာလာ-ပဉ္စာလတိုင်းသူ တိုင်းသားတို့သည်၊ ဗြဟ္မဒတ္တေဗြဟ္မဒတ်မင်း၏၊ အဓိ-ကျေးကျွန်တို့တည်း၊ ဂေါတမီ-ဂေါတမီသည်၊ နစ္စေကချေသည်အပေါင်း၏၊ အဓိ-အရှင်သခင်တည်း။

ရုပ်တွက်။ ။ ဗြဟ္မဒတ္တေကို “ဗြဟ္မဒတ္တ”တည်, ဥပဓျာဓိကိဿရ ဝစနေသုတ်ဖြင့် အဓိသဒ္ဒါ၏ယှဉ်ရာ ဗြဟ္မဒတ္တသဒ္ဒါနောင် သ္မိံသက်, သ္မာသ္မိံနံ ဝါ သုတ်ဖြင့် သ္မိံကို ‌ေ- ပြု, တ္တ် ခွင်း, ချေ, ကပ်, ဗြဟ္မဒတ္တေ ပြီး၏။ [နစ္စေကို နစ္စ တည်၍ နည်းတူတွက်။]

စဉ်းစားဖွယ်။ ။ ဥပဒါရိယံ အဓိဗြဟ္မဒတ္တေ အဓိနစ္စေတို့ကို သမာသ် ပုဒ် ထင်ကြ၏၊ သို့သော် “ဥပသဒ္ဒါ အဓိသဒ္ဒါတို့၏ ယှဉ်ရာ စပ်ရာ”ဟု ဆိုသဖြင့် စာစပ်သည့်အခါ “ခါရိယံကား ၏ဟူ၍ အနက်ပေးသောကြောင့် ဥပ၌ သမ္ဗန်, ဥပကား သမ္ဗန္ဓီ”ဟု တစ်ပုဒ်စီခွဲခြား၍ စပ်ရမည်၊ ထို့ကြောင့် ဥပခါရိယံ စသည်မှာ သမာသ်မဟုတ် တစ်ပုဒ်စီသာတည်း။

မဏ္ဍိတု.ဿုက္ကေသု- ကြည်လင်ခြင်းအနက်,အားထုတ်ခြင်းအနက်တို့ကို၊ ဂမျမာနေသု- သိအပ်ကုန်သည်ရှိသော်၊ တတိယာ စ- တတိယာဝိဘတ်သည် လည်းကောင်း၊ သတ္တမီ စ- သတ္တမီဝိဘတ်သည်လည်းကောင်း၊ ဟောတိ- ဖြစ်၏။ ဉာဏေန ပသန္နော, ဉာဏသ္မိံ ပသန္နော, ဉာဏေန ဥဿုကော, ဉာဏသ္မိံ ဥဿုကော စသည်တည်း။

၄၅။ ကြည်လင်ခြင်းအနက်ဟော, အားထုတ်ခြင်းအနက်ဟောသဒ္ဒါ တို့၏ ယှဉ်ရာပုဒ်၌ တတိယာ, သတ္တမီဝိဘတ်သက်သော သုတ်တည်း၊ တထာဂတော-မြတ်စွာဘုရားသည်၊ ဉာဏေန-ဉာဏ်အားဖြင့်၊ ဉာဏသ္မိံဉာဏ်၌၊ ပသန္နော-ကြည်လင်၏၊ ဥဿုကော-အားထုတ်၏။

ရုပ်တွက်။ ။ ဉာဏေနကို “ဉာဏ”တည်, မဏ္ဍိတုဿုက္ကေသု တတိယာ စသုတ်ဖြင့် မဏ္ဍိတ ဥဿုက္က အနက်ရှိသောသဒ္ဒါတို့၏ ယှဉ်ရာ ဉာဏသဒ္ဒါ နောင် တတိယာဧကဝုစ် နာဝိဘတ်သက်, နာဝိဘတ်ကို ေ-ိနပြု, ချေ, ကပ်, ဉာဏေန ပြီး၏။ [ဉာဏသ္မိံ၌ ဤသုတ်ဖြင့် သ္မိံဝိဘတ်သက်။]

ကာရက ၆ ပါး--သတ္တိ ၆ မျိုး ၁။ ကြိယာဘိနိပ္ဖာဒနသတ္တိသည် ကတ္တုကာရက မည်၏၊ “ကြိယာကို ဖြစ်စေနိုင်သောအစွမ်းကို ကတ္တုကာရက ခေါ်သည်” ဟူလို။

၂။ ကြိယာပါပုဏနသတ္တိသည် ကမကာရက မည်၏၊ ကြိယာ၊ ကြိယာသည်+ပါပုဏန=ရောက်အပ် စပ်အပ်သော(ကြိယာ၏ ကပ်ရောက် ရာဖြစ်သော)+သတ္တိ=အစွမ်းတည်း။

၃။ ကြိယာသာဓကတမသတ္တိသည် ကရဏကာရက မည်၏၊ ကြိယာကို အထူးသဖြင့် ပြီးစေနိုင်သော အစွမ်းတည်း။

၄။ သမာပဒါနသတ္တိသည် သမ္ပဒါနကာရက မည်၏၊ ကြိယာကိုဖြစ်စေ, ဝတ္ထုကိုဖြစ်စေ ကောင်းစွာပေးရာဖြစ်သော အစွမ်းတည်း။

၅။ အပဂမနသတ္တိသည် အပါဒါနကာရက မည်၏၊ ဖဲရာ ရှောင်ရာ ဖြစ်သော အစွမ်းတည်း။

၆။ ပတိဋ္ဌာနသတ္တိသည် သြကာသကာရက မည်၏၊ ကြိယာ၏ မှီရာ ဖြစ်သော ကတ္တား ကံတို့၏ တည်ရာ အစွမ်းတည်း။

ကာရကကပ္ပော- ကာရကပိုင်း သည်၊ ဣတိ- ပြီးပြီ။

ကာရကသုတ်နက်နှင့် ရုပ်တွက်အဓိပ္ပာယ်ပြီးပြီ။