နာမ်ဝိဘတ်သွယ်အကျဉ်း
(ကျက်ရန်မဟုတ်, အချီစကား)
နာမ်။ ။ ပုရိသ (ယောက်ျား), ဣတ္ထီ (မိန်းမ), ရုက္ခ (သစ်ပင်), တိဿ (တိဿ), ရာဇပုတ္တ (မင်းသား), နာဝိက (လှေသမား), ဥပါသက (သီတင်းသည်) စသည်ဖြင့် နာမည်ဟော သဒ္ဒါတွေကို ပါဠိလို - နာမ, မြန်မာလို-နာမ်ဟု ခေါ်၏၊ ထိုနာမ်ပုဒ်များကို ပြရာကျမ်းကို “နာမကပ္ပ၊ နာမ်ကျမ်း”ဟု ခေါ်သည်၊ ယခုအခါ ထိုနာမ်ကျမ်းကို ပြတော့မည် ဖြစ်၍ နာမ်ဝိဘတ်အပြားနှင့်တကွ ဝိဘတ်သက်ပုံကို ရှေးဦးစွာ နားလည်သင့်ကြ ပေသည်။
ဝိဘတ်နှင့်ဝုစ်။ ။ ဝိဘတ်သည် ပဌမာ ဒုတိယာ တတိယာ စတုတ္ထီ ပဉ္စမီ ဆဋ္ဌီ သတ္တမီဟု ခုနစ်သွယ်ရှိ၏၊ တစ်သွယ်လျှင် ဧကဝုစ် ဗဟုဝုစ်ဟု ၂-မျိုးစီရှိသည်၊ ထိုတွင် တပေါင်း တစ်စု တစ်ခုသောအနက်ကို ဟောသော သိ အစရှိသော ဝိဘတ်သည် ပါဠိလို-ဧကဝစန, မြန်မာလို-ဧကဝုစ်မည်၏၊ နှစ်ပေါင်း နှစ်ဖွဲ့ နှစ်စု နှစ်ခုသော အနက်မှ စ၍ များစွာသော အနက်ကို ဟောနိုင်သော ယော စသောဝိဘတ်သည် ဗဟုဝစန(ဗဟုဝုစ်) မည်၏။ [ဧကဝစန၊ ဧက၊ တစ်ခုသောအနက်ကို + ဝစန = ဟောသောသဒ္ဒါ၊ ဗဟုဝစန၊ ဗဟု = များသောအနက်တို့ကို + ဝစန = ဟောသောသဒ္ဒါ။]
အနက်ဆိုရာ၌မှတ်ဖွယ်။ ။ ဧကဝုစ်အနက်ဆိုရာ၌ “တို့-များ-ကုန်ကြ”ဟူသောအသံ မပါစေရ၊ “ယောက်ျားသည်+သွား၏”စသည်ဖြင့် ဆိုရ မည်၊ ဗဟုဝုစ်အနက်ဆိုရာ၌ကား “တို့-များ-ကုန်-ကြ”ဟူသော အနက် များ ပါစေ၍ “ယောက်ျားတို့သည်+သွားကုန်၏၊ ယောက်ျားများသည်+ သွားကြ၏” စသည်ဖြင့် ဆိုရမည်။
[ဆောင်] ၁။ တို့-များ-ကုန်-ကြ, မပါက, မှတ်ကြ ဧကဝုစ်။
၂။ တို့-များ-ကုန်-ကြ, ပါသမျှ, မှတ်ကြ ဗဟုဝုစ်။
ဝိဘတ်သက်။ ။ နာမ်ရုပ်တွက်သည့်အခါ ထိုထိုရုပ်များ၌ အနက်အား လျော်စွာ ဆိုင်ရာဝိဘတ်ကို သက်ရောက်စေရသောကြောင့် အမြဲသုံးစွဲရ သော အနက်များအတွက် ဝိဘတ်သက်ပုံကို အတိုချုပ်ပြဆိုပေအံ့၊… နှုတ်တက်ရအောင် ကျက်မှတ်ကြပါလေ၊ တစ်ခါတစ်ရံတွေ့ရသော အနက် များအတွက် ဝိဘတ်သက်ပုံမှာ ကာရကပိုင်း၌ သူ့သုတ်နှင့်သူ လွယ်ကူစွာ တွေ့ရလတ္တံ့။ [ထိုထိုပုဒ်နောက်၌ ဝိဘတ်များ ကျရောက်သည်ကို “ဝိဘတ် သက်”ဟု ခေါ်၏၊ “သက်ရောက်သည်၊ ကျရောက်သည်”ဟူလို။]
(ကျက်မှတ်ရန်)
၁။ (သိ) အို…ဟူ၍ အနက်ပေးသောကြောင့် အာလပနေ စ သုတ်ဖြင့် အာလုပ်အနက်၌ ပဌမာ ဧကဝုစ် သိဝိဘတ် သက်။
(ယော) အိုတို့…ဟူ၍ အနက်ပေးသောကြောင့် အာလပနေ စ သုတ်ဖြင့် အာလုပ်အနက်၌ ပဌမာ ဗဟုဝုစ် ယော ဝိဘတ်သက်။
၂။ (သိ) သည် -ဟူ၍ အနက်ပေးသောကြောင့် လိင်္ဂတ္ထေ ပဌမာ သုတ်ဖြင့် လိန်အနက်၌ ပဌမာ ဧကဝုစ် သိဝိဘတ် သက်။
(ယော) တို့သည် -ဟူ၍ အနက်ပေးသောကြောင့် လိင်္ဂတ္ထေ ပဌမာသုတ်ဖြင့် လိန်အနက်၌ ပဌမာ ဗဟုဝုစ် ယော ဝိဘတ်သက်။ [လိန်အနက် အမှန်ကို လိင်္ဂတ္ထေ ပဌမာ သုတ်၌ ကြည့်။]
၃။ (အံ) ကို-ဟူ၍ အနက်ပေးသောကြောင့် ကမ္မတ္ထေ ဒုတိယာသုတ်ဖြင့် ကံအနက်၌ ဒုတိယာ ဧကဝုစ် အံဝိဘတ် သက်။
(ယော) တို့ကို-ဟူ၍ အနက်ပေးသောကြောင့် ကမ္မတ္ထေ ဒုတိယာ သုတ်ဖြင့် ကံအနက်၌ ဒုတိယာ ဗဟုဝုစ် ယောဝိဘတ် သက်။
[“သို့-ဟူ၍ အနက်ပေးသောကြောင့်, တို့သို့-ဟူ၍ အနက်ပေးသောကြောင့်”ဟု ဆို၍လည်း အံဝိဘတ်, ယောဝိဘတ်များ သက်ရသည်။]
၄။ (နာ) ဖြင့်-ဟူ၍ အနက်ပေးသောကြောင့် ကရဏေ တတိယာ သုတ်ဖြင့် ကရိုဏ်းအနက်၌ တတိယာ ဧကဝုစ် နာ ဝိဘတ်သက်။
(ဟိ) တို့ဖြင့် - ဟူ၍ အနက်ပေးသောကြောင့် ကရဏေ တတိယာသုတ်ဖြင့် ကရိုဏ်းအနက်၌ တတိယာ ဗဟုဝုစ် ဟိ ဝိဘတ်သက်။
၅။ ( သ) အား - ဟူ၍ အနက်ပေးသောကြောင့် သမ္ပဒါနေ စတုတ္ထီသုတ်ဖြင့် သမ္ပဒါန်အနက်၌ စတုတ္ထီ ဧကဝုစ် သ ဝိဘတ်သက်။
(နံ) တို့အား - ဟူ၍ အနက်ပေးသောကြောင့် သမ္ပဒါနေ စတုတ္ထီသုတ်ဖြင့် သမ္ပဒါန်အနက်၌ စတုတ္ထီ ဗဟုဝုစ် နံ ဝိဘတ်သက်။
၆။ (သ္မာ) မှ-ဟူ၍ အနက်ပေးသောကြောင့် အပါဒါနေ ပဉ္စမီသုတ်ဖြင့် အပါဒါန်အနက်၌ ပဉ္စမီ ဧကဝုစ် သ္မာဝိဘတ် သက်။
(ဟိ) တို့မှ-ဟူ၍ အနက်ပေးသောကြောင့် အပါဒါနေ ပဉ္စမီ သုတ်ဖြင့် အပါဒါန်အနက်၌ ပဉ္စမီ ဗဟုဝုစ် ဟိဝိဘတ် သက်။
၇။ ( သ) ၏ - ဟူ၍ အနက်ပေးသောကြောင့် သာမိသ္မိံ ဆဋ္ဌီ သုတ်ဖြင့် သာမီအနက်၌ ဆဋ္ဌီ ဧကဝုစ် သ ဝိဘတ် သက်။
(နံ) တို့၏- ဟူ၍ အနက်ပေးသောကြောင့် သာမိသ္မိံ ဆဋ္ဌီ သုတ်ဖြင့် သာမီအနက်၌ ဆဋ္ဌီ ဗဟုဝုစ် နံ ဝိဘတ် သက်။
၈။ (သ္မိံ) ၌-ဟူ၍ အနက်ပေးသောကြောင့် သြကာသေ သတ္တမီ သုတ်ဖြင့် သြကာသအနက်၌ သတ္တမီ ဧကဝုစ် သ္မိံ ဝိဘတ် သက်။
(သု) တို့၌ - ဟူ၍ အနက်ပေးသောကြောင့် သြကာသေ သတ္တမီ သုတ်ဖြင့် သြကာသအနက်၌ သတ္တမီ ဗဟုဝုစ် သု ဝိဘတ်သက်။
ဝိဘတ်သွယ်အကျဉ်းပြီး၏။
နာမ်သုတ်နက်
သုတ်အဓိပ္ပာယ်နှင့်ရုပ်တွက်
နာမ်ဝိဘတ်သွယ်အကျဉ်း (ကျက်ရန်မဟုတ်, အချီစကား)
နာမ်။ ။ ပုရိသ (ယောက်ျား), ဣတ္ထီ (မိန်းမ), ရုက္ခ (သစ်ပင်), တိဿ (တိဿ), ရာဇပုတ္တ (မင်းသား), နာဝိက (လှေသမား), ဥပါသက (သီတင်းသည်) စသည်ဖြင့် နာမည်ဟော သဒ္ဒါတွေကို ပါဠိလို - နာမ, မြန်မာလို-နာမ်ဟု ခေါ်၏၊ ထိုနာမ်ပုဒ်များကို ပြရာကျမ်းကို “နာမကပ္ပ၊ နာမ်ကျမ်း”ဟု ခေါ်သည်၊ ယခုအခါ ထိုနာမ်ကျမ်းကို ပြတော့မည် ဖြစ်၍ နာမ်ဝိဘတ်အပြားနှင့်တကွ ဝိဘတ်သက်ပုံကို ရှေးဦးစွာ နားလည်သင့်ကြ ပေသည်။
ဝိဘတ်နှင့်ဝုစ်။ ။ ဝိဘတ်သည် ပဌမာ ဒုတိယာ တတိယာ စတုတ္ထီ ပဉ္စမီ ဆဋ္ဌီ သတ္တမီဟု ခုနစ်သွယ်ရှိ၏၊ တစ်သွယ်လျှင် ဧကဝုစ် ဗဟုဝုစ်ဟု ၂-မျိုးစီရှိသည်၊ ထိုတွင် တပေါင်း တစ်စု တစ်ခုသောအနက်ကို ဟောသော သိ အစရှိသော ဝိဘတ်သည် ပါဠိလို-ဧကဝစန, မြန်မာလို-ဧကဝုစ်မည်၏၊ နှစ်ပေါင်း နှစ်ဖွဲ့ နှစ်စု နှစ်ခုသော အနက်မှ စ၍ များစွာသော အနက်ကို ဟောနိုင်သော ယော စသောဝိဘတ်သည် ဗဟုဝစန(ဗဟုဝုစ်) မည်၏။ [ဧကဝစန၊ ဧက၊ တစ်ခုသောအနက်ကို + ဝစန = ဟောသောသဒ္ဒါ၊ ဗဟုဝစန၊ ဗဟု = များသောအနက်တို့ကို + ဝစန = ဟောသောသဒ္ဒါ။]
အနက်ဆိုရာ၌မှတ်ဖွယ်။ ။ ဧကဝုစ်အနက်ဆိုရာ၌ “တို့-များ-ကုန်ကြ”ဟူသောအသံ မပါစေရ၊ “ယောက်ျားသည်+သွား၏”စသည်ဖြင့် ဆိုရ မည်၊ ဗဟုဝုစ်အနက်ဆိုရာ၌ကား “တို့-များ-ကုန်-ကြ”ဟူသော အနက် များ ပါစေ၍ “ယောက်ျားတို့သည်+သွားကုန်၏၊ ယောက်ျားများသည်+ သွားကြ၏” စသည်ဖြင့် ဆိုရမည်။
[ဆောင်] ၁။ တို့-များ-ကုန်-ကြ, မပါက, မှတ်ကြ ဧကဝုစ်။ ၂။ တို့-များ-ကုန်-ကြ, ပါသမျှ, မှတ်ကြ ဗဟုဝုစ်။ ဝိဘတ်သက်။ ။ နာမ်ရုပ်တွက်သည့်အခါ ထိုထိုရုပ်များ၌ အနက်အား လျော်စွာ ဆိုင်ရာဝိဘတ်ကို သက်ရောက်စေရသောကြောင့် အမြဲသုံးစွဲရ သော အနက်များအတွက် ဝိဘတ်သက်ပုံကို အတိုချုပ်ပြဆိုပေအံ့၊… နှုတ်တက်ရအောင် ကျက်မှတ်ကြပါလေ၊ တစ်ခါတစ်ရံတွေ့ရသော အနက် များအတွက် ဝိဘတ်သက်ပုံမှာ ကာရကပိုင်း၌ သူ့သုတ်နှင့်သူ လွယ်ကူစွာ တွေ့ရလတ္တံ့။ [ထိုထိုပုဒ်နောက်၌ ဝိဘတ်များ ကျရောက်သည်ကို “ဝိဘတ် သက်”ဟု ခေါ်၏၊ “သက်ရောက်သည်၊ ကျရောက်သည်”ဟူလို။]
(ကျက်မှတ်ရန်)
၁။ (သိ) အို…ဟူ၍ အနက်ပေးသောကြောင့် အာလပနေ စ သုတ်ဖြင့် အာလုပ်အနက်၌ ပဌမာ ဧကဝုစ် သိဝိဘတ် သက်။
(ယော) အိုတို့…ဟူ၍ အနက်ပေးသောကြောင့် အာလပနေ စ သုတ်ဖြင့် အာလုပ်အနက်၌ ပဌမာ ဗဟုဝုစ် ယော ဝိဘတ်သက်။
၂။ (သိ) သည် -ဟူ၍ အနက်ပေးသောကြောင့် လိင်္ဂတ္ထေ ပဌမာ သုတ်ဖြင့် လိန်အနက်၌ ပဌမာ ဧကဝုစ် သိဝိဘတ် သက်။
(ယော) တို့သည် -ဟူ၍ အနက်ပေးသောကြောင့် လိင်္ဂတ္ထေ ပဌမာသုတ်ဖြင့် လိန်အနက်၌ ပဌမာ ဗဟုဝုစ် ယော ဝိဘတ်သက်။ [လိန်အနက် အမှန်ကို လိင်္ဂတ္ထေ ပဌမာ သုတ်၌ ကြည့်။]
၃။ (အံ) ကို-ဟူ၍ အနက်ပေးသောကြောင့် ကမ္မတ္ထေ ဒုတိယာသုတ်ဖြင့် ကံအနက်၌ ဒုတိယာ ဧကဝုစ် အံဝိဘတ် သက်။
(ယော) တို့ကို-ဟူ၍ အနက်ပေးသောကြောင့် ကမ္မတ္ထေ ဒုတိယာ သုတ်ဖြင့် ကံအနက်၌ ဒုတိယာ ဗဟုဝုစ် ယောဝိဘတ် သက်။
[“သို့-ဟူ၍ အနက်ပေးသောကြောင့်, တို့သို့-ဟူ၍ အနက်ပေးသောကြောင့်”ဟု ဆို၍လည်း အံဝိဘတ်, ယောဝိဘတ်များ သက်ရသည်။]
၄။ (နာ) ဖြင့်-ဟူ၍ အနက်ပေးသောကြောင့် ကရဏေ တတိယာ သုတ်ဖြင့် ကရိုဏ်းအနက်၌ တတိယာ ဧကဝုစ် နာ ဝိဘတ်သက်။
(ဟိ) တို့ဖြင့် - ဟူ၍ အနက်ပေးသောကြောင့် ကရဏေ တတိယာသုတ်ဖြင့် ကရိုဏ်းအနက်၌ တတိယာ ဗဟုဝုစ် ဟိ ဝိဘတ်သက်။
၅။ ( သ) အား - ဟူ၍ အနက်ပေးသောကြောင့် သမ္ပဒါနေ စတုတ္ထီသုတ်ဖြင့် သမ္ပဒါန်အနက်၌ စတုတ္ထီ ဧကဝုစ် သ ဝိဘတ်သက်။
(နံ) တို့အား - ဟူ၍ အနက်ပေးသောကြောင့် သမ္ပဒါနေ စတုတ္ထီသုတ်ဖြင့် သမ္ပဒါန်အနက်၌ စတုတ္ထီ ဗဟုဝုစ် နံ ဝိဘတ်သက်။
၆။ (သ္မာ) မှ-ဟူ၍ အနက်ပေးသောကြောင့် အပါဒါနေ ပဉ္စမီသုတ်ဖြင့် အပါဒါန်အနက်၌ ပဉ္စမီ ဧကဝုစ် သ္မာဝိဘတ် သက်။
(ဟိ) တို့မှ-ဟူ၍ အနက်ပေးသောကြောင့် အပါဒါနေ ပဉ္စမီ သုတ်ဖြင့် အပါဒါန်အနက်၌ ပဉ္စမီ ဗဟုဝုစ် ဟိဝိဘတ် သက်။
၇။ ( သ) ၏ - ဟူ၍ အနက်ပေးသောကြောင့် သာမိသ္မိံ ဆဋ္ဌီ သုတ်ဖြင့် သာမီအနက်၌ ဆဋ္ဌီ ဧကဝုစ် သ ဝိဘတ် သက်။
(နံ) တို့၏- ဟူ၍ အနက်ပေးသောကြောင့် သာမိသ္မိံ ဆဋ္ဌီ သုတ်ဖြင့် သာမီအနက်၌ ဆဋ္ဌီ ဗဟုဝုစ် နံ ဝိဘတ် သက်။
၈။ (သ္မိံ) ၌-ဟူ၍ အနက်ပေးသောကြောင့် သြကာသေ သတ္တမီ သုတ်ဖြင့် သြကာသအနက်၌ သတ္တမီ ဧကဝုစ် သ္မိံ ဝိဘတ် သက်။
(သု) တို့၌ - ဟူ၍ အနက်ပေးသောကြောင့် သြကာသေ သတ္တမီ သုတ်ဖြင့် သြကာသအနက်၌ သတ္တမီ ဗဟုဝုစ် သု ဝိဘတ်သက်။
ဝိဘတ်သွယ်အကျဉ်းပြီး၏။
နာမ်သုတ်နက် သုတ်အဓိပ္ပာယ်နှင့်ရုပ်တွက်
ဇိနဝစနယုတ္တံဟိ- ဇိနဝစနယုတ္တံဟိ ဟူသော ဤသုတ်သည်၊ အဓိကာရော- ရှေ့နောက်သုတ်များသို့ လိုက်သောသုတ်တည်း။
၁။ ဤ ဇိနဝစနယုတ္တံဟိကို ပါဠိလို-အဓိကာရသုတ်, မြန်မာလိုလိုက်သုတ်ဟု ခေါ်သည်။ [ဇိန - ဘုရားရှင်၏ + ဝစန - စကားတော်, ပိဋကတ်တော်အား+ယုတ္တံဟိ-သင့်လျော်ညီညွတ်သည်သာ။] “သန္ဓိပိုင်း၌ ဆိုခဲ့သော ရှေ့ကသုတ်များနှင့် နောက်ဆိုအပ်လတ္တံ့သော သုတ်များသည် ဘုရားဟောဖော် ပိဋကတော်နှင့် သင့်လျော်ညီညွတ်သည်ချည်းသာ ဖြစ်စေ ရမည်”ဟူလို။ [ရှေ့သုတ် နောက်သုတ်များသို့ လိုက်ပုံကို ရူပသိဒ္ဓိဘာသာ ဋီကာမှာ ရှု။]
လိင်္ဂဉ္စ- လိန်ကိုလည်း၊ နိပစ္စတေ- အပြီးအစီးတည်ထားအပ်၏။ ပုရိသ, ကညာ, စိတ္တ စသည်တည်း။
၂။ [ပုရိသ-ယောက်ျား+ကညာ-သတို့သမီး+စိတ္တ-စိတ်။] ဤသုတ် ကား နာမ်ရုပ်တွက်သည့်အခါ “လိန်ပုဒ်ကို အပြီးအစီး တည်ထားရမည်” ဟု ပရိဘာသာပြုသောသုတ်တည်း။… “အပြီးအစီးတည်ထား”ဟူရာ၌ ပုရိသဝယ် ပုရဓာတ် ဣသပစ္စည်း, ဤသို့ စသည်ဖြင့် အရင်းအမြစ်ကို မစိစစ်တော့ဘဲ လိန်အဖြစ်သို့ ရောက်ပြီး အနေဖြင့် “ပုရိသ”စသည် တည်ထားရမည်ဟု ဆိုလိုသည်။
လိင်္ဂ, ပဒ။ ။ ဤ“လိင်္ဂ”ဟူသော နာမည်သည် ဝိဘတ်မသက်ရသေး သော ပုရိသ-ကည-စိတ္တ စသော နာမ်ပုဒ်များ၏ နာမည်တည်း၊ ထို့ကြောင့် ပုရိသ စသည်ကို ဝိဘတ်မသက်ရသေးခင် “လိင်္ဂ”ဟု ခေါ်၍, ဝိဘတ် သက်ပြီးသည့်အခါကျမှ “ပဒ”ဟု ခေါ်သည်ဟု မှတ်။
စ၏အနက်။ ။ လိင်္ဂဉ္စ၌ စသဒ္ဒါက “လိန်ကိုလည်း တည်ထား”ဟု ဆိုသဖြင့် အာချာတ်ရုပ်, ကိတ်ရုပ် တွက်သည့်အခါ “ဓာတ်ကိုလည်း တည်ထား”ဟု ဓာတုကို ဆည်းယူသတဲ့။
တတော စ- ထိုလိန်တို့မှ လည်း၊ ပရာ- နှောင်းကုန်သည်ဖြစ်၍၊ ဝိဘတ္တိယော- ဝိဘတ်တို့ သည်၊ ဟောန္တိ- ဖြစ်ကုန်၏။ ပုရိသ, သိ စသည်တည်း။
၃။ တတော စ ဝိဘတ္တိယောသုတ်ကား… “သိ စသော ဝိဘတ်များကို ထို ပုရိသ စသော လိန်များ၏ နောက်မှာ သက်ရောက်စေရမည်”ဟု ဝိဘတ်သက်ဖို့ နေရာကို ညွှန်ပြသော သုတ်တည်း။
သိယော အံယော နာဟိ သနံ သ္မာဟိ သနံ သ္မိံသု- သိ ယော, အံ ယော, နာ ဟိ, သ နံ, သ္မာ ဟိ, သ နံ, သ္မိံ သု ဟူသော တစ်ဆယ့်လေးလုံးသည်၊ ဝိဘတ္တိယော- ဝိဘတ်တို့ မည်၏။
၄။ ဤသုတ်ကား -တတော စ ဝိဘတ္တိယောသုတ်၌ “ဝိဘတ်-ဝိဘတ်”ဟု ဆိုခဲ့ပြီ၊ ထိုဝိဘတ်များကား အဘယ်နည်းဟု မေးဖွယ်ရှိ၍“သိ အစ သု အဆုံး” ၁၄ - လုံးကို ဝိဘတ်ခေါ်သည်ဟု သိစေဖို့ရန် ဝိဘတ်နာမည်ပေးသော သညာသုတ်တည်း၊ သိ ယောတို့ကား ပဌမာဝိဘတ်မည်၏, အံ ယောတို့ ကား ဒုတိယာဝိဘတ်မည်၏ စသည်ဖြင့်လည်းကောင်း, ရှေးရှေးဝိဘတ်ကို ဧကဝုစ်, နောက်နောက်ဝိဘတ်ကို ဗဟုဝုစ်ဟုလည်းကောင်း မှတ်ပါ။
တ.ဒနုပရောဓေန- ထို ဘုရား ဟောဖော်, ပါဠိတော်နှင့် မဆန့်ကျင်သဖြင့်၊ လိင်္ဂဉ္စ- လိန်ကိုလည်း၊ နိပစ္စတေ- ပြီးစေအပ်၏။ ပုရိသော, ပုရိသာ စသည်တည်း။
၅။ ဤသုတ်ကား “ရုပ်တွက်၍ ပြီးသောအခါ ဘုရားပါဠိတော်နှင့် မဆန့်ကျင်အောင် ပြီးစေရမည်”ဟု ပရိဘာသာပြုပြန်သောသုတ်တည်း၊ ထို့ကြောင့် လိင်္ဂဉ္စ နိပစ္စတေသုတ်က ရုပ်တည်ဖို့ရန်အတွက် ပရိဘာသာ ပြု၍ ဤတ.ဒနုပရောဓေနသုတ်က ရုပ်ပြီးဖို့အတွက် ပရိဘာသာပြုသည်ဟု (ရူပသိဒ္ဓိအလို) မှတ်ထားခဲ့ပါ၊ ပုရိသောသည် ဧကဝုစ်ဝိဘတ်သက်၍ ရုပ်ပြီးသောပုံစံ, ပုရိသာကား ဗဟုဝုစ်သက်၍ ရုပ်ပြီးသောပုံစံတည်း။
အာလပနေ- အာလုပ် အနက်၌၊ သိ- သိ ဝိဘတ်သည်၊ ဂသညော- ဂ အမည်ရှိသည်၊ ဟောတိ- ဖြစ်၏။ ဘောတိ အယျေ စသည်တည်း။
၆။ [ဘောတိ အယျေ-အို အရှင်မ၊ အာ+လပန၊ အာ-ရှေးရှု+လပနခေါ်ခြင်း, ထူးခြင်း။] တစ်ယောက်နှင့်တစ်ယောက်ကို ခေါ်ခြင်း, ခေါ်လိုက် သည့်အခါ ထူးခြင်းကို “အာလပန=အာလုပ်”ဟု ခေါ်၏၊ ထိုအာလုပ် အနက်၌ သက်သော သိဝိဘတ်ကို ဤသုတ်က “ဂ”ဟု နာမည်မှည့်သည်၊ ဤကဲ့သို့ သိဝိဘတ်ကို “ဂ”အမည်မှည့်ခြင်းသည် သခတော ဂဿေ ဝါ စသော သုတ်များ၌ သုံးစွဲခြင်းအကျိုးရှိ၏။
အမှာ။ ။ ဤပြခဲ့သော သုတ်များ၌ နာမ်ရုပ်တွက်ရန် မလိုသေး၊ စီရင် သော သုတ်များမစုံခင် ရုပ်တွက်စေခြင်းသည် လူငယ်များဉာဏ်၌ ရှုပ်ပွေ ဖို့ရန်သာ ဖြစ်၏၊ ထို့ကြောင့် စီရင်သောသုတ်များ ပြည့်စုံမှ ရုပ်များကို တွက်ပြပေအံ့။
ဣဝဏ္ဏု.ဝဏ္ဏာ- ဣဝဏ် ဥဝဏ် တို့သည်၊ ဈ လာ- အစဉ်အတိုင်း ဈ လ တို့မည်သည်၊ ဟောန္တိ- ဖြစ်ကုန်၏။ အဂ္ဂိနော စသည်တည်း။
၇။ [အဂ္ဂိနော-မီးအား, မီး၏။] ဤသုတ်ကား ဣဝဏ် ၂ လုံးကို ဈ, ဥဝဏ် ၂ လုံးကို လ အမည်မှည့်သောသုတ်တည်း၊ ဤသို့ ဈ လ မှည့်ခြင်း သည် “ဈလတော သဿ နော ဝါ”စသောသုတ်၌ ဣဝဏ်ကို ဈ, ဥဝဏ်ကို လ ဟု ခေါ်ဝေါ်ရ သုံးစွဲရခြင်းအကျိုးရှိ၏။
ဣတ္ထိချာ- ဣတ္ထိလိန်ကို ဟောကုန် သော၊ တေ- ထို ဣဝဏ် ဥဝဏ်တို့သည်၊ ပေါ- ပ မည်သည်၊ ဟောတိ- ဖြစ်၏။ ဣတ္ထိယာ စသည်တည်း။
၈။ [ဣတ္ထိယာ-မိန်းမဖြင့်။] ဤသုတ်ကား ဣတ္ထိလိန်ကို ဟောသော ဣဝဏ် ဥဝဏ် ၄ လုံးကို ပ အမည်မှည့်သောသုတ်တည်း၊ ဤသို့ ပ အမည်မှည့်ခြင်းသည် “ပတော ယာ” စသောသုတ်၌ ဣဝဏ် ဥဝဏ်များ ကို ပ ဟု ခေါ်ဝေါ်ရ သုံးစွဲရခြင်းအကျိုးရှိ၏။
ဣတ္ထိချော- ဣတ္ထိလိန်ကို ဟောသော၊ အာ- အာအက္ခရာသည်၊ ဃော- ဃမည်သည်၊ ဟောတိ- ဖြစ်၏။ ကညာယ စသည်တည်း။
၉။ [ကညာယ-သတို့သမီးဖြင့်။] ဤသုတ်ကား ဣတ္ထိလိန်ဟောသော အာအက္ခရာကို ဃ အမည်မှည့်သော သုတ်တည်း၊ ဤသို့ ဃ အမည်မှည့် ခြင်းသည် “ဃတော နာဒီနံ” စသောသုတ်၌ သုံးစွဲရခြင်းအကျိုးရှိ၏။
သေ- သဝိဘတ်ကြောင့်၊ သာ. ဂမော- သ၏ လာခြင်းသည်၊ ဟောတိ- ဖြစ်၏။ ပုရိသဿ စသည်တည်း။
၁၀။ [ပုရိသဿ-ယောက်ျားအား, ယောက်ျား၏။] ဤသုတ်ကား… သဝိဘတ်နှောင်းရာ၌ သ် တစ်လုံးလာသော သုတ်တည်း။
ရုပ်တွက်။ ။ ပုရိသဿကို “ပုရိသ”လိန်တည်၊ အားဟူ၍ အနက် ပေးသောကြောင့် ၊ပေ၊ ဧကဝုစ် သဝိဘတ်သက်, သာ.ဂမော သေသုတ်ဖြင့် နောက်သဝိဘတ်ကြောင့် ရှေ့၌ သ်လာ, ပုရိသဿ ပြီး၏။ [“ပေ”ဟု ပြထားရာ၌ ဝိဘတ်သွယ် မကြေသေးလျှင် ဖော်၍ ဆိုပါ။]
အမှာ။ ။ “သ် - လာ”ဟု ဆိုရာ၌ “သ်”ဗျဉ်းလာရမည်၊ လာကတည်း က သဝိဘတ်နှင့် ကပ်လျက်လာသောကြောင့် နယေ ပရံ ယုတ္တေသုတ်ဖြင့် နောက် သသို့ ကပ်ဖွယ် မလို၊ သ် လာပြီးတဲ့အခါ “သသ”ဟု သ နှစ်လုံး ဆက်နေသင့်သော်လည်း သ တစ်လုံးကို တစ်ခြမ်းသာ ယူ၍ “ဿ”ဟု ရေးရိုးပြုကြသည်။
ဧကဝစနေသု- ဧကဝုစ် ဖြစ်ကုန်သော၊ သံသာသု စ- သံအပြု, သာအပြုတို့ကြောင့်လည်း၊ သာ.ဂမော- သ၏ လာခြင်းသည်၊ ဟောတိ- ဖြစ်၏။ ဧတိဿံ, ဧတိဿာ စသည်တည်း။
၁၁။ [ဧတိဿံ-ဤသူမ၌၊ ဧတိဿာ-ဤသူမအား၊ ဤသူမ၏။] ဤသုတ်ကား ဧကဝုစ်ဖြစ်သော သံ သာ အပြု နှောင်းရာ၌ သ် လာဟု စီရင်သောသုတ်တည်း၊ “ဧတာသံ-ဤသူမတို့အား” စသည်၌ ဗဟုဝုစ် သံအပြုကို တားမြစ်လို၍ “ဧကဝစနေသု”ဟု ဆိုသည်၊ ဃပတော သ္မိံသာနံ သံသာသုတ်ကျမှ ရုပ်တွက်ရမည်။
ဧကဝစနေသု- ကုန်သော၊ သံသာသု- တို့ကြောင့်၊ ဧတိ.မာသံ စ- ဧတာ ဣမာတို့၏ အဆုံးအာသည် လည်း၊ ဣ- ဣအပြုသည်၊ ဟောတိ- ၏။ ဧတိဿံ, ဣမိဿံ, ဣမိဿာ စသည်တည်း။
၁၂။ [ဣမိဿံ-ဤသူမ၌၊ ဣမိဿာ-ဤသူမအား, ဤသူမ၏။] ဤသုတ်ကား ဧကဝုစ် သံအပြု, သာအပြု နှောင်းရာ၌ ဧတာ ဣမာသဒ္ဒါ တို့၏အဆုံးဖြစ်သော အာကို ဣပြုဟု စီရင်သည်၊ သံသာသွေကဝစနေသု စ သုတ်က လိုက်ပါလာသော စသဒ္ဒါဖြင့် (အညိဿံ, အညိဿာ) စသည် ၌လည်း ဣ ပြုလေဦးဟု ဆည်းယူသည်။
ဧကဝစနေသု- ကုန်သော၊ သံသာသု- တို့ကြောင့်၊ တဿာ- တာသဒ္ဒါ၏ အဆုံးအာသည်၊ ဣ- ဣအပြု သည်၊ ဝါ- ဖြင့်၊ ဟောတိ- ၏။ တိဿံ, တိဿာ စသည်တည်း။
၁၃။ [တိဿံ-ထိုသူမ၌၊ တိဿာ-ထိုသူမအား, ထိုသူမ၏။] ဧကဝုစ် သံသာအပြုတို့ကြောင့် တာသဒ္ဒါ၏အဆုံး အာကို ဣပြုသောသုတ်တည်း၊ ဝါသဒ္ဒါကြောင့် အာကို ဣ မပြုဘဲ တဿံ, တဿာ ဟုလည်း ရှိ၏။
တတော- ထို တာ, ဧတာ, ဣမာသဒ္ဒါတို့မှ၊ ပရဿ- နောက်ဖြစ်သော၊ သဿ- သဝိဘတ်၏၊ ဿာယ- ဿာယ အပြုသည်၊ ဝါ- ဝိကပ်အားဖြင့်၊ ဟောတိ- ဖြစ်၏။ တိဿာယ, ဧတိဿာယ, ဣမိဿာယ စသည်တည်း။
၁၄။ [တိဿာယ-ထိုသူမအား, ၏၊ ဧတိဿာယ, ဣမိဿာယ-ဤ သူမအား, ၏။] ဤသုတ်ကား တာ ဧတာ ဣမာသဒ္ဒါတို့မှ နောက်ဖြစ်သော သ ဝိဘတ်ကို ဿာယ ပြုသောသုတ်တည်း။
ရုပ်တွက်။ ။ တိဿာယကို “တာ”လိန်တည်၊ အားဟူ၍ အနက်ပေး သောကြောင့် ၊ပေ၊ သဝိဘတ်သက်၊ တတော သဿ ဿာယသုတ်ဖြင့် သကို ဿာယပြု, တဿာ ဝါသုတ်ဖြင့် တာ၏ အဆုံး -ါ ကို -ိ ပြု, တိဿာယ ပြီး၏။ [ဧတိဿာယ, ဣမိဿာယတို့၌ ဧတာ, ဣမာတည်၍ ဧတိမာသမိသုတ်ဖြင့် အာ ကို ဣ ပြုရုံသာ ထူး၏။]
ဧကဝစနေသု- ဧကဝုစ်ဖြစ်ကုန်သော၊ သံသာသု- သံအပြု, သာအပြုတို့ကြောင့်၊ ဃော- ဃ အမည်ရှိ သော အာသည်၊ ရဿံ- ရဿအဖြစ်သို့၊ အာပဇ္ဇတေ- ရောက်၏။ တဿံ, တဿာ စသည်တည်း။
၁၅။ [တဿံ-ထိုသူမ၌၊ တဿာ-ထိုသူမအား, ၏။] အာ ဃော သုတ်က အာကို ဃအမည် မှည့်ခဲ့ပြီ၊ ဤသုတ်ကား… ဧကဝုစ်ဖြစ်သော သံအပြု သာအပြု နှောင်းရာ၌ ထိုဃအမည်ရှိသော အာကို အ ရဿပြု သော သုတ်တည်း၊ ဃပတော သ္မိံသာနံ သံသာသုတ်ကျမှ ရုပ်တွက်ပါ။
နံမှိ- နံဝိဘတ်ကြောင့်၊ ဒွါဒိတော စ- ဒွိ စတု အစ, အဋ္ဌာရသအဆုံးရှိသော သင်္ချာသဒ္ဒါ တို့မှ နောက်၌လည်း၊ နော စ- န အက္ခရာလည်း လာသည်၊ ဟောတိ- ဖြစ်၏။ ဒွိန္နံ, စတုန္နံ စသည်တည်း။ စသဒ္ဒါဖြင့် ဿံလာခြင်းကို ဆည်း၍ တိဿန္နံ, စတဿန္နံ ဟု ဖြစ်၏။
၁၆။ [ဒွိန္နံ-နှစ်ခုတို့အား, နှစ်ခုတို့၏၊ (ဣဏ္ဏမိဏ္ဏန္နံ တီဟိ သင်္ချာဟိ သုတ်က စီရင်လတ္တံ့ဖြစ်၍ တိဏ္ဏံကို ဤသုတ်က မစီရင်၊) စတုန္နံ-လေးခု တို့အား, တို့၏။] ဒွါဒိတောနောင်ထိုင်သော စသဒ္ဒါဖြင့် ဂုအပြု စသည်မှ နောက်၌လည်း န အက္ခရာလာခြင်းကို ဆည်း၍ “ဂုန္နံ-နွားတို့ အား, တို့၏” ဟူသော ရုပ်ဖြစ်၏၊ တိဿန္နံ - ၃ ယောက်သော မိန်းမတို့အား, တို့၏၊ စတဿန္နံ-၄ ယောက်သော မိန်းမတို့အား, တို့၏။
ရုပ်တွက်။ ။ ဒွိန္နံကို “ဒွိ”လိန်တည်၊ တို့အားဟူ၍ အနက်ပေးသော ကြောင့် ၊ပေ၊ ဗဟုဝုစ် နံဝိဘတ်သက်, နော စ ဒွါဒိတော နံမှိသုတ်ဖြင့် ဒွိမှ နောက်၌ န် လာ, ဒွိန္နံ ပြီး၏။ [စတုန္နံကို စတု တည်၍ တွက်၊ ပဉ္စန္နံ စသည်ကို ပဉ္စ စသည် တည်၍ ပဉ္စာဒီနမတ္တံသုတ်ကျမှ တွက်၊ ဂုန္နံကို သုဟိနာသု စ သုတ်ကျမှ တွက်။]
တိဿန္နံကို “တိ”လိန်တည်၊ နံဝိဘတ်သက်, နော စ ဒွါဒိတော နံမှိ သုတ်၌ စသဒ္ဒါဖြင့် တိမှ နောက်၌ ဿံလာ (တိဿံနံ) ဝဂ္ဂန္တံ ဝါ ဝဂ္ဂေ သုတ်ဖြင့် ဿနောက်၌ရှိသော နိဂ္ဂဟိတ်ကို တဝဂ္ဂန္တ “န်”ပြု, န် ကို နံသို့ ကပ်, တိဿန္နံ ပြီး၏။ [စတဿန္နံ ကို စတုတည်၍ တိဿန္နံအတိုင်းတွက်, စတုဿန္နံဟု ပြီးသည့်အခါ တေသု ဝုဒ္ဓိသုတ်ကြီးဖြင့် စတု၏ ု ကို (အ) ပြုရုံသာ။]
ပတော- ပအမည်ရှိသော ဣဝဏ်မှ၊ ပရေသံ- နောက်ဖြစ်ကုန်သော၊ သ္မိံသ္မာနံ- သ္မိံဝိဘတ်, သ္မာဝိဘတ်တို့၏၊ အံအာ- အစဉ်အတိုင်း အံအပြု, အာအပြုတို့ သည်၊ ဝါ- ဝိကပ်အားဖြင့်၊ ဟောန္တိ- ဖြစ်ကုန်၏။ ရတျံ, ရတျာ စသည်တည်း။ “အာ.ပတော” ဟူသော ဒွိဓာကရဏယောဂ ဝိဘာဂဖြင့် နာဝိဘတ် သဝိဘတ်တို့ကို အာပြု၍ ရတျာ, ပထဗျာ စသောရုပ်များ ဖြစ်သေး၏။
၁၇။ [ရတျံ-ညဉ့်၌၊ ရတျာ-ညဉ့်မှ, ညဉ့်ဖြင့်, ညဉ့်အား, ညဉ့်၏၊ ပထဗျာ-မြေဖြင့်, မြေအား, မြေ၏။] တေ ဣတ္ထိချာ ပေါသုတ်ဖြင့် ဣဝဏ် ကို ပ အမည် မှည့်၍, ဤသုတ်က သ္မိံ ကို အံ, သ္မာ ကို အာ ပြုသည်၊ ထိုနောက်မှ ပသညဿ စသုတ်က ဣ ဤ ကို ယ ပြုလတ္တံ့။
ယောဂဝိဘာဂ။ ။ သုတ်၌ပါသော အံနှင့် သ္မိံသ္မာနံ ဝါကို ချန်ထား၍ အာနှင့် ပတောကို ခွဲထုတ်လျက် “အာ ပတော”ဟု သုတ်တစ်မျိုးလုပ်ခြင်း ကို “ဒွိဓာကရဏယောဂဝိဘာဂ”ဟု ဆိုသည်၊ “ယောဂဝိဘာဂ”ဟူသမျှ၌ သုတ်အပိုတစ်မျိုး တိုးလာသည်ဟု မှတ်၊ ထို့ကြောင့် ထို “အာ ပတော” ဟူသောသုတ်ဝယ်…
“ပတော-ပအမည်ရှိသော ဣဝဏ်မှ၊ ပရေသံ-နောက်ဖြစ်ကုန်သော၊ နာသာနံ-နာဝိဘတ် သဝိဘတ်တို့၏၊ အာ-အာအပြုသည်၊ ဟောတိ-ဖြစ်၏၊ ရတျာ-ညဉ့်ဖြင့်၊ ပထဗျာ-မြေအား, မြေ၏”ဟု သုတ်နက်, ပုံစံနက် များကို ထည့်၍ ဆိုတတ်ပါစေ။
အမှာ။ ။ ရုပ်ကို သုတ်မစုံလင်မီ တွက်ပြနေပါက ငယ်ရွယ်သူများ နားရှုပ်နေမည် ဖြစ်၍ ဤ၌ တွက်မပြသင့်ပါ၊ ဆိုင်ရာ ပသညဿ စသုတ် ရောက်လျှင် အလိုအလျောက် တွက်တတ်လာပါလိမ့်မည်။
အာဒိတော စ- အာဒိသဒ္ဒါမှ လည်း၊ ပရံ- နောက်ဖြစ်သော၊ သ္မိံ- သ္မိံဝိဘတ်သည်၊ အံ စ- အံ အပြုသည်လည်းကောင်း၊ သြ စ- သြ အပြုသည်လည်းကောင်း၊ ဟောတိ- ဖြစ်၏။ အာဒိံ, အာဒေါ ဟူသည်တည်း။
၁၈။ [အာဒိံ, အာဒေါ-အစ၌။] သုတ်၌လာသော ရုပ်တို့ကို အနက် ပေးရာ၌ သုတ်အစီအရင်ကို သတိပြုပါ၊ သုတ်က သ္မိံဝိဘတ်ကို အံ-အာ ပြုသောကြောင့် ဝိဘတ်သွယ်တုန်းက အဆိုအတိုင်း “၌”ဟု အနက်ပေး ရသည်။ [ပရံ-နောက်ဖြစ်သော၊ သ္မိံ-သ္မိံဝိဘတ်သည်”ဟု အနက်ပေးရာ၌ သ္မိံနောင် ပဌမာဝိဘတ် အကျေကြံသည်၊ သ္မိံဝစနံဟု နပုလ္လိန်ကို ငဲ့၍ “ပရံ”ဟု ထားသည်။]
ရုပ်တွက်။ ။ အာဒေါကို “အာဒိ”လိန်တည်၊ ၌ဟူ၍ အနက်ပေးသော ကြောင့် ၊ပေ၊ ဧကဝုစ် သ္မိံဝိဘတ် သက်၊ (အာဒိသ္မိံ) အာဒိတော သြ စ သုတ်ဖြင့် သ္မိံဝိဘတ်ကို ေ-ါ ပြု, ဒ် ခွင်း(အာ ဒ် -ိ ေ-ါ ) သရလောပေါ မာဒေသပစ္စယာဒိမှိ သရလောပေ တု ပကတိသုတ်ဖြင့် ရှေ့ -ိ သရကို ချေ, ေ-ါ ကိုလည်း ေ-ါ ဟု ပကတိပြု, နယေ ပရံ ယုတ္တေသုတ်ဖြင့် ဒ် ကို ေ-ါ သို့ ကပ်, အာဒေါ ပြီး၏။ [အာဒိံ ကို အံမော နိဂ္ဂဟီတံ ဈလပေဟိ သုတ်၌ တွက်တတ်လတ္တံ့။]
စသဒ္ဒါ။ ။ အာဒိတော စသဒ္ဒါဖြင့် ရတ္တိသဒ္ဒါနောင် သ္မိံဝိဘတ်၏ သြအပြုကို ဆည်း၍ “ရတ္တော-ညဉ့်၌”ဟု ဖြစ်၏၊ ကစ္စည်းဝုတ္တိ၌ ဒိ၀ နောင် သ္မိံ ကို အာ ပြု၍ “ဒိဝါ-နေ့၌” ဗာရာဏသီနောင် သ္မိံ ကို အံ ပြု၍ “ဗာရာဏသိံ-ဗာရာဏသီပြည်၌”ဟူသော ရုပ်တို့ကိုလည်း ပြသေး၏၊ ထိုရုပ်များနှင့်စပ်၍ မှတ်ချက်ကို ကစ္စည်းဘာသာဋီကာ၌ ပြထား၏။
သရေ- နောက်သရ ကြောင့်၊ ဈလာနံ- ဈ လအမည်ရှိသော ဣဝဏ် ဥဝဏ်တို့၏၊ ဣယုဝါ- ဣယအပြု, ဥဝအပြုတို့သည်၊ ဝါ- ဝိကပ်အားဖြင့်၊ ဟောန္တိ- ကုန်၏။ အဂ္ဂိယာ.ဂါရေ, ဘိက္ခုဝါ.သနေ စသည်တည်း။
၁၉။ [အဂ္ဂိ+အာဂါရေ၊ မီးရှိသောအိမ်, မီးတင်းကုပ် (မီးဖိုထားတဲ့ တဲကုပ်)၌၊ အဂါရ-အာဂါရ ၂ မျိုးလုံး “အိမ်”ဟူသော အနက်ကို ဟော၏၊ ဘိက္ခု+အာသနေ-ရဟန်းတို့၏ နေရာ၌။] ဤသုတ်ကား သရနှောင်းရာ၌ ဈ မည်သော ဣဝဏ်ကို ဣယ, လ မည်သော ဥ-ဏ်ကို ဥ၀ ပြုသော သုတ်တည်း။
ရုပ်တွက်။ ။ အဂ္ဂိယာဂါရေကို “အဂ္ဂိ -ါ ဂါရေ”ဟု ပုဒ်ဖြတ်၊ ဣဝဏ္ဏုဝဏ္ဏာ ဈလာသုတ်ဖြင့် -ိ ကို ဈ အမည် မှည့်, ဈလာန.မိယုဝါ သရေဝါ သုတ်ဖြင့် -ိ ကို -ိယ် ပြု (အဂ္ဂိယ် -ါ ဂါရေ), ယ် ကို -ါ သို့ ကပ်, အဂ္ဂိယာဂါရေ ပြီး၏။
ဘိက္ခုဝါသနေကို “ဘိက္ခု -ါ သနေ”ပုဒ်ဖြတ်၊ ု ကို လအမည်မှည့်, ဤသုတ်ဖြင့် ု ကို ုဝ် ပြု, ဝ်ကို ၊ သို့ကပ်, ဘိက္ခုဝါသနေ ပြီး၏။
[အောက်ပါ ရုပ်များကိုလည်း တွက်ပါ။]
တိ.ယန္တံ၊ တိ + ၊ န္တံ = သုံးပါးသော အပိုင်းအခြား။
ပစ္ဆိ.ယာဂါရေ၊ ပစ္ဆိ + -ါ ဂါရေ= ခြင်းတောင်း၌ (နှီး စသည်ဖြင့် ပြုလုပ်အပ်သော တောင်းတစ်မျိုး။)
ပုထု.ဝါသနေ၊ ပုထု + -ါ သနေ= အသီးအခြားနေရာ၌။
သယမ္ဘု.ဝါသနေ၊ သယမ္ဘူ + -ါ သနေ = ဘုရား၏နေရာတော်၌။
အမှာ။ ။ ဤသုတ်နှင့် နောက်သုတ်၏ ပုံစံများနှင့်စပ်၍ မှတ်ဖွယ်ကို ကစ္စည်းဘာသာဋီကာ၌ ပြထားပြီ။
သရေ- နောက်သရကြောင့်၊ ဈလာနံ- ဈ လ အမည်ရှိသော ဣဝဏ် ဥဝဏ်တို့၏၊ ယဝကာရာ စ- အစဉ်အတိုင်း ယ အပြု, ဝ အပြုတို့သည်လည်း၊ ဟောန္တိ- ကုန်၏။ အဂျာ.ဂါရံ, စက္ခာပါတံ စသည်တည်း။
၂၀။ [အဂ္ဂိ + အာဂါရံ၊ မီးတင်းကုပ်၊ စက္ခု + အာပါတံ = စက္ခု၌ ကျရောက်ခြင်းသို့။] ဤသုတ်ကား သရနှောင်းရာ၌ ဈ အမည်ရှိသော ဣဝဏ်ကို ယ, လ အမည်ရှိသော ဥဝဏ်ကို ဝ ပြုသော သုတ်တည်း။
ရုပ်တွက်။ ။ အဂျာ.ဂါရံကို “အဂ္ဂိ -ါ ဂါရံ”ဟု ပုဒ်ဖြတ်၊ ဣဝဏ္ဏုဝဏ္ဏာ ဈလာသုတ်ဖြင့် -ိ ကို ဈအမည်မှည့်, ယဝကာရာ စသုတ်ဖြင့် -ိ ကို “ယ်”ပြု, ဂ္ဂ်ျ ကို -ါ သို့ကပ်, ဗျဉ္ဇနော စ ဝိသညောဂေါသုတ်၌ စသဒ္ဒါဖြင့် ဂ္ဂ ဗျဉ်း ၂ လုံးတွင် ၁ လုံးချေ, အဂျာဂါရံ ပြီး၏။ [ဤရုပ်ကို ဗျဉ္ဇနော စ ဝိသညောဂေါသုတ်၌ ဣဝဏ္ဏော ယံ နဝါဖြင့် ယ်ပြု၍လည်း တွက်ပြခဲ့ပြီ၊၊]
စက္ခာပါတံကို “စက္ခု -ါ ပါတံ”ဟု ပုဒ်ဖြတ်၊ ု ကို လအမည်မှည့်, ဤသုတ်ဖြင့် ု ကို ဝ် ပြု, က္ခကို အာသို့ကပ်, စက္ခာပါတံပြီး၏။ [သွာ.ဂတံ၊ သု+ -ါဂတံ, ဗဟွာဗာဓော=ဗဟု+ -ါဗာဓော” ရုပ်များကိုလည်း တွက်။]
သရေ- ဝိဘတ်အပြုဖြစ်သော သြအာ အံ သရကြောင့်၊ ပသညဿ စ- ပ အမည်ရှိသော ဣဝဏ်၏ လည်း၊ ယကာရော- ယအပြုသည်၊ ဟောတိ- ဖြစ်၏။ ရတျော, ရတျာ, ရတျံ စသည်တည်း။
၂၁။ [ရတျော၊ ညဉ့်တို့သည်, တို့ကို၊ ရတျာ-ညဉ့်မှ၊ ရတျံ=ညဉ့်၌။] ဤသုတ်ကား ဝိဘတ်ကို ပြုစီရင်၍ ဖြစ်လာသော သြသရ အာသရ အံသရ နှောင်းရာ၌ ပအမည်ရှိသော ဣဝဏ်ကို “ယ်”ပြုသောသုတ်တည်း။
ရုပ်တွက်။ ။ ရတျာကို “ရတ္တိ”လိန်တည်၊ မှဟူ၍ အနက်ပေးသော ကြောင့် ၊ပေ၊ သ္မာဝိဘတ်သက်၊ တေ ဣတ္ထိချာ ပေါသုတ်ဖြင့် -ိ ကို ပအမည်မှည့်, အမာပတော သ္မိံသ္မာနံ ဝါသုတ်ဖြင့် သ္မာဝိဘတ်ကို -ါ ပြု, ပသညဿ စသုတ်ဖြင့် -ိ ကို “ယ်”ပြု, တ္တျ် ကို -ါ သို့ကပ်, ဗျဉ္ဇနော စ ဝိသညောဂေါသုတ်၌ စသဒ္ဒါဖြင့် တ္တ ဗျဉ်း ၂ လုံးတွင် ၁ လုံးကိုချေ, ပြီး၏။
ရတျံ၌ သ္မိံဝိဘတ်ကို အမာပတော သ္မိံသ္မာနံ ဝါသုတ်ဖြင့် ပြုရုံသာ -ံ ထူးတော့သည်, ရုပ်တွက်လေ၊ ရတျောကိုကား တတော ယောနမော တု သုတ်ကျမှ တုသဒ္ဒါဖြင့် ယောဝိဘတ်ကို ေ-ါ ပြု၍ စီရင်နိုင်လတ္တံ့။
မတျော-ပညာတို့သည်၊ မတျာ-ပညာမှ၊ မတျံ-ပညာ၌၊ ဤရုပ်များ ကိုလည်း “မတိ” လိန်တည်၍ ရုပ်တွက်လေ၊ ဗျဉ္ဇနော စ ဝိသညောဂေါ သုတ်ဖြင့် တ ၁ လုံးကို မချေရခြင်းသာ ထူးတော့သည်။
သေ- သဝိဘတ်ကြောင့်၊ ဂေါ- ဂေါသဒ္ဒါ၏ သြသည်၊ အာဝ- အာဝ အပြုသည်၊ ဟောတိ- ဖြစ်၏။ ဂါဝဿ ဟူသည်တည်း။
၂၂။ [ဂါဝဿ-နွားအား, နွား၏။] သဝိဘတ်နှောင်းရာ၌ ဂေါသဒ္ဒါ၏ သြကို အာဝ ပြုသောသုတ်တည်း၊ ဂါ၀ သေ၌ ဂါဝကို ဂေါ + အာဝ”ဟု ပုဒ်ဖြတ်။
ရုပ်တွက်။ ။ ဂါဝဿကို “ဂေါ”လိန်တည်၊ အားဟူ၍ ၊ပေ၊ သဝိဘတ် သက်, ဂ် ခွင်း, ဂါ၀ သေသုတ်ဖြင့် ဂေါသဒ္ဒါ၏ ေ-ါ ကို -ါဝပြု, ဂ်ကို -ါ သို့ ကပ်, သာဂမော သေသုတ်ဖြင့် ရှေ့၌ သ် လာ, ဂါဝဿ ပြီး၏။
ယောသု စ- ယောဝိဘတ်တို့ကြောင့် လည်း၊ ဂေါ- ဂေါသဒ္ဒါ၏သြသည်၊ အာဝ- အာဝ အပြုသည်၊ ဟောတိ- ဖြစ်၏။ ဂါဝေါ ဟူသည်တည်း။ ယောသု စ၌ စသဒ္ဒါဖြင့် နာ သ္မာ သ္မိံ သုဝိဘတ်တို့ကြောင့် အာဝ အပြုကို ဆည်း၍ ဂါဝေန, ဂါဝါ, ဂါဝေ, ဂါဝေသု ဟု ဖြစ်၏။
၂၃။ [ဂါဝေါ-နွားတို့သည်, နွားတို့ကို၊ ဂါဝေန-နွားဖြင့်၊ ဂါဝါ-နွားမှ၊ ဂါဝေ-နွား၌၊ ဂါဝေသု-နွားတို့၌။]
ရုပ်တွက်။ ။ ဂါဝေါကို ”ဂေါ”လိန်တည်၊ တို့သည်ဟူ၍ ၊ပေ၊ ယော ဝိဘတ်သက်, ဂ် ခွင်း, ယောသု စသုတ်ဖြင့် ဂေါသဒ္ဒါ၏ ေ-ါ ကို -ါ၀ ပြု, ဂ် ကို -ါ သို့ကပ် (ဂါဝယော) တတော ယော နမော တုသုတ်၌ တုသဒ္ဒါဖြင့် ယောဝိဘတ်ကို ေ-ါ ပြု, ဝ် ခွင်း(ဂါဝ်၊ ေ-ါ ) သရလောပေါမာဒေသပစ္စယာ ဒိမှိ စသော သုတ်ဖြင့် ဝ ၏ ၊ ကို ချေ, နယေ ပရံ ယုတ္တေသုတ်ဖြင့် ဝ်ကို ေ-ါ သို့ ကပ်, ဂါဝေါပြီး၏။ [ဂါဝေန စသည်ကား အလိုလို ပြီးလိမ့်မည်။]
အံမှိ စ- အံ ဝိဘတ်ကြောင့်လည်း၊ ဂေါ- ဂေါသဒ္ဒါ၏ သြသည်၊ အဝ စ- အဝ အပြုသည်လည်းကောင်း၊ အာဝ စ- အာဝ အပြုသည်လည်းကောင်း၊ ဟောတိ- ဖြစ်၏။ ဂဝံ, ဂါဝံ ဟူသည်တည်း။ အံမှိ စ၌ စသဒ္ဒါဖြင့် ဂါဝသေ, ယောသုစ ဟူသော ရှေ့ ၂ သုတ်တို့၌ ဆိုအပ်ခဲ့သော “ယောနှစ်လုံးနာ, သနှစ်ဖြာ, သ္မာ သ္မိံ သု”ဟူသော ဝိဘတ်ရှစ်လုံးတို့ကြောင့် အဝ အပြုကို ဆည်း၍ ဂဝေါ, ဂဝေန, ဂဝဿ, ဂဝါ, ဂဝေ, ဂဝေသု ဟု ဖြစ်၏။
၂၄။ အဝံမှိကို “အဝ+အံမှိ”ဟု ပုဒ်ဖြတ်၊ ဂဝံ-နွားကို၊ ဂဝေါ-နွားတို့ သည်, နွားတို့ကို၊ ဂဝေန-နွားဖြင့်၊ ဂဝဿ-နွားအား, နွား၏၊ ဂဝါ-နွားမှ၊ ဂဝေ-နွား၌၊ ဂဝေသု-နွားတို့၌။
ရုပ်တွက်။ ။ ဂဝံကို “ဂေါ”လိန်တည်၊ ကိုဟူ၍ ၊ပေ-ံဝိဘတ်သက်၊ ဂ်ခွင်း(ဂ်ေ-ါ -ံ) အဝံမှိ စသုတ်ဖြင့် ဂေါသဒ္ဒါ၏ ေ-ါ ကို ၊ ဝ ပြု (ဂ် ၊ ဝ -ံ ) နယေ ပရံ ယုတ္တေသုတ်ဖြင့် ဂ်ကို ၊ သို့ကပ်(ဂဝ -ံ ) ဝ်ခွင်း, သရလောပေါ စသောသုတ်ဖြင့် ဝ ၏ ၊ ကို ချေ၍ နောက် -ံ ကိုလည်း -ံ ဟု ပကတိပြု, ဝ် -ံ သို့ကပ်, ဂဝံ ပြီး၏။
[ဂါဝံ၌ “ -ါဝ” ပြုရုံသာထူးသည်၊ ဂဝေါ, ဂဝေန, ဂဝါ, ဂဝေ, ဂဝေသု တို့၌ “ဂေါ”တည်, ဆိုင်ရာဝိဘတ်သက်, အဝံမှိ စသုတ်၌ စသဒ္ဒါဖြင့် ဂေါ၏ ေ-ါ ကို ၊ ဝ ပြု စသည်ဖြင့် တွက်လေ၊ ဂဝဿ၌ကား ဤသုတ်က စသဒ္ဒါဖြင့် အဝ ပြု၍ သာဂမော သေသုတ်ဖြင့် သ် လာရုံသာ။]
အံမှိ- အံဝိဘတ်ကြောင့်၊ အာဝဿ- အာဝ အပြု၏ အသည်၊ ဥ- ဥအပြုသည်၊ ဝါ- ဝိကပ်အားဖြင့်၊ ဟောတိ- ဖြစ်၏။ ဂါဝုံ ဟူသည်တည်း။
၂၅။ [အာဝဿုကို “အာဝဿ + ဥ”ဟု ပုဒ်ဖြတ်၊ ဂါဝုံ-နွားကို။] အံဝိဘတ်နှောင်းရာ၌ ဂေါသဒ္ဒါ၏ သြကို အဝံမှိ စသုတ်ဖြင့် အာဝပြုပြီး နောက် ဤသုတ်က အာဝ ၏ (ဝထဲ၌ ပါသော) အ ကို ဥ ပြုသည်။
ရုပ်တွက်။ ။ ဂါဝုံကို “ဂေါ”လိန်တည်၊ -ံ ဝိဘတ်သက်, ဂ် ခွင်း, အဝံမှိ စသုတ်ဖြင့် ဂေါသဒ္ဒါ၏ ေ-ါ ကို -ါ၀ ပြု (ဂ် -ါ ဝ -ံ ) ဂ်ကို -ါသို့ ကပ်၊ ဝ် ခွင်း, အာဝဿု ဝါသုတ်ဖြင့် -ါဝ အပြု၏ ၊ ကို ု ပြု (ဂါဝု -ံ ) ဣဝဏ္ဏု ဝဏ္ဏာ ဈလာသုတ်ဖြင့် ု ကို လ အမည်မှည့်၊ အံမောနိဂ္ဂဟီတံ ဈလပေဟိ သုတ်ဖြင့် -ံဝိဘတ်ကို နိဂ္ဂဟိတ်ပြု, ဂါဝုံ ပြီး၏။ [-ံဝိဘတ်ကို နိဂ္ဂဟိတ်ပြု သည့်အခါ ၊ သရပျောက်၍ ဗိန္ဒုအပြောက်သာ ကျန်ပုံကို အံမောနိဂ္ဂဟီတံ ဈလပေဟိသုတ် ကြည့်ပါ။]
ပတိမှိ- ပတိသဒ္ဒါကြောင့်၊ အလုတ္တေ- အလုတ္တဖြစ်သော၊ သမာသေ စ- သမာသ်၌လည်း၊ တတော- ထိုဂေါသဒ္ဒါမှ၊ ပရံ- နောက်ဖြစ်သော၊ နံ- ဝိဘတ်သည်၊ အံ- အံ အပြုသည်၊ ဟောတိ- ဖြစ်၏။ ဂေါဂေါသဒ္ဒါ၏ သြသည်၊ အဝ စ- အဝ အပြုသည်လည်း၊ ဟောတိ- ဖြစ်၏။ ဂဝံပတိ စသည်တည်း။ အလုတ္တေ စ၌ စသဒ္ဒါဖြင့် သမာသ်မဟုတ်ရာ၌ နံဝိဘတ်၏ အံ အပြု, ဂေါသဒ္ဒါ၏ သြ၏ အဝ အပြုကို ဆည်း၍ ဂဝံ ဟုလည်း ဖြစ်၏။
၂၆။ [ဂဝံပတိ-ဂဝံပတိမည်သော ရဟန္တာ၊ ဂဝံ-နွားတို့အား, တို့၏။] သမာသ်အရာဝယ် လုတ္တသမာသ် အလုတ္တသမာသ်ဟု၂-မျိုးရှိ၏၊ သမာသ် ဖြစ်ပြီးသောအခါ ဝိဘတ်ကျေလျှင် လုတ္တ, မကျေလျှင် အလုတ္တတည်း၊ ဤသုတ်ကား အလုတ္တသမာသ်မျိုးဝယ် ပတိသဒ္ဒါနှောင်းရာ၌ နံဝိဘတ်ကို -ံ ပြုပြီးလျှင် ဂေါသဒ္ဒါ၏ ေ-ါ ကိုလည်း ဤသုတ်ဖြင့်ပင် ၊ ဝ ပြုရမည်ဟု ဆိုကြသည်၊ ဂဝံပတိရုပ်ကို သမာသ်ကျမှ သမာသ်ရုပ်တွက်ရမည်။
ရုပ်တွက်။ ။ ဂဝံကို “ဂေါ”လိန်တည်၊ တို့အားဟူ၍ ၊ပေ၊ ဗဟုဝုစ် နံဝိဘတ်သက်, ဂ်ခွင်း, တတောန.မံ ပတိမှာ.လုတ္တေ စ သမာသေသုတ်၌ စသဒ္ဒါဖြင့် နံဝိဘတ်ကို -ံ ပြု၍, ဂေါသဒ္ဒါ၏ ေ-ါ ကိုလည်း ၊ ဝ ပြု, ဂ် ၊ သို့ ကပ်, ဝ်ခွင်း, သရလောပေါစသောသုတ်ဖြင့် ၊ ကိုချေ၍ နောက် -ံ ကိုလည်း -ံ ဟု ပကတိပြု, ဂဝံ ပြီး၏။
အမှာ။ ။ အဝံမှိ စ သုတ်၌ အံ ဝိဘတ်ဖြင့်လည်း ဂဝံ ရှိခဲ့သည်၊ ထို့ကြောင့် ဂဝံ ရုပ်ကို အံ ဝိဘတ် နံ ဝိဘတ်ဖြင့် ၂ မျိုးရှိသည်ဟု သိပါ၊ “ဂဝံ၀ သိင်္ဂိနော သိင်္ဂံ”စသော ဇာတ်ပါဠိတော်၌ကား သ ဝိဘတ်ဖြင့်လည်း ဂဝံရုပ် ရှိသေး၏။
သရေ စ- သရကြောင့်လည်း၊ သမာသေ- လုတ္တသမာသ်၌၊ သြ- ဂေါသဒ္ဒါ၏ သြသည်၊ အဝ- အဝ အပြုသည်၊ ဟောတိ- ဖြစ်၏။ ဂဝဿကံ စသည်တည်း။ သရေ စ၌ စသဒ္ဒါဖြင့် သ္မိံဝိဘတ် ယောဝိဘတ်နှောင်းရာ၌ ဥဝဏ်၏ ဥဝ, အဝ, ဥရ အပြုကို ဆည်း၍ ဘုဝိ, ပသဝေါ, ဂုရဝေါ, စတုရော စသည်ဖြစ်၏။
၂၇။ [ဂဝဿကံ-နွား, မြင်း၊ ဘုဝိ-မြေ၌၊ ပသဝေါ-သားကောင်တို့သည်, တို့ကို၊ ဂုရဝေါ-ဆရာတို့သည်, တို့ကို၊ စတုရော-၄ ခုတို့သည်, တို့ကို။] ဤသုတ်ကား လုတ္တသမာသ်အရာဝယ် သရနှောင်းရာ၌ ဂေါသဒ္ဒါ၏ သြကို အဝ ပြုသောသုတ်တည်း၊ ဂဝဿကံကို သမာသ်တွင်းရောက်မှ ကျနစွာ ရုပ်တွက်နိုင်မည်၊ ဤ၌ အကျဉ်းမျှ တွက်ပါ။
ရုပ်တွက်။ ။ ဂဝဿကံကို “ဂေါ ၊ ဿကံ”ဟု ပုဒ်ဖြတ်၊ ဂ်ခွင်း, သြ သရေ စသုတ်ဖြင့် ဂေါသဒ္ဒါ၏ ေ-ါ ကို အဝပြု, ဂ်ကို ၊ သို့ကပ်, ဝ်ခွင်း, သရလောပေါစသောသုတ်ဖြင့် ဝ်၏ ၊ ကိုချေ, ဝ်ကို ၊ သို့ကပ်, ဂဝဿကံ ပြီး၏။ [ဘုဝိ, ပသဝေါ, ဂုရုဝေါ, စတုရော တို့ကို တတော ယော နမော တု, တတော သ္မိမိသုတ်ကျမှ ရုပ်တွက်ရမည်။]
ဗျဉ္ဇနေစ- ဗျဉ်းကြောင့် လည်း၊ ဥပပဒေ- နာမ်, ဓာတ်တို့၏ အနီးပုဒ်၌၊ အဝဿ- အဝ သဒ္ဒါ၏၊ တဗ္ဗိပရီတော- ထို သြ၏ ဝိပရိတ်ဟု, ဥ အပြုသည်၊ ဟောတိ- ဖြစ်၏။ ဥဂ္ဂတေ, ဥဂ္ဂစ္ဆတိ စသည်တည်း။
၂၈။ [ဥဂ္ဂတေ + အဝဂတေ - သက်လျှောသည်ရှိသော်၊ ဥဂ္ဂစ္ဆတိအဝဂစ္ဆတိ-သက်လျှော၏။] နာမ်အနီး ဓာတ်အနီး (ရှေ့က)ပုဒ်ကို “ဥပပဒ”ဟု ခေါ်၏။ [ဥပ-အနီးဖြစ်သော+ပဒ၊ ပုဒ်။] အဝဂတေ၌ ဂတေကား နာမ်, ဥဂ္ဂစ္ဆတိ၌ ဂစ္ဆတိကား ဓာတ်တည်း, အဝကား ဥပပဒ တည်း၊ ဤသုတ်က “အဝ ကို ဥ ပြု”ဟု ဆိုလိုသော်လည်း, ဥ ကို သြ ၏ ဝိပရီတ ခေါ်သည်ဟု အခေါ်တစ်မျိုးကို နားလည်စေလိုသောကြောင့် “တဗ္ဗိပရီတ-ထိုသြ၏ ဝိပရိတ် ပြု”ဟု ဆိုထားသည်။
ရုပ်တွက်။ ။ ဥဂ္ဂတေကို “အဝဂတေ”ဟု ပုဒ်ဖြတ်၊ တဗ္ဗိပရီတုပပဒေ ဗျဉ္ဇနေ စသုတ်ဖြင့် အဝကို သြ၏ ဝိပရိတ် ဥပြု (ဥဂတေ), ပရဒွေဘာဝေါ ဌာနေသုတ်ဖြင့် ဂ၏ သဒိသဒွေးဘော် ဂ်လာ, ဥဂ္ဂတေ ပြီး၏။ [ဥဂ္ဂစ္ဆတိ ကိုလည်း အဝဂစ္ဆတိ တည်၍ ရုပ်တွက်။]
နံမှိ- နံဝိဘတ်ကြောင့်၊ ဂေါ- ဂေါ သဒ္ဒါသည်၊ ဂေါဏ- ဂေါဏ အပြုသည်၊ ဝါ- ဝိကပ်အားဖြင့်၊ ဟောတိ- ဖြစ်၏။ ဂေါဏာနံ ဟူသည်တည်း။
၂၉။ [ဂေါဏာနံ-နွားတို့အား, နွားတို့၏။]
ရုပ်တွက်။ ။ ဂေါဏာနံကို “ဂေါ”လိန်တည်, တို့အားဟူ၍ ၊ပေ၊ စတုတ္ထီ ဗဟုဝုစ် နံဝိဘတ်သက်၊ ဂေါဏ နံမှိ ဝါသုတ်ဖြင့် ဂေါသဒ္ဒါကို ဂေါဏပြု၊ ဏ်ခွင်း, သုနံဟိသု စသုတ်ဖြင့် ဏ၏ အစိတ် ၊ ကို -ါ ပြု, ဏ်ကို -ါ သို့ ကပ်, ဂေါဏာနံ ပြီး၏။
သုဟိနာသု စ- သုဝိဘတ်, ဟိဝိဘတ်, နာဝိဘတ်တို့ကြောင့်လည်း၊ ဂေါ- ဂေါ သဒ္ဒါသည်၊ ဂေါဏ- ဂေါဏ အပြုသည်၊ ဟောတိ- ဖြစ်၏။ ဂေါဏေသု, ဂေါဏေဟိ, ဂေါဏေန ဟူသည်တည်း။ စသဒ္ဒါဖြင့် ဂေါဏ နံမှိ ဝါ, သုဟိနာ သု စ ဤ ၂ သုတ်တို့၌ တိုက်ရိုက်ပါသော ဝိဘတ်တို့မှ ကြွင်း ကျန်သမျှ သိစသော ဝိဘတ်တို့ကြောင့် ဂေါသဒ္ဒါ၏ ဂေါဏ အပြုကိုလည်းကောင်း, နံဝိဘတ်နှောင်းရာ၌ ဂု အပြုကိုလည်း ကောင်း ဆည်းယူသည်။
၃၀။ [ဂေါဏေသု-နွားတို့၌၊ ဂေါဏေဟိ-နွားတို့ဖြင့်, တို့မှ၊ ဂေါဏေနနွားဖြင့်။] ဤရုပ်များသည် သုဟိသွကရော ဧ, အတောနေနသုတ်တို့၌ ပြီးလတ္တံ့၊ စသဒ္ဒါဖြင့် ဂေါဏော (သိ), ဂေါဏာ (ယော), ဂေါဏံ (အံ), ဂေါဏဿ (သ), ဂေါဏာနံ (နံ), ဂေါဏသ္မာ (သ္မာ), ဂေါဏသ္မိံ (သ္မိံ), ဂုန္နံ (နံဝိဘတ်, ဂေါသဒ္ဒါကို ဂု ပြု, နော စ ဒွါဒိတော နံမှိသုတ်၌ စသဒ္ဒါဖြင့် န် လာ) ရှေ့သုတ်နှင့် ဤသုတ် ပေါင်းလျှင် ဝိဘတ် ၇ သွယ်၌ ဂေါဏ အပြု ပြည့်စုံ၏။
ဈလပေဟိ- ဈ လ ပ တို့မှ၊ ပရော- နောက်ဖြစ်သော၊ အံမော- အံ ဝိဘတ် မ အက္ခရာ သည်၊ နိဂ္ဂဟီတံ- နိဂ္ဂဟိတ်သည်၊ ဟောတိ- ဖြစ်၏။ အဂ္ဂိံ, ဘိက္ခုံ, ပုလ္လိင်္ဂံ စသည်တည်း။
၃၁။ [အဂ္ဂိံ-မီးကို၊ ဘိက္ခုံ-ရဟန်းကို၊ ပုလ္လိင်္ဂံ၊ ပုလ္လိန်။] ဤသုတ်ကား ဣဝဏ္ဏုဝဏ္ဏာ ဈလာ, တေ ဣတ္ထိချာ ပေါသုတ်ဖြင့် ဣဝဏ် ဥဝဏ်ကို ထိုက်သင့်သလို ဈ လ ပ အမည်မှည့်ပြီးနောက် အံဝိဘတ် မအက္ခရာကို နိဂ္ဂဟိတ်ပြုသော သုတ်တည်း၊ နိဂ္ဂဟိတ်ပြုတဲ့အခါ အ သရပျောက်၍ ဗိန္ဒုပြောက်(သေးသေးတင်)သာ ကျန်သည်၊ ထို့ကြောင့် ဤသုတ်ဖြင့် အံကို နိဂ္ဂဟိတ်ပြုခြင်းသည် အ သရကျေပျောက်ခြင်းအကျိုးရှိ၏ဟု မှတ်။
အ သရပျောက်၍ ကျန်ရစ်သော ထိုဗိန္ဒုပြောက်လည်း မိမိမှီရာသရ မရှိ၍ ရှေ့သရကို အလိုလို ကပ်ရောက်သည်၊ ဥပမာ…သစ်ပင် ၂ ပင် ရှိရာတွင် အနောက်သစ်ပင်၌ ငှက်တစ်ကောင် နားနေစဉ် ထိုသစ်ပင်ကို ခုတ်လိုက်သည့်အခါ ငှက်သည် အရှေ့သစ်ပင်သို့ အလိုလို ကူးပြောင်း သွားသကဲ့သို့တည်း၊ သစ်ပင် ၂ ပင်နှင့် ရှေ့နောက် သရ ၂ လုံး, ငှက်နှင့် နိဂ္ဂဟိတ်, ငှက်နားနေရာသစ်ပင်ကို ခုတ်ခြင်းနှင့် နိဂ္ဂဟိတ်၏မှီရာသရ ပျောက်ခြင်းတို့ တူကြသည်။ [ဤနည်းကို “ရုက္ခသကုဏ (သစ်ပင်နှင့် ငှက်)နည်း”ဟု ခေါ်သည်။]
ရုပ်တွက်။ ။ အဂ္ဂိံကို “အဂ္ဂိ”လိန်တည်, ကိုဟူ၍ ၊ပေ၊ -ံဝိဘတ်သက်၊ ဣဝဏ္ဏုဝဏ္ဏာ ဈလာသုတ်ဖြင့် -ိ ကို ဈအမည်မှည့်, အံမော နိဂ္ဂဟီတံ ဈလပေဟိသုတ်ဖြင့် -ံ ဝိဘတ်ကို နိဂ္ဂဟိတ်ပြု, အဂ္ဂိံ ပြီး၏။
အာဒိတော သြ စသုတ်က အာဒိံကို “အာဒိ”လိန်တည်၊ ၌ဟူ၍ ၊ပေ၊ သ္မိံဝိဘတ်သက်, အာဒိတော သြ စသုတ်ဖြင့် သ္မိံကို -ံ ပြု, -ိ ကို ဈမှည့်, ဤသုတ်ဖြင့် -ံ ကို နိဂ္ဂဟိတ် ပြုလေ။
ဘိက္ခုံကို “ဘိက္ခု”လိန်တည်၊ -ံ ဝိဘတ်သက်, ု ကို လ အမည်မှည့်ရုံ သာ၊ ပုလ္လိင်္ဂံ ကို ပုမဿ လိင်္ဂါဒီသု သမာသေသုသုတ်ကျမှ တွက်၊ ဒဏ္ဍိံ (တုတ်ရှိသူကို), သယမ္ဘုံ (ဘုရားကို)စသော ရုပ်များလည်း ဤသုတ်နှင့် ဆိုင်၏၊ အဃော ရဿမေကဝစနယောသွပိ စသုတ်ကျမှ ရုပ်တွက်။
အမာဒေသပစ္စယာဒိမှိ- အံဝိဘတ်, အာဒေသ, ပစ္စည်း, အာဂုံသရကြောင့်၊ သရလောပေါ- ရှေ့သရ၏ ကျေခြင်းသည်၊ ဟောတိ- ဖြစ်၏၊ သရလောပေ- ရှေ့သရကျေပြီးသည်ရှိသော်၊ ပကတိ- နောက်သရ၏ ပကတိအဖြစ်သည်၊ ဟောတိ- ဖြစ်၏၊ တု- ရှေ့သရ မကျေသော အရာလည်း ရှိသေး၏။ပုရိသံ, ပုရိသေ, ပါပိယော စသည်တည်း။
၃၂။ အံဝိဘတ်နှောင်းရာ၌ဖြစ်စေ, တစ်စုံတစ်ခုကို ပြုစီရင်ထားသော အာဒေသသရ နှောင်းရာ၌ဖြစ်စေ, အာ ဤ ဣနီ စသော ပစ္စည်းသရ နှောင်းရာ၌ဖြစ်စေ (ပစ္စယာဒိမှိ၌ အာဒိဖြင့် အာချာတ် ကိတ်အရာဝယ် ဣကာရာဂမော အသဗ္ဗဓာတုကမှိ, ဣဝဏ္ဏာဂမော ဝါ, ယထာ.ဂမမိ ကာရောသုတ်တို့ဖြင့် လာသော အာဂုံသရကို ယူ၍ ထိုအာဂမခေါ်) အာဂုံသရနှောင်းရာ၌ဖြစ်စေ ဤသုတ်ဖြင့် ရှေ့သရကို ချေရမည်၊ ထိုသို့ ရှေ့သရချေပြီးမှ နောက်သရကို ပကတိအတိုင်း နေပေစေ, (တစ်စုံတစ်ခု မပြုစီရင်ရ ဟု) ပြဆိုသော သုတ်တည်း၊ ဝိဓိ ရှစ်မျိုးတွင် လောပဝိဓိ, ပတိသေဓဝိဓိ ၂ မျိုးပါသောသုတ်ဟု မှတ်။
တုသဒ္ဒါက ဘိက္ခုနီ (ဘိက္ခု+ဣနီ) စသည်၌ ရှေ့သရကို မချေဖို့ရန် တားမြစ်၏၊ ရှေ့သရ မချေလျှင်ကား ဤသုတ်ဖြင့် နောက်သရကို ပကတိ ပြုခွင့်လည်း မရှိပြီ၊ ပုရိသံ-ယောက်ျားကို (အံဝိဘတ်ပုံစံ), ပုရိသေ-တို့ကို (အာဒေသပုံစံ), ပါပိယော-အထူးယုတ်မာသူ (ပစ္စည်းပုံစံ)။
ရုပ်တွက်။ ။ ပုရိသံကို “ပုရိသ”လိန်တည်၊ ကိုဟူ၍ ၊ပေ၊ -ံ ဝိဘတ် သက်, သ်ခွင်း (ပုရိသ် -ံ ), သရလောပေါမာဒေသပစ္စယာဒိမှိ သရ လောပေ တု ပကတိသုတ်ဖြင့် ရှေ့ ၊ သရကို ချေ၍ -ံ ကိုလည်း -ံ ဟု ပကတိပြု, နယေ ပရံ ယုတ္တေသုတ်ဖြင့် သ်ကို -ံ သို့ကပ်, ပုရိသံ ပြီး၏။ [ပုရိသေ ပါပိယော တို့ကို နောက်မှ တွက်။]
သရာ သရေနှင့်ဤသုတ် ခွဲခြားပုံ။ ။ သန္ဓိကိစ္စ၌ တစ်ဝိဘတ်ဆုံးသော ရှေ့တစ်ပုဒ်နှင့်နောက်တစ်ပုဒ်ကို စပ်ဟပ်ပေးဖို့ အရေးကြီး၏၊ သို့ဖြစ်၍ ၂ ပုဒ်ရှိရာ၌ နောက်ပုဒ်က အစသရကြောင့် ရှေ့ပုဒ်က အဆုံးသရကို ချေလိုလျှင် သရာ သရေ လောပံသုတ်ဖြင့် ချေရမည်၊ (ယဿိန္ဒြိယာနိ၊ ယဿ+ -ိ န္ဒြိယာနိကို ကြည့်)၊ တစ်ပုဒ်တည်း၌ နောက်သရကြောင့် ရှေ့ သရကို ချေလိုလျှင် ဤ သရလောပေါသုတ်ဖြင့် ချေရမည်၊ (ပုရိသံ ကြည့်), ဤသို့ (ခွဲခြား)သင့်သည်။
[ဆောင်] ၁။ နှစ်ပုဒ်စပ်ရာ, ချေသောခါ, သရာ သရေသုတ်။ ၂။ တစ်ပုဒ်တည်းမျှ, ချေလိုက, သရလောပေါသုတ်။
ဧက ဝစနယောသု- ဧကဝုစ်ဝိဘတ်, ယောဝိဘတ်တို့ကြောင့်၊ အဃော- ဃ မမည်သော ဒီဃသရသည်၊ ရဿံ- ရဿအဖြစ်သို့၊ အာပဇ္ဇတေ စ- ရောက်သည်သာလျှင်တည်း။ အပိ- သိဝိဘတ် ကြောင့် မရောက်သည်လည်း ရှိသေး၏။သာ, ဣတ္ထိံ, သယမ္ဘုံ စသည်တည်း။
၃၃။ [သာ-ခွေးတို့သည်၊ ဣတ္ထိံ-မိန်းမကို၊ သယမ္ဘုံ-ဘုရားကို။] ဤသုတ် ကား ဧကဝုစ်ဝိဘတ်စုနှင့် ယောဝိဘတ်နှောင်းရာ၌ ဃ အမည် မရှိသော အာ ဤ ဥု ဒီဃသရများကို ရဿပြုသောသုတ်တည်း၊ အပိသဒ္ဒါက သိဝိဘတ်နှောင်းရာ၌ အချို့ ရဿ မပြုရဟု တားမြစ်၏၊ စသဒ္ဒါက သိဝိဘတ်မှ တစ်ပါးသော ဧကဝုစ်ဝိဘတ်စုနှင့် ယောဝိဘတ်ကြောင့် အမြဲ ပြုလေဟု ခိုင်မြဲစေသည်။ [“ဧဝလည်း ထိုင်, စလည်း ထိုင်, လှံကိုင် ခွေးခေါ်နည်း”ဟူသော နိယာမ်မှာ ဆည်းဖွယ် ခေါ်ဖွယ် အနက်မရှိသဖြင့် ဤသုတ်နှင့် မဆိုင်။]
“ဃ အမည် မရှိသော ဒီဃသရကို ရဿပြု”ဟု ဆိုသောကြောင့် “အာ ဃော” သုတ်ဖြင့် ဃ အမည်မှည့်ထားသော ဣတ္ထိလိန်အရာ၌ အာဒီဃကို ရဿ မပြုရ၊ ဣတ္ထိလိန် မဟုတ်၍ ဃ မမှည့်ရသော “သာ” ကဲ့သို့သော အာဒီဃနှင့် ဤ ဥု ဒီဃတို့ကိုကား ရဿပြုရသည်။
ရုပ်တွက်။ ။ သာကို “သာ”လိန်တည်၊ တို့သည်ဟူ၍၊ပေ၊ ယောဝိဘတ် သက်, သ်ခွင်း, အဃော ရဿမေကဝစနယောသွပိ စသုတ်ဖြင့် -ါ ကို ၊ ရဿပြု, သဗ္ဗယောနီနမာဧသုတ်ဖြင့် ပဌမာယောဝိဘတ်ကို အာ ပြု, သရလောပေါမာဒေသ ပစ္စယာဒိမှိ သရလောပေ တု ပကတိသုတ်ဖြင့် ရှေ့သရကို ချေ၍ နောက် -ါ ကိုလည်း -ါ ဟု ပကတိပြု, သ်ကို -ါ သို့ ကပ်, သာ ပြီး၏။
ဣတ္ထိံကို “ဣတ္ထီ”လိန်တည်, ကိုဟူ၍၊ပေ၊ -ံ ဝိဘတ် သက်, တ္ထ်ခွင်း, တေ ဣတ္ထိချာ ပေါသုတ်ဖြင့် -ိ ကို ပအမည်မှည့်, အဃော ရဿ၊ပေ၊ပိစ သုတ်ဖြင့် -ီ ကို -ိ ရဿပြု (ဣတ္ထ် -ိ -ံ ) အံမောနိဂ္ဂဟီတံ ဈလပေဟိ သုတ်ဖြင့် -ံ ဝိဘတ်ကို နိဂ္ဂဟိတ်ပြု (ဣတ္ထ် -ိ -ံ) တ္ထ်ကို -ိ -ံ သို့ကပ်, ဣတ္ထိံ ပြီး၏။ [သယမ္ဘုံ ကိုလည်း “သယမ္ဘူ” လိန်တည်၊ ဣဝဏ္ဏုဝဏ္ဏာ ဈလာ သုတ်ဖြင့် ူ ကို လ အမည်မှည့်, ူ ကို ု ရဿ ပြုရုံသာ ထူးသည်၊ ဒဏ္ဍိံကို ဒဏ္ဍီတည်၊ -ီ ကို ဈမှည့်၍ -ိ ရဿပြုရုံသာ ထူးသည်။]
သိသ္မိံ- သိဝိဘတ်ကြောင့်၊ အနပုံသကာနိ- နပုံလိန်မဟုတ်သော ဣတ္ထိလိန် ပုလ္လိန်တို့သည်၊ န- အဃော ရဿသုတ်ဖြင့် ရဿမဖြစ်ကုန်။ ဣတ္ထီ, သယမ္ဘူ စသည်တည်း။ နပုလ္လိန်၌ကား ဤသုတ်က မတားမြစ်သော ကြောင့် အဃော ရဿသုတ်ဖြင့် ရဿ ပြု၍ သုခကာရိ, ဂေါတြဘု စသည်ဖြစ်၏။
၃၄။ [ဣတ္ထီ-မိန်းမသည်၊ သယမ္ဘူ-ဘုရားသည်၊ သုခကာရိ-ချမ်းသာကို ပြုလေ့ရှိသော ဒါနသည်၊ ဂေါတြဘု-ဂေါတြဘုစိတ်သည်။] ဤသုတ်ကား အဃော ရဿသုတ်က “ဧကဝုစ်ဝိဘတ်နှောင်းရာ၌ ရဿပြု”ဟု ဧကဝုစ် အားလုံးကို သိမ်းကြုံးပြောထားသောကြောင့် စကားလွန်နေသည့်အတွက် “ဣတ္ထိလိန် ပုလ္လိန်၌ သိဝိဘတ် နှောင်းလျှင် ရဿ မပြုပါနှင့်” ဟု စကားလွန်ကို ပြန်နုတ်သည်။
အဃော ရဿသုတ်တုန်းက အပိသဒ္ဒါလည်း ထိုစကားလွန်ကို ပြန်၍ နုတ်ရှာပေ၏၊ သို့သော် “မည်သည့် လိန်အရာဝယ် မည်သည့် ဝိဘတ် နှောင်းရာ၌” ဟု တပ်အပ်တိတိ မပြနိုင်သည့်အတွက် ဤ န သိသ္မိမ နပုံသကာနိသုတ်က ကျကျနန သတ်မှတ်ပြရလေသည်၊ အချုပ်မှာ… အဃော ရဿသုတ်က အပိသဒ္ဒါနှင့် ဤ န သိသ္မိမနပုံသကာနိသုတ် သည် “ဣတ္ထိလိန် ပုလ္လိန်အရာဝယ် သိဝိဘတ်နှောင်းလျှင် ရဿ မပြုရ” ဟု တားမြစ်လိုခြင်းအားဖြင့် သဘောတူမျှသည် ဟူလို။
ရုပ်တွက်။ ။ ဣတ္ထီကို “ဣတ္ထီ”လိန်တည်၊ သည်ဟူ၍၊ပေ၊ သိဝိဘတ် သက်၊ အဃော ရဿမေကဝစနယောသွပိ စသုတ်ဖြင့် -ိ ကို -ိ ရဿပြုသင့်သော်လည်း န သိသ္မိမနပုံသကာနိသုတ်က တားမြစ်သောကြောင့် မပြုရ, သေသတော လောပံ ဂသိပိသုတ်ဖြင့် သိဝိဘတ်ကို ချေ၊ ဣတ္ထီ ပြီး၏၊၊ ဟသယမ္ဘူကို “သယမ္ဘူ”လိန်တည်၊ ဝဓူကိုလည်း “ဝဓူ”လိန်တည်၊ တုတ်ရှိသူကို ဟောသော ဒဏ္ဍီကိုလည်း “ဒဏ္ဍီ”လိန်တည်၍ တွက်။]
သုခကာရိကို “သုခကာရီ”လိန်တည်၊ သည်ဟူ၍၊ပေ၊သိဝိဘတ်သက်၊ ရ် ခွင်း, (အပိသဒ္ဒါ, န သိသ္မိမနပုံကာနိသုတ်တို့က နပုံလိန်အရာ၌ မတားမြစ်သောကြောင့်) အဃော ရဿ စသောသုတ်ဖြင့် -ီ ကို -ိရဿပြု, ရ် - သို့ ကပ်, ပြီး၏။ [ဂေါတြဘုကို “ဂေါတြဘူ”တည်၊ ဥုကို ရဿပြုရုံသာ ထူးသည်၊ လျင်မြန်စွာ သွားလေ့ရှိသော စိတ်ကို ဟောသော “သီဃယာယိ”သဒ္ဒါကို “သီဃယာယီ”တည်၍ တွက်။]
ဥဘာဒိတော- ဥဘအတူရှိသော သင်္ချာသဒ္ဒါမှ၊ ပရံ- နောက်ဖြစ်သော၊ နံ- နံဝိဘတ်သည်၊ ဣန္နံ- ဣန္နံ အပြုသည်၊ ဟောတိ- ဖြစ်၏။ ဥဘိန္နံ စသည်တည်း။
၃၅။ [ဥဘိန္နံ-ဒုဝိန္နံ-နှစ်ခုတို့အား, နှစ်ခုတို့၏။] ဥဘာဒိ၌ အာဒိသဒ္ဒါ သည် “အတူ”ဟူသော အနက်ဟောတည်း၊ ထို့ကြောင့် ၂-ခုသင်္ချာ ဟောချင်းလည်း တူ, အက္ခရာ ၂-လုံးချင်းလည်း တူသော “ဒုဝိ”ကို အာဒိဖြင့် ယူ။
ရုပ်တွက်။ ။ ဥဘိန္နံကို “ဥဘ”လိန်တည်၊ တို့အားဟူ၍၊ပေ၊ နံဝိဘတ် သက်၊ ဥဘာဒိတော န.မိန္နံသုတ်ဖြင့် နံဝိဘတ်ကို -ိန္နံ ပြု, ဘ်ခွင်း, ချေ, ဘ် ကို -ိ သို့ ကပ်, ဥဘိန္နံ ပြီး၏။ [အာဒိသဒ္ဒါဖြင့် ဒုဝိကို ယူ၍ ဒုဝိန္နံ ဟု ကစ္စည်းကျမ်း ဆို၏၊ ယောသု ဒွိန္နံ ဒွေ စသုတ်ကျမှ ရုပ်တွက်ရလတ္တံ၊၊]
တိဟိ- တိဟူကုန်သော၊ သင်္ချာဟိ- သင်္ချာသဒ္ဒါတို့မှ၊ ပရံ- နောက်ဖြစ်သော၊ နံ- နံဝိဘတ် သည်၊ ဣဏ္ဏ.မိဏ္ဏန္နံ- ဣဏ္ဏံအပြု, ဣဏ္ဏန္နံအပြုသည်၊ ဟောတိ- ဖြစ်၏။ တိဏ္ဏံ, တိဏ္ဏန္နံ ဟူသည်တည်း။
၃၆။ [တိဏ္ဏံ, တိဏ္ဏန္နံ - ၃ ခုတို့အား, တို့၏။] ၁-၂-၃ စသော အရေအတွက် သင်္ချာကို ဟောသည့် သဒ္ဒါများကို သင်္ချာသဒ္ဒါဟု ခေါ်၏၊ ထို့ကြောင့် “တိဟိ သင်္ချာဟိ”ဟု ဆိုပေသည်။
ရုပ်တွက်။ ။ တိဏ္ဏံကို “တိ”လိန်တည်၊ တို့အားဟူ၍၊ပေ၊ နံဝိဘတ် သက်, ဣဏ္ဏမိဏ္ဏန္နံ တိဟိ သင်္ချာဟိသုတ်ဖြင့် နံဝိဘတ်ကို -ိဏ္ဏံ ပြု, တ်ခွင်း, သရလောပေါ စသောသုတ်ဖြင့် နောက် - သရကြောင့် ရှေ့ -ိ ချေ, တ်ကို -ိ သို့ကပ်, တိဏ္ဏံ ပြီး၏။ [တိဏ္ဏန္နံကိုလည်း -ိဏ္ဏန္နံ ပြု၍ ရုပ်တွက်လေ။]
ကတ နိကာရလောပေသု- ပြုအပ်ပြီးသော နိအက္ခရာ, ပြုအပ်ပြီးသော ကျေခြင်းရှိကုန်သော၊ ယောသု- ယောဝိဘတ်တို့ကြောင့်၊ သရာ- သရတို့သည်၊ ဒီဃံ- ဒီဃအဖြစ်သို့၊ အာပဇ္ဇန္တေ- ရောက်ကုန်၏။ အဋ္ဌီနိ, အဋ္ဌီ စသည်တည်း။
၃၇။ [အဋ္ဌီနိ, အဋ္ဌီ-အရိုးတို့သည်, တို့ကို။] ဤသုတ်ကား ယောဝိဘတ် ကို “အတော နိစ္စံ, ယောနံ နိ နပုံသကေဟိ”သုတ်တို့ဖြင့် နိ ပြုပြီးသော် လည်းကောင်း, သို့မဟုတ် “ဃပတော စ ယောနံ လောပေါ”သုတ်ဖြင့် ချေပြီးသော်လည်းကောင်း ရှေ့ ရဿသရကို ဒီဃပြုသော သုတ်တည်း။
ရုပ်တွက်။ ။ အဋ္ဌီနိကို “အဋ္ဌိ”လိန်တည်၊ တို့သည်ဟူ၍ ၊ပေ၊ ယော ဝိဘတ်သက်, ယောနံ နိ နပုံသကေဟိသုတ်ဖြင့် ယောဝိဘတ်ကို နိ ပြု (အဋ္ဌီနိ), ဌ် ခွင်း, ယောသု ကတနိကာရလောပေသု ဒီဃံသုတ်ဖြင့် ရှေ့ -ိ သရကို -ီ ဒီဃပြု, ဌ် ကို -ီ သို့ ကပ်, ပြီး၏။
အဋ္ဌီကို “အဋ္ဌိ” လိန်တည်၊ ယောဝိဘတ် သက်, -ိ ကို ဈ မှည့်, ဃပတော စ ယောနံ လောပေါသုတ်ဖြင့် ယောဝိဘတ်ကို ချေ, ဤ သုတ်ဖြင့် -ိ ကို -ီ ဒီဃပြု၊ ရတ္တီ (ညဉ့်တို့သည်), ယာဂူ (ယာဂုတို့သည်) ဟူသော ရုပ်များလည်း အဋ္ဌီအတိုင်းပင်၊ ဣတ္ထိလိန်ဖြစ်၍ တေ ဣတ္ထိချာ ပေါသုတ်ဖြင့် ပ အမည်မှည့်ရုံသာထူးသည်။
သုနံဟိသု- သုဝိဘတ်, နံဝိဘတ်, ဟိဝိဘတ် တို့ကြောင့်၊ သရာ- သရတို့သည်၊ ဒီဃံ- ဒီဃအဖြစ်သို့၊ အာပဇ္ဇန္တေ- ရောက်ကုန်၏၊ စ- မရောက်သည်လည်း ရှိသေး၏။ အဂ္ဂီသု, ဘိက္ခူနံ, အာယူဟိ စသည်တည်း။
၃၈။ [အဂ္ဂီသု-မီးတို့၌၊ ဘိက္ခူနံ-တို့အား, တို့၏၊ အာယူဟိ-အသက် တို့ဖြင့်, တို့မှ။] စသဒ္ဒါက “ဒီဃ မဖြစ်သည်လည်း ရှိ၏”ဟု တားမြစ် သောကြောင့် အဂ္ဂိသု, ဘိက္ခုနံ, အာယုဟိ စသော ရဿရုပ်များလည်း ရှိကောင်း၏။
ရုပ်တွက်။ ။ အဂ္ဂီသုကို “အဂ္ဂိ”လိန်တည်၊ တို့၌ဟူ၍ ၊ပေ၊ သုဝိဘတ် သက်, ဂ္ဂ် ခွင်း (အဂ္ဂ် -ိ သု), သုနံဟိသု စသုတ်ဖြင့် -ိ ကို -ီ ဒီဃပြု, ဂ္ဂ်ကို -ီ သို့ ကပ်, အဂ္ဂီသု ပြီး၏။ [ဘိက္ခူနံကို “ဘိက္ခု”တည်၊ အာယူဟိကို “အာယု”တည်၊ ဆိုင်ရာ ဝိဘတ်သက်၍ ဒီဃပြုလေ၊ အဂ္ဂိသု စသည်ကား ဆိုင်ရာ ဝိဘတ်သက်ရုံမျှဖြင့် ပြီး၏။]
သုနံဟိသု- သုဝိဘတ်, နံဝိဘတ်, ဟိဝိဘတ်တို့ကြောင့်၊ ပဉ္စာဒီနံ- ပဉ္စ အစ, အဋ္ဌာရသ အဆုံးရှိသော သင်္ချာသဒ္ဒါတို့၏ အဆုံး အ သည်၊ အတ္တံ- အ အဖြစ်သို့၊ အာပဇ္ဇတေ- ရောက်၏။ ပဉ္စသု, ပဉ္စန္နံ, ပဉ္စဟိ စသည်တည်း။
၃၉။ [ပဉ္စသု-ငါးခုတို့၌၊ ပဉ္စန္နံ-ငါးခုတို့အား, တို့၏၊ ပဉ္စဟိ-ငါးခုတို့ဖြင့်, တို့မှ။] ကစ္စည်းကျမ်း၌ “အတ္တံ”ဟူသော ဘာဝနိဒ္ဒေသဖြင့် စီရင်သော ရုပ်များကို ရူပသိဒ္ဓိက “နော စ ဒွါဒိတော နံမှိ”သုတ်ဖြင့် စီရင်ထားပြီ။ [ပဉ္စာဒိ၌ အာဒိသဒ္ဒါဖြင့် ယူရသောပုဒ်များကို ပဉ္စာဒီနမကာရောသုတ်၌ ကြည့်၊ အ ကို (အ)ထပ်ပြုခြင်းသည် သုနံဟိသု စ, သုဟိသွကာရော ဧ သုတ်တို့၏ ဧ အပြု, ဒီဃအပြုကို တားမြစ်ရခြင်းအကျိုးရှိ၏။]
ရုပ်တွက်။ ။ ပဉ္စသုကို “ပဉ္စ”လိန်တည်၊ တို့၌ဟူ၍၊ပေ၊ သုဝိဘတ် သက်, ဉ္စ်ခွင်း, ပဉ္စာဒီန.မတ္တံသုတ်ဖြင့် ၊ ကို ၊ ထပ်ပြု, ဉ္စ်ကို ၊ သို့ကပ်, ပဉ္စသု ပြီး၏။ [ပဉ္စန္နံ၌ ပဉ္စ တည်, နံဝိဘတ်သက်၊ ဤသုတ်ဖြင့် ၊ ကို ၊ ထပ်ပြု, နော စ ဒွါဒိတော နံမှိသုတ်ဖြင့် န် အက္ခရာလာ, ပဉ္စဟိ၌ ဟိဝိဘတ်သက်၍ ၊ ကို ၊ ထပ်ပြုရုံသာ။]
ဣနီမှိ- ဣနီပစ္စည်းကြောင့်၊ ပတိဿ- ပတိသဒ္ဒါ၏အဆုံး ဣသည်၊ အတ္တံ- အ အဖြစ်သို့၊ အာပဇ္ဇတေ- ရောက်၏။ ဂဟပတာနီ ဟူသည်တည်း။
၄၀။ [ဂဟပတာနီ-အိမ့်ရှင်မ။] ဣနီပစ္စည်းနှောင်းရာ၌ ပတိသဒ္ဒါ၏ အဆုံး -ိ ကို ၊ ပြုသောသုတ်တည်း၊ ရုပ်ကို ပတိဘိက္ခုရာဇီကာရန္တေဟိ ဣနီသုတ်ကျမှ တွက်ရလတ္တံ့။
ယောသု စ- ယောဝိဘတ်တို့ ကြောင့်လည်းကောင်း၊ သုဟိနံသု စ- သုဝိဘတ်, နံဝိဘတ်, ဟိ ဝိဘတ်တို့ကြောင့်လည်းကောင်း၊ န္တုဿ- န္တုပစ္စည်း၏၊ အန္တော- အဆုံး ဥ သည်၊ အတ္တံ- အ အဖြစ်သို့၊ အာပဇ္ဇတေ- ရောက်၏။ ဂုဏဝန္တာ, ဂုဏဝန္တေ, ဂုဏဝန္တေသု, ဂုဏဝန္တာနံ, ဂုဏဝန္တေဟိ စသည်တည်း။ ယောသု စ၌ စသဒ္ဒါဖြင့် အံ နာ သ္မာ သ္မိံ ဝိဘတ် ၄ လုံးနှောင်းရာ၌ န္တု၏အဆုံး ဥကို အ ပြု၍ ဂုဏဝန္တံ, ဂုဏဝန္တေန, ဂုဏဝန္တသ္မာ, ဂုဏဝန္တသ္မိံ ဟု ဖြစ်၏။ အန္တသဒ္ဒါပိုဖြင့် ယော ဝိဘတ်ကို ဣ ပြု၍ ဂုဏဝန္တိ ဟုလည်း ရှိသေး၏။
၄၁။ [ဂုဏဝန္တာ-ဂုဏ်ရှိသူတို့သည်၊ ဂုဏဝန္တံ-ကို၊ ဂုဏဝန္တေ-တို့ကို၊ ဂုဏဝန္တေန-ဖြင့်၊ ဂုဏဝန္တေဟိ-တို့ဖြင့်(တို့မှ)၊ ဂုဏဝန္တာနံ-တို့အား(တို့၏)၊ ဂုဏဝန္တသ္မာ-မှ၊ ဂုဏဝန္တသ္မိံ-၌၊ ဂုဏဝန္တေသု-ဂုဏ်ရှိသူတို့၌၊ ဂုဏဝန္တိဂုဏ်ရှိသောအမျိုးတို့သည်။] သုတ်ရင်းဖြင့် ယော ၂ လုံး, သု, နံ ၂ လုံး, ဟိ ၂ လုံး, စသဒ္ဒါဖြင့် အံ, နာ, သ္မာ, သ္မိံ ၄ လုံး နှောင်းရာ၌ န္တု၏အဆုံး ဥကို အ ပြုသဖြင့် သိနှင့် သဝိဘတ်များသာ အခြားသုတ်များက စီရင်ဖို့ရာ ကျန်တော့သည်။
[ဆောင်] သုတ်ရင်းနှင့်စ, နှစ်ဌာနဖြင့်, သိ သချန်လှပ်, ကြွင်းဝိဘတ် ကြောင့်, မှတ်လေ အန္တု, အဆုံး ဥ, ပြုလေ အ ကိုသာ။
ရုပ်တွက်။ ။ ဂုဏဝန္တံကို “ဂုဏဝန္တု”လိန်တည်၊ ကိုဟူ၍၊ပေ၊ -ံ ဝိဘတ် သက်, န္တ် ခွင်း, န္တု.ဿန္တော ယောသု စသုတ်၌ စသဒ္ဒါဖြင့် န္တု၏အဆုံး ု ကို ၊ ပြု, သရလောပေါမာဒေသပစ္စယာဒိမှိ သရလောပေ တု ပကတိ သုတ်ဖြင့် ရှေ့ ၊ သရကို ချေ၍, နောက် -ံ ကိုလည်း -ံ ဟု ပကတိပြု, န္တ် ကို -ံ သို့ ကပ်, ပြီး၏။ [အ မပြုဘဲ န္တု ၏ ဥ ကို ချေ၍ ကပ်လျှင်လည်း ဖြစ်ဖွယ်ရှိ၏။] ဂုဏဝန္တာနံ၌ ု ကို ၊ ပြု၍ သုနံဟိသု စသုတ်ဖြင့် ၊ ကို -ါ ဒီဃ ပြု၊ ဂုဏဝန္တသ္မာ, ဂုဏဝန္တသ္မိံတို့ကား ဝိဘတ်သက်ပြီးနောက် ု ကို ၊ ပြုရုံသာ၊ အခြားရုပ်များ၌ ဤသုတ်ဖြင့် ဥကို အ ပြုပြီးနောက် သဗ္ဗ ယောနိနမာဧ, အတောနေန, သုဟိသွကာရောဧသုတ်တို့ဖြင့် စီရင်လတ္တံ့။ [အန္တသဒ္ဒါပို၏ အဓိပ္ပာယ်ကို ကစ္စည်းဘာသာဋီကာမှာ ရှု။]
အံသေသု- အံဝိဘတ်, သ ဝိဘတ်တို့ကြောင့်၊ သဗ္ဗဿ- အလုံးစုံသော န္တုပစ္စည်း၏၊ အတ္တံ- အ အဖြစ်သည်၊ ဝါ- ဝိကပ်အားဖြင့်၊ ဟောတိ- ဖြစ်၏။ သတိမံ, သတိမဿ စသည်တည်း။
၄၂။ [သတိမံ-သတိရှိသူကို၊ သတိမဿ-အား, ၏။] အံဝိဘတ် သ ဝိဘတ် နှောင်းရာ၌ အဆုံး ဥ သာမက, န္တု တစ်ခုလုံးကို အ ပြုသော သုတ်တည်း။
ရုပ်တွက်။ ။ သတိမံကို “သတိမန္တု”လိန်တည်၊ ကိုဟူ၍၊ပေ၊ -ံ ဝိဘတ် သက်, သဗ္ဗဿ ဝါ အံသေသုသုတ်ဖြင့် အလုံးစုံသော န္တုကို ၊ ပြု, မ် ခွင်း (သတိမ် -ံ ) သရလောပေါစသောသုတ်ဖြင့် ရှေ့ (၊ ) ၂ လုံးကို ချေ၍, နောက် -ံ ကိုလည်း -ံ ဟု ပကတိပြု, မ် ကို -ံ သို့ ကပ်, သတိမံ ပြီး၏။
သတိမဿကို “သတိမန္တု”လိန်တည်၊ သ ဝိဘတ်သက်, သဗ္ဗဿ ဝါ အံသေသုသုတ်ဖြင့် အလုံးစုံသော န္တုကို ၊ ပြု, မ် ခွင်း, ချေ, ကပ်, သာဂမော သေသုတ်ဖြင့် သ်လာ, ပြီး၏။
[ဗန္ဓုမံ (ဆွေမျိုးရှိသူကို)၊ ဗန္ဓုမဿ (ဆွေမျိုးရှိသူအား, ၏)၊ ဂုဏဝံ (ဂုဏ်ရှိသူကို)၊ ဂုဏဝဿ (အား, ၏) စသည်လည်း ရှိ၏။]
သိမှိ- သိဝိဘတ်ကြောင့်၊ န္တုဿ- န္တုပစ္စည်း၏၊ အန္တော- အဆုံး ဥသည်၊ အတ္တံ- အ အဖြစ်သည်၊ ဝါ- ဝိကပ် အားဖြင့်၊ ဟောတိ- ဖြစ်၏။ ဟိမဝန္တော စသည်တည်း။
၄၃။ [ဟိမဝန္တော-ဆီးနှင်းရှိသော(ဟိမဝန္တာ)တောင်။]
ရုပ်တွက်။ ။ ဟိမဝန္တောကို “ဟိမဝန္တု”လိန်တည်၊ သိသက်၊ သိမှိ ဝါ သုတ်ဖြင့် န္တု၏ အဆုံး ု ကို ၊ ပြု, သောဟူသော သုတ်ဖြင့် သိဝိဘတ်ကို ေ-ါ ပြု, န္တ် ခွင်း, ချေ, ကပ်, ဟိမဝန္တော ပြီး၏။ [ဂုဏဝန္တော ဟုလည်း ဤသုတ်အရ ရှိသင့်၏။]
သိမှိ- သိဝိဘတ်ကြောင့်၊ အဂ္ဂိဿ- အဂ္ဂိ သဒ္ဒါ၏ အဆုံး ဣ သည်၊ ဣနိ- ဣနိ အပြုသည်၊ ဝါ- ဝိကပ် အားဖြင့်၊ ဟောတိ- ဖြစ်၏။ အဂ္ဂိနိ ဟူသည်တည်း။
၄၄။ [အဂ္ဂိနိ-မီးသည်။]
ရုပ်တွက်။ ။ အဂ္ဂိနိကို “အဂ္ဂိ”လိန်တည်၊ သည်ဟူ၍၊ပေ၊ သိဝိဘတ် သက်, ဂ္ဂ်ခွင်း အဂ္ဂိဿိ.နိသုတ်ဖြင့် အဂ္ဂိသဒ္ဒါ၏ အဆုံး -ိ ကို -ိနိ ပြု, ဂ္ဂ် -ိ သို့ ကပ်, သေသတော လောပံ ဂသိပိသုတ်ဖြင့် သိကို ချေ, ပြီး၏။
ယောသု- ယော ဝိဘတ်တို့ကြောင့်၊ အကတရဿော- မပြုပြင်အပ်, ပင်ကိုရဿ ဖြစ်သော၊ ဈော- ဈ အမည်ရှိသော ဣ သရသည်၊ အတ္တံ- အ အဖြစ်သို့၊ အာပဇ္ဇတေ- ရောက်၏။ အဂ္ဂယော စသည်တည်း။
၄၅။ [အဂ္ဂယော-မီးတို့သည်, တို့ကို။] ရဿသည် အဂ္ဂိကဲ့သို့ ပင်ကိုက ရဿဖြစ်နေသော အကတရဿ, ပင်ကိုက ဒီဃပင်ဖြစ်သော်လည်း တစ်စုံတစ်ခုသောသုတ်ဖြင့် စီရင်ထားသည့်အတွက် ရဿ ဖြစ်ရသော ဒဏ္ဍိ, သယမ္ဘု စသော ကတရဿဟု ၂ မျိုးရှိ၏၊ ထိုရဿ ၂ မျိုးတွင် ဤသုတ်က အကတရဿ -ိ သရကို ယောဝိဘတ်နှောင်းရာ၌ (အ) ပြုသည်။
ရုပ်တွက်။ ။ အဂ္ဂယောကို “အဂ္ဂိ”လိန်တည်၊ ယောဝိဘတ်သက်, ဂ္ဂ် ခွင်း, ဣဝဏ္ဏုဝဏ္ဏာ ဈလာသုတ်ဖြင့် -ိ ကို ဈအမည်မှည့်, ယောသွကတ ရဿော ဈောသုတ်ဖြင့် -ိ ကို ၊ ပြု, ဂ္ဂ် ကို ၊ သို့ ကပ်, အဂ္ဂယော ပြီး၏။ [“မုနယော-ရဟန်းတို့သည်၊ အာဒယော-အစတို့သည်”ရုပ်များ၌ မုနိ, အာဒိတည်။]
ဝေဝေါသု- ေဝ အပြု, ဝေါ အပြုတို့ကြောင့်၊ အကတရဿော- မပြုပြင်အပ်, ပင်ကိုရဿ ဖြစ်သော၊ လော စ- လ အမည်ရှိသော ဥ သရသည်လည်း၊ အတ္တံ- အ အဖြစ်သို့၊ အာပဇ္ဇတေ- ရောက်၏။ ဘိက္ခဝေ, ဘိက္ခဝေါ စသည်တည်း။
၄၆။ [ဘိက္ခဝေ-ရဟန်းတို့၊ ဘိက္ခဝေါ-ရဟန်းတို့, ရဟန်းတို့သည်, ရဟန်းတို့ကို (၃ နက်)။] ဤသုတ်ကား ပဌမပိုင်းအဆုံးနားမှာ လာမည့် ဝေ ဝေါ အပြုတို့ကြောင့် အကတရဿဖြစ်သော လ မည်သော ဥ သရကို (အ)ပြုသော သုတ်တည်း၊ ရုပ်ကို ထိုသုတ်များကျမှ တွက်ရလတ္တံ့။
ဤကာရေ- ဤ ပစ္စည်းကြောင့်၊ မာတုလာဒီနံ- မာတုလ အတူရှိသော အကာရ န္တ သဒ္ဒါတို့၏ အဆုံး (အ) သည်၊ အာနတ္တံ- အာန အဖြစ်သို့၊ အာပဇ္ဇတေ- ၏။ မာတုလာနီ, အယျကာနီ, ဝရုဏာနီ စသည် တည်း။
၄၇။ [မာတုလာနီ-အဒေါ် (ဦးကြီး ဦးလေး၏ ဇနီး)သည်၊ အယျကာနီအဖွားသည်၊ ဝရုဏာနီ-ဝရုဏနတ်၏ကတော် (မယား)သည်။]
ဤသုတ်ကား “နဒါဒိတော ဝါ ဤ”သုတ်ဖြင့် ဤပစ္စည်းသက်ပြီးနောက် မာတုလနှင့် အာနပြု၍ ပြီးကောင်းချင်းတူသော အယျက, ဝရုဏ သဒ္ဒါ တို့၏ အဆုံး အ ကို အာနပြုသော သုတ်တည်း။ [ဤသုတ်၌ ကစ္စည်း ကျမ်းဝယ် “အာနတ္တံ”ဟူသော ဘာဝနိဒ္ဒေသဖြင့် ရုပ်တစ်မျိုးပြသေး၏၊၊]
ရုပ်တွက်။ ။ မာတုလာနီကို “မာတုလ”လိန်တည်၊ နဒါဒိတော ဝါ ဤ သုတ်ဖြင့် -ီပစ္စည်းသက်, မာတုလာဒီနမာနတ္တမီကာရေသုတ်ဖြင့် မာတုလ သဒ္ဒါ၏အဆုံး ၊ ကို -ါန ပြု, န်ခွင်း, ၊ ချေ, န်ကို -ီသို့ ကပ်(မာတုလာနီ), နာမ်ငဲ့, သိသက်, သိချေ, ပြီး၏။ [အကျယ်ကို နောင်ခါသိလတ္တံ့၊ အယျက ဝရုဏ တည်၍ အယျကာနီ, ဝရုဏာနီရုပ်များကိုလည်း တွက်ပါ။]
သဗ္ဗတော- အလုံးစုံသော လိန်မှ၊ ပရေသံ- နောက်ဖြစ်ကုန်သော၊ သ္မာဟိသ္မိံနံ- သ္မာဝိဘတ်, ဟိဝိဘတ်, သ္မိံဝိဘတ်တို့၏၊ မှာဘိမှိ- မှာ အပြု, ဘိ အပြု, မှိ အပြုတို့သည်၊ ဝါ- ဝိကပ်အားဖြင့်၊ ဟောန္တိ- ဖြစ်ကုန်၏။ ပုရိသမှာ, ပုရိသေဘိ, ပုရိသမှိ စသည်တည်း။
၄၈။ [ပုရိသမှာ-ယောက်ျားမှ၊ ပုရိသေဘိ-ယောက်ျားတို့ဖြင့်, တို့မှ၊ ပုရိသမှိ-ယောက်ျား၌။] ဤသုတ်အစီအရင်သည် ပုဒ်တိုင်းမှာ ပါဝင်၏။
ရုပ်တွက်။ ။ ပုရိသမှာကို “ပုရိသ”လိန်တည်၊ မှဟူ၍၊ပေ၊သ္မာဝိဘတ် သက်, သ္မာဟိသ္မိံနံ မှာဘိမှိ ဝါသုတ်ဖြင့် သ္မာဝိဘတ်ကို မှာပြု, ပုရိသမှာ ပြီး၏။ [ပုရိသေဘိကို သုဟိသွကာရော ဧသုတ်ကြည့်၊ ပုရိသမှိ၌ သ္မိံကို မှိပြု။]
ကတာကာရေဟိ- ပြုအပ်ပြီးသော အ အဖြစ်ရှိကုန်သော၊ တိမေဟိ- တသဒ္ဒါ ဣမ သဒ္ဒါတို့မှ၊ ပရေသံ- နောက်ဖြစ်ကုန်သော၊ သ္မာသ္မိံနံ- သ္မာဝိဘတ် သ္မိံဝိဘတ်တို့၏၊ မှာမှိ- မှာ အပြု မှိ အပြုတို့သည်၊ န- မဖြစ်ကုန်။ အသ္မာ, အသ္မိံ ဟုသာ ရုပ်ရှိခြင်းတည်း။
၄၉။ [အသ္မာ-ထိုသူ(ဤသူ)မှ၊ အသ္မိံ-ထိုသူ(ဤသူ)၌။] နောက်၌ တွေ့ရ လတ္တံ့သော သသ္မာသ္မိံ သံသာသွတ္တံသုတ်, ဣမသဒ္ဒဿ စသုတ်တို့ဖြင့် တသဒ္ဒါ ဣမသဒ္ဒါကို အ ပြုပြီးလျှင် ထိုအသဒ္ဒါနောက်၌ သ္မာဟိသ္မိံနံ မှာဘိမှိ ဝါသုတ်ဖြင့် သ္မာကို မှာ, သ္မိံကို မှိ မပြုပါနှင့်ဟု တားမြစ်သော သုတ်တည်း၊ ထိုသို့ တားမြစ်သောကြောင့် “အမှာ (ထိုသူမှ), အမှိ (ထိုသူ၌)”ဟု ရုပ်မရှိပြီ။
သုဟိသု- သုဝိဘတ် ဟိဝိဘတ် တို့ကြောင့်၊ အကာရော- အ အက္ခရာသည်၊ ဧ- ဧ အဖြစ်သည်၊ ဟောတိ- ဖြစ်၏။ ပုရိသေသု, ပုရိသေဟိ စသည်တည်း။
၅၀။ [ပုရိသေသု-ယောက်ျားတို့၌၊ ပုရိသေဟိ-တို့ဖြင့်, တို့မှ။]
ရုပ်တွက်။ ။ ပုရိသေသုကို “ပုရိသ” လိန်တည်၊ တို့၌ ဟူ၍ ၊ပေ၊ သုဝိဘတ် သက်၊ သ် ခွင်း (ပုရိသ် ၊ သု), သုဟိသွကာရော ဧ သုတ်ဖြင့် သ၏ အဆုံး ၊ ကို ေ- ပြု, သ် ကို ေ- သို့ ကပ်, ပုရိသေသု ပြီး၏။
[ပုရိသေဟိကိုလည်း ဟိဝိဘတ်သက်၍ ရုပ်တွက်၊ ပုရိသေဟိဖြစ်တဲ့ အခါ သ္မာဟိသ္မိံနံ မှာဘိမှိ ဝါသုတ်ဖြင့် ဟိကို ဘိပြုလျှင် ပုရိသေဘိဟု ဖြစ်၏။]
နံမှိ စ- နံဝိဘတ်ကြောင့်လည်း၊ သဗ္ဗနာမာနံ- သဗ္ဗနာမ်ပုဒ်တို့၏၊ အကာရော- အ အက္ခရာသည်၊ ဧ- ဧ အဖြစ်သည်၊ ဟောတိ- ဖြစ်၏။ သဗ္ဗေသံ, သဗ္ဗေသာနံ စသည်တည်း။
၅၁။ [သဗ္ဗေသံ, သဗ္ဗေသာနံ-အလုံးစုံတို့အား, တို့၏။] သဗ္ဗနာမ်ဟု ခေါ်ရသော နာမ်ပုဒ်တစ်မျိုးရှိ၏၊ ဤသုတ်ကား နံဝိဘတ်ကြောင့် ထို သဗ္ဗနာမ်တို့၏ အဆုံး အ ကို ဧပြုသောသုတ်တည်း၊ ရုပ်ကို သဗ္ဗတော နံ သံသာနံသုတ်၌ တွက်တတ်လတ္တံ့။
[သဗ္ဗနာမ်ပုဒ်များကို သဗ္ဗနာမ်ဂိုဏ်း၌ ပြထားသည်။]
အတော- အကာရ န္တမှ၊ ပရံ- နောက် ဖြစ်သော၊ နာ- နာဝိဘတ်သည်၊ ဧန- ဧနအပြုသည်၊ ဟောတိ- ဖြစ်၏။ ဗုဒ္ဓေန စသည်တည်း။
၅၂။ [ဗုဒ္ဓေန-ဘုရားဖြင့်။] နေနကို “နာ + ဧန”ဟု ပုဒ်ဖြတ်။
ရုပ်တွက်။ ။ ဗုဒ္ဓေနကို “ဗုဒ္ဓ”လိန်တည်၊ ဖြင့်ဟူ၍ ၊ပေ၊ နာဝိဘတ် သက်, အတောနေနသုတ်ဖြင့် နာဝိဘတ်ကို ေ-န ပြု, ဒ္ဓ် ခွင်း, သရ လောပေါ စသောသုတ်ဖြင့် ရှေ့ ၊ သရကို ချေ၍, နောက် ေ- နကိုလည်း ေ- နဟု ပကတိပြု, ဒ္ဓ် ကို ေ- သို့ ကပ်, ပြီး၏။
[ ဓမ္မေန, သံဃေန, ပုရိသေန, စိတ္တေန တို့ကိုလည်း တွက်။]
အတော- အကာရ န္တမှ၊ ပရံ- နောက်ဖြစ်သော၊ သိ- သိ ဝိဘတ်သည်၊ သြ- သြ အပြုသည်၊ ဟောတိ- ဖြစ်၏။ ဗုဒ္ဓေါ စသည်တည်း။
၅၃။ [ဗုဒ္ဓေါ-ဘုရားသည်။] သော ကို “သိ + သြ”ဟု ပုဒ်ဖြတ်။
အကာရ န္တ။ ။ အကာရ၊ အ အက္ခရာ + အန္တ=အဆုံးရှိသည်၊ ဗုဒ္ဓ၌ ဒ္ဓ ကို သေသေချာချာ ရေးလျှင် “ဒ္ဓ၊ ” ဟု ဒ္ဓ ဗျဉ်းကို ရှေ့, ၊ သရကို နောက်ထား၍ ရေးရသည်၊ ထိုသို့ အ သရဆုံးသောပုဒ်ကို အကာရန္တ ဟု ခေါ်သည်။
ရုပ်တွက်။ ။ ဗုဒ္ဓေါကို “ဗုဒ္ဓ”လိန်တည်၊ သည်ဟူ၍ ၊ပေ၊ သိဝိဘတ် သက်, သောဟူသောသုတ်ဖြင့် သိဝိဘတ်ကို ေ-ါ ပြု, ဒ္ဓ် ခွင်း, ချေ, ကပ်, ဗုဒ္ဓေါ ပြီး၏။ [ဓမ္မော, သံဃော, ပုရိသော ကိုလည်း ရုပ်တွက်။]
အတော- အကာရ န္တမှ၊ ပရံ- သော၊ နာ- နာဝိဘတ်သည်၊ သော- သော အပြုသည်၊ ဝါ- ဝိကပ်အားဖြင့်၊ ဟောတိ- ၏။ အတ္ထသော, ဗျဉ္ဇနသော စသည်တည်း။
၅၄။ [အတ္ထသော-အနက်အားဖြင့်၊ ဗျဉ္ဇနသော-သဒ္ဒါအားဖြင့်။]
ရုပ်တွက်။ ။ အတ္ထသောကို “အတ္ထ”လိန်တည်၊ ဖြင့်ဟူ၍ ၊ပေ၊ နာ ဝိဘတ်သက်, သော ဝါသုတ်ဖြင့် နာဝိဘတ်ကို သော ပြု, အတ္ထသော ပြီး၏။ [ဗျဉ္ဇနသော, ပဒသော (အစုအားဖြင့်), ထာမသော (အစွမ်းအား ဖြင့်)ကိုလည်း ရုပ်တွက်လေ။]
ဒီဃော.ရေဟိ- ဒီဃ, သြရသဒ္ဒါတို့မှ၊ ပရံ- နောက်ဖြစ်သော၊ သ္မာ- သ္မာဝိဘတ်သည်၊ သော- သော အပြုသည်၊ ဝါ- ဝိကပ်အားဖြင့်၊ ဟောတိ- ဖြစ်၏။ ဒီဃသော, သြရသော ဟူသည်တည်း။
၅၅။ [ဒီဃသော-အလျား (အရှည်)မှ၊ သြရသော-အတွင်းမှ။]
ရုပ်တွက်။ ။ ဒီဃသောကို “ဒီဃ”လိန်တည်၊ မှဟူ၍ ၊ပေ၊ သ္မာဝိဘတ် သက်, ဒီဃောရေဟိသုတ်ဖြင့် သ္မာဝိဘတ်ကို သောပြု, ဒီဃသော ပြီး၏။
[သြရသောကိုလည်း “သြရ” တည်၍ ရုပ်တွက်လေ။]
အတော- အကာရ န္တမှ၊ ပရေသံ- နောက်ဖြစ်ကုန်သော၊ သဗ္ဗယောနိနံ- အလုံးစုံသော ပဌမာ ယော နိ, ဒုတိယာ ယော နိတို့၏၊ အာဧ- အစဉ်အတိုင်း အာ အပြု, ဧ အပြုတို့သည်၊ ဟောန္တိ- ဖြစ်ကုန်၏။ ပုရိသာ, ပုရိသေ, စိတ္တာ, စိတ္တေ စသည်တည်း။
၅၆။ ပုရိသာ-ယောက်ျားတို့သည်၊ ဤကား ပဌမာ ယောကို အာပြုရာ ပုံစံ၊ ပုရိသေ-ယောက်ျားတို့ကို၊ ဤကား ဒုတိယာ ယောကို ဧ ပြုရာပုံစံ၊ ဤသို့လျှင် ပုလ္လိန်၌ ယောကို တစ်ခါတည်း အာ ဧ ပြု၊ စိတ္တာ-စိတ်တို့ သည်၊ စိတ္တေ-စိတ်တို့ကို၊ ဤကား ယောဝိဘတ်ကို အတော နိစ္စံသုတ်ဖြင့် နိ ပြုပြီးနောက် ထိုနိကိုမှ အာ ဧပြုရာ ပုံစံများတည်း၊ ဤသို့လျှင် နပုလ္လိန် အရာ၌ အတော နိစ္စံသုတ်က ယောကို အမြဲ နိ ပြုသောကြောင့် ထိုနိကိုမှ အာ ဧ ပြုရသည်။ ရုပ်တွက်။ ။ ပုရိသာကို “ပုရိသ” လိန်တည်၊ တို့သည် ဟူ၍ ၊ပေ၊ ဗဟုဝုစ် ယောဝိဘတ်သက်၊ သဗ္ဗယောနိနမာဧသုတ်ဖြင့် ယောဝိဘတ်ကို -ါ ပြု, သ်ခွင်း (ပုရိသ် ၊ -ါ) သရလောပေါသုတ်ဖြင့် ရှေ့ ၊ ကို ချေ၍, နောက် -ါ ကိုလည်း -ါ ဟု ပကတိပြု, နယေ ပရံ ယုတ္တေသုတ်ဖြင့် သ် ကို -ါ သို့ ကပ်, ပုရိသာ ပြီး၏။
ပုရိသေ၌ ဤသုတ်ဖြင့် ဒုတိယာ ယောဝိဘတ်ကို ေ- ပြု, န္တုဿ.န္တော ယောသု စ သုတ်၌ ပဌမာ ယောဖြင့် ဂုဏဝန္တာ, ဒုတိယာ ယောဖြင့် ဂုဏဝန္တေကိုလည်း ရုပ်တွက်လေ၊ စိတ္တာ, စိတ္တေ တို့ကား အတော နိစ္စံ သုတ်ကျမှ တွက်ရမည်။
အတော- အကာရန္တမှ၊ ပရေသံ- နောက် ဖြစ်ကုန်သော၊ သ္မာသ္မိံနံ- သ္မာဝိဘတ်, သ္မိံဝိဘတ်တို့၏၊ အာ ဧ- အစဉ်အတိုင်း အာ အပြု, ဧ အပြုတို့သည်၊ ဝါ- ဝိကပ်အားဖြင့်၊ ဟောန္တိ- န်၏။ ပုရိသာ, ပုရိသေ စသည်တည်း။
၅၇။ [ပုရိသာ-ယောက်ျားမှ၊ ပုရိသေ-ယောက်ျား၌။]
ရုပ်တွက်။ ။ ပုရိသာကို “ပုရိသ”လိန်တည်၊ မှဟူ၍ ၊ပေ၊ သ္မာဝိဘတ် သက်, သ္မာသ္မိံနံ ဝါသုတ်ဖြင့် သ္မာဝိဘတ်ကို -ါ ပြု, သ် ခွင်း (ပုရိသ် ၊ -ါ), သရလောပေါသုတ်ဖြင့် ရှေ့ ၊ သရကိုချေ၍ နောက် -ါ ကိုလည်း -ါ ဟု ပကတိပြု, သ် ကို -ါ သို့ ကပ်, ပြီး၏။
ပုရိသေကို “ပုရိသ”လိန်တည်၊ ၌ဟူ၍ ၊ပေ၊ သ္မိံဝိဘတ်သက်၊ သ္မာသ္မိံနံ ဝါသုတ်ဖြင့် သ္မိံဝိဘတ်ကို ေ- ပြု, သ် ခွင်း, ၊ ချေ, သ် ကို ေ- သို့ ကပ်, ပြီး၏။
အတော- အကာရန္တမှ၊ ပရဿ- နောက်ဖြစ်သော၊ စတုတ္ထေ.ကဝစနဿ- စတုတ္ထီဧကဝုစ် သဝိဘတ်၏၊ အာယတု- အာယ အပြုသည် လည်း၊ ဟောတိ- ဖြစ်၏။ အတ္ထာယ, ဟိတာယ, သုခါယ စသည်တည်း။
၅၈။ ဤသုတ်ကား…အကာရန္တပုဒ်နောင် ငှာဟူ၍ အနက်ပေးရသော စတုတ္ထီဧကဝုစ် သဝိဘတ်ကို အာယပြုသောသုတ်တည်း။ [အတ္ထာယအကျိုးငှာ၊ ဟိတာယ-စီးပွားအလို့ငှာ၊ သုခါယ-ချမ်းသာခြင်းငှာ။] သက္ကတ သဒ္ဒါတို့၌ကား ငှာဟု အနက်ပေးရသည်ဖြစ်စေ, မပေးရသည်ဖြစ်စေ အကာရန္တနောင် စတုတ္ထီဧကဝုစ် သဝိဘတ်မှန်လျှင် အမြဲ အာယ ပြု၏၊ ထို့ကြောင့် သက္ကတလေသံကို လိုက်၍ “နမော ဗုဒ္ဓါယ, သိဒ္ဓံ” ဟု သင်ပုန်းကြီးအစ၌ ဘုရားရှိခိုး ဆိုရိုးပြုခဲ့ကြပေသည်။ [ဗုဒ္ဓါယ-ဘုရားရှင် အား၊ နမော-ရှိခိုးပါ၏၊ သိဒ္ဓံ-လိုရာ ပြီးမြောက်ပါစေသတည်း။]
ရုပ်တွက်။ ။ အတ္ထာယကို “အတ္ထ”လိန်တည်၊ ငှာဟူ၍ အနက်ပေး သောကြောင့် ၊ပေ၊ သဝိဘတ်သက်, အာယ စတုတ္ထေကဝစနဿ တု သုတ်ဖြင့် သဝိဘတ်ကို -ါယ ပြု, တ္ထ် ခွင်း, ၊ ချေ, တ္ထ် ကို -ါ သို့ကပ်, အတ္ထာယ ပြီး၏။ [ဟိတာယကို ဟိတ, သုခါယကို သုခ တည်၍တွက်။]
တုသဒ္ဒါ။ ။ အာယ တု၌ တု သဒ္ဒါသည် သမုစ္စည်းအနက် ရှိ၏၊ ထို့ကြောင့် စတုတ္ထီသဝိဘတ်ကို -ံ ပြု၍“ဒဿနံ-ဖူးမြင်ခြင်းငှာ၊ ဓမ္မဿဝနံတရားနာခြင်းငှာ” စသော ရုပ်များ ဖြစ်၏၊ ဒဿန, ဓမ္မဿဝန တည်၊ သသက်, ဤသုတ်၌ တုသဒ္ဒါဖြင့် သ ကို -ံ ပြုလေ။
သဗ္ဗနာမေဟိ- သဗ္ဗနာမ်အကာရန္တတို့မှ၊ ပရေသံ- နောက်ဖြစ်ကုန်သော၊ သ္မာသ္မိံ သာနံ- သ္မာဝိဘတ်, သ္မိံဝိဘတ်, သဝိဘတ်တို့၏၊ တယော- အာ, ဧ, အာယ အပြု ၃ ပါးတို့သည်၊ နေဝ ဟောန္တိ- မဖြစ်ကုန်သည် သာတည်း။ စ- အနည်းငယ်လည်း ဖြစ်သေး၏။
၅၉။ ဤသုတ်ကား…သ္မာသ္မိံနံ ဝါနှင့်အာယ စတုတ္ထေ.ကဝစနဿ တု ၂ သုတ်၏ အစီအရင်ကို သဗ္ဗနာမ် အကာရန္တဖြစ်သော ပုဒ်များနောင် မပြုရဟု တားမြစ်သည်၊ ထို့ကြောင့် သဗ္ဗနာမ်ပုဒ်များ၌ သ္မာဝိဘတ်ဖြင့် သဗ္ဗာ, သ္မိံဝိဘတ်ဖြင့် သဗ္ဗေ, သဝိဘတ်ဖြင့် သဗ္ဗာယ ဟု မရှိနိုင်၊ သို့သော် နေဝ စ၌ စသဒ္ဒါက တချို့အရာ၌ အနည်းငယ်ရှိနိုင်ဖို့ရာ ဆည်းယူသော ကြောင့် ပုဗ္ဗ စသော သဗ္ဗနာမ်ပုဒ်များဝယ် သ္မာဖြင့် “ပုဗ္ဗာ” သ္မိံဖြင့် “ပုဗ္ဗေ” စသောရုပ်များ ရှိသတဲ့၊ ဤအရာမျိုးကို “ဧဝလည်းထိုင်, စလည်းထိုင်, လှံကိုင်ခွေးခေါ်နည်း”ဟု ပြောကြ၏၊ ရူပသိဒ္ဓိဘာသာဋီကာမှာ ရှု။
ဃတော- ဃအမည်ရှိသော အာ အက္ခရာမှ၊ ပရေသံ- နောက်ဖြစ်ကုန်သော၊ နာဒီနံ- နာ အစရှိ သော ဧကဝုစ်ဝိဘတ် ၅ လုံးတို့၏၊ အာယ- အာယ အပြုသည်၊ ဟောတိ- ဖြစ်၏။ ကညာယ စသည်တည်း။
၆၀။ အာ ဃောသုတ်ဖြင့် -ါ ကို ဃ အမည်မှည့်ပြီးနောက် နာ သ သ္မာ သ သ္မိံ ဝိဘတ် ၅ လုံးကို အာယ ပြုသော သုတ်တည်း၊ ကညာယသတို့သမီးဖြင့်, သတို့သမီးအား, သတို့သမီးမှ, သတို့သမီး၏, သတို့သမီး၌။
ရုပ်တွက်။ ။ ကညာယကို “ကညာ”လိန်တည်၊ ဖြင့်ဟူ၍၊ပေ၊နာဝိဘတ် သက်, ည် ခွင်း, အာ ဃောသုတ်ဖြင့် -ါ ကို ဃအမည်မှည့်, ဃတော နာဒီနံသုတ်ဖြင့် နာဝိဘတ်ကို -ါယ ပြု (ကည် -ါယ), သရလောပေါ စသောသုတ်ဖြင့် ရှေ့ -ါ ကို ချေ၍ နောက် -ါ ကိုလည်း -ါ ဟု ပကတိပြု, ည် ကို -ါ သို့ ကပ်, ပြီး၏။
အမှာ။ ။ သဝိဘတ်စသော ဝိဘတ် ၄ လုံးသက်၍လည်း ဤနည်း အတိုင်း တွက်၊ “ကညာ” ဟု ဣတ္ထိယမတော အာပစ္စယော သုတ်ဖြင့် အာပစ္စည်းသက်ပြီး, နာမ်ငဲ့ပြီးဟု သဘောထားပါ၊ ပစ္စည်း သက်ပုံ, နာမ် ငဲ့ပုံကို နောက်မှ သိလတ္တံ့။
ပတော- ပ အမည်ရှိသော ဣဝဏ် ဥဝဏ်မှ၊ ပရေသံ- နောက်ဖြစ်ကုန်သော၊ နာဒီနံ- နာ အစရှိသော ဧကဝုစ်ဝိဘတ် ၅ လုံးတို့၏၊ ယာ- ယာ အပြုသည်၊ ဟောတိ- ၏။ ရတ္တိယာ, ဣတ္ထိယာ, ဝဓုယာ စသည်တည်း။
၆၁။ ဤသုတ်ကား…တေ ဣတ္ထိချာ ပေါသုတ်ဖြင့် ဣဝဏ် ဥဝဏ်ကို ပ အမည် မှည့်ပြီးနောက် နာ အစရှိသော ဧကဝုစ်ဝိဘတ် ၅ လုံးကို ယာ ပြုသောသုတ်တည်း၊ ရတ္တိယာ-ညဉ့်ဖြင့်, ညဉ့်အား, ညဉ့်မှ, ညဉ့်၏, ညဉ့်၌၊ ဣတ္ထိယာ-မိန်းမဖြင့်၊ ယာဂုယာ-ယာဂုဖြင့်၊ ဝဓုယာ-ချွေးမ (မိန်းမ)ဖြင့် စသည်။
ရုပ်တွက်။ ။ ရတ္တိယာကို “ရတ္တိ”လိန်တည်၊ ဖြင့်ဟူ၍၊ပေ၊ နာဝိဘတ် သက်, တ္တ် ခွင်း, တေ ဣတ္ထိချာ ပေါသုတ်ဖြင့် -ိ ကို ပ အမည် မှည့်, ပတော ယာသုတ်ဖြင့် နာဝိဘတ်ကို ယာ ပြု, တ္တ် ကို -ိ သို့ ကပ်, ရတ္တိယာ ပြီး၏။ [ဣတ္ထိယာ ကို ဣတ္ထီ တည်၊ ယာဂုယာကို ယာဂု တည်၊ ဝဓုယာကို ဝဓူ တည်၍ ရုပ်တွက်လေ၊ ဣတ္ထီ ဝဓူတို့၌ -ီ ူ တို့ကို (အဃော ရဿ စသောသုတ်ဖြင့်) ရဿပြုရမည်ကိုလည်း သတိပြု။]
သခတော- သခ သဒ္ဒါမှ၊ ပရဿ- နောက်ဖြစ်သော၊ ဂဿ- ဂ အမည်ရှိသော သိဝိဘတ်၏၊ ဧ- ဧ အပြုသည်၊ ဝါ- ဝိကပ်အားဖြင့်၊ ဟောတိ- ဖြစ်၏။ ဟေ သခေ ဟူသည်တည်း။
၆၂။ [ဟေ သခေ - အို မိတ်ဆွေ။] ဟေကား အာလုပ်အနက် ထင်ရှား အောင် အပိုထည့်ရသော နိပါတ်ပုဒတည်း, သခေ သာ လိုရင်းဖြစ်သည်။
ရုပ်တွက်။ ။ သခေကို “သခ”လိန်တည်၊ အိုဟူ၍ ၊ပေ၊ သိဝိဘတ် သက်, အာလပနေ သိ ဂသညောသုတ်ဖြင့် အာလုပ် သိကို ဂအမည်မှည့်, သခတော ဂဿေ ဝါသုတ်ဖြင့် ဂသိကို ေ- ပြု, ခ် ခွင်း(သခ် ၊ ေ-) ရှေ့ ၊ သရကို ချေ, ခ် ကို ေ- သို့ ကပ်, ပြီး၏။ [ကစ္စည်းဝုတ္တိအဆိုကို ကစ္စည်း ဘာသာဋီကာမှာ ရှု။]
ဃတော- ဃ အမည်ရှိသော အာ အက္ခရာမှ၊ ပရဿ- နောက်ဖြစ်သော၊ ဂဿ- ဂ အမည်ရှိသော သိ ဝိဘတ်၏၊ ဧ စ- ဧ အပြုသည်သာလျှင်၊ ဟောတိ- ဖြစ်၏။ ဘောတိ အယျေ စသည်တည်း။
၆၃။ [ဘောတိ အယျေ - အို အရှင်မ။] အယျေ သာ လိုရင်းတည်း, ဘောတိကား အာလုပ်အနက် ထင်ရှားအောင် အပိုထည့်ပါဌ်ဖြစ်သည်၊ ဃတေ ကို “ဃတော + ဧ” ဟု ပုဒ်ဖြတ်။
ရုပ်တွက်။ ။ အယျေကို “အယျာ”လိန်တည်၊ အိုဟူ၍ ၊ပေ၊ သိဝိဘတ် သက်, အာလပနေ သိ ဂသညောသုတ်ဖြင့် အာလုပ်သိကို ဂအမည်မှည့်, ယျ် ခွင်း, အာ ဃောသုတ်ဖြင့် -ါ ကို ဃအမည်မှည့်, ဃတေ စသုတ်ဖြင့် ဂသိကို ေ- ပြု, သရလောပေါသုတ်ဖြင့် ရှေ့ -ါ ကို ချေ၍ နောက် ေ-ကိုလည်း ေ- ဟု ပကတိပြု, ယျ်ကို ေ- သို့ ကပ်, အယျေ ပြီး၏။
ဘောတိ ကညေ-အို သတို့သမီး (ကညာတည်)၊ ဘောတိ ခရာဒိယေအို ခရာဒိယာမည်သော နှမ (ခရာဒိယာ တည်၍ နည်းတူတွက်)၊ ဧ စ၌ စသဒ္ဒါသည် အဝဓာရဏ (ပိုင်းခြားသတ်မှတ် ဆုံးဖြတ်ခြင်း)အနက်ရှိ၏၊ သခတော ဂဿေ ဝါသုတ်က ဝါသဒ္ဒါကဲ့သို့ အခြားသုတ်ဖြင့် စီရင်ခွင့် မပြု, ဧ သာ ပြုရမည် ဟူလို၊ ဤကား ကစ္စည်းဝုတ္တိ အလိုတည်း။
အမ္မာဒိတော- အမ္မာ အတူရှိသော မိခင်ဟောသဒ္ဒါတို့မှ၊ ပရဿ- နောက်ဖြစ်သော၊ ဂဿ- ဂ အမည် ရှိသော သိ ဝိဘတ်၏၊ ဧ- ဧ အပြုသည်၊ န- မဖြစ်။ ဘောတိ အမ္မ, ဘောတိ အမ္မာ စသည်တည်း။
၆၄။ [ဘောတိ အမ္မ, အမ္မာ-အို မိခင်။] အမ္မာဒိ၌ အာဒိဖြင့် အမ္မာနှင့် အာကာရ န္တချင်း အက္ခရာ ၂ လုံးချင်းတူ, မိခင်ဟူသော အနက်ဟောချင်း တူသော သဒ္ဒါတို့ကို ယူ၊ ထိုသဒ္ဒါစုနောင် ဂသိကို ဧ မပြုနှင့်ဟု ဃတေ စ သုတ်ကို တားမြစ်သောသုတ်တည်း၊ ထို့ကြောင့် “အမ္မ-အမ္မာ, အန္န-အန္နာ, အမ္ဗ-အမ္ဗာ, တာတ-တာတာ” ဟုသာ ရှိ၏၊ “အမ္မေ, အန္နေ, အမ္ဗေ, တာတေ”ဟု မရှိနိုင်။
ရုပ်တွက်။ ။ အမ္မာကို “အမ္မာ”တည်၊ အာလုပ် သိသက်, ဂ မှည့်, အာ ဃောသုတ်ဖြင့် အာ ကို ဃ မှည့်, ဃတေ စသုတ်ဖြင့် ဂသိကို ဧပြုသင့်သော်လည်း န အမ္မာဒိတောသုတ်ဖြင့် တားမြစ်သောကြောင့် မပြုရ၊ သေသတော လောပံ ဂသိပိသုတ်ဖြင့် ဂသိ ချေ, ပြီး၏။ [အန္နာ စသည်၌လည်း နည်းတူ၊ အမ္မ စသည်၌ အာကာရော ဝါသုတ်ဖြင့် -ါ ကို ရဿ ပြု, ဂ သိ ချေ။]
အကတရဿာ- မပြုပြင်အပ်, ပင်ကိုရဿဖြစ်သော၊ လတော- လ အမည်ရှိသော ဥ အက္ခရာမှ၊ ပရဿ- နောက်ဖြစ်သော၊ ယွာလပနဿ- အာလုပ် ယောဝိဘတ်၏၊ ဝေဝေါ- ဝေ အပြု, ဝေါ အပြုတို့သည်၊ ဟောန္တိ- ဖြစ်ကုန်၏။ ဘိက္ခဝေ, ဘိက္ခဝေါ စသည်တည်း။
၆၅။ [ဘိက္ခဝေ, ဘိက္ခဝေါ-အို ရဟန်းတို့။] ဤသုတ်ကား မပြုမပြင် အပ်ဘဲ ပင်ကိုက ရဿဖြစ်နေသော လ အမည်ရှိသော ဥအက္ခရာနောင် အာလုပ် ယောဝိဘတ်ကို ဝေ, ဝေါ ပြုသော သုတ်တည်း။
ရုပ်တွက်။ ။ ဘိက္ခဝေကို “ဘိက္ခု”လိန်တည်၊ အိုတို့ဟူ၍၊ပေ၊ ယော ဝိဘတ်သက်, က္ခ် ခွင်း, ဣဝဏ္ဏုဝဏ္ဏာ ဈလာသုတ်ဖြင့် ု ကို လ အမည် မှည့်, အကတရဿာ လတော ယွာလပနဿ ဝေဝေါ သုတ်ဖြင့် အာလုပ်ယောဝိဘတ်ကို ဝေ ပြု, ဝေဝေါသု လော စသုတ်ဖြင့် ု ကို ၊ ပြု, က္ခ် ကို ၊ သို့ ကပ်, ဘိက္ခဝေ ပြီး၏။ [ဘိက္ခဝေါ၌ ဝေါ ပြုရုံသာ ထူးသည်၊ ဟေ တဝေ, ဟေ တဝေါ (အို အကြောင်းတို့)၊ ဟေတု တည်၍ ရုပ်တွက်။]
ဈလတော- ဈလတို့မှ၊ ပရဿ- နောက်ဖြစ်သော၊ သဿ- သ ဝိဘတ်၏၊ နော- နော အပြုသည်၊ ဝါ- ဝိကပ်အားဖြင့်၊ ဟောတိ- ဖြစ်၏။ အဂ္ဂိနော, ဒဏ္ဍိနော, ဘိက္ခုနော, သယမ္ဘုနော စသည်တည်း။
၆၆။ [အဂ္ဂိနော-မီးအား, ၏၊ ဒဏ္ဍိနော-တုတ်ရှိသူအား, ၏၊ ဘိက္ခုနောရဟန်းအား, ၏၊ သယမ္ဘုနော-ဘုရားအား, ၏။] ဤသုတ်ကား ဈ အမည်ရှိ သော ဣဝဏ် ၂ လုံး, လ အမည်ရှိသော ဥဝဏ် ၂ လုံးနောင် သဝိဘတ်ကို နော ပြုသောသုတ်တည်း၊ သို့အတွက် ဣဝဏ် ဥဝဏ်စုံအောင် ပုံစံ ၄ မျိုး ထုတ်လိုက်သည်။
ရုပ်တွက်။ ။ အဂ္ဂိနောကို “အဂ္ဂိ”လိန်တည်၊ အားဟူ၍၊ပေ၊သဝိဘတ် သက်, ဂ္ဂ် ခွင်း, ဣဝဏ္ဏုဝဏ္ဏာ ဈလာသုတ်ဖြင့် -ိ ကို ဈ အမည်မှည့်, ဈလတော သဿ နော ဝါသုတ်ဖြင့် သဝိဘတ်ကို နော ပြု, ဂ္ဂ် ကို -ိ သ့ို ကပ်, အဂ္ဂိနော ပြီး၏။ [ဘိက္ခုနော၌ ဥ ကို လ မှည့်ရုံသာ။]
သယမ္ဘုနောကို “သယမ္ဘူ” လိန်တည်၊ သ ဝိဘတ်သက်, မ္ဘ် ခွင်း, ဣဝဏ္ဏုဝဏ္ဏာ ဈလာသုတ်ဖြင့် ူ ကို လ အမည်မှည့်, အဃော ရဿ မေကဝစနယောသွပိ စသုတ်ဖြင့် ူ ကို ု ရဿပြု, ဈလတော သဿ နော ဝါသုတ်ဖြင့် သဝိဘတ်ကို နော ပြု, မ္ဘ် ကို ု သို့ ကပ်, သယမ္ဘုနော ပြီး၏။ [ဒဏ္ဍိနောကိုလည်း “ဒဏ္ဍီ”တည်၊ -ီ ကို ဈ မှည့်, ရဿပြု၍ ရုပ်တွက်လေ။]
ဃပတော စ- ဃပ တို့မှလည်းကောင်း၊ ဈလတော စ- ဈလ တို့မှလည်းကောင်း၊ ပရေသံ- နောက်ဖြစ်ကုန်သော၊ ယောနံ- ယောဝိဘတ်တို့၏၊ လောပေါ- ကျေခြင်းသည်၊ ဝါ- ဝိကပ်အားဖြင့်၊ ဟောတိ- ၏။ ကညာ, ရတ္တီ, ဣတ္ထီ, ယာဂူ, ဝဓူ, အဂ္ဂီ, ဒဏ္ဍီ, ဘိက္ခူ, သယမ္ဘူ စသည်တည်း။
၆၇။ ဃ ပ ဈ လ စုံအောင် ပုံစံများစွာ ထုတ်လိုက်သည်၊ ကညာသတို့သမီးတို့သည်, တို့ကို၊ ရတ္တီ-ညည့်တို့သည်, တို့ကို၊ ဣတ္ထီ-မိန်းမ တို့သည်, တို့ကို၊ ယာဂူ-ယာဂုတို့သည်, တို့ကို၊ ဝဓူ-ချွေးမတို့သည်, တို့ကို၊ အဂ္ဂီ-မီးတို့သည်, တို့ကို၊ ဒဏ္ဍီ-တုတ်ရှိသူတို့သည်, တို့ကို၊ ဘိက္ခူ-ရဟန်း တို့သည်, တို့ကို၊ သယမ္ဘူ-ဘုရားတို့သည်, တို့ကို။
ရုပ်တွက်။ ။ ကညာကို “ကညာ”လိန်တည်၊ တို့သည်ဟူ၍ ၊ပေ၊ ယောဝိဘတ် သက်၊ ည် ခွင်း, အာ ဃောသုတ်ဖြင့် -ါ ကို ဃ အမည် မှည့်, ဃပတော စ ယောနံ လောပေါသုတ်ဖြင့် ယော ဝိဘတ်ကို ချေ, ည် ကို -ါ သို့ ကပ်, ကညာ ပြီး၏။ [ဒုတိယာ ယောဝိဘတ်ဖြင့်လည်း ဤနည်းအတိုင်း တွက်လေ။]
ရတ္တီကို “ရတ္တိ”လိန်တည်၊ ယောဝိဘတ်သက်, တ္တ် ခွင်း, တေ ဣတ္တိချာ ပေါ သုတ်ဖြင့် -ိ ကို ပ အမည်မှည့်, ဃပတော စ ယောနံ လောပေါ သုတ်ဖြင့် ယောဝိဘတ်ကို ချေ, ယောသု ကတနိကာရလောပေသု ဒီဃံ သုတ်ဖြင့် ရှေ့ -ိ ကို -ီ ဒီဃ ပြု, တ္တ် ကို -ီ သို့ ကပ်, ရတ္တီ ပြီး၏။
ဣတ္ထီ ဝဓူ ဒဏ္ဍီ သယမ္ဘူ တို့ကို “ဣတ္ထီ ဝဓူ ဒဏ္ဍီ သယမ္ဘူ”ဟု ဒီဃ ဖြင့် တည်ရသောကြောင့် ယောဝိဘတ်ကို ချေရုံသာ၊ ဣတ္ထီနှင့် ဝဓူကား ဣတ္ထိလိန်ဖြစ်သောကြောင့် တေ ဣတ္ထိချာ ပေါသုတ်ဖြင့် ပအမည်မှည့်, ဒဏ္ဍီ, သယမ္ဘူ တို့ကား ပုလ္လိန်ဖြစ်သောကြောင့် ဣဝဏ္ဏုဝဏ္ဏာ ဈလာ သုတ်ဖြင့် -ီ ကို ဈ, ူ ကို လ မှည့်။
ယာဂူ အဂ္ဂီ ဘိက္ခူတို့ကို “ယာဂု အဂ္ဂိ ဘိက္ခု”ဟု ရဿဖြင့် တည်ရ သောကြောင့် ဤသုတ်ဖြင့် ယောဝိဘတ် ချေပြီးနောက် ယောသု ကတ နိကာရ လောပေသု ဒီဃံသုတ်ဖြင့် ဒီဃပြုရသေးသည်၊ ဣတ္ထိလိန် ယာဂု ကို ပ အမည်မှည့်, ပုလ္လိန် အဂ္ဂိကို ဈ, ဘိက္ခုကို လ အမည်မှည့်လေ၊ အဋ္ဌီ, အာယူ စသော နပုံလိန်ရုပ်များလည်း ရှိသေး၏၊ ဤရုပ်များ၏ လိန်ချင်း မတူပုံကို နာမ်ဂိုဏ်းကျလျှင် သိရလတ္တံ့။
လတော- လအမည်ရှိသော ဥဝဏ်မှ၊ ပရေသံ- နောက်ဖြစ်ကုန်သော၊ ယောနံ- ယောဝိဘတ် တို့၏၊ ဝေါကာရော စ- ဝေါအပြုသည်လည်း၊ ဝါ- ဝိကပ်အားဖြင့်၊ ဟောတိ- ဖြစ်၏။ ဘိက္ခဝေါ, သယမ္ဘုဝေါ စသည်တည်း။ ကာရသဒ္ဒါပိုဖြင့် ယောဝိဘတ်ကို နောပြု၍လည်း ဟေတုနော, ဇန္တုနော စသည် ဖြစ်သေး၏။
၆၈။ [ဘိက္ခဝေါ-ရဟန်းတို့သည်, တို့ကို၊ သယမ္ဘုဝေါ-ဘုရားတို့သည်, တို့ကို၊ ဟေတုနော-အကြောင်းတို့သည်, တို့ကို၊ ဇန္တုနော-သတ္တဝါတို့သည်, တို့ကို။] အကတရဿာ လတောသုတ်သည် အကတရဿဖြစ်သော လနောက်က အာလုပ်ယောကိုသာ ဝေ ဝေါပြုသည်၊ ထိုသုတ်အစီအရင်မှ ကြွင်းသမျှ အာလုပ် ပဌမာ ဒုတိယာ ယောတို့ကို ဤသုတ်က ဝေါသာ ပြုသည်, ဝေ မပြု။
သို့အတွက် အာလုပ်ဖြင့် “သယမ္ဘဝေ” ဟု လည်းကောင်း, ပဌမာ ဒုတိယာ ယောတို့ဖြင့် “ဘိက္ခဝေ” စသည်ဖြင့်လည်းကောင်း, ရှိသင့်, မရှိသင့်ကို စဉ်းစားလျှင် …သယမ္ဘူပုဒ်ရင်းဖြစ်၍ အကတရဿ မဟုတ် သောကြောင့် “သယမ္ဘဝေ”ဟု မရှိနိုင်ကြောင်း, ယွာလပန မဟုတ်သော ကြောင့် ဒုတိယာ ယောဖြင့် “ဘိက္ခဝေ” စသည် မရှိနိုင်ကြောင်း ထင်ရှား သည်။
ရုပ်တွက်။ ။ သယမ္ဘုဝေါကို “သယမ္ဘူ” လိန်တည်၊ တို့သည်ဟူ၍၊ပေ၊ ယောဝိဘတ်သက်, မ္ဘ် ခွင်း, ူ ကို လ မှည့်, အဃော ရဿမေကဝစန ယောသွပိ စသုတ်ဖြင့် ူ ကို ု ရဿပြု, လတော ဝေါကာရော စသုတ်ဖြင့် ယော ဝိဘတ်ကို ဝေါ ပြု, သယမ္ဘုဝေါ ပြီး၏။
အမှာ။ ။ ဘိက္ခဝေါကို “ဘိက္ခု” တည်၍ တွက်လေ၊ ရဿပြုဖွယ် မလို၊ ဟေတုနော, ဇန္တုနောတို့ကို “ဟေတု, ဇန္တု” တည်၍ လမှည့်ပြီးလျှင် လတော ဝေါကာရော စ သုတ်၌ ကာရသဒ္ဒါဖြင့် ယောဝိဘတ်ကို နောပြု ဟု ဆို၍ ရုပ်တွက်လေ။
နာမကပ္ပေ- နာမ် ကျမ်း၌၊ ပဌမော- ရှေးဦးစွာသော၊ ကဏ္ဍော- အခန်းသည်၊ ဣတိ- ပြီးပြီ။
နာမကပ္ပေ။ ။ နျာသ၌ သန္ဓိ နာမ် အာချာတ် ကိတ်တို့ကို “စတ္တာရိ ပကရဏာနိ-၄ ကျမ်းတို့ဟူ၍၊ ဝုစ္စန္တိ-ဆိုအပ်ကုန်၏”ဟု ဖွင့်ထားသော ကြောင့် ထိုအဖွင့်တိုင်းပင် ကစ္စည်းဘာသာဋီကာ၌လည်း ပြထား၏၊ ဤစာအုပ် ယခုအကြိမ်ရိုက်၌လည်း “နာမကပ္ပေ-နာမ်ကျမ်း”ဟု အနက် ပေးသည်၊ “သန္ဓိကပ္ပေ, အာချာတကပ္ပေ, ကိတကပ္ပေ”တို့၌လည်း နည်းတူ၊ ကာရက, သမာသနှင့် တဒ္ဓိတ်တို့ကား နာမ်ကျမ်း၌ ပါဝင်ကြသည်။
နာမ်ပဌမခန်းပြီး၏။
အမှဿ မမံ သဝိဘတ္တိဿ သေ။ ။ သေ- သဝိဘတ် ကြောင့်၊သဝိဘတ္တိဿ- ဝိဘတ်နှင့်တကွဖြစ်သော၊ အမှဿ- အမှ သဒ္ဒါ၏၊ မမံ- မမံအပြုသည်၊ ဟောတိ- ဖြစ်၏။ မမံ ဟူသည်တည်း။
၆၉။ အမှသဒ္ဒါသည် “ငါ, ကျွန်ုပ်, တပည့်တော်” စသည်ဖြင့် ကိုယ့်ကိုယ်ကို ခေါ်ဆို ညွှန်ပြသော အရာ၌ သုံးစွဲအပ်သောသဒ္ဒါတည်း၊ ဤသုတ်မှ “သဝိဘတ္တိ”သဒ္ဒါသည် “အာနေ သ္မိံ မှိ ဝါ”သုတ်တိုင်အောင် လိုက်သွားလိမ့်မည်။ [မမံ-ငါအား, ငါ၏။]
ရုပ်တွက်။ ။ မမံကို “အမှ”လိန်တည်၊ သဝိဘတ်သက်, အမှဿ မမံ သဝိဘတ္တိဿ သေသုတ်ဖြင့် ဝိဘတ်နှင့်တကွ အမှသဒ္ဒါကို မမံ ပြု, မမံ ပြီး၏။
ပဌမေ- ပဌမာဖြစ်သော၊ ယောမှိ- ယောဝိဘတ်ကြောင့်၊ သဝိဘတ္တိဿ- ဝိဘတ်နှင့်တကွ ဖြစ်သော၊ အမှဿ- အမှ သဒ္ဒါ၏၊ မယံ- မယံ အပြုသည်၊ ဟောတိ- ဖြစ်၏။ မယံ ဟူသည်တည်း။
၇၀။ [မယံ-ငါ, ကျွန်ုပ်, တပည့်တော်တို့သည်။] မယံကို “အမှ” လိန်တည်၊ ယောဝိဘတ်သက်, မယံ ယောမှိ ပဌမေသုတ်ဖြင့် ပဌမာ ယောဝိဘတ်နှင့်တကွ အမှသဒ္ဒါကို မယံပြု, မယံ ပြီး၏။
ပဌမေ- ပဌမာဖြစ်သော၊ ယောမှိ- ယောဝိဘတ်ကြောင့်၊ သဝိဘတ္တိဿ- သော၊ န္တုဿ- န္တုပစ္စည်း၏၊ န္တော- န္တောအပြုသည်၊ ဟောတိ- ၏။ ဂုဏဝန္တော စသည်တည်း။
၇၁။ စာနေကျဉ်းသွားအောင် “သဝိဘတ္တိဿ-သော”ဟု ဆိုထားသော် လည်း “သဝိဘတ္တိဿ-ဝိဘတ်နှင့်တကွ ဖြစ်သော”ဟု အနက်ဆိုလေ။ [ ဂုဏဝန္တော-ဂုဏ်ရှိသူတို့သည်။] ဂုဏဝန္တောကို “ဂုဏဝန္တု” လိန်တည်၊ တို့သည်ဟူ၍၊ပေ၊ ယောဝိဘတ်သက်, န္တုဿ န္တောသုတ်ဖြင့် ပဌမာ ယောဝိဘတ်နှင့်တကွ န္တုပစ္စည်းကို န္တော ပြု, ဂုဏဝန္တော ပြီး၏။
သေ- သဝိဘတ်ကြောင့်၊ သဝိဘတ္တိဿ- သော၊ န္တုဿ- န္တုပစ္စည်း၏၊ န္တဿ- န္တဿ အပြုသည်၊ ဝါ- ဝိကပ် အားဖြင့်၊ ဟောတိ- ၏။ ဂုဏဝန္တဿ စသည်တည်း။
၇၂။ [ဂုဏဝန္တဿ-ဂုဏ်ရှိသူအား, ၏။] ဂုဏဝန္တဿကို “ဂုဏဝန္တု” လိန်တည်၊ သဝိဘတ်သက်, န္တဿ သေ ဝါသုတ်ဖြင့် သဝိဘတ်နှင့်တကွ န္တုပစ္စည်းကို န္တဿ ပြု, ဂုဏဝန္တဿ ပြီး၏။
သိမှိ- သိဝိဘတ်ကြောင့်၊ သဝိဘတ္တိဿ- သော၊ န္တုဿ- န္တုပစ္စည်း၏၊ အာ- အာအပြုသည်၊ ဟောတိ- ဖြစ်၏။ ဂုဏဝါ စသည်တည်း။
၇၃။ [ဂုဏဝါ-ဂုဏ်ရှိသူသည်။] ဂုဏဝါကို “ဂုဏဝန္တု” လိန်တည်၊ သိသက်, အာ သိမှိသုတ်ဖြင့် ဝိဘတ်နှင့်တကွ န္တုကို -ါ ပြု,ဝ် ခွင်း, ၊ ချေ, ကပ်, ပြီး၏။
သိမှိ- သိဝိဘတ်ကြောင့်၊ နပုံသကေ- နပုံလိန်၌၊ သဝိဘတ္တိဿ- သော၊ န္တုဿ- န္တုပစ္စည်း၏၊ အံ- အံ အပြုသည်၊ ဟောတိ- ၏။ ဂုဏဝံ စသည်တည်း။
၇၄။ [ဂုဏဝံ-ဂုဏ်ရှိသောအမျိုးသည်။] ဂုဏဝံကို “ဂုဏဝန္တု” လိန်တည်၊ သိသက်, အံ နပုံသကေသုတ်ဖြင့် ဝိဘတ်နှင့်တကွ န္တုကို -ံ ပြု, ဝ် ခွင်း, ၊ ချေ, ကပ်, ပြီး၏။
ဂေ- ဂသိကြောင့်၊ သဝိဘတ္တိဿ- သော၊ န္တုဿ- န္တုပစ္စည်း၏၊ အဝဏ္ဏာ စ- အ ဝဏ်အပြုတို့သည် လည်းကောင်း၊ အံ စ- အံအပြုသည်လည်းကောင်း၊ ဟောန္တိ- ဖြစ်ကုန်၏။ ဘော ဂုဏဝ, ဘော ဂုဏဝါ, ဘော ဂုဏဝံ စသည် တည်း။
၇၅။ အဝဏ္ဏာ စ၌ စသဒ္ဒါက အံ နပုံသကေသုတ်မှ အံကို ဆွဲငင်သော ကြောင့် “အံ စ-အံအပြုသည်လည်းကောင်း”ဟု ထည့်ရသည်၊ အနှင့် အာကို အ ဝဏ်ဟု ခေါ်သည်။ [ဘော ဂုဏဝ, ဘော ဂုဏဝါ, ဘော ဂုဏဝံ-အို ဂုဏ်ရှိသူ။]
ရုပ်တွက်။ ။ ဂုဏဝကို “ဂုဏဝန္တု”လိန်တည်၊ အာလုပ် သိသက်, ဂအမည်မှည့်, အဝဏ္ဏာ စ ဂေသုတ်ဖြင့် ဂသိနှင့်တကွ န္တုပစ္စည်းကို ၊ ပြု, ဝ် ခွင်း, ချေ, ကပ်, ဂုဏ၀ ပြီး၏။ [ဂုဏဝါ၌ -ါ ပြု, ဂုဏဝံ၌ -ံ ပြု။]
သသ္မိံနာသု- သဝိဘတ်, သ္မိံဝိဘတ်, နာဝိဘတ်တို့ကြောင့်၊ သဝိဘတ္တိဿ- သော၊ န္တုဿ- ၏၊ တောတိတာ- တော အပြု, တိ အပြု, တာ အပြုတို့သည်၊ ဟောန္တိ- ဖြစ်ကုန်၏။ ဂုဏဝတော, ဂုဏဝတိ, ဂုဏဝတာ စသည်တည်း။
၇၆။ [ဂုဏဝတော - ဂုဏ်ရှိသူအား, ၏၊ ဂုဏဝတိ - ဂုဏ်ရှိသူ၌၊ ဂုဏဝတာ-ဂုဏ်ရှိသူဖြင့်။] ဂုဏဝတောကို “ဂုဏဝန္တု” လိန်တည်၊ သဝိဘတ် သက်, တောတိတာ သသ္မိံနာသုသုတ်ဖြင့် သဝိဘတ်နှင့်တကွ န္တုကို တော ပြု, ဂုဏဝတော ပြီး၏။ [ဂုဏဝတိ၌ သ္မိံဝိဘတ်နှင့်တကွ န္တုကို တိ ပြု၊ ဂုဏဝတာ၌ နာဝိဘတ်နှင့်တကွ န္တုကို တာ ပြု။]
နံမှိ- နံဝိဘတ်ကြောင့်၊ သဝိဘတ္တိဿ- သော၊ န္တုဿ- န္တုပစ္စည်း၏၊ တံ- တံအပြုသည်၊ ဝါ- ဝိကပ်အားဖြင့်၊ ဟောတိ- ၏။ ဂုဏဝတံ စသည်တည်း။
၇၇။ [ဂုဏဝတံ-တို့အား, တို့၏။] ဂုဏဝတံကို “ဂုဏဝန္တု”တည်၊ နံ သက်, နံမှိ တံ ဝါသုတ်ဖြင့် ဝိဘတ်နှင့်တကွ န္တု ကို တံပြု, ပြီး၏။
အံသိသု- အံဝိဘတ်, သိဝိဘတ်တို့ကြောင့်၊ နပုံသကေ- နပုံလိန်၌၊ သဝိဘတ္တိဿ- သော၊ ဣမဿ- ဣမသဒ္ဒါ၏၊ ဣဒံ- ဣဒံအပြုသည်၊ ဟောတိ- ဖြစ်၏။ ဣဒံ ဟူသည်တည်း။
၇၈။ [ဣဒံ-ဤစိတ်ကို, ဤစိတ်သည်။] ဣဒံကို “ဣမ” လိန်တည်-ံဝိဘတ်သက်, ဣမဿိဒ.မံသိသု နပုံသကေသုတ်ဖြင့် ဝိဘတ်နှင့်တကွ ဣမကို ဣဒံပြု, ဣဒံ ပြီး၏။ [သိဝိဘတ်ဖြင့်လည်း ရုပ်တွက်လေ။]
အံသိသု- အံဝိဘတ်, သိဝိဘတ်တို့ ကြောင့်၊ နပုံသကေ- ၌၊ သဝိဘတ္တိဿ- သော၊ အမုဿ- အမုသဒ္ဒါ ၏၊ အဒုံ- အဒုံအပြုသည်၊ ဟောတိ- ၏။ အဒုံ ဟူသည်တည်း။
၇၉။ [အဒုံ- ထိုစိတ်ကို, ထိုစိတ်သည်။] အဒုံကို “အမု” လိန်တည်-ံ ဝိဘတ်သက်, အမုဿာ.ဒုံသုတ်ဖြင့် -ံ ဝိဘတ်နှင့်တကွ အမုသဒ္ဒါကို အဒုံပြု, အဒုံ ပြီး၏။ [သိဝိဘတ်ဖြင့်လည်း ရုပ်တွက်လေ၊ ဣဒံနှင့်အဒုံ ရုပ်တို့၏ နပုံလိန်ဖြစ်ကြောင်း နာမ်ဂိုဏ်း၌ ထင်ရှားပါလိမ့်မည်။]
ဣတ္ထိပုမနပုံသကသင်္ချံ- ဣတ္ထိပုမနပုံသကသင်္ချံ ဟူသော ဤသုတ်သည်၊ အဓိကာရော- လိုက်သုတ်တည်း။
၈၀။ ဤသုတ်ကား နောက် ၃ သုတ်သို့ လိုက်သော အဓိကာရသုတ် တည်း၊ လိုက်ပုံမှာ ထိုသုတ်များ၌ ထင်ရှားလတ္တံ့။
ယောသု- ယောဝိဘတ်တို့ ကြောင့်၊ သဝိတ္တီနံ- ဝိဘတ်နှင့် တကွဖြစ်ကုန်သော၊ ဣတ္ထိပုမ နပုံသကသင်္ချာနံ- ဣတ္ထိလိန်, ပုံလိန်, နပုံလိန်ကိုဟောသည့် သင်္ချာသဒ္ဒါဖြစ်ကုန်သော၊ ဒွိန္နံ- ဒွိသဒ္ဒါတို့၏၊ ဒွေ စ- ဒွေ အပြု သည်လည်း၊ ဟောတိ- ၏။ ဒွေ စ၌ စသဒ္ဒါဖြင့် ယောဝိဘတ် ကြောင့် ဝိဘတ်နှင့်တကွ ဒုဝေ အပြု, နံ ဝိဘတ်ကြောင့် ဒုဝိ အပြုကို ဆည်း၍ ဒုဝေ, ဒုဝိန္နံ ဟုလည်း ဖြစ်သေး၏။
၈၁။ [ဒွေ-၂ ယောက်ကုန်သော ယောက်ျားတို့သည်, တို့ကို (ပုံလိန်)၊ ၂ ယောက်ကုန်သော မိန်းမတို့သည်, တို့ကို (ဣတ္ထိလိန်)၊ ၂ ပါးကုန်သော စိတ်တို့သည်, တို့ကို (နပုံလိန်)၊ ဒုဝေ-၂ ယောက်တို့သည်, တို့ကို၊ ဒုဝိန္နံ၂ ယောက်တို့အား, တို့၏။]
ရုပ်တွက်။ ။ ဒွေကို “ဒွိ”လိန်တည်၊ ယောဝိဘတ်သက်, ယောသု ဒွိန္နံ ဒွေ စသုတ်ဖြင့် ယောဝိဘတ်နှင့်တကွ ဒွိသဒ္ဒါကို ဒွေပြု, ဒွေ ပြီး၏။ [ဒုဝေကို “ဒွိ”လိန်တည်၊ ယောဝိဘတ်သက်, ယောသု ဒွိန္နံ ဒွေ စသုတ်၌ စသဒ္ဒါဖြင့် ယောဝိဘတ်နှင့်တကွ ဒွိသဒ္ဒါကို ဒုဝေ ပြု။]
ဒုဝိန္နံကို “ဒွိ”လိန်တည်၊ နံဝိဘတ်သက်, ယောသု ဒွိန္နံ ဒွေ စသုတ်၌ စသဒ္ဒါဖြင့် နံဝိဘတ်ကြောင့် ဒွိသဒ္ဒါကို ဒုဝိပြု, ဥဘာဒိတော နမိန္နံသုတ်ဖြင့် ဒုဝိနောင် နံဝိဘတ်ကို -ိ န္နံ ပြု (ဒုဝိ -ိ န္နံ), ဝ် ခွင်း, -ိ ကို ချေ, ဝ် ကို -ိ သို့ ကပ်, ဒုဝိန္နံ ပြီး၏။ [ဥဘ, ဥဘယတို့ကား ဒွိ သဒ္ဒါမှ ပြောင်းလာ သော ပုဒ်များ မဟုတ်, ပင်ကို ပုဒ်ရင်းဖြစ်ကြောင်း နာမ်ဂိုဏ်း၌ သိရ လတ္တံ့။]
ယောသု- ယောဝိဘတ်တို့ကြောင့်၊ သဝိဘတ္တီနံ- ဝိဘတ်နှင့်တကွဖြစ်ကုန်သော၊ ဣတ္ထိပုမနပုံသကသင်္ချာနံ- ဣတ္ထိ လိန်, ပုံလိန်, နပုံလိန်ကိုဟောသည့် သင်္ချာသဒ္ဒါဖြစ်ကုန်သော၊ တိစတုန္နံ- တိ စတုသဒ္ဒါတို့၏၊ တိဿော စတဿော တယော စတ္တာရော တီဏိ စတ္တာရိ- တိဿော စတဿော, တယော စတ္တာရော, တီဏိ စတ္တာရိ အပြုတို့သည်၊ ဟောန္တိ- ကုန်၏။ တိဿော စတဿော, တယော စတ္တာရော, တီဏိ စတ္တာရိ ဟူသည်တည်း။
၈၂။ “ဣတ္ထိပုမနပုံသကသင်္ချာနံ”ဟူသော အစဉ်အတိုင်း “တိဿော စတဿောတို့ကား ဣတ္ထိလိန်တည်း၊ တိဿော-၃ ယောက်သောမိန်းမတို့ သည်, တို့ကို၊ စတဿော-၄ ယောက်သောမိန်းမတို့သည်, တို့ကို၊ တယော စတ္တာရော တို့ကား ပုံလိန်တည်း၊ ၃ ယောက်သောယောက်ျားတို့သည်, တို့ကို၊ ၄ ယောက်သောယောက်ျားတို့သည်, တို့ကို၊ တီဏိ စတ္တာရိ တို့ကား နပုံလိန်တည်း၊ ၃ ပါးသောစိတ်တို့သည်, တို့ကို၊ ၄ ပါးသောစိတ်တို့သည်, တို့ကို”ဟု အနက်ပေး၊ စိတ္တသဒ္ဒါက နပုံလိန်ဖြစ်၍ နပုံလိန်ကို ပြရာ၌ စိတ်ကိုချည်း အနက်ပေးကြသည်။
ရုပ်တွက်။ ။ တိဿောကို “တိ”လိန်တည်၊ ယောဝိဘတ်သက်၊ တိ စတုန္နံ တိဿော စတဿော တယော စတ္တာရော တီဏိ စတ္တာရိသုတ်ဖြင့် ယောဝိဘတ်နှင့်တကွ တိသင်္ချာသဒ္ဒါကို တိဿောပြု, တိဿော ပြီး၏။ [တယော, တီဏိတို့ကိုလည်း “တယောပြု, တီဏိပြု”ဟု ဆို၍ တွက်လေ၊၊]
စတဿောကို “စတု”လိန်တည်၊ ယောဝိဘတ်သက်, ဤသုတ်ဖြင့် ဝိဘတ်နှင့်တကွ စတုသင်္ချာသဒ္ဒါကို စတဿောပြု, စတဿော ပြီး၏။ [စတ္တာရော, စတ္တာရိ တို့ကိုလည်း “စတ္တာရော ပြု, စတ္တာရိ ပြု”ဟု ဆို။]
ယောသု- ယောဝိဘတ်တို့ ကြောင့်၊ သဝိဘတ္တီနံ- ဝိဘတ်နှင့်တကွဖြစ်ကုန်သော၊ ဣတ္ထိပုမ နပုံသကသင်္ချာနံ- ဣတ္ထိလိန်, ပုံလိန်, နပုံလိန်ကိုဟောသည့် သင်္ချာ သဒ္ဒါဖြစ်ကုန်သော၊ ပဉ္စာဒီနံ- ပဉ္စ အစ, အဋ္ဌရသအဆုံးရှိသော သဒ္ဒါတို့၏ အဆုံး အ သည်၊ အကာရော- အ အပြုသည်၊ ဟောတိ- ဖြစ်၏။ ပဉ္စ, ဆ စသည်တည်း။
၈၃။ [ပဉ္စ-၅ ခုတို့သည်, တို့ကို၊ ဆ-၆ ခုတို့သည်, တို့ကို။] ပဉ္စ အစ, အဋ္ဌာရသ အဆုံးရှိသော သင်္ချာသဒ္ဒါတို့၏ အဆုံး အ သရကို ဝိဘတ်နှင့် တကွ (အ)ထပ်ပြုသော သုတ်တည်း၊ ထိုသို့ (အ)ထပ်ပြုသဖြင့် သဗ္ဗာ ယောနိနမာဧသုတ်၏ အာ ဧ အပြုကို တားမြစ်ရခြင်းအကျိုးရှိသည်။
ရုပ်တွက်။ ။ ပဉ္စကို “ပဉ္စ”လိန်တည်၊ ယောဝိဘတ်သက်, ဉ္စ် ခွင်း, ပဉ္စာဒီနမကာရောသုတ်ဖြင့် ယောဝိဘတ်နှင့်တကွ ပဉ္စသဒ္ဒါ၏ အဆုံး ၊ ကို ၊ ထပ်ပြု, ဉ္စ် ကို ၊ သို့ ကပ်, ပဉ္စ ပြီး၏။
ဆ၊ ၆ ခုတို့၊ သတ္တ=၇ ခုတို့၊ အဋ္ဌ=၈ ခုတို့၊ နဝ=၉ ခုတို့၊ ဒသ=၁၀ တို့၊ ဧကာဒသ=၁၁ တို့၊ ဒွါဒသ=၁၂ တို့၊ တေရသ=၁၃ တို့၊ စုဒ္ဒသ=၁၄ တို့၊ ပန္နရသ=၁၅ တို့၊ သောဠသ=၁၆ တို့၊ သတ္တရသ=၁၇ တို့၊ အဋ္ဌာရသ=၁၈ တို့သည်, တို့ကို၊ ဤရုပ်များလည်း ပဉ္စ အတိုင်း တွက်လေ။
သေ- သဝိဘတ် ကြောင့်၊ သဝိဘတ္တိဿ- သော၊ ရာဇဿ- ရာဇသဒ္ဒါ၏၊ ရညော ရာဇိနော- ရညော အပြု, ရာဇိနော အပြုတို့သည်၊ ဟောန္တိ- ဖြစ်ကုန်၏။ ရညော, ရာဇိနော ဟူသည်တည်း။
၈၄။ [ရညော, ရာဇိနော - မင်း(ရှင်ဘုရင်)အား, ၏။]
ရုပ်တွက်။ ။ ရညောကို “ရာဇ”လိန်တည်၊ သဝိဘတ်သက်, ရာဇဿ ရညောရာဇိနော သေသုတ်ဖြင့် သဝိဘတ်နှင့်တကွ ရာဇသဒ္ဒါကို ရညော ပြု, ရညော ပြီး၏။ [ရာဇိနော၌ “ရာဇ”လိန်တည်၍ သဝိဘတ်နှင့်တကွ ရာဇိနောပြုဟု ဆိုလေ။]
နံမှိ- နံဝိဘတ်ကြောင့်၊ သဝိဘတ္တိဿ- သော၊ ရာဇဿ- ရာဇသဒ္ဒါ၏၊ ရညံ- ရညံ အပြုသည်၊ ဝါ- ဝိကပ် အားဖြင့်၊ ဟောတိ- ဖြစ်၏။ ရညံ ဟူသည်တည်း။
၈၅။ [ရညံ-မင်းတို့အား, တို့၏။] ရညံကို “ရာဇ”လိန်တည်၊ နံဝိဘတ် သက်, ရညံ နံမှိ ဝါသုတ်ဖြင့် နံဝိဘတ်နှင့်တကွ ရာဇသဒ္ဒါကို ရညံ ပြု, ရညံ ပြီး၏။
နာမှိ- နာ ဝိဘတ်ကြောင့်၊ သဝိဘတ္တိဿ- သော၊ ရာဇဿ- ရာဇသဒ္ဒါ၏၊ ရညာ- ရညာ အပြု သည်၊ ဝါ- ဝိကပ်အားဖြင့်၊ ဟောတိ- ဖြစ်၏။ ရညာ ဟူသည်တည်း။
၈၆။ [ရညာ-မင်းဖြင့်။] ရညာကို “ရာဇ”လိန်တည်၊ နာဝိဘတ်သက်, နာမှိ ရညာ ဝါသုတ်ဖြင့် နာဝိဘတ်နှင့်တကွ ရာဇသဒ္ဒါကို ရညာ ပြု, ရညာ ပြီး၏။
သ္မိံမှိ- သ္မိံ ဝိဘတ်ကြောင့်၊ သဝိဘတ္တိဿ- သော၊ ရာဇဿ- ရာဇသဒ္ဒါ၏၊ ရညေရာဇိနိ- ရညေ အပြု, ရာဇိနိ အပြုတို့သည်၊ ဟောန္တိ- ဖြစ်ကုန်၏။ ရညေ, ရာဇိနိ ဟူသည်တည်း။
၈၇။ [ရညေ, ရာဇိနိ - မင်း၌။] ရညေကို “ရာဇ”လိန်တည်၊ သ္မိံဝိဘတ် သက်, သ္မိံမှိ ရညေရာဇိနိသုတ်ဖြင့် သ္မိံဝိဘတ်နှင့်တကွ ရာဇသဒ္ဒါကို ရညေ ပြု, ရညေ ပြီး၏။ [ရာဇိနိ ပြုလျှင် ရာဇိနိ ပြီး၏။]
သ္မိံမှိ- သ္မိံဝိဘတ်ကြောင့်၊ သဝိဘတ္တီနံ- ဝိဘတ်နှင့်တကွဖြစ်ကုန်သော၊ တုမှာ.မှာကံ- တုမှ, အမှသဒ္ဒါတို့၏၊ တယိ မယိ- တယိ အပြု, မယိ အပြုတို့သည်၊ ဟောန္တိ- ကုန်၏။ တယိ, မယိ ဟူသည်တည်း။
၈၈။ [တယိ-သင်၌၊ မယိ-ငါ၌။] တုမှာ.မှာကံဟု သီဟိုဠ်စာ ရှိသည်၊ တုမှ+အမှာကံ ဟု ပုဒ်ဖြတ်၊ တုမှသဒ္ဒါသည် မိမိနှင့်အတူနေခိုက်ဖြစ်သော သူတစ်ပါးကို ဟော၏၊ “သင်, နင်, မင်း, အရှင်”စသည်ဖြင့် အနက်ဆို။
ရုပ်တွက်။ ။ တယိကို “တုမှ”လိန်တည်၊ သ္မိံဝိဘတ်သက်, တုမှာ.မှာကံ တယိမယိသုတ်ဖြင့် သ္မိံဝိဘတ်နှင့်တကွ တုမှသဒ္ဒါကို တယိပြု, တယိ ပြီး၏။ [မယိကို “အမှ” တည်၊ သ္မိံ သက်, သ္မိံဝိဘတ်နှင့်တကွ အမှသဒ္ဒါကို မယိ ပြုလေ။]
သိမှိ- သိဝိဘတ်ကြောင့်၊ သဝိဘတ္တီနံ- ကုန်သော၊ တုမှာ.မှာကံ- တို့၏၊ တွံအဟံ စ- တွံအပြု, အဟံအပြု တို့သည်လည်း၊ ဟောန္တိ- ဖြစ်ကုန်၏။ တွံ, အဟံ စသည်တည်း။ တွံ အဟံ စ၌ စသဒ္ဒါဖြင့် တုမှသဒ္ဒါ၏ တုဝံ အပြုကို ဆည်း၍ တုဝံ ဟုလည်း ဖြစ်သေး၏။
၈၉။ [တွံ, တုဝံ-သင်သည်၊ အဟံ-ငါသည်။] တွံကို “တုမှ”လိန်တည်၊ သိဝိဘတ်သက်, တွ.မဟံ သိမှိ စသုတ်ဖြင့် သိဝိဘတ်နှင့်တကွ တုမှ သဒ္ဒါကို တွံ ပြု, တွံ ပြီး၏။
အဟံကို “အမှ”လိန်တည်၍ သိဝိဘတ်နှင့်တကွ အမှ သဒ္ဒါကို အဟံ ပြု၊ တုဝံကို “တုမှ”လိန်တည်၊ သိသက်, တွ.မဟံ သိမှိ စသုတ်၌ စသဒ္ဒါ ဖြင့် သိဝိဘတ်နှင့်တကွ တုမှ သဒ္ဒါကို တုဝံ ပြု။
သေ- သဝိဘတ်ကြောင့်၊ သဝိဘတ္တီနံ- ကုန်သော၊ တုမှာ.မှာကံ- တုမှ, အမှသဒ္ဒါတို့၏၊ တဝ မမ- တဝ အပြု, မမ အပြုတို့သည်၊ ဟောန္တိ- ကုန်၏။ တဝ, မမ ဟူသည် တည်း။
၉၀။ [တဝ-သင်အား, ၏၊ မမ-ငါအား, ၏။] တဝကို “တုမှ”တည်၊ သဝိဘတ်သက်၊ တဝမမ သေသုတ်ဖြင့် သဝိဘတ်နှင့်တကွ တုမှသဒ္ဒါကို တဝပြု, ပြီး၏။ [မမကို “အမှ”တည်, ဝိဘတ်နှင့်တကွ မမ ပြု။]
သေ- သဝိဘတ်ကြောင့်၊ သဝိဘတ္တီနံ- ကုန်သော၊ တုမှာ.မှာကံ- တုမှ, အမှသဒ္ဒါတို့၏၊ တုယှံ မယှဉ္စ- တုယှံ အပြု, မယှံ အပြုတို့သည်လည်း၊ ဟောန္တိ- ဖြစ်ကုန်၏။ တုယှံ, မယှံ ဟူသည်တည်း။
၉၁။ [တုယှံ-သင်အား, ၏၊ မယှံ-ငါအား, ၏။] တုယှံကို “တုမှ”တည်၊ သဝိဘတ် သက်, တုယှံမယှဉ္စသုတ်ဖြင့် ဝိဘတ်နှင့်တကွ တုမှသဒ္ဒါကို တုယှံ ပြု, ပြီး၏။ [မယှံကို “အမှ”တည်၍ ဝိဘတ်နှင့်တကွ အမှ ကို မယှံ ပြု။]
အံမှိ- အံဝိဘတ်ကြောင့်၊ သဝိဘတ္တီနံ- ကုန်သော၊ တုမှာ.မှာကံ- တုမှ အမှသဒ္ဒါတို့၏၊ တံ မံ- တံ အပြု, မံ အပြုတို့သည်၊ ဟောန္တိ- န်၏။ တံ, မံ ဟူသည်တည်း။
၉၂။ [တံ-သင့်ကို၊ မံ-ငါ့ကို။] တံကို “တုမှ”လိန်တည်၊ အံဝိဘတ် သက်, တံမမံမှိသုတ်ဖြင့် အံဝိဘတ်နှင့်တကွ တုမှသဒ္ဒါကို တံ ပြု, တံ ပြီး၏။ [မံ ကို “အမှ”တည်၍ အံဝိဘတ်နှင့်တကွ အမှသဒ္ဒါကို မံ ပြု။]
အံမှိ- အံ ဝိဘတ်ကြောင့်၊ သဝိဘတ္တီနံ- ကုန်သော၊ တုမှာ.မှာကံ- တို့၏၊ တဝံ မမဉ္စ- တဝံ အပြု, မမံ အပြုတို့သည်လည်း၊ နဝါ- အချို့အရာ၌၊ ဟောန္တိ- ဖြစ်ကုန်၏။ တဝံ, မမံ ဟူသည်တည်း။
၉၃။ [တဝံ-သင့်ကို၊ မမံ-ငါ့ကို။] တဝံကို “တုမှ”လိန်တည်၊ အံဝိဘတ် သက်, တဝံ မမဉ္စ နဝါသုတ်ဖြင့် အံဝိဘတ်နှင့်တကွ တုမှသဒ္ဒါကို တဝံ ပြု, တဝံ ပြီး၏။ [မမံကို “အမှ”တည်၍ အံဝိဘတ်နှင့်တကွ မမံ ပြု။]
နာမှိ- နာ ဝိဘတ်ကြောင့်၊ သဝိဘတ္တီနံ- ကုန်သော၊ တုမှာ.မှာကံ- တို့၏၊ တယာ မယာ- တယာ အပြု, မယာ အပြုတို့သည်၊ ဟောန္တိ- ဖြစ်ကုန်၏။ တယာ, မယာ ဟူသည်တည်း။
၉၄။ [တယာ-သင်ဖြင့်၊ မယာ-ငါဖြင့်။]
တယာကို “တုမှ” လိန်တည်၊ နာဝိဘတ်သက်, နာမှိ တယာ မယာ သုတ်ဖြင့် နာဝိဘတ်နှင့်တကွ တုမှသဒ္ဒါကို တယာ ပြု, တယာ ပြီး၏။ [မယာကို “အမှ”တည်၍ နာဝိဘတ်နှင့်တကွ အမှသဒ္ဒါကို မယာ ပြု။]
အံမှိ- အံ ဝိဘတ်ကြောင့်၊ သဝိဘတ္တိဿ- ဝိဘတ်နှင့်တကွဖြစ်သော၊ တုမှဿ- တုမှသဒ္ဒါ၏၊ တုဝံ တွံ- တုဝံ အပြု, တွံ အပြုတို့သည်၊ ဟောန္တိ- ဖြစ်ကုန်၏။ တုဝံ, တွံ ဟူသည်တည်း။
၉၅။ [တုဝံ, တွံ-သင့်ကို။] တုဝံကို “တုမှ”လိန်တည်၊ အံဝိဘတ် သက်, တုမှဿ တုဝံတွမမှိသုတ်ဖြင့် အံ ဝိဘတ်နှင့်တကွ တုမှသဒ္ဒါကို တုဝံ ပြု, တုဝံ ပြီး၏။ [တွံကို “တုမှ”တည်၍ အံဝိဘတ်နှင့်တကွ တွံ ပြု။]
ဒုတိယာ စတုတ္ထီဆဋ္ဌီသု- ဒုတိယာ စတုတ္ထီ ဆဋ္ဌီ ဗဟုဝုစ်ဝိဘတ်ကြောင့်၊ ပဒတော- ပုဒ်မှ၊ ပရေသံ- နောက်ဖြစ်ကုန်သော၊ သဝိဘတ္တီနံ- ကုန်သော၊ တုမှာ.မှာကံ- တုမှ အမှသဒ္ဒါတို့၏၊ ဝေါနော- အစဉ် အတိုင်း ဝေါ အပြု, နော အပြုတို့သည်၊ ဟောန္တိ- ဖြစ်ကုန်၏။ ပဟာယ ဝေါ ဂမိဿာမိ, မာ နော အဇ္ဇ ဝိကန္တိသုံ စသည်တည်း။
၉၆။ ဤသုတ်ကား-ဒုတိယာ ယောဝိဘတ်, စတုတ္ထီ ဆဋ္ဌီ နံဝိဘတ်တို့ နှောင်းရာ၌ ဝိဘတ်နှင့်တကွ တုမှသဒ္ဒါကို ဝေါ, အမှသဒ္ဒါကို နော ပြုသော သုတ်တည်း။
ပဒတောပရအဓိပ္ပာယ်။ ။ “ပဒတော, ပရေသံ”ဟု ဆိုသောကြောင့် ဂါထာစီရာ၌ “နော ဘဝံ ဌာတု သီသကေ”ကဲ့သို့ နော ကို ထိုထိုပါဒ၏ အစမှာ မထားရ၊ “ဘဝံ နော ဌာတု သီသကေ”စသည်ဖြင့် ၁ ပုဒ် ၂ ပုဒ် စသည်တို့၏ နောက်၌သာ ထားရသည်၊ စုဏ္ဏိယ စီရာ၌ “ဝေါ ဂါမံ ဂစ္ဆေယျာထ”စသည်ဖြင့် ဝါကျ၏အစမှာ ဝေါ နောကို မထားရ၊ “ဂါမံ ဝေါ ဂစ္ဆေယျာထ”စသည်ဖြင့် ၁ ပုဒ် ၂ ပုဒ် စသည်တို့၏ နောက်၌သာ ထားရ သည်၊ ဤပဒတောပရနှင့်စပ်၍ မှတ်ဖွယ်ရှိသေးသည်ကို ရူပသိဒ္ဓိမှာ ရှု။
ဒု ယော။ ။ ဝေါ-သင်တို့ကို၊ ပဟာယ-ပယ်စွန့်၍၊ ဂမိဿာမိသွားတော့အံ့၊ အဇ္ဇ-ယနေ့၊ နော-ငါတို့ကို၊ မာ ဝိကန္တိသုံ-မခုတ် မဖြတ် မသတ်ပါစေကုန်လင့်၊ ဤကား ဒုတိယာယော၏ နောပြုရာပုံစံများတည်း။
စတုတ္ထီ နံ။ ။ ဓမ္မံ ဝေါ ဒေသေဿာမိ (သင်တို့အား တရားဟောတော် မူမည်၊) သံဝိဘဇေထ နော ရဇ္ဇေန (ကျွန်ုပ်တို့အား တိုင်းပြည်ကို ဝေဖန် ပေးပါ၊) ဤကား စတုတ္ထီ နံဝိဘတ်၏ ပုံစံ။
ဆဋ္ဌီ နံ။ ။ တုဋ္ဌော.သ္မိ ဝေါ ပကတိယာ (သင်တို့၏ ပင်ကိုအတိုင်းဖြင့် အားရတော်မူ၏၊) သတ္ထာ နော အနုပ္ပတ္တော(ကျွန်ုပ်တို့၏ဆရာ ကြွရောက် တော်မူလာပြီ၊) ဤကား ဆဋ္ဌီ နံဝိဘတ်၏ ပုံစံတည်း။
ရုပ်တွက်။ ။ ဝေါကို “တုမှ”လိန်တည်၊ တို့သည်ဟူ၍၊ပေ၊ ယောဝိဘတ် သက်, ပဒတော ဒုတိယာစတုတ္ထီဆဋ္ဌီသု ဝေါနောသုတ်ဖြင့် ယောဝိဘတ် နှင့်တကွ တုမှသဒ္ဒါကို ဝေါပြု, ဝေါပြီး၏။ [နောကို “အမှ”တည်၊ ယော ဝိဘတ်နှင့်တကွ အမှသဒ္ဒါကို နောပြု, စတုတ္ထီ ဆဋ္ဌီ နံဝိဘတ်သက်၍ လည်း ဤနည်းအတိုင်း တွက်။]
ဧကဝစနေသု စ- စတုတ္ထီ ဆဋ္ဌီ ဧကဝုစ်ဝိဘတ်တို့ကြောင့်လည်း၊ ပဒတော- ပုဒ်မှ၊ ပရေသံ- ကုန်သော၊ သဝိဘတ္တီနံ- ကုန်သော၊ တုမှာ.မှာကံ- တို့၏၊ တေမေ- အစဉ်အတိုင်း တေ အပြု, မေ အပြုတို့သည်၊ ဟောန္တိ- ဖြစ်ကုန်၏။ ဒဒါမိ တေ, ဒဒါဟိ မေ စသည်တည်း။
၉၇။ ဤသုတ်၌ ဧကဝစနေသုဟု ဆိုသောကြောင့် ရှေ့ ပဒတော ဒုတိယာ စသောသုတ်က ဗဟုဝုစ်နှောင်းရာ စီရင်ကြောင်း သိနိုင်သည်၊ ရှေ့သုတ်မှ ဒုတိယာ စတုတ္ထီ ဆဋ္ဌီ ၃ မျိုးလုံး လိုက်လာသင့်သော်လည်း
နောက်လာမည့် “န အံမှိ”သုတ်က ဒုတိယာ အံဝိဘတ်၏ တေ မေအပြုကို တားမြစ်လတ္တံ့ဖြစ်၍ ဒုတိယာ မလိုက်ဘဲ စတုတ္ထီ ဆဋ္ဌီသာ လိုက်သည်။
တေ-သင့်အား၊ ဒဒါမိ-ပေး၏၊ မေ-ကျွန်ုပ်အား၊ ဒဒါဟိ-ပေးတော်မူပါ၊ ဤကား စတုတ္ထီ သ၏ ပုံစံ၊ ဣဒံ တေ ရဋ္ဌံ (ဤနိုင်ငံကား အရှင်၏ တိုင်း နိုင်ငံပါ၊) အယံ မေ ပုတ္တော (ဤသူကား ငါ၏ သား၊) ဤကား ဆဋ္ဌီ သ၏ ပုံစံ။
ရုပ်တွက်။ ။ တေကို “တုမှ”လိန်တည်၊ အားဟူ၍ ၊ပေ၊ သဝိဘတ် သက်, တေမေကဝစနေသု စသုတ်ဖြင့် သဝိဘတ်နှင့်တကွ တုမှသဒ္ဒါကို တေ ပြု, ပြီး၏။ [မေကို “အမှ”တည်၊ မေ ပြု၊ ဆဋ္ဌီ သ ဖြင့်လည်းနည်းတူ၊၊]
အံမှိ- အံဝိဘတ်ကြောင့်၊ ပဒတော- ပုဒ်မှ၊ ပရေသံ- နောက်ဖြစ်ကုန်သော၊ သဝိဘတ္တီနံ- ကုန်သော၊ တုမှာ. မှာကံ- တို့၏၊ တေမေ- တေ အပြု, မေ အပြုတို့သည်၊ န- မဖြစ်ကုန်။ ပဿေယျ တံ, သော မံ အဗြဝိ စသည်တည်း။
၉၈။ [တံ-သင့်ကို၊ ပဿေယျ-မြင်ပါစေလော၊ သော-ထိုသူသည်၊ မံငါ့ကို၊ အဗြဝိ-ပြောဆိုပြီ။] တေမေကဝစနေသု စသုတ်၌ ဧကဝစနေသုဟု သာမည ဆိုထားသဖြင့် “ပဒတော ဒုတိယာစတုတ္ထီဆဋ္ဌီသု ဝေါနော” သုတ်၌ ပါသမျှဝိဘတ် ၃ မျိုးလုံး လိုက်လာမည် စိုး၍ ဤသုတ်က ဒုတိယာ ဧကဝုစ် အံ ဝိဘတ်ကို ချန်လှပ်ဖို့ရန် တားမြစ်ရပြန်သည်၊ ထို့ကြောင့် “ပဿေယျ တေ, သော မေ”ဟု ဒုတိယာ ဧကဝုစ်ဖြင့် တေ မေ အပြု မရှိနိုင်၊ “ပဿေယျ တံ, သော မံ”၌ တံ မံ တို့ကို “တံမ.မံမှိ”သုတ်ဖြင့် ရုပ်တွက်လေ။
တတိယေ စ- တတိယာ ဧကဝုစ် ဝိဘတ်ကြောင့်လည်း၊ ပဒတော- ပုဒ်မှ၊ ပရေသံ- နောက်ဖြစ်ကုန် သော၊ သဝိဘတ္တီနံ- ကုန်သော၊ တုမှာ.မှာကံ- တို့၏၊ တေမေ- တေ အပြု, မေ အပြုတို့သည်၊ ဝါ- ဝိကပ်အားဖြင့်၊ ဟောန္တိ- ဖြစ်ကုန်၏။ ကတံ တေ, ကတံ မေ စသည်တည်း။
၉၉။ တေ-သင်သည်၊ ကတံ-ပြုအပ်ပြီ၊ မေ-ငါသည်၊ ကတံ-ပြုအပ်ပြီ၊ ဤပုံစံ၌ “တေ-သင်သည်”ဟု အနက်ဆိုသော်လည်း ပဌမာ မဟုတ်, အဝုတ္တကတ္တားအနက်၌ သက်ရသော တတိယာဝိဘတ်တည်း။
ရုပ်တွက်။ ။ တေကို “တုမှ”လိန်တည်၊ သည်ဟူ၍အနက်ပေးသော ကြောင့် ကတ္တရိ စသုတ်ဖြင့် အဝုတ္တကတ္တားအနက်၌ တတိယာဧကဝုစ် နာဝိဘတ်သက်, ဝါ တတိယေ စသုတ်ဖြင့် နာဝိဘတ်နှင့်တကွ တုမှ သဒ္ဒါကို တေ ပြု, တေ ပြီး၏။ [မေကို “အမှ”တည်၍ ရုပ်တွက်လေ။]
ဗဟုဝစနေသု- တတိယာ ဗဟုဝုစ်ဝိဘတ်တို့ကြောင့်၊ ပဒတော- ပုဒ်မှ၊ ပရေသံ- နောက်ဖြစ် ကုန်သော၊ သဝိဘတ္တီနံ- ကုန်သော၊ တုမှာ.မှာကံ- တို့၏၊ ဝေါနော- ဝေါ အပြု, နော အပြုတို့သည်၊ ဟောန္တိ- ဖြစ်ကုန်၏။ ကတံ ဝေါ, ကတံ နော စသည်တည်း။ ဗဟုဝစနေသုဟု ဗဟုဝုစ် သုဝိဘတ် ဖြင့် ဆိုခြင်းကြောင့် ပဌမာဗဟုဝုစ် ယောနှောင်းရာ၌ ဝေါ နော ပြု၍ ဂါမံ ဝေါ ဂစ္ဆေယျာထ, ဂါမံ နော ဂစ္ဆေယျာမ ဟုလည်း ဖြစ်သေး၏။
၁၀၀။ ဤသုတ်က ဗဟုဝစနေသုဟု ဆိုသောကြောင့် “ဝါ တတိယေ စ”သုတ်၌ တတိယာ ဧကဝုစ်ဟု ဆိုခဲ့ရပေသည်။ [ဝေါ-သင်တို့သည်၊ ကတံ-ပြုအပ်ပြီ၊ နော-ငါတို့သည်၊ ကတံ-ပြုအပ်ပြီ၊ ဝေါ-သင်တို့သည်၊ ဂါမံ-ရွာသို့၊ ဂစ္ဆေယျာထ-သွားကြကုန်လော၊ နော-ငါတို့သည်၊ ဂါမံ-ရွာသို့၊ ဂစ္ဆေယျာမ-သွားကုန်အံ့။]
ရုပ်တွက်။ ။ ဝေါကို “တုမှ”လိန်တည်၊ တို့သည်ဟူ၍ အနက်ပေးသော ကြောင့် ကတ္တရိ စသုတ်ဖြင့် အဝုတ္တကတ္တားအနက်၌ တတိယာဗဟုဝုစ် ဟိဝိဘတ်သက်, ဗဟုဝစနေသု ဝေါနောသုတ်ဖြင့် ဟိဝိဘတ်နှင့်တကွ တုမှ သဒ္ဒါကို ဝေါ ပြု, ဝေါ ပြီး၏။ [နောကို “အမှ”တည်၍ တွက်။]
ဗဟုဝစနေသု၏အဓိပ္ပာယ်။ ။ ထုံးစံအတိုင်းဆိုလျှင် အနက်တစ်ခုကို ဧကဝုစ်ဖြင့် ဆို၍ အနက်များကိုမှ ဗဟုဝုစ်ဖြင့် ဆိုရသည်၊ ဝါ တတိယေ စသုတ်၌ တတိယာဧကဝုစ်ဝိဘတ်က “နာ”တစ်လုံးတည်း ရှိသည့်အတွက် “တတိယေ”ဟု ဧကဝုစ် သ္မိံဝိဘတ်ဖြင့် ဆိုထားခြင်းသည် ထုံးစံကျပေ၏၊ ဤသုတ်၌ တတိယာဗဟုဝုစ်ဝိဘတ်သည် “ဟိ”တစ်လုံးတည်း ဖြစ်ပါလျက် “ဗဟုဝစနေသု”ဟု ဗဟုဝုစ်သုဝိဘတ်ဖြင့် ဆိုထားခြင်းသည် ထုံးစံမကျချေ၊ ထို့ကြောင့် ဟိဝိဘတ်အပြင် ကျမ်းဆရာ၏ ရည်ရွယ်ချက် အနက်တစ်ခု ရှိသေး၏၊ ထိုအနက်ကား ပဌမာဗဟုဝုစ် ယောဝိဘတ်ပင်တည်း။
ရုပ်တွက်။ ။ ဝေါကို “တုမှ”လိန်တည်၊ တို့သည်ဟူ၍ ၊ပေ၊ ဗဟုဝုစ် ယောဝိဘတ်သက်, ဗဟုဝစနေသု ဝေါနောသုတ်၌ ဗဟုဝုစ် သုဝိဘတ်ကို ဆိုခြင်းကြောင့် ယောဝိဘတ်နှင့်တကွ တုမှသဒ္ဒါကို ဝေါပြု, ဝေါပြီး၏။ [နောကို “အမှ” တည်၍ ရုပ်တွက်လေ။]
သိမှိ- သိ ဝိဘတ်ကြောင့်၊ သဝိဘတ္တိဿ- သော၊ ပုမန္တဿ- ပုမ၏အဆုံး အ၏၊ အာ- အာ အပြုသည်၊ ဟောတိ- ဖြစ်၏။ ပုမာ ဟူသည်တည်း။ အန္တသဒ္ဒါပို ဖြင့် မဃဝါ, ယုဝါ, အဒ္ဓါ ဟုလည်း ဖြစ်၏။
၁၀၁။ [ပုမာ-ယောက်ျား၊ အထီး=အဖိုသည်၊ မဃဝါ-သိကြားသည်၊ ယုဝါ - လူပျိုသည်၊ အဒ္ဓါ - ကာလသည်။] ပုမာ ကို “ပုမ” လိန်တည်၊
သိဝိဘတ်သက်, မ် ခွင်း, ပုမန္တဿာ.သိမှိသုတ်ဖြင့် သိဝိဘတ်နှင့်တကွ ပုမ ၏အဆုံး ၊ ကို -ါ ပြု, ပုမာ ပြီး၏။
အန္တသဒ္ဒါပို။ ။ “ပုမဿ-ပုမ၏အဆုံး အ သည်”ဟု အန္တ မပါဘဲ “အဆုံး”ဟူသော အနက်ကို ဆိုနိုင်၏၊ ထို့ကြောင့် ထို အန္တသဒ္ဒါပိုဖြင့် မဃဝ, ယုဝ, အဒ္ဓ တို့၏ အဆုံး အ ကို အာ ပြုလေ။
မဃဝါ ကို “မဃဝ”လိန်တည်၊ သိဝိဘတ်သက်, ပုမန္တဿာ.သိမှိ သုတ်၌ အန္တသဒ္ဒါပိုဖြင့် သိဝိဘတ်နှင့်တကွ မဃဝသဒ္ဒါ၏အဆုံး ၊ ကို -ါ ပြု, မဃဝါ ပြီး၏။ [ယုဝါကိုလည်း “ယုဝ”တည်၊ အဒ္ဓါကိုလည်း “အဒ္ဓ” တည်၍ တွက်လေ။]
အာလပနေကဝစနေ- အာလုပ်ဧကဝုစ်ဝိဘတ်ကြောင့်၊ သဝိဘတ္တိဿ- သော၊ ပုမန္တဿ- ပုမ၏ အဆုံး အ ၏၊ အံ- အံ အပြုသည်၊ ဟောတိ- ဖြစ်၏။ ဟေ ပုမံ ဟူသည်တည်း။
၁၀၂။ [ဟေ ပုမံ-အို ယောက်ျား။] ပုမံကို “ပုမ”လိန်တည်၊ အိုဟူ၍ ၊ပေ၊ ဧကဝုစ် သိဝိဘတ်သက်, မ်ခွင်း, အမာလပနေကဝစနေသုတ်ဖြင့် အာလုပ်သိနှင့်တကွ ပုမ၏အဆုံး ၊ ကို -ံပြု, မ်ကို -ံ သို့ကပ်, ပုမံ ပြီး၏။
အာလပနေကဝစနေ- အာလုပ်ဧကဝုစ်ဝိဘတ်ကြောင့်၊ သမာသေ စ- သမာသ်အရာ၌ လည်း၊ သဝိဘတ္တိဿ- သော၊ ပုမန္တဿ- ပုမ၏ အဆုံး အ ၏၊ ဝိဘာသာ- ဝိကပ်အားဖြင့်၊ အံ- အံ အပြုသည်၊ ဟောတိ- ဖြစ်၏။ ဟေ ဣတ္ထိပုမံ, ဟေ ဣတ္ထိပုမ, ဟေ ဣတ္ထိပုမာ စသည်တည်း။
၁၀၃။ [ဟေ ဣတ္ထိပုမံ, ဟေ ဣတ္ထိပုမ, ဟေ ဣတ္ထိပုမာ - အို မိန်းမယောက်ျား။] ဤသုတ်ကား သမာသ်အရာဝယ် အာလုပ် ဧကဝုစ် သိဝိဘတ်နှင့်တကွ ပုမ၏အဆုံး ၊ ကို -ံပြုသောသုတ်တည်း၊ ထို့ကြောင့် “ဣတ္ထိပုမံ”ဟု -ံပြုရာရုပ်ကို ပြထားသည်၊ သို့သော် ဝါသဒ္ဒါနှင့် အနက်တူ ဝိဘာသာ သဒ္ဒါကို ဆိုထားသဖြင့် အံ အပြု မမြဲကြောင်း သိရ၏၊ ထို့ကြောင့် “ဘော ပုရိသ, ဘော ပုရိသာ” ကဲ့သို့ ဟေ ဣတ္ထိပုမ, ဟေ ဣတ္ထိပုမာ”လည်း ရှိနိုင်ပြန်သည်။
ရုပ်တွက်။ ။ ဣတ္ထိပုမံကို “ဣတ္ထိပုမ”လိန်တည်၊ အိုဟူ၍၊ပေ၊ သိ ဝိဘတ်သက်, သမာသေ စ ဝိဘာသာသုတ်ဖြင့် အာလုပ် သိနှင့်တကွ ပုမ၏အဆုံး ၊ ကို -ံ ပြု, ဣတ္ထိပုမံ ပြီး၏။
ယောသု- တို့ကြောင့်၊ သဝိဘတ္တိ ဿ- သော၊ ပုမန္တဿ- ပုမ၏ အဆုံး အ ၏၊ အာနော- အာနော အပြုသည်၊ ဟောတိ- ၏။ ပုမာနော ဟူသည်တည်း။
၁၀၄။ [ပုမာနော-ယောက်ျားတို့သည်, တို့ကို။] ပုမာနောကို “ပုမ”လိန် တည်၊ ယောဝိဘတ်သက်, မ်ခွင်း, ယောသွာ.နောသုတ်ဖြင့် ယောဝိဘတ် နှင့်တကွ ပုမ၏အဆုံး ၊ ကို -ါနော ပြု, မ်ကို -ါ သို့ကပ်, ပုမာနော ပြီး၏။
သ္မိံမှိ- သ္မိံ ဝိဘတ်ကြောင့်၊ သဝိဘတ္တိဿ- သော၊ ပုမန္တဿ- ၏။ အာနေ- အာနေ အပြုသည်၊ ဝါ- ဝိကပ်အားဖြင့်၊ ဟောတိ- ဖြစ်၏။ ပုမာနေ ဟူသည်တည်း။
၁၀၅။ [ပုမာနေ-ယောက်ျား၌။] ပုမာနေကို “ပုမ”လိန်တည်၊ သ္မိံဝိဘတ် သက်, မ်ခွင်း, အာနေ သ္မိံမှိ ဝါသုတ်ဖြင့် သ္မိံဝိဘတ်နှင့်တကွ ပုမ၏အဆုံး ၊ ကို -ါနေ ပြု, မ်ကို -ါ သို့ကပ်, ပုမာနေ ပြီး၏။
ဟိဝိဘတ္တိမှိ စ- ဟိဝိဘတ်ကြောင့် လည်း၊ ပုမန္တဿ- ပုမ၏အဆုံးအ ၏၊ အာနေ- အာနေ အပြုသည်၊ ဟောတိ- ၏။ ပုမာနေဟိ စသည်တည်း။ စသဒ္ဒါဖြင့် ဝိဘတ် အားလုံးကြောင့် မဃဝ, ယုဝ စသည်တို့၏ အဆုံး အ ကို ဝိကပ် အာနပြု၍ မဃဝါနော, ယုဝါနော စသည် ဖြစ်၏။
၁၀၆။ [“ပုမာနေဟိ-ယောက်ျားတို့ဖြင့်, တို့မှ၊ မဃဝါနော-သိကြား သည်၊ ယုဝါနော-လူပျိုသည်။] “ဟိမှိ စ”ဟုသာ မဆိုဘဲ, ဟိဝိဘတ္တိမှိ စ ဟု ဆိုခြင်း၏အကျိုးကို ကစ္စည်းဘာသာဋီကာမှာ ရှု။
ရုပ်တွက်။ ။ ပုမာနေဟိကို “ပုမ”လိန်တည်၊ ဟိဝိဘတ်သက်, မ်ခွင်း, ဟိဝိဘတ္တိမှိ စသုတ်ဖြင့် ဟိဝိဘတ်ကြောင့် ပုမ၏အဆုံး ၊ ကို -ါနေ ပြု, မ် ကို -ါ သို့ကပ်, ပုမာနေဟိ ပြီး၏။
မဃဝါနောကို“မဃဝ”လိန်တည်၊ သိဝိဘတ်သက်, ဝ်ခွင်း, ဟိဝိဘတ္တိမှိ စ၌ စသဒ္ဒါဖြင့် သိဝိဘတ်ကြောင့် မဃဝ၏အဆုံး ၊ ကို -ါန ပြု, ဝ်ကို -ါ သို့ ကပ် (မဃဝါနသိ), သော ဟူသောသုတ်ဖြင့် သိဝိဘတ်ကို ေ-ါ ပြု, န်ခွင်း, သရလောပေါသုတ်ဖြင့် ၊ ကို ချေ, န်ကို ေ-ါ သို့ ကပ်, မဃဝါနော ပြီး၏။ [ယုဝါနောကိုလည်း “ယုဝ”တည်၍ ရုပ်တွက်၊ ကစ္စည်းဝုတ္တိ၌ကား စသဒ္ဒါအတွက် အခြားအစီအရင်များလည်း ရှိသေး၏၊ ဤ၌ ရူပသိဒ္ဓိ အတိုင်း ဆိုထားသည်။]
သုသ္မိံ- သုဝိဘတ်ကြောင့်၊ ပုမန္တဿ- ပုမ၏အဆုံး အ ၏၊ အာ- အာ အပြုသည်၊ ဝါ- ဝိကပ်အားဖြင့်၊ ဟောတိ- ၏။ ပုမာသု ဟူသည်တည်း။
၁၀၇။ [ပုမာသု-တို့၌။] ပုမာသုကို “ပုမ” တည်၊ သု သက်, မ်ခွင်း, သုသ္မိ.မာ ဝါသုတ်ဖြင့် သုဝိဘတ်ကြောင့် ပုမ၏အဆုံး ၊ ကို -ါ ပြု, မ် ကို -ါ သို့ကပ်, ပြီး၏။
နာမှိ စ- နာ ဝိဘတ်ကြောင့်လည်း၊ ပုမန္တဿ- ပုမ၏အဆုံး အ ၏၊ ဥ စ- ဥ အပြုသည်လည်းကောင်း၊ အာ စ- အာ အပြုသည်လည်းကောင်း၊ ဟောတိ- ၏။ ပုမုနာ, ပုမာနာ ဟူသည်တည်း။
၁၀၈။ [ပုမုနာ, ပုမာနာ-ယောက်ျားဖြင့်။] ဤသုတ်၌ စ သဒ္ဒါသည် သုသ္မိ.မာ ဝါသုတ်မှ အာ ကို ဆွဲငင်၏ဟု ကစ္စည်းဝုတ္တိဆို၏၊ “ပုမ, ကမ္မ ထာမ, အဒ္ဓတို့၏ အဆုံး အ ကို သ သ္မာနှောင်းရာ၌ ဥ ပြုဖို့ရန် ဆည်းယူ သည်ဟု ရူပသိဒ္ဓိ စာကိုယ်ဋီကာ ဆို၏။
[ဆောင်] ဥ နာမှိလာ, စသဒ္ဒါကား, အာကိုငင်မှု, ကစ္စည်းပြုလည်း, ပုမ ကမ္မ, ကာမ.ဒ္ဓတို့, သနှင့် သ္မာ, နှောင်းလေရာဝယ်, လျော်စွာ နှိုင်းဆ, ဥ ပြုရ, ရူပသိဒ္ဓိဆို။
ရုပ်တွက်။ ။ ပုမုနာကို “ပုမ” လိန်တည်၊ နာဝိဘတ် သက်, မ် ခွင်း, ဥ နာမှိ စသုတ်ဖြင့် ပုမ၏ အဆုံး ၊ ကို ု ပြု, မ် ကို ု သို့ကပ်, ပုမုနာ ပြီး၏။ (ပုမာနာ၌ -ါ ပြုရုံသာ ထူးသည်။)
ပုမုနောကို “ပုမ”လိန်တည်၊ သဝိဘတ်သက်, မ်ခွင်း, ဥ နာမှိ စ ၌ စသဒ္ဒါဖြင့် သဝိဘတ်ကြောင့် ပုမ၏အဆုံး ၊ ကို ု ပြု, ဣဝဏ္ဏုဝဏ္ဏာ ဈလာသုတ် ဖြင့် ု ကို လအမည်မှည့်, ဈလတော သဿနော ဝါသုတ်ဖြင့် သဝိဘတ်ကို နော ပြု, မ် ကို ု သို့ ကပ်, ပုမုနော ပြီး၏။
ကမ္မုနော (အမှုအား, ၏), ထာမုနော (အစွမ်းအား, ၏), အဒ္ဓုနော (ကာလအား, ၏) တို့ကို ကမ္မ, ထာမ, အဒ္ဓ တည်၍ ဤနည်းအတိုင်း ရုပ်တွက်၊ ပုမုနာ, ကမ္မုနာ, ထာမုနာ, အဒ္ဓုနာ တို့ကား သ္မာဝိဘတ် သက်၍ စတုတ္ထပိုင်း ဈလတော စ သုတ်ကျလျှင် အလိုလို ပြီးလတ္တံ့။
နာမှိ- နာဝိဘတ်ကြောင့်၊ ကမ္မန္တဿ စ- ကမ္မသဒ္ဒါ အဆုံး အ ၏လည်း၊ အ စ- အ အပြုသည်လည်း ကောင်း၊ ဥ စ- ဥ အပြုသည်လည်းကောင်း၊ ဟောတိ- ဖြစ်၏။ ကမ္မနာ, ကမ္မုနာ ဟူသည်တည်း။
၁၀၉။ [ကမ္မနာ, ကမ္မုနာ - အမှုဖြင့်။] ကမ္မန္တဿ စ၌ အန္တသဒ္ဒါပိုဖြင့် နာဝိဘတ်ကြောင့် ထာမ, အဒ္ဓသဒ္ဒါတို့၏ အဆုံး ၊ ကို ု ပြုဟု ရူပသိဒ္ဓိ ဆို၏၊ စသဒ္ဒါဖြင့် နာဝိဘတ်, သုဝိဘတ်ကြောင့် မဃဝ, ယုဝသဒ္ဒါတို့၏ အဆုံး ၊ ကိုလည်း အာပြုဖို့ရန် ဆည်းယူပြန်သည်ဟု ကစ္စည်းဝုတ္တိနှင့် ရူပသိဒ္ဓိတို့မှာ ဆို၏၊ ထို့ကြောင့် ထာမုနာ (အစွမ်းဖြင့်), အဒ္ဓုနာ(ကာလ ဖြင့်)ဟူသော ရုပ်, မဃဝါနာ (သိကြားဖြင့်), မဃဝါသု (တို့၌), ယုဝါနာ (လူပျိုဖြင့်), ယုဝါသု (တို့၌)ဟူသော ရုပ်များရှိနိုင်သည်။
[ဆောင်] ၁။ အကမ္မန္တ, သုတ်အန္တဖြင့်, ထာမ အဒ္ဓ, အဆုံး(အ)ကို, ဥပြု ဆို, ရူအလို နာကြောင့်သာ။
၂။ စအတွက်မှာ, သုနှင့်နာကြောင့်, မဃဝါ ယုဝ, အဆုံး အ လည်း, အာ ပြုဆည်း, ကစ္စည်း ရူတို့လာ။
ရုပ်တွက်။ ။ ကမ္မုနာကို “ကမ္မ”လိန်တည်၊ နာဝိဘတ်သက်, မ် ခွင်း, အကမ္မန္တဿ စသုတ်ဖြင့် နာဝိဘတ်ကြောင့် ကမ္မ၏ အဆုံး ၊ ကို ု ပြု, မ္မကို ု သို့ ကပ်, ကမ္မုနာ ပြီး၏။
ကမ္မနာကို “ကမ္မ”လိန်တည်၊ နာဝိဘတ်သက်, မ် ခွင်း, ဤသုတ်ဖြင့် ကမ္မ၏အဆုံး ၊ ကို ၊ ပြု, မ္မကို ၊ သို့ကပ်, ကမ္မနာ ပြီး၏။ [အ ကို (အ)ထပ် မပြုလျှင် ု ပြု၍ ကမ္မုနာ, နာကို နေပြု၍ ကမ္မေန ဟုချည်း ဖြစ်သွားရာ၏၊ အ ကို (အ) ထပ်ပြုလိုက်သည့်အခါ ထိုအစီအရင်များ မလာတော့ဘဲ “ကမ္မနာ”ဟုလည်း နေနိုင်ခွင့် ရလေသည်၊ ထို့ကြောင့် အ ကို (အ) ထပ်ပြုရသည်။]
ထာမုနာကို “ထာမ”လိန်တည်၊ နာဝိဘတ်သက်, မ်ခွင်း, အကမ္မန္တဿ စသုတ်၌ အန္တသဒ္ဒါဖြင့် နာဝိဘတ်ကြောင့် ထာမ၏အဆုံး ၊ ကို ု ပြု, မ်ကို ု သို့ ကပ်, ထာမုနာ ပြီး၏။ [အဒ္ဓုနာကို “အဒ္ဓ”တည်၍ ရုပ်တွက်၊ မဃဝါနာ, မဃဝါသု, ယုဝါနာ, ယုဝါသု တို့၌ စသဒ္ဒါဖြင့် ၊ ကို -ါ ပြု။]
နာမကပ္ပေ- ၌၊ ဒုတိယော- သော၊ ကဏ္ဍော- သည်၊ ဣတိ- ပြီ။
လေ့ကျင့်ခန်းမေးခွန်း (က) အမှဿ မမံ သဝိဘတ္တိဿ သေသုတ်မှ သဝိဘတ္တိသဒ္ဒါ သည် ဘယ်သုတ်တိုင်အောင် လိုက်သနည်း။
( ခ ) ပဉ္စာဒီနမကာရောသုတ်ဖြင့် အ ကို အ ထပ်ပြုခြင်းသည် ဘာအကျိုးရှိသနည်း။
( ဂ ) ပဒတော ဒုတိယာစတုတ္ထီဆဋ္ဌီသု ဝေါနော စသော သုတ်များ အရ ဝေါ နော တေ မေ တို့၏ ပဒတောပရ ဖြစ်ဟန်ကို ပုံစံနှင့်တကွ ပြပါ။
(ဃ) ဗဟုဝစနေသု ဝေါနောသုတ်၌ တတိယာဗဟုဝုစ်သည် “ဟိ” တစ်လုံးတည်းဖြစ်လျက် ဘယ်ဝိဘတ်ကို ယူလိုသေး၍ ဗဟု ဝစနေသု ဟု ဗဟုဝုစ် “သု”သဒ္ဒါကို ဆိုပါသနည်း။
( င ) ဥ နာမှိ စသုတ်၌ စသဒ္ဒါ၏ အကျိုးကို ပြယုဂ်နှင့်တကွ ပြပါ။ ( စ ) အကမ္မန္တဿ စသုတ်၌ န္တသဒ္ဒါ စသဒ္ဒါတို့၏ အကျိုးကို ပြပါ။
နာမ်ဒုတိယခန်းပြီး၏။
တုမှာ.မှေဟိ- တုမှ အမှသဒ္ဒါ တို့မှ၊ ပရံ- နောက်ဖြစ်သော၊ နံ- နံဝိဘတ်သည်၊ အာကံ- အာကံ အပြုသည်၊ ဟောတိ- ဖြစ်၏။ တုမှာကံ, အမှာကံ ဟူသည်တည်း။
၁၁၀။ [တုမှာကံ-သင်တို့အား, တို့၏၊ အမှာကံ-ငါတို့အား, တို့၏။]
ရုပ်တွက်။ ။ တုမှာကံကို “တုမှ”လိန်တည်၊ နံသက်၊ တုမှာ.မှေဟိ န.မာကံသုတ်ဖြင့် နံဝိဘတ်ကို -ါကံပြု, မှ ခွင်း, ချေ, ကပ်, ပြီး၏။ [အမှာကံကို အမှ တည်။] ရူပသိဒ္ဓိ၌ သဿံသုတ်မှ အံ ကို နောက်ပြန် လိုက်စေ၍ “တုမှာ.မှေဟိ န.မာကံ”သုတ်ဖြင့် နံဝိဘတ်ကို -ံပြုပြီးလျှင် “တုမှံ၊ သင်တို့ အား, တို့၏၊ အမှံ=ငါတို့အား, တို့၏”ဟုလည်း ရုပ်စီရင်၏။
တုမှာ.မှေဟိ- တို့မှ၊ ပရော- နောက်ဖြစ်သော၊ အပ္ပဌမော- ပဌမာ မဟုတ်သော၊ ယော- ယော ဝိဘတ်သည်၊ အာကံ- အာကံ အပြုသည်၊ ဝါ- ဝိကပ်အားဖြင့်၊ ဟောတိ- ၏။ တုမှာကံ, အမှာကံ ဟူသည်တည်း။
၁၁၁။ ယော.ပ္ပဌမောကို “ယော+အပ္ပဌမော”ဟု ပုဒ်ဖြတ်၊ ပဌမာ မဟုတ်သော ယောဝိဘတ်ဟူသည် ဒုတိယာ ယောပင်တည်း၊ ထို့ကြောင့် “တုမှာကံ-သင်တို့ကို၊ အမှာကံ-ငါတို့ကို”ဟု အနက်ဆို၊ ဤသုတ်၌ ဝါ သဒ္ဒါက ဝိကပ်ဟု ဆိုသောကြောင့် အာကံ မပြုတဲ့အခါ သဗ္ဗယောနိန မာဧသုတ်ဖြင့် ဧ ပြု၍ တုမှေ အမှေဟုလည်း ရုပ်ရှိ၏။
ရုပ်တွက်။ ။ တုမှာကံကို “တုမှ”လိန်တည်၊ တို့သည်ဟူ၍ ၊ပေ၊ယော ဝိဘတ်သက်, ဝါ ယော.ပ္ပဌမောသုတ်ဖြင့် ယော ဝိဘတ်ကို -ါကံ ပြု, မ်ှ ခွင်း, ချေ, ကပ်, တုမှာကံ ပြီး၏။ [အမှာကံကိုလည်း ရုပ်တွက်။]
တုမှာ.မှေဟိ- တုမှ အမှသဒ္ဒါတို့မှ၊ ပရဿ- နောက်ဖြစ်သော၊ သဿ- သဝိဘတ်၏၊ အံ- အံ အပြုသည်၊ ဟောတိ- ဖြစ်၏။ တုမှံ, အမှံ ဟူသည်တည်း။
၁၁၂။ [တုမှံ-သင်အား, ၏၊ အမှံ-ငါအား, ၏။]
တုမှံကို “တုမှ” လိန်တည်၊ သဝိဘတ်သက်, သဿံသုတ်ဖြင့် တုမှ သဒ္ဒါမှ နောက်ဖြစ်သော သဝိဘတ်ကို ၊ ပြု, မှ ခွင်း, ချေ, ကပ်, တုမှံ ပြီး၏။ [အမှံကိုလည်း “အမှ” တည်၍ ရုပ်တွက်။]
သဗ္ဗနာမကာရတော- သဗ္ဗနာမ် အကာရ န္တမှ၊ ပရော- နောက်ဖြစ်သော၊ ပဌမော- ပဌမာ ယောဝိဘတ်သည်၊ ဧ- ဧ အပြု သည်၊ ဟောတိ- ဖြစ်၏။ သဗ္ဗေ စသည်တည်း။
၁၁၃။ [ကာရတေကို “ကာရတော + ဧ”ဟု ပုဒ်ဖြတ်၊ သဗ္ဗေ-အလုံးစုံ တို့သည်။] သဗ္ဗေကို “သဗ္ဗ”လိန်တည်၊ ယောဝိဘတ်သက်, သဗ္ဗနာမ ကာရတေ ပဌမောသုတ်ဖြင့် ပဌမာယောဝိဘတ်ကို ေ- ပြု,ဗ္ဗ ခွင်း, ချေ, ဗ္ဗ ကို ေ- သို့ကပ်, ပြီး၏။ [ယေ စသော သဗ္ဗနာမ်များကိုလည်းတွက်။]
ဒွန္ဒဋ္ဌာ- ဒွန်သမာသ်၌ တည်သော၊ သဗ္ဗနာမကာရတော- သဗ္ဗနာမ် အကာရ န္တမှ၊ ပရော- သော၊ ပဌမော- သည်၊ ဧ- ဧ အပြုသည်၊ ဝါ- ဝိကပ်အားဖြင့်၊ ဟောတိ- ဖြစ်၏။ ကတရကတမေ, ကတရကတမာဝါ စသည်တည်း။
၁၁၄။ [ကတရကတမေ-ဘယ်ဟာ ဘယ်ဟာတို့နည်း။] ပုဒ် ၂ ခု ဖြစ်စေ ၃ ခု ဖြစ်စေ တွဲနေသည်ကို သမာသ်အရာ၌ ဒွန်သမာသ်ဟု ခေါ်၏၊ ကတရနှင့် ကတမတို့ကဲ့သို့ သဗ္ဗနာမ်ပုဒ်များကို ဒွန်တွဲရာ၌ ပဌမာယောဝိဘတ်ကို ရံခါ ဧ ပြု၍ “ကတရကတမေ”ဟုလည်းကောင်း, ရံခါ ဧ မပြုဘဲ သဗ္ဗယောနိနမာဧသုတ်ဖြင့် -ါ ပြု၍ “ကတရကတမာ”ဟု လည်းကောင်း ရှိရသည်။
ကတရကတမေကို “ကတရကတမ”လိန်တည်၊ တို့သည်ဟူ၍ ၊ပေ၊ ပဌမာဗဟုဝုစ် ယောဝိဘတ်သက်, ဒွန္ဒဋ္ဌာ ဝါသုတ်ဖြင့် ပဌမာယောဝိဘတ် ကို ေ- ပြု, မ် ခွင်း, ချေ, ကပ်, ကတရကတမေ ပြီး၏။
ဒွန္ဒဋ္ဌေ- ဒွန်၌ တည်သော၊ သဗ္ဗနာမေ- သဗ္ဗနာမ်၌၊ အညံ- ပဌမာယောဝိဘတ်ကို ဧ ပြုခြင်းမှ တစ်ပါးသော၊ သဗ္ဗနာမိကံ- သဗ္ဗနာမ်၌ဖြစ်သော သံသာ နံစသော အစီအရင်သည်၊ န ဟောတိ- မဖြစ်။ ပုဗ္ဗာ.ပရာနံ စသည်တည်း။
၁၁၅။ [ပုဗ္ဗာ.ပရာနံ - အရှေ့ အနောက်အရပ်တို့အား, တို့၏။] သဗ္ဗ နာမာနံ နံမှိ စသုတ်က နံဝိဘတ်နှောင်းရာ၌ သဗ္ဗနာမ်တို့၏အဆုံး(အ)သရ ကို ဧ ပြု၏၊ သဗ္ဗတော နံ သံသာနံသုတ်က နံဝိဘတ်ကို သံ ပြု, သာနံ ပြု၏၊ ထိုသုတ်များ အဆိုအတိုင်း ရုပ်နေလျှင် “ပုဗ္ဗာ.ပရေသံ, ပုဗ္ဗာ.ပရေ သာနံ”ဟု နေရလိမ့်မည်၊ သို့သော် ဤ နာညံ သဗ္ဗနာမိကံသုတ်က ဒွန် သမာသ်၌တည်သော သဗ္ဗနာမ်ဝယ် ထို ၂ သုတ်ဖြင့် စီရင်ဖွယ် မလိုဟု တားမြစ်ထားသောကြောင့် ထိုရုပ်များမရှိဘဲ “ပုဗ္ဗာ.ပရာနံ”ဟုသာ ရှိရလေ သည်၊ ပုဗ္ဗာ.ပရာနံကို ပုဗ္ဗာပရ တည်၍ ပုရိသာနံ ကဲ့သို့ ရုပ်တွက်။
ဗဟုဗ္ဗီဟိမှိစ- ဗဟုဗ္ဗီဟိသမာသ်၌ လည်း၊ သဗ္ဗနာမိကံ- သဗ္ဗနာမ်၌ဖြစ်သော အစီအရင်ဟူသမျှ သည်၊ န ဟောတိ- မဖြစ်။ ပိယပုဗ္ဗာ, ပိယပုဗ္ဗာယ, ပိယပုဗ္ဗာယံ စသည်တည်း။
၁၁၆။ သမာသ်ပိုင်း၌ ဗဟုဗ္ဗီဟိခေါ်သော သမာသ်တစ်မျိုးကို တွေ့ လတ္တံ့၊ ထိုသမာသ်၌ သဗ္ဗနာမ်နှင့်ဆိုင်သော အစီအရင်များ မရှိသင့်ဟု တားမြစ်သည်၊ ထို့ကြောင့် ပဌမာယောကို “သဗ္ဗနာမကာရတေ ပဌမော” သုတ်ဖြင့် ဧ ပြု၍“ပိယပုဗ္ဗေ”ဟု မရှိသင့်၊ ပုရိသာကဲ့သို့ “ပိယပုဗ္ဗာ”ဟုသာ ရှိရမည်၊ ပိယပုဗ္ဗာ-ရှေးက ဇနီးချစ်ရှိသော ယောက်ျားတို့သည်။
ပိယပုဗ္ဗာယ ပိယပုဗ္ဗာယံတို့၌လည်း “ဃပတော သ္မိံ သာနံ သံသာ”သုတ်ဖြင့် သ္မိံ ဝိဘတ်ကို သံ, သ ဝိဘတ်ကို သာ ပြု၍ ပိယပုဗ္ဗဿံ, ပိယပုဗ္ဗဿာဟု မရှိရ၊ ကညာယ ကညာယံကဲ့သို့ ပိယပုဗ္ဗာယ ပိယပုဗ္ဗာယံ ဟုသာ ရှိရမည်၊ ပိယပုဗ္ဗာယ-ရှေးက ခင်ပွန်းချစ်ရှိသော မိန်းမအား, ၏, ၌၊ ပိယပုဗ္ဗာယံ-ရှေးက ခင်ပွန်းချစ်ရှိသော မိန်းမ၌။
ပိယပုဗ္ဗာနံ၌လည်း သဗ္ဗတော နံ သံသာနံဖြင့် နံဝိဘတ်ကို သံ သာနံ ပြု၍ ပိယပုဗ္ဗေသံ ပိယပုဗ္ဗေသာနံ ပိယပုဗ္ဗာသံ ပိယပုဗ္ဗာသာနံဟု မရှိရ၊ ပုရိသာနံ ကညာနံတို့ကဲ့သို့ ပိယပုဗ္ဗာနံဟုသာ ရှိရမည်၊ ပိယပုဗ္ဗာနံ-ရှေးက ဇနီးချစ်ရှိသော ယောက်ျား, ခင်ပွန်းချစ်ရှိသော မိန်းမတို့အား, တို့၏။
ဗဟုဗ္ဗီဟိသမာသ်နှင့်နာမ်ဂိုဏ်းကို နားလည်ပြီးမှ ဤရုပ်နှင့် အနက် အသွားကို နားလည်ပေလိမ့်မည်၊ ထို့ကြောင့် ဆရာများသည် ဤသုတ်က ရုပ်များကို သူငယ်များအား မပြောပြသေးဘဲ သုတ်နက်နှင့် ရုပ်ပါဠိ ရရုံမျှလောက်သာ ဂရုစိုက်ကြပါလေ၊ ဤသုတ်နက်ပေးပုံမှာ ကစ္စည်း, ရူပသိဒ္ဓိတို့ ဖွင့်ပုံနှင့် မတူ, ဤကျမ်း၏အယူကို ကစ္စည်းဘာသာဋီကာမှာရှု။
သဗ္ဗတော- အလုံးစုံသော၊ သဗ္ဗနာမတော- သဗ္ဗနာမ်ပုဒ်မှ၊ ပရံ- နောက်ဖြစ်သော၊ နံ- နံ ဝိဘတ်သည်၊ သံသာနံ- သံ အပြု, သာနံ အပြုတို့သည်၊ ဟောန္တိ- ဖြစ်ကုန်၏။ သဗ္ဗေသံ, သဗ္ဗေသာနံ စသည်တည်း။
၁၁၇။ [သဗ္ဗေသံ သဗ္ဗေသာနံ-အလုံးစုံတို့အား, တို့၏။] သဗ္ဗေသံကို “သဗ္ဗ”လိန်တည်၊ နံဝိဘတ်သက်, ဗ္ဗခွင်း (သဗ္ဗ် ၊ နံ), သဗ္ဗနာမာနံ နံမှိ စ သုတ်ဖြင့် သဗ္ဗ၏အဆုံး ၊ ကို ေေ- ပြု, ဗ္ဗကို ေ- သို့ကပ်, သဗ္ဗတော နံ သံသာနံသုတ်ဖြင့် နံကို သံပြု, ပြီး၏။ [သဗ္ဗေသာနံ၌ နံကို သာနံ ပြု။]
ရာဇဿ ရာဇု သုနံဟိသု စ။ ။ သုနံဟိသု- သုဝိဘတ်, နံဝိဘတ်, ဟိဝိဘတ်တို့ကြောင့်၊ ရာဇဿ- ရာဇသဒ္ဒါ၏၊ ရာဇုရာဇုအပြုသည်၊ ဟောတိ- ဖြစ်၏။ စ- မဖြစ်သည်လည်း ရှိသေး၏။ရာဇူသု, ရာဇူနံ, ရာဇူဟိ ဟူသည်တည်း။
၁၁၈။ [ရာဇူသု-မင်းတို့၌၊ ရာဇူနံ-မင်းတို့အား, တို့၏၊ ရာဇူဟိ-မင်း တို့ဖြင့်, တို့မှ၊ စသဒ္ဒါက တားမြစ်သောကြောင့် (ပုရိသေသု စသည်ကဲ့သို့) ရာဇေသု ရာဇာနံ ရာဇေဟိ ဟုလည်း ရုပ်ရှိသေးသည်။]
ရာဇူသုကို “ရာဇ” လိန်တည်၊ သု ဝိဘတ် သက်, ရာဇဿ ရာဇု သုနံဟိသု စသုတ်ဖြင့် ရာဇသဒ္ဒါကို ရာဇု ပြု, ဇ် ခွင်း, သုနံဟိသု စသုတ်ဖြင့် ဇု ၏ အဆုံး ု ကို ူ ဒီဃပြု, ဇ်ကို ူ သို့ကပ်, ရာဇူသု ပြီး၏။ [ရာဇူနံ ရာဇူဟိတို့ကိုလည်း နံဝိဘတ် ဟိဝိဘတ်သက်၍ ဤနည်းအတိုင်းတွက်၊၊]
သုနံဟိသု- သုဝိဘတ်, နံ ဝိဘတ်, ဟိဝိဘတ်တို့ကြောင့်၊ သဗ္ဗဿ- အလုံးစုံသော၊ ဣမဿ- ဣမသဒ္ဒါ၏၊ ဧ- ဧအပြုသည်၊ ဝါ- ဝိကပ်အားဖြင့်၊ ဟောတိ- ဖြစ်၏။ ဧသု, ဧသံ, ဧသာနံ, ဧဟိ ဟူသည်တည်း။
၁၁၉။ [ဧသု-ဤသူတို့၌၊ ဧသံ, ဧသာနံ-တို့အား, တို့၏၊ ဧဟိ-တို့ဖြင့်၊၊]
ဧသုကို “ဣမ”လိန်တည်၊ သုဝိဘတ်သက်, သဗ္ဗဿိ.မဿေ ဝါသုတ် ဖြင့် ဣမသဒ္ဒါကို ဧ ပြု, ဧသု ပြီး၏။ [ဧဟိ၌ ဟိဝိဘတ်သက်ရုံသာ၊ ဧသံ၌ နံသက် ဧပြု, သဗ္ဗတော နံ သံသာနံသုတ်ဖြင့် နံကို သံပြု, ပြီး၏၊ ဧသာနံ၌ သာနံပြုရုံသာ ထူးသည်။]
နာမှိ- နာဝိဘတ်ကြောင့်၊ သဗ္ဗဿ- သော၊ ဣမဿ- ၏။ အနိ.မိ- အန အပြု, ဣမိ အပြုတို့သည်၊ စ- အမြဲ၊ ဟောန္တိ- ဖြစ်ကုန်၏။ အနေန, ဣမိနာ ဟူသည်တည်း။
၁၂၀။ [အနေန, ဣမိနာ - ဤသူဖြင့်။]
ရုပ်တွက်။ ။ အနေနကို “ဣမ”လိန်တည်၊ နာဝိဘတ်သက်, အနိမိ နာမှိ စသုတ်ဖြင့် ဣမသဒ္ဒါကို အနပြု (အနနာ), အတော နေနသုတ်ဖြင့် နာဝိဘတ်ကို ေ- နပြု, န်ခွင်း, ချေ, ကပ်, အနေန ပြီး၏။ [ဣမိနာ၌ ဣမိ ပြုလေ။]
သိမှိ- ကြောင့်၊ အနပုံသကဿ- နပုံလိန်မဟုတ်သော၊သဗ္ဗဿ- သော၊ ဣမဿ- ၏၊ အယံ- အယံ အပြုသည်၊ ဟောတိ- ဖြစ်၏။ အယံ ဟူသည် တည်း။
၁၂၁။ [အယံ-ဤသူသည်(ပုလ္လိန်), ဤသူမသည်(ဣတ္ထိလိန်)။]
ရုပ်တွက်။ ။ အယံကို “ဣမ”လိန်တည်၊ သိသက်, အနပုံသကဿာယံ သိမှိသုတ်ဖြင့် ဣမသဒ္ဒါကို အယံပြု, သေသတော လောပံ ဂသိပိသုတ်ဖြင့် သိကို ချေ, ပြီး၏။
သိမှိ- ကြောင့်၊ အနပုံသကဿ- နပုံလိန်မဟုတ်သော၊ အမုဿ- အမုသဒ္ဒါ၏၊ မော- မ အက္ခရာ သည်၊ သံ- သ အဖြစ်သို့၊ ဝါ- ဝိကပ်အားဖြင့်၊ အာပဇ္ဇတေ- ရောက်၏။ အသု ဟူသည်တည်း။
၁၂၂။ [အသု-ဤသူသည်, ဤသူမသည်။]
ရုပ်တွက်။ ။ အသုကို “အမု”လိန်တည်၊ သိ သက်, အမုဿ မောသံ သုတ်ဖြင့် အမုသဒ္ဒါ၏ မ ကို သ ပြု, သေသတော လောပံ ဂသိပိသုတ်ဖြင့် သိ ကို ချေ, ပြီး၏။
သိမှိ- ကြောင့်၊ အနပုံသကာနံ- နပုံလိန်မဟုတ်ကုန်သော၊ ဧတတေသံ- ဧတသဒ္ဒါ, တသဒ္ဒါတို့၏၊ တော- တ အက္ခရာသည်၊ သံ- သ အဖြစ်သို့၊ အာပဇ္ဇတေ- ရောက်၏။ ဧသော, သော စသည်တည်း။
၁၂၃။ [ဧသော-ဤယောက်ျားသည်၊ သော-ထိုယောက်ျားသည်၊ “ဧသာ-ဤမိန်းမသည်၊ သာ-ထိုမိန်းမသည်”ဟူသော ရုပ်များလည်း ရှိ၏၊၊]
ရုပ်တွက်။ ။ ဧသောကို “ဧတ”လိန်တည်၊ သိသက်, ဧတတေသံ တောသုတ်ဖြင့် ဧတ၏ တကို သပြု, သောဟူသော သုတ်ဖြင့် သိဝိဘတ်ကို ေ-ါ ပြု, သ်ခွင်း, ချေ, ကပ်, ဧသော ပြီး၏။
ဧသာကို “ဧတာ”လိန်တည်၊ သိသက်, ဧတတေသံ တောသုတ်ဖြင့် ဧတ၏ တကို သပြု, သေသတော လောပံ ဂသိပိသုတ်ဖြင့် သိကို ချေ, ဧသာ ပြီး၏။ [သော ကို “တ”လိန်တည်၊ သာကို “တာ”လိန်တည်၍ ရုပ်တွက်၊ ဤသုတ်ဖြင့် တ ကို သ ပြုဟု ဆိုရုံသာ ထူးသည်။]
သဗ္ဗတ္ထ- အလုံးစုံသော လိန်တို့၌၊ တဿ- တသဒ္ဒါ၏၊ နတ္တံ- န အဖြစ်သည်၊ ဝါ- ဝိကပ် အားဖြင့်၊ ဟောတိ- ဖြစ်၏။ နံ စသည်တည်း။
၁၂၄။ သဗ္ဗတ္ထဟု ဆိုသောကြောင့် လိန် ၃ ပါးလုံး၌ တသဒ္ဒါကို န ပြုနိုင်၏။ [နံ-ထိုမိန်းမ, ယောက်ျား, နပုံးကို၊ ကြွင်းသောဝိဘတ်များ၌ နပြုပုံကို နာမ်ဂိုဏ်းကျမှ သိရလတ္တံ့။]
ရုပ်တွက်။ ။ နံ ကို “တ”လိန်တည်-ံ ဝိဘတ်သက်, တဿ ဝါ နတ္တံ သဗ္ဗတ္ထသုတ်ဖြင့် တ ကို န ပြု, န်ခွင်း, ချေ, န် ကို -ံ သို့ ကပ်, နံ ပြီး၏။
သသ္မာသ္မိံသံသာသု- သ ဝိဘတ်, သ္မာဝိဘတ်, သ္မိံဝိဘတ်, သံအပြု, သာအပြုတို့ကြောင့်၊ သဗ္ဗတ္ထ- အလုံးစုံသောလိန်တို့၌၊ တဿ- တသဒ္ဒါ၏၊ အတ္တံ- အ အဖြစ်သည်၊ ဝါ- ဝိကပ်အားဖြင့်၊ ဟောတိ- ဖြစ်၏။ အဿ, အသ္မာ, အသ္မိံ, အဿံ, အဿာ ဟူသည်တည်း။
၁၂၅။ အဿ-ထိုယောက်ျား, ထိုနပုံးအား, ၏၊ အသ္မာ-ထိုယောက်ျား, ထိုနပုံးမှ၊ အသ္မိံ-ထိုယောက်ျား, ထိုနပုံး၌၊ (ဤ ၃ ရုပ်ကား ပုံလိန်, နပုံလိန် တည်း၊) အဿံ-ထိုမိန်းမ၌၊ အဿာ-ထိုမိန်းမအား, ၏၊ [ဤ ၂ ရုပ်ကား ဣတ္ထိလိန်တည်း။]
ရုပ်တွက်။ ။ အဿကို “တ”လိန်တည်၊ သသက်, သသ္မာသ္မိံသံသာ သွတ္တံ သုတ်ဖြင့် သဝိဘတ်ကြောင့် တ ကို အ ပြု, သာဂမော သေသုတ် ဖြင့် သ် လာ, အဿ ပြီး၏။ [အသ္မာ, အသ္မိံ တို့၌ “တ”လိန်တည်၊ သ္မာ, သ္မိံ သက်ရုံသာ၊ အဿံ, အဿာ တို့ကို ဃပတော သ္မိံသာနံ သံသာသုတ် ကျမှ ရုပ်တွက်။]
သသ္မာသ္မိံသံသာသု- သ ဝိဘတ်, သ္မာဝိဘတ်, သ္မိံဝိဘတ်, သံအပြု, သာအပြုတို့ကြောင့်၊ သဗ္ဗတ္ထ- အလုံးစုံသောလိန်တို့၌၊ ဣမသဒ္ဒဿ စ- ဣမသဒ္ဒါ၏လည်း၊ အတ္တံ- အ အဖြစ်သည်၊ ဝါ- ဝိကပ်အားဖြင့်၊ ဟောတိ- ၏။ အဿ, အသ္မာ, အသ္မိံ, အဿံ, အဿာ ဟူသည်တည်း။
၁၂၆။ ရှေ့သုတ်၌ တ ကို အ ပြုသောကြောင့် “အဿ-ထိုယောက်ျား ထိုနပုံးအား”စသည်ဖြင့် “ထို” ဟု အနက်သုံးရသလို ဤသုတ်၌ ဣမ ကို (အ) ပြုသောကြောင့် “ဤ” ဟု အနက်သုံးရခြင်းသာ ထူးသည်၊ ထို့ကြောင့် “အဿ-ဤယောက်ျား,ဤနပုံးအား”စသည်ဖြင့် အနက်ဆိုလေ၊ ရုပ်တွက်ရာ၌လည်း “ဣမ”လိန်တည်၍ ဆိုင်ရာဝိဘတ် သက်ပြီးလျှင် ဣမသဒ္ဒဿ စသုတ်ဖြင့် ဣမကို “အ”ပြုဟု ဆိုရုံသာ ထူးသည်။
သဗ္ဗတော- အလုံးစုံသော ပုဒ်မှ၊ ပရေ- နောက်၌၊ ကော- က အက္ခရာ လာသည်၊ ဝါ- ဝိကပ် အားဖြင့်၊ ဟောတိ- ဖြစ်၏။ သဗ္ဗကော စသည်တည်း။
၁၂၇။ [သဗ္ဗကော-အလုံးစုံသော ယောက်ျားသည်။] သဗ္ဗကောကို “သဗ္ဗ”လိန်တည်၊သဗ္ဗတော ကောသုတ်ဖြင့် သဗ္ဗနောင် က လာ, သိဝိဘတ် သက်, သော ဟူသောသုတ်ဖြင့် သိဝိဘတ်ကို ေ-ါ ပြု, က် ခွင်း, ချေ, ကပ်, သဗ္ဗကော ပြီး၏။ [ရူပသိဒ္ဓိနည်းအတိုင်း တွက်သည်။]
“အသုကော, အမုကော-ထိုယောက်ျားသည်”စသည်ဖြင့် များစွာသော သဗ္ဗနာမ်ပုဒ်နောင် က အက္ခရာ လာ၏၊ သဗ္ဗနာမ်ပုဒ် နောင်သာမက “သဗ္ဗတော-အလုံးစုံသောပုဒ်မှ”ဟု ဆိုသောကြောင့် သဗ္ဗနာမ်မဟုတ်သော “ဟီန, ပေါတ”စသော သဒ္ဒါတို့နောင် က အက္ခရာ လာ၍ “ဟီနကောယုတ်ညံ့သူ, ပေါတကော-သူငယ်”စသည် ဖြစ်သေး၏။
ဃပတော- ဃအမည်, ပ အမည်ရှိသော သဗ္ဗနာမ်တို့မှ၊ ပရေသံ- နောက်ဖြစ်ကုန်သော၊ သ္မိံသာနံ- သ္မိံဝိဘတ်, သဝိဘတ်တို့၏၊ သံသာ- အစဉ်အတိုင်း သံ အပြု, သာ အပြုတို့သည်၊ ဝါ- ဝိကပ်အားဖြင့်၊ ဟောန္တိ- ဖြစ်ကုန်၏။ ဧတိဿံ ဧတိဿာ, ဣမိဿံ ဣမိဿာ, တိဿံ တိဿာ, တဿံ တဿာ, အဿံ အဿာ, အမုဿံ အမုဿာ စသည်တည်း။
၁၂၈။ ဧတိမာသမိ, တဿာဝါ, ဃော ရဿံသုတ်တို့၌ ရုပ်မတွက်ခဲ့ရ သေးသောကြောင့်ဤသုတ်ကျမှ ပုံစံကို စုံစုံလင်လင် ထုတ်ပြလိုက်ရသည်။
[ ဧတိဿံ တိဿံ အဿံ အမုဿံ-ထိုမိန်းမ၌၊ အဿံ ဣမိဿံ-ဤ မိန်းမ၌၊ ဧတိဿာ တိဿာ အဿာ အမုဿာ-ထိုမိန်းမအား, ၏၊ အဿာ ဣမိဿာ-ဤမိန်းမအား,၏။] အမုဿံ အမုဿာတို့သည် ပအမည်ရှိသော ဥဝဏ်နောင် သ္မိံကို သံ, သကို သာပြုသောပုံစံများတည်း၊ ကြွင်းပုံစံတို့ကား ဃအမည်ရှိသော အာနောင်သ္မိံ, သတို့ကို သံ သာပြုသောပုံစံများတည်း။
ရုပ်တွက်။ ။ ဧတိဿံကို “ဧတာ”လိန်တည်၊ သ္မိံသက်, တ်ခွင်း, အာ ဃောသုတ်ဖြင့် -ါ ကို ဃအမည်မှည့်, ဃပတော သ္မိံသာနံ သံသာသုတ်ဖြင့် သ္မိံဝိဘတ်ကို သံပြု, ဧတိမာသမိသုတ်ဖြင့် ဧတာ၏အဆုံး -ါ ကို -ိ ပြု, တ်ကို -ိ သို့ကပ် (ဧတိသံ), သံသာသွေကဝစနေသု စသုတ်ဖြင့် သ် လာ, ပြီး၏။
ဣမိဿံ၌ “ဣမာ”တည်၍ ဧတိမာသမိသုတ်ဖြင့် ဣမာ၏အဆုံး -ါ ကို -ိ ပြု၊ တိဿံ၌ “တာ”တည်၍ တဿာ ဝါသုတ်ဖြင့် တာ၏အဆုံး -ါ ကို -ိ ပြု၊ တဿံ၌ကား ဃော ရဿံသုတ်ဖြင့် -ါ ကို ရဿပြု။
အဿံကို “တာ”လိန်တည်၊ သ္မိံသက်, တ်ခွင်း, အာ ဃောသုတ်ဖြင့် -ါ ကို ဃအမည်မှည့်, ဃပတော သ္မိံသာနံ သံသာသုတ်ဖြင့် သ္မိံဝိဘတ်ကို သံပြု, တ်ကို -ါ သို့ကပ် (တာသံ), ဃော ရဿံသုတ်ဖြင့် -ါ ကို ၊ ရဿပြု (တသံ), သသ္မာသ္မိံ သံသာသွတ္တံသုတ်ဖြင့် တ ကို အ ပြု (အသံ), သံသာ သွေကဝစနေသု စသုတ်ဖြင့် သ် လာ, အဿံ ပြီး၏။ [အဿံ-ဤမိန်းမ၌ ဟု အနက်ဆိုရာ၌ “ဣမာ”တည်, ဣမသဒ္ဒဿ စသုတ်ဖြင့် “ဣမ”ကို (အ) ပြု။
အမုဿံကို “အမု”တည်၊ သ္မိံသက်၊ ု ကို ပမှည့်, ဃပတော သ္မိံသာနံ သံသာသုတ်ဖြင့် သ္မိံဝိဘတ်ကို သံပြု (အမုသံ), သ် လာ။ [ဧတိဿာ, ဣမိဿာ, တိဿာ, တဿာ, အဿာ, အမုဿာတို့၌ သဝိဘတ်သက်၍ ဃပတော သ္မိံသာနံ သံသာသုတ်ဖြင့် သဝိဘတ်ကို သာပြုရုံသာ ထူးသည်။]
ဧတာဟိ- ဤဃ ပအမည် ရှိသော သဗ္ဗနာမ်တို့မှ၊ ပရံ- နောက်ဖြစ်သော၊ သ္မိံ- သ္မိံဝိဘတ် သည်၊ အာယယာ- အာယအပြု, ယာအပြုတို့သည်၊ န ဟောန္တိ- မဖြစ်ကုန်။
၁၂၉။ ဃတော နာဒီနံသုတ်သည် နာ အစ, သ္မိံ အဆုံး ဧကဝုစ် ဝိဘတ် ၅ လုံးကို အာယ ပြု၏၊ ပတော ယာသုတ်သည် ထိုဝိဘတ် ၅ လုံးကို ယာ ပြု၏၊ ဤသုတ်ကား သ္မိံဝိဘတ်နှောင်းရာ၌ ဃ ပ အမည်ရှိ သော သဗ္ဗနာမ်ပုဒ်တို့နောင် ထိုသုတ်တို့က အာယ, ယာ မပြုရဟု တားမြစ်သည်၊ ဤသုတ်အမိန့်အတိုင်းဆိုလျှင် သ္မိံ ဝိဘတ်ဖြင့် “တာယ, ဒက္ခိဏာယ”စသည်ဖြင့် မရှိသင့်ချေ၊ သို့သော် ပါဠိ အဋ္ဌကထာများ၌ကား ရှိသေး၏၊ အကျယ်ကို ကစ္စည်းဘာသာဋီကာမှာ ရှု။
မနောဂဏာဒိ တော- မနောဂဏာဒိဂိုဏ်းသဒ္ဒါတို့မှ၊ ပရေသံ- နောက်ဖြစ်ကုန် သော၊သ္မိံနာနံ- သ္မိံဝိဘတ်, နာဝိဘတ်တို့၏၊ ဣအာ- အစဉ်အတိုင်း ဣ အပြု, အာ အပြုတို့သည်၊ ဟောန္တိ- ဖြစ်ကုန်၏။ မနသိ, မနသာ စသည်တည်း။
၁၃၀။ [မနသိ-စိတ်၌၊ မနသာ-စိတ်ဖြင့်။] နာမ်ဂိုဏ်း၌ “မနောဂိုဏ်း, မနောဂဏာဒိဂိုဏ်း”ဟု တွေ့လတ္တံ့၊ ထိုမနောဂိုဏ်းနှင့်မနောဂဏာဒိဂိုဏ်းစု သဒ္ဒါနောင် သ္မိံဝိဘတ်ကို ဣ, နာဝိဘတ်ကို အာ ပြုသောသုတ်တည်း၊ ရုပ်ကို သ သရေ ဝါဂမောသုတ်ကျမှ တွက်။
မနောဂဏာဒိတော- မနောဂဏာဒိ ဂိုဏ်းသဒ္ဒါတို့မှ၊ ပရဿ- နောက်ဖြစ်သော၊ သဿ စ- သဝိဘတ် ၏လည်း၊ သြ- သြ အပြုသည်၊ ဟောတိ- ဖြစ်၏။ မနသော စသည်တည်း။ သဿ စ၌ စသဒ္ဒါဖြင့် အံဝိဘတ်၏ သြအပြုကို ဆည်း၍ “မနော (ဉတွာ)” စသည် ဖြစ်၏။
၁၃၁။ [မနသော - စိတ်အား, ၏၊ မနော - စိတ်ကို၊ ဉတွာ - သိ၍၊ မနသောကို သ သရေ ဝါဂမောသုတ်ကျမှ တွက်။] မနောကို “မန”လိန် တည်-ံ ဝိဘတ် သက်, သဿ စောသုတ်၌ စသဒ္ဒါဖြင့် -ံ ဝိဘတ်ကို ေ-ါ ပြု, န် ခွင်း, ချေ, ကပ်, မနော ပြီး၏။
လောပေ- ဝိဘတ်ကျေပြီး သည်ရှိသော်၊ ဧတေသံ- ဤ မနောဂိုဏ်းသဒ္ဒါတို့၏၊ အန္တော- အဆုံး သရသည်၊ သြ- သြ အပြုသည်၊ ဟောတိ- ဖြစ်၏။ မနောမယံ, မနောဂဏော စသည်တည်း။
၁၃၂။ [မနောမယံ-စိတ်ကြောင့် ဖြစ်သည် (စိတ်တိုင်းကျ ပြီးသည်)၊ မနောဂဏော-မနောဂိုဏ်း, မနနှင့်တူသော သဒ္ဒါအပေါင်း။] ဤသုတ်ကား နာမ်ရုပ် ရိုးရိုး၌ စီရင်သောသုတ် မဟုတ်, သမာသ် တဒ္ဓိတ်အရာမှာ စီရင်သောသုတ်တည်း၊ မနောမယံသည် တဒ္ဓိတ်ပုဒ်, မနောဂဏောကား သမာသ်ပုဒ်တည်း၊ ဆိုင်ရာဝိဘတ်များ ကျေပြီးမှ “မနမယ, မနဂဏ”ဟု ဖြစ်နေတဲ့အခါ ဤသုတ်က န ၏ အဆုံး ၊ ကို ေ-ါ ပြု၍ “မနောမယ, မနောဂဏ”ဟု ဖြစ်သည်၊ ရုပ်တွက်ပုံကို သမာသ် တဒ္ဓိတ်ကျမှ သိရလတ္တံ့။
သရေ- နောက်သရကြောင့်၊ မနောဂဏာဒိတော- မနောဂဏာဒိဂိုဏ်းသဒ္ဒါတို့မှ၊ ပရေ- နောက်၌၊ သ- သအက္ခရာသည်၊ ဝါ- ပြယုဂ်အားလျော်စွာ၊ အဂမော- လာ၏။ မာနသိကံ, ဝါစသိကံ စသည်၌ အမြဲ သ လာ၍ မနသာ မနေန စသည်၌ ဝိကပ် သ လာ၏။ မနော, မနာ စသည်၌ လုံးဝ (သ) မလာ။
၁၃၃။ [မာနသိကံ-စိတ်၌ ဖြစ်သည်၊ ဝါစသိကံ-နှုတ်၌ ဖြစ်သည်။] မနသာ, မနေန-စိတ်ဖြင့်၊ မနော-စိတ်သည်၊ မနာ-စိတ်တို့သည်၊ ဤ သုတ်၌ ကစ္စည်းဝုတ္တိဖွင့်ပုံကို မလိုက်ဘဲ ရူပသိဒ္ဓိအတိုင်း ရေးသည်၊ မာနသိကံ, ဝါစသိကံတို့ကား တဒ္ဓိတ်ရုပ်များတည်း, တဒ္ဓိတ်ကျမှ ရုပ်တွက်။
မနသာကို “မန”လိန်တည်၊ နာဝိဘတ်သက်, မနောဂဏာဒိတော သ္မိံနာနမိအာသုတ်ဖြင့် နာဝိဘတ်ကို -ါ ပြု, သ သရေ ဝါဂမောသုတ်ဖြင့် သ် လာ, မနသာ ပြီး၏။ [မနေနကို “အတော နေန”သုတ်ဖြင့် မနောကို “သော”သုတ်ဖြင့် မနာကို သဗ္ဗယောနိနမာဧသုတ်ဖြင့် စီရင်၊ မနော ဂဏာဒိတော သ္မိံနာနမိအာ, သဿ စောသုတ်၌ ပြခဲ့သော မနသိ မနသောတို့ကား ထိုသုတ်တို့ဖြင့် သ္မိံကို -ိ , သ ကို ေ-ါ ပြုပြီးနောက် ဤသုတ်ဖြင့် သ် လာလျှင် ပြီး၏။]
ဘေ စ- ဘကုန်းကြောင့်လည်း၊ သန္တသဒ္ဒဿ- သန္တသဒ္ဒါ၏၊ သော- သ အပြုသည်၊ ဟောတိ- ဖြစ်၏၊ အန္တေ- သ အပြု၏အဆုံး၌၊ ဗော စ- ဗထက်ခြိုက်လာသည်လည်း၊ ဟောတိ- ၏။ သဗ္ဘိ ဟူသည် တည်း။ ဘေ စ၌ စသဒ္ဒါဖြင့် ဘကုန်းမနှောင်းရာ၌လည်း သန္တ သဒ္ဒါ၏ သ အပြုကို ဆည်း၍ သက္ကာရော စသည် ဖြစ်၏။
၁၃၄။ [သဗ္ဘိ-သူတော်ကောင်းတို့ဖြင့်, တို့မှ၊ သက္ကာရော-သူတော်တို့ ပြုအပ်သော ပူဇော်မှု။] သုတ်ရင်းဖြင့် ဘကုန်းနှောင်းရာ၌ သန္တသဒ္ဒါကို “သ”ပြု၍ သ၏ အဆုံး၌ ဗထက်ခြိုက် လာသည်၊ စသဒ္ဒါဖြင့် ဘကုန်း မနှောင်း, အခြားအက္ခရာ နှောင်းရာ၌ သန္တကို “သ” ပြုသည်။
ရုပ်တွက်။ ။ သဗ္ဘိကို “သန္တ”လိန်တည်၊ ဟိဝိဘတ်သက်, သ္မာဟိသ္မိံနံ မှာဘိမှိ ဝါသုတ်ဖြင့် ဟိကို ဘိပြု, သန္တသဒ္ဒဿ သော ဘေ ဗော စန္တေ သုတ်ဖြင့် သန္တကို “သ”ပြု, သအဆုံး၌ ဗထက်ခြိုက်လာ, သဗ္ဘိ ပြီး၏။
သဗ္ဘူတော-ထင်ရှားရှိသည်ဖြစ်၍ ဖြစ်သည်၊ သဗ္ဘာဝေါ-ထင်ရှား ဖြစ်ခြင်း၊ ဤရုပ်များ၌ “သန္တဘူတော သန္တဘာဝေါ”တည်၍ သန္တသဒ္ဒါကို “သ” ပြု, အဆုံး၌ “ဗ” လာ၍ ပြီးစေ။
သက္ကာရောကို “သန္တကာရော”တည်၊ သန္တသဒ္ဒဿ သော ဘေ ဗော စန္တေ သုတ်၌ စသဒ္ဒါဖြင့် သန္တကို သ ပြု (သကာရော), ပရ ဒွေဘာဝေါ ဌာနေသုတ်ဖြင့် က၏ သဒိသဒွေးဘော် က် လာ, သက္ကာရော ပြီး၏။
အမှာ။ ။ ဤရုပ်များကို ရည်ရွယ်၍ “သန္တကို ပြု, သဗျဉ်းစုနောက်, ဒွေးဘော်ရောက်၏”ဟု သန္ဓိ တတိယပိုင်း အဆုံး၌ ဆိုခဲ့သည်။
သိမှိ- သိဝိဘတ် ကြောင့်၊ ဂစ္ဆ န္တာဒီနံ- ဂစ္ဆ န္တာဒိဂိုဏ်းသဒ္ဒါတို့၏၊ န္တသဒ္ဒေါ- န္တသဒ္ဒါ သည်၊ အံ- အံ အဖြစ်သို့၊ အာပဇ္ဇတေ- ရောက်၏။ ဂစ္ဆံ စသည် တည်း။
၁၃၅။ [ဂစ္ဆံ-သွားသောသူသည်၊ နာမ်ဂိုဏ်း၌ “ဂစ္ဆ န္တာဒိဂိုဏ်း”ဟူသော ဂိုဏ်းတစ်မျိုး တွေ့ရလတ္တံ့။] ဂစ္ဆံကို “ဂစ္ဆ န္တ”လိန်တည်၊ သိသက်, သိမှိ ဂစ္ဆ န္တာဒီနံ န္တသဒ္ဒေါ အံ သုတ်ဖြင့် န္တ ကို -ံ ပြု, စ္ဆ် ခွင်း, ချေ, ကပ်, သေသတော လောပံ ဂသိပိသုတ်ဖြင့် သိ ကို ချေ, ဂစ္ဆံ ပြီး၏။
သေသေသု- သိမှ ကြွင်းသော ဝိဘတ် ပစ္စည်းတို့ကြောင့်၊ ဂစ္ဆ န္တာဒီနံ- ဂစ္ဆ န္တာဒိဂိုဏ်းသဒ္ဒါတို့၏၊ န္တသဒ္ဒေါ- န္တသဒ္ဒါကို၊ န္တုဝ- န္တုကိုကဲ့သို့၊ ဒဋ္ဌဗ္ဗော- မှတ်အပ်၏။ ဂစ္ဆတော စသည်တည်း။
၁၃၆။ [ဂစ္ဆတော-သွားသောသူအား, ၏။] သိနှောင်းရာ၌ ရှေ့သုတ်က စီရင်ပြီးဖြစ်သောကြောင့် သိကို ချန်ထားသည်၊ ဤသုတ်ကို သဒ္ဒါကျမ်း တို့က “ကာရိယာတိဒေသ”သုတ်ဟု နာမည်ပေး၏၊ ကာရိယ၊ အစီအရင် ကို+အတိဒေသ=ညွှန်ပြသောသုတ်၊ “ကိုယ်တိုင်မစီရင်ဘဲ အခြားသုတ်များ စီရင်ကြဖို့ရန် ညွှန်ပြသည်”ဟူလို၊ ဤသုတ်အစီအရင်ကြောင့် န္တ သည် န္တု ဖြစ်သွားသည်ဟု မမှတ်ရ၊ “န္တတော့ န္တပါပဲ, သို့သော် ရုပ်စီရင်တဲ့အခါ န္တု ကို စီရင်သလို န္တ ကိုလဲ စီရင်ကြပါ”ဟု ဆိုလိုသည်။
ဂစ္ဆတောကို “ဂစ္ဆ န္တ”လိန်တည်၊ သဝိဘတ်သက်, သေသေသု န္တု၀ သုတ်က န္တ ကို န္တု ကဲ့သို့ စီရင်လေဟု ညွှန်ပြသောကြောင့် တောတိတာ သသ္မိံနာသုသုတ်ဖြင့် သဝိဘတ်နှင့်တကွ န္တ ကို တော ပြု, ဂစ္ဆတော ပြီး၏။
ဗြဟ္မတ္တသခ ရာဇာဒိတော- ဗြဟ္မ အတ္တ သခ ရာဇ အစရှိသော သဒ္ဒါတို့မှ၊ ပရံ- နောက်ဖြစ်သော၊ အံ- အံဝိဘတ်သည်၊ အာနံ- အာနံ အပြု သည်၊ ဟောတိ- ဖြစ်၏။ ဗြဟ္မာနံ, အတ္တာနံ, သခါနံ, ရာဇာနံ စသည်တည်း။
၁၃၇။ ဗြဟ္မာနံ-ဗြဟ္မာကို၊ အတ္တာနံ-အတ္တကို၊ သခါနံ-မိတ်ဆွေကို၊ ရာဇာနံ-မင်းကို၊ အံဝိဘတ်ဖြစ်၍ “ကို”ဟု အနက်ဆိုရသည်၊ ရာဇာဒိတော ၌ အာဒိဖြင့် အာတုမ သဒ္ဒါကို ယူကြ၏၊ အာတုမာနံ - ကိုယ်ကို။
ဗြဟ္မာနံကို “ဗြဟ္မ”လိန်တည်၊ အံဝိဘတ်သက်, ဗြဟ္မတ္တသခရာဇာဒိ တော အမာနံ သုတ်ဖြင့် အံဝိဘတ်ကို -ါနံ ပြု, ဟ္မ ခွင်း, ချေ, ကပ်, ဗြဟ္မာနံ ပြီး၏။ [အတ္တာနံ၊ အတ္တ, သခါနံ= သခ, ရာဇာနံ= ရာဇ, အာတုမာနံ= အာတုမ တည်၍ တွက်လေ။]
ဗြဟ္မတ္တသခရာဇာဒိတော- တို့မှ၊ ပရံ- သော၊ သိ- သိဝိဘတ်သည်၊ အာ- အာ အပြုသည်၊ ဟောတိ စ- ဖြစ်သည်သာတည်း။ ဗြဟ္မာ, အတ္တာ, သခါ, ရာဇာ စသည်တည်း။
၁၃၈။ [ဗြဟ္မာ-ဗြဟ္မာသည် စသည်ဖြင့် အနက်ဆိုပါ၊ သျာကို “သိ+ အာ”ဟု ဖြတ်။] အတ္တာကို “အတ္တ”လိန်တည်၊ သိသက်, သျာစ သုတ်ဖြင့် သိကို -ါ ပြု, တ္တ်ခွင်း, ချေ, ကပ်, ပြီး၏။ [ဗြဟ္မာ စသည်ကိုလည်း တွက်၊၊]
ဗြဟ္မတ္တသခရာဇာဒိတော- တို့မှ၊ ပရေသံ- ကုန်သော၊ ယောနံ- ယောဝိဘတ်တို့၏၊ အာနော- အာနော အပြုသည်၊ ဟောတိ- ဖြစ်၏။ ဗြဟ္မာနော, အတ္တာနော, သခါနော, ရာဇာနော, အာတုမာနော ဟူသည်တည်း။
၁၃၉။ [ဗြဟ္မာနော-ဗြဟ္မာတို့သည်, တို့ကို စသည်ဖြင့် အနက်ဆို။] ရာဇာနောကို “ရာဇ” လိန်တည်၊ ယော ဝိဘတ်သက်, ယောန.မာနော သုတ်ဖြင့် ယောဝိဘတ်ကို -ါနော ပြု, ဇ် ခွင်း, ချေ, ပြီး၏။ [ဗြဟ္မာနော စသည်ကိုလည်း တွက်၊၊]
သခတော စ- သခသဒ္ဒါ မှကား၊ ပရေသံ- ကုန်သော၊ ယောနံ- တို့၏၊ အာယောနော- အာယောအပြု, နောအပြုတို့သည်၊ ဟောန္တိ- ကုန်၏။ သခါယော, သခိနော ဟူသည်တည်း။
၁၄၀။ [သခါယော, သခိနော - မိတ်ဆွေတို့သည်, တို့ကို။]
သခါယောကို “သခ”လိန်တည်၊ ယောသက်, သခတော စာ.ယောနော သုတ်ဖြင့် ယောဝိဘတ်ကို -ါယော ပြု, ခ် ခွင်း, ချေ, ကပ်, သခါယော ပြီး၏။ [သခိနောကို သခန္တဿိ နောနာနံသေသု သုတ်ကျမှ တွက်။]
သခတော- သခသဒ္ဒါမှ၊ ပရံ- နောက်ဖြစ်သော၊ သ္မိံ- သ္မိံဝိဘတ်သည်၊ ဧ- ဧအပြုသည်၊ ဟောတိ- ဖြစ်၏။ သခေ ဟူသည်တည်း။
၁၄၁။ [သခေ-မိတ်ဆွေ၌။] သခေကို “သခ”လိန်တည်၊ သ္မိံသက်, သ္မိမေသုတ်ဖြင့် သ္မိံကို ေ- ပြု, ခ် ခွင်း, ချေ, ကပ်, သခေ ပြီး၏။
ဗြဟ္မတော- ဗြဟ္မသဒ္ဒါမှ၊ ပရဿ- နောက်ဖြစ်သော၊ ဂဿ စ- ဂသိ၏လည်း၊ ဧ- ဧ အပြု သည်၊ ဟောတိ- ဖြစ်၏။ ဟေ ဗြဟ္မေ ဟူသည်တည်း။
၁၄၂။ [ဟေ ဗြဟ္မေ-အိုဗြဟ္မာ။] ဗြဟ္မေကို “ဗြဟ္မ”လိန်တည်၊ အိုဟူ၍ ၊ပေ၊ သိဝိဘတ်သက်, အာလုပ် သိကို ဂအမည်မှည့်, ဗြဟ္မတော ဂဿစ သုတ်ဖြင့် ဂ သိကို ေ- ပြု, ဟ္မ ခွင်း, ချေ, ကပ်, ဗြဟ္မေ ပြီး၏။
နောနာနံသေသု- နော အပြု, နာ ဝိဘတ်, နံ ဝိဘတ်, သ ဝိဘတ်တို့ကြောင့်၊ သခန္တဿ- သခသဒ္ဒါ၏အဆုံး အ၏၊ ဣ- ဣအပြုသည်၊ ဟောတိ- ဖြစ်၏။ သခိနော, သခိနာ, သခီနံ, သခိဿ ဟူသည်တည်း။
၁၄၃။ [သခိနော-တို့သည်, တို့ကို သခိနာ-ဖြင့်၊ သခီနံ-တို့အား, တို့၏၊ သခိဿ-အား, ၏။] သခိနောကို “သခ”လိန်တည်၊ ယောဝိဘတ်သက်, သခတော စာယောနောသုတ်ဖြင့် ယောဝိဘတ်ကို နောပြု, သခန္တဿိ နောနာနံသေသုသုတ်ဖြင့် သခ၏အဆုံး ၊ ကို -ိ ပြု, ပြီး၏။
သခိနာ၌ နာဝိဘတ်သက်၍ ဤသုတ်ဖြင့် သခ၏ အဆုံး ၊ ကို -ိ ပြု၊ သခီနံ၌ သခ၏ အဆုံး ၊ ကို -ိပြုပြီးနောက် -ိ ကို -ီ ဒီဃပြု၊ သခိဿ၌ သ သက်, ၊ ကို -ိ ပြု, သ် လာ။
ဟိမှိ- ဟိ ဝိဘတ်ကြောင့်၊ သခန္တဿ- သခ၏ အဆုံး အ ၏၊ အာရော- အာရ အပြုသည်၊ ဝါ- ဝိကပ်အားဖြင့်၊ ဟောတိ- ၏။ သခါရေဟိ စသည်တည်း။
၁၄၄။ [သခါရေဟိ-မိတ်ဆွေတို့ဖြင့်, တို့မှ။] သခါရေဟိကို “သခ” လိန်တည်၊ ဟိဝိဘတ် သက်, အာရော ဟိမှိ ဝါသုတ်ဖြင့် ဟိဝိဘတ်ကြောင့် သခ၏ အဆုံး ၊ ကို -ါရ ပြု (သခါရဟိ), ရ် ခွင်း, သုဟိသွကာရော ဧ သုတ်ဖြင့် ၊ ကို ေ- ပြု, ရ် ကို ေ- သို့ ကပ်, သခါရေဟိ ပြီး၏။
သုန.မံသု- သုဝိဘတ်, နံဝိဘတ်, အံဝိဘတ်တို့ကြောင့်၊ သခန္တဿ- သခ၏ အဆုံးအ၏၊ အာရော- အာရ အပြုသည်၊ ဝါ- ဝိကပ်အားဖြင့်၊ ဟောတိ- ဖြစ်၏။ သခါရေသု, သခါရာနံ, သခါရံ ဟူသည်တည်း။
၁၄၅။ [သခါရေသု-မိတ်ဆွေတို့၌၊ သခါရာနံ-မိတ်ဆွေတို့အား, တို့၏၊ သခါရံ-မိတ်ဆွေကို။]
သခါရေသုကို “သခ”လိန်တည်၊ သု သက်, သုန.မံသု ဝါသုတ်ဖြင့် သခ၏ အဆုံး ၊ ကို -ါရ ပြု (သခါရသု), ရ် ခွင်း, သုဟိသွကာရော ဧ သုတ်ဖြင့် ၊ ကို ေ- ပြု, ရ် ကို ေ- သို့ ကပ်, ပြီး၏။ [သခါရာနံ၌ ၊ ကို -ါရ ပြု၍ သုနံဟိ သု စသုတ်ဖြင့် ရ ၏ အဆုံး ၊ ကို -ါ ပြု၊ သခါရံကား -ံ ဝိဘတ်ကြောင့် ၊ ကို -ါရ ပြု၍ ရ် ခွင်း, ချေ, ကပ်။]
ဗြဟ္မတောတု- ဗြဟ္မသဒ္ဒါမှ လည်း၊ ပရံ- နောက်ဖြစ်သော၊ သ္မိံ- သ္မိံဝိဘတ်သည်၊ နိ- နိအပြု သည်၊ ဟောတိ- ဖြစ်၏။ ဗြဟ္မနိ ဟူသည်တည်း။ တုသဒ္ဒါဖြင့်… ကမ္မ, စမ္မ, မုဒ္ဓ, အဒ္ဓ စသော သဒ္ဒါတို့နောင် သ္မိံဝိဘတ်၏ နိ အပြုကို ဆည်း၍ ကမ္မနိ, စမ္မနိ, မုဒ္ဓနိ, အဒ္ဓနိ ဟု ဖြစ်၏။
၁၄၆။ [ဗြဟ္မနိ-ဗြဟ္မာ၌၊ ကမ္မနိ-အမှု၌၊ စမ္မနိ-အရေ၌၊ မုဒ္ဓနိ-ဦးထိပ်၌၊ အဒ္ဓနိ-အဓွန့်၌။] ဗြဟ္မနိကို “ဗြဟ္မ”လိန်တည်၊ သ္မိံသက်, ဗြဟ္မတောတု သ္မိံနိ သုတ်ဖြင့် သ္မိံဝိဘတ်ကို နိ ပြု, ဗြဟ္မနိ ပြီး၏။
ကမ္မနိကို “ကမ္မ”လိန်တည်၊ သ္မိံသက်, ဗြဟ္မတောတု သ္မိံနိသုတ်၌ တုသဒ္ဒါဖြင့် သ္မိံဝိဘတ်ကို နိ ပြု, ကမ္မနိ ပြီး၏။ [စမ္မနိကို “စမ္မ”တည်၊ မုဒ္ဓနိကို “မုဒ္ဓ”တည်၊ အဒ္ဓနိကို အဒ္ဓ တည်။]
သနာသု- သဝိဘတ်, နာဝိဘတ်တို့ ကြောင့်၊ ဗြဟ္မဿ- ဗြဟ္မသဒ္ဒါ၏၊ အန္တော- အဆုံး အ သည်၊ ဥတ္တံ- ဥ အဖြစ်သို့၊ အာပဇ္ဇတေ- ရောက်၏။ ဗြဟ္မုနော, ဗြဟ္မုနာ ဟူသည်တည်း။ သနာသုကို ဖြုတ်၍ “ဥတ္တံ”ဟူသော ဒွိဓာကရဏ ယောဂဝိဘာဂဖြင့် နံ ဝိဘတ်ကြောင့် ဗြဟ္မ၏ အဆုံး အ ကို ဥ ပြု၍ ဗြဟ္မုနံ ဟု ဖြစ်သေး၏။
၁၄၇။ [ဗြဟ္မုနော-ဗြဟ္မာအား, ၏၊ ဗြဟ္မုနာ-ဗြဟ္မာဖြင့်, မှ၊ ဗြဟ္မုနံဗြဟ္မာတို့အား, တို့၏။] ဗြဟ္မုနောကို “ဗြဟ္မ”လိန်တည်၊ သသက်, ဥတ္တံ သနာသုသုတ်ဖြင့် ဗြဟ္မ၏ အဆုံး ၊ ကို ု ပြု (ဗြဟ္မုသ), ဣဝဏ္ဏုဝဏ္ဏာ ဈလာသုတ်ဖြင့် ု ကို လအမည်မှည့်, ဈလတော သဿ နော ဝါသုတ်ဖြင့် သဝိဘတ်ကို နော ပြု, ဗြဟ္မုနော ပြီး၏။
ဗြဟ္မုနာ၌ နာဝိဘတ်သက်, ဤသုတ်ဖြင့် ဗြဟ္မ၏ အဆုံး ၊ ကို ု ပြု၊ သ္မာဝိဘတ်ဖြင့် ဗြဟ္မုနာကို ဈလတော စသုတ်ဖြင့် ပြီးလတ္တံ့၊ ဗြဟ္မုနံကို “ဗြဟ္မ”တည်၊ နံသက်, ဥတ္တံ သနာသုသုတ်ဖြင့် ဥတ္တံဟူသော ဒွိဓာကရဏ ယောဂဝိဘာဂဖြင့် ၊ ကို ု ပြု, ဗြဟ္မုနံ ပြီး၏။
သိသ္မိံ- သိဝိဘတ်ကြောင့်၊ သတ္ထုပိတာ.ဒီနံ- သတ္ထု, ပိတု အစရှိသောသဒ္ဒါ တို့၏၊ အန္တော- အဆုံး ဥ သည်၊ အာ- အာ အပြုသည်၊ ဟောတိ- ဖြစ်၏။ သိလောပေါ စ- သိဝိဘတ်၏ ကျေခြင်းသည်လည်း၊ ဟောတိ- ဖြစ်၏။ သတ္ထာ, ပိတာ စသည်တည်း။
၁၄၈။ [သတ္ထာ-ဆရာ(ဘုရား)သည်၊ ပိတာ-အဘသည်။] သတ္ထု ပိတု စသော သတ္ထာဒိဂိုဏ်းလာ သဒ္ဒါတို့၏ အဆုံး ၊ ကို -ါ ပြုပြီးလျှင် သိဝိဘတ် ကိုလည်း ချေသောသုတ်တည်း။ [ဤသုတ်က စသဒ္ဒါ၏ သမ္ပိဏ္ဍနသဘော ကို သန္ဓိနောက်ဆက်တွဲ ပြန်ကြည့်။]
သတ္ထာကို “သတ္ထု”လိန်တည်၊ သိသက်, သတ္ထုပိတာဒီနမာ သိသ္မိံ သိလောပေါ စသုတ်ဖြင့် သတ္ထု၏ အဆုံး ု ကို -ါ ပြု, သိကိုလည်း ချေ, သတ္ထာ ပြီး၏။ [ပိတာကို “ပိတု”လိန်တည်၍ တွက်။]
အညေသု- သိမှ တစ်ပါးသော ဝိဘတ်တို့ကြောင့်၊ သတ္ထုပိတာဒီနံ- သတ္ထု, ပိတု အစရှိသောသဒ္ဒါ တို့၏၊ အန္တော- အဆုံး ဥ သည်၊ အာရတ္တံ- အာရ အဖြစ်သို့၊ အာပဇ္ဇတေ- ရောက်၏။ သတ္ထာရံ, ပိတရံ စသည်တည်း။
၁၄၉။ [သတ္ထာရံ-ဆရာကို၊ ပိတရံ-အဘကို။] သိဝိဘတ်မှတစ်ပါးသော ဝိဘတ်များကြောင့် သတ္ထု ပိတု စသော သဒ္ဒါတို့၏ အဆုံး ၊ ကို -ါရ ပြု သော သုတ်တည်း၊ သို့သော် အချို့ဝိဘတ်များ၌ သီးခြားစီရင်မည့်သုတ် ရှိသောကြောင့် ဝိဘတ်တိုင်းမှာ အမြဲစီရင်မည် မဟုတ်။
သတ္ထာရံကို “သတ္ထု”လိန်တည်၊ -ံ ဝိဘတ်သက်, အညေသွာ.ရတ္တံသုတ် ဖြင့် သတ္ထု၏ အဆုံး ု ကို -ါရ ပြု (သတ္ထာရ -ံ ), ရ် ခွင်း, ချေ, ကပ်, သတ္ထာရံ ပြီး၏။ [ပိတရံကို ပိတာဒီနမသိမှိသုတ်ကျမှ တွက်။]
နံမှိ- နံဝိဘတ်ကြောင့်၊ သတ္ထုပိတာဒီနံ- သတ္ထု, ပိတု အစရှိသောသဒ္ဒါတို့၏၊ အန္တော- အဆုံး ဥ သည်၊ အာရတ္တံ- အာရ အဖြစ်သို့၊ ဝါ- ဝိကပ်အားဖြင့်၊ အာပဇ္ဇတေ- ရောက်၏။ သတ္ထာရာနံ, သတ္ထာနံ စသည်တည်း။
၁၅၀။ [သတ္ထာရာနံ, သတ္ထာနံ-ဆရာတို့အား, တို့၏။] ဤသုတ်ကား နံ ဝိဘတ်နှောင်းရာ၌ အာရ အပြု မမြဲကြောင်းကို ပြသောသုတ်တည်း၊ ထို့ကြောင့် ဝါ နံမှိသုတ်က အာရပြု၍ “သတ္ထာရာနံ”ဟုလည်းကောင်း, အာရ မပြုဘဲ နောက်သုတ်ဖြင့် ဥ ကို (အ)ပြု၍ သတ္ထာနံ ဟုလည်းကောင်း ရှိနိုင်သည်။
သတ္ထာရာနံကို “သတ္ထု”လိန်တည်၊ နံ ဝိဘတ်သက်, ဝါ နံမှိသုတ်ဖြင့် သတ္ထု၏ အဆုံး ု ကို -ါရ ပြု (သတ္ထာရ နံ), ရ် ခွင်း, သုနံဟိသု စသုတ်ဖြင့် ရ ၏ အဆုံး ၊ ကို -ါ ဒီဃပြု, ရ် ကို -ါ သို့ ကပ်, ပြီး၏။
နံမှိ- နံဝိဘတ်ကြောင့်၊ သတ္ထုနံ စ- သတ္ထုသဒ္ဒါတို့၏လည်းကောင်း၊ ပိတာဒီနံ စ- ပိတုသဒ္ဒါတို့၏ လည်းကောင်း၊ အန္တော- အဆုံး ဥ သည်၊ အတ္တံ- အ အဖြစ်သို့၊ အာပဇ္ဇတေ- ရောက်၏။ သတ္ထာနံ, ပိတာနံ စသည်တည်း။
၁၅၁။ [သတ္ထာနံ-ဆရာတို့အား, တို့၏၊ သတ္ထုနတ္တဉ္စကို “သတ္ထုနံ+ အတ္တဉ္စ”ဟု ပုဒ်ဖြတ်။] သတ္ထာနံကို “သတ္ထု”လိန်တည်၊ နံ ဝိဘတ်သက်, သတ္ထုနတ္တဉ္စသုတ်ဖြင့် သတ္ထု၏ အဆုံး ု ကို ၊ ပြု (သတ္ထ နံ), တ္ထ် ခွင်း, သုနံဟိသု စသုတ်ဖြင့် တ္ထ ၏ အဆုံး ၊ ကို -ါ ဒီဃပြု, တ္ထ် ကို -ါ သို့ ကပ်, သတ္ထာနံ ပြီး၏။ [ပိတာနံ ကိုလည်း “ပိတု”တည်၍ ရုပ်တွက်လေ။]
သသ္မိံ- သဝိဘတ်ကြောင့်၊ သတ္ထုပိတာဒီနံ- သတ္ထု ပိတု အစရှိသောသဒ္ဒါတို့၏၊ အန္တော- အဆုံး ဥ သည်၊ ဝါ- ဝိကပ်အားဖြင့်၊ ဥ- ဥ အပြုသည်၊ ဟောတိ- ၏။ သလောပေါ စ- သဝိဘတ်၏ကျေခြင်းသည်လည်း၊ ဟောတိ- ဖြစ်၏။ သတ္ထု, ပိတု, သတ္ထုဿ, ပိတုဿ, သတ္ထုနော, ပိတုနော စသည်တည်း။
၁၅၂။ [သတ္ထု, သတ္ထုနော, သတ္ထုဿ-ဆရာအား, ၏၊ ပိတု, ပိတုနော, ပိတုဿ-အဘအား, ၏။] ဤသုတ်က စသဒ္ဒါလည်း သမ္ပိဏ္ဍနအနက် ရှိ၏။
ဥ ကို ဥ ထပ်ပြုရကျိုး။ ။ ဥ ကို ဥ ထပ်ပြုရခြင်းသည် အညေသွာ ရတ္တံသုတ်ဖြင့် အာရ အပြုကို တားမြစ်ခြင်းအကျိုးရှိ၏၊ ဝါ နံမှိသုတ်မှ လိုက်လာသော ဝါသဒ္ဒါကြောင့် ဥ ကို အမြဲ ဥ ထပ်မပြုဘဲ “သတ္ထုဿ သတ္ထုနော”စသော ရုပ်များလည်း ရှိသေးသည်။
[ဆောင်] သ ဝိဘတ်တွေ, နှောင်းပချေသော်, အညေသွာရ, သုတ်အရ၏,အာရပြုကို, တားမြစ်လို, ဥကို ဥထပ်ပြု။
ရုပ်တွက်။ ။ သတ္ထုကို “သတ္ထု”လိန်တည်၊ သဝိဘတ်သက်, ဥသသ္မိံ သလောပေါ စသုတ်ဖြင့် သတ္ထု၏ အဆုံး ု ကို ု ပြု, သဝိဘတ်ကိုလည်း ချေ, သတ္ထု ပြီး၏။
သတ္ထုဿ၌ သဝိဘတ်သက်, သ လာရုံသာ၊ သတ္ထုနော၌ သ သက်, ု ကို လမှည့်, ဈလတော သဿ နော ဝါသုတ်ဖြင့် သ ဝိဘတ်ကို နောပြု, ပြီး၏။ [ပိတု ပိတုဿ ပိတုနောကိုလည်း ရုပ်တွက်။]
သကမန္ဓာတာ.ဒီနဉ္စ- သက မန္ဓာတု အစရှိသော သဒ္ဒါတို့၏လည်း၊ အန္တော- အဆုံး ဥ သည်၊ ဥ- ဥ အပြုသည်၊ ဟောတိ- ဖြစ်၏။ သလောပေါစ- သည်လည်း၊ ဟောတိ- ဖြစ်၏။ သကမန္ဓာတု, မန္ဓာတု စသည်တည်း။
၁၅၃။ [သကမန္ဓာတု-မန္ဓာတ်မင်းအလား ကြီးမားသော စည်းစိမ်ရှိ သော သကမင်းအား, ၏၊ မန္ဓာတု-မန္ဓာတ်စကြာမင်းအား, ၏။]
သကမန္ဓာတု စသော ပုံစံများ၌ အမြဲ ဥ ပြုခြင်းငှာ ဤသုတ်ကို ဆိုရသတဲ့၊ ထို့ကြောင့် သကမန္ဓာတုဿ, သကမန္ဓာတုနော ဟု မရှိရ။
ရုပ်တွက်။ ။ သကမန္ဓာတုကို “သကမန္ဓာတု”လိန်တည်၊ သသက်, သကမန္ဓာတာဒီနဉ္စသုတ်ဖြင့် သကမန္ဓာတုသဒ္ဒါ၏ အဆုံး ု ကို ု ပြု, သဝိဘတ်ကိုလည်း ချေ, သကမန္ဓာတု ပြီး၏။ [မန္ဓာတုကိုလည်း တွက်၊၊]
တတောတု- ထို အာရ အပြုမှလည်း၊ ပရေသံ- နောက်ဖြစ်ကုန်သော၊ ယောနံ- ယော ဝိဘတ်တို့၏၊ သြ- သြအပြုသည်၊ ဟောတိ- ဖြစ်၏။ သတ္ထာရော, ပိတရော စသည်တည်း။ တုသဒ္ဒါဖြင့် တစ်ပါးသော သဒ္ဒါနောင် ယောဝိဘတ်၏ သြ အပြုကို ဆည်း၍ ဂါဝေါ, ဥဘော, စတုရော ရုပ်များလည်း ရှိသေး၏။
၁၅၄။ [သတ္ထာရော-ဆရာတို့သည်, တို့ကို၊ ပိတရော-အဘတို့သည်, တို့ကို၊ ဂါဝေါ-နွားတို့သည်, တို့ကို၊ ဥဘော-၂ ယောက်တို့သည်, တို့ကို၊ စတုရော-၄ ယောက်တို့သည်, တို့ကို။]
ရုပ်တွက်။ ။ သတ္ထာရောကို “သတ္ထု” လိန်တည်၊ ယော သက်, အညေ သွာရတ္တံသုတ်ဖြင့် သတ္ထု၏အဆုံး ု ကို -ါရ ပြု (သတ္ထာရယော), တတော ယောနမော တု သုတ်ဖြင့် ယောဝိဘတ်ကို ေ -ါ ပြု, ရ် ခွင်း, ချေ, ကပ်, သတ္ထာရော ပြီး၏။ [ပိတရောကို ပိတာဒီနမသိမှိ သုတ်ကျမှ ရုပ်တွက်၊ ဂါဝေါ ကို ယောသု စ သုတ်၌ တွက်ခဲ့ပြီ။]
ဥဘောကို “ဥဘ”လိန်တည်၊ ယောသက်, တတော ယောနမော တု သုတ်၌ တုသဒ္ဒါဖြင့် ယောကို ေ-ါ ပြု, ဘ် ခွင်း, ချေ, ကပ်, ဥဘော ပြီး၏။
စတုရောကို “စတု”လိန်တည်၊ ယောသက်, သြ သရေ စသုတ်၌ စသဒ္ဒါဖြင့် စတုသဒ္ဒါ၏ အဆုံး ု ကို ုရ ပြု, တတော ယောနမော တု သုတ်၌ တုသဒ္ဒါဖြင့် ယောဝိဘတ်ကို ေ-ါ ပြု, ရ် ခွင်း, ချေ, ကပ်, စတုရော ပြီး၏။
တတော- ထိုအာရ အပြုမှ၊ ပရံ- နောက်ဖြစ်သော၊ သ္မိံ- သ္မိံ ဝိဘတ်သည်၊ ဣ- ဣ အပြုသည်၊ ဟောတိ- ဖြစ်၏။ သတ္ထရိ စသည်တည်း။ တတောသဒ္ဒါပိုဖြင့် အာရ အပြုမှတစ်ပါး အခြားသဒ္ဒါနောင် သ္မိံဝိဘတ်ကို ဣ ပြု၍ ဘုဝိ, ဒိဝိ စသည် ဖြစ်သေး၏။
၁၅၅။ [သတ္ထရိ-ဆရာ၌၊ ဘုဝိ-မြေ၌၊ ဒိဝိ-နတ်ပြည်၌။] ရှေ့သုတ်မှ တတောသဒ္ဒါ အလိုက်ခံ၍ “သ္မိမိ”ဟု ဆိုလျှင် ပြီးလောက်လျက် “တတော သ္မိမိ”ဟု ဆိုသောကြောင့် “တတော”သဒ္ဒါ ပိုသည် ဟူလို၊ သတ္ထရိကို နောက်မှ ရုပ်တွက်။
ဘုဝိကို “ဘူ”လိန်တည်၊ သ္မိံသက်, သြ သရေ စသုတ်၌ စသဒ္ဒါဖြင့် ဘူသဒ္ဒါ၏ ူ ကို ု ဝ ပြု (ဘုဝသ္မိံ), တတော သ္မိမိသုတ်၌ တတော သဒ္ဒါပိုဖြင့် သ္မိံဝိဘတ်ကို -ိ ပြု, ဝ် ခွင်း, ချေ, ကပ်, ဘုဝိ ပြီး၏။ [ဒိဝိ ကို “ဒိဝ” တည်။]
တတော- ထို အာရ အပြုမှ၊ ပရံ- နောက် ဖြစ်သော၊ နာ- နာဝိဘတ်သည်၊ အာ- အာ အပြုသည်၊ ဟောတိ- ဖြစ်၏။ သတ္ထာရာ စသည်တည်း။
၁၅၆။ [သတ္ထာရာ-ဆရာဖြင့်။] သတ္ထာရာကို “သတ္ထု”လိန်တည်၊ နာ ဝိဘတ်သက်, အညေသွာရတ္တံသုတ်ဖြင့် သတ္ထု၏ အဆုံး ု ကို -ါရ ပြု (သတ္ထာရနာ), နာ အာသုတ်ဖြင့် နာဝိဘတ်ကို -ါ ပြု, ရ် ခွင်း, ချေ, ကပ်, ပြီး၏။
ယောဂဝိဘာဂ။ ။ [တတော ယောနမော တုသုတ်မှ လိုက်လာ သော တတောသဒ္ဒါကို ကြဉ်၍ “နာ အာ”ဟူသော ဝိနာဓိကာရယောဂ ဝိဘာဂဖြင့် အခြားသဒ္ဒါနောင် နာဝိဘတ်ကို အာပြု၍ “အတ္ထဝသာအနက်၏အစွမ်းဖြင့်”စသော ရုပ်များ ဖြစ်နိုင်သေး၏။]
ဣကာရေ- ဣအက္ခရာ ကြောင့်၊ အာရော- အာရ အပြု၏ အာ သည်၊ ရဿံ- ရဿ အဖြစ်သို့၊ အာပဇ္ဇတေ- ရောက်၏။ သတ္ထရိ စသည်တည်း။
၁၅၇။ ဤသုတ်ကား “အညေသွာရတ္တံ”သုတ်ဖြင့် အာရပြု၍ တတော သ္မိမိသုတ်က သ္မိံကို -ိ ပြုပြီးနောက် ထိုဣအက္ခရာကြောင့် -ါရ၏ -ါ ကို ရဿပြုသော သုတ်တည်း။
သတ္ထရိကို “သတ္ထု”လိန်တည်၊ သ္မိံဝိဘတ်သက်, အညေသွာရတ္တံ သုတ်ဖြင့် သ္မိံဝိဘတ်ကြောင့် သတ္ထု၏အဆုံး ု ကို -ါရ ပြု, တတော သ္မိမိ သုတ်ဖြင့် -ါရ အပြုမှ နောက်ဖြစ်သော သ္မိံကို -ိ ပြု (သတ္ထာရ -ိ), အာရော ရဿမိကာရေသုတ်ဖြင့် -ါရ၏ -ါ ကို ၊ ရဿပြု (သတ္ထရ -ိ), ရ် ခွင်း, ချေ, ကပ်, သတ္ထရိ ပြီး၏။
အသိမှိ- သိမှ တစ်ပါးသော ဝိဘတ်ကြောင့်၊ ပိတာဒီနံ- ပိတု အစရှိသောသဒ္ဒါတို့၏၊ အာရော- အာရ အပြု၏ အာသည်၊ ရဿံ- ရဿ အဖြစ်သို့၊ အာပဇ္ဇတေ- ရောက်၏။ ပိတရံ, ပိတရော စသည်တည်း။
၁၅၈။ [ပိတရံ-ကို၊ ပိတရော-တို့သည်, တို့ကို။] ပိတရံကို “ပိတု” လိန်တည်၊ -ံ ဝိဘတ်သက်, အညေသွာရတ္တံသုတ်ဖြင့် ပိတုသဒ္ဒါ၏ အဆုံး ု ကို -ါရ ပြု, ပိတာဒီနမသိမှိသုတ်ဖြင့် -ါရ အပြု၏ -ါ ကို ၊ ရဿပြု, ရ် ခွင်း, ချေ, ကပ်, ပိတရံ ပြီး၏။
ပိတရောကို “ပိတု” လိန်တည်၊ ယော သက်, အာရ ပြု, ဤသုတ်ဖြင့် ၊ ရဿပြု, တတော ယောနမော တုသုတ်ဖြင့် ယောဝိဘတ်ကို ေ-ါ ပြု, ရ် ခွင်း, ချေ, ကပ်, ပိတရော ပြီး၏။ [ပိတရိ (အဘ၌) စသည်ကိုလည်း ါရ ပြု, (အ)ရဿ ပြုပြီးနောက် တတော သ္မိမိသုတ်ဖြင့် စီရင်လေ။]
အသိမှိ ပို။ ။ အသိမှိ သဒ္ဒါပိုဖြင့် တောပစ္စည်း နှောင်းရာ၌ ပိတု စသည်၏ အဆုံး ု ကို -ိ ပြု၍ ပိတိတော စသည်ဖြစ်၏။ ပိတိတော အဘမှ၊ [ကွစိတော ပဉ္စမျတ္ထေသုတ်ဖြင့် တောပစ္စည်း သက်ပြီးသည့်အခါ ဤရုပ်ကို အလိုလို နားလည်လတ္တံ့၊ အသိမှိသဒ္ဒါပိုပုံကား ကစ္စည်းဘာသာ ဋီကာမှာ ရှု။]
တယာ တယိနံ- တယာ အပြု, တယိ အပြုတို့၏၊ တကာရော- တအက္ခရာ သည်၊ တွတ္တံ- တွ အဖြစ်သို့ ဝါ- ဝိကပ်အားဖြင့်၊ အာပဇ္ဇတေ- ရောက်၏။ တွယာ, တွယိ ဟူသည်တည်း။
၁၅၉။ [တွယာ-သင်ဖြင့်၊ တွယိ-သင်၌။]
တွယာကို “တုမှ”လိန်တည်၊ နာသက်, နာမှိ တယာ မယာသုတ်ဖြင့် တုမှ သဒ္ဒါကို ဝိဘတ်နှင့်တကွ တယာ ပြု, တယာတယိနံ တကာရော တွတ္တံ ဝါသုတ်ဖြင့် တယာ အပြု၏ တကို တွ ပြု, တွယာ ပြီး၏။ [တွယိ၌ တုမှာ.မှာကံ တယိမယိသုတ်ဖြင့် သ္မိံဝိဘတ်နှင့်တကွ တုမှသဒ္ဒါကို တယိ ပြုပြီးနောက် ဤသုတ်ဖြင့် တယိ အပြု၏ တ ကို တွ ပြုလေ။]
နာမကပ္ပေ- ၌၊ တတိယော- သော၊ ကဏ္ဍော- သည်၊ ဣတိ- ပြီးပြီ။
လေ့ကျင့်ခန်းမေးခွန်း (က) နေတာဟိ သ္မိမာယယာသုတ်သည် ဘယ်သုတ်ကို တားမြစ် သနည်း။
( ခ ) ဗြဟ္မတောတု သ္မိံနိသုတ်၌ တုသဒ္ဒါ၏ အကျိုးကို ပြပါ။
( ဂ ) ဗြဟ္မုနံကို နံဝိဘတ်ဖြင့် အဘယ်သို့ ရုပ်စီရင်ရမည်နည်း။ (ဃ) ဥ သသ္မိံ သ လောပေါ စသုတ်ဖြင့် ဥကို ဥထပ်ပြုရခြင်းသည်၊ ဘာအကျိုးရှိသနည်း။
( င ) သကမန္ဓာတာဒီနဉ္စသုတ်ကို ဆိုခြင်းသည် အဘယ် အကျိုး ရှိသနည်း။
( စ ) တတော ယောနမော တု၌ တုသဒ္ဒါဖြင့် အဘယ်ကို စီရင် သနည်း။
(ဆ) တတောသ္မိမိ၌ တတောသဒ္ဒါပိုဖြင့် အဘယ်ကို စီရင်သနည်း။
( ဇ ) နာ အာ ယောဂဝိဘာဂဖြင့် ရသင့်သော အကျိုးကို ပြပါ။
နာမ်တတိယခန်းပြီး၏။
ဟိသ္မိံ- ဟိဝိဘတ်ကြောင့်၊ အတ္တန္တော- အတ္တသဒ္ဒါ၏အဆုံး အသည်၊ အနတ္တံ- အနအဖြစ်သို့၊ အာပဇ္ဇတေ- ရောက်၏။ အတ္တနေဟိ ဟူသည်တည်း။ အနတ္တံ ဟူသော ဘာဝနိဒ္ဒေသဖြင့် သုဝိဘတ်ကြောင့် အတ္တ၏ အဆုံး အ ကို အန ပြု၍ “အတ္တနေသု”ဟု ဖြစ်သေး၏။
၁၆၀။ [အတ္တနေဟိ-မိမိတို့ဖြင့်, တို့မှ၊ အတ္တနေသု-မိမိတို့၌။]
အတ္တနေဟိကို “အတ္တ”လိန်တည်၊ ဟိသက်, အတ္တ.န္တော ဟိသ္မိ.မနတ္တံ သုတ်ဖြင့် အတ္တ၏အဆုံး ၊ ကို ၊ န ပြု (အတ္တနဟိ), န် ခွင်း, သုဟိသွ. ကာရော ဧသုတ်ဖြင့် န၏ အစိတ် ၊ ကို ေ- ပြု, န် ကို ေ- သို့ ကပ်, အတ္တနေဟိ ပြီး၏။ [အတ္တနေသု၌ အတ္တ.န္တော ဟိသ္မိ.မနတ္တံသုတ်၌ အနတ္တံ ဟူသော ဘာဝနိဒ္ဒေသဖြင့် အတ္တ၏ အဆုံး ၊ ကို ၊ န ပြုဟု ဆိုလေ။]
တတော- ထိုအတ္တသဒ္ဒါမှ၊ ပရံ- နောက်ဖြစ်သော၊ သ္မိံ- သ္မိံ ဝိဘတ်သည်၊ နိ- နိ အပြုသည်၊ ဟောတိ- ဖြစ်၏။ အတ္တနိ ဟူသည်တည်း။
၁၆၁။ [အတ္တနိ-မိမိ၌။] အတ္တနိကို “အတ္တ” လိန်တည်၊ သ္မိံ သက်, တတော သ္မိံနိသုတ်ဖြင့် သ္မိံဝိဘတ်ကို နိ ပြု, အတ္တနိ ပြီး၏။
တတော- ထိုအတ္တသဒ္ဒါမှ၊ ပရဿ- နောက်ဖြစ်သော၊ သဿ- သဝိဘတ်၏၊ နော- နော အပြုသည်၊ ဟောတိ- ဖြစ်၏။ အတ္တနော ဟူသည်တည်း။
၁၆၂။ [အတ္တနော-မိမိအား, ၏။] အတ္တနောကို “အတ္တ” လိန်တည်၊ သသက်, သဿ နောသုတ်ဖြင့် သဝိဘတ်ကို နော ပြု, အတ္တနော ပြီး၏။
တတော- ထိုအတ္တသဒ္ဒါမှ၊ ပရံ- နောက်ဖြစ်သော၊ သ္မာ- သ္မာ ဝိဘတ်သည်၊ နာ- နာ အပြုသည်၊ ဟောတိ- ဖြစ်၏။ အတ္တနာ ဟူသည်တည်း။
၁၆၃။ [အတ္တနာ-မိမိမှ။] အတ္တနာကို “အတ္တ”လိန်တည်၊ သ္မာသက်, သ္မာ နာသုတ်ဖြင့် သ္မာဝိဘတ်ကို နာပြု, အတ္တနာ ပြီး၏။ [သ္မာကို နာကဲ့သို့ ငဲ့လျှင် ပြီးနိုင်လျက် ဤသုတ်ပိုကို ဆိုရခြင်း အကျိုးကို ကစ္စည်းဘာသာ ဋီကာမှာ ရှု။]
ဈလတော စ- ဈ လတို့မှလည်း၊ ပရံ- နောက်ဖြစ်သော၊ သ္မာ- သ္မာ ဝိဘတ်သည်၊ နာ- နာ အပြု သည်၊ ဟောတိ- ဖြစ်၏။ အဂ္ဂိနာ, ဒဏ္ဍိနာ, ဘိက္ခုနာ, သယမ္ဘုနာ စသည်တည်း။
၁၆၄။ [အဂ္ဂိနာ-မီးမှ၊ ဒဏ္ဍိနာ-တုတ်ရှိသူမှ၊ ဘိက္ခုနာ-ရဟန်းမှ၊ သယမ္ဘုနာ-ဘုရားမှ။] ရှေ့နှစ်ရုပ်သည် ဈ အမည်ရှိသော ဣ ဤနောင် အစဉ်အတိုင်း ပုံစံတည်း၊ နောက်နှစ်ရုပ်ကား လ အမည်ရှိသော ဥ ဥုနောင် ပုံစံတည်း၊ ရုပ်တွက်ရာ၌ ဤသုတ်ကို မမြင်နိုင်ဘဲ ရှိတတ်၏၊ သတိပြုပါ။
ရုပ်တွက်။ ။ အဂ္ဂိနာကို “အဂ္ဂိ”လိန်တည်၊ သ္မာသက်, ဣဝဏ္ဏုဝဏ္ဏာ ဈလာသုတ်ဖြင့် -ိ ကို ဈ အမည်မှည့်, ဈလတော စသုတ်ဖြင့် သ္မာဝိဘတ် ကို နာ ပြု, အဂ္ဂိနာ ပြီး၏။
ဒဏ္ဍိနာကို “ဒဏ္ဍီ”လိန်တည်၊ သ္မာသက်, ဈမှည့်, အဃော ရဿမေက ဝစနယောသွပိ စသုတ်ဖြင့် -ီ ကို -ိ ရဿပြု, ဈလတော စသုတ်ဖြင့် သ္မာဝိဘတ်ကို နာ ပြု, ဒဏ္ဍိနာ ပြီး၏။ [ဘိက္ခုနာ၌ ု ကို လ မှည့်ရုံသာ၊ သယမ္ဘုနာ၌ “သယမ္ဘူ”တည်၊ ူ ကို လမှည့်, ရဿပြု၍ ရုပ်တွက်လေ။]
ဃပတော- ဃပတို့မှ၊ ပရံ- နောက်ဖြစ်သော၊ သ္မိံ- သ္မိံဝိဘတ်သည်၊ ယံ- ယံ အပြုသည်၊ ဝါ- ဝိကပ်အားဖြင့်၊ ဟောတိ- ဖြစ်၏။ ကညာယံ, ရတ္တိယံ, ဣတ္ထိယံ, ယာဂုယံ, ဝဓုယံ စသည်တည်း။
၁၆၅။ ဃ အမည်ရှိသော အာ, ပ အမည်ရှိသော ဣဝဏ် ဥဝဏ်နောင် သ္မိံကို ယံပြုသောသုတ်တည်း။ [ကညာယံ-သတို့သမီး၌၊ ရတ္တိယံ-ညဉ့်၌၊ ဣတ္ထိယံ-မိန်းမ၌၊ ယာဂုယံ-ယာဂု၌၊ ဝဓုယံ-ချွေးမ (မိန်းမ) ၌။]
ရုပ်တွက်။ ။ ကညာယံကို “ကညာ”လိန်တည်၊ သ္မိံသက်, အာ ဃော သုတ်ဖြင့် -ါ ကို ဃအမည်မှည့်, ဃပတော သ္မိံ ယံ ဝါသုတ်ဖြင့် သ္မိံဝိဘတ် ကို ယံ ပြု, ကညာယံ ပြီး၏။
ရတ္တိယံကို “ရတ္တိ”တည်၊ ယာဂုယံကို “ယာဂု”တည်, ဣ ဥကို ပမှည့်၍ သ္မိံ ကို ယံ ပြုရုံသာ၊ ဣတ္ထိယံကို “ဣတ္ထီ”တည်၊ ဝဓုယံကို “ဝဓူ”တည်, ပ မှည့်, အဃော ရဿ စသောသုတ်ဖြင့် ဤ ဥု ကို ရဿပြု၍ သ္မိံ ကို ယံ ပြုလေ။
နပုံသကေဟိ- နပုံလိန် တို့မှ၊ ပရေသံ- နောက်ဖြစ်ကုန်သော၊ ယောနံ- ယောဝိဘတ်တို့၏၊ နိ- နိ အပြုသည်၊ ဝါ- ဝိကပ်အားဖြင့်၊ ဟောတိ- ဖြစ်၏။ အဋ္ဌီနိ, သုခကာရီနိ စသည်တည်း။
၁၆၆။ [အဋ္ဌီနိ-အရိုးတို့သည်, တို့ကို၊ သုခကာရီနိ-ချမ်းသာကို ပြုလေ့ ရှိသော ဒါနတို့သည်, တို့ကို။] အဋ္ဌီနိကို “အဋ္ဌိ”လိန်တည်၊ ယောသက်, ယောနံ နိ နပုံသကေဟိသုတ်ဖြင့် ယောဝိဘတ်ကို နိ ပြု, ယောသု ကတ နိကာရလောပေသု ဒီဃံ သုတ်ဖြင့် -ိ ကို -ီ ဒီဃ ပြု, အဋ္ဌီနိ ပြီး၏။ [သုခကာရီနိကို “သုခကာရီ”တည်, ယောဝိဘတ်ကို နိ ပြုရုံသာ။]
အတော- နပုံလိန် အကာရ န္တမှ၊ ပရေသံ- နောက်ဖြစ်ကုန်သော၊ ယောနံ- ယောဝိဘတ်တို့၏၊ နိ- နိ အပြုသည်၊ နိစ္စံ- အမြဲ၊ ဟောတိ- ဖြစ်၏။ ယာနိ, စိတ္တာနိ စသည်တည်း။
၁၆၇။ ရှေ့သုတ်က ယော ကို နိ ပြုသော်လည်း ဝိကပ်အားဖြင့်သာ (ရံခါ) ပြုသည်၊ သို့အတွက် နပုံလိန် အကာရ န္တနောင် ယော ကို အမြဲ နိ ပြုဖို့ရန် ဤသုတ်ကို အားထုတ်ရပြန်သည်၊ အတော နိစ္စံသုတ်က အကာရ န္တ နောင် အမြဲ နိ ပြု၍ ယောနံ နိ နပုံသကေဟိသုတ်က ဣ ဤ, ဥ ဥု, သြ ကာရန် ၅ မျိုးနောင် ရံခါ နိပြုသည်ဟု ခွဲခြားပါ။ [ယာနိ စိတ္တာနိ-အကြင် စိတ်တို့သည်။]
ရုပ်တွက်။ ။ ယာနိကို “ယ”တည်၊ ယောသက်, အတော နိစ္စံသုတ်ဖြင့် ယောကို နိပြု, ယ် ခွင်း (ယ် ၊ နိ), ယောသု ကတနိကာရလောပေသု ဒီဃံ သုတ်ဖြင့် ရှေ့ ၊ သရကို -ါ ဒီဃပြု, ယ်ကို -ါ သို့ ကပ်, ယာနိ ပြီး၏။ [စိတ္တာနိကို “စိတ္တ” တည်။]
အတော- နပုံလိန် အကာရ န္တမှ၊ ပရံ- နောက် ဖြစ်ကုန်သော၊ သိ- သိဝိဘတ်သည်၊ အံ- အံ အပြုသည်၊ ဟောတိ- ဖြစ်၏။ သဗ္ဗံ, စိတ္တံ စသည်တည်း။
၁၆၈။ နပုံလိန်အရာဝယ် အကာရန္တနောင် သိဝိဘတ်ကို အံပြုသော သုတ်တည်း၊ သိံ ကို သိ -ံ ဟု ပုဒ်ဖြတ်။ [သဗ္ဗံ-အလုံးစုံသော၊ စိတ္တံစိတ်သည်။] သဗ္ဗံကို “သဗ္ဗ”လိန်တည်၊ သိသက်, ဗ္ဗ် ခွင်း, သိံဟူသော သုတ်ဖြင့် သိ ကို -ံ ပြု, သရလောပေါ စသောသုတ်ဖြင့် ဗ္ဗ ၏ အဆုံး ၊ ကို ချေ, ဗ္ဗ် ကို -ံ သို့ ကပ်, သဗ္ဗံ ပြီး၏။ [စိတ္တံကို “စိတ္တ” တည်၍ တွက်။]
သေသတော- သိံ သော သျာ စ,စသည်ကလျှင်, စီရင်မပြု, ကြွင်းကျန်သောလိန်စုမှ၊ ပရံ- နောက်ဖြစ်သော၊ ဂ- အာလုပ် သိ သည်လည်းကောင်း၊ သိပိလိင်္ဂတ္ထ- သိသည်လည်းကောင်း၊ လောပံ- ကျေပျောက်ခြင်းသို့၊ အာပဇ္ဇတေ- ရောက်၏။ ဘောတိ ဣတ္ထိ, သာ ဣတ္ထီ စသည်တည်း။
၁၆၉။ သိံ ဟူသောသုတ်က သိဝိဘတ်ကို အံ ပြု၏၊ သော ဟူသော သုတ်က သိဝိဘတ်ကို သြ ပြု၏၊ သျာ စသုတ်က သိဝိဘတ်ကို အာပြု၏၊ ဤသို့လျှင် သိဝိဘတ်ကို အမျိုးမျိုးစီရင်သော သုတ်တွေ (ပုမန္တဿာ သိမှိ, ဗြဟ္မတော ဂဿ စ, ဃ တေ စ စသည်ဖြင့်) များစွာရှိသည်အားလျော်စွာ ထိုသုတ်တို့က စီရင်၍ ပြီးနိုင်သော လိန်(ရုပ်)များလည်း အများအပြားပင် ရှိပေသည်။
ဤ သေသတော လောပံ ဂ သိပိသုတ်ကား ထိုသုတ်တို့က မစီရင်ဘဲ ကြွင်းသော လိန်(ရုပ်)များနောင် ဂ အမည်ရသော အာလုပ်သိကိုလည်း ကောင်း,လိင်္ဂတ္ထေ ပဌမာသုတ်ဖြင့်သက်သော လိင်္ဂတ္ထ သိကိုလည်းကောင်း ချေသောသုတ်တည်း၊ “အခြားသုတ်တို့က မစီရင်၍ ကျန်နေသမျှ သိ ဝိဘတ်ကို ဤသုတ်က အမြဲ ချေသည်” ဟူလို။
[ ဘောတိ ဣတ္ထိ - အို မိန်းမ၊ သာ ဣတ္ထီ - ထိုမိန်းမသည်၊ ဘောတိ ဣတ္ထိကို “ဈလပါ ရဿံ” သုတ်ကျမှ ရုပ်တွက်၊ သာ ရုပ်တွက်ပုံကို ဧတတေသံ တောသုတ် ကြည့်။]
ဣတ္ထီကို “ဣတ္ထီ”လိန်တည်၊ သိသက်, သေသတော လောပံ ဂ သိပိ သုတ်ဖြင့် သိဝိဘတ်ကို ချေ, ဣတ္ထီ ပြီး၏။ [ကညာ, ရတ္တိ စသည်၌ ကညာ, ရတ္တိ စသည် တည်၊ သိသက်, ချေ။]
မှတ်ချက်။ ။ ဤသုတ်၌ အာလုပ် သိကို “ဂ”ဟု သီးခြားဆိုသဖြင့် အခြားသုတ်များ၌ “သိ”ဟု သာမညဆိုလျှင် အာလုပ်မပါ, လိင်္ဂတ္ထ သိ ကိုသာ ဆိုသည်ဟု မှတ်။
အာဝုသော.ပသဂ္ဂနိပါတာ.ဒီဟိ စ- အာဝုသောဟူသော အာလုပ်, ဥပသာရ, နိပါတ်အစရှိသည်တို့မှလည်း၊ ပရာသံ- နောက်ဖြစ်ကုန် သော၊ သဗ္ဗာသံ- အလုံးစုံသောဝိဘတ်တို့၏၊ လောပေါ- ကျေခြင်း သည်၊ ဟောတိ- ဖြစ်၏။ တွံ ပနာ.ဝုသော, တုမှေ ပနာ.ဝုသော, ပဟာရော, ပရာဘဝေါ, ပဒသော, သွေ, စ, ဝါ စသည်တည်း။
၁၇၀။ ဤသုတ်ကား အာဝုသောဟူသော အာလုပ် ဥပသာရ နိပါတ် နောင် သက်လေသမျှ ဝိဘတ်တွေကို ချေသောသုတ်တည်း၊ နိပါတာဒီဟိ၌ အာဒိသဒ္ဒါဖြင့် ဥပသာရ နိပါတ်တို့မှတစ်ပါးသော ရိုးရိုးနာမ်များနောင် ဝိဘတ်တို့ကို ချေသင့်က ချေနိုင်သည်။
နာမ်, အာချာတ်။ ။ ပုဒ်သည် နာမ်ပုဒ်, အာချာတ်ပုဒ်, ဥပသာရပုဒ်, နိပါတ်ပုဒ်အားဖြင့် ၄ မျိုးရှိ၏၊ ထို ၄ မျိုးတွင် ဝိဘတ် ၇ သွယ်လုံးဖြင့် ဧကဝုစ် ဗဟုဝုစ်ရုပ် အမျိုးမျိုးရှိကောင်းသော ပုရိသော ကညာစသော ပုဒ်မျိုးသည် နာမ်ပုဒ်မည်၏၊ တိ အန္တိစသော အာချာတ်ဝိဘတ်သက်ရာ “ဂစ္ဆတိ ပစတိ”စသောပုဒ်များသည် အာချာတ်ပုဒ်မည်၏။
ဥပသာရပုဒ်။ ။ အာချာတ်ပုဒ်နှင့် တွဲဖက်၍ဖြစ်စေ, နာမ်ပုဒ်များနှင့် တွဲဖက်၍ဖြစ်စေ သုံးစွဲရသော ပ ပရာစသော ပုဒ် ၂၀ သည် ဥပသာရပုဒ် မည်၏၊ ဥပသာရပုဒ် ၂၀ ကား-ပ, ပရာ, နိ, နီ, ဥ, ဒု, သံ, ဝိ, အဝ, အနု,
ပရိ, အဓိ, အဘိ, ပတိ, သု, အာ, အတိ, အပိ, အပ, ဥပ ဟူသည် တည်း၊ ဤ ၂၀ ကို နှုတ်တက်အရကျက်ပါ။
နိပါတ်ပုဒ်။ ။ ဝိဘတ် ၇ သွယ်ဖြင့် ရုပ်အမျိုးမျိုး လဲလှယ်၍ မရှိနိုင် သော ပုဒ်ဟူသမျှ နိပါတ်ချည်းတည်း၊ စ, ဝါ, ဟေ, အဟေ, ရေ, အရေ, သွေ, ပဒသော, အတ္ထိ, သက္ကာ, လဗ္ဘာ စသည်ဖြင့် အလွန်များ၏။
အာဝုသောကို သီးခြားဆိုရကျိုး။ ။ အာဝုသော အာလုပ်ပုဒ်လည်း နိပါတ်ပင် ဖြစ်၏၊ သို့သော် “အာဝုသော-ငါ့ရှင်၊ တွံ ပန-သင်သည်ကား” ဟု ဧကဝုစ်ဖြင့်လည်းကောင်း, “အာဝုသော-ငါ့တို့ရှင်၊ တုမှေ ပန-သင်တို့ သည်ကား”ဟု ဗဟုဝုစ်ဖြင့်လည်းကောင်း ရှိနိုင်ကြောင်းကို သိစေလို၍ အာဝုသောပုဒ်ကို သုတ်ထဲ၌ သီးခြားထည့်ဆိုသည်၊ အခြားနိပါတ်များကား ဧကဝုစ်သာရှိ၏ဟု ကစ္စည်းဆရာ ဆိုလိုသည်၊ သို့သော် အခြားနိပါတ်များ ၌လည်း ဗဟုဝုစ်ရှိနိုင်သေးကြောင်းကို ကစ္စည်းဘာသာဋီကာ၌ ပြထားပြီ။
အနက်။ ။ ပဟာရော - ပုတ်ခတ်ခြင်း၊ ပရာဘဝေါ - ပျက်စီးခြင်း၊ ပဒသော-ပုဒ်အားဖြင့်၊ သွေ-နက်ဖြန်၌၊ စ, ဝါတို့ကား တခြားပုဒ်နှင့်တွဲမှ အနက်ထင်ရှားသည်။
ရုပ်တွက်။ ။ အာဝုသောကို “အာဝုသော”တည်၊ အိုဟူ၍၊ပေ၊ပဌမာ ဧကဝုစ် သိသက်, သဗ္ဗာသမာဝုသောပသဂ္ဂနိပါတာဒီဟိ စသုတ်ဖြင့် သိကို ချေ, အာဝုသော ပြီး၏။ [ယောသက်၍လည်း ဤနည်းအတိုင်း ချေ။]
ပဟာရောကို “ပ+ဟာရ”တည်၊ ပ ဥပသာရနောင် သိဝိဘတ်သက်, သဗ္ဗာသမာဝုသော၊ပေ၊ဒီဟိ စသုတ်ဖြင့် သိကို ချေ, ဟာရနောင် သိသက်, သောဟူသောသုတ်ဖြင့် သိကို ေ-ါ ပြု, ရ် ခွင်း, ချေ, ကပ်, ပဟာရော ပြီး၏။ [ပရာဘဝေါ၌ ပရာနောင် သိသက်, ဤသုတ်ဖြင့် ချေ, ဘဝနောင် သိသက်, ေ-ါ ပြု, ပြီး၏။]
ပဒသောကို “ပဒသော”တည်၊ အားဖြင့်ဟူ၍ အနက်ပေးသောကြောင့် ဝိသေသနေ စသုတ်ဖြင့် ဝိသေသနအနက်၌ ဧကဝုစ် နာဝိဘတ်သက်, သဗ္ဗာသမာဝုသော၊ပေ၊ဒီဟိ စသုတ်ဖြင့် နာဝိဘတ်ကို ချေ, ပြီး၏။
သွေကို “သွေ”တည်၊ ၌ဟူ၍၊ပေ၊ သ္မိံဝိဘတ်သက်, ဤသုတ်ဖြင့် သ္မိံ ဝိဘတ်ကို ချေ, သွေ ပြီး၏။ [စ, ဝါတို့နောင်လည်း သိသက်, ချေ၊ ဤ ပြခဲ့သည့်အတိုင်း ဥပသာရပုဒ်, နိပါတ်ပုဒ်တို့နောင် (အနက်ပေးပုံကြည့်၍) ဆိုင်ရာ ဝိဘတ်များ သက်ရပုံကို သတိပြုပါ။]
သမာသေသု- သမာသ်တို့၌၊ လိင်္ဂါဒီသု- လိင်္ဂ အစရှိသော သဒ္ဒါတို့ကြောင့်၊ ပုမဿ- ပုမ၏ အဆုံး အ သည်၊ လောပံ- သို့၊ အာပဇ္ဇတေ- ရောက်၏။ ပုလ္လိင်္ဂံ, ပုမ္ဘာဝေါ, ပုင်္ကောကိလော စသည်တည်း။
၁၇၁။ ဤသုတ်ကား သမာသ်ပိုင်း၌ အသုံးပြုရမည့် သုတ်တည်း၊ သို့သော် အ သရကို ချေသောသုတ် ဖြစ်၍ ချေမှုကို စီရင်သော သုတ် တို့နှင့် ရောနှောထားသည်။ [ပုလ္လိင်္ဂံ-ပုံလိန်၊ ပုမ္ဘာဝေါ-အထီး၏အဖြစ်၊ ပုင်္ကောကိလော-အထီးဖြစ်သော ဥသြငှက်။]
ရုပ်တွက်။ ။ ပုလ္လိင်္ဂံကို “ပုမလိင်္ဂံ”တည်၊ မ် ခွင်း, ပုမဿ လိင်္ဂါဒီသု သမာသေသုသုတ်ဖြင့် ပုမ၏အဆုံး ၊ ကို ချေ (ပုမ်လိင်္ဂံ), ပု၏အဆုံး ု ကို လ အမည်မှည့်, အံမော နိဂ္ဂဟီတံ ဈလပေဟိသုတ်ဖြင့် မ်ကို နိဂ္ဂဟိတ်ပြု (ပုံလိင်္ဂံ), ဝဂ္ဂန္တံ ဝါ ဝဂ္ဂေသုတ်၌ ဝါသဒ္ဒါဖြင့် နိဂ္ဂဟိတ်ကို လ် ပြု, နယေ ပရံ ယုတ္တေသုတ်ဖြင့် လ် ကို နောက် လိ သို့ ကပ်, ပုလ္လိင်္ဂံ ပြီး၏။ [ပုမ္ဘာဝေါကို “ပုမဘာဝေါ”တည်၊ ပုင်္ကောကိလောကို “ပုမကောကိလ” တည်၊ နိဂ္ဂဟိတ်ကို ဝဂ္ဂန္တံ ဝါ ဝဂ္ဂေသုတ်ဖြင့် မ် ပြု, င် ပြုလေ။]
ပသညတော- ပ အမည်ရှိသော၊ ဤတော- ဤအက္ခရာမှ၊ ပရံ- သော၊ အံ- အံ ဝိဘတ်သည်၊ ယံ- ယံ အပြုသည်၊ ဟောတိ- ၏။ ဣတ္ထိယံ စသည် တည်း။
၁၇၂။ [ဣတ္ထိယံ-မိန်းမကို၊] ဣတ္ထိယံကို “ဣတ္ထီ”တည်၊ -ံ ဝိဘတ်သက်, -ိ ကို ပ အမည်မှည့်, အံ ယ.မီတော ပသညတောသုတ်ဖြင့် -ံ ဝိဘတ်ကို ယံ ပြု, အဃော ရဿစသောသုတ်ဖြင့် -ီ ကို -ိ ရဿပြု, ဣတ္ထိယံ ပြီး၏။ [အဃော ရဿသုတ်ဖြင့် စီရင်တဲ့အခါ ဧကဝုစ်ဝိဘတ် မရှိတော့ဘဲ ယံ ပြုပြီး ဖြစ်နေ၏၊ သို့သော် ပင်ကိုက ၊ ဝိဘတ်အမည်ကို တင်စား၍ (ဌာနူပစာရနည်းအားဖြင့်) ယံ ကို ဧကဝုစ်ဝိဘတ်ဟု ဆိုသည်။]
ကတရဿာ- ပြုအပ်ပြီး သော ရဿအဖြစ်ရှိသော၊ ဈတော- ဈအမည်ရှိသော ဣသရမှ၊ ပရံ- နောက်ဖြစ်သော၊ အံ- အံဝိဘတ်သည်၊ နံ- နံ အပြုသည်၊ ဟောတိ- ဖြစ်၏။ ဒဏ္ဍိနံ စသည်တည်း။
၁၇၃။ [ဒဏ္ဍိနံ-တုတ်ရှိသူကို၊ ကတရဿ, အကတရဿ သဘောကို ယောသွကတရဿော ဈောသုတ် ပြန်ကြည့်။] ဒဏ္ဍိနံကို “ဒဏ္ဍီ”တည်-ံ ဝိဘတ်သက်, ဣဝဏ္ဏုဝဏ္ဏာ ဈလာသုတ်ဖြင့် -ီ ကို ဈအမည်မှည့်, အဃော ရဿ စသောသုတ်ဖြင့် -ီ ကို -ိ ရဿပြု, နံ ဈတော ကတ ရဿောသုတ်ဖြင့် -ံ ဝိဘတ်ကို နံ ပြု, ဒဏ္ဍိနံ ပြီး၏။ [ဘောဂိနံ (စည်းစိမ် ရှိသူကို)၊ “ဘောဂီ”တည်၍ ရုပ်တွက်လေ။]
ကတရဿာ- ပြုအပ်ပြီးသော ရဿ အဖြစ်ရှိသော၊ ဈတော- ဈအမည်ရှိသော ဣသရမှ၊ ပရေသံ- နောက်ဖြစ်ကုန်သော၊ ယောနံ- ယောဝိဘတ်တို့၏၊ နော- နော အပြုသည်၊ ဟောတိ- ဖြစ်၏။ ဒဏ္ဍိနော စသည်တည်း။
၁၇၄။ သဒ္ဒါနည်းကျနအောင် “ပြုအပ်ပြီးသော ရဿအဖြစ်ရှိသော” ဟု အနက်ဆိုလိုက်ရသည်၊ ဆိုလိုရင်းမှာ “ရဿပြုပြီးသော”ဟု ဆိုလို သည်၊ ဟဒဏ္ဍိနော-တုတ်ရှိသူတို့သည်, တို့ကို။] ဒဏ္ဍိနောကို “ဒဏ္ဍီ”တည်, ယော သက်, -ီ ကို ဈအမည်မှည့်, -ိ ရဿပြု, ယောနံ နောသုတ်ဖြင့် ယော ကို နော ပြု, ဒဏ္ဍိနော ပြီး၏။
ကတရဿာ- ပြုအပ်ပြီးသော ရဿအဖြစ် ရှိသော၊ ဈတော- ဈအမည်ရှိသော ဣသရမှ၊ ပရံ- နောက်ဖြစ်သော၊ သ္မိံ- သ္မိံဝိဘတ်သည်၊ နိ- နိ အပြုသည်၊ ဟောတိ- ဖြစ်၏။ ဒဏ္ဍိနိ စသည်တည်း။
၁၇၅။ [ဒဏ္ဍိနိ-တုတ်ရှိသူ၌။] ဒဏ္ဍိနိကို “ဒဏ္ဍီ”လိန်တည်၊ သ္မိံသက်, ဈမှည့်, -ီ ကို -ိ ရဿပြု, သ္မိံ နိသုတ်ဖြင့် သ္မိံဝိဘတ်ကို နိ ပြု, ဒဏ္ဍိနိ ပြီး၏။
ဝေ စ- ဝ ပစ္စည်းကြောင့် လည်း၊ ကိဿ- ကိံသဒ္ဒါ၏၊ က- က အပြုသည်၊ ဟောတိ- ၏။ ကွ (ဂတော.သိ) စသည်တည်း။
၁၇၆။ [ကွ-အဘယ်အရပ်သို့၊ ဂတော-သွားသည်၊ အသိ-ဖြစ်သနည်း၊၊] “ကွ” တစ်ခုသာ ပုံစံတည်း၊ “ဂတောသိ”ကား တွဲဖက်ဖြစ်၍ ထည့်သည်၊ ရုပ်ကို ကိံ သ္မာ ဝေါသုတ်ကျမှ တွက်၊ ဝေ စ၌ စသဒ္ဒါဖြင့် ဝပစ္စည်းမှတစ်ပါး သော ထ, ဟံ, ဒါ စသော ပစ္စည်းနှင့် ဝိဘတ်များကြောင့် ကိံသဒ္ဒါကို “က” ပြုဟု ကစ္စည်းဝုတ္တိ ဆို၏။
ဟိံဟံသု စ- ဟိံပစ္စည်း, ဟံပစ္စည်း တို့ကြောင့်လည်း၊ ကိဿ- ကိံသဒ္ဒါ၏၊ ကု- ကု အပြုသည်၊ ဟောတိ- ဖြစ်၏။ ကုဟိံ, ကုဟံ ဟူသည်တည်း။
၁၇၇။ [ကုဟိံ, ကုဟံ - အဘယ်အရပ်၌။] စသဒ္ဒါဖြင့် ဟိဉ္စနံ, ဒါစနံ ပစ္စည်းကြောင့် ကိံသဒ္ဒါ၏ ကု အပြုကို ဆည်း၍ “ကုဟိဉ္စနံ, ကုဒါစနံ” ဟုလည်း ဖြစ်၏၊ ရုပ်ကို ဟိံ ဟံ ဟိဉ္စနံသုတ်ကျမှ တွက်။
သေသေသု စ- ဝ ပစ္စည်းမှ ကြွင်းသော ပစ္စည်း ဝိဘတ်တို့ကြောင့်လည်း၊ ကိဿ- ကိံသဒ္ဒါ၏၊ က- က အပြုသည်၊ ဟောတိ- ၏။ ကော ပကာရော ကထံ, ကံ ပကာရံ ကထံ စသည်တည်း။
၁၇၈။ ကိဿ က ဝေ စသုတ်က ဝ ပစ္စည်းနှောင်းရာ၌ ကိံသဒ္ဒါကို ကပြုသောကြောင့် ဤသေသေသု စသုတ်က ဝပစ္စည်းမှ ကြွင်းသမျှ ပစ္စည်း ဝိဘတ်နှောင်းရာ၌ ကိံသဒ္ဒါကို ကပြုသည်ဟု မှတ်သင့်၏၊ အဖွင့်ဋီကာနှင့် ဆရာတို့အယူမှာ အမျိုးမျိုး ရှိလေသည်။ [ကော ပကာရော-အဘယ် အပြားနည်း၊ ကထံ-အဘယ်အပြားနည်း၊ ကံ ပကာရံ-အဘယ်အပြားကို နည်း၊ ကထံ-အဘယ်အပြားကိုနည်း။]
ရုပ်တွက်။ ။ ကောကို “ကိံ” လိန်တည်၊ သိသက်, သေသေသု စ သုတ်ဖြင့် ကိံကို က ပြု, သောဟူသောသုတ်ဖြင့် သိကို ေ-ါ ပြု, က် ခွင်း, ချေ, ကပ်, ကော ပြီး၏။ [ကံ ပကာရံ၌ -ံ ဝိဘတ်သက်, ဝိဘတ် ၇ သွယ်လုံး, လိန် ၃ ပါးလုံးမှာပင် ဤအစီအရင်ကို “ကေန, ကဿ, ကာ, ကာယော” စသည်ဖြင့် နာမ်ဂိုဏ်း၌ တွေ့ရလတ္တံ့။]
တြတောထေသု စ- တြပစ္စည်း, တောပစ္စည်း, ထပစ္စည်းတို့ကြောင့်လည်း၊ ကိဿ- ကိံသဒ္ဒါ၏၊ ကု- ကု အပြုသည်၊ ဟောတိ- ၏။ ကုတြ, ကုတော, ကုတ္ထ ဟူသည်တည်း။
၁၇၉။ [ကုတြ, ကုတ္ထ-အဘယ်အရပ်၌၊ ကုတော-အဘယ်အရပ်မှ၊ ကွစိ တော ပဉ္စမျတ္ထေ, တြထ သတ္တမိယာသုတ်တို့ကျမှ ရုပ်တွက်၊ သုတ်စဉ် ကို ယခုရှိတိုင်းမဟုတ်ဘဲ “ကိဿ က ဝေ စ, သေသေသု စ, ကု ဟိံဟံသု စ, တြတော ထေသု စ”ဟု စဉ်ရလျှင် ကိဿ, က, ကု ပုဒ်တို့ နောက်နောက်သုတ်သို့ လိုက်ဖို့ရာ သာ၍ အဆင်ပြေ၏။]
တောထေသု- တောပစ္စည်း, ထပစ္စည်းတို့ကြောင့်၊ သဗ္ဗဿ- အလုံးစုံသော၊ ဧတ ဿ- ဧတသဒ္ဒါ၏၊ အကာရော- အအပြုသည်၊ ဝါ- ဝိကပ်အားဖြင့်၊ ဟောတိ- ၏။ အတော, ဧတ္တော, အတ္ထ, ဧတ္ထ ဟူသည်တည်း။
၁၈၀။ တောပစ္စည်း, ထပစ္စည်းနှောင်းရာဝယ် ဧတသဒ္ဒါတစ်ခုလုံးကို အပြုသောသုတ်တည်။ [အတော, ဧတ္ထော-ဤအရပ်မှ၊ အတ္ထ, ဧတ္ထ-၌၊၊]
သဗ္ဗဿ။ ။ အ အပြုက အက္ခရာတစ်လုံးတည်း ဖြစ်သောကြောင့် ဧတသဒ္ဒါ၌လည်း ဧကိုဖြစ်စေ, တကိုဖြစ်စေ တစ်လုံးကိုသာ ပြုရမည်လော ဟု တွေးတောဖွယ်ရှိ၍ “သဗ္ဗဿ”ဟု ဆိုသည်၊ ဧတသဒ္ဒါတစ်ခုလုံးကို (အ)ပြုပါ ဟူလို၊ သဗ္ဗဿ ပါလေသမျှ ဤအဓိပ္ပာယ်ကို သတိပြု၊ ရုပ်ကို ပဉ္စမပိုင်း ပစ္စည်းသက်သော သုတ်များကျမှ တွက်။
တောထေသု စ- တောပစ္စည်း, ထ ပစ္စည်းတို့ကြောင့်လည်း၊ သဗ္ဗဿ- အလုံးစုံသော၊ ဧတဿ- ဧတ သဒ္ဒါ၏၊ ဧ- ဧ အပြုသည်၊ ဟောတိ- ဖြစ်၏။ ဧတ္တော, ဧတ္ထ ဟူသည်တည်း။
၁၈၁။ သဗ္ဗဿေတဿာကာရော ဝါသုတ်၌ ဝါသဒ္ဒါ ပါသည့်အတွက် အ အပြု မမြဲသောကြောင့် အတော အတ္ထ အပြင် ဧတ္တော ဧတ္ထ ဟုလည်း ရှိနိုင်၏၊ ဤသုတ်ကား အမြဲစီရင်သောကြောင့် အတြ ဟုသာရှိ၍ ဧတြ ဟု မရှိနိုင်။ [အတြ-ဤအရပ်၌, ဤအရာ၌။]
*သဗ္ဗဿေတဿာကာရော ဝါသုတ်က အ အပြု မမြဲသောကြောင့် ဤသုတ် အစီအရင်အရ “ဧတ္တော, ဧတ္ထ”ဟု ဖြစ်သည်။
နျာသအလို ဤသုတ် အပို။ ။ နျာသအလိုအားဖြင့် သရလောပေါ မာဒေသပစ္စယာဒိမှိ၌ ပစ္စယအရ သရပစ္စည်း, ဗျဉ်းပစ္စည်း အားလုံးယူ သောကြောင့် “ဧတ္တော၌ ဧတ တည်၊ တောပစ္စည်းသက်, သရလောပေါ စသောသုတ်ဖြင့် တ၏အဆုံး ၊ ကို ချေ၍ တ် ကို တောသို့ ကပ်လျှင်” ဧတ္တော ပြီးနိုင်၏၊ ဧတ္ထ၌လည်း ထပစ္စည်း သက်၍ ဤနည်းအတိုင်း ပြီးနိုင်၏၊ သို့အတွက် နျာသအလို ဤသုတ်ကို သုတ်ပိုဟု ဆိုကြသည်။
ရူပသိဒ္ဓိအလို ဤသုတ် မပို။ ။ ရူပသိဒ္ဓိအလိုမှာ ပစ္စယာဒိမှိ၌ ပစ္စယ အရ ဗျဉ်းပစ္စည်းကို မယူနိုင်၊ အစ၌ သရပါသော -ိ ယ, -ိ ဋ္ဌ, -ိ က စသောပစ္စည်းနှင့် သရသက်သက် ၊ , -ိ စသော ပစ္စည်းများကိုသာ ယူသောကြောင့် တောပစ္စည်း, ထပစ္စည်း နှောင်းရာဝယ် သရလောပေါ သုတ်ဖြင့် ရှေ့သရကို မချေနိုင်၊ သို့အတွက် “ဧတ္တောကို ဧတ တည်၊ တောပစ္စည်းသက်, ဧ တောထေသု စသုတ်ဖြင့် ဧတကို ဧပြု (ဧတော), ပရဒွေဘာဝေါ ဌာနေသုတ်ဖြင့် သဒိသဒွေးဘော် တ် လာလျှင်” ဧတ္တော ပြီးနိုင်၏၊ ဧတ္ထ၌လည်း နည်းတူ၊ ထို့ကြောင့် ရူပသိဒ္ဓိအလို ဤသုတ် မပို။
ထံဒါနိဟတော ဓေသု စ- ထံ, ဒါနိ, ဟ, တော, ဓ ၅ ပစ္စည်းတို့ကြောင့်လည်း၊ သဗ္ဗဿ- အလုံးစုံသော၊ ဣမဿ- ဣမသဒ္ဒါ၏၊ ဣ- ဣအပြု သည်၊ ဟောတိ- ဖြစ်၏။ ဣတ္ထံ, ဣဒါနိ, ဣဟ, ဣတော, ဣဓ ဟူသည်တည်း။
၁၈၂။ [ဣတ္ထံ-ဤအပြားသည်၊ ဣဒါနိ-ဤအခါ(ယခုအခါ)၌၊ ဣဟ, ဣဓ-ဤအရပ်၌၊ ဣတော-ဤအရပ်မှ။] ရုပ်ကို ပဉ္စမပိုင်းကျမှ တွက်၊ ဣမဿိ ကို “ဣမဿ + ဣ”ဟု ပုဒ်ဖြတ်။
ဓုနာမှိ စ- ဓုနာပစ္စည်းကြောင့်လည်း၊ သဗ္ဗဿ- အလုံးစုံသော၊ ဣမဿ- ဣမသဒ္ဒါ၏၊ အ- အ အပြု သည်၊ ဟောတိ- ဖြစ်၏။ အဓုနာ ဟူသည်တည်း။
၁၈၃။ [အဓုနာ-ယခုအခါ၌။] ရုပ်ကို ပဉ္စမပိုင်းကျမှ တွက်။
ရဟိမှိ စ- ရဟိပစ္စည်းကြောင့်လည်း၊ သဗ္ဗဿ- အလုံးစုံသော၊ ဣမဿ- ဣမသဒ္ဒါ၏၊ ဧတ- ဧတအပြု သည်၊ ဟောတိ- ဖြစ်၏။ ဧတရဟိ ဟူသည်တည်း။
၁၈၄။ [ဧတရဟိ-ဤအခါ၌, ယခုအခါ၌။]
ဣတ္ထိယံ- ဣတ္ထိ လိန်၌၊ အတော- အကာရ န္တမှ နောက်၌၊ အာပစ္စယော- အာ ပစ္စည်းသည်၊ ဟောတိ- ဖြစ်၏။ သဗ္ဗာ, ကညာ စသည်တည်း။
၁၈၅။ [သဗ္ဗာ-အလုံးစုံသော၊ ကညာ-သတို့သမီးသည်။] ဤသုတ်ကား ဣတ္ထိလိန်အရာဝယ် အကာရန္တနောင် အာပစ္စည်းသက် သော သုတ်တည်း၊ ဤသုတ်က အာပစ္စည်းနှင့် နောက်သုတ်များ၌လာမည့် “ဤ, ဣနီ”ပစ္စည်းများကို ဣတ္ထိလိန်ဖြစ်ကြောင်းကို ထွန်းပြသောကြောင့် ဣတ္ထိဇောတက”ပစ္စည်းဟု ခေါ်၏၊ အာ ဤ ဣနီ ဣတ္ထိဇောတကပစ္စည်း ဆုံးသောသဒ္ဒါများကို “တဒ္ဓိတသမာသကိတကာနာမံ ဝါ တဝေတုနာဒီသု စ”သုတ်၌ စသဒ္ဒါဖြင့် “နာမ်”ဟု ငဲ့ရသည်၊ ထိုသို့ နာမ်ငဲ့ရာ၌ အကြောင်း ယုတ္တိကို ရူပသိဒ္ဓိ ဤသုတ်မှာ ရှု။
ရုပ်တွက်ပုံ။ ။ သဗ္ဗာကို“သဗ္ဗ”လိန်တည်၊ ဣတ္ထိယမတော အာပစ္စယော သုတ်ဖြင့် -ါ ပစ္စည်းသက်, ဗ္ဗ် ခွင်း, ချေ, ကပ် (သဗ္ဗာ), တဒ္ဓိတသမာသ ကိတကာနာမံ ဝါ တဝေတုနာဒီသု စသုတ်၌ စသဒ္ဒါဖြင့် သဗ္ဗာ ဟူသော ဣတ္ထိပစ္စယန္တသဒ္ဒါကို နာမ်ဟု ငဲ့, သည်ဟူ၍ အနက်ပေးသောကြောင့် ၊ပေ၊ ဧကဝုစ် သိဝိဘတ်သက်, သေသတော လောပံ ဂ သိပိသုတ်ဖြင့် သိဝိဘတ်ကို ချေ, သဗ္ဗာ ပြီး၏။ [ကညာကိုလည်း “ကည”လိန်တည်၍ ဤအဆိုအတိုင်း တွက်လေ၊ ဃတေ စသုတ်၌ကား လွယ်ကူအောင် အာ ပစ္စည်းသက်ပြီးအနေအားဖြင့် “အယျာ, ကညာ”တည်၍ တွက်ပြခဲ့သည်၊၊]
ဣတ္ထိယံ- ဣတ္ထိလိန်၌၊ နဒါဒိ တော ဝါ- နဒသဒ္ဒါ အတူရှိသော အကာရ န္တသဒ္ဒါမှ နောက်၌ လည်းကောင်း၊ အနဒါဒိတော ဝါ- နဒါဒိ မဟုတ်သော ဥ, သြ ကာရ န္တသဒ္ဒါမှ နောက်၌လည်းကောင်း၊ ဤ- ဤပစ္စည်းသည်၊ ဟောတိ- ဖြစ်၏။ နဒီ, ပုထဝီ, ဂါဝီ စသည်တည်း။
၁၈၆။ နဒ၌ ဒအက္ခရာဝယ် အသရဆုံးလျက်ရှိ၏၊ ထို့ကြောင့် “နဒ”ကို အကာရ န္တသဒ္ဒါဟု ခေါ်သည်၊ နဒါဒိ၌ အာဒိသဒ္ဒါသည် ပကာရ(အတူ ဟူသော)အနက်ရှိ၏၊ သို့အတွက် နဒသဒ္ဒါနှင့် အကာရ န္တချင်းတူသော မဟ, ကုမာရ, တရုဏ စသည်ကို အာဒိသဒ္ဒါဖြင့် ယူရာ၏။
ဝါသဒ္ဒါ။ ။ နဒါဒိတော ဝါ၌ ဝါသဒ္ဒါကား ပေါင်းဆည်းခြင်း(သမ္ပိဏ္ဍန) အနက်ရှိ၏၊ [သမုစ္စည်းအနက်ကိုပင် သမ္ပိဏ္ဍနဟု ဤနေရာ၌ ရူပသိဒ္ဓိ သုံးစွဲသည်၊] ထိုဝါသဒ္ဒါဖြင့် (နဒါဒိတွင် မပါဝင်သော) သဒ္ဒါစုကို ပေါင်း ဆည်းသည်၊ ထို့ကြောင့် အနဒါဒိတော ဝါဖြင့် ပုထဝီ၌ ပုထုကဲ့သို့သော ဥကာရ န္တသဒ္ဒါ, ဂါဝီ၌ ဂေါကဲ့သို့သော သြကာရ န္တသဒ္ဒါစုကို ယူ။ [နဒီမြစ်သည်၊ ပုထဝီ-မြေကြီးသည်၊ ဂါဝီ-နွားမသည်။]
ရုပ်တွက်။ ။ နဒီကို “နဒ” လိန်တည်၊ နဒါဒိတော ဝါ ဤသုတ်ဖြင့် -ီ ပစ္စည်းသက်, ဒ် ခွင်း, ချေ, ကပ်(နဒီ), တဒ္ဓိတသမာသကိတကာနာမံ ဝါတဝေတုနာဒီသု စသုတ်၌ စသဒ္ဒါဖြင့် နဒီဟူသော ဣတ္ထိပစ္စယန္တသဒ္ဒါကို နာမ်ဟု ငဲ့, သည်ဟူ၍၊ပေ၊သိသက်, သေသတော လောပံ ဂ သိပိသုတ်ဖြင့် သိကို ချေ, နဒီ ပြီး၏။ [ဣတ္ထီကိုလည်း “ဣတ္ထ”တည်၍ ရုပ်တွက်လေ။]
ပုထဝီကို “ပုထ”တည်၊ ပုထဿ ပုထုပဌာမော ဝါသုတ်ဖြင့် ပုထကို ပုထုပြု, နဒါဒိတော ဝါ ဤသုတ်၌ ဝါသဒ္ဒါဖြင့် -ိပစ္စည်းသက်, ထ် ခွင်း, သြ သရေ စသုတ်၌ စသဒ္ဒါဖြင့် ထု၏အဆုံး ု ကို ၊ ဝပြု, ထ်ကို ၊ သို့ ကပ်, ဝ်ခွင်း, ချေ, ကပ်(ပုထဝီ), နာမ်ဟုငဲ့, သိသက်, ချေ, ပုထဝီ ပြီး၏။
ဂါဝီကို “ဂေါ”တည်၊ နဒါဒိတော ဝါ ဤသုတ်၌ ဝါသဒ္ဒါဖြင့် -ီ ပစ္စည်း သက်, ဂါ၀ သေသုတ်၌ “ဂါဝ”ဟူသော ယောဂဝိဘာဂသုတ်ဖြင့် ဂေါ သဒ္ဒါ၏ အဆုံး ေ-ါ ကို -ါ၀ ပြု, ဝ် ခွင်း, ချေ, ကပ်, နာမ်ဟု ငဲ့, သိ သက်, ချေ, ဂါဝီ ပြီး၏။
ဣတ္ထိယံ- ဣတ္ထိလိန်၌၊ ဏဝဏိက ဏေယျ ဏ န္တုဟိ- ဏဝပစ္စည်း, ဏိကပစ္စည်း, ဏေယျ ပစ္စည်း, ဏပစ္စည်း, န္တုပစ္စည်းတို့မှနောက်၌၊ ဤ- ဤပစ္စည်းသည်၊ ဟောတိ- ၏။ မာနဝီ, နာဝိကီ, ဝေနတေယျီ, ဂေါတမီ, သာမာဝတီ စသည်တည်း။
၁၈၇။ ဏဝ ဏိက ဏေယျ ဏ န္တု ပစ္စည်းတို့ကား တဒ္ဓိတ်ပိုင်းမှာ လာမည့် “ဏဝေါပကွာဒီဟိ, ယေန ဝါ သံသဋ္ဌံ တရတိ စရတိ ဝဟတိ ဏိကော, ဏေယျော ကတ္တိကာဒီဟိ, ဝါဏပစ္စေ, ဂုဏာဒိတော ဝန္တု” စသော သုတ်တို့ဖြင့် သက်သောပစ္စည်းများတည်း၊ ထိုပစ္စည်းများသက်ပြီး သော ပုဒ်တို့နောင် ဣတ္ထိလိန်အရာဝယ် ဤသုတ်က -ီ ပစ္စည်း ထပ်သက် ရသည်၊ ရုပ်တွက်ရာ၌ကား ထိုတဒ္ဓိတ်ပစ္စည်းများ သက်ပြီးသားအနေ မှန်း၍ ရုပ်တွက်ရမည်။ [မာနဝီ-မနု၏ သမီး (ဏဝပစ္စည်းပုံစံ)၊ နာဝိကီလှေသူကြီးကတော် (ဏိက)၊ ဝေနတေယျီ-ဂဠုန်မ၏ သမီး (ဏေယျ)၊ ဂေါတမီ-ဂေါတမ၏ အနွယ်ဖြစ်သော အမျိုးသမီး (ဏ)၊ သာမာဝတီရွှေအဆင်းရှိသော မိန်းမ (န္တု)။]
ရုပ်တွက်။ ။ မာနဝီကို “မာနဝ”တည်၊ ဏဝဏိကဏေယျဏန္တုဟိ သုတ်ဖြင့် -ီပစ္စည်းသက်, ဝ်ခွင်း, ချေ, ကပ်(မာနဝီ), နာမ်ဟုငဲ့, သိသက်, သေသတော လောပံ ဂ သိပိသုတ်ဖြင့် သိဝိဘတ်ကို ချေ, မာနဝီ ပြီး၏။ [ကျန်ရုပ်များကိုလည်း “နာဝိက, ဝေနတေယျ, ဂေါတမ”တည်၍ တွက်၊ သာမာဝတီကို န္တုဿ တမီကာရေသုတ်ကျမှ တွက်ရမည်။]
ဣတ္ထိယံ- ဣတ္ထိ လိန်၌၊ ပတိဘိက္ခုရာဇီ.ကာရန္တေဟိ ဝါ- ပတိ, ဘိက္ခု, ရာဇ, ဤ ကာရ န္တသဒ္ဒါတို့မှ နောက်၌လည်းကောင်း၊ အညေဟိ ဝါ- တစ်ပါး သော ဝိဒူ ယက္ခစသော သဒ္ဒါတို့မှ နောက်၌လည်းကောင်း၊ ဣနီ- ဣနီပစ္စည်းသည်၊ ဟောတိ- ဖြစ်၏။ ဂဟပတာနီ, ဘိက္ခုနီ, ရာဇိနီ, ဒဏ္ဍိနီ, ပရစိတ္တဝိဒူနီ, ယက္ခိနီ စသည်တည်း။
၁၈၈။ ဤသုတ်ကား ဣတ္ထိလိန်အရာဝယ် ဣနီပစ္စည်းသက်သောသုတ် တည်း၊ ဂဟပတာနီ-အိမ်ရှင်မသည် (ပတိသဒ္ဒါနောင် -ိ နီပစ္စည်းသက် သော ပုံစံ)၊ ဘိက္ခုနီ-ရဟန်းမသည်၊ ရာဇိနီ-မင်းကတော် (မိဖုရား)သည်၊ ဒဏ္ဍိနီ-တုတ်ရှိသောမိန်းမသည်၊ ဒဏ္ဍီဟု ရုပ်တည်ရ၍ -ီ အဆုံးရှိသော ပုဒ်နောင် ဣနီသက်သောပုံစံတည်း၊) နဒါဒိတော ဝါ ဤသုတ်မှ ဝါသဒ္ဒါ လိုက်သောကြောင့် ထိုဝါသဒ္ဒါဖြင့် ဤသုတ်၌ တိုက်ရိုက်မဆိုအပ်သော ဝိဒူစသော ဥုကာရ န္တသဒ္ဒါ, ယက္ခစသော အကာရ န္တသဒ္ဒါစုကို ဆည်းယူ၍ “ပရစိတ္တဝိဒူနီ-သူတစ်ပါးစိတ်ကို သိနိုင်သောမိန်းမသည်၊ ယက္ခိနီ-ဘီလူးမ သည်”ဟူသော ပုံစံများ ဖြစ်၏။
ရုပ်တွက်။ ။ ဂဟပတာနီကို “ဂဟပတိ”လိန်တည်၊ ပတိဘိက္ခုရာဇီ ကာရန္တေဟိ ဣနီသုတ်ဖြင့် -ိ နီပစ္စည်း သက်, ပတိဿိနိမှိသုတ်ဖြင့် ပတိသဒ္ဒါ၏ အဆုံး -ိ ကို ၊ ပြု (ဂဟပတ -ိ နီ), တ် ခွင်း (ဂဟပတ် ၊ -ိ နီ), ဝါ ပရော အသရူပါသုတ်ဖြင့် -ိ သရကိုချေ (ဂဟပတ် ၊ နီ), ပုဗ္ဗော စ သုတ်ဖြင့် ရှေ့ ၊ ကို -ါ ဒီဃပြု, တ် ကို -ါ သို့ကပ် (ဂဟပတာနီ), နာမ်ငဲ့, သိသက်, ချေ, ပြီး၏။
ဘိက္ခုနီကို “ဘိက္ခု”တည်၊ -ိ နီပစ္စည်းသက်, ဝါ ပရော အသရူပါ သုတ်ဖြင့် -ိ သရကိုချေ, နာမ်ငဲ့, သိသက်, ချေ, ပြီး၏။ [ရာဇိနီ၊ ရာဇ+ -ိ နီ, ဇ် ခွင်း, ချေ, ကပ်, နာမ်ငဲ့, သိသက်, ချေ၊ ဒဏ္ဍိနီ=ဒဏ္ဍီ+ -ိ နီ, ဏ္ဍ်ခွင်း, ချေ, ဏ္ဍ် -ိ သို့ကပ်, နာမ်ငဲ့, သိသက်, ချေ၊ ပရစိတ္တဝိဒူနီ=ပရစိတ္တ ဝိဒူ+ -ိ နီ, ူ မှ နောက်ဖြစ်သော -ိ ကို ချေ၊ ယက္ခိနီ=ယက္ခ+ -ိ နီ, က္ခ်ခွင်း, ချေ, ကပ်, နာမ်ငဲ့, သိသက်, ချေ။]
ဤကာရေ- ဤပစ္စည်းကြောင့်၊ န္တုဿ- န္တုပစ္စည်း၏၊ တံ- တ အပြုသည်၊ ဝါ- ဝိကပ်အားဖြင့်၊ ဟောတိ- ဖြစ်၏။ ဂုဏဝတီ, ဂုဏဝန္တီ စသည်တည်း။
၁၈၉။ -ီ ပစ္စည်းနှောင်းရာ၌ န္တုကို တပြုသော သုတ်တည်း၊ ဂုဏဝတီ သည် တ ပြုသောပုံစံ၊ ဂုဏဝန္တီကား ဝါသဒ္ဒါက တားမြစ်၍ တ မပြုသော ပုံစံတည်း။ [ဂုဏဝတီ, ဂုဏဝန္တီ-ဂုဏ်ရှိသောမိန်းမ။]
ရုပ်တွက်။ ။ ဂုဏဝတီကို “ဂုဏဝန္တု”လိန်တည်၊ ဏဝဏိကဏေယျ ဏန္တုဟိသုတ်ဖြင့် -ီ ပစ္စည်းသက်, န္တုဿ တ.မီကာရေသုတ်ဖြင့် န္တုကို တ ပြု, တ် ခွင်း, ချေ, ကပ်(ဂုဏဝတီ), နာမ်ငဲ့, သိသက်, ချေ, ပြီး၏။ [ဂုဏဝန္တီ ကား -ီ ပစ္စည်းသက်, န္တု အဆုံး ု ကို ချေ, န္တ -ီ သို့ကပ်, နာမ်ငဲ့, သိသက်, ချေ။]
ဤကာရေ- ဤပစ္စည်း ကြောင့်၊ ဘဝတော- ဘဝန္တသဒ္ဒါ၏၊ ဘောတော- ဘောတ အပြု သည်၊ ဟောတိ- ဖြစ်၏။ ဘောတီ, ဘောတိ စသည်တည်း။
၁၉၀။ နဒါဒိတော ဝါ ဤသုတ်ဖြင့် -ီ ပစ္စည်းသက်ပြီးနောက် ဘဝန္တ သဒ္ဒါကို ဘောတ ပြုသည်။ [ဘောတီ-ရှင်မသည်၊ ဘောတိ-အို ရှင်မ။]
ရုပ်တွက်။ ။ ဘောတီကို “ဘဝန္တ”လိန်တည်၊ နဒါဒိတော ဝါ ဤ သုတ်ဖြင့် -ီ ပစ္စည်းသက်, ဘဝတော ဘောတောသုတ်ဖြင့် ဘဝန္တ သဒ္ဒါကို ဘောတ ပြု, တ် ခွင်း, ချေ, ကပ် (ဘောတီ), နာမ်ငဲ့, သိသက်, ချေ, ဘောတီ ပြီး၏။
ဘောတိကား အာလုပ်ဧကဝုစ်တည်း၊ ဘောတီဟု ဖြစ်သောအခါ အာလုပ် သိသက်, ဂ မှည့်, -ီ ကိုလည်း ပ မှည့်, ဈလပါ ရဿံသုတ်ဖြင့် -ီ ကို -ိ ရဿပြု, ဂသိချေ။ [ဘောတိ ကညေ စသည်၌ ဘောတိသဒ္ဒါ ကိုလည်း ဤသုတ်လာ “ဘောတိ”ဟု မှတ်။]
ဂေ တု- ဂသိကြောင့်ကား၊ ဘဝတော- ဘဝန္တသဒ္ဒါ၏၊ ဘော- ဘော အပြုသည်၊ ဟောတိ- ဖြစ်၏။ ဘော ဟူသည်တည်း။
၁၉၁။ [ဘော-အို အရှင်။] ဘောကို “ဘဝန္တ”လိန်တည်၊ အိုဟူ၍၊ပေ၊ သိဝိဘတ်သက်၊ အာလပနေ သိ ဂ သညောသုတ်ဖြင့် အာလုပ် သိကို ဂ အမည်မှည့်, ဘောဂေ တုသုတ်ဖြင့် ဘဝန္တသဒ္ဒါကို ဘောပြု, သေသတော လောပံ ဂ သိပိသုတ်ဖြင့် ဂသိကို ချေ, ဘော ပြီး၏။ [ဘော ပုရိသစသည်၌ ဤသုတ်က ဘောသဒ္ဒါတည်း၊ နိပါတ်ပုဒ်“ဘော”လည်း ရှိသေး၏၊ ဤသုတ် နှင့်စပ်၍ မှတ်ဖွယ်ကို နာမ်ဂိုဏ်းကျမှ ပြအံ့။]
ဂေ- ဂသိကြောင့်၊ အကာရပိတာဒျန္တာနံ- အကာရန္တသဒ္ဒါ, ပိတု အစရှိသောသဒ္ဒါ တို့၏ အဆုံးသရတို့၏၊ အာ- အာ အပြုသည်၊ ဟောတိ- ဖြစ်၏။ ဘော ပုရိသာ, ဘော ပိတာ စသည်တည်း။
၁၉၂။ ဂသိနှောင်းရာ၌ ပုရိသစသော အကာရ န္တသဒ္ဒါတို့၏ အဆုံး အ အက္ခရာကိုလည်းကောင်း, ပိတု သတ္ထု စသည်တို့၏ အဆုံးဥကိုလည်း ကောင်း အာပြုသောသုတ်တည်း။ [ဘော ပုရိသာ-အို ယောက်ျား၊ ဘော ပိတာ-အို အဘ။]
ရုပ်တွက်။ ။ ပုရိသာကို “ပုရိသ”လိန်တည်၊ အိုဟူ၍၊ပေ၊သိဝိဘတ် သက်, အာလုပ်သိကို ဂ အမည်မှည့်, သ် ခွင်း(ပုရိသ် ၊ သိ), အကာရ ပိတာဒျန္တန.မာသုတ်ဖြင့် ၊ ကို -ါ ပြု, သ် ကို -ါသို့ ကပ်, သေသတော လောပံ ဂသိပိသုတ်ဖြင့် ဂသိကို ချေ, ပုရိသာ ပြီး၏။ [ပိတာကို ပိတုတည်, အာလုပ်သိသက်, ဂမှည့်, ဤသုတ်ဖြင့် ပိတု၏ အဆုံး ု ကို -ါ ပြု, သိ ချေ, ပိတာ ပြီး၏။]
ဂေ- ဂသိကြောင့်၊ ဈလပါ- ဈ,လ,ပ အမည်ရှိသော ဤ, ဥုသရတို့သည်၊ ရဿံ- ရဿအဖြစ်သို့၊ အာပဇ္ဇန္တေ- ရောက်ကုန်၏။ ဘော ဒဏ္ဍိ, ဘော သယမ္ဘု, ဘောတိ ဣတ္ထိ, ဘောတိ ဝဓု စသည်တည်း။
၁၉၃။ ဂသိဟူသည် ဧကဝုစ်ဝိဘတ်ပင်တည်း၊ ဤ, ဥုသရတို့လည်း အာ ဃောသုတ်ဖြင့် ဃအမည်မရကြကုန်၊ ထို့ကြောင့် ဂသိနှောင်းရာ၌ ဈလပအမည်ရှိသောဤ,ဥုသရတို့ကို အဃော ရဿမေကဝစနယောသွပိ စသုတ်ဖြင့် ရဿပြုမည်ဆိုလျှင် ပြုနိုင်၏၊ သို့သော် ဤသုတ်ကို ထပ်၍ ဆိုသည့်အတွက် “ဈ လ ပအမည်ရသော ဤ, ဥုတို့ကို ဂသိနှောင်းရာ၌ အမြဲ ရဿပြု”ဟု သတ်မှတ်ရခြင်း အကျိုးရှိသည်။ [ဘော ဒဏ္ဍိ (ပုလ္လိန် ဈမည်သောပုံစံ) အို တုတ်ရှိသူ၊ ဘော သယမ္ဘု(လမည်သောပုံစံ) အို ဘုရားရှင်၊ (ဘော သုခကာရိ, ဘော ဂေါတြဘုဟူသော နပုံလိန်ပုံစံများ ကိုလည်း သတိပြု၊) ဘောတိ ဣတ္ထိ (ဣတ္ထိလိန် ပမည်သောပုံစံ) အို မိန်းမ၊ ဘောတိ ဝဓု (ဣတ္ထိလိန် ပမည်သောပုံစံ) အို ချွေးမ။]
ရုပ်တွက်။ ။ ဒဏ္ဍိကို “ဒဏ္ဍီ”တည်၊ အိုဟူ၍၊ပေ၊အာလုပ်သိသက်၊ အာလပနေ သိ ဂသညောသုတ်ဖြင့် အာလုပ်သိကို ဂအမည်မှည့်, ဣဝဏ္ဏု ဝဏ္ဏာ ဈလာသုတ်ဖြင့် -ီ ကို ဈ အမည်မှည့်, ဈလပါ ရဿံသုတ်ဖြင့် -ီ ကို -ိ ရဿပြု, သေသတော လောပံ ဂသိပိသုတ်ဖြင့် ဂသိကို ချေ, ဒဏ္ဍိ ပြီး၏။ [သယမ္ဘုကို “သယမ္ဘူ”တည်၊ ူ ကို လအမည်မှည့်၊ ဣတ္ထိကို “ဣတ္ထီ”တည်၊ -ီ ကို ပ အမည်မှည့်၊ ဝဓုကို “ဝဓူ”တည်၊ ူ ကို ပမှည့်။]
အာကာရော ဝါ။ ။ ဂေ- ဂသိကြောင့်၊ အာကာရော- အာ အက္ခရာသည်၊ ရဿံ- ရဿအဖြစ်သို့၊ ဝါ- ဝိကပ်အားဖြင့်၊ အာပဇ္ဇတေ- ရောက်၏။ ဘော ပုရိသ, ဘော ပုရိသာ, ဟေ သ, ဟေ သာ, ဘော ပိတ, ဘော ပိတ စသည်တည်း။
၁၉၄။ ဤသုတ်နှင့်ဆိုင်သော အာအက္ခရာသည် ပုံလိန် နပုံလိန်များ သာတည်း, ဣတ္ထိလိန် အာ မဟုတ်၊ သို့အတွက် အာ ဃောသုတ်ဖြင့် ဃ အမည် မမှည့်နိုင်၊ ဃ မမည်လျှင် အဃော ရဿစသောသုတ်ဖြင့် ရဿ ပြုမည်ဆိုက ပြုနိုင်၏၊ သို့သော် ဤသုတ်ကို ဆိုသည့်အတွက် “ဃ မမည် သော အာ ကို ဂသိနှောင်းရာ၌ တစ်ရံတစ်ခါသာ ရဿပြု”ဟု သတ်မှတ် ရခြင်းအကျိုးရှိသည်။ [ဈလပါ ရဿံ, အာကာရော ဝါ သုတ်တို့နှင့် စပ်၍ မှတ်ဖွယ်ကို ရူပသိဒ္ဓိမှာ ရှု။]
ပုံစံများ။ ။ ဘော ပုရိသ, ဘော ပုရိသာ-အို ယောက်ျား၊ ဟေ သ, ဟေ သာ-ဟဲ့ ခွေး၊ ဘော ပိတ, ဘော ပိတာ-အို အဘ၊ ပုရိသာ ပိတာ တို့ကား အကာရပိတာဒျန္တာန.မာသုတ်၏ ပုံစံတည်း၊ သာ ကား ပင်ကို အာဒီဃအတိုင်း ရှိရသောပုံစံတည်း၊ ဤသုတ်၏ ရဿအပြု မမြဲကြောင်း ပြလို၍ “ပုရိသာ, ပိတာ, သာ”ဟု ဒီဃပြုထားသော, ဒီဃအတိုင်းလည်း ရှိသော ရုပ်များကို ထည့်လိုက်သည်။
ရုပ်တွက်။ ။ ပုရိသကို “ပုရိသ”လန်တည်၊ အာလုပ် သိသက်, ဂမှည့်, သ် ခွင်း, အကာရပိတာဒျန္တာန.မာသုတ်ဖြင့် သ၏ အဆုံး ၊ ကို -ါ ပြု, အာကာရော ဝါသုတ်ဖြင့် -ါ ကို ၊ ရဿပြု, သေသတော လောပံ ဂသိပိ သုတ်ဖြင့် ဂသိကို ချေ, ပုရိသ ပြီး၏။
ပိတကို “ပိတု”တည်၍ အာလုပ် သိဝိဘတ် သက်, အကာရပိတာဒျန္တာ န.မာသုတ်ဖြင့် ု ကို -ါ ပြု, -ါ ကို ဤသုတ်ဖြင့် ၊ ရဿပြု, ဂ သိကို ချေ, ပိတ ပြီး၏။
သ ကို “သာ”လိန်တည်၊ အာလုပ် သိသက်, ဂမှည့်, ဤသုတ်ဖြင့် -ါ ကို ၊ ရဿပြု, သိ ချေ, သ ပြီး၏။ [သာကို “သာ”တည်၊ အာလုပ် သိ သက်, ဂ မှည့်, ချေရုံသာ။]
နာမကပ္ပေ- နာမ် ကျမ်း၌၊ စတုတ္ထော- လေးခန်းမြောက်ဖြစ်သော၊ ကဏ္ဍော- အခန်းသည်၊ ဣတိ- ပြီးပြီ။
နာမ်စတုတ္ထခန်းပြီး၏။
တွာဒယော- တော အစရှိသော ပစ္စည်းတို့သည်၊ ဝိဘတ္တိသညာယော- ဝိဘတ် အမည်ရှိကုန်သည်၊ ဟောန္တိ- ကုန်၏။ သဗ္ဗတော စသည်တည်း။
၁၉၅။ ပြလတ္တံ့သော တော အစရှိသော ပစ္စည်းများကို “ဝိဘတ် မည်၏”ဟု ဝိဘတ်အမည်မှည့်သောသုတ်တည်း၊ ဆိုလိုရင်းကား…ဝိဘတ် မပါလျှင် ပုဒ်အရာ မဝင်ချေ၊ သို့အတွက် တောပစ္စည်း တြပစ္စည်းစသည် တို့ကို ပဉ္စမီဝိဘတ် သတ္တမီဝိဘတ်ဟု နာမည်မှည့်ပါ၊ ထိုသို့ ဝိဘတ်နာမည် မှည့်လိုက်လျှင် သဗ္ဗတော စသောပုဒ်များသည် ဝိဘတ်သက်ထားသော ပုဒ်, ဝိဘတ်အဆုံးရှိသော ပုဒ်များ ဖြစ်လေတော့သည် ဟူလို။
[သဗ္ဗတော-အလုံးစုံမှ။] ရုပ်ကို နောက်မှ တွက်။
ပဉ္စမျတ္ထေ- ပဉ္စမီဝိဘတ်၏ အနက်၌၊ ကွစိ- အချို့သောအရာ၌၊ တော- တောပစ္စည်းသည်၊ ဟောတိ- ဖြစ်၏။ ကုတော စသည်တည်း။
၁၉၆။ ဤသုတ်က ပဉ္စမီဝိဘတ်၏အနက်၌ တောပစ္စည်းသက်သော ကြောင့် တွာဒယော ဝိဘတ္တိသညာယောသုတ်ဖြင့် တောပစ္စည်းကို ပဉ္စမီ ဝိဘတ် အမည်မှည့်ရသည်။ [ကုတော-အဘယ်အရပ်မှ, အဘယ်အရပ် တို့မှ၊ ဧကဝုစ် ဗဟုဝုစ် ၂ နက် သင့်၏။]
ရုပ်တွက်။ ။ ကုတောကို “ ကိံ ”လိန်တည်၊ ကွစိတော ပဉ္စမျတ္ထေ သုတ်ဖြင့် တောပစ္စည်း သက်၊ တွာဒယော ဝိဘတ္တိသညာယောသုတ်ဖြင့် တောပစ္စည်းကို ပဉ္စမီဝိဘတ် အမည်မှည့်, တြတောထေသု စသုတ်ဖြင့် ကိံသဒ္ဒါကို ကု ပြု, ကုတော ပြီး၏။
သဗ္ဗတော စသည်၌ “သဗ္ဗ” စသည်တည်, တောသက်, ပဉ္စမီဝိဘတ် မှည့်ရုံသာ၊ အတော, ဣတောတို့၌ကား ဧတ, ဣမ တည်၊ သဗ္ဗဿေ တဿာကာရော ဝါဖြင့် ဧတကို (အ)ပြု, ဣမဿိ ထံဒါနိ ဟတောဓေသု စ ဖြင့် ဣမကို ဣ ပြုရခြင်းသာ ထူး၏၊ [ဧတ္တော၌ကား ဧတောထေသု စဖြင့် ဧတကို ဧ ပြု, တ် ဒွေးဘော်လာ။]
ယောဂဝိဘာဂ။ ။ ဤ ကွစိ တော ပဉ္စမျတ္ထေသုတ်၌ “ကွစိ တော” ဟူသော ဒွိဓာကရဏယောဂဝိဘာဂဖြင့် ပဌမာစသော အနက်၌လည်း တောပစ္စည်းသက်နိုင်သေး၏၊ အကျယ်ကို ကစ္စည်းဘာသာဋီကာမှာ ရှု။
သတ္တမိယာ- သတ္တမီဝိဘတ်၏၊ အတ္ထေ- အနက်၌၊ သဗ္ဗနာမေဟိ- သဗ္ဗနာမ် တို့မှ နောက်၌၊ တြထ- တြပစ္စည်း, ထပစ္စည်းတို့သည်၊ ဟောန္တိ- ဖြစ်ကုန်၏။ ကုတြ, ကုတ္ထ စသည်တည်း။
၁၉၇။ [ကုတြ, ကုတ္ထ, ကတ္ထ-အဘယ်အရပ်၌, အဘယ်အရပ်တို့၌။] ကုတြကို “ကိံ ”လိန်တည်၊ တြထ သတ္တမိယာ သဗ္ဗနာမေဟိသုတ်ဖြင့် တြပစ္စည်း သက်, တွာဒယော ဝိဘတ္တိသညာယောသုတ်ဖြင့် တြပစ္စည်းကို သတ္တမီဝိဘတ်အမည်မှည့်, တြတောထေသု စသုတ်ဖြင့် ကိံသဒ္ဒါကို ကုပြု, ကုတြ ပြီး၏။ [ကုတ္ထ၌ ထပစ္စည်းသက်, ကိံကို ကုပြု, တ တစ်လုံး ဒွေးဘော် လာ။]
ကတ္ထကို “ ကိံ ”တည်၊ ထပစ္စည်းသက်, ဝိဘတ်မှည့်, သေသေသု စ သုတ်ဖြင့် ကိံသဒ္ဒါကို က ပြု, ထ၏ အသဒိသဒွေးဘော် တ် လာ, ပြီး၏။ [ဧတ္ထကို “ဧတ”တည်၊ ထသက်, ဝိဘတ်မှည့်, ဧ တောထေသု စသုတ်ဖြင့် ဧတကို ဧ ပြု, တ် ဒွေးဘော်လာ။]
သတ္တမျတ္ထေ- သတ္တမီဝိဘတ်၏ အနက်၌၊ သဗ္ဗတော- သဗ္ဗသဒ္ဒါမှနောက်၌၊ ဓိ- ဓိပစ္စည်းသည်၊ ဟောတိ- ဖြစ်၏။ သဗ္ဗဓိ ဟူသည်တည်း။
၁၉၈။ [သဗ္ဗဓိ - အလုံးစုံ၌, တို့၌။] သဗ္ဗဓိကို “သဗ္ဗ” လိန်တည်၊ သဗ္ဗတော ဓိသုတ်ဖြင့် ဓိပစ္စည်း သက်၊ တွာဒယော စသောသုတ်ဖြင့် ဓိပစ္စည်းကို သတ္တမီဝိဘတ် အမည်မှည့်, သဗ္ဗဓိ ပြီး၏။
သတ္တမျတ္ထေ- သတ္တမီဝိဘတ်၏အနက် ၌၊ ကိံသ္မာ- ကိံသဒ္ဒါမှနောက်၌၊ ဝေါ- ဝ ပစ္စည်းသည်၊ ဟောတိ- ဖြစ်၏။ ကွ(ဂတော.သိ) ဟူသည်တည်း။
၁၉၉။ [ကွ-အဘယ်အရပ်၌၊ ဝါ-အဘယ်အရပ်သို့၊ ဂတော-သွားသည်၊ အသိ-ဖြစ်သနည်း။]
ရုပ်တွက်။ ။ ကွကို “ကိံ ”လိန်တည်၊ ကိံသ္မာ ဝေါသုတ်ဖြင့် ဝပစ္စည်း သက်၊ သတ္တမီဝိဘတ်အမည်မှည့် (ကိံဝ), ကိဿ က ဝေ စသုတ်ဖြင့် ကိံ သဒ္ဒါကို က ပြု (ကဝ), က် ခွင်း (က် ၊ ဝ) တေသု ဝုဒ္ဓိလောပေါ.ဂမဝိကာရ ဝိပရီတာ.ဒေသာ စဟူသောသုတ်ကြီးဖြင့် က ၏ ၊ ကို ချေ, က် ကို ဝသို့ ကပ်, ကွ ပြီး၏။ [က၏ ၊ ကို နျာသ၌ သရလောပေါ စသောသုတ်ဖြင့် ချေ၏။]
သတ္တမျတ္ထေ- ၌၊ ဟိံဟံဟိဉ္စနံ- ဟိံ ပစ္စည်း, ဟံပစ္စည်း, ဟိဉ္စနံပစ္စည်းတို့သည်၊ ဟောန္တိ- ကုန်၏။ ကုဟိံ, ကုဟံ, ကုဟိဉ္စနံ ဟူသည်တည်း။
၂၀၀။ [ကုဟိံ, ကုဟံ-အဘယ်အရပ်၌, တို့၌၊ ကုဟိဉ္စနံ-တစ်ရံတစ်ခါ ၌။] ကုဟိံကို “ကိံ ” တည်၊ ဟိံဟံဟိဉ္စနံ သုတ်ဖြင့် ဟိံ ပစ္စည်း သက်, သတ္တမီဝိဘတ်အမည်မှည့်, ကု ဟိံဟံသု စသုတ်ဖြင့် ကိံသဒ္ဒါကို ကုပြု, ကုဟိံ ပြီး၏။ [ကုဟံ၌ ဟပစ္စည်းသက်၊ ကုဟိဉ္စနံ၌ ဟိဉ္စနံပစ္စည်းသက်, ဝိဘတ်မှည့်, ကု ဟိံဟံသု စ၌ စသဒ္ဒါဖြင့် ကိံသဒ္ဒါကို ကုပြု။]
သတ္တမျတ္ထေ- ၌၊ တမှာ- တသဒ္ဒါမှနောက်၌၊ ဟိံဟံ စ- ဟိံပစ္စည်း, ဟံပစ္စည်းတို့သည်သာလျှင်၊ ဟောန္တိ- ဖြစ်ကုန်၏။ တဟိံ, တဟံ ဟူသည်တည်း။
၂၀၁။ [တဟိံ, တဟံ-ထိုအရပ်၌, တို့၌။] စသဒ္ဒါက ဟိဉ္စနံပစ္စည်းကို တားမြစ်၏၊ သို့အတွက် ရှေ့သုတ်က ဟိဉ္စနံသဒ္ဒါကို ဤသုတ်သို့ မလိုက် စေရ။
တဟိံကို “တ”လိန်တည်၊ တမှာ စသုတ်ဖြင့် ဟိံပစ္စည်းသက်, သတ္တမီ ဝိဘတ်မှည့်, တဟိံ ပြီး၏။ [တဟံ၌ ဟံပစ္စည်းသက်ရုံသာ။]
သတ္တမျတ္ထေ- ၌၊ ဣမသ္မာ စ- ဣမသဒ္ဒါမှနောက်၌သာလျှင်၊ ဟဓာ- ဟပစ္စည်း, ဓပစ္စည်းတို့ သည်၊ ဟောန္တိ- ဖြစ်ကုန်၏။ ဣဟ, ဣဓ စသည်တည်း။
၂၀၂။ ဟဓာ စ၌ စသဒ္ဒါသည် ဧဝအနက်ရှိ၍ “သာလျှင်”ဟု ထွက်၏၊ ထိုသဒ္ဒါကို “ဣမသ္မာ”နောင် ရွှေ့၍ ဣမသဒ္ဒါနောင်သာ ဟ ဓ ပစ္စည်း သက်သည်, အခြားသဒ္ဒါနောင် မသက်ဟု ကန့်လေ။ [ဣဟ, ဣဓ-ဤ အရပ်၌, တို့၌။]
ဣဟကို “ဣမ”လိန်တည်၊ ဣမသ္မာ ဟဓာ စသုတ်ဖြင့် ဟပစ္စည်း သက်, တွာဒယော စသော သုတ်ဖြင့် ဟပစ္စည်းကို သတ္တမီဝိဘတ်အမည် မှည့်, ဣမဿိ ထံဒါနိဟတောဓေသု စသုတ်ဖြင့် ဣမသဒ္ဒါကို ဣပြု, ဣဟ ပြီး၏။ [ဣဓ၌ ဓပစ္စည်းသက်ရုံသာ။]
သတ္တမျတ္ထေ- ၌၊ ယတော- ယသဒ္ဒါမှ နောက်၌၊ ဟိံ- ဟိံပစ္စည်းသည်၊ ဟောတိ- ဖြစ်၏။ ယဟိံ ဟူသည် တည်း။
၂၀၃။ [ယဟိံ-အကြင်အရပ်၌, တို့၌။] ယဟိံ ကို “ယ” လိန်တည်၊ ယတော ဟိံသုတ်ဖြင့် ဟိံပစ္စည်းသက်, သတ္တမီဝိဘတ်အမည်မှည့်, ယဟိံ ပြီး၏။
အယံ- ဤ ကာလေသုတ်သည်၊ အဓိကာရော- နောက်သုံးသုတ်သို့ လိုက်သောသုတ်တည်း။
၂၀၄။ ဤ ကာလေသုတ်၏ လိုက်ပုံမှာ နောက်သုတ်များ၌ ထင်ရှား လတ္တံ့။
သတ္တမျတ္ထေ- သတ္တမီဝိဘတ်၏အနက်၌၊ ကာလေ- အခါဟူသောအနက်၌၊ ကိံသဗ္ဗ.ညေ.ကယကုဟိ- ကိံ, သဗ္ဗ, အည, ဧက, ယ, ကုသဒ္ဒါ တို့မှနောက်၌၊ ဒါဒါစနံ- ဒါပစ္စည်း, ဒါစနံပစ္စည်းတို့သည်၊ ဟောန္တိ- ဖြစ်ကုန်၏။ ကဒါ, သဗ္ဗဒါ, အညဒါ, ဧကဒါ, ယဒါ, ကုဒါစနံ ဟူသည်တည်း။
၂၀၅။ ကဒါ-ဘယ်အခါ၌၊ သဗ္ဗဒါ-အလုံးစုံသော အခါ၌၊ အညဒါအခြားသောအခါ၌၊ ဧကဒါ-တစ်ပါးသောအခါ၌၊ ယဒါ-အကြင်အခါ၌၊ ကုဒါစနံ-တစ်ခါတစ်ရံ၌။ ကဒါကို “ကိံ”လိန်တည်၊ ကိံသဗ္ဗ.ညေ.ကယ ကုဟိ ဒါဒါစနံသုတ်ဖြင့် ဒါပစ္စည်းသက်, ဝိဘတ်အမည်မှည့်, သေသေသု စသုတ်ဖြင့် ကိံသဒ္ဒါကို ကပြု, ကဒါ ပြီး၏။
သဗ္ဗဒါ၊ သဗ္ဗတည်၊ အညဒါ=အညတည်၊ ဧကဒါ=ဧကတည်၊ ယဒါ= ယတည်၊ ဤသုတ်ဖြင့် ဒါပစ္စည်းသက်၊ ကုဒါစနံကို ကိံတည်၊ ဤသုတ်ဖြင့် ဒါစနံပစ္စည်းသက်, သတ္တမီဝိဘတ်အမည်မှည့်, ကု ဟိံဟံသု စသုတ်၌ စသဒ္ဒါဖြင့် ကိံ ကို ကု ပြု, ကုဒါစနံ ပြီး၏။
အမှာ။ ။ သုတ်၌ “ကုဟိ”ဝယ် ကိံသဒ္ဒါမှဖြစ်လာသော ကုတည်း၊
ထို့ကြောင့် ကိံသဒ္ဒါကိုပင် “ကု”ဟုဆိုထားသည်၊ ထမင်းဖြစ်အောင် ဆန်ကို ချက်ရာ၌ “ဆန်ချက်သည်”ဟု မဆို, “ထမင်းချက်သည်”ဟုဆိုသော ဖလူပစာနည်းမျိုးဟု ဆိုကြ၏၊ သို့သော် ဒါစနံနှောင်းရာ၌ ကိံကို ကုပြုဖို့ အစီအရင်မပြသော အရှင်ကစ္စည်းအလိုမှာ “ကု”နိပါတ်ဟုပင် ဆိုလိုဟန် တူသည်။
သတ္တမျတ္ထေ- သတ္တမီဝိဘတ်၏ အနက်၌၊ ကာလေ- အခါဟူသောအနက်၌၊ တမှာ- တသဒ္ဒါမှ နောက်၌၊ ဒါနိ စ- ဒါနိပစ္စည်းသည်လည်းကောင်း၊ ဒါ စ- ဒါပစ္စည်း သည်လည်းကောင်း၊ ဟောန္တိ- ဖြစ်ကုန်၏။ တဒါနိ, တဒါ ဟူသည် တည်း။
၂၀၆။ ဒါနိ စ၌ စသဒ္ဒါသည် ရှေ့သုတ်က ဒါပစ္စည်းကို ဆွဲငင်၏၊ ထို့ကြောင့် ဒါ စဟု အနက်မှာ ထည့်ရသည်။ [တဒါနိ, တဒါ-ထိုအခါ၌၊ တဒါနိကို “တ”လိန်တည်၊ တမှာ ဒါနိ စသုတ်ဖြင့် ဒါနိပစ္စည်းသက်, သတ္တမီဝိဘတ်မှည့်, တဒါနိ ပြီး၏၊ တဒါ၌ ဒါပစ္စည်း သက်။]
သတ္တမျတ္ထေ- ၌၊ ကာလေ- ၌၊ ဣမသ္မာ- ဣမသဒ္ဒါမှ နောက်၌၊ ရဟိဓုနာ- ရဟိပစ္စည်း, ဓုနာ ပစ္စည်းတို့သည်လည်းကောင်း၊ ဒါနိ စ- ဒါနိပစ္စည်းသည်လည်း ကောင်း၊ ဟောန္တိ- ဖြစ်ကုန်၏။ ဧတရဟိ, အဓုနာ, ဣဒါနိ ဟူသည် တည်း။
၂၀၇။ “ဣမသ္မာ ရဟိ ဓုနာ ဒါနိ စ”ဟု ယခုစာအုပ်များ၌ ရှိကြ၏၊ ထိုပါဌ်အတိုင်းဆိုလျှင် ဒါနိ စ၌ စသဒ္ဒါအကျိုးမရှိ၊ စသဒ္ဒါဖြင့် “ရှေ့သုတ်က ဒါနိပစ္စည်းကို ပေါင်းသည်”ဟု ရူပသိဒ္ဓိဋီကာဖွင့်၏၊ သို့အတွက် “ဣမသ္မာ ရဟိဓုနာ စ”သာ ရှေးပါဌ်ဟောင်းတည်း။ [ဧတရဟိ, အဓုနာ, ဣဒါနိ ဤအခါ၌, ယခုအခါ၌။]
ဧတရဟိကို “ဣမ”လိန်တည်၊ ဣမသ္မာ ရဟိဓုနာ စသုတ်ဖြင့် ရဟိ ပစ္စည်းသက်, သတ္တမီဝိဘတ်မှည့်, ဧတ ရဟိမှိသုတ်ဖြင့် ဣမကို ဧတပြု, ဧတရဟိ ပြီး၏။ [အဓုနာကို “ဣမ”တည်၊ ဓုနာပစ္စည်းသက်, သတ္တမီ ဝိဘတ်မှည့်, အဓုနာမှိ စသုတ်ဖြင့် ဣဓကို အ ပြု။ ဣဒါနိကို “ဣမ” တည်၊ ဒါနိပစ္စည်းသက်, သတ္တမီဝိဘတ်မှည့်, ဣမဿိ ထံဒါနိဟတော ဓေသု စသုတ်ဖြင့် ဣမကို ဣပြု။]
ဒါမှိ- ဒါပစ္စည်းကြောင့်၊ သဗ္ဗဿ- သဗ္ဗသဒ္ဒါ၏၊ သော- သအပြုသည်၊ ဝါ- ဝိကပ်အားဖြင့်၊ ဟောတိ- ဖြစ်၏။ သဒါ ဟူသည်တည်း။
၂၀၈။ [သဒါ-အလုံးစုံသောအခါ၌ (အခါခပ်သိမ်း)။] သဒါကို “သဗ္ဗ” လိန်တည်၊ ကိံ သဗ္ဗညေကယကုဟိ ဒါဒါစနံသုတ်ဖြင့် ဒါပစ္စည်းသက်, သတ္တမီဝိဘတ်မှည့်, သဗ္ဗဿ သော ဒါမှိ ဝါသုတ်ဖြင့် သဗ္ဗကို သပြု, သဒါ ပြီး၏။
ယေ- တဒ္ဓိတ်ယပစ္စည်း ကြောင့်၊ အဝဏ္ဏော စ- အဝဏ်သည်လည်း၊ လောပံ- သို့၊ အာပဇ္ဇတေ- ၏။ ဗာဟုဿစ္စံ စသည်တည်း။
၂၀၉။ တဒ္ဓိတ်ပိုင်း၌ ဏျပစ္စည်းမှ ဏ် ကို ချေ၍ ယ (ယပင့်)ကို တွေ့လတ္တံ့၊ ထို ယပစ္စည်းနှောင်းရာ၌ အ အာကို ချေသောသုတ်တည်း၊ အဝဏ္ဏော စ၌ စသဒ္ဒါဖြင့် ဣဝဏ်ကျေခြင်းကို ဆည်းသည်၊ ရုပ်များမှာ ယဝတံ တလဏစသောသုတ်၌လည်းကောင်း, တဒ္ဓိတ်ခန်း၌လည်းကောင်း လာလိမ့်မည်။ [ဗာဟုဿစ္စံ-ဗဟုဿုတရှိသူ၏ဖြစ်ကြောင်း။]
ဣယိဋ္ဌေသု- ဣယ ဣဋ္ဌ ပစ္စည်းတို့ကြောင့်၊ ဝုဍ္ဎဿ- ဝုဍ္ဎသဒ္ဒါ၏၊ ဇော- ဇ အပြုသည်၊ ဟောတိ- ဖြစ်၏။ ဇေယျော, ဇေဋ္ဌော ဟူသည်တည်း။
၂၁၀။ ဣယ ဣဋ္ဌပစ္စည်းများသည် ဝိသေသ (အထူးဟူသော)အနက်၌ သက်ကြ၏၊ တဒ္ဓိတ်ပိုင်းမှာ တွေ့ရလတ္တံ့၊ ဤသုတ်က ထို ဣယ ဣဋ္ဌ ပစ္စည်းနှောင်းရာ၌ ဝုဍ္ဎသဒ္ဒါကို ဇပြုသည်၊ ရုပ်ကို ဤသုတ်နှင့် ဆိုင်ရုံသာ တွက်နှင့်ပါ။ [ဇေယျော, ဇေဋ္ဌော - အလွန်ကြီးသူ။]
ဇေယျောကို “ဝုဍ္ဎ -ိယ”တည်၊ ဝုဍ္ဎဿ ဇော ဣယိဋ္ဌေသုသုတ်ဖြင့် ဝုဍ္ဎသဒ္ဒါကို ဇပြု, ဇ်ခွင်း, သရလောပေါစသော သုတ်ဖြင့် ရှေ့ ၊ သရကို ချေ၍ နောက် -ိ သရကို ပကတိမပြုရ, ကွစာသဝဏ္ဏံ လုတ္တေသုတ်ဖြင့် နောက် -ိ ကို ေ- အသဝဏ်ပြု, နယေ ပရံ ယုတ္တေသုတ်ဖြင့် သရကင်း သော ဇ်ဗျဉ်းကို နောက် ေ- သို့ကပ်, ယ် ဒွေးဘော်လာ, နာမ်ငဲ့, သိသက်, သြပြု, ဇေယျော ပြီး၏။ [ဇေဋ္ဌော၌ “ဝုဍ္ဎ -ိ ဋ္ဌ”တည်။]
အမှာ။ ။ ရှေ့သရကို ချေရာ၌ ရူပသိဒ္ဓိက သရာ သရေ လောပံသုတ် ဖြင့် ချေ၏၊ နျာသ၌ သရလောပေါသုတ်ဖြင့် ချေ၍ ပကတိသဒ္ဒါ၏ အစွမ်း ကြောင့် နောက်သရကို ပကတိ မပြုရဟု တားမြစ်သည်၊ သန္ဓိစပ်သော အရာမဟုတ်၍ နျာသချေပုံက နှစ်သက်ဖွယ်ကောင်း၏။
ဣယိဋ္ဌေသု- ဣယ,ဣဋ္ဌပစ္စည်း တို့ကြောင့်၊ ပသတ္ထဿ- ပသတ္ထသဒ္ဒါ၏၊ သော စ- သအပြုသည် လည်းကောင်း၊ ဇော စ- ဇအပြုသည်လည်းကောင်း၊ ဟောတိ- ဖြစ်၏။ သေယျော, သေဋ္ဌော, ဇေယျော, ဇေဋ္ဌော ဟူသည်တည်း။
၂၁၁။ သော စ၌ စသဒ္ဒါဖြင့် ရှေ့သုတ်က ဇ အပြုကို ပေါင်း၏၊ [သေယျော, သေဋ္ဌော, ဇေယျော, ဇေဋ္ဌော-ချီးမွမ်းထိုက်သူတို့ထက်ထူးကဲသူ (အလွန်ချီးမွမ်းထိုက်သူ)။] သေယျောကို “ပသတ္ထ -ိယ”တည်၊ ပသတ္ထဿ သော စသုတ်ဖြင့် နောက် -ိယပစ္စည်းကြောင့် ပသတ္ထသဒ္ဒါကို သပြု, သ်ခွင်း, သရလောပေါစသောသုတ်ဖြင့် ရှေ့ ၊ သရကိုချေ၍ နောက် -ိသရကို ပကတိမပြုရ, ကွစာသဝဏ္ဏံ လုတ္တေသုတ်ဖြင့် -ိ ကို ေ-အသဝဏ် ပြု, သ်ကို ေ-သို့ ကပ်, ယ်ဒွေးဘော်လာ, နာမ်ငဲ့, သိသက်, သြပြု, ပြီး၏။ [သေဋ္ဌောကို “ပသိတ္ထ -ိ ဋ္ဌ”တည်၊ ဇေယျောကို “ပသိတ္ထ -ိ ယ”တည်၊ ဇေဋ္ဌောကို “ပသိတ္ထ -ိ ဋ္ဌ”တည်။]
ဣယိဋ္ဌေသု- တို့ကြောင့်၊ အန္တိကဿ- အန္တိကသဒ္ဒါ၏၊ နေဒေါ- နေဒ အပြုသည်၊ ဟောတိ- ဖြစ်၏။ နေဒိယော, နေဒိဋ္ဌော ဟူသည်တည်း။
၂၁၂။ [နေဒိယော နေဒိဋ္ဌော-နီးနားသည်ထက် ထူးကဲသောအရပ် (အလွန်နီးကပ်နေသောအရပ်)။] နေဒိယောကို “အန္တိက -ိ ယ”တည်၊ အန္တိကဿ နေဒေါသုတ်ဖြင့် အန္တိကသဒ္ဒါကို နေဒ ပြု, ဒ် ခွင်း, ချေ, ဒ် -ိ သို့ကပ်, နာမ်ငဲ့စသည်စီရင်, ပြီး၏။ [နေဒိဋ္ဌောကို “အန္တိက -ိ ဋ္ဌ” တည်၍ တွက်။]
ဣယိဋ္ဌေသု- တို့ကြောင့်၊ ဗာဠှဿ- ဗာဠှသဒ္ဒါ၏၊ သာဓော- သာဓ အပြုသည်၊ ဟောတိ- ဖြစ်၏။ သာဓိယော, သာဓိဋ္ဌော ဟူသည်တည်း။
၂၁၃။ [သာဓိယော, သာဓိဋ္ဌော-ပြင်းထန်သည်ထက် ထူးကဲသည် (သာလွန်ပြင်းထန်သည်)။] သာဓိယောကို “ဗာဠှ -ိ ယ”တည်၊ ဗာဠဿ သာဓောသုတ်ဖြင့် ဗာဠကို သာဓပြု, ဓ်ခွင်း, ချေ, ဓ်ကို -ိ သို့ကပ်, နာမ်ငဲ့, စသည်စီရင်, ပြီး၏။ [သာဓိဋ္ဌောကို “ဗာဠ -ိ ဋ္ဌ”တည်။]
ဣယိဋ္ဌေသု- ဣယ ဣဋ္ဌပစ္စည်း တို့ကြောင့်၊ အပ္ပဿ- အပ္ပသဒ္ဒါ၏၊ ကဏ်- ကဏ်အပြုသည်၊ ဟောတိ- ဖြစ်၏။ ကဏိယော, ကဏိဋ္ဌော ဟူသည်တည်း။
၂၁၄။ [ကဏိယော, ကဏိဋ္ဌော-အလွန်နည်းပါးသောအရာ။] ကဏိယောကို “အပ္ပ -ိ ယ”တည်၊ အပ္ပဿ ကဏ်သုတ်ဖြင့် အပ္ပ သဒ္ဒါကို ကဏ်ပြု, ဏ်ကို -ိ သို့ကပ်, နာမ်ငဲ့, စသည်စီရင်, ပြီး၏။ [ကဏိဋ္ဌောကို “အပ္ပ -ိ ဋ္ဌ” တည်၍ တွက်။]
ဣယိဋ္ဌေသု- ဣယ ဣဋ္ဌပစ္စည်းတို့ကြောင့်၊ ယုဝါနဉ္စ- ယုဝသဒ္ဒါတို့၏လည်း၊ ကဏ်- ကဏ် အပြုသည်၊ ဟောတိ- ၏။ ကဏိယော, ကဏိဋ္ဌော ဟူသည်တည်း။
၂၁၅။ [ကနိယော, ကနိဋ္ဌော-ငယ်ရွယ်သူတို့ထက်ထူးကဲသူ (အလွန် ငယ်သူ)၊ ကနိဋ္ဌော - ညီငယ်၊ ကနိဋ္ဌာ - နှမငယ်။]
ကနိယောကို “ယုဝ -ိ ယ”ဟု တည်၊ ယုဝါနဉ္စသုတ်ဖြင့် ယုဝကို ကဏ်ပြု, ဏ် -ိ သို့ကပ်, တေသု ဝုဒ္ဓိဖြင့ ဏ်ကို န်ပြု, နာမ်ငဲ့, စသည် စီရင်, ပြီး၏။ [ကနိဋ္ဌောကို “ယုဝ -ိ ဋ္ဌ” တည်၍ တွက်လေ။]
ဣယိဋ္ဌေသု- တို့ကြောင့်၊ ဝန္တုမန္တုဝီနဉ္စ- ဝန္တု, မန္တု, ဝီပစ္စည်းတို့၏လည်း၊ လောပေါ- ကျေ ခြင်းသည်၊ ဟောတိ- ၏။ ဂုဏိယော, ဂုဏိဋ္ဌော, သတိယော, သတိဋ္ဌော, မေဓိယော, မေဓိဋ္ဌော စသည်တည်း။
၂၁၆။ [ဂုဏိယော, ဂုဏိဋ္ဌော - အလွန်ဂုဏ်ရှိသူ၊ သတိယော, သတိဋ္ဌော-အလွန်သတိရှိသူ၊ မေဓိယော, မေဓိဋ္ဌော-အလွန်ပညာရှိသူ။] ဂုဏိယောကို “ဂုဏဝန္တု -ိ ယ”တည်၊ ဝန္တုမန္တုဝီနဉ္စ လောပေါသုတ်ဖြင့် ဝန္တုပစ္စည်းကို ချေ (ဂုဏ -ိ ယ), ဏ်ခွင်း, ချေ, ဏ်ကို -ိ သို့ ကပ်, နာမ်ငဲ့ စသည်စီရင်, ပြီး၏။ [သတိယောကို “သတိမန္တု -ိ ယ”တည်၊ မန္တုပစ္စည်းကို ချေ, တ်ခွင်း, ချေ, ကပ်၊ မေဓိယောကို “မေဓာဝီ -ိ ယ”တည်၊ ဝီပစ္စည်းကို ချေ, ဓ်ခွင်း, ချေ, ကပ်၊ ဂုဏိဋ္ဌော, သတိဋ္ဌော, မေဓိဋ္ဌောတို့ကို လည်း “ဂုဏ -ိ ဋ္ဌ”စသည် တည်။]
ယဝတံ- ယအက္ခရာရှိကုန်သော၊ တလဏဒကာရာနံ- တ လ ဏ ဒအက္ခရာတို့၏၊ ဗျဉ္ဇနာနိ- ဗျဉ်းတို့သည်၊ စလဉဇ ကာရတ္တံ- အစဉ်အတိုင်း စ လ ဉဇအက္ခရာအဖြစ်သို့၊ အာပဇ္ဇန္တေ- ရောက်ကုန်၏။ ဗာဟုဿစ္စံ, ဝေပုလ္လံ, နေပုညံ, သောဟဇ္ဇံ စသည်တည်း။
၂၁၇။ ယအက္ခရာရှိသော တလဏဒ ဟူသည် များသောအားဖြင့် ယပင့်နှင့်တွဲနေသော တျ လျ ဏျ ဒျတို့တည်း၊ ထို“တျ”စသည်ကို စ စသည်ပြုသောအခါ မှီရာသရမပါဘဲ ဗျဥ်း ၂ လုံးကို ပြု၏၊ ထို့ကြောင့် “ဗျဉ္ဇနာနိ”ဟု ဆိုသည်။ [ရှေးရိုက်စာအုပ်များ၌ “ဗျဉ္ဇနာနိ-သဒ္ဒါတို့သည်” ဟု အနက်ပေးခဲ့သည်မှာ မကောင်း။]
အစဉ်အတိုင်း တျဗျဉ်းကို စ, လျဗျဉ်းကို လ, ဏျဗျဉ်းကို ဉ, ဒျဗျဉ်းကို ဇ ပြု၊ ဤယဝတံသုတ်ဖြင့်ပြီးသမျှ ရုပ်များ၌ ဒွေးဘော်လာရသည်သာ များ၏၊ “မဖောက် တဿ, စဝဂ္ဂနှင့်, ယဝတံ-ဧဟေ, သယေ တစ်တန်, သဗ္ဗော စံဟု, ငါးတန်သောသုတ်, ပြီးပြယုဂ်လည်း, ဆင့်ထုတ်ဒွေးချည်း”ဟု ဆိုခဲ့သည်ကို သတိပြုပါ။
ရုပ်တွက်။ ။ ဗာဟုဿစ္စံကို “ဗာဟုဿုတ + ယ” တည်၊ တ် ခွင်း (ဗာဟုဿုတ် ၊ ယ), အဝဏ္ဏော ယေ လောပဉ္စသုတ်ဖြင့် ရှေ့ ၊ ကို ချေ, တ်ဗျဉ်းကို နောက် ယသို့ ကပ် (ဗာဟုဿုတျ), ယဝတံ တလဏဒကာရာနံ ဗျဉ္ဇနာနိ စလဉဇကာရတ္တံသုတ်ဖြင့် တျဗျဉ်းကို စပြု, သဒိသဒွေးဘော် စ်လာ (ဗာဟုဿစ္စ), နာမ်ငဲ့, သိသက်, သိံဟူသောသုတ်ဖြင့် သိဝိဘတ် ကို -ံ ပြု, စ္စ ခွင်း, ရှေ့ ၊ ကို ချေ, စ္စကို -ံ သို့ကပ်, ဗာဟုဿစ္စံ ပြီး၏။
ဤ ဗာဟုဿစ္စံစသော ရုပ်များသည် တဒ္ဓိတ်ရုပ်များချည်းတည်း၊ ထို့ကြောင့် နာမ်ဟု ငဲ့ရသည်၊ ဝေပုလ္လံ စသောရုပ်များကို တဒ္ဓိတ်ကျမှ တွက်သင့်သည်။ [ဝေပုလ္လံ-ပြန့်ပြော(များပြား)သည်၏ဖြစ်ကြောင်း၊ လျ၊ လ ပြု၊ နေပုညံ - သိမ်မွေ့သူ၏ဖြစ်ကြောင်း၊ ဏျ = ဉ ပြု၊ သောဟဇ္ဇံကောင်းသောစိတ်ရှိသူ၏ဖြစ်ကြောင်း၊ ဒျ = ဇပြု။] ဤသုတ်၌ ကာရသဒ္ဒါ၏ အကျိုးကို ရူပသိဒ္ဓိမှာ ရှု၊ မှတ်နှင့်ရန် ဆောင်ပုဒ်ကား…
[ဆောင်] ၁။ ယဝတံဆို, အပို ကာရ, ဆရာပြသဖြင့်, ယနှင့်ယှဉ်ကြ, သ ထ ဓ ဏာ, စဉ်တိုင်းသာ, သ ဆာ ဈ ဉပြု။ ၂။ က စ ဋ ဝဂ်, ပ ဝဂ်လည်းကောင်း, ထပ်၍ လောင်း, ထုံးဟောင်းပုံစံ ရှု။
အမှတုမှန္တုရာဇဗြဟ္မ.တ္တ သခသတ္တုပိတာဒီဟိ- အမှ, တုမှ, န္တု, ရာဇ, ဗြဟ္မ, အတ္တ, သခ, သတ္တု, ပိတုအစရှိသော သဒ္ဒါတို့မှ၊ ပရံ- နောက်ဖြစ်သော၊ သ္မာ- သ္မာ ဝိဘတ်ကို၊ နာဝ- နာ ဝိဘတ်ကိုကဲ့သို့၊ ဒဋ္ဌဗ္ဗံ- မှတ်အပ်၏။ မယာ, တယာ, ဂုဏဝတာ, ရညာ, ဗြဟ္မုနာ, အတ္တနာ, သခိနာ, သတ္ထာရာ, ပိတရာ စသည်တည်း။
၂၁၈။ ဤသုတ်ကား သ္မာဝိဘတ်ကို နာဝိဘတ်ကဲ့သို့ မှတ်ထားရုံသာ မက, နာဝိဘတ်ကိုဖြစ်သွားအောင် ငဲ့ညွှန်းသောသုတ်တည်း။ [မယာငါမှ၊ တယာ-သင်မှ စသည်ဖြင့် အနက်ဆို။]
ရုပ်တွက်။ ။ မယာကို “အမှ”လိန်တည်၊ မှဟူ၍၊ပေ၊သ္မာဝိဘတ်သက်, အမှတုမှန္တုရာဇဗြဟ္မတ္တသခသတ္ထုပိတာဒီဟိ သ္မာ နာဝသုတ်ဖြင့် သ္မာ ဝိဘတ်ကို နာဝိဘတ်ကဲ့သို့ ငဲ့ (အမှနာ), နာမှိ တယာမယာသုတ်ဖြင့် နာဝိဘတ်နှင့်တကွ အမှသဒ္ဒါကို မယာပြု, ပြီး၏။ [ကြွင်းရုပ်များကိုလည်း သ္မာကို နာကဲ့သို့ ငဲ့ပြီးနောက် နာဝိဘတ်ဖြင့် တွက်ရသလို တွက်လေ။]
တယာ - နာမှိ တယာမယာသုတ်ကို ကြည့်၊ ဂုဏဝတာ -တောတိတာ သသ္မိံနာသုကို ကြည့်၊ ရညာ-နာမှိ ရညာ ဝါကို ကြည့်၊ ဗြဟ္မုနာ-ဥတ္တံ သနာသုကို ကြည့်၊ အတ္တနာ- ဤသုတ်ဖြင့် သ္မာကို နာဝိဘတ်ငဲ့ရုံမျှဖြင့် ပြီးနိုင်၏၊ [သ္မာ နာသုတ်မှာလည်း ဤရုပ် ပါခဲ့ပြီ၊ သို့အတွက် သ္မာ နာ သုတ်ကို သုတ်ပိုဟု ဆိုခဲ့သည်။] သခိနာ-သခန္တဿိ နောနာနံသေသုကို ကြည့်၊ သတ္ထာရာ-နာ အာသုတ်ကို ကြည့်၊ ပိတရာ-အညေသွာရတ္တံ, နာ အာ, ပိတာဒီနမသိမှိသုတ်တို့ဖြင့် စီရင်လေ။]
နာမကပ္ပေ- နာမ် ကျမ်း၌၊ ပဉ္စမော- ၅ ခန်းမြောက်ဖြစ်သော၊ ကဏ္ဍော- အခန်း သည်၊ ဣတိ- ပြီးပြီ။
[နာမ်သုတ်နက် ပြီးဆုံးသည့်အခါ နာမ်ဂိုဏ်းကို ဆက်၍ဟလေ့လာမှ သာ၍ ကျေးဇူးများမည်၊ နာမ်ဂိုဏ်းကို လေ့လာကြပါကုန်။]
နာမ်သုတ်နက်နှင့်ရုပ်တွက်အဓိပ္ပာယ် ပြီးပြီ။