နာမာနံ- နာမ်ပုဒ် တို့၏၊ ယုတ္တတ္ထော- ပေါင်းအပ် စပ်အပ်သော အနက်သည်၊ သမာသော- သမာသ်မည်၏။ ကထိနဒုဿံ စသည်တည်း။
၁။ ဤ နာမာနံ သမာသော ယုတ္တတ္ထောသုတ်သည် အဗျယီဘော စသော ၆ ပါးလုံးကို သမာသ်အမည်မှည့်သော သုတ်တည်း၊ ထို့ကြောင့် ဤသုတ်ဖြင့် သမာသ်ဟူသမျှကို သမာသ်နာမည် မှည့်ရလိမ့်မည်၊ ကထိန ဒုဿံ-ကထိန်လျာအဝတ်။ [မင်းဖြစ်မည့်သူကို “အလောင်းအလျာ”ဟု ခေါ်ရသလို ကထိန်ခင်းရမည့် အဝတ်ကို “ကထိန်လျာ”ဟု ခေါ်သည်။]
နာမာနံဤပုဒ်၌ နာမအရ နာမနာမ်-သဗ္ဗနာမ်-သမာသ်နာမ်-တဒ္ဓိတ် နာမ်-ကိတ်နာမ်နှင့်တကွ ဥပသာရ နိပါတ်ပုဒ်များကိုပါ ယူ၊ နာမနာမ် ဟူသည် သမာသ် တဒ္ဓိတ် ကိတ်သဘော မပါသော တိဿ ဒတ္တ စသော ဝိဂြိုဟ်မပြုရသော ရိုးရိုးနာမ်ပုဒ်တည်း၊ သဗ္ဗ ကတရ ကတမ စသည်ကား သဗ္ဗနာမ်ပုဒ်တည်း၊ ဥပသာရ နိပါတ်များလည်း နာမ်ဝိဘတ်သက်ရသော ပုဒ်များဖြစ်၍ နာမအရတွင် ပါဝင်သည်၊ အချုပ်မှာ-အာချာတ်ပုဒ်မှ တစ်ပါးသော ပုဒ်အားလုံးကို နာမာနံ အရ “နာမ”ဟု ခေါ်ဆိုနိုင်သည်၊ ဤ“နာမာနံ”ဟူသော ပုဒ်ကို ထောက်၍ ပြခဲ့သော နာမ်ပုဒ်အချင်းချင်း သာ သမာသ်တွဲစပ်နိုင်သည်၊ အာချာတ်ပုဒ်နှင့် သမာသ်မစပ်နိုင်ဟု မှတ်။
ယုတ္တတ္ထောဟယုတ္တ၊ ပေါင်းအပ်သော, တစ်နည်း-စပ်အပ်သော+ အတ္ထ=အနက်။] ဤအရာ၌ “ပေါင်းအပ် စပ်အပ်သောအနက်”ဟု ဆိုသော် လည်း ထိုအနက်ကို “သမာသ်”ဟု မှည့်မည် မဟုတ်၊ ပေါင်းအပ်စပ်အပ် သော အနက်ကို ဟောသော သဒ္ဒါကိုသာ “သမာသ်”ဟု မှည့်လိမ့်မည်။
ထင်ရှားစေအံ့“နာမာနံ ယုတ္တတ္ထော”အရ “နာမ်တို့၏ ပေါင်းစပ်အပ် သော အနက်”ဟု ဆိုမှသာ စကားသွားဖြောင့်၏၊ “နာမ်တို့၏ ပေါင်းစပ် အပ်သောသဒ္ဒါ”ဟု ဆိုလျှင်“နာမာနံ”အရလည်း သဒ္ဒါ, “ယုတ္တတ္ထ”အရ လည်း သဒ္ဒါကိုပင် ရနေသောကြောင့် ရှေ့နောက် အဆင်မပြေဘဲ ရှိသည်၊ သို့အတွက် “နာမ်တို့၏ ပေါင်းစပ်အပ်သောအနက်”ဟု အဆက်တဲ့အောင် ဆိုထားသော်လည်း အနက်ကို အကြောင်းပြု၍ သဒ္ဒါကိုသာ သမာသ်ဟု မှည့်ရမည်။
တစ်နည်း။ ။ ယုတ္တအရ သဒ္ဒါကို တိုက်ရိုက်ရအောင် “နာမာနံနာမ်တို့တွင်၊ ယုတ္တတ္ထော-ပေါင်းအပ် စပ်အပ်သောအနက်ရှိသော သဒ္ဒါ အပေါင်းသည်၊ သမာသော-သမာသ်မည်၏”ဟု သုတ်နက်ကို တစ်မျိုး ပြင်လျှင် “နာမ်ပုဒ်တို့တွင် ပေါင်းအပ်စပ်အပ်သောအနက်ရှိသော နာမ်ပုဒ် အပေါင်းသည် သမာသ်မည်၏”ဟု အဓိပ္ပာယ်ရသဖြင့် ရှေ့နောက် အဆင် သင့်၏။ [ပေါင်းအပ်-စပ်အပ်” အဓိပ္ပာယ်ကို ရူပသိဒ္ဓိမှာ ရှု။]
တေသံ- ထိုယုတ္တတ္ထ ဖြစ်သော သမာသ်တို့၏၊ ဝိဘတ္တိယော- ဝိဘတ်တို့သည်၊ လောပါ စ- ချေအပ်ကုန်သည်လည်း၊ ဟောန္တိ- ဖြစ်ကုန်၏။ ကထိနဒုဿံ စသည်တည်း။
၂။ ဤသုတ်ကား သူ့ပုဒ်နှင့်သူ သမာသ်မစပ်ခင်တုန်းက သက်ထား သော ဝိဘတ်တွေကို သမာသ်စပ်ပြီးတဲ့အခါ ချေတဲ့သုတ်တည်း၊ ချေပုံကို ရုပ်တွက်သည့်အခါ ထင်ရှားလတ္တံ့။
တေသံ ဝိဘတ္တိယော။ ။ တေသံ၌ တသဒ္ဒါဖြင့် ရှေ့သုတ်က “သမာသော ယုတ္တတ္ထော” ကို ညွှန်ပြသည်၊ ထိုသို့ ညွှန်ပြရာဝယ် “သမာသော” က ဧကဝုစ် ဖြစ်၍ “တဿ-ထို ယုတ္တတ္ထသမာသ်၏” ဟု ဧကဝုစ်ညွှန်သင့်လျက် “တေသံ”ဟု ဗဟုဝုစ်ဖြင့် ညွှန်ပြခြင်းသည် ပိုလွန် ၏၊ ရူပသိဒ္ဓိ, နျာသတို့၌ ထို“တေသံ”သဒ္ဒါပိုဖြင့် တဒ္ဓိတ် အာချာတ် ကိတ် ဆိုင်ရာနာမ်ဝိဘတ်များကိုသာ ချေ၏၊ စနိပါတ်ပုဒ်, သအာဂုံစသည်ကို ကား “ဝုတ္တတ္ထာနမပ္ပယောဂေါ” ပရိဘာသာဖြင့် ချေကြသည်။
ဝုတ္တတ္ထာန။ ။ ဝုတ္တတ္ထာနံ-ဟောအပ်ပြီးသော အနက်ရှိသော သဒ္ဒါ တို့၏ (ဆိုင်ရာအနက်ကို ဟောပြီးဖြစ်သောသဒ္ဒါတို့၏)၊ အပ္ပယောဂေါမသုံးစွဲရခြင်းသည်၊ ဟောတိ-ဖြစ်၏၊ “ဆိုင်ရာအနက်ကို ဟောပြီးလျှင် ထိုပုဒ်များကို သုံးစွဲဖွယ် မလို, ချေပစ်လိုက်တော့” ဟူလို။
လောပါ စ။ ။ ဤ၌ စသဒ္ဒါကား “ပဘင်္ကရော”စသော အချို့ရုပ်များဝယ် ပဘံ၌ -ံ ဝိဘတ်၏ ကျေခြင်းကို တားမြစ်သည်၊ ထိုသမာသ်မျိုးကား ဝိဘတ်မကျေသော အလုတ္တသမာသ်တည်း၊ ရုပ်ကို နောက်မှ တွက်။
ဝိဘတ္တီသု- ဝိဘတ်တို့သည်၊ လုတ္တာသု- ကျေကုန်ပြီးသည်ရှိသော်၊ သရ န္တဿ စ- သရအဆုံး ရှိသည်လည်း ဖြစ်သော၊ အဿ- ထို ယုတ္တတ္ထသမာသ်ပုဒ်၏၊ ပကတိ- ပင်ကိုအတိုင်းသည်၊ ဟောတိ- ဖြစ်၏။ စက္ခုသောတံ, ရာဇပုတ္တော စသည်တည်း။
၃။ ဤသုတ်ကား တေသံ ဝိဘတ္တိယော လောပါ စသုတ်ဖြင့် ဝိဘတ် များကို ချေပြီးနောက် သမာသ်ပုဒ်များကို ပကတိအတိုင်းပြုသော သုတ် တည်း၊ “သရ န္တဿ စ”ဟု သရ န္တဿနောင် ရွှေ့ထိုင်သော စသဒ္ဒါဖြင့် “ကိံဣဒံ”ကဲ့သို့ ဗျဉ္ဇန္တ (နိဂ္ဂဟိတ်တည်းဟူသော ဗျဉ်းအဆုံးရှိသော)ပုဒ်များ ကိုလည်း ပကတိပြုဖို့ရန် ဆည်းယူသည်။
မေး။ ။ ပကတိပြုရခြင်းသည် ဘာအကျိုးရှိသနည်း။
ဖြေ။ ။ နောက်က ဝိဘတ်အတွက် ပျောက်ကွယ်နေသော သရ, သို့မဟုတ် ဗျဉ်းများကို ပင်ကိုအတိုင်း ပြန်၍ ပေါ်လာ စေခြင်းအကျိုး ရှိ၏။
ချဲ့ဦးအံ့။ ။ စန္ဒြကာန္တအမည်ရှိသော ကျောက်သည် လရောင်နှင့် တွေ့သည့်အခါ ရေကို ထွက်စေ၏၊ ထို စန္ဒြကာန္တကျောက်ကြောင့်ဖြစ်သော ရေသည် ကျောက်ကို ဖယ်လိုက်သော်လည်း ရေမပျောက်ဘဲ ရှိမြဲရှိသကဲ့သို့ ထို့အတူ ကိံ စသည်၌ သိဝိဘတ်သက်၍ သိကြောင့် ကိံကို ကပြုသည့် အခါ - သရနှင့် နိဂ္ဂဟိတ်ပါ ပျောက်၏၊ တေသံ ဝိဘတ္တိယော လောပါ စသုတ်ဖြင့် သိဝိဘတ်ကို ချေလိုက်သော်လည်း သိဝိဘတ်ကြောင့် ကျေနေ သော - သရနှင့် နိဂ္ဂဟိတ်တို့သည် ကျေမြဲကျေနေသည်။ [ကျောက်နှင့် ဝိဘတ်, ကျောက်ကြောင့် ရေထွက်ခြင်းနှင့် ဝိဘတ်ကြောင့် သရ ဗျဉ်းတို့ ကျေပျက်ခြင်း, ကျောက်ကို ဖယ်လိုက်သော်လည်း ထွက်ပြီးရေ မပျောက် ခြင်းနှင့် ဝိဘတ်ကို ဖယ်လိုက်သော်လည်း ကျေပြီးအက္ခရာများ ကျေမြဲ ကျေခြင်းသည် တူ၏။]
ထိုကဲ့သို့ ကျေမြဲကျေနေသော သရ ဗျဉ်းတို့ ပြန်၍ ပေါ်ပြီးလျှင် ပင်ကို ပကတိပုဒ်အတိုင်း တည်ရှိဖို့ရာ ဤ ပကတိ စဿ သရ န္တဿသုတ်ကို အားထုတ်ရလေသည်၊ စက္ခုပုဒ်ကဲ့သို့ ဝိဘတ်သက်သော်လည်း ပင်ကို အနေ မပျက်သောပုဒ်များကား “မြဲရာ သံပတ်”ဆိုသလို ရှိနေပြီးသော အနေကိုပင် ခိုင်မြဲအောင် ပကတိပြုရသည်။ [စန္ဒြ၊ လကို + ကာန္တ= နှစ်သက်သောကျောက်၊ လရောင်နှင့်တွေ့က ရေထွက်သဖြင့် လရောင် ကြိုက်သော ကျောက်တည်း၊ နေရောင်နှင့် တွေ့က မီးထွက်ရသဖြင့် နေရောင်ကြိုက်သော “သူရိယကာန္တ”ကျောက်တစ်မျိုးလည်း ရှိသေး၏၊၊]
[ဆောင်] ၁။ ပျောက်သည့်သရ, ဗျဉ်းဟူက, မူလ ပြန်စေလို။ ၂။ မပျောက်ခဲ့ပြန်, ခိုင်မြဲရန်, ပြုဟန် ပကတိဆို။
♦ ၄။ ဥပသဂ္ဂနိပါတပုဗ္ဗကော အဗျယီဘာဝေါ။ ။ ဥပသဂ္ဂ နိပါတပုဗ္ဗကော- ဥပသာရ နိပါတ် ပြဓာန်းရှေ့ရှိသောသဒ္ဒါသည်၊ သမာသော- သမာသ်ဖြစ်၏။ အဗျယီဘာဝေါ- အဗျယီဘော လည်း မည်၏။ ဥပနဂရံ စသည်တည်း။
၄။ ဤသုတ်ကား ဥပသာရပုဒ် နိပါတ်ပုဒ် ပြဓာန်းရှေ့ရှိသော သဒ္ဒါကို သမာသ်ဖြစ်အောင် စီရင်၍ အဗျယီဘောဟုလည်း နာမည်မှည့်သော သုတ်တည်း၊ ဆိုလိုရင်းကား-“ဤသုတ်သည် ဥပသာရပုဒ် နိပါတ်ပုဒ်တို့နှင့် နောက်ပုဒ်ကို သမာသ်ဖြစ်အောင်လည်း စပ်ပေး၏၊ စပ်ပေးပြီးနောက် အဗျယီဘောဟုလည်း နာမည်မှည့်သည်”ဟု ဆိုလိုသည်၊ နျာသ ရူပသိဒ္ဓိ အဆိုကို သေသေချာချာ ကြည့်ပါ။
ရှေးက ပြောရိုး။ ။ နာမာနံ သမာသော ယုတ္တတ္ထောသုတ်သည် သမာသ် ၆ ပါးလုံးကို “သမာသ်”ဟု နာမည်မှည့်သော သာမညသညာ သုတ်တည်း၊ ဤ ဥပသဂ္ဂနိပါတပုဗ္ဗကောကား “အဗျယီဘောသမာသ်”ဟု နာမည်မှည့်သော ဝိသေသသညာသုတ်တည်းဟု ပြောဆိုရိုး ရှိသည်၊ ထို အဓိပ္ပာယ်သည် နျာသ ရူပသိဒ္ဓိတို့ အဖွင့်နှင့် လုံးဝ မသင့်။
ဥပသဂ္ဂနိပါတပုဗ္ဗကော။ ။ ဥပသဂ္ဂအရ ပ ပရာ နိ နီစသော ဥပသာရပုဒ် ၂၀ တည်း၊ နိပါတအရ “အန္တော-တိရော-အဓော-ဟေဋ္ဌာဥပရိ-သြရ-သဟ(သ)-ယထာ-ယာဝ-ယာဝတာ”စသော နာမ်ရုပ်စဉ်၍ မရကောင်းသော ပုဒ်များတည်း၊ ပုဗ္ဗကသဒ္ဒါသည် “ရှေ့”ဟူသောအနက် ကို ဟော၏၊ ပုဗ္ဗဂသဒ္ဒါသည် “ပြဓာန်း”ဟူသော အနက်ကို ဟော၏၊ ဥပသဂ္ဂနိပါတပုဗ္ဗကနှင့် ဥပသဂ္ဂနိပါတပုဗ္ဗဂ ၂-ပုဒ်ကို ဧကသေသ် (တစ်ပုဒ်ချေ, တစ်ပုဒ်ချန်) လုပ်၍ “ဥပသာရနိပါတပုဗ္ဗကော-ဥပသာရ နိပါတ် ပြဓာန်းရှေ့ရှိသောသဒ္ဒါ”ဟု အနက်ထွက်အောင် ဆိုရသည်၊ ဤ အနက်အရ ဥပသာရ နိပါတ်ပုဒ်တို့ ရှေ့ရှိရုံမျှဖြင့် အဗျယီဘော မဖြစ်နိုင်၊ ဥပသာရ နိပါတ်ပုဒ်တို့ ရှေ့လည်း ရှိ, ပြဓာန်းလည်း ပြဓာန်းမှသာ အဗျယီဘော အမည်ရနိုင်သည်ဟု မှတ်။ [အဗျယီဘာ၀ အမည်ရပုံကို ရူပသိဒ္ဓိမှာ ရှု။]
အဗျယီဘောသမာသ်လက္ခဏာ။ ။ ရှေ့ပုဒ်၌ ပဌမာဝိဘတ်ကျေ၍ နောက်ပုဒ်၌ ဝိဘတ် ၇ သွယ်တို့တွင် တစ်ခုခုကျေခြင်း, အဗျယမည်သော ဥပသာရ နိပါတ်တို့ ရှေ့ရှိပြဓာန်းခြင်း ဤလက္ခဏာ ၂ ပါးနှင့်ပြည့်စုံသော သမာသ်သည် အဗျယီဘော မည်၏၊ ထို့ကြောင့် သမာသ်ပုံစံတွေ့လျှင် ဤလက္ခဏာ ၂ ပါးကို ဆင်ခြင်၍ အဗျယီဘောသမာသ် ဟုတ်-မဟုတ် စစ်တမ်းထုတ်ကြပါ။
[ဆောင်] ၁။ ရှေ့ပဌမာ, နောက်ပုဒ်မှာ, သတ္တာ ဝိလောပေါ။ ၂။ ပြဓာန်း ရှေ့နေ, အဗျယေ, ခေါ်လေ ဗျယီဘော။ သမာသ်နှစ်မျိုးနှင့် ဝိဂြိုဟ်။ ။ သမာသ်သည် နိစ္စသမာသ်, အနိစ္စ သမာသ်ဟု ၂ မျိုးရှိ၏၊ ခွဲ၍ မရ-အမြဲစပ်နေသော ပုဒ် ၂ ရပ်ကို “နိစ္စ သမာသ်”ဟု ခေါ်၏၊ “ရညော+ပုတ္တော, ရာဇပုတ္တော”ကဲ့သို့ သမာသ် လည်း ရ-ဝါကျလည်း ရ၍ သမာသ်အဖြစ် မမြဲသောသမာသ်ကို “အနိစ္စ သမာသ်”ဟု ခေါ်၏၊ “ဥပနဂရံ”စသော အဗျယီဘောသမာသ်များသည် နိစ္စသမာသ်တည်း၊ ဥပနှင့်နဂရကို ဝိဂြိုဟ်လုပ်ဖို့ရာ ခွဲ၍မရ၊ ခွဲ၍မရခြင်း မှာလည်း ဥပဟူသော ဥပသာရပုဒ်က သူ့ချည်းသက်သက် “ဥပေါ, ဥပါ, ဥပံ”စသည်ဖြင့် မနေနိုင်၍ နဂရကို အတင်းကပ်နေသောကြောင့် ဖြစ်သည်၊ နဂရသဒ္ဒါကား သူ့ချည်း နေနိုင်ပါ၏၊ ဤသို့ ဥပနှင့်နဂရတို့ ခွဲ၍ မရသဖြင့် ဝိဂြိုဟ်ဝါကျ မလုပ်ကောင်း။
တစ်ပါးပုဒ်ဖြင့် ဝိဂြိုဟ်ပြု။ ။ ဝိဂြိုဟ်လုပ်ချင်လျှင် သူတို့၏ အနက်ကို ဟောပြနိုင်သော ပရိယာယ်ပုဒ်ဖြင့် ဝိဂြိုဟ်ပြုရမည်၊ ဥပမာ-ဥပ သည် “အနီး”ဟူသော အနက်ကို ဟောရကား ဥပနှင့်အနက်တူသော သမီပ ပုဒ်ဖြင့် ဝိဂြိုဟ်လုပ်ရသကဲ့သို့တည်း၊ နဂရကား ပင်ကိုကပင် သူ့ချည်း နေနိုင်သောကြောင့် ပရိယာယ်ပုဒ်တစ်ပါး ရှာဖွယ် မလို။ နဂရဿ-မြို့၏၊ သမီပံ-အနီးတည်း၊ ဥပနဂရံ - မြို့၏အနီး။
[ဆောင်] အဗျယီဘာဝ, သမာသမှာ, နိစ္စဧကန်, စင်စစ်မှန်၍, ပြုရန် ဝိဂြိုဟ်, မရှိဆို၏၊ ဝိဂြိုဟ်ဝါကျ, ပြုလိုကမူ, တစ်ပါးကပုဒ်, ဆောင်ကာထုတ်၍, လုပ်လေ ဝိဂြိုဟ်ဝါကျတည်း။
အမှာ။ ။ ရုပ်တွက်သည့်အခါ၌ကား မည်သည့်ပုဒ်နောင် မည်သည့် ဝိဘတ်ရှိ၏ဟု သူငယ်များ နားလည်ဖို့ရာ ”ဥပ+နဂရ”ဟု ၂ ပုဒ် ခွဲပြရ လိမ့်မည်၊ ရုပ်တွက်ဆိုသည်မှာ အရုပ်ရေးပြခြင်းမျိုးသာ ဖြစ်၍ အစစ် “ဥပနဂရ”ကို ခွဲသည်ဟု မမှတ်ရ၊ အတု ဥပနဂရကို ခွဲပြခြင်းတည်း၊ “တစ်ပါးပုဒ်ဖြင့် ဝိဂြိုဟ်ပြုရမည်”ဟူသော စကားကိုလည်း ယေဘုယျအား ဖြင့် ပြောသည်၊ “နဂရဿ+အန္တော, အန္တောနဂရံ”စသော အဗျယီဘော မျိုးမှာ သူ့ပုဒ်ဖြင့်ပင် ဝိဂြိုဟ်ပြုလိမ့်မည်၊ ရုပ်ကို နောက်မှ တွက်။
သော- ထိုအဗျယီဘောသမာသ် ကို၊ နပုံသကလိင်္ဂေါ- နပုံလိန်ရှိ၏ ဟူ၍သာလျှင်၊ ဒဋ္ဌဗ္ဗော- မှတ်ထိုက်၏။ အဓိကုမာရိ စသည်တည်း။
၅။ ဤသုတ်ကား အဗျယီဘောသမာသ်ကို နပုံလိန်ဟု မှတ်ဖို့ရာ ပရိဘာသာပြုသော သုတ်တည်း၊ ဥပသာရ နိပါတ်ပုဒ်တို့က ပြဓာန်းနေ သည့်အတွက် ဥပသာရ နိပါတ်တို့ကဲ့သို့ လိန်အထူးမရှိ, “အလိန်”ဟု ထင်မှားမည်စိုးသောကြောင့်လည်းကောင်း, ကမ္မဓာရည်းစသည်ကဲ့သို့ သုံးလိန်ရကောင်းသည်ဟု ထင်မည်စိုးသောကြောင့်လည်းကောင်း ဤသုတ် ကို ဆိုရသည်၊ ဤသုတ်အရ “ဗျယီ နပုံး”ဟု အချီစကား၌ ပြခဲ့ရသည်။
အဓိကုမာရိ။ ။ [အဓိ+ကုမာရီ] အဓိသဒ္ဒါသည် “စွဲ၍ ဖြစ်သော” ဟူသော အနက်ကို ဟော၏၊ ထို့ကြောင့် အဓိ၏ ပရိယာယ်ဖြစ်သော အာဓိကိစ္စိကာပုဒ်ဖြင့် ဝိဂြိုဟ်လုပ်ရမည်ဟု ဆရာတို့ မိန့်ကြ၏၊ကစ္စည်းဝုတ္တိ အတိုင်း “အဓိကိစ္စ ပဝတ္တတိ”ပုဒ်တို့ဖြင့်လည်း ဝိဂြိုဟ်လုပ်နိုင်သည်၊ ဟအဓိ ကိစ္စ ပဝတ္တာအာဓိကိစ္စိကာ၊ အဓိကိစ္စ-စွဲ၍၊ ပဝတ္တာ-ဖြစ်သောစကားတည်း၊ အာဓိကိစ္စိကာ-စွဲ၍ဖြစ်သောစကား၊ ဤပုဒ်ကား သမာသ်မဟုတ်, အဓိ၏ ကိုယ်စားလှယ်ဖြစ်သော တဒ္ဓိတ်ပုဒ်တည်း။] ကုမာရီသု အာဓိကိစ္စိကာ အဓိကုမာရိ၊ ကုမာရီသု-မိန်းမပျိုတို့၌၊ အာဓိကိစ္စိကာ-စွဲ၍ဖြစ်သောစကား တည်း၊ အဓိကုမာရိ-မိန်းမပျိုတို့၌ စွဲ၍ဖြစ်သောစကား။
ဒိဂုဿ- သမာဟာရဒိဂုသမာသ်၏၊ ဧကတ္တံ- ဧကဝုစ်အဖြစ်သည်လည်းကောင်း၊ နပုံသကလိင်္ဂတ္တဉ္စ- နပုံလိန်ရှိသည်၏ အဖြစ်သည်လည်းကောင်း၊ ဟောတိ- ဖြစ်၏။ တိလောကံ စသည်တည်း။
၆။ ဒိဂုသမာသ်သည် သမာဟာရဒိဂု, အသမာဟာရဒိဂုဟု ၂ မျိုးရှိ၏၊ ထိုတွင် ဤသုတ်သည် သမာဟာရဒိဂုကို စီရင်သောသုတ်တည်း၊ ဤသုတ် ကို နိပုံးဧကတ်အဖြစ် ငဲ့ညွှန်းသော အတိဒေသသုတ်ဟုလည်း ဆိုကြသေး ၏၊ ကစ္စည်းဘာသာဋီကာ၌ စိစစ်ထားသည်။
သမာဟာရ။ ။ အနက်များကို တပေါင်းတည်း ပေါင်းယူရာဖြစ်သော သမာသ်ကို သမာဟာရဒိဂုဟု ခေါ်၏၊ တယော လောကာ တိလောကံ၊ တယော-၃ မျိုးကုန်သော၊ လောကာ-သတ္တလောကတို့တည်း၊ တိလောကံ၃ မျိုးသောလောက၊ ဤသမာသ်၌ လောကအရ လူ နတ် ဗြဟ္မာဟု သတ္တလောက ၃ မျိုးဖြစ်၍ များ၏၊ သို့အတွက် ဝါကျတုန်းက ဗဟုဝုစ်ဖြင့် “တယော လောကာ”ဟု ဆိုရ၏၊ သမာသ်ရုပ်ပြီးသည့်အခါ၌ကား ထို လောက ၃ မျိုးကို တပေါင်းတည်း ပေါင်းလိုက်သဖြင့် “တိလောကံ”ဟု ဧကဝုစ် ဖြစ်ရလေသည်။
ဆက်ဦးအံ့- ဘယ်အရာမဆို တစ်ခုစီခွဲထားလျှင် များ၏၊ ဗဟုဝုစ်ဖြင့် စကားသုံးရ၏၊ ထိုအများကို ပေါင်းထားလိုက်လျှင် သိန်း သန်း ကုဋေပင် ဖြစ်သော်လည်း တစ်ခုတည်း ဖြစ်ရရိုးတည်း၊ ဥပမာ-ငွေတစ်ထောင်ကို ခွဲ၍ထုပ်လျှင် အထုပ်များစွာဖြစ်၏၊ ပေါင်းလိုက်လျှင်ကား တစ်ထုပ်တည်း ဖြစ်ရသကဲ့သို့တည်း၊ သို့အတွက် သမာဟာရဒိဂုသမာသ်၌ ဧကဝုစ်ကိန်း ကိုသာ အသုံးပြုရ၏၊ အများနှင့်ဆက်ဆံ၍ သာမန်ဖြစ်ရကား နပုံလိန်ဖြင့် သာ အသုံးအစွဲ များလေသည်၊ ဤသမာဟာရဒိဂု၌ ဝိဂြိုဟ်ပြုတဲ့အခါ သမာဟာရဖြစ်ကြောင်း ထင်ရှားဖို့ရာ သမာဟဋပုဒ်ကို ထည့်၍ ဝိဂြိုဟ် ပြုတတ်ကြ၏၊ တယော လောကာ သမာဟဋာ တိလောကံ စသည်တည်း၊ သို့သော် သမာဟဋသဒ္ဒါ မပါဘဲ “တယော လောကာ တိလောကံ”ဟု ပြုလျှင်လည်း အပြစ်မရှိချေ၊ ရုပ်တွက်ပုံနှင့် ဒိဂုလက္ခဏာကို သင်္ချာပုဗ္ဗော ဒိဂုသုတ်ကျမှ ပြမည်။
တထာ- ထိုသမာဟာရဒိဂုသမာသ် အတူ၊ ဒွန္ဒေ- ဒွန်သမာသ်၌လည်း၊ ပါဏိတူရိယယောဂ္ဂသေနင်္ဂ ခုဒ္ဒဇန္တုကဝိဝိဓဝိရုဒ္ဓဝိသဘာဂ.တ္ထာဒီနဉ္စ- သတ္တဝါ၏အင်္ဂါ, တူရိယာ၏အင်္ဂါ, ယာဉ်၏အင်္ဂါ, စစ်၏အင်္ဂါ, ငယ်သောသတ္တဝါ, အထူးထူးအပြားပြား ဆန့်ကျင်ဘက်, လက္ခဏာကွဲလျက် ကစ္စတူ အနက်ရှိသော သဒ္ဒါအစရှိသည်တို့၏လည်း၊ ဧကတ္တံ- ဧကဝုစ် အဖြစ်သည်လည်းကောင်း၊ နပုံသကလိင်္ဂတ္တဉ္စ- နပုံလိန်ရှိသည်၏ အဖြစ်သည်လည်းကောင်း၊ ဟောတိ- ဖြစ်၏။ စက္ခုသောတံ စသည်တည်း။
၇။ ဒိဂုသမာသ်ကဲ့သို့ ဒွန်သမာသ်လည်း သမာဟာရဒွန်, အသမာဟာရ ဒွန်ဟု ၂ မျိုးရှိ၏၊ ထို ၂ မျိုးတွင် ဤသုတ်က သမာဟာရဒွန်အရာ၌ နပုံလိန်ဧကဝုစ်အဖြစ်ကို ငဲ့ညွှန်းသောသုတ်တည်း၊ စက္ခုသောတံ၌ “စက္ခု၊ မျက်စိ+သောတ=နား” ဤသို့ “မျက်စိနား” အနက်၂ ခု ဖြစ်၍ ဗဟုဝုစ် ဆိုသင့်သော်လည်း မျက်စိနှင့်နားကို တပေါင်းတည်း သမာဟာရပြု၍ ဧကဝုစ်ဝိဘတ်ဖြင့် “စက္ခုသောတံ”ဟု ဆိုသည်၊ အပေါင်းသာမညဖြစ်၍ ပုံလိန် ဣတ္ထိလိန် မထင်ရှားရကား နပုံလိန်သာ ဖြစ်ရလေသည်။
အမှာ။ ။ သုတ်၌ သေနင်္ဂမှ အင်္ဂသဒ္ဒါကို ပါဏိ တူရိယ ယောဂ္ဂပုဒ်တို့ ၌လည်း လိုက်စေ၍ “ပါဏျင်္ဂ, တူရိယင်္ဂ, ယောဂ္ဂင်္ဂ, သေနင်္ဂဟု မှတ်၊ ဝိသဘာဂတ္ထမှ အတ္ထသဒ္ဒါကိုလည်း ရှေ့ပုဒ်အားလုံးသို့ လိုက်စေ၍ ပါဏျင်္ဂတ္ထ, တူရိယင်္ဂတ္ထ, ယောဂ္ဂင်္ဂတ္ထ, သေနင်္ဂတ္ထ, ခုဒ္ဒဇန္တုကတ္ထ, ဝိဝိဓ ဝိရုဒ္ဓတ္ထ, ဝိသဘာဂတ္ထ ဟု မှတ်။
ပါဏျင်္ဂ.တ္ထ။ ။ [ပါဏိ+အင်္ဂ+အတ္ထ၊ ပါဏ၊ သတ္တဝါ၏+အင်္ဂ=အင်္ဂါ ကြီးငယ်ဖြစ်သော+အတ္ထ=အနက်ရှိသောသဒ္ဒါ။] သတ္တဝါ၏ မျက်စိ နား နှာ လက်စသော အင်္ဂါကြီးငယ်အနက်ကို ဟောသောသဒ္ဒါသည် ပါဏျင်္ဂတ္ထ မည်၏၊ ထိုသဒ္ဒါမျိုးကို ဤသုတ်က နပုံဧကတ် ငဲ့သည်၊ စက္ခု စ သောတဉ္စ စက္ခုသောတံ၊ ဟစက္ခု စ သောတဉ္စကား ဒွန်သမာသ်ဝိဂြိုဟ်, စက္ခုသောတံ ကား ဒွန်သမာသ်ပုဒ်တည်း။] စက္ခု စ-မျက်စိလည်း၊ သောတဉ္စ-နားလည်း၊ စက္ခုသောတံ-မျက်စိနား။
တူရိယင်္ဂတ္ထ။ ။ [တူရိယ၊ တူရိယာမျိုး၏+အင်္ဂတ္ထ=အစိတ်အင်္ဂါအနက် ကို ဟောသောသဒ္ဒါ။] တီးမှုတ်သီဆိုဖွယ်ဟူသမျှကို တူရိယာဟု ခေါ်၏၊ ထိုတူရိယာ၏ အစိတ်အင်္ဂါအနက်ကို ဟောသောသဒ္ဒါကို တူရိယင်္ဂတ္ထဟု ခေါ်၏၊ ထိုတူရိယာ၏ အစိတ်အင်္ဂါအနက်ကို ဟောသော သဒ္ဒါကို တူရိယင်္ဂတ္ထဟု ခေါ်သည်၊ ဂီတဉ္စ-သီဆိုခြင်းလည်း၊ ဝါဒိတ္တဉ္စ-တီးမှုတ်ခြင်း လည်း၊ ဂီတဝါဒိတ္တံ-သီဆိုတီးမှုခြင်း။
ယောဂ္ဂင်္ဂတ္ထ။ ။ ယောဂ္ဂ၊ ယာဉ်၊ အင်္ဂတ္ထ=အစိတ်အင်္ဂါအနက်ဟောသဒ္ဒါ၊ လှည်း, ထွန်, ထယ် ဆိုင်ရာအားလုံးကိုပင် ယောဂ္ဂဟု မှတ်၊ ဖာလဉ္စ= ထယ်သွားလည်း၊ ပါဇနဉ္စ-နှင်တံလည်း၊ ဖာလပါဇနံ=ထယ်သွားနှင်တံ။ [“ဖာလ-ထွန်သွား”ဟုလည်း ဆို၊ နွားမောင်း တုတ်တံကို “နှင်တံ”ဟု ခေါ်၏။]
သေနင်္ဂတ္ထ။ ။ သေနာ၊ စစ်တပ်+အင်္ဂ=အစိတ်အင်္ဂါ၊ စစ်သည်ကို လည်းကောင်း, စစ်အသုံးအဆောင်ကိုလည်းကောင်း “သေနင်္ဂ”ဟု ခေါ်၏၊ ထိုသေနင်္ဂကို ဟောသောသဒ္ဒါသည် “သေနင်္ဂတ္ထ”မည်၏၊ ဟတ္ထိ စ-ဆင်တို့ လည်း၊ အဿာ စ-မြင်းတို့လည်း၊ ဟတ္ထိအဿံ-ဆင်မြင်း။
ခုဒ္ဒဇန္တုကတ္ထ။ ။ [ခုဒ္ဒ၊ သေးငယ်သော+ဇန္တုက=သတ္တဝါ+အတ္ထ= အနက်ဟောသဒ္ဒါ။] လက်ခုပ်တစ်ခုတည်းမှာပင် အကောင်များစွာ တည်နေနိုင်သော, အရိုးလည်း သိသိသာသာ မပါသော ပိုးငယ်များကို “ခုဒ္ဒဇန္တုက”ဟု ခေါ်၏၊ ဍံသာ စ-မှက်တို့လည်း၊ မကသာ စ-ခြင်တို့လည်း၊ ဍံသမကသံ-မှက်ခြင်။ [“မသက”ဟုလည်း ရှိ၏။]
ဝိဝိဓဝိရုဒ္ဓတ္ထ။ ။ [ဝိဝိဓ၊ အထူးထူး အဖုံဖုံ+ဝိရုဒ္ဓ=ဆန့်ကျင်ဘက်ဖြစ်သော သတ္တဝါ။] ကမ္ဘာရန်သဘောအားဖြင့် အချင်းချင်း ရန်ဘက်ဖြစ်နေ သောသတ္တဝါသည် “ဝိဝိဓဝိရုဒ္ဓ”မည်၏၊ အဟိ စ-မြွေလည်း၊ နကုလော စ-မြွေပါလည်း၊ အဟိနကုလံ-မြွေမြွေပါ။
ဝိသဘာဂတ္ထ။ ။ [ဝိ၊ မတူထူးခြား ကွဲပြားသော+သဘာဂ=သဘော တူသော+အတ္ထ=အနက်ရှိသော သဒ္ဒါ။] သဘောလက္ခဏာချင်း မတူ ကွဲပြား၍, ဝိ အရ “ကွဲပြား”ဟု ဆိုသည်၊ လိုရင်းကိစ္စမှာ သဘောတူနေကြ သဖြင့် သဘာဂ အရ “သဘောတူ”ဟု ဆိုသည်၊ သီလဉ္စ-သီလလည်း၊ ပညာဏဉ္စ-ပညာလည်း၊ သီလပညာဏံ-သီလပညာ၊ ဤပုံစံ၌ သီလသည် အေးမြခြင်းလက္ခဏာ ရှိ၍ ပညာက သိခြင်းလက္ခဏာ ရှိသောကြောင့် လက္ခဏာချင်း ကွဲပြား၏၊ သို့သော် ကိလေသာကို ပယ်ခြင်းကိစ္စ၌ သဘောချင်း တူကြသဖြင့် သဘာဂဖြစ်သည်၊ အာဒိဖြင့် ယူရသော ပုဒ် များကို ကစ္စည်းဘာသာဋီကာနှင့် ရူပသိဒ္ဓိမှာ ရှု။
အမှာ။ ။ ဤ သမာဟာရဒွန်နှင့် ဒိဂုသမာသ်တို့ နပုံလိန် ဧကဝုစ် ဖြစ်သောကြောင့် “သမာဟာရ, ဒိဒွန္ဒ, ဧကနပုံးဆိုက်”ဟု အချီစကား၌ ဆိုခဲ့ပြီ၊ နပုံလိန် ဧကဝုစ်ချည်း ရုပ်စဉ်ပါ၊ ရုပ်တွက်ပုံနှင့် လက္ခဏာကို နာမာနံ သမုစ္စယော ဒွန္ဒောသုတ်ကျမှ ပြအံ့။
သမာဟာရဒိဂုသမာသ်ပုဒ်ရုပ်စဉ်ဟန်ကား(ပဌမာ) တိလောကံ၊ (အာလုပ်) ဘော တိလောက, တိလောကာ၊ (ဒုတိယာ) တိလောကံ၊ (တတိယာ) တိလောကေန၊ (စတုတ္ထီ) တိလောကဿ၊ (ပဉ္စမီ) တိလောကသ္မာ, တိလောကမှာ, တိလောကာ၊ (ဆဋ္ဌီ) တိလောကဿ၊ (သတ္တမီ) တိလောကသ္မိံ, တိလောကမှိ, တိလောကေ။
သမာဟာရဒွန်သမာသ်ပုဒ်ရုပ်စဉ်ဟန်ကား(ပဌမာ) စက္ခုသောတံံ၊ (အာလုပ်) ဘော စက္ခုသောတ, စက္ခုသောတာ၊ (ဒုတိယာ) စက္ခုသောတံ၊ (တတိယာ) စက္ခုသောတေန၊ (စတုတ္ထီ) စက္ခုသောတဿ၊ (ပဉ္စမီ) စက္ခုသောတသ္မာ, စက္ခုသောတမှာ, စက္ခုသောတာ၊ (ဆဋ္ဌီ) စက္ခု သောတဿ၊ (သတ္တမီ) စက္ခုသောတသ္မိံ, စက္ခုသောတမှိ, စက္ခုသောတေ၊ ကြွင်းပုံစံများကိုလည်း ဤနည်းအတိုင်း စဉ်ပါ။
ဒွန္ဒေ- ဒွန်သမာသ်၌၊ ရုက္ခတိဏပသုဓနဓညဇနပဒါဒီနဉ္စ- သစ်ပင်, မြက်, သားကောင်, ဥစ္စာ, စပါး, ဇနပုဒ်အနက်ဟောသဒ္ဒါအစရှိ သည်တို့၏လည်း၊ ဝိဘာသာ- ဝိကပ်အားဖြင့်၊ ဧကတ္တံ- ဧကဝုစ် အဖြစ်သည်လည်းကောင်း၊ နပုံသကလိင်္ဂတ္တဉ္စ- နပုံလိန်အဖြစ် သည်လည်းကောင်း၊ ဟောတိ- ဖြစ်၏။ အဿတ္ထကပီတနံ, အဿတ္ထကပီတနာ စသည်တည်း။
၈။ ဤသုတ်ကား သစ်ပင်စသည်ကို ဟောသောသဒ္ဒါတို့ကို ဒွန်တွဲရာ၌ ရံခါ နပုံဧကတ် ငဲ့၍ ရံခါ နပုံဧကတ် မငဲ့ရဟု ပြသော သုတ်တည်း၊ အဿတ္ထကပီတနံသည် နပုံဧကတ်ငဲ့သော ပုံစံ၊ အဿတ္ထကပီတနာကား နပုံဧကတ် မငဲ့သော ပုံစံတည်း။ [အဿတ္ထော စ-ညောင်ဗုဒ္ဓဟေပင်လည်း၊ ကတပီနော စ-ညောင်ချဉ်ပင်လည်း၊ အဿတ္ထကပီတနံ-ညောင်ဗုဒ္ဓဟေ ညောင်ချဉ်၊ အဿတ္ထကပီတနာ-ညောင်ဗုဒ္ဓဟေညောင်ချဉ်တို့၊ နပုံ ဧကတ် မမြဲသောကြောင့် ဗဟုဝုစ်ပုံစံလည်း ရှိရသည်။] ဤကား ရုက္ခအရ ပုံစံ တည်း၊ တိဏစသော နောက်ပုံစံများကို တစ်ခုစီသာ ပြမည်။
တိဏ။ ။ ဥသိရဉ္စ-ပန်းရင်းလည်း၊ ဗီရဏဉ္စ-မြက်မွှေးလည်း၊ ဥသိရ ဗီရဏံ-ပန်းရင်းမြက်မွှေး၊ ဥသိရဗီရဏာ-ပန်းရင်းမြက်မွှေးတို့။ [“ဗီရဏပြိတ်မြက်”ဟုလည်း ဆိုကြ၏။]
ပသု။ ။ အဇော စ-ဆိတ်လည်း၊ ဧဠကော စ-သိုးလည်း၊ အဇေဠကံဆိတ်သိုး၊ အဇေဋ္ဌကာ-ဆိတ်သိုးတို့။ [“အမွေးနည်း၍ မြန်မာနှင့်တူသော ဆိတ်ကို ဆိတ်မြန်မာ, အမွေးရှည်၍ ကုလားနှင့် တူသော ဆိတ်ကို “ဆိတ်ကုလား”ဟု ရှေးက သုံး၏။]
ဓန။ ။ ဟိရညဉ္စ-ငွေလည်း၊ သုဝဏ္ဏဉ္စ-ရွှေလည်း၊ ဟိရညသုဝဏ္ဏံငွေရွှေ၊ ဟိရညသုဝဏ္ဏာ-တို့။
ဓည။ ။ သာလိ စ-သလေးစပါးလည်း၊ ယဝေါ စ-မုယောစပါးလည်း၊ သာလိယဝံ-သလေးမုယော၊ သာလိယဝါ-သလေးမုယောတို့။
ဇနပဒ။ ။ ကာသီ စ-ကာသိတိုင်းတို့လည်း၊ ကောသလာ စ-ကောသလ တိုင်းတို့လည်း၊ ကသိကောသလံ-ကာသိတိုင်းကောသလတိုင်း၊ “ကာသိ ကောသလာ”ဟုလည်း ရှိ၏။ [တစ်တိုင်း တစ်နယ်ကို ဇနပုဒ်ဟု ခေါ်၏၊ ဇနပုဒ်ဟောသဒ္ဒါတို့သည် ပုံလိန်ဗဟုဝုစ်ချည်းသာ ဖြစ်၍ “ကာသီ”ဟု ဗဟုဝုစ်ဖြင့် ထားသည်။]
အမှာ။ ။ ဇနပဒါဒီနံ၌ အာဒိဖြင့် ယူရသော ပုံစံများကို ကစ္စည်း ဘာသာဋီကာနှင့် ရူပသိဒ္ဓိမှာ ရှု၊ ဤသုတ်က ပုံစံများကို နပုံဧကတ်ငဲ့ရာ၌ နပုံလိန် ဧကဝုစ်ချည်း ရုပ်စဉ်၊ နပုံဧကတ် မငဲ့ရာ၌ နောက်ပုဒ်၏ လိန်ကို ကြည့်၍ ဗဟုဝုစ်ချည်း ရုပ်စဉ်ပါ။
ဒွိပဒေ- နှစ်ပုဒ်သည်၊ တုလျာဓိကရဏေ- တူသောတည်ရာအနက်ရှိလတ် သော်၊ သမာသော- သမာသ်ဖြစ်၏။ ကမ္မဓာရယော- ကမ္မဓာရည်း လည်း မည်၏။ မဟာပုရိသော, နီလုပ္ပလံ, ဗြာဟ္မဏဒါရိကာ စသည်တည်း။
၉။ ဤသုတ်ကား တုလျာဓိကရဏဖြစ်သော ၂ ပုဒ်ကို သမာသ်စပ်၍ ကမ္မဓာရည်းမှည့်သောသုတ်တည်း၊ “သမာသ်စပ်ပေးသည့်အတွက် ဝိဓိ, ကမ္မဓာရည်းအမည်မှည့်သည့်အတွက် သညာသုတ်”ဟု ၂ ချက်ရသည်။
ဒွိပဒေ တုလျာဓိကရဏေ။ ။ “မဟန္တော စ သော ပုရိသော စာတိ မဟာပုရိသော” မဟန္တော စ-မြတ်သူလည်း ဟုတ်၏၊ သော-ထိုမြတ်သူ ဟူသည်၊ ပုရိသော စ-ယောက်ျားလည်း ဟုတ်၏၊ ဣတိ-ထို၂ ပါးသော သတ္တိကြောင့်၊ မဟာပုရိသော-မဟာပုရိသ မည်၏၊ ဤပုံစံ၌ မဟန္တအရ မြတ်သူသည် ယောက်ျားတည်း၊ ပုရိသအရ ယောက်ျားဟူသည်လည်း မြတ်သူတည်း။
ဤသို့ ၂ ယောက်ပိုင်အိမ်တစ်လုံးပေါ်မှာ ထိုအိမ့်ရှင် ၂ ယောက် တည်နေသလို, ယောက်ျားဒြဗ်တည်းဟူသော အနက်တစ်ခုပေါ်မှာ မဟန္တ သဒ္ဒါ, ပုရိသသဒ္ဒါ ၂ ခုတို့ တည်နေကြသည်၊ ဤသို့ တည်ရာအနက်အား ဖြင့် တူကြသည်ကို “တုလျာဓိကရဏ၊ တူသော တည်ရာအနက် ရှိကြ သည်”ဟု ဆိုသည်။ [တုလျ=တူသော+အဓိကရဏ=တည်ရာအနက် ရှိသည်၊ “ဒွိပဒေ”ဟု များရာအနက်လိုက်၍ ဆိုထားသည်၊ တိပဒလည်း အချို့ ရှိ၏။] ကမ္မဓာရယမည်ပုံကို ရူပသိဒ္ဓိမှာ ရှု။
လက္ခဏာ စသည်။ ။ “သမာသ်ပုဒ်ချင်း အနက်တူလျှင် ကမ္မဓာရည်း သမာသ်”ဟု လက္ခဏာကို မှတ်ရာ၏၊ ဝိဂြိုဟ်ပြုသည့်အခါ၌ကား ရှေ့ပုဒ် နောက်ပုဒ်၌ပဌမာဝိဘတ်ရှိရ၏၊ ဧကဝုစ် ဗဟုဝုစ်မှာ သင့်သလိုသာတည်း၊ စသဒ္ဒါ တသဒ္ဒါများလည်း ပါရှိသည်သာ များ၏၊ သို့သော် မပါခြင်းကြောင့် လည်း အပြစ်မရှိပေ၊ စသဒ္ဒါဖြင့် “မြတ်သူလည်း ယောက်ျားပင်တည်း၊ ယောက်ျား ဟူသည်လည်း မြတ်သူပင်တည်း” ဟု အပြန်အလှန် ပေါင်းဆည်းသော အညမညသမုစ္စည်းကို ထင်ရှားစေလိုသည်၊ တသဒ္ဒါ ကား မဟန္တဟူသည်လည်း ထိုသူပင်တည်း၊ ပုရိသဟူသည်လည်း ထိုသူပင် တည်းဟု တစ်ယောက်တည်း ဖြစ်ကြောင်း, အနက် အရတူကြောင်းကို ပြသည်၊ ဝိဂြိုဟ်ပြုသည့်အခါ ရှေ့ပုဒ် နောက်ပုဒ် လိန်မတူလျှင် တသဒ္ဒါ ကို ရှေ့ပုဒ်နှင့် လိန်တူအောင် ထားရမည်။
[ဆောင်]၁။ ပဒနှစ်ဆူ, အရတူ, မတ်ယူ ကမ္မဓာရဲ။ ၂။ နှစ်ပုဒ်လုံးမှာ, ပဌမာ, သက်ပါ ဝိဂြိုဟ်ထဲ။ ၃။ စ တသဒ္ဒါ, ပါ-မပါ, နှစ်ဖြာ သင့်ချည်းပဲ။ ၄။ မတူလိန်ဝုစ်, ရှေ့နောက်ပုဒ်တွင်, ရှေ့ပုဒ်တူစွာ, တသဒ္ဒါ, ထားပါ ဝိဂြိုဟ်ထဲ။ လိန်မှတ်ဖွယ်။ ။ ဤကမ္မဓာရည်းသမာသ်ပုဒ်၏ လိန်ကား “ဗျယီ နပုံး, ကမ် တပ်ထုံး, အဆုံး လိန်နှင့်တိုက်”ဟူသည်နှင့်အညီ အဆုံးပုဒ်၏ လိန်သာ လိုရင်းတည်း၊ ထို့ကြောင့် “မဟန္တော စ သော ပုရိသော စာတိ မဟာပုရိသော”ဟု ဝိဂြိုဟ်ပြု၍ ပုရိသဟူသော နောက်ပုဒ်ကို ကြည့်လျက် ပုံလိန်ဟု မှတ်၊ “နီလဉ္စ တံ ဥပ္ပလဉ္စာတိ နီလုပ္ပလံ” ဥပ္ပလဟူသော နောက်ပုဒ်အရ နပုံလိန်တည်း။ [နီလဉ္စ-အညိုလည်း ဟုတ်၏၊ တံ-ထို အညိုဟူသည်၊ ဥပ္ပလဉ္စ-ကြာလည်း ဟုတ်၏၊ ဣတိ-ထို့ကြောင့်၊ နီလုပ္ပလံကြာညို မည်၏။]
“ဗြာဟ္မဏီ စ+သာ+ဒါရိကာ စာတိ ဗြာဟ္မဏဒါရိကာ” ဤ၌ကား ဒါရိကာဟူသော နောက်ပုဒ်အရ ဣတ္ထိလိန်တည်း၊ ဗြာဟ္မဏီ စ-ပုဏ္ဏေးမ လည်း ဟုတ်၏၊ သာ-ထိုပုဏ္ဏေးမဟူသည်၊ ဒါရိကာ စ-သူငယ်မလည်း ဟုတ်၏၊ ဣတိ-ထို့ကြောင့်၊ ဗြာဟ္မဏဒါရိကာ-မည်၏၊ ဗြာဟ္မဏဒါရိကာပုဏ္ဏေည်းမငယ်၊ ဤသို့ ကမ္မဓာရည်းသမာသ်၌ လိန် ၃ မျိုး ရသည်။ သော-ထိုသူသည်၊ မဟန္တော စ-မြတ်သူလည်း ဟုတ်၏၊ ပုရိသော စယောက်ျားလည်း ဟုတ်၏၊ ဤသို့ ဝိဂြိုဟ်တွင်းက “သော, တံ, သာ” ပုဒ်များကို ရှေးဦးစွာ အနက်ပေးကြသေး၏။]
ဝိသေသန ဝိသေသျ။ ။ “အထူးပြုတတ်သောပုဒ်ကို ဝိသေသန, အထူးပြုအပ်သော ပုဒ်ကို ဝိသေသျ”ဟု ခေါ်၏၊ “ဝိသေသေတီတိ ဝိသေသနံ” ယံ-အကြင်ပုဒ်သည်၊ ဝိသေသေတိ-အထူးပြုတတ်၏၊ ဣတိကြောင့်၊ တံ-ထိုပုဒ်သည်၊ ဝိသေသနံ-ဝိသေသနမည်၏၊ “ဝိသေသီယတီတိ ဝိသေသျ” ယံ-အကြင်ပုဒ်ကို၊ ဝိသေသီယတိ-အထူးပြုအပ်၏၊ ဣတိထို့ကြောင်၊ တံ-ထိုပုဒ်သည်၊ ဝိသေသျံ-ဝိသေသျမည်၏၊ မဟာပုရိသော၌ ပုရိသအရာဝယ် ယုတ်သောယောက်ျား, မြတ်သောယောက်ျား ၂ မျိုးလုံးနှင့် သက်ဆိုင်နေသဖြင့် ပုရိသဟူသောပုဒ်သည် အထူးပြုထိုက်သော ဝိသေသျ ပုဒ်တည်း၊ မဟာ(မဟန္တ)ပုဒ်သည် ထိုပုရိသအရ ယုတ်သောယောက်ျားကို တားမြစ်၍ မြတ်သောယောက်ျားဟု ယောက်ျား ၂ မျိုး ကွဲပြားအောင် အထူးပြုပေးသောကြောင့် ဝိသေသနပုဒ်တည်း၊ ထိုကဲ့သို့ ဝိသေသန, ဝိသေသျ ၂ မျိုးတွင် ဝိသေသနပုဒ်ကို ရှေ့က ထားရသည်။
ရုပ်တွက်ဆိုင်ရာ မှာထားချက် ၁။ သမာသ်ပုဒ်၌ နာမ်ပုဒ် ၂ ပုဒ် ၃ ပုဒ်စသည် ပေါင်းထားသော ကြောင့် ရုပ်တွက်သည့်အခါ မူလနာမ်ပုဒ်အတိုင်း တည်၍ ဆိုင်ရာ ဝိဘတ်များသက်လျက် ဝိဂြိုဟ်ဝါကျဖြစ်အောင် ရုပ်တွက်ရမည်၊။ [ဤကိစ္စမှာ နာမ်ရုပ်တွက်ရန်ကိစ္စသာတည်း၊ ထို့ကြောင့် အတော် နည်းရသည့်အခါ နာမ်ရုပ် တွက်မပြတော့ဘဲ ဝိဂြိုဟ်ဝါကျကို တစ်ခါတည်း တည်ပြခြင်းက သာ၍ ရှင်းသည်။]
၂။ ဆိုင်ရာဝိဂြိုဟ်နက်ကို ဖော်ပြ၍ “ဣတိ အတ္ထေ-ဤအနက်၌”ဟုဆို။ ၃။ ထိုသို့ ဝိဂြိုဟ်အနက်ဆို၍ ဆိုင်ရာသုတ်ဖြင့် သမာသ်စပ်လျက် ကမ္မဓာရည်းစသော အမည်တစ်ခုခုကို မှည့်ရမည်။
၄။ နာမာနံ သမာသော ယုတ္တတ္ထောသုတ်ဖြင့် သမာသ်အမည်လည်း မှည့်ရမည်။
၅။ တေသံ ဝိဘတ္တိယော လောပါ စသုြတ်ဖင့် ဝိဂြိုဟ်တုန်းက ဝိဘတ် များ သမာသ်တွင်း၌ မလိုတော့သဖြင့် ချေပစ်ရမည်။
၆။ ဝိဘတ်မှတစ်ပါး ချေဖွယ်ရာ စ တ ယစသောသဒ္ဒါစုကို“ဝုတ္တတ္ထာန မပ္ပယောဂေါ”ဟူသော ပရိဘာသာဖြင့် ချေပစ်ရမည်။
၇။ ပကတိ စဿ သရ န္တဿ သုတ်ဖြင့် မူလတုန်းကအတိုင်း ပကတိပြု ရမည်၊ ဟပကတိပြုရာ၌ “မဟန္တပုရိသကို မဟန္တပုရိသဟု ပကတိပြု” ဟု ပေါင်း၍ ပကတိပြုရိုးရှိသော်လည်း မဟန္တကို မဟန္တဟု ပကတိ ပြု, ပုရိသကို ပုရိသဟု ပကတိပြုဟု ဆိုလိုရင်းတည်း၊ ဂဝံပတိ စသော အလုတ္တသမာသ်များ၌ “ဂဝံပတိကို ဂဝံပတိဟု ပကတိပြု” လို့ ဆို၍ မဖြစ်၊ ပတိ တစ်ခုတည်းကိုသာ ပကတိပြု၍ ဖြစ်သည်၊၊]
၈။ တဒ္ဓိတသမာသကိတကာနာမံ ဝါ တဝေတုနာဒီသု စသုတ်ဖြင့် နာမ်ကဲ့သို့ ငဲ့, သိ ယော တစ်ခုခု သက်၍ ဆိုင်ရာရုပ်ဖြစ်အောင် စီရင်ရမည်။
[ဆောင်] ၁။ ဝိဂြိုဟ်ဝါကျ, ဖြစ်အောင်ပြ, မူလ နာမ်ရုပ်တွက်။ ၂။ ဣတိအတ္ထေ, ဆိုရိုးပေ, ဖော်လေ ဝိဂြိုဟ်နက်။ ၃။ သမာသ်စပ်ကာ, ဆိုင်သင့်ရာ, သညာ အထူးဆက်။ ၄။ သမာသ်နာမံ, သာမညံ, တစ်ဖန် ထပ်၍စွက်။ ၅။ ဝါကျတွင်းဆို, ဝိဘတ်ကို, မလို ရှင်းအောင်ဖျက်။ ၆။ ပရိဘာသာ, သူ့တွက်တာ, ကြွင်းရာ အားလုံးပျက်။ ၇။ ပကတိခတ်, နာမ်ငဲ့လတ်, ဝိဘတ် သင့်ရာသက်။ ၈။ သမာသ်တွက်နည်း, အစဉ်မှီး, ကစ္စည်း ဋီကာမြွက်။ ရုပ်တွက်။ ။ နီလုပ္ပလံကို “နီလ+စ+တ+ဥပ္ပလ+စ”တည်, လိင်္ဂတ္ထေ ပဌမာသုတ်ဖြင့် ပဌမာဧကဝုစ် သိဝိဘတ် ၅ လုံးသက် (နီလသိ+စသိ+တသိ+ဥပ္ပလသိ+စသိ) သိံဟူသောသုတ်ဖြင့် နီလ-တ-ဥပ္ပလတို့နောင် သိကို -ံ ပြု, ခွင်း, ချေ, ကပ်, သဗ္ဗာသမာဝုသော ပသဂ္ဂနိပါတာဒီဟိ စ သုတ်ဖြင့် စ ၂ လုံးနောင် သိ ၂ လုံးကို ချေ၊ ဝဂ္ဂန္တံ ဝါ ဝဂ္ဂေသုတ်ဖြင့် နိလ-ဥပ္ပလတို့နောင် နိဂ္ဂဟိတ်ကို စဝဂ္ဂန္တ ဉပြု, ဉ် ကို စသို့ ကပ်, နီလဉ္စ တံ ဥပ္ပလဉ္စဟု သမာသ်ဝါကျ ပြီး၏၊ နီလဉ္စ-အညိုလည်း ဟုတ်၏၊ တံထိုအညိုဟူသည်၊ ဥပ္ပလဉ္စ-ကြာလည်းဟုတ်၏၊ ဣတိအတ္ထေ-ဤအနက်၌၊ ဒွိပဒေ တုလျာဓိကရဏေ ကမ္မဓာရယောသုတ်ဖြင့် နီလံနှင့် ဥပ္ပလံကို သမာသ်စပ်၍ ကမ္မဓာရည်း အမည်မှည့်, နာမာနံ သမာသော ယုတ္တတ္ထော သုတ်ဖြင့် သမာသ်အမည် မှည့်, တေသံ ဝိဘတ္တိယော လောပါ စသုတ် ဖြင့် သမာသ်၏ ဝိဘတ်တို့ကို ချေ, ဝုတ္တတ္ထာနမပ္ပယောဂေါဟူသော ပရိဘာသာအရ စ တသဒ္ဒါတို့ကို ချေ, ပကတိ စဿ သရ န္တဿသုတ်ဖြင့် သရအဆုံးရှိသော နီလ ဥပ္ပလတို့ကို နီလဥပ္ပလဟု ပကတိပြု, လခွင်း, ရှေ့ ၊ ကို ချေ, လကို နောက်ဥသို့ ကပ် (နိလုပ္ပလ), နာမ်ကဲ့သို့ငဲ့, သိသက်, -ံ ပြု, လ်ခွင်း, ချေ, ကပ်, နီလုပ္ပလံ ပြီး၏။ [မဟာပုရိသော, ဗြာဟ္မဏ ဒါရိကာ တို့ကို နောက်နောက်သုတ်ကျမှ ရုပ်တွက်။]
သင်္ချာပုဗ္ဗော- သင်္ချာရှေ့ရှိသော ကမ္မဓာရည်းသမာသ်သည်၊ ဒိဂု- ဒိဂုလည်း မည်၏။ တိလောကံ စသည်တည်း။
၁၀။ ဤသုတ်ကား ထိုကမ္မဓာရည်းသမာသ်သည်ပင် သင်္ချာပုဒ် ရှေ့ရှိ သည့်အခါ “ဒိဂု”ဟု နာမည်တစ်မျိုးတိုး၍ မှည့်သောသုတ်တည်း၊ ဆိုလို ရင်းကား-ရှေ့ပုဒ် နောက်ပုဒ် အရတူသောကြောင့် ကမ္မဓာရည်းအမည်ရပြီး သောသမာသ်သည်ပင် ဧက ဒွိ တိ စတု စသော သင်္ချာတို့ ဝိသေသနအဖြစ်ဖြင့် ရှေ့ကရှိသည့်အခါ ဒိဂုဟု အမည်ရပြန်သည်၊ “ကမ္မဓာရည်းနာမည်, ဒိဂုနာမည် ၂-မျိုး ရသည်”ဟူလို။ [ရုပ်တွက်သည့်အခါ နာမည် ၂ မျိုး မှည့်ရလိမ့်မည်၊ ဒိဂုအမည်ရပုံကို ရူပသိဒ္ဓိမှာ ရှု။]
[ဆောင်] ကမ္မဓာရယ, သမာသပင်, ရှေ့ကသင်္ချာ, ရှိလေရာ, ဆင့်ကာ ဒိဂုခေါ်။
သမာဟာရဒိဂု။ ။ ဤဒိဂု၌ သမာဟာရဒိဂု, အသမာဟာရဒိဂုဟု ၂ မျိုးရှိ၏၊ ထိုတွင် သမာဟာရဒိဂုသည် ဒိဂုဿေ.ကတ္တံသုတ်အရ နပုံလိန် ဧကဝုစ်ချည်းသာတည်း၊ ဝိဂြိုဟ်အခိုက်၌ကား လိန်ကို သင့်သလို ထားရ မည်၊ ပုံစံကား- တယော လောကာ တိလောကံ၊ သတ္တ အဟာနိ သတ္တာဟံ၊ သတ္တ-ခုနစ်ခုကုန်သော၊ အဟာနိ-ရက်တို့သည်၊ သတ္တာဟံ-ခုနစ်ရက်၊ (ဝိဂြိုဟ်တွင်း၌ နပုံလိန် ဇဟုဝုစ်)၊ စတဿော ဒိသာ စတုဒ္ဒိသံ-၄ ပါးသော အရပ်မျက်နှာ၊ (ဝိဂြိုဟ်တွင်း၌ ဣတ္ထိလိင် ဗဟုဝုစ်တည်း)၊ ဤကား… သမာဟာရဒိဂုတည်း။
အသမာဟာရဒိဂု။ ။ အသမာဟာရဒိဂု၌ကား နပုံဧကတ် မငဲ့ရ, ကမ္မဓာရည်းသမာသ်ကဲ့သို့ လိန် ၃ ပါး ဝုစ် ၂ ပါး ရကောင်း၏၊ နောက်ပုဒ် အတိုင်း တားရမည်၊ ပုံစံကား - “ဧကော ပုဂ္ဂလော ဧကပုဂ္ဂလော - တစ်ယောက်သောပုဂ္ဂိုလ်” (ပုံလိန်ဧကဝုစ်တည်း)၊ ဧကာ ဣတ္ထီ ဧကိတ္ထီ (ဣတ္ထိလိန် ဧကဝုစ်)၊ တယော ဘဝါ တိဘဝါ၊ သုံးပါးကုန်သော ဘဝတို့၊ (ပုံလိန်ဗဟုဝုစ်)၊ စတဿော ဒိသာ စတုဒ္ဒိသာ=၄ ပါးကုန်သော အရပ် မျက်နှာတို့၊ (ဣတ္ထိလိန် ဗဟုဝုစ်တည်း)၊ စတုဒ္ဒိသကို ကစ္စည်းဝုတ္တိ၌ သမာဟာရ, ရူပသိဒ္ဓိ၌ အသမာဟာရဟု ရှိ၏၊ သို့အတွက် နှစ်ဖက်လုံး ထုတ်ပြလိုက်သည်။
ဒသသဟဿံ စက္ကဝါဠာနိ ဒသသဟဿစက္ကဝါဠာနိ၊ ဒသသဟဿံတစ်သောင်းသော၊ စက္ကဝါဠာနိ-စကြဝဠာတို့တည်း၊ ဒသသဟဿစက္က ဝါဠာနိ-တစ်သောင်းသောစကြဝဠာတို့၊ (နပုံလိန် ဗဟုဝုစ်တည်း)၊ ဒသ သဟဿံပုဒ်က ဧကဝုစ်မြဲသောကြောင့် ဧကဝုစ်ဖြင့် ထားသည်၊ (ဤကဲ့သို့ ဝုစ်အမြဲမရှိလျှင် နောက်ပုဒ်နှင့် လိန် ဝုစ်တူအောင် ထားရသည်၊) ပိဋက တော်၌ အသမာဟာရဒိဂု နည်းပါး၍ သမာဟာရဒိဂုသာ များ၏။
ရုပ်တွက်။ ။ တိလောကံကို “တ+လောက”တည်၊ လိင်္ဂတ္ထေ ပဌမာ သုတ်ဖြင့် ပဌမာဗဟုဝုစ် ယော ၂ လုံးသက်, (တိယော+လောကယော), တိစတုန္နံတိဿောစတဿော တယောစတ္တာရောတီဏိစတ္တာရိသုတ်ဖြင့် ဝိဘတ်နှင့်တကွ တိကို တယောပြု, သဗ္ဗယောနိနမာဧသုတ်ဖြင့် ယောကို -ါ ပြု, က်ခွင်း, ချေ, ကပ်, တယော လောကာဟု သမာသ်ဝါကျပြီး၏၊ ဒွိပဒေ တုလျာဓိကရဏေ ကမ္မဓာရယောသုတ်ဖြင့် တိနှင့်လောကကို သမာသ်စပ်၍ ကမ္မဓာရည်းအမည်မှည့်, သင်္ချာပုဗ္ဗော ဒိဂုသုတ်ဖြင့် ဒိဂု လည်း အမည်မှည့်, နာမာနံ သမာသော ယုတ္တတ္တောသုတ်ဖြင့် သမာသ် အမည်မှည့်, တေသံ ဝိဘတ္တိယော လောပါ စသုတ်ဖြင့် သမာသ်၏ ဝိဘတ်တို့ကို ချေ, ပကတိ စဿ သရ န္တဿသုတ်ဖြင့် သရအဆုံးရှိသော တိ+လောကတို့ကို တိ+လောကဟု ပကတိပြု, ဒိဂုဿေကတ္တံသုတ်ဖြင့် တိလောကကို နပုံဧကတ်ငဲ့, နာမ်ငဲ့, သိသက်, -ံ ပြု, ခွင်း, ချေ, ကပ်, တိလောလံ ပြီး၏။ [ဒိဂုဿေကတ္တံသုတ်ကို အတိဒေသသုတ်ဟု ဆိုရိုးရှိ သောကြောင့် “နပုံဧကတ်ငဲ့”ဟု ဆိုလိုက်သည်။]
သတ္တာဟံကို “သတ္တ+အဟ”တည်၊ ယော၂ လုံးသက်, ပဉ္စာဒီန မကာရောသုတ်ဖြင့် တ္တ၏အဆုံး ၊ ကို ဝိဘတ်နှင့်တကွ ၊ ပြု, အတော နိစ္စံ သုတ်ဖြင့် အဟနောင် ယောကို နိပြု, ယောသု ကတနိကာရလောပေသု ဒီဃံသုတ်ဖြင့် ဟ၏ အဆုံး ၊ ကို -ါ ဒီဃပြု, သတ္တ+အဟာနိဟု သမာသ် ဝါကျ ပြီး၏၊ “သတ္တ-ခုနစ်ခုကုန်သော+အဟာနိ-ရက်တို့” ဣတိအတ္ထေ၌,ဟု ဆို၍ ဆိုခဲ့သည့်သုတ်များဖြင့် သမာသ်စပ်၍ ကမ္မဓာရည်း, ဒိဂု သမာသ်အမည်မှည့်, ဝိဘတ်ချေ, ပကတိပြု, နပုံဧကတ်ငဲ့, နာမ်ငဲ့, သိ သက်, -ံ ပြု, သတ္တာဟံ ပြီး၏။ [စတုဒ္ဒိသံကို သရော ရဿော နပုံသကေ သုတ်ကျမှ တွက်တတ်လတ္တံ့။]
ဧကပုဂ္ဂလောကို “ဧက+ပုဂ္ဂလ”တည်၊ သိ ၂ လုံးသက်, သောသုတ် ဖြင့် သိကို ေ-ါ ပြု, ဧကော ပုဂ္ဂလောဟု သမာသ်ဝါကျ ပြီး၏၊ သမာသ် စပ်၍ ကမ္မဓာရည်း, ဒိဂုသမာသ်အမည်မှည့်, ဝိဘတ်ချေ, ပကတိပြု စသည်။ [ကြွင်းရုပ်များကို နောင်ခါ တွက်ရလတ္တံ့။]
ဥဘေ- ကမ္မဓာရည်း, ဒိဂုသမာသ် နှစ်ခုတို့သည်၊ တပ္ပုရိသာ- တပ္ပုရိသ်လည်း မည်ကုန်၏။ မဟာပုရိသော, တိလောကံ စသည်တည်း။
၁၁။ ဤသုတ်ကား ကမ္မဓာရည်းသမာသ် ဒိဂုသမာသ်တို့ကို တပ္ပုရိသ် ဟု အမည်ထပ်၍မှည့်သော သုတ်တည်း၊ ရှေ့၂ သုတ်၌ တွက်ပြခဲ့သော ရုပ်များကို ဤသုတ်ဖြင့် တပ္ပုရိသ်ထပ်၍ မှည့်ရမည်၊ သို့သော် ဉာဏ်ရှုပ် နေမည်စိုး၍ ရှေ့သုတ်များ၌ မမှည့်ဘဲ ရုပ်တွက်ခဲ့သည်။ [တပ္ပုရိသအမည် ရပုံကို ရူပသိဒ္ဓိမှာ ရှု။]
နောက်ပုဒ်အရ ပြဓာန်းပုံ။ ။ မဟာပုရိသဟူသော ကမ္မဓာရည်း သမာသ်၌ မဟန္တပုဒ်၏အနက်ဖြစ်တဲ့ “မြတ်”ဟူသော ဂုဏ်ကို မရ, ပုရိသ ၏ အနက်ဖြစ်တဲ့ ယောက်ျားဒြဗ်သာ ရ၏၊ “မြတ်သောယောက်ျားကို ခေါ်ခဲ့စမ်း”ဟု ဆိုလျှင် အမြတ်ဂုဏ်ကို မခေါ်ရ, ယောက်ျားဒြဗ်ကိုသာ ခေါ်ခဲ့ရလိမ့်မည်၊ ဤသို့ နောက်ပုဒ်အနက် ပြဓာန်းရကား မဟာပုရိသ ဟူသော ကမ္မဓာရည်းသမာသ်သည်ပင် တပ္ပုရိသ်လည်း မည်၏။
တိလောကံဟူသော ဒိဂုသမာသ်၌ တိသဒ္ဒါ၏အနက်ဖြစ်တဲ့ “၃ ခု” အရေအတွက်သင်္ချာသည် ပဓာနမဟုတ်, လောက၏အနက်ဖြစ်တဲ့ လူ နတ် ဗြဟ္မာတို့သာ လိုရင်းပဓာနတည်း၊ ဤသို့ နောက်ပုဒ်အနက် ပြဓာန်း ရကား တိလောကဟူသော ဒိဂုသမာသ်လည်း တပ္ပုရိသ် မည်ရပြန်သည်။
တပ္ပုရိသ် ၂ မျိုး။ ။ ထို့ကြောင့် မဟာပုရိသကဲ့သို့ ကမ္မဓာရည်း တပ္ပုရိသ်ရောသော ကမ္မဓာရယမိဿကတပ္ပုရိသ်တစ်မျိုး, တိလောကံ ကဲ့သို့ ကမ္မဓာ့ည်း ဒိဂုလက္ခဏာ ၂ ခုရောသော ကမ္မဓာရယဒိဂုမိဿက တပ္ပုရိသ်တစ်မျိုးဟု တပ္ပုရိသ် ၂ မျိုးကို မှတ်ပါ။ [ကမ္မဓာရည်းလက္ခဏာ မပါသော ဒိဂုမိဿကတပ္ပုရိသ်ကား မရရှိနိုင်။] တိလောကံကို ထပ်၍ ရုပ်တွက်ပြအံ့။
တိလောကံကို တိ+လောကတည်, ယောသက်, တယော လောကာဟု သမာသ်ဝါကျပြီးစေ, (ဝိဂြိုဟ်နက်ပေး)၊ ဣတိအတ္ထေ-၌၊ ဒွိပဒေ တုလျာဓိ ကရဏေ ကမ္မဓာရယောသုတ်ဖြင့် တိနှင့်လောကကို သမာသ်စပ်၍ ကမ္မ ဓာရည်းအမည်မှည့်, သင်္ချာပုဗ္ဗော ဒိဂုသုတ်ဖြင့် ဒိဂုအမည်မှည့်, ဥဘေ တပ္ပုရိသာသုတ်ဖြင့် တပ္ပုရိသ်အမည်မှည့်, နာမာနံ သမာသော ယုတ္တ တ္ထောသုတ်ဖြင့် သမာသ်အမည်မှည့်, တေသံ ဝိဘတ္တိယောစသည်ဖြင့် ဝိဘတ်ချေ, ပကတိပြု, နပုံဧကတ်ငဲ့, နာမ်ငဲ့, သိသက်, -ံ ပြု, ပြီး၏။ [ကမ္မဓာရယမိဿကများကား နောက်၌ များစွာ လာလတ္တံ့။]
အ.မာဒယော- အံအစရှိ သော ဝိဘတ်အဆုံးရှိသောသဒ္ဒါတို့ကို၊ ပရပဒေဘိ- နောက်ပုဒ် တို့နှင့်တကွ၊ သမဿန္တေ- ချဉ်းစပ်အပ်ကုန်အံ့၊ သော- ထိုသမာသ် သည်၊ တပ္ပုရိသော- တပ္ပုရိသ်မည်၏။ ဘူမိဂတော စသည်တည်း။
၁၂။ ဤသုတ်ကား ကမ္မဓာရဲ ဒိဂုတို့နှင့် မရောဘဲ သီးခြား တပ္ပုရိသ် အမည်မှည့်သောသုတ်တည်း၊ ထို့ကြောင့် ဤတပ္ပုရိသ်ကို သုဒ္ဓတပ္ပုရိသ်ဟု ခေါ်စမှတ်ပြု၏။ [သုဒ္ဓ၊ ကမ္မဓာရဲ ဒိဂုတို့၏ လက္ခဏာနှင့် မရောမယှက် သက်သက် သန့်သန့်ဖြစ်သော+တပ္ပုရိသ=တပ္ပုရိသ်။]
ဤသုဒ္ဓတပ္ပုရိသ်၌ “အမာဒယော”ဟူသော စကားအရ ရှေ့ပုဒ်က အံ အစရှိသော ဝိဘတ် ၆ လုံး(ဧကဝုစ် ဗဟုဝုစ် ၁၂ လုံး)တွင် တစ်လုံးလုံး ကျေစေရမည်၊ နောက်ပုဒ်၌ ပဌမာဝိဘတ် အမြဲကျေသည်၊ ထို့ကြောင့် ရှေ့ပုဒ်၌ ကျေသောဝိဘတ်ကို မှတ်၍ ဒုတိယာတပ္ပုရိသ်, တတိယာ, စတုတ္ထီ, ပဉ္စမီ, ဆဋ္ဌီ, သတ္တမီတပ္ပုရိသ်ဟု သုဒ္ဓတပ္ပုရိသ် ၆ မျိုးရှိ၏၊ ဤ သုဒ္ဓတပ္ပုရိသ်ကို “အမာဒိတပ္ပုရိသ်”ဟုလည်း ခေါ်၏၊ လိန်မှာ နောက်ပုဒ် အနက်ကို လိုက်၍ ၃ လိန်ပင်၊ ဝုစ်၂ ပါး ရကောင်း၏။ [ရှေ့ပုဒ်၌ ပဌမာ ဝိဘတ်ကျေသော တပ္ပုရိသ်မှာ (ကမ္မဓာရည်း, ဒိဂုတို့နှင့် ရောသော) မိဿကတပ္ပုရိသ်သာတည်း။]
[ဆောင်] အမာဒိကျေ, ရှေ့ပုဒ်နေ, နောက်ကျေ ပဌမာ၊ တပ္ပုရိသ, နောက်ပုဒ်ရ, သုဒ္ဓ- လက္ခဏာ။
ဒုတိယာတပ္ပုရိသ်။ ။ ဘူမိံ ဂတော ဘူမိဂတော၊ ဘူမိံ - မြေသို့၊ ဂတော-သွားသူတည်း၊ ဘူမိဂတော-မြေသို့ သွားသူ။ [ဂတောကို ကြည့်၍ ပုလ္လိန်ဧကဝုစ်ဟု သိလေ၊ ဘူမိဂတာ-မြေသို့ သွားသူတို့ (ပုလ္လိန်ဗဟုဝုစ်)၊ ဘူမိဂတာ-မြေသို့ သွားသောမိန်းမ (ဣတ္ထိလိန်)၊ ဘူမိဂတံ-မြေသို့သွားသော အမျိုး (နပုလ္လိန်) ဤသို့ နောက်ပုဒ်အနေအထားကို ကြည့်၍ လိန်အမျိုးမျိုး ဝုစ်အမျိုးမျိုး ရှိနိုင်၏၊ ပုရိသာဒိ, ကညာဒိ, စိတ္တာဒိဂိုဏ်းသွင်း၍ ရုပ်စဉ် ရမည်။] သဗ္ဗရတ္တိံ သောဘနော သဗ္ဗရတ္တိသောဘနော-အလုံးစုံသော ညဉ့်ပတ်လုံး တင့်တယ်သူ၊ ပဘင်္ကရော-အရောင်ကို ပြုတော်မူတတ်သော ဘုရား။ [ဤ ပဘင်္ကရော၌ ပဘံဝယ် အံဝိဘတ် မကျေသောကြောင့် အလုတ္တသမာသ်ဟု ခေါ်သည်။]
တတိယာတပ္ပုရိသ်။ ။ သလ္လေန ဝိဒ္ဓေါ သလ္လဝိဒ္ဓေါ၊ သလ္လေန-မြားဖြင့်၊ ဝိဒ္ဓေါ-ပစ်ခွင်းအပ်သော သားကောင်သည်၊ သလ္လဝိဒ္ဓေါ-မြားဖြင့် ပစ်ခွင်း အပ်သော သားကောင်။
စတုတ္ထီတပ္ပုရိသ်။ ။ ကထိနဿ ဒုဿံ ကထိနဒုဿံ၊(အနက်ပေးခဲ့ပြီ)၊ အာဂန္တုကဿ ဘတ္တံ အာဂန္တုဘတ္တံ၊ ဧည့်သည်အကျိုးငှာထမင်း၊ “ဧည့်သည်ကျွေးဖို့ထမင်း” ဟူလို။
ပဉ္စမီတပ္ပုရိသ်။ ။ မေထုနာ အပေတော မေထုနာပေတော၊ မေထုနာမေထုန်မှ၊ အပေတော-ကင်းသူတည်း။
ဆဋ္ဌီတပ္ပုရိသ်။ ။ ရညော ပုတ္တော ရာဇပုတ္တော၊ မင်းသား၊ ရာဇပုရိသော=မင်းချင်းယောက်ျား၊ ဗုဒ္ဓသာဝကော=ဘုရားတပည့်။ သတ္တမီတပ္ပုရိသ်။ ။ သံသာရေ ဒုက္ခံ သံသာရဒုက္ခံ = သံသရာ၌ ဆင်းရဲ၊ စက္ခုသ္မိံ-စက္ခု၌၊ နိဿိတံ-မှီသော၊ ဝိညာဏံ-ဝိညာဏ်တည်း၊ စက္ခုဝိညာဏံ-စက္ခု၌မှီသောဝိညာဏ်။
ရုပ်တွက်။ ။ ဘူမိဂတောကို “ဘူမိ+ဂတ”တည်၊ ဘူမိနောင် အံဝိဘတ် သက်, တေ ဣတ္ထိချာပေါသုတ်ဖြင့် - ကို ပအမည်မှည့်, အံမောနိဂ္ဂဟီတံ ဈလပေဟိသုတ်ဖြင့် -ံ ဝိဘတ်ကို နိဂ္ဂဟိတ်ပြု, ဂတနောင် သိသက်, ေ-ါ ပြု, ဘူမိံဂတောဟု သမာသ်ဝါကျပြီး၏၊ ဘူမိံ-သို့၊ ဂတော-တည်း၊ ဣတ္ထိ အတ္ထေ-၌၊ အမာဒယော ပရပဒေဟိသုတ်ဖြင့် ဘူမိံနှင့် ဂတောကို သမာသ် စပ်၍ တပ္ပုရိသ်အမည်မှည့်, နာမာနံ သမာသော ယုတ္တတ္ထောသုတ်ဖြင့် သမာသ်အမည်မှည့်, တေသံ ဝိဘတ္တိယော လောပါ စသုတ်ဖြင့် သမာသ် ၏ ဝိဘတ်တို့ကို ချေ, ပကတိ စဿ သရ န္တဿသုတ်ဖြင့် သရအဆုံးရှိ သော ဘူမိ ဂတပုဒ်တို့ကို ဘူမိဂတဟု ပကတိပြု, နာမ်ငဲ့, သိသက်, ေ-ါ ပြု, ဘူမိဂတော ပြီး၏။
ပဘင်္ကရောကို “ပဘာ+ကရ”တည်၊ ပဘာနောင် အံဝိဘတ်သက်, ဘ်ခွင်း, ချေ, ကပ်, ကရနောင် သိသက်, ေ-ါ ပြု, ပဘံ ကရောဟု သမာသ်ဝါကျ ပြီး၏၊ ပဘံ-အရောင်ကို၊ ကရောတိ-ပြုတတ်၏၊ ဣတိ အတ္ထေ-၌၊ သမာသ်စပ်၍ တပ္ပုရိသ်မှည့်, သမာသ်မှည့်, တေသံ ဝိဘတ္တိ ယော လောပါ စသုတ်ဖြင့် ကရ၌ သိဝိဘတ်၏ အပြုဖြစ်သော ေ-ါ ကို ချေ, (အလုတ္တသမာသ်ဖြစ်၍ ပဘံ၌ အံဝိဘတ်ကို မချေရ)၊ ပကတိ စဿ သရ န္တဿသုတ်ဖြင့် ကရကို ကရဟု ပကတိပြု, (ပဘံကို ပကတိပြုဖွယ် မလို)၊ ဝဂ္ဂန္တံ ဝါ ဝဂ္ဂေသုတ်ဖြင့် နိဂ္ဂဟိတ်ကို “ င် ”ပြု, ကပ်, နာမ်ငဲ့, သိသက်, ေ-ါ ပြု, ပဘင်္ကရော ပြီး၏။ [ကြွင်းသော ရုပ်များကိုလည်း ဤ နည်းမှီ၍ တွက်နိုင်လောက်ပြီ၊ ဆိုင်ရာ သမာသ်ဝါကျ ပြီးအောင်ကား နာမ်တုန်းကအတိုင်း တွက်ရုံသာ။]
အညပဒတ္ထေသု- အည ပုဒ်၏အနက်တို့၌၊ နာမာနိ- နာမ်ပုဒ်တို့ကို၊ သမဿန္တေ- ချဉ်းစပ် အပ်ကုန်အံ့၊ သော- ထိုသမာသ်သည်၊ ဗဟုဗ္ဗီဟိ- ဗဟုဗ္ဗီဟိမည်၏။ ဇိတမာရော စသည်တည်း။
၁၃။ ဤသုတ်ကား ဗဟုဗ္ဗီဟိအမည်မှည့်သော သုတ်တည်း၊ သမာသ် အခန်းဖြစ်၍ သမာသ်ပုဒ်ကို “သကပဒ၊ မိမိပုဒ်”ဟု ခေါ်၏၊ သမာသ်စပ် ရာတွင် မပါဝင်သော ပုဒ်ကို “အညပဒ = တစ်ပါးသောပုဒ်”ဟု ခေါ်၏၊ “သမာသ်ပုဒ်မှတစ်ပါး အခြားသောပုဒ်”ဟူလို၊ ထိုအညပုဒ်၏ အနက်၌ စပ်ရသောသမာသ်ကို “ဗဟုဗ္ဗီဟိသမာသ်”ဟု ခေါ်၏၊ ပုံစံကား… “ဇိတော+မာရော ယေနာတိ ဇိတမာရော (ဇိနော)”တည်း၊ ယေနအကြင်ပုဂ္ဂိုလ်သည်၊ မာရော-မာရ်ကို၊ ဇိတော-အောင်တော်မူအပ်ပြီ၊ ဣတိ-ထို့ကြောင့်၊ သော-ထိုပုဂ္ဂိုလ်သည်၊ ဇိတမာရော-ဇိတမာရ မည်၏၊ ဇိနော-ဘုရားတည်း။
ဤ“ဇိတမာရော”၌ “ဇိတောနှင့်မာရော”သည် စပ်အပ်သော သမာသ် ပုဒ်တည်း၊ ဇိနောပုဒ်နှင့် ယေနပုဒ်တို့ကား သမာသ်ပုဒ်တွင် မပါဝင်သော “အညပုဒ်”တည်း၊ ဇိတောနှင့် မာရောကို သမာသ်စပ်သည့်အခါ “အောင် အပ်သော+မာရ်”ဟူသော မိမိအနက်၌ မစပ်ဘဲ ယေန , ဇိနော တို့၏ အရဖြစ်သော “ဘုရား”ဟူသော အနက်၌ စပ်ရသည်၊ ထို့ကြောင့် “အည ပဒတ္ထေသု နာမာနိ သမသျန္တေ-သမာသ်ပုဒ်မှ တစ်ပါးသောပုဒ်တို့၏ အနက်တို့၌ ဇိတော မာရော ကဲ့သို့သော နာမ်တို့ကို သမာသ်စပ်ထား အပ်ကုန်၏”ဟု ဆိုသည်။
အညပုဒ်။ ။ ဤပြခဲ့သော စကားစဉ်အရ “ဇိတမာရ ဇိနော”ဟု သမာသ်စပ်ရာတွင် “ပါဝင်သင့်လျက် မပါဝင်သော ဇိနော”ပုဒ်ကိုလည်း ကောင်း, ထို ဇိနောနှင့် အရတူသော “ယေန”ပုဒ်ကိုလည်းကောင်း “အည ပုဒ်” ခေါ်သည်ဟု မှတ်၊ “တေန အနေန ဧတေန” ဟု ဝိဂြိုဟ်ပြုလျှင် ထိုပုဒ်များလည်း အညပုဒ်ပင်တည်း၊ ယခုကား-“ယ, တ, ဧတ, ဣမ” ၄ ပုဒ်ကိုသာ “အညပုဒ်” ဟု ခေါ်ကြ၏၊ ဇိနောကဲ့သို့သော အဘိဓေယျ (အနက်ပြ)ပုဒ်ကို အညပုဒ်ဟု မခေါ်ကြ၊ သေချာစွာ စဉ်းစားလျှင် ဇိနော ကဲ့သို့သော ပုဒ်သာ အညပုဒ် အစစ်ဖြစ်ထိုက်၏၊ ယေန စသည်တို့၌ ပါသော “ယ, တ, ဧတ, ဣမ” သဗ္ဗနာမ်တို့ကား ဇိနော စသည်တို့၏ ကိုယ်စား ထည့်ရသော သာမညပုဒ်များ ဖြစ်၍ အပဓာနအားဖြင့်သာ အညပုဒ်ဟု ခေါ်နိုင်သည်၊ အကျယ်ကို ကစ္စည်းဘာသာဋီကာမှာ ရှု။
အညပုဒ် ပဓာနဖြစ်ပုံ။ ။ ဤဗဟုဗ္ဗီဟိသမာသ်၌ ဝိဂြိုဟ်ပြုတဲ့အခါ အညပုဒ်သည် လွန်စွာအရေးကြီး၏၊ ပုံလိန် ဧကဝုစ်အနက်ကို ရစေလို လျှင် ယ စသော အညပုဒ်ကို ပုံလိန်ဧကဝုစ်ဖြင့် ထားရမည်၊ ဗဟုဝုစ် အနက်ကို ရစေလိုလျှင် အညပုဒ်ကို ပုံလိန်ဗဟုဝုစ်ဖြင့် ထားရမည်၊ ဣတ္ထိလိန် နပုံလိန်ကို ရစေလိုရာ၌ အညပုဒ်ကို ဣတ္ထိလိန် နပုံလိန် ထားရ မည်၊ သမာသ်ပုဒ်၌ကား လိန် ဝုစ်အထူးမပြောင်းတော့ပြီ၊ ပင်ကို လိန် ဝုစ် အတိုင်းသာတည်း။
ပုံစံများ။ ။ “ဇိတော မာရော ယေနာတိ ဇိတမာရော၊ မာရ်အောင် တော်မူပြီးသောဘုရား” (ပုံလိန် ဧကဝုစ်ဖြစ်၍ “ယေန”ဟု ထားသည်၊) “ဇိတော မာရော ယေဟီတိ ဇိတမာရာ=မာရ်အောင်တော်မူပြီးသော ဘုရားရှင်တို့” (ဘုရားအများကို ရစေလိုသဖြင့် “ယေဟိ”ဟု ဗဟုဝုစ် ထား၍ “ဇိတမာရာ”ဟု ဗဟုဝုစ် ချသည်၊ ဇိတော မာရောကား ပင်ကို အတိုင်းသာတည်း။)
ဇိတာနိ ဣန္ဒြိယာနိ ယေနာတိ ဇိတိန္ဒြိယော၊ ယေန-အကြင်ပုဂ္ဂိုလ် သည်၊ ဣန္ဒြိယာနိ- ဣန္ဒြေတို့ကို၊ ဇိတာနိ- အောင်အပ်ကုန်ပြီ၊ ဣတိထို့ကြောင့်၊ သော-ထိုပုဂ္ဂိုလ်သည်၊ ဇိတိန္ဒြိယော-ဇိတိန္ဒြိယ မည်၏၊ (ပုံလိန် ဧကဝုစ်ဖြစ်၍ “ယေန-ဇိတိန္ဒြိယော”ဟု ထားသည်၊) ဇိတာနိ ဣန္ဒြိယာနိ ကား လိုရင်းမဟုတ်၊ ဣန္ဒြိယပုဒ်က နပုံလိန်ဖြစ်၍ နပုံလိန်, ဣန္ဒြေတွေက များသောကြောင့် ဗဟုဝုစ်ဖြင့် ပြထားသည်။
“ဇိတာနိ ဣန္ဒြိယာနိ ယေဟီတိ ဇိတိန္ဒြိယာ၊ ဣန္ဒြေတို့ကို အောင်ပြီး သော ပုဂ္ဂိုလ်တို့၊” (ပုံလိန် ဗဟုဝုစ်ဖြစ်၍ “ယေဟိ-ဇိတိန္ဒြိယာ”ဟု ထားသည်၊) ဇိတာနိ ဣန္ဒြိယာနိ ယာယာတိ ဇိတိန္ဒြိယာ၊ ယာယ-အကြင် မိန်းမသည်၊ ဣန္ဒြိယာနိ-တို့ကို၊ ဇိတာနိ-ကုန်ပြီ၊ ဣတိ-ထို့ကြောင့်၊ သာထိုမိန်းမသည်၊ ဇိတိန္ဒြိယာ-ဇိတိန္ဒြိယာ မည်၏၊ (ဣတ္ထိလိန် ဧကဝုစ်မို့ “ယာယ=ဇိတိန္ဒြိယာ”ဟု ထားသည်၊) ဇိတာနိ ဣန္ဒြိယာနိ ယာဟီတိ ဇိတိန္ဒြိယာယော-ဣန္ဒြေတို့ကို အောင်ပြီးသောမိန်းမတို့၊ ဣတ္ထိလိန် ဗဟုဝုစ်မို့ “ယာဟိ=ဇိတိန္ဒြိယာယော”ဟု ထားသည်။
ဇိတာနိ ဣန္ဒြိယာနိ ယေနာတိ ဇိတိန္ဒြိယံ၊ ဣန္ဒြေတို့ကို အောင်ပြီးသော စိတ်၊ (နပုံလိန် ဧကဝုစ်မို့ “ယေန=ဇိတိန္ဒြိယံ”ဟု ထားသည်၊ ယေန-အကြင် စိတ်သည် ဟု အနက်ဆို၊) ဇိတာနိ ဣန္ဒြိယာနိ ယေဟီတိ ဇိတိန္ဒြိယာနိ= ဣန္ဒြေတို့ကို အောင်ပြီးသော စိတ်တို့၊ (နပုံလိန် ဗဟုဝုစ်မို့ “ယေဟိ = ဇိတိန္ဒြိယာနိ”ဟု ထားသည်။)
ဤသို့လျှင် လိုရာအနက်ရအောင် အညပုဒ်၏ လိန်ဝုစ်ကို အထူး သတိပြုရမည်၊ ဤသို့ အညပုဒ်၏ လိန်ဝုစ်နှင့်အနက် အရတူလေသောကြောင့် “ဗဟုဗ္ဗီထုတ်, အညပုဒ်, လိန်ဝုစ် ကြည့်၍ကိုက်”ဟု အချီစကား၌ ဆိုခဲ့ပြီ၊ ဤဗဟုဗ္ဗီဟိသမာသ်၌ အညပုဒ်ဝယ်သက်သော ဝိဘတ်ကို စွဲ၍ ပဌမာဗဟုဗ္ဗီဟိ, ဒုတိယာဗဟုဗ္ဗီဟိ စသောအားဖြင့် ၇ ပါး ပြား၏။
ပဌမာဗဟုဗ္ဗီဟိ။ ။ သဟ ဝိတက္ကေန ယေ ဝတ္တန္တီတိ သဝိတက္ကာ၊ ယေ-အကြင်တရားတို့သည်၊ ဝိတက္ကေန-ဝိတက်နှင့်၊ သဟ-တကွ၊ ဝတ္တန္တိဖြစ်ကုန်၏၊ ဣတိ-ကြောင့်၊ တေ-တရားတို့သည်၊ သဝိတက္ကာ-သဝိတက္ကတို့ မည်၏၊ (ယ ဟူသော အညပုဒ်၌ ပဌမာယောဝိဘတ် သက်၏၊) အညပုဒ် နှင့် တွဲဖက်ကြိယာကို ကတ္တား ကြိယာ စပ်ရလျှင် ပဌမာဗဟုဗ္ဗီဟိဟု မှတ်၊ ယေ ဝတ္တန္တိ၌ ယေ က ကတ္တား, ဝတ္တန္တိက ကြိယာတည်း၊ ကြိယာကို “ကတ္တီ”ဟုလည်း ခေါ်ကြ၏။
ဒုတိယာ။ ။ အညပုဒ်နှင့် သမာသ်ပုဒ်တစ်စိတ်တို့ ကံ+ကြိယာ စပ်၍ ရလျှင် ဒုတိယာဗဟုဗ္ဗီဟိ မှတ်၊ အာဂတာ သမဏာ ဣမံတိ အာဂတ သမဏော၊ ဣမံ- ဤကျောင်းတိုက်သို့၊ သမဏာ- ရဟန်းတို့သည်၊ အာဂတာ-လာကုန်၏၊ ဣတိ-ထို့ကြောင့်၊ သော-ထိုကျောင်းတိုက်သည်၊ အာဂတသမဏော-အာဂတသမဏ မည်၏၊ ရဟန်းတို့ လာရောက်အပ် သော ကျောင်းတိုက်၊ ဤ၌ “ဣမံ”ဟူသော အညပုဒ်နှင့် အာဂတဟူသော သမာသ်ပုဒ်တစ်စိတ်သည် ကံ+ကြိယာ အဖြစ်ဖြင့် စပ်ထိုက်၏၊ ထို့ကြောင့် “ဣမံ”ဟူသော ကံပုဒ်အရ “လာရောက်အပ်”ဟု ကံအနက်ပေါ်အောင် ဆို။ [ကြိယာကို “ကမ္မီ”ဟုလည်း ခေါ်ကြ၏။]
တတိယာ။ ။ အညပုဒ်နှင့် သမာသ်ပုဒ်တစ်စိတ်တို့ ကတ္တား+ကြိယာ, ကရိုဏ်း + ကရိုဏ်း၏ ကြိယာအဖြစ်ဖြင့် စပ်ရလျှင်လည်းကောင်း, သဟာဒိယောဂ စပ်ရလျှင်လည်းကောင်း တတိယာဗဟုဗ္ဗီဟိမှတ်၊ “ဇိတော မာရော ယေနာတိ ဇိတမာရော၊” ဤ၌ ယေနနှင့် ဇိတသည် ကတ္တား+ ကြိယာ အဖြစ်ဖြင့် စပ်ရသည်၊ ကရိုဏ်း, သဟာဒိယောဂပုံစံကို ကစ္စည်း ဘာသာဋီကာမှာ ရှု။
စတုတ္ထီ။ ။ အညပုဒ်နှင့် သမာသ်ပုဒ်တစ်စိတ်တို့ သမ္ပဒါန+သမ္ပဒါနီ (သမ္ပဒါန်+သမ္ပဒါန်ရှိသောပုဒ်)အဖြစ်ဖြင့် စပ်ရလျှင် စတုတ္ထီဗဟုဗ္ဗီဟိဟု မှတ်၊ “ဒိန္နော သုင်္ကော ယဿာတိ ဒိန္နသုင်္ကော” ယဿ-အကြင်မင်းအား၊ သုင်္ကော-အခွန်ကို၊ ဒိန္နော-ပေးအပ်၏၊ ဣတိ-ထိုသို့ အခွန်ကို ပေးအပ် ရာ၏ အဖြစ်ကြောင့်၊ သော-ထိုမင်းသည်၊ ဒိန္နသုင်္ကော-ဒိန္နသုင်္က မည်၏၊ အခွန်ပေးရာဖြစ်သောမင်း, ဤ၌ ယဿဟူသော အညပုဒ်နှင့် ဒိန္နဟူသော သမာသ်ပုဒ်တစ်စိတ်တို့ သမ္ပဒါန+သမ္ပဒါနီ အဖြစ်ဖြင့် စပ်၍ ရကောင်း၏၊ သမ္ပဒါန်အနက် ထင်ရှားဖို့ရန် “ပေးရာ”ဟု အနက်ဆို။
ပဉ္စမီ။ ။ အညပုဒ်နှင့် သမာသ်ပုဒ်တစ်စိတ်တို့ အပါဒါန+အပါဒါနီ (အပါဒါန်+အပါဒါန်ရှိသောပုဒ်)အဖြစ်ဖြင့် စပ်၍ရကောင်းလျှင် ပဉ္စမီ ဗဟုဗ္ဗီဟိ ဟု မှတ်၊ “နိဂ္ဂတာ ဇနာ အသ္မာတိ နိဂ္ဂတဇနော” အသ္မာ-ဤ ရွာမှ၊ ဇနာ- လူတို့သည်၊ နိဂ္ဂတာ- ထွက်သွားကုန်ပြီ၊ ဣတိ- ထိုသို့ လူတို့ ထွက်သွားရာ၏အဖြစ်ကြောင့်၊ သော-ထိုရွာသည်၊ နိဂ္ဂတဇနော-နိဂ္ဂတဇန မည်၏၊ လူတို့ ထွက်သွားရာ ဖြစ်သောရွာ၊ ဤ၌ “အသ္မာ”ဟူသော အည ပုဒ်နှင့်“နိဂ္ဂတ”ဟူသော သမာသ်ပုဒ်တစ်စိတ်တို့ အပါဒါန+အပါဒါနီ အဖြစ်ဖြင့် စပ်၍ ရကောင်း၏၊ အပါဒါန်အနက် ထင်ရှားစေရန် “ထွက်သွားရာ”ဟု “ရာ”သံ ပါအောင် အနက်ဆို။
ဆဋ္ဌီ။ ။ အညပုဒ်နှင့်သမာသ်ပုဒ်တစ်စိတ်တို့ သမ္ဗန္ဓ+သမ္ဗန္ဓီ(သမ္ဗန်+ သမ္ဗန်ရှိသောပုဒ်)အဖြစ်ဖြင့် စပ်၍ ရကောင်းလျှင် ဆဋ္ဌီဗဟုဗ္ဗီဟိဟု မှတ်၊ ဆိန္နော ဟတ္ထော ယဿာတိ ဆိန္နဟတ္ထော၊ ယဿ-အကြင်ယောက်ျား၏၊ ဟတ္ထော-လက်သည်၊ ဆိန္နော-ပြတ်ပြီ၊ (တစ်နည်း) ဆိန္နော-သော၊ ဟတ္ထော-သည်၊ အတ္ထိ-ရှိ၏၊ ဣတိ-ထိုသို့ ပြတ်ပြီးသော လက်ရှိသည်၏ အဖြစ်ကြောင့်၊ သော-ထိုယောက်ျားသည်၊ ဆိန္နဟတ္ထော-ဆိန္နဟတ္ထ မည်၏၊ ပြတ်သောလက်ရှိသူ၊ ဤ၌“ယဿ”ဟူသော အညပုဒ်နှင့် ဟတ္ထ ဟူသော သမာသ်ပုဒ်တစ်စိတ်တို့ သမ္ဗန်+သမ္ဗန္ဓီအဖြစ်ဖြင့် စပ်၍ရကောင်း ၏၊ ဥစ္စာရှင်ဖြစ်ကြောင်း ထင်ရှားဖို့ရာ “လက်ရှိ”ဟု “ရှိ”သံပါအောင်ဆို။ [စတုတ္ထီနှင့်ဆဋ္ဌီအထူးကို ရူပသိဒ္ဓိဘာသာဋီကာမှာ ရှု။]
သတ္တမီ။ ။ အညပုဒ်နှင့် သမာသ်ပုဒ်တစ်စိတ်တို့ အာဓာရ+အာဓေယ် (တည်ရာ+တည်တတ်သောပုဒ်)အဖြစ်ဖြင့် စပ်၍ရကောင်းလျှင် သတ္တမီ ဗဟုဗ္ဗီဟိဟု မှတ်၊ ဗဟဝေါ ဝီဟယော ယသ္မိံတိ ဗဟုဗ္ဗီဟိ၊ ဤ၌ ယသ္မိံ ဟူသော အညပုဒ်နှင့်ဗဟဝေါဟူသော သမာသ်ပုဒ်တစ်စိတ်တို့ အဓာရ အာဓေယ်အဖြစ်ဖြင့် စပ်၍ရကောင်း၏၊ ယသ္မိံ-အကြင်ဇနပုဒ်၌၊ ဗဟဝေါများကုန်သော၊ ဝီဟယော - ကောက်စပါးတို့သည်၊ သန္တိ - ရှိကုန်၏၊ (တစ်နည်း) ဝီဟယော-တို့သည်၊ ဗဟဝေါ-များကုန်၏၊ ဣတိ-ထိုသို့ ကောက်စပါးတို့ ပေါများရာ၏ အဖြစ်ကြောင့်၊ ဗဟုဗ္ဗီဟိ-မည်၏။
ရုပ်တွက်။ ။ သဝိတက္ကာကို “သဟ+ဝိတက္က+ယ”တည်၊ သဟနောင် သိသက်, ချေ, ဝိတက္ကနောင် နာသက်, နာကို ေ-နပြု, ယနောင်ယောသက်, သဗ္ဗနာမကာရတေ ပဌမောသုတ်ဖြင့် ယောကို ေ-ပြု, ယ်ခွင်း, ချေ, ကပ်, “သဟ ဝိတက္ကေန ယေ”ဟု သမာသ်ဝါကျပြီး၏၊ (ဝိဂြိုဟ်နက်ပေး၊) ဣတိ အတ္ထေ-၌၊ အညပဒတ္ထေသု ဗဟုဗ္ဗီဟိသုတ်ဖြင့် သဟနှင့် ဝိတက္ကေနကို သမာသ်စပ်၍ ဗဟုဗ္ဗီဟိအမည်မှည့်, နာမာနံ သမာသော ယုတ္တတ္ထော သုတ်ဖြင့် သမာသ်အမည်မှည့်, တေသံ ဝိဘတ္တိယော လောပါ စသုတ်ဖြင့် သမာသ်၏ ဝိဘတ်တို့ကို ချေ, ဝုတ္တတ္ထာနမပ္ပယောဂေါဟူသော ပရိဘာသာအရ ယပုဒ်ကို ချေ, ပကတိ စဿ သရ န္တဿသုတ်ဖြင့် သရ အဆုံးရှိသော သဟ ဝိတက္ကပုဒ်တို့ကို သဟ ဝိတက္ကဟု ပကတိပြု, တေသု ဝုဒ္ဓိသုတ်ကြီးဖြင့် သဟကို သပြု, နာမ်ငဲ့, ယောသက်, သဗ္ဗယောနိနမာဧ သုတ်ဖြင့် ယောကို -ါ ပြု, က်္ကခွင်း ချေ, ကပ်, ပြီး၏။ [ကြွင်းရုပ်များကို နောက်အခါ အလိုလို တွက်တတ်လတ္တံ့။]
နာမာနံ- ဝိဘတ်တူသော နာမ်ပုဒ်တို့၏၊ သမုစ္စယော- ပေါင်းစည်းခြင်းသည်၊ သမာသောသမာသ်ဖြစ်၏။ ဒွန္ဒော- ဒွန်လည်း မည်၏။ သမဏဗြာဟ္မဏာ, စက္ခုသောတံ စသည်တည်း။
၁၄။ ဤသုတ်ကား ဒွန်အမည် မှည့်သောသုတ်တည်း။
နာမာနံ သမုစ္စယော။ ။ သမဏော စ ဗြာဟ္မဏောစ သမဏဗြာဟ္မဏာ၊ ဤ၌ သမဏနှင့် ဗြာဟ္မဏ ဟူသော နာမ်ပုဒ် ၂ ခုသည် ပဌမာ သိ ဝိဘတ်ချင်း တူကြ၏၊ “သမဏဗြာဟ္မဏာ - ရဟန်းပုဏ္ဏားတို့သည်၊ အာဂစ္ဆ န္တိ-လာကုန်၏”ဟု ပြောဆိုရာ၌ သမဏချည်း လာသည်မဟုတ်, ဗြာဟ္မဏလည်း လာ၏၊ ထို့ကြောင့် သမဏသည် ဗြာဟ္မဏကို ပေါင်းဆည်း ဆွဲယူလျက် ရှိ၏၊ ဗြာဟ္မဏကလည်း သမဏကို ပေါင်းဆည်းဆွဲယူလျက် ရှိ၏၊ ဤသို့ ဆိုင်ရာကိစ္စ၌ နာမ်တို့၏ ပေါင်းစပ် စည်းလုံးမှုကို “သမုစ္စယ” ဟု ခေါ်၏၊ ထို သမုစ္စယအနက် ထင်ရှားအောင် စသဒ္ဒါသွင်း၍ ဝိဂြိုဟ် ဝါကျ ခင်းကျင်းရသည်။
ဒွန္ဒ။ ။ ဒွန္ဒသဒ္ဒါသည် အစုံ အစုံဟူသောအနက်ကို ဟောသကဲ့သို့, ထို့အတူ အစုံအစုံဟူသော အနက်ကိုရသော သမာသ်သည် ဒွန်သမာသ် မည်၏၊ သမဏ ဗြာဟ္မဏ၌ ရဟန်းတစ်မျိုး ပုဏ္ဏားတစ်မျိုးတည်းသာ မရဘဲ, ရဟန်း ပုဏ္ဏား၂ မျိုးစုံကို ရသည်ဟူလို၊ ဒွန္ဒော ဝိယာတိ ဒွန္ဒော၊ ယော-အကြင် သမာသ်သည်၊ ဒွန္ဒော ဝိယ-ဒွန္ဒသဒ္ဒါနှင့် တူ၏၊ ဣတိထို့ကြောင့်၊ သော-ထိုသမာသ်သည်၊ ဒွန္ဒော-ဒွန် မည်၏၊ ၂ ပုဒ်တွဲက များသောကြောင့် ယေဘုယျနည်းအားဖြင့် “ဒွန္ဒ”ဟု ဆိုသည်၊ ၃ ပုဒ်, ၄ ပုဒ် စသည် တွဲကောင်းပါ၏။
[ဆောင်] ၁။ အနက်စုံတွဲ, ရစမြဲ, မှတ်စွဲ ဒွန်သမာသ်။ ၂။ ပဌမာ ကျေ, စ ပါစေ, မသွေ ဝိဂြိုဟ်မှတ်။ ဤ ဒွန်သမာသ်၌ သမာဟာရဒွန်, အသမာဟာရဒွန်ဟု ၂ မျိုး ရှိကြောင်းကို တထာ ဒွန္ဒေသုတ်တုန်းက ပြခဲ့ပြီ၊ သမာဟာရဒွန်၏ပုံစံများ ကိုလည်း ထိုသုတ်၌ ပြခဲ့ပြီ၊ အသမာဟာရဒွန်၌ နပုံဧကတ် မငဲ့ရ, ဒွန် တွဲဖက်ပုဒ်များသလောက် အနက်လည်း များသောကြောင့် ဗဟုဝုစ်ချည်း သာတည်း၊ လိန်မှာ နောက်ဆုံးပုဒ်၏ လိန်သာ ပဓာနဖြစ်၍ ၃ လိန် ရကောင်း၏၊ ထို့ကြောင့် “ဒိဂု-ဒွန္ဒာ, အသမာ, ဆုံးရာ လိန်သို့လိုက်”ဟု ဆိုခဲ့သည်။
သမဏော စ-ရဟန်းသည်လည်း၊ ဗြာဟ္မဏော စ-ပုဏ္ဏာလည်း၊ သမဏဗြာဟ္မဏာ-ရဟန်းပုဏ္ဏားတို့၊ (ပုံလိန်ဖြစ်၍ ပုရိသာဒိဂိုဏ်း ဗဟုဝုစ် သက်သက်)…“(ပဌမာ)သမဏဗြာဟ္မဏာ, (အာလုပ်) ဘောန္တော သမဏ ဗြာဟ္မဏာ, (ဒုတိယာ) သမဏဗြာဟ္မဏေ, (တတိယာ) သမဏဗြာဟ္မဏေဟိ, ဘိ, (စတုတ္ထီ) သမဏဗြာဟ္မဏာနံ, (ပဉ္စမီ) သမဏဗြာဟ္မဏေဟိ, ဘိ,(ဆဋ္ဌီ) သမဏဗြာဟ္မဏာနံ, (သတ္တမီ) သမဏဗြာဟ္မဏေသု”ဟု ရုပ်စဉ်လေ။
ရုပ်တွက်။ ။ သမဏဗြာဟ္မဏာကို “သမဏ+စ+ဗြာဟ္မဏ+စ”တည်၊ သိဝိဘတ် ၄ လုံးသက်, သမဏ ဗြာဟ္မဏတို့နောင် သိဝိဘတ်ကို ေ-ါ ပြု, ခွင်း, ချေ, ကပ်၊ သဗ္ဗာသမာဝုသောစသောသုတ်ဖြင့် စနောင် သိတို့ကို ချေ, သမဏော စ ဗြာဟ္မဏော စဟု သမာသ်ဝါကျပြီး၏၊ သမဏော စလည်း၊ ဗြာဟ္မဏော စ-လည်း၊ ဣတိ အတ္ထေ-၌၊ နာမာနံ သမုစ္စယော ဒွန္ဒောသုတ်ဖြင့် သမဏောနှင့်ဗြာဟ္မဏောကို သမာသ်စပ်၍ ဒွန်အမည် မှည့်, နာမာနံ သမာသော ယုတ္တတ္ထောသုတ်ဖြင့် သမာသ်အမည်မှည့်, တေသံ ဝိဘတ္တိယော လောပါ စသုတ်ဖြင့် သမာသ်၏ ဝိဘတ်တို့ကို ချေ, ဝုတ္တတ္ထာနမပ္ပယောဂေါဟူသော ပရိဘာသာအရ စ ပုဒ်တို့ကို ချေ, ပကတိ စဿ သရ န္တဿသုတ်ဖြင့် သရ အဆုံးရှိသော သမဏ ဗြာဟ္မဏ တို့ကို သမဏ ဗြာဟ္မဏဟု ပကတိပြု, နာမ်ငဲ့, ယောသက်, -ါ ပြု, သမဏ ဗြာဟ္မဏာ ပြီး၏။
စက္ခုသောတံကို “စက္ခု+စ+သောတ+စ”တည်, သိဝိဘတ် ၄ လုံး သက်, စက္ခုနောင် သိကို သေသတော လောပံ ဂသိပိဖြင့်ချေ, စနောင် သိတို့ကို သဗ္ဗာသမာဝုသော စသောသုတ်ဖြင့် ချေ, သောတနောင် သိကို သိံ ဟူသောသုတ်ဖြင့် -ံ ပြု, ဝဂ္ဂန္တံ ဝါ ဝဂ္ဂေသုတ်ဖြင့် နိဂ္ဂဟိတ်ကို စဝဂ္ဂန္တ ဉ် ပြု, ဉ် ကို စသို့ ကပ်, စက္ခု စ သောတဉ္စဟု သမာသ်ဝါကျ ပြီး၏၊ စက္ခု စ-လည်း၊ သောတဉ္စ-လည်း၊ ဣတိ အတ္ထေ-၌၊ နာမာနံ သမုစ္စယော ဒွန္ဒောသုတ်ဖြင့် စက္ခုနှင့် သောတံကို သမာသ်စပ်၍ ဒွန်အမည် မှည့်, နာမာနံ သမာသော ယုတ္တတ္ထောသုတ်ဖြင့် သမာသ်အမည်မှည့်, ဝိဘတ် ချေ, စပုဒ်တို့ကို ချေ, ပကတိပြု, တထာ ဒွန္ဒေ ပါဏိတူရိယယောဂ္ဂသေနင်္ဂ ခုဒ္ဒဇန္တုကဝိဝိဓဝိရုဒ္ဓဝိသဘာဂတ္ထာဒီနဉ္စ သုတ်ဖြင့် စက္ခုသောတကို နပုံ ဧကတ်ငဲ့, နာမ်ငဲ့, သိသက်, -ံ ပြု, စက္ခုသောတံ ပြီး၏။
အမှာ။ ။ ကြွင်းသော သမာဟာရဒွန်တို့ကို နောင်ခါ တွက်တတ် လိမ့်မည်၊ ဝါကျတုန်းက ဝိဘတ်ကို ချေရာ၌ စပုဒ်တို့က နိပါတ်ဖြစ်၍ သေသတော လောပံ ဂသိပိသုတ်ဖြင့် မချေဘဲ သဗ္ဗာသမာဝုသောပသဂ္ဂ နိပါတာဒီဟိ စသုတ်ဖြင့် ချေရသည်ကို သတိပြုပါ။
တုလျာဓိ ကရဏေ- တူသောတည်ရာအနက်ရှိသော၊ ပဒေ- ပုဒ်ကြောင့်၊ မဟတံ- မဟန္တသဒ္ဒါတို့၏၊ မဟာ- မဟာအပြုသည်၊ ဟောတိ- ဖြစ်၏။ မဟာပုရိသော, မဟာဒေဝီ, မဟာဓနံ စသည်တည်း။
၁၅။ “တုလျာဓိကရဏဖြစ်သော နောက်ပုဒ်နှောင်းရာဝယ် ရှေ့က မဟန္တသဒ္ဒါကို မဟာပြု”ဟု စီရင်သောသုတ်တည်း၊ မဟန္တသဒ္ဒါ တစ်ခု တည်း ဖြစ်လျက် မဟတံဟု ဗဟုဝုစ် နံဝိဘတ်ဖြင့် ဆိုခြင်းကြောင့် အချို့ အရာ၌ မဟလည်း ပြုနိုင်၏၊ ပုံစံကားမဟပ္ဖလံ, မဟဗ္ဘယံ, မဟဒ္ဓနံ စသည်တည်း၊ ဤမဟာ မဟ အပြုကို ကမ္မဓာရည်းသမာသ်၌သာမက ဗဟုဗ္ဗီဟိသမာသ်၌လည်း ပြုနိုင်၏၊ “မဟာပညော-ကြီးသောပညာရှိသူ, မဟဒ္ဓနော-များစွာသောဥစ္စာရှိသူ” စသည်တည်း။
ရုပ်တွက်။ ။ မဟာပုရိသောကို “မဟန္တ+စ+တ+ပုရိသ+စ” တည်၊ သိဝိဘတ် ၅ လုံးသက်, ဧတတေ သန္တောသုတ်ဖြင့် တကို သပြု, သော ဟူသောသုတ်ဖြင့် မဟန္တ-သ-ပုရိသ တို့နောင် သိကို ေ-ါ ပြု, ခွင်း, ချေ, ကပ်, သဗ္ဗာသမာဝုသော စသော သုတ်ဖြင့် စပုဒ်တို့ နောင် သိချေ, မဟန္တော စ သော ပုရိသော စဟု သမာသ်ဝါကျ ပြီး၏၊ မဟန္တော စလည်းဟုတ်၏၊ သော-သည်၊ ပုရိသော စ-ဟုတ်၏၊ ဣတိ အတ္ထေ-၌၊ ဒွိပဒေ တုလျာဓိကရဏေ ကမ္မဓာရယောသုတ်ဖြင့် မဟန္တောနှင့် ပုရိသော ကို သမာသ်စပ်၍ ကမ္မဓာရည်းအမည်မှည့်, နာမာနံ သမာသော ယုတ္တ တ္ထောသုတ်ဖြင့် သမာသ်အမည်မှည့်, တေသံ ဝိဘတ္တိယော လောပါစသုတ် ဖြင့် သမာသ်၏ ဝိဘတ်တို့ကို ချေ, ဝုတ္တတ္ထာနမပ္ပယောဂေါဟူသော ပရိဘာသာအရ စ-တ ပုဒ်တို့ကို ချေ, ပကတိ စဿ သရ န္တဿသုတ်ဖြင့် သရ အဆုံးရှိသော မဟန္တ ပုရိသ ပုဒ်တို့ကို မဟန္တ ပုရိသဟု ပကတိပြု, မဟတံ မဟာ တုလျာဓိကရဏေ ပဒေသုတ်ဖြင့် မဟန္တသဒ္ဒါကို မဟာ ပြု, (မဟာပုရိသ) နာမ်ငဲ့, သိသက်, ေ-ါ ပြု, မဟာပုရိသော ပြီး၏။
မဟန္တဉ္စ တံ ဓနဉ္စာတိ မဟာဓနံ၊ မဟန္တဉ္စ-များသည်လည်း ဟုတ်၏၊ တံ-ထိုအများဟူသည်၊ ဓနဉ္စ-ဥစ္စာလည်း ဟုတ်၏၊ ဣတိ-ထို့ကြောင့်၊ မဟာဓနံ-မဟာဓန မည်၏၊ မဟာဓနံ-များသောဥစ္စာ၊ “မဟန္တဉ္စ+ တံ+ ဓနဉ္စ”ဟု သမာသ်ဝါကျပြု၍ သမာသ်စပ်မှုစသည် ပြုပြီးလျှင် မဟန္တဓန ဟု ပကတိပြုပြီးသည့်အခါ ဤသုတ်ဖြင့် မဟန္တကို မဟာပြုလျှင် ပြီး၏၊ ကြွင်းရုပ်များကို နောင်ခါတွက်တတ်လတ္တံ့။
ဣတ္ထိယံ- ဣတ္ထိလိန်၌၊ ဝတ္တမာနေ- ဖြစ်သော၊ တုလျာဓိကရဏေ- တူသော တည်ရာအနက်ရှိသော၊ ပဒေ- နောက်ပုဒ်ကြောင့်၊ ဘာသိတပုမာ- ဟောအပ်ဖူးသော ပုံလိန်ရှိသော၊ ဣတ္ထီ- ဣတ္ထိလိန်သဒ္ဒါသည်၊ ဟောအပ်ဖူးသော ပုံလိန်ရှိသော၊ ဣတ္ထီ- ဣတ္ထိလိန်သဒ္ဒါသည်၊ ပုံလိန်ကဲ့သို့၊ ဒဋ္ဌဗ္ဗော- မှတ်ထိုက်၏။ ဒီဃဇင်္ဃော စသည်တည်း။
၁၆။ ဤသုတ်ကား ဣတ္ထိလိန်ဖြစ်သော ရှေ့ပုဒ်ကို ပုံလိန်ဖြစ်အောင် ငဲ့ညွှန်းသော အတိဒေသသုတ်တည်း၊ “ဒီဃာ ဇင်္ဃာ ယဿာတိ ဒီဃ ဇင်္ဃော” ယဿ-အကြင်သူ၏၊ ဇင်္ဃာ-ခြေသလုံးမြင်းခေါင်းတို့သည်၊ ဒီဃာ-ရှည်ကုန်၏၊ ဣတိ-ထို့ကြောင့်၊ ဒီဃဇင်္ဃော-ဒီဃဇင်္ဃ မည်၏။
ဣတ္ထိယံ ဝတ္တမာနေ တုလျာဓိကရဏေ ပဒေ။ ။ ဒီဃာနှင့်ဇင်္ဃာ သည် တုလျာဓိကရဏဖြစ်၏၊ (“အရှည်”ဟူသည် မြင်းခေါင်းတည်း, မြင်းခေါင်းဟူသည် ရှည်သောအရာဝတ္ထုတည်း၊) ထိုသို့ တုလျာဓိကရဏ ဖြစ်သည့်ပြင် ဇင်္ဃာဟူသော နောက်ပုဒ်သည် ဣတ္ထိလိန် ဖြစ်သည်။
ဘာသိတပုမာ ဣတ္ထီ။ ။ ဒီဃာဟူသော ရှေ့ပုဒ်သည် “ဒီဃော သံသာရော”ဟူသော ပါဠိ၌ ပုလိန်ကို ဟောဖူး၏၊ ယခု ဒီဃာ ဇင်္ဃာ ၌ကား ဣတ္ထိလိန်ကိုပင် ဟောသည်၊ ဤသို့လျှင် “ဒီဃဇင်္ဃော” ပုံစံ၌ တုလျာဓိကရဏဖြစ်သော ဣတ္ထိလိန် ဇင်္ဃာဟူသော နောက်ပုဒ်ကြောင့် အခြားပါဠိ၌ ပုံလိန်ကို ဟောဖူး၍ ယခု ဣတ္ထိလိန်ဟောခိုက် ဒီဃာ ကို ပုံလိန်ကဲ့သို့ ငဲ့ရမည်၊ ဤသို့ ငဲ့သည့်အခါ ဒီဃာ၌ အာပစ္စည်းပျောက်၍ “ဒီဃ”ဟု ပုံလိန်ရုပ် ဖြစ်ရလေသည်။
ရုပ်တွက်။ ။ ဒီဃဇင်္ဃောကို “ဒီဃာ+ဇင်္ဃာ+ယ”တည်၊ ဒီဃာ ဇင်္ဃာ တို့နောင် သိ ၂ လုံးသက်, ချေ, ယနောင် သသက်, သ်လာ, ဒီဃာ ဇင်္ဃာ ယဿဟု သမာသ်ဝါကျပြီး၏၊ ယဿ-၏၊ ဒီဃာ-ရှည်သော၊ ဇင်္ဃာ-မြင်းခေါင်းသည်၊ အတ္ထိ, ဣတိ အတ္ထေ-၌၊ အညပဒတ္ထေသု ဗဟုဗ္ဗီဟိ သုတ်ဖြင့် ဒီဃာနှင့်ဇင်္ဃာကို သမာသ်စပ်၍ ဗဟုဗ္ဗီဟိအမည်မှည့်, သမာသ် မှည့်, ဝိဘတ်ချေ, သ်အာဂုံချေ, ဒီဃာ ဇင်္ဃာဟု ပကတိပြု, ဣတ္ထိယံ ဘာသိတပုမိတ္ထီ ပုမာ၀ စေသုတ်ဖြင့် ဘာသိတပုမဖြစ်သော ဒီဃာဟူသော ရှေ့ ဣတ္ထိလိန်သဒ္ဒါကို ပုံလိန်ကဲ့သို့ ငဲ့, (ဒီဃဇင်္ဃာ), ကွစာဒိမဇ္ဈုတ္တရာနံ စသောသုတ်ဖြင့် ဇင်္ဃာ၏အဆုံး -ါ ကို ရဿပြု, နာမ်ငဲ့, သိသက်, ေ-ါ ပြု, ဒီဃဇင်္ဃော ပြီး၏။
ကမ္မဓာရယသညေ စ- ကမ္မ ဓာရည်းအမည်ရှိသော သမာသ်၌လည်း၊ ဣတ္ထိယံ- ဣတ္ထိလိန်၌၊ ဝတ္တမာနေ- ဖြစ်သော၊ တုလျာဓိကရဏေ- တူသော တည်ရာ အနက်ရှိသော၊ ပဒေ- နောက်ပုဒ်ကြောင့်၊ ဘာသိတပုမာ- ဟောအပ်ဖူးသော ပုံလိန်ရှိသော၊ ဣတ္ထီ- ဣတ္ထိလိန်သဒ္ဒါသည်၊ ဟောအပ်ဖူးသော ပုံလိန်ရှိသော၊ ဣတ္ထီ- ဣတ္ထိလိန်သဒ္ဒါသည်၊ ပုံလိန်ကဲ့သို့၊ ဒဋ္ဌဗ္ဗော- မှတ်ထိုက်၏။ ဗြာဟ္မဏဒါရိကာ စသည် တည်း။
၁၇။ ဤသုတ်လည်း တုလျာဓိကရဏဖြစ်သော ဣတ္ထိလိန်နောက်ပုဒ် နှောင်းရာ၌ ဘာသိတပုမဖြစ်၍ ယခု ဣတ္ထိလိန်ဟောခိုက် သဒ္ဒါကို ပုံလိန် ကဲ့သို့ ငဲ့ညွှန်းသောသုတ်တည်း၊ ကမ္မဓာရယသညေ စဟု ဆိုသောကြောင့် ဤသုတ်က ကမ္မဓာရည်းသမာသ်အရာ၌ပုံလိန်ငဲ့၍ ရှေ့သုတ်က ဗဟုဗ္ဗီဟိ သမာသ်အရာ၌ ငဲ့သည်ဟု ခွဲခြားပါ။
ဗြာဟ္မဏီ စ သာ ဒါရိကာ စာတိ ဗြာဟ္မဏဒါရိကာ၊ ပုဏ္ဏေးမသတို့သမီး၊ ဤပုံစံ၌ ဒါရိကာဟူသော နောက်ပုဒ်သည် ဗြာဟ္မဏီဟူသော ရှေ့ပုဒ်နှင့် တုလျာဓိကရဏဖြစ်သော ဣတ္ထိလိန်ပင်တည်း၊ ဗြာဟ္မဏီဟူသော ရှေ့ပုဒ် လည်း “ဗြာဟ္မဏော”ဟု ပုံလိန်ကို ဟောဖူး၍ ယခုအခါမှာကား ဣတ္ထိလိန် ကို ဟောဆဲဖြစ်၏၊ ဤသို့ တုလျာဓိကရဏ ဣတ္ထိလိန် ဒါရိကာဟူသော နောက်ပုဒ်ကြောင့် ဘာသိတပုမဖြစ်သော ဗြာဟ္မဏီဟူသော ရှေ့ပုဒ်ကို ပုံလိန်ကဲ့သို့ ငဲ့သည့်အခါ -ီ ပစ္စည်းကျေပျောက်၍ “ဗြာဟ္မဏဒါရိကာ”ဟု ဖြစ်၏၊ ရှေ့ပုဒ်၌ အာပစ္စည်း ရှိလျှင်လည်း အာပစ္စည်း ပျောက်သည်၊ ခတ္တိယကညာကို ရုပ်တွက်အံ့။…
ခတ္တိယကညာ ကို “ခတ္တိယာ+စ+သာ+ကညာ+စ”တည်, သိ ၅ လုံး သက်, ဧတတေသန္တောသုတ်ဖြင့် တကို သပြု, သေသတော လောပံ ဂသိပိ သုတ်ဖြင့် ခတ္တိယာ+သာ+ကညာတို့နောင် သိ ၃ လုံးကို ချေ, သဗ္ဗာသ မာဝုသော စသောသုတ်ဖြင့် စ ၂ လုံးနောင် သိ ၂ လုံးကို ချေ, ခတ္တိယာ စ သာ ကညာ စဟု သမာသ်ဝါကျ ပြီး၏၊ ခတ္တိယာ စ-မင်းမျိုးလည်း ဟုတ်၏၊ သာ-သည်၊ ကညာ စ-သတို့သမီးလည်း ဟုတ်၏၊ ဣတိ အတ္ထေ၌၊ ဒွိပဒေ တုလျာဓိကရဏေ ကမ္မဓာရယောသုတ်ဖြင့် ခတ္တိယာနှင့်ကညာ ကို သမာသ် စပ်၍ ကမ္မဓာရည်းအမည်မှည့်, ဥဘေ တပ္ပုရိသာသုတ်ဖြင့် တပ္ပုရိသ် အမည်လည်းမှည့်, သမာသ်မှည့်, ဝိဘတ်ချေ, စပုဒ်တို့ကို ချေ, ခတ္တိယ ကညာဟု ပကတိပြု, ကမ္မဓာရယသညေ စသုတ်ဖြင့် ဘာသိတ ပုမဖြစ်သော ရှေ့ ခတ္တိယာဟူသော ဣတ္ထိလိန်သဒ္ဒါကို ပုံလိန်ကဲ့သို့ ငဲ့, (ခတ္တိယ ကညာ), နာမ်ငဲ့, သိသက်, ချေ, ခတ္တိယကညာ ပြီး၏။ [ခတ္တိယကညာ-မင်းမျိုးဖြစ်သော သတို့သမီး။]
တပ္ပုရိသေ- တပ္ပုရိသ် သမာသ်၌၊ နဿ- န နိပါတ်ပုဒ်၏၊ အတ္တံ- အ အဖြစ်သည်၊ ဟောတိ- ဖြစ်၏။ အဗြာဟ္မဏော စသည်တည်း။
၁၈။ တပ္ပုရိသ်သမာသ်အရာဝယ် န ဟူသော နိပါတ်ပုဒ်ကို (အ) ပြုသော သုတ်တည်း၊ “အတ္တံ နဿ” ဟူသော ယောဂဝိဘာဂဖြင့် “အတုလော” စသော ဗဟုဗ္ဗီဟိသမာသ်၌လည်း “န”ကို “အ”ပြုသေး၏။
န ဗြာဟ္မဏော အဗြာဟ္မဏော၊ ဗြာဟ္မဏော-ပုဏ္ဏားအစစ်သည်၊ နမဟုတ်၊ အဗြာဟ္မဏော-ပုဏ္ဏားစစ်မဟုတ်၊ (ပုဏ္ဏားတု ဟူလို၊ ဤပုဒ်သည် သုဒ္ဓတပ္ပုရိသ် မဟုတ်, ကမ္မဓာရယမိဿကတပ္ပုရိသ်တည်း။
အဗြာဟ္မဏောကို “န+ဗြာဟ္မဏ”တည်, သိ ၂ လုံးသက်, သဗ္ဗာသ မာဝုသော စသောသုတ်ဖြင့် နနောင် သိကိုချေ, ဗြာဟ္မဏနောင် သိကို ေ-ါ ပြု, န+ဗြာဟ္မဏောဟု သမာသ်ဝါကျပြီး၏၊ ဗြာဟ္မဏော-ပုဏ္ဏားစစ် သည်၊ န-မဟုတ်၊ ဣတိ အတ္ထေ-၌၊ ဒွိပဒေ တုလျာဓိကရဏေ ကမ္မဓာရ ယောသုတ်ဖြင့် န နှင့် ဗြာဟ္မဏောကို သမာသ်စပ်၍ ကမ္မဓာရည်းအမည် မှည့်, ဥဘေ တပ္ပုရိသာသုတ်ဖြင့် တပ္ပုရိသ်အမည် မှည့်, ဝိဘတ်ချေ, ပကတိပြု, အတ္တံ နဿ တပ္ပုရိသေသုတ်ဖြင့် နကို (အ)ပြု, နာမ်ငဲ့, သိ သက်, ေ-ါ ပြု, အဗြာဟ္မဏော ပြီး၏။
တပ္ပုရိသေ- တပ္ပုရိသ်သမာသ်၌၊ သရေ- နောက်သရကြောင့်၊ နဿ- န နိပါတ်ပုဒ်၏၊ အန်- အန်အပြုသည်၊ ဟောတိ- ဖြစ်၏။ အနဿော စသည်တည်း။
၁၉။ ဤသုတ်ကား နောက်သရကြောင့် ရှေ့က နနိပါတ်ပုဒ်ကို အန်ပြု သောသုတ်တည်း၊ အတ္တံ နဿ တပ္ပုရိသေသုတ်၌ နောက်ပုဒ်အစမှာ ကပ်ဖို့ရာ သရ မရှိသောကြောင့် အန် မပြုဘဲ, အ - သာ ပြုရသည်၊ န+အဿော အနဿော၊ အဿော-မြင်းအစစ်သည်၊ န-မဟုတ်၊ အနဿောမြင်းအစစ်မဟုတ်၊ (မြင်းနှင့်တူသော မြည်းသတ္တဝါ ဟူလို။) အနဿောကို “န+အဿ”တည်, နနောင် သိသက်, သဗ္ဗာသမာဝု
သော စသောသုတ်ဖြင့် ချေ, အဿနောင် သိသက်, ေ-ါ ပြု, န အဿော ဟု သမာသ်ဝါကျပြီး၏၊ သမာသ်စပ်၍ ကမ္မဓာရည်းမှည့်, ဝိဘတ်ချေ, ပကတိပြု, သရေ အန်သုတ်ဖြင့် နကို အန်ပြု, န် ၊ သို့ကပ်, (အနဿ), နာမ်ငဲ့, သိ ေ-ါ ပြု, အနဿော ပြီး၏။ [ကြွင်းရုပ်များကို ရူပသိဒ္ဓိမှာရှု၊၊]
တပ္ပုရိသေ- တပ္ပုရိသ်သမာသ်၌၊ သရေ- နောက်သရကြောင့်၊ ကုဿ- ကုနိပါတ်၏၊ ကဒ်- ကဒ်အပြုသည်၊ ဟောတိ- ဖြစ်၏။ ကဒန္နံ စသည်တည်း။
၂၀။ ဤသမာသ်လည်း နိစ္စသမာသ်ဖြစ်၍ ကု၏ အနက်ကို ပြသော ပုဒ်တစ်ပါးဖြင့် ဝိဂြိုဟ်ပြုရသည်၊ ကုစ္ဆိတံ အန္နံ ကဒန္နံ၊ ကုစ္ဆိတံ-စက်ဆုပ် အပ်သော၊ အန္နံ-ထမင်းတည်း၊ ကဒန္နံ-စက်ဆုပ်အပ်သော ထမင်း။
ကဒန္နံကို “ကု+အန္န”တည်, ကုနောင် သိသက်, ချေ, အန္နနောင် သိ သက်, -ံ ပြု, ကု အန္နံဟု သမာသ်ဝါကျ ပြီး၏၊ ကုစ္ဆိတံ-သော၊ အန္နံတည်း၊ ဣတိ အတ္ထေ-၌၊ သမာသ်စပ်၍ကမ္မဓာရည်းမှည့်, တပ္ပုရိသ်မှည့်, သမာသ်မှည့်, ဝိဘတ်ချေ, ကု+အန္နဟု ပကတိပြု, ကဒ် ကုဿသုတ်ဖြင့် ကုကို ကဒ်ပြု, ဒ် ၊ သို့ကပ် (ကဒန္န), နာမ်ငဲ့, သိသက်, -ံ ပြု, ကဒန္နံ ပြီး၏
အပ္ပတ္ထေသု စ- အနည်းငယ်ဟူသော အနက်တို့၌လည်း၊ ဝတ္တမာနဿ- ဖြစ်သော၊ ကုဿ- ကုနိပါတ်၏၊ ကာ- ကာအပြုသည်၊ ဟောတိ- ဖြစ်၏။ ကာလဝဏံ စသည်တည်း။
၂၁။ ဤ ကာလဝဏံလည်း နိစ္စသမာသ်ပင်၊ အပ္ပကံ လဝဏံ ကာလ ဝဏံ၊ အပ္ပကံ-အနည်းငယ်သော၊ လဝဏံ-ဆားတည်း၊ ကာလဝဏံအနည်းငယ်သောဆား၊ ဗဟုဝုစ်သဒ္ဒါပို၏ အကျိုးကို ကစ္စည်းမှာ ရှု။
ကာလဝဏံကို “ကု+လဝဏ”တည်, ကု လဝဏံဟု သမာသ်ဝါကျ ပြီးစေ၊ ကုစ္ဆိတံ-သော၊ လဝဏံ-တည်း၊ ဣတိ အတ္ထေ-၌၊ သမာသ်စပ်၍ ကမ္မဓာရဲ, တပ္ပုရိသ်, သမာသ်မှည့်, ဝိဘတ်ချေ, ပကတိပြု, ကာပ္ပတ္ထေသု စ သုတ်ဖြင့် ကု ကို က ပြု, နာမ်ငဲ့ စသည် စီရင်။
သမာသန္တဂတာ နံ- သမာသ်ပုဒ်၏ အဆုံး၌ တည်ကုန်သော နာမ်တို့၏၊ အန္တော- အဆုံးသရသည်၊ ကွစိ- အချို့သောအရာ၌၊ အကာရော- အ အပြု သည်၊ ဟောတိ၊ ဒေဝရာဇော, ဒေဝရာဇာ စသည်တည်း။
၂၂။ ဒေဝ+ရာဇဟူသော သမာသ်၌ ရာဇသည် သမာသ်ပုဒ်၏ အဆုံး ၌ တည်သော နာမ်တည်း၊ ထိုရာဇဟူသော နာမ်ပုဒ်၏အဆုံးမှာ ဇ၌ အ သရရှိ၏၊ ထို အ သရကိုပင် အချို့အရာ၌ (အ)ထပ်ပြုဟု ဆိုလိုသည်။
မေး။ အသရကို (အ)ထပ်ပြုခြင်းသည် ဘာအကျိုးရှိသနည်း။
ဖြေ။ ရာဇာဒိဂိုဏ်းစသော နဂိုဂိုဏ်းကို ဖျက်ရခြင်းအကျိုးရှိ၏။
အသရကို (အ)ထပ်မပြုလျှင် ရာဇာဒိဂိုဏ်းထုံးစံအတိုင်း သျာ စ စသော သုတ်တို့က စီရင်၍ “ဒေဝရာဇာ, ဒေဝရာဇာနော, ဒေဝရာဇာနံ” စသည်ဖြင့်သာ ရုပ်စဉ်ရလိမ့်မည်၊ (အ)ကို (အ)ထပ်ပြုတဲ့ အလိုက “သင်တို့တစ်တွေ ရာဇာဒိဂိုဏ်းမဟုတ်တော့ဘူး, အကာရ န္တ ပရိသာဒိဂိုဏ်း ဖြစ်ပြီ”ဟု ဆိုလိုသည်၊ ဤသို့ ရာဇာဒိဂိုဏ်းကို ဖျက်ခြင်းအကျိုးငှာ (အ)ကို (အ) ထပ်ပြုရသည်၊ ရုပ်ကိုလည်း ပုရိသာဒိဂိုဏ်အတိုင်း စဉ်ရမည်။
ဒေဝါနံ-နတ်တို့၏၊ ရာဇာ-မင်းတည်း၊ ဒေဝရာဇော-နတ်တို့မင်း၊ (သိကြားမင်း)၊ ဒေဝါနံ သခါ ဒေဝသခေါ-နတ်တို့မိတ်ဆွေ၊ ဟဤသုတ်၌ ကွစိသဒ္ဒါအရ အချို့(အ)မပြုတဲ့ ရာဇာဒိဂိုဏ်းထုံးစံအတိုင်း ဒေဝရာဇာ, ဒေဝသခါ ဟု ဖြစ်၏။]
ဒေဝရာဇောကို “ဒေဝ+ရာဇ”တည်, ဒေဝနောင် နံသက်, -ါ ဒီဃပြု, ရာဇနောင် သသက်, သျာ စဖြင့် သိကို -ါ ပြု, ဒေဝါနံ+ရာဇာဟု သမာသ် ဝါကျ ပြီး၏၊ အမာဒယော ပရပဒေဘိသုတ်ဖြင့် ဒေဝါနံနှင့် ရာဇာကို သမာသ်စပ်၍ တပ္ပုရိသ်အမည် မှည့်, ဝိဘတ်ချေ, ဒေဝ+ရာဇဟု ပကတိ ပြု, ကွစိ သမာသန္တဂတာနမကာရန္တောသုတ်ဖြင့် ရာဇ၏ အဆုံး ၊ ကို ၊ ပြု, နာမ်ငဲ့, သိ ေ-ါ ပြု, ဒေဝရာဇောပြီး၏။ [ဒေဝသခေါ၌လည်း ဤနည်းပင်၊၊]
ဤသုတ်ဖြင့် (အ)ကိုသာ (အ)ထပ်ပြုသည်မဟုတ်, ရတ္တိ အင်္ဂုလိ ဂေါဒါဝရီပုဒ်တို့၏ အဆုံး --ီ ကိုလည်း (အ)ပြု၏၊ ဒွေ ရတ္တိယော ဒွိရတ္တံ (၂ ညဉ့်)၊ ဒွေ-၂ ခုကုန်သော၊ အင်္ဂုလိယော-လက်ချောင်းတို့တည်း၊ ဒွင်္ဂုလံလက်၂ ချောင်း၊ ဝါ-လက်၂ သစ်၊ သတ္တ-၇ စင်းကုန်သော၊ ဂေါဒါဝရိယောဂေါဒါဝရီမြစ်တို့တည်း၊ သတ္တဂေါဒါဝရံ- ၇ စင်းသော ဂေါဒါဝရီမြစ်။
ဒွိရတ္တံကို “ဒွေ+ရတ္တိယော”ဟု ဝါကျပြီးစေ၊ သမာသ်စပ်၍ကမ္မဓာရဲ မှည့်, ဒိဂုလည်း မှည့်, သမာသ်မှည့်, ဝိဘတ်ချေ, ဒွိရတ္တိဟု ပကတိပြု, ကွစိ သမာသန္တဂတာနမကာရန္တောသုတ်ဖြင့် ရတ္တိ၏ အဆုံး - ကို ၊ ပြု, ဒိဂုဿေကတ္တံသုတ်ဖြင့် နပုံဧကတ်ငဲ့, နာမ်ငဲ့, သိသက်, -ံ ပြု, ဒွိရတ္တံ ပြီး၏။ [ဒွိကို ဒိပြုလျှင် “ဒိရတ္တံ”ဟု ဖြစ်၏။]
ဒွင်္ဂုလံ၌ ဒွိအင်္ဂုလိဟု ပကတိပြုပြီးနောက် ဒွိ၌- ချေ, ၊ သို့ ကပ်ရုံသာ ထူး၏၊ သတ္တဂေါဒါဝရံ၌ သတ္တဂေါဒါဝရီဟု ပကတိပြုပြီးသည့်အခါ ဤ သုတ်ဖြင့် -ီ ကို ၊ ပြု၍ သတ္တဂေါဒါဝရ, နပုံဧကတ်ငဲ့, -ံ ပြု။
ကာရပို။ ။ “ကွစိ သမာသန္တဂတန.မန္တော” ဟုသာ မဆိုဘဲ, မကာရန္တောဟု ဆိုအပ်သော ကာရသဒ္ဒါပိုဖြင့် သမာသ်အဆုံး၌ ကပစ္စည်း သက်၍ “ဗဟုနဒိကော ဗဟုကတ္တုကော”ဟူသော ပုံစံ, အဆုံးသရကို -ိ ပြု၍ “သုရဘိဂန္ဓိ”စသော ပုံစံများလည်း ဖြစ်ရသေးသတဲ့။ [သမာသ် အဆုံး၌ ကပစ္စည်းသက်ခွင့်ကြုံလျှင် ဤသုတ်ကို အမြဲသတိပြုပါ။]
ဗဟူ နဒိယော ယသ္မိံတိ ဗဟုနဒိကော၊ ယသ္မိံ - အကြင် ဇနပုဒ်၌၊ နဒိယော-မြစ်တို့သည်၊ ဗဟူ-များကုန်၏၊ ဣတိ-ထို့ကြောင့်၊ ဗဟုနဒိကောမည်၏၊ ဗဟဝေါ ကတ္တာရော ယဿာတိ ဗဟုကတ္တုကော၊ များသော အလုပ်သမားရှိသူ။ [ကတ္တာ-အလုပ်သမား။]
ဗဟုနဒိကော “ဗဟု+နဒီ+ယ”တည်, “ဗဟူ+နဒိယော+ယသ္မိံ”ဟု ဝါကျ ပြီးစေ၊ သမာသ်စပ်ခြင်းစသည် ပြု၍ ဗဟု+နဒီဟု ပကတိပြု, ကွစိ သမာသန္တဂတာနမကာရန္တောသုတ်၌ ကာရသဒ္ဒါပိုဖြင့် အဆုံး၌ ကပစ္စည်းသက်, ကွစာဒိမဇ္ဈုတ္တရာနံ ဒီဃရဿာပစ္စယေသု စ သုတ်ဖြင့် နဒီ၏အဆုံး -ီ ကို - ရဿပြု, နာမ်ငဲ့, သိ ေ-ါ ပြု, ဗဟုနဒိကော ပြီး၏။
သုရဘိနော-ကောင်းသောပန်း၏၊ ဂန္ဓော-အနံ့တည်း၊ သုရဘိဂန္ဓိကောင်းသောပန်းအနံ့၊ “သုရဘိ+ဂန္ဓ”တည်၍ “သုရဘိနော+ဂန္ဓော”ဟု ဝါကျဖြစ်ပြီးနောက် သမာသ်စသည် စီရင်, ပကတိပြု, ဤသုတ်၌ ကာရ သဒ္ဒါဖြင့် ဂန္ဓ၏အဆုံး ၊ ကို - ပြု, နာမ်ငဲ့, သိသက်, ချေ။
[ဆောင်] ၁။ သုတ်ရင်း အ-ပြု, ကာရမှု, ဣပြု ကပစ္စည်း။ ၂။ ကွစိသမာ, သန္တလာ, ပြုရာ များသတည်း။
သမာသန္တဂတာ- သမာသ်ပုဒ်၏ အဆုံး၌ တည်သော၊ နဒိမှာ စ- နဒီမည်သော ဤ ဥု အက္ခရာမှ နောက်၌ လည်း၊ က- ကပစ္စည်းသည်၊ ဟောတိ- ဖြစ်၏။ ဗဟုနဒိကော, ဗဟုဇမ္ဗုကော စသည်တည်း။
၂၃။ သက္ကတကျမ်းတို့၌ ဤ ဥု အက္ခရာကို “နဒီ”ဟု နာမည်မှည့်၏၊ ထို့ကြောင့် နဒီမှာအရ နဒီဇမ္ဗူစသည်၌ ဤ ဥု သရတို့ကို ယူ၊ စသဒ္ဒါ ဖြင့် ကတ္တု အဆုံးရှိသော သမာသ်နောင်လည်း ကပစ္စည်း သက်သေး၏၊ ဤသုတ်မရှိလျှင် ကွစိ သမာသန္တဂတာနမကာရန္တောသုတ်ဖြင့် ကပစ္စည်း သက်နိုင်လျက် ဤသုတ်ကို ဆိုရခြင်းသည် နဒီမည်သော ဤ ဥု နောင် ကပစ္စည်း အမြဲသက်ဟု သိစေခြင်း အကျိုးရှိ၏၊ ဗဟုနဒိကော, ဗဟု ကတ္တုကော တို့ကို ရှေ့သုတ်၌ တွက်ခဲ့ပြီ၊ ကပစ္စည်းကို ရှေ့သုတ်ဖြင့် မသက်ဘဲ ဤသုတ်ဖြင့် သက်ရုံသာတည်း။
ဗဟူ ဇမ္ဗုယော ယသ္မိံတိ ဗဟုဇမ္ဗုကော၊ များသော သပြေပင်ရှိသော ဇနပုဒ်၊ “ဗဟု+ဇမ္ဗူ+ယ”တည်, “ဗဟူ+ဇမ္ဗုယော+ယသ္မိံ”ဟု ဝါကျဖြစ်စေ, ဆိုင်ရာ စီရင်၍ ဗဟု ဇမ္ဗူ ဟု ပကတိပြု, နဒိမှာ စသုတ်ဖြင့် နဒီမည်သော ဥုအက္ခရာနောင် ကပစ္စည်း သက်, ကွစာဒိမဇ္ဈုတ္တရာနံစသော သုတ်ဖြင့် ူ ကို ု ရဿပြု (ဗဟုဇမ္ဗုက), နာမ်ငဲ့, သိ ေ-ါ ပြု, ဗဟုဇမ္ဗုကော ပြီး၏။
ပတိမှိ- ပတိသဒ္ဒါ ကြောင့်၊ ဇာယာယ- ဇာယာသဒ္ဒါ၏၊ ဒံဇာနီ တု- ဒံအပြု, ဇာနိ အပြုတို့သည်လည်း၊ ဟောန္တိ- ဖြစ်ကုန်၏။ ဒံပတီ, ဇာနိပတီ ဟူသည်တည်း။
၂၄။ နောက် ပတိသဒ္ဒါကြောင့် ဇာယာသဒ္ဒါကို ဒံ - ဇာနိ ပြုသော သုတ်တည်း၊ တုသဒ္ဒါဖြင့် ဇံအပြုကို ဆည်း၍ “ဇံပတီ”ဟုလည်း ရှိ၏၊ ဇာယာ စ-မယားလည်း၊ ပတိ စ-လင်လည်း၊ ဒံပတီ, ဇာနိပတီ, ဇံပတီလင်မယားတို့။ [အသမာဟာရဒွန်ဖြစ်၍ ဗဟုဝုစ်ဖြင့် ရှိရသည်။]
ဒံပတီကို “ဇာယာ+စ+ပတိ+စ”ဟု တည်, သိ ၄ လုံးသက်, ချေ, ဇာယာ စ ပတိ စဟု သမာသ်ဝါကျဖြစ်၏၊ နာမာနံ သမုစ္စယော ဒွန္ဒော သုတ်ဖြင့် ဇာယာနှင့် ပတိကို သမာသ်စပ်၍ ဒွန်အမည်မှည့်, သမာသ်မှည့်, (ဝိဘတ်ချေဖွယ် မလို၊) ဝုတ္တတ္ထာနမပ္ပယောဂေါ အရ စ၂ လုံးကို ချေ, ဇာယာပတိဟု ပကတိပြု, ဇာယာယ တု ဒံဇာနိ ပတိမှိသုတ်ဖြင့် ဇာယာကို ဒံပြု, နာမ်ငဲ့, ယောသက်, - ကို ဈမှည့်, ယော ချေ, - ကို -ီ ဒီဃ ပြု, ဒံပတီ (နိဂ္ဂဟိတ်ကို မ် ပြုလျှင် ဒမ္ပတီ) ပြီး၏၊ ဇာနိပတီ၌ ဇာနိ ပြုလေ၊ ဇံပတီ ဝယ် “ဤသုတ်၌ တုသဒ္ဒါဖြင့် ဇာယာ ကို ဇံ ပြု” ဟု ဆို။
သမာသန္တဂတာ- သမာသ်ပုဒ်၏အဆုံး၌ တည်သော၊ ဓနုမှာ စ- ဓနုသဒ္ဒါမှ နောက်၌လည်း၊ အာ- အာပစ္စည်း သည်၊ ဟောတိ- ဖြစ်၏။ ဂါဏ္ဍီဝဓနွာ, ပစ္စက္ခဓမ္မာ စသည်တည်း။
၂၅။ ဓနုမှာကို “ဓနုမှာ+အာ”ဟု ပုဒ်ဖြတ်၊ စသဒ္ဒါဖြင့် ဓမ္မသဒ္ဒါနောင် အာပစ္စည်းသက်၍ ပစ္စက္ခဓမ္မာ ဟု ရှိသေး၏။
ဂါဏ္ဍီဝေါ ဓနု ယဿာတိ ဂါဏ္ဍီဝဓနွာ၊ ယဿ-အကြင် အဇ္ဇုနမင်း၏၊ ဂါဏ္ဍီဝေါ-အဖုအဆစ်များသော၊ ဓနု-လေးသည်၊ အတ္ထိ-ရှိ၏၊ ဣတိထို့ကြောင့်၊ သော-ထိုမင်းသည်၊ ဂါဏ္ဍီဝဓနွာ-ဂါဏ္ဍီဝဓနွာ မည်၏။
ပစ္စက္ခော ဓမ္မော ယဿာတိ ပစ္စက္ခဓမ္မာ၊ ယဿ - အကြင်သူ၏၊ ပစ္စက္ခော-မျက်မှောက်ပြုအပ်သော၊ ဓမ္မော-တရားသည်၊ အတ္ထိ-ရှိ၏၊ ဣတိ-ထို့ကြောင့်၊ ပစ္စက္ခဓမ္မာ-ပစ္စက္ခဓမ္မာ မည်၏။
“ဂါဏ္ဍီဝ+ဓနု+ယ”တည်, ဂါဏ္ဍီဝေါ+ဓနု+ယဿ ဟု ဝါကျ ပြီးစေ, သမာသ်စပ်၍ ဗဟုဗ္ဗီဟိမှည့်, စသည်စီရင်၊ ဂါဏ္ဍီဝေါ+ဓနုဟု ပကတိပြု, ဓနုမှာ စသုတ်ဖြင့် ဓနုသဒ္ဒါနောင် -ါ ပစ္စည်းသက်, နု၏ အစိတ် ဥ ကို လ အမည် မှည့်, ယဝကာရာ စသုတ်ဖြင့် ု ကို ဝ် ပြု, ဝ် -ါ သို့ ကပ် (ဂါဏ္ဍီဝဓနွာ), နာမ်ငဲ့, သိသက်, ချေ, ဂါဏ္ဍီဝဓနွာ ပြီး၏။
ပစ္စက္ခဓမ္မဟု ပကတိပြုပြီးနောက် ဤသုတ်၌ စသဒ္ဒါဖြင့် -ါ ပစ္စည်းသက် လျှင် ပစ္စက္ခဓမ္မာဟု ဖြစ်၏၊ ဤသုတ်က မစီရင်တဲ့အခါ ပစ္စက္ခဓမ္မောဟု လည်း ရှိ၏၊ ဤဂါဏ္ဍီဝဓနွာ, ပစ္စက္ခဓမ္မာပုဒ်တို့သည် ရတ္တာဒိဂိုဏ်းဝင်သော အာကာရ န္တ ပုံလိန် သဒ္ဒါများတည်း၊ သို့သော် ထိုဂိုဏ်းက ပုံလိန် “သာ” သဒ္ဒါနှင့် ရုပ်စဉ် မတူတတ်၍ ရုပ်စဉ်ပုံကို သဒ္ဒနီတိမှာ ရှုလေ။ ။
အကာရ န္တာ- အ အက္ခရာအဆုံးရှိသော၊ အဗျယီဘာဝါ- အဗျယီဘောသမာသ် မှ၊ ပရာသံ- ကုန်သော၊ ဝိဘတ္တီနံ- တို့၏၊ အံ- အံ အပြုသည်၊ ဟောတိ- ဖြစ်၏။ ဥပနဂရံ, အဓိစိတ္တံ စသည်တည်း။
၂၆။ ဥပနဂရ, အဓိစိတ္တ တို့၌ ရ နှင့် တ္တ တို့ဝယ် အ သရဆုံးလျက် ရှိ၏၊ ထိုကဲ့သို့ အ ကာရ န္တ ဖြစ်သော အဗျယီဘောသမာသ်နောင် အာလုပ် နှင့် တကွ ဧကဝုစ် ဗဟုဝုစ် ဝိဘတ် ၁၆ လုံးကို အချို့အရာ၌ အံပြုသော သုတ်တည်း။
ဥပနဂရံ (င) ဥပနဂရံ, ဥပနဂရာ, ဥပနဂရာနိ၊
ဘော ဥပနဂရံ, ဥပနဂရ, ဥပနဂရာ (င) ဘဝန္တာနိ ဥပနဂရံ, ဥပနဂရာ, ဥပနဂရာနိ၊
ဥပနဂရံ (င) ဥပနဂရံ, ဥပနဂရေ, ဥပနဂရာနိ၊
ဥပနဂရံ, ဥပနဂရေန (င) ဥပနဂရံ, ဥပနဂရေဟိ, ဘိ၊
ဥပနဂရံ, ဥပနဂရဿ (င) ဥပနဂရံ, ဥပနဂရာနံ၊
ဥပနဂရံ, ဥပနဂရသ္မာ, မှာ, ဥပနဂရာ (င) ဥပနဂရံ, ဥပနဂရေဟိ, ဘိ၊
ဥပနဂရံ, ဥပနဂရဿ (င) ဥပနဂရံ, ဥပနဂရာနံ၊
ဥပနဂရံ, ဥပနဂရသ္မိံ, မှိ, (င) ဥပနဂရေ ဥပနဂရံ, ဥပနဂရေသု။
ဥပနဂရံ ကို “ဥပ+နဂရ”တည်, ဥပနောင် သိသက်, သဗ္ဗာသမာဝု သော စသောသုတ်ဖြင့် ချေ, နဂရနောင် သသက်, သ်လာ, ဥပ+နဂရဿ ဟု သမာသ်ဝါကျဖြစ်၏၊ “နဂရဿ-မြို့၏၊ သမီပံ-အနီးတည်း” ဣတိ အတ္ထေ-၌၊ ဥပသဂ္ဂနိပါတပုဗ္ဗကော အဗျယီဘာဝေါ သုတ်ဖြင့် ဥပနှင့် နဂရဿကို သမာသ်စပ်၍ အဗျယီဘောအမည်မှည့်, နာမာနံ သမာသော ယုတ္တတ္ထောသုတ်ဖြင့် သမာသ်မှည့်, ဝိဘတ်ချေ, ပကတိ စဿ သရန္တဿ သုတ်ဖြင့် သရအဆုံးရှိသော ဥပ+နဂရ ကို ဥပ+နဂရ ဟု ပကတိပြု, သော နပုံသကလိင်္ဂေါသုတ်ဖြင့် ဥပနဂရ ကို နပုံလိန်ဟု မှတ်၊ နာမ်ငဲ့, သိသက်, အံ ဝိဘတ္တီနမကာရ န္တာ အဗျယီဘာဝါသုတ်ဖြင့် သိကို -ံ ပြု, ရ်ခွင်း, ချေ, ကပ်, ဥပနဂရံ ပြီး၏။… ဟယော-အံ-ယော-နာ-ဟိ စသော ဝိဘတ်များ သက်၍လည်း ဤသုတ်ဖြင့် အံ ပြု၍ ဘဝန္တာနိ ဥပနဂရံ စသော ရုပ်များ ပြီး၏၊ ကြွင်းရုပ်များကို ကစ္စည်း, ရူပသိဒ္ဓိမှာ ရှု။]
နပုံသကေ- နပုံလိန်၌၊ ဝတ္တမာနဿ- ဖြစ်သောသမာသ်၏၊ သရော- အဆုံးသရသည်၊ ရဿော- ရဿ အပြုသည်၊ ဟောတိ- ဖြစ်၏။ အဓိကုမာရိ စသည်တည်း။။
၂၇။ ဤသုတ်ကား သမာသ်၏ အဆုံးသရကို ရဿပြုသော သုတ် တည်း၊ ကစ္စည်းဝုတ္တိ၌ ရှေ့သုတ်မှ အဗျယီဘာ၀ သဒ္ဒါကို လိုက်စေ၍ အဗျယီဘောသမာသ်အရာ၌သာ ရဿအပြုကို ဆို၏၊ ရူပသိဒ္ဓိ၌ အဗျယီ ဘာဝသဒ္ဒါကို မလိုက်စေဘဲ ဒိဂု ဒွန် ဗဟုဗ္ဗီဟိတို့၌လည်း ရဿပြုသည်။
အဓိကုမာရိကို “အဓိ+ကုမာရီ”တည်, အဓိနောင် သိသက်, ချေ, ကုမာရီနောင် သုသက်, အဓိ ကုမာရီသုဟု သမာသ်ဝါကျပြီး၏၊ ကုမာရီသုမိန်းမပျိုတို့၌၊ အဓိကိစ္စ-၍၊ ကထာ-သည်၊ ပဝတ္တတိ-ဖြစ်၏၊ ဣတိ အတ္ထေ၌၊ ဥပသဂ္ဂနိပါတပုဗ္ဗကော အဗျယီဘာဝေါသုတ်ဖြင့် အဓိနှင့်ကုမာရီသုကို သမာသ်စပ်၍ အဗျယီဘောအမည်မှည့်, သမာသ်မှည့်, ဝိဘတ်ချေ, အဓိ+ ကုမာရီ ဟု ပကတိပြု, သော နပုံသကလိင်္ဂေါသုတ်ဖြင့် အဓိကုမာရီကို နပုံလိန်ဟုမှတ်, သရော ရဿော နပုံသကေသုတ်ဖြင့် ရီ၏ -ီ ကို -ရဿ ပြု, နာမ်ငဲ့, သိသက်, အညသ္မာ လောပေါ စ သုတ်ဖြင့် သိကို ချေ, အဓိကုမာရိ ပြီး၏။ ။
အညသ္မာ- အကာရ န္တ အဗျယီ ဘောမှ တစ်ပါးသော အဗျယီဘောမှ၊ ပရာသံ- နောက်ဖြစ်ကုန် သော၊ ဝိဘတ္တီနံ- ဝိဘတ်တို့၏၊ လောပေါ စ- ကျေခြင်းသည်လည်း၊ ဟောတိ- ဖြစ်၏။ အဓိတ္ထိ, ဥပဝဓု စသည်တည်း။
၂၈။ အံ ဝိဘတ္တီနမကာရ န္တာ အဗျယီဘာဝါသုတ်က အကာရန္တ အဗျယီဘောနောင် ဝိဘတ်တို့ကို အံ ပြု၏၊ ဤသုတ်က အကာရန္တမှ တစ်ပါးသော ဣ, ဥ ကာရန္တ အဗျယီဘောနောင် ဝိဘတ်တို့ကို ချေသည်။
ဥပဂင်္ဂံ စသည်၌ ပင်ကိုက ဂင်္ဂါ ဟု အာကာရန္တ ဖြစ်သော်လည်း သရော ရဿော နပုံသကေသုတ်ဖြင့် ရဿပြုလိုက်သည့်အခါ အကာရန္တ ဖြစ်သွားသဖြင့် ဝိဘတ်များကို -ံ ပြုရတော့၏၊ အဓိတ္ထိ, ဥပဝဓု, ဥပဂု တို့၌ ပင်ကိုက ဤ, ဥု, သြ ကာရန္တ ဖြစ်သော်လည်း ရဿပြုလိုက်သည့် အခါ ဣ, ဥ ဖြစ်လာရသည်၊ ထို့ကြောင့် အညသ္မာ လောပေါ စသုတ်ဖြင့် ဣ, ဥ ကာရန္တနောင် ဝိဘတ်ကို ချေသည်ဟု မှတ်၊ ဝိဘတ်အားလုံးကို ချေထားသဖြင့်လည်း အဓိတ္ထိ-မိန်းမတို့၌ စွဲ၍ ဖြစ်သော စကားသည်, တို့သည်၊ ကို, တို့ကို၊ ဖြင့်, တို့ဖြင့်၊ အား, တို့အား၊ မှ, တို့မှ၊ ၏, တို့၏၊ ၌, တို့၌”ဟု ဝိဘတ် ၇ သွယ်လုံး အဓိတ္ထိ တစ်ရုပ်သာ ရှိရသည်၊ “အဓိ+ ဣတ္ထီ” တည်၍ အဓိကုမာရိ ကဲ့သို့ တွက်။
ဥပဝဓု - ချွေးမ၏ အနီးဖြစ်သော စကား၊ ဥပ+ဝဓူ တည်, ဝဓူနောင် သသက်, ူ ကို ပ မှည့်, အဃောရဿ စသောသုတ်ဖြင့် ူ ကို ု ရဿပြု, ပတော ယာသုတ်ဖြင့် သ ကို ယာ ပြု, ဥပ ဝဓုယာ ဟု သမာသ်ဝါကျ ပြီး၏၊ ဆိုင်ရာ စီရင်, ဥပဝဓူ ဟု ပကတိပြု, နပုံလိန်ဟု မှတ်, ရဿ ပြု, နာမ်ငဲ့, သိသက်, အညသ္မာ လောပေါ စသုတ်ဖြင့် ချေ, ဥပဝဓု ပြီး၏။ [ကြွင်းရုပ်များနှင့် မှတ်သားဖွယ်များကို ရူပသိဒ္ဓိမှာ ရှု။]
သမာသကပ္ပော- သမာသ်ပိုင်း သည်၊ ဣတိ- ပြီးပြီ။
သမာသ်ပုဒ်စစ်တမ်း။ ။ အနည်းဆုံး ၂ ပုဒ်တွဲ၍ တစ်ဝိဘတ်တည်း နေပုံကို မြင်လျှင် သမာသ်ပုဒ်ဟု မုချ ဆုံးဖြတ်ပေတော့၊ ကုမ္ဘကာရော စသော ကိတ်ပုဒ်များလည်း သမာသ်ပင် ဖြစ်၏၊ သမာသ်တွဲလျက် ကိတ် ပစ္စည်း သက်ရသောကြောင့် “ကိတန္တသမာသ်”ဟု ခေါ်သည်၊ ဘူမိဂတော စသည်၌ ဂတော သည် ကိတ်ပုဒ်ပင် ဖြစ်သော်လည်း သမာသ်တွဲ၍ တ ပစ္စည်း သက်ရသည်မဟုတ်, ဂတ တစ်ပုဒ်တည်း နေနိုင်သောကြောင့် ကိတန္တသမာသ် ဟု မခေါ်ရ၊ သမာသ်ပုဒ်ဟု ဆုံးဖြတ်ပြီးသည့်အခါ သမာသ် ၆ ပါးတွင် ဘယ်သမာသ် ဖြစ်ထိုက်သလဲဟု လက္ခဏာကို ကြည့်၊ အောက်ပါ ပါဠိ၌ မည်သည့် ပုဒ်သည် မည်သည့် သမာသ် ဖြစ်၏ဟု ဆုံးဖြတ်စမ်းပါ။
လောကနာထော မဟာတဏှေ ဒေဝမနုဿေ ပဉ္စစတ္တာလီသဝဿာနိ အနုဒိနံ ဓမ္မနာဝါယ တိဝဋ္ဋာ ဥတ္တာရေသိ။
လောကနာထော- လောက၏ ကိုးကွယ်ရာ မြတ်စွာဘုရားသည်၊ မဟာ တဏှေ- ကြီးစွာသော တဏှာရှိကုန်သော၊ ဒေဝမနုဿေ- နတ် လူတို့ကို၊ ပဉ္စစတ္တာလီသဝဿာနိ- ၄၅ နှစ်တို့ပတ်လုံး၊ အနုဒိနံ- နေ့စဉ်၊ ဓမ္မနာဝါယ- သင်္ဘောနှင့်တူသော တရားတော်ဖြင့်၊ တိဝဋ္ဋာ- ဝဋ် ၃ ပါးမှ၊ ဥတ္တာရေ- သိထုတ်ဆောင် ကယ်တင်တော်မူပြီ။
သမာသ်သုတ်နက်နှင့် ရုပ်တွက် အဓိပ္ပာယ် ပြီးပြီ။