ဥဏာဒ်အချီ
ဥဏာဒ်ခေါ်ပုံ။ ။ သက္ကတကျမ်းအချို့၌ ဥဏာဒ်ပိုင်း သီးခြားပါရှိ၏၊ ထိုဥဏာဒ်ပိုင်း၌ ဥဏ်ပစ္စည်းကို အစဆုံး ပြလျက်ရှိသည်၊ ဥဏ်အာဒိ ယေသံတိ ဥဏာဒယော၊ ယေသံ-အကြင်ပစ္စည်းတို့၏၊ ဥဏ်-ဥဏ်ပစ္စည်း ဟူသော၊ အာဒိ-အစသည်၊ အတ္ထိ-ရှိ၏၊ ဣတိ-ထို့ကြောင့်၊ တေ-ထိုပစ္စည်း တို့သည်၊ ဥဏာဒယော-ဥဏာဒိတို့ မည်၏။ [ဥဏ် + အာဒိ မှ ဏ် ကို အာသို့ ကပ်၍ ဥဏာဒိ ပြီး၏၊ ထိုဥဏာဒိပစ္စည်းများကို ပြရာအပိုင်းသည် “ဥဏာဒ်ပိုင်း” မည်၏။]
ဤမာဂဓသဒ္ဒါကျမ်း၌ကား ဝုတ္တိတွင် ဏုပစ္စည်းအတွက် ကာရုကို ဦးစွာ ပြလျက် ရှိ၏၊ သို့သော် ဥဏာဒ် ဟူသော နာမည်မှာ ဝုတ္တိဆရာ၏ လက်ထက်မှ ရသော နာမည် မဟုတ်, သုတ်တည်သော ဆရာ၏ လက်ထက်ကပင် ရခဲ့သော နာမည်တည်း၊ သုတ်စဉ်၌ ဥဏ်ပစ္စည်းကို လည်းကောင်း, ဏုပစ္စည်းကိုလည်းကောင်း အစဆုံး ပြလျက် မရှိချေ၊ ထိုသို့ ဥဏ်ပစ္စည်း ဏုပစ္စည်းကို အစဆုံး မပြသော်လည်း သက္ကတ ဥဏာဒိ ကဏ္ဍလာ ပစ္စည်းများကို သင့်သလို ပြသော အပိုင်းဖြစ်၍ သက္ကတ နာမည်ကို ယူလျက် သဒိသူပစာရအားဖြင့် ဥဏာဒိကဏ္ဍဟု ခေါ်ရသည်။
[ဆောင်] သက္ကတအလို, ဥဏာဒ်ဆိုလျက်, ဥဏ်ကိုအစ, ဧကန်ပြ၏၊ မာဂဓမှု, ဤကျမ်းရှုသော်, ဥဏ် ဏုပစ္စဲ, မစဘဲနှင့်, နဲသက္ကတတ်, နာမည်ကပ်၍, ဥဏာဒ်ဟုပင်, အခေါ်တွင် သည်, မြော်မြင်သူတို့ မှတ်ဖွယ်ကို့။
မှတ်ချက်။ ။ ဤဥဏာဒ်ပိုင်းကို အရှင်မဟာကစ္စည်းထေရ်ပင် စီရင်သည်ဟု ကစ္စည်းဋီကာများနှင့် ဆရာ အဆက်ဆက်တို့ မှတ်ယူကြ ကုန်၏၊ “သို့သော် ဥဏာဒ်ပိုင်းတွင် ကိတ်နှင့်ထပ်တူပစ္စည်းတွေ များစွာ ပါနေသောကြောင့်လည်းကောင်း, သုတ်အနေအထားလည်း ရှေ့အပိုင်း များလောက် မသန့်ရှင်းသောကြောင့်လည်းကောင်း အခြားဆရာတစ်ပါး စီရင်အပ်သော အပိုင်းသာ ဖြစ်ထိုက်သည်”ဟု ဆရာမြတ်တို့ ဆုံးဖြတ် တော်မူကြသည်။
ဥဏာဒ်သုတ်နက်
ဥဏာဒ်အချီ ဥဏာဒ်ခေါ်ပုံ။ ။ သက္ကတကျမ်းအချို့၌ ဥဏာဒ်ပိုင်း သီးခြားပါရှိ၏၊ ထိုဥဏာဒ်ပိုင်း၌ ဥဏ်ပစ္စည်းကို အစဆုံး ပြလျက်ရှိသည်၊ ဥဏ်အာဒိ ယေသံတိ ဥဏာဒယော၊ ယေသံ-အကြင်ပစ္စည်းတို့၏၊ ဥဏ်-ဥဏ်ပစ္စည်း ဟူသော၊ အာဒိ-အစသည်၊ အတ္ထိ-ရှိ၏၊ ဣတိ-ထို့ကြောင့်၊ တေ-ထိုပစ္စည်း တို့သည်၊ ဥဏာဒယော-ဥဏာဒိတို့ မည်၏။ [ဥဏ် + အာဒိ မှ ဏ် ကို အာသို့ ကပ်၍ ဥဏာဒိ ပြီး၏၊ ထိုဥဏာဒိပစ္စည်းများကို ပြရာအပိုင်းသည် “ဥဏာဒ်ပိုင်း” မည်၏။]
ဤမာဂဓသဒ္ဒါကျမ်း၌ကား ဝုတ္တိတွင် ဏုပစ္စည်းအတွက် ကာရုကို ဦးစွာ ပြလျက် ရှိ၏၊ သို့သော် ဥဏာဒ် ဟူသော နာမည်မှာ ဝုတ္တိဆရာ၏ လက်ထက်မှ ရသော နာမည် မဟုတ်, သုတ်တည်သော ဆရာ၏ လက်ထက်ကပင် ရခဲ့သော နာမည်တည်း၊ သုတ်စဉ်၌ ဥဏ်ပစ္စည်းကို လည်းကောင်း, ဏုပစ္စည်းကိုလည်းကောင်း အစဆုံး ပြလျက် မရှိချေ၊ ထိုသို့ ဥဏ်ပစ္စည်း ဏုပစ္စည်းကို အစဆုံး မပြသော်လည်း သက္ကတ ဥဏာဒိ ကဏ္ဍလာ ပစ္စည်းများကို သင့်သလို ပြသော အပိုင်းဖြစ်၍ သက္ကတ နာမည်ကို ယူလျက် သဒိသူပစာရအားဖြင့် ဥဏာဒိကဏ္ဍဟု ခေါ်ရသည်။
[ဆောင်] သက္ကတအလို, ဥဏာဒ်ဆိုလျက်, ဥဏ်ကိုအစ, ဧကန်ပြ၏၊ မာဂဓမှု, ဤကျမ်းရှုသော်, ဥဏ် ဏုပစ္စဲ, မစဘဲနှင့်, နဲသက္ကတတ်, နာမည်ကပ်၍, ဥဏာဒ်ဟုပင်, အခေါ်တွင် သည်, မြော်မြင်သူတို့ မှတ်ဖွယ်ကို့။
မှတ်ချက်။ ။ ဤဥဏာဒ်ပိုင်းကို အရှင်မဟာကစ္စည်းထေရ်ပင် စီရင်သည်ဟု ကစ္စည်းဋီကာများနှင့် ဆရာ အဆက်ဆက်တို့ မှတ်ယူကြ ကုန်၏၊ “သို့သော် ဥဏာဒ်ပိုင်းတွင် ကိတ်နှင့်ထပ်တူပစ္စည်းတွေ များစွာ ပါနေသောကြောင့်လည်းကောင်း, သုတ်အနေအထားလည်း ရှေ့အပိုင်း များလောက် မသန့်ရှင်းသောကြောင့်လည်းကောင်း အခြားဆရာတစ်ပါး စီရင်အပ်သော အပိုင်းသာ ဖြစ်ထိုက်သည်”ဟု ဆရာမြတ်တို့ ဆုံးဖြတ် တော်မူကြသည်။
ဥဏာဒ်သုတ်နက်
ကတ္တရိ- ကတ္တားအနက်၌၊ ကိတ်- ကိတ် ပစ္စည်းသည်၊ ဟောတိ- ၏။ ကာရု, ကာရုကော စသည်တည်း။
၁။ “ကိစ္စပစ္စည်းမှတစ်ပါး ဏ တ အစရှိသော ကိတ်ပစ္စည်းများသည် ကတ္တားအနက်၌ သက်၏”ဟု သတ်မှတ်ပေးသော နိယမသုတ်တစ်မျိုး တည်း၊ ဤသို့ သတ်မှတ်ရာ၌ ကိတ်ပစ္စည်းအားလုံးကို မယူနိုင်၊ ဘာ၀ ကမ္မေသု တ, ကတ္တုကရဏပဒေသေသု စ စသည်ဖြင့် သူ့သာဓနနှင့်သူ သတ်မှတ်ပြီးသား ပစ္စည်းများကိုကား ချွင်းချန်ထားရသည်။ [ကရောတီတိ ကာရု၊ ကရောတိ-ပြုတတ်၏၊ ဣတိ-ထို့ကြောင့်၊ ကာရု-ကာရု မည်၏၊ (အလုပ်သမား, လယ်သမား စသည်ကို ရ၏။)]
ကာရုကို “ကရ”တည်၊ “ကရ၊ ကရဏေ”ဟူသောအနက်၌ ဓာတ်မှည့်, အဆုံးသရချေ၊ ကာလေ ဝတ္တမာနာ.တီတေ ဏွာဒယောသုတ်ဖြင့် ဏု ပစ္စည်းသက်, ကာရိတံ ဝိယ ဏာနုဗန္ဓောသုတ်ဖြင့် ဏုပစ္စည်းကို ကာရိတ် မှည့်, ကာရိတာနံ ဏော လောပံသုတ်ဖြင့် ဏ်အနုဗန်ကို ချေ, အသံယောဂန္တဿ ဝုဒ္ဓိ ကာရိတေသုတ်ဖြင့် က၏အဆုံး ၊ ကို -ါ ဝုဒ္ဓိပြု, ရ်ကို ု သို့ ကပ် (ကာရု), နာမ်ငဲ့, သိချေ, ကာရု ပြီး၏၊ (ဘိက္ခုကဲ့သို့ ရုပ်စဉ်)။ [ကာရုကောကို ဟနတျာဒီနံ ဏုကောသုတ်၌ ပြခဲ့ပြီ။]
ဘာဝကမ္မေသု- ဘော အနက်, ကံအနက်တို့၌၊ ကိစ္စက္တခတ္ထာ- ကိစ္စပစ္စည်း, က္တပစ္စည်း, ခပစ္စည်းတို့၏အနက်သည်၊ ဟောန္တိ- ဖြစ်ကုန်၏။ ပေသာတိသဂ္ဂ ပတ္တကာလေသု ကိစ္စာသုတ်, ဘျာဒီဟိ မတိဗုဓိပူဇာဒီဟိ စ က္တော သုတ်, ဤသံဒုသုဟိ ခသုတ်တို့၌ ပါသော ပြယုဂ်များပင်တည်း။
၂။ ဤသုတ်လည်း ပစ္စည်းသက်သောသုတ်မဟုတ်၊ “ကိစ္စပစ္စည်းများ၏ အနက်, က္တပစ္စည်းများ၏ အနက်, ခပစ္စည်း၏ အနက်သည် ဘော ကံအနက်၌ ဖြစ်၏ဟု သတ်မှတ်ပြသော နိယမသုတ်ပင်တည်း၊ သုတ် ၄ မျိုး တွင်းသွင်းလျှင် ပရိဘာသာသုတ်ပင် ဖြစ်သည်။
ကိစ္စတ္ထ။ ။ ခတ္ထာမှ အတ္ထသဒ္ဒါကို ရှေ့ပုဒ်များသို့ လိုက်စေ၍ ကိစ္စတ္ထ, က္တတ္ထ, ခတ္ထဟု ခွဲထားပါ၊ ထိုတွင် ကိစ္စပစ္စည်းဟူသည် “တဗ္ဗ, အနီယ, ဏျ, တေယျ, ရိစ္စ”တို့တည်း၊ ကိစ္စတ္ထ (ကိစ္စပစ္စည်း၏အနက်)ဟူသည် “ပေသာတိသဂ္ဂပတ္တကာလေသု ကိစ္စာအရ ပေသအနက်, အတိသဂ္ဂ အနက်, ပတ္တကာလအနက်များတည်း။
က္တတ္ထ။ ။ က္တပစ္စည်းဟူသည် တျာဒီဟိ မတိဗုဓိပူဇာဒီဟိ စ က္တော သုတ်ဖြင့် သက်သောပစ္စည်းတည်း၊ က္တတ္ထ (က္တ၏အနက်)ဟူသည် ထိုသုတ်၌ ပြအပ်သော ဘီအစရှိသော ဓာတ်, မနဓာတ်, ဗုဓဓာတ်, ပူဇ ဓာတ် စသည်တို့၏ အနက်ပင်တည်း။ [က္တပစ္စည်းသည် ဘော ကံအနက်၌ သက်သော်လည်း ထိုဓာတ်များနောင် သက်ရသဖြင့် ထိုဓာတ်၏ အနက် များကိုလည်း ဟောရာရောက်သည်။]
ခတ္ထ။ ။ ခပစ္စည်းဟူသည် ဤသံဒုသုဟိ ခသုတ်ဖြင့် သက်သောပစ္စည်း တည်း၊ ခတ္ထဟူသည် ဤသံနိပါတ်, ဒု သု ဥပသာရပုဒ်တို့၏ အနက်တည်း။ [ထိုပုဒ်တို့နှင့် တွဲဖက်ဓာတ်နောက် သက်ရသဖြင့် ထိုဤသံ ဒု သုပုဒ်တို့၏ အနက်ကိုလည်း ခ ပစ္စည်းက ဟောရာရောက်သည် ဟူလို၊ က္ခတ္ထာဟု ပါဌ်ရှိသည်မှာ မကောင်း၊ သက္ကတ၌ ခလတ္ထာဟု ရှိသည်။]
ကမ္မနိ- အဝုတ္တကံအနက်၌၊ ဒုတိယာယံ- ဒုတိယာဝိဘတ် ရှိလတ်သော်၊ ကတ္တရိ- ကတ္တား အနက်၌၊ က္တော- က္တပစ္စည်းသည်၊ ဟောတိ- ဖြစ်၏။ ဒါနံ ဒိန္နော, သီလံ ရက္ခိတော စသည်တည်း။
၃။ ဤသုတ်ကား “ဒါနံ ဒိန္နော ဒေဝဒတ္တော”ကဲ့သို့ ပါဠိစီသည့်အခါ ဒါနံဟူသော ကံ၌ ဒုတိယာဝိဘတ် ရှိနေလျှင် ဒိန္နောကဲ့သို့သော ကြိယာ၌ က္တပစ္စည်းသက်သောသုတ်တည်း၊ ထို က္တပစ္စည်းသည် ကံကို မဟောရ, ကတ္တားဟောသာ ဖြစ်သင့်သောကြောင့် ကတ္တရိ ကိတ်သုတ်မှ ကတ္တရိသဒ္ဒါ လိုက်လာစေရသည်။
ဒိန္နောကို “ဒါ”တည်၊ “ဒါ၊ ဒါနေ”ဟူသော အနက်၌ ဓာတ်မှည့်, ကမ္မနိ ဒုတိယာယံ က္တောသုတ်ဖြင့် က္တပစ္စည်းသက်, ကွစိ ဓာတုသုတ်ကြီးဖြင့် က် အနုဗန်ကို ချေ, ဘိဒါဒိတော ဣန္နအန္န ဤဏာ ဝါသုတ်ဖြင့် တပစ္စည်း ကို -ိ န္နပြု, ဒ်ခွင်း, -ါ ချေ, ဒ်ကို -ိ သို့ကပ်, နာမ်ငဲ့, သိသက်, ေ-ါ ပြု, န္နခွင်း, ချေ, ကပ်, ဒိန္နော ပြီး၏။ [ရက္ခိတော၌ ရက္ခဓာတ် “ရက္ခ=ပါလနေ စသည်ဆိုလေ၊ ဤသုတ်မရှိသော်လည်း အတီတေ တတဝန္တုတာဝီသုတ်, ဗုဓဂမာဒိတ္ထေ ကတ္တရိသုတ်များဖြင့် တပစ္စည်းသက်၍ ရုပ်ပြီးနိုင်၏။]
ချာဒီဟိ- ခီအစရှိသော ဓာတ်တို့မှ နောက်၌၊ မန်- မန်ပစ္စည်းသည်၊ ဟောတိ- ၏၊ မ စ- မ၏လည်း၊ တော- တအပြုသည်၊ ဝါ- ပိုင်းခြားသောအားဖြင့်၊ ဟောတိ- ၏။ ခေမော, ဘီမော, အတ္တာ စသည်တည်း။
၄။ ချာဒိကို “ခီ+အာဒိ”ဟု ပုဒ်ဖြတ်၍ အာဒိဖြင့် ဘီ, သု, ရု, ဟု, ဝါ, ဓူ, ဟိ, လူ, ပီ, အဒ ဓာတ်များကို ယူ၊ ထိုဓာတ်များနောင် မန်ပစ္စည်းသက်၏၊ မ၏ တအပြုကိုကား ဝါသဒ္ဒါက ပိုင်းခြားသောကြောင့် အဒဓာတ် နောက် ၌သာ ပြုရသည်။
[ဆောင်]၁။ ဘီနှင့် သု ရု, ဟု ဝါ ဓူ, ဟိ လူ ပီ အဒ။ ၂။ ချာဒီဟိ, သုတ်အာဒိ, ရုပ်ရှိ စုံအောင်ပြ။ ၃။ အဒနောက်ရှု, မ တ ပြု, ဝါမှု မှတ်ချက်ချ။ (ခီ ) ခေမော - ဘေးရန်ခပ်သိမ်း ကုန်ငြိမ်းရာနိဗ္ဗာန်။
(ဘီ) ဘီမော (ဘေမော)-ကြောက်ဖွယ်။
(သု) သောမော - လ။
(ရု ) ရောမော - အမွေး။
(ဟု) ဟောမော - ပူဇော်အပ်သောယဇ်။
(ဝါ) ဝါမော - လက်ဝဲဘက်။
(အဒ)အတ္တာ - ကိုယ်။ ဝါ-တိတ္ထိတို့ ကြံဆအပ်သော အတ္တ။
(ဓူ ) ဓူမော - မီးခိုး။
(ဟိ) ဟေမော - အရွှေ။
(လူ) လောမော (လောမံ) - အမွေး။
(ပီ ) ပေမော - ချစ်ခြင်း။
ရုပ်တွက်။ ။ ခေမောကို “ခီ”တည်၊ “ခီ၊ ခယေ”ဟူသောအနက်၌ ဓာတ်မှည့်, ချာဒီဟိ မန် မ စ တော ဝါသုတ်ဖြင့် မန်ပစ္စည်းသက်, ကွစိ ဓာတုသုတ်ကြီးဖြင့် န်အနုဗန်ကို ချေ, အညေသု စသုတ်ဖြင့် ခီ၏ အစိတ် -ီကို ေ-ဝုဒ္ဓိပြု, နာမ်ငဲ့, သိသက်, ေ-ါ ပြု, ခေမော ပြီး၏။
အတ္တာကို “အဒ”တည်၊ “အဒ၊ ဘက္ခနေ”ဟု ဓာတ်နက်ဆို၊ ချာဒီဟိ မန် မ စ တော ဝါသုတ်ဖြင့် မန်ပစ္စည်းသက်၍ မကို တပြု, ဒေါ ဓဿ စ သုတ်၌ စသဒ္ဒါဖြင့် ဒ်ကို တ်ပြု, တသို့ကပ်, ကွစိ ဓာတုသုတ်ကြီးဖြင့် န် အနုဗန်ကို ချေ, နာမ်ငဲ့, သိသက်, သျာ စသုတ်ဖြင့် သိကို -ါ ပြု, တ္တ်ခွင်း, ချေ, ကပ်, အတ္တာ ပြီး၏။
အာတုမာ၌ကား အဒဓာတ်, မန်ပစ္စည်း ဟမကို တမပြုရ, ဝါမြစ်သည်၊၊] (အတ်မ), ကွစိ ဓာတုသုတ်ကြီးဖြင့် အ ကို အာပြု၍ တနောင် ု လည်း လာပြီးလျှင် အနုဗန်ကိုလည်း ချေ, နာမ်ငဲ့, သိသက်, -ါ ပြုလေ။
သမာဒီဟိ- သမ အစရှိသော ဓာတ်တို့မှ နောက်၌၊ ထ,မာ- ထပစ္စည်း, မပစ္စည်းတို့သည်၊ ဟောန္တိ- ဖြစ်ကုန်၏။ သမထော, ဒုမော စသည်တည်း။
၁၃။ သမာဒီဟိ၌ အာဒိဖြင့် ဒမ စသော ဓာတ်များကို ယူ။ [ဆောင်] ဒမ ဒရ, ရဟ-သပါ, ဝသာနှင့် ယု, ဒု ဟိ သိ ဒါ, သာ ထာ တစ်ဝ, ဘသ ဗဟာ, ဥသုမာ, သမာဒီဟိသုတ်။
(သမ)သမထော-ငြိမ်းစေတတ်သောသမာဓိ၊ (ဒမ)ဒမထော-ဆုံးမခြင်း၊ (ဒရ) ဒရထော-ပူလောင်ခြင်း၊ ဂ၇၏ရဟ) ရထော-ရထား၊ (သပ) သပထော-ကျိန်စာဆိုခြင်း၊ (အာပုဗ္ဗ ဝသ) အာဝသထော-နေရာအိမ်၊ (ယု) ယူထော-အပေါင်း၊ ဟယု၏အဆုံး ု ကို သုတ်ကြီးဖြင့် ူ ပြု၊] (ဒု) ဒုမောသစ်ပင်၊ (ဟိ) ဟိမော-ဆီးနှင်း၊ (သိ) သီမာ-သိမ်၊ ဟသုတ်ကြီးဖြင့် သိ၌ -ိ ကို -ီ ဒီဃပြု၊] (ဒါ) ဒါမော-ပန်းဆိုင်း၊ (သာ) သာမော-ရွှေအဆင်း၊ (ထာ) ထာမော-အားအစွမ်း၊ ဟရူပသိဒ္ဓိ၌ တကို ဓပြု၍ ဓာမော ဟု ရှိ၏၊] (ဘသ) ဘသ္မာ-ပြာ၊ (ဗဟ) ဗြဟ္မာ-ဗြဟ္မာ၊ ဟဗကို သုတ်ကြီးဖြင့် ဗြပြု၊] (ဥသ) ဥသ္မာ-အငွေ့။ [ဘသ္မာစသော ၃ ပုဒ်သည် ရာဇာဒိဂိုဏ်းတည်း။]
သမထောကို “သမ”တည်၊ “သမ၊ ဥပသမေ”ဟူသော အနက်၌ ဓာတ် မှည့်, ဓာတုဿန္တော လောပေါနေကဿရဿသုတ်၌ လိုက်လာသော ကွစိသဒ္ဒါကြောင့် အဆုံးသရကို မချေရ, သမာဒီဟိ ထ,မာသုတ်ဖြင့် ထ ပစ္စည်း သက်, နာမ်ငဲ့, သိကို ေ-ါ ပြု, သမထော ပြီး၏။
အမှာ။ ။ အဆုံးသရကို ချေလျှင် “မ်”ကပ်ဖို့ရာသရ မရှိသော ကြောင့် ဓာတ်အဆုံးသရကို မချေရ၊ ဒမထော စသည်၌လည်း နည်းတူ၊ ရထောစသည်၌ကား ဟ၏အဆုံး အကို ချေသော်လည်း အပြစ်မရှိ၍ချေ။
ဒုမောကို “ဒု”တည်၊ “ဒု၊ ဂတိမှိ” ဟူသောအနက်၌ ဓာတ်မှည့်, သမာ ဒီဟိ ထ,မာသုတ်ဖြင့် မပစ္စည်းသက်, နာမ်ငဲ့, သိကို ေ-ါ ပြု, ဒုမော ပြီး၏။
ဂဟဿ- ဂဟဓာတ်၏၊ ဥပဓဿ- ဥပဓာမည်သော အက္ခရာ၏ အဆုံးအ၏၊ ဧ- ဧ အပြု သည်၊ ဝါ- ဝိကပ်အားဖြင့်၊ ဟောတိ- ဖြစ်၏။ ဂေဟံ စသည်တည်း။
၆။ [ဂေဟံ-အိမ်။] ဥပဓာဟူသည် သက္ကတကျမ်း၌ သုံးစွဲအပ်သော နာမည် တစ်မျိုးတည်း၊ အက္ခရာ ၂ လုံးရှိရာ၌ အဆုံးအက္ခရာ၏ ရှေ့ အက္ခရာဖြစ်သော သရကို “ဥပဓာ”ဟု ခေါ်သည်။
[ဆောင်] အဆုံးဝဏ္ဏ, ရှေ့အစက, ပြသည့်ထိုထို, အက္ခရာကို, ခေါ်ဆို ဥပဓာ။
ဂေဟံကို “ဂဟ”တည်၊ “ဂဟ၊ ဥပါဒါနေ”ဟူသော အနက်၌ဓာတ်မှည့်, အဆုံးသရချေ, သဗ္ဗတော ဏွုတွာဝီ ဝါသုတ်ဖြင့် ၊ ပစ္စည်းသက်, ပရ သမညာ ပယောဂေသုတ်ဖြင့် ဂ ၏ အ သရကို ဥပဓာ အမည်မှည့်, ဂဟဿုပဓဿေ ဝါသုတ်ဖြင့် ဥပဓာမည်သော သရကို ေ- ပြု, ဟ်ကို ၊ သို့ ကပ်, နာမ်ငဲ့, သိသက်, -ံ ပြု, ဂေဟံ ပြီး၏။
မသုဿ- မသုဓာတ်၏၊ သုဿ- သုအက္ခရာ၏၊ စ္ဆရစ္ဆေရာ- စ္ဆရအပြု, စ္ဆေရအပြုတို့သည်၊ ဟောန္တိ- ကုန်၏။ မစ္ဆရော, မစ္ဆေရော ဟူသည်တည်း။
၇။ မစ္ဆရော, မစ္ဆေရော-ဝန်တိုခြင်း, ဝန်တိုသူ။
မစ္ဆရောကို “မသု”တည်၊ “မသု၊ မစ္ဆရေ”ဟူသောအနက်၌ ဓာတ်မှည့်, အဆုံးသရချေ, ကွိပစ္စည်းသက်, မသုဿ သုဿ စ္ဆရစ္ဆေရာသုတ်ဖြင့် မသု ဓာတ်၏ သုကို စ္ဆရပြု, ကွိ လောပေါ စသုတ်ဖြင့် ကွိပစ္စည်းကို ချေ, နာမ်ငဲ့, သိသက်, ေ-ါ ပြု, မစ္ဆရော ပြီး၏။ [မစ္ဆေရော၌ စ္ဆေရ ပြုရုံသာ၊ နျာသ၌ မသုဓာတ် မကြံဘဲ အနိပ္ဖန္နပါဋိပဒိကဟု တစ်နည်း ကြံလေ သေး၏၊ အနိပ္ဖန္န=ဓာတ် ပစ္စည်းတို့ဖြင့် ပြီးစေအပ်သည် မဟုတ်သော+ ပါဋိပဒိက=နာမ်ပုဒ် (ရုဠှီပုဒ်ဟု ခေါ်သည်)။]
အာပုဗ္ဗစရဿ- အာရှေးရှိသော စရဓာတ်၏၊ စ္ဆရစ္ဆေရာ စ- စ္ဆရအပြု, စ္ဆေရအပြုတို့သည်လည်း၊ ဟောန္တိ- ကုန်၏။ အစ္ဆရံ အစ္ဆေရံ ဟူသည်တည်း။ စသဒ္ဒါဖြင့် စ္ဆရိယ အပြုကို ဆည်း၍ အစ္ဆရိယံ ဟုလည်း ဖြစ်၏။
၈။ အစ္ဆရံ, အစ္ဆေရံ, အစ္ဆရိယံ-လွန်စွာဖြစ်ခြင်း၊ ဝါ-အံ့သြဖွယ်၊ အာ သဒ္ဒါသည် “အလွန်”ဟူသောအနက်ကို ဟော၏၊ စရဓာတ်သည် ဖြစ်ခြင်း အနက်ကို ဟော၏၊ လွန်စွာဖြစ်ခြင်းဟူသည် ဖြစ်ရိုးဖြစ်စဉ်ထက် ထူးကဲ သော အံ့သြဖွယ်တည်း။
ရုပ်တွက်။ ။ အစ္ဆရံကို အာပုဗ္ဗ “စရ”တည်၊ “စရ၊ ဂတိဘက္ခနေသု” ဟူသောအနက်၌ ဓာတ်မှည့်, အဆုံးသရချေ, ကွိ စသုတ်ဖြင့် ကွိပစ္စည်း သက်, အာပုဗ္ဗစရဿ စသုတ်ဖြင့် စရဓာတ်ကို စ္ဆရ ပြု, ကွစာဒိမဇ္ဈုတ္တရာနံ ဒီဃရဿာ ပစ္စယေသု စသုတ်ဖြင့် အာကို ရဿပြု, ကွိ လောပေါ စသုတ် ဖြင့် ကွိပစ္စည်းကိုချေ, နာမ်ငဲ့, သိသက်, သိကို -ံ ပြု, အစ္ဆရံ ပြီး၏။
အမှာ။ ။ အစ္ဆေရံ အစ္ဆရိယံတို့၌ စ္ဆေရ စ္ဆရိယ ပြုရုံသာ၊ နျာသ၌ကား အာကို ဤသုတ်၌ စသဒ္ဒါဖြင့်ပင် အ ရဿပြု၏၊ “မသု”တည်၍ ဤ သုတ်က စသဒ္ဒါဖြင့် သုကို စ္ဆရိယပြုလျှင် မစ္ဆရိယံဟု ဖြစ်၏၊ “မာ+ အစ္ဆရိယံ”ဟု ၂ ပုဒ်ခွဲ၍ “အစ္ဆရိယံ-အံ့သြဖွယ်သည်+မာ-သူ့မှာ မဖြစ်စေ သတည်း”ဟု တစ်နည်းရှိသေး၏။
အလကလသလေဟိ- အလဓာတ်, ကလဓာတ်, သလဓာတ်တို့မှ နောက်၌၊ လယာ- လပစ္စည်း, ယပစ္စည်းတို့သည်၊ ဟောန္တိ- ဖြစ်ကုန်၏။ အလ္လံ အလျံ, ကလ္လံ ကလျံ, သလ္လံ သလျံ ဟူသည်တည်း။
၉။ အလ္လံ, အလျံ-စိုစွတ်သည်၊ ကလ္လံ, ကလျံ-ခံ့ကျန်းသည်၊ သလ္လံ, သလျံ-မြား ငြောင့်။ [ဝိဂြိုဟ်မပြုရဘဲ အများသုံးအနက်ကို “ပညတ်နက်” ဟု ခေါ်၏။]
ရုပ်တွက်။ ။ အလ္လံကို “အလ”တည်၊ “အလ၊ ပရိသမတ္ထမှိ”ဟူသော အနက်၌ ဓာတ်မှည့်, အဆုံးသရချေ, အလကလသလေဟိ လယာ သုတ်ဖြင့် လ ပစ္စည်းသက်, လ်ကို လသို့ကပ်, နာမ်ငဲ့, သိသက်, -ံ ပြု, အလ္လံ ပြီး၏။ [အလျံ၌ ယပစ္စည်းသက်, လ်ကို ယသို့ ကပ်လျှင် လျဖြစ်၏၊ ကလျံ သလျံတို့၌လည်း နည်းတူ။] ကလ္လံကို “ကလ”တည်၊ “ကလ= သင်္ချာနေ” စသည်ဆို၊ သလ္လံကို “သလ”တည်၊ “သလ=ဂတိမှိ” စသည်ဆို။
ကလသလေဟိ- ကလဓာတ်, သလ ဓာတ်တို့မှ နောက်၌၊ ယာဏလာနာ- ယာဏပစ္စည်း, လာနပစ္စည်း တို့သည်၊ ဟောန္တိ- ဖြစ်ကုန်၏။ ကလျာဏံ, ပဋိသလ္လာနံ စသည် တည်း။
၁၀။ ကလျာဏံ-ကောင်းသည်၊ ပဋိသလ္လာနံ-ကိန်းအောင်းခြင်း။
ကလျာဏံကို “ကလ”တည်၊ “ကလ၊ သင်္ချာနေ”ဆို၍ ဤသုတ်ဖြင့် ယာဏပစ္စည်းသက်, လ်ကို ယာသို့ကပ်လျှင် ကလျာဏ, နာမ်ငဲ့စသည်ဆို၊ ပဋိသလ္လာနံကို ပဋိပုဗ္ဗ“သလ”တည်၊ “သလ=ဂတိမှိ”စသည်ဆို၍ ဤသုတ် ဖြင့် လာနပစ္စည်းသက်, လ်ကို လသို့ ကပ်လျှင် ပဋိသလ္လာနံဟု ဖြစ်၏။
မထိဿ- မထဓာတ်၏၊ ထဿ- ထအက္ခရာ၏၊ လော စ- လအပြုသည်လည်း၊ ဟောတိ- ဖြစ်၏။ မလ္လော ဟူသည်တည်း။ စသဒ္ဒါဖြင့် “လက” အပြုကို ဆည်း၍ မလ္လကော ဟုလည်း ဖြစ်၏။
၁၁။ မလ္လော, မလ္လကော-လက်ပန်းသည် (လက်ဝှေ့သတ်သူ)။
ရုပ်တွက်။ ။ မလ္လောကို “မထ”တည်၊ “မထ၊ ဝိလောဠနေ”ဟူသော အနက်၌ ဓာတ်မှည့်, အဆုံးသရချေ, သဗ္ဗတော ဏွုတွာဝီ ဝါသုတ်ဖြင့် ၊ ပစ္စည်းသက်, မထိဿ ထဿ လော စသုတ်ဖြင့် ထ်ကို လ်ပြု, လ်ကို ၊ သို့ ကပ်, သဒိသဒွေးဘော် လ်လာ, နာမ်ငဲ့, သိ ကို ေ-ါ ပြု, မလ္လော ပြီး၏။ [မလ္လကော၌ လက ပြုရုံသာ။]
ပေသာ. တိသဂ္ဂပတ္တကာလေသု- စေခိုင်းတိုက်တွန်းခြင်း, ခွင့်ပြုခြင်း, ရောက်လာသော အချိန်အခါကို ပြောပြခြင်းအနက်တို့၌၊ ကိစ္စာ- ကိစ္စပစ္စည်းတို့သည်၊ ဟောန္တိ- ဖြစ်ကုန်၏။ ကတ္တဗ္ဗံ ကမ္မံ, ဘောတဗ္ဗံ ဘောဇနံ, အဇ္ဈယိတဗ္ဗံ ဘဝတာ စသည်တည်း။
၁၂။ ပေသ။ ။ ကိုယ့်အောက်လူကို စေခိုင်းခြင်း, ကိုယ့်အထက်လူကို တိုက်တွန်းခြင်းတည်း၊ ဘဝတာ-အရှင်သည်၊ ကမ္မံ-အမှုကို၊ ကတ္တဗ္ဗံပြုအပ်၏၊ ဝါ-ပြုပါလော။ [ဘာဝကမ္မေသု ကိစ္စက္တခတ္ထာဟု ဆိုသော ကြောင့် အရင်းခံဖြစ်တဲ့ ကံအနက်ကိုလည်း လက်မလွှတ်ရ။]
အတိသဂ္ဂ။ ။ တစ်စုံတစ်ယောက်က ခွင့်တောင်းလာခြင်းကြောင့် လည်းကောင်း, ခွင့်မတောင်းဘဲ ကျင့်စေလိုသောကြောင့်လည်းကောင်း ခွင့်ပြုခြင်းမျိုးတည်း၊ ဘဝတာ - အရှင်သည်၊ ဘောဇနံ - ဘောဇဉ်ကို၊ ဘောတ္တဗ္ဗံ-စားထိုက်၏၊ ဝါ-စားလိုစားတော့။ [ပါဏော-သတ္တဝါကို၊ န ဟန္တဗ္ဗော-မသတ်ထိုက်, မသတ်ကောင်း။]
ပတ္တကာလ။ ။ တစ်စုံတစ်ခု ပြုလုပ်ချိန် ရောက်လာပါလျက် မပြုဘဲ နေသူအား အချိန်ကို ပြောခြင်းတည်း၊ ဟပတ္တ၊ ရောက်လာသော+ကာလ= အချိန်အခါ။] ဤ “ပတ္တကာလ”အရ ရောက်လာသောအချိန်သာ ရသော် လည်း ထိုအချိန်အခါကို ပြောပြခြင်းတိုင်အောင် ယူ၊ ဘဝတာ-အရှင်သည်၊ အဇ္ဈယိတဗ္ဗံ-သရဇ္ဈာယ်ထိုက်၏၊ ဝါ-သရဇ္ဈာယ်ချိန်တန်ပြီ။
ကတ္တဗ္ဗံကို “ကရ”တည်၊ “ကရ၊ ကရဏေ”စသည်, ပေသာတိသဂ္ဂပတ္တ ကာလေသု ကိစ္စာသုတ်ဖြင့် တဗ္ဗပစ္စည်းသက်, တုံတုနတဗ္ဗေသု ဝါသုတ်ဖြင့် ဓာတွန်ရ်ကို တ်ပြု, တ်ကို တသို့ကပ် (ကတ္တဗ္ဗ), နာမ်ငဲ့, သိကို -ံ ပြု ပြီး၏။
ဘောတ္တဗ္ဗံကို “ဘုဇ”တည်၊ “ဘုဇ၊ ပါလနဗျဝဟရဏေသု”စသည်ဆို၊ ဤသုတ်ဖြင့် တဗ္ဗပစ္စည်းသက်, အညေသု စသုတ်ဖြင့် ဘု၏အစိတ် ု ကို ေ-ါ ဝုဒ္ဓိပြု, ဘုဇာဒီနမန္တော နော ဒွိ စသုတ်ဖြင့် ဓာတွန် ဇ် ကို ချေ, တ၏ ဒွေဘော်လည်း လာ, နာမ်ငဲ့ စသည်ဆို။
အဇ္ဈယိတဗ္ဗံကို အဓိပုဗ္ဗ “ဣ”တည်၊ “ဣ၊ ဂတိမှိ”စသည်ဆို၊ တဗ္ဗ သက်, အညေသု စသုတ်ဖြင့် ဣကို ဧဝုဒ္ဓိပြု, ဧ အယသုတ်ဖြင့် ဧကို ၊ ယ်ပြု, ယထာဂမမိကာရောသုတ်ဖြင့် -ိ လာ (အဓိ ၊ ယိတဗ္ဗ), အဇ္ဈော အဓိသုတ်ဖြင့် အဓိကို အဇ္ဈပြု, ချေ, ကပ်, နာမ်ငဲ့, သိကို -ံ ပြု, ပြီး၏။
အဝဿကာ.ဓမိ ဏေသု- မချွတ်ဧကန်ဟူသောအနက်, ကြွေးယူသူ မြီစားဟူသော အနက်တို့၌၊ ဏီ- ဏီပစ္စည်းသည်လည်းကောင်း၊ ကိစ္စာ စ- ကိစ္စ ပစ္စည်းတို့သည်လည်းကောင်း၊ ဟောန္တိ- ဖြစ်ကုန်၏။ ကာရီသိ မေ ကမ္မံ အဝဿံ, ဒါယီ.သိ မေ သတံ ဣဏံ, ကတ္တဗ္ဗံ မေ ကမ္မံ, ဓာရေတဗ္ဗံ မေ သဟဿံ ဣဏံ စသည်တည်း။
၁၃။ အဝဿက၌ က အက္ခရာအတွက် အနက်သီးခြားမရှိ, အဝဿ သဒ္ဒါသည် မချွတ်ဧကန်ဟူသော အနက်ကို ဟော၏၊ အဝဿကအနက်၌ ဏီပစ္စည်း တဗ္ဗ အနီယစသော ကိစ္စပစ္စည်းများ သက်၏၊ တွံ-သင်သည်၊ မေ-ငါ၏၊ ကမ္မံ-အလုပ်ကို၊ အဝဿံ-မချွတ်ဧကန်၊ ကာရီ-ပြုထိုက်သည်၊ အသိ-ဖြစ်၏၊ တယာ-သင်သည်၊ မေ-ငါ၏၊ ကမ္မံ-ကို၊ အဝဿံမချွတ်ဧကန်၊ ကတ္တဗ္ဗံ-ပြုအပ်, ပြုထိုက်၏။ [ကာရီ.သိ၊ ကာရီ+အသိ။]
အဓမိဏ။ ။ သက္ကတအဘိဓာန်၌ ဥတ္တမိဏ-မြီရှင် (ကြွေးပေးသူ)၊ အဓမိဏ-မြီစား (ကြွေးယူသူ)ဟု ၂ မျိုးပြ၏၊ ထို့ကြောင့် “ကြွေးယူသူ” ဟူသောအနက်ကို “အဓမိဏ”အနက်ဟု မှတ်၊ ယဿ-အကြင်သူ၏၊ အဓမံ-ဧကန်ပေးရမည်ဖြစ်၍ ယုတ်ညံ့သော+ဣဏံ-ကြွေးမြီသည်၊ အတ္ထိရှိ၏ ဣတိ-ကြောင့်၊ အဓမိဏော-အဓမိဏ မည်၏။
တွံ-သင်သည်၊ မေ-ငါ၏၊ သတံ-တစ်ရာသောကြွေးမြီကို၊ ဒါယီပေးဆပ်သင့်သည်၊ အသိ-ဖြစ်၏၊ တယာ-သင်သည်၊ မေ-ငါ၏၊ သဟဿံတစ်ထောင်သောကြွေးမြီကို၊ ဓာရေတဗ္ဗံ-ဆောင်ထိုက် ဆပ်ထိုက်၏။
ဒါယီကို “ဒါ”တည်၊ ဓာတ်မှည့်, ဤသုတ်ဖြင့် ဏီပစ္စည်းသက်, အကြွင်းကို အာကာရ န္တာနမာယောသုတ်ကြည့်၊ ကာရီကိုလည်း “ကရ” တည်၊ ကအစိတ် ၊ ကို -ါ ဝုဒ္ဓိပြုရုံသာ၊ ကတ္တဗ္ဗံ၌ ဤသုတ်ဖြင့် တဗ္ဗပစ္စည်း သက်၍ တုံတုနတဗ္ဗေသု ဝါသုတ်ဖြင့် ဓာတွန် ရ် ကို တ် ပြုလေ။
ဓာရေတဗ္ဗံကို “ဓရ”တည်၊ “ဓရ၊ ဓာရဏေ”ဟူသောအနက်၌ ဓာတ် မှည့်, အဆုံးသရချေ, တဗ္ဗပစ္စည်းသက်, စုရာဒိတော ဏေဏယာသုတ်ဖြင့် ဏေပစ္စည်းသက်, ကာရိတ်လည်းမှည့်, ဏ်အနုဗန်ချေ, အသံယောဂန္တဿ စသောသုတ်ဖြင့် ဓ၏ ၊ ကို -ါ ဝုဒ္ဓိပြု, ေ-သို့ ကပ်, နာမ်ငဲ့, သိကို -ံ ပြု။
အရဟသက္ကဒီဟိ- အရဟ, သက္က အစရှိသည်တို့နှင့်၊ ယောဂေ- ယှဉ်ရာ၌၊ တုံ- တုံပစ္စည်းသည်၊ ဟောတိ- ၏။ ဝတ္တုံ အရဟတိ စသည်တည်း။
၁၄။ ဤသုတ် အစီအရင်သည် ကိတ်ပိုင်း အရဟသက္ကာဒီသု စ သုတ်နှင့် တူ၏၊ ရူပသိဒ္ဓိ၌ ဤသုတ်မပါ။ [ဝတ္တုံ-ဆိုခြင်းငှာ၊ အရဟတိထိုက်၏။]
ရုပ်တွက်။ ။ ဝတ္တုံကို “ဝဒ”တည်၊ “ဝဒ၊ ဝိယတ္တိယံ ဝါစာယံ”ဟူသော အနက်၌ ဓာတ်မှည့်, အဆုံးသရချေ, အရဟသက္ကာဒီဟိ တုံသုတ်ဖြင့် တုံပစ္စည်းသက်, ဒေါ ဓဿ စ၌ စသဒ္ဒါဖြင့် ဒ်ကို တ်ပြ, တ်ကို တုံသို့ကပ်, ငှာဟူ၍ အနက်ပေးသောကြောင့် သိလာဃ စသောသုတ်ဖြင့် တုမတ္ထ သမ္ပဒါန်မှည့်, သမ္ပဒါနေ စတုတ္ထီသုတ်ဖြင့် သသက်, သဗ္ဗာသမာဝုသော ဖြင့် ချေ, ဝတ္တုံ ပြီး၏။ [ဘုဇာဒီနမန္တော နော ဒွိ စသုတ်ဖြင့် ဓာတွန် ဒ်ကို ချေ၍ ဒွေဘော်လာလျှင်လည်း ပြီးနိုင်၏။]
ဝဇာဒီဟိ- ဝဇ အစရှိသော ဓာတ်တို့ဖြင့်၊ ပဗ္ဗဇ္ဇာဒယော- ပဗ္ဗဇ္ဇအစရှိသောသဒ္ဒါ တို့ကို၊ နိပစ္စန္တေ- ဝန်ကျစေအပ်ကုန်၏။ ပဗ္ဗဇ္ဇာ စသည်တည်း။
၁၅။ ဤသုတ်ကား ဥဏာဒ်ပိုင်းအတွက် သုတ်ကြီးပင်တည်း၊ အခြား သုတ်ဖြင့် မပြီးစီး၍ တာဝန်တင်နေသမျှကို ဤသုတ်က တာဝန်ကျစေ သည်၊ ဝါ-ပြီးစီးအောင်စီရင်သည် ဟူလို။ [နိပ္ပဇ္ဇန္တေဟု နိပုဗ္ဗ ပဒဓာတ်ဖြင့် ရှိတတ်၏၊ သက္ကတကျမ်းတို့၌ နိပါတနသုတ်ကြီးမှန်လျှင် နိပုဗ္ဗ ပတ ဓာတ်ဖြင့် “နိပါတျန္တေ”ဟုချည်း ရှိ၏၊ သို့အတွက် “နိပစ္စန္တေ”သာ သင့်သည်၊ ကာရိတ် ဏေပစ္စည်း အကျေ ကြံပါ။]
အမှာ။ ။ ဤသုတ်မရှိသော်လည်း ဆိုင်ရာသုတ်ငယ်များဖြင့် ပြီးစီး နိုင်၏၊ ထိုသို့ပြီးစီးနိုင်လျက် ဤသုတ်ကြီးကို ဆိုပြန်ခြင်းသည် ပဇ္ဇုန္နဂတိက နည်း ဟူ၏။ [ပဇ္ဇုန္နဂတိက-မိုးရွာပုံနည်း၊ “မိုးသည် ရေမရှိသော ကုန်း အရပ်မှာ ရွာသည့်ပြင် ရေရှိသော သမုဒ္ဒရာတို့၌လည်း ထပ်၍ ရွာသကဲ့သို့ ထို့အတူ အခြားသုတ်ငယ်များ မစီရင်နိုင်ရာကို စီရင်နိုင်သည့်ပြင် အခြား သုတ်တို့ စီရင်နိုင်သောအရာကိုလည်း ဝင်ရောက်စီရင်ပြန်သည်”ဟူလို၊၊]
ဝိဂ္ဂဟ။ ။ ပဗ္ဗဇ္ဇာ၌ ပသဒ္ဒါသည် “အစ ပဌမ”ဟူသောအနက်, ဝဇ ဓာတ်သည် ရောက်ခြင်းအနက်ကို ဟော၏၊ ပဌမမေဝ ဝဇိတဗ္ဗာတိ ပဗ္ဗဇ္ဇာ၊ ပဌမမေဝ-အစကပင်လျှင်၊ ဝဇိတဗ္ဗာ-ရောက်အပ် ရောက်ထိုက်၏၊ ဣတိ-ကြောင့်၊ ပဗ္ဗဇ္ဇာ-ပဗ္ဗဇ္ဇာ မည်၏၊ (ရှင် ရဟန်းပြုခြင်း။)
ရုပ်တွက်။ ။ ပဗ္ဗဇ္ဇာကို ပပုဗ္ဗ “ဝဇ”တည်၊ “ဝဇ၊ ဂတိမှိ”ဟူသော အနက်၌ ဓာတ်မှည့်, အဆုံးသရချေ, ဏျော စသုတ်ဖြင့် ဏျပစ္စည်းသက်, ကာရိတ်ကဲ့သို့ငဲ့, ဏ်အနုဗန်ချေ, ဇ်ကို ယသို့ ကပ် (ပဝဇျ), ပရ ဒွေဘာဝေါ ဌာနေသုတ်ဖြင့် ဝ်ဒွေဘော်လာ, ဒေါ ဓဿ စသုတ်၌ စသဒ္ဒါဖြင့် ၀၂ လုံး ကို ဗ ၂ လုံးပြု (ပဗ္ဗဇျ), ဝဇာဒီဟိ ပဗ္ဗဇ္ဇာဒယော နိပစ္စန္တေသုတ်ဖြင့် ဇျ ကို ဇ္ဇပြု, ဣတ္ထိယမတော အာပစ္စယောသုတ်ဖြင့် -ါ ပစ္စည်းသက်, ဇ်္ဇခွင်း, ချေ, ကပ်, နာမ်ငဲ့, သိချေ, ပဗ္ဗဇ္ဇာ ပြီး၏။
အမှာ။ ။ ဤရုပ်၌ ပဗ္ဗဇျ အပြီးတွင် ယဝတံ တလနသုတ်၌ ကာရ သဒ္ဒါဖြင့် ဇျကို ဇပြု, ဒွေဘော်လာ၍ ပြီးနိုင်သည်၊ ဤသို့လျှင် အခြား သုတ်များဖြင့်ပြီးနိုင်လျက် ဤသုတ်ကြီးဝင်နေသောကြောင့် အခြေပြုသူတို့ ဉာဏ်ရှုပ်ဖွယ်ရာဖြစ်၍ နောက်ပုံစံများကို ချန်ထားတော့မည်။
ကွိလောပေါ စ- ကွိ ပစ္စည်း၏ ကျေခြင်းသည်လည်း၊ ဟောတိ- ဖြစ်၏။ နိပစ္စန္တေ စ- သင့်ရာ အစီအရင်ဖြင့်လည်း ဝန်ကျစေအပ်ကုန်၏။ ဝိဘူ, သဘာ စသည်တည်း။
၁၆။ ကွိလောပေါ စ၌ စသဒ္ဒါဖြင့် ရှေ့သုတ်က နိပစ္စန္တေကို ဆွဲငင် သည်၊ နိပစ္စန္တေဆိုသော်လည်း “ဤသုတ်ဖြင့် ပြီးစေရမည်ဟု ဆိုလိုသည် မဟုတ်, အခြား သင့်ရာသုတ်ဖြင့် ပြီးစေရမည်”ဟု ဆိုလိုသည်။
ဝိဘူ-အထူးသဖြင့် ဖြစ်သည်။ … ဝိဘူကို ဝိပုဗ္ဗ “ဘူ”တည်၊ ဘူ၊ သတ္တာယံ” ဟု ဆို၊ ကွိ စသုတ်ဖြင့် ကွိပစ္စည်းသက်, ကွိလောပေါ စ သုတ်ဖြင့် ကွိ ပစ္စည်းကို ချေ, သိသက်, ချေ, ဝိဘူ ပြီး၏။
သင်္ဂမ္မ ဘန္တိ ဧတ္ထာတိ သဘာ၊ ဧတ္ထ-ဤသဘင်စသည်၌ သင်္ဂမ္မပေါင်းစု၍၊ ဘန္တိ-တောက်ပကုန်၏၊ ဣတိ-ထို့ကြောင့်၊ သဘာ-သဘင် မည်၏၊ [ပွဲ သဘင်, ရုံး, ဈေး။]… သဘာကို သံပုဗ္ဗ “ဘာ”တည်၊ “ဘာ၊ ဒိတ္တိမှိ”ဟု ဓာတ်နက်ဆို၊ ကွိပစ္စည်းသက်, ချေ (သံဘာ), ဗျဉ္ဇနေ စ သုတ်ဖြင့် နိဂ္ဂဟိတ်ကို ချေ, နာမ်ငဲ့, သိသက်, ချေ။
ဏာနုဗန္ဓေ- ဏအနုဗန် ရှိသော ပစ္စည်းကြောင့်၊ သစဇာနံ- စအက္ခရာ ဇအက္ခရာနှင့်တကွ ဖြစ်ကုန်သော ဓာတ်တို့၏ အဆုံးဖြစ်သော စအက္ခရာ ဇအက္ခရာ တို့၏၊ ကဂါ- အစဉ်အတိုင်း ကအပြု, ဂအပြုတို့သည်၊ ဟောန္တိ- ဖြစ်ကုန်၏။ သြကော, ဘောဂေါ စသည်တည်း။
၁၇။ [သြကော-အိမ်၊ ဘောဂေါ-စည်းစိမ်။] ဤသုတ် မရှိသော်လည်း ကဂါ စဇာနံသုတ်ဖြင့် ပြီးနိုင်၏၊…သြကောကို“ဥစ”တည်၊ “ဥစ၊ သမ ဝါယေ”ဟူသောအနက်၌ ဓာတ်မှည့်, အဆုံးသရ ချေ, ဘာဝေ စသုတ်ဖြင့် ဏပစ္စည်း သက်, ကာရိတ်ကဲ့သို့ ငဲ့, ဏ်အနုဗန် ချေ, အသံယောဂန္တဿ စသောသုတ်ဖြင့် ဝုဒ္ဓိပြု, သစဇာနံ ကဂါ ဏာနုဗန္ဓေ သုတ်ဖြင့် စကို က်ပြု, က်ကို ၊ သို့ ကပ်, နာမ်ငဲ့ စသည်။
“ဘုဇ္ဇတေတိ ဘောဂေါ” ဘုဇ္ဇတေ-ခံစားအပ်၏၊ ဣတိ-ထို့ကြောင့်၊ ဘောဂေါ-ဘောဂ မည်၏။ [“ဘုဇ” တည်၊ ဝိသရုဇပဒါဒိတော ဏဖြင့် ဏပစ္စည်း သက်, ဤသုတ်ဖြင့် ဇ် ကို ဂ် ပြု။]
နုဒါဒီဟိ- နုဒ အစရှိသော ဓာတ်တို့မှလည်းကောင်း၊ သကာရိတေဟိ စ- ကာရိတ်ပစ္စည်းနှင့်တကွဖြစ်သောဓာတ်တို့မှ လည်းကောင်း၊ ပရေသံ- နောက်ဖြစ်ကုန်သော၊ ယုဏွုနံ- ယု ပစ္စည်း, ဏွုပစ္စည်းတို့၏၊ အနာ.နနာ.ကာ.နနကာ- အန အပြု, အာနန အပြု, အက အပြု, အာနနကာ အပြုတို့သည်၊ ဟောန္တိ- ကုန်၏။ ပနူဒနော, ကာနနံ, ပနူဒကော, ဇာနနကော, အာဏာပကော, သဉ္ဇာနနကော စသည်တည်း။
၁၈။ နုဒါဒီဟိ၌ အာဒိဖြင့် သူဒ ဉာ စသော ဓာတ်ကို ယူ၊ သကာရိတေ ဟိ စဖြင့် ကာရိတ်ပစ္စည်းသက်ရသည့် ဓာတ်အားလုံးကို ယူ၊ ထိုဓာတ်များ နောင် ယုကို အန, အာနန ပြု၍ ဏွုကို အက, အာနနက ပြုသည်။
ပနူဒနော အစ ဇာနနကော တိုင်အောင် ကာရိတ်မယှဉ်သောပုံစံများ၊ အာဏာပကော သဉ္ဇာနနကောတို့ကား ကာရိတ်ယှဉ်သောပုံစံများတည်း။ [ပနူဒနော, ပနူဒကော-ပယ်နုတ်သူ၊ ကာနနံ-တော၊ ဇာနနကော-သိသူ၊ အာဏာပကော-စေခိုင်းတတ်သူ၊ သဉ္ဇာနနကော-သိစေတတ်သူ။]
ပနူဒနောကို ပပုဗ္ဗ “နုဒ”တည်၊ “နုဒ၊ ခေပေ”ဓာတ်မှည့်, အဆုံးသရ ချေ, ကတ္တုကရဏပဒေသေသု စ သုတ်ဖြင့် ယုပစ္စည်း သက်, နုဒါဒီဟိ ယုဏွုန စသော ဤသုတ်ဖြင့် ယုကို ၊ န် ပြု, ဒ်ကို ၊ သို့ ကပ်, ကွစိ ဓာတု သုတ်ကြီးဖြင့် နု၏အဆုံး ု ကို ူ ဒီဃပြု, နာမ်ငဲ့, သိကို ေ-ါ ပြု, ပြီး၏၊ ပနူဒကော၌ သဗ္ဗတော ဏွုတွာဝီ ဝါသုတ်ဖြင့် ဏွုသက်, ဤသုတ်ဖြင့် ဏွုကို ၊ က ပြု။
ကာနနံကို “ကု”တည်၊ “ကု၊ သဒ္ဒေ”ဟူသောအနက်၌ ဓာတ်မှည့်, ယု ပစ္စည်းသက်, ဤသုတ်ဖြင့် ယုကို -ါနန ပြု, က်ခွင်း, ု ချေ, က်ကို -ါ သို့ ကပ်, နာမ်ငဲ့, သိကို -ံ ပြု, ကာနနံ ပြီး၏။
ဇာနနကောကို “ဉာ”တည်၊ “ဉာ၊ အဝဗောဓနေ”ဓာတ်မှည့်, ဏွုပစ္စည်း သက်, ဤသုတ်ဖြင့် ဏွုကို -ါနနက ပြု, ဉာဿ ဇာဇံနာသုတ်ဖြင့် ဉာကို ဇာပြု, ဇ်ခွင်း, -ါ ချေ, ဇ်ကို -ါ သို့ ကပ်, နာမ်ငဲ့, သိကို ေ-ါ ပြု, ပြီး၏။
အာဏာပကောကို “အာဏ”တည်၊ “အာဏ၊ ပေသနေ”ဓာတ်မှည့်, အဆုံးသရချေ, ဓာတူဟိ ဏေဏယဏာပေဏာပယ စသောသုတ်ဖြင့် ဏာပေပစ္စည်းသက်, ကာရိတ်လည်း မှည့်, သဗ္ဗတော ဏွုတွာဝီ ဝါသုတ် ဖြင့် ဏွုသက်, ကာရိတာနံ ဏော လောပံသုတ်ဖြင့် ဏ်အနုဗန်ကို ချေ, ဏ်ခွင်း, ချေ, ကပ်, နုဒါဒီဟိစသောသုတ်ဖြင့် ဏွုကို ၊ က ပြု, ပ်ခွင်း, ချေ, ကပ်, နာမ်ငဲ့, သိကို ေ-ါ ပြု, အာဏာပကော ပြီး၏။
သဉ္ဇာနနကော၌ သံပုဗ္ဗ ဉာဓာတ်, ဏာပေပစ္စည်းသက်, ကာရိတ်မှည့်, ဏ်အနုဗန်ချေ, ဉာဿ ဇာဇံနာသုတ်ဖြင့် ဉာကို ဇာပြု, သံ၌ နိဂ္ဂဟိတ်ကို စဝဂ္ဂန္တ ဉ် ပြု (သဉ္ဇာ -ါ ပေ), သဗ္ဗတော ဏွုတွာဝီ ဝါသုတ်ဖြင့် ဏွုပစ္စည်း သက်, ဤသုတ်ဖြင့် ဏွုကို -ါနနက ပြု (သဉ္ဇာ+ -ါပေ+ -ါနနက), ကွစိ ဓာတုသုတ်ကြီးဖြင့် ကာရိတ်ပစ္စည်းကို ချေ (သဉ္ဇာ -ါနနက), ဉ္ဇ်ခွင်း, ချေ, ကပ်, နာမ်ငဲ့, သိကို ေ-ါ ပြု, သဉ္ဇာနနကော ပြီး၏။
အမှာ။ ။ အန, အက အပြုကို အနကာ ယုဏွုနံသုတ်ဖြင့် ပြုနိုင် သော်လည်း နဒ စသော ဓာတ်များနောင် အာနန, အာနနက အပြုကို မြင်ရသဖြင့် “အန, အက မပြုရတော့ပြီ”ဟု မှတ်ထင်မည် စိုး၍ အန, အက အပြုကိုပါ ရောနှော ထည့်စွက်ထားသတဲ့။
ကွိမှိ- ကွိပစ္စည်းကြောင့်၊ ဒိသဿ- ဒိသဓာတ်၏၊ ဂုဏံ- ဂုဏ်ဖြစ်ကုန်သော၊ ဣယတမကိဧသာနံ- ဣသဒ္ဒါ, ယသဒ္ဒါ, တသဒ္ဒါ, မသဒ္ဒါ, ကိသဒ္ဒါ, ဧ သဒ္ဒါ, သ သဒ္ဒါ တို့၏၊ အန္တဿရော- အဆုံးသရသည်၊ ဒီဃံ- ဒီဃအဖြစ်သို့လည်း ကောင်း၊ ကွစိ- အချို့အရာ၌၊ ဒေါ- ဒသည်၊ ရံ- ရအဖြစ်သို့လည်း ကောင်း၊ အာပဇ္ဇတေ- ရောက်၏၊ အန္တဿ- ဓာတွန်သ၏၊ သက္ခီ စ- သအပြု, က္ခအပြု, ဤအပြုတို့သည်လည်း၊ ဟောန္တိ- ကုန်၏။ ဤဒိသော, ဤဒိက္ခော, ဤဒီ စသည်တည်း။
၁၉။ ဤဒိသော-ဤသူကဲ့သို့ ရှုအပ်သူ (ဤသူနှင့်တူသူ)၊ ဤရိသော စသည်၌လည်း အနက်တူတည်း၊ “ဣယတမကိဧသာန.မန္တဿရော ဒီဃံ” ဟူသော စကားအရ “ဤ ယာ တာ မာ ကီ (ဧ) သာ”ဟု ဒီဃ ပြုလိမ့်မည်။
ဒိသဿ ဂုဏံ။ ။ ဝိသေသနကို “ဂုဏ၊ ဂုဏ်”ဟု ခေါ်သည်၊ ဝိသေသန ဆိုသော်လည်း (အခြားနေရာ၌ တုလျာဓိကရဏ ဝိသေသနမျိုး မဟုတ်) အယ.မိဝစသည်ဖြင့် ဥပမာပုဒ်ကိုပင် ဝိသေသနဟု ခေါ်သည်၊ ထို့ကြောင့် ဒိသဓာတ်၏ ဥပမာနဖြစ်သော ဣ, ယ စသည်ကိုသာ ဒီဃပြုရမည်, ဒိသဓာတ်နှင့် မစပ်သော ဣ, ယ စသည်ကို ဒီဃပြုရမည် မဟုတ်၊ ဂုဏံလည်း “ဣယတမကိဧသာနံ”နှင့် ဝိဘတ်ချင်းတူအောင် “ဂုဏာနံ”ဟု ဆိုသင့်လျက် ဝိဘတ္တိဝစနဝိပလ္လာသနည်းအားဖြင့် “ဂုဏံ”ဟု ဆိုသည်။
ဒေါ ရံ, သက္ခီ။ ။ “ဒေါ ရံ”ဟု ဆိုသောကြောင့် အချို့အရာ၌ ဒိသ ဓာတ်မှ ဒ ကို ရ ပြု၍ “ဤရိသော”စသည် ဖြစ်လတ္တံ့၊ ရ မပြုတဲ့အခါ “ဤဒိသော” စသည် ဖြစ်မည်၊ သက္ခီ ၌ “သ + က္ခ +-ိ”ဟု ပုဒ်ဖြတ်၊ ဓာတွန်သ်ကို သ ထပ်ပြုတဲ့အခါ ဤဒိသော, က္ခ ပြုတဲ့အခါ ဤဒိက္ခော, -ီ ပြုတဲ့အခါ “ဤဒီ”စသည် ဖြစ်၏။ [ကွိပစ္စည်းနှောင်းသည့်အတွက် ဓာတွန္တဿ လောပေါ ကွိမှိသုတ်ဖြင့် ဓာတွန်သ်ကို ချေမည်စိုး၍ (တစ်နည်းသ၌ အ သရပါစေလို၍) သ်ကို သ ထပ်ပြုရသည်။]
အမှာ။ ။ ဤသုတ်ဝယ် နျာသ ရူပသိဒ္ဓိ၌ တစ်မျိုးစီဖွင့်ကြရုံမက ဆရာမြတ်တို့ကလည်း သန့်ရှင်းအောင် ပါဌ်ကို ပြင်တော်မူကြ၏၊ ဤ၌ ရူပသိဒ္ဓိအတိုင်း ရေးသားရတော့သည်၊ ရုပ်တွက်ရာ၌ နျာသအလို နိပစ္စန္တေ သဒ္ဒါလိုက်လာသောကြောင့် ဣမကို ဤသုတ်ဖြင့်ပင် ဣ ပြု၏၊ ရူပသိဒ္ဓိ၌ အလိုက်မပါ “ဣ”ဆိုတဲ့ စကားကိုပင် နိပါတန (ရုပ်ပြီးစေခြင်းလက္ခဏာ) သဘောထား၍ “ဣ”ဟူသော နိပါတနဖြင့် ဣမကို ဣပြုဟု စီရင်၏၊ ရုပ်ပြီးသည်သာ ပဓာနတည်း။
ဝိဂြိုဟ်ပြုပုံ။ ။ ဝိဂြိုဟ်ပြုရာ၌ “ဣမမိ၀ နံ ပဿတီတိ ဤဒိသော”ဟု ဝိဂြိုဟ်ပြု၏၊ ပဿတိ ဟူသော ကတ္တားဟောကြိယာကို ကြည့်လျှင် ကတ္တု သာဓနဟု ထင်ဖွယ်ရှိ၏၊ သို့သော် “ဤဒိသော”အရမှာ ရှုတတ် မြင် တတ်သူကို မရ, ရှုအပ် မြင်အပ်သူကို ရသောကြောင့် ဝိဂြိုဟ်တုန်းက အဝုတ္တကံကို ကွိပစ္စည်းကဟောရကား “အဝုတ္တကမ္မသာဓန”ဟု ဆုံးဖြတ် ကြ၏၊ သို့သော် ဝိဂြိုဟ်ပြုခဲ့သော ရှေးဆရာတို့ကမူ ကွိပစ္စည်းက ကတ္တား ဟော ဖြစ်၍ ကတ္တုသာဓနပင် ပြုလိုဟန်ထင်၏၊ “ဣမမိဝ-ဤသူကိုကဲ့သို့၊ နံထိုသူ့ကို၊ ပဿတိ-ရှုတတ်၏၊ ဣတိ-ကြောင့်၊ ဤဒိသော-ဤဒိသ မည်၏။
တစ်နည်း- “အယမိ၀ ဒိဿတီတိ ဤဒိသော”ဟု ကမ္မသာဓနစစ်စစ် ဝိဂြိုဟ် ရူပသိဒ္ဓိဆိုသေး၏၊ ဤဝိဂြိုဟ်သာ အဓိပ္ပာယ်သန့်ရှင်းသောကြောင့် နောက်၌ ကမ္မသာဓနချည်း ပြုအံ့၊ အယမိဝ-ဤသူကဲ့သို့၊ ဒိဿတိ-ရှုမြင် အပ်၏၊ ဣတိ-ထို့ကြောင့်၊ ဤဒိသော-ဤဒိသ မည်၏၊ ဤဒိသော-ဤသူ ကဲ့သို့ ရှုအပ်သူ၊ ဤဒိသာ (ဤဒိသီ)-ဤမိန်းမကဲ့သို့ရှုအပ်သော မိန်းမ၊ ဤဒိသံ-ဤစိတ်ကဲ့သို့ရှုအပ်သောစိတ်၊ [“ဤဒိသော-ဤသို့သဘောရှိသူ” ဟု ဆိုကြသော အနက်ကား သဒ္ဒါနက်မဟုတ်, အဓိပ္ပာယ်နက်သာ။]
ရုပ်တွက်။ ။ ဤဒိသောကို ဣမသဒ္ဒူပပဒ “ဒိသ”တည်၊ “ဒိသ၊ ပေက္ခဏေ”ဟူသော အနက်၌ ဓာတ်မှည့်, အဆုံးသရချေ, ကွိ စသုတ်ဖြင့် ကွိပစ္စည်းသက်, ဣ ယ တ မ ကိ စသည်၌ “ဣ”ဟူသော ဤနိပါတနဖြင့် ဣမကို ဣပြု, ဣယတမကိဧသာန.မန္တဿရော ဒီဃံ, ကွစိ ဒိသဿ ဂုဏံ, ဒေါ ရံ, သက္ခီ စသုတ်ဖြင့် ဣကို ဤဒီဃပြု, သ်ကိုလည်း သထပ်ပြု, ကွိလောပေါ စသုတ်ဖြင့် ကွိပစ္စည်းကို ချေ(ဤဒိသ), နာမ်ငဲ့, သိကို ေ-ါ ပြု, ဤဒိသော ပြီး၏။ [ကြွင်းရုပ်များပြီးပုံကို ရူပသိဒ္ခိ ကြည့်။]
ယာဒိသော။ ။ ယော ဝိယ-အကြင်သူကိုကဲ့သို့၊ အယံ-ဤသူ့ကို၊ ဒိဿတိ-ရှုအပ်၏၊ ဣတိ-ထို့ကြောင့်၊ ယာဒိသော-မည်၏၊ (အကြင်သူ ကဲ့သို့ ရှုအပ်သူ၊ အကြင်သို့ သဘောရှိသူ။)
တာဒိသော။ ။ “သော ဝိယ ဒိဿတီတိ တာဒိသော” ထိုသူကဲ့သို့ ရှုအပ်သူ၊ ထိုသို့သဘောရှိသူ။ [ရဟန္တာတို့၏ တာဒိဂုဏ်ကို ပြရာ၌ “တာဒိ” ပုဒ်ကား ကတ္တုသာဓနပင် သင့်၏၊ “တမိ၀ ပဿတီတိ တာဒီ” ထိုဣဋ္ဌာရုံ ကို အနိဋ္ဌာရုံကဲ့သို့ ရှုတတ်သူ။]
မာဒိသော။ ။ “အဟံ ဝိယ ဒိဿတီတိ မာဒိသော” ငါကဲ့သို့ရှုအပ်သူ၊ ငါနှင့်တူသူ=ငါ့လိုလူ။
ကီဒိသော။ ။ “ကော ဝိယ ဒိဿတီတိ ကီဒိသော” ကော ဝိယအဘယ်သူကိုကဲ့သို့၊ အယံ-ဤသူကို၊ ဒိဿတိ-ရှုအပ်သနည်း၊ ဣတိ-ဤသို့ မေးအပ်သည်၏ အဖြစ်ကြောင့်၊ ကီဒိသော-မည်၏၊ ကီဒိသော-ဘယ်ကဲ့သို့ ရှုအပ်သူနည်း။
ဧဒိသော။ ။ ဧသော ဝိယ ဒိဿတီတိ ဧဒိသော-ဤသူကဲ့သို့ရှုအပ်သူ၊ ဧတာဒိသော ဟုလည်း ရှိ၏။
သာဒိသော။ ။ “သမာနော ဝိယ ဒိဿတီတိ သာဒိသော” သမာနော ဝိယ-တူသူကိုကဲ့သို့၊ အယံ-ဤသူ့ကို၊ ဒိဿတိ-၏၊ ဣတိ-ကြောင့်၊ သာဒိသော-မည်၏။ [သ၏ ၊ ကို -ါ မပြုဘဲ “သဒိသော”လည်း ရှိ၏။]
ဤရိသော။ ။ ဤသုတ်ဖြင့် ဒ ကို ရ ပြုတဲ့အခါ ဤရိသော ယာရိသော စသည် ဖြစ်၏၊ ဓာတွန် သ် ကို က္ခ ပြုတဲ့အခါ ဤဒိက္ခော ယာဒိက္ခော စသည် ဖြစ်၏၊ ဓာတွန် သ် ကို -ိ ပြုတဲ့အခါ ဤဒီ ယာဒီ စသည်ဖြစ်၏၊ အနက်နှင့် ဝိဂြိုဟ်မှာ မထူးပြီ။
စသဒ္ဒါ။ ။ သက္ခီ စ၌ စသဒ္ဒါဖြင့် တုမှ စသည် ရှေးရှိရာ၌လည်း စီရင်၍ တုမှာဒိသော-(သင်တို့ကဲ့သို့ ရှုအပ်သူ၊ သင်တို့လိုလူစား)၊ ခန္ဓာ ဒိသော-(ခန္ဓာတို့ကဲ့သို့ ရှုအပ်သောတရား) စသည် ဖြစ်၏။
ဘျာဒီဟိ- ဘီ အစရှိသောဓာတ်တို့မှ နောက်၌လည်းကောင်း၊ မတိဗုဓိပူဇာဒီဟိ စ- မနဓာတ် ဗုဓဓာတ် ပူဇဓာတ် အစရှိသည်တို့မှ နောက်၌လည်း ကောင်း၊ က္တော- က္တ ပစ္စည်းသည်၊ ဟောတိ- ၏။ ဘီတော, သမ္မတော, ဗုဒ္ဓေါ ပူဇိတော စသည်တည်း။
၂၀။ [မဒိ ဗုဓိ ဟု အချို့စာ ရှိ၏၊ ရူပသိဒ္ဓိနှင့် မညီ။] ဘာဝကမ္မေသု ကိစ္စက္တခတ္ထာ ဟု ဆိုသောကြောင့် ဤ က္တပစ္စည်းသည် ဘောကံအနက်၌ သက်၏၊ ဘီတော၊ ကြောက်အပ်၏၊ သမ္မတော-သဘောတူ သိအပ်၏၊ ဝါ-သမုတ်အပ်၏၊ ဗုဒ္ဓေါ-(တန်ခိုးကြီးသူတို့)သိအပ်သောဘုရား၊ ပူဇိတောပူဇော်အပ်၏။
ရုပ်တွက်။ ။ ဘီတောကို “ဘီ”တည်၊ “ဘီ၊ ဘယေ”ဟူသောအနက်၌ ဓာတ်မှည့်, ဘျာဒီဟိ မတိဗုဓိပူဇာဒီဟိ စ က္တောသုတ်ဖြင့် က္တပစ္စည်းသက်, ကွစိ ဓာတုသုတ်ကြီးဖြင့် က် အနုဗန်ချေ, နာမ်ငဲ့, သိကို ေ-ါ ပြု, ဘီတော ပြီး၏။
သမ္မတောကို သံပုဗ္ဗ “မန”တည်၊ “မန၊ ဉာဏေ”ဟူသော အနက်၌ ဓာတ်မှည့်, အဆုံးသရ ချေ, ဤသုတ်ဖြင့် က္တ ပစ္စည်း သက်, ကွစိ ဓာတုသုတ်ကြီးဖြင့် က်အနုဗန်ကို ချေ, ဂမခနဟနရမာဒီန.မန္တောသုတ်ဖြင့် ဓာတွန် န် ကို ချေ, ဝဂ္ဂန္တံ ဝါ ဝဂ္ဂေသုတ်ဖြင့် နိဂ္ဂဟိတ်ကို ပဝဂ္ဂန္တ မ် ပြု, မ် ကို မ သို့ ကပ်, နာမ်ငဲ့, သိကို ေ-ါ ပြု, သမ္မတော ပြီး၏။
ဗုဒ္ဓေါ၌ “ဗုဓ၊ အဝဂမနေ”ဟု ဆို၍ က္တပစ္စည်းသက်, က်အနုဗန် ချေ, ဓဎဘဟေဟိ ဓဎာ စ, ဟစတုတ္ထာနမန္တာနံ ဒေါ ဓေသုတ်တို့ဖြင့် စီရင်၊ ပူဇိတော၌ “ပူဇ=ပူဇာယ”ဆို၍ က္တ သက်, က်အနုဗန် ချေ, -ိ အာဂုံ, ဘျာဒီဟိ၌ အာဒိသဒ္ဒါ, ပူဇာဒီဟိ၌ အာဒိသဒ္ဒါတို့ဖြင့် ယူရသောရုပ်များ လည်း ရှိ၏၊ ကိတ်က ဘာဝကမ္မေသု တသုတ်ဖြင့် ဤရုပ်အားလုံး ပြီးနိုင် သည်။
ဝေပုသိဒ၀၀မုကုဒါဘူဟွာဒီဟိ- ဝေပုဓာတ်, သိဓာတ်, ဒဝဓာတ်, ဝမုဓာတ်, ကုဓာတ်, ဒါဓာတ်, ဘူဓာတ်, ဟုဓာတ် အစရှိသည် တို့မှ နောက်၌၊ နိဗ္ဗတ္တေ- နိဗ္ဗတ္တအနက်၌၊ အထုတ္တိမဏိမာ- အထု ပစ္စည်း, တ္တိမပစ္စည်း, ဏိမပစ္စည်းတို့သည်၊ ဟောန္တိ- ကုန်၏။ ဝေပထု စသည်တည်း။
၂၁။ ဝေပု၌ အဆုံးသရ ချေသည့်အခါ “ဝေပ်”ဟု ဖြစ်၏ ပ ကပ်ဖို့ အ သရ လိုသည်၊ ထို့ကြောင့် အထုပစ္စည်းဟု ဆိုရသည်၊ “အထု တ္တိမ ဏိမာ”ဟု ဆိုလိုလျက် ဝါ ပရောသုတ်ဖြင့် ၊ သရကို ချေထားသတဲ့။
အမှာ။ ။ ဤပစ္စည်းများသည် “နိဗ္ဗတ္တ (ဖြစ်၏ဟူသော)အနက်၌ သက်၏”ဟု ဆိုသောကြောင့် “ဝေပနံ ဝေပေါ, ဝေပေန နိဗ္ဗတ္တံ ဝေပထု” ဟု ကစ္စည်းဝုတ္တိပြုအပ်သော ဝိဂြိုဟ်သည် ဝိဂြိုဟ်စစ် မဟုတ်၊ ထိုဝိဂြိုဟ် ပြုဖို့ရန် ပြခြင်းသာ ဖြစ်၏၊ “တုန်လှုပ်ခြင်းဖြင့် ဖြစ်သည်”ဟူသောစကားကို ကောက်ချက်ချလျှင် “တုန်လှုပ်ခြင်းကြိယာ”ပင်တည်း၊ ထို့ကြောင့် “ဝေပနံ၊ တုန်လှုပ်ခြင်း၊ ဝေပထု-တုန်လှုပ်ခြင်း”ဟု ဘာဝသာဓန ပြုပါ။
ရုပ်တွက်။ ။ ဝေပထုကို “ဝေပု”တည်၊ “ဝေပု၊ ကမ္ပနေ”ဟူသော အနက်၌ ဓာတ်မှည့်, အဆုံး ု သရချေ, ဝေပု သိ ဒ၀ စသောသုတ်ဖြင့် ၊ ထုပစ္စည်းသက်, ပ်ကို ၊ သို့ကပ်, နာမ်ငဲ့, သိသက်, ချေ, ဝေပထု ပြီး၏။
သယထု။ ။ သယနံ-အိပ်ခြင်း၊ သယထု-အိပ်ခြင်း၊ (အအိပ်များသော ဖောရောင်နာ၊) သိဓာတ်, ၊ ထုပစ္စည်း, အညေသု စသုတ်ဖြင့် -ိ ကို ဧဝုဒ္ဓိပြု, ဧ အယသုတ်ဖြင့် ဧ ကို ၊ ယ် ပြုလေ။
ဒဝထု။ ။ [သုတ်က ဓာတ်စဉ်အတိုင်း ပြအံ့၊] ဒဝနံ-ပူလောင်ခြင်း၊ ဒဝထု-ပူလောင်ခြင်း၊ (ကိုယ်ပူနာ)၊ “ဒဝ၊ ဒဝနေ”ဟု ဆို၊ ဒုဓာတ်လည်း ကြံ၏၊ အညေသု စသုတ်ဖြင့် ဒု ၏ ု ကို သြ, သြကို ၊ ဝ် ပြု။
ဝမထု။ ။ ဝမနံ-ပျို့အန်ခြင်း၊ ဝမထု-ပျို့အန်ခြင်း၊ (ဤပုဒ်၌ကား “ဝမီယတေတိ ဝမထု”ဟု ကမ္မသာဓနကိုလည်း မောဂ္ဂလ္လာန် ခါဒိကဏ္ဍ ၅၆ သုတ်၌ သာဓကနှင့်တကွ ပြထား၏၊) ဝမထု-ပျို့အန်ခြင်း၊ တစ်နည်းပျို့အန်အပ်သော အန်ဖတ်၊ “ဝမု၊ ဥဂ္ဂိရဏေ”ဟု ဆို။
ကုတ္တိမ။ ။ ကရဏံ-ပြုခြင်း၊ ကုတ္တိမံ-ပြုခြင်း၊ “ကရီယိတ္ထာတိ ကုတ္တိမံ” ဟု ကမ္မသာဓနလည်း သင့်၏၊ အစစ်ကို “ဇာတိမဏိ၊ မြစစ်”၊ အတုကို “မဏိကုတ္တိမ=ပြုလုပ်အပ်သော မြ၊ ဝါ-မြအတု”ဟု ကျမ်းဂန်၌ ဆိုသည်။
ရုပ်တွက်။ ။ ကုတ္တိမံကို “ကရ”တည်၊ “ကရ၊ ကရဏေ” စသည်ဆို၊ ဤသုတ်ဖြင့် တ္တိမပစ္စည်း သက်, ကု ဟူသော ဤသုတ်လာ နိပါတနဖြင့် ကရ် ကို ကု ပြု, နာမ်ငဲ့, သိကို -ံ ၊ ပြု, ကုတ္တိမံ ပြီး၏။
ဒတ္တိမံ။ ။ ဒါနံ-ပေးခြင်း၊ ဒတ္တိမံ-ပေးခြင်း၊ (ဒီယတီတိ ဒတ္တိမံ ဟု ကမ္မသာဓ်လည်း ပြု, ပေးအပ်သောပစ္စည်း၊) ဒါဓာတ်, တ္တိမပစ္စည်း, ကွစာဒိ မဇ္ဈုတ္တရာနံ စသောသုတ်ဖြင့် ဒါ ၏ -ါ ကို ရဿ ပြု။
ဘောတ္တိမံ။ ။ ဘဝနံ-ဖြစ်ခြင်း၊ ဘောတ္တိမံ-ဖြစ်ခြင်း၊ ဘူဓာတ်, တ္တိမ စ္စည်း၊ အညေသု စသုတ်ဖြင့် ဘူ၏ ူ ကို ေ-ါ ဝုဒ္ဓိပြု။
သြဟာဝိမံ။ ။ အဝဟုတိ-ပူဇော်ခြင်း၊ သြဟာဝိမံ-ပူဇော်ခြင်း၊ (တစ်နည်း-ပူဇော်အပ်သော ဝတ္ထု၊) အဝပုဗ္ဗ ဟုဓာတ်၊ “ဟု၊ ဒါနာဒနဟဗျ ပ္ပဒါနေသု”ဟူသော အနက်၌ ဓာတ်မှည့်, ဤသုတ်ဖြင့် ဏိမပစ္စည်းသက်, ကာရိတ်ကဲ့သို့ ငဲ့, ဏ်အနုဗန်ကို ချေ, အသံယောဂန္တဿ ဝုဒ္ဓိ ကာရိတေ သုတ်ဖြင့် ဟု၏ အဆုံး ု ကို ေ-ါ ဝုဒ္ဓိပြု, တေ အာဝါယာ ကာရိတေ သုတ်ဖြင့် ေ-ါ ကို -ါ ဝ ပြု, ဝ်ကို -ိ သို့ ကပ်, သြ အဝဿသုတ်ဖြင့် အဝကို သြပြု, နာမ်ငဲ့, သိကို -ံ ပြု, သြဟာဝိမံ ပြီး၏။
နမှိ- န ဟူသော ပဋိသေဓ နိပါတ် ရှေ့ရှိလတ်သော်၊ အက္ကောသေ- ဆဲရေးခြင်းအနက်ကို၊ ဂမျမာနေ- သိအပ်သည်ရှိသော်၊ အာနိ- အာနိ ပစ္စည်းသည်၊ ဟောတိ- ဖြစ်၏။ အဂမာနိ တေ ဇမ္မ ဒေသော, အကရာဏိ တေ ဇမ္မ ကမ္မံ စသည်တည်း။
၂၂။ နမှာနိကို “နမှိ+အာနိ”ဟု ပုဒ်ဖြတ်၊ နသဒ္ဒါသည် ပဋိသေဓ၊ မြန်မာလို “မ”ဟု တားမြစ်ခြင်းအနက်ကို ဟောသော နိပါတ်ပုဒ်တည်း၊ ထို နနိပါတ် ရှေးရှိရာဝယ် ဆဲရေးခြင်းအနက်ကို ဆိုလိုလျှင် ဤသုတ်ဖြင့် “အာနိ”ပစ္စည်းသက်။
အနက်ပေးပုံ။ ။ ဇမ္မ-ဟဲ့အယုတ်ကောင်၊ တေ-နင်သည်၊ ဒေသောအရပ်တစ်ပါးသို့ (သူများအရပ်သို့)၊ အဂမာနိ-မသွားအပ်, မသွားထိုက်၊ “နင်လိုလူစား အရပ်တစ်ပါးသို့ သွားလို့ မဖြစ်ဘူး”ဟူလို၊ ဆရာတို့ကား “မသွားဘဲနေခြင်း ဖျင်းလှ၏တကား”ဟု အနက်ဆိုကြ၏၊ ဇမ္မ-ဟဲ့အယုတ် ကောင်၊ တေ-နင်သည်၊ ကမ္မံ-အမှုကို၊ အကရာဏိ-မပြုအပ်, မပြုထိုက်
(“နင်လိုလူစား အမှုကို ပြုလို့မဖြစ်ဘူး”ဟူလို၊) ဆရာတို့ကား “အကရာဏိမပြုဘဲနေခြင်း ဖျင်းလှ၏တကား”ဟု ဆိုကြ၏။
အမှာ။ ။ ရုပ်တွက်ရာ၌ နပုဗ္ဗ “ဂမု”တည်မှ ကျနမည်၊ သို့သော် နကို အ ပြုဖို့အရေးမှာ (သမာသ်နယ်ကူးသွားသဖြင့်) ဝန်လေးမည်စိုး၍ အပုဗ္ဗ “ဂမု”တည်မည်၊ ဤ နဂမာနိစသောပုဒ်သည် ကိတ်ပစ္စည်းဆုံးသော သမာသ်ပုဒ်တည်း၊ ဤ အဂမာနိပုဒ်၏ လိန် ဝုစ် သာဓနစစ်တမ်းကို ကစ္စည်းဘာသာဋီကာမှာ ရှု။
ရုပ်တွက်။ ။ အဂမာနိကို အပုဗ္ဗ “ဂမု”တည်၊ “ဂမု၊ ဂတိမှိ”ဟူသော အနက်၌ ဓာတ်မှည့်, အဆုံးသရချေ, အက္ကောသေ နမှာနိသုတ်ဖြင့် -ါနိ ပစ္စည်းသက်, မ်ကို -ါ သို့ ကပ်, နာမ်ငဲ့, သိသက်, ချေ, အဂမာနိ ပြီး၏။ [အကရာဏိ၌လည်း အပုဗ္ဗ “ကရ”တည်၍ တွက်။]
ဧကာဒိတော- ဧက အစရှိသော သဒ္ဒါမှနောက်၌၊ သကိဿ- သကိံသဒ္ဒါ၏၊ က္ခတ္တုံ- က္ခတ္တုံအပြုသည်၊ ဟောတိ- ဖြစ်၏။ ဧကက္ခတ္တုံ စသည်တည်း။
၂၃။ “ဧကက္ခတ္တုံ-တစ်ကြိမ်၊ (ဘုဉ္ဇတိ-စား၏” စသည်ဖြင့် တွဲလေ။) ဤသုတ် အဓိပ္ပာယ်ကို နျာသအဆိုက ကစ္စည်းကျမ်း၏ အာဘော်ကျပုံ ရသဖြင့် နျာသအတိုင်း ပြမည်၊ ဧကက္ခတ္တုံသည် တပ္ပုရိသ်သမာသ်ပုဒ် ဖြစ်သတဲ့၊ ထို့ကြောင့် “ဧက+သကိံ”ဟု တည်၍ တပ္ပုရိသ် တွက်သလို တွက်ရမည်၊ သို့သော် ဉာဏ်ရှုပ်မည်စိုး၍ ရိုးရိုးကျဉ်းကျဉ်း တွက်ပြအံ့။
သကိံသဒ္ဒါသည် သူ့ချည်းသက်သက် “တစ်ကြိမ်”ဟူသောအနက်ကို ဟောသော်လည်း ဧက ဒွိ စသည်နှင့် တွဲဖက်သည့်အခါ “အကြိမ်”သာမန် ကို ဟော၏၊ ထို့ကြောင့် “ဧကဿ-တစ်ခု၏၊ သကိံ-အကြိမ်တည်း၊ ဧကက္ခတ္တုံ-တစ်ကြိမ်” စသည်ဖြင့် ဆိုလေ။
ရုပ်တွက်။ ။ ဧကက္ခတ္တုံကို “ဧကသကိံ ”တည်၊ ဧကာဒိတော သကိဿ က္ခတ္တုံသုတ်ဖြင့် သကိံကို က္ခတ္တုံ ပြု (ဧကက္ခတ္တုံ), နာမ်ငဲ့, သိသက်, ချေ, ဧကက္ခတ္တုံ ပြီး၏။… ဒွိသကိံ တည်၊ သကိံကို က္ခတ္တုံ ပြု, နာမ်ငဲ့, သိသက်, ချေ, “ဒွိက္ခတ္တုံ-နှစ်ကြိမ်”ဟု ဆိုသော်လည်း ယောဝိဘတ် သက်ဖွယ်မလို၊ နိပါတ်ပုဒ်နှင့် အလားတူသောကြောင့် လိန်အနက်ထွန်းပြဖို့ရာ သိဝိဘတ် သာ သက်။ [တိက္ခတ္တုံ- ၃ ကြိမ်၊ စတုက္ခတ္တုံ- ၄ ကြိမ်၊ ဗဟုက္ခတ္တုံအကြိမ်ပေါင်းများစွာ” ဤသို့ စသည်ဖြင့် များစွာ ရှိလေ၏။]
သုနဿ- သုနဟူသော ပါဋိပဒိကပုဒ်၏၊ ဥနဿ- အစိတ် ဥနသဒ္ဒါ၏၊ သြဏဝါနုဝါနူနုနခုဏာနာ- သြဏအပြု, ဝါနအပြု, ဥဝါနအပြု, ဥုနအပြု, ဥနခအပြု, ဥဏအပြု, အာအပြု, အာနအပြုတို့သည်၊ ဟောန္တိ- ကုန်၏။ သောဏော, သွာနော, သုဝါနော, သူနော, သုနခေါ, သုဏော, သာ, သာနော ဟူသည်တည်း။
၂၄။ “သုနဿ + ဥနဿ + သြဏ + ဝါန + ဥဝါန + ဥုန + ဥနခ + ဥဏ + -ါ + -ါနာ”ဟု ပုဒ်ဖြတ်၊ သောဏော-ခွေး၊ သွာနော-ခွေး”စသည်ဖြင့် အနက်တူ၏၊ ပါဋိပဒိက အကြောင်းကို ဘာသာဋီကာမှာ ရှု။
သောဏောကို “သုန”တည်, သိသက်, သုနဿုနဿောဏ စသော သုတ်ဖြင့် သုနပုဒ်၏အစိတ် ု န ကို ေ-ါ ဏ ပြု, သိကို သြပြု, သောဏော ပြီး၏။ [သုန၏အစိတ် ု န ကို ဝါနပြုလျှင် “သွာန”ဟု ဖြစ်၏၊ ု ဝါနပြုလျှင် သုဝါန, ူ နပြုလျှင် သူန, ု နခပြုလျှင် သုနခ (သုနက္ခ မဟုတ်)၊ ုဏ ပြုလျှင် သုဏ, -ါ ပြုလျှင် “သာ”ဟု ဖြစ်၏, သိချေ၊ -ါ န ပြုလျှင် “သာန” ဟု ဖြစ်သည်၊ သာမှ ကြွင်းသော ရုပ်များ၌ သိကို ေ-ါ ပြုလေ။]
တရုဏဿ- တရုဏ ဟူသော ပါဋိပဒိကပုဒ်၏၊ သုသု- သုသု အပြုသည်၊ ဟောတိ စ- ဖြစ်သည် လည်း ရှိ၏။ သုသု ဟူသည်တည်း။
၂၅။ “ဟောတိ စ-ဖြစ်သည်လည်း ရှိ၏”ဟု ဆိုသဖြင့် “သုသုအပြု မဖြစ်သည်လည်း ရှိ၏”ဟု သုသုအပြု မမြဲကြောင်းကို စသဒ္ဒါက ပြသည်၊ သုသု-ငယ်ရွယ်သူ။
အမှာ။ ။ ဤသုတ်ဖြင့် တရုဏပုဒ်ကို သုသုပြုခြင်းငှာ တရုဏပုဒ်နှင့် သုသုပုဒ်သည် နုပျိုငယ်ရွယ်သူကို ဟောရာဝယ် အလဲအလှယ် ပရိယာယ် ဖြစ်ကြောင်းကို ပြလိုရင်းဖြစ်၏၊ စင်စစ်မှာ တရုဏပုဒ်မှ သုသုဖြစ်လာ သည် မဟုတ်, သုသုပုဒ်ရင်းသာတည်း၊ ၂၄-၂၆ နံပါတ်သုတ်များလည်း ဤသဘောပင် ဖြစ်သည်။
သုသုကို တရုဏတည်, သိသက်, တရုဏဿ သုသု စသုတ်ဖြင့် တရုဏကို သုသုပြု, သေသတော လောပံ ဂသိပိသုတ်ဖြင့် သိချေ, သုသု ပြီး၏။
ယုဝဿ- ယုဝ ဟူသော ပါဋိပဒိကပုဒ်၏၊ ဥဝဿ- အစိတ် ဥဝသဒ္ဒါ၏၊ ဥဝုဝါနုနူနာ- ဥ၀ အပြု, ဥဝါနအပြု, ဥနအပြု, ဥုနအပြုတို့သည်၊ ဟောန္တိ- ဖြစ် ကုန်၏။ ယုဝါ, ယုဝါနော, ယုနော, ယူနော ဟူသည်တည်း။
၂၆။ ယုဝါ-လုလင်ပျို၊ ယုဝါနော စသည် အနက်တူ။ [နာမ်ဂိုဏ်း တုန်းက ယုဝ၏အစိတ် ၊ ကို -ါ နပြု၍ ယုဝါနော စသော ရုပ်များ ဖြစ်ကြောင်းကိုလည်း ပြခဲ့ပြီ၊ ထိုအဆိုနှင့် ဤသုတ်စီရင်ပုံကို တစ်နည်းစီဟု မှတ်ပါ၊ ု ဝ ကို ု ဝ ထပ်ပြုခြင်းကား ယုဝါပုဒ်လည်း ရှိနိုင်ကြောင်းကို ပြလို၍ ဖြစ်သည်၊ ဤသို့ ထပ်မပြုလျှင် ု ဝါန, ု န, ူ န တစ်ခုခုကို အမြဲပြု၍ “ယုဝါန” စသည်သာ ရှိနိုင်၏ဟု ထင်မှားလိမ့်မည်။]
ဝတ္တမာနေ- ပစ္စုပ္ပန်လည်းဖြစ်သော၊ အတီတေ- အတိတ်လည်းဖြစ်သော၊ ကာလေ- အခါကို၊ ဂမျမာနေ- သိအပ်သည်ရှိသော်၊ ဏွာဒယော- ဏု အစရှိသောပစ္စည်းတို့သည်၊ ဟောန္တိ- ကုန်၏။ ကာရု, ဘုဝနံ, ဘူတံ, ဘူမိ စသည်တည်း။
ရုပ်တွက်။ ။ ယုဝါကို “ယုဝ”တည်, သိသက်, ယုဝဿုဝဿုဝုဝါနုနူနာ သုတ်ဖြင့် ယုဝ၏အစိတ် ု ဝ ကို ု ဝ ပြု, သိသက်, ပုမန္တဿာ သိမှိသုတ်၌ အန္တသဒ္ဒါပိုဖြင့် ဝ၏အဆုံး ၊ ကို သိဝိဘတ်နှင့်တကွ -ါ ပြု, ယုဝါ ပြီး၏။ [ယုဝ၏အစိတ် ု ဝ ကို ု ဝါန ပြုလျှင် ယုဝါနော, ု ဝ ကို ု န ပြုလျှင် ယုနော, ု ဝ ကို ူ န ပြုလျှင် ယူနော ဟု ရုပ်ဖြစ်၏။]
၂၇။ ဏွာဒယောကို “ဏု+အာဒယော”ဟု ပုဒ်ဖြတ်၊ အာဒိဖြင့် ယု, မိ, က္တ ပစ္စည်းများကို ရူပသိဒ္ဓိယူ၏၊ ပစ္စုပ္ပန် အတိတ်ကာလ ၂ ခုကို ပြသောကြောင့် “ကရောတီတိ ကာရု, အကာသီတိ ကာရု”ဟု ဝိဂြိုဟ်ပြု၊ “အကာသိ-ပြုပြီ”ဟု ဆို၊ ရုပ်ကို ကတ္တရိ ကိတ်သုတ်၌ တွက်ခဲ့ပြီ။
ဘုဝနံ။ ။ ဘဝန္တိ ဧတ္ထာတိ ဘုဝနံ၊ ဧတ္ထ-ဤလောက၌၊ ဘဝန္တိ-ဖြစ် တတ်ကုန်၏၊ ဣတိ-ထိုသို့ ဖြစ်ရာ၏အဖြစ်ကြောင့်၊ ဘုဝနံ-ဘုဝနမည်၏၊ ဘုဝနံကို “ဘူ၊ သတ္တာယံ”ဟူသော အနက်၌ ဓာတ်မှည့်, ကာလေ ဝတ္တ မာနာတီတေ ဏွာဒယောသုတ်ဖြင့် ယုပစ္စည်းသက်, နုဒါဒီဟိ ယုဏွုန စသောသုတ်ဖြင့် ယုကို ၊ န ပြု, ဘူ၏ အဆုံး ူ ကို လအမည်မှည့်, ဈလာန မိယုဝါ သရေ ဝါသုတ်ဖြင့် ူ ကို ု ဝ် ပြု, ဝ်ကို ၊ သို့ ကပ် (ဘုဝန), နာမ်ငဲ့, သိကို -ံ ပြု, ဘုဝနံ ပြီး၏။
ဘူတံ။ ။ ဘဝတိ-ဖြစ်ဆဲ၊ အဘဝီ-ဖြစ်ပြီ၊ ဣတိ-ကြောင့်၊ ဘူတံဘူတ မည်၏၊ (မဟာဘုတ်ရုပ်, ဘီလူး စသော ဘုတ်ကောင်)၊ ဘူတံကို “ဘူ”တည်၊ “ဘူ၊ သတ္တာယံ”စသည်ဆို၊ ဤသုတ်ဖြင့် က္တပစ္စည်းသက်, ကွစိ ဓာတုသုတ်ဖြင့် က်အနုဗန်ကို ချေ, နာမ်ငဲ့, သိကို -ံ ပြု, ဘူတံ ပြီး၏။
ဘူမိ။ ။ ဘဝန္တိ ဧတ္ထာတိ ဘူမိ၊ ဧတ္ထ-ဤအရပ်၌၊ ဘဝန္တိ-ဖြစ်ကုန်၏၊ ဣတိ-ထိုသို့ ဖြစ်ရာ၏အဖြစ်ကြောင့်၊ ဘူမိ-ဘူမိ(ဘုံ)မည်၏၊ ဘူ တည်၊ ဤသုတ်ဖြင့် မိပစ္စည်းသက်, ဣတ္ထိလိန် ရတ္တာဒိဂိုဏ်းတည်း။
ဘဝိဿတိ- အနာဂတ်ကာလ၌၊ ဂမာဒီဟိ- ဂမု အစရှိသော ဓာတ်တို့မှ နောက်၌၊ ဏီဃိဏ်- ဏီပစ္စည်း ဃိဏ်ပစ္စည်းတို့သည်၊ ဟောန္တိ- ဖြစ်ကုန်၏။ ဂါမီ, ဂါမိ စသည်တည်း။
၂၈။ [ဂါမီ, ဂါမိ-သွားလတ္တံ့လေ့ရှိသူ။] ဏီ ဃိဏ်တို့က တဿီလ အနက်ရှိသောကြောင့်“သွားလတ္တံ့လေ့ရှိသူ”ဟု ဆိုသည်၊ ဂါမီ၌ ဏီပစ္စည်း တည်း၊ “ဂါမီ-ဂါမီ, ဂါမိနော”စသည်ဖြင့် ဒဏ္ဍီသဒ္ဒါကဲ့သို့ ရုပ်စဉ်၊ ဂါမိ၌ ဃိဏ်ပစ္စည်းတည်း၊ “ဂါမိ-ဂါမီ, ဂါမယော”စသည်ဖြင့် အဂ္ဂိသဒ္ဒါကဲ့သို့ ရုပ်စဉ်။ [ဘဝိဿတိကား ဘူဓာတ်, ဿန္တုပစ္စည်း, ဂစ္ဆတိ ဂစ္ဆန္တသ္မိံကဲ့သို့ သ္မိံဝိဘတ်တည်း။]
ရုပ်တွက်။ ။ ဂါမီကို “ဂမု”တည်၊ “ဂမု၊ ဂတိမှိ”ဟူသောအနက်၌ ဓာတ်မှည့်, အဆုံးသရချေ, ဘဝိဿတိ ဂမာဒီဟိ ဏီဃိဏ်သုတ်ဖြင့် ဏီ ပစ္စည်းသက်, ကာရိတံ ဝိယ ဏာနုဗန္ဓောသုတ်ဖြင့် ဏီကို ကာရိတ်ကဲ့သို့ငဲ့, ကာရိတာနံ ဏောလောပံ”သုတ်ဖြင့် ဏ်အနုဗန်ချေ, အသံယောဂန္တဿ ဝုဒ္ဓိကာရိတေသုတ်ဖြင့် ဂ၏အဆုံး ၊ ကို -ါ ဝုဒ္ဓိပြု, မ်ကို -ိ သို့ကပ်, နာမ်ငဲ့, စသည်။
ဂါမိကို “ဂမု”တည်, ဓာတ်မှည့်, အဆုံးသရချေ, ဤသုတ်ဖြင့် ဃိဏ် ပစ္စည်းသက်, ကာရိတ်ငဲ့, ဏ်အနုဗန်ချေ, ကွစိ ဓာတုသုတ်ကြီးဖြင့် ဃကိုချေ, ဂ၏အဆုံးဂ၏အဆုံး ၊ ကို -ါ ဝုဒ္ဓိပြု, မ်ကို -ိသို့ကပ် (ဂါမိ), နာမ်ငဲ့, သိသက်, ချေ, ဂါမိ ပြီး၏။
အာဒိ။ ။ ဂမာဒီဟိ၌ အာဒိဖြင့် ဘာဇီ, ဘာဇိ (ဝေဖန်လတ္တံ့လေ့ရှိသူ, ဘဇဓာတ်)၊ ပဿာဝီ, ပဿာဝိ-ယိုစီးလတ္တံ့လေ့ရှိသော အရာဝတ္ထု (ပပုဗ္ဗ သု၊ အဘိဿဝေ, ဥ-သြဝုဒ္ဓိ, သြ-အဝ, သ် ဒွေဘော်)၊ ပဋ္ဌာယီ, ပဋ္ဌာယိတည်တံ့လတ္တံ့လေ့ရှိသောအရာ (ပပုဗ္ဗ+ဌာ) စသည်ကို ယူ။
ဘဝိဿတိ- အနာဂတ် ကာလ၌၊ ကြိယာယံ- ကြိယာအနက်ကို၊ ဂမျမာနာယံ- သိအပ် သည်ရှိသော်၊ ဏွုတဝေါ- ဏွုပစ္စည်း, တုပစ္စည်းတို့သည်၊ ဟောန္တိ- ဖြစ်ကုန်၏။ ကာရကော ဝဇတိ, ဘောတ္တာ ဝဇတိ စသည်တည်း။
၂၉။ “ကာရကော-ပြုလုပ်တတ်သူ”ဟု ပုဂ္ဂိုလ်ဒြဗ်သံပေါ်အောင် အနက်မဆိုဘဲ ကြိယာသံပေါ်အောင် အနက်ဆိုရသည်ကိုပင် “ကြိယာယံ” ဟု သုတ်၌ ဆိုသည်၊ ကာရကော၏အနက်ကို ကရိဿံ ကြိယာ၏ အနက် နှင့် တန်းတူ ထွက်စေရမည် ဟူလို၊ ကာရကော-ပြုအံ့ဟု ကြံ၍၊ ဝဇတိသွား၏၊ ဘောတ္တာ-စားအံ့ဟု ကြံ၍၊ ဝဇတိ-သွား၏။ [“ကြံ၍”ဟူသော အနက်ကား အပိုထည့်အပ်သော အနက်တည်း။]
ရုပ်တွက်။ ။ ကာရကောကို “ကရ”တည်၊ “ကရ၊ ကရဏေ”ဟူသော အနက်၌ ဓာတ်မှည့်, အဆုံးသရချေ, ကြိယာယံ ဏွုတဝေါသုတ်ဖြင့် ဏွုပစ္စည်းသက်, ကာရိတ်ကဲ့သို့ငဲ့, အသံယောဂန္တဿ ဝုဒ္ဓိ ကာရိတေ သုတ်ဖြင့် က၏ အစိတ် ၊ ကို -ါ ဝုဒ္ဓိပြု, အနကာ ယုဏွုနံသုတ်ဖြင့် ဏွုကို ၊ က ပြု, ရ် ၊ သို့ကပ်, နာမ်ငဲ့, သိကို ေ-ါ ပြု, ကာရကော ပြီး၏။ [နုဒါဒီဟိသုတ်ဖြင့်လည်း ၊ က ပြုနိုင်၏။]
ဘောတ္တာကို “ဘုဇ”တည်၊ ဤသုတ်ဖြင့် တုပစ္စည်းသက်, အညေသု စ သုတ်ဖြင့် ဘု၏ ု ကို ေ-ါ ဝုဒ္ဓိပြု, ဘုဇာဒီနမန္တော နော ဒွိ စသုတ်ဖြင့် ဓာတွန် ဇ်ကို ချေ, တ၏ဒွေဘော်လည်း လာ (ဘောတ္တု), နာမ်ငဲ့, သိသက်, သတ္ထုပိတာဒီနမာ သိသ္မိံ သိလောပေါ စသုတ်ဖြင့် ု ကို -ါ ပြု, သိကိုလည်း ချေ, ဘောတ္တာ ပြီး၏။ [သဗ္ဗတော ဏွုတွာဝီ ဝါသုတ်ဖြင့်လည်း ဤ ပစ္စည်းများ သက်နိုင်၏။]
ဘဝိဿတိ- အနာဂတ်ကာလ၌၊ ဘာဝဝါစိမှိ- ဘောကို ဟောသည်ရှိသော်၊ စတုတ္ထီ- စတုတ္ထီဝိဘတ် သည်၊ ဟောတိ- ဖြစ်၏။ ပါကာယ ဝဇတိ စသည်တည်း။
၃၀။ ပစိဿတေ-ချက်လတ္တံ့ခြင်း၊ ပါကော-ချက်လတ္တံခြင်း၊ ဤသို့ ဘာဝသာဓနပြုရသော ပုဒ်ကိုပင် “ဘာဝဝါစီ”ဟု ဆိုသည်၊ ထိုကဲ့သို့ ဘောကို ဟောရာ၌ “လတ္တံ့”ဟု အနာဂတ်ကာလကိုလည်း ဟောလျှင် ဤသုတ်ဖြင့် စတုတ္ထီ သ ဝိဘတ်သက်ရမည် ဟူလို၊ ပါကာယ-ချက်လတ္တံ့ ခြင်းငှာ၊ (ဝါ-ချက်ဖို့ရာ၊) ဝဇတိ-သွား၏။ [ဤသုတ်ကို ဤနေရာ၌ ဆိုရ ခြင်း၏ အကြောင်းကို ရူပသိဒ္ဓိဘာသာဋီကာမှာ ရှု။]
ရုပ်တွက်။ ။ ပါကာယကို “ပါက”တည်, ဘာဝဝါစိမှိ စတုတ္ထီသုတ်ဖြင့် စတုတ္ထီ သဝိဘတ်သက်, အာယ စတုတ္ထေကဝစနဿ တုသုတ်ဖြင့် သဝိဘတ်ကို -ါ ယ ပြု, က် ခွင်း, ချေ, ကပ်, ပါကာယ ပြီး၏။
အမှာ။ ။ ဤသုတ် မရှိသော်လည်း သိလာဃ သုတ်ဖြင့် တုမတ္ထ သမ္ပဒါန်မှည့်၍ သမ္ပဒါနေ စတုတ္ထီသုတ်ဖြင့် သဝိဘတ် သက်နိုင်သည်။
ကမ္မနိ- အနီးကံပုဒ်သည်၊ သတိ- ရှိလတ်သော်၊ ဘဝိဿတိ- အနာဂတ်ကာလ၌၊ ဏော- ဏပစ္စည်း သည်၊ ဟောတိ- ဖြစ်၏။ နဂရကာရော ဝဇတိ စသည်တည်း။
၃၁။ နဂရကာရော-မြို့ကို ပြုအံ့ဟုကြံ၍၊ ဝဇတိ-သွား၏၊ ဤပုံစံ၌ နဂရကား အနီးကံပုဒ်တည်း၊ ကာရောကိုလည်း အနာဂတ်ကြိယာသံ ပါအောင် “ပြုအံ့”ဟု ဆို၊ “ဟုကြံ၍”ကား အပိုထည့်အပ်သော အနက် တည်း။ [ကြိယာယံပုဒ်ကို နျာသက မလိုက်စေလို, ရူပသိဒ္ဓိက လိုက်စေ လိုပုံရသည်။]
ရုပ်တွက်။ ။ နဂရကာရောကို နဂရသဒ္ဒူပပဒ “ကရ”တည်၊ “ကရ၊ ကရဏေ”စသည် ဆို၊ ကမ္မနိ ဏောသုတ်ဖြင့် ဏပစ္စည်းသက်, ကာရိတ်ငဲ့, ဏ်အနုဗန် ချေ, အသံယောဂန္တဿ စသောသုတ်ဖြင့် က၏ အစိတ် ၊ ကို -ါ ဝုဒ္ဓိပြု, ရ် -ါ သို့ကပ်, နာမ်ငဲ့, သိကို ေ-ါ ပြု, နဂရကာရော ပြီး၏။ [ဓာတုယာ ကမ္မာဒိမှိ ဏောသုတ်ဖြင့်လည်း ဤရုပ် ပြီးနိုင်၏။]
သေသေ- တစ်ပိုင်းတစ်စ ပြုပြီးမှဆက်, ကြွင်းသေးသောအနက်၌၊ ဘဝိဿတိ- အနာဂတ် ကာလ၌၊ ဿန္တုမာနာနာ- ဿန္တုပစ္စည်း, မာနပစ္စည်း, အာနပစ္စည်း တို့သည်၊ ဟောန္တိ- ဖြစ်ကုန်၏။ ကမ္မံ ကရိဿံ, ကရိဿန္တော, ကုရုမာနော, ကရာနော ဝဇတိ စသည်တည်း။
၃၂။ သေသေ၌ သေသ၏အဓိပ္ပာယ်ကား - အနာဂတ်အနက်သည် လုံးလုံးမပြုရသေးသောအနက်, တစ်ပိုင်းတစ်စပြုပြီး၍ ပြုဖို့ရန် ကျန်သေး သော အနက်ဟု ၂ မျိုး ရှိ၏၊ ဥပမာ-တစ်နာရီခန့် ပြုမည့်ကိစ္စတစ်ခုရှိရာ ထိုကိစ္စကို လုံးလုံး မပြုရသေးလျှင် “သေသ”ဟု မဆိုနိုင်၊ နာရီဝက်ခန့် ပြုပြီး၍ (တစ်စုံတစ်ခုသော အကြောင်းကြောင့်) နားနေပြီးမှ ကျန် နာရီဝက်ခန့်အတွက် ဆက်ပြုရမည့်ကိစ္စကိုသာ “သေသ”ဟု ခေါ်သတတ်၊ ကစ္စည်းဘာသာဋီကာ၌ အဓိပ္ပာယ်တစ်မျိုး ပြထားသည်။
အမှာ။ ။ ဿန္တုမာနာနာ၌ “ဿံ န္တု မာနာနာ”ဟု ပါဌ်တစ်မျိုးရှိ၏၊ “ဿံပစ္စည်း, န္တုပစ္စည်း, မာနပစ္စည်း, အာနပစ္စည်းတို့သည်”ဟု အနက်ဆို၊ ဤ၌ကား ဿန္တုပစ္စည်းဟု ဆိုလိုက်သည်၊ ရူပသိဒ္ဓိ၌ ၂ ပါးလုံး ပြု၏၊ ကမ္မံ-အမှုကို၊ ကရိဿံ, ကရိဿန္တော-ပြုလတ္တံ့ဖြစ်၍၊ ဝဇတိ-သွား၏။
ရုပ်တွက်။ ။ ကရိဿံကို “ကရ”တည်၊ “ကရ၊ ကရဏေ”စသည်ဆို၊ သေသေ ဿန္တု မာနာနာသုတ်ဖြင့် ဿန္တုပစ္စည်းသက်, ယထာဂမ မိကာရောသုတ်ဖြင့် -ိလာ (ကရိဿန္တု), နာမ်ငဲ့, သိသက်, သိမှိ ဝါ သုတ်ဖြင့် န္တုအဆုံး ု ကို ၊ ပြု, သိမှိ ဂစ္ဆ န္တာဒီနံ န္တသဒ္ဒေါ အံသုတ်၌ “န္တသဒ္ဒေါ အံ”ဟူသော ယောဂဝိဘာဂဖြင့် န္တကို -ံ ပြု, သေသတော သုတ်ဖြင့် သိကို ချေ, ဿ်ခွင်း, ချေ, ကပ်, ကရိဿံ ပြီး၏။ [ဿံပစ္စည်း ဆိုလျှင် သိချေရုံသာ။]
ကရိဿန္တော၌ ဿန္တုပစ္စည်း, နာမ်ငဲ့, သိသက်, သိမှိ ဝါသုတ်ဖြင့် န္တုအဆုံး ု ကို ၊ ပြု, သိကို ေ-ါ ပြု, ပြီး၏၊ “ကရိဿံ, ကရိဿန္တော, ကရိဿန္တာ, ကရိဿန္တော, ကရိဿန္တံ, ကရိဿန္တေ” စသည်ဖြင့် ဂစ္ဆ န္တာဒိ ဂိုဏ်းအတိုင်း ရုပ်စဉ်လေ။
ကုရုမာနော၌ ကရဓာတ်, မာနပစ္စည်း, တနာဒိတော သြယိရာသုတ် ဖြင့် သြပစ္စည်း, ကရဿာကာရော စသုတ်ဖြင့် က၏အစိတ် ၊ ကို ု ပြု, ဥတ္တမောကာရောသုတ်ဖြင့် သြပစ္စည်းကို ု ပြု, ရ်ကို ု သို့ကပ်, နာမ်ငဲ့, စသည်။… ကရာနော၌ -ါ နပစ္စည်းသက်။ [တတော စေ ဥတ္တရိ “ဝါယ မာနော”၌ ဝိ အာ ပုဗ္ဗ “ယမု”ဓာတ် -ါ နပစ္စည်းဖြင့် ပြီး၏။]
ဆဒါဒီဟိ- ဆဒ အစရှိသော ဓာတ်တို့မှ နောက်၌၊ တတြဏ်- တပစ္စည်း, တြဏ်ပစ္စည်းတို့သည်၊ ဟောန္တိ- ဖြစ်ကုန်၏။ ဆတ္တံ, ဆတြံ စသည်တည်း။
၃၃။ အာတပံ-နေပူကို၊ ဆာဒေတိ-မိုးကာတတ်၏၊ ဣတိ-ကြောင့်၊ ဆတ္တံ, ဆတြံ-ဆတ္တ, ဆတြ (ထီး) မည်၏။
ရုပ်တွက်။ ။ ဆတ္တံကို “ဆဒ”တည်၊ “ဆဒ၊ အပဝါရဏေ”စသည်၊ ဆဒါဒီဟိ တတြဏ်သုတ်ဖြင့် တပစ္စည်းသက်, ဒေါ ဓဿ စသုတ်၌ စသဒ္ဒါ ဖြင့် ဒ်ကို တပြု, တကို တသို့ ကပ် (ဆတ္တ), နာမ်ငဲ့, သိကို -ံ ပြု, ဆတ္တံ ပြီး၏။ [ရူပသိဒ္ဓိ၌ ကွစိ ဓာတုသုတ်ကြီးဖြင့် ဒ်ကို တ်ပြု၏၊ ဤ၌ကား နျာသအလိုတည်း။]
ဆတြံကို “ဆဒ”တည် စသည်, တြဏ်ပစ္စည်းသက်, ကာရိတံ ဝိယ စသည်ဖြင့် ကာရိတ်ငဲ့, ဏ်အနုဗန်ချေ, ဓာတွန် ဒ်ကို တ်ပြု, တ်ကို သြသို့ ကပ်, ဗျဉ္ဇနော စ ဝိသညောဂေါသုတ်၌ စသဒ္ဒါဖြင့် တ္တဗျဉ်း ၂ လုံးတွင် တ တစ်လုံးကို ချေ, နာမ်ငဲ့, သိကို -ံ ပြု, ဆတြံ ပြီး၏။
အာဒိ။ ။ ဆဒါဒီဟိ၌ အာဒိဖြင့် စိန္တဓာတ် စသည်ကို ယူ၍ စိတ္တံ, စိတြံ စသော ရုပ်များ ဖြစ်၏၊ အာရမဏံ-အာရုံကို၊ စိန္တေတိ-သိတတ်၏၊ ဣတိ-ထို့ကြောင့်၊ စိတ္တံ, စိတြံ-စိတ် မည်၏။
စိတ္တံကို “စိန္တ”တည်၊ “စိန္တ၊ စိန္တာယံ”ဟု ဆို၊ တပစ္စည်း သက်, နိဂ္ဂဟီတံ သံယောဂါဒိနောသုတ်ဖြင့် န်ကို နိဂ္ဂဟိတ်ပြု, ဗျဉ္ဇနေ စသုတ်ဖြင့် နိဂ္ဂဟိတ် ချေ, တ်ကို တသို့ ကပ်, စသည်။
ဝဒါဒီဟိ- ဝဒ အစရှိသော ဓာတ်တို့မှ နောက်၌၊ ဂဏေ- အပေါင်းဟူသော အနက်၌၊ ဏိတ္တော- ဏိတ္တပစ္စည်းသည်၊ ဟောတိ- ဖြစ်၏။ ဝါဒိတ္တံ, စာရိတ္တံ, ဝါရိတ္တံ ဟူသည်တည်း။
၃၄။ ဝါဒိတာနံ ဂဏော ဝါဒိတ္တံ၊ ဝါဒိတာနံ-တီးမှုတ်အပ်သော တူရိယာတို့၏၊ ဂဏော-အပေါင်းသည်၊ ဝါဒိတ္တံ-ဝါဒိတ္တမည်၏၊ ဝဒါဒီဟိ၌ အာဒိဖြင့် စရဓာတ် ဝရဓာတ်တို့ကို ယူ, စရိတာနံ ဂဏော စာရိတ္တံကျင့်အပ်သော အကျင့်တို့၏အပေါင်း၊ ဝရိတာနံ ဂဏော ဝါရိတ္တံ-တားမြစ် အပ်သော သီလတို့၏အပေါင်း။
ရုပ်တွက်။ ။ ဝါဒိတ္တံကို “ဝဒ”တည်၊ “ဝဒ၊ ဝိယတ္တိယံ ဝါစာယံ” ဓာတ်မှည့်, အဆုံးသရချေ, ဝဒါဒီဟိ ဏိတ္တော ဂဏေသုတ်ဖြင့် ဏိတ္တ ပစ္စည်းသက်, ကာရိတ်ကဲ့သို့ငဲ့, ဏ်အနုဗန်ချေ, အသံယောဂန္တဿ ဝုဒ္ဓိ ကာရိတေသုတ်ဖြင့် ဝ၏အဆုံး ၊ ကို -ါ ဝုဒ္ဓိပြု (ဝါဒိတ္တ),နာမ်ငဲ့, သိကို -ံ ပြု, ဝါဒိတ္တံ ပြီး၏။
စာရိတ္တံ၌ “စရ”တည်၊ “စရ၊ စရဏေ”စသည်၊ ဝါရိတ္တံ၌ “ဝရ”တည်၊ “ဝရ=ဝရဏေ”စသည် ဆို။ [စာရိတ္တသီလ-မျိုးရိုးအတိုင်း ကျင့်ရသော အကျင့်၊ ဝါရိတ္တသီလ-တမင်တကာ စောင့်ရသော ငါးပါးသီလစသည်။]
မိဒါဒီဟိ- မိဒ အစရှိသော ဓာတ်တို့မှ နောက်၌၊ တ္တိတိယော- တ္တိပစ္စည်း, တိပစ္စည်းတို့သည်၊ ဟောန္တိ- ဖြစ်ကုန်၏။ မေတ္တိ, တန္တိ စသည်တည်း။
၃၅။ မိဇ္ဇတိ သိနိယှတိ-ချစ်တတ်၏၊ ဣတိ-ထို့ကြောင့်၊ မေတ္တိ-မေတ္တိ မည်၏၊ ချစ်တတ်သူ (တစ်နည်း-ချစ်ခြင်း)၊ တနီယတေ ဝိတ္ထာရီယတေချဲ့ဖွင့်အပ်၏၊ ဣတိ-ကြောင့်၊ တန္တိ-တန္တိ (ပါဠိ) မည်၏။
ရုပ်တွက်။ ။ မေတ္တိကို “မိဒ”တည်၊ “မိဒ၊ သိနေဟေ”ဓာတ်မှည့်, အဆုံးသရချေ, မိဒါဒီဟိ တ္တိတိယောသုတ်ဖြင့် တ္တိပစ္စည်းသက်, အညေသု စသုတ်ဖြင့် မိ၏အစိတ် -ိ ကို ေ-ဝုဒ္ဓိပြု, ကွစိ ဓာတုဖြင့် ဓာတွန်ဒ်ကို ချေ, နာမ်ငဲ့, သိချေ။…တန္တိကို “တနု”တည်၊ “တနု=ဝိတ္ထာရေ”ဓာတ်မှည့်, အဆုံး ု ကို ချေ, ဤသုတ်ဖြင့် တိပစ္စည်းသက်, န်ကို တိသို့ကပ်, နာမ်ငဲ့ စသည်။
အာဒိ။ ။ မိဒါဒီဟိ၌ အာဒိသဒ္ဒါဖြင့် ပတ္တိ-ခြေလျင်စစ်တပ် (ပဒ ဓာတ်)၊ ရတ္တိ-ညဉ့် (ရန္ဇ)၊ ဓာတိ-အထိန်းတော် (ဓာ)၊ ပါတိ-ခွက် (ပါဓာတ်)၊ ဝသတိ-နေရာအိမ် (ဝသ)ကို ယူ။ [ဣတ္ထိယမတိယ ဝေါ ဝါဖြင့် ဤ ရုပ်များ ပြီးနိုင်၏။]
ဥသုရန္ဇ ဍံသာနံ- ဥသုဓာတ်, ရန္ဇဓာတ်, ဍံသဓာတ်တို့တွင်၊ ဍံသဿ- ဍံသ ဓာတ်၏၊ ဒဍ္ဎော- ဒဍ္ဎအပြုသည်၊ ဟောတိ- ဖြစ်၏။ သေသေဟိကြွင်းသော ဥသု ရန္ဇဓာတ်တို့မှ နောက်၌၊ ဎဌာ- အစဉ်အတိုင်း ဎပစ္စည်း, ဌပစ္စည်းတို့သည်၊ ဟောန္တိ- ဖြစ်ကုန်၏။ ဥဍ္ဎော, ရဋ္ဌံ, ဒဍ္ဎံ ဟူသည်တည်း။
၃၆။ ဤသုတ်၌ ရူပသိဒ္ဓိဝယ် မြန်မာမူ သီဟိုဠ်မူ ကွဲ၏၊ သီဟိုဠ်မူကို မှီး၍ သုတ်နက်ဆိုသည်၊ ဥဍ္ဎော-ကုလားအုတ်သတ္တဝါ၊ ရဋ္ဌံ-တိုင်းနိုင်ငံ၊ ဒဍ္ဎံ-ကိုက်အပ်၏။
ဥဍ္ဎောကို “ဥသု”တည်၊ “ဥသု၊ ဒါဟေ”ဓာတ်မှည့်, အဆုံးသရချေ, ဥသု ရန္ဇဍံသာနံ ဍံသဿ ဒဍ္ဎော ဎဌာ စသုတ်ဖြင့် ဎပစ္စည်း သက်, ကွစိ ဓာတုသုတ်ကြီးဖြင့် ဓာတွန် သ် ချေ, ဝဂ္ဂေ ဃောသာဃောသာနံ စသော သုတ်ဖြင့် အသဒိသဒွေဘော် ဍ်လာ, နာမ်ငဲ့, သိကို ေ-ါ ပြု, ဥဍ္ဎော ပြီး၏။
ရဋ္ဌံကို “ရန္ဇ”တည်၊ “ရန္ဇ၊ ရာဂေ” ဓာတ်မှည့်, အဆုံးသရချေ, ဤ သုတ်ဖြင့် ဌပစ္စည်းသက်, ကွစိ ဓာတုသုတ်ကြီးဖြင့် ဓာတွန် န္ဇ်ကို ချေ, အသဒိသဒွေဘော် ဋ်လာ, နာမ်ငဲ့, သိကို -ံ ပြု, ရဋ္ဌံ ပြီး၏။
ဒဍ္ဎံကို “ဍံသ”တည်၊ “ဍံသ၊ ဍံသနေ”ဓာတ်မှည့်, အဆုံးသရချေ, ကွိ စ သုတ်ဖြင့် ကွိပစ္စည်းသက်, ဥသုရန္ဇဍံသာနံ ဍံသဿ ဒဍ္ဎော ဎဌာစသုတ်ဖြင့် ဍံသဓာတ်ကို ဒဍ္ဎ ပြု, ကွိပစ္စည်းကို ချေ, နာမ်ငဲ့, သိကို -ံ ပြု, ဒဍ္ဎံ ပြီး၏။
သူဝု.သာနံ- သူဓာတ်, ဝုဓာတ်, အသဓာတ်တို့၏၊ ဥုဝုသာနံ- အစိတ် ဥု ဥ အသသဒ္ဒါတို့၏၊ အတော- အတအပြုသည်လည်းကောင်း၊ ထော စ- ထပစ္စည်းသည်လည်းကောင်း၊ ဟောတိ- ဖြစ်၏။ သတ္ထံ, ဝတ္ထံ, အတ္ထော စသည်တည်း။
၃၇။ [သတ္ထံ-လက်နက်၊ ဝတ္ထံ-အဝတ်၊ အတ္ထော-အနက်။]
သတ္ထံကို “သူ”တည်၊ “သူ၊ ဟိံသာယံ” ဓာတ်မှည့်, သူဝုသာနမူဝုသာန မတော ထော စသုတ်ဖြင့် သူ၏အစိတ် ူ ကို ၊ တ်ပြု, ထပစ္စည်းသက်, သ်ကို ၊ သို့ကပ်, တ်ကို ထသို့ကပ်, နာမ်ငဲ့, သိကို -ံ ပြု, ပြီး၏။ [အတပြုတဲ့ အခါ တ၌ သရမပါဘဲပြုမှ နောက်ထသို့ အလွယ်တကူ ကပ်နိုင်မည်။]
ဝတ္ထံကို “ဝု”တည်၊ “ဝု၊ သံဝရဏေ” ဝု၏အစိတ် ု ကို ၊ တ်ပြု, ထပစ္စည်း သက်၊ အတ္ထောကို“အသ”တည်၊ “အသ=ဘုဝိ” အသ်ဓာတ်ကိုပင် အတ် ပြု၍ ထပစ္စည်းသက်။ [အခြားနည်းဖြင့်လည်း ဤရုပ်များ ပြီးစီး၏။]
ရန္ဇု.ဒါဒီဟိ- ရ န္ဇ, ဥဓိအစရှိသောဓာတ်တို့မှနောက်၌၊ ဓဒိ.ဒ္ဒကိရာ- ဓပစ္စည်း, ဒပစ္စည်း, ဣဒ္ဒပစ္စည်း, ကပစ္စည်း, ဣရပစ္စည်းတို့သည်၊ ဟောန္တိ- ဖြစ်ကုန်၏။ ကွစိ- အချို့အရာ၌၊ ဇဒလောပေါ စ- ဓာတွန် ဇဒတို့၏ ကျေခြင်းသည်လည်း၊ ဟောတိ- ဖြစ်၏။ ရန္ဓံ, သမုဒ္ဒေါ, ဒလိဒ္ဒေါ, သုက္ကံ, ဝဇိရံ စသည်တည်း။
၃၈။ ရန္ဓံ-အပေါက်အကြား၊ သမုဒ္ဒေါ-သမုဒ္ဒရာ။ [သက္ကတ၌ “သမုဒြ” ဟု ရှိသည်၊ မြန်မာက “သမုဒ္ဒရာ”ဟု ခေါ်၏။] ဒလိဒ္ဒေါ-သူဆင်းရဲ၊ သုက္ကံသုက်(ဖြူသောအဆင်း)၊ ဝဇိရံ-ဝဇိရစိန်လက်နက်။
ရုပ်တွက်။ ။ ရန္ဓံကို “ရန္ဇ”တည်၊ “ရန္ဇ၊ ရာဂေ” ဓာတ်မှည့်, အဆုံးသရ ချေ, ရန္ဇုဒါဒီဟိစသောသုတ်ဖြင့် ဓပစ္စည်းသက်, ဓာတွန်ဇ်ကိုလည်းချေ (ရန်ဓ), န်ကို ဓသို့ ကပ်, နာမ်ငဲ့, သိကို -ံ ပြု, ရန္ဓံ ပြီး၏။
သမုဒ္ဒေါကို သံပုဗ္ဗ “ဥဒိ”တည်၊ “ဥဒိ၊ ပသဝန က္လေဒနေသု”ဟူသော အနက်၌ ဓာတ်မှည့်, အဆုံးသရချေ, ရန္ဇုဒါဒီဟိစသောသုတ်ဖြင့် ဒပစ္စည်း သက်, မဒါ သရေသုတ်ဖြင့် သံ၌ နိဂ္ဂဟိတ်ကို မ်ပြု, မ် ု သို့ ကပ်, ဒ် ဒသို့ကပ် (သမုဒ္ဒ), နာမ်ငဲ့, သိ ေ-ါ ပြု, သမုဒ္ဒေါ ပြီး၏။ [ဤရုပ်၌ ဓာတွန် ဒ်ကို ချေဖို့ရန် မပြကြ၊ သုတ်၌ “ဇဒလောပေါ စ”ဟု ဆိုသော ကြောင့် ဓာတွန် ဒ်ကို ချေ၍ ဒွေဘော်ပြုရမည်ကဲ့သို့ ထင်သည်။]… ဒလိဒ္ဒေါကို “ဒလ”တည်၊ “ဒလ=ဒုဂ္ဂတိမှိ” ဓာတ်မှည့်, အဆုံးသရချေ, ဤသုတ်ဖြင့် -ိဒ္ဒပစ္စည်းသက်, လ် -ိ သို့ကပ်, နာမ်ငဲ့ စသည်။
သုက္ကံကို “သုသ”တည်၊ “သုသ၊ သောသနေ”စသည်၊ ဤသုတ်ဖြင့် ကပစ္စည်းသက်, ကွစိ ဓာတုသုတ်ကြီးဖြင့် ဓာတွန် သ်ကို က်ပြု, က် ကသို့ ကပ်, စသည်။ [နျာသ၌ ဤသုတ်ကို နိပါတန (မပြီးမချင်း စီရင်နိုင်၏)ဟု သဘောထား၍ ဓာတွန် သ်ကို ဤသုတ်ဖြင့်ပင် က်ပြု၏။]… ဝဇိရံကို “ဝဇ”တည်၊ “ဝဇ=ဂတိမှိ” ဟူသောအနက်၌ ဓာတ်မှည့်, အဆုံးသရချေ, ဤသုတ်ဖြင့် -ိရပစ္စည်းသက်, ဇ် -ိ သို့ကပ်, နာမ်ငဲ့ စသည်ဆို။ အာဒိဖြင့် ယူရသော ရုပ်များစွာကို နောင်ခါ တွက်တတ်လိမ့်မည်။
ပတိတော- ပတိဥပသာရပုဒ်မှ၊ ပရဿ- နောက်ဖြစ်သော၊ ဟိဿ- ဟိဓာတ်၏၊ ဟေရဏ်ဟီရဏ်- ဟေရဏ်အပြု, ဟီရဏ်အပြုတို့သည်၊ ဟောန္တိ- ဖြစ်ကုန်၏။ ပါဋိဟေရံ, ပါဋိဟီရံ ဟူသည်တည်း။
၃၉။ [ပတိ ဥပသာရပုဒ်ရင်းဖြစ်၍ “ပတိတော”ဟု ဆရာတို့ ပြင်၏၊၊] ပတိပက္ခေ-ဆန့်ကျင်ဘက်တို့ကို၊ မဒ္ဒိတွာ-နှိပ်နင်း၍၊ ဟိနောတိ-ဖြစ်တတ် ၏၊ ဣတိ-ထို့ကြောင့်၊ ပါဋိဟေရံ, ပါဋိဟီရံ-မည်၏။ [တန်ခိုးပြာဋိဟာ တည်း၊ သက္ကတ၌ ပြတိ ဥပသာရဖြစ်၍ “ပြာ”ဟု မြန်မာပြန်သည်။]
ရုပ်တွက်။ ။ ပါဋိဟေရံကို ပတိသဒ္ဒူပပဒ “ဟိ”တည်၊ “ဟိ၊ ဂတိမှိ” ဓာတ်မှည့်, ကွိပစ္စည်းသက်, ပတိတော ဟိဿ ဟေရဏ်ဟီရဏ်သုတ်ဖြင့် ဟိဓာတ်ကို ဟေရဏ်ပြု, ကာရိတ်ကဲ့သို့ငဲ့, ဏ်အနုဗန်ချေ, ကွိလောပေါ စသုတ်ဖြင့် ကွိချေ, နာမ်ငဲ့, သိသက်, -ံ ပြု (ပဋိဟေရံ), ကွစိ ပဋိ ပတိဿ သုတ်ဖြင့် ပတိကို ပဋိပြု, တေသု ဝုဒ္ဓိသုတ်ကြီးဖြင့် ပ၏ ၊ ကို -ါ ဝုဒ္ဓိပြု, ပါဋိဟေရံ ပြီး၏။
အမှာ။ ။ ဓာတ်နှင့်ဆိုင်ရာ မဟုတ်၍ အသံယောဂန္တဿ စသော သုတ်ဖြင့် ဝုဒ္ဓိမပြုရ၊ ပါဋိဟီရံ၌ ဟီရဏ် ပြုရုံသာ၊ ဂါထာအရာမဟုတ်လျှင် “ပါဋိဟာရိယံ”ပုဒ်သာ ပိဋက၌ အသုံးများ၏၊ ပတိပုဗ္ဗ “ဟရ”ဓာတ်, ဏျပစ္စည်းသက်၍ ရူပသိဒ္ဓိ ရုပ်တွက်၏။
ကဍျာဒီဟိ- ကဍိ အစရှိသော ဓာတ်တို့မှနောက်၌၊ ကော- ကပစ္စည်းသည်၊ ဟောတိ- ဖြစ်၏။ ကဏ္ဍော စသည်တည်း။
၄၀။ ကဏ္ဍယတီတိ ကဏ္ဍော၊ ကဏ္ဍယတိ-ဖောက်ဖြတ်တတ်၏၊ ဣတိ-ထို့ကြောင့်၊ ကဏ္ဍော-ကဏ္ဍ(မြား)မည်၏၊ တစ်နည်း-ကဏ္ဍိတဗ္ဗော, ဆိန္ဒိတဗ္ဗော-ပိုင်းဖြတ်အပ်၏၊ ဣတိ-ထို့ကြောင့်၊ ကဏ္ဍော-ကဏ္ဍ(အခန်း) မည်၏။
ရုပ်တွက်။ ။ ကဏ္ဍောကို “ကဍိ”တည်၊ “ကဍိ၊ ဆေဒနေ” အဆုံးသရ ချေ, ကဍျာဒီဟိ ကောသုတ်ဖြင့် ကပစ္စည်းသက်, ကွစိ ဓာတုသုတ်ကြီးဖြင့် က်အနုဗန်ကို ချေ, ဍ်ကို ၊ သို့ကပ်, နိဂ္ဂဟီတဉ္စသုတ်ဖြင့် ကနောက်၌ နိဂ္ဂဟိတ်လာ (ကံဍ), နိဂ္ဂဟိတ်ကို ဋဝဂ္ဂန္တ ဏ်ပြု, နာမ်ငဲ့, သိ ေ-ါ ပြု, ကဏ္ဍော ပြီး၏။
ဃဏ္ဋာ-ခေါင်းလောင်း, ဆည်းလည်း၊ ဟဃဋိ၊ ဃဋ္ဋနေ] ခဏ္ဍော-အပိုင်း အဖြတ်၊ ဟခဍိ=ဆေဒနေ] ဤသို့ စသည်ဖြင့် ဤသုတ်ဆိုင်ရာ ရုပ်များစွာ ရှိသည်။
ခါဒါမဂမာနံ- ခါဒဓာတ်, အမဓာတ်, ဂမုဓာတ်တို့၏၊ ခန္ဓ.န္ဓဂန္ဓာ- ခန္ဓအပြု, အန္ဓအပြု, ဂန္ဓ အပြုတို့သည်၊ ဟောန္တိ- ဖြစ်ကုန်၏။ ကော- ကပစ္စည်းသည်လည်း၊ ဟောတိ- ဖြစ်၏။ ခန္ဓော, အန္ဓော, ဂန္ဓော စသည်တည်း။
၄၁။ ခန္ဓော-ခန္ဓာ၊ အန္ဓော-သူကန်း၊ ဂန္ဓော-အနံ့။
ရုပ်တွက်။ ။ ခန္ဓောကို “ခါဒ”တည်၊ “ခါဒ၊ ဘက္ခဏေ” ဓာတ်မှည့်, အဆုံးသရချေ, ခါဒါ.မဂမာနံ ခန္ဓ.န္ဓဂန္ဓာသုတ်ဖြင့် ခါဒဓာတ်ကို ခန္ဓပြု၍ ကပစ္စည်းလည်း သက်, ကွစိ ဓာတုသုတ်ကြီးဖြင့် က်အနုဗန်ကို ချေ, န္ဓ ခွင်း, ချေ, ကပ်, နာမ်ငဲ့, သိ ေ-ါ ပြု, ခန္ဓော ပြီး၏။
အန္ဓောကို “အမ”တည်၊ “အမ၊ ရောဂေ” ဓာတ်မှည့်, အဆုံးသရချေ, ခါဒါ.မဂမာနံ ခန္ဓ.န္ဓဂန္ဓာသုတ်ဖြင့် အမဓာတ်ကို အန္ဓပြု, ကပစ္စည်းလည်း သက်, က်အနုဗန်ကို ချေ, စသည်ဆို။
ဂန္ဓောကို “ဂမု”တည်၊ “ဂမု၊ ဂတိမှိ”စသည်, ခါဒါ.မဂမာနံ ခန္ဓ.န္ဓဂန္ဓာ သုတ်ဖြင့် ဂမ ကို ဂန္ဓပြု, ကပစ္စည်းလည်းသက်, က်အနုဗန်ချေ, စသည်၊ ကပစ္စည်းကို မချေလျှင် ခန္ဓကော, အန္ဓကော, ဂန္ဓကော ဟု ဖြစ်၏။
ပဋာဒီဟိ- ပဋ အစရှိသောဓာတ်, ပါဋိပဒိကပုဒ်တို့မှ နောက်၌၊ အလံ- အလပစ္စည်းသည်၊ ဟောတိ- ဖြစ်၏။ ပဋလံ စသည်တည်း။
၄၂။ ဤသုတ်၌ ပဋပုဒ်ကို ပဋဓာတ်, တစ်နည်း-ပဋ ပါဋိပဒိကဟု ၂ မျိုးကြံ၏၊ ဓာတ်ကြံလျှင် အလပစ္စည်းသက်၍ ပြီးသောကိတ်ပုဒ်၊ ပါဋိပဒိကကြံလျှင် နာမ်ပုဒ်နောင် ပစ္စည်းသက်သဖြင့် တဒ္ဓိပုဒ်တည်း။
ပဋတိ နိရတ္ထကဘာဝံ ဂစ္ဆတီတိ ပဋလံ (ဓာတ်ကြံသောနည်း)၊ ပဋတိ နိရတ္ထကဘာဝံ ဂစ္ဆတိ-အကျိုး မရှိသည်၏ အဖြစ်သို့ ရောက်တတ်၏၊ ဣတိ-ထို့ကြောင့်၊ ပဋလံ-ပဋလ မည်၏၊ ပဋလံ-အထပ်အလွှာ။
ရုပ်တွက်။ ။ ပဋလံကို “ပဋ”တည်၊ “ပဋ၊ ဂတိမှိ”ဟူသောအနက်၌ ဓာတ်မှည့်, အဆုံးသရချေ, ပဋာဒီဟျလံသုတ်ဖြင့် ၊ လပစ္စည်းသက်, ဋ် ၊ သို့ ကပ်, နာမ်ငဲ့, သိ -ံ ပြု, ပဋလံ ပြီး၏။
တစ်နည်း-ပဋသဒ္ဒါသည် “ပုဆိုး”ဟူသော အနက်ဟော ပါဋိပဒိက နာမ်ပုဒ်တည်း၊ ပဋေ အလံတိ ပဋလံ၊ ပဋေ-ပုဆိုးကိစ္စ၌၊ အလံ-စွမ်းနိုင်၏၊ ဣတိ-ထို့ကြောင့်၊ ပဋလံ-မည်၏။…ပဋလံကို “ပဋ”တည်၊ “ပဋာဒီဟျလံ သုတ်ဖြင့် ၊ လပစ္စည်းသက်, ဋ်ခွင်း, ချေ, ကပ် (ပဋလ), နာမ်ငဲ့, သိ -ံ ပြု, ပဋလံ ပြီး၏။
အမှာ။ ။ “ကလလံ-ညွှန်”စသည်ဖြင့် များစွာ ရှိလေသေး၏၊ ဤ သုတ်က အလပစ္စည်းသည် “စွမ်းနိုင်၏”အနက်ကို ဟောသော “အလံ” သဒ္ဒါ မဟုတ်၊ ထိုအလံသဒ္ဒါနှင့် အနက်တူပစ္စည်းသာတည်း။
ပုထဿ- ပုထဓာတ်၏၊ ပုထုပထာ- ပုထုအပြု, ပထအပြုတို့သည်၊ ဟောန္တိ- ဖြစ်ကုန်၏။ ဝါ- အချို့သောအရာ၌၊ အမော- အမပစ္စည်းသည်၊ ဟောတိ- ဖြစ်၏။ ပုထဝီ, ပဌဝီ, ပထမော, ပဌမော ဟူသည်တည်း။
၄၃။ ပုထကို ပါဋိပဒိကပုဒ်ဟု နျာသဆို၏၊ ရူပသိဒ္ဓိ၌ ဓာတ်ဟု ဆိုသည်၊ ပုထဝီ, ပဌဝီ-မြေ၊ ပထမော, ပဌမော-ရှေးဦးအစ။
ပုထဝီကို “ပုထ”တည်၊ “ပုထ၊ ဝိတ္ထာရေ”ဟူသောအနက်၌ ဓာတ်မှည့်, အဆုံးသရချေ, ကွိ စသုတ်ဖြင့် ကွိပစ္စည်းသက်, ပုထဿ ပုထုပထာမော ဝါသုတ်ဖြင့် ပုထ်ကို ပုထုပြု, ကွိပစ္စည်းကို ချေ, နဒါဒိတော ဝါ ဤသုတ်ဖြင့် -ီ ပစ္စည်းသက်, သြ သရေ စသုတ်၌ စသဒ္ဒါဖြင့် ထု၏အဆုံး ု ကို ၊ ဝ် ပြု (ပုထဝ် -ီ ), ဝ် -ီ သို့ ကပ်, နာမ်ငဲ့, သိချေ, ပုထဝီ ပြီး၏။ [ကွစိ ဓာတု သုတ်ကြီးဖြင့် ပု၏ ု ကို (အ)ပြုလျှင် “ပထဝီ”ဟု ဖြစ်၏။]
ပထမောကို “ပုထ”တည်၊ “ပုထ၊ ဝိတ္ထာရေ”စသည်ဆို၊ ဤသုတ်ဖြင့် ပုထ်ဓာတ်ကို ပထ် ပြု, ၊ ပစ္စည်း သက်, ထ ၊ သို့ ကပ်, နာမ်ငဲ့ စသည်။ [ပဌမောကား (နျာသအလို) ထ ကို ဌ ပြုသော ရုပ်တည်း၊ ယခုအခါ ၂ မျိုးလုံးပင် အရေးအသား ပြုကြ၏။]
သသွာ.ဒီဟိ- သသု အစရှိ သော ဓာတ်တို့မှနောက်၌၊ တုဒဝေါ- တုပစ္စည်း, ဒုပစ္စည်းတို့သည်၊ ဟောန္တိ- ဖြစ်ကုန်၏။ သတ္တု, ဒဒ္ဒု စသည်တည်း။
၄၄။ သသတိ ဟိံသတိ-ညှဉ်းဆဲတတ်၏၊ ဣတိ-ကြောင့်၊ သတ္တု-သတ္တု မည်၏၊ (ရန်သူ)။…သတ္တုကို “သသု”တည်၊ “သသု၊ ဟိံသာယံ”ဟူသော အနက်၌ ဓာတ်မှည့်, အဆုံး ု သရချေ, သသွာ.ဒီဟိတုဒဝေါသုတ်ဖြင့် တုပစ္စည်းသက်, ကွစိ ဓာတုဖြင့် ဓာတွန်သ်ကို တ်ပြု, တ် တုသို့ကပ်, နာမ်ငဲ့, သိချေ, သတ္တု ပြီး၏။
ဒုက္ခံ-ဆင်းရဲကို၊ ဒဒါတိ-ပေးတတ်၏၊ ဣတိ-ထို့ကြောင့်၊ ဒဒ္ဒု-ဒဒ္ဒု မည်၏၊ ဒဒ္ဒု-ပွေး ညှင်း၊…ဒဒ္ဒုကို “ဒဒ”တည်၊ “ဒဒ၊ ဒါနေ” စသည်, ဤသုတ်ဖြင့် ဒုပစ္စည်းသက်, ဒ် ဒသို့ကပ်, နာမ်ငဲ့, သိချေ, ဒဒ္ဒု ပြီး၏။
ဈာ.ဒီဟိ- စိအစရှိသော ဓာတ် တို့မှ နောက်၌၊ ဤဝရော- ဤဝရပစ္စည်းသည်၊ ဟောတိ- ဖြစ်၏။ စီဝရံ စသည်တည်း။
၄၅။ စီယတိ-စီအပ် ရက်အပ်၏၊ ဣတိ-ထို့ကြောင့်၊ စီဝရံ-စီဝရ မည်၏၊ (သင်္ကန်း)၊…စီဝရံကို “စိ”တည်၊ “စိ၊ စယေ”ဟူသောအနက်၌ ဓာတ်မှည့်, ဈာဒီဟိ ဤဝရောသုတ်ဖြင့် -ီ ဝရပစ္စည်းသက်, စခွင်း -ိချေ, စ် -ီ သို့ ကပ်, နာမ်ငဲ့, သိ -ံ ပြု, စီဝရံ ပြီး၏။ [အာဒိဖြင့် ပါ, ဓာ ဓာတ်တို့ကို ယူ၍ “ပီဝရော (ပြည့်ဖြိုးသူ)၊ ဓီဝရော (တံငါသည်)”ဟု ရုပ်ဖြစ်၏။]
မုနာဒီဟိ စ- မုန အစရှိသော ဓာတ် တို့မှ နောက်၌လည်း၊ ဣ- ဣပစ္စည်းသည်၊ ဟောတိ- ဖြစ်၏။ မုနိ စသည်တည်း။
၄၆။ မုနာဒီဟိ စိ၌ အာဒိဖြင့် ယတ (ယတီ) အဂ္ဂစသော ဓာတ်များကို ယူ၍, စသဒ္ဒါဖြင့် မဟာလ, ဘဒ္ဒါလစသော ပါဋိပဒိကပုဒ်များကို ယူသည်၊ မုနာတိ-သိတတ်၏၊ ဣတိ-ကြောင့်၊ မုနိ-မုနိမည်၏၊… မုနိကို “မုန”တည်၊ “မုန၊ ဉာဏေ”စသည်, မုနာဒီဟိ စိသုတ်ဖြင့် -ိ ပစ္စည်းသက်, န် -ိ သို့ ကပ်, နာမ်ငဲ့, သိချေ, မုနိ ပြီး၏။ [အဂ္ဂိ ကဲ့သို့ ရုပ်စဉ်လေ။]
ယတိ၌ ယတဓာတ်ဟု ရူပသိဒ္ဓိဆို၏၊ ဓာတွတ္ထသင်္ဂဟ၌ “ယတီ” ဓာတ်သာ အားထုတ်ခြင်းအနက်ဟု ဆိုသည်၊ ယတတိ-အားထုတ်တတ်၏၊ ဣတိ-ထို့ကြောင့်၊ ယတိ-မည်၏၊ (ရဟန်း)၊… ယတိကို “ယတီ”တည်၊ “ယတီ၊ ယတနေ” ဓာတ်မှည့်, အဆုံးသရချေ, ဤသုတ်ဖြင့် -ိ ပစ္စည်းသက်, တ် -ိ သို့ ကပ်, စသည်။
ကုဋိလဘာဝေန-ကောက်ကွေးသည်၏အဖြစ်ဖြင့်၊ အဂ္ဂတိ, ဂစ္ဆတိသွားတတ်၏၊ ဣတိ-ကြောင့်၊ အဂ္ဂိ-အဂ္ဂိ မည်၏၊ “အဂ္ဂ၊ ဂတိကောဋိလ္လေ” ဟု ဓာတ်နက်ဆို။ [မဟာလိ, ဘဒ္ဒါလိရုပ်များ နောင်ခါ ပြီးလတ္တံ့။]
ဝိဒါဒီဟိ- ဝိဒ အစရှိသောဓာတ်တို့မှ နောက်၌၊ ဥုရော- ဥုရပစ္စည်းသည်၊ ဟောတိ- ဖြစ်၏။ ဝိဒူရော စသည်တည်း။
၄၇။ “ဝိန္ဒိတုံ အလံတိ ဝိဒူရော” ဝိန္ဒိတုံ-ရခြင်းငှာ၊ အလံ-မထိုက်၊ ဣတိ-ကြောင့်၊ ဝိဒူရော-ဝိဒူရ မည်၏၊ (ဝေးသောအရပ်တည်း၊) “ဝေးသည့် အတွက် အလွယ်တကူ ရခြင်းငှာ မထိုက်” ဟူလို၊ “အလံ-ထိုက်၏”ဟု လည်း အနက်ဆိုကြ၏၊…ဝိဒူရောကို “ဝိဒ”တည်၊ “ဝိဒ၊ လာဘေ”စသည်၊ ဝိဒါဒီ.ဟျူရောသုတ်ဖြင့် ူ ရ ပစ္စည်းသက်, ဒ် ူ သို့ ကပ်, နာမ်ငဲ့, သိ ေ-ါ ပြု, ဝိဒူရော ပြီး၏။
အာဒိ။ ။ အာဒိဖြင့် ဝလ္လဓာတ် ဥန္ဒဓာတ် မသဓာတ် စသည်ကို ယူ၍ ဝလ္လူရော (အမဲခြောက်) ဥန္ဒူရော (ကြွက်) မသူရော (သားရေ) ကပ္ပူရော (ပရုပ်) စသည် ဖြစ်၏၊…“ဝလ္လူရော, ဝလ္လ၊ သံဝရဏေ၊ မသူရော, မသ=အာမသနေ၊ ကပ္ပူရော, ကပိ=ဟိံသာတက္ကလဂန္ဓေသု”ဟု ဓာတ်နက်ဆို၍ ရုပ်တွက်။ [ကပ္ပူရော၌ ပဒွေဘော်လာရံသာ ထူးသည်၊ ရူပသိဒ္ဓိ၌ ကပုဓာတ် ဆို၏, ဓာတွတ္ထသင်္ဂဟ၌ “ကပိ”ဓာတ်ဟု ဆိုသည်၊၊]
[နာဒီဟိ- ဟနအစရှိသော ဓာတ်တို့မှနောက်၌၊ ဏုနုတဝေါ- ဏုပစ္စည်း, နုပစ္စည်း, တုပစ္စည်း တို့သည်၊ ဟောန္တိ- ဖြစ်ကုန်၏။ ဟဏု, ဓေနု, ဓာတု စသည်တည်း။
၄၈။ [နတီတိ-ညှဉ်းဆဲတတ်သည်၏အဖြစ်ကြောင့်၊ (အလွယ်ဆိုသည်, ဣတိကို ခွဲ၍ အနက်ဆို)၊ ဟဏု-ဟဏု မည်၏၊ ဟဏုမေး။ [ဟနု ဟုလည်း ပါဌ်ရှိ၏။]… ဟဏုကို “ဟန”တည်၊ “ဟန၊ ဟိံသာဂတီသု” ဓာတ်မှည့်, အဆုံးသရချေ, ဟနာဒီဟိ ဏုနုတဝေါသုတ်ဖြင့် ဏုပစ္စည်းသက်, ကွစိ ဓာတုဖြင့် ဓာတွန်ချေ, နာမ်ငဲ့, သိချေ, ပြီး၏။
ဝစ္ဆံ-နွားငယ်ကို၊ ဓာယတီတိ-နို့ကို သောက်စေတတ်သည်၏အဖြစ် ကြောင့်၊ ဓေနု-ဓေနု မည်၏၊ (အမိနွားမ)။ …ဓေနုကို “ဓေ”တည်၊ “ဓေ၊ ပါနေ” ဓာတ်မှည့်, ဤသုတ်ဖြင့် နုပစ္စည်းသက်, နာမ်ငဲ့, သိချေ။
သလက္ခဏံ-မိမိလက္ခဏာကို၊ (ပထဝီ စသောဓာတ်များအတွက်၊) ကြိယံ-ကြိယာကို၊ (သဒ္ဒါဓာတ်များအတွက်၊) ဒဓာတိ-ဆောင်တတ်၏၊ ဣတိ, ဓာတု-ဓာတ်မည်၏။ [ဓာဓာတ်, ဓာ၊ ဓာရဏေ, ဤသုတ်ဖြင့် တု ပစ္စည်းသက်။]
ကုဋာဒီဟိ- ကုဋ အစရှိသောဓာတ် တို့မှ နောက်၌၊ ဌော- ဌပစ္စည်းသည်၊ ဟောတိ- ဖြစ်၏။ ကုဋ္ဌံ စသည်တည်း။
၄၉။ ကုဋတိ ဆိန္ဒတိ-အရေအသားကို ဖြတ်ဖောက်တတ်၏၊ ဣတိထို့ကြောင့်၊ ကုဋ္ဌံ-ကုဋ္ဌ မည်၏၊ (နူနာရောဂါ)၊… ကုဋ္ဌံကို “ကုဋ”တည်၊ “ကုဋ၊ ဆေဒနေ” ဓာတ်မှည့်, အဆုံးသရချေ, ကုဋာဒီဟိ ဌောသုတ်ဖြင့် ဌပစ္စည်းသက်, ဋ် ဌ သို့ ကပ်, သိ -ံ ပြု, ကုဋ္ဌံ ပြီး၏။
မနုပူရသုဏာဒီဟိ- မနုဓာတ်, ပူရဓာတ်, သုဏ အစရှိသော ဓာတ်တို့မှ နောက်၌၊ ဥဿနုသိသာ- ဥဿပစ္စည်း, နုသပစ္စည်း, ဣသပစ္စည်းတို့သည်၊ ဟောန္တိ- ဖြစ်ကုန်၏။ မနုဿော, မာနုသော, ပုရိသော, သုဏိသာ စသည်တည်း။
၅၀။ ကာရဏာကာရဏံ-မှန်ကန်သောအကြောင်း, မှားယွင်းသော အကြောင်းကို၊ မနတိ-သိတတ်၏၊ ဣတိ-ကြောင့်၊ မနုဿော, မာနုသောမနုဿ, မာနုသ မည်၏။
ရုပ်တွက်။ ။ မနုဿောကို “မန”တည်၊ “မန၊ ဗောဓနေ”ဟူသော အနက်၌ ဓာတ်မှည့်, အဆုံး ု သရကို ချေ, မနုပူရသုဏာဒီဟိ ဥဿနု သိသာသုတ်ဖြင့် ုဿ ပစ္စည်းသက်, န်ကို ု သို့ ကပ် (မနုဿ), တဒ္ဓိတ သမာသကိတကာ နာမံ ဝါ တဝေတုနာဒီသု စသုတ်ဖြင့် မနုဿဟူသော ကိတ် ပစ္စယန္တပုဒ်ကို နာမ်ကိုကဲ့သို့ငဲ့ (ဥဏာဒ် ကိတ်ပင် ဖြစ်သည်), သိ သက်, ေ-ါ ပြု, ဿ် ခွင်း, ချေ, ကပ်, မာနုဿော ပြီး၏။
မာနုသော၌ မန ဓာတ်နောင် နုသ ပစ္စည်းသက်, ကွစိ ဓာတုသုတ်ကြီး ဖြင့် ဓာတွန် န်ကို -ါ ပြု, မ် ခွင်း, ချေ, ကပ် (မာနုသ), နာမ်ငဲ့, သိ ေ-ါ ပြု, မာနုသော ပြီး၏။… [“မနော ဥဿန္နံ ယေသံတိ မနုဿာ”ဟု သမာသ်ဝိဂြိုဟ် တစ်နည်းပြု၏၊ ယေသံ-အကြင် လူတို့၏၊ ဥဿန္နံထက်မြက်သော၊ မနော-စိတ်သည်၊ အတ္ထိ-ရှိ၏၊ ဣတိ-ထို့ကြောင့်၊ မနုဿာ-မနုဿာတို့ မည်၏။]
မာတာပိတူနံ-မိဘတို့၏၊ ဟဒယံ-စိတ်နှလုံးကို၊ ပူရေတိ-ပြည့်စေတတ် ၏၊ ဣတိ-ထို့ကြောင့်၊ ပုရိသော-ပုရိသ မည်၏၊… ပုရိသောကို “ပူရ” တည်၊ “ပူရ၊ ပူရဏေ”စသည်၊ ဤသုတ်ဖြင့် -ိသပစ္စည်းသက်, ရ် -ိ သို့ ကပ် (ပူရိသ), ကွစိ ဓာတုသုတ်ကြီးဖြင့် ပူ၏ အဆုံး ူ ကို ရဿပြု (ပုရိသ), နာမ်ငဲ့, သိ ေ-ါ ပြု, ပုရိသော ပြီး၏။
ကုလံ-အမျိုးကို၊ သုဏတိ (သန္ဒဟတိ)-ဆက်စပ်တတ်၏၊ ဣတိထို့ကြောင့်၊ သုဏိသာ-သုဏိသာ မည်၏၊ (ချွေးမ)။…သုဏိသာကို “သုဏ”တည်၊ “သုဏ၊ ဟိံသာကုလသန္တာနေသု”ဟူသော အနက်၌ ဓာတ် မှည့်, ဤသုတ်ဖြင့် -ိသပစ္စည်းသက်, ဏ် -ိ သို့ ကပ်, ဣတ္ထိယမတော အာပစ္စယောသုတ်ဖြင့် -ါ ပစ္စည်းသက်, သ် ခွင်း, ချေ, နာမ်ငဲ့, သိချေ, သုဏိသာ ပြီး၏။ (ကညာဒိဂိုဏ်း)။
ကရီသံ-ကျင်ကြီး။ [ကုဓာတ်, “ကု၊ ကုစ္ဆိတေ၊ -ိသပစ္စည်း, ကွစိ ဓာတု သုတ်ကြီးဖြင့် ကု ကို ကရ်, -ိကိုလည်း -ီ ဒီဃပြုလေ။] သီသံ-ဦးခေါင်း။ [သိ=ဗန္ဓနေ, -ိသ, သ်ခွင်း, -ိချေ, နာမ်ငဲ့, သိချေ, နောက် -ိကို -ီ ဒီဃ ပြု။]
အမှာ။ ။ “ဣတိ ကိတဗ္ဗိဓာနကပ္ပေ, ဥဏာဒိကပ္ပေါ ဆဋ္ဌော”ဟု တချို့စာ ရှိ၏၊ ကိတဗ္ဗိဓာနကပ္ပေဟု “ကျမ်း”အနက်ဟော ကပ္ပသဒ္ဒါဖြင့် ဆိုပြီးနောက် ဥဏာဒိကပ္ပောဟု ကပ္ပသဒ္ဒါ ထပ်လာပြန်သဖြင့် ရှေ့နောက် မသင့်ချေ၊ “ကိတဗ္ဗိဓာနကပ္ပေ ဥဏာဒိကဏ္ဍော”ဟု ဆိုလျှင် ဥဏာဒ် ပစ္စည်းများလည်း ကိတ်သဘောရှိ၍ “ကိတ်ပိုင်းတွင် ဥဏာဒိကဏ္ဍ”ဟု အဓိပ္ပာယ်ရသောကြောင့ သင့်မြတ်ဖွယ် ရှိသေး၏၊ ဤ၌ကား သာ၍ ရှင်းလင်းအောင် “ဣတိ ဥဏာဒိကပ္ပော”ဟု ဆိုလိုက်ပေသည်။
ဥဏာဒိကပ္ပော- ဥဏာဒ်ပိုင်းသည်၊ ဣတိ- ပြီးပြီ။
ဥဏာဒ်သုတ်နက်နှင့် ရုပ်တွက်အဓိပ္ပာယ်ပြီးပြီ။
အခြေပြုဓာတ်စဉ်
အခြေပြုဓာတ်စဉ် နိဒါန်းအချီ သကတ္ထဉ္စ ပရတ္ထဉ္စ, ဓာတု ဓာရေတိ စူဘယံ၊
ဇေတိ စေဝ ပရာဇေတိ, ပရိယေသေတျုဒါဟဋံ။
ဓာတု- ဓာတ်သည်၊ သကတ္ထဉ္စ- မိမိအနက်ကိုလည်းကောင်း၊ ပရတ္ထဉ္စ- တစ်ပါးသောဓာတ်၏အနက်ကိုလည်းကောင်း၊ ဥဘယံ စ- မိမိ သူတစ်ပါး ၂ ပါးစုံသောဓာတ်၏အနက်ကိုလည်းကောင်း၊ ဓာရေတိ- ဆောင်တတ်၏၊ ဇေတိ ပရာဇေတိ ပရိယေသေတိ- ဇေတိ, ပရာဇေတိ, ပရိယေသေတိတို့ ကား၊ ဥဒါဟဋံ- ထုတ်ဆောင်အပ်သော ဥဒါဟရုဏ်တည်း။
“ဇေတိ-အောင်၏” ဤ၌ ဇိဓာတ်သည် “အောင်ခြင်း”ဟူသော မိမိ အနက်ကို ဆောင်တတ်၏၊ “ပရာဇေတိ-ရှုံး၏” ဤ၌ ဇိဓာတ်သည် “အောင်ခြင်း” အနက်ကို မဆောင်ဘဲ အခြားဓာတ်၏ “ရှုံးခြင်း”ဟူသော အနက်ကို ဆောင်သည်၊ “ရှုံး”ဟူသော အနက်ကို ဇိဓာတ်ကသာ ဟော၏၊ ပရာဥပသာရကား ထွန်းပြရုံသာ၊ “ပရိ + ဧသဓာတ်သည် ရှာမှီးခြင်း” ဟူသော အနက်ကိုသာ ဟောရိုးတည်း၊ သို့သော် တစ်ရံတစ်ခါ အတ္ထာ တိသယနည်းအားဖြင့် “ရှာမှီးခြင်း”ဟူသော မိမိအနက်ပြင် “ချထားခြင်း” ဟူသော သူတစ်ပါးအနက်ကိုပါ ဟောပြနိုင်သည်ဟု ဆိုကြ၏၊ ကစ္စည်း ဘာသာဋီကာ တေသု ဝုဒ္ဓိသုတ် အဖွင့်မှာ ရှုပါ။
ဥပသဂ္ဂနိပါတာ စ, ပစ္စယာ ဓာတဝေါ စိမေ၊ နေကေနေကတ္ထဝိသယာ, ဣတိ နေရုတ္တိကာဗြဝုံ။
ဥပသဂ္ဂနိပါတာ စ-ဥပသာရပုဒ်, နိပါတ်ပုဒ်တို့လည်းကောင်း၊ ပစ္စယာပစ္စည်းတို့လည်းကောင်း၊ ဓာတဝေါ စ-ဓာတ်တို့လည်းကောင်း၊ ဣမေဤ ၄ မျိုးတို့သည်၊ အနေကေ-များလည်း များကုန်၏၊ အနေကတ္ထဝိသယာ များသော ဟောရာအနက်လည်း ရှိကုန်၏၊ ဣတိ-ဤသို့၊ နေရုတ္တိကာသဒ္ဒါကျမ်းတတ် ဆရာမြတ်တို့သည်၊ အဗြဝုံ-မိန့်တော်မူကြကုန်ပြီ။… ဟူသည်နှင့်အညီ ဥပသာရ နိပါတ် ပစ္စည်းနှင့် ဓာတ်တို့သည် ပင်ကိုကပင် များလှကုန်၏၊ ဥပသာရပုဒ်သည် ၂၀ ရှိ၏၊ နိပါတ်စသည်တို့ကား မရေ တွက်နိုင်အောင် ရှိကြသည်၊ ဥပသာရ နိပါတ် တစ်ပုဒ် တစ်ပုဒ်, ပစ္စည်း တစ်ရပ် တစ်ရပ်, ဓာတ် တစ်ခု တစ်ခုမှာလည်း ဟောနက်တွေ များစွား ရှိလေသည်၊ ထို့ကြောင့် “ဤကျမ်းကလေး၌ ဓာတ်နှင့် ဓာတ်နက်တွေကို စုံလင်စွာပါစေမည်”ဟု ဝန်မခံပါ၊ ရူပသိဒ္ဓိကို လေ့လာသူတို့ အလွယ်တကူ ကြည့်ရှုဖို့ရာ ရူပသိဒ္ဓိ၌ လာသော ဓာတ်များနှင့် အသုံးများသော အခြား ကျမ်းလာ အချို့သောဓာတ်များကိုသာ အက္ခရာစဉ်အတိုင်း ပြဆိုပါအံ့။
ဓာတ်နက်ဉာဏ်။ ။ ဓာတ်နက်ကို နားလည်သော ဉာဏ်သည် အဋ္ဌကထာ ဋီကာတို့၌ အလွန်ကျေးဇူးများ၏၊ ပါဠိတော်ကို ဖွင့်ပြသည့် အခါ ဓာတ်နက်ဖြင့် ဖွင့်ပြရသည်က များ၏၊ ဓာတ်နက်ကို လွှတ်၍ အဓိပ္ပာယ်သက်သက်ဖွင့်ပြသောအရာကား နည်းပါးလှ၏၊ ဗုဓဓာတ်သည် သိခြင်းဟူသော ဉာဏအနက်, နိုးခြင်းဟူသော ဇာဂရဏအနက်, ပွင့်ခြင်း ဟူသော ဝိကသနအနက်နှင့် ဂတိအနက်များ ရှိ၏။
ထို့ကြောင့် သမ္မာသမ္ဗုဒ္ဓေါကို ဖွင့်သည့်အခါ ဗုဓဓာတ်၏ ဉာဏအနက် ကို ယူ၍“ဗုဇ္ဈိ, အညာသိ-သိတော်မူပြီ”ဟုလည်းကောင်း, ဇာဂရဏအနက် ကို ယူ၍ “ကိလေသနိဒ္ဒါယ-ကိလေသာတည်းဟူသော အိပ်ပျော်ခြင်းမှ၊ ပတိဗုဒ္ဓေါ-နိုးတော်မူပြီ”ဟုလည်းကောင်း, ဝိကသနအနက်ကို ယူ၍ (နေရောင်နှင့် ပေါင်းမိ၍ ပွင့်သော ပဒုမာကြာပန်းကဲ့သို့)၊ “အဂ္ဂမဂ္ဂသမာ ဂမေန-အရဟတ္တမဂ်ဉာဏ်နှင့်ပေါင်းမိခြင်းကြောင့်၊ ဝိကသိတော-ပွင့်တော် မူပြီ”ဟုလည်းကောင်း ဖွင့်ပြလေ့ရှိကြပေသည်၊ ထို့ကြောင့် ယခုညွှန်ပြမည့် အနည်းငယ်သော ဓာတ်နက်များကို အရကျက်ကြပါကုန်။
နိဒါန်းအချီပြီးပြီ။
သရာဒိဓာတ်စဉ် အဂ္ဂ၊ ဂတိကောဋိလ္လေ - အသွားကောက်ခြင်း၌။ [သဒ္ဒါနက်ကျကျ ဆိုလျှင် “အသွား၏ ကောက်သည်၏အဖြစ်၌”ဟု ပေးရမည်၊ ဤ၌ ကြိယာထင်ရှားအောင် “ကောက်ခြင်း”ဟု ပေးသည်၊ ဘာ၀ ပစ္စည်းဖြင့် ပြသမျှ ဤနည်းချည်း မှတ်။]
အစ္စ၊ ပူဇာယံ - ပူဇော်ခြင်း၌။
အဉ္ဇ၊ ဂတိဗျတ္တီသု - ဂတိအနက်, ထင်ရှားပြခြင်းအနက်တို့၌။
အဍိ၊ အဏ္ဍတ္ထေ - အဥကို ဥခြင်းအနက်၌။ [“အဏ္ဍတ္ထေ-အဥဟူသော အနက်၌”ဟု ဤမျှသာ အနက်ထွက်၏၊ သို့သော် ဓာတ်ဟူသည် ဒြဗ်ကို မဟော, ကြိယာကိုသာ ဟော၏၊ “အဥဟူသောအနက်၌” ဟု ဆိုလျှင် အဍိဓာတ်က “အဥ”ဒြဗ်ကို ဟောရာ ရောက်မည်၊ ထို့ကြောင့် “အဏ္ဍ” အရ ဌာနူပစာရအားဖြင့် ဥခြင်းကြိယာ တိုင်အောင် ယူ၍ “အဥကို ဥခြင်းအနက်၌”ဟု ဆိုလိုက်သည်၊ ဒြဗ်ဟောပုဒ်ဖြင့် ဓာတ်နက်ပြသမျှ၌ ဤနည်းချည်းတည်း။]
အဒ၊ ဘက္ခဏေ - စားခြင်း၌။
အဓ၊ ဂတိမှိ - ဂတိအနက်၌။ [“ဂတိမှိ-လာခြင်းအနက်၌”ဟု မြန်မာ ပြန်လေ့ရှိ၏၊ ဂတိအနက်ဟူသည် “သွားမှု-လာမှု”တစ်ခုနှင့်သာ ဆိုင်သည်မဟုတ်၊ သိခြင်း, ဖြစ်ခြင်း, ရောက်ခြင်းဟူသော အနက် များနှင့်လည်း သက်ဆိုင်သည်၊ “ယေ ဂတျတ္ထာ, တေ ဗုဓျတ္ထာ, ပဝတ္တိ ပါပုဏတ္ထကာ”တဲ့၊ ယေ-အကြင်ဓာတ်တို့သည်၊ ဂတျတ္ထာဂတိအနက်ရှိကုန်၏၊ (ဓာတ်နက်၌ ဂတိဟု ပါ၏၊) တေ-ထိုဓာတ် တို့သည်၊ ဗုဓျတ္ထာ-သိခြင်းအနက်လည်း ရှိကုန်၏၊ ပဝတ္တိပါပု ဏတ္ထကာ - ဖြစ်ခြင်း, ရောက်ခြင်း အနက်လည်း ရှိကုန်၏၊ ထို့ကြောင့် “ဂတိမှိ-ဂတိအနက်၌”ဟု ဆိုရသည်။]
အပ၊ ပါပုဏေ (ပါပုဏနေ) - ရောက်ခြင်း၌။
အမ၊ ရောဂေ - ကျင်နာခြင်း၌။ [“အမ
၊ ဂတျာဒီသု”ဟုလည်း ရှိ၏၊ အာဒိဖြင့် ပီဠာ-နှိပ်စက်ခြင်း, ရောဂ-ကျင်နာခြင်း, ဘတ္တိဆည်းကပ်ခြင်း, သဒ္ဒ-အသံပြုခြင်း, ဘောဇန-စားခြင်းတို့ကိုယူ၊၊] အယ, အရ၊ ဂတိမှိ - ဂတိအနက်၌။
အလ၊ ပရိသမတ္ထမှိ - စွမ်းနိုင်ခြင်း၌။
အသ၊ ဘုဝိ - ထင်ရှားရှိခြင်း၌။ [“အသ
၊ သဗ္ဘာဝေ”လည်း ရှိ၏၊ “သဗ္ဘာဝေ (သန္တဘာဝေ) - ထင်ရှားဖြစ်ခြင်း၌”ဟု ဆို။] အသ၊ ဘောဇနေ - စားခြင်း၌။
အသု၊ ခေပေ ပစ်လွှတ်ခြင်း၌။ [“အာရ မ္ဘ
၊ အာရမ္ဘေ - အားထုတ်ခြင်း၌”ဟု ရှိ၏၊ ဓာတွတ္ထ သင်္ဂဟ၌ အာရှေ့ရှိသော ရဘဓာတ်ဟု ဆိုသည်။] အာသ၊ ဥပဝေသနေ - ကပ်ဝင်နေထိုင်ခြင်း၌။
ဣ၊ ဂတျဇ္ဈယနေသု - ဂတိအနက်, သရဇ္ဈာယ်ခြင်း အနက်တို့၌။ [သရ+အဇ္ဈာယကို သန္ဓိစပ်၍ “သရဇ္ဈာယ်”ဟု မြန်မာပြန်သည်၊ သရ-အသံဖြင့်+အဇ္ဈာယ-ရွတ်ဆိုခြင်း၊ “အသံထုတ်၍ ရွတ်ဆို ခြင်း, စာအံခြင်း, စာပြန်ခြင်း”ကို ဆိုလိုသည်၊…ဣကို ဧဝုဒ္ဓိပြု လျှင် “ဧတိ”ဟုလည်းကောင်း, ဧကို တစ်ဖန် အယပြုလျှင် “အယတိ”ဟုလည်းကောင်း ဖြစ်နိုင်သောကြောင့် ဣဓာတ်ဟု ဆို ထားသည်၊ ဧဓာတ်, အယဓာတ်များလည်း ရှိကောင်းသည်သာ၊၊]
ဣက္ခ၊ ဒဿန.င်္ကေသု - ကြည့်ရှုခြင်း, အမှတ်အသားပြုခြင်းတို့၌။
ဣဉ္ဇ၊ ကမ္ပနေ - တုန်လှုပ်ခြင်း၌။
ဣဒိ၊ ပရမိဿရိယေ - လွန်စာအစိုးရခြင်း၌။ [“ပရမ+ဣဿရိယ” ပရမ-အလွန်+ဣဿရိယ-အစိုးရသူ၏အဖြစ်၊ ဝါ-အစိုးရခြင်း၊၊]
ဣသု၊ ဣစ္ဆာကန္တီသု - လိုချင်ခြင်း, နှစ်သက်ခြင်းတို့၌။
ဣဿ၊ ဣသာယံ - ငြူစူစောင်းမြောင်းခြင်း၌။
ဥစ၊ ဝိယတ္တိယံ - အက္ခရာထင်ရှားသော၊ ဝါစာယံ စကား ပြောဆိုခြင်း၌။ [သမဝါယ-ပေါင်းစုခြင်းအနက်လည်း ရှိ၏။]
ဥဒ၊ မောဒကီဠနေသု - ဝမ်းမြောက်ခြင်း, ကစားခြင်းတို့၌။
ဥဒိ၊ ပသဝန က္လေဒနေသု - ယိုစီးခြင်း, စိုစွတ်ခြင်းတို့၌။
ဥသ၊ ဒါဟေ - ပူလောင်ခြင်း၌။ [ရူပသိဒ္ဓိ၌“ဥသု
၊ ဒါဟေ”ဟု ရှိ၏၊၊] ဥဿူယ၊ ဒေါသာဝီကရဏေ - အပြစ်ကို ထင်စွာ ပြခြင်း၌။
ဧဇ၊ ကမ္ပနေ - တုန်လှုပ်ခြင်း၌။
ဧရဍိ၊ ဟိံသာယံ - ညှဉ်းဆဲခြင်း၌။
ဧသ၊ ဂဝေသနေ (ပရိယေသနေ) ရှာမှီးခြင်း၌။
ကဝဂ္ဂါဒိဓာတ်စဉ် ကခိ၊ ဣစ္ဆာ သံသယေသု - လိုချင်ခြင်း, ယုံမှားခြင်းတို့၌။ [ကင်္ခဓာတ်လည်း ရှိ၏။]
ကစ၊ ဒိတ္တိမှိ - ထွန်းပခြင်း၌။ [ဒိတ္တိမှိ ဂတိမှိ စသည်၌ တိပစ္စည်း များသည် ဣတ္ထိလိန်ဖြစ်သောကြောင့် “ဒိတ္တိယံ, ဂတိယံ”ဟုသာ ဆိုသင့်သော်လည်း လိင်္ဂဝိပလ္လာသနည်းဖြင့် ဣတ္ထိလိန်ကို ပုံလိန်ပြန်၍ “ဒိတ္တိမှိ, ဂတိမှိ”စသည်ဖြင့် ဆိုထားသည်။]
ကဍ၊ မဒနေ - မာန်ယဇ်ခြင်း၌။
ကဍိ၊ ဆေဒနေ - ပိုင်းဖြတ်ခြင်း၌။
ကဍ္ဎ၊ အာကဍ္ဎနေ - ဆွဲခြင်း၌။
ကဏ၊ နိမီလနေ - မျက်စိမှိတ်ခြင်း၌။
ကတိ၊ သုတ္တဇနန ဆေဒနေသု - ချည်ကို ဖြစ်စေခြင်း (ဗိုင်းငင်ခြင်း) ဖြတ်တောက် ခုတ်စင်းခြင်းတို့၌။
ကထ၊ ကထနေ - ပြောဆိုခြင်း၌။
ကဒ၊ မဒေ - ယဇ်မူးခြင်း၌။
ကန၊ ဒိတ္တိ ကန္တီသု - တောက်ပခြင်း, နှစ်သက်ခြင်းတို့၌။
ကပိ၊ စလနေ (သဉ္စလနေ) - တုန်လှုပ်ခြင်း၌။
ကပု၊ တိံသာ+တက္ကလဂန္ဓေသု - ညှဉ်းဆဲခြင်း, သစ်စေး၏အနံ့ ပြုခြင်းတို့၌။
ကပ္ပ၊ တက္က ဆေဒနေသု - ကြံစည်ခြင်း, ဖြတ်တောက်ခြင်းတို့၌။ [“ဝိဓိ-ပြုစီရင်ခြင်း” အနက်လည်း ရှိ၏။]
ကမု၊ ပဒဝိက္ခေပေ - ခြေကို ပစ်ခြင်း(သွား)ခြင်း၌။
ကမု၊ ကန္တိမှိ - လိုချင်နှစ်သက်ခြင်း၌။
ကရ၊ ကရဏေ - ပြုခြင်း၌။။
ကရဍိ၊ ဘာဇနတ္ထေ - တည်ရာဖြစ်ခြင်းအနက်၌။ [ဓာတွတ္ထသင်္ဂဟ၌ “ဝေဖန်ခြင်းအနက်”ဟု ဆိုထား၏။]
ကလ၊ သင်္ချာနေ - ရေတွက်ခြင်း၌။
ကသ၊ ဝိလေခနေ - ရေးခြစ်ခြင်း၌။ [ဝိ ရှေ့ျရှိလျှင် “ဝိကသတိပွင့်၏”ဟု ဖုလ္လအနက်လည်း ရှိ၏။]
ကိ (ကီ)၊ ဓနဝိယောဂေ - “ဥစ္စာရောင်းဝယ်ခြင်း၌”ဟု ရူပသိဒ္ဓိ ရှိ၏, ပါဌ်ပျက်ဟန်တူသည်၊ နျာသ၌ “ဥန္နတိမှိ-မြင့်မောက်ခြင်း၌” ဟု ရှိ၏။
ကိတ၊ ရောဂါပနယနေ(ရောဂ+အပနယနေ) - ရောဂါကို ပယ်ခြင်း၌။
ကိရ၊ ဝိက္ခေပ ဝိကိရဏေသု - ပစ်ပယ်ခြင်း, ကြဲဖြန့်ခြင်းတို့၌။
ကိလမု၊ ခေဒေ - ပင်ပန်းခြင်း၌။
ကိလိသ၊ ဝိဗာဓာယံ - နှိပ်စက်ခြင်း၌။
ကီ၊ ဒဗ္ဗဝိနိမယေ - ဥစ္စာကို လဲလှယ်ခြင်း(ရောင်းဝယ်ခြင်း)၌။
ကု၊ သဒ္ဒ ကုစ္ဆာသု - အသံပြုခြင်း, စက်ဆုပ်ခြင်းတို့၌။
ကုစ၊ သင်္ကောစေ - တွန့်ဆုပ်ခြင်း၌။
ကုဋ၊ ဆေဒနေ - ဖြတ်ခြင်း၌။
ကုဍိ၊ ဒါဟေ - ပူလောင်ခြင်း၌။
ကုဓ၊ ကောပေ - စိတ်ဆိုးခြင်း၌။
ကုပ၊ ကောပေ - စိတ်ဆိုးခြင်း၌။
ကုရ၊ အက္ကောသေ - ဆဲရေးခြင်း၌။
ကုသ၊ အက္ကောသေ - ဆဲရေးခြင်း၌။
ကုသ၊ ဆေဒန+ဘူ+ဒါန+ပူရဏ+သဉ္စယေသု - ဖြတ်ခြင်း, ထင်ရှားရှိခြင်း, ပေးခြင်း, ပြည့်ခြင်း, ပေါင်းစုခြင်းတို့၌။ [ရူပသိဒ္ဓိ၌ “ဂန္ဓန”အနက်လည်း ရှိ၏, ဓာတွတ္ထသင်္ဂဟ၌ မလာ။]
ခဇ္ဇ၊ ဘက္ခနေ - ခဲစားခြင်း၌။
ခဍိ၊ ဆေဒနေ - ဖြတ်ခြင်း၌။
ခနု၊ အဝဒါရဏေ - တူးဖောက်ခြင်း၌။ [ခဏုဓာတ်လည်း ရှိ၏။]
ခမု၊ သဟနေ - သည်းခံခြင်း၌။
ခရ၊ သေက+နာသ+ဖာရုဿ+ကမ္ပနေသု - သွန်းလောင်းခြင်း, ပျက်စီးခြင်း, ကြမ်းတန်းခြင်း, တုန်လှုပ်ခြင်းတို့၌။
ခါ (ချာ)၊ ပကထနေ - အပြားအားဖြင့် ပြောဆိုခြင်း၌။
ခါဒ၊ ဘက္ခနေ - ခဲစားခြင်း၌။
ခိ၊ ကောဓ ခယေသု - စိတ်ဆိုးခြင်း, ကုန်ခန်းခြင်းတို့၌။ [ခယ အနက်၌ ခီ ဓာတ်လည်း ရှိ၏။]
ခိဒ၊ ဥတ္တာသ+ဒီနဘာဝေသု - ထိတ်လန့်ခြင်း, ပင်ပန်းခြင်းတို့၌။
ခိပ၊ အဗျတ္တသဒ္ဒ + နောဒနေသု - အက္ခရာ မထင်ရှားသော ခြေဆတ်သံကို ပြုခြင်း, ပစ်လွှတ်ခြင်းတို့၌။
ခုဒ၊ ပိပါသာယံ - မွတ်သိပ်ခြင်း၌။
ခုရ၊ ဆေဒနေ - ဖြတ်ခြင်း၌။
ဂဇ္ဇ၊ ဂဇ္ဇေ - ကြုံးဝါးခြင်း၌။
ဂဍိ၊ သန္နိစယေ - ပေါင်းစုခြင်း၌။
ဂဏ၊ သင်္ချာနေ - ရေတွက်ခြင်း၌။
ဂန္ထ၊ ဒဗ္ဘနေ - ဖွဲ့ကုံးစီရင်ခြင်း၌။
ဂဒ၊ ဝိယတ္တိယံ - အက္ခရာထင်ရှားသော၊ ဝါစာယံ - စကားပြောခြင်း၌။ [အသံသည် အက္ခရာစကားလုံး မကွဲသော အဗျတ္တသဒ္ဒ, အက္ခရာစကားလုံး ကွဲသော ဗျတ္တသဒ္ဒဟု၂ မျိုးရှိ၏၊ ချောင်းဆိုး သံ, ခြေဆတ်သံတို့မှာ အဗျတ္တသဒ္ဒတည်း၊ စကားပြောသံကား ဗျတ္တသဒ္ဒတည်း၊ ထို၂ မျိုးတွင် ဗျတ္တသဒ္ဒဟု သိစေလို၍ “ဝိယတ္တိ”ဟု ဆိုသည်၊ ဝိယတ္တိ ဗျတ္တိ ဗျတ္တပုဒ်တို့သည် ဝိရှေ့ရှိ သော အဉ္ဇ, တစ်နည်းတစ်နည်းတစ်နည်း-အဉ္ဇုဓာတ် တိပစ္စည်း တပစ္စည်းဖြင့် ရုပ်ပြီးသော ပုဒ်များတည်း၊ ဗျဉ္ဇယတီတိ ဝိယတ္တိ၊ ဗျဉ္ဇယတိထင်ရှားပြတတ်၏၊ ဣတိ-ထို့ကြောင့်၊ (ယ မလာဘဲ ဣကို ယပြု, ဝကို ဗပြုလျှင် ဗျတ္တိဟု ဖြစ်၏၊) ဝိယတ္တိယံကား ဣတ္ထိယံ ကဲ့သို့တည်း၊ ထို့ကြောင့် “ဝိယတ္တိယံ-လိမ္မာသောသူ၏ ဥစ္စာ ဖြစ်သော”ဟု အနက်ပေးကြသည်မှာ မသင့်၊ “နင့်အမေ ငါ” စသည် ကလော်ရာ၌လည်း ဝိယတ္တိယံ ဝါစာယံပင်တည်း။]
ဂန္ဓ၊ သူစနေ - ထင်ရှားပြခြင်း၌။
ဂမု၊ ဂတိမှိ - ဂတိအနက်၌။
ဂရဟ၊ နိန္ဒာယံ - ကဲ့ရဲ့ခြင်း၌။
ဂဝေသ၊ မဂ္ဂနေ - ရှာမှီးခြင်း၌။
ဂဟ၊ ဥပါဒါနေ - ယူခြင်း၌။
ဂဠ၊ ပဂ္ဃရဏေ - ယိုစီးလျှောကျခြင်း၌။
ဂါ၊ သဒ္ဒ+ဂတိ+ထုတိ+ဇာတီသု - အသံပြုခြင်း, ဂတိအနက်, ချီးမွမ်းခြင်း, ဖြစ်ခြင်းတို့၌။
ဂါဓ၊ ပတိဋ္ဌိစ္ဆာဂန္ထေသု - တည်ရာဖြစ်ခြင်း, လိုချင်ခြင်း, ဖွဲ့ကုံး စီရင်ခြင်းတို့၌။
ဂါဟူ၊ ဝိလောလနေ - မွှေနှောက်သက်ဝင်ခြင်း၌။
ဂိရ၊ နိဂိရေ - မျိုခြင်း၌။
ဂိလ၊ နိဂိလေ - မျိုခြင်း၌။
ဂုပ၊ နိန္ဒာယံ - ကဲ့ရဲ့ခြင်း၌။ [ဂေါပန-စောင့်ရှောက်ခြင်းလည်း ရှိ၏၊၊]
ဂုဟ၊ သံဝရဏေ - စောင့်စည်းဖုံးအုပ်ခြင်း၌။ [ဂုဟူဓာတ်လည်း ကြံ၏၊၊]
ဂေ၊ သဒ္ဒေ - အသံပြုခြင်း၌။
ဂေါတ္ထ၊ ဝံသေ - အနွယ်စပ်ခြင်း၌။ [ရူပသိဒ္ဓိ၌ “ဂေါတ္တု=ဝံသေ”ဟု ရှိ၏။]
ဃဋ၊ ဤဟာယံ - အားထုတ်ခြင်း၌။ [ဓာတွတ္ထသင်္ဂဟ၌ “ဃဋ+ တာဠနီဟာသု (တာဠန+ဤဟာသု) ပုတ်ခတ်ခြင်း, အားထုတ် ခြင်းတို့၌”ဟု လာ၏။]
ဃဋ၊ ဃဋ္ဋနေ - ပုတ်ခတ်ခြင်း၌။
ဃရ၊ သေစနေ - သွန်းလောင်းခြင်း၌။
ဃသ၊ အဒနေ - စားခြင်း၌။
ဃာ၊ ဂန္ဓောပါဒါနေ(ဂန္ဓ+ဥပါဒါနေ)- အနံ့ကို ယူခြင်း(နမ်းရှူခြင်း)၌။
ဃုသ၊ သဒ္ဒေ - အသံပြုခြင်း၌။
ဃံသ၊ ဃံသနေ - ပွတ်တိုက်ခြင်း၌။
စဝဂ္ဂါဒိဓာတ်စဉ် စက္ခ၊ ဝိယတ္တိယံ - အက္ခရာထင်ရှားသော၊ ဝါစာယံ - စကားပြောခြင်း၌။ [“အဿာဒ-သာယာခြင်း၊ ဝိဘာဝန-ထင်စွာပြုခြင်း”ဟုလည်း ရှိ၏။]
စဇ၊ ဟာနိမှိ - ဆုတ်ယုတ်ခြင်း၌။ [“စာဂ-စွန့်လွှတ်ခြင်း”လည်းရှိ၏၊၊]
စဍိ၊ စဏ္ဍတ္ထေ - ကြမ်းကြုတ်ခြင်းအနက်၌။ [စဏ္ဍိက္ကေ-ကြမ်းကြုတ် သူ၏ အဖြစ်၌”ဟုလည်း ရှိ၏။]
စဒိ၊ ဟိလာဒနေ - ဝမ်းမြောက်ခြင်း၌။ [“ဣစ္ဆာကန္တီသု-လိုချင်ခြင်း, နှစ်သက်ခြင်း၌”ဟုလည်း ရှိ၏။]
စရ၊ စရဏေ - ကျင့်ခြင်း၌။ [ဂတိအနက်, ဘက္ခ-စားခြင်းအနက် လည်း ရှိ၏။]
စလ၊ ကမ္ပနေ - တုန်လှုပ်ခြင်း၌။
စာယ၊ သန္တာနပူဇနေသု - အစဉ်ပြုခြင်း, ပူဇော်ခြင်းတို့၌။ [ဓာတွတ္ထ သင်္ဂဟ၌ “ပူဇာနိသာမနေ-ပူဇော်ခြင်း, ကြည့်ရှုနားထောင်ခြင်း” ဟု ရှိ၏။]
စိ၊ စယေ - ဆည်းပူးခြင်း၌။ [ဝိနိ ရှေ့ရှိလျှင် “ဝိနိစ္ဆယ-ဆုံးဖြတ်ခြင်း” အနက်နှင့်တကွ အခြားအနက်များလည်း ရှိသေး၏။]
စိတ၊ သေဉ္စတနေ - စေ့ဆော်အားထုတ်ခြင်း၌။
စိန္တ၊ စိန္တာယံ - ကြံစည်ခြင်း၌။ [“ဇာနနေ-သိခြင်း”လည်း ရှိ၏။]
စု၊ စဝနေ - ရွေ့လျောခြင်း၌။
စုဒ၊ အာဏတ္တိစောဒနေသု - စေလွှတ်ခြင်း, အပြစ်တင်ခြင်းတို့၌။
စုရ၊ ထေယျေ - ခိုးခြင်း၌။
ဆဋ္ဋ၊ ဆဋ္ဋနေ - စွန့်ပစ်ခြင်း၌။
ဆဒ၊ အပဝါရဏေ - ပယ်ရှားတားမြစ်ခြင်း၌။
ဆိဒိ၊ ဒွိဓာကရဏေ - နှစ်ပိုင်းပြုခြင်း၌ (ဖြတ်ခြင်း၌)။
ဇဂ္ဂ၊ သောဓနပေါသနရက္ခဏေသု - သုတ်သင်ခြင်း, မွေးမြူခြင်း, စောင့်ရှောက်ခြင်းတို့၌။
ဇဂ္ဃ၊ ဟာသေ - ရယ်ရွှင်ခြင်း၌။
ဇန၊ ဇနနေ - ဖြစ်ခြင်း၌။ [အသံပြုခြင်းအနက်လည်း ရှိ၏။]
ဇနီ၊ ပါတုဘာဝေ - ထင်ရှားဖြစ်ခြင်း၌။
ဇရ၊ ဝါယောဟာနိမှိ - အရွယ်၏ဆုတ်ယုတ်ခြင်း၌။ [“ရောဂ-ကျင်နာခြင်း”လည်း ရှိ၏။]
ဇလ၊ ဒိတ္တိမှိ - တောက်ပခြင်း၌။
ဇာဂရ၊ ဝိဗုဓေ - နိုးကြားခြင်း၌။
ဇိ၊ ဇယေ - အောင်နိုင်ခြင်း၌။ [ရှုံးခြင်းအနက်ကိုလည်း ဟော၏။]
ဇီ၀၊ ပါဏဓာရဏေ - အသက်ကို ဆောင်ခြင်း၌။
ဇု၊ ဇေဝ - လျင်မြန်စွာ ဖြစ်ခြင်း၌။
ဇုတ၊ ဒိတ္တိမှိ - တောက်ပခြင်း၌။
ဈေ၊ စိန္တာယံ - ကြံစည်ခြင်း၌။ [“သြလောကန-ကြည့်ရှုခြင်း, ဒဟနလောင်ကျွမ်းခြင်း, ဉာဏ-သိခြင်း, ဒိတ္တိ-တောက်ပခြင်း” အနက် များလည်း ရှိ၏။]
ဉာ၊ အဝဗောဓနေ - သိခြင်း၌။ [ပညတ္တိ “ပပုဗ္ဗ ဉာဓာတ်ဖြင့် နိက္ခိပန-ချထားပညတ်ခြင်း”အနက်လည်း ကြံကြ၏။]
ဌာ၊ ဂတိနိဝတ္တိမှိ - သွာခြင်း၏ ဆုတ်နစ်ခြင်း၌ (ရပ်ခြင်း၌)။
တဝဂ္ဂါဒိဓာတ်စဉ် တက္က၊ ဝိတက္ကေ - ကြံစည်ခြင်း၌။ [“ရုက္ခသိလေသေ-သစ်စေးတို့ကို ပြုခြင်း၌”ဟုလည်း ရှိ၏။]
တစ္ဆ၊ တနုကရဏေ - ပါးအောင်ပြုခြင်း (ရွေခြင်း)၌။
တဇ္ဇ၊ ဘဿနေ - ရေရွတ်ခြိမ်းခြောက်ခြင်း၌။
တဍိ၊ စလနတ္ထေ - တုန်လှုပ်ခြင်းအနက်၌။
တပ၊ သန္တာပေ - ပူလောင်ခြင်း၌။ [“ဒိတ္တိ-တောက်ပခြင်း”လည်းရှိ၏၊၊]
တမု၊ ကင်္ခါယံ - လိုချင်ခြင်း၌။ [တမဓာတ်လည်း ရှိ၏။]
တရ၊ တရဏေ - ကူးခြင်း၌။
တသ၊ ဘယေ - ကြောက်ရွံ့ထိတ်လန့်ခြင်း၌။
တာ၊ ပါလနေ - စောင့်ရှောက်ခြင်း၌။
တိဇ၊ နိသာန+ဗန္ဓန+ခမာသု - သွေးခြင်း, ဖွဲ့ချည်ခြင်း, သည်းခံခြင်းတို့၌။
တီရ၊ ကမ္မနိဋ္ဌာပနေ - အမှုကို ပြီးစီးစေခြင်း(ဆုံးဖြတ်ခြင်း)၌။
တုဒ၊ ဗျထနေ ထိုးဆွခြင်း၌။
တုဝဋ္ဋ၊ နိပဇ္ဇနေ - အိပ်ခြင်း၌။
တုသ၊ ပီတိမှိ - နှစ်သက်ခြင်း၌။
တြသ၊ ဘယေ - ကြောက်ခြင်း၌။
ထန၊ ဂဇ္ဇနေ - ထစ်ချုန်းခြင်း၌။
ထာ၊ ဂတိနိဝတ္တိမှိ - သွားခြင်း၏ ဆုတ်နစ်ခြင်း၌။
ဒက္ခ၊ ဝဍ္ဎနေ - ကြီးပွားခြင်း၌။
ဒဍိ၊ အာဏာယံ - ကြိမ်းမောင်း နှိပ်ကွပ် ဒဏ်တပ်ခြင်း၌။
ဒဒ၊ ဒါနေ - ပေးခြင်း၌။
ဒိဝု၊ ကီဠာ+ဝိဇိဂီသာ+ဗျဝဟာရ+ဇုတိ+ထုတိ+ဂတီသု - ကစားမြူးတူးခြင်း, အောင်နိုင်လိုခြင်း, ပြောဆိုခြင်း, ထွန်းပခြင်း, ချီးမွမ်း ခြင်း, ဂတိအနက်တို့၌။ [“သတ္တိ-စွမ်းနိုင်ခြင်း”အနက်လည်းရှိ၏၊၊]
ဒိသ၊ ပေက္ခဏေ - ကြည့်ရှုခြင်း၌။ [ပေက္ခဏေကား ပပုဗ္ဗ ဣက္ခဓာတ်, ယုပစ္စည်း, အနပြု၍ န ကို ဏ ပြန်ထားသည်။]
ဒိသ၊ ဥစ္စာရဏေ - ရွတ်ဆိုခြင်း၌။ [ဒိသီဓာတ်ဟု ရူပသိဒ္ဓိဆိုသည်ကား ဓာတွတ္ထသင်္ဂဟ, သက္ကတတို့၌ မတွေ့။]
ဒိသ၊ အတိသဇ္ဇနေ - သိစေခြင်း (ဟောပြောခြင်း)၌။
ဒိဟ၊ သန္ဒေဟေ - ယုံမှားခြင်း၌။ [“ဝုဒ္ဓိမှိ-ကြီးပွားခြင်း, ဥပစယေပွားစည်းခြင်း၌”လည်း ရှိ၏။]
ဒီပ၊ ဒိတ္တိမှိ - ထွန်းပခြင်း၌။
ဒု၊ ဂတိမှိ - ဂတိအနက်၌။
ဒြု၊ ပဂ္ဃရဏေ - ယိုစီးခြင်း၌။
ဒမု၊ ဒမနေ - ဆုံးမခြင်း၌။
ဒယ၊ ရက္ခဏေ - စောင့်ရှောက်ခြင်း၌။
ဒရ၊ ဒါဟေ - ပူလောင်ခြင်း၌။ [“အာဒရ-ရိုသေခြင်း”လည်း ရှိ၏။]
ဒလ၊ ဒလနေ - တောက်ပခြင်း၌။ [“ဝိဒါရဏ-ဖောက်ခွဲခြင်း, ဒုဂ္ဂတိဆင်းရဲခြင်း” အနက်များလည်း ရှိ၏။]
ဒဝ၊ ဒဝနေ - ကစားခြင်း၌။ [ပူလောင်ခြင်းအနက်လည်း ရှိ၏။]
ဒဟ၊ ဘသ္မီကရဏေ - ပြာဖြစ်အောင်ပြုခြင်း (လောင်ကျွမ်းခြင်း)၌။ [ “ဒါဟ-မီးလောင်ခြင်း, ဓာရဏ-ဆောင်ထားခြင်း”လည်း ရှိ၏။]
ဒါ၊ ဒါနေ - ပေးခြင်း၌။ [သုတ်သင်ခြင်း, ဖြူစင်ခြင်း, အဝခဏ္ဍန ဖြတ်တောက်ခြင်း စသော အနက်များလည်း ရှိ၏၊ အာရှေ့ရှိလျှင် “အာဒါန-ယူခြင်း”အနက်ကို ဟော၏။]
ဒုက္ခ၊ ဒုက္ခနေ - ဆင်းရဲခြင်း၌။
ဒုသ၊ အပ္ပီတိမှိ - မနှစ်သက်ခြင်း၌။
ဒုဟ၊ ဇိဃံသာယံ - ဖျက်ဆီးခြင်း၌။ [“ဒေါဟန-နို့ညှစ်ခြင်း”လည်း ရှိ၏၊၊]
ဒူဟ၊ နာသနေ - ဖျက်ဆီးခြင်း၌။
ဒေဝ၊ ဒေဝနေ - ကစားမြူးတူးခြင်း၌။ [ငိုကြွေးခြင်းဟုလည်း ပေး၏။]
ဒံသ၊ ဒံသနေ - ကိုက်ခဲခြင်း၌။ [ဍံသဓာတ်လည်း ရှိ၏။]
ဓန၊ ဓညေ - ဘုန်းသမ္ဘာနှင့်ပြည့်စုံခြင်း၌။
ဓမ၊ ဓမနေ - မှုတ်ခြင်း၌။
ဓရ၊ ဓာရဏေ - ဆောင်ခြင်း၌။
ဓာ၊ ဓာရဏေ - ဆောင်ခြင်း၌။ [ဥပသာရရှေ့ရှိလျှင် အနက်များစွာကို ဟောနိုင်၏။]
ဓာဝု၊ ဇေဝ - လျင်စွာ သွားခြင်း (ပြေးခြင်း)၌။
ဓု၊ ကမ္ပနေ - တုန်လှုပ်ခြင်း၌။ [ဓုဏောတိ, သွာဒိဂိုဏ်း။]
ဓူ၊ ကမ္ပနေ - တုန်လှုပ်ခြင်း၌။ [ဓုနာတိ, ကိယာဒိဂိုဏ်း။]
ဓေ၊ ပါနေ - သောက်ခြင်း၌။
ဓံသ၊ ဝိဒ္ဓံသနေ - ဖျက်ဆီးခြင်း၌။
ဓံသု၊ ယာယန အဓောပတနေသု - သွားခြင်း, အောက်သို့ လျှောကျခြင်းတို့၌။
နစ္စ၊ နစ္စနေ - ကခြင်း၌။
နဋ၊ နစ္စနေ - ကခြင်း၌။
နတ၊ ဂတ္တဝိနာမေ - ကိုယ်ကို ညွတ်စေခြင်း၌။
နဒ၊ အဗျတ္တသဒ္ဒေ - အက္ခရာမပီသော အသံကို ပြုခြင်း၌။
နန္ဒ၊ နန္ဒနေ - နှစ်သက်ခြင်း၌။ [“သမိဒ္ဓိ-ပြည့်စုံခြင်း”လည်း ရှိ၏။]
နန္ဓ၊ ဗန္ဓနေ - ဖွဲ့နှောင်ခြင်း၌။
နမ၊ နမနေ - ညွတ်ကိုင်းခြင်း၌။
နမဿ၊ ဝန္ဒနေ - ရှိခိုးခြင်း၌။
နဿ၊ အဒဿနေ - မမြင်ရခြင်း (ပျက်စီးခြင်း)၌။
နဟ၊ ဗန္ဓနေ - ဖွဲ့ခြင်း၌။ [“သောစ-စင်ကြယ်ခြင်း”လည်း ရှိ၏။]
နာထ၊ ယာစနော.ပတာပိ.ဿရိယာ.သီသာသု - တောင်းရမ်းခြင်း, ပူလောင်ခြင်း, အစိုးရခြင်း, တောင့်တခြင်းတို့၌။ [ယာစန+ ဥပတာပ+ဣဿရိယ+အာသီသာသု။]
နှာ၊ သောဓနေ - သုတ်သင်ခြင်း (ရေချိုးခြင်း)၌။
နိဒိ၊ ကုစ္ဆာယံ - ကဲ့ရဲ့ခြင်း၌။ [“နိန္ဒ=ဂရဟာယံ-ကဲ့ရဲ့ခြင်း”လည်းရှိ၏၊၊]
နိ၊ ပါပဏေ - ရောက်စေခြင်း၌။ [“နယ-ဆောင်ခြင်း”လည်းရှိ၏၊၊]
နုဒ၊ ခေပေ - ပစ်ပယ်ခြင်း၌။
ပဝဂ္ဂါဒိဓာတ်စဉ် ပက္ခန္ဒ၊ ဝေဂဂတိမှိ - အဟုန်ဖြင့် သွားခြင်း (ပျံခြင်း)၌။
ပစ၊ ပါကေ - ကျက်ခြင်း, ချက်ခြင်း၌။
ပစိ၊ ဝိတ္ထာရေ - ချဲ့ထွင်ခြင်း၌။
ပဋ၊ ဂတိမှိ - ဂတိအနက်၌။
ပဍိ၊ လိင်္ဂဝေကလ္လေ - လိန်၏ချို့တဲ့ခြင်း၌။ [ဂတိအနက်၌လည်း ရှိ၏။]
ပတ၊ ဂတိမှိ - ဂတိအနက်၌။
ပတ္ထ၊ ယာစနေ - တောင့်တခြင်း၌။
ပဒ၊ ဂတိမှိ - ဂတိအနက်၌။
ပလ္လ၊ နိန္နဋ္ဌာနေ - ချိုင့်ဝှမ်းရာအရပ်၏ အဖြစ်၌။
ပ္လု၊ သပ္ပနေ - သွားခြင်း (ပေါလောပေါ်ခြင်း)၌။
ပဟ၊ ပေသနေ - စေခိုင်းခြင်း၌။
ပါ၊ ပါနေ - သောက်ခြင်း၌။ [“ရက္ခဏေ-စောင့်ရှောက်ခြင်း”လည်း ရှိ၏။]
ပိသ၊ စုဏ္ဏေ - အမှုန့်ပြုခြင်း (ကြိတ်ချေခြင်း)၌။
ပိဟ၊ ဣစ္ဆာယံ လိုလားခြင်း၌။
ပီ၊ တပ္ပနေ - နှစ်သက်ခြင်း၌။ [ပြီဓာတ်ဟု သက္ကတရှိ၍ ပီဏော စသည်ဖြင့် န ကို ဏ ပြန်ရသည်, “ပိဏ”ဓာတ်လည်း ရှိ၏။]
ပု၊ သောဓေ - သုတ်သင်ခြင်း၌။
ပုစ္ဆ၊ ပုစ္ဆနေ - မေးမြန်းခြင်း၌။
ပုထ၊ ဝိတ္ထာရေ - ချဲ့ဖြန့်ခြင်း၌။
ပုပ္ဖ၊ ဝိကာသေ - ပွင့်ခြင်း၌။
ပုရ၊ ပုရတောဂမနေ - ရှေ့သွားခြင်း၌။
ပုသ၊ ပေါသေ - မွေးမြူခြင်း၌။
ပုံသ၊ အဘိမဒ္ဒနေ - နှိပ်နင်းခြင်း၌။
ပူ၊ ပဝနေ - ဖြူစင်ခြင်း၌။
ပူဇ၊ ပူဇာယံ - ပူဇော်ခြင်း၌။ [ဒါနအနက်ရှိသည်မှာ မကောင်း။]
ဖဒိ၊ ကိဉ္စိစလနေ - စဉ်းငယ် တုန်လှုပ်ခြင်း၌။
ဖုသ၊ သမ္ဖဿေ - တွေ့ထိခြင်း၌။ [“ဖုသ
၊ ဖဿနေ”လည်း ရှိ၏။] ဗန္ဓ၊ ဗန္ဓနေ - ဖွဲ့ချည်ခြင်း၌။
ဗဟ၊ ဝုဒ္ဓိမှိ - ကြီးပွားခြင်း၌။
ဗဟု၊ သင်္ချာနဝုဒ္ဓီသု - ရေတွက်ခြင်း, ကြီးပွား များပြားခြင်းတို့၌။
ဗာဟ၊ ယတနေ - အားထုတ်ခြင်း၌။
ဗိလ၊ နိဿယေ - မှီခြင်း၌။
ဗုဓ၊ အဝဂမနေ - ထိုးထွင်း၍ သိခြင်း၌။ [အခြားအနက်များလည်း ရှိ၏။]
ဗြူ၊ ဝိယတ္တိယံ - အက္ခရာထင်ရှားသော၊ ဝါစာယံ-စကားပြောဆိုခြင်း၌။
ဗြူဟ၊ ဝုဒ္ဓိမှိ - ကြီးပွားခြင်း၌။
ဘက္ခ၊ အဒနေ - စားခြင်း၌။
ဘဂဏ္ဍ၊ သေစနေ - သွန်းလောင်းခြင်း၌။
ဘဇ္ဇ၊ ဘဇ္ဇနေ - လှော်ချက်ခြင်း၌။
ဘန္ဇ၊ အဝမဒ္ဒနေ - ချိုးဖဲ့ ဖျက်ဆီးခြင်း၌။
ဘဍိ၊ ဘဏ္ဍတ္ထေ - ဘဏ္ဍာ၏အမှုကိစ္စ၌။
ဘဏ၊ ဝိယတ္တိယံ - အက္ခရာထင်ရှားသော၊ ဝါစာယံ - စကားပြောဆိုခြင်း၌။
ဘဒိ၊ ကလျာဏေ - ကောင်းသည်၏ အဖြစ်၌။
ဘမု၊ အနဝဋ္ဌာနေ - မရပ်မတည် လည်ခြင်း၌။
ဘရ၊ ဘရဏေ - ဆောင်ခြင်း, မွေးမြူခြင်း၌။
ဘဿ၊ ဘဿနေ - များစွာပြောဆိုခြင်း၌။
ဘာ၊ ဒိတ္တိမှိ - တောက်ပခြင်း၌။
ဘာသ၊ ဝိယတ္တိယံ - အက္ခရာထင်ရှားသော၊ ဝါစာယံ - စကားပြောဆို ခြင်း၌။ [ဒိတ္တိ-ထွန်းပခြင်းအနက်လည်း ရှိ၏။]
ဘိက္ခ၊ ယာစနေ - တောင်းရမ်းခြင်း၌။ [အာယာစနေဟု အာ ပိုလျက် ရှိတတ်သည်။]
ဘိဒ၊ ဝိဒါရဏေ - ဖောက်ခွဲခြင်း (ပေါက်ကွဲခြင်း) ၌။
ဘီ၊ ဘယေ - ကြောက်ခြင်း၌။
ဘုဇ၊ ပါလနဗျဝဟရဏေသု - စောင့်ရှောက်ခြင်း, စားခြင်းတို့၌။
ဘူ၊ သတ္တာယံ - ထင်ရှားရှိခြင်း၌။ [သန္တဿ-ထင်ရှားရှိသောဝတ္ထု၏၊ ဘာဝေါ-ဖြစ်ကြောင်းတည်း၊ သတ္တာ-ထင်ရှားရှိသောဝတ္ထု၏ ဖြစ်ကြောင်း၊ “ထင်ရှားရှိသော ဝတ္ထု၏ ဖြစ်ကြောင်း”ဟူသည် အထင်အရှားဖြစ်ပေါ်ခြင်း ကြိယာပင်တည်း၊ ထို့ကြောင့် လိုရင်း ကြိယာပေါ်လွင်အောင် “သတ္တာယံ-ထင်ရှားရှိခြင်း၌”ဟုဆိုသည်၊ ဤကဲ့သို့ ဘာဝပုဒ်တို့ဖြင့် ဓာတ်နက်ဆိုရာ၌ လိုရင်းကြိယာ ရအောင် “ခြင်း”ဟု အချို့အရာ၌ ဆိုခဲ့သည်၊ သတ္တာကား သန္တ နောင် ဘာဝအနက်၌ တာပစ္စည်း, သန္တကို သပြု, တဒွေးဘော် လာ၍ ပြီးသည်၊ ခပ်သိမ်းသော ဓာတ်နက်ကြိယာသည် ပရမတ် သဘောအားဖြင့်ဖြစ်စေ, လောကအခေါ်ဝေါ်ရိုးအားဖြင့်ဖြစ်စေ ထင်ရှားရှိသည်ချည်းသာ ဖြစ်သောကြောင့် ဤ ဘူဓာတ်အနက် သည် ခပ်သိမ်းသော ဓာတ်နက်တွင် ပါဝင်နိုင်၏၊ အနု အဘိ စသည် ရှေ့ရှိလျှင် အနက်များစွာကိုလည်း ဟောနိုင်၏။]
ဘူသ၊ အလင်္ကာရေ - တန်ဆာဆင်ခြင်း၌။
မင်္ဂ၊ မင်္ဂလ္လေ - မကောင်းသည်ကို ပယ်ခြင်း၌။ [မဂိဓာတ်လည်းရှိ၏၊၊]
မစ၊ စောရေ - ခိုးခြင်း၌။
မဇ္ဇ၊ သုဒ္ဓိမှိ - စင်ကြယ်ခြင်း၌။ [“သောဓနေ-သုတ်သင်ခြင်း”လည်း ရှိ၏။]
မဍိ၊ ဘူသာယံ - တန်ဆာဆင်ခြင်း၌။ [“မဏ္ဍနေ”ဟုလည်း ရှိ၏။]
မန္တ၊ ဂုတ္တဘာသနေ - လုံခြုံစွာပြောဆိုခြင်း (တိုင်ပင်ခြင်း)၌။
မထ၊ ဝိလောဠနေ - မွှေနှောက်ခြင်း၌။
မဒ၊ ဥမ္မာဒေ - ယစ်မူး ရူးသွတ်ခြင်း၌။
မဒိ၊ ဟာသေ - ပြုံးရယ်ခြင်း၌။
မဒ္ဒ၊ စုဏ္ဏေ - မှုန့်မှုန့်ညက်ညက် နင်းချေခြင်း၌။
မန၊ ဉာဏေ - သိခြင်း၌။ [“မန=ဗောဓနေ”ဟုလည်း ရှိ၏။]
မယ၊ ဂတိမှိ - ဂတိအနက်၌။
မရ၊ ပါဏစာဂေ - အသက်ကို စွန့်ခြင်း၌။
မသ၊ အာမသနေ - သုံးသပ်ခြင်း၌။
မသု၊ မစ္ဆေရေ - ဝန်တိုခြင်း၌။
မဟ၊ ပူဇာယံ - ပူဇော်ခြင်း၌။ [ဝုဒ္ဓိ-ကြီးမြင့်ခြင်းအနက်လည်းရှိ၏၊၊]
မာ၊ မာနေ(ပရိမာနေ) - နှိုင်းယှဉ်ခြင်း၌။ [မြတ်နိုးခြင်းလည်း ရှိ၏၊၊]
မာန၊ ပူဇာယံ - ပူဇော်ခြင်း၌။ [ဝီမံသာ-စုံစမ်းခြင်း, မာနန (ပေမန)မြတ်နိုးခြင်းလည်း ရှိ၏။]
မိ၊ ပက္ခေပေ - ထည့်သွင်းခြင်း၌။
မိဒ၊ သိနေဟေ - စေးကပ်ခြင်း (ချစ်ခြင်း)၌။
မှိ၊ ဤသံဟသနေ - စဉ်းငယ်ပြုံးခြင်း၌။
မု၊ ဗန္ဓနေ - နှောင်ဖွဲ့ခြင်း၌။
မုစ၊ မောစနေ - လွတ်ခြင်း၌။
မုဇ္ဇ၊ သြသီဒနေ - နစ်မြုပ်ခြင်း၌။
မုဒ၊ ဟာသေ - ရွှင်လန်းခြင်း၌။ [မုဒု ဟု ပါဌ်ပျက် ရှိ၏။]
မုန၊ ဉာဏေ - သိခြင်း၌။ [ဆိတ်ဆိတ်နေခြင်းအနက်လည်း ရှိ၏၊၊]
မုသ၊ ထေယျေ - ခိုးခြင်း၌။ [မေ့လျော့ပျောက်ပျက်ခြင်းလည်း ရှိ၏၊၊]
မုဟ၊ ဝေစိတ္တေ - တွေဝေခြင်း၌။
မူလ၊ ပတိဋ္ဌာယံ - တည်ရာဖြစ်ခြင်း၌။
မေခ၊ ကဋိဝိစိတ္တေ - ခါး၏ ဆန်းကြယ်ခြင်း၌။
မေဍိ၊ ကုဍိလတ္ထေ - ကောက်ကျစ်ခြင်း အနက်၌။
မောက္ခ၊ မုစ္စနေ - လွတ်မြောက်ခြင်း၌။
အဝဂ္ဂါဒိဓာတ်စဉ် ယဇ၊ ဒေဝပူဇာ+သင်္ဂတိကရဏ+ဒါနေသု - နတ်ကို ပူဇော်ခြင်း, အပေါင်းအစုပြုခြင်း, ပေးလှူခြင်းတို့၌။
ယတ၊ ယတနေ - အားထုတ်ခြင်း၌။ [ယတီဓာတ်လည်း ရှိ၏။]
ယမု၊ ဥပရမေ - ရှောင်ကြဉ်ခြင်း၌။
ယာ၊ ဂတိပါပုဏနေသု - ဂတိအနက်, ရောက်ခြင်းတို့၌။
ယာစ၊ ယာစနေ - တောင်းရမ်းခြင်း၌။
ယု၊ မိဿနေ - ရောနှောခြင်း၌။
ယုဇ၊ ယောဂေ - ယှဉ်ခြင်း၌။ [အားထုတ်ခြင်းအနက်လည်း ရှိ၏။]
ယုဓ၊ သမ္ပဟာရေ - ပြင်းစွာ ပုတ်ခတ်ခြင်း၌။
ရက္ခ၊ ပါလနေ - စောင့်ရှောက်ခြင်း၌။
ရဍိ၊ ဟိံသာယံ - ညှဉ်းဆဲခြင်း၌။
ရဒ၊ ဝိလေခနေ (ဥက္ခနေ) - တူးဆွခြင်း၌။
ရန္ဇ၊ ရာဂေ - တပ်မက်ခြင်း၌။
ရန္ဓ၊ ပါကေ - ချက်ခြင်း၌။
ရဘ၊ ရာဘဿေ - အားထုတ်ခြင်း၌။
ရမု၊ ကီဠာယံ - ကစားခြင်း၌။
ရဟ၊ စာဂေ - စွန့်ခြင်း၌။ [ဥပါဒါန-ယူခြင်းအနက်လည်း ရှိ၏။]
ရာဇ၊ ဒိတ္တိမှိ - ထွန်းပခြင်း၌။
ရာဓ၊ သံသိဒ္ဓိမှိ - ပြီးစီးခြင်း၌။ [ဟိံသာ-ညှဉ်းဆဲခြင်းလည်း ရှိ၏။]
ရိ၊ သန္တာနေ - အစဉ်ဖြစ်ခြင်း၌။ [ဓာတွတ္ထသင်္ဂဟ၌“ဂတျံ”ဟု ရှိ၏၊၊]
ရု၊ သဒ္ဒေ - အသံပြုခြင်း၌။ [ဂတိအနက်လည်း ရှိ၏။]
ရုစ၊ ဒိတ္တိမှိ - ထွန်းပခြင်း၌။
ရုဇ၊ ရောဂေ - ကြင်နာခြင်း၌။
ရုဒ၊ အဿုဝိမောစနေ - မျက်ရည်ကို ယိုထွက်စေခြင်း (ငိုခြင်း)၌။
ရုဒိ၊ ဟိံသာယံ - ညှဉ်းဆဲခြင်း၌။ [ဓာတွတ္ထသင်္ဂဟ၌ မရှိ။]
ရုဓ၊ အာဝရဏေ - ပိတ်ပင်ခြင်း၌။
ရုသ၊ ရောသေ - ချုပ်ချယ်ခြင်း၌။
ရုဟ၊ ဇနနေ - ဖြစ်ခြင်း၌။
လက္ခ၊ ဒဿန.ကေသု - ကြည့်ရှုခြင်း, အမှတ်တံဆိပ် ခတ်နှိပ်ခြင်းတို့၌။
လဆိ၊ လဉနေ - တံဆိပ်ခတ်ခြင်း၌။
လဇ္ဇီ၊ လဇ္ဇာယံ - ရှက်ခြင်း၌။
လဍိ၊ ဇိဂုစ္ဆာယံ - စက်ဆုပ်ခြင်း၌။
လပ၊ ဝါကျေ - စကားပြောဆိုခြင်း၌။
လဘ၊ လာဘေ - ရခြင်း၌။
လဗိ၊ အာလမ္ဗနေ - ဆွဲမှီခြင်း၌။
လဘိ၊ ဝဉ္စနေ - လှည့်ပတ်ဖြားယောင်းခြင်း၌။
လာ၊ ဂဟဏေ - ယူခြင်း၌။
လိခ၊ လေခနေ - ရေးခြစ်ခြင်း၌။
လိပ၊ လိမ္ပနေ - လိမ်းကျံခြင်း၌။
လိဟ၊ လေဟနေ - သာယာခြင်း (လျက်ခြင်း)၌။
လီ၊ သိလေသနေ - ကပ်ငြိခြင်း၌။
လုဉ္စ၊ အပနယနေ - ပယ်နုတ်ခြင်း၌။
လုဇ၊ နဿနေ - ပျက်စီးခြင်း၌။
လုပ၊ ဝိလုမ္ပနေ - လုယက်ခြင်း၌။
လုဘ၊ ဂိဒ္ဓိမှိ - လိုချင်ခြင်း၌။
လုလ၊ မန္ထနေ - မွှေနှောက်ခြင်း၌။
လူ၊ ဆေဒနေ - ဖြတ်ခြင်း၌။
လောက၊ ဒီပနဒဿနေသု - ပြခြင်း, ကြည့်ရှုခြင်းတို့၌။
လောစ၊ ဒီပနဒဿနေသု - ပြခြင်း, ကြည့်ရှုခြင်းတို့၌။
ဝက၊ အာဒါနေ - ယူခြင်း၌။
ဝက္က၊ ရုက္ခတစေ - သစ်ခွံ၏အမှု၌။
ဝစ၊ ဝိယတ္တိယံ - အက္ခရာထင်ရှားသော၊ ဝါစာယံ - စကားပြောဆို ခြင်း၌။
ဝဋ္ဋ၊ အာဝတ္တနေ - ချာချာလည်ခြင်း၌။
ဝဇ၊ ဂတိမှိ - ဂတိအနက်၌။
ဝဍိ၊ ဓာရဏ+ဗန္ဓ+သံဃာတေသု - ဆောင်ခြင်း, ဖွဲ့ခြင်း, ပေါင်းစု ခြင်းတို့၌။ [အာဝတ္တန-ချာချာလည်ခြင်းအနက်လည်း ရှိ၏။]
ဝဍ္ဎ၊ ဝဍ္ဎနေ - ကြီးပွားခြင်း၌။
ဝတ္တု၊ ဝတ္တန အာဝတ္တနေသု - ဖြစ်ခြင်း, ချာချာလည်ခြင်းတို့၌။ [ဝတုဓာတ်ဟုလည်း ဆိုကြ၏။]
ဝဒ၊ ဝိယတ္တိယံ - အက္ခရာထင်ရှားသော၊ ဝါစာယံ - စကားပြောဆို ခြင်း၌။
ဝဒိ၊ ဝန္ဒန+ထဝေသု - ရှိခိုးခြင်း, ချီးမွမ်းခြင်းတို့၌။ [စုရာဒိဂိုဏ်း ဝဒီဓာတ်လည်း ရှိ၏။]
ဝဒ္ဓ၊ ဝဒ္ဓနေ - တိုးပွားခြင်း၌။
ဝပ၊ ဗီဇသန္တာနေ - မျိုးစေ့အစဉ်ပြုခြင်း (စိုက်ပျိုးခြင်း)၌။
ဝမု၊ ဥဂ္ဂိရဏေ - ထွေးအန်ခြင်း၌။
ဝရ၊ ဝရဏေ - စောင့်ရှောက်ခြင်း၌။
ဝလ၊ သာဓာရဏ+ဗန္ဓနေသု - ဆက်ဆံခြင်း, ဖွဲ့ခြင်းတို့၌။
ဝလ္လ၊ သာဓာရဏ+ဗန္ဓနေသု - ဆက်ဆံခြင်း, ဖွဲ့ခြင်းတို့၌။
ဝသ၊ နိဝါသေ - နေခြင်း၌။ [အစ္ဆာဒန-ဖုံးလွှမ်းခြင်း, ဝတ်ခြင်း၊ သေစနသွန်းလောင်းခြင်း (မိုးရွာခြင်း)အနက်များလည်း ရှိ၏။]
ဝဟ၊ ပါပဏေ - ရောက်စေခြင်း (ရောက်အောင်ဆောင်ခြင်း)၌။
ဝါ၊ ဂတိဗန္ဓနဂန္ဓေသု - ဂတိအနက်, ဖွဲ့ခြင်း, ပြခြင်းတို့၌။ [“ဂတိ ဂန္ထေသု ဂတိဗန္ဓနေသု”ဟု ရူပသိဒ္ဓိ၌ ၂ ဌာန ရှိ၏။]
ဝါသ၊ သုရဘိကရဏေ - အနံ့ကောင်းအောင်ပြုခြင်း (ထုံခြင်း)၌။
ဝိစ၊ ဝိဝေစနေ - ကင်းဆိတ်ခြင်း၌။
ဝိဇိ၊ ဘယကမ္ပနေသု - ကြောက်ရွံ့ခြင်း, တုန်လှုပ်ခြင်းတို့၌။
ဝိဒ၊ ဉာဏေ - သိခြင်း၌။ [မင်္ဂလ္လ-မကောင်းသည်ကို ပယ်ခြင်း၊ သတ္တာထင်ရှားရှိခြင်း၊ လာဘ-ရခြင်း အနက်များလည်း ရှိ၏။]
ဝိဓ၊ ဝေဓနေ - ဖောက်ခွဲခြင်း၌။ [ဘာဂ-ဝေဖန်ခြင်း၊ ကမ္ပန-တုန်လှုပ် ခြင်း၊ တာဠန-ပုတ်ခတ်ခြင်း အနက်များလည်း ရှိ၏။]
ဝိသ၊ ပဝေသနေ - ဝင်ခြင်း၌။
ဝီ၊ တန္တသန္တာနေ - ချည်ချောင်းအစဉ်ကိုပြုခြင်း(ရက်ကန်းရက်ခြင်း)၌။
ဗီဇ၊ ဗီဇနေ - ယပ်လေခတ်ခြင်း၌။
ဝု၊ သံဝရဏေ - စောင့်ရှောက်ခြင်း၌။
ဝေ၊ တန္တသန္တာနေ - ချည်ချောင်းအစဉ်ကို ပြုခြင်း၌။ [“ရှည်သော အစဉ်ကို ပြုခြင်း”ဟု ရူပသိဒ္ဓိနိဿယ အနက်ပေးသည်ကား အကြံလွန်သည်။]
ဝေပု၊ ကမ္ပနေ - တုန်လှုပ်ခြင်း၌။
ဝှေ၊ အဝှာယ+သဒ္ဒါဟံကာရေသု - ခေါ်ခြင်း, အသံပြုခြင်း, ငါတကား ဟု ထောင်လွှားခြင်းတို့၌။
သက၊ သတ္တိမှိ (သာမတ္ထေ) - စွမ်းနိုင်ခြင်း၌။ [ပူဇာ-ပူဇော်ခြင်းအနက် လည်း ရှိ၏။]
သကိ၊ သင်္ကာယံ - ယုံမှားခြင်း၌။
သက္က၊ ဂတိမှိ - ဂတိအနက်၌။
သင်္ဂါမ၊ ယုဒ္ဓေ - စစ်ထိုးခြင်း၌။
သဇ္ဇ၊ ဝိသဂ္ဂေ - စွန့်လွှတ်ခြင်း၌။ [ဝိရှေ့ရှိလျှင် “ဝိသဂ္ဂ-စွန့်လွှတ်ခြင်း” သံရှေ့ရှိလျှင် “သံသဂ္ဂ-ရောနှောခြင်း”စသည်ဖြင့် ဓာတွတ္ထ သင်္ဂဟ၌ အနက်များစွာ ဆို၏၊ ရူပသိဒ္ဓိ၌ သံပုဗ္ဗ သဇဓာတ်ကို “ဝိသဂ္ဂ” ဟု ဆို၏၊ သဇ္ဇဓာတ်မှာ “အာလိင်္ဂ - လည်ဖက်ခြင်း အနက်၌”ဟု ဆိုသည်။]
သဉ္စ၊ (သန္ဇ) = သင်္ဂေ - ကပ်ငြိခြင်း၌။
သဍိ၊ ဂုမ္ဗတ္ထေ - ပေါင်းစုခြင်းအနက်၌။
သဏ၊ အဗျတ္တဒ္ဒေ - အက္ခရာမထင်ရှားသော အသံကို ပြုခြင်း၌။
သတ၊ သာတစ္စေ - မပြတ်မစဲ မြဲခြင်း၌။
သဒ၊ ဝိသရဏဂတျာ.ဝသာနေသု - ညှဉ်းဆဲခြင်း, ဂတိအနက်, နစ်မြုပ် ချောက်ချား ရွေ့ရှား ပင်ပန်းခြင်းတို့၌။ [ဝိသရဏကို မရွေ့မရှားခြင်းဟု ဆိုကြ၏၊ “မရွေ့မရှား”ခြင်းဟူသည် ထိုင်နေ ခြင်းတည်း၊ ထိုထိုင်နေခြင်းကို နိရှေ့ရှိသော သဒဓာတ်က ဟော၏၊ (“ဝိသရဏ-ဖြစ်စေခြင်း”ဟု မုဂ္ဓဗောဓနိဿယ ၁၃၁ ၌ အနက်ဆို၏၊) ဂတျာဝသာန (ဂတိ+အဝသာန)ကို သွားခြင်း ၏အဆုံးဟု ကြံကြ၏၊ “သွားခြင်း၏အဆုံး”ဟူရာ၌ ထိုင်ခြင်းကို ဆိုလိုဟန်တူသည်၊ ထိုအကြံအားလုံး မသင့်ပုံကို ဓာတွတ္ထသင်္ဂဟ ဝယ် အသီးသီးပြသော ဓာတ်နက်နှင့် ပုံစံများကို ရှုပါ။]
သဒ္ဒ၊ ဟရိတေ - စိမ်းစိုခြင်း၌။
သနု၊ ဒါနေ - ပေးခြင်း၌။
သပ၊ အက္ကောသေ - ဆဲရေးခြင်း၌။
သပ္ပ၊ ဂတိမှိ - ဂတိအနက်၌။
သဗိ၊ မဏ္ဍလေ - ဝန်းဝိုင်းခြင်း၌။ [မဏ္ဍန-တန်ဆာဆင်ခြင်းလည်း ရှိ၏၊၊]
သမု၊ (သမ) = ဥပသမေ - ငြိမ်းအေးခြင်း၌။
သမ္ဘု၊ ဝိဿမ္ဘေ - အကျွမ်းဝင်ခြင်း၌။
သရ၊ ဂတိစိန္တာယံ - ဂတိအနက်, အောက်မေ့ခြင်း၌။ [ဟိံသာညှဉ်းဆဲခြင်းလည်း ရှိ၏။]
သလ၊ (သလ္လ) = ဂတိမှိ - ဂတိအနက်၌။
သသ၊ ပါဏနေ - ရှူရှိုက်ခြင်း၌။
သသု၊ ဟိံသာဂတီသု - ညှဉ်းဆဲခြင်း, ဂတိအနက်တို့၌။
သဟ၊ ခန္တိအဘိဘဝေသု - သည်းခံခြင်း, လွှမ်းမိုးခြင်းတို့၌။
သာ၊ သာမတ္ထေ - စွမ်းနိုင်ခြင်း၌။
သာဒ၊ သာဒနေ - သာယာနှစ်သက်ခြင်း၌။
သာဓ၊ သိဒ္ဓိမှိ - ပြီးစီးခြင်း၌။
သာသ၊ အနုသိဋ္ဌိမှိ - သွန်သင်ခြင်း၌။ [သာသုဓာတ်လည်း ရှိ၏။]
သိ၊ သေဝါယံ - မှီဝဲခြင်း၌။ [ဗန္ဓန-ဖွဲ့ခြင်းလည်း ရှိ၏။]
သိက္ခ၊ ဝိဇ္ဇောပါဒါနေ (ဝိဇ္ဇာ+ဥပါဒါနေ) - အတတ်ကို သင်ယူခြင်း၌။
သိစ၊ ပဂ္ဃရဏေ - သွန်းလောင်းခြင်း၌။
သိဒ၊ သိင်္ဂါရေ - တင့်တယ်စံပယ်ခြင်း၌။
သိဓ၊ သံသိဒ္ဓိမှိ - ပြီးစီးခြင်း၌။
သိနာ၊ သောဓေ - သုတ်သင်ခြင်း (ရေချိုးခြင်း)၌။
သိနိဟ၊ သေနေဟေ - စေးကပ် စိုစွပ်ခြင်း၌။
သိလာဃ၊ ကတ္ထနေ - ချီးမွမ်းခြင်း၌။
သိလိသ၊ သိလေသနေ - ငြိကပ်ခြင်း၌။
သိဝု၊ တန္တသန္တာနေ - ချည်ချောင်းအစဉ်ကို ပြုခြင်း (ချုပ်ခြင်း)၌။
သီ၊ သယေ - အိပ်ခြင်း၌။ [“သိ= သယေ” လည်း ရှိ၏။]
သု၊ သဝနေ - ကြားနာခြင်း၌။ [ဂတိအနက်, ဟိံသာ-ညှဉ်းဆဲခြင်း, အဘိဿဝ-ယိုစီးခြင်းအနက်များလည်း ရှိ၏။]
သုစ၊ သောကေ - စိုးရိမ်ခြင်း၌။ [“သုဒ္ဓိ-စင်ကြယ်ခြင်း”လည်း ရှိ၏၊၊]
သုဏ၊ ဟိံသာကုလသန္တာနေသု - ညှဉ်းဆဲခြင်း, အမျိုးအစဉ်ပြုခြင်း တို့၌။
သုပ၊ သယေ - အိပ်ခြင်း၌။
သုဘ၊ ဒိတ္တိဟိံသာသု - ထွန်းပတင့်တယ်ခြင်း, ညှဉ်းဆဲခြင်းတို့၌။
သုသ၊ သောသနေ - ခြောက်သွေ့ခြင်း၌။
သူ၊ ပသူတိယံ - သားဖွားခြင်း၌။ [ခေပ-ပစ်ပယ်ခြင်းလည်း ရှိ၏၊ “သူ = ဟိံသာယံ”မှာ ဓာတွတ္ထသင်္ဂဟ၌ မရှိ။]
သူစ၊ ဂန္ဓ+ပေသုညေ - ပြခြင်း, ကုန်းတိုက်စကားပြောဆိုခြင်း၌။
သူဒ၊ ပဂ္ဃရဏေ - သွန်ချခြင်း၌။
သော၊ နိသာနနာသနေ - ထက်အောက်သွေးခြင်း, ဖျက်ဆီးခြင်း၌။ [အဝရှေ့ရှိလျှင် သြသာန-ပြီးဆုံးခြင်းအနက်လည်း ရှိ၏။]
သံသ၊ ပသံသနေ - ချီးမွမ်းခြင်း၌။ [ပြောဆိုခြင်း, ညှဉ်းဆဲခြင်းအနက် များလည်း ရှိ၏။]
ဟန၊ ဟိံသာဂတီသု - ညှဉ်းဆဲခြင်း, ဂတိအနက်တို့၌။
ဟနု၊ စောရေ - ခိုးဝှက် လိမ်လည်ခြင်း၌။
ဟရ၊ ဟရဏေ - ဆောင်ခြင်း၌။
ဟရေ၊ လဇ္ဇာယံ - ရှက်ခြင်း၌။
ဟသ၊ ဟသနေ - ရယ်ရွှင်ခြင်း၌။
ဟာ၊ စာဂေ - စွန့်ခြင်း၌။ [ဟာနိ-ဆုတ်ယုတ်ခြင်းလည်း ရှိ၏။]
ဟိ၊ ဂတိမှိ - ဂတိအနက်၌။
ဟိရီ၊ လဇ္ဇနေ - ရှက်ခြင်း၌။
ဟု၊ ဒါနာဒန+ဟဗျပ္ပဒါနေသု - ပေးလှူခြင်း, စားခြင်း ယဇ်စာ ပေးခြင်းတို့၌။ [ဟဝန-ပူဇော်ခြင်းလည်း ရှိ၏။]
ဟုလ၊ ဂတိမှိ - ဂတိအနက်၌။
ဟုဿ၊ ဟဿနေ - ဟု ၆၂၅ ရူပသိဒ္ဓိ၌ ပါဌ်ပျက်လျက် ရှိ၏၊ “ဖုသ= ဖဿနေတွေ့ထိခြင်း၌”ဟု သီဟိုဠ်မူမှာ ရှိသည်။
ဟု၊ သတ္တာယံ - ထင်ရှားရှိခြင်း၌။
ဟံသ၊ ပီတိမှိ - နှစ်သက်ခြင်း၌။
အခြေပြုဓာတ်စဉ်ပြီး၏။
သမာသ်အချီ “သမသနံ သမာသော” သမသနံ-အကျဉ်းချုံးခြင်းသည်၊ သမာသောသမာသ် မည်၏။ [သံပုဗ္ဗ အသဓာတ်, ဏပစ္စည်း, အ ကို -ါ ဝုဒ္ဓိပြု, နိဂ္ဂဟိတ်ကို မ် ပြု၍ “သမာသ”ဟု ဖြစ်၏။] ပုဒ် ၂ ပုဒ်ကိုဖြစ်စေ, ၃ ပုဒ် ၄ ပုဒ်စသည် အများကိုဖြစ်စေ စကားတိုအောင် ချုံးမှု, စကားကျဉ်းအောင် ချဉ်းစပ်မှုကို သမာသ်ဟု ခေါ်၏၊ မြန်မာစကားသုံး၌လည်း ထိုကဲ့သို့ သမာသ်စကားလုံးတွေ များစွာ ပါရှိ၏၊ မချုံး မချဉ်းအပ်သော စကားကို ပါဠိလို “ဝါကျ”ဟု ခေါ်သည်။
ပါဠိဝါကျ“ရညော+ပုတ္တော”…မြန်မာဝါကျ- “မင်း၏+သား”
ပါဠိသမာသ်“ရာဇပုတ္တော” …မြန်မာသမာသ်“မင်းသား”
ဤပုံစံ၌ ဝါကျတုန်းက စကားကျယ်၍ သမာသ်မှာ စကားကျဉ်းပုံကို ကြည့်၊ ဝါကျတုန်းက ရညော၌ သဝိဘတ်, မင်း၏၌ “၏”ဟူသော မြန်မာ ဝိဘတ်တို့သည် သမာသ်သို့ရောက်က ကျေပျောက်ရကုန်၏၊ ဝါကျအခိုက် ၌ ကိုယ့်ဝိဘတ်နှင့် ကိုယ် ရညော တစ်ပုဒ်, ပုတ္တော တစ်ပုဒ်ဟု ၂ ပုဒ် ကွဲသော်လည်း သမာသ်ဖြစ်သည့်အခါ သ ဝိဘတ် ကျေပျောက်၍ “ရာဇပုတ္တော”ဟု တစ်ပုဒ်တည်း ဖြစ်ရတော့သည် ဟူလို၊ အနက်အားဖြင့် လည်း ဝါကျတုန်းက ရညော အတွက် မင်းဒြဗ်, ပုတ္တော အတွက် သားဒြဗ် ဟု အနက်ဒြဗ် ၂ မျိုးရသော်လည်း သမာသ်ဖြစ်သည့်အခါ မင်းသား တစ်ယောက်တည်းကို ရခြင်းသည် အနက်ကို ချုံးချဉ်း စပ်ထားခြင်းပင် ဖြစ်၏၊ ဤသို့ ဝိဘတ်ကျေပျက်သဖြင့် ပုဒ်အနက် ၂ ပါးကို ချုံးချဉ်း စပ်ထားခြင်းသည်ပင် သမာသ်၏ သဘောတည်း။
သန္ဓိစပ်နှင့်သမာသ်စပ်အထူး။ ။ ပုဒ် ၂ ပါးကို စပ်ထားခြင်း၌ သန္ဓိ စပ်လည်း ရှိ၏၊ သို့သော် ထိုသန္ဓိစပ်၌ ရှေ့ပုဒ်နှင့် နောက်ပုဒ် အနက်ချင်း လည်း တစ်သားတည်းဖြစ်အောင် မစပ်သည့်ပြင် ဝိဘတ်ကျေပျောက်၍ တစ်ပုဒ်တည်း ဖြစ်အောင်လည်း မစပ်နိုင်၊ သန္ဓိ စပ်လိုက်သည့်အခါ ရွတ်ဖတ်လို့ ပြေပြစ်ညက်ညောရုံသာရှိသည်၊ ဥပမာ-“ယဿ+ဣန္ဒြိယာနိ” ဟူသော ၂ ပုဒ်ကို “ယဿိန္ဒြိယာနိ”ဟု သန္ဓိစပ်သည့်အခါ ယဿ၌ သ ဝိဘတ် မကျေသည့်အတွက် “ယဿိန္ဒြိယာနိ”ဟူသော သန္ဓိသည် တစ်ပုဒ် တည်း မဟုတ်၊ မူလအတိုင်း ၂ ပုဒ်- ၂ ပုဒ်ပင် ဖြစ်၏၊ သန္ဓိစပ်ထားသော် လည်း အနက်ဆိုသည့်အခါ “ယဿ-အကြင်သူ၏ + ဣန္ဒြိယာနိ-ဣန္ဒြေ တို့”ဟု ၂ နက်ပင် ခွဲရသောကြောင့် အနက်ဒြဗ်လည်း မဆက်စပ်ချေ၊ ထို့ကြောင့် “ဝိဘတ်ကျေပျက်၍ ပုဒ်ရော အနက်ပါ စပ်ခြင်းသည် သမာသ် စပ်တည်း၊ အနက်လည်း မစပ်, ဝိဘတ်လည်း မကျေ, ရွတ်ရာ၌ ပြေပြစ် ညက်ညော ချောမောရုံသာ စပ်ခြင်းသည် သန္ဓိစပ်တည်း”ဟု မှတ်။
[ဆောင်] ဝိဘတ်ကျေပျက်, ပုဒ်အနက်, စပ်ချက် သမာသ်ထုံး။ အနက်မစပ်, ဝိဘတ်မကျေ, ပုဒ်သာပြေ, မှတ်လေ သန္ဓိသုံး။
သမာသ် ၆ ပါးနှင့် လိန်အခွဲ။ ။ “ဗျ ကမ် ဒိ တပ်, ဗ ဒွန် ထပ်, ခြောက်ရပ် သမာသာ”အရ အဗျယီဘောသမာသ်, ကမ္မဓာရည်းသမာသ်, ဒိဂုသမာသ်, တပ္ပုရိသ်သမာသ်, ဗဟုဗ္ဗီဟိသမာသ်, ဒွန်သမာသ်ဟု ၆ မျိုး ရှိ၏၊ ထို ၆ မျိုး၏ လက္ခဏာနှင့် လိန်အထူးကို ဆိုင်ရာသုတ်များ၌ ထင်ရှား ပြအံ့၊ လိန်အတွက် မှတ်နှင့်ရန် ဆောင်ပုဒ်ကား…
[ဆောင်]၁။ ဗျယိ နပုံး, ကမ်တပ်ထုံး, အဆုံး လိန်နှင့်တိုက်။ ၂။ ဒိဂု ဒန္ဒာ, အသမာ, ဆုံးရာ လိန်သို့လိုက်။ ၃။ သမာဟာရ, ဒိ ဒွန္ဒ, ဧက နပုံးဆိုက်။ ၄။ ဗဟုဗ္ဗီထုတ်, အညပုဒ်, လိန်ဝုစ် ကြည့်၍ကိုက်။ သမာသ်အချီပြီး၏။
အခြေပြုစာစပ်အချီ ဆွေမျိုးစပ်ရာ၌ တော်စပ်သောနာမည်ကို ထုတ်ဖော်၍ “ဤ ကလေးသည် သား, ဤလူကြီးကား အဘ”ဟု ပြောသကဲ့သို့ ထို့အတူ အချင်းချင်း အဓိပ္ပာယ်ဆက်သွယ်နေသော ပုဒ်များ၏ နာမည်ကို ထုတ်ဖော်၍ ပုရိသော ဂစ္ဆတိ ၂ ပုဒ်တွင် “ပုရိသောက ဝုတ္တကတ္တား, ဂစ္ဆတိက ဝုတ္တကတ္တား၏ ကြိယာ”ဟု ပြောပြခြင်းသည် “စာစပ်” မည်၏၊ ထိုစာစပ်သည် အချို့သူတို့ ဂရုမစိုက်သလောက် ကျမ်းဂန် တု့ိ၌ အရေးရောက်၏၊ အဓိပ္ပာယ် အယူအဆ၌ စာစပ်သာလျှင် အရင်းခံ ဖြစ်၏၊ အနုသန္ဓေထွက်ဟု ခေါ်သော ကျမ်းထွက်စာပြော နည်း၌ လည်း ဤစာစပ်ပုဒ်ဆက်ကို ရှုလျက် ကျမ်းထွက် ရလေ သည်၊ ထို့ကြောင့် ယခုအခါ ပဌမာ ဒုတိယာ စသော ဝိဘတ်တို့၌ ရထိုက်သော အနက်အားလျော်စွာ ဆိုင်ရာပုံစံထုတ်၍ အတိုချုပ် စာစပ်ပုံကို ဆိုရိုးကျအောင် ညွှန်ပြပေအံ့။
မှတ်သားနှင့်ဖွယ် ၁။ ပဌမာဝိဘတ်သက်ရာ၌ လိင်္ဂတ္ထေ ပဌမာ အာလပနေ စ သုတ်တို့နှင့်အညီ ကြိယာမပါဘဲ လိန်အနက်သက်သက်ရှိရာဝယ် တုလျတ် လိင်္ဂတ်စပ်နည်း, ကြိယာနှင့်တွဲဖက်ရာ၌ ဝုတ္တကတ္တား ဝုတ္တကံစပ်နည်း, ပကတိကတ္တားစပ်နည်း, အာလုပ်စပ်နည်းများ ပါဝင်၏။
ထိုတွင် “ဧသော မေ သတ္ထာ၊ ဤသူကား ငါ၏ ဆရာတည်း” ကဲ့သို့ ကြိယာပုဒ် မပါရာ၌ ဧသောနှင့် သတ္ထာသည် အနက်အရ တူသောကြောင့် ၂ ပုဒ်လုံးပင် တုလျတ္ထအမည်ရထိုက်၏၊ ကံ ကတ္တား စသော အနက်ထူးမပါ, လိန်အနက်ချည်းသာဖြစ်သောကြောင့် ၂ ပုဒ်လုံးပင် လိင်္ဂတ္ထအမည်ရထိုက်၏၊ သို့သော် နာမည်ချင်း ကွဲပြား အောင် ရှေ့ပုဒ်ကို တုလျတ္ထ, ဝါ-တုလျတ်ဟုလည်းကောင်း, နောက် ပုဒ်ကို လိင်္ဂတ္ထ=လိင်္ဂတ်ဟုလည်းကောင်း နာမည်တပ်ကြသည်။
ယဿ-အကြင်ပုဒ်၏၊ တုလျော-တူသော၊ အတ္ထော-အနက် သည်၊ အတ္ထိ-ရှိ၏၊ ဣတိ-ထို့ကြောင့်၊ တံ-ထိုပုဒ်သည်၊ တုလျတ္ထံတုလျတ်မည်၏၊ ယဿ-အကြင်ပုဒ်၏၊ လိင်္ဂတ္ထော-လိန်အနက် သည်သာ၊ အတ္ထိ-ရှိ၏၊ ဣတိ-ထို့ကြောင့်၊ တံ-ထိုပုဒ်သည်၊ လိင်္ဂတ္ထံလိင်္ဂတ္ထမည်၏။
ထိုတုလျတ် လိင်္ဂတ်စပ်ရာ၌ “အဋ္ဌ အက္ခရာ+သရာ နာမ၊ ၈ လုံး သောအက္ခရာတို့+သရ မည်ကြ၏”ဟု နာမည်မှည့်ရာ၌ ရှေ့ပုဒ်ဝယ် အမည်သညာ ရှိသောကြောင့် “သညီနာမီဖြစ်သော တုလျတ်”ဟု နာမည်တပ်၍ နောက်ပုဒ်ကား အမည်သညာ ဖြစ်သောကြောင့် “သညာနာမဖြစ်သော လိင်္ဂတ်”ဟု နာမည်တပ်လျက် စာစပ်ကြ သည်။
[သညာ ယဿ အတ္ထီတိ သညီ, နာမံ ယဿ အတ္ထီတိ နာမီ။]
ကံ ကတ္တားစပ်နည်း၌ အာချာတ် ကံ ကတ္တားစွဲအတိုင်း ဝုတ္တကံ ပုဒ် ဝုတ္တကတ္တားပုဒ်ဖြစ်၍ ထိုနာမည်ကို ဖော်ထုတ်စပ်ပြခြင်း ဖြစ် သည်၊ ပင်ကိုမူလအနေမှ တစ်မျိုးတစ်ဖုံပြောင်းရာ၌ မူလကတ္တား ကို ပကတိ, ပြောင်းလွဲသောကတ္တားကို ဝိကတိဟုခေါ်သည်၊ အာလုပ် ကို အထူး စာစပ်လေ့ မရှိကြ, အသက်ရှိသူကို ခေါ်ရာ၌ သဇီ၀ အာလုပ်, အသက်မရှိသူကိုခေါ်ရာ၌ နိဇ္ဇီဝအာလုပ်ဟု နာမည်ကိုသာ ဖော်ထုတ်ပြကြ၏၊ သို့သော် ဘေဒစိန္တာ၌ ဗဟိဒကြိယာဝိသေသနဟု နာမည်တပ်သဖြင့် ဆရာတို့ စာစပ်လေ့ရှိကြသည်။
၂။ ဒုတိယာဝိဘတ်သက်ရာ၌ ကမ္မတ္ထေ ဒုတိယာ, ကာလဒ္ဓါန မစ္စန္တသံယောဂေ, ကမ္မပ္ပဝစနီယယုတ္တေ, ဂတိဗုဒ္ဓိ ၊ပေ၊ ကာရိတေ ဝါသုတ်တို့နှင့် အညီ စာစပ်လတ္တံ့၊ “ဧကမန္တံ နိသီဒိ” စသည်၌ ဧကမန္တံ ပုဒ်ကဲ့သို့ ကြိယာဝိသေသနစပ်နည်းလည်း ရှိ၏၊ ဤ ကြိယာ ဝိသေသနပုဒ်မျိုး၌ ပဌမာဝိဘတ်ဟုလည်း အချို့ဆုံးဖြတ်သည်။
၃။ တတိယာဝိဘတ်သက်ရာ၌ ကရဏေ တတိယာ, သဟာဒိ ယောဂေ စ, ကတ္တရိ စ, ဟေတွတ္ထေ စ, ယေနင်္ဂဝိကာရော, ဝိသေသနေ စသုတ်တို့နှင့်အညီ စာစပ်လတ္တံ့။
၄။ စတုတ္ထီဝိဘတ်သက်ရာ၌ သမ္ပဒါနေ စတုတ္ထီ, တဒတ္ထ, တုမတ္ထ သုတ်တို့နှင့်အညီ စာစပ်လတ္တံ့၊ သိလာဃစသောပုဒ်တို့နှင့် ယှဉ်ရာ၌ အနက်အားလျော်စွာ စာစပ်ရ၏၊ ထိုစာစပ်နည်းမှာ အထူးမဟုတ်, ကံအနက် ဖြစ်လျှင် ထုံးစံအတိုင်း အဝုတ္တကံ ဆိုရုံသာတည်း။
၅။ ပဉ္စမီဝိဘတ်သက်ရာ၌ အပါဒါနေ ပဉ္စမီသုတ်, ဒူရ န္တိက သုတ်လာ ဝိဘတ္တအပါဒါန်ပုဒ်, ကာရဏတ္ထေ စသုတ်တို့နှင့်အညီ စာစပ်လတ္တံ့။
၆။ ဆဋ္ဌီဝိဘတ်သက်ရာ၌ သာမိသ္မိံ ဆဋ္ဌီ, နိဒ္ဓါရဏေ စ, အနာဒရေ စသုတ်တို့နှင့်အညီ စာစပ်လတ္တံ့။
၇။ သတ္တမီဝိဘတ်သက်ရာ၌ သြကာသေ သတ္တမီ, ကမ္မကရဏ နိမိတ္တတ္ထေသု သတ္တမီ, ကာလဘာဝေသု စသုတ်တို့နှင့်အညီ စာစပ် လတ္တံ့။ [စာစပ် ဆိုရိုး၌ ဆိုပုံကို နားမလည်လျှင် ထိုထိုသုတ်ကို ပြန်ကြည့်ပါ။]
၈။ “ပစိတွာ ဘုဉ တိ”ကဲ့သို့ တွာပစ္စယန္တပုဒ်တို့သည် ကြိယာကို အထူးပြုသောကြောင့် ကြိယာဝိသေသနပုဒ်များတည်း၊ ထိုကြိယာ ဝိသေသန ပုဒ်များ၌ ပုဗ္ဗကာလ, အပရကာလ, သမာနကာလ ခွဲတတ်လျှင် ခွဲ၍ မခွဲတတ်သေးလျှင် ကြိယာဝိသေသနဟု သာမည သာ စပ်ရာ၏။
၉။ တုလျာဓိကရဏဝိသေသန တုလျာဓိကရဏဝိသေသျစပ်နည်း,
အာကာရ အာကာရဝန္တ, နိဒဿန နိဒဿနဝန္တ, နိဒဿေတဗ္ဗ နိဒဿန, သရူပ သရူပဝန္တ စပ်နည်းများလည်း ရှိသေး၏၊ ယခု ညွှန်ပြခဲ့သော အစဉ်အတိုင်း ဥဒါဟရုဏ်ပုံစံနှင့်တကွ စာစပ်ဆိုရိုး ကို ပြတော့မည်၊ စာမစပ်ဖူးသေးသောသူတို့ နှုတ်တက်ရအောင် ကျက်ပြီးလျှင် ပါဠိတော် အဋ္ဌကထာ (မိမိတို့ သင်ယူအပ်သော) ကျမ်းစာဝယ် စာစပ်ကို လေ့လာကြပါကုန်။
ပဌမာဝိဘတ်ဆိုင်ရာစာစပ် တုလျတ်-လိင်္ဂတ်။ ။ [ဧသော မေ သတ္ထာ၊ ဧသော-ဤသူသည်၊ ဝါ-ဤသူကား၊ မေ-ငါ၏၊ သတ္ထာ-ဆရာတည်း။] ဧသောကား “သည်”ဟူ၍ အနက်ပေးသောကြောင့် သတ္ထာ၌ တုလျတ်, သတ္ထာ ကား လိင်္ဂတ်။ (“ကား”ဟူ၍ အနက်ပေးသောကြောင့်ဟု ဆို၍လည်း စပ်လေ။)
သညီနာမီ-သညာနာမ။ ။ [အဋ္ဌ အက္ခရာ သရာ နာမ] အက္ခရာ ကား “တို့သည်”ဟူ၍ အနက်ပေးသောကြောင့် သရာ နာမ၌ သညီ နာမီဖြစ်သော တုလျတ်, သရာ နာမကား သညာနာမဖြစ်သော လိင်္ဂတ်။
ဝုတ္တကတ္တား-ကြိယာ။ ။ [ပုရိသော ဂစ္ဆတိ။] ပုရိသောကား “သည်”ဟူ၍အနက်ပေးသောကြောင့် ဂစ္ဆတိ၌ တိဝိဘတ်ဟူသော အာချာတ်ကြိယာဝါစကသည် ဟောအပ်သော ဝုတ္တကတ္တား, ဂစ္ဆတိ ကား ထိုကတ္တားကို ဟောသော အာချာတ်ကြိယာဝါစက။
ပကတိဝိကတိကတ္တား-ကြိယာ။ ။ [သာမဏေရော ဥပသမ္ပန္နော
အဟောသိ၊ သာမဏေရော-သာမဏေသည်၊ ဥပသမ္ပန္နော-ရဟန်း သည်၊ အဟောသိ-ဖြစ်ပြီ။] သာမဏေရောကား “သည်” ဟူ၍ အနက် ပေးသောကြောင့် အဟောသိ၌ ဤ ဝိဘတ်ဟူသော အာချာတ်ကြိယာဝါစကသည် ဟောအပ်သော ပကတိဝုတ္တကတ္တား, ဥပသမ္ပန္နောကား“သည်”ဟူ၍ အနက်ပေးသောကြောင့် အဟောသိ ၌ ဝိကတိဝုတ္တကတ္တား, အဟောသိကား ထိုပကတိဝိကတိကတ္တားကို ဟောသော အာချာတ်ကြိယာဝါစက။
အမှာ။ ။ ပကတိဝိကတိသဘော မသက်သော အမည်သညာ ပေးရာ “အဋ္ဌ အက္ခရာ သရာ နာမ ဟောန္တိ” စသည်၌ အက္ခရာ ကား “တို့သည်”ဟူ၍ အနက်ပေးသောကြောင့် ဟောန္တိ၌ အန္တိ ဝိဘတ်ဟူသော အာချာတ်ကြိယာဝါစကသည် ဟောအပ်သော သညီနာမီဝုတ္တကတ္တား, သရာ နာမကား “တို့မည်သည်” ဟူ၍ အနက်ပေးသောကြောင့် ဟောန္တိ၌ သညာနာမ ဖြစ်သော ဝုတ္တ ကတ္တား, ဟောန္တိကား သညီနာမီ သညာနာမ ကတ္တား ၂ မျိုးကို ဟောသော အာချာတ်ကြိယာဝါစကဟု တစ်မျိုးပြင်၍ ဆိုလေ။
ဝုတ္တကံ-ကြိယာ။ ။ [မဂ္ဂေါ ဂစ္ဆီယတေ။] မဂ္ဂေါကား “ကို” ဟူ၍ အနက်ပေးသောကြောင့် ဂစ္ဆီယတေ၌ တေဝိဘတ်ဟူသော အာချာတ်ကြိယာဝါစကသည် ဟောအပ်သော ဝုတ္တကံ, ဂစ္ဆီယတေ ကား ထိုကံကို ဟောသော အာချာတ်ကြိယာဝါစက။ [ပကတိဝိကတိ ဝုတ္တကံ, သညီနာမီ သညာနာမ ဝုတ္တကံတွေ့လျှင် ဝုတ္တကတ္တားကို နည်းမှီ၍ စပ်တတ်လောက်ပြီ။]
အာလုပ်။ ။ [ဘော ပုရိသ၊ အို ယောက်ျား+ဂစ္ဆ=သွားလော။] ဘော ပုရိသကား သဇီဝအာလုပ်ပုဒ်တည်း၊ တစ်နည်း=ဘော ပုရိသ ကား “အို ယောက်ျား” ဟူ၍ အနက်ပေးသောကြောင့် ဂစ္ဆ၌ ဗဟိဒ္ဓ ကြိယာဝိသေသန, ဂစ္ဆကား ဗဟိဒ္ဓကြိယာဝိသေသျ။
ဒုတိယာဝိဘတ်ဆိုင်ရာစာစပ် အဝုတ္တကံ-ကြိယာ။ ။ [မဂ္ဂံ ဂစ္ဆတိ။] မဂ္ဂံကား“ကို”ဟူ၍ အနက် ပေးသောကြောင့် ဂစ္ဆတိ၌ တိဝိဘတ်ဟူသော အာချာတ်ကြိယာ ဝါစကသည် မဟောအပ်သော အဝုတ္တကံ, ဂစ္ဆတိကား ထိုကံကို မဟောသော အာချာတ်ကြိယာဝါစက။ [မဂ္ဂံ ဂတော။] စသည်ဖြင့် ကိတ်ကြိယာနှင့်တွဲဖက်ရာ၌လည်း “တပစ္စည်းဟူသော ကိတ်ကြိယာ ဝါစကသည် မဟောအပ်သော”ဟု ဆိုရုံသာ၊ ကတ္တားအရာ၌လည်း ဤနည်းပင်တည်း။
ပကတိဝိကတိကံ-ကြိယာ။ ။ [သုဝဏ္ဏံ ကဋကံ ကရောတိ။]
သုဝဏ္ဏံကား “ကို”ဟူ၍ အနက်ပေးသောကြောင့် ကရောတိ၌ တိ ဝိဘတ်ဟူသော အာချာတ်ကြိယာဝါစကသည် မဟောအပ်သော ပကတိအဝုတ္တကံ, ကဋကံကား “ကို”ဟူ၍ အနက်ပေးသောကြောင့် ကရောတိ၌ ဝိကတိအဝုတ္တကံ, ကရောတိကား ထိုပကတိဝိကတိကံ ကို မဟောသော အာချာတ်ကြိယာဝါစက။ [ပကတိ ဝိကတိ သဘောကို “ယံ ကရောတိ တံ ကမ္မံ”သုတ်၌ ကြည့်။]
ကာလအစ္စန္တသံယောဂ-သံယောဂဝန္တ။ ။ [မာသံ+ဘုဉ္ဇတိ-တစ်လပတ်လုံး စား၏။] မာသံကား “ပတ်လုံး”ဟူ၍ အနက်ပေးသော ကြောင့် ဘုဉ္ဇတိ၌ ကာလအစ္စန္တသံယောဂ, ဘုဉ္ဇတိကား ကာလ အစ္စန္တသံယောဂဝန္တ။
အဒါအစ္စန္တသံယောဂ-သံယောဂဝန္တ။ ။ [ယောဇနံ+ဒီဃော တစ်ယူဇနာတိုင်တိုင် + ရှည်၏။] ယောဇနံကား “တိုင်တိုင်” ဟူ၍ အနက်ပေးသောကြောင့် ဒီဃော၌ အဒ္ဓါအစ္စန္တသံယောဂ, ဒီဃော ကား အဒ္ဓါအစ္စန္တသံယောဂဝန္တ။
ကမပ္ပဝစနီယ-ကမ္မပ္ပဝစနီယယုတ္တ။ ။ [ပဗ္ဗဇိတံ အနု ပဗ္ဗဇိံသု၊ အနက်ကို သုတ်နက်မှာကြည့်။] ပဗ္ဗဇိတံကား အနု၌ ကမ္မပ္ပဝစနီယ ယုတ္တ, အနုကား ကမ္မပ္ပဝစနီယ။ [ဆရာတို့ကား တစ်မျိုးဆို၍ စပ်ကြ သေး၏။]
ကာရိတ်ဆိုင်ရာ။ ။ သာမိကော ဒါသံ ဂါမံ ဂမယတိ-သခင်သည် ကျွန်ကို ရွာသို့ သွားစေ၏၊ ဤ၌ ဒါသံသည် ဂမယတိ၌ ကာရိတ် ဏယပစ္စည်းတွင် စပ်၏၊ “ကျွန်ကို+စေ”ဟူသော စကားကိုကြည့်၊ ဂါမံကား ဂမုဓာတ်၌ စပ်၏၊ “ရွာသို့ သွား”ဟူသော စကားကို စဉ်းစား၊ သာမိကောကား ကာရိတ် ဏယပစ္စည်း၏ ကတ္တားတည်း၊ “သခင်သည်+စေ”ဟူသော စကားကို စဉ်းစားကြည့်ပါ။
စာစပ်။ ။ သာမိကောကား “သည်”ဟူ၍ အနက်ပေးသောကြောင့် ဂမယတိ၌ ဏယပစ္စည်းသည် ဟောအပ်သော ကာရိတ်ဝုတ္တကတ္တား, ဂမယတိကား ထိုကတ္တားကို ဟောသော အာချာတ်ကြိယာဝါစက၊ ဒါသံကား “ကို”ဟူ၍ အနက်ပေးသောကြောင့် ဂမယတိ၌ ဏယ ပစ္စည်းသည် မဟောအပ်သော ကာရိတ်အဝုတ္တကံ, ဂမယတိကား ထိုကံကို မဟောသော အာချာတ်ကြိယာဝါစက၊ ဂါမံကား “သို့” ဟူ၍ အနက်ပေးသောကြောင့် ဂမယတိ၌ ဂမုဓာတ် တိဝိဘတ် ဟူသော အာချာတ်ကြိယာဝါစကသည် မဟောအပ်သော အဝုတ္တကံ, ဂမယတိကား ထိုကံကို မဟောသော အာချာတ်ကြိယာဝါစက။ [အဝုတ္တကံ အဝုတ္တကတ္တားများကိုလည်း ဤနည်းမှီး၍ စပ်တတ် လောက်ပြီ။]
ကြိယာဝိသေသန။ ။ [ဧကမန္တံ-သင့်တင့်လျောက်ပတ်စွာ (သင့်တင့်လျောက်ပတ်အောင်)၊ နိသီဒိ-ထိုင်နေပြီ။] ဧကမန္တံကား “စွာ”ဟူ၍ အနက်ပေးသောကြောင့် နိသီဒိ၌ ကြိယာဝိသေသန, နိသီဒိကား ကြိယာဝိသေသျ။
အမှာ။ ။ မုဒုံ-နူးနူးညံ့ညံ့၊ ပစတိ-ချက်၏၊ သုခံ-ချမ်းချမ်းသာသာ၊ သယတိ-အိပ်၏၊ ဤ၌ မုဒံ သုခံ တို့သည် ကြိယာဝိသေသနပင် ဖြစ်၏၊ မုဒုံကား “နူးနူးညံ့ညံ့”ဟူ၍ အနက်ပေးသောကြောင့်ဟု အနက်အတိုင်းဆို၍ စပ်၊ “ဒက္ခိဏာဝတ္တံ-လက်ယာရစ်လည်၍၊ ဇာနံ၊ ဇာနန္တော-သိလျက်၊ ယထာဗာလံ-မိုက်သည့်အလျောက်, မိုက်သည့်အလိုက်၊ သီဃံ-လျင်လျင်မြန်မြန်” စသည်ဖြင့် ကြိယာ ဝိသေသနတွေ များ၏, အနက်ရှိတိုင်းဆို၍ စာစပ်လေ။
တတိယာဝိဘတ်ဆိုင်ရာစာစပ် ကရိုဏ်းကြိယာ။ ။ [ဒတ္တေန ဝိဟိံ လုနာတိ။] ဒတ္တေနကား “ဖြင့်”ဟူ၍ အနက် ပေးသောကြောင့် လုနာတိ၌ ကရိုဏ်း, လုနာတိ ကား ကရိုဏ်းကြိယာ။
သဟယောဂ-သဟယောဂဝန္တ။ ။ [သဟာပိ ဂဂ္ဂေန။] ဂဂ္ဂေနကား “နှင့်”ဟူ၍ အနက် ပေးသောကြောင့် သဟာပိ၌ သဟယောဂ, သဟာပိကား သဟယောဂဝန္တ။
သဟာဒိယောဂ-သဟာဒိယောဂဝန္တ။ ။ [ဝိနာပိ ဂဂ္ဂေန။] ဂဂ္ဂေန ကား“နှင့်”ဟူ၍ အနက်ပေးသောကြောင့် ဝိနာပိ၌ သဟာဒိယောဂ, ဝိနာပိကား သဟာဒိယောဂဝန္တ။
သဟတ္ထယောဂ-သဟတ္ထယောဂဝန္တ။ ။ [ကောကာလိကေန ကောကာလိကနှင့်(တကွ)၊ ပါဝိသိ-ဝင်ပြီ။] ကောကာလိကေနကား “တကွ”ဟူသောအနက်၌ သဟတ္ထယောဂ, “တကွ”ဟူသောအနက်ကား သဟတ္ထယောဂဝန္တ။
အဝုတ္တကတ္တား-ကြိယာ။ ။ [ပုရိသေန ဂစ္ဆီယတေ။] ပုရိသေန ကား “သည်” ဟူ၍ အနက်ပေးသောကြောင့် ဂစ္ဆီယတေ၌ တေ ဝိဘတ်ဟူသော အာချာတ်ကြိယာဝါစကသည် မဟောအပ်သော အဝုတ္တကတ္တား, ဂစ္ဆီယတေကား ထို ကတ္တားကို မဟောသော အာချာတ်ကြိယာဝါစက။
ဟိတ်-ဖိုလ်။ ။ [အန္နေန ဝသတိ။] အန္နေနကား “ကြောင့်” ဟူ၍ အနက်ပေးသောကြောင့် ဝသတိ၌ အကြောင်းဖြစ်သော ဟိတ်, ဝသတိကား အကျိုးဖြစ်သော ဖိုလ်။
အင်္ဂဝိကာရလက္ခဏ-လက္ချ။ ။ [အက္ခိနာ ကာဏော။] အက္ခိနာကား“ဖြင့်”ဟူ၍ အနက်ပေးသောကြောင့် ကာဏော၌ အင်္ဂဝိကာရလက္ခဏ, ကာဏောကား အင်္ဂဝိကာရလက္ချ။
ဣတ္ထမ္ဘူတလကဏ-လက္ချ။ ။ [တိဒဏ္ဍကေန ပရိဗ္ဗာဇကံ၊ တိဒဏ္ဍဖြင့် မှတ်အပ်သော ပရိဗ္ဗိုဇ်ကို။] တိဒဏ္ဍကေနကား “ဖြင့်” ဟူ၍ အနက်ပေးသောကြောင့် ပရိဗ္ဗာဇကံ၌ ဣတ္ထမ္ဘူတလက္ခဏ, ပရိဗ္ဗာဇကံကား ဣတ္ထမ္ဘူတလက္ချ။
ဘိန္နာဓိကရဏဝိသေသန-ဝိသေသျ။ ။ [ဂေါတ္တေန ဂေါတမော၊၊] ဂေါတ္တေနကား “အားဖြင့်”ဟူ၍အနက်ပေးသောကြောင့် ဂေါတမော ၌ ဘိန္နာဓိကရဏဝိသေသန, ဂေါတမောကား ဘိန္နာဓိကရဏ ဝိသေသျ။
အဘိန္နဝိသေသန-ဝိသေသျ။ ။ [ပရမတ္ထတော-ပရမတ္ထအားဖြင့်၊ စတုဓာ-လေးပါးပြားကုန်၏။] ပရမတ္ထတောကား “အားဖြင့်”ဟူ၍ အနက်ပေးသောကြောင့် စတုဓာ၌ အဘိန္နဝိသေသန, စတုဓာကား အဘိန္နဝိသေသျ။
ကြိယာဝိသေသန-ဝိသေသျ။ ။ [သမေန-ညီညွတ်သဖြင့် (ညီညီညွတ်ညွတ်)၊ ဓာဝတိ-ပြေး၏။] သမေနကား “သဖြင့်”ဟူ၍ အနက် ပေးသောကြောင့် ဓာဝတိ၌ ကြိယာဝိသေသန, ဓာဝတိကား ကြိယာ ဝိသေသျ။
နာမဝိသေသန-ဝိသေသျ။ ။ [ယေဘုယျေန-များသောအားဖြင့်၊ မတ္တိကာ-မြေညက်တည်း။] ယေဘုယျေနကား “အားဖြင့်”ဟူ၍ အနက်ပေးသောကြောင့် မတ္တိကာ၌ နာမဝိသေသန, မတ္တိကာကား နာမဝိသေသျ။
သရူပက္ချာဝိသေသန-ဝိသေသျ။ ။ [ပဋိသန္ဓိဘဝင်္ဂစုတိဝသေန ပဋိသန္ဓိ ဘဝင် စုတိတို့၏အပြားအားဖြင့်၊ တိကိစ္စာနိ-၃ ကိစ္စ ရှိကုန် ၏။] ပဋိသန္ဓိဘဝင်္ဂစုတိဝသေနကား “အားဖြင့်”ဟူ၍ အနက်ပေး သောကြောင့် တိကိစ္စာနိ၌ သရူပက္ချာဝိသေသန, တိကိစ္စာနိကား သရူပက္ချာဝိသေသျ။
စတုတ္ထီဝိဘတ်ဆိုင်ရာစာစပ် သမ္ပဒါန်-သမ္ပဒါနီ။ ။ [ဘိက္ခုဿ ဒဒါတိ။] ဘိက္ခုဿကား “အား”ဟူ၍ အနက်ပေးသောကြောင့် ဒဒါတိ၌ သမ္ပဒါန်, ဒဒါတိ ကား သမ္ပဒါနီ။
တဒတ္ထသမ္ပဒါန်။ ။ [ဗုဒ္ဓဿ အတ္ထာယ ဇီဝိတံ ပရိစ္စဇာမိ။] အတ္ထာယကား “ငှာ”ဟူ၍ အနက်ပေးသောကြောင့် ပရိစ္စဇာမိ၌ တဒတ္ထသမ္ပဒါန်, ပရိစ္စဇာမိကား တဒတ္ထသမ္ပဒါန်၏ ကြိယာ။
တုမတ္ထသမ္ပဒါန်။ ။ [လောကာနုကမ္ပာယ ဗုဒ္ဓေါ လောကေ ဥပ္ပဇ္ဇတိ။] လောကာနုကမ္ပာယကား “ငှာ”ဟူ၍ အနက်ပေးသော ကြောင့် ဥပ္ပဇ္ဇတိ၌ တုမတ္ထသမ္ပဒါန်, ဥပ္ပဇ္ဇတိကား တုမတ္ထသမ္ပဒါန်၏ ကြိယာ။ [နိန္ဒိတုံ အရဟတိကိုလည်း ဤနည်းအတိုင်း စပ်။]
ပဉ္စမီဝိဘတ်ဆိုင်ရာစာစပ် အပါဒါန်-အပါဒါနီ။ ။ [ဂါမာ အပေန္တိ။] ဂါမာကား “မှ”ဟူ၍ အနက်ပေးသောကြောင့် အပေန္တိ၌ အပါဒါန်, အပေန္တိကား အပါဒါနီ။
ဝိဘတ္တအပါဒါန်။ ။ [ယတော-အကြင်ဝိနည်းတရားတော်ထက်၊ ပဏီတတရော ဝါ - ထူးသော တရားသည်လည်း၊ နတ္ထိ - မရှိ။] ယတောကား “ထက်”ဟူ၍အနက်ပေးသောကြောင့် ပဏီတတရော ၌ ဝိဘတ္တအပါဒါန်, ပဏီတတရောကား ဝိဘတ္တအပါဒါနီ။
အမှာ။ ။ “အယံ-ဤသူသည်၊ ဣတော-ဤသူ့အောက်၊ ဟီန တရော-အထူးယုတ်မာ၏”ကဲ့သို့ “အောက်”ဟု အနက်ပေးရာ၌ လည်း ဤဝိဘတ္တအပါဒါန်ပင်တည်း၊ ဤဝိဘတ္တအပါဒါန်အနက်၌ ဆဋ္ဌီဝိဘတ်သက်၍ “အောက်, ထက်”ပေးရသော “ဆန္နဝုတီနံ ပါသဏ္ဍာနံ-၉၆ ပါးသော ပါသဏ္ဍအယူတို့ထက်၊ ပဝရံ-မြတ်၏” စသော ပုံစံများလည်း ရှိသေး၏၊ အပါဒါန်, အပါဒါနီဟု စာစပ်။
ပဉ္စမီဟိတ်-ဖိုလ်။ ။ [အဝိဇ္ဇာပစ္စယာ-အဝိဇ္ဇာဟူသောအကြောင်း ကြောင့်၊ သင်္ခါရာ-သင်္ခါရတို့သည်၊ သမ္ဘဝန္တိ-ဖြစ်ကုန်၏။] အဝိဇ္ဇာ ပစ္စယာကား “ကြောင့်”ဟူ၍ အနက်ပေးသောကြောင့် သမ္ဘဝန္တိ၌ အကြောင်းဖြစ်သော ဟိတ်, သမ္ဘဝန္တိကား အကျိုးဖြစ်သော ဖိုလ်။
ဆဋ္ဌီဝိဘတ်ဆိုင်ရာစာစပ် သမ္ဗန်-သမ္ဗန္ဓီ။ ။ [ဘိက္ခုနော ပတ္တော။] ဘိက္ခုနောကား “၏”ဟူ၍ အနက်ပေးသောကြောင့် ပတ္တော၌ သမ္ဗန်, ပတ္တောကား သမ္ဗန္ဓီ။
နိဒ္ဓါရဏသမုဒါယ-နိဒ္ဓါရဏီယ။ ။ [ကဏှာ ဂါဝီနံ။] ဂါဝီနံကား “တို့တွင်” ဟူ၍ အနက်ပေးသောကြောင့် ကဏှာ၌ နိဒ္ဓါရဏ သမုဒါယ, ကဏှာကား နိဒ္ဓါရဏီယ။ [သုဝိဘတ်သက်၍ “တို့တွင်” ဟု အနက်ပေးရာ၌လည်း စာစပ်အတူပင်။]
အနာဒရစသော ၄ ချက်။ ။ [ရုဒတော ဒါရကဿ ပဗ္ဗဇိ ပိတာ၊ အနက်နှင့်အဓိပ္ပာယ်ကို သုတ်နက်မှာ ကြည့်။] ဒါရကဿကား “သည်”ဟူ၍ အနက်ပေးသောကြောင့် ရုဒတော၌ အနာဒရိယဝန္တ ဝုတ္တကတ္တား, ရုဒတောကား အနာဒရိယကြိယာ၊ ရုဒတောကား “စဉ်”ဟူ၍ အနက်ပေးသောကြောင့် ပဗ္ဗဇိ၌ အနာဒရိယ, ပဗ္ဗဇိ ကား အနာဒရ, ပိတာကား “သည်”ဟူ၍ အနက်ပေးသောကြောင့် ပဗ္ဗဇိ၌ အနာဒရဝန္တဝုတ္တကတ္တား, ပဗ္ဗဇိကား ထိုကတ္တားကိုဟော သော အနာဒရဖြစ်သော အာချာတ်ကြိယာဝါစက။
သတ္တမီဝိဘတ်ဆိုင်ရာစာစပ် အာဓာရ-အာဓေယ်။ ။ [ပါပသ္မိံ ရမတိ။] ပါပသ္မိံကား “၌”ဟူ၍ အနက်ပေးသောကြောင့် ရမတိ၌ အာဓာရ, ရမတိကား အာဓေယ်။ [အာဓာရ၌ တည်သောအရာကို “အာဓေယ”ဟု ဆို၏၊ “ထေရောထေရ်”ဆိုသလို, အာဓေယကိုလည်း “အာဓေယ်”ဟု ဆိုသည်၊ အာဓာရီဟု ဆိုကြသည်မှာ ကျမ်းဂန်လာ မဟုတ်။]
နိမိတ်-နိမိတ္တဝန္တ။ ။ [ စမ္မေသု ဟညတေ။] စမ္မေသုကား “တို့ကြောင့်”ဟူ၍ အနက်ပေးသောကြောင့် ဟညတေ၌ နိမိတ်, ဟညတေကား နိမိတ္တဝန္တ။ [သရာ သရေ လောပံ၌ “သရေနှင့် လောပံကိုလည်း စပ်ပါ။]
အပေါင်း-အစိတ်။ ။ [ရုက္ခေ သာခါ၊ သစ်ပင်၌+သစ်ခက်။] ရုက္ခေကား “၌” ဟူ၍ အနက်ပေးသောကြောင့် သာခါ၌ အပေါင်း အာဓာရ, သာခါကား အစိတ်အာဓေယ်။
လက္ခဏစသော ၄ ချက်။ ။ [ဂေါသု ဒုယှမာနာသု ဂတော ပုရိသော။] ဂေါသုကား “တို့ကို” ဟူ၍ အနက်ပေးသောကြောင့် ဒုယှမာနာသု၌ လက္ခဏဝန္တဖြစ်သော ဝုတ္တကံ, ဒုယှမာနာသုကား ထိုကံကို ဟောသော လက္ခဏဖြစ်သော ကိတ်ကြိယာဝါစက။ ။ ဒုယှမာနာသုကား “သော်”ဟူ၍ အနက်ပေးသောကြောင့် ဂတော၌ လက္ခဏ, ဂတောကား လက္ချ။ ။ ပုရိသောကား “သည်”ဟူ၍ အနက်ပေးသောကြောင့် ဂတော၌ လက္ချဝန္တဝုတ္တကတ္တား၊ ဂတော ကား ထိုကတ္တားကိုဟောသော လက္ချဖြစ်သော ကိတ်ကြိယာဝါစက။
ကြိယာဝိသေသန-ဝိသေသျ။ ။ [ပစိတွာ ဘုဉ္ဇတိ။] ပစိတွာကား “၍”ဟု အနက်ပေးသောကြောင့် ဘုဉ္ဇတိ၌ ကြိယာဝိသေသန, ဘုဉ္ဇတိကား ကြိယာဝိသေသျ။ [ပစိတွာ ဘုတ္တောဟု ကိတ်ပုဒ်၌လည်း နည်းတူ။]
တုလျာဓိကရဏဝိသေသန-ဝိသေသျ။ ။ [မဟန္တော ပုရိသော၊၊] မဟန္တောကား “သော”ဟူ၍ အနက်ပေးသောကြောင့် ပုရိသော၌ တုလျာဓိကရဏဝိသေသန, ပုရိသောကား တုလျာဓိကရဏ ဝိသေသျ။ [“သော”ဟု အနက်ပေးရသော ဝိသေသနမှန်လျှင် ဤနည်းအတိုင်း စပ်။]
အာကာရ-အာကာရဝန္တ။ ။ [အခြင်းအရာ အမျိုးမျိုးကို အာကာရ ဟု ခေါ်၏၊ တွာပစ္စည်းမပါဘဲ “ဟူ၍”အနက်ပေးလျှင် အာကာရဟု မှတ်၊ ပုဗ္ဗကရဏန္တိ + ဝုစ္စတိ၊ ပုဗ္ဗကရဏဟူ၍ + ဆိုအပ်၏။] ပုဗ္ဗကရဏန္တိကား “ဟူ၍” ဟု အနက်ပေးသောကြောင့် ဝုစ္စတိ၌ အာကာရ, ဝုစ္စတိကား အာကာရဝန္တ။
နိဒဿန-နိဒဿနဝန္တ။ ။ [လက်ညှိုးညွှန်ပြသကဲ့သို့ “ဤသို့”ဟု ညွှန်ပြသောပုဒ်ကို နိဒဿနဟု ခေါ်၏၊ ဣတိ + စတုဓာ၊ ဤသို့+ လေးပါးပြားကုန်၏။] ဣတိကား “ဤသို့” ဟူ၍ အနက်ပေးသော ကြောင့် စတုဓာ၌ နိဒဿန, စတုဓာကား နိဒဿနဝန္တ။ [ဧဝံ ဝေဒိတဗ္ဗံ=ဤသို့+သိအပ်၏၊ ဣစ္စေဝံ-ဤသို့+ဝုတ္တနယေန-ဆိုအပ် ပြီးသော နည်းဖြင့်၊…စသော ပုဒ်များလည်း နည်းတူ။]
နိဒဿေတဗ္ဗ-နိဒဿန။ ။ [ဣတိက ညွှန်ပြအပ်သောအရာကို နိဒဿေတဗ္ဗဟု ခေါ်၏၊ စိတ္တံ စေတသိကံ ရူပံ နိဗ္ဗာနမီတိ။] စိတ္တံ ကား “လည်းကောင်း” ဟူ၍ အနက်ပေးသောကြောင့် ဣတိ၌ နိဒဿေတဗ္ဗ, ဣတိကား နိဒဿန။
သရူပ-သရူပဝန္တ။ ။ [သရုပ်ပြပုဒ်ကို သရူပဟု ခေါ်၏၊ ဒွေ ဓမ္မာ နာမံ ရူပံ၊ နာမ်ရုပ်ဟူသောတရား၂ ပါးတို့။] နာမံကား “နာမ် လည်းကောင်း” ဟူ၍ အနက်ပေးသောကြောင့် ဒွေ ၌ သရူပ, ဒွေ ကား သရူပဝန္တ။ [ရူပံလည်း နည်းတူ၊ သရူပကို သင်္ချေယျ, သရူပဝန္တ ကို သင်္ချာ ဟု ဆို၍လည်း စပ်ကြ၏။]
ထို့ပြင် “ဟောတိ ယထာ-ဖြစ်သကဲ့သို့၊ တထာ-ထို့အတူ စသည် ဖြင့် လာရာ၌ ယထာသဒ္ဒါ, ဣဝသဒ္ဒါ, ဝိယသဒ္ဒါကား ဥပမာန ဇောတကနိပါတ်ပုဒ်တည်း၊ တထာသဒ္ဒါ, ဧဝံသဒ္ဒါကား ဥပမေယျ ဇောတကနိပါတ်ပုဒ်တည်း။
ဤသို့လျှင် တစ်စုံတစ်ခုသော ပုဒ်၌ မစပ်ဘဲ, နာမည်ကို ထုတ်ဖော်ပြောပြရသော အရာများလည်း ရှိ၏၊ ဝါကျအချင်းချင်း ဆက်စပ်နည်း, ဟိ စ ပန နိပါတ်ပုဒ်စပ်နည်းများလည်း ရှိသေး၏၊ ထို အားလုံးမှာ ဝါကျ၏ အရာသာ ဖြစ်၍ ဤ အခြေပြုစာစပ်၌ လျစ်လျူရှုအပ်တော့သတည်း။
အခြေပြုစာစပ်ပြီး၏။
နိဂုံးချုပ် သောတူနံ ပါဒဘာဝါယ, ကစ္စာယနသုတ္တက္ကမော၊ မဏ္ဍိတော သာဓိပ္ပာယေန, နိဿယေန မယာ သုဘော။ တောသယန္တော မနော သာဓု-သောတူနံ ဉာဏသံဟိတံ၊ မောဒယံ ဇောတတံ ကလ္လံ, ကရံ နိရုတ္တိပါဒကံ။ ယဒိ အညော ဥပ္ပဇ္ဇေထ, ဣတောပိ သာဓုသမ္မတော၊ တဿောကာသံ ပဒါနာယ, အယံ အန္တရဓာယတံ။ “စာသင်ပျိုမြစ်တို့ အခြေဖြစ်ဖို့ရာ ကစ္စည်းသုတ်စဉ်ကို နိယံ အဓိပ္ပါယ်တို့ဖြင့် တင့်တယ်စွာ တန်ဆာဆင်အပ်ပြီ၊ ဤခြေပြုသဒ္ဒါသည် သူတော်စင်စာသင်သားတို့၏ ဉာဏ်နှင့် ယှဉ်သောစိတ်ကို နှစ်သက်စေလျက် သဒ္ဒါဖက် အခြေပြုကာ ယခုအခါဝယ် ခံ့ငြားစွာ ထွန်းလင်းပါစေ။
ဤအခြေပြုထက် ကောင်းသည်ဟု ပညာရှိ သူတော်အပေါင်း တို့ အသိအမှတ်ပြုလောက်သော အခြေပြုတစ်မျိုး ပေါပေါက်လာ သည့်အခါ ထိုကျမ်းစာသစ် အခွင့်သာအောင် ဤကျမ်းစာ အခြေပြုက ရှောင်တိမ်း ကွယ်ပရစ်ပါစေ”ဟူလို။
အခြေပြုသဒ္ဒါပြီးပြီ။