တဒ္ဓိတ်အချီ
“တေသံ + ဟိတံ တဒိ ္ဓတံ” တေသံ-ထိုနာမ်ပုဒ်တို့၏၊ ဟိတံစီးပွားတည်း၊ တဒ္ဓိတံ-ထိုနာမ်ပုဒ်တို့၏စီးပွား၊ ဤဝိဂြိုဟ်အရ နာမ်ပုဒ်တို့၏ စီးပွားဖြစ်သော (နာမ်တို့၌ စီးပွားတက်လာသလို အနက်တိုးပွားအောင် ပြုတတ်သော) ဏ အစရှိသော ပစ္စည်းသည် တဒ္ဓိတ် မည်၏၊ ထိုပစ္စည်းနှင့် တွဲဖက်ရသော ပုဒ်များလည်း မကင်းစကောင်းသော အဝိနာဘာဝနည်း အားဖြင့် တဒ္ဓိတ်ပုဒ် မည်၏။
နာမ်ပုဒ်တို့၌ စီးပွားတက်ပုံ။ ။ ဝသိဋ္ဌ ဟူသော နာမ်ပုဒ်သည် “ဝသိဋ္ဌ” အမည်ရှိသူကို ဟော၏၊ ဝသိဋ္ဌနောင် တဒ္ဓိတ်ဏပစ္စည်းသက်၍ ဝါသိဋ္ဌော ဟု ဖြစ်လာသည့်အခါ “ဝသိဋ္ဌ၏သား”ဟူသော အနက်ကို ဟော၏၊ ဤပုဒ်၌ “၏” ဟူသော အနက်, “သား” ဟူသော အနက်များလည်း ဏပစ္စည်းအတွက် တိုးတက်လာသော စီးပွားပေတည်း၊ ဤသို့ နာမ်ပုဒ် များကို အနက်တိုးပွားလျက် စီးပွားတက်အောင် ပြုတတ်သောကြောင့် “တေသံ + ဟိတံ” အရ “တဒ္ဓိတ” ဟု ခေါ်ဝေါ်ရလေသည်။
ဝိဂ္ဂဟ။ ။ “တ+ဟိတ”တည်, တေသံ ဟိတံဟု ဝါကျပြီးစေ, သမာသ် စပ်၍ တပ္ပုရိသ်စသည် မှည့်, တ+ဟိတဟု ပကတိပြု, ဒေါ ဓဿ စ၌ စသဒ္ဒါဖြင့် ဟကို ဓပြု, (ယ တ သဒ္ဒါနှင့် သမာသ်တွဲရာ၌ နောက်ပုဒ် သော်လည်း ဒွေဘော်ဆင့်, မဆင့်လျှင် ရှေ့၌ နိဂ္ဂဟိတ်လာစမြဲ ဖြစ်၏၊) ထို့ကြောင့် နောက်၌ ဒ် ဒွေဘော် လာ၍သော်လည်းကောင်း, သို့မဟုတ် ရှေ့၌ နိဂ္ဂဟိတ် လာပြီးလျှင် နိဂ္ဂဟိတ်ကို ဒ် ပြု၍ သော်လည်းကောင်း တဒ္ဓိတဟု ပြီး၏။
တဒ္ဓိတ်ပစ္စည်း ဆိုင်းထမ်းနည်း။ ။ “ဝသိဋ္ဌဿ+အပစ္ဓံ”ဟု ဝါကျ ဖြစ်ပြီးနောက် ဏပစ္စည်း သက်သည့်အခါ ဝသိဋ္ဌဿ၌ သဝိဘတ်၏ အနက် အပစ္စပုဒ်၏ အနက် ၂ ဖက်လုံးကို ဟောနိုင်ဖို့ရာ ၂ ပုဒ်အလယ်၌ သက်၍ ဝသိဋ္ဌဿ+ဏ+အပစ္စံဟု ဖြစ်ရသည်၊ ဥပမာ-ရှေ့ နောက် ဆိုင်း ၂ ခုကို ထမ်းယူလိုလျှင် အလယ်ခေါင်ဝင်၍ ထမ်းမှ ၂ ဖက်လုံး ပါသကဲ့သို့ တည်း၊ ထို့ကြောင့် “တဒ္ဓိတ်ပစ္စည်း ဆိုင်းထမ်းနည်း”ဟု ပြောစမှတ် ပြုကြ လေသည်။ [အချို့ပစ္စည်းများ၌ ဤနည်းအတိုင်း မဟုတ်သည်ကိုလည်း တွေ့ရဦးလတ္တံ။]
ရုပ်တွက်ရာ၌ မှာထားချက်။ ။ ရှေးထုံးစံမှာ ဝါသိဋ္ဌောကို ရုပ်တွက် ရာ၌ ဝသိဋ္ဌသဒ္ဒါ အပစ္စသဒ္ဒါ တည်၍ ဆိုင်ရာဝိဘတ် သက်လျက် “ဝသိဋ္ဌဿ+အပစ္စံ”ဟု ဝါကျဖြစ်အောင် ရုပ်တွက်ကြ၏၊ ထိုရုပ်သည် တဒ္ဓိတ်ရုပ် မဟုတ်, နာမ်ပိုင်းဆိုင်ရာ နာမ်ရုပ်သာတည်း၊ ဒက္ခိဏံ အရဟတီတိ ဒက္ခိဏေယျော စသည်၌လည်း “ဒက္ခိဏ+အရဟ”တည်၍ ဒက္ခိဏံ+အရဟတိဟု ဝါကျဖြစ်အောင် ရုပ်တွက်ကြ၏၊ ထိုဝါကျရုပ်သည် နာမ် အာချာတ်ရုပ်များသာ ဖြစ်၏။
နာမ် အာချာတ် မကျေသူကို ဤနေရာကျမှ တွက်ပြနေသဖြင့် အကျိုးမရ, ပျင်းရိငြီးငွေ့ဖွယ်ရာ အပြစ်များစွာကိုသာ တွေ့ရလိမ့်မည်၊ နျာသ ရူပသိဒ္ဓိတို့၌လည်း ထိုဝိဂြိုဟ်များကို ရုပ်တွက်မပြ, ဝသိဋ္ဌဿ+ အပစ္စံ ဟု တစ်ခါတည်း ဝိဂြိုဟ်ဝါကျကိုသာ ပြသည်၊ ထို့ကြောင့် ဤကျမ်း ၌လည်း ဝိဂြိုဟ်ဝါကျ ပြီးပြီးသား အနေအားဖြင့် ရုပ်တည်၍ ပြလတ္တံ့။
ထို့ပြင်ဆိုင်ရာ ပုဒ် ဝိဘတ်များကို ချေပြီးနောက် ပကတိ စဿ သရန္တဿသုတ်ဖြင့် “ဝသိဋ္ဌ”ဟု ပကတိပြုကြသေး၏၊ နျာသ၌ ပကတိ ပြုသောနည်း မလာ, ရူပသိဒ္ဓိ၌ ပကတိ စဿ သရန္တဿ သုတ်တုန်းက တဒ္ဓိတ်ကိုလည်း ပကတိပြုဖို့ရန် ပြခဲ့သဖြင့် ပကတိပြုခြင်းကြောင့်လည်း အပြစ်မရှိ, မပြုသော်လည်း အကျိုးမယုတ်လှသဖြင့် နျာသအတိုင်း ပကတိမပြုဘဲ ရုပ်တွက်လိမ့်မည်။
တဒ္ဓိတ်အချီပြီး၏။
တဒ္ဓိတ်အချီ “တေသံ + ဟိတံ တဒိ ္ဓတံ” တေသံ-ထိုနာမ်ပုဒ်တို့၏၊ ဟိတံစီးပွားတည်း၊ တဒ္ဓိတံ-ထိုနာမ်ပုဒ်တို့၏စီးပွား၊ ဤဝိဂြိုဟ်အရ နာမ်ပုဒ်တို့၏ စီးပွားဖြစ်သော (နာမ်တို့၌ စီးပွားတက်လာသလို အနက်တိုးပွားအောင် ပြုတတ်သော) ဏ အစရှိသော ပစ္စည်းသည် တဒ္ဓိတ် မည်၏၊ ထိုပစ္စည်းနှင့် တွဲဖက်ရသော ပုဒ်များလည်း မကင်းစကောင်းသော အဝိနာဘာဝနည်း အားဖြင့် တဒ္ဓိတ်ပုဒ် မည်၏။
နာမ်ပုဒ်တို့၌ စီးပွားတက်ပုံ။ ။ ဝသိဋ္ဌ ဟူသော နာမ်ပုဒ်သည် “ဝသိဋ္ဌ” အမည်ရှိသူကို ဟော၏၊ ဝသိဋ္ဌနောင် တဒ္ဓိတ်ဏပစ္စည်းသက်၍ ဝါသိဋ္ဌော ဟု ဖြစ်လာသည့်အခါ “ဝသိဋ္ဌ၏သား”ဟူသော အနက်ကို ဟော၏၊ ဤပုဒ်၌ “၏” ဟူသော အနက်, “သား” ဟူသော အနက်များလည်း ဏပစ္စည်းအတွက် တိုးတက်လာသော စီးပွားပေတည်း၊ ဤသို့ နာမ်ပုဒ် များကို အနက်တိုးပွားလျက် စီးပွားတက်အောင် ပြုတတ်သောကြောင့် “တေသံ + ဟိတံ” အရ “တဒ္ဓိတ” ဟု ခေါ်ဝေါ်ရလေသည်။
ဝိဂ္ဂဟ။ ။ “တ+ဟိတ”တည်, တေသံ ဟိတံဟု ဝါကျပြီးစေ, သမာသ် စပ်၍ တပ္ပုရိသ်စသည် မှည့်, တ+ဟိတဟု ပကတိပြု, ဒေါ ဓဿ စ၌ စသဒ္ဒါဖြင့် ဟကို ဓပြု, (ယ တ သဒ္ဒါနှင့် သမာသ်တွဲရာ၌ နောက်ပုဒ် သော်လည်း ဒွေဘော်ဆင့်, မဆင့်လျှင် ရှေ့၌ နိဂ္ဂဟိတ်လာစမြဲ ဖြစ်၏၊) ထို့ကြောင့် နောက်၌ ဒ် ဒွေဘော် လာ၍သော်လည်းကောင်း, သို့မဟုတ် ရှေ့၌ နိဂ္ဂဟိတ် လာပြီးလျှင် နိဂ္ဂဟိတ်ကို ဒ် ပြု၍ သော်လည်းကောင်း တဒ္ဓိတဟု ပြီး၏။
တဒ္ဓိတ်ပစ္စည်း ဆိုင်းထမ်းနည်း။ ။ “ဝသိဋ္ဌဿ+အပစ္ဓံ”ဟု ဝါကျ ဖြစ်ပြီးနောက် ဏပစ္စည်း သက်သည့်အခါ ဝသိဋ္ဌဿ၌ သဝိဘတ်၏ အနက် အပစ္စပုဒ်၏ အနက် ၂ ဖက်လုံးကို ဟောနိုင်ဖို့ရာ ၂ ပုဒ်အလယ်၌ သက်၍ ဝသိဋ္ဌဿ+ဏ+အပစ္စံဟု ဖြစ်ရသည်၊ ဥပမာ-ရှေ့ နောက် ဆိုင်း ၂ ခုကို ထမ်းယူလိုလျှင် အလယ်ခေါင်ဝင်၍ ထမ်းမှ ၂ ဖက်လုံး ပါသကဲ့သို့ တည်း၊ ထို့ကြောင့် “တဒ္ဓိတ်ပစ္စည်း ဆိုင်းထမ်းနည်း”ဟု ပြောစမှတ် ပြုကြ လေသည်။ [အချို့ပစ္စည်းများ၌ ဤနည်းအတိုင်း မဟုတ်သည်ကိုလည်း တွေ့ရဦးလတ္တံ။]
ရုပ်တွက်ရာ၌ မှာထားချက်။ ။ ရှေးထုံးစံမှာ ဝါသိဋ္ဌောကို ရုပ်တွက် ရာ၌ ဝသိဋ္ဌသဒ္ဒါ အပစ္စသဒ္ဒါ တည်၍ ဆိုင်ရာဝိဘတ် သက်လျက် “ဝသိဋ္ဌဿ+အပစ္စံ”ဟု ဝါကျဖြစ်အောင် ရုပ်တွက်ကြ၏၊ ထိုရုပ်သည် တဒ္ဓိတ်ရုပ် မဟုတ်, နာမ်ပိုင်းဆိုင်ရာ နာမ်ရုပ်သာတည်း၊ ဒက္ခိဏံ အရဟတီတိ ဒက္ခိဏေယျော စသည်၌လည်း “ဒက္ခိဏ+အရဟ”တည်၍ ဒက္ခိဏံ+အရဟတိဟု ဝါကျဖြစ်အောင် ရုပ်တွက်ကြ၏၊ ထိုဝါကျရုပ်သည် နာမ် အာချာတ်ရုပ်များသာ ဖြစ်၏။
နာမ် အာချာတ် မကျေသူကို ဤနေရာကျမှ တွက်ပြနေသဖြင့် အကျိုးမရ, ပျင်းရိငြီးငွေ့ဖွယ်ရာ အပြစ်များစွာကိုသာ တွေ့ရလိမ့်မည်၊ နျာသ ရူပသိဒ္ဓိတို့၌လည်း ထိုဝိဂြိုဟ်များကို ရုပ်တွက်မပြ, ဝသိဋ္ဌဿ+ အပစ္စံ ဟု တစ်ခါတည်း ဝိဂြိုဟ်ဝါကျကိုသာ ပြသည်၊ ထို့ကြောင့် ဤကျမ်း ၌လည်း ဝိဂြိုဟ်ဝါကျ ပြီးပြီးသား အနေအားဖြင့် ရုပ်တည်၍ ပြလတ္တံ့။
ထို့ပြင်ဆိုင်ရာ ပုဒ် ဝိဘတ်များကို ချေပြီးနောက် ပကတိ စဿ သရန္တဿသုတ်ဖြင့် “ဝသိဋ္ဌ”ဟု ပကတိပြုကြသေး၏၊ နျာသ၌ ပကတိ ပြုသောနည်း မလာ, ရူပသိဒ္ဓိ၌ ပကတိ စဿ သရန္တဿ သုတ်တုန်းက တဒ္ဓိတ်ကိုလည်း ပကတိပြုဖို့ရန် ပြခဲ့သဖြင့် ပကတိပြုခြင်းကြောင့်လည်း အပြစ်မရှိ, မပြုသော်လည်း အကျိုးမယုတ်လှသဖြင့် နျာသအတိုင်း ပကတိမပြုဘဲ ရုပ်တွက်လိမ့်မည်။
တဒ္ဓိတ်အချီပြီး၏။
အပစ္စေ- အပစ္စအနက်၌၊ ဏ- ဏပစ္စည်း သည်၊ ဝါ- ဝိကပ်အားဖြင့်၊ ဟောတိ- ဖြစ်၏။ ဝါသိဋ္ဌော, ဝါသိဋ္ဌီ, ဝါသိဋ္ဌံ စသည်တည်း။
၁။ ဤသုတ်ကား အပစ္စအနက်၌ ဏပစ္စည်းသက်သော သုတ်တည်း၊ “န ပတတိ ဝံသော ဧတေနာတိ အပစ္စံ” ဧတေန-ဤ သားသမီးအစဉ် အဆက်ဖြင့်၊ ဝံသော-အမျိုးအနွယ်သည်၊ န ပတတိ-မကျတတ်၊ ဝါ-မပြတ် မစဲတတ်၊ ဣတိ-ထို့ကြောင့်၊ တံ-ထိုသားသမီးအစဉ်အဆက်သည်၊ အပစ္စံအပစ္စ မည်၏။
[နပုဗ္ဗ ပတဓာတ်, ဏျော စသုတ်ဖြင့် ဏျပစ္စည်း, ကာရိတ်မှည့်, ဏ် အနုဗန် ချေ, တ် ယသို့ ကပ် (နပတျ), ယဝတံ တလနစသောသုတ်ဖြင့် တျကို စပြု, သဒိသဒွေဘော် စ်လာ (နပစ္စ), အတ္တံ နဿ တပ္ပုရိသေ သုတ်ဖြင့် န ကို အ ပြု (အပစ္စ), နာမ်ငဲ့, သိ -ံ ပြု, အပစ္စံ ပြီးသည်၊ ပစ္စကား ကိတ်ပုဒ်, န နှင့်တွဲသည့်အခါ ကမ္မဓာရည်း တပ္ပုရိသ်လက္ခဏာ ရှိသော သမာသ်ပုဒ်တည်း။]
ရှေးအထက်က နာမည်ကြီးသောလူတစ်ယောက်ကို စွဲ၍ အမျိုးအနွယ် တစ်ခု ပေါ်လာခဲ့၏၊ နောက်နောက် သားသမီးအစဉ်အဆက်သည် ထို အမျိုးအနွယ်ကို မပျက်စီးအောင် ဆက်သွယ်လာသောကြောင့် အပစ္စဟု အမည်ရလေသည်၊ ထို့ကြောင့် အပစ္စသဒ္ဒါသည် သားကိုလည်းကောင်း, သမီးကိုလည်းကောင်း, အမျိုးသာမန်ကိုလည်းကောင်း ဟောပြနိုင်၏၊ တစ်မျိုးလုံး တစ်နွယ်လုံးနှင့် ဆိုင်သောကြောင့် အပစ္စံဟု နပုံလိန်ဖြင့် ဝိဂြိုဟ် ပြုလိမ့်မည်၊ အများနှင့်ဆိုင်ရာဝယ် နပုံလိန်ဖြင့် ထားခြင်းသည် သဒ္ဒထုံးစံပင်တည်း၊ အပြီးသတ်ချတဲ့အခါ ဆိုင်ရာလိန်နှင့်သင့်တင့်အောင် ဝါသိဋ္ဌော, ဝါသိဋ္ဌီ, ဝါသိဋ္ဌံဟု ချရလိမ့်မည်၊ ဤအဓိပ္ပာယ်ကို ရည်ရွယ်၍ “တဒ္ဓိတာဘိဓေယျလိင်္ဂါ”“တဒ္ဓိတာဘိဓေယျလိင်္ဂါ”ဟု မိန့်ကြလေသည်၊ တဒ္ဓိတာ-တဒ္ဓိတ်တို့သည်၊ အဘိဓေယျလိင်္ဂါ-ဟောအပ်သောအနက်၏ လိန်ရှိကုန်၏၊ ဝါ-ဟောအပ် သော အနက်၏ လိန်သို့ လိုက်ရကုန်၏။
ဝသိဋ္ဌဿ အပစ္စံ ဝါသိဋ္ဌော၊ ဝိသိဋ္ဌဿ-ဝိသိဋ္ဌ၏၊ အပစ္စံ-သားတည်း၊ ဝါသိဋ္ဌော-ဝသိဋ္ဌ၏သား (ပုံလိန်)၊ ဝသိဋ္ဌဿ အပစ္စံ ဝါသိဋ္ဌီ၊ အပစ္စံသမီးတည်း၊ ဝါသိဋ္ဌီ-ဝသိဋ္ဌ၏သမီး (ဣတ္ထိလိန်)၊ ဝသိဋ္ဌဿ အပစ္စံ ဝါသိဋ္ဌံ၊ အပစ္စံ-အမျိုးအနွယ်တည်း (နပုံလိန်)၊ တဒ္ဓိတ်ဟူသည် ကျေလေပြီးသော ပုဒ်ကို စွဲ၍ နာမည်တပ်ရသော ပုဒ်မျိုးတည်း၊ ဤ၌ အပစ္စပုဒ်ကျေသော ကြောင့် ဝါသိဋ္ဌောသည် အပစ္စတဒ္ဓိတ်ပုဒ်တည်း။
အမှာ။ ။ ကိတ်ပိုင်း၌ ကာရိတာနံ ဏော လောပံသုတ်ကဲ့သို့ ဤ တဒ္ဓိတ်ပိုင်း၌လည်း တေသံ ဏော လောပံသုတ်က “ဏ်”အနုဗန်ကို ချေ၏၊ အာချာတ်, ကိတ်တို့၌ အသံယောဂန္တဿ ဝုဒ္ဓိ ကာရိတေသုတ်ကဲ့သို့ ဤ တဒ္ဓိတ်ပိုင်း၌လည်း ဝုဒ္ဓါဒိသရဿ ဝါ သံယောဂန္တဿ သဏေ စသုတ်က ဝုဒ္ဓိ ပြုသည်၊ ထိုသုတ်များသည် အဆုံးနား၌ လာမည်ဖြစ်သော်လည်း စောစောကပင် အသုံးပြုရတော့လတ္တံ့။
ရုပ်တွက်။ ။ ဝါသိဋ္ဌောကို “ဝသိဋ္ဌဿ+အပစ္စံ”ဟု တဒ္ဓိတ်ဝါကျတည်, ဝါ ဏပစ္စေသုတ်ဖြင့် ဝသိဋ္ဌဿနောင် ဏပစ္စည်းသက် (ဝသိဋ္ဌဿ+ဏ+ အပစ္စံ), တေသံ ဝိဘတ္တိယော လောပါ စသုတ်၌ တေသံသဒ္ဒါဖြင့် တဒ္ဓိတ်၏ ဝိဘတ်တို့ကို ချေ (ဝသိဋ္ဌသ်+ဏ+အပစ္စ), ဝုတ္တတ္ထာနမပ္ပယော ဂေါဟူသော ပရိဘာသာအရ အပစ္စပုဒ် (သ်)အာဂုံကို ချေ, တေသံ ဏော လောပံသုတ်ဖြင့် ဏ်အနုဗန်ကို ချေ (ဝသိဋ္ဌ ၊ ), ဋ္ဌခွင်း, ချေ, ကပ်(ဝသိဋ္ဌ), ဝုဒ္ဓါဒိသရဿ ဝါ သံယောဂန္တဿ သဏေ စသုတ်ဖြင့် ဝ၏အဆုံး ၊ ကို -ါ ဝုဒ္ဓိပြု (ဝါသိဋ္ဌ), တဒ္ဓိတသမာသကိတကာ နာမံ ဝါ တဝေတုနာဒီသုစ သုတ်ဖြင့် ဝါသိဋ္ဌဟူသော တဒ္ဓိတ်ပုဒ်ကို နာမ်ကို ကဲ့သို့ငဲ့, သိသက်, ေ-ါ ပြု, ဋ္ဌခွင်း, ချေ, ကပ်, ဝါသိဋ္ဌော ပြီး၏။
ဝါသိဋ္ဌီ၌ ဝါသိဋ္ဌ အပြီးတွင် (ဏပစ္စည်း ဆုံးသောကြောင့်) ဏဝဏိက ဏေယျဏန္တုဟိသုတ်ဖြင့် -ီ ပစ္စည်းသက်ပြီးမှ နာမ်ငဲ့, သိသက်, ချေ၍ နဒါဒိဂိုဏ်း ရုပ်စဉ်ရမည်၊ ဝါသိဋ္ဌော, ဝါသိဋ္ဌံတို့ကား ပုရိသာဒိဂိုဏ်း, စိတ္တာဒိဂိုဏ်း ရုပ်များတည်း၊ ဝါ ဏပစ္စေ၌ ဝါသဒ္ဒါက ဝိကပ်ပြုသော ကြောင့် တဒ္ဓိတ်မဟုတ်ဘဲ “ဝသိဋ္ဌဿ အပစ္စံ”ဟု ဝါကျအတိုင်းလည်း ပါဌ်ရှိနိုင်သည်။
အပစ္စေ- အပစ္စအနက်၌၊ ဝစ္ဆာဒိတော- ဝစ္ဆအစရှိသော သဒ္ဒါအပေါင်းတို့မှနောက်၌၊ ဏာယနဏာန- ဏာယနပစ္စည်း, ဏာနပစ္စည်းတို့သည်၊ ဝါ- ဝိကပ်အားဖြင့်၊ ဟောန္တိ- ဖြစ်ကုန်၏။ ဝစ္ဆာယနော, ဝစ္ဆာနော စသည်တည်း။
၂။ ဝါ ဏပစ္စေသုတ်မှ ဝါသဒ္ဒါသည် နောက်နောက် တဒ္ဓိတ်ဆိုင်ရာ သုတ်တိုင်းလိုက်၏၊ သို့အတွက် မည်သည့်တဒ္ဓိတ်မဆို ဝါကျအတိုင်းလည်း ရှိကောင်းဟု မှတ်၊ အပစ္စပုဒ်ကား ဏေရ ဝိဓဝါဒိတောသုတ်တိုင်ရုံသာ လိုက်လိမ့်မည်။
ဝစ္ဆာယန။ ။ ဝစ္ဆဟူသည် ရှေးက ထင်ရှားသော လူတစ်ယောက် တည်း၊ ထိုလူ၏ သား မြေး အစဉ်အဆက်ကို “ဝစ္ဆဿ အပစ္စံ”ဟူသော ဝိဂြိုဟ်အရ ဝစ္ဆာယန ဝစ္ဆာန, ဝစ္ဆာယနီ ဝစ္ဆာနီဟု အမည်ရလေသည်၊ ပုံ, နပုံ, ဣတ္ထီ လိန် ၃ မျိုးပင် ရကောင်း၏။
ရုပ်တွက်။ ။ ဝစ္ဆာယနောကို “ဝစ္ဆဿ+အပစ္စံ”ဟု တည်, ဏာယန ဏာန ဝစ္ဆာဒိတောသုတ်ဖြင့် ဝစ္ဆဿနောင် ဏာယနပစ္စည်း သက်, တေသံ ဝိဘတ္တိယော လောပါ စသုတ်၌ တေသံသဒ္ဒါဖြင့် တဒ္ဓိတ်၏ ဝိဘတ်တို့ကို ချေ, ဝုတ္တတ္ထာနမပ္ပယောဂေါဟူသော ပရိဘာသာအရ အပစ္စပုဒ်, သ်အာဂုံ ကို ချေ, တေသံ ဏော လောပံသုတ်ဖြင့် ဏ်အနုဗန်ကို ချေ, စ္ဆ်ခွင်း, ချေ, ကပ် (ဝစ္ဆာယန), နာမ်ငဲ့, သိ ေ-ါ ပြု, ဝစ္ဆာယနော ပြီး၏။ [ဝစ္ဆာနော၌ ဏာန ပစ္စည်း သက်ရုံသာ။]
အပစ္စေ- အပစ္စအနက်၌၊ ကတ္တိကာဒီဟိ- ကတ္တိကာအတူရှိသော ဣတ္ထိလိန်သဒ္ဒါတို့မှ နောက်၌၊ ဏေယျော- ဏေယျပစ္စည်းသည်၊ ဟောတိ- ဖြစ်၏။ ကတ္တိကေယျော စသည်တည်း။
၃။ ကတ္တိကာဒီဟိ၌ အာဒိသဒ္ဒါသည် “အတူ”ဟူသော အနက်ကို ဟော၏၊ ထို့ကြောင့် ကတ္တိကာနှင့် ဣတ္ထိလိန်ချင်းတူသော ဝိနတာ, ဂင်္ဂါ, ဘဂိနီ, ရောဟိနီ စသော သဒ္ဒါများနောင် ဏေယျပစ္စည်းသက်၏။
ကတ္တိကာယ - ကတ္တိကာမည်သော မိန်းမ၏၊ အပစ္စံ - သားတည်း၊ ကိတ္တိကေယျော-ကတ္တိကာ၏သား၊ ဝိနတာယ အပစ္စံ ဝေနတေယျောဝိနတာမည်သော မိန်းမ၏သား၊ ဂင်္ဂါယ အပစ္စံ ဂင်္ဂေယျော-ဂင်္ဂါမည်သော မိန်းမ၏ သား၊ ဘဂိနိယာ-နှမ၏၊ အပစ္စံ-တည်း၊ ဘာဂိနေယျော-နှမ၏သား (တူ)၊ ရောဟိနိယာ အပစ္စံ ရောဟိဏေယျော-ရောဟိဏီမည်သောမိန်းမ၏ သား, သမီးကို ဟောလိုရာ၌ ကတ္တိကေယျီ, ဝေနတေယျီ စသည် ဖြစ်၏၊ နပုံလိန်၌ ကတ္တိကေယျံ စသည် ဖြစ်၏။
ရုပ်တွက်။ ။ ကတ္တိကေယျောကို “ကတ္တိကာယ+အပစ္စံ” ဟု တည်, ဏေယျော ကတ္တိကာဒီဟိသုတ်ဖြင့် ကတ္တိကာယနောင် ဏေယျပစ္စည်းသက်, တဒ္ဓိတ်၏ ဝိဘတ်ကို ချေ, အပစ္စပုဒ်ကိုချေ(ကတ္တိကာ ဏေယျ), ဏ်အနုဗန် ချေ, က်ခွင်း, -ါ ချေ, က် ေ- သို့ ကပ်, နာမ်ငဲ့, သိသက်, ေ-ါ ပြု, ကတ္တိ ကေယျော ပြီး၏။ [ဝေနတေယျော စသည်ကိုလည်း ဤအတိုင်းတွက်။]
ယောဂဝိဘာဂ။ ။ ဏေယျော ကတ္တိကာဒီဟိ၌ ကတ္တိကာဒီဟိကို ဖြုတ်၍လည်းကောင်း, အပစ္စေဟူသော လိုက်ပုဒ်ကို ကြဉ်၍လည်းကောင်း “ဏေယျော”ဟု ယောဂဝိဘာဂပြု၍ အဿ ဒီယတေအနက်, ဟိတ အနက်, အရဟတိအနက်, ဝသတိအနက်, ဇာတအနက် ဤ ၅ နက်၌ လည်း ဏေယျပစ္စည်းသက်သေး၏၊ ပုံစံကို ရူပသိဒ္ဓိစသည်မှာ ရှု။
[ဆောင်] ဏေယျောသုတ်က, ဝိဘာဂဖြင့်, အဿ ဒီယတေ, ဟိတေ အရဟတိ, ဝသတိ ဇာတာ, ငါးနက်မှာ, သက်ပါ ဏေယျကို။
အပစ္စေ- အပစ္စအနက်၌၊ အတော- အကာရ န္တမှ နောက်၌၊ ဏိဝါ- ဏိပစ္စည်းသည်လည်း၊ ဟောတိ- ဖြစ်၏။ သကျပုတ္တိ စသည်တည်း။
၄။ အပစ္စအနက်၌ သကျပုတ္တကဲ့သို့ အကာရ န္တနောင် ဏိပစ္စည်းသက် သော သုတ်တည်း၊ သကျပုတ္တဿ-သကျပုတ္တ၏၊ အပစ္စံ-သားတည်း၊ သကျပုတ္တိ၊ သကျပုတ္တ၏သား၊ ဒါသပုတ္တိ=ဒါသပုတ္တ၏သား၊ နာဋပုတ္တိ= နာဋပုတ္တ၏သား၊ ဝါရုဏိ=ဝရုဏ၏သား၊ ဇေနဒတ္တိ=ဇိနဒတ္တ၏သား၊ အာနုရုဒ္ဓိ=အနုရုဒ္ဓ၏သား၊ သုဒ္ဓေါဓနိ=သုဒ္ဓေါဓန၏သား စသည်။
ရုပ်တွက်။ ။ သကျပုတ္တိကို “သကျပုတ္တဿ+အပစ္စံ”ဟု တည်, အတော ဏိ ဝါသုတ်ဖြင့် သကျပုတ္တဿနောင် ဏိပစ္စည်းသက်, တဒ္ဓိတ်၏ ဝိဘတ်ကို ချေ, အပစ္စပုဒ် သ်အာဂုံကို ချေ, ဏ်အနုဗန်ချေ, တ္တ် -ိ သို့ ကပ်, နာမ်ငဲ့, သိသက်, ချေ, ပြီး၏။ [အဂ္ဂိသဒ္ဒါကို မှီ၍ ရုပ်စဉ်လေ။]
ဝါသဒ္ဒါ သမုစ္စည်း။ ။ ဝါ ဏပစ္စေသုတ်မှလိုက်သော ဝါသဒ္ဒါရှိလျက် အတော ဏိ ဝါဟု ထပ်၍ ဆိုပြန်၏၊ “ထို ဝါသဒ္ဒါဖြင့် ဏိက-ဏိ-ဏျဗျ-ဉ-ဥဿ-ဥသဏ်ပစ္စည်းများကို ဆည်းယူသည်”ဟု ထိုထိုကျမ်းတို့၌ ဖွင့်ပြကြ၏၊ ဝါ ဏပစ္စေသုတ်မှ လိုက်သော ဝါသဒ္ဒါသည် ဝိကပ်အနက်ရှိသောကြောင့် ဏိကစသော ပစ္စည်းများကို ဆည်းယူဖို့ရာ သမုစ္စည်း အနက်ရှိသော ဝါသဒ္ဒါကို ထပ်၍ ဆိုရပြန်သည် ဟူလို၊ ဥဿနှင့်ဥသဏ် ပစ္စည်းအတွက် ပုံစံကို ပြအံ့၊ ကြွင်းပုံစံများကို နောင်ခါသိလိမ့်မည်။
ပုံစံ။ ။ မနုနော-ကမ္ဘာဦးက မနုမည်သောမင်း၏၊ အပစ္စံ-သားစဉ် မြေးဆက်သည်၊ မနုဿော-မနုဿ မည်၏၊ အပစ္စအနက်၌ ဥဿပစ္စည်း သက်, ဥသဏ်ပစ္စည်း၌ ဏ်အနုဗန်ကို ချေ, မ၏ ၊ ကို -ါ ဝုဒ္ဓိပြု၍ မာနုသ ဟု ဖြစ်၏၊ ကမ္ဘာဦးက မင်းသည် မနု မည်၏၊ ထိုမင်း၏ အဆုံးအမအတိုင်း လိုက်နာနေထိုင်ရသဖြင့် သားသမီးအရာ၌ တည်သောကြောင့် လူဟူသမျှ ကို မနုဿ၊ မာနုသဟု ခေါ်ဝေါ်သတဲ့၊ မနု ပုရ သုဏာဒီဟိ ဥဿနုသိသာ သုတ်၌လည် တစ်နည်း ပြခဲ့ပြီ။
[ဆောင်] အတော ဏိ ဝါ, ဝါသဒ္ဒါကား, ဏိကာ ဏိယ, ဏျ ဗျနှင့်, ဉ ဥဿု.သဏ်, ခုနစ်တန်, ယူရန် ဆည်းသတဲ့။
အပစ္စေ- အပစ္စအနက်၌၊ ဥပကွာ ဒီဟိ- ဥပကု အတူရှိသော ဥကာရ န္တသဒ္ဒါတို့မှနောက်၌၊ ဏဝေါ- ဏဝပစ္စည်းသည်၊ ဟောတိ- ဖြစ်၏။ သြပကဝေါ, မာနဝေါ စသည်တည်း။ [“ဏဝေါပဂွာဒီဟိ”ဟု သီဟိုဠ်မူ ရှိ၏၊]
၅။ ဥပကွာဒီဟိ၌ အာဒိသဒ္ဒါဖြင့် ဥပကုနှင့်ဥကာရန္တချင်း တူသော မနု, ပဏ္ဍု, ဘဂ္ဂု စသည်ကို ယူ, ဥပကုဿ အပစ္စံ သြပကဝေါ၊ ဥပကု မည်သောသူ၏သား၊ မနုနော အပစ္စံ မာနဝေါ=မနုမင်း၏သား၊ ဟသက္ကတ အဘိဓာန်၌ ဏကြီးပြန်၍ မာဏဝဟု ရေးသည်။] ပဏ္ဍုနော အပစ္စံ ပဏ္ဍဝေါ=ပဏ္ဍု၏သား၊ ဘဂ္ဂုနော အပစ္စံ ဘဂ္ဂဝေါ=ဘဂ္ဂု၏သား။
ရုပ်တွက်။ ။ သြပကဝေါကို “ဥပကုဿ+အပစ္စံ”တည်, ဏဝေါ ပကွာ ဒီဟိသုတ်ဖြင့် ဥပကုဿနောင် ဏဝပစ္စည်းသက်, သဝိဘတ် ချေ, အပစ္စ ပုဒ်ကို ချေ, ဏအနုဗန်ချေ (ဥပကု ၊ ဝ), ဝုဒ္ဓါဒိသရဿ ဝါစသောသုတ် ဖြင့် ဥ ကို သြဝုဒ္ဓိပြု, က်ခွင်း, ချေ, ကပ် (သြပကဝ), နာမ်ငဲ့, သိသက်, ေ-ါ ပြု, သြပကဝေါ ပြီး၏။ [ဣတ္ထိလိန်၌ သြပကဝီ, မာနဝီ, ပဏ္ဍဝီဟု ဖြစ်၏။]
အပစ္စေ- အပစ္စအနက်၌၊ ဝိဓ ဝါဒိတော- ဝိဓဝါ အစရှိသောသဒ္ဒါမှနောက်၌၊ ဏေရ- ဏေရ ပစ္စည်းသည်၊ ဟောတိ- ဖြစ်၏။ ဝေဓဝေရော, သာမဏေရော စသည်တည်း။
၆။ ဝိဓဝါယ-မုဆိုးမ၏၊ အပစ္စံ-သားတည်း၊ ဝေဓဝေရော-မုဆိုးမ၏ သား၊ သမဏဿ-ဆရာရဟန်း၏၊ အပစ္စံ-သားတည်း၊ (သားမဟုတ်သော် လည်း သားကဲ့သို့ ဥပဇ္ဈာယ်ဆရာ၏ အဆုံးအမကို နာယူသူတည်း၊) သာမဏေရော-ရဟန်း၏သား။
ရုပ်တွက်။ ။ ဝေဓဝေရောကို “ဝိဓဝါယ+အပစ္စံ”တည်, ဏေရ ဝိဓဝါ ဒိတောသုတ်ဖြင့် ဝိဓဝါယနောင် ဏေရပစ္စည်းသက်, ဝိဘတ်ချေ, အပစ္စ ပုဒ်ချေ, ဏ်အနုဗန်ချေ (ဝိဓဝါေ- ရ), ဝ် ခွင်း, -ါ ချေ, ေ- သို့ ကပ် (ဝေဓဝေရ), နာမ်ငဲ့, သိသက်, ေ-ါ ပြု, ဝေဓဝေရော ပြီး၏။
[သာမဏေရောကိုလည်း တွက်တတ်လောက်ပြီ။]
အပစ္စတဒ္ဓိတ်ပြီးပြီ။
ယေန ဝါ- အကြင် ဝတ္ထုဖြင့်လည်း၊ သံသဋ္ဌံ- ရောနှောအပ်၏။ တရတိ- ကူးသွား၏၊ စရတိ- လှည့်လည်၏။ ဝဟတိ- ရွက်ဆောင် ၏၊ တတော- ထို တတိယန္တလိန်မှ နောက်၌၊ သံသဋ္ဌာဒီသု- သံသဋ္ဌ အစရှိသော အနက်တို့၌၊ ဏိကော- ဏိကပစ္စည်းသည်၊ ဟောတိ- ဖြစ်၏။ တေလိကံ, နာဝိကော, သာကဋိကော, သီသိကော စသည်တည်း။
၇။ ယေန ဝါဟူသောပုဒ်ကို သံသဋ္ဌတွင်မက, ယေန ဝါ တရတိ, ယေန ဝါ စရတိ, ယေန ဝါ ဝဟတိဟု လိုက်၍ စပ်ရမည်၊ မည်သည့်ဝတ္ထု ဟု လက်ဆုပ်လက်ကိုင် မပြဘဲ ယေနဟု သာမည ဆိုသောကြောင့် မည်သည့် ဝတ္ထုမဆို ရောနှောကြောင်း, ကူးသွားကြောင်း, လှည့်လည် ကြောင်း, ရွက်ဆောင်ကြောင်း ဝတ္ထုဟူသမျှကိုပင် ယူနိုင်သည်။
တိလေန+သံသဋ္ဌံ တေလိကံ၊ တိလေန-နှမ်းဖြင့်၊ သံသဋ္ဌံ-ရောနှော အပ်သော ဘောဇဉ်တည်း၊ ဤပုံစံ၌ ဏိကပစ္စည်းသည် တိလေနဟူသော တတိယန္တပုဒ်နောင် သက်၏၊ စုတေလေပြီးသော မိဘ၏ အမွေအနှစ်ကို သားသမီးတို့က ခံယူသကဲ့သို့ တဒ္ဓိတ်ပစ္စည်းများလည်း ကျေလေပြီးသော ပုဒ်၏အနက်ကို အမွေခံလျက် ဟောပြကြ၏၊ ထို့ကြောင့် “တတော-ထို တတိယန္တလိန်မှနောက်၌၊ သံသဋ္ဌာဒီသု-သံသဋ္ဌ အစရှိသော အနက်တို့၌” ဟု သုတ်နက်ဆိုရသည်၊ ကျေသောပုဒ်ကို စွဲ၍ သံသဋ္ဌတဒ္ဓိတ်, တရတိ တဒ္ဓိတ် စသည်ဖြင့် တဒ္ဓိတ်နာမည် မှည့်ရသည်၊ ဤသို့ သံသဋ္ဌအနက်, တရတိအနက် စသည်ဖြင့် များသောအနက်ရှိသောကြောင့် ယခုပြမည့် တဒ္ဓိတ်များကို “အနေကတ္ထတဒ္ဓိတ်”ဟု ခေါ်ဝေါ်ရသည်။
ရုပ်တွက်။ ။ တေလိကံကို “တိလေန+သံသဋ္ဌံ”တည်, တိလေနဖြင့်၊ သံသဋ္ဌံ-တည်း၊ ဣတိ အတ္ထေ-ဤအနက်၌၊ ယေန ဝါ သံသဋ္ဌံ တရတိ စရတိ ဝဟတိ ဏိကောသုတ်ဖြင့် တိလေနနောင် ဏိကပစ္စည်း သက်, တဒ္ဓိတ်၏ ဝိဘတ်တို့ကို ချေ, သံသဋ္ဌပုဒ်ကို ချေ, ဏ်အနုဗန် ချေ, ဝုဒ္ဓါဒိ သရဿ ဝါ စသောသုတ်ဖြင့် တိ၏ -ိ ကို ေ- ဝုဒ္ဓိပြု, လ်ခွင်း, ချေ, ကပ် (တေလိက), နာမ်ငဲ့, သိသက်, -ံ ပြု, တေလိကံ ပြီး၏။
နပုံလိန် ဘောဇနံကို ငဲ့၍ တေလိကံဟု စိတ္တာဒိဂိုဏ်းချသည်၊ သြဒနော ကို ငဲ့လျှင် “တိလေန သံသဋ္ဌော တေလိကော-နှမ်းဖြင့် ရောနှောအပ်သော ထမင်း”ဟု ဖြစ်၏၊ ယာဂုကို ငဲ့လျှင် “တိလေန သံသဋ္ဌာ တေလိကာနှမ်းဖြင့် ရောအပ်သော ယာဂု”ဟု ပုရိသာဒိ, ကညာဒိဂိုဏ်း ဖြစ်၏။
နာဝါယ တရတီတိ နာဝိကော၊ လှေဖြင့် ကူးသန်းသွားလာသူ, လှေသူကြီး၊ ဏဝဏိကဏေယျဏ န္တုဟိဟု ဆိုသောကြောင့် ဏိကပစ္စယန္တ နောင် -ီ ပစ္စည်းသက်၍ ဣတ္ထိလိန်၌ နာဝိကီ (လှေသူကြီးကတော်)ဟု ဖြစ်၏၊ (ဤ)ပစ္စည်း မမြဲသောကြောင့် “တေလိကာ”ဟု အာပစ္စည်းဖြင့် လည်း ရူပသိဒ္ဓိပြသည်၊ နပုံလိန်၌ နာဝိကံ-လှေဖြင့် ကူးသန်းသွားလာသော အမျိုး၊ “နာဝါယ+တရတိ”တည်၍ ဏိကပစ္စည်းသက်, ဆိုင်ရာချေလျှင် ပြီး၏။
သကဋေန စရတီတိ သာကဋိကော၊ လှည်းဖြင့် လှည့်လည်သူ, လှည်းသမား၊ သကဋေန+စရတိ တည်၍ ရုပ်တွက်၊ သ၏ အစိတ် ၊ ကို -ါ ဝုဒ္ဓိ ပြုရုံသာ ထူးသည်၊ သီသေန ဝဟတီတိ သီသိကော=ဦးခေါင်းဖြင့် ရွက်ဆောင်သူ, ခေါင်းရွက်ဈေးသည်၊ သီသေန+ဝဟတိ တည်၍ ရုပ်တွက်၊ ယေန ဝါ၌ ဝါသဒ္ဒါဖြင့် ယူရသော အနက်တွေ များစွာ ရှိလေသေး၏၊ ရူပသိဒ္ဓိမှာ ရှု။]
တံ- ထိုကျမ်းဂန်ကို၊ အဓီတေ- ရွတ်အံ၏၊ ဣတိ အတ္ထေ စ- ဤအနက်၌လည်းကောင်း၊ တေန ကတာဒိ သန္နိဓာနနိယောဂသိပ္ပဘဏ္ဍဇီဝိကတ္ထေသု စ- ထိုဖြင့် ပြုအပ်၏ အစရှိသောအနက်, ထို၌ စွဲကပ်တည်နေတတ်၏ဟူသော အနက်, ထို၌ ယှဉ်၏ဟူသောအနက်, ထိုသူ၏ အတတ်ဟူသော အနက်, ထိုသူ၏ ဘဏ္ဍာဟူသောအနက်, ထိုသူ၏ အသက်မွေး ဝမ်းကျောင်းဟူသောအနက်တို့၌လည်းကောင်း၊ ဏိကော- ဏိက ပစ္စည်းသည်၊ ဟောတိ- ဖြစ်၏။ ဝေနယိကော, ကာယိကော, သာရီရိကာ, ဒေါဝါရိကော, ဝေဏိကော, ဂန္ဓိကော, သြရ ဗ္ဘိကော စသည်တည်း။
၈။ ဝေနယိကောကား တမဓီတေ၏ ပုံစံတည်း၊ ဝိနယံ-ဝိနည်းပိဋကကို၊ အဓီတေ-ရွတ်အံ၏၊ ဣတိ-ထို့ကြောင့်၊ ဝေနယိကော-ဝေနယိက မည်၏၊ အဘိဓမ္မံ အဓီတေ အာဘိဓမ္မိကော၊ အဘိဓမ္မာကို ရွတ်အံသူ၊ သုတ္တန္တံ အဓီတေ သုတ္တန္တိကော=သုတ္တန်ကို ရွတ်အံသူ၊ (ဝိနည်းဆောင်, အဘိဓမ္မာ ဆောင်, သုတ္တန်ဆောင် ဟူလို။) ဟအဓီတေ၌ အဓိပုဗ္ဗ ဣဓာတ် တေဝိဘတ်၊ အဓိ ပုဗ္ဗ ဣဓာတ်သည် ရွတ်အံသရဇ္ဈာယ်ခြင်း အနက်ဟောတည်း၊ “အဓီတေ-သင်ယူ၏”ဟူသော အနက်ကား အဓိပ္ပာယ်နက်သာ။]
ရုပ်တွက်။ ။ ဝေနယိကောကို “ဝိနယံ+အဓီတေ”တည်, တမဓီတေ တေန ကတာဒိစသောသုတ်ဖြင့် ဝိနယနောင် ဏိကပစ္စည်းသက်, ဝိဘတ် ချေ, အဓီတေပုဒ်ကို ချေ, ဏ်အနုဗန်ချေ, ဝုဒ္ဓါဒိသရဿ ဝါ သံယောဂန္တဿ သဏေ စသုတ်ဖြင့် ဝိ၏ -ိ ကို ဧ ဝုဒ္ဓိပြု, ယ်ခွင်း, ချေ, ကပ်, နာမ်ငဲ့, သိသက်, ေ-ါ ပြု ဝေနယိကော ပြီး၏။
တေန ကတ။ ။ ကာယိကောကား…တေန ကတ အရ ပုံစံတည်း၊ ကာယေန ကတော ကာယိကော၊ ကိုယ်ဖြင့် ပြုအပ်သော ပယောဂ၊ ကာယိကံ-ကိုယ်ဖြင့် ပြုအပ်သောအမှု၊ ဝစသာ ကတံ ဝါစသိကံ=နှုတ်ဖြင့် ပြုအပ်သော အမှု၊ မာနသိကံ-စိတ်ဖြင့် ပြုအပ်သော အမှု။
အာဒိဖြင့် ယူရသောအနက်။ ။ တေန ကတာဒိ၌ အာဒိသဒ္ဒါဖြင့် ယူရသော အနက်တွေ လွန်စွာ များလေ၏၊ ပုံစံကို ရူပသိဒ္ဓိမှာ ရှု၊ ကစ္စာယနသံခိပ်လာ အကျဉ်းဆောင်ပုဒ်ကား…
[ဆောင်] ဟတ ဗန္ဓ, အာဗာဓနှင့်, အာဝုဓ ပရိမာဏံ, ကီတံ အရဟတိ, ရာသိ ပသန္နာ, သန္တကာ ဒိဗ္ဗ, အာဂတနှင့်, ဇာတ သမ္ဘူ, နည်းတူသီလ, ဝသ ဝိဒိတာ, ဘတ္တိကာ သကတ္ထ, သံဝတ္တဟု, ပယောဇနပေါင်းလစ်, နှစ်ဆယ့်တစ်မှာ, ပစ္စယာ ဏိက, ဝိသယသည်,… သက်ကြ တမဓီသုတ်ဖြင့်တည်း။
သန္နိဓာန။ ။ “သာရီရိကာ”ကား သန္နိဓာနအရ ပုံစံတည်း၊ တေန ကတာဒိမှ တသဒ္ဒါကိုလည်း သန္နိဓာနစသော နောက်နောက်ပုဒ်များသို့ လိုက်စေ၍ “ထို၌ စွဲကပ် တည်နေတတ်၏”စသည်ဖြင့် တသဒ္ဒါအတွက် “ထို၌” ဟူသော အနက်ကို ထည့်၍ ဆိုခဲ့ရသည်၊ သရီရေ - ကိုယ်၌၊ သန္နိဓာနာ-စွဲကပ်တည်နေသော ဝေဒနာတည်း၊ သာရီရိကာ-ကိုယ်၌ စွဲကပ် တည်နေသော ဝေဒနာ၊ သာရီရိကံ-ကိုယ်၌ စွဲကပ် တည်နေသော ဒုက္ခ၊ မာနသိကံ-စိတ်၌ စွဲကပ်တည်နေသော ဒုက္ခ, စသည်။
ရုပ်တွက်။ ။ သာရီရိကာကို “သရီရေ+သန္နိဓာနာ”တည်, တမဓီတေ တေန ကတာဒိ သန္နိဓာနစသောသုတ်ဖြင့် သရီရေနောင် ဏိကပစ္စည်း သက်, ဝိဘတ်ချေ, သန္နိဓာနချေ, ဏ်အနုဗန်ချေ (သရီရ -ိက), ဝုဒ္ဓါဒိ သရဿ ဝါစသောသုတ်ဖြင့် သ၏အစိတ် ၊ ကို -ါ ဝုဒ္ဓိပြု, ရ်ခွင်း, ချေ, ကပ်, ဣတ္ထိယမတော အာပစ္စယောသုတ်ဖြင့် -ါ ပစ္စည်းသက်, က် ခွင်း, ချေ, ကပ်, နာမ်ငဲ့, သိသက်, ချေ, သာရီရိကာ ပြီး၏။ [ဣတ္ထိလိန်မှန်သမျှ အာ ဤ ဣနီပစ္စည်း တစ်ခုခု သက်ပြီးမှ နာမ်ငဲ့ရမည်။]
နိယောဂ။ ။ ဒေါဝါရိကောကား နိယောဂအရ ပုံစံတည်း၊ ဒွါရေတံခါး၌၊ နိယုတ္တော-ယှဉ်သူတည်း၊ ဒေါဝါရိကော-တံခါး၌ယှဉ်သူ (တံခါး စောင့်, ဒရဝမ်)၊ မာယူနမာဂမောသုတ်ကျမှ ရုပ်တွက်။
သိပ္ပ။ ။ ဝေဏိကောကား သိပ္ပအရပုံစံတည်း၊ “ဝီဏာ အဿ သိပ္ပံတိ ဝေဏိကော” အဿ-ထိုသူ၏၊ သိပ္ပံ-အတတ်ကား၊ ဝီဏာ-စောင်းတီးခြင်း တည်း၊ ဣတိ-ကြောင့်၊ ဝေဏိကော-ဝေဏိကမည်၏၊ (စောင်းတီးတတ်သူ)။ [ဝီဏာအရ စောင်းကိုသာ ဟောရိုးရှိသော်လည်း ဌာနစောင်း၏ အမည်ကို ဌာနီ တီးမှုတ်မှု၌ တင်စား၍ ဌာနူပစာရအားဖြင့် စောင်းတီးခြင်းကို ဝီဏာ ဟု ခေါ်သည်။]
ရုပ်တွက်။ ။ “ဝီဏာ အဿ သိပ္ပံ”တည်, တမဓီတေ တေန ကတာဒိ သန္နိဓာနနိယောဂသိပ္ပ စသောသုတ်ဖြင့် ဝီဏာနောင် ဏိကပစ္စည်းသက်, ဝိဘတ်ချေ, ဝုတ္တတ္ထာနမပ္ပယောဂေါ အရ အဿ သိပ္ပပုဒ်ကို ချေ, ဏ် အနုဗန်ချေ (ဝီဏာ -ိက), ဝုဒ္ဓါဒိသရဿ ဝါ စသောသုတ်ဖြင့် ဝီ၏ အဆုံး -ီ ကို ေ- ဝုဒ္ဓိပြု, ဏ်ခွင်း, -ါ ချေ, ဏ် -ိသို့ ကပ် (ဝေဏိက), နာမ်ငဲ့, သိသက်, ေ-ါ ပြု, ဝေဏိကော ပြီး၏။
ဘဏ္ဍ။ ။ ဂန္ဓိကောကား ဘဏ္ဍအရ ပုံစံတည်း၊ “ဂန္ဓော အဿ ဘဏ္ဍံတိ ဂန္ဓိကော” အဿ-ထိုသူ၏၊ ဘဏ္ဍံ-ဥစ္စာဘဏ္ဍာကား၊ ဂန္ဓောနံ့သာတည်း၊ ဣတိ-ကြောင့်၊ သော-ထိုသူသည်၊ ဂန္ဓိကော-ဂန္ဓိက မည်၏၊ (နံ့သာဘဏ္ဍာရှိသူ)၊ “ဂန္ဓော အဿ ဘဏ္ဍံ”တည်၊ အဿ ဘဏ္ဍံ အနက်၌ ဤသုတ်ဖြင့် ဏိက ပစ္စည်းသက်၍ ရုပ်တွက်။
ဇီဝိက။ ။ သြရဗ္ဘိကောကား ဇီဝိကအရ ပုံစံတည်း၊ ဇီဝိကတ္ထမှ အတ္ထသဒ္ဒါကို ရှေ့ပုဒ်များသို့လည်း လိုက်စေရသည်၊ ဥရ ဗ္ဘံ ဟနတွာ ဇီဝတီတိ သြရ ဗ္ဘိကော၊ ယော-အကြင်သူသည်၊ ဥရ ဗ္ဘံ-ဆိတ်ကို၊ ဟနတွာ-သတ်၍၊ ဇီဝတိ- အသက်မွေးတတ်၏၊ ဣတိ- ထို့ကြောင့်၊ သော- ထိုသူသည်၊ သြရ ဗ္ဘိကော - သြရ ဗ္ဘိက မည်၏၊ ဆိတ်ကို သတ်၍ အသက်မွေးသူ, ဆိတ်သတ်၍ ရောင်းစားသူ, ဆိတ်သတ်သမား။)
ရုပ်တွက်။ ။ “ဥရ ဗ္ဘံ ဟနတွာ ဇီဝတိ”တည်, တမဓီတေ စသောသုတ်ဖြင့် ဥရ ဗ္ဘံ နောင် ဏိကပစ္စည်းသက်, တဒ္ဓိတ်၏ ဝိဘတ်တို့ကို ချေ, ဝုတ္တတ္ထာန မပ္ပယောဂေါ ပရိဘာသာအရ ဟနတွာ ဇီဝတိပုဒ်တို့ကို ချေ, ဝုဒ္ဓါဒိသရဿ ဝါ စသောသုတ်ဖြင့် ဥကို သြဝုဒ္ဓိပြု, ဗ္ဘ်ခွင်း, ချေ, ကပ်, နာမ်ငဲ့, သိသက်, ေ-ါ ပြု, သြရ ဗ္ဘိကော ပြီး၏။
ရာဂါ- ဆိုးရည် အနက်ဟောသဒ္ဒါမှနောက်၌၊ တေန- ထိုဆိုးရည်ဖြင့်၊ ရတ္တံဆိုးအပ်၏။ ဣတိ အတ္ထေ စ- ဤအနက်၌လည်းကောင်း၊ တဿ- ထိုသူ၏၊ ဣဒံ- ဥစ္စာတည်း။ ဣတိ အတ္ထေ စ- ဤအနက်၌လည်း ကောင်း၊ အညတ္ထေသု စ- တစ်ပါးသောအနက်တို့၌လည်းကောင်း၊ ဏ- ဏပစ္စည်းသည်၊ ဟောတိ- ဖြစ်၏။ ကာသာဝံ, သောကရံ, မာထုရော, စိတ္တော စသည်တည်း။
၉။ ကာသာဝံကား ရာဂအရပုံစံတည်း၊ ရာဂသဒ္ဒါသည် ဤအရာ၌ သင်္ကန်းစသောအဝတ်ကို ဆိုးသော “ဆိုးရည်”ဟူသောအနက်ကို ဟော၏၊ ကသာဝေန ရတ္တံ ကာသာဝံ၊ ကသာဝေန-ဖန်ရည်ဖြင့် (ဖန်သောအရသာ ရှိသော ဆိုးရည်ဖြင့်၊) ရတ္တံ-ဆိုးအပ်သောအဝတ်တည်း၊ ကာသာဝံ-ဖန်ရည် ဖြင့် ဆိုးအပ်သောအဝတ်(သင်္ကန်း)၊ “ကသာယေန ရတ္တံ ကာသာယံ”ဟု လည်း ရှိ၏၊ နည်းတူပင်တည်း၊ ဤပုံစံ၌ ကသာဝသဒ္ဒါကား ဆိုးရည်ဟူ သော အနက်ကို ဟောသောသဒ္ဒါတည်း၊ ထိုဆိုးရည်အနက်ဟောသဒ္ဒါ နောင် ရတ္တအနက်၌ ဏပစ္စည်းသက်သည်။
ရုပ်တွက်။ ။ ကာသာဝံကို “ကသာဝေန+ရတ္တံ”တည်, ဏပစ္စည်း သက်, တဒ္ဓိတ်၏ ဝိဘတ်တို့ကို ချေ, ရတ္တံပုဒ်ကို ချေ, ဏ်အနုဗန် ချေ, (ကသာ၀ ၊ ), ဝုဒ္ဓါဒိသရဿ ဝါ စသော သုတ်ဖြင့် က၏ အဆုံး ၊ ကို -ါ ဝုဒ္ဓိပြု, ခွင်း, ချေ, ကပ် (ကာသာဝ), နာမ်ငဲ့, သိသက်, -ံ ပြု, ကာသာဝံ ပြီး၏။ [ကသာယေန ရတ္တံ တည်၍ ကာသာယံလည်း တွက်။]
ကုသုမ္ဘေန-ဝတ်ပန်းရည်ဖြင့်၊ ရတ္တံ-ဆိုးအပ်သော အဝတ်သည်၊ ကောသုမ္ဘံ-ကောသုမ္ဘ မည်၏၊ [ဆူးပန်းပွင့်ကို ဝတ်ပန်း (အဝတ်ဆိုးတဲ့ပန်း) ဟု ခေါ်သတဲ့၊ ကု၏အဆုံး ု ကို ေ-ါ ဝုဒ္ဓိပြုရုံသာ, ရုပ်တွက်လေ။]
တဿေဒံ။ ။ သောကရံကား တဿေဒံ (တဿ+ဣဒံ)အရ ပုံစံတည်း၊ သူကရဿ-ဝက်၏၊ ဣဒံ-ဥစ္စာတည်း၊ သောကရံ-ဝက်၏ဥစ္စာ (ဝက်သား, ဝက်ရေ, ဝက်ရိုး အားလုံးတည်း၊) မဟိံသဿ+ဣဒံ မာဟိံသံ-ကျွဲ၏ဥစ္စာ၊ ကစ္စာယနဿ+ဣဒံ ကစ္စာယနံ၊ အရှင်ကစ္စည်း၏ဥစ္စာ (အရှင်ကစ္စည်း စီရင်အပ်သော သဒ္ဒါကြီးဟု ခေါ်ဝေါ်အပ်သော ကစ္စာယနကျမ်း=ကစ္စည်း ကျမ်းတည်း၊) မောဂ္ဂလ္လာနဿ+ဣဒံ မောဂ္ဂလ္လာနံ=အရှင်မောဂ္ဂလ္လာန် စီရင် အပ်သော မောဂ္ဂလ္လာန်ကျမ်းတည်း။ [ဤပုဒ်တို့ကို ဣဒံတဒ္ဓိတ်ဟု မှတ်၊၊]
သောကရံကို “သူကရဿ+ဣဒံ”တည်, ဏ ရာဂါတဿေဒ.မည တ္ထေသု စ သုတ်ဖြင့် သူကရဿနောင် ဏပစ္စည်းသက်, ဝိဘတ်ချေ, ဣဒံ ချေ, ဏ် အနုဗန် ချေ, သူ၏ အစိတ် ူ ကို ေ-ါ ဝုဒ္ဓိပြု (သောကရ), နာမ်ငဲ့, သိသက်, -ံ ပြု, ပြီး၏။ (မာဟိံသံ၌ -ါ ဝုဒ္ဓိပြုရုံသာ, ကြွင်းရုပ်များ လွယ်ပြီ။)
အညတ္ထေသု အရ တစ်ပါးသောအနက်များ [ဆောင်] ဇာတာ.ဂတ, နိဝါသနှင့်, ဣဿရ ယုတ္တာ, သမူဟာတည်း၊ ဝိဒူရာ ဝိသယ, ဝိကာရ ဓီတေ, ဘေဝ ရဟာ, နိဗ္ဗတ္တာ ပရိမာဏ, စသည်များပြား, အနက်များဝယ်, ဏရာဂါပြ, အညတ္ထဖြင့်, သက်ကြ ဏပစ္စည်းကိုတည်း။
အမှာ။ ။ ဇာတ အာဂတ စသည်တို့၏ ပုံစံကို ရူပသိဒ္ဓိမှာ ရှု၊ အသုံး များသော ယုတ္တပုံစံကိုသာ ပြအံ့။
စိတ္တာယ ယုတ္တော စိတ္တော၊ စိတ္တာယ-စိတ္တနက္ခတ်နှင့်၊ ယုတ္တော-ယှဉ်သောလတည်း၊ စိတ္တော-စိတ္တနက္ခတ်နှင့်ယှဉ်သောလ (တန်ခူးလကို ဆိုသည်၊) တန်ခူးလ၌ စိတ္တနက္ခတ်သည် စန်းဟု ခေါ်သော လနှင့်ယှဉ်၍ အထက်က လမင်းကိုသာ စိတ္တဟု ခေါ်ဝေါ်သင့်သော်လည်း ထိုလမင်း၏ စိတ္တအမည်ကို ယခုလူတို့ ခေါ်ဝေါ်ကြသော တန်ခူးလပေါ်၌ တင်စား၍ သဟစရဏနည်းအားဖြင့် တန်ခူးလကိုလည်း စိတ္တဟု ခေါ်ဝေါ်ရတော့ သည်၊ “ဝေသာခ၊ ကဆုန်လ” စသည်တို့၌လည်း ဤနည်းပင်တည်း။
၁၂ လနာမည်များ စိတ္တော ဝေသာခေါ ဇေဋ္ဌော စ, အာသာဠှော သာဝနောပိ စ၊
ပုဗ္ဗု.တ္တရဘဒ္ဒပဒေါ, အဿယုဇ္ဇော စ ကတ္တိကော၊
မာဂသိရော ပုဿော မာဃော, ဖဂ္ဂုနောတိ ဒုဝေ ဒသ။
စိတ္တော- (စိတ္တနက္ခတ်နှင့်ယှဉ်သော) တန်ခူးလ၊
ဝေသာခေါ- (ဝိသာခါ နက္ခတ်နှင့်ယှဉ်သော) ကဆုန်လ၊
ဇေဋ္ဌော- (ဇေဋ္ဌနက္ခတ်နှင့်ယှဉ်သော) နယုန်လ၊
အာသာဠှော- (အာသဠှာနက္ခတ်နှင့်ယှဉ်သော) ဝါဆိုလ၊
သာဝနော- (သာဝနနက္ခတ်နှင့်ယှဉ်သော) ဝါခေါင်လ၊
ပုဗ္ဗု.တ္တရဘဒ္ဒပဒေါတ္တရဘဒ္ဒပဒေါ- (ပုဗ္ဗဘဒြပိုဒ်, ဥတ္တရဘဒြပိုဒ်နက္ခတ်နှင့်ယှဉ်သော) တော်သလင်းလ၊
အဿယုဇ္ဇော- (အဿယုဇ္ဇနက္ခတ်နှင့်ယှဉ်သော) သီတင်းကျွတ်လ၊
ကတ္တိကောကတ္တိကော- (ကြတ္တိကာနက္ခတ်နှင့်ယှဉ်သော) တန်ဆောင်မုန်းလ၊
မာဂသိရော- (မာဂသိရ, တစ်နည်း- မိဂသီနက္ခတ်နှင့်ယှဉ်သော) နတ်တော်လ၊
ပုဿော- (ပုဿနက္ခတ်နှင့်ယှဉ်သော) ပြာသိုလ၊
မာဃော- (မာဃ နက္ခတ်နှင့်ယှဉ်သော) တပို့တွဲလ၊
ဖဂ္ဂုနော- (ဖဂ္ဂုနီနက္ခတ်နှင့်ယှဉ်သော) တပေါင်းလ၊
ဣတိ- ဤသည်ကား၊ ဒုဝေဒသ- ၁၂ လတို့တည်း
။ ။
ဇာတာဒီနံ- ဇာတ အစရှိသော သဒ္ဒါတို့၏၊ အတ္ထေ- အနက်၌၊ ဣမိယာ စ- ဣမပစ္စည်း, ဣယ ပစ္စည်းတို့သည်လည်း၊ ဟောန္တိ- ကုန်၏။ ပစ္ဆိမော, မနုဿ ဇာတိယော စသည်တည်း။
၁၀။ ပစ္ဆာ ဇာတော ပစ္ဆိမော၊ ပစ္ဆာ-နောက်၌၊ ဇာတော-ဖြစ်သည် တည်း၊ ပစ္ဆိမော-နောက်၌ဖြစ်သည်၊ ဣတ္ထိလိန်၌ “ပစ္ဆိမာ-နောက်၌ ဖြစ်သော၊ ဇနတာ-သတ္တဝါအပေါင်း”၊ နပုံလိန်၌ “ပစ္ဆိမံ-နောက်၌ဖြစ်သော စိတ်”ဟု ဖြစ်၏၊ အန္တေ-အဆုံး၌၊ ဇာတော-ဖြစ်သည်တည်း၊ အန္တိမော-အဆုံး၌ ဖြစ်သည်၊ ဥပရိ ဇာတော ဥပရိမော၊ အထက်၌ဖြစ်သည်၊ဟေဋ္ဌာ ဇာတော ဟေဋ္ဌိမော=အောက်၌ဖြစ်သည်။ [ပစ္ဆာ, ဟေဋ္ဌာ, ဥပရိတို့ကား နိပါတ်ပုဒ် တည်း။]
ရုပ်တွက်။ ။ ပစ္ဆိမောကို “ပစ္ဆာ+ဇာတော”တည်, ဇာတာဒီန.မိမိယာ စ သုတ်ဖြင့် ပစ္ဆာနောင် -ိ မပစ္စည်းသက်, ဝိဘတ်ချေ, ဇာတပုဒ်ကို ချေ, (ပစ္ဆာ -ိ မ), စ္ဆ် ခွင်း, -ါ ချေ, စ္ဆ -ိသို့ ကပ်, နာမ်ငဲ့, သိ ေ-ါ ပြု, ပစ္ဆိမော ပြီး၏။ [အန္တိမောကိုလည်း “အန္တော+ဇာတော”တည်, ဆိုင်ရာချေပြီးတဲ့ အခါ အန္တိ -ိမ) ဖြစ်၏၊ (ဟေဋ္ဌာ -ိမ, ဥပရိ -ိမ) ဖြစ်ပုံကိုလည်း သိလေ။]
မနုဿဇာတိယောကား ဣယပစ္စည်၏ ပုံစံတည်း၊ မနုဿဇာတိယာလူဇာတ်ဖြင့်၊ ဇာတော-ဖြစ်သူတည်း၊ မနုဿဇာတိယော-လူဇာတ်ဖြင့် ဖြစ်သူ၊ ဗောဓိသတ္တဇာတိယာ ဇာတော ဗောဓိသတ္တဇာတိယော၊ ဘုရားအလောင်းဇာတ်ဖြင့် ဖြစ်သူ၊ လောကေ-လောက၌၊ ဇာတော-ဖြစ်သော တရားတည်း၊ လောကိယော-လောက၌ဖြစ်သောတရား။
ရုပ်တွက်။ ။ မနုဿဇာတိယောကို “မနုဿဇာတိယာ+ဇာတော” တည်, ဇာတာဒီနမိမိယာ စသုတ်ဖြင့် မနုဿဇာတိယာနောင် -ိယပစ္စည်း သက်, ဝိဘတ်ချေ, ဇာတပုဒ်ချေ(မနုဿဇာတိ -ိ ယ), တ် ခွင်း, -ိ ချေ, တ် -ိ သို့ ကပ်, နာမ်ငဲ့ စသည် မနုဿဇာတိယော ပြီး၏။
အာဒိဖြင့် ယူဖွယ်။ ။ ဇာတာဒိ၌ အာဒိသဒ္ဒါဖြင့် နိယုတ္တအနက်, ဘာဝအနက်တို့၌လည်း ဣမ ဣယ ပစ္စည်းသက်, ဆိုခဲ့ပြီးသော အနက် များ၌ ဣယ ပစ္စည်းလည်း သက်၏၊ ဤသို့ စသည်ဖြင့် ရူပသိဒ္ဓိ၌ များစွာ ဆိုထား၏၊ ကြည့်ရှုကြတော့။
သမူဟတ္ထေ- အပေါင်း ဟူသောအနက်၌၊ ကဏ်ဏာ- ကဏ်ပစ္စည်း, ဏပစ္စည်းတို့သည်၊ ဟောန္တိ- ဖြစ်ကုန်၏။ ရာဇပုတ္တကော, ရာဇပုတ္တော, မာနုဿကော, မာနုဿော စသည်တည်း။
၁၁။ ရာဇပုတ္တာနံ-မင်းသားတို့၏၊ သမူဟော-အပေါင်းတည်း၊ ရာဇ ပုတ္တကော-မင်းသားတို့၏အပေါင်း၊ မနုဿာနံ သမူဟော မာနုဿကော, မာနုဿော-လူတို့၏အပေါင်း၊ဟဒွိန္နံ သမူဟော ဒွယံ၊ ၂ ခုအပေါင်း, ၂ ခုလုံး၊ တိဏ္ဏံ သမူဟော တယံ=၃ ခုအပေါင်း, ၃ ခုလုံး၊ ရတနာနံ တယံ ရတနတ္တယံ=ရတနာသုံးပါးအပေါင်း၊ ရုပ်ကို နောင်ခါ ပြီးလတ္တံ့။]
ရာဇပုတ္တကောကို “ရာဇပုတ္တာနံ+သမူဟော”တည်, သမူဟတ္ထေ ကဏ် ဏာသုတ်ဖြင့် ရာဇပုတ္တာနံနောင် ကဏ်ပစ္စည်းသက်, ဝိဘတ်တို့ကို ချေ, သမူဟပုဒ်ကို ချေ, ဏ်အနုဗန် ချေ (ရာဇပုတ္တ), နာမ်ငဲ့, သိ ေ-ါ ပြု, ရာဇပုတ္တကော ပြီး၏၊ ရာဇပုတ္တော၌ ဏပစ္စည်းသက်, ဏ်အနုဗန်ချေ, (ရာဇပုတ္တ ၊ ), တ္တ် ခွင်း, ချေ, ကပ်, ပြီး၏၊ မာနုဿကော မာနုဿော၌ မနုဿာနံ+သမူဟော တည်၍တွက်၊ မ၏ ၊ ကို -ါ ဝုဒ္ဓိပြုရုံသာ။
သမူဟတ္ထေ- အပေါင်းဟူသောအနက်၌၊ ဂါမဇနဗန္ဓုသဟာယာဒီဟိ- ဂါမ ဇန ဗန္ဓု သဟာယ အစရှိသော သဒ္ဒါတို့မှနောက်၌၊ တာ- တာပစ္စည်း သည်၊ ဟောတိ- ဖြစ်၏။ ဂါမတာ စသည်တည်း။
၁၂။ ဂါမာနံ သမူဟော ဂါမတာ၊ ရွာတို့၏အပေါင်း၊ ဇနာနံ သမူဟော ဇနတာ=သတ္တဝါတို့၏အပေါင်း၊ ဗန္ဓူနံ သမူဟော ဗန္ဓုတာ=ဆွေမျိုးတို့၏ အပေါင်း၊ သဟာယာနံ သမူဟော သဟာယတာ=သဟာယ်ချင်း (သူငယ်ချင်း) တို့၏အပေါင်း။ [သွတ္ထတဒ္ဓိတ်ကို ရူပသိဒ္ဓိမှာ ရှု။]
ရုပ်တွက်။ ။ ဂါမတာကို “ဂါမာနံ+သမူဟော”တည်, ဂါမဇနဗန္ဓု သဟာယာဒီဟိ တာသုတ်ဖြင့် ဂါမာနံနောင် တာပစ္စည်းသက်, ဝိဘတ် တို့ကို ချေ, သမူဟပုဒ်ကို ချေ (ဂါမတာ), နာမ်ငဲ့, သိသက်, ချေ, ဂါမတာ ပြီး၏၊ သဟာယာဒီဟိ၌ အာဒိဖြင့် “နာဂရာနံ သမူဟော နာဂရတာ”ကို ယူ၊ “နာဂရာနံ-မြို့သူမြို့သားတို့၏”ဟု ဆို။
တံ- ထိုအရာသည်၊ အဿ- ထိုသဘော၏၊ ဌာနံ- တည်ရာအကြောင်းတည်း။ ဣတိ အတ္ထေ- ဤအနက်၌၊ ဣယော စ- ဣယပစ္စည်းသည်လည်း၊ ဟောတိ- ဖြစ်၏။ မဒနိယံ စသည်တည်း။
၁၃။ တံ အဿတို့၏ အနက်ကို မည်သည့်ဝတ္ထုဟု သေချာစွာမဆိုရ, အားလုံးနှင့်ဆိုင်အောင် “တံ-ထိုအရာသည်၊ (ထိုဟာသည် ဟူလို၊) အဿထိုသဘော၏”ဟု သာမန်ဆိုရသည်၊ သုတ်၌ပါသော “အဿ+ဌာနံ”ကို ကြည့်၍ “မဒနဿ+ဌာနံ မဒနိယံ”ဟု ဝိဂြိုဟ်ပြု၊ မဒနဿ-ယစ်မူခြင်း၏၊ ဌာနံ-တည်ရာအကြောင်းသည်၊ မဒနိယံ-မဒနိယ မည်၏။
မဒနိယံ ကို “မဒနဿ+ဌာနံ”တည်, တဒဿ ဌာနမိယော စသုတ်ဖြင့် မဒနဿနောင် -ိ ယပစ္စည်းသက်, ဝိဘတ်ချေ, ဌာနပုဒ်ချေ (မဒန-ိယ), န် ခွင်း, ချေ, ကပ်, နာမ်ငဲ့, သိ -ံ ပြု, မဒနိယံ ပြီး၏။
စသဒ္ဒါ။ ။ ဣယော စ၌ စသဒ္ဒါဖြင့် ဟိတ စသော အနက်၌လည်း ဣယပစ္စည်းသက်၍ “ဥပါဒါနံ-ဥပါဒါန်တို့၏၊ ဟိတာ-စီးပွားတို့တည်း၊ ဥပါဒါနိယာ-ဥပါဒါန်တို့၏စီးပွားတို့”ဟု ဖြစ်၏။
ဥပမတ္ထေ- ဥပမာအနက်၌၊ အာယိတတ္တံ- အာယိတတ္တ ပစ္စည်းသည်၊ ဟောတိ- ဖြစ်၏။ ဓူမာယိတတ္တံ စသည်တည်း။
၁၄။ ဓူမော ဝိယဟူသောအနက်၌ ဓူမာယိတတ္တံဟု ရုပ်ဖြစ်၏၊ အဒုံ ဝနံ-ထိုတောကို၊ ဓူမာယိတတ္တံ-မီးခိုးကဲ့သို့၊ ဒိဿတိ-ရှုမြင်အပ်၏။
ရုပ်တွက်။ ။ ဓူမာယိတတ္တံကို “ဓူမော+ဝိယ”တည်, ဥပမတ္ထာယိတတ္တံ သုတ်ဖြင့် ဓူမောနောင် အာယိတတ္တပစ္စည်းသက်, ဝိဘတ်ချေ, ဝိယပုဒ်ချေ, မ် ခွင်း, ချေ, ကပ် (ဓူမာယိတတ္တ), နာမ်ငဲ့, သိသက်, -ံ ပြု, ဓူမာယိတတ္တံ ပြီး၏။ [ရှေးက “ဓူမော+ဝိယ+ဒိဿတိ”တည်၍ ရုပ်တွက်၏။]
တန္နိဿိတတ္ထေ- ထိုအရာကို မှီ၏ဟူသောအနက်၌လည်းကောင်း၊ တံ- ထိုအရာသည်၊ အဿ- ထိုသဘော၏၊ ဌာနံ- တည်ရာအကြောင်းတည်း။ ဣတိ အတ္ထေဤအနက်၌လည်းကောင်း၊ လော- လပစ္စည်းသည်၊ ဟောတိ- ဖြစ်၏။ ဒုဋ္ဌုလ္လံ , ဝေဒလ္လံ စသည်တည်း။
၁၅။ တဒဿ ဌာနမိယော စသုတ်မှ တဒဿ ဌာနပုဒ်တို့ကို လိုက်စေ သည်၊ ထို့ကြောင့် နိဿတအနက်, အဿဌာနအနက်တို့၌ လပစ္စည်း သက်သောသုတ်တည်းဟု မှတ်၊ ဒုဋ္ဌုကား နိပါတ်ပုဒ်ဖြစ်၍ လိုရာဝိဘတ် သက်ပြီးနောက် ချေထားသည်၊ ဒုဋ္ဌု-မကောင်းမှုကို၊ နိဿိတံ-မှီသည်တည်း၊ ဒုဋ္ဌုလ္လံ-မကောင်းမှုကို မှီသည်၊ (တစ်နည်း) ဒုဋ္ဌု- မကောင်းမှု၏၊ ဌာနံ တည်ရာအကြောင်းတည်း၊ ဒုဋ္ဌုလ္လံ-မကောင်းမှု၏ တည်ရာအကြောင်း။
ရုပ်တွက်။ ။ ဒုဋ္ဌုလ္လံကို “ဒုဋ္ဌု+နိဿိတံ”တည်, တန္နိဿိတတ္ထေ လော သုတ်ဖြင့် လပစ္စည်းသက်, ဝိဘတ်ချေ, နိဿိတပုဒ်ကို ချေ, သဒိသ ဒွေဘော် လ်လာ, နာမ်ငဲ့, သိ, -ံ ံ ပြု, ဒုဋ္ဌုလ္လံ ပြီး၏။ [ဒုဋ္ဌု+ဌာနံ တည်၍ လည်း ဌာနအနက်၌ လပစ္စည်းသက်။]
တဗ္ဗဟုလေ- ထိုသူ၏ ထိုတရား များ၏ဟူသောအနက်၌၊ အာလု- အာလုပစ္စည်းသည်၊ ဟောတိ- ဖြစ်၏။ အဘိဇ္ဈာလု စသည်တည်း။
၁၆။ တဒေဝ-ထိုတရားသည်ပင်၊ ဗဟုလံ-များသည်တည်း၊ တဗ္ဗဟုလံထိုတရားများသည်၊ အဿ-ထိုသူ၏၊ အဘိဇ္ဈာ-အဘိဇ္ဈာသည်၊ ဗဟုလာများ၏၊ ဣတိ-ထို့ကြောင့်၊ အဘိဇ္ဈာလု-မည်၏၊ (အဘိဇ္ဈာအားကြီးသူ)၊ သီတံ အဿ ဗဟုလံတိ သီတာလု၊ များသောအချမ်းရှိသော (အလွန် ချမ်းတတ်သူ)၊ ဒယာ အဿ ဗဟုလာတိ ဒယာလု=များသော သနားခြင်း ရှိသူ။
ရုပ်တွက်။ ။ အဘိဇ္ဈာလုကို “အဘိဇ္ဈာ+အဿ+ဗဟုလာ”တည်, အာလု တဗ္ဗဟုလေသုတ်ဖြင့် -ါ လုပစ္စည်း သက်, ဝိဘတ် ချေ, အဿ, ဗဟုလာ ပုဒ်တို့ကို ချေ, ဇ်္ဈ ခွင်း, ချေ, ကပ် (အဘိဇ္ဈာလု), နာမ်ငဲ့, သိ သက်, ချေ, အဘိဇ္ဈာလု ပြီး၏။ [ဘိက္ခုကဲ့သို့ နာမ်ရုပ်စဉ်လေ၊ သီတာလု စသည်တို့ကိုလည်း တွက်။]
အနေကတ္ထတဒ္ဓိတ်ပြီး၏။
ဘာဝတဒ္ဓိတ်
ဘာဝေ- ဘောအနက်၌၊ ဏျတ္တတာ တု- ဏျပစ္စည်း, တ္တပစ္စည်း, တာပစ္စည်းတို့သည်လည်း၊ ဟောန္တိ- ဖြစ်ကုန်၏။ ပဏ္ဍိစ္စံ, ဒဏ္ဍိတ္တံ, ဒဏ္ဍိတာ စသည်တည်း။ တုသဒ္ဒါဖြင့် တ္တန, ဏေယျ စသောပစ္စည်း သက်၍ ပုထုဇ္ဇနတ္တနံ, သောစေယျံ စသည်လည်း ဖြစ်သေး၏။
၁၇။ ဤ၌ ဘာဝဟူသည် ကိတ်ပိုင်း၌ လာသော “ခြင်း-ရာ”ဟု အနက် ဆိုရသော ဘောမဟုတ်၊ သဒ္ဒါတစ်ခုခု ဖြစ်ပေါ်လာခြင်း၏အကြောင်းကို “သဒ္ဒပဝတ္တိနိမိတ္တ”ဟု ခေါ်၏၊ ထိုသဒ္ဒပဝတ္တိနိမိတ်အနက်ကို “ဘော”ဟု ခေါ်သည်။ [သဒ္ဒဿ+ပဝတ္တိ သဒ္ဒပဝတ္တိ၊ သဒ္ဒါ၏+ဖြစ်ပေါ်လာခြင်း၊ သဒ္ဒပဝတ္တိယာ+နိမိတ္တံ=သဒ္ဒါဖြစ်ပေါ်လာခြင်း၏အကြောင်း။]
ဘာဝ၏ဝိဂ္ဂဟ။ ။ ဘဝန္တိ ဗုဒ္ဓိသဒ္ဒါ ဧတေနာတိ ဘာဝေါ၊ ဧတေနဤ သဒ္ဒပဝတ္တိနိမိတ်ဖြင့်၊ ဗုဒ္ဓိသဒ္ဒါ- အသိဉာဏ်သဒ္ဒါတို့သည်၊ ဘဝန္တိဖြစ်ကုန်၏၊ ဣတိ-ထိုသို့ အသိဉာဏ်သဒ္ဒါတို့ဖြစ်ကြောင်း၏ အဖြစ်ကြောင့်၊ သော-ထို သဒ္ဒပဝတ္တိနိမိတ်သည်၊ ဘာဝေါ-ဘာ၀ မည်၏။ [ဗုဒ္ဓိ အရ အသိဉာဏ်ဆိုသော်လည်း ဉာဏ်သိ မဟုတ်, စိတ်သိတည်း၊ သဒ္ဒါကျမ်း၌ ဗုဒ္ဓိဟု လာတိုင်း ဉာဏ်ကို မယူရ, အချို့အရာ၌ စိတ်ကို ယူရသည်။]
အသိဉာဏ်နှင့်သဒ္ဒါ ဖြစ်လာပုံ။ ။ လူတစ်ယောက်သည် တုတ်ကို ကိုင်လာ၏၊ ထိုသူ့ကို မြင်လျှင် စိတ်ထဲ၌ ဘယ်လို ထင်မည်လဲ¿ သူများ ထက် ထူးခြားသော တုတ်ကို မြင်၍ ဒဏ္ဍီ(တုတ်ရှိသူ)လို့ ထင်လိမ့်မည်၊ ဝါ-သိလိမ့်မည်၊ ဤစကားအရ ဒဏ္ဍီလို့ အသိဉာဏ်ပေါ်လာခြင်း၏ အကြောင်းကား တုတ်တည်း၊ ထိုတုတ် ကိုင်လာသူကို ပါဠိစီလျှင်“ဒဏ္ဍီ”ဟု စီရလိမ့်မည်၊ ဤစကားအရ ဒဏ္ဍီသဒ္ဒါ၏ ဖြစ်ပေါ်လာကြောင်းလည်း တုတ်ပင်တည်း၊ ထို့ကြောင့် “ဒဏ္ဍိနော + ဘာဝေါ ဒဏ္ဍိတ္တံ” ဒဏ္ဍိနောဒဏ္ဍီသဒ္ဒါ၏၊ ဝါ-ဒဏ္ဍီဟု သိသောဉာဏ်၏၊ ဘာဝေါ-ဖြစ်ကြောင်းတုတ် တည်း၊ ဤဝိဂြိုဟ်အရ တုတ်ကို “ဒဏ္ဍိတ္တ”ခေါ်၏ဟု မှတ်။
ဘာဝအနက် ၅ မျိုး။ ။ ဤစကားအရ သဒ္ဒပဝတ္တိနိမိတ်ခေါ်သော တုတ်စသော အနက်သည် ဘာဝအနက် မည်၏၊ “ဏျ တ္တ တာ စသော ပစ္စည်းတို့သည် ထိုဘာဝအနက်ကို ဟောကြ၏”ဟု မှတ်၊ ထိုဘာဝအနက် များသည် ဇာတ်, ဂုဏ်, ကြိယာ, ဒြဗ်, နာမ်ဟု ရိုးရာအားဖြင့် ၅ မျိုးပြား၏၊ ထို ဘာဝအနက် ၅ မျိုးကို ရူပသိဒ္ဓိမှာ ရှု။
[ဆောင်] ၁။ သဒ္ဒါဖြစ်ရိပ်, အကြောင်းဟိတ်, နိမိတ် ဘာဝနက်။ ၂။ ဇာတ် ဂုဏ် ကြိယာ, ဒြဗ် နာမ်, ငါးတန် အပြားထွက်။ ပဏ္ဍိစ္စံ။ ။ ပဏ္ဍိတဿ ဘာဝေါ ပဏ္ဍိစ္စံ။ ပဏ္ဍိတဿ-ပဏ္ဍိတသဒ္ဒါ, ပဏ္ဍိတဟု သိသောဉာဏ်၏၊ ဘာဝေါ-ဖြစ်ကြောင်းသည်၊ ပဏ္ဍိစ္စံ-ပဏ္ဍိစ္စ မည်၏၊ ဉာဏ်ပညာကိုရသော ဂုဏဘာဝတည်း။
ရုပ်တွက်။ ။ ပဏ္ဍိစ္စံကို “ပဏ္ဍိတဿ+ဘာဝေါ”တည်, ဏျတ္တတာ ဘာဝေ တုသုတ်ဖြင့် ပဏ္ဍိတဿနောင် ဏျပစ္စည်းသက်, ဝိဘတ်ချေ, ဘာဝပုဒ်ချေ, ဏ်အနုဗန်ချေ (ပဏ္ဍိတယ), တ် ခွင်း, အဝဏ္ဏော ယေ လောပဉ္စသုတ်ဖြင့် ၊ ကို ချေ, တ် ယသို့ ကပ်, ယဝတံ တလနစသောသုတ် ဖြင့် တျကို စပြု, စ်ဒွေဘော်လာ, နာမ်ငဲ့, သိ -ံ ပြု, ပဏ္ဍိစ္စံ ပြီး၏။
ဒဏ္ဍိတ္တံ ကို “ဒဏ္ဍိနော+ဘာဝေါ”တည်, တ္တပစ္စည်းသက်၍ ဆိုင်ရာ ချေပြီးသည့်အခါ “ဒဏ္ဍိတ္တံ”ဟု ဖြစ်၏၊ ကွစာဒိမဇ္ဈုတ္တရာနံ ဒီဃရဿာ ပစ္စယေသု စသုတ်ဖြင့် -ီ ကို -ိရဿပြုလေ၊ ဒဏ္ဍိတာ၌ တာ ပစ္စည်း သက်ရုံသာ ထူး၏။
ပုထုဇ နတ္တနံ၌ “ပုထုဇ္ဇနဿ+ဘာဝေါ”တည်, ဏျတ္တတာ ဘာဝေ တု သုတ်၌ တုသဒ္ဒါဖြင့် တ္တနပစ္စည်းသက်ရုံသာ၊ (ပုထုဇဉ်၏အဖြစ်)ဟု ဆို၊ သောစေယံျ၌ “သုစိနော+ဘာဝေါ”တည်, တုသဒ္ဒါဖြင့် ဏေယျပစ္စည်းသက်, ဆိုင်ရာချေ (သုစိေ- ယျ), သု၏ အစိတ် ု ကို ေ-ါ ဝုဒ္ဓိပြု, စ် ခွင်း, ချေ, ေ- သို့ ကပ်, နာမ်ငဲ့ စသည်၊ သောစေယျံ-စင်ကြယ်သူ၏အဖြစ်။
လိန်ခွဲ။ ။ ဏျ, တ္တ, တ္တန ပစ္စည်းဆုံးသော ပုဒ်တို့သည် နပုံလိန်တည်း၊ တာပစ္စည်းဆုံးသောပုဒ်ကား ဣတ္ထိလိန်တည်း၊ နောက်လာမည့် ဘောဟော ပစ္စည်းဆုံးသော ပုဒ်တို့မှာ ထိုက်သည့်အားလျော်စွာ လိန် ၃ ပါး၌ ဖြစ်၏။
[ဆောင်] ၁။ ဏျ တ္တ တ္တန, ပစ္စယဆုံး, ဤသုံးလုံး, နပုံး ဧကန်မြဲ။ ၂။ တာ ပစ္စယန္တာ, ဣတ္ထိသာ, ကြွင်းမှာ သုံးလိန်ခွဲ။
ဘာဝေ- ဘောအနက်၌၊ ဝိသမာ ဒီဟိ- ဝိသမ အစရှိသောသဒ္ဒါတို့မှနောက်၌၊ ဏ- ဏပစ္စည်းသည်၊ ဟောတိ- ဖြစ်၏။ ဝေသမံ, ဂါရဝံ စသည်တည်း။
၁၈။ ဝိသမဿ-မညီညွတ်သူ၏၊ ဘာဝေါ-အဖြစ်သည်၊ ဝေသမံ-မညီ ညွတ်သူ၏အဖြစ်၊ (အနက်ကို အလွယ်ဆိုသည်၊) ဂရုနော-အလေးပြုသူ၏၊ ဘာဝေါ-အဖြစ်တည်း၊ ဂါရဝံ-အလေးပြုသူ၏အဖြစ်၊ (ရိုသေလေးစားခြင်း၊၊)
ရုပ်တွက်။ ။ ဝေသမံကို “ဝိသမဿ+ဘာဝေါ”တည်, ဏ ဝိသမာဒီဟိ သုတ်ဖြင့် ဝိသမဿနောင် ဏပစ္စည်းသက်, ဝိဘတ်ချေ, ဘာဝပုဒ်ချေ, ဏ်အနုဗန် ချေ, ဝိ၏အစိတ် -ိ ကို ေ- ဝုဒ္ဓိပြု, ခွင်း, ချေ, ကပ်, နာမ်ငဲ့, သိ -ံ ပြု, ဝေသမံ ပြီး၏။
ဂါရဝံ ကို “ဂရုနော+ဘာဝေါ”တည်, ဏပစ္စည်းသက်, ဝိဘတ်, ဘာ၀ ပုဒ်, ဏ်အနုဗန် ချေ (ဂရု ၊ ), ဝုဒ္ဓါဒိသရဿ ဝါ စသောသုတ်ဖြင့် ဂ ၏ အစိတ် ၊ ကို -ါ ဝုဒ္ဓိပြု, (ဂါရု ၊ ), သြ သရေ စသုတ်၌ စသဒ္ဒါဖြင့် ရု၏ အစိတ် ု ကို ၊ ဝ် ပြု, ဝ် ၊ သို့ ကပ် (ဂါရဝ), နာမ်ငဲ့, သိ -ံ ပြု, ဂါရဝံ ပြီး၏။
ဘာဝေ- ဘောအနက်၌၊ ရမဏီယာဒိတော- ရမဏီယ အစရှိသောသဒ္ဒါမှ နောက်၌၊ ကဏ်- ကဏ်ပစ္စည်းသည်၊ ဟောတိ- ဖြစ်၏။ ရာမဏီယကံ, မာနုညကံ စသည်တည်း။
၁၉။ ရမဏီယဿ-မွေ့လျော်ဖွယ်၏၊ ဘာဝေါ-အဖြစ်တည်း၊ ရာမဏီယကံ-မွေ့လျော်ဖွယ်၏အဖြစ်၊ မနုညဿ-စိတ်ကို လွန်စွာနှစ်သက် စေတတ်သောအာရုံ၏၊ ဘာဝေါ-အဖြစ်တည်း၊ မာနုညကံ-စိတ်ကို လွန်စွာ နှစ်သက်စေတတ်သော အာရုံ၏အဖြစ်။
ရုပ်တွက်။ ။ ရာမဏီယကံကို “ရမဏီယဿ+ဘာဝေါ”တည်, ရမဏီ ယာဒိတော ကဏ်သုတ်ဖြင့် ရမဏီယဿနောင် ကဏ်ပစ္စည်းသက်, ဝိဘတ်, ဘာဝပုဒ်, ဏ်အနုဗန်ချေ, ရ၏အစိတ် ၊ ကို -ါ ဝုဒ္ဓိပြု, နာမ်ငဲ့, သိ -ံ ပြု, ရာမဏီယကံ ပြီး၏၊ မာနုညကံကိုလည်း တွက်လေ။
ဝိသေသတဒ္ဓိတ်
ဝိသေသေ- ဝိသေသအနက်၌၊ တရတမိ.သိကိ.ယိ.ဋ္ဌာ- တရပစ္စည်း, တမ ပစ္စည်း, ဣသိကပစ္စည်း, ဣယပစ္စည်း, ဣဋ္ဌပစ္စည်းတို့သည်၊ ဟောန္တိ- ဖြစ်ကုန်၏။ ပါပတရော, ပါပတမော, ပါပိသိကော, ပါပိယော, ပါပိဋ္ဌော စသည်တည်း။
၂၀။ အကောင်းဂုဏ်အားဖြင့် သူတစ်ပါးထက် ထူးကဲခြင်း, မကောင်း ဂုဏ်အားဖြင့် သူတစ်ပါးအောက် ထူးကဲ ဆိုးဝါးခြင်းကို ဝိသေသအနက်ဟု ဆိုရသည်၊ “အောက်, ထက်” သုံးစွဲရိုး ကွဲပြားပုံကို နာမ်ပိုင်း “အပ္ပဿ ကန်”သုတ်အဖွင့်၌ ပြခဲ့ပြီ။
ပါပါနံ ဝိသေသောတိ ပါပတရော၊ ပါပါနံ-ယုတ်မာသူတို့အောက်၊
ဝိသေသော- ထူးကဲ ယုတ်မာသူတည်း၊ ပါပတရော- အထူး ယုတ်မာသူ၊ တမပစ္စည်းကား တရပစ္စည်း၏ အနက်ထက် ပိုလွန်ထူးကဲ၏၊ ထို့ကြောင့် “ပါပတမော-အလွန်အကြူးယုတ်မာသူ (အယုတ်မာဆုံး)”ဟု ဆိုရသည်၊ ဝိဂြိုဟ်ကိုကား “ပါပါနံ+ဝိသေသောတိ ပါပတမော”ဟု ရှေးအတိုင်းပင် ပြုပါ။
ဣသိက ဣယ ဣဋ္ဌပစ္စည်းတို့၏အနက်ကား တစ်ခုထက်တစ်ခု သာလွန် ထူးခြားသည်ဟုလည်းကောင်း, မထူးခြားဟုလည်းကောင်း အမျိုးမျိုး ဆိုကြ၏၊ ပါဠိပုံစံ မတွေ့သမျှ ဆုံးဖြတ်ဖို့ ခဲယဉ်း၏၊ “ပါပါနံ ဝိသေသောတိ ပါပိသိကော၊ ပါပိယော = ပါပိဋ္ဌော” ဟု ဝိဂြိုဟ်ပြု, ပါပိသိကော = ပါပိယော = ပါပိဋ္ဌော = အထူးယုတ်မာသူ။
ကောင်းသောအရာ၌ “ပဋူနံ ဝိသေသောတိ ပဋုတရော, ပဋုတမော, ပဋိသိကော, ပဋိယော, ပဋိဋ္ဌော”ဟု ဖြစ်၏၊ ပဋူနံ-ထက်မြက်သူတို့ထက်၊ ဝိသေသော-ထူးကဲသူတည်း၊ ပဋုတရော-အထူးထက်မြက်သူ၊ ပဋုတမောအလွန်အကြူး ထက်မြက်သူ၊ ပဋိသိကော စသည်၌ “အထူးထက်မြက်သူ” ဟု ဆို။
ရုပ်တွက်။ ။ ပါပတရောကို “ဝိသေသေန + ပါပေါ”တည်, ဝိသေသေ တရတမိ.သိကိ.ယိ.ဋ္ဌာသုတ်ဖြင့် ပါပေါ နောင် တရ ပစ္စည်းသက်, ဝိဘတ် ချေ, ဝိသေသေနပုဒ် ချေ (ပါပတရ), နာမ်ငဲ့, သိ ေ-ါ ပြု, ပါပတရော ပြီး၏။ [ပါပတမော စသည်၌ တမပစ္စည်း စသည်သက်ရုံသာ၊ ပဋုတရော စသည်လည်း မထူးပြီ။]
ဝိသေသတဒ္ဓိတ်ပြီး၏။
အဿ- ထိုသူ၏၊ တံ- ထိုအရာ သည်၊ အတ္ထိ- ရှိ၏၊ ဣတိ အတ္ထေ- ဤအနက်၌၊ ဝီ စ- ဝီပစ္စည်း သည်လည်း၊ ဟောတိ- ဖြစ်၏။ မေဓာဝီ, မာယာဝီ စသည်တည်း။
၂၁။ မေဓာ အဿ အတ္ထီတိ မေဓာဝီ၊ အဿ-ထိုသူ၏၊ မေဓာ-ပညာ သည်၊ အတ္ထိ-ရှိ၏၊ ဣတိ-ထို့ကြောင့်၊ မေဓာဝီ-မေဓာဝီ မည်၏၊ မေဓာဝီပညာရှိသူ၊ ဣတ္ထိလိန်၌ ပတိဘိက္ခုရာဇီကာရန္တေဟိ ဣနီသုတ်အရ -ိကာရ န္တ ဖြစ်၍ ဣနီပစ္စည်းသက်လျှင် မေဓာဝိနီ (ပညာရှိသောမိန်းမ)ဟု ဖြစ်၏၊ နပုံလိန်၌ သုခကာရိကဲ့သို့ မေဓာဝိ (ပညာရှိသောအမျိုး)ဟု ဖြစ်၏။
အမှာ။ ။ အဿ အတ္ထိပုဒ် ကျေသောကြောင့် အဿ အတ္ထိတဒ္ဓိတ်ဟု ခေါ်သည်၊ သုတ်၌ အဿတ္ထိကို မှတ်၍ ဆိုထားသည်၊ “ယဿ အတ္ထိ ယသ္မိံ ဝိဇ္ဇတိ”ဟုလည်း ထိုက်သလို ဝိဂြိုဟ်ပြုနိုင်ပါ၏၊ “အဿ-ထိုသူအား” ဟု သမ္ပဒါန်သုံးရိုးရှိသည်ကား သမ္ပဒါန်ထုံးစံမကျ၊ အဿကို မေဓာတွင် စပ်၍ “ထိုသူ၏ပညာ”ဟု သမ္ဗန်အနက်သာ အဓိပ္ပာယ်ရသည်။
ရုပ်တွက်။ ။ မေဓာဝီကို “မေဓာ အဿ အတ္ထိ”တည်, တဒဿတ္ထီတိ ဝီ စသုတ်ဖြင့် မေဓာ နောင် ဝီပစ္စည်းသက်, ဝိဘတ်ချေ, တ, အတ္ထိပုဒ်ကို ချေ (မေဓာဝီ), နာမ်ငဲ့, သိချေ, ပြီး၏၊ (ဒဏ္ဍီကဲ့သို့ ရုပ်စဉ်။)
[အဿ၌ ပုဒ်ရင်းက (တ)ပုဒ်တည်း၊ သဝိဘတ်ချေလိုက်တဲ့အခါ (တ) ပြန်ဖြစ်သည်၊ ထို့ကြောင့် တ, အတ္ထိပုဒ်ကို ချေဟု ဆိုသည်။] မာယာ အဿ အတ္ထီတိ မာယာဝီ၊ မာယာရှိသူ (မာယာများသူ)။
စသဒ္ဒါအနက်။ ။ ရူပသိဒ္ဓိ၌ တဒဿတ္ထီတိ ဝီ စသုတ်လာ စသဒ္ဒါဖြင့် သ, ဣလ, ဝ, အာလ စသောပစ္စည်းများသက်၍ သုမေဓသော စသည်ဆိုသေး၏၊ သုမေဓသော-ကောင်းသော ပညာရှိသူ၊ ဇဋိလော-ဆံကျစ်ရှိ သော ရသေ့၊ ကေသဝေါ-ဆံပင်ရှိသူ (ဆံပင်ကောင်းသူ)၊ ဝါစာလောစကားရှိသူ (စကားများသူ)တို့ကား ပုံစံတည်း။
[ဆောင်] တဒဿတ္ထိ, စ အရှိဖြင့်, သ ဣလ ဝ, အာလ စသား, ပစ္စည်းများ, သက်ငြား ရူပသိဒ်။
အဿ- ထိုသူ၏၊ တံ- ထိုအရာသည်၊ အတ္ထိ- ရှိ၏၊ ဣတိ အတ္ထေ- ဤအနက်၌၊ တပါဒိတော- တပ အတူရှိသော သဒ္ဒါမှ(နောက်၌)၊ သီ- သီပစ္စည်းသည်၊ ဟောတိ- ဖြစ်၏။ တပဿီ, ယသဿီ စသည်တည်း။
၂၂။ တပေါ အဿ အတ္ထီတိ တပဿီ၊ အကျင့်ရှိသော ရသေ့၊ တပါ ဒိတော၌ အာဒိသဒ္ဒါဖြင့် တပနှင့်မနောဂိုဏ်းချင်းတူသော ယသ, တေဇ, မနစသည်ကိုယူ၊ ယသဿီ=အခြံအရံရှိသူ(အခြွေအရံများသူ)၊ တေဇဿီ= တန်ခိုးရှိသူ (အရှိန်ကြီးသူ)၊ မနဿီ=စိတ်ရှိသူ (စိတ်မြင့်မြတ်သူ)။
အမှာ။ ။ သက္ကတ၌ “တပသ်” စသည်ဖြင့် (သ်)ဆုံးလျက် ရှိသော ကြောင့် (သ်)လာ၍ တပဿီ, ယသဿီ, တေဇဿီ, မနဿီ စသည်ဖြင့် ရှိရသည်။
ရုပ်တွက်။ ။ တပဿီကို “တပေါ+အဿ+အတ္ထိ” တည်, တပါ ဒိတော သီသုတ်ဖြင့် တပေါနောင် သီပစ္စည်းသက်, ဝိဘတ်ချေ (တပသီ), သဒိသဒွေဘော် သ်လာ, နာမ်ငဲ့, သိသက်, ချေ, တပဿီ ပြီး၏၊ (ဒဏ္ဍီ ကဲ့သို့ ရုပ်စဉ်)၊ ဟယသဿီ စသည်၌လည်း “ယသော အဿ အတ္ထိ” စသည် တည်၍ ရုပ်တွက်။]
အဿ- ထိုသူ၏၊ တံ- ထို အရာသည်၊ အတ္ထိ- ရှိ၏၊ ဣတိ အတ္ထေ- ဤအနက်၌၊ ဒဏ္ဍာဒိ တော- ဒဏ္ဍ အတူရှိသော အဝဏ္ဏန္တမှနောက်၌၊ ဣကဤ- ဣက ပစ္စည်း, ဤပစ္စည်းတို့သည်၊ ဟောန္တိ- ကုန်၏။ ဒဏ္ဍိကော, ဒဏ္ဍီ စသည်တည်း။
၂၃။ ဒဏ္ဍော အဿ အတ္ထီတိ ဒဏ္ဍိကော, ဒဏ္ဍီ-တုတ်ရှိသူ၊ ဣတ္ထိလိန် ၌ ဒဏ္ဍိနီဟု ဖြစ်၏၊ ဒဏ္ဍာဒိတော၌ အာဒိသဒ္ဒါသည် “အတူ”ဟူသော အနက်ရှိ၏၊ ထို့ကြောင့် ဒဏ္ဍနှင့် အဝဏ္ဏန္တ (အ အာအဆုံးရှိ)ချင်းတူသော “ဟတ္ထော ယဿ အတ္ထီတိ ဟတ္ထိကော, ဟတ္ထီ၊ လက်ရှိသူ, နှာမောင်းတည်း ဟူသော လက်ရှိသောဆင်၊ မာလာ အဿ အတ္ထီတိ မာလိကော, မာလီ= ပန်းကုံးရှိသူ (ပန်းသည်)”စသော ပုဒ်များကို ယူ။
ရုပ်တွက်။ ။ ဒဏ္ဍိကောကို “ဒဏ္ဍော+အဿ+အတ္ထိ”တည်, ဒဏ္ဍာဒိ တော ဣကဤသုတ်ဖြင့် ဒဏ္ဍနောင် -ိ ကပစ္စည်းသက်, ဝိဘတ်ချေ, တအတ္ထိပုဒ်တို့ကို ချေ, ဏ္ဍ် ခွင်း, ချေ, ကပ် (ဒဏ္ဍိက), နာမ်ငဲ့, သိ ေ-ါ ပြု, ဒဏ္ဍိကော ပြီး၏။ [ဒဏ္ဍီ၌ -ီ ပစ္စည်းသက်, သိချေရုံသာ၊ ဟတ္ထိကော, မာလိကော စသည်၌လည်း နည်းတူ၊ ဉာဏီ-ဉာဏ်ရှိသူ၊ သံဃီ-သံဃာရှိ သော ဂိုဏ်းဆရာ, စသည်ဖြင့် ပေါများ၏။]
အဿ- ထိုသူ၏၊ တံ- ထိုအရာ သည်၊ အတ္ထိ- ရှိ၏၊ ဣတိ အတ္ထေ- ဤအနက်၌၊ မဓွာဒိတော- မဓုအတူရှိသော သဒ္ဒမှနောက်၌၊ ရော- ရပစ္စည်းသည်၊ ဟောတိ- ဖြစ်၏။ မဓုရော, ကုဉ္ဇရော စသည်တည်း။
၂၄။ မဓု အဿ အတ္ထီတိ မဓုရော၊ အဿ-ထိုတင်လဲ၏၊ မဓု-ချိုသော အရသာသည်၊ အတ္ထိ - ရှိ၏၊ ဣတိ - ထို့ကြောင့်၊ သော - ထို တင်လဲ (ထန်းလျက်) သည်၊ မဓုရော - မဓုရ မည်၏၊ ဣတ္ထိလိန်၌ “မဓု အဿာ အတ္ထီတိ မဓုရာ၊ ချိုသောအရသာရှိသော သကာ”၊ နပုံလိန်၌ “မဓုရံချိုသောအရသာရှိသော နို့ရည်”ဟု ဖြစ်၏။
ကုဉ္ဇရော။ ။ ကုဉ္ဇော အဿ အတ္ထီတိ ကုဉ္ဇရော၊ အဿ-ထိုဆင်၏၊ ကုဉ္ဇော-ရှည်သောမေးသည်၊ အတ္ထိ-ရှိ၏၊ ဣတိ-ထို့ကြောင့်၊ ကုဉ္ဇရောမည်၏၊ အဿ-ထိုသူ၏၊ မုခံ-ကြမ်းသောနှုတ်သည်၊ အတ္ထိ-ရှိ၏၊ မုခရောကြမ်းသောနှုတ်ရှိသူ၊ မုန်းစရာ စကားများသူ။
ရုပ်တွက်။ ။ မဓုရောကို “မဓု+အဿ+အတ္ထိ”တည်, မဓွာဒိတော ရောသုတ်ဖြင့် မဓုနောင် ရပစ္စည်းသက်, ဝိဘတ်, တ, အတ္ထိပုဒ်တို့ကို ချေ, နာမ်ငဲ့, သိ ေ-ါ ပြု, မဓုရော ပြီး၏။ [ကြွင်းသောရုပ်များ လွယ်ပြီ။]
အဿ- ထိုသူ၏၊ တံ- ထိုအရာ သည်၊ အတ္ထိ- ရှိ၏၊ ဣတိ အတ္ထေ- ဤအနက်၌၊ ဂုဏာဒိတော- ဂုဏ အတူရှိသောသဒ္ဒါမှ နောက်၌၊ ဝန္တု- ဝန္တုပစ္စည်းသည်၊ ဟောတိ- ဖြစ်၏။ ဂုဏဝါ, ဂဏဝါ စသည်တည်း။
၂၅။ ဂုဏော အဿ အတ္ထီတိ ဂုဏဝါ၊ ဂုဏ်ရှိသူ၊ ဂဏော အဿ အတ္ထီတိ ဂဏဝါ=ဂိုဏ်းရှိသောဆရာ၊ ကုလံ အဿ အတ္ထီတိ ကုလဝါ= အမျိုးကောင်းရှိသူ၊ ဣတ္ထိလိန်၌ ဂုဏဝန္တီ, ဂုဏဝတီ စသည် ဖြစ်ပုံကို နာမ်ပိုင်း နဒါဒိဂိုဏ်းကြည့်၍ သိလေ။
ရုပ်တွက်။ ။ ဂုဏဝါကို “ဂုဏော+အဿ+အတ္ထိ”တည်, ဂုဏာဒိတော ဝန္တု သုတ်ဖြင့် ဂုဏ နောင် ဝန္တု ပစ္စည်းသက်, ဝိဘတ်, တ, အတ္ထိပုဒ်တို့ကို ချေ (ဂုဏဝန္တု), နာမ်ငဲ့, သိသက်, အာ သိမှိသုတ်ဖြင့် သိဝိဘတ်နှင့်တကွ ဝန္တု ကို -ါ ပြု, ဝ် ခွင်း, ချေ, ကပ်, ဂုဏဝါ ပြီး၏။
အဿ- ထိုသူ၏၊ တံ- ထိုအရာသည်၊ အတ္ထိ- ရှိ၏၊ ဣတိ အတ္ထေ- ဤအနက်၌၊ သတျာဒီဟိ- သတိအတူ ရှိသောသဒ္ဒါတို့မှနောက်၌၊ မန္တု- မန္တုပစ္စည်းသည်၊ ဟောတိ- ဖြစ်၏။ သတိမာ, ဗန္ဓုမာ စသည်တည်း။
၂၆။ သတိ အဿ အတ္ထီတိ သတိမာ၊ သတိရှိသူ (သတိကောင်းသူ)၊ ဗန္ဓု အဿ အတ္ထီတိ ဗန္ဓုမာ=ဆွေမျိုးရှိသူ (ဆွေမျိုးကောင်းသူ)၊ ဂါဝေါ အဿ အတ္ထီတိ ဂေါမာ = နွားရှိသူ။
သတျာဒီဟိ ယောဂဝိဘာဂ။ ။ ရှေ့က “ဂုဏာဒိတော ဝန္တု”ဟု ဧကဝုစ် တောပစ္စည်းဖြင့် ဆို၍ နောက်၌ “သဒ္ဓါဒိတော ဏ”ဟု ဧကဝုစ် တောပစ္စည်းဖြင့် ဆိုပြန်၏၊ ဤအလယ်က “သတျာဒီဟိ မန္တု”သုတ်၌သာ ဗဟုဝုစ် ဟိဝိဘတ်ဖြင့် ဆိုပုံကို ထောက်လျှင် “သတျာဒီဟိ ဣမန္တု”ဟု ယောဂဝိဘာဂ ပြုစေလိုကြောင်း ထင်ရှားသတဲ့၊ ထို့ကြောင့် “သတျာဒီဟိ” ဟူသော ယောဂဝိဘာဂဖြင့် ဣမန္တုပစ္စည်းသက်၍ “စန္ဒိမာ-လဗိမာန်ရှိ သော နတ်သား (လနတ်သားရှိသောဗိမာန်)၊ ပါပိမာ-မကောင်းမှုရှိသူ၊ ပုတ္တိမာ-သား သမီးရှိသူ”စသော ပုံစံများ ဖြစ်၏။
ရုပ်တွက်။ ။ သတိမာကို “သတိ+အဿ+အတ္ထိ”တည်, သတျာဒီဟိ မန္တုသုတ်ဖြင့် သတိနောင် မန္တုပစ္စည်းသက်, ဝိဘတ်, တ, အတ္ထိပုဒ်တို့ကို ချေ (သတိမန္တု), နာမ်ငဲ့, သိဝိဘတ်နှင့်တကွ န္တုကို -ါ ပြု။
အဿ- ထိုသူ၏၊ တံ- ထိုအရာ သည်၊ အတ္ထိ- ရှိ၏၊ ဣတိ အတ္ထေ- ဤအနက်၌၊ သဒ္ဓါဓိတော- သဒ္ဓါအတူရှိသော သဒ္ဒါမှ နောက်၌၊ ဏ- ဏပစ္စည်းသည်၊ ဟောတိ- ဖြစ်၏။ သဒ္ဓေါ , ပညော စသည်တည်း။
၂၇။ သဒ္ဓါ အဿ အတ္ထီတိ သဒ္ဓေါ၊ သဒ္ဓါရှိသူ၊ ပညာ အဿ အတ္ထီတိ ပညော=ပညာရှိသူ။ [သတော၌ကား “သရတီတိ သတော”ဟု ကိတ်ပုဒ် ဖြစ်၏။]
သဒ္ဓေါ ကို “သဒ္ဓါ+အဿ+အတ္ထိ”တည်, သဒ္ဓါဒိတော ဏသုတ်ဖြင့် သဒ္ဓါနောင် ဏပစ္စည်းသက်, ဝိဘတ်, တ, အတ္ထိပုဒ်, ဏ်အနုဗန် ချေ, (သဒ္ဓါ ၊ ) ဒ္ဓ် ခွင်း, ချေ, ကပ်, နာမ်ငဲ့, သိ ေ-ါ ပြု, သဒ္ဓေါ ပြီး၏။
မန္တုမှိ- မန္တုပစ္စည်း ကြောင့်၊ အာယုဿ- အာယုသဒ္ဒါ၏၊ ဥကာရော- ဥအက္ခရာ သည်၊ အသ- အသ် အပြုသည်၊ ဟောတိ- ဖြစ်၏။ အာယသ္မာ ဟူသည်တည်း။
၂၈။ အသ်ဟု သီဟိုဠ် ရူပသိဒ္ဓိ၌ ရှိ၏၊ ထိုအလို သ၌ (အ)သရ မပါ, အသ ပြုလျှင် သ၏အစိတ် ၊ ကို ချေရမည်၊ ထိုသို့ ချေရန်ကိုလည်း နျာသ ရူပသိဒ္ဓိတို့ မပြကြသဖြင့် “အသ်”အပြုသာ သင့်ရာ၏၊ အာယု ယဿ အတ္ထီတိ အာယသ္မာ၊ အသက်ရှိသူ=အသက်ရှည်သူ၊ (ပညတ်နက် ကား “အရှင်”တည်း။)
ရုပ်တွက်။ ။ အာယသ္မာကို “အာယု+ယဿ+အတ္ထိ”တည်, သတျာ ဒီဟိ မန္တုသုတ်ဖြင့် မန္တုပစ္စည်းသက်, အာယုဿု.ကာရာ.သ မန္တုမှိသုတ် ဖြင့် အာယု၏ အစိတ် ု ကို အသ် ပြု (အာယသ် မန္တု), နယေ ပရံ ယုတ္တေသုတ်ဖြင့် သ် ကို မ သို့ ကပ် (အာယသ္မန္တု), နာမ်ငဲ့, သိဝိဘတ်နှင့် တကွ န္တု ကို -ါ ပြု, သ်္မ ခွင်း, ချေ, ကပ်, အာယသ္မာ ပြီး၏။
အဿတ္ထိအနက်များ ပဟူတေ စ ပသံသာယံ, နိန္ဒာယံ စာတိသယနေ၊
နိစ္စယောဂေ စ သံသဂ္ဂေ, ဟောန္တိ.မေ မန္တုအာဒယော။
ပဟူတေ စ -အများဟူသောအနက်၌လည်းကောင်း၊ ပသံသာယံချီးမွမ်းခြင်းအနက်၌လည်းကောင်း၊ နိန္ဒာယံ စ-ကဲ့ရဲ့ခြင်းအနက်၌လည်း ကောင်း၊ အတိသယနေ-အလွန်အကဲဟူသောအနက်၌လည်းကောင်း၊ နိစ္စ ယောဂေ စ-အမြဲယှဉ်ခြင်းအနက်၌လည်းကောင်း၊ သံသဂ္ဂေ-ရောနှောခြင်း အနက်၌လည်းကောင်း၊ ဣမေ မန္တုအာဒယော-ဤ မန္တု အစရှိသော ပစ္စည်းတို့သည်၊ ဟောန္တိ-ဖြစ်ကုန်၏။
အစဉ်အတိုင်းပုံစံကား … “ဂေါမာ- နွားအများရှိသူ၊ အာယသ္မာသက်တော်ရှည်သောအရှင်၊ ကကုဒါဝတ္တိနီ-နွားလဘို့ဗွေရှိသော အပျို (ထိုဗွေပါလျှင် အပြစ်ရှိသည်၊) ဗုဒ္ဓိမာ-ဉာဏ်ရှိသူ၊ သတိမာ-သတိရှိသူ၊ ဒဏ္ဍီ-တုတ်ရှိသူ။
ဤဂါထာကား …မောဂ္ဂလ္လာန်၌လာသော ဂါထာတည်း၊ ထိုကျမ်း၌ မန္တုပစ္စည်းကို စ၍ အဿတ္ထိအနက်၌ ပြသောကြောင့် “မန္တုအာဒယော” ဟု ဆိုသည်၊ အဿတ္ထိအနက်ရှိသော ဝီ စသောပစ္စည်းများလည်း ပဟူတ စသောအနက်တို့တွင် သင့်ရာအနက်၌ ဖြစ်ကြ၏။
ပကတိတဒ္ဓိတ်
တပ္ပကတိဝစနေ- ထိုဖြင့် ပြုအပ်၏ဟူသောအနက်ကို ဟောသည်ရှိသော်၊ မယော- မယ ပစ္စည်းသည်၊ ဟောတိ- ဖြစ်၏။ သုဝဏ္ဏမယော စသည်တည်း။
၂၉။ ပကရီယတီတိ ပကတိ၊ ပကရီယတိ-ပြုအပ်၏၊ ဣတိ-ကြောင့်၊ ပကတိ-ပကတိ မည်၏၊ တေန ပကတိ တပ္ပကတိ၊ တေန-ထိုရွှေ စသည်ဖြင့်ဟု အနက်ဆို၊ ဤဝစနတ္ထအရ တစ်စုံတစ်ခုဖြင့် ပြုအပ်သော ဝတ္ထုကို “ပကတိ”ဟု ခေါ်၏၊ ထိုအရာဝတ္ထုကို ဟောလိုလျှင် ပကတိ အနက်၌ မယပစ္စည်းသက်ဟု ဆိုလိုသည်၊ “ထိုဖြင့် ပြုအပ်”ဟု ဆိုလျှင် တစ်စုံတစ်ခုကြောင့် ဖြစ်သော အရာဝတ္ထုလည်း ရသင့်သောကြောင့် နိဗ္ဗတ္တ အနက်, နိပ္ဖန္နအနက်များ၌လည်း မယပစ္စည်း သက်သေး၏။
သုဝဏ္ဏေန ပကတော သုဝဏ္ဏမယော၊ သုဝဏ္ဏေန-ရွှေဖြင့်၊ ပကတော-ပြုအပ်သောရထားတည်း၊ သုဝဏ္ဏမယော-ရွှေဖြင့် ပြုလုပ်အပ်သောရထား၊ ရထားငဲ့၍ ပုံလိန်ချသည်၊ သုဝဏ္ဏေန ပကတာ သုဝဏ္ဏမယာ၊ ရွှေဖြင့် ပြုလုပ်အပ်သော၊ ဘာဇနဝိကတိ-အိုးခွက်အထူး၊ သုဝဏ္ဏေန ပကတံ သုဝဏ္ဏမယံ=ရွှေဖြင့် ပြုလုပ်အပ်သော၊ ဘာဇနံ-အိုးခွက်၊ ဤသို့ ၃ လိန် ရနိုင်၏၊ ကတော, ကတံ ဟူသော ပရိယာယ်ပုဒ်ဖြင့်လည်း လိန်အား လျော်စွာ ဝိဂြိုဟ်ပြုကောင်းသည်၊ ဣဒ္ဓိယာ-တန်ခိုးကြောင့်၊ နိဗ္ဗတ္တံဖြစ်သည်တည်း၊ ဣဒ္ဓိမယံ-တန်ခိုးကြောင့် ဖြစ်သည်၊ မနတော နိပ္ဖန္နံ မနောမယံ = စိတ်ကြောင့် ဖြစ်သည်။
ရုပ်တွက်။ ။ သုဝဏ္ဏမယောကို “သုဝဏ္ဏေန+ပကတော”တည်, တပ္ပကတိဝစနေ မယောသုတ်ဖြင့် သုဝဏ္ဏေန နောင် မယပစ္စည်း သက်, ဝိဘတ်, ပကတပုဒ်ကို ချေ (သုဝဏ္ဏမယ), နာမ်ငဲ့, သိ ေ-ါ ပြု, ပြီး၏။ [သု၌ ဥကို သြဝုဒ္ဓိ ပြု၍ “သောဝဏ္ဏမယော”ဟုလည်း ရှိ၏၊ ဣဒ္ဓိမယံကို “ဣဒ္ဓိယာ+နိဗ္ဗတ္တံ”တည်, နိဗ္ဗတ္တအနက်၌ မယပစ္စည်းသက်ဟု ဆို၊ “ဣဒ္ဓိမယ, ပတ္တစီဝရ” ဟူရာ၌ ကမ္မဇိဒ္ဓိကြောင့် ဖြစ်သော သပိတ် သင်္ကန်းကို “ဣဒ္ဓိမယ”ဟု ခေါ်သည်။]
မနောမယံ ကို “မနတော+နိပ္ဖန္နံ”တည်, တပ္ပကတိဝစနေ မယော သုတ်ဖြင့် မနတော နောင် နိပ္ဖန္နအနက်၌ မယပစ္စည်းသက်, ဝိဘတ်, နိပ္ဖန္နပုဒ်ကို ချေ (မနမယ), ဧတေသမော လောပေသုတ်ဖြင့် မန၏ အဆုံး ၊ ကို ေ-ါ ပြု, နာမ်ငဲ့, သိ -ံ ပြု, မနောမယံ ပြီး၏။ [ယောဂဝိဘာဂဖြင့် သက်ရသော ရုပ်များကို ရူပသိဒ္ဓိမှာ ရှု။]
ပကတိတဒ္ဓိတ်ပြီးပြီ။
သင်္ချာပူရဏေ- သင်္ချာ၏ ပြည့်ကြောင်းအနက်၌၊ မော- မပစ္စည်းသည်၊ ဟောတိ- ဖြစ်၏။ ပဉ္စမော, သတ္တမော စသည်တည်း။
၃၀ ။ ပူရယတိ အနေနာတိ ပူရဏော၊ သင်္ချာယ ပူရဏော သင်္ချာ ပူရဏော၊ အနေန-ဤအနက်ဖြင့်၊ ပူရယတိ-ပြည့်၏၊ ဣတိ-ထိုသို့ ပြည့် ကြောင်း၏အဖြစ်ကြောင့်၊ သော-ထိုအနက်သည်၊ ပူရဏော-ပူရဏမည်၏၊ သင်္ချာယ-သင်္ချာ၏၊ ပူရဏော-ပြည့်ကြောင်းတည်း၊ သင်္ချာပူရဏောသင်္ချာ၏ပြည့်ကြောင်း၊ ၄ ခုပြီးတဲ့အခါ ၅ ခုပြည့်ဖို့ရန် တစ်ခုထပ်၍ ထည့်ရသည်၊ ထို နောက်ထပ် ထည့်အပ်သော တစ်ခုသည် “ပဉ္စမ-၅ ခုမြောက် တစ်ခု” မည်၏၊ ထို့အတူ ၇ ခုမြောက် တစ်ခု, ၈ ခုမြောက် တစ်ခု, စသည်ဖြင့် တစ်ခု တစ်ခုကိုသာ ပူရဏအနက်ဟု မှတ်။
ပုံစံ။ ။ ပဉ္စန္နံ-ငါးခုတို့၏၊ ပူရဏော-ပြည့်ကြောင်းတည်း၊ ပဉ္စမောငါးခုတို့၏ပြည့်ကြောင်း၊ ဝါ-ငါးခုမြောက်၊ သတ္တန္နံ ပူရဏော သတ္တမောခုနစ်ခုမြောက်၊ အဋ္ဌမော-ရှစ်ခုမြောက်၊ နဝမော-ကိုးခုမြောက်၊ ဒသမောဆယ်ခုမြောက်, စသည်ဖြင့် သိလေ။
အမှာ။ ။ ၂-၃-၄-၆ ခုမြောက်ဆိုင်ရာရုပ်များကား တစ်မျိုးလာလတ္တံ့၊ ရှေးဦးအစ “၁”ကို ပဌမဟု ခေါ်၏၊ ဥဏာဒ် ပုထဿ ပုထု ပဌမော ဝါ သုတ်၌ ပြခဲ့ပြီ၊ “ပဌမော-တစ်ခုမြောက်”ဟု မဆိုနှင့်, မြောက်ဖို့ရာ “အောက်ခံ” မရှိသေး၊ “ပဌမော-ရှေ့၊ အစ”ဟုသာ ဆို။
ရုပ်တွက်။ ။ ပဉ္စမောကို “ပဉ္စန္နံ+ပူရဏော”တည်, သင်္ချာပူရဏေ မောသုတ်ဖြင့် ပဉ္စန္နံနောင် မပစ္စည်းသက်, ဝိဘတ်, ပူရဏပုဒ်တို့ကို ချေ, (ပဉ္စမ), နာမ်ငဲ့, သိ ေ-ါ ပြု, ပဉ္စမော ပြီး၏။ [ပဉ္စမီ-ငါးခုတို့၏ ပြည့်ကြောင်းဖြစ်သော၊ ဝါ-ငါးခုမြောက်ဖြစ်သော၊ ပါရမီ-ပါရမီတရား၊ ပဉ္စမံ-ငါးခု မြောက်ဖြစ်သော၊ စိတ္တံ-စိတ်၊ ဤသို့ ၃ လိန်ရကောင်း၏၊ သတ္တမာ သတ္တမီ သတ္တမံ စသည်၌လည်း နည်းတူ။
သင်္ချာနေ- သင်္ချာအရာ၌၊ ဆဿ- ဆ၏၊ သ- သအပြုသည်၊ ဝါ- ဝိကပ်အားဖြင့်၊ ဟောတိ- ဖြစ်၏။ သာဟံ, ဆာဟံ, သဠာယတနံ စသည်တည်း။
၃၁။ ဆ အဟာနိ သာဟံ, ဆာဟံ၊ ဆ-ခြောက်ခုကုန်သော၊ အဟာနိရက်တို့တည်း၊ သာဟံ, ဆာဟံ၊ ၆ ရက်၊ ဆ အာယတနာနိ သဠာယတနံ= ၆ ပါးသော အာယတန။
ရုပ်တွက်။ ။ သာဟံကို “ဆာဟံ”တည်, သ ဆဿ ဝါသုတ်ဖြင့် ဆကို သပြု, သာဟံ ပြီး၏။ [သမာသ်ရုပ်အကျယ်ကို သမာဟာရဒိဂု ထုံးစံအတိုင်း တွက်၊ ဆာဟံ၌ ဝါသဒ္ဒါကြောင့် သ မပြုရ။] သဠာယတနံကို ဆအာယတနံတည်, သ ဆဿ ဝါသုတ်ဖြင့် ဆကို သပြု, ယဝမဒနတရ လာစာဂမာသုတ်ဖြင့် ဠ်လာ, သဠာယတနံ ပြီး၏။
သင်္ချာပူရဏေ- သင်္ချာ၏ ပြည့်ကြောင်းအနက်၌၊ ဧကာဒိတော- ဧက အစရှိသော သဒ္ဒါမှ၊ ပရဿ- သော၊ ဒသဿ- ဒသသဒ္ဒါ၏၊ အန္တေ- အဆုံး၌၊ ဤ- ဤ ပစ္စည်းသည်၊ ဟောတိ- ဖြစ်၏။ ဧကာဒသီ စသည်တည်း။
၃၂။ ဧကာဒသန္နံ၊ တစ်ဆယ့်တစ်ယောက်တို့၏၊ ပူရဏီ-ပြည့်ကြောင်း မိန်းမတည်း၊ ဧကာဒသီ-၁၁ ယောက်တို့၏ပြည့်ကြောင်းမိန်းမ၊ ဤသုတ်က -ီ ပစ္စည်းဆုံးသောပုဒ်များသည် ဣတ္ထိလိန်သာတည်း, နဒါဒိရုပ်စဉ်။
ရုပ်တွက်။ ။ ဧကာဒသီကို “ဧကာဒသန္နံ+ပူရဏီ”တည်, ဧကာဒိတော ဒသဿီသုတ်ဖြင့် ဒသသဒ္ဒါ၏အဆုံး၌ -ီ ပစ္စည်းသက်, ဝိဘတ်, ပူရဏီ ပုဒ်တို့ကို ချေ, သ် ခွင်း, ချေ, ကပ် (ဧကာဒသီ), နာမ်ငဲ့, သိသက်, ချေ, ဧကာဒသီ ပြီး၏။
ဒွါဒသန္နံ ပူရဏီ ဒွါဒသီ-၁၂ ယောက်မြောက်မိန်းမ၊ တေရသန္နံ ပူရဏီ တေရသီ-၁၃ ယောက်မြောက်မိန်းမ၊ စတုဒ္ဒသီ-၁၄ ယောက်မြောက်မိန်းမ၊ ဟဒ် ဒွေဘော်လာ, တေသု ဝုဒ္ဓိသုတ်ကြီးဖြင့် စ၏အစိတ် ၊ ကို -ါ ဝုဒ္ဓိပြုလျှင် စာတုဒ္ဒသီ (၁၄ ရက်မြောက် ပဝါရဏာ စသည်) ဖြစ်၏၊ စတုဒ္ဒသနောင် ပူရဏအနက်၌ ယဒနုပပန္နာ နိပါတနာ သိဇ္ဈန္တိသုတ်ကြီးဖြင့် (အ)ပစ္စည်း သက်လျှင် “စာတုဒ္ဒသော-၁၄ ရက်မြောက် ဥပုသ်နေ့”ဟု ဖြစ်၏။]
ဒသေ- ဒသ သဒ္ဒါကြောင့်၊ ဆဿ- ဆ သင်္ချာသဒ္ဒါ၏၊ နိစ္စဉ္စ- အမြဲသာလျှင်၊ သော- သော အပြုသည်၊ ဟောတိ- ဖြစ်၏။ သောဠသ ဟူသည်တည်း။
၃၃။ ဆ စ ဒသ စ သောဋ္ဌသ၊ ဆ စ-၆ ခုတို့လည်း၊ ဒသ စ-ဆယ်ခု တို့လည်း၊ သောဠသ-တစ်ဆယ့်ခြောက်ခုတို့ (ဒွန်သမာသ်)။
သောဋ္ဌသ ကို “ဆ စ ဒသ စ”ဟု သမာသ်ဝါကျတည်, နာမာနံ သမုစ္စယော ဒွန္ဒောသုတ်ဖြင့် ဆနှင့်ဒသကို သမာသ်စပ်၍ ဒွန်အမည်မှည့်, သမာသ်အမည်မှည့်, (ဝိဘတ်ချေစရာ မရှိ၊) ဝုတ္တတ္ထာနမပ္ပယောဂေါ ဟူသော ပရိဘာသာအရ စ ၂ လုံးကို ချေ, ပကတိ စဿ သရ န္တဿသုတ် ဖြင့် ဆ+ဒသဟု ပကတိပြု, ဒသေ သော နိစ္စဉ္စသုတ်ဖြင့် ဆကို သောပြု, လဒရာနံသုတ်ဖြင့် ဒကို ဠပြု (သောဠသ), နာမ်ငဲ့, ယောသက်, ပဉ္စာဒီန မကာရောသုတ်ဖြင့် ဝိဘတ်နှင့်တကွ (အ)ကို (အ)ထပ်ပြု, သောဠသ ပြီး၏။ [နောက်၌ သမာသ်ရုပ်မတွက်ဘဲ ဆိုင်ရာအစီအရင်ကိုသာပြမည်၊၊]
အန္တေ- သင်္ချာသဒ္ဒါတို့၏အဆုံး၌၊ နိဂ္ဂဟီတဉ္စ- နိဂ္ဂဟိတ်လာသည်လည်း၊ ဟောတိ- ဖြစ်၏။ စာတုဒ္ဒသိံ , ပဉ္စဒသိံ ဟူသည်တည်း။
၃၄။ သန္ဓိ, အာချာတ်တို့၌လည်း နိဂ္ဂဟီတဉ္စသုတ် ရှိခဲ့၏၊ သန္ဓိ “နိဂ္ဂဟီတဉ္စ”ကား သရဖြစ်စေ, ဗျည်းဖြစ်စေ နိမိတ်တစ်ခုခုနှောင်းရာ၌ နိဂ္ဂဟိတ်လာ၏၊ အာချာတ်“နိဂ္ဂဟီတဉ္စ”သည် အဗ္ဘာသ၏ အဆုံး၌လာ၏၊ ဤ“နိဂ္ဂဟီတဉ္စ”သုတ်ကား သင်္ချာသဒ္ဒါ၏အဆုံး၌ နိဂ္ဂဟိတ်လာသည်၊ ဤသို့ လာပုံ ကွဲပြားသဖြင့် “နိဂ္ဂဟီတဉ္စ” ၃ သုတ် ပြထားသည်၊ သို့သော် ရူပသိဒ္ဓိ၌ ဤသုတ်မရှိ၊ စာတုဒ္ဒသိံ, ပဉ္စဒသိံ၌ နိဂ္ဂဟိတ်များလည်း အစ္စန္တ သံယောဂအနက်၌ သက်သော ဒုတိယာဝိဘတ်သာတည်းဟု သဒ္ဒနီတိ မိန့်ဆိုသည်။
ရုပ်တွက်။ ။ -ိစာတုဒ္ဒသိံကို စာတုဒ္ဒသီတည်, ကွစာဒိမဇ္ဈတ္တရာနံ စသော သုတ်ဖြင့် -ီ ကို -ိ ရဿပြု, နိဂ္ဂဟီတဉ္စသုတ်ဖြင့် နိဂ္ဂဟိတ်လာ, စာတုဒ္ဒသိံ ပြီး၏။ [ပဉ္စဒသိံ၌လည်း နည်းတူ၊ နိဂ္ဂဟီတဉ္စ၌ စသဒ္ဒါက အချို့အရာ၌ မလာဖို့ရန် တားမြစ်သောကြောင့် စာတုဒ္ဒသီ, ပဉ္စဒသီဟု ဧကာဒိတော ဒသဿီသုတ်က ရုပ်အတိုင်းလည်း ရှိ၏။]
သင်္ချာနံ- သင်္ချာသဒ္ဒါတို့၏၊ အန္တေ- အဆုံး၌၊ တိ စ- တိအက္ခရာလာသည်လည်း၊ ဟောတိ- ဖြစ်၏။ ဝီသတိ, တိံသတိ ဟူသည်တည်း။
၃၅။ “တိ”လာဟု ဆိုသော်လည်း ဝီသ, တိံသ နောင်သာ လာသည်၊ ဝီသတိ-နှစ်ဆယ်၊ တိံသတိ-သုံးဆယ်။… ဝီသတိကို “ဝီသံ”တည်, တိ စ သုတ်ဖြင့် ဝီသံနောင် တိလာ, ဗျဉ္ဇနေ စသုတ်ဖြင့် နိဂ္ဂဟိတ်ကို ချေ, နာမ်ငဲ့, သိသက်, ချေ, ဝီသတိ ပြီး၏။
“ဝီသတျာဒိ, နဝုတိ, ဣတ္ထိဧကဝုစ်”ဟု ဆိုသောကြောင့် “ဝီသတိ, ဝီသတိံ, (တတိယာ စတုတ္ထီ ပဉ္စမီ ဆဋ္ဌီ၌) ဝီသတိယာ, (သတ္တမီ၌) ဝီသတိယာ, ဝီသတိယံ”ဟု ဖြစ်၏။ [ဒုတိယာ အံဝိဘတ်ဖြင့် “ဝီသတိ”ဟု လည်း အချို့စာရှိ၏၊ တိံသတိ၌လည်း “တိံသံ”တည်၍ ရုပ်တွက်လေ။]
သင်္ချာနံ- သင်္ချာဖြစ်ကုန်သော၊ ဒရာနံ- ဒအက္ခရာ, ရအက္ခရာတို့၏၊ လ- လအပြုသည်၊ ဝါ- ပိုင်းခြား မှတ်သားသောအားဖြင့်၊ ဟောတိ- ဖြစ်၏။ သောဠသ, စတ္တာလီသံ စသည်တည်း။
၃၆။ သ ဆဿ ဝါသုတ်မှ လိုက်လာသော ဝါသဒ္ဒါသည် ၀၀တ္ထိတ ဝိဘာသာ အနက်ရှိသောကြောင့် သောဠသ၌ (နိစ္စဝိဓိ) အမြဲ လ ပြု၊ စတ္တာလီသ, တေလသ တို့၌ စတ္တာရီသ, တေရသဟုလည်း ရှိသောကြောင့် (အနိစ္စဝိဓိ) လ အပြု မမြဲ, စုဒ္ဒသ, ပန္နရသ စသည်တို့၌ (အသန္တဝိဓိ) လ အပြု မရှိဟု ပိုင်းခြားပေး၏။
[ဆောင်] လ ဒရာရှု, ဝါလိုက်မှုကြောင့်, ဠပြုနိစ္စ, သောဠသတည်း၊ အနိစ္စမှာ, စတ္တာလီသ, တေရသနှင့်၊ အသန္တမူ, မှတ်ယူ စုဒ္ဒသ်, ပန္နရသ်, ပိုင်းဖြတ် ရူပသိဒ်။
သောဠသ ကို “သောဒသ”တည်, လ ဒရာနံသုတ်ဖြင့် ဒကို ဠပြု, သောဠသ ပြီး၏၊ [ဆ စ ဒသ စ ဟု အရင်းကစ၍ တွက်လိုကလည်း တွက်လေ။] စတ္တာလီသံ၊ ၄၀၊ စတ္တာရီသံ တည်၍ ရ ကို လ ပြု၊ တေလသ= တစ်ဆယ့်သုံးခုတို့၊ တေရသ တည်၍ ရ ကို လ ပြု၊ [“အဍ္ဎတေလသေဟိ ဘိက္ခုသတေဟိ”ဟုပါဠိ ရှိ၏၊ “လ ဠာနံ-လငယ် ဠကြီးတို့၏၊ အဝိသေ သော-အထူးမမှတ်အပ်”ဟုဆိုသောကြောင့် လ-ဠ သင့်ရာပြုနိုင်သည်။]
ဝီသတိဒသေသုတု- ဝီသတိသဒ္ဒါ, ဒသသဒ္ဒါတို့ကြောင့်လည်း၊ ဒွိဿ- ဒွိသဒ္ဒါ၏၊ ဗာ- ဗာ အပြုသည်၊ ဟောတိ- ဖြစ်၏။ ဗာဝီသတိ, ဗာရသ ဟူသည် တည်း။ တုသဒ္ဒါဖြင့် တိံသသဒ္ဒါကြောင့် ဗာ အပြုကို ဆည်း၍ ဗာတ္တိံသ ဟုလည်း ဖြစ်သေး၏။
၃၇။ ဗာဝီသတိ-နှစ်ဆယ့်နှစ်၊ ဗာရသ-၁၂ တို့၊ ဗာတ္တိံသ-၃၂၊ ဤ ဗာဝီသတိ စသည်တို့ကား သမာသ်ပုဒ်များတည်း၊ “ဒွေ စ ဝီသတိ စ ဗာဝီသတိ, ဒွေ စ ဒသ စ ဗာရသ, ဒွေ စ တိံသ စ ဗာတ္တိံသ”ဟု ဒွန် သမာသ်သော်လည်းကောင်း, “ဒွီဟိ အဓိကာ တိံသ ဗာတ္တိံသ”ဟု အဓိက အလယ်ပုဒ်ကျေသော မဇ္ဈေလောပီ တပ္ပုရိသ်သော်လည်းကောင်း ပြုလေ၊ ဒွေ စ-၂ ခုတို့လည်း၊ ဝီသတိ စ-၂၀ လည်း၊ ဗာဝီသတိ-၂၂၊ ဒွီဟိ-၂ ခု တို့ဖြင့်၊ အဓိကာ-လွန်သော၊ ဝီသတိ-၂၀ တည်း၊ ဗာဝီသတိ-၂၂။
ရုပ်တွက်။ ။ ဗာဝီသတိကို “ဒွိ+ဝီသတိ”တည်, ဝီသတိဒသေသု ဗာ ဒွိဿ တုသုတ်ဖြင့် ဒွိကို ဗာ ပြု, ဗာဝီသတိ ပြီး၏။ [ဗာရသကို “ဒွိ+ဒသ” တည်၊ ဗာတ္တိံသကို “ဒွိ+တိံသ”တည်၊ တ် ဒွေဘော်လာ။]
အမှာ။ ။ ကစ္စည်းဝုတ္တိ၌ တုသဒ္ဒါကို ဗာနောင် ထိုင်စေ၍ “ဗာ တုဗာ အပြုသည်လည်း”ဟု ဆို၏၊ ထို တုသဒ္ဒါဖြင့် “ဒု-ဒိ-ဒေါ” ပြု၍ ဒုရတ္တံ, ဒိရတ္တံ, ဒိဂုဏံ, ဒေါဟဠိနီ ပုံစံများ ဖြစ်သေးသတဲ့။
သင်္ချာနေ- သင်္ချာ သဒ္ဒါကြောင့်၊ ဧကာဒိတော- ဟက အစရှိသောသဒ္ဒါမှ၊ ပရဿ- နောက်ဖြစ်သော၊ ဒသ- ဒသသဒ္ဒါ၏၊ ရ- ရ အပြုသည်၊ ဟောတိ- ဖြစ်၏။ ဧကာရသ, ဗာရသ, တေရသ ဟူသည်တည်း။
၃၈။ ဧကာဒိတော၌ အာဒိသဒ္ဒါဖြင့် ဗာရသ, တေရသတို့၌ ဗာ, တေ သဒ္ဒါတို့ကိုသာ ယူရမည်ဟု ဆိုသည်၊ “ဒသဿ”ဟု ဆိုလိုလျက် ဆဋ္ဌီ သ ကို ချေ၍ “ဒသ”ဟု ဆိုထားသည်။
သင်္ချာနေ။ ။ အရေအတွက်သင်္ချာဟောသဒ္ဒါကို သင်္ချာနသဒ္ဒါဟု လည်းကောင်း, ရေတွက်အပ်သော အရာဝတ္ထုဟောသဒ္ဒါကို သင်္ချေယျသဒ္ဒါ ဟုလည်းကောင်း ခေါ်၏၊ “ဧကာဒသ, ဧကာရသ-တစ်ဆယ့်တစ်ခုတို့” ဟူရာ၌ ဒသသည် သင်္ချာနသဒ္ဒါတည်း၊ “ဧကာဒသ-ကာမတစ်ဆယ့်တစ် ဘုံတို့”ဟူရာ၌ “ဒသ”ကား ရေတွက်အပ်သောဘုံကို ဟောသည့် သင်္ချေယျ သဒ္ဒါတည်း၊ ထို၂ မျိုးတွင် သင်္ချာနဖြစ်သော “ဒသ”နှောင်းမှသာ ဧက စသည်နောင် ဒသ၏ ဒ ကို ရ ပြုရသည်၊ သင်္ချေယျ “ဒသ” နှောင်းလျှင် ကား မပြုရ၊ ဧကာရသ-၁၁ တို့၊ ဗာရသ-၁၂ တို့၊ တေရသ-၁၃ တို့။
ရုပ်တွက်။ ။ ဧကာရသကို “ဧကာဒသ”တည်, ဧကာဒိတော ဒသ ရ သင်္ချာနေသုတ်ဖြင့် ဧကနောင် ဒ ကို ရ ပြု, ဧကာရသ ပြီး၏၊ ဗာဒသ, တေဒသ တည်၍ ဗာရသ, တေရသတို့ကို တွက်လေ။ [အကျယ်ကို “ဧကော စ ဒသ စ”ဟု ချီ၍ တွက်လေ။]
သင်္ချာနေ- သင်္ချာသဒ္ဒါကြောင့်၊ အဋ္ဌာဒိတော စ- အဋ္ဌ အစရှိသောသဒ္ဒါမှလည်း၊ ပရဿ- နောက် ဖြစ်သော၊ ဒသ- ဒသသဒ္ဒါ၏၊ ရ- ရအပြုသည်၊ ဟောတိ- ၏။ အဋ္ဌာရသ, သတ္တရသ, ပန္နရသ ဟူသည်တည်း။
၃၉။ ဤအဋ္ဌာဒိတော စသုတ်မရှိလျှင် ဧကာဒိတော၌ အာဒိသဒ္ဒါဖြင့် အဋ္ဌတိုင်အောင်ယူနိုင်စရာရှိ၏၊ သို့ပါလျက် ဘာ့ကြောင့် ဤသုတ်ကို ဆိုရ သနည်းဟု စဉ်းစားဖွယ်ရှိသည်၊ ဧကာဒိတော ဒသ ရ သင်္ချာနေသုတ်အရ “ဧကာရသ, ဗာရသ, တေရသ”ဟု ဖြစ်ပြီးနောက် စုဒ္ဒသ၌ ရ ပြုခွင့်မရှိ၊ အဋ္ဌာဒိတော စသုတ် မရှိလျှင် ဧကာဒိတော၌ အာဒိဖြင့် အဋ္ဌတိုင်အောင် ယူ၍ စုဒ္ဒသ, သောဠသတို့၌ “စုရသ, သောရသ”ဟု စီရင်သွားလိမ့်မည်၊ ထို ၁၄-၁၆ သင်္ချာတို့၌ ရ အပြု မရှိ”ဟု နောက်ပိုင်းက ထပ်၍ အုပ်ဖို့ရန် တစ်သုတ် တည်ရပြန်သတဲ့။
ထို့ပြင်- အဋ္ဌာဒိတော၌ အာဒိသဒ္ဒါဖြင့် အထက်သို့ တက်ယူဖို့ရာ ဒသနှင့်ဆိုင်သောသင်္ချာ မရှိ၊ ၁၉ ဆိုလျှင် “ဧကူနဝီသတိ”ဟု သင်္ချာ ပြောင်းသွားပြီ၊ ထို့ကြောင့် အဋ္ဌာဒိတော၌ အာဒိဖြင့် အောက်ပိုင်းက သတ္တရသ (၁၇ တို့) ပန္နရသ (၁၅ တို့)ဟူသော သင်္ချာကိုသာ ယူရမည်တဲ့၊ (အလွန်ဆန်းသောသုတ်တည်း။)
ရုပ်တွက်။ ။ အဋ္ဌာရသကို “အဋ္ဌာဒသ”တည်, အဋ္ဌာဒိတော စ သုတ်ဖြင့် အဋ္ဌနောင် ဒကို ရ ပြု, အဋ္ဌာရသ ပြီး၏။ [သတ္တဒသ, ပန္နဒသ တည်၍ သတ္တရသ, ပန္နရသ တို့ကိုလည်း ရုပ်တွက်လေ။]
သင်္ချာနေ- သင်္ချာသဒ္ဒါ ကြောင့်၊ ဒွေ.က.ဋ္ဌာနံ- ဒွိ, ဧက, အဋ္ဌသဒ္ဒါတို့၏၊ အန္တော- အဆုံး သရသည်၊ ဝါ- ပိုင်းခြားမှတ်သားသောအားဖြင့်၊ အာကာရော- အာအပြုသည်၊ ဟောတိ- ဖြစ်၏။ ဒွါဒသ, ဧကာဒသ, အဋ္ဌာဒသ စသည်တည်း။
၄၀။ နောက်က သင်္ချာသဒ္ဒါကြောင့် ဒွိ၏အဆုံး -ိ နှင့် ဧက အဋ္ဌတို့၏ အဆုံး ၊ ကို -ါ ပြုသောသုတ်တည်း။
ဒွါဒသကို “ဒွိဒသ”တည်, ဒွေ.ကဋ္ဌာန.မာကာရော ဝါသုတ်ဖြင့် ဒွိ၏ အဆုံး -ိ ကို -ါ ပြု, ဒွါဒသ ပြီး၏။ [ဧကဒသ, အဋ္ဌဒသ တည်၍ ဧကာဒသ, အဋ္ဌာဒသတို့ကို တွက်။] ဤသုတ်လာ ဝါသဒ္ဒါ၏ သတ်မှတ်ပုံ ကို ရူပသိဒ္ဓိမှာ ရှု။ ။
သင်္ချာပူရဏေ- သင်္ချာ၏ ပြည့်ကြောင်းအနက်၌၊ စတုဆေဟိ- စတုသဒ္ဒါ, ဆသဒ္ဒါတို့မှ နောက်၌၊ ထဌာ- ထ ပစ္စည်း, ဌ ပစ္စည်းတို့သည်၊ ဟောန္တိ- ဖြစ်ကုန်၏။ စတုတ္ထော , ဆဋ္ဌော ဟူသည်တည်း။
၄၁။ စတုန္နံ-လေးခုတို့၏၊ ပူရဏော-ပြည့်ကြောင်းတည်း၊ စတုတ္ထောလေးခုတို့၏ပြည့်ကြောင်း၊ ၄ ခုမြောက်၊ ဆန္နံ ပူရဏော ဆဋ္ဌော=၆ ခုတို့၏ ပြည်ကြောင်း=၆ ခုမြောက်၊ ဣတ္ထိလိန်၌ စတုတ္ထီ ဆဋ္ဌီဟု -ီ ပစ္စည်းသက်၍ ပြီး၏၊ နပုံလိန်၌ စတုတ္ထံ, ဆဋ္ဌံ ဟု ဖြစ်၏။
ရုပ်တွက်။ ။ စတုတ္ထောကို “စတုန္နံ+ပူရဏော”တည်, စတုဆေဟိ ထဌာ သုတ်ဖြင့် စတုန္နံ နောင် ထပစ္စည်းသက်, တေသံ ဝိဘတ္တိယော လောပါ စသုတ်၌ တေသံသဒ္ဒါဖြင့် တဒ္ဓိတ်၏ဝိဘတ်တို့ကိုချေ, ဝုတ္တတ္ထာန မပ္ပယောဂေါဟူသော ပရိဘာသာအရ ပူရဏပုဒ်ကို ချေ (စတုထ), အသဒိသဒွေဘော် တ် လာ, နာမ်ငဲ့, သိ ေ-ါ ပြု, စတုတ္ထော ပြီး၏။
အမှာ။ ။ ဆဋ္ဌော၌လည်း “ဆန္နံ+ပူရဏော”တည်, (ဆဌ)ဟု ဖြစ်ပြီး နောက် အသဒိသဒွေဘော် ဋ် လာ၍ ဆဋ္ဌဟု ဖြစ်သည်၊ “စတု ဆနှင့်, သန္တကို ပြု, သဗျည်းစုနောက်, ဒွေးဘော်ရောက်၏”ဟူသည်ကို သတိပြု၊ ဆဋ္ဌပုဒ်နောင် သင်္ချာပူရဏေ မောသုတ်၌ “မော”ဟူသော ယောဂဝိဘာဂ ဖြင့် သကတ္ထ၌ မ ပစ္စည်းသက်၍ ဆဋ္ဌမော, ဆဋ္ဌမီဟု ရုပ်ဖြစ်၏။ [မောဂ္ဂလ္လာန်၌ကား ဆ နောင် ဌ ပစ္စည်း, ဌမ ပစ္စည်း သက်သည်။]
သင်္ချာပူရဏေ- သင်္ချာ၏ ပြည့်ကြောင်းအနက်၌၊ ဒွိတိဟိ- ဒွိသဒ္ဒါ, တိသဒ္ဒါတို့မှနောက်၌၊ တိယော- တိယ ပစ္စည်းသည်၊ ဟောတိ- ဖြစ်၏။ ဒုတိယော, တတိယော ဟူသည်တည်း။
၄၂။ ဒွိန္နံ ပူရဏော ဒုတိယော၊ ၂ ခုတို့၏ပြည့်ကြောင်း=၂ ခုမြောက်၊ တိဏ္ဏံ ပူရဏော တတိယော = ၃ ခုတို့၏ ပြည့်ကြောင်း = ၃ ခုမြောက်၊ ဣတ္ထိလိန်၌ ဒုတိယာ, တတိယာ၊ နပုံလိန်၌ ဒုတိယံ, တတိယံဟု ဖြစ်၏။ [“ဒုတီယ, တတီယ” မူကွဲရှိပုံကို ရူပသိဒ္ဓိဘာသာဋီကာမှာ ရှု။]
တိယေ- တိယ ပစ္စည်းကြောင့်၊ ဒွိတီနံ- ဒွိသဒ္ဒါ, တိသဒ္ဒါတို့၏၊ ဒုတာပိ စ- ဒုအပြု, တအပြုတို့သည် လည်း၊ ဟောန္တိ- ကုန်၏။ ဒုတိယော, တတိယော ဟူသည်တည်း။
၄၃။ ဒုတိယောကို “ဒွိန္နံ+ပူရဏော”တည်, ဒွိတိဟိ တိယောသုတ်ဖြင့် ဒွိန္နံနောင် တိယပစ္စည်းသက်, ဝိဘတ်, ပူရဏောပုဒ်တို့ကို ချေ (ဒွိတိယ), တိယေ ဒုတာပိ စသုတ်ဖြင့် ဒွိကို ဒုပြု, (ဒုတိယ) နာမ်ငဲ့, သိ ေ-ါ ပြု, ဒုတိယော ပြီး၏။ [တတိယောကို “တိဏ္ဏံ+ပူရဏော”တည်, တိယပစ္စည်း သက်, ဆိုင်ရာ ချေ, “တတိယ” အပြီးတွင် ဤသုတ်ဖြင့် တိ ကို ထ ပြု, နာမ်ငဲ့ စသည်။]
တေသံ- ထိုစတုတ္ထ, ဒုတိယ, တတိယသဒ္ဒါတို့၏၊ အဍ္ဎပပဒေန- အဍ္ဎဟူသော ရှေ့အနီးပုဒ်နှင့်တကွ၊ အဍ္ဎဍ္ဎဒိဝဍ္ဎဒိယဍ္ဎ.ဍ္ဎတိယာ- အဍ္ဎဍ္ဎအပြု, ဒိဝဍ္ဎအပြု, ဒိယဍ္ဎအပြု, အဍ္ဎတိယအပြုတို့သည်၊ ဟောန္တိ- ဖြစ်ကုန်၏။ အဍ္ဎဍ္ဎော, ဒိဝဍ္ဎော, ဒိယဍ္ဎော, အဍ္ဎတိယာ ဟူသည်တည်း။
၄၄။ စတုဆေဟိ ထဌာ, ဒွိတိဟိ တိယောဟူသော သုတ်တို့ဖြင့် စတု ဒွိ တိ တို့ကို ဆိုခဲ့ခြင်းကြောင့် ထိုအစဉ်ကို ကြည့်၍ “တေသံ-ထိုစတုတ္ထ ဒုတိယ တတိယသဒ္ဒါတို့၏”ဟုအနက်ဆိုရသည်၊ အဍ္ဎံ စတုတ္ထံ ယဿာတိ အဍ္ဎဍ္ဎော၊ ယဿ-အကြင်အရာ၏၊ အဍ္ဎံ-အခွဲဟူသော၊ စတုတ္ထံ-လေးခု မြောက်သည်၊ အတ္ထိ-ရှိ၏၊ ဣတိ-ထို့ကြောင့်၊ သော-ထိုအရာသည်၊ အဍ္ဎဍ္ဎော-မည်၏၊ အခွဲဟူသော လေးခုမြောက်ရှိသောအရာ၊ ဝါ-သုံးခုခွဲ၊ မူလက ငွေ ၃ ကျပ်ရှိ၏၊ နောက်ထပ် ထက်ဝက် (တစ်ခွဲ)သည် ကျပ်ပြည့် မဟုတ်သော်လည်း နဂို ၃ ကျပ်ထောက်၍ ၄ ခုမြောက် ထက်ဝက်တည်း၊ ဤထက်ဝက်ဟူသော ၄ ခုမြောက်ရှိသော (၃ိ ၈ဲ)သည် အဍ္ဎစတုတ္ထ၊ အဍ္ဎဍ္ဎ မည်၏။ [အဍ္ဎံ ဒုတိယံ ယဿာတိ ဒိဝဍ္ဎော, ဒိယဍ္ဎော=အခွဲဟူသော ၂ ခုမြောက်ရှိသောအရာ၊ ဝါ-၁ ခုခွဲ၊ အဍ္ဎံ တတိယံ ယဿာတိ အဍ္ဎတိ ယော=အခွဲဟူသော ၃ ခုမြောက်ရှိသောအရာ၊ ဝါ-၂ ခုခွဲ၊]
ရုပ်တွက်။ ။ အဍ္ဎဍ္ဎောကို “အဍ္ဎံ စတုတ္ထံ ယဿ”ဟုတည်, သမာသ် စပ်၍ ဗဟုဗ္ဗီဟိမှည့်, သမာသ်မှည့်, ဝိဘတ်ချေ, ယပုဒ်ချေ, အဍ္ဎ စတုတ္ထ ဟု ပကတိပြု, တေသ.မဍ္ဎဍ္ဎပဒေနစသောသုတ်ဖြင့် အဍ္ဎ စတုတ္ထကို အဍ္ဎဍ္ဎ ပြု, နာမ်ငဲ့, သိ ေ-ါ ပြု, အဍ္ဎဍ္ဎော ပြီး၏။
အမှာ။ ။ “အဍ္ဎံ ဒုတိယံ ယဿ”တည်, အဍ္ဎ ဒုတိယဟု ပကတိပြုပြီး နောက် ဤသုတ်ဖြင့် ဒိဝဍ္ဎပြု, ဒိယဍ္ဎလည်းပြု၍, ဒိဝဍ္ဎော, ဒိယဍ္ဎောဟု ၂ ရုပ်ဖြစ်၏၊ “အဍ္ဎံ တတိယံ ယဿ”တည်၍ အဍ္ဎ တတိယကို အဍ္ဎတိယ ပြုလေ။ [ကစ္စည်းဝုတ္တိအဆိုကို ထို၏ ဘာသာဋီကာမှာ ရှု။]
အသကိံ- တစ်ကြိမ် မဟုတ်ရာ၌၊ သရူပါနံ- တူသောသုတိရှိသော ပုဒ်တို့၏၊ ဧကသေသော- တစ်ပုဒ်၏ ကြွင်းကျန်ခြင်းသည်၊ ဟောတိ- ဖြစ်၏။ ပုရိသော စ ပုရိသော စ ပုရိသာ စသည်တည်း။
၄၅။ ပုရိသော စ-ယောက်ျားလည်း၊ ပုရိသော စ-ယောက်ျားလည်း၊ ပုရိသာ-ယောက်ျားတို့၊ သမာနံ ရူပံ ယေသံတိ သရူပါ၊ ယေသံ-အကြင် သဒ္ဒါတို့၏၊ သမာနံ- တူသော၊ ရူပံ- ရုပ်အသွင်သည်၊ ဝါ- သုတိသည်၊ အတ္ထိ-ရှိ၏၊ ဣတိ-ထို့ကြောင့်၊ တေ-ထိုသဒ္ဒါတို့သည်၊ သရူပါ-သရူပတို့ မည်၏။ [သမာနကို တေသု ဝုဒ္ဓိသုတ်ကြီးဖြင့် သပြု၍ သရူပဟု ဖြစ်၏။]
သုတိ, သရူပ။ ။ သဒ္ဒါဟူသည် အရင်းခံအားဖြင့် သဒ္ဒရုပ်ဖြစ်သော အသံတည်း၊ ထို့ကြောင့် နား၌ ကြားအပ်သည်ကို စွဲ၍ “သူယတီတိ”အရ သုတိဟုလည်းကောင်း, ရေးထားအပ်သော ရုပ်သွင်ကို စွဲ၍ ရူပဟုလည်း ကောင်း ခေါ်သည်၊ ထို့ကြောင့် “ပုရိသ၊ ပုရိသ”ဟု ၂ ပုဒ်ရှိလျှင် တစ်ပုဒ်နှင့် တစ်ပုဒ်သည် အသံအားဖြင့်လည်းကောင်း, ရုပ်သွင်အားဖြင့်လည်းကောင်း တူကြသဖြင့် တူသောသုတိ ရှိကြ၏, သရူပလည်း ဖြစ်ကြလေသည်။
အသကိံ။ ။ သရူပါနံ (သုတိတူသောပုဒ်များ)ဟု ဆိုလျှင် တစ်ကြိမ် မက အနည်းဆုံး ၂ ကြိမ်ဆိုမှ သရူပဖြစ်နိုင်၏၊ သို့သော် ဝိဘတ်ချင်း မတူဘဲ “ပုရိသာ ပုရိသာ အပေန္တိ၊ ပုရိသာ-ယောက်ျားတို့သည်၊ ပုရိသာယောက်ျားမှ၊ အပေန္တိ-ဖဲကုန်၏”ဟု ဆိုရာ၌ ရှေ့ပုဒ် နောက်ပုဒ် ဝိဘတ်ချင်း မတူဘဲလျက် ပုဒ်အနေတူသောကြောင့် သရူပပင် ဖြစ်သည်၊ ထိုကဲ့သို့ ဝိဘတ်ကွဲသော သရူပကို မယူဖို့ရန် အသကိံသဒ္ဒါကို ဆိုရသည်။
ထင်ရှားစေအံ့စကားတစ်လုံးကို အထပ်ထပ် သုံးရာ၌သာ ပါဠိလို အသကိံ, မြန်မာလို “တစ်ကြိမ်မက အကြိမ်ကြိမ်”ဟု ဆိုရသည်၊ အခြား စကားလုံးကို ပြောင်းလွှဲသုံးစွဲရာ၌ကား အသကိံဟု မဆိုရ၊ ထို့ကြောင့် “ပုရိသော ပုရိသော” စသည်ဖြင့် ဝိဘတ်ချင်းတူသော စကားတစ်လုံးကို တစ်ကြိမ်မက ၂ ကြိမ်မှစ၍ အထပ်ထပ် သုံးစွဲထားသည်ကို “သရူပ”ဟု ယူကြဖို့ရန် အသကိံသဒ္ဒါကို ဆိုရသည်။
ဧကသေသော။ ။ ဧကဿေဝ + သေသော ဧကသေသော ˜ အရ ၂ ပုဒ် ၃ ပုဒ် စသည်ရှိရာ၌ တစ်ပုဒ်တည်း ကျန်နေခြင်း (အခြားပုဒ်တို့ကို ချေခြင်း)ကို ဧကသေသ်ဟု ခေါ်သည်၊ ဒွန်သမာသ်လုပ်၍ ရုပ်တွက်ကြ၏။
ရုပ်တွက်။ ။ ပုရိသာကို “ပုရိသော စ ပုရိသော စ”တည်, သမာသ် စပ်၍, ဒွန်မှည့်, သမာသ်မှည့်, ဝိဘတ်, စပုဒ်တို့ကို ချေ, ပုရိသ ပုရိသဟု ပကတိပြု, သရူပါနမေကသေသွသကိံသုတ်ဖြင့် ပုရိသ ပုရိသကို တစ်ပုဒ် ကြွင်းပြု (ပုရိသ), ပဌမာ ဗဟုဝုစ် ယောသက်, သဗ္ဗယောနိနမာဧသုတ်ဖြင့် ပဌမာ ယောကို -ါ ပြု, သ် ခွင်း, ချေ, ကပ်, ပုရိသာ ပြီး၏။
ယောက်ျား ၃ ယောက်ကို ဆိုလိုလျှင် ပုရိသ ၃ ခုတည်, တစ်ရာကို ဆိုလိုလျှင် တစ်ရာတည် စသည်ဖြင့် တစ်ပုဒ်ကြွင်းပြု, အခြားပုဒ်တွေ ချေ၊ “ပူရေ န္တီတိ ပုရိသာ”ဟု ဗဟုဝုစ်ဝိဂြိုဟ် လုပ်တဲ့အခါ ဤသုတ်နှင့် မဆိုင်တော့ပြီ၊ တစ်ခါတည်း ပုရိသတည်, ယောဝိဘတ် သက်ရုံသာ။ [ဥဏာဒ် အဆုံးသုတ် ကြည့်၊ ဝိရူပေကသေသ်လည်း ရှိသေး၏၊ ဆိုင်ရာ သဒ္ဒါကျမ်းတို့၌ ရှု။]
ဂဏနေ- ဂဏန်းသင်္ချာအရာ၌၊ ယောသု- ယောဝိဘတ်တို့ကြောင့်၊ဒသဿ- ဒသသဒ္ဒါ၏၊ ဒွိတိစတုပဉ္စဆသတ္တအဋ္ဌနဝကာနံ- ၂ ခုအပေါင်း, ၃ ခုအပေါင်း, ၄ ခုအပေါင်း, ၅ ခုအပေါင်း, ၆ ခုအပေါင်း, ၇ ခုအပေါင်း, ၈ ခုအပေါင်း, ၉ ခုအပေါင်းတို့၏၊ ဝီတိစတ္တာရပညာဆသတ္တာသနဝါ- ဝီအပြု, တိ အပြု, စတ္တာရအပြု, ပညာအပြု, ဆအပြု, သတ္တအပြု, အသအပြု, နဝအပြုတို့သည်၊ ဟောန္တိ- ဖြစ်ကုန်၏။ ယောနဉ္စ- ယောဝိဘတ် တို့၏လည်း၊ ဤသ.မာသံဌိရိတီတုတိ- ဤသံအပြု, အာသံအပြု, ဌိ အပြု, ရိ အပြု, တိ အပြု, ဤတိ အပြု, ဥတိ အပြုတို့သည်၊ ဟောန္တိ- ဖြစ်ကုန်၏။ ဝီသံ, တိံသံ, စတ္တာလီသံ, ပညာသံ, သဋ္ဌိ, သတ္တရိ, သတ္တတိ, အသီတိ, နဝုတိ စသည်တည်း။
၄၆။ ဆိုခဲ့ပြီးသုတ်များဖြင့် အဋ္ဌာရသ(၁၈)တိုင်အောင် သင်္ချာများကို စီရင်ခဲ့ပြီ၊ ရုပ်စဉ်ပုံကိုလည်း နာမ်ဂိုဏ်း၌ ပြခဲ့ပြီ၊ ဤသုတ်ကား ဝီသ၊ ၂၀ အစ နဝုတိ=၉၀ တိုင်အောင်သော သင်္ချာတို့ကို ရုပ်စီရင်ပြသော သုတ် တည်း။ [၁၉ ကို ဧကူနဝီသတိ, ၉၉ ကို နဝနဝုတိဟု ပါဠိစီရသဖြင့် ထို သင်္ချာများသည် ဝီသတိ, နဝုတိတွင် ပါဝင်လေပြီ၊ “ဂဏနေ-သင်္ချာပဓာနအရာ၌”ဟု အနက်ဆိုကြသည်ကို စဉ်းစားရာ၏၊ သင်္ချာပဓာန ဟုတ်ဟုတ် မဟုတ်ဟုတ် ဝီသံ စသည် ပြုရမည့်သုတ်တည်း။]
ဒသဿ ဒွိတိစတုပဉ္စဆသတ္တအဋ္ဌနဝကာနံ။ ။ နဝကာန၌ က အက္ခရာသည် ပရိမာဏအနက်၌ သက်သော ကပစ္စည်းတည်း၊ ထိုက၏ အနက်က ဒွိ တိ စသော ရှေ့ပုဒ်များ၌လည်း ပါဝင်စေ၍ “၂ ခုအပေါင်း, ၃ ခုအပေါင်း”စသည်ဖြင့် အနက်ဆိုရသည်၊ ရှေ့က ဒသဿပုဒ်နှင့်တွဲ၍ “ဒသဿ ဒွိက၊ ဒသ ၂ ခုအပေါင်း”ဟု အဓိပ္ပာယ်ရ၏၊ ဆိုလိုရင်းမှာ- “ဒသ စ ဒသ စ”ဟု တည်, ဆိုင်ရာ သမာသ်စသည် ပြု၍ “ဒသ ဒသ” ဟု ပကတိပြု, သရူပါနမေကသေသွသကိံသုတ်ဖြင့် ဒသတစ်ပုဒ်ကြွင်းပြု, “ဒသ”တစ်ပုဒ်သာ ကျန်၏၊ “ဒသဿ ဒွိက”အရ ဒသ ၂ ခုတို့၏အပေါင်း ဟူသည် ဧကသေသ်ပြုထားသော ဤ ဒသတစ်ပုဒ်ပင်တည်း၊ ဒသဿ တိက အရ ဒသ ၃ ခုတို့၏ အပေါင်းဟူသည် ဒသ ၃ ခုကို ဧကသေသ် ပြုထားသော ဒသတစ်ပုဒ်ပင်တည်း၊ ဒသဿ စတုက္က စသည်၌လည်း ဤ အဓိပ္ပာယ်အတိုင်း မှတ်၊ ဒသဿ နဝက ဟူသည် ဒသ ၉ ခုကို ဧကသေသ်ပြုထားသော ဒသတစ်ပုဒ်တည်း။
ဝီတိစတ္တာရပညာ၊ပေ၊တုတိ။ ။ ယောဝိဘတ်နှောင်းရာ၌ ဒသ ၂ ခု အပေါင်းကို ဝီ, ယောဝိဘတ်ကို -ီ သံ ပြု၍ ဝ် ခွင်း, ချေ, ကပ်လျှင် (၂၀ ဟော) ဝီသံ ဖြစ်၏၊ ဒသ ၃ ခုအပေါင်းကို တိ, ယောဝိဘတ်ကို -ီ သံ ပြု, ခွင်း, ချေ, ကပ်၍ -ီ ကို ရဿပြု, နိဂ္ဂဟိတ်လာလျှင် (၃၀ ဟော) တိံသံ ဟု ဖြစ်၏၊ ထို့အတူ ၄၀ ဟောရာ၌ ဒသ ၄ ခုပေါင်းကို စတ္တာရပြု, ယောကို -ီ သံ ပြု, စတ္တာရီသံ၊ စတ္တာလီသံ၊ ၅၀ ဟောရာ၌ ဒသ ၅ ခု ပေါင်းကို ပညာ ပြု, ယောကို အာသံပြု, ပညာသံ၊ ၆၀ ဟောရာ၌ ဒသ ၆ ခုပေါင်းကို ဆပြု, ယောကို ဌိပြု, ဋ်ဒွေဘော်လာ, ဆကို သပြု, သဋ္ဌိ၊ ၇၀ ဟောရာ၌ ဒသ ၇ ခုပေါင်းကို သတ္တပြု, ယောကို ရိပြု, တိပြု,
သတ္တရိ, သတ္တတိ၊ ၈၀ ဟောရာ၌ ဒသ ၈ ခုပေါင်းကို အသပြု, ယောကို -ီ တိ ပြု, အသီတိ၊ ၉၀ ဟောရာ၌ ဒသ ၉ ခုပေါင်းကို နဝပြု, ယောကို ု တိ ပြု, နဝုတိဟု ဖြစ်၏။
ရုပ်တွက်။ ။ ဝီသံကို “ဒသ စ ဒသ စ”ဟုတည်, နာမာနံ သမုစ္စယော ဒွန္ဒောသသုတ်ဖြင့် ဒသ ၂ ပုဒ်ကို သမာသ်စပ်၍ ဒွန်အမည်မှည့်, နာမာနံ သမာသော ယုတ္တတ္ထောသုတ်ဖြင့် သမာသ်အမည်မှည့်, တေသံ ဝိဘတ္တိ ယော လောပါ စသုတ်ဖြင့် သမာသ်၏ ဝိဘတ်တို့ကို ချေ, ဝုတ္တတ္ထာန မပ္ပယောဂေါ ပရိဘာသာအရ စပုဒ်တို့ကို ချေ, ပကတိ စဿ သရ န္တဿ သုတ်ဖြင့် ဒသ ဒသဟု ပကတိပြု, သရူပါနမေကသေသွသကိံသုတ်ဖြင့် ဒသ တစ်ပုဒ်ကြွင်းပြု, နာမ်ငဲ့, ယောသက်, ဂဏနေ ဒသဿ ၊ပေ၊ တုတိ သုတ်ဖြင့် ၂ ပုဒ်အပေါင်းဖြစ်သော ဒသကို ဝီပြု, ယောဝိဘတ်ကိုလည်း -ီ သံ ပြု, ဝ် ခွင်း, ချေ, ကပ်, သိသက်, ချေ, ဝီသံ ပြီး၏။
အမှာ။ ။ ဒုတိယာဝိဘတ်ဖြင့် ဝီသံ၌ ဝီသံပြီးသည့်အခါ နာမ်ငဲ့, ဝိဘတ်သက်, ကွစိ လောပံသုတ်ဖြင့် သံ၌ နိဂ္ဂဟိတ်ချေ, သ် ခွင်း, ချေ, ကပ်, ဝီသံ (၂၀ ကို)ဟု ပြီး၏၊ ဝီသာယ၌ ဝီသံ အပြီးတွင် တေသု ဝုဒ္ဓိဖြင့် နိဂ္ဂဟိတ်ချေပြီးမှ ဣတ္ထိယမတော အာပစ္စယောသုတ်ဖြင့် -ါ ပစ္စည်းသက်, နာမ်ငဲ့၍ နာ စသည်သက်လျှင် ကညာယကဲ့သို့ ရုပ်ဖြစ်၏။
ဂဏနေ- ဂဏန်းသင်္ချာအရာ၌၊ စတူပပဒဿ- စတု ဟူသော အနီးပုဒ်၏၊ တု- တုအက္ခရာသည်၊ လောပေါ- ကျေ ပျောက်သည်၊ ဟောတိ- ဖြစ်၏။ ဥတ္တရပဒါဒိစဿ- နောက်ပုဒ်၏ အစဖြစ်သော စအက္ခရာ၏၊ စုစောပိ- စုအပြု, စောအပြုတို့သည် လည်း၊ နဝါ- အချို့သောအရာ၌၊ ဟောန္တိ- ဖြစ်ကုန်၏။ စုဒ္ဒသ, စောဒ္ဒသ ဟူသည်တည်း။
၄၇။ [တုတ္တရပဒါဒိစဿကို “တု+ဥတ္တရပဒါဒိစဿ”ဟု ပုဒ်ဖြတ်၊ ဥတ္တရပဒ၊ နောက်ပုဒ်၏+အာဒိစဿ=အစဖြစ်သော အက္ခရာ၏၊] စုဒ္ဒသ, စောဒ္ဒသ, စတုဒ္ဒသ=၁၄ ခုတို့၊ “စတုဒ္ဒသ”ဟု ရုပ်ဖြစ်သည့်အခါ “စတူပ ပဒဿ လောပေါ တု”အရ ဒသ၏ ရှေ့အနီးပုဒ်ဖြစ်သော စတု မှ တုသဒ္ဒါ ကို ချေလျှင် “စဒ္ဒသ”ဟု ဖြစ်၏၊ “ဥတ္တရပဒါဒိစဿ”“ဥတ္တရပဒါဒိစဿ”အရ ဒသဟူသော နောက်ပုဒ်၏ အစဆုံးက စလုံးတည်း၊ “စုစောပိ နဝါ”“စုစောပိ နဝါ”အရ ထို စလုံးကို စု ပြု၍ “စုဒ္ဒသ”, စောပြု၍ “စောဒ္ဒသ”ဟု ဖြစ်၏၊ နဝါနဝါသဒ္ဒါက ရံခါ မပြုဟု ဆိုသောကြောင့် ဘာမှ မပြုဘဲ စတုဒ္ဒသဟုလည်း ရှိ၏၊ “စတု ဆနှင့်, သန္တကိုပြု”စသော လင်္ကာအရ ဒ် ဒွေဘော်လာရကြောင်းကိုလည်း သတိပြု။
ရုပ်တွက်။ ။ စတုဒ္ဒသကို “စတ္တာရော စ ဒသ စ”တည်, သမာသ် စပ်၍ ဒွန်မှည့်, သမာသ်မှည့်, ဝိဘတ်, စပုဒ်တို့ကို ချေ, “စတု+ဒသ”ဟု ပကတိပြု, ဒ် လာ (စတုဒ္ဒသ), နာမ်ငဲ့, ယော သက် စသည်။
စုဒ္ဒသကို “စတုဒသ”တည်, ဒ် ဒွေဘော်လာ, စတူပပဒဿ လောပေါ တုတ္တရပဒါဒိစဿ စုစောပိ နဝါသုတ်ဖြင့် စတုဟူသော ရှေ့အနီးပုဒ်၏ တုကို ချေ, စ ကိုလည်း စုပြု, နာမ်ငဲ့, ယောသက်, ပဉ္စာဒီန.မကာရော သုတ်ဖြင့် ယောဝိဘတ်နှင့်တကွ သ၏ အဆုံး ၊ ကို ၊ ပြု, စုဒ္ဒသ ပြီး၏။ [စောဒ္ဒသ၌ စောပြုရုံသာ။]
အပိသဒ္ဒါ၏အကျိုး။ ။ စုစောပိ၌ အပိသဒ္ဒါဖြင့် ရှေ့အနီးပုဒ်မရှိသော “စတ္တာလီသံ”၌ စ၏ကျေခြင်းကိုလည်းကောင်း, စုအပြု, စောအပြုကို လည်းကောင်း ဆည်း၍ “တာလီသံ, စုတ္တာလီသံ, စောတ္တာလီသံ (၄၀)”ဟု ဖြစ်၏၊ တာလီသံကို “စတ္တာလီသံ”တည်၊ စတူပပဒဿ လောပေါ တုတ္တရ ပဒါဒိစဿ စုစောပိ နဝါသုတ်၌ အပိသဒ္ဒါဖြင့် စကို ချေ, နာမ်ငဲ့ စသည်။
ယံ- အကြင်သဒ္ဒါ တို့သည်၊ အနုပပန္နာ- ရုပ်မပြီးနိုင်ကြကုန်၊ တေ- ထိုသဒ္ဒါတို့သည်၊ နိပါတနာ- ဝန်ကျစေခြင်း လက္ခဏာရှိသော ဤသုတ်ကြီးဖြင့်၊ သိဇ္ဈန္တိ- ပြီးစီးရကုန်၏။ အဇ္ဇ , သဇ္ဇု စသည်တည်း။
၄၈။ [ယံကို နိပါတ်ပုဒ်ကြံ၍ “အကြင်သဒ္ဒါတို့သည်”ဟု ဗဟုဝုစ် အနက်ဆို။] ဤသုတ်သည် သုတ်ကြီး ၄ သုတ်တွင် ပါဝင်သော သုတ်တည်း။
[ဆောင်] ဣမနောက် ဇ္ဇ, သမာနနှင့်, အပရနောက် ဇ္ဇု, ရှေး၂ ခုကို, ပြုလေ အ-သ, ကာလတ္ထတည်း၊ အဇ္ဇ ပုရာ, သွေမှာ တနော, ဟိယျော တ္တန, ဘဝတ္ထသိ၊ ပဋိဘာဂ, ကုစ္ဆိတ သညာ, နုကမ္ပာ က, နက်ဘာတမှာ, စ္ဆ ဥလေ ယျဏ်၊ တစ်တန် မာတာ, ပိတာဒိနက်, မဟ သက်ရ၊ ကိံ ယ တနှင့်, ဧကနောက်မှာ, ပရိမာဏ, နက် တ္တကနှင့်, သက်ရ အာဝန္တု, အစပြုသည်,… ယဒနု သုတ်ကြီးအရာတည်း။
ဣမနောက် ဇ္ဇ, သမာနနှင့်, အပရနောက် ဇ္ဇု, ရှေး၂ ခုကို, ပြုလေ အ-သ, ကာလတ္ထတည်း။ ။ ကာလအနက်၌ ဣမသဒ္ဒါနောင်, ဇ္ဇပစ္စည်း သက်၍ ဣမကို အ ပြု၊ သမာနနှင့်အပရနောင် ဇ္ဇုပစ္စည်း သက်၍ သမာနကို သပြု ဟူလို၊ အဇ္ဇပုဒ်သည် ဤနေ့ဟူသောအနက်, ဤအခါ ဟူသော အနက် ဤ ၂ နက်ကို ဟော၏၊ ဤပုဒ်များသည် ဝိဂြိုဟ်လုပ်ရ သော ပုဒ်များမဟုတ်, ဂိုဏ်းစဉ်၍ မရ, နိပါတ်ပုဒ်သဘောမျိုးသာ ဖြစ်၏၊ သို့အတွက် “ဣမသ္မိံ ကာလေ အဇ္ဇ”“ဣမသ္မိံ ကာလေ အဇ္ဇ”စသည်၌ “ဣမသ္မိံ ကာလေ”သည် ဝိဂြိုဟ်မဟုတ်, အဇ္ဇကို အနက်ထင်ရှားအောင် ဖွင့်ပြသော ဝါကျတစ်မျိုး တည်း။ [ဣမသ္မိံ အဟနိ၊ ဤနေ့၌၊ အဇ္ဇ-ဤနေ့၌၊ ဝါ-ယခုနေ့၌။]
ရုပ်တွက်။ ။ အဇ္ဇကို “ဣမ”တည်, ယဒနုပပန္နာ နိပါတနာ သိဇ္ဈန္တိ သုတ်ဖြင့် ကာလအနက်၌ ဣမ နောင် ဇ္ဇ ပစ္စည်းသက်၍, ဣမကိုလည်း အ ပြု, အဇ္ဇ ပြီး၏။
သမာနေ-တူသော၊ ကာလေ-အခါ၌၊ သဇ္ဇု-တူသောအခါ၌၊ ဟယနေ့ အဖို့သည် ယနေ့ ကာလချင်း တူမျှ၍ သဇ္ဇု မည်၏၊] သဇ္ဇုကို သမာန တည်, ဤသုတ်ကြီးဖြင့် ကာလအနက်၌ ဇ္ဇုပစ္စည်းသက်၍ သမာနကို သပြု, သဇ္ဇု ပြီး၏။ [ကြွင်းပုံစံများကို ရူပသိဒ္ဓိဘာသာဋီကာမှာ ရှု။]
အနေကတ္ထေ စ- များစွာသော အနက်၌လည်း၊ ဒွါဒိတော- ဒွိအစရှိသောသဒ္ဒါမှ နောက်၌၊ ကော- ကပစ္စည်းသည်၊ ဟောတိ- ဖြစ်၏။ ဒွိကံ, တိကံ, စတုက္ကံ စသည်တည်း။
၄၉။ ဤသုတ်၌ အနေကတ္ထဟူသည် သကတ်အနက်, ပရိမာဏ အနက် စသည်တည်း၊ တစ်နက်မက ၂ နက်, ၃ နက် စသည်၌ သက်သော ကြောင့် “အနေကတ္ထေ”ဟု ဆိုသည်။
ဒွေ ပရိမာဏာနိ ယဿာတိ ဒွိကံ၊ ယဿ-အကြင် ဝတ္ထု၏၊ ဒွေ-၂ ခုကုန်သော၊ ပရိမာဏာနိ-အတိုင်းအရှည်တို့သည်၊ သန္တိ-ရှိကုန်၏၊ ဣတိ- ထို့ကြောင့်၊ တံ- ထိုဝတ္ထုသည်၊ ဒွိကံ- ဒွိက မည်၏၊ ဒွိကံ-၂ ခု အတိုင်းအရှည်ရှိသောဝတ္ထု။
ရုပ်တွက်။ ။ ဒွေ ပရိမာဏာနိ ယဿ တည်, ဒွါဒိတော ကော နေကတ္ထေ စသုတ်ဖြင့် ဒွိနောင် ပရိမာဏအနက်၌ကပစ္စည်းသက်, ဝိဘတ်, ပရိမာဏ, ယပုဒ်တို့ကို ချေ (ဒွိက)နာမ်ငဲ့, သိ -ံ ပြု, ဒွိကံ ပြီး၏။ [ဒွေ၌ ယောဝိဘတ် ချေလိုက်တဲ့အခါ ဒွိဟု ဖြစ်သည်ကို သတိပြုပါ။]
အမှာ။ ။ “ဒွေယေဝ ဒွိကံ”ဟု သကတ်အနက်၌လည်း ကပစ္စည်း သက်၏၊ “ဒွိကံ-၂ ခု”ဟု အနက်ဆို၊ တိကံ-၃ ခု အတိုင်းအရှည်ရှိသော ဝတ္ထု၊ တစ်နည်း-၃ ခု၊ စတုကံ-၄ ခုအတိုင်းအရှည်ရှိသောဝတ္ထု၊ ဝါ-၄ ခု၊ ပဉ္စကံ, ဆက္ကံ, သတ္တကံ, အဋ္ဌကံ စသည်ကိုလည်း သိလေ၊ ဤကား ရူပသိဒ္ဓိ အတိုင်း ထုတ်အပ်သောပုံစံများတည်း၊ ကစ္စည်းဝုတ္တိ၌ကား “သတဿ ဒွိကံ ဒွိသတံ” စသည်ကို ထုတ်၏။
ယောမှိ- ယောဝိဘတ်ကြောင့်၊ ဒသဒသကံ- ဒသ ဆယ်ခု, ဧကသေသ်ပြုသည့်, တစ်ခုသော ဒသသဒ္ဒါသည်၊ သတံ- သတံ အပြုသည်၊ ဟောတိ- ဖြစ်၏။ ဒသကာနံ- ဆယ်ခု အတိုင်းအရှည်ရှိသော သတ တို့၏၊ သတံ- ဧကသေသ်ပြု, တစ်ခု သော သတသဒ္ဒါသည်၊ သဟဿဉ္စ- သဟဿံ အပြုသည်လည်း၊ ဟောတိ- ဖြစ်၏။ သတံ, သဟဿံ ဟူသည်တည်း။
၅၀။ “ဒသ ဒသကံ သတံ ယောမှိ” အရ ဒသဆယ်ခု တည်၊ ဧကသေသ်ပြု၍ တစ်ခုကျန်သော ဒသကို သတံ ပြုရမည်၊ “ဒသကာနံ သတံ သဟသဉ္စ ယောမှိ”အရ သတ ဆယ်ခုတည်၊ ဧကသေသ်ပြု၍ တစ်ခုကျန်သော ဒသကို သဟဿံ ပြုရမည်။ [ရူပသိဒ္ဓိ၌ သတံ သဟဿံ ဟု နိဂ္ဂဟိတ်နှင့်တကွ ပြုသည်၊ ဝီသံ တိံသံ ပညာသံ စသည်၌လည်း နိဂ္ဂဟိတ်နှင့်တကွ ပြုခဲ့သောကြောင့် သတံ သဟဿံ ပြု၍ ရုပ်တွက် ရမည်၊ ယောကိုလည်း ဤသုတ်ဖြင့်ပင် ချေ။]
ရုပ်တွက်။ ။ သတံကို “ဒသ စ ဒသ စ”ဆယ်ခုတည်, သမာသ်စပ်၍ ဒွန်မှည့်, သမာသ်မှည့်, (ဝိဘတ်ချေဖွယ်မရှိ, ဒသတွက်တုန်းက ကျေလေ ပြီ၊) စဆယ်လုံးချေ, ဒသ ဒသ ဆယ်ခု ကတိပြု, သရူပါနမေကသေသွ သကိံသုတ်ဖြင့် ဒသတစ်ပုဒ်ကြွင်းပြု, (ဒသ ၉ ပုဒ်ချေ), နာမ်ငဲ့, ယော ဝိဘတ်သက် (ဒသယော), ဒသ ဒသကံ သတံ, ဒသကာနံ သတံ သဟဿဉ္စ ယောမှိသုတ်ဖြင့် ဧကသေသ် ဒသကို သတံပြု, သတံ ဟူသော ဤနိပါတနနှင့်ယောဝိဘတ်ကိုလည်း ချေ (သတံ), နာမ်ငဲ့, သိသက် (သတံ သိ), ဗျဉ္ဇနေ စသုတ်ဖြင့် နိဂ္ဂဟိတ်ကို ချေ, သိကို -ံ ပြု, သတံ ပြီး၏။
သဟဿံ ကို “သတံ စ သတံ စ”ဆယ်ခုတည်, သမာသ်စသည်မှည့်, “သတံ သတံ”ဟု ဆယ်ခု ပကတိပြု, သတ တစ်ပုဒ်ကြွင်းပြု, နာမ်ငဲ့, ယော ဝိဘတ်သက်, ဤသုတ်ဖြင့် ဧကသေသ် သတကို သဟဿံပြု, နာမ်ငဲ့, သိသက်, နိဂ္ဂဟိတ်ချေ, သိ -ံ ပြု, သဟဿံ ပြီး၏။ [သတံစအုံး, သင်္ချေဆုံး, နပုံးဧကဝုစ်”အရ “သတံ သတံ သတေန သတဿ သတသ္မာ သတဿ သတသ္မိံ”ဟု ရုပ်စဉ်လေ၊ သဟဿံလည်း နည်းတူ။]
ဝဂ္ဂဘေဒ။ ။ နှစ်ရာ, သုံးရာ, နှစ်ထောင်, သုံးထောင်စသည်၌ ရာပုံ နှစ်ပုံ, ထောင်ပုံ နှစ်ပုံ ကွဲပြားမှုကို “ဝဂ္ဂဘေဒ”ဟု ခေါ်၏၊ [ဝဂ္ဂ၊ အစုအပုံ ၏၊ ဘေဒ-ကွဲပြားခြင်း၊] ထိုသို့ ဝဂ္ဂဘေဒ ဖြစ်သည့်အခါ သတ သဟဿ သင်္ချာသာမက, ဝီသတိစသော သင်္ချာတို့လည်း ဗဟုဝုစ်ဖြစ်နိုင်ကြ၏၊ ပုံစံကားဒွေ ဝီသတိယော (ဝီသတိ ၂ ခုတို့သည်၊ ၂၀+၂ လီတို့သည်၊) ဒွီဟိ ဝီသတီဟိ, ဒွန္နံ ဝီသတီနံ, ဒွီသု ဝီသတီသု၊ နဝုတိတိုင်အောင် ဤနည်း တည်း၊ ဒွေသတာနိ (နှစ်ခုကုန်သော အရာတို့၊ နှစ်ရာတို့)၊ ဒွီဟိ သတေဟိ, ဒွိန္နံ သတာနံ, ဒွီသု သတေသု၊ သဟဿလည်း နည်းတူ၊ ဤအဓိပ္ပာယ်ကို ရည်ရွယ်၍ “အစုံကွဲတုံ, အလုံးစုံ, မှတ်ကုန် ဗဟုဝုစ်”ဟု နာမ်ဂိုဏ်း၌ ဆိုခဲ့သည်၊ ရူပသိဒ္ဓိ ဤသုတ်မှာလည်း ဤအဓိပ္ပာယ်များ ပါ၏။
ယာဝ တဒုတ္တရိ- သဟဿမှဆက်၍ အထက် အသင်္ချေယျတိုင်အောင်၊ ဒသဂုဏိ တဉ္စ- ဆယ်ခုဖြင့် မြှောက်အပ်သည်ကိုလည်း၊ ကာတဗ္ဗံ- ပြုထိုက်၏။ သဟဿဿ ဒသဂုဏိတံ ဒသသဟဿံ စသည်တည်း။
၅၁။ ဤသုတ်ကား ရုပ်စီရင်သော ဝိဓိသုတ်မဟုတ်, အထက်သင်္ချာ များ၌ မြှောက်ပုံကို ပြသော ပရိဘာသာသုတ်တည်း၊ “ဒသဂုဏိတံ”အရ သဟဿဿ-တစ်ထောင်၏(အထက်၌)၊ ဒသဂုဏိတံ-ဆယ်ခုဖြင့် မြှောက် အပ်သောသင်္ချာသည်၊ ဒသသဟဿံ-တစ်သောင်းတည်း၊ မြန်မာလို ဆိုလို ရင်းမှာ “တစ်ထောင်ကို တည် ဆယ်ဖြင့် မြှောက် တစ်သောင်း ဖြစ်၏”ဟု ဆိုလိုရင်းတည်း၊ ထို့အတူ တစ်သောင်းတည် ဆယ်ဖြင့် မြှောက် (သတ သဟဿ) တစ်သိန်းဖြစ်၏၊ တစ်သိန်းတည် ဆယ်ဖြင့် မြှောက် (ဒသသတ သဟဿ) တစ်သန်း ဖြစ်၏၊ တစ်သန်းတည် ဆယ်ဖြင့် မြှောက် (ကောဋိ) တစ်ကုဋေ ဖြစ်၏။
“ဒသ + သဟဿာနိ ဒသသဟဿံ၊ ဒသ-ဆယ်ခုကုန်သော၊ သဟ ဿာနိ - တစ်ထောင်တို့တည်း၊ ဒသသဟဿံ - ဆယ်ထောင်၊ ဝါတစ်သောင်း”၊ ဤသို့ ဒိဂုသမာသ်ပြု၍ဖြစ်စေ, “ဒသဟိ ဂုဏိတံ သဟဿံ ဒသသဟဿံ”၊ ဒသဟိ- ဆယ်ခုတို့ဖြင့်၊ ဂုဏိတံ- မြှောက်အပ်သော၊ သဟဿံ-အထောင်တည်း၊ ဒသသဟဿံ-ဆယ်ခုတို့ဖြင့် မြှောက်အပ် သော အထောင်၊ ဝါ-တစ်သောင်း” ဤသို့ ဂုဏိတ အလယ်ပုဒ်ကျေသော မဇ္ဈေလောပီ တပ္ပုရိသ်ပြု၍ဖြစ်စေ သမာသ်ရုပ်ထုံးစံအတိုင်း တွက်လေ။ [သတသဟဿံ, ဒသသတသဟဿံ တို့လည်း နည်းတူ။]
ကောဋိအထက်သင်္ချာများ ကုဋေတစ်ခု, ကုဋေဆယ်, ကုဋေရာ, ကုဋေထောင်, ကုဋေသောင်း, ကုဋေသိန်း, ကုဋေသန်း၊ ပကောဋိတစ်ခု, ပကောဋိဆယ်, ပကောဋိရာ, ပကောဋိထောင်, ပကောဋိသောင်း, ပကောဋိသိန်း, ပကောဋိသန်း စသည်ဖြင့် အသင်္ချေယျတိုင်အောင် ဌာနတစ်ခုမှ ဌာနတစ်ခုသို့ ဆယ်ဖြင့် မြှောက်၍ တိုးတက်နိုင်၏၊ ကုဋေတစ်ခုကို ဆယ်ဖြင့်မြှောက် ကုဋေဆယ် ဖြစ်၏၊ ကုဋေဆယ်ကို ဆယ်ဖြင့်မြှောက် ကုဋေရာဖြစ်၏ စသည်ဖြင့်လည်း ကောင်း, ကုဋေတစ်သန်းကို ဆယ်ဖြင့်မြှောက် ပကောဋိဖြစ်၏ စသည်ဖြင့် လည်းကောင်းသိလေ။ [သိန်းတစ်ရာဖြင့် မြှောက်နည်းကို ရူပသိဒ္ဓိမှာရှု။]
အနိဒ္ဒိဋ္ဌနာမဓေယျာနံ- မညွှန်ပြအပ် သော နာမည်ရှိကုန်သော သင်္ချာတို့၏၊ သကနာမေဟိ- မိမိ နာမည်တို့ဖြင့်၊ သိဇ္ဈန္တိ- ပြီးကုန်၏။ ကောဋိ, ပကောဋိ, ကောဋိ ပကောဋိ စသည်တည်း။
၅၂။ ဤသုတ်သည် ရုပ်စီရင်ပုံကို ပြသော ဝိဓိသုတ် မဟုတ်၊ ကောဋိမှ စ၍ အထက်သင်္ချာများကို မညွှန်ပြခဲ့ရသေး၊ ထိုသင်္ချာများသည် သူ့နာမည် နှင့်သူ ပြီး၏၊ ကောဋိဖြစ်အောင် “ဒသသတသဟဿ ဆယ်ခုတည်, ဧကေသေသ်ပြု, ဧကေသေသ် ဒသသတသဟဿကို ကောဋိ ပြု”ဟု ရုပ်တွက်နေဖွယ် မလိုဟု ပြောသော ပရိဘာသာသုတ်တည်း။
အထက်သင်္ချာတို့၏နာမည်များ သတံ သဟဿံ နိယုတံ, လက္ခံ ကောဋိ ပကောဋိ စ၊
ကောဋိပကောဋိ နဟုတံ, တထာ နိနဟုတံပိ စ၊
အကောဘိနီ(.တ္ထိယံ) ဗိနု, အဗုဒံ စ နိရဗုဒံ၊
အဟဟံ အဗဗံ စေဝ, အဋဋံ သောဂနိကု.ပလံ၊
ကုမုဒံ ပုဏ္ဍရိကံ စ, ပဒုမံ ကထာနံပိ စ၊
မဟာကထာနံ အသင်္ချေယျံ, ဣတိ သင်္ချာက္ကမော မတော။
အမှာ။ ။ ဤဂါထာတို့၌ “သတ, သဟဿ, နိယုတ, လက္ခတို့ကား အဘိဓာန်ဂါထာအတိုင်း ထည့်လိုက်ရသော သင်္ချာများတည်း, ဤသုတ်နှင့် မဆိုင်၊ ကောဋိစသော သင်္ချာ ၂၁ ခုသာ ဤသုတ်နှင့်ဆိုင်သည်၊ ဂါထာ အစဉ်ကို ကြည့်၍ ကောဋိ, ပကောဋိ, ကောဋိပကောဋိ, နဟုတ, နိန္နဟုတ, အက္ခောဘိနီ, ဗိန္ဒု စသည်ဖြင့် ပါဠိနာမည်အတိုင်းပင် သင်္ချာနာမည် များကို သိလေ၊ ထို သင်္ချာအားလုံးပင် ခု, ဆယ်, ရာ, ထောင်, သောင်း, သိန်းတိုင်အောင် အစဉ်ရှိ၏၊ (သန်းကား အချို့ကျမ်း၌ မရှိ၊) ကုဋေတစ်ခု, ကုဋေတစ်ဆယ် စသည်ဖြင့် အသင်္ချေခု, အသင်္ချေဆယ်, အသင်္ချေရာ စသည်တိုင်အောင် ရေတွက်လေ။
မှတ်ချက်။ ။ “ခေါင်းအုံးထိပ်ပိတ်, တဒ္ဓိတ်သင်္ချာ”ဟု ဆိုရိုးရှိသည့် အတိုင်း ရှေးက လေးထောင့်ခေါင်းအုံးများ၌ ထိပ်ပိတ် အချုပ်ခက်သလို, ဤသင်္ချာခန်းသည် အလွန်ရှုတ်လှ၏၊ ရုပ်တွက်ပုံနှင့် သုတ်အဓိပ္ပာယ် ယူဆပုံများ၌လည်း ဆရာတစ်ဦးနှင့်တစ်ဦး အယူ မတူကြ၊ အလွယ်ဆုံး နည်းကိုသာ ဤ၌ အသုံးပြုခဲ့ပါသည်။
သင်္ချာတဒ္ဓိတ်ပြီး၏။
အဗျယတဒ္ဓိတ်
တေသံ- ထိုတဒ္ဓိတ်ပစ္စည်း တို့၏၊ ဏော- ဏအနုဗန်သည်၊ လောပံ- ကျေပျောက်ခြင်းသို့၊ ပပ္ပောတိ- ရောက်၏။ ဝါသိဋ္ဌော စသည်တည်း။
၅၃။ ဤသုတ်ကား တဒ္ဓိတ်ပစ္စည်း၌ ပါသမျှ (ဏ်)အနုဗန်ကို ချေသော သုတ်တည်း၊ ဏ် အနုဗန်မှန်သမျှ ဝုဒ္ဓိပြုဖို့အကျိုးငှာ ထည့်သည်ဟုချည်း မှတ်၊ ဝါသိဋ္ဌောကို ဝါဏပစ္စေသုတ်၌ ရုပ်တွက်ခဲ့ပြီ။
ဝိဘာဂေ- အဖို့အစုဟူသောအနက် ၌၊ ဓာ စ- ဓာ ပစ္စည်းသည်လည်း၊ ဟောတိ- ဖြစ်၏။ ဧကဓာ, ဒွိဓာ စသည်တည်း။
၅၄။ လိန် ၃ ပါး ဝိဘတ် ၇ သွယ်တို့ကြောင့် ရုပ်အနေအထား မပျက် ပြားသော တဒ္ဓိတ်သည် အဗျယတဒ္ဓိတ်မည်၏၊ ဧကဓာ စသည်တို့သည် ဝိဘတ်အမျိုးမျိုး, လိန်အမျိုးမျိုးကြောင့် ရုပ်နေ မပြောင်းကုန်၊ အနက်မှာ တွဲဖက်ကြိယာကို ကြည့်၍ “ဧကဓာ-တစ်ပါးသောအဖို့ဖြင့်, တစ်ပါးသော အဖို့ကို” စသည်ဖြင့် အမျိုးမျိုး သုံးစွဲနိုင်သည်။
ဝိဘာဂ။ ။ ဝိဘဇီယတေတိ ဝိဘာဂေါ၊ ဝိဘဇီယတေ-ခွဲခြမ်းဝေဖန် အပ်၏၊ ဣတိ-ထို့ကြောင့်၊ ဝိဘာဂေါ-ဝိဘာဂ မည်၏၊ ခွဲခြမ်းဝေဖန်အပ် သော အဖို့အစုကို ဝိဘာဂ ဟု ခေါ်၏၊ ဧကဓာ-တစ်ဖို့တစ်စုဖြင့်၊ ဒွိဓာနှစ်ဖို့နှစ်စုတို့ဖြင့် စသည် အနက်ဆို။
အမှာ။ ။ ရုပ်တွက်သည့်အခါ ဧကဓာစသည်ကို “ဧကေန ဝိဘာဂေန” တည်၍ တွက်ရိုးရှိ၏၊ “တဒ္ဓိတ်ပစ္စည်း ဆိုင်းထမ်းနည်း”အရ ဧကေနနှင့် ဝိဘာဂေန ၂ ပုဒ် အလယ်၌ သက်မှ စည်းကမ်းကျသည်ဟု ထင်ဟန် တူသည်၊ “ဧကေန+ဝိဘာဂေန”ကား ဧကဓာ၏ အနက်ကို ဖွင့်ပြခြင်းသာ ဖြစ်၏၊ ထို့ကြောင့် ဤ၌ “ဧက”တည်၍သာ ရုပ်တွက်ပါ။
ရုပ်တွက်။ ။ ဧကဓာကို “ဧက”တည်, ဝိဘာဂေ ဓာ စသုတ်ဖြင့် ဝိဘာဂအနက်၌ ဓာပစ္စည်းသက်, နာမ်ငဲ့, သိသက်, ချေ, ဧကဓာ ပြီး၏။ [နိပါတ်ပုဒ်မျိုးဖြစ်သောကြောင့် သိကို သဗ္ဗာသမာဝုသောသုတ်ဖြင့် ချေ, ကို ဟု အနက်ပေးလျှင် အံသက်, ချေ၊ ဒွိဓာ တိဓာ စသည်တို့၌လည်း ဒွိ တိ စသည်တည်၍ တွက်၊ ဒွေဓာ တေဓာဟု ရှိရာ တေသု ဝုဒ္ဓိဖြင့် -ိကို ေ- ပြု။]
သဗ္ဗနာမေဟိ ပကာရဝစနေ တု ထာ။ ။ သဗ္ဗနာမေဟိ- သဗ္ဗနာမ်ပုဒ်တို့မှ နောက်၌၊ ပကာရဝစနေ- အပြားဟူသော အနက်ကို ဟောသည်ရှိသော်၊ ထာ တု- ထာ ပစ္စည်းသည်လည်း၊ ဟောတိ- ဖြစ်၏။ သဗ္ဗထာ, ယထာ, တထာ စသည်တည်း။
၅၅။ သဗ္ဗထာ-အလုံးစုံသောအပြားသည်, တို့သည်၊ ကို, တို့ကို, ဖြင့်, တို့ဖြင့် စသည်ဖြင့် ဝိဘတ် ၇ သွယ်လုံး ရနိုင်သည်၊ “ယထာ-အကြင် အပြားသည်၊ တထာ-ထိုအပြားသည်”စသည်ဖြင့် ဝိဘတ် ၇ သွယ်တွင် သင့်ရာ အနက်ဆို၊ အနက်နှင့် ဆိုင်သော ဝိဘတ် သက်, ချေ။
အမှာ။ ။ သဗ္ဗနာမေဟိဟု ဆိုသောကြောင့် ဣတရ-အည-ဥဘယ သဗ္ဗနာမ်များနောင်လည်း ထာပစ္စည်းသက်၍ ဣတရထာ, အညထာ (တစ်ပါးသောအပြားဖြင့်), ဥဘယထာ (နှစ်ပါးသောအပြားအားဖြင့်) စသည်လည်း ရှိ၏၊ ဤ ထာပစ္စည်းသည် အာကာရ (အခြင်းအရာဟူသော) အနက်၌ သက်သည်ကိုလည်း တွေ့ရ၏၊ “ယထာ-အကြင်အခြင်းအရာ အားဖြင့်” စသည်တည်း။
ရုပ်တွက်။ ။ သဗ္ဗထာကို သဗ္ဗတည်, သဗ္ဗနာမေဟိ ပကာရဝစနေ တု ထာသုတ်ဖြင့် ထာပစ္စည်းသက်, နာမ်ငဲ့, သိသက်, ချေ, သဗ္ဗထာပြီး၏၊ ယထာစသည်၌လည်း နည်းတူ၊ တုသဒ္ဒါဖြင့် ပကာရအနက်၌ပင် ထတ္တာ ပစ္စည်းသက်၍ “ယထတ္တာ, တထတ္တာ”စသောပုံစံများလည်း ဖြစ်သေးသတဲ့။
ကိ.မိမေဟိ- ကိံသဒ္ဒါ, ဣမသဒ္ဒါတို့မှ နောက်၌၊ ပကာရဝစနေ- အပြားဟူသောအနက်ကို ဆိုလိုသည် ရှိသော်၊ ထံ- ထံ ပစ္စည်းသည်၊ ဟောတိ- ဖြစ်၏။ ကထံ, ဣတ္ထံ ဟူသည်တည်း။
၅၆။ ကထံ-အဘယ်သို့သောအပြားသည်, အဘယ်သို့သောအပြားကို, အဘယ်သို့သောအပြားဖြင့်, အဘယ်သို့သောအပြားတို့ဖြင့် ဤသို့စသည် ဖြင့် ဝိဘတ် ၇ သွယ် ဝုစ်၂ ပါး၌ သင့်လျော်သလို အနက်ဆို, အနက်နှင့် ဆိုင်သော ဝိဘတ်သက်, ချေ၊ ဣတ္ထံ-ဤသို့သောအပြားသည်, တို့သည် စသည်လည်း နည်းတူ။
အမှာ။ ။ “အယံ ပကာရော ဣတ္ထံ, ဣမံ ပကာရံ ဣတ္ထံ”စသည်ကား ဝိဂြိုဟ်မဟုတ်, ဣတ္ထံပုဒ်၏ အနက်ကို ပြသော ဝါကျသာ ဖြစ်သည်၊ ရုပ်တွက်ရာ၌လည်း “အယံ+ပကာရော”ဟု တည်၍ တွက်ဖွယ် မလို။
ရုပ်တွက်။ ။ ကထံကို “ကိံ”တည်, ကိမိမေဟိ ထံသုတ်ဖြင့် ကိံသဒ္ဒါ နောင် ထံပစ္စည်းသက်, ကိဿ ကေဝ စသုတ်၌ စသဒ္ဒါဖြင့် ကိံကို ကပြု, နာမ်ငဲ့, သိသက်, ချေ, ကထံ ပြီး၏။ [ကိုဟု အနက်ဆိုလျှင် အံသက်, ချေ, စသည်ဖြင့် ဆိုင်ရာ ဝိဘတ်သက်၍ ချေ။]
ဣတ္ထံ ကို “ဣမ”တည်, ကိမိမေဟိ ထံသုတ်ဖြင့် ထံပစ္စည်းသက်, ဣမဿိ ထံ ဒါနိ ဟတောဓေသု စသုတ်ဖြင့် ဣမသဒ္ဒါကို ဣပြု, ဝဂ္ဂေ ဃောသာဃောသာနံ စသောသုတ်ဖြင့် တ၏ အသဒိသဒွေဘော် တ်လာ, နာမ်ငဲ့, သိသက်, ချေ, ဣတ္ထံ ပြီး၏။
ရုဠှီ.ချာတံ နိပါတဉ္စု.ပသဂ္ဂါ.လပနံ တထာ၊
သဗ္ဗနာမံ.တိ မေတေသု, န ကတော ဝိဂ္ဂဟော ဆသု။
ရုဠှီ -တိဿ, ဒတ္တကဲ့သို့ ဓာတ်ပစ္စည်းတို့ဖြင့် ရုပ်ပြီးစေရသည်မဟုတ် သော အထင်ရုဠှီပုဒ်မျိုးလည်းကောင်း၊ အာချာတံ-အာချာတ်ပုဒ်လည်း ကောင်း၊ နိပါတဉ္စ-စ ဝါ အစရှိသော နိပါတ်ပုဒ်လည်းကောင်း၊ ဥပသဂ္ဂေါ ပ-ပရာစသော ဥပသာရပုဒ်လည်းကောင်း၊ အာလပနံ-ဘော ပုရိသ စသော အာလုပ်အနက် ဟောခိုက်ပုဒ်လည်းကောင်း၊ တထာ-ထိုမှတစ်ပါး၊ သဗ္ဗနာမံ-သဗ္ဗ ကတရ စသော သဗ္ဗနာမ်ပုဒ်လည်းကောင်း၊ ဣတိ-ဤသို့၊ ဆသု-၆ မျိုးကုန်သော၊ ဧတေသု-ဤပုဒ်တို့၌၊ ဝိဂ္ဂဟော-ဝိဂြိုဟ်ကို၊ န ကတော-မပြုအပ်။ အဗျယဒ္ဓိတ်ပြီး၏။
သဏေ- ဏအနုဗန်ရှိသော တဒ္ဓိတ်ပစ္စည်းကြောင့်၊ အသံယော ဂန္တဿ- သံယုဂ်အဆုံးမရှိသော၊ အာဒိသရဿ ဝါ- အစ သရ၏ လည်းကောင်း၊ အာဒိဗျဉ္ဇနဿ ဝါ- အစဗျဉ်း၏ အစိတ်သရ၏ လည်းကောင်း၊ ဝုဒ္ဓိ- ဝုဒ္ဓိအပြုသည်၊ ဟောတိ စ- ဖြစ်သည်လည်း ရှိ၏။ သြဠုမ္ပိကော, ဥဠုမ္ပိကော, ဝါသိဋ္ဌော စသည်တည်း။
၅၇။ ဏ် အနုဗန်ရှိသော တဒ္ဓိတ်ပစ္စည်းနှောင်းရာဝယ် ဝုဒ္ဓိပြုသော သုတ်တည်း၊ အာဒိသရဿ ဝါ၌ ဝါသဒ္ဒါဖြင့် အာဒိဗျဉ္ဇနဿကို ဆည်း သတဲ့၊ သြဠုမ္ပိက စသော ပုံစံကား အာဒိသရဿအရ အစဖြစ်သော ဥသရကို သြဝုဒ္ဓိပြုသောပုံစံတည်း၊ ဝါသိဋ္ဌော စသောပုံစံကား အာဒိဗျဉ္ဇ နဿအရ အစဖြစ်သော ဝဗျဉ်း၏ အစိတ်သရကို ဝုဒ္ဓိပြုသောပုံစံတည်း၊ ဟသြဠုမ္ပိကော-ဖောင်ဖြင့် ကူးသွားသူ၊ “ဥဠုမ္ပေန+တရတိ”တည်၊ ယေန ဝါ သံသဋ္ဌံ တရတိ စသောသုတ်ဖြင့် ဏိကပစ္စည်းသက်, ဤသုတ်ဖြင့် ဥ ကို သြဝုဒ္ဓိပြု, စသည်။]
အမှာ။ ။ အသံယောဂန္တဿ၌ သံယောဂန္တ (သံယုဂ်အဆုံးရှိပုံ)ကို အသံယောဂန္တဿ ဝုဒ္ဓိ ကာရိတေသုတ်၌ ပြခဲ့ပြီ၊ သဏေ စ၌ စသဒ္ဒါကား ဝုဒ္ဓိ မဖြစ်ခြင်းကို ပေါင်းခြင်းအနက် ရှိ၏၊ “တချို့ပုံစံ၌ ဝုဒ္ဓိ မပြုဖို့ရန် တားမြစ်သည်”ဟူလို၊ ထို့ကြောင့် ဥဠုမ္ပိကော ပုံစံ၌ ဝုဒ္ဓိ မပြုရ, နီလံ ပီတံ ပုံစံများ၌လည်း ဝုဒ္ဓိ မပြုရ။
ဌာနေ- သင့်လျော်ရာဌာန ၌၊ သဏေ- ဏ်အနုဗန်ရှိသောပစ္စည်းကြောင့်၊ အသံယောဂန္တာနံ- သံယုဂ်အဆုံးမရှိကုန်သော၊ ယူနံ- ဣအက္ခရာ, ဥအက္ခရာတို့၏၊ ဝုဒ္ဓိ- ဝုဒ္ဓိအပြုသည်၊ မာ ဟောတိ- မဖြစ်၊ တတြ- ထိုဝုဒ္ဓိပြုမည့် အရာ၌၊ အာဂမော- ဧဝုဒ္ဓိ သြဝုဒ္ဓိလာခြင်းသည်၊ ဟောတိ- ဖြစ်၏။ ဝေယျာကရဏိကော, ဒေါဝါရိကော စသည်တည်း။
၅၈။ ဤသုတ်၌ “မာယူနံ”ဟူသောစကား “အာဂမော”ဟူသောစကား နှစ်ရပ်ကို ကြည့်၍ ပဋိသေဓဝိဓိ, အာဂမဝိဓိ အစီအရင်နှစ်ခုရှိသောသုတ် ဟု မှတ်၊ “ပါဠိတော်နှင့်လျော်အောင် ချင့်၍ သင့်တော်ရာဌာန၌ ဣ, ဥ တို့ကို ဝုဒ္ဓိမပြုဘဲ, ထိုဝုဒ္ဓိပြုရမည့်အရာဝယ် ဧ, သြဝုဒ္ဓိ လာရမည်”ဟူလို။
ဗျာကရဏံ။ ။ ဗျာကရဏံ၌ ဝိ+အာ+ပုဗ္ဗကရဓာတ် ယုပစ္စည်းတည်း၊ “သဒ္ဒါ ဗျာကရီယန္တေ ဧတေနာတိ ဗျာကရဏံ၊ ဧတေန-ဤကျမ်းဖြင့်၊ သဒ္ဒါ-သဒ္ဒါတို့ကို၊ ဗျာကရီယန္တေ-အထူးထူး အဖုံဖုံ ပြုစီရင်အပ်ကုန်၏၊ ဣတိ-ထို့ကြောင့်၊ တံ-ထိုသဒ္ဒါကျမ်းသည်၊ ဗျာကရဏံ-ဗျာကရိုဏ်းမည်၏၊ ဗျာကရဏံ-ဗျာကရိုဏ်းကျမ်းကို၊ အဓီတေ-၏၊ ဣတိ-ထို့ကြောင့်၊ ဝေယျာ ကရဏိကော-မည်၏၊ မြန်မာလို “ဗျာ”ဟု ဗထက်ခြိုက်ဖြင့် ရွတ်ဖတ် ရေးသားရသော်လည်း သက္ကတ၌ ဝိ၏ အစိတ် -ိကို ဣဝဏ္ဏော ယံ နဝါသုတ်ဖြင့် ယပြု၍ ဝယျပင့်ဖြင့် “ဝျာကရဏ”ဟု ရေး၏၊ ထိုရေးနည်း သာလျှင် ရုပ်ပြီးပုံနှင့် သင့်သည်၊ “ဗျာကရဏံ+အဓီတေ”ဟု ရုပ်တည် ပြီးမှ “ဝိအာကရဏ”ဟု ပကတိပြုသည်မှာ ရိုးရာ မဟုတ်ပါ။
ရုပ်တွက်။ ။ ဝေယျာကရဏိကောကို “ဝျာကရဏံ+အဓီတေ”တည်, တမဓီတေ တေန ကတာဒိသန္နိဓာန.နိယောဂသိပ္ပဘဏ္ဍဇီဝိကတ္ထေသု စ သုတ်ဖြင့် ဝျာကရဏံနောင် ဏိကပစ္စည်းသက်, တေသံ ဝိဘတ္တိယော စသောသုတ်၌ တေသံသဒ္ဒါဖြင့် တဒ္ဓိတ်၏ဝိဘတ်တို့ကို ချေ, တေသံ ဏော လောပံသုတ်ဖြင့် ဏ်အနုဗန်ချေ (ဝျာကရဏ -ိက), မာယူနမာ ဂမော ဌာနေသုတ်ဖြင့် မူလရင်းက ဝိ၏အစိတ် -ိကို ေ- ဝုဒ္ဓိ မပြုဘဲ ယ ပြုပြီးဖြစ်သောကြောင့် ထို ဝုဒ္ဓိအရာ၌ ေ- ဝုဒ္ဓိလာ, (ဝေယျာကရဏ -ိက), ဏ် ခွင်း, ချေ, ဏ် -ိသို့ ကပ်, နာမ်ငဲ့, သိ ေ-ါ ပြု, ဝေယျာကရဏိကော ပြီး၏။
ဒေါဝါရိကော။ ။ ဒေါဝါရိကော၌ ဒွါရပုဒ်ရင်းကား ဒွိပုဗ္ဗ အရ ဓာတ်, ဏပစ္စည်းတည်း၊ ဒွေ အရ န္တိ ဧတ္ထာတိ ဒွါရံ၊ ဧတ္ထ-ဤအရပ်၌၊ ဒွေ-ထွက်သူ ဝင်သူ နှစ်ဖက်လူတို့သည်၊ အရ န္တိ-ဖြစ်ကြကုန်၏၊ ဣတိ-ထို့ကြောင့်၊ တံထိုအရပ်သည်၊ ဒွါရံ-ဒွါရ မည်၏။ [ဒွိအာရဟု အပြီးတွင် ဒွိကို ဝီသတိ ဒသေသု ဗာ ဒွိဿ တုသုတ်၌ တုသဒ္ဒါဖြင့် ဒုပြု, ဝမောဒုဒန္တာနံသုတ်ဖြင့် ု ကို ဝ ပြု၍ “ဒွါရ”ဟု ဖြစ်သည်၊ ဒွါရကို အက္ခရာစဉ်အတိုင်းရေးလျှင် “ဒ်ဝါရ”ဟု ရေးရလိမ့်မည်၊ ထို့ကြောင့် ေ-ါ လာဟု ဆိုသည့်အခါ အဆင်သင့် “ဒေါဝါရ” ဟု ဖြစ်သည်၊ ဝေယျာကရဏ ဖြစ်ပုံကိုလည်း ဤအတိုင်း သိလေ။]
ရုပ်တွက်။ ။ ဒေါဝါရိကောကို “ဒွါရေ+နိယုတ္တော”တည်, တမဓီတေ စသော သုတ်ဖြင့် ဒွါရနောင် ဏိကပစ္စည်းသက်, ဝိဘတ်, နိယုတ္တပုဒ်, ဏ် အနုဗန်တို့ကို ချေ (ဒွါရ -ိက), မာယူနမာဂမော ဌာနေသုတ်ဖြင့် ဒု၏ အစိတ် ု ကို ေ-ါ ဝုဒ္ဓိမပြုဘဲ ဝ ပြုပြီးဖြစ်သောကြောင့် ထိုဝုဒ္ဓိအရာ၌ ေ-ါ ဝုဒ္ဓိ လာ (ဒေါဝါရ -ိက), ရ် ခွင်း, ချေ, ရ် -ိသို့ ကပ်, နာမ်ငဲ့, သိ ေ-ါ ပြု, ဒေါဝါရိကော ပြီး၏။
ဌာနေ- ၌၊ သဏေ- ကြောင့်၊ ယူနံ- ဣ အက္ခရာ, ဥအက္ခရာတို့၏၊ အာတ္တံ- အာအဖြစ်သည်လည်းကောင်း၊ ရိကာရာဂမော စ- ရိအက္ခရာလာသည်လည်းကောင်း၊ ဟောတိ- ဖြစ်၏။ အာရိသျံ, အာဏျံ, အာသဘံ, အဇ္ဇဝံ ဟူသည်တည်း။
၅၉။ ဣသိဿ+ဘာဝေါ အာရိသျံ၊ ဣသိဿ-ရသေ့၏၊ ဘာဝေါတည်း၊ အာရိသျံ-ရသေ့၏အဖြစ်၊ ဣဏဿ+ဘာဝေါ အာဏျံ၊ ဣဏဿကြွေးမြီ၏၊ ဘာဝေါ-အဖြစ်တည်း၊ အာဏျံ-ကြွေးမြီ၏အဖြစ်၊ ဥသဘဿဥသဘ၏ (ဥသဘကဲ့သို့ ရဲရင့်သူ)၊ ဘာဝေါ-အဖြစ်တည်း၊ အာသဘံဥသဘအတူ ရဲရင့်သူ၏အဖြစ်၊ ဥဇုနော+ဘာဝေါ အဇ္ဇဝံ၊ ဖြောင့်မတ်သူ၏ အဖြစ်။ [လိုက်သော“ဌာနေ”သဒ္ဒါ၏ သတ်မှတ်ပုံကို ရူပသိဒ္ဓိမှာ ရှု။]
ရုပ်တွက်။ ။ အာရိသျံကို “ဣသိဿ+ဘာဝေါ”တည်, ဏျတ္တတာ ဘာဝေ တုသုတ်ဖြင့် ဣသိဿနောင် ဏျပစ္စည်းသက်, ဝိဘတ်, ဘာဝပုဒ်, ဏ်အနုဗန်တို့ကို ချေ, ဣသိဟု ပကတိပြု, အာတ္တဉ္စသုတ်ဖြင့် ဏ်အနုဗန် ရှိသော ပစ္စည်းကြောင့် ဣသိ၏ ဣကို အာပြု၍ ရိအက္ခရာလည်းလာ (အာရိသိယ), သ် ခွင်း, အဝဏ္ဏော ယေ လောပဉ္စသုတ်၌ စသဒ္ဒါဖြင့် -ိကို ချေ, သ် ယသို့ကပ်, နာမ်ငဲ့, သိ -ံ ပြု, အာရိသျံ ပြီး၏။
အာဏျံ ကို “ဣဏဿ+ဘာဝေါ”တည်, ဏျပစ္စည်းသက်, ဝိဘတ်, ဘာဝပုဒ်, ဏ်အနုဗန်ချေ, ဣဏဟု ပကတိပြု (ဣဏယ), အာတ္တဉ္စ သုတ်ဖြင့် ဣဏ၏ ဣကို အာပြု, ဏ် ခွင်း, အဝဏ္ဏော ယေ လောပဉ္စ သုတ်ဖြင့် ၊ ချေ, ဏ်ကို ယသို့ကပ်, နာမ်ငဲ့, သိ -ံ ပြု, အာဏျံ ပြီး၏။
အာသဘံ ကို “ဥသဘဿ+ဘာဝေါ”တည်, ဏ ဝိသမာဒီဟိသုတ်ဖြင့် ဥသဘနောင် ဏပစ္စည်းသက်, ဝိဘတ်စသည်ချေ, ပကတိပြု, အာတ္တဉ္စ သုတ်ဖြင့် ဥကို အာပြု, ဘ် ခွင်း, ချေ, ကပ်, နာမ်ငဲ့, သိ -ံ ပြု, အာသဘံ ပြီး၏။
အဇ္ဇဝံ ကို “ဥဇုနော+ဘာဝေါ”တည်, ဏပစ္စည်းသက်, ပကတိပြု, (ဥဇု ၊ )ဟု ဖြစ်သည့်အခါ ဥဇု၏ ဥကို အာပြု (အာဇု ၊ ), သြ သရေ စ သုတ်၌ စသဒ္ဒါဖြင့် ဇု၏အဆုံး ု ကို ု ဝ် ပြု, ဝ် ၊ သို့ ကပ် (အာဇဝ), ပရဒွေဘာဝေါ ဌာနေသုတ်ဖြင့် သဒိသဒွေဘော် ဇ် လာ, နာမ်ငဲ့, သိ -ံ ပြု (အာဇ္ဇဝံ), ကွ.စာဒိမဇ္ဈုတ္တရာနံ ဒီဃရဿာ ပစ္စယေသု စသုတ်ဖြင့် အာကို အ ရဿပြု, အဇ္ဇဝံ ပြီး၏။ [ရူပသိဒ္ဓိနည်းအတိုင်း တွက်သည်, နျာသနှင့် မတူတတ်။]
ပစ္စယောသု- ပစ္စည်းတို့သည်၊ ပရေသု စ- နှောင်းကုန်သော်လည်း ကောင်း၊ အပရဘူတေသု စ- မနှောင်းကုန်သော်လည်းကောင်း၊ ကွစိ- အချို့အရာ၌၊ အာဒိမဇ္ဈုတ္တရာနံ- ပုဒ်၏ အစ, အလယ်, အဆုံးတို့၏၊ ဒီဃရဿာ- ဒီဃအပြု, ရဿာအပြုတို့သည်၊ ဟောန္တိ- ဖြစ်ကုန်၏။ ပါကဋော, အနုပဃာတော, မဓုဝါ, အဇ္ဇဝံ, ဣတ္ထိရူပံ, ဗဟုနဒိကော စသည်တည်း။
၆၀။ နောက်၌ ပစ္စည်းနှောင်းသည်ဖြစ်စေ, မနှောင်းသည်ဖြစ်စေ ပုဒ်၏ အစ အလယ် အဆုံးတို့၌ ဒီဃ, ရဿပြုသော သုတ်တည်း။
ဒီဃတ္တံ ပါကဋာ.နူပဃာတာဒေါ မဓုဝါဒိသု၊
ရဿတ္တံ အဇ္ဇေဝ ဣတ္ထိရူပါဒေါ စ ကတာဒိသု။
ပါကဋာ.နူပဃာတာဒေါ-ပါကဋ, အနုပဃာတ အစရှိသော ပုံစံ၌ လည်းကောင်း၊ မဓုဝါဒိသု-မဓုဝါ မညတိ ဗာလော အစရှိသောပုံစံတို့၌ လည်းကောင်း၊ ဒီဃတ္တံ-အာဒိ, မဇ္ဈ, ဥတ္တရ၌ ဒီဃ၏အဖြစ်သည်၊ ဟောတိ-ဖြစ်၏၊ အဇ္ဇဝေ-အဇ္ဇ၀ ပုံစံ၌လည်းကောင်း၊ ဣတ္ထိရူပါဒေါ စ- ဣတ္ထိရူပ အစရှိသော ပုံစံ၌လည်းကောင်း၊ ကတာဒိသု - ကပစ္စည်း, တာပစ္စည်း အစရှိသည် နှောင်းရာတို့၌လည်းကောင်း၊ ရဿတ္တံ-အာဒိ, မဇ္ဈ, ဥတ္တရ၌ ရဿ၏အဖြစ်သည်၊ ဟောတိ-ဖြစ်၏။
ပါကဋော-ထင်ရှား၏၊ ပပုဗ္ဗ ကရဓာတ် တပစ္စည်း, ရကို ချေ, တကို ဒေါ ဓဿ စသုတ်၌ စသဒ္ဒါဖြင့် ဋပြု၍ ပကဋဟု အဖြစ်မှာ ဤသုတ်ဖြင့် ပ၏ အဆုံး ၊ ကို -ါ ဒီဃပြု၍ ပါကဋ ဟု ဖြစ်၏၊ အစ၌ ဒီဃပြုသော အာဒိဒီဃပုံစံတည်း။
အနုပဃာတော -မညှဉ်းဆဲအပ်၊ န+ဥပဃာတော၌ န ကို သရေ အန် သုတ်ဖြင့် အန်ပြု၍ အနုပဃာတောအဖြစ်မှာ အလယ် ု ကို ူ ဒီဃပြု သော မဇ္ဈေဒီဃတည်း၊ မဓုဝါကို မဓုဝတည်, ဤသုတ်ဖြင့် ဝ ၌ ၊ ကို -ါ ဒီဃပြု, ဥတ္တရဒီဃပုံစံတည်း။
အဇ္ဇဝံကား အာဒိရဿပုံစံတည်း, ရုပ်တွက်ခဲ့ပြီ၊ ဣတ္ထိရူပံ-မိန်းမရုပ်၊ အလယ်ရဿပုံစံတည်း၊ ဣတ္ထိရူပံ တည်၊ ဗဟုနဒိကောကား ကပစ္စည်း နှောင်းရာ၌ ရဿပြုသော ဥတ္တရရဿပုံစံတည်း၊ ရုပ်ကို သမာသ်ပိုင်း နဒိမှာ စသုတ်၌ တွက်ခဲ့ပြီ။
တေသု- ထိုပုဒ်တို့၏ အစ အလယ် အဆုံးတို့၌၊ ကွစိ- အချို့အရာ ၌၊ ဝုဒ္ဓိလောပါ.ဂမဝိကာရဝိပရီတာ.ဒေသာ စ- ဝုဒ္ဓိပြုခြင်း, ကျေ ခြင်း, လာခြင်း, ဖောက်ပြန်ခြင်း, ပြောင်းပြန်ဖြစ်ခြင်း, အာဒေသ ပြုခြင်းတို့သည်လည်း၊ ဟောန္တိ- ဖြစ်ကုန်၏။ ကောဏ္ဍညော စသည်တည်း။
၆၁။ ဤသုတ်လည်း သုတ်ကြီးလေးသုတ်တွင် ပါဝင်သောသုတ်တည်း၊ ဤသုတ်များ၏ “သုတ်ကြီး”ဟူသောနာမည်ကို ကစ္စည်းကျမ်းက တိုက်ရိုက် မှည့်သည် မဟုတ်၊ သို့သော် အခြားသုတ်ဖြင့် မပြီးသမျှ ဤသုတ်များက စီရင်သောကြောင့် စီရင်ရာ အရာကျယ်သည့်အတွက် သုတ်ကြီးဟု ဆရာ အဆက်ဆက်တို့ ခေါ်စမှတ် ပြုကြသည်၊ သုတ်ကြီးလေးသုတ် နာမည်ကို ကွစိ ဓာတုဝိဘတ္တိပစ္စယာနံ စသော အာချာတ်သုတ်ကြီး၌ ပြခဲ့ပြီ။ [ကောဏ္ဍညော-ကုဏ္ဍနီ၏သား။]
ဝုဒ္ဓိ။ ။ တိုးပွားကြီးကျယ်လာခြင်းကို “ဝုဒ္ဓိ”ဟု ခေါ်၏၊ ရဿဟူသမျှမှ ဒီဃဖြစ်ခြင်းသည် တိုးပွားကြီးကျယ်လာခြင်း ဖြစ်၍ ဝုဒ္ဓိဆိုသင့်သော်လည်း “အယုဝဏ္ဏာနဉ္စာယောဝုဒ္ဓိ”သုတ်အရ အကို အာ, ဣဝဏ်ကို ဧ, ဥဝဏ်ကို သြပြုခြင်းကိုသာ ဝုဒ္ဓိဟု ခေါ်သည်၊ ထို့ကြောင့် “အာ, ဧ, သြ”ဟု ဝုဒ္ဓိ သုံးမျိုးရှိသည်ဟု မှတ်။ [အ ကို အာပြုရာ၌ ဒီဃနှင့် ရောနေသော်လည်း နောက် ဏ်အနုဗန်ရှိရာ၌ အာပြုလျှင် ဝုဒ္ဓိ, ဏ်အနုဗန် မရှိရာ၌ အာပြု လျှင် ဒီဃဟု ခွဲခြားသင့်၏။] ရှိပြီးသောအရာ၏ ကျေပျောက်ခြင်းသည် လောပ မည်၏၊ မရှိသေးသော အက္ခရာ၏ ဖြစ်ပေါ်လာခြင်းသည် အာဂမ မည်၏။
ဝိကာရ။ ။ [ဝိ၊ တစ်မျိုး+ကာရ=ပြုခြင်း။] သရကို သရတစ်မျိုးဖြစ် အောင် (သို့မဟုတ်) ဗျည်းဖြစ်အောင်, ဗျည်းကို ဗျည်းတစ်မျိုးဖြစ်အောင်, (သို့မဟုတ်) သရဖြစ်အောင်, သရဗျည်း တွဲနေသော အက္ခရာကို တစ်မျိုး ဖြစ်အောင် ပြုခြင်းသည် ဝိကာရ မည်၏။ [ဝိပရီတအဓိပ္ပာယ်ကို တဗ္ဗိ ပရီတူပပဒေ ဗျဉ္ဇနေ စသုတ်၌ ပြခဲ့ပြီ။]
အာဒေသ။ ။ ယော-အကြင်အက္ခရာကို၊ အာဒိဿတိ-အာဒေသီ အရာ၌ ညွှန်ပြအပ်၏၊ ဣတိ-ထို့ကြောင့်၊ သော-ထိုအက္ခရာသည်၊ အာဒေသော-အာဒေသ မည်၏၊ ပင်ကိုမူလ တည်ရှိသော သရ-ဗျည်း သည် အာဒေသရှိသောကြောင့် အာဒေသီ မည်၏၊ ထိုအာဒေသီအက္ခရာ ကို တစ်မျိုးပြုလိုက်သည့်အခါ မူလအာဒေသီပျောက်၍ အက္ခရာတစ်မျိုး ရောက်လာ၏၊ ထိုအက္ခရာသည် အာဒေသီ နေရာဝယ် ညွှန်ပြအပ်သော ကြောင့် အာဒေသ မည်၏။
ရုပ်တွက်။ ။ ကောဏ္ဍညောကို “ကုဏ္ဍနိယာ+အပစ္စံ”တည်, အတော ဏိ ဝါ၌ ဝါသဒ္ဒါဖြင့် ဏျပစ္စည်းသက်, ဏအနုဗန်ချေ, ဤသုတ်ကြီးဖြင့် ကု၌ ု ကို ေ-ါ ဝုဒ္ဓိပြု, အဝဏ္ဏော ယေ လောပဉ္စ၌ စသဒ္ဒါဖြင့် နီ၌ -ီ ကို ချေ, ယဝတံ စသောသုတ်ဖြင့် နျကို ဉပြု, ဉဒွေဘော်လာ, နာမ်ငဲ့, သိ ေ-ါ ပြု, ကောဏ္ဍညော ပြီး၏။
အယုဝဏ္ဏာနံ- အက္ခရာ ဣဝဏ် ဥဝဏ်တို့၏၊ အာယော- အာ ဧ သြတို့သည်၊ ဝုဒ္ဓိ- ဝုဒ္ဓိ သည်၊ ဟောတိ- ဖြစ်၏။ ဝါသိဋ္ဌော, ဝေနတေယျော, သြဠုမ္ပိကော စသည်တည်း။
၆၂။ ဤသုတ်ကား… ဝုဒ္ဓိပြုရာ ဌာနနှင့် ဝုဒ္ဓိဖြစ်သော သရတို့ကို သတ်မှတ်ပြသော နိယမသုတ်တည်း၊ ဝုဒ္ဓိမည်သော သရများကား အာ ဧ သြတို့တည်း၊ ဝုဒ္ဓိပြုရာ ဌာနကား အဝဏ် ဣဝဏ် ဥဝဏ်တို့တည်း၊ “အ ကို အာဝုဒ္ဓိ, ဣ ဤကို ဧဝုဒ္ဓိ, ဥ ဥုကို သြဝုဒ္ဓိ ပြုရမည်”ဟူလို၊ ဤ နိယမသုတ်ကိုပင် ပရိဘာသာသုတ်ဟုလည်း ဖွင့်ကြသည်၊ ရုပ်များကို ရှေ့သုတ်၌ တွက်ပြခဲ့ပြီ။
အမှာ။ ။ ယုဝဏ္ဏကို “ဣ+ု ဝဏ္ဏ”ဟု ပုဒ်ဖြတ်, ဣဝဏ္ဏော ယံ နဝါ သုတ်ဖြင့် ဣကို ယ်ပြု, ယ် ၊ သို့ကပ်၍ ယုဝဏ္ဏဟု ဖြစ်၏၊ အာယောကို လည်း “အာ+ဧ+ေ-ါ ”ဟု ပုဒ်ဖြတ်, ယမေဒန္တဿာဒေသောသုတ်ဖြင့် ဧကို ယ် ပြု, ယ် ေ-ါ သို့ ကပ်၍ “အာယော”ဟု ဖြစ်၏။
တဒ္ဓိတကပ္ပော- တဒ္ဓိတ်ပိုင်းသည်၊ ဣတိ- ပြီးပြီ။
တဒ္ဓိတ်သုတ်နက်နှင့် ရုပ်တွက် အဓိပ္ပာယ် ပြီးပြီ။