Issues
Select Version
AI-汉译-Nissaya
简体中文
Janakābhivaṃsa-ဇနကာဘိဝံသ
မြန်မာဘာသာ
Kaccāyanabyākaraṇaṃ
Kaccāyanabyākaraṇaṃ

ကိတ်ကျမ်းအချီ ကိတ်ခေါ်ပုံ။ ။ ကိရတီတိ ကိတော၊ ယော-အကြင် ဏ အစရှိသော ပစ္စည်းသည်၊ သိဿကင်္ခံ-တပည့်အများ၏ ယုံမှားသံသယကို၊ ကိရတိပယ်ရှားတတ်၏၊ ဣတိ-ထို့ကြောင့်၊ သော-ထိုဏ အစရှိသောပစ္စည်းသည်၊ ကိတော-ကိတ မည်၏၊ ကိတ်ပစ္စည်း မသက်ဘဲ ဓာတ်ချည်း ထားလျှင် “ဤ ဓာတ်သည် ကတ္တားဟောလေ

Author: Janakābhivaṃsa-ဇနကာဘိဝံသ @ IAPT

ကိတ်ကျမ်းအချီ ကိတ်ခေါ်ပုံ။ ။ ကိရတီတိ ကိတော၊ ယော-အကြင် ဏ အစရှိသော ပစ္စည်းသည်၊ သိဿကင်္ခံ-တပည့်အများ၏ ယုံမှားသံသယကို၊ ကိရတိပယ်ရှားတတ်၏၊ ဣတိ-ထို့ကြောင့်၊ သော-ထိုဏ အစရှိသောပစ္စည်းသည်၊ ကိတော-ကိတ မည်၏၊ ကိတ်ပစ္စည်း မသက်ဘဲ ဓာတ်ချည်း ထားလျှင် “ဤ ဓာတ်သည် ကတ္တားဟောလေလား, ကံဟောလေလား” စသည်ဖြင့် ယုံမှားဖွယ်ရှိ၏၊ ပစ္စည်းနှင့်တွဲသည့်အခါ ကတ္တားဟောမှန်း, ကံဟောမှန်း စသည်သိရသဖြင့် ဤ ဏစသောပစ္စည်းများက ထိုယုံမှားမှုကို ပယ်ဖျောက် နိုင်လေသည်၊ ထို့ကြောင့် ဏ စသောပစ္စည်းသည် တိုက်ရိုက်မုချအားဖြင့် “ကိတ” မည်၏၊ ထိုကိတပစ္စည်းနှင့် တွဲဖက်ရသော ဓာတ်များလည်း မကင်းရာ မကင်းကြောင်း(အဝိနာဘာဝနည်း)အားဖြင့် ကိတအမည် ရကြ လေသည်၊ ထို ကိတပုဒ်များကို ပြရာဖြစ်သောကျမ်းကိုကား ဌာနီပုဒ်တို့၏ ကိတဟူသော နာမည်ကို ဌာနကျမ်းပေါ် တင်စား၍ ဌာနျူပစာရအားဖြင့် ကိတကျမ်း, တကို သတ်၍ “ကိတ်ကျမ်း”ဟု ခေါ်ဝေါ်အပ်လေသည်။

သာဓန ၇ ပါး။ ။ ထိုကိတ်ပစ္စည်းများ၏ အနက်ကား ကတ္တုသာဓန, ကမ္မသာဓန, ကရဏသာဓန, သမ္ပဒါနသာဓန, အပါဒါနသာဓန, အဓိကရဏသာဓန, ဘာဝသာဓနဟု ၇ ပါး ပြား၏၊ ထိုတွင် “သာဓေတိကြိယာကို ပြီးစေတတ်၏၊ ဣတိ-ထို့ကြောင့်၊ သာဓနံ-သာဓန မည်၏”အရ ကြိယာကို ပြီးစေတတ်သော သတ္တိကို သာဓနဟု ခေါ်၏၊ (တစ်နည်း) သာဓိယတေ-ပြီးစေအပ်၏၊ ဣတိ-ထို့ကြောင့်၊ သာဓနံ-သာဓနမည်၏” အရ ကတ္တားသည် ပြီးစေအပ်သော ကြိယာသည်လည်း သာဓန မည်၏၊ ထို့ကြောင့် သာဓနသည် “သတ္တိသာဓန, ကြိယာသာဓန”ဟု ၂ မျိုးရှိ၏၊ ရှေ့ သာဓန ၆ ပါးသည် သတ္တိသာဓနတည်း၊ ဘာဝသာဓနကား ကြိယာ သာဓနတည်း၊ ဤစကားစဉ်အရ “ထိုထိုပစ္စည်းများသည် ဟောပြအပ် သော သတ္တိအနက်, ကြိယာအနက်ကိုသာ မုချ သာဓနခေါ်သည်”ဟု မှတ်၊ ထိုအနက်ကို ဟောပြသောပစ္စည်း, ထိုပစ္စည်းနှင့် တွဲဖက်ဖြစ်သော ဓာတ်များ၌ကား အနက်ကို အကြောင်းပြု၍ ကာရဏူပစာရအားဖြင့် ကတ္တုသာဓနပုဒ် စသော အခေါ်အဝေါ်များ ဖြစ်ကြလေသည်။

သာဓနအနက်သံ။ ။ ဤသို့လျှင် သတ္တိနှင့်ကြိယာကို မုချ သာဓနဟု ခေါ်ရသောကြောင့် ရှေ့ သာဓန ၆ ပါးကို အနက်ပေးသည့်အခါ သတ္တိသံ ပါအောင် အနက်ပေးရသည်။

“ပြုတတ်, ချက်တတ်”စသည်ဖြင့် အနက်ပေးရာ၌ “တတ်”ဟူသော အနက်သည် ကတ္တုသတ္တိနက်တည်း။

“ပြုအပ်, ချက်အပ်”စသည်ဖြင့် အနက်ပေးရာ၌ “အပ်”ဟူသော အနက်သည် ကမ္မသတ္တိနက်တည်း။

“ပြုကြောင်း, ချက်ကြောင်း”စသည်ဖြင့် အနက်ပေးရာ၌ “ကြောင်း” ဟူသော အနက်သည် ကရဏသတ္တိနက်တည်း။

“ပေးရာ”စသည်ဖြင့် အနက်ပေးရာ၌ ပေးကမ်းခြင်းသဘောပါလျက် “ရာ”ဟူသော အနက်သည် သမ္ပဒါနသတ္တိနက်တည်း။ “ဖဲခဲ့ရာ, ထွက်ခဲ့ရာ”စသည်ဖြင့် အနက်ပေးရာ၌ ခွဲခွာခြင်းသဘော ပါလျက် “ရာ”ဟူသော အနက်သည် အပါဒါနသတ္တိနက်တည်း။ “တည်နေရာ, အိပ်ရာ”စသည်ဖြင့် အနက်ပေးရာ၌ တည်ရာသဘော ပါလျက်“ရာ”ဟူသောအနက်သည် အဓိကရဏသတ္တိနက်တည်း။ “ပြုခြင်း, ချက်ခြင်း” စသည်ဖြင့် အနက်ပေးရာ၌ “ခြင်း” ဟူသော အနက်သည် ဘာ၀ အနက်တည်း။

[ဆောင်]၁။ ကတ္တု ကမ, ကရဏနှင့်, သမဒါနာ, အပါဒါတည့်, အဓိကရဏ ဘော, မှတ်ကြလော, ကိတ်ဟော သာဓန။ ၂။ ကတ္တား တတ်ဆို, ကံ အပ်ဆို၍, ကြောင်းကို ကရဏ, သမ္ပဒါနာ, အပါဒါတည့်, အဓိကရိုဏ်း, ဤသုံးဂိုဏ်းမှာ, ရာ ချည်းသာ ဟော, ခြင်းမှာ ဘော, မှတ်လော အနက်ပြ။ ဝိဂြိုဟ်အကြောင်း။ ။ ဤကိတ်ကျမ်းမှစ၍ ဝိဂြိုဟ်ပြုဖို့ရာ အချိန်ရောက်လာပြီ၊ “နိပ္ဖန္နဿ အတ္ထော ဝိသေသေန ဂယှတီတိ ဝိဂ္ဂဟော၊ နိပ္ဖန္နဿ-ဓာတ် ပစ္စည်း စသည်တို့ဖြင့် ပြီးစေအပ်စကောင်းသောပုဒ်၏၊ အတ္ထော-အနက်ကို၊ ဝိသေသေန-မလိုရာအနက်တို့နှင့် မရောယှက် ရအောင် ထူးခြားသောအားဖြင့်၊ ဂယှတိ-ယူအပ်, သိအပ်၏၊ ဣတိထို့ကြောင့်၊ ဝိဂ္ဂဟော-ဝိဂ္ဂဟမည်၏”ဟူသည်နှင့်အညီ…ထိုထိုပုဒ်နက်ကို မလိုရာအနက်များနှင့် မရောနှောစေဘဲ ကွဲကွဲပြားပြား နားလည်အောင် ပြသော ဝါကျတစ်မျိုးကို “ဝိဂြိုဟ်”ဟု ခေါ်သည်။

ဝိဂြိုဟ် မခက်။ ။ ဤ ဝိဂြိုဟ် ပြုရခြင်းသည် ငယ်ရွယ်သူများ ထင်သလောက် ခက်ခဲသည် မဟုတ်၊ အာချာတ်ရုပ် အနေအထားကို နားလည်လျှင် အလွယ်တကူဖြင့် ပြုနိုင်လိမ့်မည်၊ ဥပမာ…“ပါစကောချက်တတ်သူ”ဟူရာ၌ “ချက်တတ်”ဟူသောအနက်ကို “ပစတိ”ဟူသော အာချာတ်ကြိယာက ဟော၏၊ ထို့ကြောင့် “ပစတီတိ ပါစကော”ဟု ဝိဂြိုဟ် ပြုရမည်။ [ဤ၌ “ပစတိ”သာ ဝိဂြိုဟ်တည်း၊ “ဣတိ”ကား “ချက်တတ်” ဟူသော ကတ္တုသတ္တိနက်ကို ညွှန်ပြသောပုဒ်တည်း၊ “ပါစကော”ကား ပစတိနှင့်အနက်တူသော နိပ္ဖန္န(ဓာတ် ပစ္စည်းတို့ဖြင့် ပြီးစေအပ်သော)ပုဒ် တည်း။] အခြားဝိဂြိုဟ်လုပ်နည်းများကို မကြာခင် သိရလတ္တံ့။

ဂိုဏ်းသွင်း။ ။ ဤကိတ်ပုဒ်များသည် နာမ်ပုဒ်မျိုးပင် ဖြစ်သောကြောင့် တွေ့သမျှပုဒ်များကို ဆိုင်ရာနာမ်ဂိုဏ်းတွင်းသို့ သွင်းနိုင်မှသာ ပါဠိတော် အဋ္ဌကထာတို့၌ ပုဒ် အမှားအမှန်ကိုလည်းကောင်း, အနက် အမှားအမှန် ကိုလည်းကောင်း ပိုင်နိုင်စွာ သိနိုင်မည်၊ ထို့ကြောင့် ဤကိတ်ပုဒ်များကို ဆိုင်ရာ နာမ်ဂိုဏ်းသို့ သွင်းကာ သွင်းကာ ပဒမာလာစဉ်ကို လေ့လာ ကြပါလေ။

ကိတ်ကျမ်းအချီပြီး၏။

ကမ္မာဒိမှိ- ကံပုဒ်အစသည်၊ (သတိ- ရှိလတ်သော်၊) ဓာတုယာ- ဓာတ်မှနောက်၌၊ ဏော- ဏ ပစ္စည်းသည်၊ ဟောတိ- ၏။ ကုမ္ဘကာရော စသည်တည်း။

၁။ ကုမ္ဘကာရောဝယ် ကာရော၌ ကရဓာတ်တည်း၊ ထိုကရဓာတ်၏ အစ (ရှေ့က) ကုမ္ဘကား ဝိဂြိုဟ်ပြုတဲ့အခါ ဒုတိယာဝိဘတ်ဆုံးသော ကံပုဒ် တည်း၊ ထိုသို့ အစ၌ ကံပုဒ်ရှိသောဓာတ်နောင် ဏပစ္စည်းသက်သည်။

သက်ရာကာလ။ ။ “ဏာဒယော တေကာလိကာ”ဟု ဆိုလတ္တံ့နှင့် အညီ, ဤ ဏစသော ပစ္စည်းများသည် ပစ္စုပ္ပန်, အတိတ်, အနာဂတ် ကာလ ၃ မျိုးကို ပြနိုင်၏၊ ထို့ကြောင့် “ကုမ္ဘံ ကရောတီတိ ကုမ္ဘကာရော”ဟု ဝတ္တမာန်ဝိဘတ်ဖြင့်လည်းကောင်း,“ကုမ္ဘံ အကာသီတိ ကုမ္ဘကာရော”ဟု အဇ္ဇတနီဝိဘတ်ဖြင့်လည်းကောင်း,“ကုမ္ဘံ ကရိဿတီတိ ကုမ္ဘကာရော”ဟု ဘဝိဿန္တီဝိဘတ်ဖြင့်လည်းကောင်း ၃ ဝိဂြိုဟ်ပြုရမည်။ [ကုမ္ဘံ-အိုးကို၊ ကရောတိ-ပြုဆဲ၊ အကာသိ-ပြုပြီ၊ ကရိဿတိ-ပြုလတ္တံ့၊ ဣတိထို့ကြောင့်၊ ကုမ္ဘကာရော-ကုမ္ဘကာရမည်၏၊ ကုမ္ဘကာရော-အိုးလုပ်သမား၊ (“အိုးထိန်းသည်”ဟုလည်း ခေါ်၏။)]

ဂိုဏ်းသွင်းပုံ။ ။ ဤ ကုမ္ဘကာရပုဒ်သည် ပုရိသာဒိဂိုဏ်းဝင် ဖြစ်၍ “ကုမ္ဘကာရော, ကုမ္ဘကာရာ၊ ဘော ကုမ္ဘကာရ, ကုမ္ဘကာရာ, ဘောန္တော ကုမ္ဘကာရာ”စသည်ဖြင့် ရုပ်စဉ်ရာ၏၊ အိုးထိန်းသည်အမျိုးကို ဟောလျှင် နပုလ္လိန် စိတ္တာဒိဂိုဏ်းဝင်ဖြစ်၍ “ကုမ္ဘကာရံ၊ ကုမ္ဘကာရာ, ကုမ္ဘကာရာနိ” စသည်ဖြင့် စိတ္တာဒိဂိုဏ်း၌ သွင်း၍စဉ်ရာ၏၊ အိုးထိန်းသည်မကို ဟောရာ၌ “ဏာဒိ န္တ န္တု-ဆုံးမှု ဤသာ”ဟူသည်နှင့်အညီ, ဏဝဏိကဏေယျဏ န္တုဟိသုတ်ဖြင့် -ိပစ္စည်းသက်၊ နဒါဒိဂိုဏ်းအတွင်းသွင်း၍ “ကုမ္ဘကာရီ၊ ကုမ္ဘကာရီ, ကုမ္ဘကာရိယော”စသည်ဖြင့် ဣတ္ထီသဒ္ဒါအတိုင်း ရုပ်စဉ်ရာ၏၊ ရုပ်စဉ်ခိုင်းကြပါလေ။

အှာ။ ။ ကာရိတံ ဝိယ ဏာနုဗန္ဓောသုတ်ကား အတော်ဝေးမှ တွေ့ရ လိမ့်မည်၊ ဆိုင်ရာရုပ်တွေ အတော်များစွာ ပါနေပြီးဖြစ်၍ ယခုနှယ်က ထိုသုတ်ကို အသုံးပြုတော့လတ္တံ့၊ ထိုသုတ်ကို ၉၈ နံပါတ်မှာ လှမ်းကြည့်ပါ။

ရုပ်တွက်။ ။ ကုမ္ဘကာရောကို ကုမ္ဘသဒ္ဒူပပဒ “ကရ”တည်၊ “ကရ၊ ကရဏေ”ဟူသော အနက်၌ ဓာတ်မှည့်, အဆုံးသရကိုချေ(ကုမ္ဘကာရ်), ဓာတုယာ ကမ္မာဒိမှိ ဏောသုတ်ဖြင့် ဏပစ္စည်းသက်, ကာရိတံ ဝိယ ဏာနုဗန္ဓောသုတ်ဖြင့် ဏပစ္စည်းကို ကာရိတ်အမည်မှည့်, ကာရိတာနံ ဏော လောပံသုတ်ဖြင့် ဏ်အနုဗန်ကိုချေ(ကုမ္ဘကရ်၊ ), အသံယောဂန္တဿ ဝုဒ္ဓိ ကာရိတေသုတ်ဖြင့် က၏ ၊ ကို -ါ ဝုဒ္ဓိပြု, ရ်ကို ၊ သို့ ကပ်(ကုမ္ဘကာရ), တဒ္ဓိတသမာသစသောသုတ်ဖြင့် ကုမ္ဘကာရဟူသော ကိတ်ပုဒ်ကို နာမ်ကို ကဲ့သို့ ငဲ့, သည်ဟူ၍ ၊ပေ၊ ပဌမာဧကဝုစ် သိဝိဘတ်သက်, သိကို ေ-ါ ပြု, ရ်ခွင်း, သရလောပေါ စသောသုတ်ဖြင့် ရ၏ ၊ ကို ချေ, ရကို ေ-ါ သို့ကပ်, ကုမ္ဘကာရော ပြီး၏။

မာလာကာရော-ပန်းကုံးကိုပြုသူ(ပန်းသည်ယောက်ျား)၊ မာလာကာရီပန်းသည်မ (မာလာသဒ္ဒူပပဒ ကရတည်)၊ ကဋ္ဌကာရော-ထင်းကိုပြုသူ (ထင်းသည်ယောက်ျား)၊ ကဋ္ဌကာရီ-ထင်းသည်မ၊ ထင်းခွေသူမ၊ ဟတ္ထဂ္ဂါ ဟော-လက်ကို ဆွဲကိုင်သူ (ဟတ္ထသဒ္ဒူပပဒ ဂဟ)၊ ပတ္တဂ္ဂါဟော-သပိတ်ကို ကိုင်သူ၊ ဓမ္မကာမော-တရားကို လိုလားသူ (ဓမ္မသဒ္ဒူပပဒ ကမု)၊ ဤသို့ စသော ရုပ်များကို နောင်ခါ နားလည်ပါလိမ့်မည်။ [ဓာတ်၏အနီး (ဓာတ် ရှေ့က) ပုဒ်ကို “ဥပပဒ”ဟု ခေါ်၏၊ ထို့ကြောင့် “ကုမ္ဘသဒ္ဒ+ဥပပဒ”ဟု ပုဒ်ဖြတ်၍ အနီးဖြစ်သော ကုမ္ဘသဒ္ဒါရှိသော ဓာတ်ကို “ကုမ္ဘသဒ္ဒူပပဒ” ခေါ်သည်ဟု မှတ်။]

သညာယံ- နာမည်ကို ဟောရာ၌၊ ကမ္မာဒိမှိ- ကံပုဒ်အစသည်၊ သတိ- ရှိလတ်သော်၊ ဓာတုယာ- ဓာတ်မှနောက်၌၊ အ- အပစ္စည်းသည်လည်းကောင်း၊ နု- ကံပုဒ်၏ အဆုံး၌ နုအက္ခရာ လာသည်လည်းကောင်း၊ ဟောတိ- ဖြစ်၏။ အရိန္ဒမော စသည်တည်း။

၂။ အရိံ ဒမေတီတိ အရိန္ဒမော၊ ယော-အကြင်မင်းသည်၊ အရိံရန်သူကို၊ ဒမေတိ-ဆုံးမတတ်၏၊ ဣတိ-ထို့ကြောင့်၊ သော-ထိုမင်းသည်၊ အရိန္ဒမော-အရိန္ဒမ မည်၏၊ ဤ အရိန္ဒမဟူသည် ရှင်ဘုရင်တစ်ဦး၏ နာမည်တည်း၊ အရိံကား ဒမုဓာတ်၏ အစ၌ရှိသော ကံပုဒ်တည်း၊ ဤသို့ နာမည်ကို ဟောရာဝယ် ရှေ့အစ၌ ကံပုဒ်ပါရှိသောဓာတ်နောင် အပစ္စည်း လည်းသက်, ကံပုဒ်အဆုံး၌ နုအက္ခရာလည်းလာသော သုတ်တည်း။

အရိံ အဒမီတိ အရိန္ဒမော, အရိံ ဒမဿတီတိ အရိန္ဒမော”ဟု အတိတ် ကာလ အနာဂတ်ကာလကို ပြသော ဝိဂြိုဟ်များကိုလည်း ပြုလေ၊ “အဒမီဆုံးမပြီ၊ ဒမိဿတိ-ဆုံးမလတ္တံ့”ဟု အနက်ပေး၊ ရုပ်ကို နု နိဂ္ဂဟီတံ ပဒန္တေ သုတ်ကျမှ တွက်သင့်သော်လည်း ထိုသုတ်၏ အစီအရင်မှာ မခက်ခဲလှ သဖြင့် ယခုကပင် တွက်ပြအံ့၊ ထိုသုတ်အဓိပ္ပာယ်ကို ၁၄ နံပါတ်ကြည့်။

ရုပ်တွက်။ ။ အရိန္ဒမောကို အရိသဒ္ဒူပပဒ “ဒမု”တည်၊ “ဒမု၊ ဒမနေ” ဟူသောအနက်၌ဓာတ်မှည့်, အဆုံး ု သရချေ(အရိဒမ်), သညာယ.မ နု သုတ်ဖြင့် ၊ ပစ္စည်းသက်၍ ကံပုဒ်၏ အဆုံး၌ နုလာ (အရိနုဒမ် ၊ ), နု နိဂ္ဂဟီတံ ပဒန္တေသုတ်ဖြင့် နုကို နိဂ္ဂဟိတ်ပြု (အရိံ ဒမ် ၊ ), ဝဂ္ဂန္တံ ဝါ ဝဂ္ဂေသုတ်ဖြင့် နိဂ္ဂဟိတ်ကို တဝဂ္ဂန္တ “န်”ပြု, န်ကို ဒသို့ ကပ်, မ်ကိုလည်း ၊ သို့ကပ်(အရိန္ဒမ), နာမ်ငဲ့, သိသက်, ေ-ါ ပြု, မ်ခွင်း, ချေ, ကပ်, အရိန္ဒမော ပြီး၏။ [ပုရိသာဒိဂိုဏ်းသွင်း၍ ရုပ်စဉ်လေ။]

ဒီပင်္ကရော-ဒီပင်္ကရာဘုရား၊ သရဏင်္ကရော-သရဏင်္ကရာဘုရား၊ တဏှင်္ကရော - တဏှင်္ကရာဘုရား၊ (ဤ တဏှင်္ကရပုဒ်၌ ကရဓာတ်သည် ပြုခြင်းအနက်ဟော မဟုတ်, ညှဉ်းဆဲခြင်းအနက်ဟောတည်း၊ ထို့ကြောင့် “တဏှင်္ကရော-တဏှာကို ညှဉ်းဆဲတတ်သောဘုရား”ဟု သဒ္ဒါနက် ဆိုလို သတတ်၊) မေဓင်္ကရော-မေဓင်္ကရာဘုရား၊ ဝေဿန္တရော-ဝေဿန္တရာမင်း။

ဤရုပ်တို့၌ “ဒီပင်္ကရာဘုရား”စသည်ဖြင့် နာမည်ဟောပုဒ်များဖြစ်၍ ဤသုတ်ဖြင့် (အ)ပစ္စည်းသက်, နုလာ၍ ရုပ်ပြီးသည်၊ ရူပသိဒ္ဓိ၌ လူငယ်များ နားမလည်အောင် သမာသ်ရုပ်တွက်ပြသည်ကို နောင်ခါကျမှ နားလည် လတ္တံ့။ [ဒီပင်္ကရာစသည်၌ ဒီပ, သရဏ, တဏှာ, မေဓာ သဒ္ဒူပပဒ ကရ တည်, တဏှာ မေဓာတို့ကား ဣတ္ထိလိန်ဖြစ်၍ -ါပစ္စည်းဆုံးလျက် ရုပ်တည် ရသည်၊ ထို -ါပစ္စည်းကို ကွစာဒိမဇ္ဈုတ္တရာနံ စသောသုတ်ဖြင့် (အ)ရဿ ပြုလေ၊ ဝေဿန္တရော၌ ဝေဿသဒ္ဒူပပဒ ကရတည်။]

ပုရေ- အစ၌ ပုရသဒ္ဒါသည်၊ သတိ- ရှိလတ်သော်၊ ဒဒါ- ဒဒဓာတ်မှ နောက်၌၊ အ- အပစ္စည်းသည်၊ ဟောတိ- ဖြစ်၏၊ ဣံ စ- ပုရသဒ္ဒါ၏ အ ကိုလည်း ဣံအပြုသည်၊ ဟောတိ- ဖြစ်၏။ ပုရိန္ဒဒေါ ဟူသည်တည်း။

၃။ ပုရိန္ဒဒေါကား ပုရသဒ္ဒူပပဒ ဒဒဓာတ်တည်း၊ ဤသို့ အစ၌ ပုရ သဒ္ဒါရှိသော ဒဒဓာတ်နောင် (အ)ပစ္စည်းသက်၍ ပုရ၌ ရ၏ အကို ဣံပြု သော သုတ်တည်း၊ ပုရသဒ္ဒါသည် “ရှေး”ဟူသောအနက်ကို ဟော၏၊ ထိုအနက်ကို ထောက်၍ “ပေးဖူးပြီ”ဟူသော အတိတ်ကာလ တစ်နက်သာ ရထိုက်သည်၊ ပေးဆဲ, ပေးလတ္တံ့ဟူသော ပစ္စုပ္ပန်နက် အနာဂတ်နက်များ မရထိုက်၊ ထို့ကြောင့် “ပုရေ ဒါနံ အဒဒီတိ ပုရိန္ဒဒေါ”ဟု အတိတ်ဝိဂြိုဟ် တစ်ခုသာပြုလေ။ [ယော-အကြင်သိကြားသည်၊ ပုရေ-ရှေးအခါ၌၊ ဒါနံအလှူကို၊ အဒဒီ-ပေးလှူဖူးပြီ၊ ဣတိ-ထို့ကြောင့်၊ သော-ထိုသိကြားသည်၊ ပုရိန္ဒဒေါ - ပုရိန္ဒဒ မည်၏၊ သိကြားမဖြစ်ခင် မဃလုလင်ဘဝတုန်းက အလှူကို အကြီးအကျယ် ပေးလှူခဲ့ဖူးသောကြောင့် သိကြားဖြစ်တဲ့အခါ “ပုရိန္ဒဒ”ဟု နာမည်ရသတတ်။]

ရုပ်တွက်။ ။ ပုရိန္ဒဒေါကို ပုရသဒ္ဒူပပဒ “ဒဒ”တည်၊ “ဒဒ၊ ဒါနေ” ဟူသောအနက်၌ဓာတ်မှည့်, အဆုံး ၊ သရကိုချေ, ပုရေ ဒဒါ စ ဣံသုတ်ဖြင့် ၊ ပစ္စည်းသက်, ပုရ၏အဆုံး၌ ၊ အက္ခရာကိုလည်း -ိံ ပြု (ပုရိံဒဒ် ၊ ), ဝဂ္ဂန္တံ ဝါ ဝဂ္ဂေသုတ်ဖြင့် နိဂ္ဂဟိတ်ကို တဝဂ္ဂန္တ “န်”ပြု, န်ကို ဒသို့ ကပ်, ဒ်ကိုလည်း ၊ သို့ ကပ်, နာမ်ငဲ့, သိသက်, ေ-ါ ပြု, ဒ်ခွင်း, ချေ, ကပ်, ပုရိန္ဒဒေါ ပြီး၏။ [ဤသုတ်၌ အလားတူရုပ် မရှိ။]

သဗ္ဗတော- အလုံးစုံသော ဓာတ်မှနောက်၌၊ အ- အပစ္စည်းသည်လည်းကောင်း၊ ဏွုတွာ.ဝီ ဝါ- ဏွုပစ္စည်း, တုပစ္စည်း, အာဝီပစ္စည်းတို့သည်လည်းကောင်း၊ ဟောန္တိ- ကုန်၏။ တက္ကရော, ဝိနယော, ရထကာရကော, ကာရကော, တက္ကတ္တာ, ဘတ္တာ, ဘယဒဿာဝီ စသည်တည်း။

၄။ ဤသုတ်ကား အစ၌ ကံပုဒ်ရှိသည်ဖြစ်စေ, မရှိသည်ဖြစ်စေ အလုံးစုံသောဓာတ်နောင် အ-ဏွု-တု-အာဝီ ၄ ပစ္စည်းသက်သောသုတ် တည်း၊ ထို့ကြောင့် အစ၌ ကံပုဒ်ရှိသောပုံစံ, မရှိသောပုံစံ စုံအောင် ထုတ်ပြသည်၊ဝါသဒ္ဒါက သညာယ.မ နုသုတ်မှ အပစ္စည်းကို ဆွဲငင်သည် ဟု ကြံ၊ ရူပသိဒ္ဓိတစ်မျိုးကြံ၏။ [တံ ကရောတီတိ တက္ကရော၊ တံ-ထိုအမှုကို၊ ကရောတိ-ပြုတတ်၏၊ ဣတိ-ထို့ကြောင့်၊ တက္ကရော-တက္ကရ မည်၏။]

ရုပ်တွက်။ ။ တက္ကရောကို တသဒ္ဒူပပဒ“ကရ”တည်၊“ကရ၊ ကရဏေ” ဟူသောအနက်၌ ဓာတ်မှည့်,အဆုံးသရချေ, သဗ္ဗတော ဏွုတွာဝီ ဝါသုတ် ဖြင့် ၊ ပစ္စည်းသက်, ရ်ကို ၊ သို့ကပ်(တကရ), ပရ ဒွေဘာဝေါ ဌာနေသုတ်ဖြင့် သဒိသဒွေဘော်က်လာ, နာမ်ငဲ့, သိသက်, ေ-ါ ပြု, ရ်ခွင်း, ချေ, ကပ်, ပြီး၏။

မှတ်ချက်။ ။ သမာသ်တွဲရာ၌ ရှေ့က ယပုဒ်နှင့်ဖြစ်စေ, တပုဒ်နှင့် ဖြစ်စေ တွဲလျှင် နောက်ပုဒ်မှာ ဒွေဘော်သော်လည်း လာ, ဒွေဘော်မလာ လျှင် ရှေ့က ယ,တတို့နောက်၌ နိဂ္ဂဟီတဉ္စသုတ်ဖြင့် နိဂ္ဂဟိတ်လာရိုးထုံးစံ ရှိသည်။

[ဆောင်] ယ တသဒ္ဒါ, ရှေ့ရှိရာဝယ်, နောက်မှာဒွေဘော်, လာသော်လည်းရှိ၊ မလာဘိမူ, ယ တ၏နောက်, ဗိန္ဒုရောက်သည်, မှတ်လောက် ထုံးစံအမြဲတည်း။

ဝိနယော-ရထကာရကောတို့၏ ဝိဂြိုဟ်ကို နောင်ခါပြုတတ်ပါလိမ့် မည်၊ ဝိနယောသည် အစ၌ ကံပုဒ်မရှိသော အပစ္စည်းပုံစံ, ရထကာရကော သည် အစ၌ ကံပုဒ်ရှိသော, ကာရကောကား အစ၌ ကံပုဒ်မရှိသော ဏွု ပစ္စည်း၏ ပုံစံတည်း။

ဝိနယောကို ဝိပုဗ္ဗ“နီ”တည်၊ နီ၊ ပါပဏေ”ဟူသောအနက်၌ဓာတ်မှည့်, (တစ်လုံးဓာတ်ဖြစ်၍ အဆုံးသရကို မချေရ), သဗ္ဗတော ဏွုတွာ.ဝီ ဝါသုတ် ဖြင့် ၊ ပစ္စည်းသက်, အညေသု စသုတ်ဖြင့် နီ၏ -ိကို ဧဝုဒ္ဓိပြု, ဧ အယ သုတ်ဖြင့် ဧ ကို ၊ ယ် ပြု, ယ် ကို ၊ သို့ ကပ် (ဝိနယ), နာမ်ငဲ့, သိသက်, ေ-ါ ပြု, ယ်ခွင်း, ချေ, ကပ်, ပြီး၏။ [အညေသု စ, ဧ အယသုတ်တို့ကို ပြန်ကြည့်ပါ။]

ကာရကောကို “ကရ”တည်၊ “ကရ၊ ကရဏေ”ဟူသောအနက်၌ ဓာတ် မှည့်, အဆုံးသရချေ, ဤသုတ်ဖြင့် ဏွုပစ္စည်းသက်, ကာရိတံ ဝိယ ဏာနု ဗန္ဓောသုတ်ဖြင့် ဏ အနုဗန်ရှိသော ပစ္စည်းကို ကာရိတ်ကဲ့သို့ ငဲ့, အသံယောဂန္တဿ ဝုဒ္ဓိ ကာရိတေသုတ်ဖြင့် က၏ ၊ ကို -ါ ဝုဒ္ဓိပြု, (ကာရ် ဏွု), အနကာ ယုဏွူနံသုတ်ဖြင့် ဏွုကို ၊ က် ပြု, ရ် ကို ၊ သို့ ကပ်, နာမ်ငဲ့, သိသက်,ေ-ါ ပြု, က်ခွင်း, ချေ, ကပ်, ပြီး၏။ [ရထကာရကော၌ ရထသဒ္ဒူပပဒ “ကရ”တည်၍ တွက်။] ဤကာရကောသည် ပုရိသာဒိ ဂိုဏ်းတည်း၊ နပုလ္လိန်၌ ကာရကံဟု စိတ္တာဒိဂိုဏ်းဝင် ဖြစ်၏။

မှတ်ချက်။ ။ ဣတ္ထိလိန်၌ကား ကာရကအပြီးမှာ တေသု ဝုဒ္ဓိသုတ် ကြီးဖြင့် ရ၏ အဆုံး ၊ ကို -ိ ပြုပြီးမှ ဣတ္ထိယမတော အာပစ္စယောသုတ်ဖြင့် -ါ ပစ္စည်း သက်၍ “ကာရိကာ”ဟု ကညာဒိဂိုဏ်းဝင်ဖြစ်၏။

က ဆုံးသော ဣတ္ထိလိန်။ ။ ဣတ္ထိလိန်အရာဝယ် ဏွုကို အကပြုသော ကအက္ခရာနှောင်းလျှင်လည်းကောင်း, ကပစ္စည်းနှောင်းလျှင်လည်းကောင်း အ ကို တေသု ဝုဒ္ဓိသုတ်ဖြင့် -ိ ပြုရ၏၊ ပုံစံကား-ဒါယိကာ, ဥပါသိကာ, သိဿိကာ (တပည့်မ), ပုတ္တိကာ (သမီး) စသည်တည်း။

[ဆောင်] ဏွု အက, ပြုသမျှနှင့်, ကပစ္စည်းစု, နှောင်းရာရှုလျက်, တေသု ဝုဒ္ဓိ, သုတ်ဖြင့် ဖိ၍, အ ဣပြုပြီး, အာ ပစ္စည်း, သက်နည်း ဣတ္ထိလိန်။

တံ ကရောတီတိ တက္ကတ္တာ၊ ထိုအမှုကို ပြုတတ်သူ၊ ဘရတီတိ ဘတ္တာ၊ ဘရတိ=မွေးမြူတတ်၏၊ ဣတိ-ထို့ကြောင့်၊ ဘတ္တာ-ဘတ္တာမည်၏၊ (လင်, အရှင်သခင်)၊ တုပစ္စည်းပုံစံများတည်း၊ ရုပ်ကို ကရဿ စ တတ္တံ တု သ္မိံ သုတ်ကျမှတွက်၊ “ဘယံ ပဿတီတိ ဘယဒဿာဝီ” (အာဝီပစ္စည်း၏ပုံစံ၊ ဘယံ-ဘေးကို၊ ပဿတိ-ရှုတတ်၏၊ ဣတိ-ထို့ကြောင့်၊ ဘယဒဿာဝီမည်၏၊) ဘေးကို ရှုတတ်သူ။

ဘယဒဿာဝီကို ဘယသဒ္ဒူပပဒ“ဒိသ”တည်၊ “ဒိသ၊ ပေက္ခဏေ” ဟူသောအနက်၌ ဓာတ်မှည့်, အဆုံးသရချေ, ဤသုတ်ဖြင့် -ါ ဝီ ပစ္စည်း သက်, ကွစိ ဓာတုသုတ်ကြီးဖြင့် ဒိသ်ကို ဒဿ်ပြု, ဿ်ကို -ါ သို့ ကပ်, နာမ်ငဲ့, သိသက်, ချေ, ဘယဒဿာဝီ ပြီး၏။

အမှာ။ ။ ပုလ္လိန် ဒဏ္ဍီနှင့် အတူရုပ်စဉ်, ဣတ္ထိလိန်၌ ဒဏ္ဍိနီကဲ့သို့ ဘယဒဿာဝိနီ, နပုလ္လိန်၌ သုခကာရိကဲ့သို့ ဘယဒဿာဝိဟု ဖြစ်၏၊ ပစ္စုပ္ပန် တိဝိဘတ်ဖြင့်သာ ဝိဂြိုဟ်ပြုထား၏၊ သို့သော် အတိတ်ဝိဂြိုဟ်, အနာဂတ်ဝိဂြိုဟ်များလည်း ရနိုင်သည်ဟု မှတ်။ [ဤသုတ်လာ ပစ္စည်းတို့ သက်ရာသာဓနကို ရူပသိဒ္ဓိမှာရှု။]

ဝိသရုဇပဒါဒိတော- ဝိသ ရုဇ ပဒ အစရှိသောဓာတ်တို့မှ နောက်၌၊ ဏ- ဏပစ္စည်းသည်၊ ဟောတိ- ဖြစ်၏။ ပဝေသော, ရောဂေါ, ဥပ္ပာဒေါ, ဖဿော စသည်တည်း။

၅။ ဓာတုယာ ကမ္မာဒိမှိ ဏောသုတ်ဖြင့် အစ၌ ကံပုဒ်ရှိသော ဓာတ် နောင် ဏပစ္စည်းသက်၏၊ ဤ ဝိသရုဇပဒါဒိတော ဏသုတ်ကား အစ၌ ကံပုဒ်မရှိသော ဓာတ်နောင် ဏပစ္စည်းသက်သည်၊ ဤဏပစ္စည်းတို့ သက်ရာပုဒ်၏ လိန်အဆုံးအဖြတ်ကို ရူပသိဒ္ဓိဘာသာဋီကာမှာ ရှု။

ဝိသဓာတ်။ ။ [ပဝိသတီတိ ပဝေသော၊ ပဝိသတိ-ဝင်တတ်၏၊ ဣတိထို့ကြောင့်၊ ပဝေသော-ပဝေသ မည်၏၊ (ဝင်တတ်သူ)။] ရုပ်တွက်ရာ၌ ပ ပရာ နိ နီစသော ဥပသာရပုဒ်ရှေ့ရှိသောဓာတ်ကို “ပပုဗ္ဗဝိသဓာတ်” စသည်ဖြင့် ဆိုလတ္တံ့၊ ပရှေ့ရှိသော ဝိသဓာတ်ဟု ဆိုလိုသည်။

ရုပ်တွက်။ ။ ပဝေသောကို ပပုဗ္ဗ “ဝိသ”တည်၊ “ဝိသ၊ ပဝေသနေ” ဟူသောအနက်၌ ဓာတ်မှည့်, အဆုံး ၊ သရချေ, ဝိသရုဇပဒါဒိတော ဏ သုတ်ဖြင့် ဏပစ္စည်းသက်, ကာရိတံ ဝိယ ဏာနုဗန္ဓောသုတ်ဖြင့် ဏပစ္စည်း ကို ကာရိတ်ကဲ့သို့ ငဲ့, ကာရိတာနံ ဏော လောပံသုတ်ဖြင့် ဏ်အနုဗန်ကို ချေ, သ် ၊ သို့ကပ်(ပဝိသ), အသံယောဂန္တဿ ဝုဒ္ဓိ ကာရိတေသုတ်ဖြင့် ဝိ၏ -ိ ကို ေ-ဝုဒ္ဓိပြု, နာမ်ငဲ့, သိဝိဘတ်သက် စသည်ဆို။

ရုဇဓာတ်။ ။ ရုဇတီတိ ရောဂေါ၊ ရုဇတိ-နာကျင်တတ်၏၊ ဣတိထို့ကြောင့်၊ ရောဂေါ-အနာရောဂါ မည်၏၊ ကဂါ စဇာနံသုတ်၏ အဓိပ္ပာယ် ကို နံပါတ် ၁၀၀ မှာ လှမ်းကြည့်။

ရုပ်တွက်။ ။ ရောဂေါကို “ရုဇ”တည်၊ “ရုဇ၊ ရောဂေ”ဟူသောအနက်၌ ဓာတ်မှည့်, အဆုံး ၊ သရချေ, ဤသုတ်ဖြင့် ဏပစ္စည်းသက်, ကာရိတ်ငဲ့, ဏ်အနုဗန်ချေ (ရုဇ် ၊ ), ကဂါ စဇာနံသုတ်ဖြင့် ဇ်ကို ဂ်ပြု, ဂ်ကို ၊ သို့ကပ်, အသံယောဂန္တဿစသောသုတ်ဖြင့် ရု၏ ု ကို ေ-ါ ဝုဒ္ဓိပြု, နာမ်ငဲ့, သိသက်, ေ-ါ ပြု, ဂ်ခွင်း, ချေ, ကပ်, ရောဂေါ ပြီး၏။

ပဒဓာတ်။ ။ ဥပ္ပဇ္ဇတီတိ ဥပ္ပာဒေါ၊ ဖြစ်တတ်သောတရား။

ဥပ္ပာဒေါကို ဥပုဗ္ဗ “ပဒ”တည်၊ “ပဒ၊ ဂတိမှိ”ဟူသောအနက်၌ ဓာတ် မှည့်, အဆုံးသရချေ, ဤသုတ်ဖြင့် ဏပစ္စည်းသက်, ကာရိတ်ငဲ့, ဏ်အနုဗန် ချေ, ဒ် ၊ သို့ကပ်, အသံယောဂန္တဿစသောသုတ်ဖြင့် ပ၏ ၊ ကို -ါ ဝုဒ္ဓိပြု, (ဥပါဒ), ပရ ဒွေဘာဝေါ ဌာနေသုတ်ဖြင့် သဒိသဒွေဘော် ပ်လာ, နာမ်ငဲ့, သိသက်, ေ-ါ ပြု, ဥပ္ပာဒေါ ပြီး၏။

အာဒိပုံစံ။ ။ ဖုသတီတိ ဖဿော-တွေ့ထိတတ်သောတရား၊ ဝိသရုဇ ပဒါဒိတော၌ အာဒိအရ ပုံစံတည်း၊ ဤ အာဒိအရ ပုံစံတွေ အလွန်များ လေသည်၊…ဖဿောကို “ဖုသ”တည်၊ “ဖုသ၊ ဖုသနေ”ဟူသောအနက်၌ ဓာတ်မှည့်, အဆုံး ၊ သရချေ, ဏပစ္စည်းသက်, ကာရိတ်ငဲ့, ဏ်အနုဗန် ချေ, သ်ကို ၊ သို့ကပ်, ကွစိ ဓာတုသုတ်ကြီးဖြင့် ဖုသကို ဖဿပြု, နာမ်ငဲ့, သိသက်, ေ-ါ ပြု, ဖဿော ပြီး၏။

သဗ္ဗဓာတူဟိ- အလုံးစုံသော ဓာတ်တို့မှ နောက်၌၊ ဘာဝေ စ- ဘောအနက်၌လည်း၊ ဏ- ဏပစ္စည်းသည်၊ ဟောတိ- ဖြစ်၏။ ဘာဝေါ, ပါကော စသည်တည်း။

၆။ ဤသုတ်က ဘာဝသာဓနအနက်၌ ဏပစ္စည်းသက်သောကြောင့် ရှေ့သုတ်က ကတ္တု ကမ္မစသော ကြွင်းသာဓနများ၌ သက်သည်ဟု မှတ်၊ ဏမှိ ရန္ဇဿ ဇော ဘာဝကရဏေသုသုတ်၌ ရူပသိဒ္ဓိဆိုပုံကို ထောက်ပါ။

ဏနှင့် အပစ္စည်း ရုပ်နေ ထူးခြားပုံ။ ။ ဘယ်လိုပုဒ်၌ အ ပစ္စည်း, ဘယ်လိုပုဒ်၌ ဏပစ္စည်းသက်ရမည်ဟု သူငယ်များ မခွဲနိုင်ဘဲ ရှိတတ်၏၊ ပုဒ်အနေကို ကြည့်လျှင် ဝုဒ္ဓိ ပြုထားသည်ကို အထင်အရှား မမြင်ရမူ အပစ္စည်းဟု မှတ်၊ ဟအညေသု စသုတ်ဖြင့် ဝုဒ္ဓိပြုထားသော်လည်း ထို ဝုဒ္ဓိ မထင်ရှားဘဲ တစ်မျိုးတစ်မည် ပြောင်းသွားတဲ့ ဝိနယောကဲ့သို့ပုဒ်, လုံးလုံး ဝုဒ္ဓိမပြုရတဲ့ တက္ကရောပုဒ်မျိုး၌ အပစ္စည်းဟု ဆိုလိုသည်။] နောက်က သံယုဂ်မရှိလျှင် ဝုဒ္ဓိ အထင်အရှား မြင်ရသောပုဒ်များ၌ ဏ ပစ္စည်းဟု မှတ်။ [ပဝေသော ဘာဝေါ၌ ဧဝုဒ္ဓိ အာဝုဒ္ဓိများ မပျက်ဘဲ ထင်ရှား ရှိသည်ကို “ဝုဒ္ဓိ အထင်အရှား မြင်ရသည်”ဟု ဆိုသည်၊ ဖဿော ကဲ့သို့ သံယုဂ်ရှိရာ၌ကား ဝုဒ္ဓိအပြု မထင်ရှားသော်လည်း ဏပစ္စည်းပင်၊ သဒ္ဒါဟူက ယေဘုယျမို့ တချို့အရာ၌ မမြဲဘဲလည်း ရှိပေလတ္တံ့။]

[ဆောင်] ၁။ ဝုဒ္ဓိပြုပြု, မပြုပြုဘဲ, ကြည့်ရှုလိုက်လျှင်, မမြင်ဝုဒ္ဓိ, ထိုပုဒ်ရှိ, အ ၏ သက်ရာဆို။ ၂။ သံယုဂ် နောက်က, မရှိကြလျှင်, ဝုဒ္ဓိ ထင်ရှား, ထိုပုဒ်များ, မှတ်သား (ဏ)သက်ကို။ ဝိဂ္ဂဟ။ ။ ဘူယတေ-ဖြစ်ခြင်း၊ ဘာဝေါ-ဖြစ်ခြင်း၊ ကိတ်ပုဒ်အချင်းချင်း လည်း ဝိဂြိုဟ်ပြုကောင်း၏၊ ထို့ကြောင့် “ဘဝနံ ဘာဝေါ”ဟုလည်း ဝိဂြိုဟ် ပြု၊ ပစ္စတေ ပစနံ ဝါ ပါကော၊ ပစ္စတေ-ကျက်ခြင်း၊ ဝါ-တစ်နည်း၊ ပစနံကျက်ခြင်း၊ ပါကော - ကျက်ခြင်း၊ ဘာဝသာဓနကို ဝိဂြိုဟ်ပြုရာ၌ ကတ္တုသတ္တိ စသည်ကို ညွှန်ပြဖွယ် မလိုသောကြောင့် ထိုသတ္တိကို ညွှန်ပြ မည့် ဣတိသဒ္ဒါ မထည့်ရတော့။

ရုပ်တွက်။ ။ ဘာဝေါကို “ဘူ”တည်၊ “ဘူ၊ သတ္တာယံ”ဟူသောအနက်၌ ဓာတ်မှည့်, ဘာဝေ စသုတ်ဖြင့် ဏပစ္စည်းသက်, ကာရိတ်ငဲ့, ဏ်အနုဗန် ချေ, အသံယောဂန္တဿစသောသုတ်ဖြင့် ဘူ၏ ူ ကို ေ-ါ ဝုဒ္ဓိပြု(ဘော ၊ ), တေ အာဝါယာ ကာရိတေသုတ်ဖြင့် ေ-ါ ကို -ါ ဝ်ပြု, ဝ်ကို ၊ သို့ကပ်, နာမ်ငဲ့, သိသက်, ေ-ါ ပြု, ဝ်ခွင်း, ချေ, ကပ်, ဘာဝေါ ပြီး၏။

ပါကောကို “ပစ”တည်၊ “ပစ၊ ပါကေ”ဟူသောအနက်၌ ဓာတ်မှည့်, အဆုံး ၊ သရချေ, ဤသုတ်ဖြင့် ဏပစ္စည်းသက်, ကာရိတ်ငဲ့, ဏ်အနုဗန် ချေ (ပစ်၊ ), ပ၏ ၊ ကို -ါ ဝုဒ္ဓိပြု, ကဂါ စဇာနံသုတ်ဖြင့် စ်ကို က်ပြု, က် ၊ သို့ ကပ်, နာမ်ငဲ့, သိသက်, ေ-ါ ပြု, ပါကော ပြီး၏။

သဗ္ဗဓာတူဟိ- အလုံးစုံသောဓာတ်တို့မှနောက်၌၊ ကွိ စ- ကွိပစ္စည်းသည်လည်း၊ ဟောတိ- ဖြစ်၏။ သမ္ဘူ, သယမ္ဘူ စသည်တည်း။

၇။ သမ္ဘဝတီတိ သမ္ဘူ-ကောင်းစွာဖြစ်သောသဘော၊ “သယံ ဘဝတီတိ သယမ္ဘူ” သယံ-ကိုယ်တိုင် (ကိုယ့်ဘာသာ၊ ဆရာမကူဘဲ)၊ ဘဝတိ=ဖြစ် တတ်၏၊ ဣတိ-ထို့ကြောင့်၊ သယမ္ဘူ-သယမ္ဘူမည်တော်မူ၏၊ ရတ္တာဒိဂိုဏ်း ပုံလိန် ဥကာရ န္တရုပ်စဉ်လေ။

သမ္ဘူကို သံပုဗ္ဗ “ဘူ”တည်၊ “ဘူ၊ သတ္တာယံ”ဟူသောအနက်၌ ဓာတ် မှည့်, ကွိ စသုတ်ဖြင့် ကွိပစ္စည်းသက်, ကွိ လောပေါ စသုတ်ဖြင့် ကွိပစ္စည်း ကိုချေ(သံဘူ), ဝဂ္ဂန္တံ ဝါ ဝဂ္ဂေသုတ်ဖြင့် နိဂ္ဂဟိတ်ကို ပဝဂ္ဂန္တ“မ်”ပြု, မ်ကို ဘူသို့ကပ်, နာမ်ငဲ့, သိသက်, သေသတော လောပံသုတ်ဖြင့် သိကို ချေ, သမ္ဘူ ပြီး၏။ [သယံ သဒ္ဒူပပဒ “ဘူ”တည်၍ သယမ္ဘူကိုလည်းတွက်။]

ဓရာဒီဟိ- ဓရ အစရှိသောဓာတ်တို့မှ နောက်၌၊ ရမ္မော- ရမ္မပစ္စည်းသည်၊ ဟောတိ- ဖြစ်၏။ ဓမ္မော, ကမ္မံ စသည်တည်း။

၈။ ဓာရေတီတိ ဓမ္မော၊ ဓာရေတိ-ကျင့်သောသတ္တဝါတို့ကို အပါယ် မကျအောင် ဆောင်တတ်၏၊ ဣတိ-ထို့ကြောင့်၊ ဓမ္မော-တရားမည်၏၊ ကရီယတေ ကမ္မံ-ပြုအပ်သော ကိစ္စလုပ်ငန်းအမှု, ကံတရား၊ ရမှိ ရန္တော ရာဒိ နောသုတ် အဓိပ္ပာယ်ကို လှမ်းကြည့်။

ရုပ်တွက်။ ။ ဓမ္မောကို “ဓရ”တည်၊ “ဓရ၊ ဓာရဏေ”ဟူသောအနက်၌ ဓာတ်မှည့်, အဆုံးသရချေ, ဓရာဒီဟိ ရမ္မောသုတ်ဖြင့် ရမ္မပစ္စည်းသက် (ဓရ် ရမ္မ), ရမှိ ရန္တော ရာဒိ နောသုတ်ဖြင့် ရ်အနုဗန်နှင့်တကွ ဓာတွန် ရ်ကို ချေ (ဓ ၊ မ္မ), ဓ်ခွင်း (ဓ် ၊ မ္မ), သရလောပေါစသောသုတ်ဖြင့် ၊ ချေ, ဓ် ၊ သို့ကပ်, နာမ်ငဲ့, သိသက်, ေ-ါ ပြု, စသည်။ [ကရဓာတ် ကမ္မံ ကိုလည်း ရုပ်တွက်။]

တဿီလာဒီသု စ- တဿီလ တဒ္ဓမ္မ တဿာဓုကာရိတာ အနက် ၃ ပါးတို့၌လည်း၊ ဏီတွာဝီ စ- ဏီပစ္စည်း, တုပစ္စည်း, အာဝီပစ္စည်းတို့သည်လည်း၊ ဟောန္တိ- ဖြစ်ကုန်၏။ …ဗြဟ္မစာရီ, ပသယှပဝတ္တာ, ဘယဒဿာဝီ စသည်တည်း။

၉။ တဿီလာဒီသု၌ အာဒိဖြင့် တဒ္ဓမ္မ တဿာဓုကာရိတာတို့ကို ယူ၊ တဿီလစသည်၌ တသဒ္ဒါဖြင့် ဆိုင်ရာဓာတ်နက်ကို ညွှန်ပြ၏၊ ဥပမာဗြဟ္မစာရီ၌ စရဓာတ်၏ “ကျင့်ခြင်း”အနက်, ပါပကာရီ၌ ကရဓာတ်၏ “ပြုခြင်း”အနက်တည်း၊ ဤသို့ ဆိုင်ရာဓာတ်နက်တစ်ခုခုကို တသဒ္ဒါက “ထိုကျင့်ခြင်း, ထိုပြုခြင်း”စသည်ဖြင့် ညွှန်ပြသည်။

သီလ, ဓမ္မ, သာဓုကာရိတာ။ ။ သီလဟူသည် ပုဂ္ဂိုလ်တစ်ယောက်၏ အလေ့အလာဝါသနာတည်း၊ ဓမ္မဟူသည် တစ်ဂိုဏ်းလုံး တစ်သာသနာလုံး တစ်ဆွေမျိုးလုံး လူမျိုးတစ်မျိုးလုံး၏ အများသုံးဖြစ်တဲ့ ထုံးစံဓမ္မတာတည်း၊ သာဓုကာရိတာဟူသည်ကား မိမိ၏ ဝါသနာအလျောက် (သို့မဟုတ်) အများ၏ ထုံးစံဓမ္မတာအတိုင်း ကောင်းစွာပြုခြင်း (လေးလေးစားစားပြု ခြင်း, ဂရုတစိုက်ပြုခြင်း)တည်း။ [တဿီလ စသည်ဝယ် ဿီ ဒ္ဓ ဿာတို့၌ ၄ နံပါတ်သုတ်၏ ဆောင်ပုဒ် အဓိပ္ပာယ်အရ ဒွေဘော်နှင့် နေရကြောင်းကို သိပါ။]

[ဆောင်]၁။ ထိုထိုဓာတ်နက်, တ အတွက်, စွဲချက် မြဲမကွာ။ ၂။ တစ်ယောက်အလို, အလေ့ကို, ခေါ်ဆို သီလသာ။ ၃။ ဓမ္မတာမှန်, များထုံးစံ, ခေါ်ရန် ဓမ္မမှာ။ ၄။ ထိုထိုအမှု, ကောင်းစွာပြု, သာဓုကာရိတာ။ ဝိဂ္ဂဟ။ ။ ဗြဟ္မံ စရိတုံ သီလံ ယဿာတိ ဗြဟ္မစာရီ (တဿီလဝိဂြိုဟ်)၊ ဗြဟ္မံ စရိတုံ ဓမ္မော ယဿာတိ ဗြဟ္မစာရီ (တဒ္ဓမ္မဝိဂြိုဟ်)၊ ဗြဟ္မံ စရိတုံ သာဓုကာရိတာ ယဿာတိ ဗြဟ္မစာရီ (တဿာဓုကာရိတာဝိဂြိုဟ်)၊ ယဿ-အကြင်သူ၏၊ ဗြဟ္မံ-မြတ်သောအကျင့်ကို၊ စရိတုံ-ကျင့်ခြင်းငှာ၊ သီလံ-အလေ့အလာဝါသနာသည်၊ အတ္ထိ-ရှိ၏၊ ဣတိ-ထို့ကြောင့်၊ သောထိုသူသည်၊ ဗြဟ္မစာရီ-ဗြဟ္မစာရီ မည်၏၊ ဤ၌ မြတ်သော အကျင့်ကို ကျင့်လေ့ ကျင့်ထ ဝါသနာသည် သီလ မည်၏။

ဒုတိယဝိဂ္ဂဟ။ ။ “ဓမ္မော-အများတံထွာ, ဓမ္မတာသည်၊ အတ္ထိ-ရှိ၏” ဟု အနက်ပေး၊ ရဟန်း သာမဏေ သူတော် သီလရှင်ဟူသမျှတို့ အဗြဟ္မ စရိယသိက္ခာပုဒ်ကို ထိန်းသိမ်း၍ မြတ်သော အကျင့်ကို ကျင့်ကြခြင်း ဟူသော ထုံးစံဓမ္မတာသည် ဓမ္မ မည်၏။

တတိယဝိဂ္ဂဟ။ ။ “သာဓုကာရိတာ-ကောင်းစွာပြုတတ်သူ၏အဖြစ် သည်၊ အတ္ထိ-ရှိ၏”ဟု အနက်ပေး၊ ထို ဗြဟ္မစရိယအကျင့်၌ ကောင်းစွာ ကျင့်ခြင်း (လေးလေးစားစား ဂရုစိုက်လျက် မပေါက် မကျားအောင် ကျင့်ခြင်း)သည် သာဓုကာရိတာ မည်၏။

မှတ်ချက်။ ။ ဤအဓိပ္ပာယ်အရ တဿီလဖြစ်တိုင်း တဒ္ဓမ္မ မဖြစ်, အများထုံးစံဟုတ်မှ တဒ္ဓမ္မ ဖြစ်သည်၊ တဒ္ဓမ္မဖြစ်တိုင်းလည်း တဿီလ မဖြစ်, မိမိ၏ အလေ့အထဟုတ်မှ တဿီလ ဖြစ်သည်၊ တဿီလ တဒ္ဓမ္မ ဖြစ်တိုင်းလည်း တဿာဓုကာရိတာ မဖြစ်, လေးလေးစားစား အားရပါးရ ပြုမှ တဿာဓုကာရိတာ ဖြစ်သည်ဟု မှတ်။

အမှာ။ ။ ပသယှပဝတ္တာစသည်တို့၏ ဝိဂြိုဟ်ကို နောင်ခါသိလတ္တံ့၊ ပသယှပဝတ္တာ-လွှမ်းမိုး၍ ဖြစ်လေ့ရှိသူ၊ ဘယဒဿာဝီ-ဘေးကို ရှုလေ့ ရှိသူ။

ရုပ်တွက်။ ။ ဗြဟ္မစာရီကို ဗြဟ္မသဒ္ဒူပပဒ “စရ”တည်၊ “စရ၊ စရဏေ” ဟူသောအနက်၌ ဓာတ်မှည့် အဆုံးသရချေ, တဿီလာဒီသု ဏီတွာဝီ စ သုတ်ဖြင့် ဏီပစ္စည်းသက်, ကာရိတ်ငဲ့, ဏ်အနုဗန်ချေ, စ၏ ၊ ကို -ါ ဝုဒ္ဓိပြု, ရ်ကို -ိသို့ကပ်, နာမ်ငဲ့, သိဝိဘတ်သက်, ချေ, ပြီး၏။ [ဣတ္ထိလိန်၌ ဣနီပစ္စည်းသက်၍ “ဗြဟ္မစာရိနီ”ဟု ဖြစ်၏၊ ဒဏ္ဍိနီကဲ့သို့ ရုပ်စဉ်။]

ပသယှပဝတ္တာကို ပသယှသဒ္ဒူပပဒ ပပုဗ္ဗ “ဝတု” တည်၊ “ဝတု၊ ဝတ္တနေ”ဟူသောအနက်၌ ဓာတ်မှည့် အဆုံး ၊ သရချေ, ဤသုတ်ဖြင့် တု ပစ္စည်းသက် (ပသယှပဝတ်တု), တ်ကို တုသို့ ကပ်, နာမ်ငဲ့, သိသက်, သတ္ထုပိတာဒီနမာ သိသ္မိံ သိလောပေါ စသုတ်ဖြင့် တု၏ ု ကို -ါ ပြု, သိကိုလည်းချေ, ပသယှပဝတ္တာ ပြီး၏။ [သတ္ထာဒိဂိုဏ်း ဝတ္တုကဲ့သို့ ရုပ်စဉ် လေ။] ဘယဒဿာဝီကို သဗ္ဗတော ဏွုတွာဝီ ဝါ၌ တွက်ခဲ့ပြီ၊ ဤသုတ်ဖြင့် အာဝီသက်ရခြင်းသာ ထူး၏။

မေးဖွယ်။ ။ ကိတ်ပစ္စည်းမှန်လျှင် သာဓနအနက် ၇ ပါးတွင် တစ်ပါးပါး ကို ဟောရရိုးတည်း၊ တဿီလစသော အနက်ကား သာဓနအနက် မဟုတ် သေး၊ ထို့ကြောင့် ဤ ဏီစသော ပစ္စည်းများသည် အဘယ်သာဓနအနက်၌ သက်ကြသနည်းဟု မေးဖွယ်ရှိ၏။

အဖြေ။ ။ “မြတ်သောအကျင့်ကို ကျင့်လေ့ရှိ”ဟုဆိုလျှင် ထိုကျင့်လေ့ ရှိသူမှာ ကျင့်တတ်သော ကတ္တုသတ္တိ ရှိ၏ဟု သိသာ၏၊ ထို့ကြောင့် “တဿီလ စသော အနက်၌ သက်သော ဏီ စသော ပစ္စည်းများသည် ကတ္တုသာဓနအနက်၌ သက်ကြ၏”ဟု ရှေးဆရာတို့ အသိအမှတ်ပြုကြ သည်၊ ထို့ကြောင့် ရူပသိဒ္ဓိ၌ “ကတ္တရိ”ဟု တိုက်ရိုက် ထည့်လေသည်။ [အကျယ်ကို ကစ္စည်းဘာသာဋီကာမှာ ရှု။]

သဒ္ဒကုဓစလ မဏ္ဍတ္ထရုစာဒီဟိ- အသံပြုခြင်းအနက်ရှိသောဓာတ်, အမျက်ထွက် ခြင်းအနက်ရှိသောဓာတ်, တုန်လှုပ်ခြင်းအနက်ရှိသောဓာတ်, တန်ဆာဆင်ခြင်းအနက်ရှိသောဓာတ်, ရုစ အစရှိသောဓာတ်တို့မှ နောက်၌၊ တဿီလာဒီသု- တဿီလ တဒ္ဓမ္မ တဿာဓုကာရိတာ အနက် ၃ ပါးတို့၌၊ ယု- ယုပစ္စည်းသည်၊ ဟောတိ- ၏။ ဃောသနော, ကောဓနော, စလနော, မဏ္ဍနော, ရောစနော စသည်တည်း။

၁၀။ မဏ္ဍတ္ထမှ အတ္ထသဒ္ဒါကို ရှေ့ပုဒ်သို့ လိုက်စေ၍ “သဒ္ဒတ္ထ, ကုဓတ္ထ, စလတ္ထ”ဟုမှတ်၊ သဒ္ဒတ္ထဖြင့် အသံပြုခြင်းအနက်ရှိသော ဃုသဓာတ် ဘာသဓာတ် စသည်ကို ယူ၊ ကုဓတ္ထဖြင့် အမျက်ထွက်ခြင်းအနက်ရှိသော ကုဓဓာတ် ရုသဓာတ် စသည်ကို ယူ၊ စလတ္ထဖြင့် တုန်လှုပ်ခြင်းအနက်ရှိ သော ကပိဓာတ် ဖဒိဓာတ် စသည်ကို ယူ၊ မဏ္ဍတ္ထဖြင့် တန်ဆာဆင်ခြင်း အနက်ရှိသော မဍိဓာတ် ဘူသဓာတ်စသည်ကိုယူ၊ ရုစတ္ထဟု မဆိုဘဲ ရုစာ ဒီဟိဟု ဆိုသောကြောင့် ရုစဓာတ်နှင့်အနက်တူသော ဓာတ်သာမက အာဒိ သဒ္ဒါဖြင့် ဇုတဓာတ် ဝဍ္ဎဓာတ် စသည်ကိုလည်း ယူနိုင်၏၊ ဃောသနောကြွေးကြော်ခြင်းအလေ့ရှိသူ၊ ဤ၌ “ကြွေးကြော်ခြင်း”ဟူသည် အသံ ထုတ်၍ ဆိုခြင်းပင်တည်း၊ ထို့ကြောင့် “သဒ္ဒတ္ထ”အရ ထုတ်ပြရသည်။

ရုပ်တွက်။ ။ ဃောသနောကို “ဃုသ”တည်၊ “ဃုသ၊ သဒ္ဒေ”ဟူသော အနက်၌ ဓာတ်မှည့်, အဆုံးသရချေ, သဒ္ဒကုဓစလဏ္ဍတ္ထရုစာဒီဟိ ယု သုတ်ဖြင့် ယုပစ္စည်းသက်, အညေသု စသုတ်ဖြင့် ဃု၏အစိတ် ု ကို ေ-ါ ဝုဒ္ဓိပြု(ဃောသ်ယု), အနကာယုဏွူနံသုတ်ဖြင့် ယုပစ္စည်းကို ၊ န ပြု, သ်ကို ၊ သို့ကပ်, နာမ်ငဲ့, သိသက်, ေ-ါ ပြု, န်ခွင်း, ချေ, ကပ် ပြီး၏။ [ဘာသနောပြောဆိုခြင်းအလေ့ရှိသူ၊ ဤ ဘာသာဓာတ်လည်း အသံပြုခြင်းအနက် ရှိ၏၊ “ဘာသ=ဝိယတ္တိယံ ဝါစာယံဟု ဆို၍ ရုပ်တွက်။]

ကောဓနော-အမျက်ထွက်ခြင်းအလေ့ရှိသူ၊ “ကုဓ၊ ကောပေ”ဟူသော အနက်၌ ဓာတ်မှည့်၍ ရုပ်တွက်၊ ရောသနော-ချုပ်ချယ်ခြင်းအလေ့ရှိသူ၊ ချုပ်ချယ်ခြင်း, နှိပ်ကွပ်ခြင်းဟူသည် အမျက်ထွက်ခြင်းပင်တည်း၊ ထို့ကြောင့် ကုဓတ္ထ၌ သွင်းရသည်၊ “ရုသ=ရောသေ”ဟု ဓာတ်နက်ဆို။

စလနော-တုန်လှုပ်ခြင်းအလေ့ရှိသူ၊ “စလ၊ ကမ္ပနေ”ဟု ဓာတ်နက်ဆို၊ ကမ္ပနော, ဖန္ဒနော-တုန်လှုပ်ခြင်းအလေ့ရှိသူ၊ “ကပိ=စလနေ”ဟု ဓာတ် နက်ဆို၊ အဆုံး -ိ သရချေ, ယုပစ္စည်းသက် (ကပ် ယု), နိဂ္ဂဟီတဉ္စသုတ် ဖြင့် က နောက်၌ နိဂ္ဂဟိတ်လာ၊ ယုကို ၊ န ပြု, ပ်ကို ၊ သို့ကပ်, နိဂ္ဂဟိတ် ကို ပဝဂ္ဂန္တ “မ်” ပြု, မ်ကို ပသို့ ကပ်၍ နာမ်ငဲ့ ပြီးစေ။

မှတ်ချက်။ ။ ဖန္ဒနောလည်း နည်းတူ၊ “ဖဒိ၊ ကိဉ္စိစလနေ”ဟု ဓာတ် နက်ဆို၊ ဤ ကပိ ဖဒိဓာတ်များသည် ရုဓာဒိဂိုဏ်းဝင်ကဲ့သို့ ထင်ရသော် လည်း စင်စစ်မှာ ဘူဝါဒိဂိုဏ်းဝင်သာတည်း၊ ဘူဝါဒိ စုရာဒိဂိုဏ်းဝင် ဓာတ် များသည် အဆုံး၌ ဣ အက္ခရာပါလျှင် နိဂ္ဂဟိတ်လာမြဲ ဖြစ်၏။

[ဆောင်] ဣအက္ခရာ, အဆုံးပါသည့်, ဘူဝါနှင့်စု, ဓာတ်နှစ်ခု, ဗိန္ဒု လာရသည်။

မဏ္ဍနော-တန်ဆာဆင်ခြင်း အလေ့ရှိသူ၊ “မဍိ၊ ဘူသာယံ” ဟု ဓာတ်နက်ဆို၊ နိဂ္ဂဟိတ်လာ၍ ဋဝဂ္ဂန္တ “ဏ်” ပြု၊ ဝိဘူသနော-တန်ဆာ ဆင်ခြင်း အလေ့ရှိသူ၊ “ဝိပုဗ္ဗဘူသ = အလင်္ကာရေ”ဟု ဓာတ်နက် ဆို၊ ရောစနော-တင့်တယ်တောက်ပခြင်း အလေ့ရှိသူ၊ “ရုစ = ဒိတ္တိမှိ” ဟု ဓာတ်နက် ဆို၊ ဇောတနော-တောက်ပခြင်းအလေ့ရှိသူ၊ “ဇုတ = ဒိတ္တိမှိ”ဟု ဓာတ်နက် ဆို၊ ဝဍ္ဎနော-တိုးပွားခြင်း အလေ့ရှိသူ၊ “ဝဍ္ဎ = ဝဍ္ဎနေ”ဟု ဓာတ်နက် ဆို၍ တွက်လေ။

ပါရာဒိဂမိမှာ- ပါရ အစရှိသော သဒ္ဒါ ရှေ့ရှိသော ဂမုဓာတ်မှ နောက်၌၊ တဿီလာဒီသု- တို့၌၊ ရူ- ရူပစ္စည်းသည်၊ ဟောတိ- ဖြစ်၏။ ဘဝပါရဂူ, အန္တဂူ စသည် တည်း။

၁၁။ [ပါရာဒိ၌ အာဒိဖြင့် အန္တ စသည်ကို ယူ။] ပါရရှေ့ရှိသော ဂမု ဓာတ်, အန္တရှေ့ရှိသော ဂမုဓာတ်၊ ဤသို့ ပါရ အန္တ စသော သဒ္ဒါမျိုး ရှေ့ရှိသော ဂမုဓာတ်နောင် တဿီလစသောအနက်၌ ရူပစ္စည်းသက်သော သုတ်တည်း။

ဘဝပါရံ ဂန္တုံ သီလံ ယဿာတိ ဘဝပါရဂူ၊ “ယဿ-အကြင်သူ၏၊ ဘဝပါရံ-ဘဝ၏ ထိုဖက်ကမ်းသို့ (နိဗ္ဗာန်သို့ ဟူလို)၊ ဂန္တုံ-သွားခြင်းငှာ၊ သီလံ-သည်၊ အတ္ထိ-ရှိ၏”ဟု အနက်ပေး၊ ဓမ္မော သာဓုကာရိတာထည့်၍ လည်း ဝိဂြိုဟ်ပြု, ရုပ်တွက်ရာ၌ ဘဝကား လိုရင်းမဟုတ်, တွဲဖက်ဖြစ်၍ ထည့်ရသည်၊ ထို့ပြင် ရ အနုဗန်ရှိသော ပစ္စည်းဟူသမျှ၌ ရမှိ ရန္တော ရာဒိနောသုတ်ကို သတိရပါစေ။

ဘဝပါရဂူကို ဘဝပါရသဒ္ဒူပပဒ “ဂမု”တည်၊ “ဂမု၊ ဂတိမှိ”ဟူသော အနက်၌ ဓာတ်မှည့်, အဆုံး ု သရချေ, ပါရာဒိဂမိမှာ ရူသုတ်ဖြင့် ရူပစ္စည်း သက် (ဘဝပါရ ဂမ်ရူ), ရမှိ ရန္တော ရာဒိ နောသုတ်ဖြင့် ရ အနုဗန်နှင့်တကွ ဓာတွန် မ်ကို ချေ (ဘဝပါ ရဂ ူ, ဂ်ခွင်း, ချေ, ဂ်ကို ူ သို့ကပ်, နာမ်ငဲ့, သိသက်, ချေ, ဘဝပါရဂူ ပြီး၏။

အန္တံ ဂစ္ဆတိ သီလေနာတိ အန္တဂူ၊ အဆုံးသို့ သွားလေ့ (ရောက်လေ့) ရှိသူ၊ အန္တသဒ္ဒူပပဒ ဂမု တည်၍ တွက်၊ ဝေဒဂူ = မဂ်ဉာဏ်ဖြင့် နိဗ္ဗာန်သို့ ရောက်လေ့ရှိသူ၊ ဝေဒသဒ္ဒူပပဒ ဂမု တည်၍ ရုပ်တွက်။

ဘိက္ခာဒိတော စ- ဘိက္ခ အစရှိ သော ဓာတ်မှ နောက်၌လည်း၊ တဿီလာဒီသု- တို့၌၊ ရူ- ရူ ပစ္စည်း သည်၊ ဟောတိ- ဖြစ်၏။ ဘိက္ခု, ဝိညူ စသည်တည်း။

၁၂။ ဘိက္ခတိ သီလေနာတိ ဘိက္ခု။ ယော-အကြင် ရဟန်းသည်၊ သီလေန-အလေ့အလာအားဖြင့်၊ ဘိက္ခတိ-(ဆွမ်းစသည်ကို) တောင်းတတ် ၏၊ ဣတိ-ထို့ကြောင့်၊ သော-ထိုရဟန်းသည်၊ ဘိက္ခု-ဘိက္ခု မည်၏၊ ဘိက္ခာဒိတော၌ အာဒိသဒ္ဒါဖြင့် ဉာဓာတ်, ဝိဒဓာတ် စသည်ကို ယူ၊ ဝိဇာနာတိ သီလေနာတိ ဝိညူ၊ ဝိဒတိ သီလေနာတိ ဝိဒူ၊ သိလေ့ရှိသူ။

ဘိက္ခုကို “ဘိက္ခ”တည်၊ “ဘိက္ခ၊ ယာစနေ”ဟူသောအနက်၌ ဓာတ် မှည့်, အဆုံး ၊ သရချေ, ဘိက္ခာဒိတော စသုတ်ဖြင့် ရူပစ္စည်းသက်, ရမှိ ရန္တော ရာဒိနောသုတ်ဖြင့် ရ်အနုဗန်ကိုချေ, ကွစိ ဓာတုသုတ်ကြီးဖြင့် ူ ကို ု ရဿပြု, က္ခ် ု သို့ကပ်, နာမ်ငဲ့, သိသက်, ချေ, ဘိက္ခု ပြီး၏။

ဝိညူကို ဝိပုဗ္ဗ“ဉာ”တည်၊ “ဉာ၊ အဝဗောဓနေ”ဟူသောအနက်၌ ဓာတ် မှည့်, ရူပစ္စည်းသက်, ရမှိ ရန္တော ရာဒိနောသုတ်ဖြင့် ရ်အနုဗန်နှင့်တကွ ဓာတွန် -ါ ကို ချေ, ဉ် ကို ူ သို့ကပ် (ဝိဉူ), သဒိသဒွေဘော် ဉ် လာ, နာမ်ငဲ့, သိသက်, ချေ, ဝိညူ ပြီး၏။ [သဗ္ဗညူ-အလုံးစုံကို သိတော်မူလေ့ရှိ သော ဘုရား၊ မတ္တညူ-အတိုင်းအရှည်ကို သိလေ့ရှိသူ၊ သဗ္ဗ, မတ္တ+ဉာ ဓာတ်၊ ဝိဒူ=ဝိဒဓာတ်။]

[နတျာဒီနံ- ဟန အစရှိ သော ဓာတ်တို့၏အဆုံး၌၊ တဿီလာဒီသု- တို့၌၊ ဏုကော- ဏုက ပစ္စည်းသည်၊ ဟောတိ- ဖြစ်၏။ အာဃာတုကော, ကာရုကော စသည်တည်း။

၁၃။ အာဟနနသီလော-ညှဉ်းဆဲလေ့ရှိသူသည်၊ အာဃာတုကောအာဃာတုက မည်၏၊ ကရဏသီလော-ပြုလေ့ရှိသူသည်၊ ကာရုကောကာရုက မည်၏။ (ဟနဿ ဃာတောသုတ်ကို ကြည့်။)

အာဃာတုကောကို အာပုဗ္ဗ “ဟန”တည်၊ “ဟန၊ ဟိံသာဂတီသု” ဟူသောအနက်၌ ဓာတ်မှည့်, အဆုံးသရချေ, ဟနတျာဒီနံ ဏုကောသုတ် ဖြင့် ဏုကပစ္စည်းသက်, ကာရိတ်ငဲ့, ဏ်အနုဗန်ချေ, ဟနဿ ဃာတော သုတ်ဖြင့် ဟန်ဓာတ်ကို ဃာတ်ပြု, တ်ကို ု သို့ကပ်, သိသက်စသည် စီရင်။ [ကာရုကောကို “ကရ”တည်၊ အသံယောဂန္တဿ ဝုဒ္ဓိ ကာရိတေ သုတ်ဖြင့် က ၏ ၊ ကို -ါ ဝုဒ္ဓိပြု။]

ပဒန္တေ- ရှေ့ပုဒ်၏အဆုံး၌၊ နု- နုအက္ခရာသည်၊ နိဂ္ဂဟီတံ- နိဂ္ဂဟိတ်အဖြစ်သို့၊ အာပဇ္ဇတေ- ရောက်၏။ အရိန္ဒမော စသည်တည်း။

၁၄။ အရိသဒ္ဒူပပဒ “ဒမု”တည်၊ သညာယ.မနုသုတ်ဖြင့် ၊ ပစ္စည်း သက်၍ အရိဟူသော ရှေ့ပုဒ်အဆုံး၌ လာထားသော နုအက္ခရာကို ဤ သုတ်က နိဂ္ဂဟိတ်ပြုသည်၊ ရုပ်တွက်ပုံကို သညာယ.မနုသုတ် ပြန်ကြည့်။

သံဟနာ ဝါ- သံပုဗ္ဗ ဟနဓာတ်မှနောက်၌လည်းကောင်း၊ အညာယ ဝါ- တစ်ပါးသော ဓာတ်မှနောက်၌လည်းကောင်း၊ ရော- ရပစ္စည်းသည်၊ ဟောတိ- ဖြစ်၏။ ဃော- ဟနဓာတ်၏ ဃ အပြုသည်လည်း၊ ဟောတိ- ဖြစ်၏။ သံဃော, ပတိဃော, ပရိက္ခာ စသည်တည်း။

၁၅။ သံဟန.ညာယကို “သံဟနာ+အညာယ”ဟု ပုဒ်ဖြတ်၊ “သံ+ ဟနာ”ဟု သံပုဗ္ဗဟနဓာတ်ကိုသာ ပြထားသော်လည်း သံပုဗ္ဗဟနဓာတ် သာမက (ပါဠိတော်နှင့် လျော်အောင်) သံ ရှေးမရှိသော ဟနဓာတ် နောင်လည်း ရပစ္စည်း သက်၍ ဟနကိုလည်း ဃပြုလျှင် “ပတိဃော”ဟု ဖြစ်သေး၏၊ “အညာယ”ဖြင့်ကား ဟနမှတစ်ပါးသော ခနု, ကရ စသော ဓာတ်များကို ယူ။

ဟနဓာတ်သည် ဟိံသာ (ညှဉ်းဆဲခြင်း)အနက်, ဂတိ (ရောက်ခြင်း) အနက်ဟု ၂ မျိုး ရှိ၏၊ ဤနေရာ၌ ဂတိအနက်ကို ယူ၍ “သံဟနတိ (သမုပဂစ္ဆတီ)တိ သံဃော”ဟု ဝိဂြိုဟ်ပြု၊ ယော-အကြင်ရဟန်းအပေါင်း သည်၊ သမဂ္ဂံ-ညီညီညွတ်ညွတ်၊ ကမ္မံ-သံဃကံသို့၊ သံဟနတိ (သမုပ ဂစ္ဆတိ)-ကပ်ရောက်တတ်၏၊ ဣတိ-ထို့ကြောင့်၊ သော-ထိုရဟန်းအပေါင်း သည်၊ သံဃော-သံဃ မည်၏။

ဟနဓာတ်၏ ဟိံသာအနက်ကို ယူ၍ “ပတိဟညတီတိ ပတိဃော”ဟု ပြု၊ ပတိဟညတိ-ထိပါးနှိပ်စက်တတ်၏၊ ဣတိ-ကြောင့်၊ ပတိဃော-ပတိဃ (ဒေါသ) မည်၏၊ ပရိက္ခာ၌ ပရိသဒ္ဒါသည် ထက်ဝန်းကျင်ဟူသော အနက် ကို ဟော၏၊ ထို့ကြောင့် သမန္တတော ခညတီတိ ပရိက္ခာ”ဟု ပြု၊ ဤ ပရိက္ခာကား အညာယ ဝါ အရ အခြားဓာတ်၏ ပုံစံတည်း၊ နဂရဿမြို့၏၊ ဗဟိ-အပြင်ဘက်၌၊ သမန္တတော-ပတ်ဝန်းကျင်၌၊ ခညတိ-တူးအပ် ၏၊ ဣတိ-ကြောင့်၊ ပရိက္ခာ-ပရိက္ခာ မည်၏၊ မြို့တံတိုင်း ပြင်ဘက်၌ တူးအပ်သော ကျုံးတည်း။

သံဃောကို သံပုဗ္ဗ “ဟန”တည်၊ “ဟန၊ ဟိံသာဂတီသု” ဟူသော အနက်၌ ဓာတ်မှည့်, အဆုံးသရချေ, သံဟနာညာယ ဝါ ရော ဃော သုတ်ဖြင့် ရ ပစ္စည်းသက်၍ ဟနဓာတ်ကိုလည်း ဃ ပြု (သံဃရ), ရမှိ ရန္တော ရာဒိ နောသုတ်ဖြင့် ရ် အနုဗန်နှင့်တကွ ဃ ၏ ၊ ကို ချေ, ဃ်ကို ၊ သို့ ကပ်, နာမ်ငဲ့, သိသက်, သိကို ေ-ါ ပြု, ဃ် ခွင်း, ချေ, ကပ်, သံဃော ပြီး၏။ [ပတိပုဗ္ဗ“ဟန”တည်၍ ပတိဃောလည်း ဖြစ်၏။]

ပရိက္ခာကို ပရိပုဗ္ဗ “ခနု”တည်၊ “ခနု၊ အဝဒါရဏေ”ဟူသောအနက်၌ ဓာတ်မှည့်, အဆုံး ု သရချေ, ဤသုတ်ဖြင့် ရပစ္စည်းသက်, ရမှိ ရန္တော စသောသုတ်ဖြင့် ရ်အနုဗန်နှင့်တကွ န်ကို ချေ (ပရိခ ၊ ), ခ်ခွင်း, ချေ, ကပ် (ပရိခ), ဝဂ္ဂေ ဃောသာဃောသာနံ စသောသုတ်ဖြင့် အသဒိသ ဒွေဘော် က် လာ, ဣတ္ထိယမတော အာပစ္စယောသုတ်ဖြင့် -ါ ပစ္စည်းသက်, စသည် စီရင်။

ရမှိ- ရ အနုဗန်ရှိသော ပစ္စည်းကြောင့်၊ ရာဒိ- ရ် အနုဗန် အပိုင်းအခြား ရှိသော၊ အန္တော- ဓာတ်၏ အဆုံးသည်၊ နော- ကျေပျောက်သည်၊ ဟောတိ- ဖြစ်၏။ အန္တကော, ပါရဂူ, သတ္ထာ, ဒိဋ္ဌော စသည်တည်း။

၁၆။ ရန္တော၌ ရ်ကား အာဂုံတည်း၊ ရမှိအရ “ရ်အနုဗန်ရှိသောပစ္စည်း” များကား ရပစ္စည်း, ရူပစ္စည်း, ရတ္ထု, ရိတု, ရာတုပစ္စည်းနှင့် ရိဋ္ဌအပြု စသည်များတည်း၊ ရာဒိ၌ အာဒိသဒ္ဒါကား “အပိုင်းအခြား”ဟူသော အနက်ကို ဟော၏၊ “ဓာတ်၏အဆုံးကို ချေရာ၌ နောက်က ပိုင်းခြားလျက် ရှိသော ရ်အနုဗန်ပါ ချေရမည်”ဟု ဆိုလိုသည်၊ ရ်အနုဗန်ကို ချေလိုက်တဲ့ အခါ ၊- ု-၊ တ္ထု စသော ပစ္စည်းသာ ကျန်ရစ်၏၊ ထိုသို့ ချေရာ၌ အချို့အရာ ဝယ် ဓာတ်၏ အဆုံးဗျဉ်းကို ချေ၏၊ (ပါရဂူကို ကြည့်၊) ဗျဉ်းမရှိလျှင် အဆုံးသရကို ချေ၏၊ (ဝိညူကို ကြည့်)။

“အန္တံ ကရောတီတိ အန္တကော” ယော-အကြင်သေမင်းသည်၊ အန္တံဘဝအဆုံးကို၊ ကရောတိ-ပြုတတ်၏၊ ဣတိ-ထို့ကြောင့်၊ သော-ထိုသေမင်း သည်၊ အန္တကော-အန္တက မည်၏။

ရုပ်တွက်။ ။ အန္တကောကို အန္တသဒ္ဒူပပဒ “ကရ”တည်၊ “ကရ၊ ကရဏေ”ဟူသောအနက်၌ ဓာတ်မှည့်, အဆုံး အသရချေ, သံဟနညာယ ဝါ ရော ဃောသုတ်ဖြင့် ရပစ္စည်းသက် (ကရ်ရ), ရမှိ ရန္တော ရာဒိ နော သုတ်ဖြင့် ရ်အနုဗန်နှင့်တကွ ဓာတွန် ရ်ကို ချေ (က ၊ ), က်ခွင်း, ချေ, ကပ် (အန္တက), သိသက်, ေ-ါ ပြု, အန္တကော ပြီး၏။ [ပါရဂူကို ပါရာဒိ ဂမိမှာ ရူ သုတ်ကြည့်၊ သတ္ထာ, ဒိဋ္ဌောတို့ကို သာသာဒီဟိ ရတ္ထု, သာသ ဒိသတော တဿ ရိဋ္ဌော စ သုတ်တို့၌ တွက်ရလတ္တံ့။]

ဘာဝကမ္မေသု- ဘော အနက်, ကံအနက်တို့၌၊ တဗ္ဗာ.နီယာ- တဗ္ဗပစ္စည်း, အနီယပစ္စည်း တို့သည်၊ ဟောန္တိ- ဖြစ်ကုန်၏။ ကတ္တဗ္ဗံ, ကရဏီယံ စသည်တည်း။

၁၇။ ဘောအနက် ကံအနက်ဟူသည် ဘာဝသာဓန ကမ္မသာဓန အနက်များတည်း၊ ဤ တဗ္ဗ အနီယပစ္စည်းတို့သက်ရာဌာနသည် အလွန် ကျယ်ဝန်း၏၊ ဘော ကံအနက်သာမက “တဗ္ဗာနီယာ”ဟူသော ဒွိဓာ ကရဏ ယောဂဝိဘာဂဖြင့် ကတ္တား ကရိုဏ်းစသော အနက်များ၌လည်း သက်နိုင်ကြသေး၏၊ လိန်အားဖြင့်ကား ဣတ္ထိလိန် ပုံလိန် နပုံလိန်အားဖြင့် ထိုက်သလို ရနိုင်၏။ [ကိတကာ-ကိတ်ပစ္စည်းတို့သည်၊ အဘိဓေယျလိင်္ဂါဟောအပ်သော အနက်၏ လိန်ရှိကုန်၏၊ (ဟောအပ်သော ပုဒ်၏လိန်သို့ လိုက်ကုန်၏ ဟူလို)။]

မှတ်ချက်။ ။ ဤတဗ္ဗ အနီယပစ္စည်းများသည် ဘောအနက် ကံအနက် ပေါ်မှာ “ထိုက်၏, သင့်၏”ဟူသော အရဟသဒ္ဒါ၏အနက် “ပြုပိုင်, ပြုနိုင် ၏”စသော သက္ကသဒ္ဒါ၏အနက်များကိုလည်း အပိုပြနိုင်သေး၏၊ ထို အနက်များကို အရာအားလျော်စွာ သုံးစွဲရမည်၊ ဥပမာ-“ကတ္တဗ္ဗံ-ပြုအပ် ပြုသင့် ပြုထိုက်၏၊ ပြုအပ် ပြုပိုင် ပြုနိုင်၏” စသည်တည်း၊ ရုပ်ကို နောက်နောက်သုတ်များ၌ တွက်ရလတ္တံ့။

ဘာဝကမ္မေသု- ဘောအနက်, ကံအနက် တို့၌၊ ဏျော စ- ဏျပစ္စည်းသည်လည်း၊ ဟောတိ- ၏။ ကာရိယံ, ဘာရိယံ စသည်တည်း။ စသဒ္ဒါဖြင့် တေယျပစ္စည်းကို ဆည်း၍ ဉာတေယျံ စသည်လည်း ဖြစ်သေး၏။

၁၈။ ကရီယတေ ကတ္တဗ္ဗံ ဝါတိ ကာရိယံ၊ ကရီယတေ-ပြုအပ်၏၊ ဝါ-တစ်နည်း၊ ကတ္တဗ္ဗံ-ပြုအပ် ပြုထိုက်၏၊ ဣတိ-ထို့ကြောင့်၊ ကာရိယံကာရိယ မည်၏၊ ဘရီယတေ ဘရိတဗ္ဗံ ဝါတိ ဘာရိယံ၊ ဘရီယတေဆောင်ရွက်အပ်၏၊ ဝါ-တစ်နည်း၊ ဘရိတဗ္ဗံ-ရွက်ဆောင်အပ် ရွက်ဆောင် ထိုက်၏၊ ဣတိ-ထို့ကြောင့်၊ ဘာရိယံ-မည်၏၊ (ရွက်ဆောင်ရမည့်တာဝန်)၊ ကိတ်ပစ္စည်းနှောင်းရာ၌ ဣ လာလိုလျှင် ယထာဂမ.ဓိကာရောသုတ်ကို အမြဲ သတိပြု။

ရုပ်တွက်။ ။ ကာရိယံကို “ကရ”တည်၊ “ကရ၊ ကရဏေ” ဟူသော အနက်၌ ဓာတ်မှည့်, အဆုံးသရချေ, ဏျော စသုတ်ဖြင့် ဏျပစ္စည်းသက်, ကာရိတ်ငဲ့, ဏ်အနုဗန်ချေ (ကရ်ယ), အသံယောဂန္တဿ စသောသုတ်ဖြင့် က၏ ၊ ကို -ါ ဝုဒ္ဓိပြု, ယထာဂမမိကာရောသုတ်ဖြင့် -ိ လာ, ရ်ကို -ိ သို့ ကပ်, နာမ်ငဲ့, သိသက်, -ံ ပြု, ကာရိယံ ပြီး၏။ [“ဘရ=ဘရဏေ”ဟု ဆို၍ ဘာရိယံကို ရုပ်တွက်။]

အမှာ။ ။ “ဉာယတေ ဉာတဗ္ဗံ ဝါတိ ဉာတေယျံ-သိအပ်သိထိုက်၏”ဟု အနက်ဆို “ဉာ၊ အဝဗောဓနေ”ဟု ဓာတ်နက်ဆို၊ ဏျော စ၌ စသဒ္ဒါဖြင့် တေယျပစ္စည်း သက်၍ ရုပ်ပြီးစေ၊ “ဒိဋ္ဌေယျံ-မြင်အပ် မြင်ထိုက်၏၊ ပတ္တေယျံ-ရောက်အပ် ရောက်ထိုက်၏” စသည်ဖြင့် အလားတူ ရုပ်များကို တွေ့လတ္တံ့။

ကရမှာ- ကရဓာတ်မှနောက်၌၊ ဘာ၀ ကမ္မေသု- ဘောအနက် ကံအနက်တို့၌၊ ရိစ္စ- ရိစ္စပစ္စည်းသည်၊ ဟောတိ- ၏။ ကိစ္စံ စသည်တည်း။ ရိစ္စဟူသော ယောဂဝိဘာဂဖြင့် ဘရ စသောဓာတ်နောင် ရိစ္စပစ္စည်း သက်၍ ဘစ္စော စသည် ဖြစ်၏။

၁၉။ ကရီယတေ ကတ္တဗ္ဗံ ဝါတိ ကိစ္စံ၊ ပြုအပ် ပြုထိုက်သော အမှု လုပ်ငန်း၊ ဘရီယတေ-မွေးမြူအပ်၏၊ ဣတိ-ထို့ကြောင့်၊ ဘစ္စော-ဘစ္စ မည်၏၊ (မွေးစားအပ်သော သားတည်း။)

ရုပ်တွက်။ ။ ကိစ္စံကို “ကရ”တည်၊ “ကရ၊ ကရဏေ”ဟူသောအနက်၌ ဓာတ်မှည့်, အဆုံးသရချေ, ကရမှာ ရိစ္စသုတ်ဖြင့် ရိစ္စပစ္စည်းသက်, ရမှိ ရန္တောရာဒိ နောသုတ်ဖြင့် ရ်အနုဗန်နှင့်တကွ ဓာတွန် ရ်ကိုချေ(က-ိစ္စ), က်ခွင်း, ချေ, ကပ်, နာမ်ငဲ့, သိသက်, -ံ ပြု, ကိစ္စံ ပြီး၏။

ဘစ္စောကို “ဘရ”တည်၊ “ဘရ၊ ဘရဏေ”ဓာတ်မှည့်, အဆုံးသရချေ, ကရမှာ ရိစ္စသုတ်၌ ရိစ္စဟူသော ဒွိဓာကရဏယောဂဝိဘာဂဖြင့် ရိစ္စ ပစ္စည်းသက်, ရ်အနုဗန်နှင့်တကွ ဓာတွန် ရ်ကိုချေ, ကွစိ ဓာတုသုတ်ကြီး ဖြင့် -ိကိုချေ, နာမ်ငဲ့, သိသက်, ေ-ါ ပြု, ဘစ္စော ပြီး၏။ [သန္ဓိစပ်တဲ့အရာ မဟုတ်၍ -ိကို ကွစိ ဓာတုဖြင့် ရူပသိဒ္ဓိဋီကာ ချေသည်။]

ဘူတော- ဘူဓာတ်မှ၊ ပရဿ- နောက်ဖြစ်သော၊ ဏျဿ- ဏျပစ္စည်း၏၊ အဗ္ဗ- ဓာတွန် ဥုနှင့်တကွ အဗ္ဗ အပြုသည်၊ ဟောတိ- ဖြစ်၏။ ဘဗ္ဗော စသည်တည်း။

၂၀။ ဘဝိတဗ္ဗော-ဖြစ်ထိုက်၏၊ ဣတိ-ထို့ကြောင့်၊ ဘဗ္ဗော-ဘဗ္ဗ မည်၏၊ (ဤအနက်ကို ကတ္တားအနက်ဟု ဆိုကြ၏၊ ဏျပစ္စည်းလည်း ဤပုဒ်၌ ကတ္တားအနက် ဟောသတဲ့။)

ဘဗ္ဗောကို “ဘူ”တည်၊ “ဘူ၊ သတ္တာယံ”ဟူသော အနက်၌ ဓာတ်မှည့်, ဏျောစသုတ်ဖြင့် ဏျပစ္စည်းသက်, ဘူတောဗ္ဗသုတ်ဖြင့် ဓာတွန် ူ နှင့်တကွ ဏျကို ၊ ဗ္ဗ ပြု, ဘ် ၊ သို့ ကပ်, နာမ်ငဲ့, သိသက်, ေ-ါ ပြု, ဘဗ္ဗော ပြီး၏။ [ဣတ္ထိလိန်၌ -ါ ပစ္စည်းသက်၍ ဘဗ္ဗာ, နပုလ္လိန်၌ ဘဗ္ဗံဟု ဖြစ်၏၊ ဤသို့ လိန်အားလျော်စွာ “ဘဗ္ဗော, ဘဗ္ဗာ, ဘဗ္ဗံ”ဟု နေရခြင်းကို အဘိဓေယျ လိန်သို့ လိုက်သည်ဟု ဆို၏။]

ဝဒမဒဂမုယုဇဂရဟာ.ကာရာဒီဟိ- ဝဒဓာတ်, မဒဓာတ်, ဂမုဓာတ်, ယုဇဓာတ်, ဂရဟဓာတ်, အာကာရ န္တဓာတ် တို့မှ၊ ပရဿ- နောက်ဖြစ်သော၊ ဏျဿ- ဏျပစ္စည်း၏၊ အန္တေန- ဓာတွန်နှင့်တကွ၊ ဇ္ဇမ္မဂ္ဂယှေ.ယျာ- ဇ္ဇအပြု, မ္မအပြု, ဂ္ဂအပြု, ယှ အပြု, ဧယျအပြုတို့သည်၊ ဝါ- ဝိကပ်အားဖြင့်၊ ဟောန္တိ- ဖြစ်ကုန်၏။ ဂါရော- ဂရ သဒ္ဒါ၏ ဂါရ အပြုသည်လည်း၊ ဟောတိ- ဖြစ်၏။ ဝဇ္ဇံ, မဇ္ဇံ, ဂမ္မံ, ယောဂ္ဂံ, ဂါရယှံ, ဒေယျံ စသည်တည်း။

၂၁။ ပုံစံများကို ဓာတ်စဉ်အတိုင်း ပြထားသည်၊ ဝဒ မဒကဲ့သို့ ဒထွေး အဆုံးရှိသော ဓာတ်နောင် ဏျကို ဓာတွန်နှင့်တကွ ဇ္ဇ ပြု၊ ဂမုဓာတ်နောင် ဓာတွန် မ်နှင့်တကွ ဏျကို မ္မ ပြုဟု အစဉ်အတိုင်း သိလေ။ [ဤ၌ ဝဒ ဓာတ်ဖြင့် ဒထွေးဆုံးသော ဓာတ်ဟူသမျှကို ယူနိုင်ပါသော်လည်း ရိုးရာ အားဖြင့် ဏျပစ္စည်းသည် ဘော ကံ၌သာ သက်၏၊ သို့သော် “မဒဓာတ် နောက်၌ကား ကရဏသာဓန၌လည်း သက်နိုင်၏”ဟု သိစေလိုသော ကြောင့် သီးခြား ဆိုပြန်သည်။]

ဝဒ, မဒ။ ။ ဝဇ္ဇတေတိ ဝဇ္ဇံ၊ ဝဇ္ဇတေ-ပြောဆိုအပ်၏၊ ဣတိထို့ကြောင့်၊ ဝဇ္ဇံ-မည်၏၊ မဇ္ဇတိ ဧတေနာတိ မဇ္ဇံ၊ ဧတေန-ဤသေရည် အရက်ဖြင့်၊ မဇ္ဇတိ-ယစ်မူး ရူးသွပ်တတ်၏၊ ဣတိ-ထိုသို့ ယစ်မူးကြောင်း၏ အဖြစ်ကြောင့်၊ မဇ္ဇံ-မည်၏။

ဝဇ္ဇံကို “ဝဒ”တည်၊ “ဝဒ၊ ဝိယတ္တိယံ ဝါစာယံ”ဟူသောအနက်၌ ဓာတ် မှည့်, အဆုံးသရချေ, ဏျော စသုတ်ဖြင့် ဏျပစ္စည်း သက်၊ ဝဒမဒဂမု ယုဇဂရဟာ.ကာရာဒီဟိ ဇ္ဇမ္မဂ္ဂယှေ.ယျာ, ဂါရော ဝါသုတ်ဖြင့် ဏျပစ္စည်း နှင့်တကွ ဓာတွန် ဒ်ကို ဇ္ဇပြု, နာမ်ငဲ့, သိသက်, -ံ ပြု, ဝဇ္ဇံ ပြီး၏။ [ရူပသိဒ္ဓိ၌ ဏ်အနုဗန်ရှိသော ပစ္စည်းနှောင်းသဖြင့် ဝ၏ ၊ ကို -ါ ဝုဒ္ဓိပြုပြီးမှ ရဿ ပြုသည်ကား အကျိုးမရှိလှ၊ မဇ္ဇံကိုလည်း “မဒ=ဥမ္မာဒေ”ဟု ဓာတ်နက် ဆို၍ ရုပ်တွက်။]

ဂမုဓာတ်။ ။ ဂစ္ဆီယတေ ဂန္တဗ္ဗံ ဝါတိ ဂမ္မံ(သွားအပ် ရောက်အပ်သော အရပ်)၊ ဥပလက္ခဏနည်းအားဖြင့် ဂမုဓာတ်ကို မှတ်၍ ဆိုသည်၊ ထို့ကြောင့် ဂမုအရ မအဆုံးရှိသော ဓာတ်ဟူသမျှကိုယူ၊ နောက်၌လည်း ဤနည်းချည်း တည်း၊ “ဂမု၊ ဂတိမှိ”ဟု ဓာတ်နက်ဆို၊ ဏျပစ္စည်းနှင့်တကွ ဓာတွန်မ်ကို ဤသုတ်ဖြင့် မ္မ ပြု၊ “ဒမု=ဒမနေ”ဟု ဆို၍ ဒမ္မော (ဆုံးမအပ် ဆုံးမထိုက် သောသူ)”ဟု ဖြစ်၏။

ယုဇဓာတ်။ ။ ယုဇဓာတ်ဖြင့် ဇအဆုံးရှိသော ဓာတ်ဟူသမျှကိုယူ၊ ယုဇ္ဇတေ ယုဉ္ဇိတဗ္ဗံ ဝါတိ ယောဂ္ဂံ (ကပ်ယှဉ်အပ် ကပ်ယှဉ်ထိုက်သော လှည်းစသော ယာဉ်)၊ “ယုဇ၊ ယောဂေ”ဟု ဓာတ်နက်ဆို၍ ဏျပစ္စည်း သက်, ကာရိတ်ငဲ့, အသံယောဂန္တဿ ဝုဒ္ဓိစသောသုတ်ဖြင့် ယု၏ ု ကို ေ-ါ ဝုဒ္ဓိ ပြု, ဤသုတ်ဖြင့် ဏျပစ္စည်းနှင့်တကွ ဓာတွန်ဇ်ကို ဂ္ဂ ပြု, “ဘုဇ=ပါလနဗျာဝဟရဏေသု”ဟု ဓာတ်နက်ဆို၍ ဘောဂ္ဂံ (သုံးဆောင် ခံစားအပ်သောစည်းစိမ်)ဟု ဖြစ်၏။

ဂရဟဓာတ်။ ။ ဂရဟဓာတ်ဖြင့် ဟအဆုံးရှိသော ဓာတ်ဟူသမျှကို ယူ၊ ဂါရော ဝါ ၌ ဂါရ အပြုကား ဂရဟဓာတ် တစ်ခုနှင့်သာ ဆိုင်၏၊

ထို့ကြောင့် ဂရဟဓာတ်မှ ဂရကို ဂါရ ပြုရမည်၊ ဂရဟီယတေ ဂရဟိတဗ္ဗံ ဝါတိ ဂါရယှံ (ကဲ့ရဲ့အပ်သောအပြစ်)၊ “ဂရဟ၊ နိန္ဒာယံ”ဟု ဓာတ်နက်ဆို၊ ဤသုတ်ဖြင့် ဏျပစ္စည်းနှင့်တကွ ဓာတွန် ဟ် ကို ယှပြု၏, ဂရကိုလည်း ဂါရ ပြု (ဂါရယှ), နာမ်ငဲ့, သိကို -ံ ပြု။

အာကာရ။ ။ အာကာရ န္တဓာတ်များကို ယူ၊ “ဒါ၊ ဒါနေ”ဟု ဆို၊ ဏျ ပစ္စည်းနှင့်တကွ ဓာတွန် -ါ ကို ဧယျပြု (ဒေယျ), နာမ်ငဲ့, သိသက် -ံ ပြု၊ ဒေယျံ=ပေးအပ် ပေးထိုက်သောဝတ္ထု၊ “ပါ=ပါနေ”ဟု ဆို၍ ပေယျံ (သောက်ထိုက်သောဖျော်ရည်) စသည် ဖြစ်၏၊ “ပပုဗ္ဗ မာ=မာနေ”ဟုဆို၍ ပမေယျံ (နှိုင်းယှဉ်အပ် နှိုင်းယှဉ်ထိုက်သောဝတ္ထု) ဖြစ်၏၊ “သံပုဗ္ဗ ချာ=ပကထနေ”ဟု ဆို၍ သင်္ချေယျံ (ရေတွက်အပ် ရေတွက်ထိုက်သော ဝတ္ထု) ဖြစ်၏၊ “ဉာ=အဝဗောဓနေ”ဟု ဆို၍ ဉေယျံ (သိအပ် သိထိုက် သော တရား) ဖြစ်၏။

တေ- ထိုတဗ္ဗ, အနီယ, ဏျ, တေဏျ, ရိစ္စ ငါးပစ္စည်းတို့သည်၊ ကိစ္စာ- ကိစ္စတို့ မည်၏။

၂၂။ ဤသုတ်ကား နောက်က ပြခဲ့သော တဗ္ဗ စသော ၅ ပစ္စည်းကို “ကိစ္စ”ဟု နာမည်မှည့်သော သညာသုတ်တည်း၊ ထို့ကြောင့် ကစ္စည်းကျမ်း အလို ကိစ္စ ၅ ပစ္စည်းရှိသည်ဟု မှတ်၊ အခြားကျမ်းများအလို “ဘူတဂါမ ပါတဗျတာယ”စသည်၌ တဗျပစ္စည်းကိုလည်း ဏျော စ၌ စသဒ္ဒါဖြင့် သက်စေလိုကြသေး၏၊ ဤ ကိစ္စပစ္စည်းဆုံးသော ပုဒ်များကို နာမ်ငဲ့သည့် အခါ တဒ္ဓိတသမာသ စသောသုတ်၌ ကိစ္စပစ္စည်းအတွက် တိုက်ရိုက်မပါ သောကြောင့် စသဒ္ဒါဖြင့် ငဲ့ရမည်ဟု ရူပသိဒ္ဓိဆို၏၊ အကြံလွန်ဟန် တူသည်၊ ကိတ်ပုဒ်မှန်လျှင် “ကိတကာ”အရတွင် ပါဝင်သောကြောင့် သုတ်ရင်းဖြင့်ပင် နာမ်ငဲ့သင့်သည်ဟု ဤကျမ်းက အယူရှိသည်။

အညေ- ကိစ္စပစ္စည်းမှတစ်ပါးသော ပစ္စည်းတို့သည်၊ ကိတ်- ကိတ် မည်၏။

၂၃။ ဤသုတ်ကား ကိစ္စ ၅ ပစ္စည်းမှတစ်ပါး ကိတ်ပိုင်းလာ ပစ္စည်း ဟူသမျှကို ကိတ် မည်၏ဟု နာမည်မှည့်သည်၊ ဤ ၂၂-၂၃ နံပါတ်သုတ် များအရ ကိစ္စပစ္စည်း, ကိတ်ပစ္စည်းဟု နာမည် ၂ မျိုး မှတ်ခဲ့ပါ၊ ထိုကဲ့သို့ နာမည်မှည့်ရခြင်းသည် ကတ္တရိ ကိတ်, ဘာဝကမ္မေသု ကိစ္စက္တခတ္ထာ သုတ်များ၌ ခေါ်ဝေါ်သုံးစွဲရခြင်းအကျိုးရှိသည်။

နန္ဒာဒီဟိ- နန္ဒအစရှိသော ဓာတ်တို့မှ နောက်၌၊ ဘာဝကမ္မေသု- ဘောအနက် ကံအနက်တို့၌၊ ယု- ယု ပစ္စည်းသည်၊ ဟောတိ- ဖြစ်၏။ နန္ဒနံ စသည်တည်း။

၂၄။ နန္ဒာဒီဟိ၌ အာဒိသဒ္ဒါသည် ဘော ကံအနက်တို့၌ ယုပစ္စည်း သက်၍ ပြီးကောင်းသမျှဓာတ်တို့ကို ယူ၊ နန္ဒီယတေ နန္ဒနံ၊ နန္ဒီယတေနှစ်သက်ခြင်း၊ နန္ဒနံ-နှစ်သက်ခြင်း (ဘောအနက်)၊ နန္ဒီယတေ နန္ဒိတဗ္ဗံ ဝါတိ နန္ဒနံ၊ (ကံအနက်, “နှစ်သက်အပ်၏”ဟု အနက်ပေး။)

နန္ဒနံကို “နန္ဒ”တည်၊ “နန္ဒ၊ သမိဒ္ဓိမှိ”ဟူသောအနက်၌ ဓာတ်မှည့်, အဆုံး ၊ သရချေ, နန္ဒာဒီဟိ ယုသုတ်ဖြင့် ယုပစ္စည်း သက်, အနကာ ယု ဏွူနံသုတ်ဖြင့် ယုပစ္စည်းကို ၊ နပြု, န္ဒ်ကို ၊ သို့ ကပ်, နာမ်ငဲ့, သိ -ံ ပြု, နန္ဒနံ ပြီး၏။

အမှာ။ ။ ဘဝနံ-ဖြစ်ခြင်း၊ စရဏံ-ကျင့်ခြင်း, ကျင့်အပ်သောအကျင့်၊ အာလမ္ဗနံ-ဆွဲမှီအပ်သောအာရုံ၊ ဤသို့ စသည်ဖြင့် များစွာ ရှိလေ၏။ [ရုပ်စီရင်ပုံကို ရူပသိဒ္ဓိမှာ ရှု။]

ကတ္တုကရဏပဒေ သေသု စ- ကတ္တားအနက် ကရိုဏ်းအနက် အဓိကရဏအနက် တို့၌လည်း၊ ယု- ယုပစ္စည်းသည်၊ ဟောတိ- ဖြစ်၏။ ရဇောဟရဏံ, ကရဏံ, ဌာနံ စသည်တည်း။

၂၅။ ကတ္တုသာဓနစသည်ကို ကတ္တားအနက်စသည်ဖြင့် ဆိုထားသည်၊ ပဒေသသဒ္ဒါသည် တည်ရာအရပ်ကို ဟောသောကြောင့် အဓိကရဏသဒ္ဒါ နှင့် အနက်တူသည်၊ အဓိကရဏ၊ သြကာသ=ပဒေသ ဤ ၃ မျိုးကို သာဓန တစ်မျိုးတည်း၏ နာမည်ဟု မှတ်ပါ။

ကတ္တု။ ။ ယံ-အကြင်ရေသည်၊ ရဇံ-မြူမှုန်ကို၊ ဟရတိ-ပယ်ဆောင် တတ်၏၊ ဣတိ-ထိုသို့ ပယ်ဆောင်တတ်သည်၏အဖြစ်ကြောင့်၊ တံ-ထို ရေသည်၊ ရဇောဟရဏံ-မည်၏၊ မြူမှုန်ကို ပယ်ရှားဆောင်ယူတတ်သော ရေတည်း၊ ကတ္တုသာဓနဖြစ်၍ “ဣတိ-ထိုသို့ ပယ်ဆောင်တတ်သည်၏ အဖြစ်ကြောင့်”ဟု “တတ်”ဟူသောအနက်ကို ဆိုရသည်၊ ဟရဏပုဒ်သာ လိုရင်းတည်း၊ ရဇောကား တွဲဖက်ဖြစ်၍ ထည့်ရသည်၊ ရဇောဟု သြနှင့် ရှိခြင်းမှာ မနောဂဏာဒိဂိုဏ်းဝင်ဖြစ်သောကြောင့်တည်း။

ကရဏ။ ။ ကရောတိ ဧတေနာတိ ကရဏံ၊ ဧတေန-ဤဝတ္ထုဖြင့်၊ ကရောတိ-ပြု၏၊ ဣတိ-ထိုသို့ ပြုကြောင်း၏အဖြစ်ကြောင့်၊ တံ-ထိုဝတ္ထု သည်၊ ကရဏံ-ကရဏ မည်၏၊ ကရဏသာဓနဖြစ်၍ “ပြုကြောင်း၏ အဖြစ်ကြောင့်”ဟု “ကြောင်း”ဟူသောအနက်ကို ဆိုရသည်။

ပဒေသ။ ။ ဧတ္ထ-ဤအရပ်၌၊ တိဋ္ဌတိ-တည်နေရ၏၊ ဣတိ-ထိုသို့ တည်ရာ၏ အဖြစ်ကြောင့်၊ တံ-ထို အရပ်သည်၊ ဌာနံ-ဌာန မည်၏၊ အဓိကရဏသာဓနဖြစ်၍ “ရာ”ဟူသော အနက်ကို သုံးစွဲရသည်။

ရုပ်တွက်။ ။ [ရဏံကို “ဟရ”တည်၊ “ဟရ၊ ဟရဏေ”ဟူသော အနက်၌ဓာတ်မှည့်, အဆုံးသရချေ, ကတ္တုကရဏပဒေသေသု စသုတ်ဖြင့် ယုပစ္စည်းသက်, အနကာ ယု ဏွူနံသုတ်ဖြင့် ယုပစ္စည်းကို ၊ နပြု, ရ် ၊ သို့ ကပ် (ဟရဏ), ရဟာဒိတော ဏသုတ်ဖြင့် နကို ဏပြု, နာမ်ငဲ့, သိသက်, -ံ ပြု, ဟရဏံ ပြီး၏။ [ကရဏံလည်း နည်းတူ, ကရဓာတ်တည်၍ တွက်။]

ဌာနံကို “ဌာ”တည်၊ “ဌာ၊ ဂတိနိဝတ္တိမှိ”ဟူသောအနက်၌ ဓာတ်မှည့်, ယုပစ္စည်းသက်, ၊ နပြု (ဌာ ၊ န), ကွစိ ဓာတုသုတ်ကြီးဖြင့် ၊ ကို ချေ, နာမ်ငဲ့, သိသက်, -ံ ပြု, ဌာနံ ပြီး၏။

အမှာ။ ။ ဤအရာမျိုး၌ ဝါ ပရော အသရူပါသုတ်ဝယ် “ ဝါ ပရော” ဟူသော ယောဂဝိဘာဂဖြင့် ချေသင့်သော်လည်း သန္ဓိအရာမဟုတ်၍ ကွစိ ဓာတုသုတ်ကြီးဖြင့် ၅၅၇ သုတ်၌ ရူပသိဒ္ဓိဋီကာချေပုံကို နည်းမှီးသည်၊ ဌာ၏ -ါ ကို ချေ၍ နောက် ၊ ကို -ါ ဒီဃပြုသင့်သော်လည်း မူလဓာတ်ရင်း မပျောက်စေလိုသောကြောင့်လည်းကောင်း, သန္ဓိအရာ မဟုတ်သော ကြောင့်လည်းကောင်း နောက်(အ)ကိုသာ ချေရသည်၊ ဤသုတ်၌ ရူပသိဒ္ဓိ ဈာနံ ရုပ်တွက်ပုံကိုလည်း ကြည့်ပါ။

မှတ်ချက်။ ။ နန္ဒာဒီဟိ ယုနှင့် ဤသုတ်ကို ပေါင်းလျှင် ဘာ၀ ကမ္မ ကတ္တု ကရဏ အဓိကရဏဟု သာဓန ၅ ပါး၌ ယုပစ္စည်း သက်နိုင်ပြီ၊ ကတ္တုကရဏပဒေသေသု စသုတ်၌ စသဒ္ဒါဖြင့် သမ္ပဒါန အပါဒါနသာဓန တို့၌လည်း ယုပစ္စည်းသက်နိုင်ရကား သာဓန ၇ ပါးလုံး စုံပြီ၊ ထိုတွင် ကတ္တုသာဓန၌ သက်သော ယုပစ္စည်းသည် လိန် ၃ ပါးနှင့် ဆိုင်၏၊ ဣတ္ထိလိန်ဖြစ်မူ ဣတ္ထိယမတိယ ဝေါ ဝါသုတ်ဖြင့် သက်၊ ကြွင်းသာဓန များ၌ နပုလ္လိန်သာ များသည်။

[ဆောင်] ၁။ နှစ်သုတ်ပေါင်းတုံ, သာဓနစုံ, သက်ကုန် ယုပစ္စည်း။ ၂။ ကတ္တားနက်သာ, သုံးလိန်လာ, ကြွင်းမှာ နပုံးများ သတည်း။

ရဟာဒိတော- ရအက္ခရာ, ဟ အက္ခရာစသည် အဆုံးရှိသောဓာတ်မှ၊ ပရဿ- နောက်ဖြစ်သော၊ နဿ- နငယ်၏၊ ဏ- ဏကြီးအပြုသည်၊ ဟောတိ- ၏။ ကရဏံ, အာရမဏံ, ဂဟဏံ စသည်တည်း။

၂၆။ ဤသုတ်ကား ကရဓာတ်ကဲ့သို့ ရ အဆုံးရှိသောဓာတ်, ဟ အဆုံး ရှိသော ဂဟဓာတ် စသည်နောင် န ကို ဏ ပြုသောသုတ်တည်း၊ နငယ်ဟု သာမန်ဆိုသော်လည်း ဓာတ်၏နောက်က ယုပစ္စည်းကို ပြုသော အန၏ နငယ်, အနီယစ္စည်း၏ နငယ်, ကိဏာတိ၏ နာပစ္စည်း နငယ်တို့မှတစ်ပါး အခြား နငယ် မရှိသောကြောင့် ထို နငယ်များကိုသာ ဏကြီးပြန်ရမည်။

အာဒိ။ ။ ရဟာဒိတော၌ အာဒိဖြင့် ရမု, ဣက္ခ, ရက္ခ, လက္ခ, ပိသ, အပ, တာ, ဉာဓာတ်တို့ကို ယူ၍ “အာရမဏံ, ဣက္ခဏံ၊ ကြည့်ရှုခြင်း၊ ရက္ခဏံ, လက္ခဏံ, ပိသဏံ=ကြိတ်ချေခြင်း, (ပပုဗ္ဗ အပဓာတ်ဖြင့်) ပါပဏံ, တာဏံ, ဉာဏံ”ဟူသော ပုံစံများဖြစ်၏။

[ဆောင်]၁။ ရဟာဒိဟု, အာဒိရှုသော်, ရမု ဣက္ခ, ရက္ခ လက္ခာ, ပိသာ အပ, တာ ဉာမျှ, ယူကြ ခုခေတ်ဝယ်။ ၂။ ရကောက်ရှေ့က, ရှိတုံကြမူ, သရ ဟ ယ, ဝနှင့်ကဝဂ်, ပစောက်ဝဂ်တို့, ခြားလျက်လည်း, နငယ်မှီး, ဏကြီး ပြန်ရတယ်။ ကိတဗ္ဗိဓာန-[ကိတ၊ ကိတ်ပစ္စည်းတို့ကို၊ ဝိဓာန=စီရင်ရာ။] ဝ ကို ဒွေဘော်ပြု, ဝ၂ လုံးကို ဗ္ဗ၂ လုံးပြု၍ ကိတဗ္ဗိဓာနဟု ဖြစ်သည်၊ ကိတအရ၌ ကိတ်ပစ္စည်းသာမက ယေဘုယျနည်းအားဖြင့် ကိစ္စပစ္စည်းတို့ကိုပါ ယူ။

ကိတဗ္ဗိဓာန ကပ္ပေ- ကိတ်ပစ္စည်းတို့ကို စီရင်ရာကျမ်း၌၊ ပဌမော- ရှေးဦးစွာ သော၊ ကဏ္ဍော- အခန်းသည်၊ ဣတိ- ပြီးပြီ။

ကိတ်ပဌမခန်းပြီး၏။

ဏာဒယော- ဏ အစ ယုအဆုံးရှိသော ပစ္စည်းတို့သည်၊ တေကာလိကာ- ကာလ ၃ ပါး၌ ယှဉ်ကုန်သည်၊ ဟောန္တိ- ဖြစ်ကုန်၏။ ကုမ္ဘံ ကရောတိ အကာသိ ကရိဿတီတိ ကုမ္ဘကာရော စသည်တည်း။

၂၇။ “ဓာတုယာ ကမ္မာဒိမှိ ဏော”သုတ်ဖြင့် သက်သော ဏပစ္စည်းမှ စ၍ “ကတ္တုကရဏပဒေသေသု စ”သုတ်ဖြင့် သက်သော ယုပစ္စည်းတိုင် အောင် ပဌမခန်း၌ ပြခဲ့သော ပစ္စည်းများသည် ကာလ ၃ ပါး၌ ဖြစ်၏၊ (ကာလ ၃ ပါးကို ဟောနိုင်၏၊) ထို့ကြောင့် ဓာတုယာ ကမ္မာဒိမှိ ဏော သုတ်၌ ကုမ္ဘကာရောကို ၃ ဝိဂြိုဟ် ပြုလုပ်ခဲ့ရသည်၊ ပြန်ကြည့်ပါ၊ ယုပစ္စည်းဖြင့်လည်း… “ကရောတီတိ ကရဏံ, အကာသီတိ ကရဏံ, ကရိဿတီတိ ကရဏံ”ဟု ၃ ဝိဂြိုဟ်ပင် ပြုနိုင်၏၊ ကြွင်းသောပစ္စည်းများ အတွက်လည်း ဤနည်းချည်းတည်း။

ဏာဒယော။ ။ ဏ အစရှိသော ပစ္စည်းများကို သဘောတူရာ ပေါင်းရုံး၍ အကျဉ်းချုံးလိုက်လျှင် ၁၇ ပစ္စည်းသာ ရ၏၊ ဓာတုယာ ကမ္မာဒိမှိ ဏောသုတ်၌ ဏပစ္စည်း, သညာယ.မ နုသုတ်၌ အပစ္စည်း, သဗ္ဗတော ဏွုတွာဝီ ဝါသုတ်၌ (အပစ္စည်းကို ထပ်၍ မယူဘဲ) ဏွု, တု, အာဝီ ၃ ပစ္စည်း, (ဏ ပစ္စည်းကို ထပ်၍ မယူဘဲ) ကွိပစ္စည်း, ဤသို့ စသည်ဖြင့် ရေတွက်ကြည့်လေ။

ဏ အ ဏွု တု အာဝီ ကွိ, ရမ္မ ဏီ ရူ ဏုကာ ယု ရာ၊ တဗ္ဗ အနီယ ဏျ တေယျ, ရိစ္စာ တေကာလိကာ မတာ။

သညာယံ- နာမည်ကို ဟောရာ၌၊ ဒါဓာတော- ဒထွေးဒါဓာတ်, ဓအောက်ခြိုက်ဓာဓာတ်မှ နောက်၌၊ ဣ- ဣပစ္စည်းသည်၊ ဟောတိ- ဖြစ်၏။ အာဒိ, သန္ဓိ, ဥဒဓိ စသည်တည်း။

၂၈။ နာမည်ဟောရာ၌ ဒါဓာတ် ဓာဓာတ်တို့နောင် ဣပစ္စည်းသက် သည်၊ ယော-အကြင်အရာကို၊ ပဌမံ-ရှေးဦးစွာ၊ အာဒီယတိ-ယူအပ်၏၊ ဣတိ-ထို့ကြောင့်၊ သော-ထိုအရာသည်၊ အာဒိ-အာဒိ မည်၏၊ သမ္မာကောင်းစွာ၊ ဝါ-စေ့စပ်အောင်၊ ဓီယတိ-ထားအပ်၏၊ ဣတိ-ထို့ကြောင့်၊ သန္ဓိ-သန္ဓိ မည်၏၊ သန္ဓိပုဒ်များ၏ နာမည်တည်း၊ “ဥဒကံ ဒဓာတီတိ ဥဒဓိ” ဥဒကံ-ရေကို၊ ဒဓာတိ-ဆောင်တတ်၏၊ ဣတိ-ထို့ကြောင့်၊ ဥဒဓိမည်၏၊ သမုဒ္ဒရာ၏ နာမည်တည်း၊ ဤရုပ်များကို ရတ္တာဒိဂိုဏ်း အဂ္ဂိ သဒ္ဒါကို နည်းမှီး၍ ရုပ်စဉ်လေ။

ရုပ်တွက်။ ။ အာဒိကို အာပုဗ္ဗ“ဒါ”တည်၊ “ဒါ၊ ဒါနေ”ဟူသောအနက်၌ ဓာတ်မှည့်, သညာယံ ဒါဓာတော ဣသုတ်ဖြင့် -ိ ပစ္စည်းသက်, ဒ်ခွင်း, -ါ ချေ, ဒကို -ိ သို့ကပ်, နာမ်ငဲ့, သိသက်, ချေ, အာဒိ ပြီး၏။

သန္ဓိကို သံပုဗ္ဗ “ဓာ”တည်၊ “ဓာ၊ ဓာရဏေ”ဟူသောအနက်၌ ဓာတ် မှည့်, -ိ ပစ္စည်းသက်, ဓ်ခွင်း, ချေ, ကပ်, နာမ်ငဲ့, သိသက်, ချေ, သန္ဓိ ပြီး၏။ [ဥဒဓိကို ဥဒကသဒ္ဒူပပဒ “ဓာ”တည်၊ ဥဒကဓိဟု ဖြစ်သည့် အခါ တေသု ဝုဒ္ဓိသုတ်ကြီးဖြင့် ဥဒကကို ဥဒ ပြု, ပုလ္လိန် ရတ္တာဒိဂိုဏ်း ပင်တည်း။]

အမှာ။ ။ ဤသုတ်ဖြင့် သက်သော ဣပစ္စည်းကို ပုလ္လိန်ဟု သဒ္ဒါ ကျမ်းက ယူလိုသည်၊ သံ အာပုဗ္ဗ ဓာဓာတ်ဖြင့် သမာဓိဟု ဖြစ်၏၊ ဝိပုဗ္ဗ ဓာ ဓာတ်ဖြင့် ဝိဓိဟု ဖြစ်၏၊ နာမည်ဟော မဟုတ်ဘဲလျက် ဣပစ္စည်း သက်ရသောပုဒ်များ၌ သညာယံကို ဖြုတ်၍ “ဒါဓာတော ဣ”ဟူသော ယောဂဝိဘာဂဖြင့် သက်သင့်သည်။

သညာယံ- နာမည်ကို ဟောရာ၌၊ အာသိဋ္ဌေ- တောင့်တခြင်းအနက်၌၊ တိ- တိပစ္စည်းသည်လည်း ကောင်း၊ ကိစ္စ- ကိတ်ပစ္စည်းသည်လည်းကောင်း၊ ဟောတိ- ၏။ ဇိနဗုဒ္ဓိ, ဓနဘူတိ, နန္ဒကော, ဇီဝကော စသည်တည်း။

၂၉။ ဤသုတ်၌ ပြအပ်သော ပုံစံများသည် တစ်စုံတစ်ယောက်၏ နာမည်ချည်းသာ ဖြစ်၏၊ တောင့်တခြင်းအနက်ပါ၍ နာမည်ကို ဟောရာ၌ တိပစ္စည်းနှင့်ကိတ်ပစ္စည်း သက်သောသုတ်တည်း၊ ကိစ္စဟုဆိုသောကြောင့် ကိစ္စပစ္စည်းဟု ထင်မှားတတ်သည်၊ “ကိတ်စာသိဋ္ဌေ”ဟု ဆိုသင့်လျက် တ်ကို စ်ပြု၍ “ကိစ္စာသိဋ္ဌေ”ဟု ဖြစ်ရသည်၊ ကိစ္စ ၅ ပစ္စည်းမှတစ်ပါးသော ပစ္စည်းများကို “ကိတ်”ဟု နာမည်မှည့်ခဲ့ပြီ၊ ထို့ကြောင့် ဤသုတ်ဖြင့် တ, ဏွု, တုစသော ကိတ်ပစ္စည်းများ သက်ရမည်ကို သတိပြု၊ တောင့်တသံ ပါပုံကိုကား ဝိဂြိုဟ်ကြည့်၍ သိပါ။

ဇိနဗုဒ္ဓိ။ ။ ဇိနော ဧနံ ဗုဇ္ဈတူတိ ဇိနဗုဒ္ဓိ၊ ဇိနော-ဘုရားရှင်သည်၊ ဧနံ-ဤသူ့ကို၊ ဗုဇ္ဈတု-သိတော်မူပါစေ၊ ဣတိ-ထိုသို့ဘုရားသိအပ်သည်၏ အဖြစ်ကြောင့်၊ သော-ထိုသူသည်၊ ဇိနဗုဒ္ဓိ-ဇိနဗုဒ္ဓိ မည်၏၊ [ဝါကျတုန်းက ကံကို မဟောသော်လည်း ပြီးတဲ့အခါ “ဧနံ”ဟူသော အဝုတ္တကံပုဒ်၏ အနက်ဖြစ်တဲ့ ပုဂ္ဂိုလ်ကို ရသောကြောင့် “အဝုတ္တကမ္မသာဓန”ဟု ကြံကြ ၏၊ ဤကျမ်း၏ အယူကို ကစ္စည်းဘာသာဋီကာမှာ ရှု၊ ဇိနသဒ္ဒူပပဒ “ဗုဓ”တည်၍ ဤသုတ်ဖြင့် တိပစ္စည်းသက်သည်ဟုသာ မှတ်နှင့်ဦး၊ ဗုဒ္ဓေါ ပုဒ်နှင့်အတူ ရုပ်ပြီးလိမ့်မည်။]

ဓနဘူတိ။ ။ ဓနံ အဿ ဘဝတူတိ ဓနဘူတိ၊ အဿ-ထိုသူအား၊ ဓနံ-ဥစ္စာသည်၊ ဘဝတု-ဖြစ်ထွန်းပါစေ၊ ဣတိ-ထိုသို့ ဥစ္စာ၏ ဖြစ်ထွန်းရာ အဖြစ်ကြောင့်၊ သော-ထိုသူသည်၊ ဓနဘူတိ-ဓနဘူတိ မည်၏၊ ဤပုဒ်၌ ဝါကျတုန်းက အဿဟူသော သမ္ပဒါန်ပုဒ်၏ အနက်ကိုရသောကြောင်း သမ္ပဒါနသာဓနဟု ကြံကြ၏၊ ဓနသဒ္ဒူပပဒ “ဘူ”တည်၍ ဤသုတ်ဖြင့် တိပစ္စည်း သက်။

နန္ဒက, ဇီဝက။ ။ နန္ဒတူတိ နန္ဒကော၊ ယော-အကြင်သူသည်၊ နန္ဒတုနှစ်သက်စေသတည်း၊ ဣတိ-ထို့ကြောင့်၊ သော-ထိုသူသည်၊ နန္ဒကောနန္ဒက မည်၏၊ ဇီဝတူတိ ဇီဝကော၊ ဇီဝတု-အသက်ရှည်စေသတည်း ဟု အနက်ပေး၊ ဤ၂ ပုဒ်ကား “ယော, သော”တို့အရ နှစ်သက်တတ်သူ, အသက်ရှည်တတ်သူဟူသော ကတ္တားကို ရသောကြောင့် ကတ္တုသာဓနဟု ကြံကြသည်၊ နန္ဒဓာတ် ဇီဝဓာတ် တည်, ဤသုတ်ဖြင့် ဏွုပစ္စည်းသက်, အနကာ ယုဏွူနံသုတ်ဖြင့် ဏွုကို ၊ က ပြု၍ ရုပ်တွက်၊ ဃဋာဒီနံ ဝါ သုတ်အရ ဇီကို ဝုဒ္ဓိ မပြုရ။

ဣတ္ထိယံ- ဣတ္ထိလိန်အရာ၌၊ အတိယဝေါ- အပစ္စည်း, တိပစ္စည်း, ယုပစ္စည်းတို့သည်၊ ဝါ- ဝိကပ် အားဖြင့်၊ ဟောန္တိ- ကုန်၏။ ဇရာ, မတိ, ဝေဒနာ စသည်တည်း။

၃၀။ နာမ်တုန်းက ကညာဒိဂိုဏ်းဝင် ကိတ်ပုဒ်များသည် ဤသုတ်ဖြင့် အ ပစ္စည်း ယု ပစ္စည်း သက်ပြီးမှ ဣတ္ထိယမတော အာ ပစ္စယောသုတ်ဖြင့် အာ ပစ္စည်း ထပ်သက်၍ ပြီးကြသည်၊ ရတ္တာဒိဂိုဏ်း ဣတ္ထိလိန် ဣကာရ န္တ ပုဒ်များ၌လည်း ဤသုတ်က တိ ပစ္စည်းသာ များ၏၊ ထို့ကြောင့် ဣတ္ထိလိန် အရာဝယ် ဤသုတ်က ပစ္စည်းသက်ပုံကို အမြဲသတိရှိပါစေ။

ဝိဂ္ဂဟ။ ။ ဇီရတိ-ဆွေးမြေ့ အိုမင်းတတ်၏၊ ဣတိ-ထို့ကြောင့်၊ ဇရာဇရာ မည်၏၊ “ဇီရဏံ ဇရာ” ဟုလည်း ဘာဝသာဓန ပြု၊ မညတီတိ မတိ၊ မညတိ - သိတတ်၏, ဟု ဆို၊ (သိတတ်သော ဉာဏ်ပညာတည်း၊) “ဝေဒယတီတိ ဝေဒနာ” ဝေဒယတိ - ခံစားတတ်၏, ဟု ဆို၊ ဝေဒနာ စေတသိက်တည်း။

ရုပ်တွက်။ ။ ဇရာကို “ဇရ”တည်၊ “ဇရ၊ ဝယောဟာနိမှိ”ဟူသော အနက်၌ ဓာတ်မှည့်, အဆုံးသရ ချေ, ဣတ္ထိယမတိယဝေါ ဝါ သုတ်ဖြင့် အပစ္စည်းသက်, ရ်ကို ၊ သို့ ကပ်, ဣတ္ထိယမတော အာပစ္စယောသုတ်ဖြင့် -ါ ပစ္စည်းသက်, ရ်ခွင်း, ချေ, ကပ် (ဇရာ), နာမ်ငဲ့, သိသက်, ချေ, ပြီး၏။ [ပပုဗ္ဗ ဉာဓာတ်, အပစ္စည်း, ဉ် ခွင်း, ချေ, ကပ်, ဉ် ဒွေဘော်လာ (ပည), ါ ပစ္စည်းသက်, ပညာ ဟု ဖြစ်၏။]

မတိကို “မန”တည်၊ “မန၊ ဉာဏေ”ဟု ဆို၊ ဤသုတ်ဖြင့် တိပစ္စည်း သက် (မန်တိ)ဟု ဖြစ်လျှင် ဂမခနဟနရမာဒီနမန္တောသုတ်ဖြင့် ဓာတွန် န်ကို ချေ၍ ပြီး၏၊ ရတ္တာဒိ ဣကာရ န္တ ဣတ္ထိလိန်တည်း။ [“ဟာ=စာဂေ” ဟု ဆို၍ တိပစ္စည်းသက်, “ဟာတိ”ဟု ဖြစ်လျှင် ကွစိ ဓာတုသုတ်ကြီးဖြင့် တိ ကို နိ ပြု၍, ဟာနိ (ဆုတ်ယုတ်ခြင်း)ဟု ဖြစ်၏။]

ဝေဒနာကို “ဝိဒ”တည်၊ “ဝိဒ၊ အနုဘဝနေ”ဟု ဆို၊ ဤသုတ်ဖြင့် ယု ပစ္စည်းသက်, ယု ကို အန ပြု, ဝိ၏အဆုံး -ိ ကို ေ-ဝုဒ္ဓိ ပြု, အာပစ္စည်း သက်, နာမ်ငဲ့, သိသက်, ချေ, ဝေဒနာ ပြီး၏။

ကရတော- ကရဓာတ်မှနောက်၌၊ ရိရိယ- ရိရိယပစ္စည်းသည်၊ ဟောတိ- ဖြစ်၏။ ကိရိယာ, ကိရိယံ စသည်တည်း။

၃၁။ ကရီယတေ ကတ္တဗ္ဗာ ဝါတိ ကိရိယာ-(ပြုအပ် ပြုထိုက်သော အရာ)၊ ကရဏံ-ပြုခြင်း၊ ကိရိယာ-ပြုခြင်း၊ ကိရိယံလည်း နည်းတူ၊ ကိရိယောဟု ပုံလိန်ရုပ်လည်း ရှိနိုင်သည်သာ။

ရုပ်တွက်။ ။ ကိရိယာကို “ကရ”တည်၊ “ကရ၊ ကရဏေ”ဟူသော အနက်၌ ဓာတ်မှည့်, အဆုံးသရချေ, ကရတော ရိရိယသုတ်ဖြင့် ရိရိယ ပစ္စည်းသက် (ကရ်ရိရိယ), ရမှိ ရန္တော ရာဒိ နောသုတ်ဖြင့် ရ်အနုဗန် နှင့်တကွ ဓာတွန်ရ်ကို ချေ (က -ိရိယ), က်ခွင်း, ချေ, ကပ် (ကိရိယ), ဣတ္ထိယမတော အာပစ္စယောသုတ်ဖြင့် -ါ ပစ္စည်းသက်, ယ်ခွင်း, ချေ, ကပ်, နာမ်ငဲ့, သိသက်, ချေ, ကိရိယာ ပြီး၏။…ကိရိယံ၌ကား အာပစ္စည်း မသက်ရဘဲ, နာမ်ငဲ့, သိကို -ံ ပြုရုံသာ၊ ကိရိယ၌ က၏ အဆုံး -ိ ကို သုတ်ကြီးဖြင့် ချေ၍ က်ကို ရိသို့ ကပ်လျှင် “ကြိယ”ဟု ဖြစ်သည်ကိုလည်း သတိပြု။

အတီတေ- အတိတ် ကာလ၌၊ တတဝန္တုတာဝီ- တပစ္စည်း, တဝန္တုပစ္စည်း, တာဝီပစ္စည်း တို့သည်၊ ဟောန္တိ- ကုန်၏။ ဟုတော, ဟုတဝါ, ဟုတာဝီ စသည် တည်း။

၃၂။ အဟဝီတိ ဟုတော, ဟုတဝါ, ဟုတာဝီ၊ အဟဝီ-(မီးစသည်ကို) ပူဇော်ပြီ၊ ဣတိ-ထို့ကြောင့်၊ ဟုတော-ဟုတ မည်၏၊ ဟုတဝါ-မည်၏၊ ဟုတာဝိ-မည်၏၊ “အတီတေ”ဟု ဆိုသောကြောင့် အတိတ်ကာကို ပြသော အဇ္ဇတနီဝိဘတ်ဖြင့် “အဟဝီ”ဟု ဝိဂြိုဟ်ပြုရသည်၊ “ဟုတော-ပူဇော် ပြီးသူ”ဟု အနက်ဆို။

ရုပ်တွက်။ ။ ဟုတောကို “ဟု”တည်၊ “ဟု-ဒါနာဒန ဟဗျပ္ပဒါနေသု” ဟူသော အနက်၌ ဓာတ်မှည့်, အတီတေ တတဝန္တုတာဝီသုတ်ဖြင့် တ ပစ္စည်းသက်၊ နာမ်ငဲ့, သိ ေ-ါ ပြု, ဟုတော ပြီး၏။

ဟုတဝါ၌ “ဟု”တည်၍ တဝန္တုပစ္စည်းသက် (ဟုတဝန္တု) နာမ်ငဲ့, သိ သက်, အာ သိမှိသုတ်ဖြင့် သိဝိဘတ်နှင့်တကွ န္တုကို -ါ ပြု၍ ဂုဏဝါကဲ့သို့ ရုပ်စဉ်လေ၊ ဟုတာဝီ၌ တာဝီပစ္စည်းသက်၍ ဒဏ္ဍီကဲ့သို့ ရုပ်စဉ်ပါလေ။ [ဘူနောင် တပစ္စည်းသက်၍ ဘူတော (ဖြစ်ပြီ)ဟူသော ရုပ်လည်း အသုံး များ၏၊ ဣတ္ထိလိန်ဖြင့် ဘူတာ, နပုံလိန်ဖြင့် ဘူတံ ဟု ဖြစ်၏။]

အတီတေ- အတိတ်ကာလ၌၊ ဘာဝကမ္မေသု- ဘောအနက်, ကံအနက်တို့၌၊ တ- တပစ္စည်းသည်၊ ဟောတိ- ဖြစ်၏။ ဟသိတံ, သယိတံ, အဘိဘူတံ စသည်တည်း။

၃၃။ [ဟသနံ ဟသိတံ၊ ပြုံးရယ်ခြင်း၊ ဟိသိတံ-ပြုံးရယ်ခြင်း၊ သယနံ သယိတံ-အိပ်ခြင်း၊ အဘိဘူယိတ္ထာတိ အဘိဘူတံ-လွှမ်းမိုးအပ်ပြီးသော အရာ။]

ရုပ်တွက်။ ။ [သိတံကို “ဟသ”တည်၊ “ဟသ၊ ဟသနေ”ဟူသော အနက်၌ ဓာတ်မှည့်, အဆုံးသရချေ, ဘာဝကမ္မေသု တဖြင့် တပစ္စည်း သက်, ယထာဂမမိကာရောသုတ်ဖြင့် -ိ လာ, နာမ်ငဲ့, သိကို -ံ ပြု, ဟသိတံ ပြီး၏။

သယိတံကို “သီ”တည်၊ “သီ၊ သယေ”ဟုဓာတ်နက်ဆို၊ တပစ္စည်း သက်, သီ၏အစိတ် -ိကို ဧဝုဒ္ဓိ, ဧကို ၊ ယပြု, -ိ လာ(သယိတ), နာမ်ငဲ့, စသည်၊ အဘိဘူတံကို အဘိပုဗ္ဗ “ဘူ”တည်၊ တပစ္စည်း သက်ရုံသာ။

ဗုဓဂမာဒီဟိ- ဗုဓ ဂမု အစရှိ သော ဓာတ်တို့မှ နောက်၌၊ အတ္ထေ- ထိုဓာတ်တို့၏အနက်ကို၊ ဂမျမာနေ- သိအပ်သည်ရှိသော်၊ ကတ္တရိ- ကတ္တားအနက်၌၊ သဗ္ဗကာလေ- အလုံးစုံသော ကာလ၌၊ တ- တပစ္စည်းသည်၊ ဟောတိ- ဖြစ်၏။ ဗုဒ္ဓေါ, သုဂတော စသည်တည်း။

၃၄။ “ဗုဓဂမာဒီဟျတ္ထေ”ဟု ဆိုလိုလျက် နိရုတ္တိနည်းဖြင့် ဟိကို ချေ ထားသည်၊ ဗုဓဂမာဒီဟိ၌ အာဒိသဒ္ဒါဖြင့် ဤသုတ်က တပစ္စည်းဖြင့် ပြီးကောင်းသော ဓာတ်ဟူသမျှကို ယူ။ [အတီတေ တတဝန္တုတာဝီသုတ်က တပစ္စည်းသည် အတိတ်အနက်ကိုသာ ဟော၏၊ ဤသုတ်က တပစ္စည်း ကား ပစ္စုပ္ပန် အတိတ် အနာဂတ် ကာလ ၃ ပါးလုံးကို ဟောသည်။]

ဝိဂ္ဂဟ။ ။ သဗ္ဗဓမ္မေ ဗုဇ္ဈတိ အဗုဇ္ဈိ ဗုဇ္ဈိဿတီတိ ဗုဒ္ဓေါ၊ ယော ဘဂဝါ-အကြင် ဘုရားရှင်သည်၊ သဗ္ဗဓမ္မေ-အလုံးစုံသော တရားတို့ကို၊ ဗုဇ္ဈတိ-သိတော်မူဆဲ၊ အဗုဇ္ဈိ-သိတော်မူပြီ၊ ဗုဇ္ဈိဿတိ-သိတော်မူလတ္တံ့၊ ဣတိ-ထို့ကြောင့်၊ သော ဘဂဝါ-သည်၊ ဗုဒ္ဓေါ-ဗုဒ္ဓ မည်တော်မူ၏။

“သုန္ဒရံ ဂစ္ဆတီတိ သုဂတော”(ဤ၌လည်း ၃ ဝိဂြိုဟ်ပြု၊) သုန္ဒရံကောင်းသောနိဗ္ဗာန်သို့၊ ဂစ္ဆတိ-ကြွတော်မူတတ်၏၊ ဣတိ-ထို့ကြောင့်၊ သုဂတော-သုဂတ မည်တော်မူ၏၊ ဗုဒ္ဓေါကို ဓဎဘဟေဟိ ဓဎာ စသုတ်၌, သုဂတောကို ဂမခနဟနရမာဒီနမန္တောသုတ်၌ တွက်တတ်လတ္တံ့။

သဗ္ဗတ္ထ- အလုံးစုံသောကာလ တို့၌၊ ဇိတော- ဇိဓာတ်မှ နောက်၌၊ ကတ္တရိ- ကတ္တားအနက်၌၊ ဣန- ဣနပစ္စည်းသည်၊ ဟောတိ- ဖြစ်၏။ ဇိနော ဟူသည်တည်း။

၃၅။ “ပါပကေ ဇိနာတိ အဇိနိ ဇိနိဿတီတိ ဇိနော” ယော ဘဂဝါအကြင် ဘုရားရှင်သည်၊ ပါပကေ-ယုတ်မာသော အကုသိုလ်တရားတို့ကို၊ ဇိနာတိ-အောင်တော်မူဆဲ၊ အဇိနိ-အောင်တော်မူပြီ၊ ဇိနိဿတိအောင်တော်မူလတ္တံ့၊ ဣတိ-ထို့ကြောင့်၊ သော ဘဂဝါ-သည်၊ ဇိနောဇိန မည်တော်မူ၏။ [သဗ္ဗတ္ထဟု သုတ်၌ဆိုသောကြောင့် ကာလ ၃ ပါးလုံး ရအောင် ဝိဂြိုဟ်ပြုရသည်။]

ရုပ်တွက်။ ။ ဇိနောကို “ဇိ”တည်၊ “ဇိ၊ ဇယေ”ဟူသော အနက်၌ ဓာတ်မှည့်, ဇိတော ဣန သဗ္ဗတ္ထသုတ်ဖြင့် -ိနပစ္စည်း သက်, ဇ် ခွင်း, -ိ ချေ, ဇ် ကို -ိသို့ကပ်, နာမ်ငဲ့, သိသက်, ေ-ါ ပြု, ဇိနော ပြီး၏။

သုပတော စ- သုပဓာတ်မှ နောက်၌ လည်း၊ ဣန- ဣနပစ္စည်းသည်၊ ဟောတိ- ဖြစ်၏။ သုပိနံ ဟူသည် တည်း။

၃၆။ “သုပီယတေ သုပနံ ဝါ သုပိနံ” သုပီယတေ-အိပ်ခြင်း၊ ဝါတစ်နည်း၊ သုပနံ-အိပ်ခြင်း၊ သုပိနံ-အိပ်ခြင်း(အိပ်ပျော်ခြင်းကြိယာကို ရသည်၊) သုပတီတိ သုပိနော-အိပ်တတ်သူကို ရသည်၊ အိပ်အပ်သော အရာကို သုပိနသဒ္ဒါက မဟောနိုင်၍ ကမ္မသာဓနဝိဂြိုဟ် မပြုရ။

ရုပ်တွက်။ ။ သုပိနံကို “သုပ”တည်၊ “သုပ၊ သယေ”ဟူသောအနက်၌ ဓာတ်မှည့်, အဆုံးသရချေ, သုပတော စသုတ်ဖြင့် -ိနပစ္စည်းသက်, ပ်ကို -ိ သို့ကပ်, နာမ်ငဲ့, သိကို -ံ ပြု, သုပိနံ ပြီး၏။ [သုပိနော၌ သိေ-ါ ပြုရုံသာ။]

ဤသံဒုသုဟိ- ဤသံနိပါတ်, ဒု သု ဥပသာရရှေ့ရှိသော ဓာတ်တို့မှနောက်၌၊ ခ- ခပစ္စည်းသည်၊ ဟောတိ- ဖြစ်၏။ ဤသက္ကရံ, ဒုက္ကရံ, သုကရံ စသည်တည်း။

၃၇။ ဤသံနိပါတ်ရှေ့ရှိသောဓာတ်, ဒုရှေ့ရှိသောဓာတ်, သုရှေ့ရှိသော ဓာတ်များနောင် ခပစ္စည်းသက်သည်၊ ဤသံဟူရာ၌ သီဟိုဠ်မူဝယ် ဤသ ဟု ရှိ၏၊ ခပစ္စည်းဟူရာ၌ ခ်သည် အနုဗန်တည်း၊ သို့အတွက် ကွစိ ဓာတု သုတ်ကြီးဖြင့် ချေ၍ (အ)ပစ္စည်းသာ ကျန်ရစ်စေရမည်၊ “ဘာဝကမ္မေသု ကိစ္စ က္တ ခတ္ထာ”ဟု ဆိုလတ္တံ့ဖြစ်သောကြောင့် ဤ(ခ)ပစ္စည်းကို ဘော ကံအနက်၌ သက်၏ဟု မှတ်။

ဝိဂ္ဂဟ။ ။ “ဤသံ ကရီယတေတိ ဤသက္ကရံ” ဤသံ - မငြိုမငြင်၊ ဝါ- မပင်မပန်း၊ ကရီယတေ - ပြုအပ်၏၊ ဣတိ - ထို့ကြောင့်၊ ဤသက္ကရံ ဤသက္ကရ မည်၏၊ ဒုက္ခေန ကရီယတေတိ ဒုက္ကရံ၊ “ဒုက္ခေန-ခဲယဉ်း သဖြင့်”ဟု ဆို (ခဲယဉ်းစွာ ပြုအပ်သော ကိစ္စ)၊ သုခေန ကရီယတေတိ သုကရံ၊ “သုခေန-လွယ်ကူသဖြင့်”ဟု ဆို (လွယ်ကူစွာပြုအပ်သောကိစ္စ၊ ပြုလွယ်သော ကိစ္စ)။

ရုပ်တွက်။ ။ ဤသက္ကရံကို ဤသံသဒ္ဒူပပဒ “ကရ”တည်၊ “ကရ၊ ကရဏေ”ဟူသောအနက်၌ ဓာတ်မှည့်, အဆုံးသရချေ, ဤသံဒုသုဟိ ခ သုတ်ဖြင့် ခပစ္စည်းသက်, ကွစိ ဓာတုသုတ်ကြီးဖြင့် ခ်အနုဗန်ကိုချေ (ဤသံ ကရ် ၊ ), ရ်ကို ၊ သို့ကပ်, က်ဒွေဘော်လာ, ဗျဉ္ဇနေ စသုတ်ဖြင့် သံ၌ နိဂ္ဂဟိတ် ကိုချေ(ဤသက္ကရ), နာမ်ငဲ့, သိကို -ံ ပြု, ဤသက္ကရံ ပြီး၏။ [ဒုက္ကရံ, သုကရံ လည်း လွယ်ပြီ၊ ဒုနောက် ဒွေဘော်ရောက်ပုံကို သန္ဓိဒွေဘော်ကြည့်။]

သမာနကတ္တုကေသု- တူသောကတ္တားရှိကုန်သော၊ ဣစ္ဆတ္ထေသု- ဣစ္ဆာအနက်ရှိသော ဓာတ်တို့သည်၊ သန္တေသု- ရှိကုန်လတ်သော်၊ တဝေတုံ- တဝေပစ္စည်း, တုံပစ္စည်းတိုသည်၊ ဝါ- ဝိကပ်အားဖြင့်၊ ဟောန္တိ- န်၏။ သော ပုညာနိ ကာတေဝ ဣစ္ဆတိ, သော ပုညာနိ ကာတုံ ဣစ္ဆတိ စသည်တည်း။

၃၈။ သော-ထိုသူသည်၊ ပုညာနိ-ကောင်းမှုတို့ကို၊ ကာတဝေ, ကာတုံပြုခြင်းငှာ၊ ဣစ္ဆတိ-အလိုရှိ၏။

ဣစ္ဆတ္ထဟဣစ္ဆာ+အတ္ထ] ဣစ္ဆာ၊ အလိုရှိခြင်း (လိုချင်ခြင်း, လိုလား တောင့်တခြင်း)+အတ္ထ=အနက်၊ လိုချင်ခြင်းအနက်ရှိသော ဓာတ်ဟူသမျှ တို့ကို ဣစ္ဆတ္ထဟု ခေါ်သည်၊ ဣစ္ဆတိ၌ ဣသုဓာတ်, ကာမေတိ (လိုချင်၏)၌ ကမုဓာတ်, အာကင်္ခါမိ (အလိုရှိ၏)၌ အာပုဗ္ဗ ကင်္ခဓာတ် စသည်တည်း။

သမာနကတ္တုက ကာတုံနှင့် ဣစ္ဆတိသဒ္ဒါတို့သည် ကြိယာပုဒ်ချည်း ဖြစ်ကြ၏၊ ထိုကြိယာ ၂ ခုလုံး၏ကတ္တားကား “သော”တည်း၊ “ကာတုံ”အရ ပြုတတ်သူလည်း ထိုသူတည်း၊ “ဣစ္ဆတိ”အရ အလိုရှိသူလည်း ထိုသူပင် တည်း”၊ ဤသို့ ကြိယာ၂ ခုလုံးမှ ကတ္တားတစ်ခုတည်း ရှိသောကြောင့် “တူသောကတ္တားရှိသည်”ဟု ဆိုသည်၊ ထိုသို့ ကတ္တားတူရာ၌ ဣစ္ဆတ္ထဓာတ် နှင့် တွဲဖက်ဖြစ်သော ကြိယာပုဒ်ဝယ် တဝေပစ္စည်း တုံပစ္စည်း သက်ရ၏။ [အခြားကျမ်းတို့၌ တုယေ တာယေပစ္စည်းများလည်း သက်သေး၏။]

အမှာ။ ။ ကာတဝေ, ကာတုံတို့ကို တဝေတုနာဒီသုကာသုတ်၌ ရုပ်တွက်၊ ဤ တဝေ, တုံပစ္စည်းများနောင် နာမ်ငဲ့သောဝါဒ, မငဲ့သောဝါဒ ဟု၂ မျိုး ရှိ၏၊ ဤကျမ်း၌ နာမ်မငဲ့ဘဲ (နိပါတ်ပုဒ်တွင် ပါဝင်သည်ဟု သဘောပိုက်လျက်) ငှာဟူသော အနက်အားလျော်စွာ စတုတ္ထီသက်၍ ရုပ်တွက်ပြမည်။

ရုပ်တွက်။ ။ ပစိတုံကို “ပစ”တည်၊ “ပစ၊ ပါကေ”ဟူသော အနက်၌ ဓာတ်မှည့်, အဆုံးသရချေ, ဣစ္ဆတ္ထေသု သမာနကတ္တုကေသု တဝေတုံ ဝါ သုတ်ဖြင့် တုံပစ္စည်းသက်, ယထာဂမမိကာရောသုတ်ဖြင့် -ိ လာ, ငှာဟူ၍ အနက်ပေးသောကြောင့် စတုတ္ထီဧကဝုစ် သ သက်, သဗ္ဗာသမာဝုသော ပသဂ္ဂနိပါတာဒီဟိ စသုတ်ဖြင့် သချေ, ပစိတုံ ပြီး၏။

အရဟသက္ကာဒီသု စ- အရဟ သက္က အစရှိသော သဒ္ဒါတို့သည်လည်း၊ သန္တေသု- ရှိကုန်လတ် သော်၊ တုံ- တုံပစ္စည်းသည်၊ ဟောတိ- ၏။ ကော တံ နိန္ဒိတုံ အရဟတိ, သက္ကာ ဇေတုံ ဓနေန စသည်တည်း။

၃၉။ ကော-အဘယ်သူသည်၊ တံ-ထိုသူ့ကို၊ နိန္ဒိတုံ-ကဲ့ရဲ့ခြင်းငှာ၊ အရဟတိ-ထိုက်အံ့နည်း (ထိုသူ့ကို ဘယ်သူကဲ့ရဲ့ထိုက်ပါအံ့နည်း ဟူလို)၊ ဓနေန- ဥစ္စာဖြင့်၊ ဇေတုံ- အောင်နိုင်ခြင်းငှာ၊ သက္ကာ- တတ်ကောင်း၏၊ (ဥစ္စာပေးသဖြင့် နိုင်ကောင်းသည် ဟူလို၊) အရဟသက္ကာဒိ၌ အာဒိသဒ္ဒါ ဖြင့် (ရှေ့သုတ်ဆိုင်ရာ “ဣစ္ဆာ”အနက်ကို ချန်၍) ဘဗ္ဗ (ထိုက်၏), အနုစ္ဆဝိက (လျောက်ပတ်၏), အနုရူပ (လျော်၏), ဝဋ္ဋတိ (သင့်၏), ကပ္ပတိ (အပ်၏), ပဟောတိ (စွမ်းနိုင်၏)ဟူသော ပုဒ်များနှင့် အချိန်အခါ အနက်ဟော ကာလ, သမယ, ဝေလာသဒ္ဒါတို့ကို ယူ။

[ဆောင်] အရဟသက္က, အာဒိအရဖြင့်, ဣစ္ဆတ္ထချန်, ဘဗ္ဗံ-နုစ္ဆဝိ, ဝဋ္ဋတိနှင့်, ကပ္ပတိနှော, ပဟောတိဟူ, အနုရူပ, ကာလ သမယာ, များစွာဓာတ်ဟု, နာမ်ပုဒ်စု, ရှု၍ သင့်အောင်ယူ။

ရုပ်တွက်။ ။ နိန္ဒိတုံကို “နိန္ဒ”တည်၊ “နိန္ဒ၊ ဂရဟာယံ”ဟူသောအနက်၌ ဓာတ်မှည့်, အဆုံးသရချေ, အရဟသက္ကာဒီသု စသုတ်ဖြင့် နိန္ဒဓာတ်နောင် တုံပစ္စည်းသက်, ယထာဂမမိကာရောသုတ်ဖြင့် -ိ လာ, သသက်, ချေ, နိန္ဒိတုံ ပြီး၏။ [ဇေတုံကို “ဇိ”တည်၊ အညေသု စဖြင့် ဇိ၏အစိတ် -ိ ကို ေ-ဝုဒ္ဓိ ပြုရုံသာ။]

အလမတ္ထေသု စ- အလံသဒ္ဒါ၏ အနက်တို့တွင်လည်း၊ ပတ္တဝစနေ- သင့်လျော် လျောက်ပတ်၏ဟူသော အနက်ကို ဟောသည်ရှိသော်၊ တုံ- တုံ ပစ္စည်းသည်၊ ဟောတိ- ၏။ အလ.မေဝ ဒါနာနိ ဒါတုံ စသည်တည်း။

၄၀။ သင့်လျော်သည်သာတည်း၊ အလံသဒ္ဒါ၏ အနက်တို့တွင် သင့်လျော် လျောက်ပတ်ဟူသောအနက်ကို ဟောသော အလံသဒ္ဒါရှိရာ၌ တုံပစ္စည်း သက်သည်။

ရုပ်တွက်။ ။ ဒါတုံကို “ဒါ”တည်၊ “ဒါ၊ ဒါနေ”ဟူသောအနက်၌ဓာတ် မှည့်, ပတ္တဝစနေ အလမတ္ထေသု စသုတ်ဖြင့် တုံပစ္စည်းသက်, သသက်, ချေ, ဒါတုံ ပြီး၏။

ဧက ကတ္တုကာနံ- တူသောကတ္တားရှိသော ရှေ့နောက်ကြိယာတို့တွင်၊ ပုဗ္ဗကာလေ- ရှေ့ကြိယာ၌၊ တုနတွာနတွာ- တုနပစ္စည်း, တွာန ပစ္စည်း, တွာပစ္စည်းတို့သည်၊ ဝါ- ဝိကပ်အားဖြင့်၊ ဟောန္တိ- ကုန်၏။ သော ကမ္မံ ကာတုန, ကတွာန ဝါ, ကတွာ ဝါ, ဂစ္ဆတိ စသည် တည်း။

၄၁။ သော-ထိုသူသည်၊ ကမ္မံ-အမှုကို၊ ကတုန-ပြုပြီး၍၊ (ဝါ-တစ်နည်း၊ ကတွာန-ပြုပြီး၍၊ ဝါ-တစ်နည်း၊ ကတွာ-ပြုပြီး၍၊) ဂစ္ဆတိ-သွား၏၊ ကာတုနနှင့် ဂစ္ဆတိ ကြိယာ ၂ ခုတို့၏ ကတ္တားသည် “သော”ချည်း ဖြစ်သောကြောင့် “ဧကကတ္တုက”ဟု ဆိုသည်၊ ရုပ်ကို နောက်သုတ်များ၌ တွက်တတ်လတ္တံ့။

အမှာ။ ။ ဤ တွာပစ္စယန္တပုဒ်များကို ရူပသိဒ္ဓိက နိပါတ်မျိုးတွင် သွင်းထား၏၊ ထို့ကြောင့် နာမ်မငဲ့ဘဲ နိပါတ်နာမ်ပုဒ် ထုံးစံအတိုင်း သိ ဝိဘတ်သာ သက်၍ သဗ္ဗာသမာဝုသော စသောသုတ်ဖြင့် ချေ။ [ရှေးရိုက် စာအုပ်များ၌ ဧကဝုစ် သိ, ဗဟုဝုစ် ယော ၂ မျိုး သက်ထားသည်ကို ပြင်ပါ။]

ပုဗ္ဗကာလေ ဤ၌ ကာလသဒ္ဒါကား ကြိယာဟူသော အနက်ကို ဟော၏၊ “သော ကမ္မံ ကာတုန ဂစ္ဆတိ”ပုံစံ၌ “ကာတုနနှင့် ဂစ္ဆတိကဲ့သို့ ရှေ့နောက်ကြိယာ ၂ မျိုးရှိလျှင် ကာတုနကဲ့သို့ ရှေ့ကြိယာ၌ တုနစသော ပစ္စည်းများ သက်သည်”ဟူလို။

အနက်ပေးရာ၌ကား တကယ့်ကို ရှေ့ကျလျှင် “ပြီး၍”ဟု ပေးရမည်၊ ဥပမာ-ပစိတွာ ဘုဉ္ဇတိ (ချက်ပြီး၍+စား၏)ဟူရာ၌ ချက်ခြင်းကြိယာက ရှေးဦးစွာ ဖြစ်ပြီးမှ စားခြင်းကြိယာက နောက်မှဖြစ်သော အရာမျိုးတည်း၊ ထို့ပြင် ပစိတွာနှင့်ဘုဉ္ဇတိတွင် ဘုဉ္ဇတိက အချုပ်တည်း၊ ပစိတွာကား “ချက်ပြီးမှ စားသည်”ဟု စားခြင်းကြိယာကို အထူးပြုရသော ဝိသေသန ကြိယာမျှသာ ဖြစ်သည်၊ ထို့ကြောင့် ဤ ပစိတွာဟူသော ကြိယာမျိုးကို “ပုဗ္ဗကာလကြိယာဝိသေသန”ဟု ခေါ်သည်။ [ပုဗ္ဗကာလ-ရှေ့ကာလ၌ ဖြစ်၍+ကြိယာဝိသေသန-ပဓာနကြိယာကို အထူးပြုသောပုဒ်။]

အပရကာလ။ ။ တွာပစ္စည်းပါသော ကြိယာ၏ အနက်က နောက်မှ ဖြစ်လျှင် “အပရကာလကြိယာဝိသေသန” ဟု ခေါ်၏၊ ဥပမာ…ဒွါရံ ပိဒဟိတွာ နိက္ခမိ (တံခါးကို ပိတ်လတ္တံ့၍ ထွက်၏)ဟူရာ၌ကဲ့သို့တည်း။

သမာနကာလ။ ။ ကြိယာ ၂ ခုလုံး ပြိုင်တူဖြစ်သောအရာ၌ တွာ ပစ္စယန္တပုဒ်ကို “သမာနကာလကြိယာဝိသေသန”ဟု ခေါ်၏၊ ဥပမာ… ဒဏ္ဍော ဓက္ကစ္စ ပတတိ (တုတ်သည် ဓက်ဓက်မြည်လျက် ကျ၏)တည်း။

လက္ခဏ။ ။ ဤ တွာပစ္စယန္တများကို လက္ခဏအနက်လည်း ပေးရ သေး၏၊ ဥပမာ… သုတွာ ဇာနိဿာမ (ကြားရကုန်သော် သိကုန်အံ့) စသည်တည်း။

ဟိတ်အနက်။ ။ ဟိတ်အနက်ပေးရသော အရာလည်း ရှိသေး၏၊ ဥပမာ… “ဃတံ ပိတွာ ဗလံ ဟောတိ” ဃတံ-ထောပတ်ကို၊ ပိတွာသောက်ရခြင်းကြောင့် (ဟိတ်)၊ ဗလံ-အားသည်၊ ဟောတိ-၏တည်း။

ကတ္တားကွဲပုံ။ ။ ဤ၌ ပိတွာ၏ ကတ္တားမှာ ထောပတ်သောက်သူတည်း၊ ဟောတိ၏ကတ္တားကား ဗလံတည်း၊ ဤသို့ကတ္တားချင်းမတူ၍ ဧကကတ္တုက မဖြစ်သောကြောင့် “တုနတွာနတွာ ဝါ”ဟူသော ဒွိဓာကရဏယောဂ ဝိဘာဂလုပ်၍ တွာပစ္စည်းသက်ရမည်၊ (ရှေ့ ၄ နက်၌ကား ဧကကတ္တုက ဖြစ်သောကြောင့် သုတ်ရင်းဖြင့်ပင် သက်နိုင်သည်၊) ဤသို့ ဟိတ်အနက် ပေးရသော အရာဝယ် တွာပစ္စယန္တပုဒ်၏ ကတ္တားပုဒ်၌ သိဝိဘတ်ကိုလည်း သမ္ဗန်အနက်၌ သက်ရမည်၊ “သော-ထိုသူ၏”ဟု ပေး။

[ဆောင်]၁။ ပုဗ္ဗာ.ပရ, သမာနနှင့်, လက္ခဏ ဟေတု, ငါးခုအတ္ထ, သက်အပ်စွာ့, တုန တွာန တွာ။ ၂။ ကတ္တားကွဲဘိ, မတူရှိသော်, မိမိကတ္တား, သမ္ဗန်ထား၍, ဖြစ်ငြားဟိတ်မှာ. သက်တို့ရာသည်,… တွာဒိပစ္စည်း သဘောတည်း။

ဝတ္တမာနေ- ပစ္စုပ္ပန်ကာလ၌၊ မာန.န္တာ- မာနပစ္စည်း, အန္တပစ္စည်းတို့သည်၊ ဟောန္တိ- ဖြစ်ကုန်၏။ ဂစ္ဆမာနော, ဂစ္ဆန္တော ဂဏှာတိ စသည်တည်း။

၄၂။ ဂစ္ဆမာနော, ဂစ္ဆန္တော-သွားစဉ်၊ ဂဏှာတိ-ယူ၏၊ သွားစဉ်ဟု ဆိုသော်လည်း ကာရက၌လာသော အနာဒရအနက်မျိုးမဟုတ်၊ “သွားစဉ်၊ သွားခိုက်=သွားတုန်း”ဟု ပစ္စုပ္ပန်ကြိယာထင်ရှားအောင် ပေးရသောအနက် တည်း၊ ဤသုတ်က “ပစ္စုပ္ပန်အနက်၌ သက်သည်”ဟုဆိုသော်လည်း အခြားကျမ်း၌မူ အနာဂတ်အနက်၌လည်း သက်၏၊ “ဂစ္ဆတိ ဂစ္ဆိဿတီတိ ဂစ္ဆမာနော, ဂစ္ဆန္တော”ဟု ဝိဂြိုဟ်ပြု။

ရုပ်တွက်။ ။ ဂစ္ဆမာနောကို “ဂမု”တည်၊ “ဂမု၊ ဂတိမှိ”ဟူသော အနက်၌ ဓာတ်မှည့်, အဆုံး ု သရချေ, ဝတ္တမာနေ မာနန္တာသုတ်ဖြင့် မာနပစ္စည်းသက်, ဘူဝါဒိတော အသုတ်ဖြင့် ၊ ပစ္စည်းသက်(ဂမ် ၊ မာန), ဂမိဿန္တော စ္ဆော ဝါ သဗ္ဗာသုသုတ်ဖြင့် ဓာတွန် မ်ကို စ္ဆ်ပြု, စ္ဆ်ကို ၊ သို့ ကပ်, နာမ်ငဲ့, သိသက်, ေ-ါ ပြု, ခွင်း, ချေ, ကပ်, ဂစ္ဆမာနော ပြီး၏။

ဂစ္ဆန္တောကို “ဂမု”တည်၊ ဓာတ်မှည့်, အဆုံးသရချေ, အန္တပစ္စည်းသက်, ၊ ပစ္စည်းသက်, မ်ကို စ္ဆ်ပြု, သရလောပေါသုတ်ဖြင့် ရှေ့ ၊ သရကို ချေ, စ္ဆ်ကို ၊ သို့ ကပ်, နာမ်ငဲ့, စသည် စီရင်သည်။

သာသာဒီဟိ- သာသ အစရှိသော ဓာတ်တို့မှ နောက်၌၊ ရတ္ထု- ရတ္ထုပစ္စည်းသည်၊ ဟောတိ- ဖြစ်၏။ သတ္ထာ စသည်တည်း။

၄၃။ သာသတီတိ သတ္ထာ၊ သာသတိ-ဆုံးမတတ်၏၊ ဣတိ-ကြောင့်၊ သတ္ထာ-မည်၏၊ (ဘုရား, ဆရာသမားတည်း၊) သာသာဒီဟိ၌ အာဒိဖြင့် သသုဓာတ် ဝသဓာတ်တို့ကို ယူကြ၏၊ သတ္ထံ-လက်နက်၊ ဝတ္ထံ-အဝတ်။

ရုပ်တွက်။ ။ သတ္ထာကို “သာသ”တည်၊ “သာသ၊ အနုသိဋ္ဌိမှိ”ဟူသော အနက်၌ ဓာတ်မှည့်, အဆုံးသရချေ, သာသာဒီဟိ ရတ္ထုသုတ်ဖြင့် ရတ္ထု ပစ္စည်းသက်, ရမှိ ရန္တော ရာဒိ နောသုတ်ဖြင့် ရ်အနုဗန်နှင့်တကွ ဓာတွန် သ်ကို ချေ (သာ ၊ တ္ထု), သ်ခွင်း, -ါ ချေ, သ်ကို ၊ သို့ ကပ်, နာမ်ငဲ့, သိသက်, သတ္ထုပိတာဒီနမာ သိသ္မိံ သိလောပေါ စသုတ်ဖြင့် သတ္ထုသဒ္ဒါ၏ အဆုံး ု ကို -ါ ပြု, သိကိုလည်း ချေ, သတ္ထာ ပြီး၏။

ပါဒိတော- ပါအစရှိသော ဓာတ်တို့မှ နောက်၌၊ ရိတု- ရိတုပစ္စည်းသည်၊ ဟောတိ- ဖြစ်၏။ ပိတာ စသည်တည်း။

၄၄။ ပါတီတိ ပိတာ၊ ပါတိ-သား သမီးကို စောင့်ရှောက်တတ်၏၊ ဣတိ-ထို့ကြောင့်၊ ပိတာ-ပိတာ မည်၏၊ (အဘတည်း)၊ ပါဒိတော၌ အာဒိ သဒ္ဒါဖြင့် ဓာဓာတ် ဒုဟဓာတ်ကို ယူ၊…ပိတာကို “ပါ”တည်၊ “ပါ၊ ရက္ခဏေ”ဟူသော အနက်၌ ဓာတ်မှည့်, ပါဒိတော ရိတုသုတ်ဖြင့် ရိတု ပစ္စည်းသက်, ရမှိ ရန္တော ရာဒိ နောသုတ်ဖြင့် ရ်အနုဗန်နှင့်တကွ ဓာတွန် ါ ကို ချေ, ပ်ကို -ိ သို့ကပ်, နာမ်ငဲ့စသည်ပြု၍ သတ္ထုကဲ့သို့ စီရင်။

မာနာဒီဟိ- မာနအစရှိသော ဓာတ်တို့မှ နောက်၌၊ ရာတု- ရာတုပစ္စည်းသည်၊ ဟောတိ- ဖြစ်၏။ မာတာ စသည်တည်း။

၄၅။ မာနေတီတိ မာတာ၊ မာနေတိ-သား သမီးတို့ကို မြတ်နိုး(ချစ်ခင်) တတ်၏၊ ဣတိ-ထို့ကြောင့်၊ မာတာ-(အမိ)မည်၏၊ မာနာဒီဟိ၌ အာဒိ သဒ္ဒါဖြင့် ဘာသဓာတ်ကို ယူ၍ “ဘာသတီတိ ဘာတာ”ဟု ဖြစ်၏၊ ဘာသတိ-ပြောဆိုတတ်၏၊ ဣတိ-ကြောင့်၊ ဘာတာ (အစ်ကို)။

မာတာကို “မာန”တည်၊ “မာန၊ မာနနေ”ဟူသောအနက်၌ ဓာတ်မှည့်, အဆုံးသရချေ, မာနာဒီဟိ ရာတုသုတ်ဖြင့် ရာတုပစ္စည်းသက်, ရ်အနုဗန် နှင့်တကွ ဓာတွန် န် ကို ချေ, မ်ခွင်း, ချေ, ကပ်, နာမ်ငဲ့စသည်။ [ဘာတာကို “ဘာသ”တည်၊ “ဘာသ=ဝိယတ္တိယံ ဝါစာယံ”ဟု ဆို။]

အာဂမာ- အာပုဗ္ဗ ဂမုဓာတ်မှ နောက်၌၊ တုကော- တုက ပစ္စည်းသည်၊ ဟောတိ- ဖြစ်၏။ အာဂန္တုကော ဟူသည်တည်း။

၄၆။ အာဂစ္ဆတိ-လာရောက်တတ်၏၊ ဣတိ-ကြောင့်၊ အာဂန္တုကောမည်၏၊ (ဧည့်သည်)၊ ဂမခနဟနာဒီနံ တုံတဗ္ဗာဒီသု န” သုတ်၌ ရုပ်ပြီးလတ္တံ့။

ဘဗ္ဗေ- ဖြစ်ထိုက်၏ဟူသောအနက်၌၊ ဣက- ဣကပစ္စည်းသည်၊ ဟောတိ- ၏။ ဂမိကော ဟူသည်တည်း။ ဣတိ ကိတဗ္ဗိဓာနကပ္ပေ ဒုတိယော ကဏ္ဍော

။ ။ ကိတဗ္ဗိဓာန ကပ္ပေ- ၌၊ ဒုတိယော- သော၊ ကဏ္ဍော- သည်၊ ဣတိ- ပြီးပြီ။

ဂန္တုံ ဘဗ္ဗောတိ ဂမိကော၊ ဂန္တုံ-သွားခြင်းငှာ၊ ဘဗ္ဗော-ဖြစ်ထိုက် သူတည်း၊ ဣတိ-ကြောင့်၊ ဂမိကော-ဂမိက မည်၏၊ (ခရီးသွားမည့်ပုဂ္ဂိုလ် တည်း၊) ဂမိကောကို “ဂမု”တည်၊ “ဂမု၊ ဂတိမှိ”ဟူသော အနက်၌ ဓာတ် မှည့်, အဆုံး ု သရချေ, ဘဗ္ဗေ ဣကသုတ်ဖြင့် -ိ ကပစ္စည်းသက်, မ်ကို -ိ သို့ကပ် (ဂမိက), နာမ်ငဲ့, သိသက်, ေ-ါ ပြု, ဂမိကော ပြီး၏။

ကိတ်ဒုတိယအခန်းပြီး၏။

ပစ္စယာ- ပစ္စည်း ကြောင့်၊ အနိဋ္ဌာ- မပြီးကုန်သေးသော သဒ္ဒါတို့သည်၊ နိပါတနာ- ပြီးစေနိုင်သော ဤသုတ်ကြီးဖြင့်၊ သိဇ္ဈန္တိ- ပြီးစီးကုန်၏။ နစ္စံ, နဋ္ဋံ စသည်တည်း။

၄၈။ နစ္စနံ နစ္စံ နဋ္ဋံ၊ (ဘာဝသာဓန)၊ နစ္စနံ-ကခြင်း၊ နစ္စံ နဋ္ဋံ-ကခြင်း၊ ဤသုတ်ကား ပစ္စည်းနှင့်စပ်၍ ရုပ်မပြီးသေးလျှင် ပြီးအောင်စီရင်သော သုတ်ကြီးတည်း။

ရုပ်တွက်။ ။ နစ္စံကို “နတ”တည်၊ “နတ၊ ဂတ္တဝိနာမေ”ဟူသော အနက်၌ ဓာတ်မှည့်, အဆုံးသရချေ, ဘာဝကမ္မေသု တသုတ်ဖြင့် တ ပစ္စည်းသက်, ပစ္စယာဒနိဋ္ဌာ နိပါတနာ သိဇ္ဈန္တိသုတ်ဖြင့် ဓာတွန် တ်နှင့် တကွ တပစ္စည်းကို စ္စပြု, နာမ်ငဲ့, သိကို -ံ ပြု, နစ္စံ ပြီး၏၊ [နဋ္ဋံ၌လည်း “နတ”တည်၊ တပစ္စည်းသက်၍ ဋ္ဋ ပြုရုံသာ။]

သုတ်ကြီး ၄ သုတ်ရှိကြောင်းကို အာချာတ် ကွစိ ဓာတုသုတ်၌ ပြခဲ့ပြီ၊ ဝန်ကြီး ၄ ဦးသည် မိမိတို့ ဆိုင်ရာကိစ္စကို ပြီးအောင် စီရင်ခွင့်ရှိသကဲ့သို့ ဤသုတ်ကြီးတို့သည် မိမိတို့ ဆိုင်ရာတွင် ပြီးစီးအောင် စီရင်နိုင်သည်။

သာသဒိသတော- သာသဓာတ်, ဒိသဓာတ်မှ၊ ပရဿ- နောက်ဖြစ်သော၊ တဿ- တပစ္စည်း၏၊ ရိဋ္ဌော စ- ရိဋ္ဌအပြုသည်လည်း၊ ဟောတိ- ဖြစ်၏။ အနုသိဋ္ဌော, ဒိဋ္ဌံ စသည်တည်း။

၄၉။ အနုသာသီယိတ္ထ-သွန်သင်အပ်ပြီ၊ ဣတိ-ကြောင့်၊ အနုသိဋ္ဌောမည်၏၊ အနုသိဋ္ဌော-သွန်သင်အပ်ပြီးသူ၊ ပဿီယတိ-မြင်အပ်၏၊ ဣတိကြောင့်၊ ဒိဋ္ဌံ-မည်၏၊ ဒိဋ္ဌံ-မြင်အပ်သော အာရုံ။ [ရူ၌ “အဒဿီယိတ္ထ၊ မြင်အပ်ပြီ”ဟု အတိတ်ဝိဂြိုဟ်ပြု၏။] ရိဋ္ဌော စ၌ စသဒ္ဒါဖြင့် ယူအပ်သော ပစ္စည်းများကို ရူပသိဒ္ဓိမှာ ရှု။

ရုပ်တွက်။ ။ အနုသိဋ္ဌောကို အနုပုဗ္ဗ “သာသ”တည်၊ “သာသ၊ အနုသိဋ္ဌိမှိ”ဟူသောအနက်၌ ဓာတ်မှည့်, အဆုံးသရချေ, ဘဝကမ္မေသု တသုတ်ဖြင့် တပစ္စည်းသက်, သာသဒိသတော တဿ ရိဋ္ဌော စသုတ်ဖြင့် တပစ္စည်းကို ရိဋ္ဌပြု, ရမှိ ရန္တော ရာဒိ နောသုတ်ဖြင့် ရ်အနုဗန်နှင့်တကွ ဓာတွန် သ်ကို ချေ (အနုသာ -ိ ဋ္ဌ), သ်ခွင်း, ချေ, ကပ်, နာမ်ငဲ့, သိသက်, ေ-ါ ပြု, အနုသိဋ္ဌော ပြီး၏။ [ဒိဋ္ဌံကို “ဒိသ”တည်၊ “ဒိသ=ပေက္ခဏေ”ဟု ဆို၍ တွက်လေ။]

သန္တပုစ္ဆဘန္ဇ ဟံသာဒီဟိ- သ အဆုံးရှိသောဓာတ်, ပုစ္ဆဓာတ်, ဘန္ဇဓာတ်, ဟံသအစရှိသောဓာတ်တို့မှ၊ ပရဿ- နောက်ဖြစ်သော၊ တဿ- တပစ္စည်း၏၊ သာဒိ- ရှေ့အနီးအစ ဓာတွန်နှင့်တကွ၊ ဋ္ဌော- ဋ္ဌ အပြုသည်၊ ဟောတိ- ၏။ တုဋ္ဌော, ပုဋ္ဌော, ဘဋ္ဌံ, ဟဋ္ဌော စသည်တည်း။

၅၀။ [ဓာတ်အစဉ်အတိုင်း ပုံစံထုတ်ထားသည်။] တုသီယတေနှစ်သက်အပ်၏၊ ဣတိ-ထို့ကြောင့်၊ တုဋ္ဌော-မည်၏၊ (နှစ်သက်အပ်သူ)၊ ပုဋ္ဌော-မေးအပ်သူ၊ ဘဋ္ဌံ-ကြိတ်ချေအပ်သောဝတ္ထု၊ ဟဋ္ဌော-ရွှင်လန်းသူ၊ ကံအနက်၌ ဘာဝကမ္မေသု တသုတ်ဖြင့် တပစ္စည်းသက်၊ ဟဋ္ဌောဟူသော ကတ္တားဟောပုဒ်၌ အတီတေ တတဝန္တုတာဝီသုတ်ဖြင့် တပစ္စည်းသက်။

တုဋ္ဌောကို “တုသ”တည်၊ “တုသ၊ ပီတိမှိ”ဟူသောအနက်၌ ဓာတ်မှည့်, အဆုံးသရချေ, တပစ္စည်းသက်, သာဒိသန္တပုစ္ဆဘန္ဇဟံသာဒီဟိ ဋ္ဌောသုတ် ဖြင့် ဓာတွန်သ်နှင့်တကွ တပစ္စည်းကို ဋ္ဌပြု, နာမ်ငဲ့, သိကို ေ-ါ ပြု, တုဋ္ဌော ပြီး၏။ [ဤ “တုဋ္ဌော”ကား သန္တအရ သအဆုံးရှိသော ဓာတ်တည်း၊ “တုသ်တ”ဟု ဖြစ်တဲ့အခါ တပစ္စည်း၏ ရှေ့အနီးအစဖြစ်သော အက္ခရာ ကား သ်တည်း၊ ထိုအနီးအစဖြစ်သော ဓာတွန်အက္ခရာနှင့်တကွ တပစ္စည်း ကို ဋ္ဌ ပြုသည်။]

ရုပ်တွက်။ ။ ပုဋ္ဌောကို “ပုစ္ဆ”တည်၊ “ပုစ္ဆ၊ ပုစ္ဆနေ”ဟု ဆို၊ ဓာတွန် စ္ဆ် နှင့်တကွ တပစ္စည်းကို ဋ္ဌပြု၊… ဘဋ္ဌံကို “ဘန္ဇ”တည်၊ “ဘန္ဇ=အဝမဒ္ဒနေ” ဟု ဆို, ဓာတွန် န္ဇ် နှင့်တကွ တပစ္စည်းကို ဋ္ဌပြု

ဟဋ္ဌောကို “ဟံသ”တည်၊ “ဟံသ၊ ပီတိမှိ”ဟု ဆို၊ ဓာတွန်သ်နှင့်တကွ တပစ္စည်းကို ဋ္ဌ ပြု, ဗျဉ္ဇနေ စသုတ်ဖြင့် နိဂ္ဂဟိတ်ကို ချေ, ဤ ဟံသဓာတ် သည် သအဆုံးရှိသော ဓာတ်တည်း၊ ထို့ကြောင့် သန္တအရ၌ ပါဝင်သင့် လျက် သီးခြားဆိုခြင်းသည် ဟဋ္ဌော၌ ဋ္ဌအပြုမြဲ၏၊ အခြားသော သန္တဓာတ် တို့၌ မမြဲဟု သိရစေခြင်းအကျိုးရှိ၏၊ အလားတူရုပ်တွေ များသည်။

ဝသတော- ဝသဓာတ်မှ၊ ပရဿ- နောက်ဖြစ်သော၊ တဿ- တပစ္စည်း၏၊ သာဒိ- ရှေ့အနီးအစ ဓာတွန်နှင့်တကွ၊ ဥဋ္ဌ- ဥဋ္ဌအပြုသည်၊ ဟောတိ- ဖြစ်၏။ … ဝုဋ္ဌော ဟူသည်တည်း။

၅၁။ အဝသီ-နေပြီ၊ ဣတိ-ထို့ကြောင့်၊ ဝုဋ္ဌော-မည်၏၊ (ဝုဋ္ဌောနေပြီးသူ၊) ဝဿံ ဝုဋ္ဌော, ပရိဝုဋ္ဌ ပရိဝါသော စသည်၌ ဤ ဝုဋ္ဌပင်တည်း၊ ရူပသိဒ္ဓိ၌ “ဝသတော ဥတ္ထ”ဟု ပါဌ်ရှိ၏၊ သို့သော် ကစ္စည်းသုတ်စဉ် စာသွားနှင့် ဝသ ဝါ ဝုသုတ်၌ နျာသ၏ ဥဋ္ဌောရုပ်တွက်ပုံကို ထောက်လျှင် “ဝသတော ဥဋ္ဌ”ဟုသာ ရှိသင့်၏။

ဝုဋ္ဌောကို “ဝသ”တည်၊ “ဝသ၊ နိဝါသေ”ဟူသောအနက်၌ ဓာတ်မှည့်, အဆုံးသရချေ, တပစ္စည်းသက်, ဝသတော ဥဋ္ဌသုတ်ဖြင့် ဓာတွန်သ်နှင့် တကွ တပစ္စည်းကို ု ဋ္ဌ ပြု (၀ ု ဋ္ဌ), ဝ်ခွင်း, ချေ, ကပ်, နာမ်ငဲ့, သိကို ေ-ါ ပြု, ဝုဋ္ဌော ပြီး၏။

အမှာ။ ။ အဓိဝတ္ထာ၌ အဓိပုဗ္ဗ “ဝသ”တည်, တပစ္စည်း၊ ဝတ္ထဗ္ဗံ၌ “ဝသ”တည်, တဗ္ဗပစ္စည်း၊ နိဝတ္ထံ၌ နိပုဗ္ဗ “ဝသ” တည်, တပစ္စည်း၊ ကွစိ ဓာတုသုတ်ကြီးဖြင့် ဓာတွန်သ်နှင့်တကွ တပစ္စည်းကို တ္ထ ပြုလေ၊ အဓိဝတ္ထာ-စိုးအုပ်သောနတ် (ကညာဒိဂိုဏ်း)၊ ဝတ္ထဗ္ဗံ-နေရာ၏၊ နိဝတ္ထံဝတ်အပ်သော အဝတ်။

ဝသဿ- ဝသဓာတ်၏၊ ဝဿ- ဝ အက္ခရာ၏၊ ဥ- ဥအပြုသည်၊ ဝါ- ဝိကပ်အားဖြင့်၊ ဟောတိ- ဖြစ်၏။ ဥသိတော, ဝုသိတော ဟူသည်တည်း။

၅၂။ ဥသိတော, ဝုသိတော-ကျင့်သုံးပြီ၊ ဟဗြဟ္မစရိယကို ကျင့်နေခြင်း ကိုပင် ကျင့်သုံးသည်, သီတင်းသုံးသည်ဟု ခေါ်၏။] “ဝုသိတံကျင့်သုံးအပ်ပြီ”စသည်ဖြင့် ကံဟောလည်း ရှိ၏၊ ဤသုတ်၌ ဋီကာတို့ အထွေထွေဖွင့်သော်လည်း အလွယ်ဆုံးကို ရေးသည်။ [ဝုကိုလည်း “ဝ+ဥ” ဟု ပုဒ်ဖြတ်။]

ဥသိတောကို “ဝသ”တည်၊ “ဝသ၊ နိဝါသေ”ဟူသောအနက်၌ ဓာတ် မှည့်, အဆုံးသရချေ, အတီတေ တတဝန္တုတာဝီသုတ်ဖြင့် တပစ္စည်းသက်, ဝဿ ဝါ ဝုသုတ်ဖြင့် ဝသဓာတ်၏ ဝကို ဥပြု (ဥသ်တ), ယထာဂမ မိကာရောသုတ်ဖြင့် -ိလာ, နာမ်ငဲ့, သိသက်, ေ-ါ ပြု, ဥသိတော ပြီး၏။

[ဝုသိတော ၌ သန္ဓိစပ်သောအရာ မဟုတ်သောကြောင့် ဋီကာတို့၌ တေသု ဝုဒ္ဓိ သုတ်ကြီးဖြင့် ဝ်လာကြသည်။]

ဓဎဘဟေဟိ- ဓအောက်ခြိုက် ဎရေမှုတ် ဘကုန်း ဟ အဆုံးရှိသော ဓာတ်တို့မှ၊ ပရဿ- နောက်ဖြစ်သော၊ တဿ- တပစ္စည်း၏၊ ဓဎာ စ- ဓအောက်ခြိုက် အပြု, ဎရေမှုတ် အပြုတို့သည်လည်း၊ ဟောန္တိ- ဖြစ်ကုန်၏။ … ဗုဒ္ဓေါ, ဝုဍ္ဎော, လဒ္ဓံ, ဒဍ္ဎံ စသည်တည်း။

၅၃။ ဤသုတ်က ရုပ်များ၌ အနက်အားလျော်စွာ အတိတ်ဝိဂြိုဟ်, ကာလ ၃ ပါးနှင့်ဆိုင်သောဝိဂြိုဟ်, ကတ္တားဟောဝိဂြိုဟ်, ကံဟောဝိဂြိုဟ် ပြု၍ တပစ္စည်းကို ဗုဓဂမာဒိတ္ထေ ကတ္တရိ, အတီတေ တတဝန္တုတာဝီ, ဘာဝကမ္မေသု တသုတ်တို့ဖြင့် သင့်သလို သက်ရလိမ့်မည်။ [မည်သည့် အက္ခရာဆုံးသော ဓာတ်နောင် ဓ+ဎ ပြုရကြောင်းကို ဘာသာဋီကာမှာ ရှု။]မှတ်နှင့်ရန်…

[ဆောင်] ၁။ ဓအောက်ခြိုက် ဘ, ထို့နောက် တ, ဓအောက်ခြိုက်သာပြု။ ၂။ ဎရေမှုတ် ဟ, ထို့နောက် တ, ဎရေမှုတ်ကို ပြု။ ၃။ ရံခါ ဟနောက်, တ ပင်ရောက်, ဓအောက်ခြိုက်လည်းပြု။ ဗုဒ္ဓေါ-ဘုရား၊ (ဗုဓဂမာဒိတ္ထေ ကတ္တရိသုတ်ဖြင့် တပစ္စည်းသက်ပါ၊) ဝုဍ္ဎော-ကြီးရင့်သူ၊ (အတီတေ တတဝန္တုတာဝီသုတ်ဖြင့်သက်၊) လဒ္ဓံရအပ်ပြီ၊ ဒဍ္ဎံ-မီးလောင်အပ်ပြီ၊ (ဘာဝကမ္မေသု တသုတ်ဖြင့် သက်၊) ဟစတုတ္ထာနမန္တာနံ ဒေါ ဓေ, ဍော ဎကာရေသုတ်တို့ကျမှ ရုပ်တွက်။

ဘန္ဇတော- ဘန္ဇဓာတ်မှ၊ ပရဿ- နောက်ဖြစ်သော၊ တဿ- တပစ္စည်း၏၊ သာဒိ- ရှေ့အနီးအစ ဓာတွန်နှင့်တကွ၊ ဂ္ဂေါ စ- ဂ္ဂ အပြုသည်လည်း၊ ဟောတိ- ဖြစ်၏။ ဘဂ္ဂေါ ဟူသည်တည်း။

၅၄။ အဘဉ္ဇီယိတ္ထ-ချိုးဖျက်အပ်ပြီ၊ ဣတိ-ကြောင့်၊ ဘဂ္ဂေါ-မည်၏၊ (အနက်သံကို ကြည့်၍ တပစ္စည်းသက်ရမည့် သုတ်ကို သတိထားပါ။) ဘဂ္ဂေါကို “ဘန္ဇ”တည်၊ “ဘန္ဇ၊ အဝမဒ္ဒနေ”ဟူသောအနက်၌ ဓာတ်မှည့်,

ဘုဇာဒီနံ- ဘုဇ အစ ရှိသောဓာတ်တို့၏၊ အန္တော- အဆုံးဗျဉ်းသည်၊ နော- ကျေပျောက် ၏၊ တဿ- တပစ္စည်း၏၊ ဒွိစ- ဒွေဘော်သည်လည်း၊ ဟောတိ- ဖြစ်၏။ ဘုတ္တော, ဘုတ္တဝါ, ဘုတ္တာဝီ စသည်တည်း။

အဆုံးသရချေ, ဘာဝကမ္မေသု တသုတ်ဖြင့် တပစ္စည်းသက်, ဘန္ဇတော ဂ္ဂေါ စသုတ်ဖြင့် ဓာတွန်န္ဇ်နှင့်တကွ တပစ္စည်းကို ဂ္ဂ ပြု, နာမ်ငဲ့, သိသက်, ေ-ါ ပြု, ဘဂ္ဂေါ ပြီး၏။

၅၅။ ဘုဇ အစရှိသော ဓာတ်တို့၏ အဆုံးဖြစ်သော “ဇ်” စသည်ကို ချေ၍ တပစ္စည်းကို ဒွေဘော်ပြုသောသုတ်တည်း၊ တပစ္စည်းဟူရာဝယ် တအက္ခရာအစ၌ပါသော တ, တဝန္တု, တာဝီ, တဗ္ဗ, တုံပစ္စည်းအားလုံးကို ယူ၊ အဘုဉ္ဇီ-စားပြီးပြီ၊ ဣတိ-ထို့ကြောင့်၊ ဘုတ္တော-မည်၏၊ ဘုတ္တဝါ (ဂုဏဝါဒိ), ဘုတ္တာဝီ (ဒဏ္ဍာဒိ) ရုပ်များလည်း နည်းတူ။

ဘုတ္တောကို “ဘုဇ”တည်၊ “ဘုဇ၊ ပါလနဗျဝဟရဏေသု”ဟူသော အနက်၌ ဓာတ်မှည့်, အဆုံးသရချေ, အတီတေ တတဝန္တုတာဝီသုတ်ဖြင့် တပစ္စည်းသက်, ဘုဇာဒီနမန္တော နော ဒွိ စသုတ်ဖြင့် ဓာတွန်ဇ်ကို ချေ, တ၏ ဒွေဘော်လည်း လာ, နာမ်ငဲ့, သိကို ေ-ါ ပြု, ဘုတ္တော ပြီး၏။ [ဘုတ္တဝါ၌ တဝန္တု, ဘုတ္တာဝီ၌ တာဝီသက်၍ ရုပ်တွက်။

ဝစ- ဝစဓာတ်၏၊ ဝ- ဝအက္ခရာ၏၊ ဥ- ဥ အပြုသည်၊ ဝါ ဟောတိ- ဝိကပ်ဖြစ်၏၊ အန္တော- သည်၊ နော- ကျေပျောက်၏၊ တဿ- တပစ္စည်း၏၊ ဒွိ စ- ဒွေဘော်သည် လည်း၊ ဟောတိ- ဖြစ်၏။ … ဥတ္တံ, ဝုတ္တံ ဟူသည်တည်း။

၅၆။ [ဥတ္တံ, ဝုတ္တံ-ဆိုအပ်ပြီ။] “ဝတ္တဗ္ဗံ-ပြောဆိုထိုက်၏” စသည်၌ ဝစ ဓာတ်ပင် ဖြစ်သော်လည်း ဤသုတ်က မစီရင်ရသောကြောင့် “ဝါ ဝိကပ်အားဖြင့်”ဟု ဆိုသည်၊ ဘုဇာဒီနမန္တော နော ဒွိ စသုတ်ဖြင့် ဓာတွန် စ်ကို ချေ၍ တဒွေဘော်လာလျှင် ဝတ္တဗ္ဗံ ဖြစ်၏။

အမှာ။ ။ ဤသုတ်နှင့်ဝဿ ဝါ ဝုသုတ်သည် စာသွားတူ၏၊ ထို သုတ်က ဝသဓာတ်၏ ဝကို ဥပြုသလို, ဤသုတ်က ဝစဓာတ်၏ ဝကို ဥ ပြု၏၊ ထို့ကြောင့် ဓာတွန်ချေမှု, ဒွေဘော်လာမှုကို ဘုဇာဒီနမန္တော နော ဒွိ စ သုတ်ဖြင့်သာ စီရင်သင့်သည်ဟု ဆရာတို့ ယူကြသည်၊ သို့သော် ရှေးစဉ်လာအတိုင်း ဤသုတ်ဖြင့်ပင် တွက်ပြရတော့မည်။

ဥတ္တံကို “ဝစ”တည်၊ “ဝစ၊ ဝိယတ္တိယံ ဝါစာယံ”ဟူသော အနက်၌ ဓာတ်မှည့်, အဆုံးသရချေ, ဘာဝကမ္မေသု တသုတ်ဖြင့် တပစ္စည်းသက်, ဝစ ဝါ ဝုသုတ်ဖြင့် ဝကို ဥပြု, ဓာတွန်စ်ကိုလည်း ချေ, တ၏ဒွေဘော်လည်း လာ (ဥတ္တ), နာမ်ငဲ့, သိကို -ံ ပြု, ဥတ္တံ ပြီး၏။ [ဝုတ္တံ၌ ဝုသိတံကဲ့သို့ ကွစိ ဓာတုသုတ်ကြီးဖြင့် ဝ် လာ။]

ဂုပါဒီနဉ္စ- ဂုပအစရှိသောဓာတ်တို့၏လည်း၊ အန္တော- သည်၊ နော- ကျေပျောက်၏၊ တဿ- တပစ္စည်း၏၊ ဒွိစ- လည်း၊ ဟောတိ- ၏။ သုဂုတ္တော စသည်တည်း။

၅၇။ [ဤသုတ်နှင့် ဘုဇာဒီနမန္တော နော ဒွိ စသုတ်တို့၏ စီရင်ရာရုပ်မှာ ရှုပ်ထွေးလျက် ရှိ၏၊ ထို့ကြောင့် ဤသုတ်ကို သုတ်ပိုဟု ဆိုကြသည်။] သုဂေါပီယိတ္ထ-ကောင်းစွာ စောင့်ရှောက်အပ်ပြီ၊ ဣတိ-ကြောင့်၊ သုဂုတ္တောမည်၏၊ ဘာဝကမ္မေသု တသုတ်ဖြင့် တပစ္စည်းသက်၊ သုဂေါပီ-ကောင်းစွာ လုံခြုံပြီ၊ ဣတိ-ထို့ကြောင့်၊ သုဂုတ္တော-မည်၏၊ ဤသို့ အတိတ် ကတ္တား အနက်ပေးရာ၌ အတီတေ တတဝန္တုတာဝီသုတ်ဖြင့် သက်။

သုဂုတ္တောကို သုပုဗ္ဗ “ဂုပ”တည်၊ “ဂုပ-ဂေါပနေ”ဟူသောအနက်- ဓာတ်မှည့်, အဆုံးသရချေ, တပစ္စည်းသက်, ဂုပါဒီနဉ္စသုတ်ဖြင့် ဓာတွန်ပကို ချေ, တ၏ ဒွေဘော်လည်းလာ, နာမ်ငဲ့ စသည်။

တရာဒီဟိ- တရ အစရှိသော ဓာတ်တို့မှ၊ ပရဿ- သော၊ တဿ- တပစ္စည်း၏၊ ဣဏ္ဏော- ဣဏ္ဏ အပြုသည်၊ ဟောတိ- ၏၊ အန္တော စ- ဓာတွန်ဗျဉ်းသည်လည်း၊ နော- ကျေပျောက်၏။ တိဏ္ဏော, တုဏ္ဏော စသည်တည်း။

၅၈။ ဤသုတ်ကား တရဓာတ်ကဲ့သို့ ရကာရ န္တဓာတ်ချင်းတူသော ဓာတ်များနောင် တပစ္စည်းကို ဣဏ္ဏပြု, ဓာတွန်ကိုလည်း ချေသောသုတ် တည်း၊ တိဏ္ဏော-လွန်မြောက်ပြီ, ကူးမြောက်ပြီ၊ တုဏ္ဏော-လျင်မြန်သူ။

တိဏ္ဏောကို “တရ”တည်၊ “တရ၊ တရဏေ”ဟု ဆို၊ အဆုံးသရချေ, တပစ္စည်းသက်, တရာဒီဟိ ဣဏ္ဏောသုတ်ဖြင့် တပစ္စည်းကို -ိ ဏ္ဏပြု, ဓာတွန်ရ်ကိုလည်း ချေ (တ -ိ ဏ္ဏ), တ်ခွင်း, ချေ, ကပ်, နာမ်ငဲ့ စသည်။ [တုဏ္ဏောကို “တုရ”တည်၊ “တုရ=ဝေဂေ”ဟု ဆို၍ ရှေ့အတိုင်းတွက်၊ ဝါ ပရော အသရူပါသုတ်ဖြင့် -ိ သရကို ချေ, နာမ်ငဲ့ စသည်။]

ဘိဒါဒိတော- ဘိဒအစရှိသောဓာတ်တို့မှ၊ ပရဿ- သော၊ တဿ- ၏။ ဣန္နအန္န ဤဏာ- ဣန္နအပြု, အန္နအပြု, ဤဏအပြုတို့သည်၊ ဝါ- ဝိကပ် အားဖြင့်၊ ဟောန္တိ- ကုန်၏၊ အန္တော စ- သည်လည်း၊ နော- ကျေ ပျောက်၏။ ဘိန္နော, ဆန္နော, ခီဏော စသည်တည်း။

၅၉။ ဘိန္နော-ကွဲပြီ, ခွဲအပ်ပြီ၊ ဆန္နော-ဖုံးအုပ်အပ်ပြီ၊ ခီဏော-ကုန် ခန်းပြီ၊ ဤသုတ်ကား ဘိဒကဲ့သို့ ဒကာရ န္တဓာတ်နောင် တပစ္စည်းကို ဣန္န အန္နပြုသည်၊ ဤဏအပြုကား ခီဓာတ်ကဲ့သို့ အက္ခရာတစ်လုံးရှိသော ဓာတ်နောင်သာ များ၏။

ဘိန္နောကို “ဘိဒ”တည်၊ “ဘိဒ၊ ဝိဒါရဏေ”ဟု ဆို၊ သရချေ, တပစ္စည်း သက်, ဘိဒါဒိတော ဣန္နအန္နဤဏာ ဝါသုတ်ဖြင့် တပစ္စည်းကို -ိန္န ပြု, ဓာတွန်ကိုလည်းချေ, ဘ်ခွင်း, ချေ, ကပ် (ဘိန္န), နာမ်ငဲ့ စသည်။

ဆန္နောကို “ဆဒ”တည်၊ “ဆဒ၊ အပဝါရဏေ”ဟု ဆို, သရချေ, တ ပစ္စည်းကို ၊ န္နပြု, ဓာတွန်ဒ်ကိုလည်း ချေ၊ ခီဏောကို “ခီ”တည်၊ “ခီ=ခယေ” ဟုဆို, တပစ္စည်းကို -ိဏပြု, ဓာတွန် -ိကို ချေ, ခ်ကို -ိသို့ ကပ် (ခီဏ), နာမ်ငဲ့ စသည်၊ ခီဏာ ဇာတိဟု ရှိရာ၌ ဣတ္ထိဇောတက အာပစ္စည်းသက်။

သုသပစသကတော စ- သုသဓာတ်, ပစဓာတ်, သကဓာတ်တို့မှလည်း၊ ပရဿ- နောက်ဖြစ်သော၊ တဿ- တပစ္စည်း၏၊ က္ခက္ကာ- က္ခအပြု, က္ကအပြု တို့သည်၊ ဟောန္တိ- ကုန်၏၊ အန္တော စ- ဓာတွန်ဗျဉ်းသည်လည်း၊ နော- ကျေပျောက်၏။ သုက္ခော, ပက္ကံ, သက္ကော ဟူသည်တည်း။

၆၀။ သုက္ခော-ခြောက်သွေ့သောသစ်ပင်၊ ပက္ကံ-မှည့်ရင့်သောသစ်သီး၊ သက္ကော-သိကြားမင်း။

သုက္ခောကို “သု”တည်၊ “သု၊ သောသနေ”ဟု ဆို၊ သရချေ, အတီတေ တတဝန္တုတာဝီသုတ်ဖြင့် တပစ္စည်းသက်, သုသပစသကတော က္ခက္ကာ စ သုတ်ဖြင့် တပစ္စည်းကို က္ခ ပြု, ဓာတွန်သ်ကိုလည်း ချေ, နာမ်ငဲ့ စသည်။ [ပက္ကံကို “ပစ”တည်၊ “ပစ=ပါကေ”စသည်၊ တပစ္စည်းကို က္က ပြု, ဓာတွန် စ်ကိုလည်းချေ၊ သက္ကောကို “သက”တည်၊ “သက=သာမတ္ထေ”ဟု ဆို။]

ပက္ကမာဒီဟိ- ပပုဗ္ဗ ကမု အစရှိ သော ဓာတ်တို့မှ၊ ပရဿ- သော၊ တဿ- ၏။ န္တော စ- န္တအပြု သည်လည်း၊ ဟောတိ- ဖြစ်၏၊ အန္တော စ- အဆုံးဗျဉ်းသည်လည်း၊ နော- ကျေပျောက်၏။ ပက္ကန္တော စသည်တည်း။ စသဒ္ဒါဖြင့် တိပစ္စည်း၏ န္တိအပြုကို ဆည်း၍ သင်္ကန္တိ စသည် ဖြစ်၏။

၆၁။ ပက္ကမီ-ဖဲသွားပြီ၊ ဣတိ-ထို့ကြောင့်၊ ပက္ကန္တော-မည်၏၊ အာဒိသဒ္ဒါ ဖြင့် ကမုဓာတ်ကဲ့သို့ မ အဆုံးရှိသော ဘမု ခမု သမု စသော ဓာတ်များကို ယူ။ [ကနုဓာတ်ကိုလည်း ယူလေ။] သင်္ကန္တိ-ပြောင်းရွှေ့ခြင်း။

ပက္ကန္တောကို ပပုဗ္ဗ “ကမု”တည်၊ “ကမု၊ ပဒဝိက္ခေပေ”ဟူသောအနက်၌ ဓာတ်မှည့်, သရချေ, အတီတေ တတဝန္တုတာဝီသုတ်ဖြင့် တပစ္စည်းသက်, ပက္ကမာဒီဟိ န္တော စသုတ်ဖြင့် တပစ္စည်းကို န္တပြု, ဓာတွန် မ်ကို ချေ (ပကန္တ), သဒိသဒွေဘော် က်လာ, နာမ်ငဲ့ စသည်။

သင်္ကန္တိ၌ သံပုဗ္ဗ “ကမ”တည် စသည်ဆို၊ ဣတ္ထိယမတိယဝေါ ဝါသုတ် ဖြင့် တိပစ္စည်းသက်, ပက္ကမာဒီဟိ န္တော စသုတ်၌ စသဒ္ဒါဖြင့် တိကို န္တိပြု, ဓာတွန် မ်ကိုလည်း ချေ, နာမ်ငဲ့ စသည်ဆို။ [ရတ္တာဒိ-ပတ္တိနှင့်တူ၏။]

တမှိစ- တပစ္စည်းကြောင့်လည်း ကောင်း၊ တိမှိစ- တိပစ္စည်းကြောင့်လည်းကောင်း၊ ဇနာဒီနံ- ဇန အစရှိသောဓာတ်တို့၏၊ အန္တော- အဆုံးဗျဉ်းသည်၊ အာ- အာ အပြုသည်၊ ဟောတိ- ဖြစ်၏။ ဇာတော, ဇာတိ စသည်တည်း။ ဇနာဒီနမာဟူသော ယောဂဝိဘာဂဖြင့် တပစ္စည်း တိပစ္စည်းမှ တစ်ပါးသော ပစ္စည်းကြောင့် အာ ပြု၍ ဇာယတိ စသည် ဖြစ်သေး၏။

၆၂။ အဇနီ-ဖြစ်ပြီ၊ ဣတိ-ကြောင့်၊ ဇာတော-မည်၏၊ ဇာတိ-ဖြစ်ခြင်း၊ ဇာယတိ-ဖြစ်၏။ [ဇနဓာတ်, တိဝိဘတ်, ဒိဝါဒိ ယပစ္စည်းတည်း။]

ဇာတောကို “ဇန”တည်၊ “ဇန၊ ဇနနေ”ဟူသောအနက်၌ ဓာတ်မှည့်, သရချေ, အတီတေ တတဝန္တုတာဝီသုတ်ဖြင့် တပစ္စည်းသက်, ဇနာဒီနမာ တိမှိ စသုတ်ဖြင့် ဓာတွန် န်ကို -ါပြု, ဇ်ခွင်း, ချေ, ကပ်, နာမ်ငဲ့ စသည်။ [ဣတ္ထိယမတိယဝေါ ဝါသုတ်ဖြင့် တိပစ္စည်းသက်လျှင် ဇာတိဟု ပြီး၏၊ (ရတ္တာဒိဂိုဏ်းဝင် ဣတ္ထိလိန်တည်း။)]

တမှိ စ- တပစ္စည်းကြောင့် လည်းကောင်း၊ တိမှိ စ- တိပစ္စည်းကြောင့်လည်းကောင်း၊ ဂမခန ဟနရမာဒီနံ- ဂမ ခန ဟန ရမု အစရှိသောဓာတ်တို့၏၊ အန္တော- အဆုံးဗျဉ်းသည်၊ နော- ကျေပျောက်၏။ သုဂတော, သုဂတိ, ခတော, ခတိ, ဟတော, ဟတိ, ရတော, ရတိ ဟူသည်တည်း။

၆၃။ သုဂတော-ကောင်းသောနိဗ္ဗာန်သို့ ကြွသွားတော်မူသောဘုရား၊ သုဂတိ-ကောင်းသောဂတိ (လူ့ပြည် နတ်ပြည် ဗြဟ္မာ့ပြည်)၊ ခတောတူးဖြိုအပ်၏၊ ခတိ - တူးဖြိုခြင်း၊ ဟတော - သတ်ဖြတ်အပ်၏၊ ဟတိသတ်ဖြတ်ခြင်း၊ ရတော-မွေ့လျော်၏၊ ရတိ-မွေ့လျော်ခြင်း။

သုဂတောကို သုပုဗ္ဗ“ဂမု”တည်၊ “ဂမု၊ ဂတိမှိ”ဟူသောအနက်၌ ဓာတ်မှည့်, အဆုံးသရချေ, ဗုဓဂမာဒိတ္ထေ ကတ္တရိသုတ်ဖြင့် တပစ္စည်း သက်, ဂမခနဟနရမာဒီနမန္တောသုတ်ဖြင့် ဓာတွန်မ်ကိုချေ, နာမ်ငဲ့စသည်။

ခတောကို “ခနု”တည်၊ “ခနု၊ အဝဒါရဏေ”ဟုဆို၊ ကံအနက်ဖြစ်၍ ဘာဝကမ္မေသု တသုတ်ဖြင့် တပစ္စည်းသက်၊ ဟတောကို “ဟန”တည်၊ “ဟန=ဟိံသာဂတီသု”ဟုဆို၊ ကံအနက် တပစ္စည်း၊ ရတောကို “ရမု”တည်၊ “ရမု=ကီဠာယံ”ဟုဆို၊ ဗုဓဂမာဒိတ္ထေ ကတ္တရိသုတ်ဖြင့် တပစ္စည်း သက်, အာဒိသဒ္ဒါဖြင့် “နိယတော-မြဲ၏၊” နိပုဗ္ဗ ယမု=ဥပရမေ”ဟု ဓာတ်နက်ဆို၊ သုဂတိ စသည်၌ ဣတ္ထိယမတိယဝေါ ဝါသုတ်ဖြင့် တိပစ္စည်းသက်ရုံသာ။ [“ဘုတွာ-စား၍”စသည်၌ တအက္ခရာပါသော တွာပစ္စည်းနှောင်းရာဝယ် ဓာတွန်ချေရသေး၏။]

တမှိ စ- တပစ္စည်းကြောင့်လည်း ကောင်း၊ တိမှိ စ- တိပစ္စည်းကြောင့်လည်းကောင်း၊ ရကာရောစ- ဓာတွန်ရအက္ခရာသည်လည်း၊ နော- ကျေပျောက်၏။ ပကတော, ပကတိ စသည်တည်း။

၆၄။ ပကရီယိတ္ထ - အပြားအားဖြင့် ပြုအပ်ပြီ၊ ဣတိ - ထို့ကြောင့်၊ ပကတော-မည်၏၊ ပဌမံ-ရှေးဦးစွာ၊ ကရီယတိ-ပြုအပ်၏၊ ဣတိ, ပကတိ။

ပကတောကို ပပုဗ္ဗ “ကရ”တည်၊ “ကရ၊ ကရဏေ”ဟူသောအနက်၌ ဓာတ်မှည့်, အဆုံးသရချေ, ဘာဝကမ္မေသု တသုတ်ဖြင့် တပစ္စည်းသက်, ရကာရော စသုတ်ဖြင့် ဓာတွန်ရ်ကို ချေ, နာမ်ငဲ့စသည်။ [ပကတိ၌ တိပစ္စည်းသက်ရုံသာ။]

တမှိ စ- တပစ္စည်းကြောင့်လည်း ကောင်း၊ တိမှိ စ- တိပစ္စည်းကြောင့်လည်းကောင်း၊ ဌာပါနံ- ဌာ ဓာတ်, ပါဓာတ်တို့၏၊ အန္တော- အဆုံးအာသရသည်၊ ဣဤ- အစဉ်အတိုင်း ဣအပြု ဤအပြုတို့သည်၊ ဟောန္တိ- ဖြစ်ကုန်၏။ ဌိတော, ဌိတိ, ပီတော, ပီတိ စသည်တည်း။

၆၅။ ဌာဓာတ်၏ အာကို ဣ, ပါဓာတ်၏ အာကို ဤဟု အစဉ်အတိုင်း ပြု၊ အဋ္ဌာသီတိ ဌိတော-ရပ်တည်ပြီးသူ၊ ဌိတိ-တည်နေခြင်း၊ ပီတောသောက်အပ်သောအရည်၊ ပီတိ-သောက်ခြင်း။

ဌိတောကို “ဌာ”တည်၊ “ဌာ၊ ဂတိနိဝတ္တိမှိ”ဟူသောအနက်၌ဓာတ်မှည့်, အတီတေ တတဝန္တုတာဝီသုတ်ဖြင့် တပစ္စည်းသက်, ဌာပါနမိဤ စ သုတ်ဖြင့် ဌာ၏အဆုံး -ါ ကို -ိ ပြု, နာမ်ငဲ့ စသည်၊ ပီတောကို “ပါ”တည်၊ “ပါ=ပါနေ”ဟု ဆို၊ ဘာဝကမ္မေသု တသုတ်ဖြင့် တပစ္စည်းသက်, ဤ သုတ်ဖြင့် ပါ၏အဆုံး -ါ ကို -ီ ပြု။ [ဌိတိ, ပီတိတို့၌ တိပစ္စည်းသက်ရုံသာ၊၊]

အမှာ။ ။ ဤသုတ်၌ စသဒ္ဒါဖြင့် တွာ တာဝီစသော ပစ္စည်းများကြောင့် ဣ ဤအပြုကို ဆည်း၍ အဓိဋ္ဌိတွာ, ပီတွာ-သောက်၍, စသော ရုပ်များ လည်း ဖြစ်သေး၏။ [ယခုစာအုပ်များ၌ “ပိတွာ”ဟု ရှိ၏။]

အဒဟနဟာနံ- ဒဟဓာတ်, နဟဓာတ်မှ တစ်ပါးကုန်သော၊ ဟန္တေဟိ- ဟအဆုံးရှိသောဓာတ်တို့မှ၊ ပရဿ- နောက်ဖြစ်သော၊ တဿ- တပစ္စည်း၏၊ ဟော- ဟအပြုသည်၊ ဟောတိ- ဖြစ်၏။ ဟဿ- ဓာတွန်ဟ၏၊ ဠော- ဠအပြုသည်၊ ဝါ- ဝိကပ်အားဖြင့်၊ ဟောတိ- ၏။ အာရုဠော, ဂါဠော, ဗာဠော, ဂူဠော, မူဠော, ဝူဠော စသည်တည်း။… [လွယ်ကူအောင် “အဒဟနဟာနံ- ကုန်သော” ဟု ဝိသေသနအနက်ပေးလိုက်သည်။]

၆၆။ [ကာရ န္တဓာတ်နောင် တပစ္စည်းကို ဟပြု၍ ဓာတွန် ဟ်ကို ဠပြုသောသုတ်တည်း၊ သို့သော် အဒဟနဟာနံဟု ဆိုသောကြောင့် ဟကာရ န္တဓာတ်တို့တွင် ဒဟဓာတ် နဟဓာတ်တို့ကို ကြဉ်ရမည်။ [ဓဎဘ ဟေဟိ ဓဎာ စသုတ်က ဟ အဆုံးရှိသော ဓာတ်နောင် တပစ္စည်းကို ဎပြုရမည်ဟု ဆိုထားသဖြင့် ထိုသုတ်၏ ဎ အပြုတို့ကို ဤသုတ်က တားမြစ်၍ တစ်မျိုး စီရင်သည်။]

အမှာ။ ။ အာရုဠှော စသည်၌ သက္ကတဝယ် “အာရူဠှော”ဟု ဒီဃဖြင့် ရှိ၏၊ ယခုပါဠိများ၌ကား “ရုဠှီ, ရူဠီ” ဟု ၂ မျိုး တွေ့ရ၏၊ မူဠှော စသည်၌ မောဂ္ဂလ္လာန်ဝယ် ဒီဃသာ ရှိ၏၊ အာရုဠှော-တက်ရောက်ပြီ၊

ဂါဠှော-သက်ဝင်ပြီ၊ ဗာဠှော-ကြီးမားသည် (ပြင်းထန်သည်)၊ မူဠှော-တွေဝေသည်၊ ဂူဠှော-လျှို့ဝှက်အပ်သည်၊ ဝူဠှော-မျောသည်, မျှောအပ်သည်။

အာရုဠှောကို အာပုဗ္ဗ “ရုဟ”တည်၊ “ရုဟ၊ ဇနနေ”ဟူသောအနက်၌ ဓာတ်မှည့်, အဆုံးသရချေ, အတီတေ တတဝန္တုတာဝီသုတ်ဖြင့် တပစ္စည်း သက်, ဟန္တေဟိ ဟော ဟဿ ဠော ဝါ အဒဟနဟာနံသုတ်ဖြင့် တပစ္စည်း ကို ဟ ပြု၍ ဓာတွန်ဟ်ကို ဠ်ပြု, ဠ်ကို ဟသို့ကပ် (အာရုဠှ), နာမ်ငဲ့စသည်။ [ရုဠှီ-တက်ရောက်ခြင်း, တင်စားခြင်း၊ ရုဟဓာတ်, တပစ္စည်း, ရုဠ ဟု ဖြစ်တဲ့အခါ နဒါဒိတော ဝါ ဤသုတဖြင့် -ိပစ္စည်းသက်လျှင် ပြီး၏။ ရူပသိဒ္ဓိ၌ တိပစ္စည်းသက်လိုဟန် တူ၏။]

ဂါဠှောကို “ဂါဟူ”တည်၊ “ဂါဟူ၊ ဝိလောဠနေ”ဟု ဆို, ူ သရချေ, တပစ္စည်းသက်, (ဂဟတည်၍ တစ်နည်း ရုပ်တွက်သေး၏၊ ကွစိ ဓာတု သုတ်ကြီးဖြင့် ဂ၏အစိတ် ၊ ကို -ါ ဒီဃပြုရုံသာ၊) [“အဇ္ဈောဂါဠှော-သက်ဝင် ၏, နစ်မြုပ်၏”၌လည်း အဓိ အဝပုဗ္ဗ ဂါဟူဓာတ်ပင်တည်း၊ သြ အဝဿ ဖြင့် အဝ ကို သြ, အဇ္ဈော အဓိသုတ်ဖြင့် အဓိကို အဇ္ဈ ပြု။]

ဗာဠှောကို “ဗဟ”တည်၊ “ဗဟ၊ ဝုဒ္ဓိမှိ”ဟု ဆို၊ မူဠှောကို “မုဟ”တည်၊ “မုဟ=ဝေစိတ္တေ”ဟု ဆို၊ ဂူဠှောကို “ဂုဟ”တည်၊ “ဂုဟ=သံဝရဏေ”ဟု ဆို၊ ဝူဠှောကို “ဝဟ”တည်၊ “ဝဟ=ပါပဏေ”ဟု ဆို၊ တပစ္စည်း, ဝစ၀သ ဝဟာဒီနမုကာရော ဝဿဟူသော ဒွိဓာကရဏယောဂဝိဘာဂဖြင့် ဝ ၏ အ ကို ု ပြု, ဗာ မူ ဂူ ဝူ၌ ကွစိ ဓာတုသုတ်ကြီးဖြင့် ဒီဃပြု။

ကိတဗ္ဗိ ဓာနကပ္ပေ- ၌၊ တတိယော- သော၊ ကဏ္ဍော- သည်၊ ဣတိ- ပြီးပြီ။

ကိတ်တတိယခန်းပြီးပြီ။

ဘာ၀ ကရဏေသု- ဘောအနက်, ကရိုဏ်းအနက်တို့၌၊ ဏမှိ- ဏ အနုဗန်ရှိသော ပစ္စည်းကြောင့်၊ ရန္ဇဿ- ရန္ဇဓာတ်၏ အဆုံးန္ဇ၏၊ ဇော- ဇ အပြုသည်၊ ဟောတိ- ၏။ ရာဂေါ စသည်တည်း။

၆၇။ ရန္ဇန္တိ အနေနာတိ ရာဂေါ (ကရဏသာဓန)၊ အနေန-ဤတရား ဖြင့်၊ ရန္ဇန္တိ-တပ်မက်ကြကုန်၏၊ ဣတိ-ထိုသို့ တပ်မက်ကြောင်း၏အဖြစ် ကြောင့်၊ သော-ထိုတရားသည်၊ ရာဂေါ-ရာဂ မည်၏၊ “ရဇနံ-တပ်မက်ခြင်း၊ ရာဂေါ-တပ်မက်ခြင်း”ဟု ဘာဝသာဓနလည်း ပြု။

ရုပ်တွက်။ ။ ရာဂေါကို “ရန္ဇ”တည်၊ “ရန္ဇ၊ ရာဂေ”ဟူသော အနက်၌ ဓာတ်မှည့်, အဆုံးသရချေ, ဏပစ္စည်းသက်, ကာရိတံ ဝိယ ဏာနုဗန္ဓော သုတ်ဖြင့် ကာရိတ်မှည့်, ကာရိတာနံ ဏော လောပံသုတ်ဖြင့် ဏ်အနုဗန်ကို ချေ, ဏမှိ ရန္ဇဿ ဇော ဘာဝကရဏေသုသုတ်ဖြင့် ရန္ဇဓာတ်၏ န္ဇ ကို ဇ်ပြု, အသံယောဂန္တဿ ဝုဒ္ဓိ ကာရိတေသုတ်ဖြင့် ရ ၏ အဆုံး ၊ ကို -ါ ဝုဒ္ဓိပြု, ကဂါ စဇာနံသုတ်ဖြင့် ဓာတွန် ဇ်ကို ဂ် ပြု, ဇ်ကို ၊ သို့ ကပ်, သိ သက်, ေ-ါ ပြု ရာဂေါ ပြီး၏။

“ရဉ္ဇတီတိ ရာဂေါ”ဟု ကတ္တုသာဓနဝိဂြိုဟ်ပြုရာ၌ကား ကတ္တား အနက်၌ ဏပစ္စည်းသက်, ဤသုတ်၌ ဘာဝကရဏေသုကို ဖြုတ်၍ “ဏမှိ ရန္ဇဿ ဇော”ဟူသော ဒွိဓာကရဏယောဂဝိဘာဂဖြင့် ရန္ဇ၏ န္ဇကို ဇ ပြုလေ။ [ဘောအနက်, ကရိုဏ်းအနက်၌သက်သော ဏပစ္စည်းမဟုတ်၍ သုတ်ရင်းဖြင့် မစီရင်နိုင်၊ ရဉ္ဇတိ၌ ရန္ဇဓာတ်၏ “ရဉ္ဇ” ဖြစ်ပုံကို နိဂ္ဂဟီတံ သံယောဂါဒိနောသုတ် ကြည့်။]

ဏမှိ- ဏ အနုဗန်ရှိသော ပစ္စည်း ကြောင့်၊ ဟနဿ- ဟနဓာတ်၏၊ ဃာတော- ဃာတ အပြုသည်၊ ဟောတိ- ဖြစ်၏။ ဃာတော, ပါဏဃာတီ, ဂေါဃာတကော စသည်တည်း။

၆၈။ [နနံ-သတ်ဖြတ်ခြင်း၊ ဃာတော-သတ်ဖြတ်ခြင်း (ဘာဝေ စ ဖြင့် ဏပစ္စည်းသက်)၊ “ပဏံ ဟနတိ သီလေနာတိ ပါဏဃာတီ” ပါဏံသူ့အသက်ကို၊ သီလေန-အလေ့အားဖြင့်၊ ဟနတိ-သတ်တတ်၏၊ ဣတိထို့ကြောင့်၊ ပါဏဃာတီ-မည်၏၊ (ဏီပစ္စည်း)၊ ဂါဝေါ ဟနတီတိ ဂေါဃာတကော၊ နွားတို့ကို သတ်သူ=နွားသတ်သမား (ဏွုပစ္စည်း)။

ရုပ်တွက်။ ။ ဃာတောကို “ဟန”တည်၊ “ဟန၊ ဟိံသာဂတီသု”ဟူသော အနက်၌ ဓာတ်မှည့်, အဆုံးသရချေ, ဏပစ္စည်းသက်, ကာရိတ်မှည့်, ဏ် အနုဗန်ချေ, ဟနဿ ဃာတောသုတ်ဖြင့် ဟန်ဓာတ်ကို ဃာတ်ပြု, တ်ကို ၊ သို့ကပ်, နာမ်ငဲ့စသည်။ [ပါဏဃာတော၌ ပါဏသဒ္ဒူပပဒ ဟနတည်၊၊]

ဂေါဃာတကော၌ ဂေါသဒ္ဒူပပဒ“ဟန”တည်၊ ဏွုကို ၊ က ပြုရုံသာ ထူး၏၊ အာချာတ်ဝိဘတ်ဖြင့် ဃာတေတိ ဃာတယတိရုပ်များလည်းရှိ၏၊ “ဟန”တည်၊ တိဝိဘတ်သက်, ဏေ-ဏယသက်, ကာရိတ်မှည့်, ဏ် အနုဗန်ချေ, ဤသုတ်ဖြင့် ဃာတ် ပြုလေ။]

သဗ္ဗတ္ထ- အလုံးစုံသော ဝိဘတ် ပစ္စည်းတို့ကြောင့်၊ ဟနဿ- ဟနဓာတ်၏၊ ဝဓော- ဝဓအပြုသည်၊ ဝါ- ဝိကပ်အားဖြင့်၊ ဟောတိ- ဖြစ်၏။ ဝဓော, ဝဓကော စသည် တည်း။

၆၉။ သဗ္ဗတ္ထဟု ဆိုသောကြောင့် ဏ်အနုဗန်ရှိသောပစ္စည်းနှောင်းရာ၌ သာမက အာချာတ်ဝိဘတ်ဖြင့် အခြားပစ္စည်းများ နှောင်းရာ၌လည်း ဟန ဓာတ်ကို ဝဓပြုသေး၏၊ ထို့ကြောင့် “ဝဓေတိ-သတ်၏၊ ဝဓိတွာ-သတ်၍” စသော ရုပ်များလည်း ရှိနိုင်သည်၊ ဝဓော, ဝဓကော-သတ်တတ်သူ။ ရုပ်တွက်။ ။ ဝဓောကို “ဟန”တည်၊ ဓာတ်မှည့်, အဆုံးသရချေ,

ဝိသရုဇပဒါဒိတော ဏသုတ်ဖြင့် ဏပစ္စည်းသက် (ဘောဟောဖြစ်လျှင် ဘာဝေ စဖြင့် သက်), ကာရိတ်မှည့်, ဏ်အနုဗန်ချေ, ဝဓော ဝါ သဗ္ဗတ္ထ သုတ်ဖြင့် ဟန်ကို ဝဓ်ပြု, ဓ်၊ သို့ကပ်, နာမ်ငဲ့စသည်။ [ဝဓကော၌ ဏွု ပစ္စည်းသက်ရုံသာ၊ ဟနဓာတ်၌ ဓာတွန်ချေလျှင် ဟန်ဟု ဖြစ်၏၊ ဝဓ်ပြုတဲ့ အခါလည်း သရမပါဘဲပြု, ဝဓော၌ ဝုဒ္ဓိမပြုရသဖြင့် အပစ္စည်းသက်လျှင် သာ၍ သင့်မည်။]

ဏမှိ- ဏအနုဗန်ရှိသော ပစ္စည်းကြောင့်၊ အာကာရ န္တာနံ- အာအက္ခရာအဆုံးရှိသော ဓာတ် တို့၏ အစိတ်အာ၏၊ အာယော- အာယအပြုသည်၊ ဟောတိ- ဖြစ်၏။ ဒါနဒါယော, ဓညမာယော, ဒါယကော, ဒါယိကာ စသည် တည်း။

၇၀။ ဏအနုဗန်ရှိသောပစ္စည်းဟု ဆိုသဖြင့် ဏပစ္စည်းသာမက ဏွု စသော ဏအက္ခရာ အနုဗန်ပါသည့် ပစ္စည်းများကိုပါ ယူ၊ နေရာတိုင်းမှာ ဤနည်းချည်းတည်း၊ ဒါနံ ဒဒါတီတိ ဒါနဒါယော၊ အလှူကို ပေးတတ်သူ၊ ဓညံ မိနာတီတိ ဓညမာယော=စပါးကို ချင့်တတ်သူ (တင်းချင့်သမား)၊ ဒဒါတီတိ ဒါယကော=ပေးလှူတတ်သူ (အလှူ့ဒါယကာ)၊ ဒါယိကာ= ပေးလှူသူ မိန်းမ (အလှူ့အမ)။

ဒါနဒါယောကို ဒါနသဒ္ဒူပပဒ “ဒါ”တည်၊ “ဒါ၊ ဒါနေ”ဟူသော အနက်၌ ဓာတ်မှည့်, ဝိသရုဇပဒါဒိတော ဏသုတ်ဖြင့် ဏပစ္စည်းသက်, ကာရိတ်မှည့်, ဏ်အနုဗန်ချေ, အာကာရ န္တာနမာယောသုတ်ဖြင့် ဒါ၏ အဆုံး -ါ ကို -ါ ယ်ပြု, ယ် ၊ သို့ကပ် (ဒါနဒါယ), နာမ်ငဲ့စသည်။ [အာယ ပြုရာ၌ ယအက္ခရာဝယ် သရပါဖွယ် မလို။]

ဓညမာယောကို ဓညသဒ္ဒူပပဒ “မာ”တည်၊ “မာ၊ ပရိမာဏေ”ဟုဆို၊ ဏပစ္စည်းသက်, မာ၏အဆုံး -ါ ကို -ါယပြု၊ ဒါယကောကို “ဒါ”တည်, ဏွုပစ္စည်းသက်, အကပြုရုံသာ၊ ဒါယိကာ၌ကား ဒါယကာ အပြီးတွင် တေသု ဝုဒ္ဓိသုတ်ကြီးဖြင့် ယ၏ ၊ ကို -ိ ပြု, ဣတ္ထိယမတော အာပစ္စယော သုတ်ဖြင့် -ါပစ္စည်းသက်၍ ပြီးစေ။ [ဤကဲ့သို့ ဏွုကို ၊ ကပြု၍ ပြီးသမျှ၌ ၄ နံပါတ်သုတ် အဓိပ္ပာယ်ကို ပြန်ကြည့်။]

တပစ္စယေသု စ- တပစ္စည်းတို့ကြောင့်လည်းကောင်း၊ ဏမှိ စ- ဏပစ္စည်းကြောင့်လည်းကောင်း၊ ပုရသ.မုပပရိဟိ- ပုရ, သံ, ဥပ, ပရိသဒ္ဒါတို့မှ၊ ပရဿ- နောက်ဖြစ်သော၊ ကရောတိဿ- ကရဓာတ်၏၊ ခခရာ- ခအပြု, ခရအပြုတို့သည်၊ ဝါ- ဝိကပ်အား ဖြင့်၊ ဟောန္တိ- ဖြစ်ကုန်၏။ ပုရက္ခတော, ပုရက္ခတွာ စသည်တည်း။

၇၁။ တပစ္စယေသုဟု ဗဟုဝုစ်သုသဒ္ဒါဖြင့်ဆိုသောကြောင့် တအက္ခရာ ပါသော တုံ တွာ စသောပစ္စည်းများကို ယူ၊ ထိုကဲ့သို့ တအက္ခရာရှိသော ပစ္စည်းနှင့် ဏပစ္စည်းကြော်င့ ပုရစသည် ရှေ့ရှိသော ကရဓာတ်ကို ခ, ခရ ပြုသည်၊ ပုရေ-ရှေ့၌(ရှေ့က)+ကရီယိတ္ထ-ပြုအပ်ပြီ၊ ဣတိ-ထို့ကြောင့်၊ ပုရက္ခတော, ပုရက္ခာရော-မည်၏၊ “ရှေ့၌ ပြုအပ်”ဟု ဆိုလျှင် “ရှေ့၌ ထားအပ် (ရှေ့က ထားအပ်၊ ရှေ့သွားပြုအပ်)”ဟု ဆိုသည်နှင့် အတူတူပင် တည်း၊ ပုရက္ခတွာ-ရှေ့သွားပြု၍။ [ဤ ပုရက္ခတွာ၌ ပရက္ခိတွာဟု စာ အများ ရှိ၏၊ အဆုံးအဖြတ်ကို ရူပသိဒ္ဓိဘာသာဋီကာမှာ ရှု။]

ပုရက္ခတောကို ပုရသဒ္ဒူပပဒ “ကရ”တည်၊ “ကရ၊ ကရဏေ”ဟူသော အနက်၌ဓာတ်မှည့်, သရချေ, ဘာဝကမ္မေသု တသုတ်ဖြင့် တပစ္စည်းသက်, ပုရသ.မုပပရိဟိ ကရောတိဿ ခခရာ ဝါ တပစ္စယေသု စသုတ်ဖြင့် ကရ်ကို ခပြု (ပုရခတ), ခ၏ အသဒိသဒွေဘော် က်လာ, နာမ်ငဲ့ စသည်။

ပုရက္ခာရော၌ ဝိသရုဇပဒါဒိတော ဏသုတ်ဖြင့် ဏပစ္စည်းသက်, ကာရိတ်ငဲ့, ဏ်အနုဗန်ချေ, ဤသုတ်ဖြင့် ခရ်ပြု၍ အသံယောဂန္တဿ ဝုဒ္ဓိ ကာရိတေသုတ်ဖြင့် -ါ ဝုဒ္ဓိပြု, ခ်ကို ၊ သို့ကပ်လေ၊ ပုရက္ခတွာ၌ တွာ ပစ္စသက်, ခပြုရုံသာ၊ သံရှေ့ရှိရာ၌ “သင်္ခတော, သင်္ခါရော-ပြုပြင်အပ် သောတရား”ဟု ဖြစ်၏၊ ဥပ ရှေးရှိရာ၌ ဥပက္ခတော (ကပ်၍ ပြုအပ်ပြီ)၊ ပရိရှေးရှိရာ၌ ပရိက္ခာရော (ထက်ဝန်းကျင် ပြုအပ်သော အဆောက်အဦး, ပရိက္ခာ အသုံးအဆောင်) စသည် ဖြစ်၏။]

တဝေတုနာဒီသု- တေဝ တုန အစရှိသော ပစ္စည်းတို့ကြောင့်၊ ကရောတိဿ- ကရဓာတ်၏၊ ကာ- ကာအပြုသည်၊ ဟောတိ- ဖြစ်၏။ ကာတဝေ, ကာတုန စသည်တည်း။

၇၂။ [ကာတဝေ-ပြုခြင်းငှာ၊ ကာတုန-ပြုပြီး၍။] တဝေတုနာဒီသု၌ အာဒိသဒ္ဒါဖြင့် တုံ တဗ္ဗပစ္စည်းတို့ကြောင့် ကာပြု၍ “ကာတုံ-ပြုခြင်းငှာ၊ ကာတဗ္ဗံ-ပြုထိုက်၏”ဟု ရုပ်ဖြစ်၏။

ရုပ်တွက်။ ။ ကာတဝေကို “ကရ”တည်၊ “ကရ၊ ကရဏေ”ဟု ဆို၊ ဓာတ်မှည့်, အဆုံးသရချေ, ဣစ္ဆတ္ထေသု သမာနကတ္တုကေသု တဝေတုံ ဝါ သုတ်ဖြင့် တေဝ ပစ္စည်းသက်, တဝေတုနာဒီသု ကာသုတ်ဖြင့် ကရ ဓာတ်ကို ကာပြု, ငှာဟူ၍ အနက်ပေးသောကြောင့် သမ္ပဒါနေ စတုတ္ထီ သုတ်ဖြင့် စတုတ္ထီ ဧကဝုစ် သဝိဘတ်သက်, သဗ္ဗာသမာဝုသော စသော သုတ်ဖြင့် သဝိဘတ်ကို ချေ, ကာတေဝ ပြီး၏။

ကာတုန၌ ပုဗ္ဗကာလေကကတ္တုကာနံ တုနတွာနတွာ ဝါသုတ်ဖြင့် တုန ပစ္စည်းသက်၍ ကာတုန ပြီးသည့်အခါ သိသက်, ချေ၊ ကာတုံ၌ တုံ ပစ္စည်း, သသက်, ချေ၊ ကာတဗ္ဗံ၌ တဗ္ဗပစ္စည်းသက်, နာမ်ငဲ့, သိကို -ံ ပြု။ [တေဝ စသော ပစ္စည်းတို့၌ နာမ်မငဲ့ရကြောင်းကို ပြခဲ့ပြီ။]

တုံတဗ္ဗာဒီသု- တုံ တဗ္ဗ အစရှိသော ပစ္စည်းတို့ကြောင့်၊ ဂမခနဟနာဒီနံ- ဂမ ခန ဟန အစရှိသော ဓာတ်တို့၏ အဆုံးမအက္ခရာ, နအက္ခရာတို့၏၊ န- နအပြုသည်၊ ဝါ- ဝိကပ်အားဖြင့်၊ ဟောတိ- ဖြစ်၏။ ဂန္တုံ, ဂန္တဗ္ဗံ, ခန္တုံ, ခန္တဗ္ဗံ, ဟန္တုံ, ဟန္တဗ္ဗံ စသည်တည်း။

၇၃။ ဂန္တုံ-သွားခြင်းငှာ၊ ဂန္တဗ္ဗံ-သွားထိုက်၏၊ ခန္တုံ-တူးဖြိုခြင်းငှာ၊ ခန္တဗ္ဗံတူးဖြိုထိုက်၏၊ ဟန္တုံ-သတ်ခြင်းငှာ၊ ဟန္တဗ္ဗံ-သတ်ထိုက်၏။] တဗ္ဗာဒီသု၌ အာဒိသဒ္ဒါဖြင့် တအက္ခရာအစ၌ ပါသော တေဝ တုန တွာန တွာပစ္စည်း များကို ယူ၍ ဂန္တဝေ, ဂန္တုန, ဂန္တွာန, ဂန္တွာ စသည်ဖြစ်၏၊ ဂမခနဟနာ ဒီနံ၌ အာဒိသဒ္ဒါဖြင့် အဆုံး၌ နအက္ခရာပါသော မနဓာတ်ယူ၍ မန္တုံ, မန္တဗ္ဗံ, မန္တွာ စသည်ဖြစ်၏။ [“မန္တုံ-သိခြင်းငှာ” စသည် ဆို။]

ရုပ်တွက်။ ။ ဂန္တုံ၌ “ဂမု”တည်၊ “ဂမု၊ ဂတိမှိ”ဟူသောအနက်၌ ဓာတ် မှည့်,အဆုံးသရချေ, ဣစ္ဆတ္ထေသု သမာနကတ္တုကေသု တဝေတုံ ဝါသုတ် ဖြင့် တုံပစ္စည်းသက်, ဂမခမဟနာဒီနံ တုံတဗ္ဗာဒီသု နသုတ်ဖြင့် ဓာတွန်မ် ကို န်ပြု, န်ကို တုံသို့ကပ်, သသက်, ချေ, ဂန္တုံ ပြီး၏။ [ဤသုတ်ကမစီရင်တဲ့ အခါ ယထာဂမမိကာရောသုတ်ဖြင့် -ိ လာ၍ “ဂမိတုံ”ဟု ဖြစ်၏။]

ခန္တုံ၌ “ခနု၊ အဝဒါရဏေ”ဟု ဆို၊ ဓာတွန် န်ကို န်ပြု၊ ဟန္တုံ၌ “ဟန= ဟိံသာဂတီသု”ဟုဆို၊ မန္တုံ၌ “မန=ဉာဏေ”ဟုဆို၊ ဂန္တဗ္ဗံစသည်၌ကား တဗ္ဗ ပစ္စည်း သက်ရုံသာ၊ ဂန္တဝေ၌ ဣစ္ဆတ္ထေသု သမာနကတ္တုစသော သုတ်ဖြင့် တဝေပစ္စည်းသက်၊ ဂန္တုန စသည်၌ ပုဗ္ဗကာလေကကတ္တုကာနံ တုနတွာန တွာ ဝါသုတ်ဖြင့် တုန တွာနပစ္စည်းသက်ရုံသာ၊ မန္တွာ၌လည်း တွာပစ္စည်း ပင်တည်း။

သဗ္ဗေဟိ- အလုံးစုံသောဓာတ် တို့မှ၊ ပရေသံ- နောက်ဖြစ်ကုန်သော၊ တုနာဒီနံ- တုန အစရှိသောပစ္စည်း တို့၏၊ ယော- ယ အပြုသည်၊ ဝါ- ဝိကပ်အားဖြင့်၊ ဟောတိ- ဖြစ်၏။ အဘိဝန္ဒိယ, အဘိဝါဒိယ, ဝိဘဇ္ဇ, ပဝိဿ စသည်တည်း။

၇၄။ တုနာဒီနံ၌ အာဒိဖြင့် တွာန တွာပစ္စည်းများကို ယူ၊ အဘိဝန္ဒိယအထူးအားဖြင့် ရှိခိုးပြီး၍၊ အဘိဝါဒိယ-အထူးအားဖြင့် ရှိခိုးပြီး၍ (မင်္ဂလာ စကားကို မိန့်ဆိုစေ၍)၊ ဝိဘဇ္ဇ-ဝေဖန်၍၊ ပဝိဿ-ဝင်၍။

အဘိဝန္ဒိယကို အဘိပုဗ္ဗ “ဝန္ဒ”တည်၊ “ဝန္ဒ၊ အဘိဝန္ဒနေ”ဟူသော အနက်၌ ဓာတ်မှည့်, အဆုံးသရချေ, ပုဗ္ဗကာလေကကတ္တုကာနံ တုနတွာန တွာ ဝါသုတ်ဖြင့် တုနပစ္စည်းသက် (တွာန တွာ အလိုရှိရာသက်), သဗ္ဗေဟိ တုနာဒီနံ ယောသုတ်ဖြင့် တုနပစ္စည်းကို ယပြု, ယထာဂမမိကာရော သုတ်ဖြင့် -ိ လာ, သိသက်, ချေ, အဘိဝန္ဒိယ ပြီး၏။ [ဓာတ်ကျမ်းတို့၌ ဝဒိဓာတ်ကြံ၏, ဝဒိဓာတ်ဖြစ်လျှင် ဣကာရ န္တဓာတ်ဖြစ်၍ နိဂ္ဂဟိတ် လာပြီးမှ “ န် ” ပြုရသည်။]

အဘိဝါဒိယ၌ “အဘိပုဗ္ဗ ဝဒိ၊ ဝန္ဒနေ”ဟု ဆို၊ အဆုံး -ိ သရချေ, တုနပစ္စည်းကို ယပြု, အညေသု စသုတ်ဖြင့် ဝ၏ အစိတ် ၊ ကို -ါ ဝုဒ္ဓိပြု, -ိ လာ။ [မင်္ဂလာစကားကို မိန့်ဆိုစေ၍”ဟု အနက်ပေးရာ၌ကား အဘိ ပုဗ္ဗ ဝဒဓာတ်, ဏေပစ္စည်း, ကာရိတ်မှည့်, ဏ်အနုဗန်ချေ, ဝ၏အစိတ် ၊ ကို -ါ ဝုဒ္ဓိပြု, ဒ်ကို ေ-သို့ကပ် (အဘိဝါဒေ), တုနပစ္စည်းသက်, ယပြု (အဘိဝါဒေယ), ကွစိ ဓာတုသုတ်ကြီးဖြင့် ေ-ကို -ိ ပြု, ပြီး၏။]

ဝိဘဇ္ဇကို ဝိပုဗ္ဗ“ဘဇ”တည်၊ “ဘဇ၊ ဝိဘာဂေ”ဟုဆို၊ တုနပစ္စည်းကို ယပြု (ဝိဘဇ်ယ), ယဝတံ တလန ဒကာရာနံ ဗျဉ္ဇနာနိ စလဉဇကာရတ္တံ၌ ကာရသဒ္ဒါဖြင့် “ဇ်ယ”ကို ဇ်ပြု, သိသဒွေဘော် ဇ်လာ, ဝိဘဇ္ဇ ပြီး၏။

ပဝိဿကို ပပုဗ္ဗ“ဝိသ”တည်၊ “ဝိသ၊ ပဝေသန”ဟုဆို၊ တုနကို ယပြု (ပဝိသ်ယ), ယဝတံသုတ်၌ ကာရသဒ္ဒါဖြင့် “သ်ယ”ကို သပြု, သဒိသ ဒွေဘော် သ်လာ, ပဝိဿ ပြီး၏။ [“ဥဒ္ဒိဿ-ရည်ရွယ်၍, ဥပုဗ္ဗ ဒိသ= ပေက္ခဏေ” ဟု ဆို၊ ဤသုတ်ဖြင့် ယ မပြုတဲ့အခါ အဘိဝန္ဒိတွာ အဘိဝါဒေတွာ စသည် ဖြစ်၏။]

စနန္တေဟိ- စအက္ခရာ, နအက္ခရာ အဆုံးရှိသော ဓာတ်တို့မှ၊ ပရေသံ- နောက်ဖြစ်ကုန်သော၊ တုနာ ဒီနံ- တုန အစရှိသော ပစ္စည်းတို့၏၊ ရစ္စံ- ရစ္စအပြုသည်၊ ဝါ- ဝိကပ်အားဖြင့်၊ ဟောတိ- ဖြစ်၏။ ဝိဝိစ္စ, အာဟစ္စ စသည်တည်း။ ရစ္စံဟူသော ဒွိဓာကရဏယောဂဝိဘာဂဖြင့် အခြားဓာတ်နောင် ရစ္စ ပြု၍ ပတိစ္စ, သက္ကစ္စ စသည် ဖြစ်၏။

၇၅။ ဝိဝိစ္စ-ကင်းဆိတ်၍၊ အာဟစ္စ-ထိခိုက်၍၊ ပတိစ္စ-ရှေးရှုရောက်၍ (စွဲ၍)၊ သက္ကစ္စ-ကောင်းစွာပြု၍ (အရိုအသေပြု၍)။

ဝိဝိစ္စကို ဝိပုဗ္ဗ “ဝိစ”တည်၊ “ဝိစ၊ ဝိဝေစနေ”ဟူသောအနက်၌ ဓာတ် မှည့်, အဆုံးသရချေ, တုနပစ္စည်း (တွာန တွာလည်း သက်), စနန္တေဟိ ရစ္စံသုတ်ဖြင့် တုနပစ္စည်းကို ရစ္စပြု (ဝိဝိစ်ရစ္စ), ရမှိ ရန္တော ရာဒိနော သုတ်ဖြင့် ရ်အနုဗန်နှင့်တကွ ဓာတွန်စ်ကို ချေ (ဝိဝိ ၊ စ္စ), ဝါ ပရော အသရူပါသုတ်ဖြင့် နောက် ၊ ကို ချေ, သိသက်, ချေ, ဝိဝိစ္စ ပြီး၏။ [နောက် ၊ ကို ချေရာ၌ ရူပသိဒ္ဓိက သုတ်ကြီးဖြင့် ချေစေလို၏။]

အာဟစ္စကို အာပုဗ္ဗ “ဟန”တည်၊ “ဟန၊ ဟိံသာဂတီသု”ဟုဆို၊ တုန ပစ္စည်းကို ရစ္စပြု, ရ်အနုဗန်နှင့်တကွ ဓာတွန် “န်”ကို ချေ (အာဟ ၊ စ္စ), ဟခွင်း, ချေ, ကပ်, သိသက်, ချေ။ [ပတိစ္စ (ပဋိစ္စ) စသည် ရုပ်ပြီးပုံကို ရူပသိဒ္ဓိဘာသာဋီကာမှာ ရှု။]

ဒိသာ- ဒိသဓာတ်မှ၊ ပရေသံ- န်သော၊ တုနာဒီနံ- တို့၏၊ သွာနသွာ- သွာနအပြု, သွာ အပြုတို့သည်၊ ဝါ- ဝိကပ်အားဖြင့်၊ ဟောန္တိ- ကုန်၏၊ အန္တလောပေါ စ- ဓာတွန်၏ ကျေခြင်းသည်လည်း၊ ဟောတိ- ၏။ ဒိသွာန, ဒိသွာ စသည်တည်း။

၇၆။ [ဒိသွာန, ဒိသွာ-မြင်၍။] ဒိသွာနကို “ဒိသ”တည်၊ “ဒိသ၊ ပေက္ခဏေ”ဟူသောအနက်၌ ဓာတ်မှည့်, အဆုံးသရချေ, ပုဗ္ဗကာလေက စသောသုတ်ဖြင့် တုနပစ္စည်းသက်, (တွာန တွာလည်းသက်), ဒိသာ သွာန သွာန္တလောပေါ စသုတ်ဖြင့် တုနပစ္စည်းကို သွာနပြု, ဓာတွန်သ်ကိုလည်း ချေ, သိသက်, ချေ, ဒိသွာန ပြီး၏။ [ဒိသွာ၌ တုနကို သွာပြုရုံသာ။]

မဟဒဘေဟိ- မ, ဟ, ဒ, ဘ အဆုံးရှိသော ဓာတ်တို့မှ၊ ပရေသံ- နောက်ဖြစ်ကုန်သော၊ တုနာဒီနံ- တုန အစရှိသော ပစ္စည်းတို့၏၊ မ္မယှဇ္ဇ ဗ္ဘဒ္ဓါ- မ္မအပြု, ယှအပြု, ဇ္ဇ အပြု, ဗ္ဘအပြု, ဒ္ဓါအပြုတို့သည်၊ ဝါ- ဝိကပ်အားဖြင့်၊ ဟောန္တိ- န်၏၊ အန္တလောပေါ စ- ဓာတွန်၏ ကျေခြင်းသည်လည်း၊ ဟောတိ- ဖြစ်၏။ အာဂမ္မ, ပဂ္ဂယှ, ဥပ္ပဇ္ဇ, အာရ ဗ္ဘ, လဒ္ဓါ စသည် တည်း။

၇၇။ မအဆုံးရှိသောဓာတ်နောင် တုနစသည်ကို မ္မပြု, ဟအဆုံးဓာတ် နောင် ယှ, ဒအဆုံးဓာတ်နောင် ဇ္ဇ, ဘအဆုံးဓာတ်နောင် ဗ္ဘ ဒ္ဓ ၂ မျိုးလုံး ပြု။ [သီဟိုဠ်မူအတိုင်း ဒ္ဓါအပြုဟု ဆိုလိုက်သည်။] အာဂမ္မ-လာ၍၊ ပဂ္ဂယှချီးမြှောက်၍၊ ဥပ္ပဇ္ဇ-ဖြစ်၍၊ အာရ ဗ္ဘ-အားထုတ်၍၊ လဒ္ဓါ-ရ၍။

အာဂမ္မကို အာပုဗ္ဗ“ဂမု”တည်၊ “ဂမု၊ ဂတိမှိ”ဟုဆို၊ အဆုံးသရချေ, တုနပစ္စည်းသက်, မဟဒဘေဟိ မ္မယှဇ္ဇဗ္ဘဒ္ဓါ စသုတ်ဖြင့် တုနပစ္စည်းကို မ္မပြု, ဓာတွန် မ်ကိုလည်း ချေ, သိသက်, ချေ, အာဂမ္မ ပြီး၏။

ပဂ္ဂယှကို ပပုဗ္ဗ “ဂဟ”တည်၊ “ဂဟ၊ ဥပါဒါနေ”ဟုဆို၊ တုနပစ္စည်းကို ယှပြု၍ ဓာတွန်ဟ်ကိုလည်းချေ, ဂ်ဒွေဘော်လာ၊ ဥပ္ပဇ္ဇ “ဥပုဗ္ဗ ပဒ=ဂတိမှိ” ဟုဆို၊ တုနပစ္စည်းကို ဇ္ဇပြု၍ ဓာတွန်ဒ်ကိုလည်း ချေ, ပ်ဒွေဘော်လာ။ [ဥပ သံရှေ့ရှိရာ၌ “ဥပသမ္ပဇ္ဇ-ပြီးစေ၍ (ရ၍)”ဟု ဖြစ်၏။] အာရ ဗ္ဘ၌ “အာပုဗ္ဗ ရဘ=အာရမ္ဘေ”ဟု ဆို၊ တုနပစ္စည်းကို ဗ္ဘပြု၍ ဓာတွန်ဘ်ကို လည်း ချေ၊ လဒ္ဓါ “လဘ=လာဘေ”ဟုဆို၊ တုနပစ္စည်းကို ဒ္ဓါပြု၍ ဓာတွန် ဘ်ကိုလည်း ချေ, အားလုံးရုပ်တို့၌ သိသက်, ချေ။

တဒ္ဓိတသမာသကိတကာ စ- တဒ္ဓိတ်ပစ္စည်းအဆုံးရှိသော ပုဒ်, သမာသ်ပုဒ်, ကိတ်ပစ္စည်းအဆုံးရှိသော ပုဒ်တို့ကိုလည်း၊ နာမံဝ- နာမ်ကိုကဲ့သို့၊ ဒဋ္ဌဗ္ဗာ- မှတ်ထိုက်ကုန်၏။ အတဝေတုနာ ဒီသု- တေဝ တုနစသောပစ္စည်းတို့ကြောင့် နာမ်မငဲ့ရ၊ ဝါသိဋ္ဌော, ရာဇပုတ္တော, ကုမ္ဘကာရော စသည်တည်း။

၇၈။ ဤသုတ်ကား နာမ်ငဲ့သော သုတ်တည်း၊ “နာမ်ငဲ့” ဟူသည် “နာမ်မည်၏”ဟု နာမည်ကို ညွှန်ပြခြင်း၊ နာမည်မှည့်ပေးခြင်းတည်း၊ တဒ္ဓိတ်, သမာသ်, ကိတ်တွေကို “နာမ်”ဟု နာမည်မှည့်ပေးသည်-ဟူလို။

ဝါသိဋ္ဌော-ဝသိဋ္ဌ၏သား(တဒ္ဓိတ်ပုဒ်)၊ ရာဇပုတ္တော-မင်းသား(သမာသ်ပုဒ်)၊ ရုပ်ကို ထိုအပိုင်းကျမှ တွက်၊ ကုမ္ဘကာရောကို ရုပ်တွက်ခဲ့ပြီ။

အတဝေတုနာဒီသု။ ။ အာဒိဖြင့် တွာန တွာ တုံပစ္စည်းများကို ယူ၊ ထိုပစ္စည်းဆုံးသောပုဒ်တို့၌ နာမ်ငဲ့ဖို့ မလို၊ နိပါတ်ပုဒ်များဖြစ်သောကြောင့် နာမ်မငဲ့ဘဲ တတော စ ဝိဘတ္တိယောသုတ်၌ စသဒ္ဒါဖြင့် ဝိဘတ်သက်နိုင် သည်၊ နာမ်ငဲ့ရကျိုးကို ရူပသိဒ္ဓိ၌ ပြထားပြီ၊ မှတ်နှင့်ရန်…

[ဆောင်] တဒ္ဓိတ် သမာသ်, ကိတ်သတ်သတ်တို့, ဒြဗ်မဟော, နာမ် သဘောနှင့်, မရောမဆီ, လိန် မမည်၍, ထိုဤဝိဘတ်, မသက်လတ်ဘူး၊ ဝိဘတ် မပါ, ဖြစ်ပြန်ပါလည်း, ပုဒ်ရာ မဝင်, သို့ဖြစ်အင်ကြောင့်, အစဉ် ဝိဘတ်, ပိဋကတ်၌, ရှိအပ်ရန်ကွဲ့, မချန်နဲ့, နာမ်ငဲ့ ရလိမ့်မည်။

ဒုမှိ- နှစ်လုံးသောအက္ခရာအပေါင်းကြောင့်၊ ပုဗ္ဗော- ရှေ့ရဿအက္ခရာသည်၊ ဂရု- ဂရု မည်၏။ ဒတွာ, ဆိတွာ, သုတွာ စသည်တည်း။

၇၉။ [ဒတွာ-ပေး၍၊ ဆိတွာ-ဖြတ်၍၊ သုတွာ-ကြား၍။] တွာ၌ တနှင့် ဝအက္ခရာ နှစ်လုံးတွဲလျက် ရှိ၏၊ ထိုကဲ့သို့ အက္ခရာနှစ်လုံးတွဲလျက် နောက်က ရှိလျှင် ရှေ့က “ဒ, ဆိ, သု”ကဲ့သို့ အက္ခရာများကို ဂရုမှတ်ပါ၊ ရွတ်ဆိုတဲ့အခါ “ဒတ်, ဆိတ်, သုတ်”ဟု ဖိနှိပ်သလိုရွတ်ပါဟု ဆိုလိုသည်။

ဒတွာကို “ဒါ”တည်၊ “ဒါ-ဒါနေ”ဟုဆို၊ တွာပစ္စည်းသက်, ကွစာဒိ မဇ္ဈုတ္တရာနံသုတ်ဖြင့် ဒါ၏ -ါ ကို ရဿပြု, သိသက်, ချေ၊ … ဆိတွာကို “ဆိဒိ”တည်၊ “ဆိဒိ-ဒွိဓာကရဏေ”ဟုဆို၊ အဆုံးသရချေ, တွာသက်, ဂမ ဓနဟနရမာဒီနမန္တောသုတ်၌ အာဒိသဒ္ဒါဖြင့် ဓာတွန်ဒ်ကို ချေ၊… သုတွာ၌ သုဓာတ်, တွာပစ္စည်း။ [ရူ၌“ဘုဇ,တွာပစ္စည်းဖြင့် ဘုတွာ”ဟု ရှိ၏၊ ဇ်ချေ၊၊]

ဒီဃော စ- ဒီဃအက္ခရာသည်လည်း၊ ဂရု- ဂရုမည်၏။ နာဝါ, နဒီ, ဝဓူ, ဒွေ, တယော စသည်တည်း။

၈၀။ နာဝါ-လှေ၊ နဒီ-မြစ်၊ ဝဓူ-ချွေးမ (မိန်းမ)၊ ဒွေ-၂ ခုတို့၊ ယော၃ ခုတို့၊ “ဝါ-ဒီ-ဓူ-ဒွေ-ယော”ဟု ဒီဃသရ ၅ လုံး အစဉ်အတိုင်း ပုံစံ တည်း၊ ရုပ်မှာ နာမ်ရုပ်များသာတည်း။ [ဆန်းကျမ်း၌ ဂရု လဟု ရွေးချယ် ရာဝယ် ဤ ၂ သုတ်အဆိုကို သတိပြုပါ။]

အက္ခရေဟိ- အက္ခရာဟောသဒ္ဒါ တို့မှ နောက်၌၊ ကာရ- ကာရပစ္စည်းသည်၊ ဟောတိ- ဖြစ်၏။ ကကာရော, အကာရော စသည်တည်း။

၈၁။ “ကကာရော-ကအက္ခရာ၊ အကာရော-အ အက္ခရာ”ဤသို့ အက္ခရာ ၄၁ လုံးကို ဟောသောသဒ္ဒါနောင် ကာရပစ္စည်း သက်။

ကကာရောကို “က” တည်၊ (ဓာတ်မဟုတ်၍ ဓာတ်မမှည့်ရ)၊ အက္ခရေဟိ ကာရသုတ်ဖြင့် ကအက္ခရာနောင် ကာရပစ္စည်းသက်, နာမ်ငဲ့, သိသက်, ေ-ါ ပြု, ပြီး၏။ [အကာရော စသည်၌လည်း နည်းတူ၊ ဧဝကာရော၌ကား “ဧဝ+ဣတိ+ကာရော ဧဝကာရော”ဟု ကမ္မဓာရည်း ဝိဂြိုဟ်ပြု။]

ယထာဂမံ- ဘုရားပါဠိတော် အားလျော်စွာ၊ ဣကာရော- ဓာတ်နောင် ဣအက္ခရာလာသည်၊ ဟောတိ- ဖြစ်၏။ ဘဝိတဗ္ဗံ, ဂမိတော, လဘိတွာ စသည်တည်း။

၈၂။ ယထာဂမံ၌ အာဂမသဒ္ဒါသည် ဘုရားပါဠိကို ဟော၏၊ ဘုရားဟော ပါဠိတော်နှင့်အညီ (ဣကာရာဂမော အသဗ္ဗဓာတုကမှိသုတ် ကဲ့သို့) အစ၌ ဗျဉ်းရှိသော ကိတ် ဥဏာဒ်ပစ္စည်း နှောင်းရာ၌ ဣအက္ခရာ လာသည်၊ ရုပ်ကိုကား ထိုထိုသုတ်၌ တွက်ခဲ့ပြီ။

ဒဓန္တတော- ဒထွေး, ဓအောက်ခြိုက်အဆုံးရှိသော ဓာတ်မှနောက်၌၊ ယထာဂမံ- ဘုရားပါဠိတော်အားလျော်စွာ၊ ကွစိ- ၌၊ ယော- ယအက္ခရာ လာသည်၊ ဟောတိ- ၏။ ဥပ္ပဇ္ဇိတွာ, ဗုဇ္ဈိတွာ စသည်တည်း။

၈၃။ [ဥပ္ပဇ္ဇိတွာ-ဖြစ်ပြီး၍၊ ဗုဇ္ဈိတွာ-သိပြီး၍။] ဥပ္ပဇ္ဇိတွာကို ဥပုဗ္ဗ “ပဒ” တည်၊ “ပဒ၊ ဂတိမှိ”ဟူသောအနက်၌ ဓာတ်မှည့်, အဆုံးသရချေ, ပုဗ္ဗ ကာလေက ကတ္တုကာနံ တုနတွာနတွာ ဝါသုတ်ဖြင့် တွာပစ္စည်းသက်, ဒဓန္တတော ယော ကွစိသုတ်ဖြင့် ပဒဓာတ်နောင် ယ်လာ (ဥပဒ်ယ်တွာ), တထာ ကတ္တရိ စသုတ်ဖြင့် ဓာတွန်နှင့်တကွ ယ်ကို ဇ်ပြု, ယထာဂမ မိကာရောသုတ်ဖြင့် -ိ လာ, ဇ်ကို -ိ သို့ကပ်, ပရ ဒွေဘာဝေါ ဌာနေ သုတ်ဖြင့် သဒိသဒွေးဘော် ပ်လာ, ဇ်လည်း လာ, သိသက်, ချေ။

ဗုဇ္ဈိတွာ၌ “ဗုဓ၊ အဝဂမနေ”ဟုဆို၊ တွာပစ္စည်းသက်, ယ်လာ (ဗုဓ် ယ်တွာ), တထာ ကတ္တရိ စသုတ်ဖြင့် ဓာတွန် ဓနှင့်တကွ ယ် ကို ဈ် ပြု, -ိ လာ, ဈ် -ိ သို့ကပ်, အသဒိသဒွေဘော် ဇ်လာ။ [ဤရုပ်များ၌ ကတ္တား ဟော ဖြစ်၍ တဿ စဝဂ္ဂသုတ်ဖြင့် မစီရင်ဘဲ တထာ ကတ္တရိ စသုတ်ဖြင့် စီရင်သည်၊ နျာသ, ရူတို့၌ကား ဥပ္ပဇ္ဇိတွာဝယ် ယဝတံဖြင့် ဒျကို ဇ ပြုလေ သည်၊ ဤ၌ ၂ ရုပ်လုံး သဘောတူဖြစ်သောကြောင့် တထာ ကတ္တရိ စ ဖြင့်ချည်း စီရင်သည်၊ နျာသ, ရူတို့ အတိုင်းလည်း ပြီးနိုင်သည်။]

ကိတဗ္ဗိဓာန ကပ္ပေ- ၌၊ စတုတ္ထော, ကဏ္ဍော- သည်၊ ဣတိ- ပြီးပြီ။

ကိတ်စတုတ္ထခန်းပြီး၏။

သံယောဂါဒိ- သံယုဂ်၌ အစဖြစ်သော၊ နော- နအက္ခရာသည်၊ နိဂ္ဂဟီတံ- နိဂ္ဂဟိတ်အဖြစ် သို့၊ အာပဇ္ဇတေ- ရောက်၏။ ရင်္ဂေါ, ဘင်္ဂေါ စသည်တည်း။

၈၄။ [ရန္ဇ၌ န္ဇသည် သံယုဂ်တည်း၊ ထို န္ဇကို သေချာစွာရေးလျှင် “န်ဇ”ဟု ရေးရမည်၊ ထို့ကြောင့် သံယောဂါဒိ (သံယုဂ်၌ အစဖြစ်သော)ဟု ဆိုသည်။] ရင်္ဂေါ-ပွဲသဘင်၊ ဘင်္ဂေါ-ပျက်စီးခြင်း (ဘင်ခဏ)။

ရုပ်တွက်။ ။ ရင်္ဂေါကို “ရန္ဇ”တည်၊ “ရန္ဇ၊ ရာဂေ”ဟုဆို၊ ဓာတ်မှည့်, အဆုံးသရချ, ဝိသရုဇပဒါဒိတော ဏသုတ်ဖြင့် ဏပစ္စည်းသက်, ကာရိတ် ငဲ့, ဏ်အနုဗန်ချေ, နိဂ္ဂဟီတံ သံယောဂါဒိ နောသုတ်ဖြင့် န်ကို နိဂ္ဂဟိတ် ပြု (ရံ ဇ် ၊ ), ကဂါ စဇာနံသုတ်ဖြင့် ဇ်ကို ဂ်ပြု, ဂ်ကို ၊ သို့ ကပ်, နိဂ္ဂဟိတ်ကို ကဝဂ္ဂန္တ “င်”ပြု, င် ကို ဂသို့ ကပ်, နာမ်ငဲ့ စသည်။ [ဘင်္ဂေါကို “ဘန္ဇ”တည်၊ “သန္ဇ-အဝမဒ္ဒနေ”ဟုဆို၊ “သန္ဇ=သင်္ဂေ (ငြိကပ်ခြင်း၌)”ဟု ဆို၍ သင်္ဂေါ ကိုလည်း တွက်။]

သဗ္ဗတ္ထ- အလုံးစုံသော တပစ္စည်း တိပစ္စည်းတို့ကြောင့်၊ ဂေ- ဂေ ဓာတ်သည်၊ ဂီ- ဂီ အပြုသည်၊ ဟောတိ- ဖြစ်၏။ ဂီတံ, ဂီတိ စသည်တည်း။

၈၅။ “ဂါယနံ ဂီတံ” ဂါယနံ-သီဆိုခြင်း၊ ဂီတံ-သီဆိုခြင်း၊ “ဂါယိတဗ္ဗံတိ ဂီတံ - သီဆိုအပ်သော သီချင်း၊ ဂီတိ-သီဆိုခြင်း။

ရုပ်တွက်။ ။ ဂီတံကို “ဂေ”တည်၊ “ဂေ၊ သဒ္ဒေ”ဟု ဆို၊ ဘာကမ္မေသု တ သုတ်ဖြင့် တပစ္စည်းသက်, သဗ္ဗတ္ထ ဂေ ဂီသုတ်ဖြင့် ဂေဓာတ်ကို ဂီပြု, နာမ်ငဲ့, သိကို -ံ ပြု, ဂီတံ ပြီး၏။ [ဂီတိ၌လည်း တိပစ္စည်း သက်ရုံသာ။]

သဗ္ဗတ္ထ- အလုံးစုံသော ဝိဘတ် ပစ္စည်းတို့ကြောင့်၊ သဒဿ- သဒဓာတ်၏၊ သီဒတ္တံ- သီဒ အဖြစ် သည်၊ ဟောတိ- ဖြစ်၏။ နိသိန္နော, နိသီဒတိ စသည်တည်း။

၈၆။ [နိသိန္နော-ထိုင်နေသူ၊ နိသီဒတိ-ထိုင်နေ၏။]

ရုပ်တွက်။ ။ နိသိန္နောကို နိပုဗ္ဗ “သဒ”တည်၊ “သဒ၊ ဝိသရဏဂတျာ ဝသာနေသု”ဟု ဆို၊ အဆုံးသရချေ, အတီတေ တတဝန္တုတာဝီသုတ်ဖြင့် တပစ္စည်း သက်, သဒဿ သီဒတ္တံသုတ်ဖြင့် သဒ် ဓာတ်ကို သီဒ် ပြု, ဘိဒါဒိတော ဣန္နအန္နဤဏာ ဝါသုတ်ဖြင့် တပစ္စည်းကို -ိန္န ပြု, ဓာတွန် ဒ်ကိုလည်း ချေ, သ်ခွင်း, ချေ, ကပ် (နိသိန္န), နာမ်ငဲ့ စသည်။

ဋ္ဌေ- ဋ္ဌအပြုကြောင့်၊ ယဇဿ- ယဇဓာတ်၏၊ သရဿ- အစိတ်သရ၏၊ ဣ- ဣ အပြုသည်၊ ဟောတိ- ဖြစ်၏။ ယိဋ္ဌော, ယိဋ္ဌာ စသည်တည်း။

၈၇။ [ယိဋ္ဌော-ပူဇော်အပ်ပြီ၊ ယိဋ္ဌာ-ပူဇော်အပ်ကုန်ပြီ။]

ရုပ်တွက်။ ။ ယိဋ္ဌောကို “ယဇ”တည်၊ “ယဇ၊ ဒေဝပူဇာ သင်္ဂတိကရဏ ဒါနေသု”ဟုဆို၊ အဆုံးသရချေ, ဘာဝကမ္မေသု တသုတ်ဖြင့် တပစ္စည်း သက်, သာဒိသန္တပုစ္ဆဘန္ဇ ဟံသာဒီဟိ ဋ္ဌောသုတ်ဖြင့် ဓာတွန် ဇ်နှင့်တကွ တပစ္စည်းကို ဋ္ဌပြု (ယဋ္ဌ), ယဇဿ သရဿိဋ္ဌေသုတ်ဖြင့် ယ၏အဆုံး ၊ ကို -ိ ပြု (ယိဋ္ဌ), နာမ်ငဲ့, သိသက်, ေ-ါ ပြု, ယိဋ္ဌော ပြီး၏။ [ယိဋ္ဌာ၌ ယောသက်၍ -ါ ပြုရုံသာ။]

ဓေ- ဓအောက်ခြိုက် အပြုကြောင့်၊ အန္တာနံ- ဓာတ်၏ အဆုံးဖြစ်ကုန်သော၊ ဟ စတုတ္ထာနံ- ဟအက္ခရာ စတုတ္ထက္ခရာတို့၏၊ ဒေါ- ဒထွေး အပြု သည်၊ ဟောတိ- ဖြစ်၏။ သန္နဒ္ဓေါ, ဝုဒ္ဓေါ, ဗုဒ္ဓေါ, လဒ္ဓေါ စသည်တည်း။

၈၈။ သန္နယှိတ္ထ-ကောင်းစွာဖွဲ့အပ်ပြီ၊ ဝါ-မြဲမြံတင်းကြပ်စွာ ဖွဲ့အပ်ပြီ၊ ဣတိ-ကြောင့်၊ သန္နဒ္ဓေါ-မည်၏၊ အဝဒ္ဓီ-ကြီးပွားပြီ၊ ဣတိ-ကြောင့်၊ ဝုဒ္ဓေါမည်၏၊ ဗုဒ္ဓေါ-သိတော်မူသောဘုရား၊ လဒ္ဓေါ-ရအပ်ပြီ။

သန္နဒ္ဓေါကို သံပုဗ္ဗ“နဟ”တည်၊ “နဟ၊ ဗန္ဓနေ”ဟုဆို၊ အဆုံးသရချေ, ဘာဝကမ္မေသု တသုတ်ဖြင့် တပစ္စည်းသက်, ဓဎဘဟေဟိ ဓဎာ စ သုတ်ဖြင့် တပစ္စည်းကို ဓ ပြု, ဟစတုတ္ထာနမန္တာနံ ဒေါ ဓေသုတ်ဖြင့် ဓာတွန် ဟ်ကို ဒ်ပြု, ဒ်ကို ဓသို့ ကပ်, နာမ်ငဲ့ စသည်။

ဝုဒ္ဓေါကို “ဝဒ္ဓ”တည်၊ “ဝဒ္ဓ-ဝဒ္ဓနေ”ဟု ဆို၊ အဆုံးသရချေ, တပစ္စည်း ကို ဓ ပြု, ဓာတွန်ဒ္ဓ်ကို ဒ်ပြု, ကွစိ ဓာတုသုတ်ကြီးဖြင့် ဝ၏အဆုံး ၊ ကို ု ပြု။ [ဝုဒ္ဓိ- တိုးပွားခြင်း (ဝုဒ္ဓိပြုခြင်း)၊ တိပစ္စည်း သက်၍ တိမှ တ ကို ဓ ပြု၊၊]

ဗုဒ္ဓေါကို “ဗုဓ၊ အဝဂမနေ”ဟု ဆို၊ ဗုဓဂမာဒိတ္ထေ ကတ္တရိသုတ်ဖြင့် တပစ္စည်းသက်, ဓ ပြု စသည်၊ ကုဒ္ဓေါ “ကုဓ=ကောပေ”၊ ယုဒ္ဓေါ “ယုဓ= သမ္ပဟာရေ”၊ သိဒ္ဓေါ “သိဓ=သံသိဒ္ဓိမှိ”၊ လဒ္ဓေါ “လဘ=လာဘေ” ကံဟော တပစ္စည်းသက်၊ အာရဒ္ဓေါ-အားထုတ်အပ်ပြီ၊ အာပုဗ္ဗ “ရဘ=အာရမ္ဘေ။

ဎကာရေ- ဎရေမှုတ်အက္ခရာကြောင့်၊ အန္တာနံ- ဓာတ်၏ အဆုံးဖြစ်ကုန်သော၊ ဟစတုတ္ထာနံ- ဟအက္ခရာ စတုတ္ထက္ခရာတို့၏၊ ဍော- ဍရင်ကောက်အပြုသည်၊ ဟောတိ- ဖြစ်၏။ ဒဍ္ဎော, ဝုဍ္ဎော စသည်တည်း။

၈၉။ ဒယှိတ္ထ-မီးလောင်အပ်ပြီ၊ ဣတိ-ထို့ကြောင့်၊ ဒဍ္ဎော-မည်၏၊ အဝုဍ္ဎိ-ကြီးရင့်ပြီ၊ ဣတိ-ထို့ကြောင့်၊ ဝုဍ္ဎော-ဝုဍ္ဎမည်၏၊ အသက်သိက္ခာ ကြီးရင့်သူ၊ (ဝုဍ္ဎိ-ကြီးရင့်ခြင်း။)

ဒဍ္ဎောကို “ဒဟ”တည်၊ “ဒဟ၊ ဘသ္မီကရဏေ”ဟုဆို၊ အဆုံးသရချေ, ကံဟော တပစ္စည်းသက်, ဓဎဘဟေဟိ ဓဎာ စသုတ်ဖြင့် တပစ္စည်းကို ဎ ပြု, ဍော ဎကာရေသုတ်ဖြင့် ဓာတွန် ဟ်ကို ဍ်ပြု, ဍ် ကို ဎသို့ကပ်, (ဒဍ္ဎ), နာမ်ငဲ့ စသည်။ [ဍဍ္ဎောရှိလျှင် “ဍဟ=ဒါဟေ”ဟု ဆို။]

ဝုဍ္ဎောကို “ဝဍ္ဎ”တည်၊ “ဝဍ္ဎ၊ ဝဍ္ဎနေ”ဟု ဆို၊ အဆုံးသရချေ, အတီတေ တတဝန္တုတာဝီသုတ်ဖြင့် တပစ္စည်းသက်, တကို ဎပြု, ဤသုတ်ဖြင့် ဓာတွန် ဎ် ကို ဍ်ပြု, ဍ်ကို ဎသို့ကပ်, ကွစိ ဓာတုသုတ်ကြီးဖြင့် ဝ၏ ၊ ကို ု ပြု, နာမ်ငဲ့ စသည်။ [ဝုဍ္ဎိ၌ တိပစ္စည်း သက်ရုံသာ။]

ဏေ- ဏပစ္စည်းကြောင့်၊ ဂဟဿ- ဂဟဓာတ်၏၊ ဃရ- ဃရအပြုသည်၊ ဝါ- ဝိကပ်အားဖြင့်၊ ဟောတိ- ဖြစ်၏။ ဃရံ, ဃရာနိ စသည်တည်း။

၉၀။ ဂဟဿ ဃရံ ဏေ ဝါဟု အချို့ ပါဌ်ရှိ၏၊ “ဃရံ-ဃရံအပြုသည်” ဟု ယုံမှားဖွယ်ရှိ၍ “ဃရ”ဟု နိဂ္ဂဟိတ်မဲ့ပါဌ်သာ ကောင်း၏၊ ဤကဲ့သို့ ဝိဘတ်မပါဘဲ ညွှန်ပြသော နေရာတွေ ဤကစ္စည်းသုတ်၌ များလှ၏၊ ဤအရာမျိုးကို “အဝိဘတ္တိကနိဒ္ဒေသ၊ ဝိဘတ်မပါဘဲ ညွှန်ပြအပ်သော သဒ္ဒါ”ဟု ခေါ်၏။ [ဃရံ-အိမ်(ဧကဝုစ်)၊ ဃရာနိ-အိမ်တို့ (ဗဟုဝုစ်)။] ဒဗ္ဗသမ္ဘာရံ-သစ်ဝါး အဆောက်အဦတွေကို၊ ဂဏှာတိ-ယူတတ်၏၊ ဣတိထို့ကြောင့်၊ ဃရံ-ဃရ မည်၏။

ဃရံကို “ဂဟ”တည်၊ “ဂဟ၊ ဥပါဒါနေ”ဟု ဆို၊ အဆုံးသရချေ, ဝိသ ရုဇပဒါဒိတော ဏသုတ်ဖြင့် ဏပစ္စည်းသက်, ကာရိတ်ငဲ့, ဏအနုဗန်ချေ, ဂဟဿ ဃရ ဏေ ဝါသုတ်ဖြင့် ဂဟ်ကို ဃရ်ပြု, ရ်ကို ၊ သို့ကပ်, နာမ်ငဲ့, သိကို -ံ ပြု, ဃရံ ပြီး၏။ [ဃရာနိကား စိတ္တာနိအတိုင်းတည်း။]

ဏေ- ဏပစ္စည်းကြောင့်၊ ဒဟဿ- ဒဟဓာတ်၏၊ ဒေါ- ဒထွေးသည်၊ ဠံ- ဠကြီးအဖြစ်သို့၊ ဝါ- ဝိကပ် အားဖြင့်၊ အာပဇ္ဇတေ- ရောက်၏။ ပရိဠာဟော စသည်တည်း။

၉၁။ ပရိဠာဟော - ပူလောင်ခြင်း။

ပရိဠာဟောကို ပရိပုဗ္ဗ “ဒဟ”တည်၊ “ဒဟ၊ ဘသ္မီကရဏေ”ဟု ဆို၊ အဆုံးသရချေ,ဘာဝေ စသုတ်ဖြင့် ဏပစ္စည်းသက်, ကာရိတ်ငဲ့, ဏ်အနုဗန် ချေ (ပရိဒဟ် ၊ ), ဒဟဿ ဒေါ ဠံသုတ်ဖြင့် ဒကို ဠပြု, အသံယောဂန္တဿ စသောသုတ်ဖြင့်ဠ၏အဆုံး ၊ ကို -ါ ဝုဒ္ဓိပြု, ဟ်ကို ၊ သို့ကပ်, နာမ်ငဲ့ စသည်။ [ဤသုတ်က မစီရင်တဲ့အခါ “ပရိဒါဟော, ဒါဟော”ဟု ဖြစ်၏။]

ကွိမှိ- ကွိပစ္စည်းကြောင့်၊ ဓာတွန္တဿ- ဓာတွန်ဗျဉ်း၏၊ လောပေါ- ကျေခြင်းသည်၊ ဟောတိ- ဖြစ်၏။ ဘုဇဂေါ, သင်္ခေါ စသည်တည်း။

၉၂။ ဓာတ်၏အဆုံးဗျဉ်းကို (ကွိပစ္စည်းနှောင်းရာ၌) ချေသောသုတ် တည်း၊ ဟဘုဇေန-ကိုယ်ဖြင့်၊ ဂစ္ဆတိ-သွားတတ်၏၊ ဣတိ-ကြောင့်၊ ဘုဇဂေါမည်၏၊ (မြွေ, နဂါး)၊ သုဋ္ဌု-ကောင်းစွာ၊ ခနတိ-တူးတတ်၏၊ ဣတိ-ကြောင့်၊ သင်္ခေါ-မည်၏၊ (ခရုသင်းခေါ်သော သတ္တဝါ)။]

ဘုဇဂေါကို ဘုဇသဒ္ဒူပပဒ “ဂမု”တည်၊ “ဂမု၊ ဂတိမှိ”ဟု ဆို၊ အဆုံး သရချေ, ကွိ စသုတ်ဖြင့် ကွိပစ္စည်းသက်, ဓာတွန္တဿ လောပေါ ကွိမှိ သုတ်ဖြင့် ဓာတွန် မ်ကို ချေ, ကွိ လောပေါ စသုတ်ဖြင့် ကွိပစ္စည်းကို ချေ, နာမ်ငဲ့ စသည်။

ဥရေန ဂစ္ဆတီတိ ဥရဂေါ (ရင်ဘတ်ဖြင့် သွားတတ်သော မြွေ, နဂါး) ဥရ သဒ္ဒူပပဒ “ဂမု”တည်၊ တုရံ ဂစ္ဆတီတိ တုရဂေါ၊ လျင်မြန်စွာ သွားတတ် သော မြင်းသတ္တဝါ၊ တုရ သဒ္ဒူပပဒ “ဂမု”တည်၊ ဟတုရိတ တုရိတော (အလွန်လျင်မြန်စွာ)ဟု ကစ္စည်း၌ ရှိသည်ကား တုရပုဒ်၏ အနက်ကို ဖွင့်ခြင်းသာ။]

သင်္ခေါကို “သံပုဗ္ဗ ခနု၊ အဝဒါရဏေ”ဟု ဆို၊ ကွိပစ္စည်းသက်, ဓာတွန် န် ချေ။ [သံဟနညာယ ဝါရော ဃောသုတ်၌ ပါသော “ပရိက္ခာ”ပုဒ်လည်း ပရိသဒ္ဒူပပဒ ခနုတည်၍ ကွိပစ္စည်းဖြင့် ဤအတိုင်း တစ်နည်းပြီးနိုင်၏၊၊]

ကွိမှိ- ကွိပစ္စည်းကြောင့်၊ ဝိဒန္တေ- ဝိဒ ဓာတ်၏ အဆုံး၌၊ ဥု- ဥုအက္ခရာလာသည်၊ ဟောတိ- ဖြစ်၏။ လောကဝိဒူ စသည်တည်း။

၉၃။ လောကံ အဝေဒီတိ လောကဝိဒူ၊ လောကံ-ကမ္ဘာလောကကို၊ အဝေဒီ-သိတော်မူပြီ၊ ဣတိ-ထို့ကြောင့်၊ လောကဝိဒူ-မည်တော်မူ၏၊ လောကသဒ္ဒါကား တွဲဖက်ဖြစ်၍ ပါသည်, ဝိဒူသာ လိုရင်းတည်း။

ဝိဒူကို “ဝိဒ”တည်၊ ဝိဒ၊ ဉာဏေ”ဟုဆို၊ အဆုံးသရချေ, ကွိပစ္စည်း သက်, ဝိဒန္တေ ဥုသုတ်ဖြင့် ဝိဒဓာတ်၏ အဆုံး၌ ူ အက္ခရာလာ (ဝဒ် ူ ကွိ) ပစ္စည်းချေ, ဒ် ူ သို့ကပ်, နာမ်ငဲ့, သိသက်, ချေ, ဝိဒူ ပြီး၏။ [ပုလ္လိန် ရတ္တာဒိဂိုဏ်း ဥုကာရ န္တအတိုင်း ရုပ်စဉ်။]

ဣယုတ္တတမှိ- ဣ အာဂုံနှင့်ယှဉ်သောတပစ္စည်းကြောင့်၊ အန္တာနံ- ဓာတွန်ဖြစ်ကုန် သော၊ နမကရာနံ- နအက္ခရာ, မအက္ခရာ, ကအက္ခရာ, ရအက္ခရာ တို့၏၊ လောပေါ- ကျေခြင်းသည်၊ န- မဖြစ်။ ဟနိတုံ, ဂမိတော, သကိတော, သရိတွာ စသည်တည်း။

၉၄။ ဣယုတ္တတမှိ၌ “ဣ”ဟူသည် ယထာဂမမိကာရောသုတ်ဖြင့် လာသော ဣတည်း၊ တမှိ အရ တပစ္စည်းသာမက, တအက္ခရာပါသော တုံ တွာ ပစ္စည်းများကိုလည်း ယူရမည်။ [ဟနိတုံ-သတ်ခြင်းငှာ၊ ဂမိတောသွား၏၊ သကိတော-ပူဇော်အပ်၏၊ သရိတွာ-အောက်မေ့၍။]

တားမြစ်ပုံ။ ။ ဂမခနဟနရမာဒီနမန္တော-ရကာရော စသုတ်တို့၏ အစီရင်ကို တားမြစ်သောသုတ်တည်း၊ ထိုသုတ်တို့က “တပစ္စည်းနှောင်းရာ ၌ ဓာတွန် န် မ် ရ်တို့ကို ချေမည်”ဟု ဆိုသော်လည်း ဣအာဂုံမပါဘဲ တ ပစ္စည်းသက်သက် နှောင်းသော “ဂတော, ခတိ, ရတော, ကတော” တို့၌ သာ ချေပါ, ဣအာဂုံပါသော တပစ္စည်း နှောင်းရာ၌ မချေပါနှင့် ဟူလို။

ရုပ်တွက်။ ။ [နိတုံကို “ဟန”တည်၊ “ဟန၊ ဟိံသာဂတီသု”ဟု ဆို၊ အဆုံးသရချေ, ဣစ္ဆတ္ထေသုစသောသုတ်ဖြင့် တုံပစ္စည်းသက်, ယထာဂမ မိကာရောသုတ်ဖြင့် -ိ လာ, ဂမခနဟနရမာဒီနမန္တောသုတ်ဖြင့် ဓာတွန် န်ကို ချေသင့်သော်လည်း နမကရာနမန္တာနံ နိယုတ္တတမှိသုတ်က တားမြစ် သောကြောင့် မချေရ, န်ကို -ိသို့ကပ်, သိသက်, သဗ္ဗာသမာဝုသော သုတ်ဖြင့် သ ချေ, ဟနိတုံ ပြီး၏။

ဂမိတော၌ ဂမုဓာတ်, ဗုဓဂမာဒိတ္ထေ ကတ္တရိသုတ်ဖြင့် တပစ္စည်း သက်၍ ဟနိတုံ အတိုင်း ဆို၊ သရိတွာ၌ သရဓာတ်, တွာပစ္စည်း သက်, -ိ လာ၍ ရကာရော စသုတ်ဖြင့် ဓာတွန် ရ် ကို ချေသင့်သော်လည်းဟု ဆိုရုံသာ။

သကိတောကို “သက”တည်၊ “သက၊ ပူဇာယံ”ဟုဆို၊ အဆုံးသရချေ, ကံဟော တပစ္စည်းသက်, -ိ အာဂုံလာ (သက်-ိ တ), သုသပစသကတော က္ခက္ကာ စသုတ်ဖြင့် တပစ္စည်းကို က္က ပြု၍ ဓာတွန် က်ကို ချေသင့်သော် လည်း နမကရာနမန္တာနံ နိယုတ္တတမှိသုတ်က တားမြစ်သောကြောင့် မချေရ, က်ကို -ိသို့ ကပ်, နာမ်ငဲ့ စသည်။

ဏွုမှိ- ဏွုပစ္စည်းကြောင့်၊ စဇာ- ဓာတွန်စအက္ခရာ, ဇအက္ခရာတို့သည်၊ ကဂတ္တံ- ကအဖြစ်, ဂအဖြစ် သို့၊ န- မရောက်ကုန်။ ပါစကော, ယာဇကော စသည်တည်း။

၉၅။ ဤသုတ်ကား ကဂါ စဇာနံနှင့် (ဥဏာဒ်၌လာသော သစဇာနံ ကဂါ ဏာနုဗန္ဓေ)သုတ်၏ အစီအရင်ကို တားမြစ်သော သုတ်တည်း၊ ထို သုတ်တို့က “ဏအနုဗန်ရှိသော ပစ္စည်းနှောင်းရာ၌ ဓာတွန် စ ဇတို့ကို က ဂ ပြုမည်”ဆိုသော်လည်း ဏွုပစ္စည်းနှောင်းရာ၌ (ဏွု၌ ဏ်အနုဗန် ပါစေကာမူ) ဓာတန် စ ဇ တို့ကို က ဂ မပြုပါနှင့် ဟူလို။ [ပါစကောချက်တတ်သူ၊ ယာဇကော-ပူဇော်တတ်သူ။]

ရုပ်တွက်။ ။ ပါစကောကို “ပစ”တည်၊ “ပစ၊ ပါကေ”ဟုဆို၊ အဆုံးသရ ချေ, သဗ္ဗတော ဏွုတွာဝီ ဝါသုတ်ဖြင့် ဏွုပစ္စည်းသက်, ကာရိတ်မှည့်, ဏ်အနုဗန်ချေ, အသံယောဂန္တဿ ဝုဒ္ဓိ ကာရိတေသုတ်ဖြင့် ဓာတွန် စကို က်ပြုသင့်သော်လည်း န ကဂတ္တံ စဇာ ဏွုမှိသုတ်က တားမြစ်သော ကြောင့် မပြုရ, အနကာ ယုဏွုနံသုတ်ဖြင့် ဏွုကို ၊ ကပြု, စ်ကို ၊ သို့ ကပ်, နာမ်ငဲ့ စသည်။

ယာဇကောကို “ယဇ”တည်း၊ “ယဇ၊ ဒေဝပူဇာ သင်္ဂတိ ကရဏဒါနေသု” ဟုဆို၊ ကဂါစဇာနံသုတ်ဖြင့် ဓာတွန် ဇ်ကို ဂ်ပြုသင့် သော်လည်းဟု ဆိုရုံသာ။

တုသ္မိံ- တု ပစ္စည်းကြောင့်၊ ကရဿ စ- ကရဓာတ်၏အဆုံး ရအက္ခရာ၏လည်း၊ တတ္တံ- တ အဖြစ်သည်၊ ဟောတိ- ဖြစ်၏။ ကတ္တာ, ဘတ္တာ စသည်တည်း။

၉၆။ ကရဿ စ၌ စသဒ္ဒါဖြင့် ဘရ စသောဓာတ်ကို ဆည်းယူသည်။ ကတ္တာ-ပြုတတ်သူ၊ ဘတ္တာ-ဆောင်ရွက်တတ်သူ၊ အရှင်သခင် လင်။

ကတ္တာကို “ကရ”တည်၊ “ကရ၊ ကရဏေ”ဟု ဆို၊ အဆုံးသရချေ, သဗ္ဗတော ဏွုတွာဝီ ဝါသုတ်ဖြင့် တုပစ္စည်းသက်, ကရဿ စ တတ္တံ တုသ္မိံသုတ်ဖြင့် ဓာတွန် ရ်ကို တ်ပြု, တ်ကို တုသို့ကပ်, နာမ်ငဲ့, သိသက်, သတ္ထုပိတာဒီနမာ သိသ္မိံ သိလောပေါ စသုတ်ဖြင့် တ္ထု ၏ အဆုံး ု ကို -ါ ပြု, သိကိုလည်းချေ, ကတ္တာ ပြီး၏။ [“ဘရ=ဘရဏေ”ဟု ဆို၍ ဘတ္တာကို ရုပ်တွက်။]

တုံတုနတဗ္ဗေသု- တုံပစ္စည်း, တုနပစ္စည်း, တဗ္ဗပစ္စည်းတို့ကြောင့်၊ ကရဿ- ကရဓာတ်၏အဆုံး ရအက္ခရာ၏၊ တတ္တံ- တအဖြစ်သည်၊ ဝါ- ဝိကပ်အားဖြင့်၊ ဟောတိ။ ကတ္တုံ, ကတ္တုန, ကတ္တဗ္ဗံ စသည်တည်း။

၉၇။ ဓာတွန် ရ်ကို ဝိကပ် တ ပြုရမည်”ဟု ဤသုတ်က ဆိုသော ကြောင့် ရှေ့သုတ်က ကရဓာတ်၏ ဓာတွန် ရ်ကို အမြဲ တပြုရာ ရောက် သည်၊ ဟကတ္တုံ-ပြုခြင်းငှာ၊ ကတ္တုန-ပြုပြီး၍၊ ကတ္တဗ္ဗံ-ပြုရာ၏၊] ဤသုတ်က မစီရင်သည့်အခါ တဝေတုနာဒီသု ကာသုတ်က စီရင်၍ ကာတုံ, ကာတုန, ကာတဗ္ဗံ”ဟု ဖြစ်၏။

ကတ္တုံကို“ကရ”တည်၊ ဓာတ်မှည့်, အဆုံးသရချေ, ဣစ္ဆတ္ထေသု သမာန ကတ္တုကေသု တဝေတုံ ဝါသုတ်ဖြင့် တုံပစ္စည်းသက်, တုံတုနတဗ္ဗေသု ဝါ သုတ်ဖြင့် ဓာတွန် ရ်ကို တ်ပြု, တ်ကို တုံသို့ကပ်, သဝိဘတ်သက်, သဗ္ဗာသ မာဝုသောသုတ်ဖြင့် ချေ။ [ကတ္တုန၌ တုနပစ္စည်းသက်၊ ကတ္တဗ္ဗံ၌ တဗ္ဗ ပစ္စည်း သက်ရုံသာ။]

ဏာ.နုဗန္ဓော- ဏ အနုဗန်ရှိသော ပစ္စည်းကို၊ ကာရိတံ ဝိယ- ကာရိတ်ပစ္စည်းကို ကဲ့သို့၊ ဒဋ္ဌဗ္ဗော- မှတ်အပ်၏။ ဒါဟော စသည်တည်း။

၉၈။ ဤသုတ်ကား ဏ်အနုဗန်ပါသော ဏ ဏွု ဏီ ပစ္စည်းများကို ဓာတူဟိ ဏေဏယဏာပေဏာပယသုတ်က ပစ္စည်းများကဲ့သို့ ကာရိတ် အမည် မှည့်သော သုတ်တည်း၊ ကာရိတ်အမည်မှည့်သော်လည်း မုချကာရိတ်များကဲ့သို့ “ပြုစေ၏, ပေးစေ၏” စသည်ဖြင့် “စေ”ဟူသော အနက်ကို မဟောနိုင်၊ အသံယောဂန္တဿ ဝုဒ္ဓိ ကာရိတေ စသောသုတ်များ ဖြင့် စီရင်နိုင်ခြင်း အကျိုးငှာသာ “ကာရိတ်”ဟု နာမည် မှည့်ရသည်၊ ကာရိတာနံ ဏော လောပံသုတ်ကို ပြန်ကြည့်၊ ဒါဟော၊ ပူလောင်ခြင်း၊ ရုပ်တွက်ပုံကို ဆိုင်ရာသုတ်များ၌ ပြခဲ့ပြီ။

ယုဏွုနံ- ယုပစ္စည်း, ဏွုပစ္စည်း တို့၏၊ အန.ကာ- အစဉ်အတိုင်း အန အပြု, အက အပြုတို့သည်၊ ဟောန္တိ- ဖြစ်ကုန်၏။ နန္ဒနံ, ကာရကော စသည်တည်း။

၉၉။ ယုပစ္စည်းကို အန, ဏွုပစ္စည်းကို အက ပြုသောသုတ်တည်၊ ရုပ်များကို တွေ့ခဲ့လှပြီ၊ နန္ဒနံ-နှစ်သက်ခြင်း၊ ကာရကော-ပြုတတ်သူ။

ဏာနုဗန္ဓေ- ဏအနုဗန်ရှိသော ပစ္စည်း ကြောင့်၊ စဇာနံ- ဓာတွန်စအက္ခရာ, ဇအက္ခရာတို့၏၊ ကဂါ- အစဉ်အတိုင်း က အပြု, ဂ အပြုတို့သည်၊ ဟောန္တိ- ဖြစ်ကုန်၏။ ပါကော, ယောဂေါ စသည်တည်း။

၁၀၀။ ပါကော၊ ကျက်ခြင်း (ပစဓာတ်, ဏပစ္စည်း)၊ ယောဂေါ-ယှဉ်ခြင်း, အားထုတ်ခြင်း (ယုဇဓာတ်, ဏပစ္စည်း)၊ ဆိုင်ရာရုပ်တွေ တွေ့ခဲ့လှပြီ။

ကိတဗ္ဗိဓာန ကပ္ပေ- ၌၊ ပဉ္စမော- ငါးခန်းမြောက်ဖြစ်သော၊ ကဏ္ဍော- သည်၊ ဣတိ- ပြီးပြီ။

ကိတ်သုတ်နက်နှင့် ရုပ်တွက်အဓိပ္ပာယ်ပြီးပြီ။

အမှာ။ ။ ဥဏာဒ်ပိုင်းလာပုဒ်များသည် ဓာတ်နောက် ပစ္စည်းသက်၍ ပြီးရသောကြောင့် ကိတ်ပုဒ်များနှင့် အသွားတူလျက်ရှိ၏၊ ထို့ကြောင့် ကိတ်ပိုင်းအပြီးတွင် ဥဏာဒ်ပိုင်းကို လေ့လာမှ သာ၍ လွယ်ကူဖွယ်ရှိ၏၊ သို့ဖြစ်၍ ကိတ်ပိုင်းအခြားမဲ့၌ ဥဏာဒ်ပိုင်းကို ဆက်၍ လေ့လာကြပါလေ။