အထ- တဒ္ဓိတ်ပိုင်း၏အခြားမဲ့၌၊ ဝုစ္စမာနာနံ- ဆိုအပ်လတ္တံ့ကုန်သော၊ ဝိဘတ္တီနံ- ဝိဘတ်ရှစ်သွယ်တို့၏၊ ပုဗ္ဗာနိ- ရှေ့ဖြစ်ကုန်သော၊ ဆ- ခြောက်ပုဒ် ခြောက်ပုဒ်တို့သည်၊ ပရဿ ပဒါနိ- ပရဿပုဒ်တို့ မည်၏။ တိ အန္တိ, သိ ထ, မိ မ စသည်တည်း။
မှာထားချက်။ ။ အရှင်မဟာကစ္စည်းသည် နာမ်ဂိုဏ်းအပြီးတွင် ကာရကစသည်ကို စီရင်၍ တဒ္ဓိတ်ပိုင်းအပြီးမှ အာချာတ်ပိုင်းကို စီရင် တော်မူခဲ့၏၊ ကာရကပိုင်းသည် နာမ်ဝိဘတ်များ၏ အနက်အမျိုးမျိုးကို ပြခြင်း, သမာသ် တဒ္ဓိတ်ပိုင်းတို့လည်း သမာသ်နာမ် တဒ္ဓိတ်နာမ်ဖြစ်ခြင်း ကြောင့် နာမ်နှင့်ဆိုင်ရာ အပိုင်းများကို တပေါင်းတည်း ရှေ့ကထား၍ ဓာတ်နှင့်ဆိုင်ရာ အာချာတ်ပိုင်း, ကိတ်ပိုင်းများကို တပေါင်းတည်း နောက်၌ ထားလျက် စီစဉ်တော်မူပုံသည် ရှေးခေတ်အားလျော်စွာ ကံ ကတ္တား ကြိယာကို အိမ်သုံးစကားကဲ့သို့ အတော်အတန် နားလည်ပြီးဖြစ်သော လူမျိုးများအတွက် အထူးသင့်လျော်ပါပေသည်။
မြန်မာပြည်ဖွား တိုင်းရင်းသားတို့ကား ကံ ကတ္တား ကြိယာကို သဒ္ဒါ သင်မှ ကြားဖူးကြရ၏၊ ကံ ကတ္တားဟူသည်မှာ နာမ်၏ ဆိုင်ရာဖြစ်၏၊ ကြိယာကား အာချာတ်၏ ဆိုင်ရာဖြစ်သည်၊ ပါဠိကို စီကုံး နှုန်းဖွဲ့ရာ၌ ကံ ကတ္တား ကြိယာတို့သာ အချုပ်အခြာ ပဓာနပေတည်း၊ သို့အတွက် ကံ ကတ္တား ကြိယာကို နားလည်ဖို့ရာ နာမ်ပိုင်း၏ အခြားမဲ့၌ အာချာတ် ပိုင်းကို ခုန်ကျော် ပို့ချမှသာ မြန်မာတိုင်းဖွား သမီး သားတို့ အစီးအပွား ဖြစ်လွယ်သောကြောင့် နာမ်ပိုင်း၏ အခြားမဲ့၌ အာချာတ်ပိုင်းကို စီရင်ရ ပေသည်။
ပရာနိ- နောက်ဖြစ်ကုန်သော၊ ဆ- ခြောက်ပုဒ် ခြောက်ပုဒ်တို့သည်၊ အတ္တနောပဒါနိ- အတ္တနော ပုဒ်တို့ မည်၏။ တေ အန္တေ, သေ ဝှေ, ဧ မှေ စသည်တည်း။
၁-၂။ အာချာတ်ဝိဘတ်ရှစ်သွယ်တွင် တစ်သွယ် တစ်သွယ်၌ ဝိဘတ် ၁၂ လုံးစီရှိရာ ရှေ့ ၆ လုံး (ရှေ့ ၆ ပုဒ်)ကို အထ ပုဗ္ဗာနိ ဝိဘတ္တီနံ ဆ ပရဿပဒါနိသုတ်က “ပရဿပုဒ်”ဟု နာမည်မှည့်၍ နောက် ၆ လုံးကို ပရာနျ.တ္တနောပဒါနိသုတ်က “အတ္တနောပုဒ်” ဟု နာမည်မှည့်သည်၊ ထို့ကြောင့် ဝိဘတ်တိုင်း၌ ရှေ့ ၆ လုံးကို ပရဿပုဒ်, နောက် ၆ လုံးကို အတ္တနောပုဒ်ဟုချည်း မှတ်။ [ပရဿပုဒ်, အတ္တနောပုဒ် ခေါ်ရခြင်း၏ အကြောင်းကို ရူပသိဒ္ဓိဘာသာဋီကာမှာ ရှု။]
ဒွေဒွေ- ဧကဝုစ် ဗဟုဝုစ် နှစ်ပုဒ်နှစ်ပုဒ်တို့သည်၊ ပဌမမဇ္ဈိမုတ္တမပုရိသာ- ပဌမ ပုရိသ်, မဇ္ဈိမပုရိသ်, ဥတ္တမပုရိသ်တို့ မည်၏။
၃။ ဤသုတ်၌ ပဌမပုရိသ စသော နာမည်သည် သက္ကတကျမ်းတို့၌ လာသော နာမည်တည်း၊ ပရဿပုဒ် ၆ လုံးတွင် တိ အန္တိဟူသော ဧကဝုစ် ဗဟုဝုစ် ၂ လုံးကို ရှေ့ဆုံးက ထားသောကြောင့် ဆိုစဉ်အားဖြင့် ရှေ့ကျ သည့်အတွက် “ပဌမပုရိသ”ဟု ခေါ်၏၊ သိ ထဟူသော ဧကဝုစ် ဗဟုဝုစ် ၂ လုံးကို ဆိုစဉ်အားဖြင့် အလယ်ကျသောကြောင့် “မဇ္ဈိမပုရိသ”ဟု ခေါ်၏၊ မိ မဟူသော ဧကဝုစ် ဗဟုဝုစ် ၂ လုံးကို ဆိုစဉ်အားဖြင့် နောက်ဆုံး ကျသောကြောင့် “ဥတ္တမပုရိသ”ဟု ခေါ်၏၊ အတ္တနောပုဒ် ၆ လုံးတွင်လည်း ဤနည်းအတိုင်း ပဌမ, မဇ္ဈိမ, ဥတ္တမ ပုရိသ်များကို ခွဲခြားပါ။
ပုရိသခေါ်ပုံ။ ။ ပုရိသသဒ္ဒါသည် “ပြည့်စေခြင်း”အနက်ကို ဟော၏၊ ပုဒ် တစ်ခု တစ်ခုသည် ဝိဘတ်မပါလျှင် မပြည့်စုံသေး, ဝိဘတ်ပါမှ ပြည့်စုံ ၏၊ ဂစ္ဆတိ၌ “ဂစ္ဆ”ချည်းသက်သက်ဆိုလျှင် မပြည့်စုံသေး, တိဝိဘတ် သက်မှ ပြည့်စုံသည်၊ ထို့ကြောင့် “ပဒံ ပုရေတီတိ”ဟူသော ဝစနတ်အရ အာချာတ်ဝိဘတ်များကို “ပုရိသ်”ဟု ခေါ်ထားသည်။ [ပဒံ-ပုဒ်ကို၊ ပုရေတိ-ပြည့်စေတတ်၏ ဣတိ-ထို့ကြောင့်၊ ပုရိသော-ပုရိသ် မည်၏၊ ဤကား မှတ်နှင့်ရုံ အဓိပ္ပာယ်သာတည်း။]
ပုဒ်ပေါင်း ပုရိသ်ပေါင်း။ ။ အာချာတ်ဝိဘတ် ရှစ်သွယ်တွင် တစ်သွယ် တစ်သွယ်၌ ဝိဘတ် ၁၂ လုံးရှိသောကြောင့် အာချာတ်ဝိဘတ်ပေါင်း ၉၆ လုံး ရှိ၏၊ ထိုတွင် ပရဿပုဒ် ၄၈, အတ္တနောပုဒ် ၄၈ ရှိ၏၊ ထို ၉၆ ကို ပဌမ, မဇ္ဈိမ, ဥတ္တမ ပုရိသ် ၃ မျိုးဖြင့် ခွဲခြားလျှင် ပဌမပုရိသ် ၃၂, မဇ္ဈိမပုရိသ် ၃၂, ဥတ္တမပုရိသ် ၃၂ ပါး ဖြစ်၏။
သဗ္ဗေသံ- အလုံးစုံသော ပုရိသ်တို့၏၊ ဧကာဘိဓာနေ- တပေါင်းတည်း ဟောရာ၌၊ ပရော- နောက်ဖြစ်သော၊ ပုရိသော- ပုရိသ်ကို၊ ယောဇေတဗ္ဗော- ယှဉ်စေအပ်၏။ သော စ တွဉ္စ ဂစ္ဆသိ, သော စ တွဉ္စ ဂစ္ဆထ စသည်တည်း။
၄။ ဤသုတ်ကား “ပါဠိစီရာ၌ ပုရိသ် ၂ ပါး ၃ ပါး ပေါင်း၍ထားခွင့် ကြုံနေလျှင် ၂ ပါး ၃ ပါး မထားနှင့်, နောက်ပုရိသ်တစ်ခုကိုသာ အသုံးပြု လေ”ဟု ပရိဘာသာပြုသောသုတ်တည်း၊ ဤသုတ်၏အဆိုမှာ သင်ခါစ လူမမယ်တို့ နားလည်ဖွယ်မရှိသော်လည်း နောင်ခါနားလည်ဖို့ရာ ချဲ့ဦးအံ့ရိုးရိုးသားသားစကားပြောရာ, ပါဠိစီရာ၌ ကတ္တားတစ်ခု, ကြိယာတစ်ခုသာ ရှိ၏၊ မြန်မာလို “သူသည် သွား၏၊” ပါဠိလို “သော ဂစ္ဆတိ” ဟု စီရ၏၊ ဤပုံစံ၌ “သော”သည် ကတ္တား, ဂစ္ဆတိကား ကြိယာတည်း၊ သင်သည် သွား၏၊ တွံ ဂစ္ဆသိ၊ ငါသည် သွား၏=အဟံ ဂစ္ဆာမိ၊ ဤသို့ ကတ္တားတစ်ခု ကြိယာတစ်ခု - ကံတစ်ခု ကြိယာတစ်ခုရှိရာ၌ ဤသုတ်က မညွှန်ပြပါ။
မြန်မာလို “သူသည်လည်းကောင်း, သင်သည်လည်းကောင်း သွား၏” ဟု ဆိုရာ၌ ကတ္တား ၂ ခုဖြစ်နေ၏၊ ပါဠစီရာ၌ “သော စ တွဉ္စ”ဟု စီရ လိမ့်မည်၊ သော စကို ငဲ့လျှင် ဂစ္ဆတိဟု ကြိယာထား၍ တွဉ္စကို ငဲ့လျှင် ဂစ္ဆသိဟု ကြိယာထားရလိမ့်မည်၊ သော စ တွဉ္စဟူသော ကတ္တား၂ ခုလုံးကို ငဲ့ပြန်လျှင် ဂစ္ဆတိ ဂစ္ဆသိဟု ကြိယာ၂ ခုသော်လည်းကောင်း, သို့မဟုတ် “ဂစ္ဆတိသိ”ဟု ဝိဘတ်၂ ခုတွဲ၍သော်လည်းကောင်း ထားရလိမ့်မည်၊ စကားတစ်ရပ် (ဝါကျတစ်ခု)တည်း၌ ဤကဲ့သို့ ကြိယာ၂ မျိုး, ဝိဘတ်၂ မျိုး လည်း ရှိရိုးမဟုတ်၊ ထိုကဲ့သို့ အခက်အခဲ ကြုံတွေ့ရသည့်အခါဝယ် နောက်ပုရိသ် (နောက်ဝိဘတ်)တစ်ခုကိုသာ သုံးစွဲ၍ “သော စ တွဉ္စ ဂစ္ဆသိ”ဟု ကြိယာတစ်ခုတည်း ထားဖို့ရန် ဤသုတ်က ညွှန်ပြသည်။
နောက်ပုရိသ်။ ။ “နောက်ပုရိသ်”ဟူရာ၌ ကတ္တားပုဒ်၏ ရှေ့နောက် အနေအထားကို မကြည့်နှင့်, ကံ ကတ္တားတို့သည် ပုရိသ်မဟုတ်, ပုရိသ် ကား အာချာတ်ဝိဘတ်များသာ ဖြစ်၏၊ သို့အတွက် ကတ္တားပုဒ်တွေက “သော စ တွဉ္စ”ဟု နေနေ, “တွဉ္စ သော စ”ဟု နေနေ လိုရင်းမဟုတ်၊ ကြိယာပုဒ်သာ လိုရင်းတည်း၊ ကြိယာပုဒ်၌ ပုရိသ်ဟုခေါ်သော အာချာတ် ဝိဘတ် ၂ မျိုး ၃ မျိုး သက်ခွင့်ကြုံနေလျှင် နောက်ပုရိသ်(နောက်ဝိဘတ်) သာ သက်ရမည်ဟု ဆိုလိုသည်၊ ဥပမာ“တိ, သိ”ဟု ပုရိသ်၂ ခု သက်ခွင့် ကြုံနေလျှင် ပရောပုရိသ်ဖြစ်တဲ့ သိဝိဘတ်သာ သက်ပါ၊ တိ မိတို့ သက်ခွင့် ကြုံနေလျှင် မိဝိဘတ်သာ သက်ပါ၊ တိ သိ မိ ၃ ခု သက်ခွင့်ကြုံနေလျှင် မိ ဝိဘတ်သာ သက်ပါ”ဟု ဆိုလိုသည်။
ပုရိသ်ရှင်း။ ။ ပဌမနှင့်မဇ္ဈိမပုရိသ်တွဲလျှင် မဇ္ဈိမသည် ပရောပုရိသ် မည်၏၊ ပဌမနှင့်ဥတ္တမ, မဇ္ဈိမနှင့်ဥတ္တမတွဲရာ၌ ဥတ္တမသည် ပရောပုရိသ် မည်၏၊ ဤကဲ့သို့ ပုရိသ်၂ ပါး ၃ ပါးတွဲဖက်၍ ရောယှက်မည့် အရာဝယ် ၂ ပါး ၃ ပါး မသက်ရတော့ဘဲ ပရောပုရိသ်တစ်ခုသာ ဧကဝုစ်ဖြစ်စေ, ဗဟုဝုစ်ဖြစ်စေ လျော်အောင် သက်ရသည်ကို ယခုအခါ “ပုရိသ်ယှက်”ဟု ပြောစမှတ်ပြုကြ၏၊ ဤသုတ်၏ အဆိုမှာ ပုရိသ်ချင်း မရောယှက်ရအောင် ရှင်းပြသောကြောင့် “ပုရိသ်ရှင်း”ဟုသာ ခေါ်ဆိုစရာကောင်းတော့သည်။ [ပရောပုရိသ်ချရပုံအကျယ်ကို ရူပသိဒ္ဓိဘာသာဋီကာမှာ ရှု။]
တုလျာဓိကရဏေ- သော၊ အမှေ- အမှ သဒ္ဒါကို၊ ပယုဇ္ဇမာနေပိ- သော်လည်းကောင်း၊ အပ္ပယုဇ္ဇမာနေပိ- သော်လည်းကောင်း၊ ဥတ္တမော- ဥတ္တမပုရိသ်သည်၊ ဟောတိ- ၏။ အဟံ ဂစ္ဆာမိ, မယံ ဂစ္ဆာမ, ဂစ္ဆာမိ, ဂစ္ဆာမ စသည်တည်း။
၅-၆-၇။ [ဆိုင်ရာသုတ်များစုံမှ ရုပ်တွက်ရမည်။] ပယုဇ္ဇမာနေပိ၌ အပိသဒ္ဒါဖြင့် အပ္ပယုဇ္ဇမာနကို ဆည်း၏၊ ထို့ကြောင့် “အပ္ပယုဇ္ဇမာနေပိ” ဟု ထည့်ခဲ့ရသည်၊ “သော ဂစ္ဆတိ”၌ “သော”ပုဒ်ကဲ့သို့ နာမသဒ္ဒါတိုက်ရိုက် ပါနေသည်ကို ပယုဇ္ဇမာနဟု ဆိုထားသည်၊ သော ဂစ္ဆတိကား ဧကဝုစ်ပုံစံ, တေ ဂစ္ဆ န္တိကား ဗဟုဝုစ်ပုံစံတည်း၊ “သော-တေ”ဟု တိုက်ရိုက်မပါဘဲ “ဂစ္ဆတိ, ဂစ္ဆ န္တိ”ဟု ကြိယာသာ ပါနေသောအရာကို အပ္ပယုဇ္ဇမာနဟု ဆိုသည်၊ ဤကဲ့သို့ တိုက်ရိုက်မပါသော်လည်း နာမသဒ္ဒါ ဖြစ်သင့်၏ဟု သိနိုင်လောက်သောအရာကို “ဂမျမာန၊ ဂမျမာန်”ဟု ခေါ်သည်။
နာမ တုမှ အမှ။ ။ နာမ်ဂိုဏ်းတုန်းက သဗ္ဗနာမ်ဂိုဏ်းအဆုံးတွင် တုမှ အမှသဒ္ဒါကို ပြခဲ့ပြီ၊ ထို တုမှ အမှသဒ္ဒါမှ တစ်ပါးသော နာမ်ပုဒ်ဟူသမျှကို နာမသဒ္ဒါဟုချည်း ခေါ်ဝေါ်ရသည်။
တုလျာဓိကရဏ၊ ဟတုလျ + အဓိကရဏ၊ တုလျ = တူသော+ အဓိကရဏ = တည်ရာအနက်။] သဒ္ဒါသည် အနက်ကို စွဲ၍ ဖြစ်ရ၏၊ ထို့ကြောင့် အနက်ကို “သဒ္ဒါ၏ တည်ရာ” ဟု ဆိုသည်၊ ကြိယာနှင့် အနက်ချင်းတည်ရာတူသောသဒ္ဒါကို “တုလျာဓိကရဏ”ဟု ခေါ်၏။
ချဲ့ဦးအံ့-“သော ဂစ္ဆတိ”ဟူသောပုံစံအစား “ပုရိသော ဂစ္ဆတိ”ဟူသော ပုံစံကို ထုတ်ကြစို့၊ ဤပုံစံ၌ ပုရိသောသဒ္ဒါသည် ယောက်ျားဟူသော အနက်၌ တည်၏၊ “ဂစ္ဆတိ-သွား၏”ဟူရာ၌လည်း သွားတတ်သူကား ယောက်ျားတည်း၊ ဤသို့ နေရာတစ်ခု၌ လူ၂ ယောက်ထိုင်နေသကဲ့သို့ ယောက်ျားဒြဗ်တည်းဟူသော အနက်တစ်ခု၌ “ပုရိသော-ဂစ္ဆတိ”ဟူသော သဒ္ဒါ၂ ခုတို့ တည်နေကြသည်ကို “တုလျာဓိကရဏ-တူသော တည်ရာ အနက်ရှိသည်”ဟု ဆိုသည်။
နာမယောဂစသည်။ ။ နာမသဒ္ဒါနှင့်ယှဉ်တွဲရသော အာချာတ်ကြိယာ ပုဒ်ကို “နာမယောဂ”ဟု ခေါ်၏၊ တုမှသဒ္ဒါနှင့် ယှဉ်တွဲရသော အာချာတ် ကြိယာကို “တုမှယောဂ”ဟုလည်းကောင်း, အမှသဒ္ဒါနှင့် ယှဉ်တွဲရသော အာချာတ်ကြိယာကို “အမှယောဂ”ဟုလည်းကောင်း ခေါ်သည်။ [နာမ၊ နာမသဒ္ဒါနှင့်+ယောဂ=ယှဉ်သောကြိယာ၊ တုမှ=တုမှသဒ္ဒါနှင့်+ယောဂ= ယှဉ်သောကြိယာ၊ အမှ = အမှသဒ္ဒါနှင့် + ယောဂ = ယှဉ်သောကြိယာ၊] ဤစကားစဉ်အရ ပုရိသ်ဟူသော နာမည်သည် အာချာတ်ဝိဘတ်များ၏ နာမည်တည်း၊ နာမယောဂစသော (ခေတ်သုံး)နာမည်သည် အာချာတ် ကြိယာတစ်ပုဒ်လုံး၏ နာမည်တည်းဟု မှတ်သားခဲ့ပါ။
ကတ္တား, ကံ, ကြိယာ။ ။ ကတ္တား ကံ ကြိယာတို့၏ အသွားအလာကို နားလည်သောဉာဏ်သည် ပိဋကတော်၏ အခြေခံမျိုးစေ့ပေတည်း၊ ထို မျိုးစေ့ အောင်မြင်ကြီးပွားဖို့ရန် အသင်တို့၏ သမ္မာဆန္ဒဖြင့် ဉာဏ်တည်း ဟူသော မျိုးစေ့ကလေးများကို မပုတ် မသိုး ပိုးမထိုးအောင် ကြိုးစား၍ စောင့်ရှောက်ကြလော၊ ဤအခြေပြုကျမ်းတည်းဟူသော မြေကောင်းဝယ် သင်တို့၏ ဝီရိယတည်းဟူသော ရေစင်ကို လောင်းပြီးလျှင် အကောင်းဆုံး စည်ပင်အောင် တည်ထွင်ကြလော၊ ယခု ထိုကံ ကတ္တား ကြိယာထားနည်း ကို ပြတော့မည်။
[ဆောင်] ၁။ ထိုထိုဝါကျ, တွေ့သမျှ၌, အရတူစွာ, တစ်ခုသာ, ဟောရာ မှတ်လေမင့်။ ၂။ ဟောရာ ဟောရာ, ပဌမာ, မှန်စွာ အမြဲချင့်။ ၃။ မဟော ကတ္တာ, တတိယာ, ကံမှာ ဒုတိနှင့်။ ၄။ မဟောသမျှ, အဝုတ္တ၌, သဒ္ဒသုံးသွယ်, ဝုစ်နှစ်သွယ်, လဲလှယ် သွင်း၍ဆင့်။ ၅။ ဟောသမျှ ရှိ, ယောဂ ညှိဖို့, နာမမှိ စ, သုံးသုတ်မျှ, နှုတ်ရ တက်စေသင့်။ ဝါကျ။ ။ ကတ္တား ကံ ကြိယာကို ခွဲခြားရာ၌ “သည်-တို့သည်”ဟု အနက်ဆိုရသော နာမ်ပုဒ်ကို ကတ္တား, “ကို-တို့ကို”ဟု အနက်ဆိုရသော နာမ်ပုဒ်ကို ကံ, အာချာတ်ပုဒ်များနှင့် ကိတ်ပုဒ်အချို့ကို ကြိယာဟု မှတ်၊ ထိုကဲ့သို့ ကတ္တား ကံ ကြိယာ သုံးမျိုးလုံးဖြစ်စေ, ကတ္တားနှင့်ကြိယာဖြစ်စေ, ထိုက်သလို ပါဝင်သော “ယောက်ျားသည် လမ်းကို သွား၏”စသော မြန်မာ စကားတစ်ရပ်, “ပုရိသော မဂ္ဂံ ဂစ္ဆတိ”စသော ပါဠိစကားတစ်ရပ်ကို တစ်ဝါကျဟု ခေါ်၏၊ စကားအခွန်း အနည်း အများလိုက်၍ ဝါကျ အတို အရှည် ကွဲပြား၏။
ဝုတ္တ အဝုတ္တ။ ။ ဝါကျ တစ်ခု တစ်ခု၌ ကြိယာသည် အချုပ်အခြာ တည်း၊ သို့အတွက် ထိုထိုဝါကျ တွေ့သမျှ၌ ကြိယာနှင့် အနက်အားဖြင့် အရတူသော (တုလျာဓိကရဏဖြစ်သော) ကတ္တားဖြစ်စေ, ကံဖြစ်စေ တစ်ခုခုသာဟောရာ ဝုတ္တဖြစ်၏၊ “တုလျာဓိကရဏ, ဖြစ်သမျှ, ဝုတ္တဟူ၍ မှတ်”၊…ကြိယာနှင့်အနက်အားဖြင့် မတူကြလျှင် ကြိယာ၏ဟောရာ မဟုတ်သော အဝုတ္တဟူ၍ မှတ်။
ဟော-မဟော။ ။ ပါဠိလို ဝုတ္တ အဝုတ္တ-မြန်မာလို ကြိယာက ဟောအပ် မဟောအပ်ဟူရာ၌ လူတစ်ဖက်သား နားလည်အောင် ပြောပြမှု ကို “ဟော၊ ပြော=ပြသည်”ဟု ဆိုရသကဲ့သို့ ထို့အတူ ထိုထိုကြိယာကို မြင်ရ ကြားရသဖြင့် သိရ နားလည်ရသောအနက်ဟူသမျှကို ထိုကြိယာက ဟောသည်=ပြောသည်=ပြသည်ဟု မှတ်၊ ကြိယာက ဟောတတ် သိစေ တတ်သည်၊ အနက်က ဟောအပ် သိစေအပ်သည်၊ ဝါ-“ဝုတ္တဖြစ်သည်” ဟူလို၊ ထိုကဲ့သို့ ကြိယာက မသိစေအပ် (မဟောအပ်)သော အနက်သည် အဝုတ္တ ဖြစ်၏။
ပုရိသောနှင့်ဂစ္ဆတိအနက်တူပုံ။ ။ ပုရိသော မဂ္ဂံ ဂစ္ဆတိ၌ “ဂစ္ဆတိသွား၏”ဟု အနက်ဆိုပြီးလျှင် ဂစ္ဆတိဟူသော ကြိယာဖြင့် အဘယ်အနက် ကို သိရသေးသလဲဟု စဉ်းစားကြည့်ပါ၊ ပါဠိလို “ဂစ္ဆတိ” မြန်မာလို “သွား၏၊ သွားတတ်၏”ဟူသော အသံကို ကြားရလျှင် “ဒူလာပါဒရက်စွဲ၍ ပုံလဲနေသူ မဟုတ်, သွားနိုင် လာနိုင် သွားစွမ်းနိုင်သောသတ္တိရှိသူ”ဟု သတ္တိကို ရှေးဦးစွာ သိရသည် မဟုတ်လော၊ ထိုသွားစွမ်းနိုင်သောသတ္တိ သည် လမ်းပေါ်မှာ တည်သည်မဟုတ်, ယောက်ျားပေါ်မှာ တည်သည်၊ ထို့ကြောင့် ဂစ္ဆတိဟူသော ကြိယာဖြင့် သွားနိုင်သော (ကတ္တုသတ္တိခေါ်) သတ္တိနက်နှင့် သွားတတ်သောဒြဗ်နက် ဤ၂ နက်ကို သိရ၏၊ ထိုအနက် များကို ဂစ္ဆတိကြိယာက ဟောသည်ဟု မှတ်၊ ဂစ္ဆတိအရ သွားတတ်သူမှာ “မည်သူမည်ဝါ”ဟု မထင်ရှားသေး၊ ထို့ကြောင့် ပုရိသောဟု ထည့်စွက်ရ သည်၊ ထို့ကြောင့် ဂစ္ဆတိနှင့်ပုရိသောသဒ္ဒါတို့သည် သွားတတ်သူယောကျ်ား ဒြဗ်ကို ဟောရာ၌ အနက်ချင်း တူမျှသဖြင့် တုလျာဓိကရဏဖြစ်ကြသည်။
ဤစကားစဉ်အရ ဂစ္ဆတိကြိယာသည် သွားစွမ်းနိုင်သောကတ္တုသတ္တိနှင့် ထိုသတ္တိ၏တည်ရာ ယောက်ျားဒြဗ်ကို မုချအားဖြင့် ဟော၏၊ ပုရိသော သဒ္ဒါကိုကား ဂစ္ဆတိက မုချအားဖြင့် မဟောနိုင်-မသိစေနိုင်၊ သို့သော် ယောက်ျားဒြဗ်နက်ကို အကြောင်းပြု၍ ပုရိသောသဒ္ဒါကိုလည်း ကာရဏူ ပစာရအားဖြင့် ဟောရာရောက်သည်၊ ဤနည်းအရ ပုရိသောသဒ္ဒါလည်း ဂစ္ဆတိကြိယာက ဟောအပ်သော ဝုတ္တ ဖြစ်ရလေသည်၊ လမ်းဒြဗ်နှင့် မဂ္ဂ သဒ္ဒါကိုကား ဂစ္ဆတိကြိယာက မဟောပြနိုင်-မသိစေနိုင်သောကြောင့် လမ်းဒြဗ်နှင့် မဂ္ဂသဒ္ဒါကို အဝုတ္တဟု ဆိုရလေသည်။
မှတ်ချက်။ ။ အနက်နှင့်သဒ္ဒါတွင် အနက်က အကြောင်းရင်းဖြစ်၍ ကာရဏတည်း၊ ထိုအနက်ကြောင့် သဒ္ဒါအမျိုးမျိုးပေါ်ပေါက်ရသဖြင့် သဒ္ဒါက အကျိုးဖလတည်း၊ အကြောင်းအနက်၏ ဝုတ္တဟူသော နာမည်ကို အကျိုးသဒ္ဒါပေါ်တင်စား၍ ပုရိသောသဒ္ဒါကိုလည်း ဝုတ္တဟု ခေါ်ဝေါ်ရ ခြင်းသည် ကာရဏူပစာရမည်၏၊ ယခုကာလ၌ကားပုရိသောသဒ္ဒါကို ဂစ္ဆတိကြိယာက မုချအားဖြင့် ဟောသည်ဟု ထင်မှားကြလေသည်။
ဟောရာ ဟောရာ ပဌမာ။ ။ ကြိယာသည် ကတ္တားကို ဟောသော ကြိယာ, ကံကို ဟောသောကြိယာဟု ၂ မျိုးရှိ၏၊ ကတ္တားကို ဟောရာ၌ ကတ္တားကို ပဌမာဝိဘတ်ဖြင့် ပါဠိစီရသည်၊ ပုံစံကား…“ပုရိသော ဂစ္ဆတိ” တည်း၊ ကံကို ဟောရာ၌လည်း ကံကို ပဌမာဝိဘတ်ဖြင့်ပင် ပါဠိစီရသည်၊ ပုံစံကား-“မဂ္ဂေါ ဂစ္ဆီယတေ၊ လမ်းကို သွားအပ်၏”တည်း၊ ထိုသို့ ဟောရာ၌ ကြိယာနှင့်ကတ္တား, ကြိယာနှင့်ကံတို့သည် ဧကဝုစ် ဗဟုဝုစ်ချင်း (များသော အားဖြင့်) တူကြရသည်။
မဟောကတ္တာ-တတိယာ, ကံမှာ ဒုတိနှင့်။ ။ ကြိယာက မဟောအပ် သော အဝုတ္တကတ္တားကို တတိယာဝိဘတ်ဖြင့် ပါဠိစီရမည်၊ ပုံစံကား… “ပုရိသေန ဂစ္ဆီယတေ”တည်း၊ ကြိယာသည် မဟောအပ်သော အဝုတ္တကံ ကို ဒုတိယာဝိဘတ်ဖြင့် ပါဠိစီရမည်၊ ပုံစံကား…“မဂ္ဂံ ဂစ္ဆတိ”တည်း၊ ဤကဲ့သို့ မဟောအပ်သော ကံ ကတ္တားတို့မှာ ကြိယာနှင့် ဧကဝုစ်ချင်း ဗဟုဝုစ်ချင်း တူကြသည်ဖြစ်စေ မတူကြသည်ဖြစ်စေ နေနိုင်လေတော့ သည်။
ဆက်ဦးအံ့-“မဂ္ဂေါ ဂစ္ဆီယတေ”ဟူသော ကံဟောဝါကျ၌ “ဂစ္ဆီယတေသွားအပ်၏”ဟူသော စကားကို စဉ်းစားပါ၊ သွားအပ်သည်ဟူရာ၌ “သွားထိုက်သည်, သွားကောင်းသည်, သွားလို့ဖြစ်သည်”ဟု အဓိပ္ပာယ် ရသောကြောင့် လမ်းဒြဗ်ကို ပြောကြောင်းသိသာသည် မဟုတ်လော၊ ထို့ကြောင့် ဂစ္ဆီယတေကြိယာသည် သွားအပ် သွားထိုက်သည်ဟူသော ကမ္မသတ္တိနှင့် သွားအပ်သော လမ်းဒြဗ်, ဤ၂ နက်ကို မုချအားဖြင့် ဟော၏၊ မဂ္ဂေါဟူသော သဒ္ဒါကိုကား လမ်းဒြဗ်ကို အကြောင်းပြု၍ ကာရဏူပစာရအားဖြင့် ဟောသည်၊ “မဂ္ဂေါသဒ္ဒါလည်း ကာရဏူပစာရ အားဖြင့် ဝုတ္တဖြစ်သည်” ဟူလို။
မဟောသမျှ, အဝုတ္တ၌, သဒ္ဒသုံးသွယ်, ဝုစ်နှစ်သွယ်။ ။ မဟောအပ် သော အဝုတ္တ ကံ ကတ္တားတို့၌ နာမ တုမှ အမှဟူသော သဒ္ဒ ၃ မျိုးကို လည်းကောင်း, ဧကဝုစ် ဗဟုဝုစ် ၂ မျိုးကိုလည်းကောင်း လဲလှယ်၍ အဆင့်ဆင့် သွင်းနိုင်သည်။
ဟောသမျှရှိ, ယောဂညှိဖို့, နာမမှိ စ, သုံးသုတ်မျှ။ ။ ဟောအပ်သမျှ ဝုတ္တ ကံ ကတ္တားတို့နှင့် ယောဂဖြစ်သော (ယှဉ်ဖက်ဖြစ်သော)ကြိယာကို (တည့်, မတည့်) နှိုင်းညှိဖို့ရာ နာမမှိ ပယုဇ္ဇမာနေပိ တုလျာဓိကရဏေ ပဌမော, တုမှေ မဇ္ဈိမော, အမှေ ဥတ္တမော ဆိုတဲ့ ၃ သုတ်ကို နှုတ်တက် ပါစေ၊ ထို ၃ သုတ်ကို သတိပြုပါ ဟူလို။
ဆိုလိုရင်းကား …“ဝုတ္တ ကံ ကတ္တားတို့၌ ပုရိသော ပုရိသော မဂ္ဂေါ မဂ္ဂါဟု နာမသဒ္ဒါကို ယှဉ်စပ်ထားလျှင် နာမမှိ ပယုဇ္ဇမာနေပိ တုလျာဓိ ကရဏေ ပဌမောသုတ်အရ ကြိယာ၌ ပဌမပုရိသ်ဖြစ်တဲ့ တိ အန္တိ, တေ အန္တေ ဝိဘတ်များ သက်ရမည်”ဟု ဆိုလိုသည်။
ဝုတ္တ ကံ ကတ္တား၌ တွံ တုမှေဟု တုမှသဒ္ဒါကို ယှဉ်စပ်ထားလျှင် တုမှေ မဇ္ဈိမောသုတ်အရ မဇ္ဈိမပုရိသ်ဖြစ်တဲ့ သိ ထ, သေ ဝှေ ဝိဘတ်များ သက်ရမည်၊ ဝုတ္တ ကံ ကတ္တားတို့၌ အဟံ မယံဟု အမှသဒ္ဒါကို ယှဉ်စပ် (သုံးစွဲ)ထားလျှင် အမှေ ဥတ္တမောသုတ်အရ ဥတ္တမပုရိသ်ဖြစ်တဲ့ မိ မ, ဧ မှေ ဝိဘတ်များ သက်ရမည် ဟူလို။ [ဧကဝုစ်ချင်း ဗဟုဝုစ်ချင်းလည်း တူရမည်။]
ပရဿပုဒ် အတ္တနောပုဒ် ထားနည်း။ ။ ကတ္တားကို ဟောရာ၌ “ကတ္တရိ ပရဿ ပဒံ”သုတ်အရ “တိ အန္တိ, သိ ထ, မိ မ”ဟူသော ပရဿပုဒ်ဝိဘတ်များ သက်၍ ဘောကိုဖြစ်စေ, ကံကိုဖြစ်စေ ဟောရာ၌ “အတ္တနောပဒါနိ ဘာဝေ စ ကမ္မနိ”သုတ်အရ အတ္တနောပုဒ်ဖြစ်တဲ့ “တေ အန္တေ, သေ ဝှေ, ဧ မှေ”ဝိဘတ်များသက်ရမည်ဟု မှတ်နှင့်ပါ၊ နောင်ခါ အတ္တနောပုဒ်မှ ပရဿပုဒ်ပြောင်းပုံကို သိရပေလိမ့်မည်၊ ဘောဟော၏ သဘောကိုလည်း နောက်မှ ပြပေအံ့။
ဤဆိုအပ်ပြီးသော အဓိပ္ပာယ်အားလုံးကို နားလည်ဖို့ရာ လာလတ္တံ့ ဇယားကွက်ပုံစံများကို ညွှန်ပြ၍ ဆရာတို့က အဓိပ္ပာယ် ပြောပြကြပါ။
နာမယောဂဧကဝုစ် ကတ္တားဟော ၆ ဝါကျ
ပုရိသော မဂ္ဂံ ဂစ္ဆတိ။
ပုရိသော မဂ္ဂေ ဂစ္ဆတိ။
ပုရိသော တံ ဂစ္ဆတိ။
ပုရိသော တုမှေ ဂစ္ဆတိ။
ပုရိသော မံ ဂစ္ဆတိ။
ပုရိသော အမှေ ဂစ္ဆတိ။
ကံဟော ၆ ဝါကျ
ပုရိသေန မဂ္ဂေါ ဂစ္ဆီယတေ။
ပုရိသေဟိ မဂ္ဂေါ ဂစ္ဆီယတေ။
တယာ မဂ္ဂေါ ဂစ္ဆီယတေ။
တုမှေဟိ မဂ္ဂေါ ဂစ္ဆီယတေ။
မယာ မဂ္ဂေါ ဂစ္ဆီယတေ။
အမှေဟိ မဂ္ဂေါ ဂစ္ဆီယတေ။
ပုရိသောဟူသော ဝုတ္တကတ္တား, မဂ္ဂေါဟူသော ဝုတ္တကံတို့က ဧကဝုစ် နာမသဒ္ဒါများဖြစ်သောကြောင့် နာမမှိ ပယုဇ္ဇမာနေပိ တုလျာဓိကရဏေ ပဌမောသုတ်အရ ဂစ္ဆတိ ဂစ္ဆီယတေဟူသော ကြိယာများ၌ ပဌမပုရိသ် ဧကဝုစ်ဝိဘတ်များ သက်ရပုံ, “ဟောရာ ဟောရာ ပဌမာ”အရ ထိုဝုတ္တ ကတ္တား ဝုတ္တကံတို့၌ ပုရိသော-မဂ္ဂေါဟု ပဌမာဝိဘတ်သက်ရပုံ “မဟော ကတ္တာ, တတိယာ, ကံမှာ ဒုတိနှင့်”အရ အဝုတ္တကတ္တား၌ ပုရိသေနစသည် ဖြင့် တတိယာဝိဘတ်သက်၍ အဝုတ္တကံ၌ မဂ္ဂံစသည်ဖြင့် ဒုတိယာဝိဘတ် သက်ပြီးလျှင် “မဟောသမျှ, အဝုတ္တ၌, သဒ္ဒသုံးသွယ်, ဝုစ်နှစ်သွယ်, လဲလှယ် သွင်း၍ ဆင့်”အရ နာမ တုမှ အမှသဒ္ဒါ ၃ မျိုး, ဧကဝုစ် ဗဟုဝုစ် ၂ မျိုး လဲလှယ်ထားပုံကို ကြည့်ပါ။
ပုရိသော-ယောက်ျားသည်၊ မဂ္ဂံ-လမ်းကို၊ မဂ္ဂေ-လမ်းတို့ကို၊ တံ-သင် လမ်းကို၊ တုမှေ-သင်လမ်းတို့ကို၊ မံ-ငါလမ်းကို၊ အမှေ-ငါလမ်းတို့ကို၊ ဂစ္ဆတိသွား၏၊ (ကတ္တားဟော ၆ ဝါကျ အနက်ပေးပုံ) ပုရိသေန-ယောက်ျားသည်၊ ပုရိသေဟိ-ယောက်ျားတို့သည်၊ တယာ-သင်သည်၊ တုမှေဟိ-သင်တို့သည်၊ မယာ-ငါသည်၊ အမှေဟိ-ငါတို့သည်၊ မဂ္ဂေါ-လမ်းကို၊ ဂစ္ဆီယတေ-သွားအပ် ၏၊ (ကံဟော ၆ ဝါကျ အနက်ပေးပုံ) နောက်နောက်ဝါကျများ၌လည်း ဤနည်းအတိုင်း အနက်ပေးရမည်၊ ဤ ကံ ကတ္တားခွဲခန်း၌ အနက်နေ သင့် မသင့်ကို နှိုင်းချင့်ဖွယ် မလို၊ သဒ္ဒါနေ သင့် မသင့်ကိုသာ နှိုင်းချင့် ပါလေ၊ ထိုသဒ္ဒါအနေနှင့်တန်သောပါဠိများကို ပိဋကတော်၌ အလိုက်သင့် တွေ့ရလတ္တံ့။
နာမယောဂဗဟုဝုစ် ကတ္တားဟော ၆ ဝါကျ ပုရိသာ မဂ္ဂံ ဂစ္ဆန္တိ။
ပုရိသာ မဂ္ဂေ ဂစ္ဆန္တိ။
ပုရိသာ တံ ဂစ္ဆန္တိ။
ပုရိသာ တုမှေ ဂစ္ဆန္တိ။
ပုရိသာ မံ ဂစ္ဆန္တိ။
ပုရိသာ အမှေ ဂစ္ဆန္တိ။
ကံဟော ၆ ဝါကျ ပုရိသေန မဂ္ဂေါ ဂစ္ဆီယန္တေ။
ပုရိသေဟိ မဂ္ဂေါ ဂစ္ဆီယန္တေ။
တယာ မဂ္ဂေါ ဂစ္ဆီယန္တေ။
တုမှေဟိ မဂ္ဂေါ ဂစ္ဆီယန္တေ။
မယာ မဂ္ဂေါ ဂစ္ဆီယန္တေ။
အမှေဟိ မဂ္ဂေါ ဂစ္ဆီယန္တေ။
ပုရိသာဟူသော ဝုတ္တကတ္တား, မဂ္ဂါဟူသော ဝုတ္တကံတို့က ဗဟုဝုစ် နာမသဒ္ဒါများဖြစ်သောကြောင့် ဂစ္ဆ န္တိ ဂစ္ဆီယန္တေဟူသော ကြိယာများ၌ ပဌမပုရိသ် ဗဟုဝုစ်ဝိဘတ်များ သက်ရပုံ, ဝုတ္တ ကတ္တား ဝုတ္တကံတို့၌ ပဌမာဝိဘတ်သက်၍ အဝုတ္တကတ္တား ကံတို့၌ တတိယာ ဒုတိယာဝိဘတ် သက်ပြီးလျှင် သဒ္ဒသုံးသွယ်, ဝုစ်နှစ်သွယ်, လဲလှယ် သွင်းထားပုံကို ကြည့်ပါ။ [ပုရိသေန-သည်၊ မဂ္ဂါ-လမ်းတို့ကို၊ ဂစ္ဆီယန္တေ-သွားအပ်ကုန်၏၊ ဤသို့ စသည်ဖြင့် အနက်ဆို။]
တုမှယောဂဧကဝုစ် ကတ္တားဟော ၆ ဝါကျ တွံ မဂ္ဂံ ဂစ္ဆသိ။
တွံ မဂ္ဂေ ဂစ္ဆသိ။
တွံ တံ ဂစ္ဆသိ။
တွံ တုမှေ ဂစ္ဆသိ။
တွံ မံ ဂစ္ဆသိ။
တွံ အမှေ ဂစ္ဆသိ။
ကံဟော ၆ ဝါကျ ပုရိသေန တွံ ဂစ္ဆီယသေ။
ပုရိသေဟိ တွံ ဂစ္ဆီယသေ။
တယာ တွံ ဂစ္ဆီယသေ။
တုမှေဟိ တွံ ဂစ္ဆီယသေ။
မယာ တွံ ဂစ္ဆီယသေ။
အမှေဟိ တွံ ဂစ္ဆီယသေ။
တွံဟူသော ဝုတ္တကတ္တား, ဝုတ္တကံတို့က ဧကဝုစ် တုမှသဒ္ဒါများဖြစ်သောကြောင့် ဂစ္ဆသိ ဂစ္ဆီယသေဟူသော ကြိယာများ၌ “တုမှေ မဇ္ဈိမော” သုတ်အရ မဇ္ဈိမပုရိသ် ဧကဝုစ်ဝိဘတ်များ သက်ရပုံ, ဝုတ္တကတ္တား ဝုတ္တကံ ဖြစ်သော တွံ၌ ပဌမာဝိဘတ်သက်၍ မဂ္ဂံစသော အဝုတ္တကံ၌ ဒုတိယာပုရိသေနစသော အဝုတ္တကတ္တား၌ တတိယာဝိဘတ်သက်ပြီးလျှင် သဒ္ဒ သုံးသွယ်, ဝုစ်နှစ်သွယ်, လဲလှယ်ပုံကို ကြည့်ပါ။ [ပုရိသေန-သည်၊ တွံသင်လမ်းကို၊ ဂစ္ဆီယသေ-သွားအပ်၏၊ ဤသို့ စသည်ဖြင့် အနက်ဆို။]
တုမှယောဂဗဟုဝုစ် ကတ္တားဟော ၆ ဝါကျ တုမှေ မဂ္ဂံ ဂစ္ဆထ။
တုမှေ မဂ္ဂေ ဂစ္ဆထ။
တုမှေ တံ ဂစ္ဆထ။
တုမှေ တုမှေ ဂစ္ဆထ။
တုမှေ မံ ဂစ္ဆထ။
ကံဟော ၆ ဝါကျ ပုရိသေန တုမှေ ဂစ္ဆီယဝှေ။
ပုရိသေဟိ တုမှေ ဂစ္ဆီယဝှေ။
တယာ တုမှေ ဂစ္ဆီယဝှေ။
တုမှေဟိ တုမှေ ဂစ္ဆီယဝှေ။
မယာ တုမှေ ဂစ္ဆီယဝှေ။
အမှေဟိ တုမှေ ဂစ္ဆီယဝှေ။
တုမှေဟူသော ဝုတ္တကတ္တား ဝုတ္တကံတို့က ဗဟုဝုစ် တုမှသဒ္ဒါများ ဖြစ်သောကြောင့် မဇ္ဈိမပုရိသ် ဗဟုဝုစ်ဝိဘတ်များသက်ရပုံ-ဝုတ္တကတ္တား ကံတို့၌ ပဌမာဝိဘတ်သက်၍ မဂ္ဂံစသော အဝုတ္တကံတို့၌ ဒုတိယာဝိဘတ်ပုရိသေနစသော အဝုတ္တကတ္တားတို့၌ တတိယာဝိဘတ်သက်ပြီးလျှင် သဒ္ဒ ၃ သွယ် ဝုစ် ၂ သွယ် လဲလှယ်ပုံကို ကြည့်ပါ။ [ပုရိသေန-သည်၊ တုမှေသင်လမ်းတို့ကို၊ ဂစ္ဆီယဝှေ-သွားအပ်ကုန်၏၊ ဤသို့ စသည်ဖြင့် အနက်ဆို၊၊]
အမှယောဂဧကဝုစ် ကတ္တားဟော ၆ ဝါကျ အဟံ မဂ္ဂံ ဂစ္ဆာမိ။
အဟံ မဂ္ဂေ ဂစ္ဆာမိ။
အဟံ တံ ဂစ္ဆာမိ။
အဟံ တုမှေ ဂစ္ဆာမိ။
အဟံ မံ ဂစ္ဆာမိ။
အဟံ အမှေ ဂစ္ဆာမိ။
ကံဟော ၆ ဝါကျ ပုရိသေန အဟံ ဂစ္ဆီယေ။
ပုရိသေဟိ အဟံ ဂစ္ဆီယေ။
တယာ အဟံ ဂစ္ဆီယေ။
တုမှေဟိ အဟံ ဂစ္ဆီယေ။
မယာ အဟံ ဂစ္ဆီယေ။
အမှေဟိ အဟံ ဂစ္ဆီယေ။
အဟံဟူသော ဝုတ္တကတ္တား, ဝုတ္တကံတို့က ဧကဝုစ် အမှသဒ္ဒါများဖြစ်သောကြောင့် “အမှေ ဥတ္တမော”သုတ်အရ ဥတ္တမပုရိသ် ဧကဝုစ်ဝိဘတ် များ သက်ရပုံစသည် ကြည့်ပါ။ [အဟံ-ငါလမ်းကို၊ ဂစ္ဆီယေ-သွားအပ်၏၊ နောက်၌ “မယံ-တို့ကို၊ ဂစ္ဆီယာမှေ-ကုန်၏” စသည်ဖြင့် အနက်ဆို။]
အမှယောဂဗဟုဝုစ် ကတ္တားဟော ၆ ဝါကျ မယံ မဂ္ဂံ ဂစ္ဆာမ။
မယံ မဂ္ဂေ ဂစ္ဆာမ။
မယံတံ ဂစ္ဆာမ။
မယံ တုမှေ ဂစ္ဆာမ။
မယံ မံ ဂစ္ဆာမ။
မယံ အမှေ ဂစ္ဆာမ။
ကံဟော ၆ ဝါကျ ပုရိသေန မယံ ဂစ္ဆီယာမှေ။
ပုရိသေဟိ မယံ ဂစ္ဆီယာမှေ။
တယာ မယံ ဂစ္ဆီယာမှေ။
တုမှေဟိ မယံ ဂစ္ဆီယာမှေ။
မယာ မယံ ဂစ္ဆီယာမှေ။
အမှေဟိ မယံ ဂစ္ဆီယာမှေ။
မယံဟူသော ဝုတ္တကတ္တား ဝုတ္တကံတို့က ဗဟုဝုစ် အမှသဒ္ဒါများ ဖြစ်သောကြောင့် ဥတ္တမပုရိသ် ဗဟုဝုစ်ဝိဘတ်များသက်ရပုံစသည် ကြည့်ပါ။
နားလည်-မလည်ကို နှိုင်းချိန်ဖို့ရာ ညွှန်ပြမည့်ပုစ္ဆာတို့ကို ဖြေဆိုစေပါလော။ ၁။ ဝုတ္တ-အဝုတ္တ၂ မျိုးတွင် ဝုတ္တကံ ကတ္တား၌ ဘယ်ဝိဘတ်ဖြင့် ပါဠိစီ၍ အဝုတ္တကံ ကတ္တား၌ ဘယ်ဝိဘတ်များဖြင့် ပါဠိစီရမည်နည်း။ ၂။ ဝုတ္တကံ ကတ္တားသည် နာမသဒ္ဒါဖြစ်ခဲ့လျှင် နာမယောဂကြိယာ၌ ဘယ်ပုရိသ် (ဘယ်ဝိဘတ်)ဖြင့် ပါဠိစီရမည်နည်း။
၃။ ဝုတ္တကံ ကတ္တားသည် အမှသဒ္ဒါ ဖြစ်ခဲ့လျှင် အမှယောဂကြိယာ၌ ဘယ်ပုရိသ်ဖြင့် ပါဠိစီရမည်နည်း။
၄။ “ပုရိသော မဂ္ဂံ ဂစ္ဆတိ”ဝါကျ၌ အဘယ်ပုဒ်သည် ဝုတ္တ ဖြစ်သနည်း။ ၅။ ထိုနံပါတ် ၄ ဝါကျ၏ အဝုတ္တ၌ သဒ္ဒါ ဘယ်နှစ်မျိုး ထားနိုင်သနည်း, ၆ ဝါကျရအောင် ထားပြစမ်းပါ။
၆။ “ပုရိသေန မဂ္ဂေါ ဂစ္ဆီယတေ”ဝါကျ၌ အဘယ်ပုဒ်သည် အဝုတ္တ ဖြစ် သနည်း, အဝုတ္တ၌ ရသင့်သမျှ ပြောင်းလွှဲ၍ ၆ ဝါကျ ခွဲပြစမ်းပါ။
၇။ “တွံ မဂ္ဂံ”ဟု ကတ္တားနှင့်ကံ ရှိနေလျှင် “ဂစ္ဆတိ ဂစ္ဆသိ ဂစ္ဆာမိ” ကြိယာ ၃ မျိုးတွင် ဘယ်ကြိယာဖြင့် ပါဠိစီရမည်နည်း၊ ထိုကဲ့သို့ စီရခြင်း၌ နာမမှိ ပယုဇ္ဇမာနေပိ စသော သုတ်တို့တွင် ဘယ်သုတ်ကို ထောက် မည်နည်း။
၈။ “ပုရိသေန တွံ”ဟု ကတ္တား ကံတို့ ရှိနေလျှင် “ဂစ္ဆီယတေ ဂစ္ဆီယသေ ဂစ္ဆီယေ” ကြိယာ ၃ မျိုးတွင် ဘယ်ကြိယာဖြင့် ပါဠိစီမည်နည်း။
♦ ၈။ ကာလေ။ ။ အယံ- ဤကာလေဟူသော သုတ်သည်၊ အဓိကာရော- နောက်သုတ်များသို့ လိုက်သောသုတ်တည်း။
၈။ ဤကာလေသုတ်၏ လိုက်ပုံသည် နောက်သုတ်များ၌ ထင်ရှား လတ္တံ့။ [နာမ်ပိုင်း၌လည်း ကာလေသုတ် ပါခဲ့ပြီ၊ ဤ ကာလေ၂ သုတ်တို့ ထူးခြားပုံကို ရူပသိဒ္ဓိဘာသာဋီကာမှာ ရှု။]
အယံ- ဤကာလေဟူသော သုတ်သည်၊ အဓိကာရော- နောက်သုတ်များသို့ လိုက်သောသုတ်တည်း။
၈။ ဤကာလေသုတ်၏ လိုက်ပုံသည် နောက်သုတ်များ၌ ထင်ရှား လတ္တံ့။ [နာမ်ပိုင်း၌လည်း ကာလေသုတ် ပါခဲ့ပြီ၊ ဤ ကာလေ၂ သုတ်တို့ ထူးခြားပုံကို ရူပသိဒ္ဓိဘာသာဋီကာမှာ ရှု။]
ပစ္စုပ္ပန္နေ- ပစ္စုပ္ပန်ဖြစ်သော၊ ကာလေ- အခါ၌၊ ဝါ- ကြိယာ၌၊ ဝတ္တမာနာ- ဝတ္တမာန်ဝိဘတ်သည်၊ ဟောတိ- ဖြစ်၏။ ဂစ္ဆတိ, ဂစ္ဆ န္တိ စသည်တည်း။
၉။ အချို့ကျမ်း၌ အချိန်အခါကို ကာလဟု ဆို၏၊ ရူပသိဒ္ဓိစသည်တို့ ၌ကား “ဓာတ်၏အနက်ဟူသည် ကြိယာတည်း၊ ဓာတ်နောက်သက်သော တိ အန္တိ စသော ဝိဘတ်များလည်း ထိုအနက်၌သာ ဖြစ်ထိုက်၏”ဟု သဘောပိုက်၍ ကာလအရ ကြိယာကို ဖွင့်ဆိုကြသည်။
ပစ္စုပ္ပန္န။ ။ ပတိ+ဥပ္ပန္န၊ ပတိ၊ တစ်စုံတစ်ခုကို စွဲ၍+ဥပ္ပန္န=ဖြစ်ဆဲ (ဖြစ်တုန်း, ဖြစ်၍ မပြီးဆုံးသေးသော)ကြိယာတည်း၊ ဥပမာ-မန္တလေးမှ ရန်ကုန်သို့ ထွက်သောရထားသည် မန္တလေးဘူတာဝယ် ရထားဘီးလည် သည်မှစ၍ ရန်ကုန်ဘူတာကြီး၌ ရပ်သည့်တိုင်အောင် အတွင်းကို သွားဆဲ ဟု ဆိုရ၏၊ ထိုသွားခြင်းကြိယာသည် ပစ္စုပ္ပန်ကြိယာတည်း။
ဝတ္တမာန်။ ။ “ဝတ္တတီတိ ဝတ္တမာနော, ဝတ္တမာနေ ဘဝါ ဝတ္တမာနာ” ဝတ္တတိ-ဖြစ်ဆဲ၊ ဣတိ-ထို့ကြောင့်၊ ဝတ္တမာနော-ဝတ္တမာန မည်၏၊ ဝတ္တ မာနေ-ဖြစ်ဆဲ-ဖြစ်တုန်းကြိယာ၌၊ ဘဝါ-ဖြစ်သောဝိဘတ်သည်၊ဝတ္တမာနာဝတ္တမာန်ဝိဘတ် မည်၏၊ ဤနေရာ၌ “နိစ္စပ္ပဝတ္တိ”စသော ဝတ္တမာန် ၄ မျိုး ကို ကစ္စည်းဘာသာဋီကာမှာ ရှု။
အနုတ္တ ကာလေ- အတိတ် အနာဂတ် ပစ္စုပ္ပန်ဟု မဆိုအပ်သော ကာလ သာမန်၌၊ အာဏတျာ.သိဋ္ဌေ- စေခိုင်းခြင်း, တောင့်တခြင်း အနက်၌၊ ပဉ္စမီ- ပဉ္စမီဝိဘတ်သည်၊ ဟောတိ- ဖြစ်၏။ ကရောတု ကုသလံ, သုခံ တေ ဟောတု စသည်တည်း။
၁၀။ ကုသလံ-ကုသိုလ်ကို၊ ကရောတု-ပြုပါလော၊ ဤကား အာဏတ္တိ အနက်၌ ပဉ္စမီ တုဝိဘတ် သက်ပုံတည်း၊ တေ-သင့်အား၊ သုခံ-ချမ်းသာ သည်၊ ဟောတု-ဖြစ်ပါစေသတည်း၊ ဤကား အာသိဋ္ဌ (အာသိသ)အနက်၌ ပဉ္စမီ တုဝိဘတ် သက်ပုံတည်း။
အနုတ္တကာလေန+ဥတ္တကာလော အနုတ္တကာလော၊ ဥတ္တကာလောပြောဆိုအပ်သော ကာလသည်+န-မဟုတ်၊ အနုတ္တကာလော-ပြောဆိုအပ် သော ကာလမဟုတ်၊ ဝတ္တမာနာ ပစ္စုပ္ပန္နေသုတ်ကဲ့သို့ ပစ္စုပ္ပန်ဟုလည်း ကောင်း, အပ္ပစ္စက္ခေ ပရောက္ခာတီတေသုတ်ကဲ့သို့ အတိတ်ဟုလည်း ကောင်း, အနာဂတေ ဘဝိဿန္တီသုတ်ကဲ့သို့ အနာဂတ်ဟုလည်းကောင်း တိုက်ရိုက် နာမည်တပ်၍ ပြောဆိုအပ်သော ကာလမဟုတ်၊ “ကာလ အားလုံးနှင့် ဆက်ဆံသော သာမန်ကာလ၌ ဤပဉ္စမီဝိဘတ်များ သက်ရ သည်” ဟူလို။
“ကာလသာမန်၌ သက်သည်”ဟု ဆိုသော်လည်း လွန်ခဲ့ပြီးသော အတိတ်ကာလနှင့်မဆိုင်, ဖြစ်ဆဲပစ္စုပ္ပန်-ဖြစ်လတ္တံ့အနာဂတ်တို့နှင့်သာ ဆိုင်သည်ဟု ဖွင့်ဆိုကြ၏၊ “ကရောတု-ပြုလော”ဟု စေခိုင်းမှုသည် လွန်ပြီး အတွက် စေခိုင်းဖွယ်မလို၊ “ယခု ပြုလော”ဟု ပစ္စုပ္ပန်အတွက် စေခိုင်း နိုင်၏, နောက်ခါပြုဖို့ရန် အနာဂတ်အတွက်လည်း စေခိုင်းနိုင်၏ဟု ဆိုလို သည်။ [အနုတ္တကာလကို ပစ္စုပ္ပန်ကာလဟု ဖွင့်ကြသေး၏၊ ကျမ်းရင်း အာဘော်ကျမည် မထင်။] ဤနေရာဝယ် ကာလသဒ္ဒါပိုကြောင့် ရသင့် သော အနက်များ ရှိသေး၏၊ ရူပသိဒ္ဓိမှာ ရှု။
အနုတ္တကာလေ- အတိတ် အနာဂတ် ပစ္စုပ္ပန်ဟု မဆိုအပ်သော ကာလသာမန်၌၊ အနုမတိပရိကပ္ပတ္ထေသု- ခွင့်ပြုခြင်းအနက်, ကြံစည်ခြင်းအနက် တို့၌၊ သတ္တမီ- သတ္တမီဝိဘတ်သည်၊ ဟောတိ- ဖြစ်၏။ တွံ ဂါမံ ဂစ္ဆေယျာသိ, ကိ.မဟံ ကရေယျာမိ စသည်တည်း။
၁၁။ တွံ ဂါမံ ဂစ္ဆေယျာသိကား အနုမတိ၏ ပုံစံတည်း၊ အနုမတိနှင့် အနုညာသည် သဘောတူပင်ဖြစ်၏၊ တွံ-သင်သည်၊ ဂါမံ-ရွာသို့၊ ဂစ္ဆေ ယျာသိ-သွားလို သွားတော့(သွားချင် သွားတော့)၊ ကိ.မဟံ ကရေယျာမိ ကား ပရိကပ္ပ၏ပုံစံတည်း၊ အဟံ-ငါသည်၊ ကိံ-ဘယ်အမှုကို၊ ကရေယျာမိပြုရပါအံ့နည်း။…ဘာများ လုပ်ရပါ့မတုန်း”ဟု မိမိအတွက် ကြံစည်မှုကို ပရိကပ္ပ, ပြုချင်ပြုတော့ စသည်ဖြင့် သူတစ်ပါးအား ခွင့်ပြုမှုကို အနုမတိ ဟု မှတ်။
အနုတ္တကာလေ။ ။ အနုတ္တကာလေပုဒ် လိုက်လာသောကြောင့် ဤ သတ္တမီဝိဘတ်လည်း ကာလသာမန်၌ပင် သက်၏။
အတ္ထသဒ္ဒါပို။ ။ “အနုမတိ ပရိကပ္ပေသု သတ္တမီ”ဟု ဆိုလျှင် ပြီးသင့် လျက် “ပရိကပ္ပတ္ထေသု”ဟု အတ္ထသဒ္ဒါကို ဆိုထား၏၊ ထိုအတ္ထသဒ္ဒါပိုဖြင့် ရသင့်သော အနက်များကို ရူပသိဒ္ဓိမှာ ရှု။
ရုဠှီ အမည်။ ။ ပဉ္စမီ သတ္တမီဟု နာမည်မှည့်ရခြင်း အကြောင်းကို အမျိုးမျိုးကြံစည်ကြ၏၊ အခြေပြုသူတို့နှင့် အရေးတကြီး မသက်ဆိုင်သဖြင့် မပြတော့ပြီ၊ ဤ ပဉ္စမီ သတ္တမီဟူသော အမည်သည် တု အန္တု စသော ဝိဘတ်, ဧယျ ဧယျုံ စသော ဝိဘတ်များအပေါ်၌ တက်ရောက်နေသော (ကျမ်းဆရာတင်ထားအပ်သော) ရုဠှီအမည်တည်းဟုသာ မှတ်သားနှင့်ကြ ပါလေ။
အပ္ပစ္စက္ခေ- ဣန္ဒြေ၏ ရှေးရှုမဟုတ်သော၊ ဝါ- မျက်ကွယ်ဖြစ်သော၊ အတီတေ- အတိတ် ဖြစ်သော၊ ကာလေ- အခါ၌၊ ဝါ- ကြိယာ၌၊ ပရောက္ခာ- ပရောက္ခာ ဝိဘတ်သည်၊ ဟောတိ- ၏။ သုပိနေ အာဟ ကိလ, ဧဝံ ကိရ ပေါရာဏာ.ဟု စသည်တည်း။
၁၂။ သုပိနေ-အိပ်မက်၌၊ အာဟ ကိလ-ပြောဆိုမိသတဲ့၊ ဧဝံ-ဤသို့၊ ပေါရာဏာ-ရှေးဆရာတို့သည်၊ အာဟု ကိရ-ဆိုကြကုန်သတဲ့၊ မိမိ မနှစ်သက်သော အရာနှင့် တစ်ဆင့်ကြားအပ်သော အရာမျိုး၌ ကိရသဒ္ဒါ, ကိလသဒ္ဒါ ထည့်၍ ပါဠိစီရသည်။
[ဆောင်] နှစ် မသက်ကား, တစ်ဆင့်ကြား, ထားလေ ကိရသာ။
အပ္ပစ္စက္ခ-အ+ပတိ+အက္ခ။ အက္ခ၊ ဣန္ဒြေ (မျက်စိ နား နှာ စသော ဣန္ဒြေများ)+ပတိ=ရှေးရှု+အ=မဟုတ်။ မျက်စိ နား နှာစသော ဣန္ဒြေတို့၏ ရှေးရှု မဟုတ်သော, မြန်မာလို “မျက်ကွယ်”ဟု ခေါ်ရသော ကြိယာ တည်း။
ပရောက္ခာ-ပရ+အက္ခ။ အက္ခ၊ ဣန္ဒြေတို့၏+ပရ-ကွယ်ရာဖြစ်သော ကြိယာ၊ ပရောက္ခေ+ဘဝါ, ပရောက္ခာ၊ ပရောက္ခေ-ဣန္ဒြေတို့၏ကွယ်ရာ ဖြစ်သော ကြိယာ၌၊ ဘဝါ-ဖြစ်သောဝိဘတ်တည်း။
အတီတေ-အတိ+ဣတ။ အတိ-လွန်၍+ဣတ-ဖြစ်သော ကြိယာ။ ပစ္စုပ္ပန်အခိုက်အခါကို လွန်၍ဖြစ်သော ကာလကြိယာကို “အတီတ”ဟု ခေါ်၏၊ အတိတ်လည်း ဖြစ်, မျက်ကွယ်လည်း ဖြစ်သော ကြိယာကို ဤ ပရောက္ခာဝိဘတ်များက ဟောသည်။
ဟိယျောပဘုတိ- ယမန်နေ့မှစ၍၊ ပစ္စက္ခေ စ- ဣန္ဒြေ၏ရှေးရှုလည်းဖြစ်သော၊ အပ္ပစ္စက္ခေ စ- ဣန္ဒြေ၏ ကွယ်ရာလည်းဖြစ်သော၊ အတီတေ- အတိတ်ဖြစ်သော၊ ကာလေ- အခါ၌၊ ဝါ- ကြိယာ၌၊ ဟိယျတ္တနီ- ဟိယျတ္တနီဝိဘတ်သည်၊ ဟောတိ- ဖြစ်၏။ သော အဂမာ မဂ္ဂံ, တေ အဂမူ မဂ္ဂံ စသည်တည်း။
၁၃။ သော-ထိုသူသည်၊ မဂ္ဂံ-လမ်းကို၊ အဂမာ-သွားပြီ၊ တေ-ထိုသူတို့ သည်၊ မဂ္ဂံ-ကို၊ အဂမူ-သွားကုန်ပြီ၊ “အပ္ပစ္စက္ခေ အတီတေ ကာလေ”တို့ကို ရှေ့သုတ်များမှ လိုက်စေ၍ အနက်ဆိုထားသည်၊ အတိတ်ကြိယာကို ဟော သောကြောင့် အတိတ်သံပါအောင် “ပြီ”ဟု အနက်သုံးပါ။
ဟိယျတ္တနီ-ဟိယျောပဘုတိ+ဘဝါ, ဟိယျတ္တနီ၊ ဟိယျောပဘုတိယမန်နေ့မှစ၍ လွန်ခဲ့သမျှ အတိတ်ကြိယာ၌+ဘဝါ-ဖြစ်သောဝိဘတ် သည်၊ ဟိယျတ္တနီ-ဟိယျတ္တနီဝိဘတ် မည်၏။ [ပဘုတိသဒ္ဒါကို ကွစိဓာတု သုတ်ကြီးဖြင့်ချေ၊ ဟိယျသဒ္ဒါနောင် ဘဝအနက်၌ ပစ္စယာဒနိဋ္ဌာနိပါတနာ သိဇ္ဈန္တိသုတ်ကြီးဖြင့် တ္တနပစ္စည်းသက်, ဣတ္ထိလိန်အဖြစ်ကို ထွန်းပြသော ဤပစ္စည်းလည်း သက်၍ ဟိယျတ္တနီဟု ပြီးသည်။]
သမီပေ- အနီးဖြစ်သော၊ ဝါ- အနီးမှ စ၍၊ ပစ္စက္ခေ စ- ဣန္ဒြေ၏ရှေးရှုလည်းဖြစ်သော၊ အပ္ပစ္စက္ခေ စ- ဣန္ဒြေ၏ ကွယ်ရာလည်းဖြစ်သော၊ အတီတေ- အတိတ်ဖြစ်သော၊ ကာလေ- အခါ၌၊ ဝါ- ကြိယာ၌၊ အဇ္ဇတနီ- အဇ္ဇတနီဝိဘတ်သည်၊ ဟောတိ- ဖြစ်၏။ သော အဂမီ မဂ္ဂံ စသည်တည်း။
၁၄။ သော-ထိုသူသည်၊ မဂ္ဂံ-လမ်းကို၊ အဂမီ-သွားပြီ။
အဇ္ဇတနီ-အဇ္ဇပဘုတိ+ဘဝါ, အဇ္ဇတနီ၊ အဇ္ဇပဘုတိ-ယနေ့မှစ၍ လွန်ခဲ့သမျှ အတိတ်ကြိယာ၌+ဘဝါ-ဖြစ်သောဝိဘတ်သည်၊ အဇ္ဇတနီအဇ္ဇတနီဝိဘတ် မည်၏၊ အဇ္ဇတနီဝိဘတ်သည် ယနေ့ (ယခု ဖြစ်ပြီးစ အချိန်မှ)စ၍ (လေးသင်္ချေနှင့်ကမ္ဘာတစ်သိန်းကြာစေကာမူ) လွန်လေသမျှ အတိတ်ကြိယာကို ဟော၏၊ ဟိယျတ္တနီဝိဘတ်လည်း မနေ့ကစ၍ လွန်သမျှ အတိတ်ကြိယာကို ဟော၏၊ ပရောက္ခာဝိဘတ်ကား အတိတ်ပင်ဖြစ်သော် လည်း သတ်မှတ်ထားသော ၃ ဌာနကိုသာ ဟောသည်၊ သို့အတွက် ပရောက္ခာမှာ အတိတ်ဖြစ်သော်လည်း သူ့ဌာနနှင့်သူ ဖြစ်၍ ကွဲပြားပြီး ဖြစ်၏၊ အဇ္ဇတနီနှင့် ဟိယျတ္တနီတို့ ထူးခြားချက်ကိုကား ကြံသင့်သည်။
မာယောဂေ- မာ ဟူသော နိပါတ်ပုဒ်နှင့်ယှဉ်သည်ရှိသော်၊ သဗ္ဗကာလေ- အလုံးစုံ သော ကာလ၌၊ ဟိယျတ္တန.ဇ္ဇတနိယော စ- ဟိယျတ္တနီ အဇ္ဇတနီ ဝိဘတ်တို့သည်လည်း၊ ဟောန္တိ- ဖြစ်ကုန်၏။ မာဂမာ, မာဂမီ စသည်တည်း။ စသဒ္ဒါဖြင့် ပဉ္စမီဝိဘတ်သက်၍ မာဂစ္ဆာဟိဟု လည်း ဖြစ်သေး၏။
၁၅။ မာဟူသော နိပါတ်ပုဒ်သည် ပဋိသေဓ (တားမြစ်ခြင်း)အနက်ကို ဟော၏၊ ထို့ကြောင့် “မာဂမာ-မသွားနှင့်”ဟု သွားခြင်းကြိယာကို တားမြစ် သည်၊ (ဟိယျတ္တနီပုံစံ)၊ မာဂမီ-မသွားနှင့်၊ ( အဇ္ဇတနီပုံစံ)၊ မာဂစ္ဆာဟိမသွားနှင့်၊ (ပဉ္စမီပုံစံ)၊ သဗ္ဗကာလေဟု ဆိုသောကြောင့် “အတိတ်မှာလည်း မသွားပြီ, ပစ္စုပ္ပန်မှာလည်း မသွားဆဲ, အနာဂတ်မှာလည်း မသွားလတ္တံ့, ဘယ်ကာလမှ မသွား”ဟု အဓိပ္ပာယ်ကို ပြဆိုကြ၏၊ သဒ္ဒနီတိဆရာကား ဤ သဗ္ဗကာလေဟူသော အဆိုကို မနှစ်သက်၊ အကျယ်ကို ကစ္စည်း ဘာသာဋီကာမှာ ရှု။
အနာဂတေ- အနာဂတ်ဖြစ်သော၊ ကာလေ- အခါ၌၊ ဝါ- ကြိယာ၌၊ ဘဝိဿန္တီ- ဘဝိဿန္တီ ဝိဘတ်သည်၊ ဟောတိ- ဖြစ်၏။ သော မဂ္ဂံ ဂမိဿတိ, တေ မဂ္ဂံ ဂမိဿန္တိ စသည်တည်း။
၁၆။ သော-ထိုသူသည်၊ မဂ္ဂံ-လမ်းကို၊ ဂမိဿတိ-သွားလတ္တံ့၊ သွားလိမ့် မည်၊ တေ-ထိုသူတို့သည်၊ မဂ္ဂံ-လမ်းကို၊ ဂမိဿန္တိ-သွားကုန်လတ္တံ့=သွားကြ လိမ့်မည်။
အနာဂတန+အာဂတ၊ အာဂတ-လာပြီး လာဆဲသည်၊ န-မဟုတ်၊ လာပြီး လာဆဲ ဖြစ်ပြီး ဖြစ်ဆဲ မဟုတ်, ဖြစ်ဖို့ရန်ရှေ့ရှုနေသော, အကြောင်း ညီညွတ်လျှင် ဧကန်ဖြစ်မည့် ကြိယာကို အနာဂတ်ဟု ခေါ်၏၊ ဤ အနာဂတ်ကာလ၌ ဘဝိဿန္တီဝိဘတ်များ သက်သည်။
ကြိယာ တိပန္နေ- ကြိယာ၏လွန်သွားခြင်းဟုဆိုအပ်သော၊ အတီတေ- အတိတ်ဖြစ်သော၊ ကာလေ- အခါ၌၊ ဝါ- ကြိယာ၌၊ ကာလာတိ ပတ္တိ- ကာလာတိပတ္တိဝိဘတ်သည်၊ ဟောတိ- ဖြစ်၏။ သော စေ ပဌမဝယေ ပဗ္ဗဇိဿ, အရဟာ အဘဝိဿာ စသည်တည်း။
၁၇။ သော-ထိုသူဌေးသားသည်၊ ပဌမဝယေ-ပဌမအရွယ်တုန်းက၊ စေ ပဗ္ဗဇိဿ-အကယ်၍ ရဟန်းပြုခဲ့အံ့၊ အရဟာ-ရဟန္တာသည်၊ အဘဝိဿာဖြစ်လောက်ရာပြီ။ [တချို့အရာ၌ “ဖြစ်လေရာ၏, ဖြစ်တော့လတ္တံ့”ဟု အနက်ဆို။]
ကြိယာတိပန္န-[ကြိယာ+အတိပန္န၊ ကြိယာ-ကြိယာ၏၊ အတိပန္နလွန်သွားခြင်း။] အကြောင်းချို့တဲ့၍သော်လည်းကောင်း, ဆန့်ကျင်ဘက် အနှောင့်အယှက် တွေ့၍သော်လည်းကောင်း, ဖြစ်သင့်သော ကြိယာ၏ မဖြစ်ခြင်းကို ကြိယာတိပန္နဟု ခေါ်၏၊ ယခုကာလ၌လည်း “ခုမှဖြင့် မဖြစ် တော့ဘူး, လွန်ပါပြီ”စသည်ဖြင့် မဖြစ်ခြင်းကိုပင် “လွန်ပါပြီ”ဟု သုံးနှုန်း ကြ၏။ [အတိတ်သာမက အနာဂတ်ပါ ရသင့်ကြောင်းကို ရူပသိဒ္ဓိဘာသာ ဋီကာမှာ ရှု။]
ကာလာ.တိပတ္တိကာလ+အတိပတ္တိ။ ကာလ-ကြိယာ၏+အတိပတ္တိလွန်၍ဖြစ်ခြင်း, လွန်သွားခြင်း။ [ကြိယာတိပန္နနှင့် ကာလာတိပတ္တိဟူသည် အနက်တူပင်၊ ကြိယာကို ကာလ, အတိပန္နကို အတိပတ္တိဟုဆိုထားသည်၊၊]
အမှာ။ ။ ဝတ္တမာနာ ပစ္စုပ္ပန္နေ သုတ်မှ စ၍ ဝိဘတ်တို့၏ သက်ရာ အနက်များကို ပြခဲ့ပြီ၊ ယခုအခါ ထိုဝိဘတ်များ၏ သရုပ်သကောင်ကို ပြတော့လတ္တံ့။
တိအန္တိ သိထ မိမ, တေအန္တေ သေဝှေ ဧမှေ- တိ အန္တိ စသော ဤ ၁၂ လုံးသည်၊ ဝတ္တမာနာ- ဝတ္တမာန်ဝိဘတ် မည်၏။
၁၈။ ပစဓာတ်သည် “ချက်ခြင်း”အနက်ကို ဟော၏၊ အာချာတ်ဂိုဏ်း၌ ပြခဲ့သော ဘူဓာတ်ကို နည်းမှီ၍ “ပစတိ ပစေ, ပစန္တိ၊ ပစသိ ပစထ၊ ပစာမိ ပစေ, ပစာမ၊ ပစတေ, ပစန္တေ၊ ပစသေ, ပစဝှေ၊ ပစေ, ပစာမှေ”ဟု ကတ္တုရုပ်ဂိုဏ်းစဉ်ပါ။ [“ပစတိ-ချက်၏”စသည်ဖြင့် အနက်ဆို။]
တုအန္တု ဟိထ မိမ, တံအန္တံ ဿုဝှော ဧ အာမသေတု- အန္တုစသော ဤ ၁၂ လုံးသည်၊ ပဉ္စမီ- ပဉ္စမီဝိဘတ်မည်၏။
၁၉။ လဘဓာတ်သည် “ရခြင်း”အနက်ကို ဟော၏၊ “လဘတု လဘေ, လဘန္တု” စသည်ဖြင့် ကတ္တုရုပ်ဂိုဏ်းစဉ်ပါ။
ဧယျ ဧယျုံ ဧယျာသိ ဧယျာထ ဧယျာမိ ဧယျာမ, ဧထ ဧရံ ဧထော ဧယျာဝှော ဧယျံ ဧယျာမှေ- ဧယျ ဧယျုံစသော ဤ ၁၂ လုံးသည်၊ သတ္တမီ- သတ္တမီဝိဘတ် မည်၏။
၂၀။ “ဂစ္ဆေယျ, ဂစ္ဆေ၊ ဂစ္ဆေယျုံ”စသည်ဖြင့် ကတ္တုရုပ်ဂိုဏ်းစဉ်ပါ။
အ ဥ ဧ တ္ထ အမှ, တ္ထ ရေ တ္ထော ဝှော ဣ မှေ- အ ဥ စသော ဤ ၁၂ လုံးသည်၊ ပရောက္ခာ- ပရောက္ခာဝိဘတ်မည်၏။
၂၁။ အ-မှ၌ အဝိဘတ်ကို အံ, ဣ-မှေ၌ ဣဝိဘတ်ကို ဣံဟု စာပျက် လျက် ရှိတတ်၏၊ ပြင်ဆင်ထားသော စာအုပ်တို့၌ “အ မှ-ဣ မှေ”ဟု ရှိသည်၊ ဂမုဓာတ်ဖြင့် “ဇဂါမ ဇဂမု၊ ဇဂမေ ဇဂမိတ္ထ၊ ဇဂမ ဇဂမိမှ၊ ဇဂမိတ္ထ ဇဂမိရေ၊ ဇဂမိတ္ထော ဇဂမိဝှော၊ ဇဂမိ ဇဂမိမှေ”ဟု ကတ္တုရုပ် ဂိုဏ်းစဉ်ကို နှုတ်တက်ပါစေ။ ရုပ်ကို နောက်မှ တွက်တတ်လတ္တံ့။
အာ ဥု သြ တ္ထ အ မှာ, တ္ထ တ္ထုံ သေ ဝှံ ဣံ မှသေ- အာ ဥုစသော ဤ ၁၂ လုံးသည်၊ ဟိယျတ္တနီ- ဟိယျတ္တနီဝိဘတ် မည်၏။
၂၂။ အ-မှာဝိဘတ်၌ အ ကို အံဟု ပျက်တတ်၏၊ “အဂမာ ဂမာ အဂမ ဂမ၊ အဂမူ ဂမူ, အဂမု ဂမု”စသည်ဖြင့် ကတ္တုရုပ်စဉ်လေ။
ဤ ဥုံ သြ တ္ထ ဣံ မှာ, အာ ဥု သေ ဝှံ အ မှေ- ဤ ဥုံ စသော ဤ ၁၂ လုံးသည်၊ အဇ္ဇတနီ- အဇ္ဇတနီဝိဘတ် မည်၏။
၂၃။ “အဂမီ ဂမီ, အဂမိ ဂမိ”စသည်ဖြင့် ကတ္တုရုပ် စဉ်လေ။
ဿတိ ဿန္တိ ဿသိ ဿထ ဿာမိ ဿာမ, ဿတေ ဿန္တေ ဿသေ ဿဝှေ ဿံ ဿာမှေ- ဿတိ ဿန္တိ စသော ဤ ၁၂ လုံးသည်၊ ဘဝဿန္တီ- ဘဝဿန္တီဝိဘတ်မည်၏။
၂၄။ “ဂစ္ဆိဿတိ ဂစ္ဆိဿန္တိ ဂစ္ဆိဿရေ” စသည်ဖြင့် ကတ္တုရုပ်စဉ်။
ဿာ ဿံသု ဿေ ဿထ ဿံ ဿာမှာ, ဿထ ဿိံသု ဿသေ ဿဝှေ ဿိံ ဿာမှသေ- ဿာ ဿံသု စသော ဤ ၁၂ လုံးသည်၊ ကာလာတိပတ္တိ- ကာလာတိပတ္တိဝိဘတ်မည်၏။
၂၅။ “အဂမိဿာ ဂမိဿာ, အဂမိဿ ဂမိဿ”စသည်ဖြင့်လည်း ကောင်း, “အာဂစ္ဆိဿာ ဂစ္ဆိဿာ, အာဂစ္ဆိဿ ဂစ္ဆိဿ”စသည်ဖြင့်လည်း ကောင်း ကတ္တုရုပ်များကို ဂိုဏ်းစဉ်လေ။
ဟိယျတ္တနီ သတ္တမီ ပဉ္စမီ ဝတ္တမာနာ- ဟိယျတ္တနီ, သတ္တမီ, ပဉ္စမီ, ဝတ္တမာန် ဝိဘတ်လေးသွယ်တို့သည်၊ သဗ္ဗဓာတုကံ- သဗ္ဗဓာတ် ဝိဘတ် မည်၏။
၂၆။ ဤသုတ်ဖြင့် ဟိယျတ္တနီစသော ဝိဘတ်လေးသွယ်ကို သဗ္ဗဓာတ် ဝိဘတ်များဟု နာမည်မှည့်သည်၊ ဤဝိဘတ်လေးသွယ်ကို သဗ္ဗဓာတ်ဟု မှည့်သဖြင့် ကြွင်းသော ပရောက္ခာ အဇ္ဇတနီ ဘဝိဿန္တီ ကာလာတိပတ္တိ လေးသွယ်ကို ဗျတိရေကနည်း (ပြောင်းပြန်ယူသောနည်း)အရ “အသဗ္ဗ ဓာတ်”ဟု မှည့်ပြီးဖြစ်တော့၏၊ ဤသို့ မှည့်သဖြင့် “ဣကာရာဂမော အသဗ္ဗဓာတုကမှိ”သုတ်၌ ကျန်ဝိဘတ်လေးသွယ်ကို အသဗ္ဗဓာတ်ဟု ခေါ်ဝေါ်သုံးစွဲခြင်းအကျိုးရှိသည်။
သဗ္ဗဓာတုက၊ အလုံးစုံသောဓာတ်နောင် သက်နိုင်သောဝိဘတ်။ အသဗ္ဗဓာတုက=အလုံးစုံသောဓာတ်နောင် မသက်, အချို့ဓာတ် နောင်သာ သက်နိုင်သောဝိဘတ်။ အမှာ။ ။ ဤ သဗ္ဗဓာတ် အသဗ္ဗဓာတ်ဟူသော နာမည်သည် သက္ကတ ကျမ်းတို့၌ လာသော နာမည်ပင်တည်း၊ ပိဋကတ်တော်၌ကား ဤကဲ့သို့ ခွဲခြားချက် မရှိ၊ မည်သည့်ဓာတ်နောင်မဆို ဝိဘတ်အားလုံး ထိုက်သလို သက်နိုင်သည်။
အာချာတ်ပဌမခန်းပြီး၏။
အာချာတ ကပ္ပေ- အာချာတ်ကျမ်း၌၊ ပဌမော- ရှေးဦးစွာသော၊ ကဏ္ဍော- အခန်းသည်၊ ဣတိ- ပြီးပြီ။
အာချာတ်ပဌမခန်းပြီး၏။
ဓာတုလိင်္ဂေဟိ- ဓာတ် လိန်တို့မှ၊ ပရာ- နောက်ဖြစ်သောသဒ္ဒါတို့ကို၊ ပစ္စယာ- ပစ္စည်းတို့ ဟူ၍၊ ဝေဒိတဗ္ဗာ- သိထိုက်ကုန်၏။
၂၇။ ဤသုတ်ကား ဓာတ် လိန်တို့နောင်ရှိသော ပစ္စည်း ဝိဘတ်တို့ကို ပစ္စယခေါ်သည်ဟု ပစ္စယ၏ သရုပ်ကိုလည်းကောင်း, ထိုပစ္စယတို့၏ သက်ရာဌာနကိုလည်းကောင်း သတ်မှတ်ပြသော ပရိဘာသာသုတ်တည်း၊ ပစ္စယသဒ္ဒါသည် တချို့နေရာ၌ ပစ္စည်းကိုသာဟောသော်လည်း ဤသုတ်၌ ပစ္စည်း ဝိဘတ်၂ မျိုးလုံးကိုပင် ဟော၏၊ သုတ်နက်ကို ရှေးနည်းမဟုတ်ဘဲ တစ်မျိုးပေးထား၏၊ ထိုသို့ပေးရခြင်း၏ အဓိပ္ပာယ်ကို ကစ္စည်းဘာသာဋီကာ မှာ ရှု။
တိဇဂုပကိတ မာနေဟိ- တိဇဓာတ် ဂုပဓာတ် ကိတဓာတ် မာနဓာတ်တို့မှ နောက်၌၊ ခဆသာ- ခ ဆ သပစ္စည်းတို့သည်၊ ဝါ- ပိုင်းခြားသော အားဖြင့်၊ ဟောန္တိ- ဖြစ်ကုန်၏။ တိတိက္ခတိ, ဇိဂုစ္ဆတိ, ဝိစိကိစ္ဆတိ, တိကိစ္ဆတိ, ဝီမံသတိ စသည်တည်း။
၂၈။ တိတိက္ခတိ-သည်းညည်းခံ၏၊ (တိဇဓာတ်နောင် ခပစ္စည်းပုံစံ)၊ ဇိဂုစ္ဆတိ-ကဲ့ရဲ့၏, စက်ဆုပ်၏, ရွံမုန်း၏၊ (ဂုပဓာတ်နောင် ဆပစ္စည်းပုံစံ)၊ ဝိစိကိစ္ဆတိ-ယုံမှား၏၊ တိကိစ္ဆတိ-ဆေးကု၏, အနာကို ပယ်၏၊ (ဤ၂ ပုံစံ ကား ကိတဓာတ်နောင် ဆပစ္စည်းပုံစံများတည်း၊) ဝီမံသတိ-စူးစမ်း၏, ဆင်ခြင်၏၊ (မာနဓာတ်နောင် သပစ္စည်းပုံစံ)၊ ရုပ်ကို တတိယခန်းကျမှ တွက်၊ ဝါသဒ္ဒါ၏ သတ်မှတ်ပုံကို ရူပသိဒ္ဓိမှာ ရှု။
ဘုဇဃသ ဟရသုပါဒီဟိ စ- ဘုဇဓာတ် ဃသဓာတ် ဟရဓာတ် သုဓာတ် ပါအစရှိသောဓာတ်တို့မှနောက်၌လည်း၊ တုမိစ္ဆတ္ထေသု- တုံပစ္စည်း ဣစ္ဆာသဒ္ဒါတို့၏အနက်တို့၌၊ ခဆသာ- ခ, ဆ, သပစ္စည်းတို့သည်၊ ဟောန္တိ- ကုန်၏။ ဗုဘုက္ခတိ, ဇိဃစ္ဆတိ, ဇိဂီသတိ, သုဿူသတိ, ပိဝါသတိ စသည်တည်း။
၂၉။ တုမိစ္ဆတ္ထေသု၌ တုံပစ္စည်း၏အနက်ဟူသည် “ဘောတ္တုံ-စားခြင်း ငှာ”စသည်ဖြင့် “ငှာ”ဟုဆိုရသော တုမတ္ထသမ္ပဒါန်အနက်တည်း၊ ဣစ္ဆာ သဒ္ဒါ၏အနက်ဟူသည် “လိုလား၏, လိုချင်၏, အလိုရှိ၏”ဟု ဆိုရသော အနက်တည်း၊ ထိုတုံပစ္စည်း၏အနက်, ဣစ္ဆာသဒ္ဒါ၏အနက် ဤ၂ နက်ကို ခ ဆ သပစ္စည်းတို့က ဟောနိုင်သည်၊ ထို့ကြောင့် “ဗုဘုက္ခတိ-စားခြင်းငှာ အလိုရှိ၏”ဟု “ငှာ”ဟူသောအနက်, “လို”ဟူသောအနက်ပါအောင် ဆိုကြ သည်၊ “စားလို၏, စားချင်၏”ဟု ဆိုလိုသည်၊ (ဘုဇဓာတ်ပုံစံ)။
ဇိဃစ္ဆတိ-စားခြင်းငှာ အလိုရှိ၏, စားလို၏, စားချင်၏, ဆာ၏၊ (ဃသ ဓာတ်၏ပုံစံ)၊ ဇိဂီသတိ-ဆောင်ခြင်းငှာ အလိုရှိ၏, ဆောင်ယူချင်၏၊(ဟရ ဓာတ်၏ပုံစံ)၊ သုဿူသတိ-နားထောင်ခြင်းငှာ အလိုရှိ၏, နားထောင်လို၏, နာယူချင်၏၊ (သုဓာတ်၏ပုံစံ)၊ သုပါဒီဟိ၌ အာဒိဖြင့် ဇိဓာတ်ကို ယူ၍ “ဝိဇိဂီသတိ-အောင်နိုင်ချင်၏”ဟု ပုံစံထုတ်ပါ။
ကတ္တူ ပမာနာ- ကတ္တား၏ဥပမာနဖြစ်သော၊ နာမတော- နာမ်မှနောက်၌၊ အာစာရေ- ပြုကျင့်ခြင်းအနက်၌၊ အာယ- အာယပစ္စည်းသည်၊ ဟောတိ- ဖြစ်၏။ ပဗ္ဗတာယတိ စသည်တည်း။
၃၀။ ပဗ္ဗတာယတိ-တောင်ကဲ့သို့ ပြုကျင့်၏၊ [ဒါစာရေ၌ ဒ-ကား လာသော အပိုအက္ခရာတည်း၊ အာစာရေသာ လိုရင်းဖြစ်၏။] “သံဃော ပဗ္ဗတော ဣ၀ အတ္တာနံ အာစရတိ”ဟု ဝါကျတစ်ခု ခင်းပြ၍ ဤသုတ် ပဗ္ဗတော ဣ၀ အတ္တာနံ အာစရတိ”ဟု ဝါကျတစ်ခု ခင်းပြ၍ ဤသုတ် တောင်ကဲ့သို့၊ (သီလ သမာဓိ ပညာတို့ဖြင့် တောင်ကြီးလို ခိုင်မြဲအောင်) အတ္တာနံ-မိမိကို၊ အာစရတိ-ပြုကျင့်၏၊ ဤဝါကျ၌ ကတ္တားပုဒ်ကား သံဃောတည်း၊ ထိုကတ္တားပုဒ်၏ဥပမာန (နှိုင်းယှဉ်ကြောင်း) သဒ္ဒါကား ပဗ္ဗတောတည်း၊ ထိုပဗ္ဗတသဒ္ဒါသည် ဓာတ်မဟုတ်, ပဗ္ဗတော ပဗ္ဗတာ စသည်ဖြင့် နာမ်ဂိုဏ်းစဉ်၍ ရကောင်းသော ရိုးရိုးနာမ်ပင်တည်း၊ ဤကဲ့သို့ ကတ္တားပုဒ်၏ ဥပမာနဖြစ်သော နာမ်နောင် အာစရတိကြိယာ၏ (ပြုကျင့် ခြင်း) အနက်၌ အာယပစ္စည်း သက်။
ရုပ်တွက်။ ။ ပဗ္ဗတာယတိကို ပဗ္ဗတတည်, အာယ နာမတော ကတ္တူ ပမာနာ ဒါစာရေသုတ်ဖြင့် ပဗ္ဗတနာမ်နောင် -ါယပစ္စည်း သက်, တ်ခွင်း, ချေ, ကပ် (ပဗ္ဗတာယ), ဝတ္တမာနာ ပစ္စုပ္ပန္နေသုတ်ဖြင့် ပစ္စုပ္ပန်အနက်၌ ဝတ္တမာန် တိဝိဘတ် သက်, ပဗ္ဗတာယတိ ပြီး၏။
သမုဒ္ဒါယတိ။ ။ “သံဃော သမုဒ္ဒေါ ဣ၀ အတ္တာနံ အာစရတိ” ဟူသော အနက်၌ သမုဒ္ဒဟူသော နာမ်လိန်နောင် အာယပစ္စည်းသက်၍ သမုဒ္ဒါယတိဟု ရှိ၏၊ သံဃော-သံဃာသည်၊ သမုဒ္ဒေါ ဣဝ-သမုဒ္ဒရာ ကဲ့သို့၊ (သမုဒ္ဒရာသည် ကမ်းကို မလွန်သကဲ့သို့ သီလတည်းဟူသော ကမ်းကို မလွန်အောင်) အာစရတိ-ပြုကျင့်၏၊ သမုဒ္ဒါယတိ-သမုဒ္ဒရာကဲ့သို့ ပြုကျင့်၏။
ဥပမာနာ- ကံ၏ဥပမာနဖြစ်သော၊ နာမတော- နာမ်မှနောက်၌၊ အာစာရေ- ပြုကျင့်ခြင်းအနက်၌၊ ဤယ- ဤယပစ္စည်းသည်၊ ဟောတိ- ဖြစ်၏။ ဆတ္တီယတိ စသည် တည်း။
၃၁။ ဆတ္တီယတိ-ထီးကဲ့သို့ ပြုကျင့်၏။ [ရှေ့သုတ်က ကတ္တူပမာန, ဤသုတ်က ကမ္မူပမာနဟု ခွဲ။] ဤသုတ် အဓိပ္ပာယ်ကိုလည်း “အဆတ္တံ ဆတ္တမိ၀ အာစရတိ”ဟု ဝါကျခင်း၍ ရှင်းလင်းရာ၏၊ ဝနကမ္မိကော တောအမှုကို ပြုတတ်သော တောင်သူသည်၊ အဆတ္တံ-ထီးမဟုတ်သော သစ်ခက်ကို၊ ဆတ္တမိဝ-ထီးကိုကဲ့သို့၊ အာစရတိ-ပြုကျင့်၏၊ (ထီးလုပ် ဆောင်း၏။)
ဤဝါကျ၌ “အဆတ္တံ”ကား ကံပုဒ်တည်း၊ ဆတ္တမိဝ၌ “ဆတ္တံ”ကား ထိုကံပုဒ်၏ ဥပမာနတည်း၊ ထိုဥပမာနဖြစ်သော ဆတ္တသဒ္ဒါသည် “ဆတ္တံ ဆတ္တာနိ”စသည်ဖြင့် ဂိုဏ်းစဉ်နိုင်သော နာမ်ပုဒ်တည်း၊ ကံပုဒ်၏ ဥပမာန လည်းဖြစ်, နာမ်လည်းဖြစ်သော ဆတ္တသဒ္ဒါနောင် ဤသုတ်က ဤယ ပစ္စည်း သက်၏၊ ထို ဤယပစ္စည်းသည် အာ ရှေးရှိသော စရဓာတ်၏ အနက်ကို ဟောသောကြောင့် ဤယပစ္စည်းနှင့်တွဲရသော ဆတ္တသဒ္ဒါလည်း နာမ်သဘောကို စွန့်၍ ဓာတ်သဘော၌ တည်သည်။
ရုပ်တွက်။ ။ ဆတ္တီယတိကို ဆတ္တတည်၊ ဤယူပမာနာ စသုတ်ဖြင့် ဆတ္တနာမ်ပုဒ်နောင် အာစာရအနက်၌ -ိယပစ္စည်းသက်, တ္တ်ခွင်း, ချေ, ကပ် (ဆတ္တီယ), ဝတ္တမာနာ ပစ္စုပ္ပန္နေသုတ်ဖြင့် ဝတ္တမာန် တိဝိဘတ် သက်, ဆတ္တီယတိ ပြီး၏။ [ပုတ္တီယတိ (သားကဲ့သို့ ပြုကျင့်၏)ကိုလည်း ပုတ္တ တည်၍ တွက်လေ။]
နာမမှာ- ဥပမာနမဟုတ်သော နာမ်ပုဒ်မှ နောက်၌၊ အတ္တိစ္ဆတ္ထေ- မိမိဖို့ အလိုရှိခြင်းအနက်၌၊ ဤယ- ဤယ ပစ္စည်းသည်၊ ဟောတိ- ၏။ ပတ္တီယတိ စသည် တည်း။
၃၂။ အတ္တိ.စ္ဆ.တ္ထ- အတ္တ+ဣစ္ဆာ+အတ္ထ၊ မိမိအကျိုးငှာ၊ ဝါ-မိမိဖို့+ ဣစ္ဆာ=လိုချင်ခြင်းဟူသော+အတ္ထ=အနက်၊ မိမိဖို့ လိုချင်ခြင်းအနက်ကို “အတ္တိစ္ဆတ္ထ” ဟု ခေါ်၍ ထိုအနက်၌ “ဤယ” ပစ္စည်း သက်သည်။ [ပတ္တီယတိ-သပိတ်ကို လိုချင်၏။]
“အတ္တနော ပတ္တံ ဣစ္ဆတိ”ဟု ဝါကျခင်း၍ ရှင်းလင်းရာ၏၊ ဘိက္ခုရဟန်းသည်၊ အတ္တနော-မိမိဖို့၊ ပတ္တံ-သပိတ်ကို၊ ဣစ္ဆတိ-လိုချင်၏၊ မိမိ၏ ပင်ကိုရှိပြီးသပိတ် မဟုတ်, မိမိဖို့ သပိတ်အသစ် လိုချင်မှုကို အတ္တိစ္ဆတ္ထ ဟု ခေါ်၏၊ ပတ္တဟူသော နာမ်နောင် ဣသုဓာတ်၏ အနက်၌ -ိယပစ္စည်း သက်သောကြောင့် ပတ္တီယကို နာမဓာတ်ဟု ခေါ်သည်။
ရုပ်တွက်။ ။ ပတ္တီယတိကို ပတ္တတည်၊ နာမမှာတ္တိစ္ဆတ္ထေသုတ်ဖြင့် ပတ္တ ဟူသော နာမ်နောင် -ီယပစ္စည်းသက်, တ္တ်ခွင်း, ချေ, ကပ် (ပတ္တီယ), ဝတ္တမာနာ ပစ္စုပ္ပန္နေသုတ်ဖြင့် ဝတ္တမာန် တိဝိဘတ် သက်, ပတ္တီယတိ ပြီး၏။
ဓာတူဟိ- ဓာတ်တို့မှ နောက်၌၊ ဟေတွတ္ထေ- အကြောင်းကြိယာဟူသော အနက်၌၊ ဏေ ဏယ ဏာပေ ဏာပယ- ဏေပစ္စည်း, ဏယပစ္စည်း, ဏာပေပစ္စည်း, ဏာပယပစ္စည်းတို့သည်၊ ဟောန္တိ- ကုန်၏။ ကာရိတာနိ- ကာရိတ်လည်း မည်ကုန်၏။ ပါစေတိ, ပါစယတိ, ပါစာပေတိ, ပါစာပယတိ စသည်တည်း။
၃၃။ [ဏာပယာဟု ဆိုသင့်လျက် ယောဝိဘတ်ကို ချေထားသော ကြောင့် “ဏာပယ”ဟု ဖြစ်နေသည်။] ဤသုတ်သည် ကာရိတ်ပစ္စည်း သက်သောသုတ်တည်း၊ ပိဋကတ်တော်၌ ကာရိတ်ပစ္စည်းများ အတော် အရေးကြီး၏၊ ပါစေတိ ပါစယတိ ပါစာပေတိ ပါစာပယတိ-ချက်စေ၏၊ (အချက်ခိုင်း၏၊) ပါစေတိ၌ ပစဓာတ် ဏေပစ္စည်း တိဝိဘတ်တည်း၊ ထိုတွင် ပစဓာတ်သည် “ချက်”ဟူသော အနက်ကို ဟော၏၊ ဏေပစ္စည်း သည် “စေ”ဟူသော အနက်ကို ဟော၏၊ တိဝိဘတ်ကား “တတ်၏” ဟူသော ကတ္တားအနက်ကို ဟောသည်။
ဤပုံစံ၌ “စေ”ဟူသောအနက်ကို စဉ်းစားရာ၏၊ “သခင်သည် အစေခံ ကို ထမင်းချက်ဖို့ရန် စေ၏-ခိုင်း၏၊ သခင်က စေခိုင်းခြင်းကြောင့် အစေခံ သည် ထမင်းချက်၏” ဤစကားရပ်၌ စေခိုင်းခြင်းကား အကြောင်း, ချက်ခြင်းကားအကျိုးတည်း၊ “စေခိုင်းခြင်း”ဟူသည်ကို လက်ဆုပ်လက်ကိုင် ရှာလျှင် အစေခံကို ထမင်းချက်စေလိုသည့်အတွက် လက်ပြ ခြေပြပြုခြင်း ဟူသော ကိုယ်အမူအရာနှင့် “ထမင်းချက်လိုက်”ဟု ပြောဆိုခြင်းဟူသော နှုတ်အမူအရာကြိယာကို ရ၏၊ ထိုစေခိုင်းခြင်းအမူအရာသည် ချက်ခြင်း၏ အကြောင်းလည်း ဟုတ်၏, ကြိယာတစ်မျိုးလည်း ဟုတ်၏၊ ထို့ကြောင့် “ဟေတွတ္ထေ-အကြောင်းကြိယာဟူသော အနက်၌”ဟု ဆိုရသည်။ [ထို စေခိုင်းခြင်း အမူအရာကြိယာကို “ပယောဇကဗျာပါရ”ဟု ကျမ်းဂန်၌ သုံးစွဲ၏၊ ပယောဇက-စေခိုင်းသူ၏+ဗျာပါရ၊ လုံ့လပယောဂ၊ လက်ပြခြေပြ ခြင်း စသော ကာယပယောဂ, နှုတ်ဖြင့် စေခိုင်းခြင်းစသော ဝစီပယောဂ, အချို့အရာ၌ မနောပယောဂများတည်း။]
ကာရိတာနိ- ဤ၌ ကာရိတသဒ္ဒါသည် “ပြုစေခြင်း” အနက်ကို ဟော၏၊ “ပြု”ဟူသော စကားလည်း ကြိယာအများနှင့် ဆက်ဆံ၏၊ ချက်မှုကို ပြု၏, စားမှု, သွားမှု, အိပ်မှု, ဘာဝနာပွားမှုကို ပြု၏ စသည်ဖြင့် အားလုံးသော ကြိယာ၌ “ပြု”ဟူသော ကြိယာပါဝင်နိုင်၏၊ ထို့ကြောင့် စေခိုင်းမှု အနက်အားလုံး၌ ပြုစေခြင်းကြိယာ ပါဝင်နိုင်သောကြောင့် ထို ဏေပစ္စည်း စသည်ကို ကရဓာတ်ဖြင့် “ကာရိတ, ဝါ-ကာရိတ်”ဟု နာမည် မှည့်ရသည်။
ဤကာရိတ်ပစ္စည်းတို့၂ ပစ္စည်းသက်ရာဓာတ်, ၄ ပစ္စည်းလုံးသက်နိုင်ရာ ဓာတ်များကို ရူပသိဒ္ဓိ၌ အထိုက်အလျောက် ခွဲပြထားသည်၊ အကျဉ်းချုပ် မှတ်နှင့်ရန် ဝိသုဒ္ဓါရုံသုတ်နက်လာ လင်္ကာဆောင်ပုဒ်ကား…
[ဆောင်] ဥဝဏ်နောင်ကျ, ဏေ ဏယသာ၊ စုရာ ဣဝဏ္ဏေ, အာသြ ဧမှာ, ဏာပေ ဏာပယ-နောက်နှစ်ဝမှတ်၊ နေကဿရာဓာတ်နောက်မှာ လေး, ချို့မှာ ဒွေး, လိုက်ရေး မဏ္ဍူ ဝါ ကြောင့်တည်း။
ဤ ကာရိတ်ပစ္စည်းနှင့်တွဲဖက်၍ ကံ ကတ္တား အသွားအလာသည် လွန်စွာကျယ်ဝန်း၏၊ ကလေးများဉာဏ်နှင့် မလျော်ကံသေး၍ ကာရကပိုင်း ကျမှ ကျယ်ဝန်းစွာ ခွဲပြပေအံ့၊ ရုပ်ကိုလည်း နောက်မှ တွက်ပါ။
ဓာတုရူပေ- ဓာတ်၏သဘောသည်၊ သတိ- ရှိလတ်သော်၊ နာမသ္မာ- နာမ်မှ နောက်၌၊ ဏယော စ- ဏယပစ္စည်းသည်လည်း၊ ဟောတိ- ၏။ ကာရိတော စ- ကာရိတ်လည်း မည်၏။ ဒဠယတိ စသည်တည်း။
၃၄။ ဒဠှယတိ-မြဲမြံအောင်ပြု၏၊ [ဓာတု၊ ဓာတ်+ရူပ=သဘော။] “ဓာတုရူပ”ဟူသည် အာယ နာမတော ကတ္တူပမာနာ ဒါစာရေသုတ် တုန်းက နာမဓာတ်မျိုးပင်တည်း၊ ဒဠယတိ၌ ဒဠကားနာမ်တည်း၊ ထို နာမ်နောင် ကရဓာတ်၏ (ပြုဟူသော) အနက်၌ ဏယပစ္စည်းသက်သည့် အခါ ဒဠဟူသော နာမ်သည်ပင် ဓာတ်သဘော သက်ရောက်၏။
“ဓာတ်သဘောသက်ရောက်”ဆိုသည်ကား ဘူ-ကရစသော ဓာတ်များ နောင် အာချာတ်ဝိဘတ် ကိတ်ပစ္စည်းများသက်၍ ဆိုင်ရာကံ ကတ္တားများ ရှိကြသလို ဤ ဒဠယနောင်လည်း “ဒဠယတိ, ဒဠယန္တော”စသည်ဖြင့် ဝိဘတ်ပစ္စည်းသက်၍ ဆိုင်ရာ ကံ ကတ္တားများ ရှိနိုင်သည်ကို ဆိုသည်။
ကံ ကတ္တားရှိကြောင်း ထင်ရှားအောင် ပါဠိဝါကျ ခင်းပြဦးအံ့ … “ပုရိသော ဝီရိယံ ဒဠယတိ” ပုရိသော-ယောက်ျားသည်၊ ဝီရိယံ-ဝီရိယကို၊ ဒဠယတိ-ခိုင်မြဲအောင် ပြု၏၊ ဤပုံစံ၌ ပုရိသော ဝီရိယံတို့သည် ဒဠှယတိ ကြိယာ၏ ကံ ကတ္တားတို့တည်း။
ကစ္စည်းဝုတ္တိ၌ “ဏယော စ”ဝယ် စသဒ္ဒါဖြင့် အာရ အာလပစ္စည်း သက်၍ “သန္တရာရတိ, ဥပက္ကမာလတိ”ဟူသော ပုံစံများ ထုတ်သေး၏၊ [သန္တရာရတိ (သ + အန္တရံ - ကရောတိ) - အကြားရှိသည်ကို ပြု၏၊ (ငြိမ်သက်သည်ကို ပြု၏ဟု ရှေးနက်ရှိ၏၊) ဥပက္ကမာလတိ (ဥပက္ကမံ ကရောတိ)-လုံ့လကို ပြု၏။] တိဇ ဂုပ ကိတ မာနေဟိ ခ ဆ သာ ဝါ သုတ်မှ ဤသုတ်တိုင်အောင် ပစ္စည်းများကို ဓာတုပစ္စယ၊ (ဓာတ်၏ အနက်ကို ဟောသော ပစ္စည်းများ)ဟု ခေါ်၏၊ ထိုဓာတုပစ္စယများသည် ခ ဆ သ အာယ ဤယ ဏေ ဏယ ဏာပေ ဏာပယ (အာရ အာလနှင့် တကွ) ကစ္စည်းကျမ်းအလို ၁၁ ပစ္စည်းရှိသည်။
ရုပ်တွက်။ ။ ဒဠယတိကို ဒဠတည်၊ ဓာတုရူပေ နာမသ္မာ ဏယော စ သုတ်ဖြင့် ဏပစ္စည်း သက်, ကာရိတ်လည်းမှည့်, ကာရိတာနံ ဏော လောပံသုတ်ဖြင့် ဏ်အနုဗန်ကို ချေ, (၊ ယ ကြွင်း၏), ဠ ခွင်း, ၊ ချေ, နောက် ၊ သို့ ကပ် (ဒဠယ), ဝတ္တမာနာ ပစ္စုပ္ပန္နေသုတ်ဖြင့် တိ ဝိဘတ် သက်, ဒဠယတိ ပြီး၏။
ဘာဝကမ္မေသု- ဘောအနက် ကံအနက်တို့၌၊ ယော- ယပစ္စည်းသည်၊ ဟောတိ- ၏။ ဘူယတေ, ပစ္စတေ စသည်တည်း။
၃၅။ ဘောအနက်ဟူသည် တစ်စုံတစ်ခုထူးခြားသော အနက်ပိုမဟုတ်, ဓာတ်၏ပင်ကိုအနက်တည်း၊ ထို့ကြောင့် ဘူဓာတ်သည် ဖြစ်ခြင်းအနက်ကို ဟောသောကြောင့် ဘောအနက်ပေးသည့်အခါ “ဘူယတေ၊ ဖြစ်ခြင်း”ဟု အနက်ပေးရသည်၊ တစ်ရံတစ်ခါ၌ “ဘူယတေ=ဖြစ်ရာ၏”ဟု “ရာ၏”သံ ထည့်၍ အနက်ဆိုကြသည်မှာ အဆုံးသတ်ကြိယာနက် ထင်ရှားအောင် ဆိုခြင်းမျှသာ ဖြစ်သည်၊ ပစ္စတေ-ချက်ခြင်း, ချက်ရာ၏။
ကံအနက်ဟူသည်လည်း နဂိုဓာတ်နက်တွင် အပိုဝင်လာသောအနက် တည်း၊ ထို့ကြောင့် “ပစ္စတေ-ချက်အပ်၏”ဟု “အပ်”သံပါအောင် အနက် ဆိုကြ၏၊ “ချက်အပ်၏”ဟူရာ၌ “ချက်ခြင်းကြိယာသည် ထမင်းဒြဗ်၌ အပ်နေ - ကပ်နေသည်, ထမင်းဒြဗ်နှင့် စပ်နေသည်”ဟု ဆိုလိုသည်၊ “လမ်းကို သွားအပ်၏”ဟူရာ၌လည်း “သွားခြင်းကြိယာသည် လမ်းပေါ်၌ အပ်၊ ကပ်=ထပ်နေသည်”ဟု ဆိုလိုသည်။
ဓာတ်ရုပ်တွက်ရာ၌ မှာထားချက်။ ။ အာချာတ်ဓာတ်ရုပ်တွက်ရာ၌ ထိုထိုဓာတ်တို့၏ ဟောနက်ကား ကြိယာတစ်မျိုးမျိုးတည်း၊ ထိုဟောနက် ကြိယာ ထင်ရှားအောင် “ဓာတ်ကြား” ဟူသော ရှေးသုံးစကား ရှိ၏၊ “ဓာတ်နက်ကို ပြောကြား (ပြောပြ)ခြင်း”ဟု ဆိုလိုသည်၊ ထို့ကြောင့် ဆိုင်ရာ ဓာတ်များ တည်ထားပြီးနောက် ဓာတ်အနက်ကို ညွှန်ရလိမ့်မည်၊ ထိုသို့ ညွှန်ပြရာ၌ ဤကျမ်းက ပါဠိသက်သက်သာ ညွှန်ပြမည်၊ အနက်ကိုပါ ညွှန်ပြလျှင် အလွန်ရှည်လျားဖွယ်ရှိရုံသာမက, ထပ်တလဲလဲ တွေ့ရသော ဓာတ်နက်တွေကို အနက်ပေးရသဖြင့် စာနေ အလွန်များပေလိမ့်မည်၊ သို့ဖြစ်၍ ဓာတ်နက်များကို အက္ခရာစဉ်အတိုင်း (တတိယအကြိမ်ရိုက်၌) ဥဏာဒ်အဆုံးမှာ ပြထားသည်။
ရုပ်တွက်။ ။ ဘူယတေကို “ဘူ”တည်၊ “ဘူ၊ သတ္တာယံ” ဟူသော အနက်၌ ဘူဝါဒယော ဓာတဝေါသုတ်ဖြင့် ဘူကို ဓာတ်အမည် မှည့်, ဝတ္တမာနာ ပစ္စုပ္ပန္နေသုတ်ဖြင့် တေဝိဘတ်သက်, ဘာဝကမ္မေသု ယော သုတ်ဖြင့် ယပစ္စည်းသက်, ဘူယတေ ပြီး၏။
အမှာ။ ။ “ဘူ၊ သတ္တာယံဟူသော အနက်၌”ဟူရာဝယ် စာချသည့် အခါ၌ကား “ဘူ-ဘူဓာတ်သည်၊ သတ္တာယံ-ထင်ရှားရှိခြင်းအနက်၌၊ ဝတ္တတိ-ဖြစ်၏၊ ဣတိ အတ္ထေ-ဤအနက်၌”ဟု အကျယ်ဆိုပါစေ။
သဓာတွန္တဿ- ဓာတွန်နှင့်တကွဖြစ်သော၊ တဿ- ထိုဘော ကံ ဟော ယပစ္စည်း၏၊ စဝဂ္ဂယကာရဝကာရတ္တံ- စဝဂ်အဖြစ်, ယ အဖြစ်, ဝ အဖြစ်သို့၊ ဝါ- ပိုင်းခြားသောအားဖြင့်၊ အာပဇ္ဇတေ- ရောက်၏။ ပစ္စတေ, ယုဇ္ဇတေ, ဗုဇ္ဈတေ, ဟညတေ, ကယျတေ, သိဗ္ဗတေ စသည်တည်း။
၃၆။ ပစ္စတေ-ချက်ခြင်း (ဘောအနက်), ချက်အပ်၏ (ကံအနက်)၊ ယုဇ္ဇတေ-ယှဉ်ခြင်း, ယှဉ်အပ်၏၊ ဗုဇ္ဈတေ-သိခြင်း, သိအပ်၏၊ ဟညတေသတ်ခြင်း, သတ်အပ်၏၊ သုတ်အဆိုစုံအောင် ပုံစံများများ ထုတ်ရသည်။
ဣဝဏ္ဏာဂမော ဝါဟူသော နောက်သုတ်မှ ခြင်္သေ့များ ပြန်လှည့်သလို ပြန်၍ လိုက်သော သီဟဂတိက အဓိကာရ ဝါသဒ္ဒါက ပိုင်းခြားပေးသော ကြောင့် ဓာတွန် စဝဂ် တဝဂ်နှင့်တကွ ယပစ္စည်းကို အစဉ်အတိုင်း စဝဂ် ပြု၏၊ (စ တ တို့ကို စ, ဆ ဌ တို့ကို ဆ, ဇ ဒ တို့ကို ဇ, ဈ ဓ တို့ကို ဈ, ဉန တို့ကို ဉ ပြုသည်-ဟူလို၊) ရကို ယ, ဝကို ဝ ထပ်ပြုသည်။ [ဓာတွန္တဓာတု+အန္တ၊ ဓာတု-ဓာတ်၏၊ အန္တ-အဆုံးဗျဉ်း။]
[ဆောင်] သီဟဂတိ, ၀၀တ္ထိဟု, နောက်ရှိ ဝါတွက်, စ-တ ဝဂ်ကို, စဝဂ်ဆို၏၊ ရ ကိုကား ယ, ဝ ကို ဝ, ပြုရ စဉ်တိုင်းမှတ်။
အမှာ။ ။ ရုပ်တွက်ရာ၌ ခ ဆ သ အစရှိသော ဓာတုပစ္စယတို့ကို ဝိဘတ်မသက်ခင် သက်၍ ရုပ်တွက်ပြခဲ့ပြီ၊ အ အစရှိသော ဝိကရဏ ပစ္စည်းနှင့် ယ စသော ပစ္စည်းများကိုကား ဝိဘတ်သက်ပြီးမှ သက်ရသည်၊ ဓာတုပစ္စယေဟိ ဝိဘတ္တိယောသုတ်ကြည့်။
ရုပ်တွက်။ ။ ပစ္စတေကို “ပစ”တည်၊ “ပစ-ပါကေ”ဟူသော အနက်၌ ဘူဝါဒယော ဓာတဝေါသုတ်ဖြင့် ပစကို ဓာတ်အမည်မှည့်, ဓာတုဿန္တော လောပေါနေကဿရဿသုတ်ဖြင့် ပစဓာတ်၏ အဆုံးသရကို ချေ (ပ စ်), ဝတ္တမာနာ ပစ္စုပ္ပန္နေသုတ်ဖြင့် တေဝိဘတ်သက် (ပစ်တေ), ဘာဝကမ္မေသု ယော သုတ်ဖြင့် ယပစ္စည်းသက် (ပစ်ယတေ), တဿ စဝဂ္ဂယကာရဝကာ ရတ္တံ သဓာတွန္တဿသုတ်ဖြင့် ဓာတွန် စ်နှင့်တကွ ယပစ္စည်းကို စပြု (ပစတေ), ပရဒွေဘာဝေါ ဌာနေသုတ်ဖြင့် စ၏သဒိသဒွေးဘော် စ်လာ, ပစ္စတေ ပြီး၏။
အမှာ။ ။ ဓာတုဿန္တော လောပေါ.နေကသရဿသုတ်က သရ တစ်လုံးသာရှိသော ဘူ-ဟူ-သိ-နီ စသော ဓာတ်တို့၏သရကို မချေ, ပစဂမု စသော သရအများပါသော ဓာတ်၏အဆုံးသရကိုသာ ချေ၏၊ ထို သုတ်ကို လှမ်းကြည့်၊ ပစဓာတ်၏ အဆုံးသရကို ချေလိုက်သည့်အခါ စ၌ အ သရပျောက်၏၊ တဿ စဝဂ္ဂစသောသုတ်က ဓာတွန် စ်နှင့်တကွ ယကို စ ပြုသည့်အခါ စ၌ အ သရ ပါလာသည်။
ယုဇ္ဇတေကို “ယုဇ”တည်၊ “ယုဇ၊ ယောဂေ”ဟူသော အနက်၌ ဘူဝါ ဒယော ဓာတဝေါသုတ်ဖြင့် ယုဇကို ဓာတ်အမည်မှည့်, ဓာတုဿန္တော လောပေါနေကသရဿသုတ်ဖြင့် ဓာတ်၏အဆုံးသရကို ချေ (ယုဇ်), တေ ဝိဘတ်, ယပစ္စည်း သက် (ယုဇ် ယ တေ), တဿ စဝဂ္ဂယကာရဝကာရတ္တံ သုတ်ဖြင့် ဓာတွန် ဇ်နှင့်တကွ ယပစ္စည်းကို ဇ ပြု, သိသဒွေးဘော် ဇ်လာ, ယုဇ္ဇတေ ပြီး၏။
ဗုဇ္ဈတေကို “ဗုဓ”တည်၊ “ဗုဓ၊ အဝဂမနေ”ဟူသောအနက်၌ ဓာတ် မှည့်, အဆုံးသရ ချေ, တေဝိဘတ်, ယပစ္စည်း သက်, တဿ စဝဂ္ဂစသော သုတ်ဖြင့် ဓာတွန် ဓ်နှင့်တကွ ယကို ဈ ပြု, ဝဂ္ဂေ ဃောသာဃောသာနံ တတိယပဌမာသုတ်ဖြင့် ဈ၏ အသဒိသဒွေးဘော် ဇ်လာ, ဗုဇ္ဈတေ ပြီး၏။
ဟညတေကို “ဟန”တည်၊ ဟန၊ ဟိံသာဂတီသု”ဟူသောအနက်၌ ဓာတ်မှည့်, အဆုံးသရ ချေ, တေဝိဘတ်, ယပစ္စည်း သက်, တဿ စဝဂ္ဂစသော သုတ်ဖြင့် ဓာတွန် န်နှင့်တကွ ယကို ဉ ပြု, သဒိသဒွေးဘော် ဉလာ, ဟညတေ ပြီး၏။
ကယျတေကို “ကရ”တည်၊ “ကရ၊ ကရဏေ”ဟူသောအနက်၌ ဓာတ် မှည့်, အဆုံးသရချေ, တေဝိဘတ် ယပစ္စည်းသက်, တဿ စဝဂ္ဂစသော သုတ်ဖြင့် ဓာတွန် ရ်နှင့်တကွ ယ ကို ယ ပြု, သဒိသဒွေးဘော် ယ လာ, ကယျတေ ပြီး၏။
သိဗ္ဗတေကို “သိဝု”တည်၊ “သိဝု၊ တန္တသန္တာနေ”ဟူသောအနက်၌ ဓာတ်မှည့်, အဆုံးဥသရချေ, တေဝိဘတ် ယပစ္စည်းသက်, တဿ စဝဂ္ဂ စသောသုတ်ဖြင့် ဓာတွန် ဝ်နှင့်တကွ ယပစ္စည်းကို ဝ ပြု, သဒိသဒွေးဘော် ဝ် လာ, ဒေါ ဓဿ စသုတ်၌ စသဒ္ဒါဖြင့် ၀၂ လုံးကို ဗ၂ လုံးပြု, ပြီး၏။
အမှာ။ ။ ”ဓာတ်မှည့်”ဟု ဆိုသမျှ၌ ဘူဝါဒယော ဓာတဝေါဖြင့်ချည်း မှည့်၊ “အဆုံးသရချေ”ဟုဆိုသမျှ၌ ဓာတုဿန္တော လောပေါနေကသရဿ သုတ်ဖြင့်ချည်း ချေ၊ “ဝိဘတ်သက်”ဟူရာ၌ ဝတ္တမာနာ ပစ္စုပ္ပန္နေ စသော ဆိုင်ရာသုတ်ဖြင့် သက်၊ နောက်နောက် ရုပ်များ၌လည်း သုတ်ကို မဖော်လျှင် ထိုသုတ်များကို ဖော်ဆိုပါလေ။
ယမှိ- ဘော ကံဟော ယပစ္စည်း ကြောင့်၊ ဣဝဏ္ဏာဂမော- ဣဝဏ်၏လာခြင်းသည်၊ ဝါ- ဝိကပ် အားဖြင့်၊ ဟောတိ- ဖြစ်၏။ ပစီယတေ, ပစိယျတေ, ဂမီယတေ, ဂမိယျတေ စသည်တည်း။
၃၇။ [ပစီယတေ, ပစိယျတေ-ချက်ခြင်း, ချက်အပ်၏၊ ဂမီယတေ, ဂမိယျတေ-သွားခြင်း, သွားအပ်၏။] ဤသုတ်ကား ဘော ကံဟော ယ ပစ္စည်းနှောင်းရာ၌ ဣဝဏ်လာသော သုတ်တည်း၊ ဝါသဒ္ဒါက ဝိကပ် ပြု သောကြောင့် ဣ ဤ မလာဘဲ ရှေ့သုတ်က စီရင်၍ ပစ္စတေ စသည်လည်း ဖြစ်၏။
ယပစ္စည်း၂ မျိုး။ ။ ယပစ္စည်းသည် “ဒိဝါဒိတော ယော”သုတ်ဖြင့် သက်သော ယပစ္စည်း, “ဘာဝကမ္မေသု ယော”ဖြင့်သက်သော ယပစ္စည်းဟု ၂ မျိုးရှိ၏၊ ထိုတွင် နောက် ယပစ္စည်းကို ယူစေလို၍ “ယမှိ-ဘော ကံ ဟော ယပစ္စည်းကြောင့်”ဟု အနက်ဆိုသည်။
မှတ်ချက်။ ။ “ဣဝဏ်၂ လုံးတွင် ဤ လာလျှင် ယပစ္စည်းကို ဒွေးဘော် မပြုရ, ပစီယတေဟု ဖြစ်၏၊ ဣလာလျှင် ယပစ္စည်းကို ဒွေးဘော်ပြု၍ ပစိယျတေ စသည် ဖြစ်၏”ဟု စည်းကမ်း သတ်မှတ်ကြ၏၊ သို့သော် ကျမ်းဂန်များ၌ -ီ လာလျက်ပင် ယပစ္စည်း ဒွေးဘော်ပြုသော ပစီယျတေ ရုပ်မျိုးကိုလည်း တွေ့ရသည်။
ရုပ်တွက်။ ။ ပစီယတေကို “ပစ”တည်၊ “ပစ၊ ပါကေ”ဟူသော အနက်၌ ဘူဝါဒယော ဓာတဝေါသုတ်ဖြင့် ပစကို ဓာတ်မှည့်, အဆုံးသရ ချေ, တေဝိဘတ်, ယပစ္စည်းသက် (ပစ်ယတေ), ဣဝဏ္ဏာဂမော ဝါ သုတ်ဖြင့် ယပစ္စည်းကြောင့် -ီ လာ, ပစီယတေ ပြီး၏။ [ပစီယျတေ၌ -ိလာ၍, ပရဒွေဘာဝေါ ဌာနေသုတ်ဖြင့် ယပစ္စည်းကို ဒွေးဘော်ပြုရုံသာ၊၊]
ဂမိယျတေကို “ဂမု”တည်၊ “ဂမု၊ ဂတိမှိ”ဟူသောအနက်၌ ဓာတ်မှည့်, အဆုံးသရချေ, တေဝိဘတ် ယပစ္စည်းသက် (ဂမ် ယ တေ), ဣဝဏ္ဏာ ဂမော ဝါသုတ်ဖြင့် ယပစ္စည်းကြောင့် -ိလာ (ဂမိယတေ), ပရ ဒွေဘာဝေါ ဌာနေသုတ်ဖြင့် ယ၏သဒိသဒွေးဘော် ယ်လာ, ဂမိယျတေ ပြီး၏။ [ဂမီ ယတေကိုလည်း တွက်လေ၊ ဤသုတ်၏ အရာသည် လွန်စွာကျယ်ဝန်း၏၊၊]
သော- ထို ယပစ္စည်းသည်၊ ပုဗ္ဗရူပဉ္စ- ရှေ့ဓာတွန်အက္ခရာ၏ ရုပ်သွင်သို့လည်း၊ ဝါ- ဝိကပ်အားဖြင့်၊ အာပဇ္ဇတေ- ၏။ သက္ကတေ, ဂမ္မတေ, ဒမ္မတေ စသည်တည်း။
၃၈။ သက္ကတေ-စွမ်းနိုင်ခြင်း, စွမ်းနိုင်ရာ၏၊ (သူ့ချည်းသက်သက် ကံကို မဟောနိုင်သောဓာတ်များ၌ “အပ်”ဟု ကံအနက် မဆို၊) ဂမ္မတေသွားခြင်း, သွားအပ်၏၊ ဒမ္မတေ-ဆုံမခြင်း, ဆုံးမအပ်၏။
ပုဗ္ဗရူပဉ္စ-ပုဗ္ဗ-ရှေးအက္ခရာ၏+ရူပ-ရုပ်၊ အသွင်=ပုံဟန်၊ “ယပစ္စည်းကို ရှေ့ဓာတွန် (ဓာတ်၏အဆုံး) အက္ခရာနှင့် ရုပ်သွင်တူအောင် ပြုရမည်” ဟူလို၊ ဥပမာ-သကဓာတ်နောင် ယပစ္စည်းသက်လျှင် “သ က် ယ”ဟု ဖြစ်၏၊ ယကို ရှေ့ဓာတွန်ကနှင့်ရုပ်သွင်တူအောင် “သ က် က”ဟုဖြစ်၏၊ [ယပစ္စည်းကို ရှေ့ဓာတွန်နှင့် ရုပ်သွင်တူအောင် ပြုသည့်အခါ ယ၌ ပင်ကို ကပင် အ သရပါသောကြောင့် နောက်မှ ပြုအပ်သော (က်) ဗျဉ်းလည်း ထိုသရ၌ ကပ်မြဲ ကပ်နေ၏၊ ဤရှေ့ဓာတွန်အက္ခရာနှင့်တူအောင် ပြုမှုကို ရုပ်တွက်ရာ၌ ပုဗ္ဗ+ရူပပုဒ်ကို ရှု၍ “ပုဗ္ဗ+ရုပ်ပြု”ဟု ဆိုရသည်။]
မှတ်ချက်။ ။ ဤ ပုဗ္ဗရူပဉ္စသုတ်ကား ရှေ့ တဿ စဝဂ္ဂသုတ်က မစီရင်နိုင်သော ယပစ္စည်း အားလုံးကို သိမ်းကြုံး၍ ပုဗ္ဗရုပ် ပြုနိုင်၏၊ ရှေ့သုတ်က မစီရင်သော အက္ခရာတို့ကား က ဋ ပ က ဋ ပ ဝဂ် ၃ ခုနှင့် ယ လ သ အက္ခရာစုတည်း။ [ဟနှင့် ဠ အံ တို့မှာ ဤ ၂ သုတ်နှင့် ဆိုင်သော ပါဠိပုံစံ မရှိ။]
[ဆောင်] တဿ စဝဂ်, မဆိုမြွက်သည့်, ကဝဂ် ဋ ပ, ဝဂ်သုံးဝနှင့်, ယ လ သပါ, အကရာစု, ဓာတွန်ရှု, ပြုလေ ပုဗ္ဗရုပ်။
ရုပ်တွက်။ ။ သက္ကတေကို “သက”တည်၊ “သက၊ သာမတ္ထေ”ဟူသော အနက်၌ ဓာတ်မှည့်, အဆုံးသရချေ, တေဝိဘတ် ယပစ္စည်းသက် (သ က် ယ တေ), ပုဗ္ဗရူပဉ္စသုတ်ဖြင့် ယပစ္စည်းကို ပုဗ္ဗရုပ်ပြု, က်ကို ကသို့ ကပ်, သက္ကတေ ပြီး၏။
ဂမ္မတေကို “ဂမု”တည်၊ “ဂမု၊ ဂတိမှိ”ဟူသော အနက်၌ ဓာတ်မှည့် စသည်ဆို၍ ပုဗ္ဗရုပ် (မ)ပြုလျှင် ပြီး၏။ [ဂမီယတေ ဂမ္မတေ အပြင် ဂမု နောင် တေဝိဘတ် ယပစ္စည်းသက်၍ မည်သည့်သုတ်နှင့်မျှ မစီရင်ရဘဲ မ်ကို ယသို့ ကပ်လျှင် “ဂမျတေ”ဟုလည်း ဖြစ်သေး၏။] ဒမ္မတေကို “ဒမု” တည်၊ “ဒမု=ဒမနေ”စသည် ဆို၍ တွက်လေ။
တထာ- ထိုတဿ စဝဂ္ဂသုတ်, ပုဗ္ဗရူပဉ္စသုတ်တို့၌ စီရင်သည့်အတိုင်း၊ ကတ္တရိ စ- ကတ္တားအနက် ၌လည်း၊ ယဿ- ဒိဝါဒိ ယပစ္စည်း၏၊ အာဒေသော- စဝဂ်အပြု, ယအပြု, ဝအပြု, ပုဗ္ဗရုပ်အပြုသည်၊ ဟောတိ- ဖြစ်၏။ ဗုဇ္ဈတိ, တုဿတိ စသည်တည်း။
၃၉။ [ဗုဇ္ဈတိ-သိ၏၊ တုဿတိ-နှစ်သက် (အားရ၊ တင်းတိမ်=ရောင့်ရဲ) ၏။] ဘော ကံဟော ယပစ္စည်းကို တဿ စဝဂ္ဂ ယကာရ ဝကာရတ္တံ သုတ်က ဓာတွန်နှင့်တကွ စဝဂ်ပြု, ယပြု, ဝပြု၍ ပုဗ္ဗရူပဉ္စသုတ်က ပုဗ္ဗရုပ် ပြုသကဲ့သို့ ထို့အတူ ဤ တထာ ကတ္တရိ စသုတ်က ဒိဝါဒိတော ယော သုတ်ဖြင့် သက်သော ကတ္တားဟော ယပစ္စည်းကို စဝဂ်ပြု, ယပြု, ဝပြု, ပုဗ္ဗရုပ် ပြုပါလေဟု ညွှန်ပြသည်။
မှတ်ချက်။ ။ “ယထာ ကတ္တရိ စ”ဟု အချို့စာ၌ ရှိသော်လည်း ရှေ့က စကားကို ညွှန်ပြရာ၌ တထာသဒ္ဒါဖြင့်ချည်း ညွှန်ပြရိုးရှိ၏၊ ထို့ကြောင့် ဆရာတို့နှင့် သီဟိုဠ်မူအလို “တထာ ကတ္တရိ စ”ဟုသာ ရှိစေ။
ရုပ်တွက်။ ။ ဗုဇ္ဈတိကို “ဗုဓ” တည်၊ “ဗုဓ၊ အဝဂမနေ” ဟူသော အနက်၌ ဘူဝါဒယော ဓာတဝေါသုတ်ဖြင့် ဗုဓကို ဓာတ်အမည် မှည့်, အဆုံးသရချေ, တိဝိဘတ်သက် (ဗုဓ်တိ), ဒိဝါဒိတော ယောသုတ်ဖြင့် ယပစ္စည်းသက် (ဗုဓ် ယ တိ), တထာ ကတ္တရိ စသုတ်ဖြင့် ဓာတွန် ဓ်နှင့်တကွ ယပစ္စည်းကို ဈ ပြု (ဗု ဈ တိ), ဈ၏ အသဒိသဒွေးဘော် ဇ် လာ, ဗုဇ္ဈတိ ပြီး၏၊ [ကံဟော ယပစ္စည်းဖြင့် ဗုဇ္ဈတေ (သိအပ်၏), ကတ္တားဟော ယပစ္စည်းဖြင့် ဗုဇ္ဈတိ (သိတတ်၏)ဟု ရုပ်ဖြစ်၏။]
တုဿတိကို “တုသ”တည်၊ “တုသ၊ ပီတိမှိ”ဟူသော အနက်၌ ဓာတ် မှည့်, အဆုံးသရချေ, တိဝိဘတ် ဒိဝါဒိ ယပစ္စည်းသက် (တု သ် ယ တိ), တထာ ကတ္တရိ စသုတ်ဖြင့် ယပစ္စည်းကို ပုဗ္ဗရုပ်(သ)ပြု, (တု သ် သ တိ) သ် ကို သ သို့ ကပ်, တုဿတိ ပြီး၏။
ကတ္တရိ- ကတ္တားအနက်၌၊ ဝဟိ တေသု- စီရင်အပ်သော ဝိဘတ် ပစ္စည်းတို့ကြောင့်၊ ဘူဝါဒိတော- ဘူဝါဒိဂဏိကဓာတ်မှ နောက်၌၊ အ- အပစ္စည်းသည်၊ ဟောတိ- ၏။ ဘဝတိ, ပစတိ, လဘတိ, ဂစ္ဆတိ စသည်တည်း။
၄၀။ [ဘဝတိ-ဖြစ်၏၊ ပစတိ-ချက်၏၊ လဘတိ-ရ၏၊ ဂစ္ဆတိ-သွား၏၊၊] ဤ ဘူဝါဒိတော အသုတ်မှစ၍ စုရာဒိတော ဏေ ဏယာတိုင်အောင် သုတ်များသည် ဝိကရဏပစ္စည်းသက်သော သုတ်များတည်း၊ ဘူဝါဒိတော အ သုတ်ဖြင့် အပစ္စည်းသက်၍ ပြီးကောင်းသော ဓာတ်အပေါင်းကို ဘူဝါဒိ ဂဏိကဓာတ်ဟုလည်းကောင်း, ရုဓာဒိတော နိဂ္ဂဟီတ ပုဗ္ဗဉ္စသုတ်ဖြင့် နိဂ္ဂဟိတ်လာပြီးလျှင် အပစ္စည်းသက်၍ ပြီးကောင်းသော ဓာတ်အပေါင်းကို ရုဓာဒိဂဏိကဓာတ်ဟုလည်းကောင်း ဤသို့ စသည်ဖြင့် ပိုင်းခြားသတ်မှတ် တတ်သော ပစ္စည်းများကို ဝိကရဏပစ္စည်းဟု ခေါ်သည်။
ဝိကရဏအမည်ရပုံ။ ။ [ဝိ+ကရဏ၊ ဝိ၊ အသီးအသီး(ကွဲပြားအောင်)+ ကရဏ=ပြုတတ်သောပစ္စည်းများ၊] “ဓာတ်တို့ကို ဂိုဏ်းအားဖြင့် အသီးသီး (တစ်မျိုးစီ တစ်မျိုးစီ) ကွဲပြားအောင် ပြုတတ်သောပစ္စည်းများ”ဟူလို၊ ဤ ဝိကရဏပစ္စည်းများကို ကြည့်၍ “မည်သည့် ဂိုဏ်းဝင်ဓာတ်”ဟု မှတ်သား ရသောကြောင့် ဤ ဝိကရဏပစ္စည်းများကို “ဂိုဏ်းမှတ်ပစ္စည်း”ဟုလည်း ခေါ်ဝေါ်သုံးစွဲကြသည်။
ဝိကရဏပစ္စည်းတို့ ဝိဘတ်သက်ပြီးမှ သက်ရပုံ။ ။ ဤ အ အစရှိသော ဝိကရဏပစ္စည်းများသည် တစ်စုံတစ်ခုသော အနက်ကိုမျှ မဟောတတ် သောကြောင့် အရေးကြီးသော ပဓာနပစ္စည်းများ မဟုတ်၊ တိ စသော ဝိဘတ်များသာ ကတ္တားစသော အနက်တို့ကို ဟောကြသဖြင့် ပဓာန ဖြစ်သည်၊ သို့အတွက် ပဓာနဖြစ်သော ဝိဘတ်များကို ရှေးဦးစွာ သက်၍ အပဓာနဖြစ်သော ပစ္စည်းများကို ဝိဘတ်သက်ပြီးမှ သက်ကြရလေသည်။
ထို့ပြင် ဤအပစ္စည်းသည် သဗ္ဗဓာတ်နှောင်းရာ၌သာသက်၍ အသဗ္ဗဓာတ် ဝိဘတ်နှောင်းရာ၌ ရူပသိဒ္ဓိက မသက်လို။
ရုပ်တွက်။ ။ ပစတိကို “ပစ”တည်၊ “ပစ၊ ပါကေ”ဟူသောအနက်၌ ဓာတ်မှည့်, အဆုံးသရချေ, တိဝိဘတ်သက် (ပ စ် တိ), ဘူဝါဒိတော အ သုတ်ဖြင့် ၊ ပစ္စည်းသက်, စ်ကို ၊ သို့ကပ်, ပစတိ ပြီး၏။ [လဘတိကို “လဘ=လာဘေ”ဟု ဓာတ်နက်ဆို၍ တွက်၊ ဘဝတိ ဂစ္ဆတိ ရုပ်များ လာဦး လတ္တံ့။]
ကတ္တရိ- ကတ္တားအနက်၌၊ ဝိဟိတေသု- စီရင်အပ်သော ဝိဘတ်ပစ္စည်းတို့ကြောင့်၊ ရုဓာဒိ တော- ရုဓာဒိဂဏိကဓာတ်မှ နောက်၌၊ အ- အပစ္စည်းသည်၊ ဟောတိ- ဖြစ်၏။ နိဂ္ဂဟီတဉ္စ- နိဂ္ဂဟိတ်သည်လည်း၊ ပုဗ္ဗံ- ရှေ့ဖြစ်၍၊ အာဂမော- လာသည်၊ ဟောတိ- ဖြစ်၏။ ရုန္ဓတိ စသည်တည်း။
၄၁။ ရုန္ဓတိ-ပိတ်ဆို့၏, တားမြစ်၏၊ နိဂ္ဂဟီတံ ပုဗ္ဗဉ္စဟု ဆိုလိုလျက် တံ၌ နိဂ္ဂဟိတ်ကို ချေထားသည်ဟု ဖွင့်ကြသည်၊ နိဂ္ဂဟီတပုဗ္ဗဉ္စ၌ စသဒ္ဒါ ဖြင့် ဣ ဤ ဧ သြပစ္စည်းများလည်းသက်၍ ရုန္ဓတိ ရုန္ဓီတိ ရုန္ဓေတိ ရုန္ဓောတိ ဟူသော ပုံစံများကိုလည်း ကစ္စည်းဝုတ္တိ ရူပသိဒ္ဓိတို့၌ ထုတ်ပြသေး၏။
ရုပ်တွက်။ ။ ရုန္ဓတိကို ရုဓတည်၊ “ရုဓ၊ အာဝရဏေ”ဟူသော အနက်၌ ဓာတ်မှည့်, အဆုံးသရချေ, တိဝိဘတ်သက် (ရုဓ်တိ), ရုဓာဒိတော နိဂ္ဂဟီတပုဗ္ဗဉ္စသုတ်ဖြင့် ၊ ပစ္စည်း သက်၍ ရှေ့၌ နိဂ္ဂဟိတ်လည်း လာ (ရု -ံ ဓ် ၊ တိ), ဓ်ကို ၊ သို့ ကပ်, ဝဂ္ဂန္တံ ဝါ ဝဂ္ဂေသုတ်ဖြင့် ရုနောက်၌ ရှိသော နိဂ္ဂဟိတ်ကို တဝဂ္ဂန္တ-န် ပြု, န် ကို ဓ သို့ကပ်, ရုန္ဓတိ ပြီး၏။ [ရုန္ဓိတိ စသည်၌ စသဒ္ဒါဖြင့် ဣပစ္စည်း စသည် သက်၍ သုတ်ရင်းဖြင့် နိဂ္ဂဟိတ်လာ။]
[ဆောင်] သုမ္ဘတိ ဆိန္ဒတိ စေဝ, ဘိန္ဒတိ ယုဉတိ တထာ၊ ဘုဉတိ မုဉတိ စာပိ, ရုဓာဒိ ကတ္တုဝါစိနော။ နိရုဇ္ဈတေ သုဗ္ဘတေ စ, ဆိဇ္ဇတေ ဘိဇ္ဇတေ တထာ၊ ယုဇ္ဇတေ ဘုဇ္ဇတေ စာပိ, မုစ္စတေ ကမ္မဝါစိနော။
သုမ္ဘတိ-ပုတ်ခတ်၏၊ ဆိန္ဒတိ-ဖြတ်၏၊ ဘိန္ဒတိ-ခွဲ၏၊ ယုဉ္ဇတိ-အားထုတ် ၏၊ ဘုဉ္ဇတိ-စား၏၊ မုဉ္ဇတိ-လွှတ်၏၊ ရုဓာဒိကတ္တုဝါစိနော-ကတ္တားဟော ရုဓာဒိရုပ်တို့၊ နိရုဇ္ဈတေ-ပိတ်ဆို့အပ်၏၊ သုဗ္ဘတေ-ပုတ်ခတ်အပ်၏ စသည် ဖြင့် ကံအနက်ဆိုလေ၊ ကမ္မဝါစိနော-ကံဟောရုပ်တို့။ [ဤရုပ်တို့ကို သင့်ရာ ဝိဘတ်ဖြင့် အာချာတ်ပဒမာလာ အစဉ်ခိုင်းပါ။]
ကတ္တရိ- ကတ္တားအနက်၌၊ ဝိဟိတေသု- စီရင်အပ်သော ဝိဘတ် ပစ္စည်းတို့ကြောင့်၊ ဒိဝါဒိ တော- ဒိဝါဒိဂဏိကဓာတ်မှ နောက်၌၊ ယော- ယပစ္စည်းသည်၊ ဟောတိ- ဖြစ်၏။ ဒိဗ္ဗတိ, ယုဇ္ဈတိ စသည်တည်း။
၄၂။ ဒိဗ္ဗတိ-မြူးတူးပျော်ပါး၏၊ ယုဇ္ဈတိ-ပုတ်ခတ်၏။ [နွားတို့၏ ဝှေ့ခြင်း, ကျွဲတို့၏ ခတ်ခြင်း, ကြက်တို့၏ ခွပ်ခြင်း, စစ်ထိုးခြင်း, လက်သီး ထိုးခြင်း, တုတ်ရိုက်ခြင်း စသည်လည်း ဤ ယုဓဓာတ်နက်ပင်တည်း။]
ရုပ်တွက်။ ။ ဒိဗ္ဗတိကို ဒိဝုတည်၊ “ဒိဝု၊ ကီဠာဝိဇိဂိသာဗျဝဟာရဇုတိ ထုတိဂတီသု”ဟူသောအနက်၌ ဓာတ်အမည်မှည့်, အဆုံး ု သရကို ချေ, တိဝိဘတ်သက်၊ ဒိဝါဒိတော ယောသုတ်ဖြင့် ယပစ္စည်းသက်၊ တထာ ကတ္တရိ စသုတ်ဖြင့် ဓာတွန် ဝ် နှင့်တကွ ယပစ္စည်းကို ဝ ပြု, ဒွေးဘော် ဝ် လာ, ဒေါ ဓဿ စ သုတ်၌ စသဒ္ဒါဖြင့် ဝ ၂ လုံးကို ဗ ၂ လုံး ပြု, ဒိဗ္ဗတိ ပြီး၏။
ယုဇ္ဈတိကို ယုဓတည်၊ “ယုဓ၊ သမ္ပဟာရေ”ဟူသော အနက်၌ ဓာတ် မှည့်, အဆုံးသရကို ချေ, တိဝိဘတ် ယပစ္စည်းသက်, ဓာတွန်နှင့်တကွ ယ ကို ဈ ပြု, အသဒိသဒွေးဘော် ဇ် လာ, ယုဇ္ဈတိ ပြီး၏။
[ဆောင်] ဥပ္ပဇ္ဇတိ အာပဇ္ဇတိ, ကုဇ္ဈတိ တုဿတိ တထာ၊ ဝိဇ္ဈတိ မညတိ စေဝ, သမာဒိယတိ ပစ္စတိ၊ မုစ္စတိ ဆိဇ္ဇတိ စေဝ, ဘိဇ္ဇတိ စ ဒိဝါဒိတော။
ဥပ္ပဇ္ဇတိ-ဖြစ်၏၊ အာပဇ္ဇတိ-ရောက်၏၊ ကုဇ္ဈတိ-အမျက်ထွက်၏၊ စိတ်ဆိုး၏၊ တုဿတိ-နှစ်သက်၏၊ ဝိဇ္ဈတိ-ထိုးဆွ၏=ဖောက်ခွဲ၏= ပစ်ခတ်၏၊ မညတိ-သိ၏၊ သမာဒိယတိ-ကောင်းစွာ ယူ၏=ဆောက်တည် ၏၊ (သံရှေ့ အာရှေ့ရှိသော ဒါဓာတ် တိဝိဘတ်, ယပစ္စည်း၊ ကွစိဓာတု သုတ်ကြီးဖြင့် ဒါ၏ -ါ ကို -ိ ပြု, သံနောက်၌ရှိသော နိဂ္ဂဟိတ်ကို မ် ပြုလေ၊) ပစ္စတိ-ကျက်၏၊ (ချက်ဆိုလျှင် ဘူဝါဒိ)၊ မုစ္စတိ-လွတ်၏၊ (လွှတ်၏ ဆိုလျှင် ရုဓာဒိ)၊ ဆိဇ္ဇတိ-ပြတ်၏၊ ဘိဇ္ဇတိ-ကွဲ၏၊ (ဖြတ်၏, ခွဲ၏ဆိုလျှင် ရုဓာဒိ)၊ ဒိဝါဒယော-ဒိဝါဒိဓာတ်တို့တည်း။ [ဤဒိဝါဒိဂိုဏ်း၌ ကမ္မရုပ်အနေ များလည်း မထူးပြီ၊ ဘာဝကမ္မေသု ယောသုတ်ဖြင့် ယပစ္စည်းသက်လျှင် ကမ္မရုပ်ဖြစ်၏၊ ကတ္တုရုပ်များကို သင့်ရာဝိဘတ်ဖြင့် ဂိုဏ်းစဉ်ပါစေ။]
ကတ္တရိ- ကတ္တား အနက်၌၊ ဝိဟိတေသု- စီရင်အပ်သော ဝိဘတ်ပစ္စည်းတို့ကြောင့်၊ သွာဒိတော- သွာဒိဂဏိကဓာတ်မှနောက်၌၊ ဏုဏာ- ဏုပစ္စည်း ဏာပစ္စည်းတို့သည်၊ ဟောန္တိ- ဖြစ်ကုန်၏။ ဥဏာ စ- ဥဏာပစ္စည်း သည်လည်း၊ ဟောတိ- ၏။ အဘိသုဏောတိ, အဘိသုဏာတိ, ပါပုဏာတိ စသည်တည်း။
၄၃။ ဥဏာ စ၌ စသဒ္ဒါက ရှေ့ ၂ ပစ္စည်းကို ပေါင်းသောကြောင့် ဏုဏာ ကို ခွဲ၍ အနက် ဆိုသည်၊ သု ဓာတ်နောင် … ဥဏာပစ္စည်း မသက်နိုင်သောကြောင့် “ပါပုဏာတိ”ဟု ပုံစံတစ်မျိုး လွှဲထုတ်ရသည်။ [အဘိသုဏောတိ, အဘိသုဏာတိ-ရှေးရှု နားထောင်၏၊ ပါပုဏာတိရောက်၏၊ သု အစရှိသော ဓာတ်နောင် ဏု ဏာ ဥဏာ ၃ ပစ္စည်းသက် သော သုတ်တည်း။]
ရုပ်တွက်။ ။ အဘိသုဏောတိကို အဘိရှေ့ရှိသော “သု”တည်၊ “သု၊ သဝနေ”ဟူသော အနက်၌ ဓာတ်မှည့်, တိဝိဘတ်သက်, သွာဒိတော ဏုဏာဥဏာ စသုတ်ဖြင့် ဏုပစ္စည်းသက် (အဘိ သု ဏု တိ)၊ အညေသု စ သုတ်၌ စသဒ္ဒါဖြင့် ဏု၏အစိတ် ု ကို ေ-ါပြု, အဘိသုဏောတိ ပြီး၏။ [အဘိသုဏာတိ၌ ဏာပစ္စည်း သက်ရုံသာ။]
ပါပုဏာတိကို ပရှေးရှိသော “အပ”တည်၊ အပ၊ ပါပုဏနေ”ဟူသော အနက်၌ ဓာတ်မှည့်, အဆုံးသရ ချေ, တိသက် (ပ အ ပ် တိ), ဒိဝါဒိတော ဏုဏာဥဏာ စသုတ်ဖြင့် ု ဏာပစ္စည်းသက်, ပ် ကို ု သို့ ကပ် (ပအပုဏာတိ), ပ်ခွင်း, သရာ သရေ လောပံသုတ်ဖြင့် ရှေ့ ၊ ကို ချေ, ဒီဃံသုတ်ဖြင့် နောက် ၊ ကို -ါ ဒီဃပြု, ပ် ကို -ါ သို့ ကပ်, ပါပုဏာတိ ပြီး၏။ [ပနှင့် အပကို သန္ဓိစပ်သောအရာဖြစ်သောကြောင့် သန္ဓိသုတ် များဖြင့် စီရင်ရသည်။]
[ဆောင်] ပဟိဏာတိ မိနောတိ စ, သက္ကုဏာတိ စ သွာဒယော၊ သူယတေ ပါပီယတေ စ, ပဟီယတေ စ သက္ကတေ။
ပဟိဏာတိ-စေလွှတ်၏, ပို့၏၊ မိနောတိ-ထည့်သွင်း၏၊ သက္ကုဏာတိစွမ်းနိုင်၏၊ သွာဒယော-ကတ္တားဟော သွာဒိဓာတ်တို့၊ သူယတေ-ကြားနာ အပ်၏၊ (သု၌ ု ကို ကွစိ ဓာတုဖြင့် ူ ဒီဃပြု), ပါပီယတေ-ရောက်အပ်၏၊ ပဟီယတေ-စေလွှတ်အပ်၏၊ သက္ကတေ-စွမ်းနိုင်ခြင်း၊ ဤကား ကံဟော ဘောဟောရုပ်များတည်း။ [၎င်းရုပ်တို့ကို သင့်ရာဝိဘတ်ဖြင့် ပဒမာလာ စဉ်ပါစေ။]
ကတ္တရိ- ကတ္တားအနက်၌၊ ဝိဟိတေသု- စီရင်အပ်သော ဝိဘတ် ပစ္စည်းတို့ကြောင့်၊ ကိယာဒိ တော- ကိယာဒိဂဏိကဓာတ်မှနောက်၌၊ နာ- နာပစ္စည်းသည်၊ ဟောတိ- ဖြစ်၏။ ကိဏာတိ, ဝိက္ကိဏာတိ စသည်တည်း။
၄၄။ [ကိဏာတိ-ဝယ်၏၊ ဝိက္ကိဏာတိ-ရောင်း၏။] ကိယာဒိဂဏိက ဓာတ်နောင် နာပစ္စည်းသက်သော သုတ်တည်း၊ သက္ကတကျမ်းတို့၌ ကီ ဓာတ်ကို ကြီဓာတ်ဟု ဆို၏၊ ကြီ (ကရီ)၌ ရအက္ခရာပါသောကြောင့် “ရဟာဒိတော ဏ”ဟူသော ဥပဒေအရ နကို ဏပြန်စေရသည်၊ ထို သက္ကတသို့ လိုက်၍ ပါဠိ၌လည်း “ကိဏာတိ”ဟု ဏကြီးဖြင့် ရှိသည်။
ရုပ်တွက်။ ။ ကိဏာတိကို “ကီ”တည်၊ “ကီ၊ ဒဗ္ဗဝိနိမယေ”ဟူသော အနက်၌ ဓာတ်မှည့်, တိဝိဘတ်သက်, ကိယာဒိတော နာသုတ်ဖြင့် နာ ပစ္စည်းသက် (ကီ နာ တိ), ကွစိ ဓာတုသုတ်ကြီးဖြင့် ကီ၏ အဆုံး -ီ ကို -ိ ရဿပြု, နကိုလည်း ဏပြု, ကိဏာတိ ပြီး၏။ [ဝိက္ကိဏာတိ၌ ဝိရှေးရှိ သော ကီဓာတ်တည်, ဝိကိဏာတိ အပြီးမှာ ဒွေးဘော်လာရုံသာ ထူးသည်၊၊]
[ဆောင်] ဇိနာတိ စ စိနာတိ စ, ဇာနာတိ စ ပညာယတိ၊ မိနာတိ လုနာတိ စေဝ, ဓုနာတိ စ ကိယာဒယော။ ဝိက္ကီယတေ ကီယတေ စ, ဇီယတေ စီယတေပိ စ၊ ဉာယတေ မီယတေ စေဝ, လူယတေ ဓူယတေ တထာ။
ဇိနာတိ-အောင်၏၊ နိုင်၏၊ စိနာတိ-စီ၏=ဆည်းပူး၏၊ ဇာနာတိ-သိ၏၊ ပညာယတိ-ထင်ရှား၏၊ မိနာတိ-နှိုင်းယှဉ်၏=ချင့်၏၊ လုနာတိ-ရိတ်ဖြတ်၏၊ ဓုနာတိ-တုန်လှုပ်၏၊ ကိယာဒယော-ကတ္တားဟော ကိယာဒိဓာတ်တို့တည်း၊ ဝိက္ကီယတေ-ရောင်းအပ်၏၊ ကီယတေ-ဝယ်အပ်၏၊ ဇီယတေ-အောင်အပ် ၏၊ စီယတေ-စီအပ်၏၊ ဉာယတေ-သိအပ်၏၊ မီယတေ-နှိုင်းချင့်အပ်၏၊ လူယတေ-ရိတ်အပ်၏၊ ဓူယတေ-တုန်လှုပ်ခြင်း၊ တထာ-ထိုကိယာဒိ ကမ္မရုပ် ဘာဝရုပ်များတည်း။ [၎င်းရုပ်တို့ကို သင့်ရာဝိဘတ်ဖြင့် ပဒမာလာ အစဉ်ခိုင်းပါ။]
ကတ္တရိ- ၌၊ ဝိဟိတေသု- စီရင် အပ်သော ဝိဘတ် ပစ္စည်းတို့ကြောင့်၊ ဂဟာဒိတော- ဂဟာဒိ ဂဏိကဓာတ်မှ နောက်၌၊ ပ္ပဏှာ- ပ္ပပစ္စည်း, ဏှာပစ္စည်းတို့သည်။ ဟောန္တိ- ဖြစ်ကုန်၏။ ဃေပ္ပတိ, ဂဏှာတိ စသည်တည်း။
၄၅။ [ဃေပ္ပတိ, ဂဏှာတိ-ယူ၏။] ဤသုတ်ကား ဂဟာဒိဂိုဏ်းဝင် ဓာတ်များနောင် ပ္ပ, ဏှာ၂ ပစ္စည်းသက်သော သုတ်တည်း၊ ရုပ်ကို “ဂဟဿ ဃေ ပ္ပေ, ဟလောပေါ ဏှာမှိ”သုတ်များကျမှ တွက်။
ကတ္တရိ- ၌၊ ဝိဟိတေသု- တို့ကြောင့်၊ တနာဒိတော- တနာဒိဂဏိကဓာတ်မှနောက်၌၊ သြ ယိရာ- သြပစ္စည်း, ယိရပစ္စည်းတို့သည်၊ ဟောန္တိ- ဖြစ်ကုန်၏။ တနောတိ, ကရောတိ, ကယိရတိ စသည်တည်း။
၄၆။ [တနောတိ-ချဲ့ထွင်၏၊ ကရောတိ, ကယိရတိ-ပြုလုပ်၏။] တနာဒိဂဏိကဓာတ်နောင် သြပစ္စည်း, ယိရပစ္စည်းသက်သောသုတ်တည်း။
ရုပ်တွက်။ ။ တနောတိကို “တနု”တည်၊ “တနု၊ ဝိတ္ထာရေ”ဟူသော အနက်၌ ဓာတ်မှည့်, အဆုံး ု သရချေ, တိဝိဘတ်သက်, တနာဒိတော သြယိရာသုတ်ဖြင့် ေ-ါ ပစ္စည်း သက်, န်ကို ေ-ါ သို့ ကပ်, တနောတိ ပြီး၏။
ကယိရတိကို “ကရ”တည်၊ “ကရ၊ ကရဏေ”ဟူသော အနက်၌ ဓာတ် မှည့်, အဆုံးသရချေ, တိဝိဘတ်သက်, တနာဒိတော သြယိရာသုတ်ဖြင့် ယိရပစ္စည်းသက် (က ရ် ယိရ တိ), ကွစိ ဓာတုသုတ်ကြီးဖြင့် ရ် ကို ချေ, ကယိရတိ ပြီး၏။ [ကရောတိကိုကား ကရဓာတ်တည်၍ တနောတိအတိုင်း တွက်လေ။]
[ဆောင်] သက္ကောတိ ပပ္ပောတိ စေဝ, ဇာဂရောတိ တနာဒယော၊ ပတာယတေ ပတညတေ, ကရီယတေ စ ကယျတေ၊ သက္ကတေ ပါပီယတေ စ, ဇာဂရီယတေ စ ကမ္မကာ။
သက္ကောတိ-စွမ်းနိုင်၏၊ ပပ္ပောတိ-ရောက်၏၊ ဇာဂရောတိ-နိုး၏၊ တနာဒယော-တနာဒိဂဏိကဓာတ်တို့၊ ပတာယတေ, ပတညတေ-ချဲ့ထွင် အပ်၏, စသည်ဖြင့် ကမ္မရုပ်များ အနက်ဆို။ [ပဒမာလာစဉ်ပါစေ။]
ကတ္တရိ စ- ကတ္တားအနက် ၌လည်းကောင်း၊ ဘာဝေ စ- ဘောအနက်၌လည်းကောင်း၊ ကမ္မနိ စ- ကံအနက်၌လည်းကောင်း၊ ဝိဟိတေသု- တို့ကြောင့်၊ စုရာဒိ တော- စုရာဒိဂဏိကဓာတ်မှနောက်၌၊ ဏေဏယာ- ဏေပစ္စည်း, ဏယပစ္စည်းတို့သည်၊ ဟောန္တိ- ဖြစ်ကုန်၏။ ကာရိတာနိစ- ကာရိတ် လည်း မည်ကုန်၏။ စောရေတိ, စောရယတိ စသည်တည်း။
၄၇။ [စောရေတိ, စောရယတိ၊ ခိုးယူ၏။] စုရာဒိဂဏိကဓာတ်နောင် ဏေ ဏယ ပစ္စည်းသက်သောသုတ်တည်း၊ ဘူဝါဒိတော အ စသော သုတ်ဖြင့် သက်သောပစ္စည်းတို့ကို ကတ္တားဟော ဝိဘတ် ပစ္စည်းနှောင်းရာ ၌သာ သက်၏၊ ဤဏေ ဏယပစ္စည်းတို့ကား ဘော ကံ ကတ္တား ၃ ပါးတွင် တစ်ပါးပါးကိုဟောသော ဝိဘတ် ပစ္စည်းနှောင်းရာ၌ သက်နိုင်သည်ဟု ရူပသိဒ္ဓိဖွင့်၏။ [ဏအက္ခရာပါ၍ ထိုဏကို ကာရိတာနံ ဏော လောပံ သုတ်ဖြင့် ချေဖို့ရာ ကာရိတ်မှည့်ရခြင်းဖြစ်သည်၊ ကာရိတ်အစစ် မဟုတ် သောကြောင့် အနက်ပေးရာ၌ “စေ”ဟု မထည့်ရ။]
ရုပ်တွက်။ ။ စောရေတိကို “စုရ”တည်၊ “စုရ၊ ထေယျေ”ဟူသော အနက်၌ ဓာတ်မှည့်, အဆုံးသရချေ, တိဝိဘတ်သက်, စုရာဒိတော ဏေ ဏယာသုတ်ဖြင့် ဏေပစ္စည်းသက်, ဏေပစ္စည်းကို ကာရိတ်အမည်မှည့် (စု ရ် ဏေ တိ), အသံယောဂန္တဿ ဝုဒ္ဓိ ကာရိတေသုတ်ဖြင့် စု၏အစိတ် ု ကို ေ-ါ ဝုဒ္ဓိပြု (စော ရ် ဏေ တိ), ကာရိတာနံ ဏော လောပံသုတ်ဖြင့် ဏ်အနုဗန်ကို ချေ, ရ် ေ- သို့ကပ်, စောရေတိ ပြီး၏။ [စောရယတိ၌ ဏယပစ္စည်းသက်၍ တွက်လေ။]
[ဆောင်] စိန္တေတိ မန္တေတိ စေဝ, ပါလေတိ ဃာဋေတိ တထာ၊ ဝေဒေတိ ဂဏေတိ စာပိ, ဣမေ စုရာဒိဓာတဝေါ။
စိန္တေတိ, စိန္တယတိ-ကြံစည်၏၊ မန္တေတိ, မန္တယတိ-တိုင်ပင်၏၊ ပါလေတိ, ပါလယတိ-စောင့်ရှောက်၏၊ ဃာဋေတိ, ဃာဋယတိ-စေ့ဆော် ၏၊ အားထုတ်၏၊ ဝေဒေတိ, ဝေဒယတိ-ခံစား၏၊ ဂဏေတိ, ဂဏယတိရေတွက်၏၊ ဣမေ-ဤဓာတ်တို့သည်၊ စုရာဒိဓာတဝေါ-စုရာဒိဂဏိကဓာတ် တို့တည်း။ [ကံဟော၌ စောရီယတေ စိန္တီယတေ စသော ရုပ်များကို သိလေ၊ သင့်ရာဝိဘတ်ဖြင့် ပဒမာလာစဉ်ပါစေ။]
အတ္တနောပဒါနိ- အတ္တနောပုဒ်ဝိဘတ်တို့သည်၊ ဘာဝေစ- ဘောအနက်၌လည်း ကောင်း၊ ကမ္မနိ စ- ကံအနက်၌လည်းကောင်း၊ ဟောန္တိ- ကုန်၏။ ဥစ္စတေ စသည်တည်း။
၄၈။ [ဥစ္စတေ-ဆိုခြင်း, ဆိုအပ်၏။] ဤသုတ်ကား “ဘောအနက်, ကံအနက်၌ အတ္တနောပုဒ်ဝိဘတ်များသက်၏”ဟု သိစေသော ပရိဘာသာ သုတ်တည်း၊ ဤသုတ်အဆိုနှင့်ညီအောင် ကမ္မရုပ်များ၌ “အဘိဘူယတေ” စသည်ဖြင့် အာချာတ်ဂိုဏ်းတုန်းက အတ္တနောပုဒ်ဝိဘတ်ဖြင့် ပဒမာလာ စဉ်ခဲ့ရသည်။
ရုပ်တွက်။ ။ ဥစ္စတေကို “ဥစ” တည်၊ “ဥစ၊ ဝိယတ္တိယံ ဝါစာယံ” ဟူသောအနက်၌ ဓာတ်မှည့်, အဆုံးသရကို ချေ, တေဝိဘတ်, ယပစ္စည်း သက် (ဥစ်ယတေ), တဿ စဝဂ္ဂ ယကာရဝကာရတ္တံသုတ်ဖြင့် ဓာတွန် စ်နှင့်တကွ ယပစ္စည်းကို စပြု, ပရ ဒွေဘာဝေါ ဌာနေသုတ်ဖြင့် သဒိသ ဒွေးဘော် စ်လာ, ဥစ္စတေ ပြီး၏။
ဘောဟောကြိယာ၏ ကံ ကတ္တားနေပုံ။ ။ ဓာတ်အနက်ဖြစ်သော ကြိယာကို “ဘော”ဟု ခေါ်၏၊ ပစ္စတေဆိုလျှင် ပစဓာတ်၏ အနက်သည် “ချက်ခြင်း”ဆိုတဲ့ ကြိယာတည်း၊ ထိုချက်ခြင်းကြိယာကိုပင် ပစ္စတေ၌ တေဝိဘတ်က ဟောသည်၊ ကတ္တားကို မဟော, ကံကိုလည်း မဟော၊ ကတ္တား ကံတို့ကို မဟောသောကြောင့် “မဟောကတ္တာ, တတိယာ, ကံမှာ ဒုတိနှင့်”ဟူသော ဥပဒေအရ ကတ္တား၌ တတိယာ, ကံ၌ ဒုတိယာ ဝိဘတ်ဖြင့် ပါဠိစီရမည်။
“မဟောသမျှ, အဝုတ္တ၌, သဒ္ဒသုံးသွယ်, ဝုစ်နှစ်သွယ်, လဲလှယ် သွင်း၍ဆင့်” ဟူသော ဥပဒေအရ နာမစသောသဒ္ဒါ ၃ မျိုးနှင့် ဝုစ်၂ မျိုးကို လည်း လဲလှယ်နိုင်၏၊ နာမ တုမှ အမှ သဒ္ဒါ ၃ မျိုးလုံးကိုပင် မဟောသော ကြောင့် နာမယောဂ, တုမှယောဂ, အမှယောဂဟု ပုရိသ်အမျိုးမျိုး သက်ဖွယ်မလို၊ လုံးလုံးဝိဘတ်မသက်လျှင် ပုဒ်ရာမဝင်သောကြောင့် “ပဌမ ပုရိသ် ဧကဝုစ်ဝိဘတ်သာ သက်ထိုက်၏”ဟု ရူပသိဒ္ဓိအယူရှိ၏။
ဤစကားအရ …“ပစ္စတေ(ချက်ရာ၏)”ဟူသော ကြိယာတစ်ခု၌ “သူဒေန သူဒေဟိ, တယာ တုမှေဟိ, မယာ အမှေဟိ”ဟု အဝုတ္တကတ္တား ၆ မျိုးလဲလှယ်၍လည်းကောင်း, “သြဒနံ သြဒနေ, တံ တုမှေ, မံ အမှေ”ဟု အဝုတ္တကံ ၆ မျိုးလဲလှယ်၍လည်းကောင်း သွင်းနိုင်၏ဟု မှတ်ပါ၊ ဤကား မှတ်နှင့်ရုံသာတည်း၊ သဒ္ဒနီတိအလိုကို အထက်သဒ္ဒါကျမ်းကြီးများ၌ တွေ့ရပါလိမ့်မည်။
[ဆောင်]၁။ ကတ္တား ကံရော, အဝုတ္တော, ဘောဟော ဝါကျပုဒ်။ ၂။ ပုရိသ် ပဌမ, ဧကဝုစ်မျှ, ရူပ-သိဒ္ဓိထုတ်။
အတ္တနောပဒါနိ- အတ္တနောပုဒ်ဝိဘတ်တို့ သည်၊ ကတ္တရိ စ- ကတ္တားအနက်၌လည်း၊ ဟောန္တိ- ဖြစ်ကုန်၏။ မညတေ စသည်တည်း။
၄၉။ [မညတေ-သိ၏။] ကတ္တရိ စ၌ စသဒ္ဒါဖြင့် ရှေ့သုတ်၌ပြခဲ့သော ဘော ကံအနက်ကိုပေါင်းသည်၊ ဤသုတ်အဆိုအရ ကတ္တုရုပ်ဂိုဏ်းစဉ်ရာ၌ အတ္တနောပုဒ်ဝိဘတ်များပါ ထည့်သွင်း၍ စဉ်ခဲ့ရသည်။
ရုပ်တွက်။ ။ မညတေကို “မန”တည်၊ “မန၊ ဉာဏေ”ဟူသောအနက်၌ ဓာတ်မှည့်, အဆုံးသရချေ, တေဝိဘတ်သက်, ဒိဝါဒိတော ယောသုတ်ဖြင့် ယပစ္စည်းသက် (မ န် ယ တေ), တထာ ကတ္တရိ စသုတ်ဖြင့် ဓာတွန် န်နှင့် တကွ ယပစ္စည်းကို ဉပြု, သဒိသဒွေးဘော် ဉလာ, မညတေ ပြီး၏။ [“မညတေ-သိအပ်၏”ဟု ဆိုလျှင် ကံဟော ယပစ္စည်း။]
ဓာတုပစ္စယေဟိ- ခ အစရှိသော ဓာတုပစ္စယတို့မှနောက်၌၊ ဝိဘတ္တိယော- ဝိဘတ်တို့ သည်၊ ဟောန္တိ- ဖြစ်ကုန်၏။ တိတိက္ခတိ စသည်တည်း။
၅၀။ [ဓာတုပစ္စယများကို “တိဇဂုပကိတမာနေဟိ ခဆသာ ဝါ” စသောသုတ်၌ ပြခဲ့ပြီ။] ဤသုတ်ကား “ထိုဓာတုပစ္စယများနှင့် တွဲသည့် အခါ ဝိဘတ်တို့သည် ဓာတုပစ္စယ၏ နောက်မှ သက်ကြသည်” ဟု ပရိဘာသာပြုသောသုတ်တည်း။
ဆက်ဦးအံ့ဆက်ဦးအံ့-အာချာတ်ပုဒ် ကိတ်ပုဒ်မှန်လျှင် ဓာတ်သာ အရင်းခံ အထည်ကိုယ်ဖြစ်၏၊ ဤဓာတုပစ္စယတို့သည် ဓာတ်နှင့်သဘောတူကုန်၏၊ ဓာတ်ကဲ့သို့ ကြိယာကို ဟောစွမ်းနိုင်ကုန်၏၊ ထို့ကြောင့် ဤဓာတုပစ္စယ တို့လည်း အရင်းခံအထည်ကိုယ်တွင် ပါဝင်ရကား ဝိဘတ်၏ ရှေးဦးစွာ သက်ကြရသည်၊ အ အစရှိသော ဝိကရဏပစ္စည်းနှင့် ယပစ္စည်းတို့ကား ပုဒ်၏အထည်ကိုယ်များ မဟုတ်ကြ, ရုပ်ပြီးရုံ သက်ကြရသော အဆင် တန်ဆာမျှသာ ဖြစ်၍ ဝိဘတ်သက်ပြီးမှ သက်ကြရသည်။
[ဆောင်]၁။ ခါဒိပစ္စယ, ဓာတ်နက်ပြသဖြင့်, ပဓာနဆို, အထည်ကိုယ်မို့, ထိုထိုဝိဘတ်, ဦးစွာမှတ်, သက်အပ်ကြလေတုံ။ ၂။ ဝိကရဏသီးသီး, ယပစ္စည်းကား, ရုပ်ပြီးစေမှု, အနေရှုလျက်, စုစုဝိဘတ်, သက်ပြီးလတ်မှ, သက်လေရ, မှတ်ကြ စွဲမြဲကုန်။
ပရဿပဒံ- ပရဿပုဒ်ဝိဘတ် သည်၊ ကတ္တရိ- ကတ္တားအနက်၌၊ ဟောတိ- ၏။ ဘဝတိ စသည် တည်း။
၅၁။ “ပရဿပုဒ်ဝိဘတ်သည် ကတ္တားအနက်၌ သက်၏” ဟု ပရိဘာသာပြုသောသုတ်တည်း၊ ၄၈-၄၉ ၄၈-၄၉ နံပါတ်သုတ်များနှင့် ဤသုတ် အဆိုအတိုင်း “ပရဿပုဒ်ဝိဘတ်သည် ကတ္တားအနက်၌သာ သက်၏၊ အတ္တနောပုဒ်ဝိဘတ်ကား ဘော ကံ ကတ္တား ၃ ပါးလုံး၌ သက်သည်”ဟု မှတ်သားပါ၊ ဤသုတ်များ၏ အမိန့်အရ ကတ္တုရုပ်ဂိုဏ်းစဉ်သည့်အခါ ပရဿပုဒ် အတ္တနောပုဒ်ဝိဘတ်များ စုံအောင်စဉ်၍ ကမ္မရုပ်စဉ်သည့်အခါ အတ္တနောပုဒ်များဖြင့်သာ စဉ်ရသည်၊ ဘောဟောကား ပဌမပုရိသ်ဧကဝုစ် တစ်ရုပ်သာ ဖြစ်၍ ဂိုဏ်းစဉ်ဖွယ် မလို။
ဘူဝါဒယော- ဘူ အစရှိသော သဒ္ဒါတို့သည်၊ ဓာတဝေါ- ဓာတ်တို့ မည်၏။
၅၂။ ဤသုတ်ကား ဘူ အစရှိသော သဒ္ဒါတို့ကို “ဓာတ်”ဟု နာမည် မှည့်သော သညာသုတ်တည်း။ [ဘူဝါဒယောကို ဘူ+အာဒယောဟု ပုဒ်ဖြတ်၊ ဝအက္ခရာကား အာဂမ (လာသော) အက္ခရာတည်း။]
ဓာတ်ခေါ်ပုံ။ ။ ဒဓာတီတိ ဓာတု၊ ဒဓာတိ-မိမိ၏အနက်ကို ဆောင် တတ်၏၊ ဣတိ-ထို့ကြောင့်၊ ဓာတု-ဓာတ်မည်၏၊ ဓာတု၌ ဓာဓာတ်, တု ပစ္စည်း၊ “ဓာရေတီတိ ဓာတု”ဟု ဝိဂြိုဟ်ပြုကြသည်ကား ဓာဓာတ်၏အနက် ပေါ်လွင်အောင် “ဓရ”ဓာတ်ဖြင့်ပြုသော ဓာတွတ္ထဝိဂ္ဂဟတည်း၊ “မိမိ၏ အနက်ကို ဆောင်တတ်”ဟူရာ၌ “မိမိဆိုင်ရာ ကြိယာအနက်ကို ဟောနိုင် သည်”ဟု ဆိုလိုသည်၊ ဤဓာတုသဒ္ဒါ၏လိန်မှာ ကျမ်းဂန်တို့၌ အမျိုးမျိုး ရှိ၏။
ဓာတုသဒ္ဒေါ ဇိနမတေ, ဣတ္ထိလိင်္ဂတ္တနေ မတော၊ သတ္ထေ ပုံလိင်္ဂဘာဝသ္မိံ, ကစ္စာယနမတေ ဒွီသု။
ဓာတုသဒ္ဒေါ-ဓာတုသဒ္ဒါကို၊ ဇိနမတေ-ဘုရားအလိုတော်၌ (ပိဋက ပါဠိတော်၌)၊ ဣတ္ထိလိင်္ဂတ္တနေ-ဣတ္ထိလိန်၏အဖြစ်၌၊ မတော-သိအပ်၏၊ [“အဋ္ဌာရသ ဓာတုယော” စသည်ဖြင့် ပါဠိတော်၌ ဣတ္ထိလိန်ရှိသည် ဟူလို၊၊] သတ္ထေ-သက္ကတအဘိဓာန်ကျမ်း၌၊ ပုံလိင်္ဂဘာဝသ္မိံ-ပုံလိန်၏ အဖြစ်၌၊ မတော-၏၊ ကစ္စာယနမတေ-ကစ္စည်းဆရာ၏အလို၌ (သဒ္ဒါကြီး အလို၌)၊ ဒွီသု - ဣတ္ထိလိန် ပုံလိန် ၂ မျိုးတို့၌၊ မတော - သိအပ်၏။ [“ဘူဝါဒယော ဓာတဝေါ”ဟူရာ၌ ပုံလိန်ရှိ၍ “ဓာတုယာ ကမ္မာဒိမှိဏော” ဟူရာ၌ ဣတ္ထိလိန်ရှိသည် ဟူလို၊၊]
အာချာတ ကပ္ပေ- အာချာတ်ကျမ်း၌၊ ဒုတိယော- နှစ်ခန်းမြောက်ဖြစ်သော၊ ကဏ္ဍော- အခန်းသည်၊ ဣတိ- ပြီးပြီ။
အာချာတ်ဒုတိယခန်းပြီး၏။
အာဒိ ဝဏ္ဏာနံ- ဓာတ်၏အစဖြစ်သော ဝဏ္ဏတို့၏၊ ဧကဿရာနံ- တူသောသရရှိကုန်သည်ဖြစ်၍၊ ကွစိ- အချို့အရာ၌၊ ဒွေဘာဝေါ- ဒွေးဘော်သည်၊ ဟောတိ- ဖြစ်၏။ သုဿူသတိ, ဗဟူဝ, ဒဒါတိ စသည်တည်း။
၅၃။ သုဿူသတိ-နားထောင်ချင်၏၊ ဗဘူဝ-ဖြစ်ပြီတဲ့၊ ဒဒါတိ-ပေး၏။ [ရူပသိဒ္ဓိ၌ “ကွစိသဒ္ဒါ ၀၀တ္ထိတဝိဘာသာအနက်ရှိသည်”ဟု ဆိုသည်။]
ဧကဿရာနံ-ဒွေးဘော်လာသည့်အခါ ထိုဓာတ်၏ အစ ဝဏ္ဏနှင့် တူသောသရရှိအောင် လာရမည်၊ ဥပမာ-သုဓာတ်၌ အစ ဝဏ္ဏသည် သ် ဗျဉ်းတည်း၊ ထို သ် ဗျဉ်း၏ဒွေးဘော် လာသည့်အခါ “တူသောသရရှိအောင် လာ” ဟု ဆိုသဖြင့် “သု”ဟု ဥသရနှင့်တကွ လာရသည် ဟူလို။
မေး။ ။ သန္ဓိပိုင်းက ပရ ဒွေဘာဝေါသုတ် ရှိလျက် ဤသုတ်ကို ဘယ်အကျိုးငှာ ဆိုသနည်း။
ဖြေ။ ။ သန္ဓိပိုင်းက ဒွေးဘော်သည် သရမပါသော ဒွေးဘော် တည်း၊ ထို့ကြောင့် ဤအာချာတ်၌ သရနှင့်တကွ ဒွေးဘော်လာခြင်းအကျိုးငှာ ဤသုတ်ကို ဆိုရပြန်သည်။
ချဲ့ဦးအံ့၊ သန္ဓိပိုင်း၌ “အပ္ပမာဒေါ”ကို “အ+ပမာဒေါ”ဟု ပုဒ်ဖြတ်၍ သဒိသဒွေးဘော်လာသည့်အခါ သရမပါဘဲ (ပ်)ဗျဉ်းချည်းသက်သက် လာရသည်၊ ဤနေရာ၌ကား သု ၏ဒွေးဘော်လာသည့်အခါ “သု”ဟု ဥသရနှင့်တကွ လာရသည် ဟူလို။
[ဆောင်] သန္ဓိပိုင်းက , ဒွေဘာဝ , သရ မပါချေ။ အာချာတ်ပိုင်းလာ , သရ ပါ , မှတ်ရာ အထူးပေ။
ရုပ်တွက်။ ။ သုဿူသတိကို “သု”တည်၊ “သု၊ သဝနေ”ဟူသော အနက်၌ ဓာတ်မှည့်, ဘုဇဃသဟရသုပါဒီဟိ တုမိစ္ဆတ္ထေသုသုတ်ဖြင့် သပစ္စည်းသက်, ကွစာဒိဝဏ္ဏာနမေကဿရာနံ ဒွေဘာဝေါသုတ်ဖြင့် သု၏ ဒွေးဘော် သုလာ (သု သု သ), ပရ ဒွေဘာဝေါ ဌာနေသုတ်ဖြင့် သ၏ သဒိသဒွေးဘော် သ်လာ, ကွစိ ဓာတုသုတ်ကြီးဖြင့် သု၏ အဆုံး ု ကို ူ ဒီဃပြု (သု ဿူ သ), တိဝိဘတ်သက်, သုဿူသတိ ပြီး၏။
ပုဗ္ဗော- ရှေ့တစ်လုံးသည်၊ အဗ္ဘာသော- အဗ္ဘာသ မည်၏။ ဗဘူဝ, ဒဒါတိ စသည်တည်း။
၅၄။ အဗ္ဘာသဟူသော နာမည်သည် သက္ကတကျမ်း၌လာသော နာမည်တည်း၊ အာရှေးရှိသော ဘာသဓာတ်, ဗ်ဒွေးဘော်လာ, အာ ကို ရဿပြု၍ ပြီးသောကြောင့် “အာ၊ အပိုအလွန်+ဘာသ=ရွတ်ဆိုအပ်သော အက္ခရာ”ဟု ကြံကြ၏၊ ဒါ ဒါဟုဖြစ်နေရာဝယ် ရှေ့ ဒါ သည် အပိုထည့်၍ ရွတ်ဆိုအပ်သောကြောင့် “အဗ္ဘာသ”မည်ရသည် ဟူလို။
အဗ္ဘာသေ- အဗ္ဘာသ၌၊ ဝတ္တမာနဿ- ဖြစ်သော ဒီဃသရ၏၊ ရဿော- ရဿ အပြုသည်၊ ဟောတိ- ၏။ ဒဒါတိ စသည်တည်း။
၅၅။ အဗ္ဘာသမည်သော ရှေ့အက္ခရာဝယ် သရရှိ၏၊ ထို သရသည် ဒီဃဖြစ်အံ့၊ ထို ဒီဃကို ရဿပြုသောသုတ်တည်း။
ရုပ်တွက်။ ။ ဒဒါတိကို “ဒါ”တည်၊ “ဒါ၊ ဒါနေ”ဟူသောအနက်၌ ဓာတ်မှည့်, တိဝိဘတ်သက်, ဘူဝါဒိတော အ သုတ်ဖြင့် အ ပစ္စည်းသက် (ဒါ ၊ တိ), ကွစာဒိဝဏ္ဏာန.မေကဿရာနံ ဒွေဘာဝေါ သုတ်ဖြင့် ဒါ ၏ ဒွေးဘော် ဒါ လာ (ဒါ ဒါ ၊ တိ), ပုဗ္ဗော.ဗ္ဘာသောသုတ်ဖြင့် ရှေ့ ဒါ ကို အဗ္ဘာသမှည့်, ရဿောသုတ်ဖြင့် အဗ္ဘာသ၌ဖြစ်သော -ါ ကို ၊ ရဿပြု, လောပေဉ္စတ္တမကာရောသုတ်ဖြင့် ၊ ပစ္စည်းကို ချေ, ဒဒါတိ ပြီး၏။
အဗ္ဘာသဂတာနံ- အဗ္ဘာသ၌ ဖြစ်ကုန်သော၊ ဒုတိယစတုတ္ထာနံ- ဒုတိယက္ခရာ စတုတ္ထက္ခရာတို့၏၊ ပဌမတတိယာ- အစဉ်အတိုင်း ပဌမက္ခရာ အပြု, တတိယက္ခရာအပြုတို့သည်၊ ဟောန္တိ- ဖြစ်ကုန်၏။ စိစ္ဆေဒ, ဒဓာတိ စသည်တည်း။
၅၆။ [စိစ္ဆေဒ၊ ဖြတ်ပြီတဲ့၊ ဒဓာတိ-ဆောင်၏။] ဤသုတ်ကား အဗ္ဘာသ အရာ၌ ဒုတိယက္ခရာကို ပဌမက္ခရာ, စတုတ္ထက္ခရာကို တတိယက္ခရာပြု သော သုတ်တည်း။
ရုပ်တွက်။ ။ စိစ္ဆေဒကို “ဆိဒိ”တည်၊ “ဆိဒိ၊ ဒွိဓာကရဏေ”ဟူသော အနက်၌ ဓာတ်မှည့်, အဆုံး -ိ သရချေ, အပစ္စက္ခေ ပရောက္ခာတီတေ သုတ်ဖြင့် ပရောက္ခာ ၊ ဝိဘတ်သက် (ဆိ ဒ် ၊ ), ကွစာဒိဝဏ္ဏာန.မေက ဿရာနံ ဒွေဘာဝေါ သုတ်ဖြင့် ဆိ၏ဒွေးဘော် ဆိလာ (ဆိ ဆိ ဒ် ၊ ), ပုဗ္ဗော.ဗ္ဘာသောသုတ်ဖြင့် ရှေ့ ဆိကို အဗ္ဘာသမှည့်, ဒုတိယစတုတ္ထာနံ ပဌမတတိယာသုတ်ဖြင့် ဒုတိယက္ခရာ ဆ် ကို ပဌမက္ခရာ စ် ပြု (စိ ဆိ ဒ် ၊ ), ဝဂ္ဂေ ဃောသာဃောသာနံ စသောသုတ်ဖြင့် ဆ၏ အသဒိသဒွေးဘော် စလာ (စိ စ္ဆိ ဒ် ၊ ), အညေသု စသုတ်ဖြင့် စ္ဆိ၏ အစိတ် -ိ ကို ေ- ဝုဒ္ဓိပြု, ဒ် ကို ၊ သို့ ကပ်, စိစ္ဆေဒ ပြီး၏။
ဒဓာတိကို “ဓာ”တည်၊ “ဓာ၊ ဓာရဏေ”ဟူသော အနက်၌ ဓာတ်မှည့်, တိ ဝိဘတ်သက်, အ ပစ္စည်းသက်, ကွစာဒိဝဏ္ဏာန.မေကဿရာနံ ဒွေ ဘာဝေါ သုတ်ဖြင့် ဓာ ၏ ဒွေးဘော် ဓာ လာ၊ ပုဗ္ဗော.ဗ္ဘာသောသုတ်ဖြင့် ရှေ့ ဓာကို အဗ္ဘာသမှည့်, ဒုတိယစတုတ္ထာနံ ပဌမတတိယာသုတ်ဖြင့် စတုတ္ထက္ခရာ ဓ် ကို တတိယက္ခရာ ဒ် ပြု (ဒါ ဓာ ၊ တိ), ရဿောသုတ်ဖြင့် အဗ္ဘာသ၌ဖြစ်သော -ါ ကို ၊ ရဿပြု, လောပေဉ္စတ္တမကာရောသုတ်ဖြင့် ၊ ပစ္စည်းကို ချေ, ဒဓာတိ ပြီး၏။
အဗ္ဘာသဂတဿ- အဗ္ဘာသ၌ ဖြစ်သော၊ ကဝဂ္ဂဿ- ကဝဂ်၏၊ စဝဂ္ဂေါ- စဝဂ် အပြုသည်၊ ဟောတိ- ဖြစ်၏။ စိကိစ္ဆတိ, ဇိဂုစ္ဆတိ, ဇိဃစ္ဆတိ, ဇိဂီသတိ စသည်တည်း။
၅၇။ စိကိစ္ဆတိ - ဆေးကု၏၊ ဇိဂုစ္ဆတိ စသည်တို့၏ အနက်ကို ဒုတိယခန်း၌ ဆိုခဲ့ပြီ။
ရုပ်တွက်။ ။ စိကိစ္ဆတိကို “ကိတ”တည်၊ “ကိတ၊ ရောဂါပနယနေ” ဟူသောအနက်၌ ဓာတ်မှည့်, အဆုံးသရချေ, တိဇဂုပကိတမာနေဟိ ခဆသာ ဝါသုတ်ဖြင့် ကိတဓာတ်နောင် ဆပစ္စည်းသက်, ကွစာဒိဝဏ္ဏာန. မေကဿရာနံ ဒွေဘာဝေါသုတ်ဖြင့် ကိ၏ဒွေးဘော် ကိလာ (ကိကိတ်ဆ), ပုဗ္ဗော.ဗ္ဘာသောသုတ်ဖြင့် ရှေ့ ကိကို အဗ္ဘာသမှည့်, ကဝဂ္ဂဿ စဝဂ္ဂေါ သုတ်ဖြင့် က် ကို စ် ပြု (စိ ကိ တ် ဆ), ဗျဉ္ဇနန္တဿ စော ဆပ္ပစ္စယေသု စ သုတ်ဖြင့် ဓာတွန် တ် ကို စ် ပြု, စ် ကို ဆ သို့ကပ် (စိကိစ္ဆ), ဝတ္တမာနာ ပစ္စုပ္ပန္နေသုတ်ဖြင့် တိဝိဘတ်သက်, စိကိစ္ဆတိ ပြီး၏။
အမှာ။ ။ ဝိစိကိစ္ဆတိလည်း ဝိ ရှေ့ရှိသော ကိတဓာတ် ဖြစ်၍ ဤ နည်းအတိုင်း ရုပ်တွက်၊ “ကိတ၊ သံသယေ”ဟု ဓာတ်နက်ဆို၊ ဇိဂုစ္ဆတိ စသည်ကို နောက်မှ တွက်။
အဗ္ဘာသဂတာနံ- အဗ္ဘာသ၌ ဖြစ်ကုန်သော၊ မာနကိတာနံ- မာနဓာတ်, ကိတဓာတ်တို့၏၊ ဝတတ္တံ- အစဉ်အတိုင်း ဝအဖြစ်, တအဖြစ်သည်၊ ဝါ- ဝိကပ်အား ဖြင့်၊ ဟောတိ- ဖြစ်၏။ ဝီမံသတိ, တိကိစ္ဆတိ ဟူသည်တည်း။
၅၈။ အနက်ကို ဒုတိယခန်း၌ ဆိုခဲ့ပြီ၊ မာနဓာတ်၏ အဗ္ဘာသဖြစ်သော “မ်”ကို “ဝ်”, ကိတဓာတ်၏ အဗ္ဘာသဖြစ်သော “က်”ကို “တ်”ပြုသော သုတ်တည်း။
ရုပ်တွက်။ ။ တိကိစ္ဆတိကို “ကိတ”တည်၊ “ကိတ၊ ရောဂါပနယနေ” ဟူသောအနက်၌ ဓာတ်မှည့်, အဆုံးသရချေ, ဆပစ္စည်းသက်, ကိ၏ ဒွေးဘော် ကိလာ, အဗ္ဘာသမှည့်, မာနကိတာနံ ဝတတ္တံ ဝါသုတ်ဖြင့် အဗ္ဘာသ၌ဖြစ်သော က်ကို တ်ပြု, ဗျဉ္ဇနန္တဿ စော ဆပ္ပစ္စယေသု စ သုတ်ဖြင့် ဓာတွန် တ် ကို စ် ပြု, တိဝိဘတ်သက်, တိကိစ္ဆတိ ပြီး၏။
အဗ္ဘာသဂတဿ- အဗ္ဘာသ၌ ဖြစ်သော၊ ဟဿ- ဟ ၏၊ ဇော- ဇ အပြုသည်၊ ဟောတိ- ၏။ ဇဟာတိ စသည်တည်း။
၅၉။ [ဇဟာတိ-စွန့်ကြဲ၏, စွန့်လွှတ်၏။]
ရုပ်တွက်။ ။ ဇဟာတိကို “ဟာ”တည်၊ “ဟာ၊ စာဂေ”ဟူသောအနက်၌ ဓာတ်မှည့်, တိဝိဘတ်, ၊ ပစ္စည်းသက်, ဟာ၏ဒွေးဘော် ဟာလာ (ဟာဟာ ၊ တိ), အဗ္ဘာသမှည့်, ဟဿ ဇောသုတ်ဖြင့် အဗ္ဘာသ၌ဖြစ်သော ဟ်ကို ဇ်ပြု, ရဿောသုတ်ဖြင့် အဗ္ဘာသဖြစ်သော -ါ ကို ၊ ရဿပြု, လောပေဉ္စတ္တ မကာရောသုတ်ဖြင့် ၊ ပစ္စည်းကို ချေ, ဇဟာတိ ပြီး၏။ [ဇုဟွတိ, ဇုဟောတိပူဇော်၏၊ ဇဟာရ-ဆောင်ယူပြီတဲ့ ဟူသော ပုံစံများလည်း ဤသုတ်၏ အရာပင်တည်း၊ ရုပ်ကို နောင်ခါ တွက်တတ်လတ္တံ့။]
အဗ္ဘာသဂတဿ- အဗ္ဘာသ၌ဖြစ်သော၊ အန္တဿ- အဆုံးသရ၏၊ ဣဝဏ္ဏော- ဣဝဏ် အပြုသည်လည်းကောင်း၊ အကာရော- အ အပြုသည်လည်း ကောင်း၊ ဝါ- ဝိကပ်အားဖြင့်၊ ဟောတိ- ဖြစ်၏။ ဇိဂုစ္ဆတိ, ဇိဃစ္ဆတိ, ဇိဂီသတိ, ဝီမံသတိ, ဗဘူ၀ စသည်တည်း။
၆၀။ ပုံစံနက်ကို ရှေ့သုတ်များ၌ ဆိုခဲ့ပြီ၊ ဤသုတ်ကား အဗ္ဘာသ၌ တည်သော အဆုံးသရကို ဣဝဏ် (ဣ ဤ)နှင့် (အ)ပြုသောသုတ်တည်း။
ရုပ်တွက်။ ။ ဇိဂုစ္ဆတိကို “ဂုပ”တည်၊ “ဂုပ၊ နိန္ဒာယံ”ဟူသောအနက်၌ ဓာတ်မှည့်, အဆုံးသရချေ, တိဇဂုပကိတမာနေဟိ ခဆသာ ဝါသုတ်ဖြင့် ဆပစ္စည်းသက် (ဂု ပ် ဆ), ကွစာဒိဝဏ္ဏာနစသောသုတ်ဖြင့် ဂု၏ဒွေးဘော် ဂုလာ, အဗ္ဘာသမှည့်, ကဝဂ္ဂဿ စဝဂ္ဂေါ သုတ်ဖြင့် ဂ် ကို ဇ် ပြု (ဇု ဂု+ ပ် ဆ), အန္တဿိဝဏ္ဏာကာရော ဝါသုတ်ဖြင့် အဗ္ဘာသ၏အဆုံး ု ကို -ိပြု (ဇိ ဂု+ပ် ဆ), ဗျဉ္ဇနန္တဿ စော ဆပ္ပစ္စယေသု စ သုတ်ဖြင့် ဓာတွန် ပ် ကို စ် ပြု, စ် ကို ဆ သို့ကပ် (ဇိဂုစ္ဆ), ဝတ္တမာနာ ပစ္စုပ္ပန္နေသုတ်ဖြင့် တိဝိဘတ်သက်, ဇိဂုစ္ဆတိ ပြီး၏။
ဇိဃစ္ဆတိကို “ဃသ”တည်၊ “ဃသ၊ အဒနေ”ဟူသောအနက်၌ ဓာတ် မှည့်, အဆုံးသရချေ, ဆပစ္စည်းသက်, ဃ၏ဒွေးဘော် ဃလာ, အဗ္ဘာသ မှည့်, ဒုတိယစတုတ္ထာနံ ပဌမတတိယာသုတ်ဖြင့် စတုတ္ထက္ခရာ ဃ ကို တတိယက္ခရာ ဂ ပြု, ကဝဂ္ဂဿ စဝဂ္ဂေါ သုတ်ဖြင့် ဂ ကို ဇ ပြု, အန္တဿိ ဝဏ္ဏာကာရော ဝါသုတ်ဖြင့် အဗ္ဘာသ၏အဆုံး ၊ ကို -ိ ပြု (ဇိ ဃ သ် ဆ), ဗျဉ္ဇနန္တဿ စော ဆပ္ပစ္စယေသု စ သုတ်ဖြင့် ဓာတွန် သ် ကို စ် ပြု, စ် ကို ဆ သို့ကပ် (ဇိဃစ္ဆ), တိဝိဘတ်သက်, ဇိဃစ္ဆတိ ပြီး၏။ [ဇိဂီသတိ စသည်ကို နောက်မှ ရုပ်တွက်။]
အဗ္ဘာသန္တေ- အဗ္ဘာသ၏ အဆုံး၌၊ နိဂ္ဂဟီတဉ္စ- နိဂ္ဂဟိတ်လာသည်လည်း၊ ဟောတိ- ဖြစ်၏။ စင်္ကမတိ စသည်တည်း။
၆၁။ [စင်္ကမတိ-စင်္ကြံသွား၏, လမ်းလျှောက်၏။]
ရုပ်တွက်။ ။ စင်္ကမတိကို “ကမု”တည်၊ “ကမု၊ ပဒဝိက္ခေပေ”ဟူသော အနက်၌ ဓာတ်မှည့်, အဆုံး ု သရချေ, တိဝိဘတ်သက်, အပစ္စည်းသက်, က၏ဒွေးဘော် က လာ, အဗ္ဘာသမှည့်, ကဝဂ္ဂဿ စဝဂ္ဂေါသုတ်ဖြင့် က်ကို စ်ပြု, မ် ၊ သို့ကပ် (စကမတိ), နိဂ္ဂဟီတဉ္စသုတ်ဖြင့် အဗ္ဘာသ၏အဆုံး၌ နိဂ္ဂဟိတ်လာ (စံကမတိ), ဝဂ္ဂန္တံ ဝါ ဝဂ္ဂေသုတ်ဖြင့် နိဂ္ဂဟိတ်ကို ကဝဂ္ဂန္တ “င်” ပြု, င် ကို က သို့ ကပ်, စင်္ကမတိ ပြီး၏။ [စဉ္စလတိ-တုန်လှုပ်၏၊ ဇင်္ဂမတိ-သွား၏၊ ဤပုံစံများလည်း ဤသုတ်၏အရာပင်တည်း၊ စလဓာတ်, ဂမုဓာတ်ဖြင့် နောင်ခါ ရုပ်ပြီးလတ္တံ့။]
သေသု- သပစ္စည်း ၂ လုံးတို့ကြောင့်၊ တတော- အဗ္ဘာသမှ၊ ပရေသံ- နောက်ဖြစ်ကုန် သော၊ ပါမာနာနံ- ပါဓာတ် မာနဓာတ်တို့၏၊ ဝါမံ- အစဉ်အတိုင်း ဝါအပြု, မံအပြုသည်၊ ဟောတိ- ဖြစ်၏။ ပိဝါသတိ, ဝီမံသတိ စသည်တည်း။
၆၂။ တိဇဂုပကိတမာနေဟိ ခဆသာ ဝါ, ဘုဇဃသဟရသုပါဒီဟိ တုမိစ္ဆတ္ထေသု, ဤ၂ သုတ်ဖြင့် သက်သော သပစ္စည်း၂ လုံးနှောင်းရာ၌ အဗ္ဘာသနောင် ပါဓာတ်ကို ဝါ, မာနဓာတ်ကို မံပြုသော သုတ်တည်း။
ရုပ်တွက်။ ။ ပိဝါသတိကို “ပါ”တည်၊ “ပါ၊ ပါနေ”ဟူသောအနက်၌ ဓာတ်မှည့်, ဘုဇဃသဟရသုပါဒီဟိ တုမိစ္ဆတ္ထေသုသုတ်ဖြင့် သပစ္စည်းသက်, ကွစာဒိဝဏ္ဏာန စသော သုတ်ဖြင့် ပါ ၏ ဒွေးဘော် ပါ လာ (ပါ ပါ သ), အဗ္ဘာသ မှည့်, တတော ပါမာနာနံ ဝါမံ သေသု သုတ်ဖြင့် အဗ္ဘာသမှ နောက်ဖြစ်သော ပါကို ဝါပြု, အန္တဿိဝဏ္ဏာကာရော ဝါသုတ်ဖြင့် အဗ္ဘာသ ၏ အဆုံး -ါ ကို -ိ ပြု (ပိ ဝါ သ), ဝတ္တမာနာ ပစ္စုပ္ပန္နေသုတ်ဖြင့် တိဝိဘတ် သက်, ပိဝါသတိ ပြီး၏။
ဝီမံသတိကို “မာန”တည်၊ “မာန၊ ဝီမံသာယံ”ဟူသော အနက်၌ ဓာတ် မှည့်, အဆုံးသရချေ, တိဇဂုပကိတမာနေဟိ ခဆသာ ဝါသုတ်ဖြင့် သ ပစ္စည်းသက်, မာ၏ဒွေးဘော် မာလာ, အဗ္ဘာသမှည့်, တတော ပါမာနာနံ ဝါမံ သေသုသုတ်ဖြင့် မာနဓာတ်ကို မံပြု (မာ မံ သ), မာနကိတာနံ ဝတတ္တံ ဝါသုတ်ဖြင့် အဗ္ဘာသဖြစ်သော မ်ကို ဝ်ပြု, အန္တဿိဝဏ္ဏာကာရော ဝါသုတ်ဖြင့် အဗ္ဘာသ ၏ အဆုံး -ါ ကို -ိ ပြု (ဝီမံသ), တိဝိဘတ် သက်, ဝီမံသတိ ပြီး၏။
ကျေပွန်အောင် အောက်ပါရုပ်များကို တွက်ပါ။ (က) ဇိဂုစ္ဆတိ (ခ) တိကိစ္ဆတိ (ဂ) ဝီမံသတိ (ဃ) ဇိဃစ္ဆတိ (င) သုဿူသတိ (စ) ပိဝါသတိ (ဆ) စိစ္ဆေဒ (ဇ) ဒဒါတိ (ဈ) ဒဓာတိ (ဉ) ဇဟာတိ (ဋ) စင်္ကမတိ
ဌာ- ဌာဓာတ်သည်၊ တိဋ္ဌော- တိဋ္ဌအပြု သည်၊ ဟောတိ- ဖြစ်၏။ တိဋ္ဌတိ စသည်တည်း။
၆၃။ [တိဋ္ဌတိ-ရပ်၏, တည်နေ၏။] “တိဋ္ဌတိ, တိဋ္ဌန္တိ, တိဋ္ဌတု”စသည် ဖြင့် ကတ္တုရုပ်စဉ်လေ။
ရုပ်တွက်။ ။ တိဋ္ဌတိကို “ဌာ”တည်၊ “ဌာ၊ ဂတိနိဝတ္တိမှိ”ဟူသော အနက်၌ ဓာတ်မှည့်, တိဝိဘတ်, ၊ ပစ္စည်းသက်, ဌာ တိဋ္ဌောသုတ်ဖြင့် ဌာဓာတ်ကို တိဋ္ဌပြု, လောပေဉ္စတ္တ.မကာရောသုတ်ဖြင့် ၊ ပစ္စည်းကို ချေ, တိဋ္ဌတိ ပြီး၏။
ပါ- ပါဓာတ်သည်၊ ပိဝေါ- ပိဝအပြုသည်၊ ဟောတိ- ဖြစ်၏။ ပိဝတိ စသည်တည်း။
၆၄။ ပိဝတိ-သောက်၏၊ “ပိဝတိ ပိဝန္တိ” စသည်ဖြင့် ကတ္တုရုပ်စဉ်လေ။ [“ပါ ပိဗော”ဟု သုတ်တည်၍ “ပိဗတိ”ဟုလည်း မူကွဲရှိ၏။]
ရုပ်တွက်။ ။ ပိဝတိကို “ပါ”တည်၊ “ပါ၊ ပါနေ”ဟူသော အနက်၌ ဓာတ်မှည့်, တိဝိဘတ်, အပစ္စည်း သက်, ပါ ပိဝေါသုတ်ဖြင့် ပါဓာတ်ကို ပိဝပြု, လောပေဉ္စတ္တ.မကာရောသုတ်ဖြင့် ၊ ပစ္စည်းကို ချေ, ပိဝတိ ပြီး၏။
ဉာဿ- ဉာဓာတ်၏၊ ဇာဇံနာ- ဇာ အပြု, ဇံအပြု, နာအပြုတို့သည်၊ ဝါ- ပိုင်းခြားသောအားဖြင့်၊ ဟောန္တိ- ဖြစ်ကုန်၏။ ဇာနာတိ, ဇညာ, နာယတိ စသည်တည်း။
၆၅။ [ဇာနာတိ, နာယတိ-သိ၏, နားလည်၏၊ ဇညာ-သိရာ၏။] အန္တဿိဝဏ္ဏာကာရော ဝါသုတ်မှ ဝါသဒ္ဒါလိုက်လာ၏၊ ထိုဝါသဒ္ဒါ၏ သတ်မှတ်ချက်ကို ရူပသိဒ္ဓိမှာ ရှု၊ မှတ်နှင့်ရန်ဆောင်ပုဒ်ကား…
[ဆောင်]ဉာဿ ဇံနာ, လိုက်သည့် ဝါဖြင့်, နာကြောင့် ဇာပြု, ဉာပြု ကြောင့်ဇံ, ယနှောင်းပြန်မူ, နာပြုဟူ, မှတ်ယူ ၀၀တ္ထိ။
ရုပ်တွက်။ ။ ဇာနာတိကို “ဉာ”တည်၊ “ဉာ၊ အဝဗောဓနေ”ဟူသော အနက်၌ ဓာတ်မှည့်, တိဝိဘတ်သက်, ကိယာဒိတော နာသုတ်ဖြင့် နာ ပစ္စည်းသက်, ဉာဿ ဇာဇံနာသုတ်ဖြင့် ဉာဓာတ်ကို ဇာပြု, ဇာနာတိ ပြီး၏။
အမှာ။ ။ နာပစ္စည်းသက်ရသည်ကို ထောက်၍ ဤ ဉာဓာတ်ကို ကိယာဒိဂဏိကဓာတ်ဟု မှတ်၊ “ဇာနာတိ, ဇာနန္တိ, ဇာနာသိ, ဇာနာထ” စသည် စဉ်လေ၊ နောက်၌ ဇညာ, နာာယတိရုပ်များ လာဦးလတ္တံ့။
ဒိသဿ- ဒိသဓာတ်၏၊ ပဿဒိဿဒက္ခာ- ပဿအပြု, ဒိဿအပြု, ဒက္ခအပြုတို့သည်၊ ဝါ- ဝိကပ်အားဖြင့်၊ ဟောန္တိ- ဖြစ်ကုန်၏။ ပဿတိ, ဒိဿတိ, ဒက္ခတိ စသည်တည်း။
၆၆။ ပဿတိ ဒက္ခတိ-မြင်၏၊ ကြည့်၏၊ ဒိဿတိ-ထင်၏၊ တစ်နည်း မြင်အပ်၏။ [ရူပသိဒ္ဓိက “ဒိဿတိ”ကို အမြဲ ကံဟောဟု ဆို၏။]
ရုပ်တွက်။ ။ ပဿတိကို “ဒိသ”တည်၊ “ဒိသ၊ ပေက္ခဏေ”ဟူသော အနက်၌ ဓာတ်မှည့်, အဆုံးသရချေ, တိဝိဘတ် ၊ ပစ္စည်းသက်, ဒိသဿ ပဿဒိဿဒက္ခာ ဝါသုတ်ဖြင့် ဒိသဓာတ်ကို ပဿပြု, ဿ်ခွင်း, ချေ, ကပ်, ပြီး၏။ [ဒိဿတိ ဒက္ခတိတို့၌ ဒိဿ ဒက္ခပြုရုံသာ၊ ပဿတိ ပဿန္တိ ပဿရေ၊ ဒိဿတိ ဒိဿန္တိ ဒိဿရေ၊ ဒက္ခတိ ဒက္ခန္တိ ဒက္ခရေ”စသည်ဖြင့် ကတ္တုရုပ်ကိုလည်းကောင်း, ပဿီယတေ စသော ကမ္မရုပ်ကိုလည်းကောင်း စဉ်လေ။]
ဆပစ္စယေသု စ- ဆပစ္စည်းတို့ကြောင့်လည်း၊ ဗျဉ္ဇနန္တဿ- ဓာတွန်ဗျဉ်း၏၊ စော- စ အပြုသည်၊ ဟောတိ- ၏။ ဇိဂုစ္ဆတိ, တိကိစ္ဆတိ, စိကိစ္ဆတိ, ဇိဂစ္ဆတိ စသည်တည်း။
၆၇။ ဤသုတ်ကား ဆပစ္စည်းကြောင့် ဓာတ်၏အဆုံးဗျဉ်းကို စ်ပြုသော သုတ်တည်း၊ ရုပ်များကို တွက်ခဲ့ပြီ။
ခေ စ- ခ ပစ္စည်းကြောင့်လည်း၊ ဗျဉ္ဇနန္တဿ- ဓာတွန်ဗျဉ်း၏၊ ကော- ကအပြုသည်၊ ဟောတိ- ၏။ တိတိက္ခတိ, ဗုဘုက္ခတိ စသည်တည်း။
၆၈။ တိတိက္ခတိကို “တိဇ”တည်၊ “တိဇ၊ ခန္တိယံ”ဟူသောအနက်၌ ဓာတ်မှည့်, အဆုံးသရချေ, တိဇဂုပကိတမာနေဟိ ခဆသာ ဝါသုတ်ဖြင့် ခပစ္စည်းသက်, ကွစာဒိဝဏ္ဏာနစသော သုတ်ဖြင့် တိ၏ ဒွေးဘော် တိလာ, ကော ခေ စသုတ်ဖြင့် ဓာတွန် ဇ်ကို က်ပြု, က်ကို ခသို့ ကပ် (တိတိက္ခ), တိဝိဘတ်သက်, တိတိက္ခတိ ပြီး၏။
ဗုဘုက္ခတိကို “ဘုဇ”တည်၊ “ဘုဇ၊ ပါလနဗျဝဟရဏေသု”ဟူသော အနက်၌ ဓာတ်မှည့်, အဆုံးသရချေ, ဘုဇဃသဟရသုပါဒီဟိ တုမိစ္ဆတ္ထေသု သုတ်ဖြင့် ခပစ္စည်းသက်, ဘု၏ဒွေးဘော် ဘုလာ (ဘု ဘု ဇ် ခ), အဗ္ဘာသ မှည့်, ဒုတိယစတုတ္ထာနံ ပဌမတတိယာသုတ်ဖြင့် စတုတ္ထက္ခရာ ဘ်ကို တတိယက္ခရာ ဗ်ပြု, ကော ခေ စသုတ်ဖြင့် ဓာတွန် ဇ်ကို က်ပြု, က်ကို ခသို့ ကပ်, တိဝိဘတ်သက်, ဗုဘုက္ခတိ ပြီး၏။
သေ- သပစ္စည်းကြောင့်၊ ဟရဿ- ဟရဓာတ်၏၊ ဂီ- ဂီ အပြုသည်၊ ဟောတိ- ဖြစ်၏။ ဇိဂီသတိ စသည်တည်း။ “ဂီသေ”ဟူသော ဒွိဓာကရဏယောဂဝိဘာဂဖြင့် ဇိဓာတ်ကို ဂီပြု၍ ဝိဇိဂီသတိ စသည်လည်း ဖြစ်သေး၏။
၆၉။ ဇိဂီသတိ-ဆောင်ယူလို၏၊ ဝိဇိဂီသတိ-အောင်နိုင်လို၏။
ရုပ်တွက်။ ။ ဇိဂီသတိကို “ဟရ”တည်၊ “ဟရ၊ ဟရဏေ”ဟူသော အနက်၌ ဓာတ်မှည့်, အဆုံးသရချေ, ဘုဇဃသဟရသုပါဒီဟိ တုမိစ္ဆတ္ထေသု သုတ်ဖြင့် သပစ္စည်းသက်, ဟရဿ ဂီ သေသုတ်ဖြင့် ဟရဓာတ်ကို ဂီပြု, ကွစာဒိဝဏ္ဏာနစသောသုတ်ဖြင့် ဂီ၏ ဒွေးဘော် ဂီလာ, အဗ္ဘာသ မှည့်, ကဝဂ္ဂဿ စဝဂ္ဂေါသုတ်ဖြင့် ဂ်ကို ဇ်ပြု (ဇီဂီသ), ရဿောသုတ်ဖြင့် အဗ္ဘာသ၌ဖြစ်သော -ီ ကို -ိ ပြု, တိဝိဘတ်သက်, ဇိဂီသတိ ပြီး၏။
ဝိဇိဂီသတိကို ဝိရှေးရှိသော ဇိတည်၊ “ဇိ၊ ဇယေ”ဟူသောအနက်၌ ဓာတ်မှည့်, ဘုဇဃသဟရသုပါဒီဟိ၌ အာဒိသဒ္ဒါဖြင့် သပစ္စည်းသက်, ဇိ၏ ဒွေးဘော် ဇိလာ, ဟရဿ ဂီ သေသုတ်၌ “ဂီသေ”ဟူသော ယောဂ ဝိဘာဂ ဖြင့် ဇိဓာတ်ကို ဂီပြု, တိဝိဘတ်သက်, ဝိဇိဂီသတိ ပြီး၏။
ပရောက္ခာယံ- ပရောက္ခာဝိဘတ်ကြောင့်၊ ဗြူဘူနံ- ဗြူဓာတ် ဘူဓာတ်တို့၏၊ အာဟဘူဝါ- အာဟအပြု, ဘူဝအပြုတို့သည်၊ ဟောန္တိ- ကုန်၏။ အာဟ, ဗဘူ၀ စသည်တည်း။
၇၀။ အာဟ-ပြောဆိုပြီ၊ ဗဘူဝ-ဖြစ်ပြီတဲ့။
ရုပ်တွက်။ ။ အာဟကို “ဗြူ”တည်၊ “ဗြူ၊ ဝိယတ္တိယံ ဝါစာယံ”ဟူသော အနက်၌ ဓာတ်မှည့်, အပစ္စက္ခေ ပရောက္ခာတီတေသုတ်ဖြင့် ပရောက္ခာ ၊ ဝိဘတ်သက်, ဗြူဘူနမာဟဘူဝါ ပရောက္ခာယံသုတ်ဖြင့် ဗြူဓာတ်ကို အာဟ်ပြု, ဟ်ကို ၊ သို့ ကပ်, အာဟ ပြီး၏။ [ပရောက္ခာ ု ဝိဘတ်ဖြင့် “အာဟု” ရုပ်လည်းရှိ၏၊ တိ အန္တိဝိဘတ်များဖြင့်လည်း အာဟ, အာဟု ရှိ၏။]
ဗဘူဝကို “ဘူ”တည်၊ “ဘူ၊ သတ္တာယံ”ဟူသောအနက်၌ ဓာတ်မှည့်, ပရောက္ခာ ၊ ဝိဘတ်သက်, ကွစာဒိဝဏ္ဏာနစသောသုတ်ဖြင့် ဘူ၏ဒွေဘော် ဘူလာ (ဘူ ဘူ ၊ ), ရှေ့ဘူကို အဗ္ဘာသမှည့်, အန္တဿိဝဏ္ဏာကာရော ဝါ သုတ်ဖြင့် အဗ္ဘာသ၏အစိတ် ူ ကို ၊ ပြု, ဒုတိယစတုတ္ထာနံ ပဌမတတိယာ သုတ်ဖြင့် စတုတ္ထက္ခရာ ဘ်ကို တတိယက္ခရာ ဗ်ပြု (ဗဘူ ၊ ), ဗြူဘူနမာဟ ဘူဝါ ပရောက္ခာယံသုတ်ဖြင့် ဘူဓာတ်ကို ဘူဝ်ပြု, ဝ်ကို ၊ သို့ကပ်, ပြီး၏။
သဗ္ဗာသု- အလုံးစုံ သော ဝိဘတ်ပစ္စည်းတို့ကြောင့်၊ ဂမိဿ- ဂမုဓာတ်၏၊ အန္တော- အဆုံး မ သည်၊ စ္ဆော- စ္ဆ အပြုသည်၊ ဟောတိ- ဖြစ်၏။ ဂစ္ဆတိ, ဂစ္ဆန္တော, ဂစ္ဆမာနော စသည်တည်း။
၇၁။ [ဂစ္ဆတိ-သွား၏၊ ဂစ္ဆန္တော, ဂစ္ဆမာနော-သွားသည်ရှိသော်။] တိစသော အာချာတ်ဝိဘတ်, အန္တ, မာန, ယ စသောပစ္စည်းနှောင်းရာ၌ ဂမု ဓာတ်၏ အဆုံး မ် ကို စ္ဆ် ပြုသောသုတ်တည်း။
ရုပ်တွက်။ ။ ဂစ္ဆတိကို “ဂမု၊ ဂတိမှိ”ဟူသောအနက်၌ ဓာတ်မှည့်, အဆုံး ု သရချေ, တိဝိဘတ်သက်, ဂမိဿန္တော စ္ဆော ဝါ သဗ္ဗာသုသုတ်ဖြင့် ဓာတွန် မ် ကို စ္ဆ် ပြု, ဘူဝါဒိတော အ သုတ်ဖြင့် ၊ ပစ္စည်းသက်၊ ဆ်ကို ၊ သို့ ကပ်, ဂစ္ဆတိ ပြီး၏။ [ဂစ္ဆန္တော ဂစ္ဆမာနောရုပ်များကို ဝတ္တမာနေ မာနန္တာသုတ်ကျမှ တွက်။]
အဇ္ဇတနီမှိ- အဇ္ဇတနီ ဝိဘတ်ကြောင့်၊ ဝစဿ- ဝစဓာတ်၏၊ အကာရော- အ အက္ခရာ သည်၊ သြ- သြအပြုသည်၊ ဟောတိ- ၏။ အဝေါစီ, အဝေါစုံ စသည်တည်း။
၇၂။ [အဝေါစီ-ပြောဆိုပြီ၊ အဝေါစုံ-ပြောဆိုကုန်ပြီ, လျှောက်ကုန်ပြီ၊၊] အဇ္ဇတနီဝိဘတ်ကြောင့် ဝစဓာတ်၏ (အ)ကို ေ-ါ ပြုသောသုတ်တည်း၊ မကာရော၌ မ် အက္ခရာကား အာဂုံအက္ခရာတည်း။
ရုပ်တွက်။ ။ အဝေါစီကို “ဝစီ” တည်၊ “ဝစ၊ ဝိယတ္တိယံ ဝါစာယံ” ဟူသော အနက်၌ ဓာတ်မှည့်, အဆုံးသရချေ, သမီပေဇ္ဇတနီသုတ်ဖြင့် -ီဝိဘတ်သက် (ဝစ် -ိ), အကာရာဂမော ဟိယျတ္တနီ အဇ္ဇတနီ ကာလာ တိပတ္တိသုသုတ်ဖြင့် ဓာတ်၏အစ၌ အ လာ, (အဝစ် -ီ) ဝစဿဇ္ဇတနီမှိ မကာရော သြသုတ်ဖြင့် ဝစ်ဓာတ်၏ ၊ ကို ေ-ါ ပြု, စ် -ီ သို့ ကပ်, အဝေါစီ ပြီး၏။
အမှာ။ ။ [ဝစ်ဓာတ်၏ (အ)ဟု သာမညဆိုသော်လည်း စ်၌ (အ)သရမရှိ, ဝ၌သာ ရှိသောကြောင့် ဝ၏(အ)ဟုမှတ်၊ “အဝေါစီ အဝေါစုံ၊ အဝေါစော, အဝေါစ, အဝေါစိ (သြဝိဘတ်ကို အ -ိ ပြု), အဝေါစိတ္ထ၊ အဝေါစိ, အဝေါစိမှာ, အဝေါစုမှာ, အဝေါစုမှ၊ အဝေါစာ, အဝေါစူ၊ အဝေါစိသေ, အဝေါစိဝှံ၊ အဝေါစ အဝေါစံ, အဝေါစိမှေ”ဟုလည်းကောင်း, သြမပြုဘဲ “အဝစီ ဝစီ” စသည်ဖြင့်လည်းကောင်း ရုပ်စဉ်လေ၊၊]
ဟိမိမေသု- ဟိဝိဘတ်, မိဝိဘတ်, မဝိဘတ်တို့ကြောင့်၊ အကာရော- အ အက္ခရာသည်၊ ဒီဃံ- ဒီဃအဖြစ်သို့၊ အာပဇ္ဇတေ- ရောက်၏။ ဂစ္ဆာဟိ, ဂစ္ဆာမိ, ဂစ္ဆာမ, ဂစ္ဆာမှေ စသည်တည်း။
၇၃။ ဂစ္ဆာဟိ-သွားလော၊ ဂစ္ဆာမိ-သွား၏၊ ဂစ္ဆာမ, ဂစ္ဆာမှေ-သွားကုန်၏၊၊
ရုပ်တွက်။ ။ ဂစ္ဆာဟိကို “ဂမု”တည်၊ “ဂမု၊ ဂတိမှိ”ဟူသောအနက်၌ ဓာတ်မှည့်, အဆုံးသရချေ, အာဏတျာ.သိဋ္ဌေ နုတ္တကာလေ ပဉ္စမီသုတ်ဖြင့် ဟိဝိဘတ်သက်, ဂမိဿန္တော စ္ဆော ဝါ သဗ္ဗာသုသုတ်ဖြင့် ဓာတွန် မ် ကို စ္ဆ် ပြု, ဘူဝါဒိတော အ သုတ်ဖြင့် ၊ ပစ္စည်းသက်, အကာရော ဒီဃံ ဟိမိမေသု သုတ်ဖြင့် ၊ ကို -ါ ဒီဃပြု, ဆ် ကို -ါသို့ ကပ်, ဂစ္ဆာဟိ ပြီး၏။
အမှာ။ ။ ဂစ္ဆာမိ ဂစ္ဆာမ ဂစ္ဆာမှေတို့၌ ဝတ္တမာန် ပဉ္စမီ ၂ မျိုးလုံး ဆိုင်သော မိ မ ဝိဘတ်နှင့် ဝတ္တမာန် မှေဝိဘတ်သက်ရုံသာ ထူး၏၊ မိမေသု၌ မေဝယ် မအက္ခရာဖြင့် မှေဝိဘတ်က မ ကိုပါ ယူ။
ဟိ- ဝိဘတ်သည်၊ လောပံ- ကျေပျောက်ခြင်းသို့၊ ဝါ- ဝိကပ်အားဖြင့်၊ အာပဇ္ဇတေ- ရောက်၏။ ဂစ္ဆ စသည်တည်း။
၇၄။ [ဂစ္ဆ-သွားလော။] ဂစ္ဆကို “ဂမု”တည်၊ “ဂမု၊ ဂတိမှိ”ဟူသော အနက်၌ ဓာတ်မှည့်, အဆုံး ု သရချေ, ဟိဝိဘတ်သက်, ဂမိဿန္တော စ္ဆော ဝါ သဗ္ဗာသုသုတ်ဖြင့် ဓာတွန် မ် ကို ဆ် ပြု, ဘူဝါဒိတော အ သုတ်ဖြင့် ၊ ပစ္စည်းသက်, ဆ် ကို ၊ သို့ ကပ်, ဟိ လောပံ ဝါသုတ်ဖြင့် ဟိဝိဘတ်ကို ချေ, ဂစ္ဆ ပြီး၏။
ဘဝိဿန္တိမှိ- ဘဝိဿန္တီဝိဘတ်ကြောင့်၊ ဟောတိဿရော- ဟူ ဓာတ်၏အဆုံး ဥုသရသည်၊ ဧဟော.ဟေ- ဧဟအဖြစ်, သြဟ အဖြစ်, ဧအဖြစ်တို့သို့၊ ဝါ- ဝိကပ်အားဖြင့်၊ အာပဇ္ဇတေ- ရောက်၏၊ ဿဿ စ- ဿ၏လည်း၊ လောပေါ- ကျေခြင်းသည်၊ ဝါ- ဝိကပ် အားဖြင့်၊ ဟောတိ- ဖြစ်၏။ ဟေဟိတိ, ဟောဟိတိ, ဟေတိ စသည်တည်း။
၇၅။ [ဟောတိဿရေဟောဟေကို “ဟောတိဿရော+ဧဟောဟေ” ဟု ပုဒ်ဖြတ်, ဧဟောဟေကို “ဧဟ+သြဟ+ဧ”ဟု ပုဒ်ဖြတ်။] ဘဝိဿန္တီ ဝိဘတ်နှောင်းရာ၌ ဟူဓာတ်၏ ူ ကို “ဧဟ+သြဟ+ဧ”၃ မျိုးပြု၍ ဿတိ စသည်မှ ဿ ကိုလည်း ချေသည်။ [ဟေဟိတိ, ဟောဟိတိ, ဟေတိဖြစ်လတ္တံ့။]
ရုပ်တွက်။ ။ ဟေဟိတိကို “ဟူ”တည်၊ “ဟူ၊ သတ္တာယံ”ဟူသော အနက်၌ ဓာတ်မှည့်, အနာဂတေ ဘဝိဿန္တီသုတ်ဖြင့် ဿတိဝိဘတ် သက်, ဟောတိဿရေဟောဟေ ဘဝိဿန္တိမှိ, ဿဿ စသုတ်ဖြင့် ဟူဓာတ်၏အဆုံး ူ ကို ဧဟ်ပြု, ဿကိုလည်းချေ, ဟ် ေ-သို့ကပ်, ဣကာရာ ဂမော အသဗ္ဗဓာတုကမှိသုတ်ဖြင့် -ိ လာ, ဟ်ကို -ိ သို့ကပ်, ဟေဟိတိ ပြီး၏။
အမှာ။ ။ အသဗ္ဗဓာတ် ဝိဘတ်များနှောင်းရာ၌ ဣကာရာဂမော အသဗ္ဗဓာတုကမှိသုတ်က -ိ လာသည်၊ -ိ လာလျှင် ကပ်ဖို့ရာ သရရှိပြီ ဖြစ်သောကြောင့် အသဗ္ဗဓာတ်ဝိဘတ်များ နှောင်းရာ၌ ဘူဝါဒိ အပစ္စည်း မသက်ဟု ရူပသိဒ္ဓိဆိုသည်။ [ဟောဟိတိ၌ ေ-ါ ဟပြု, ဟေတိ၌ ဟူ၏ ူ ကို ဧပြုရုံသာထူး၏၊ ဿကို မချေဘဲ ဧဟ-သြဟ-ဧ ပြု၍ ဟေဟိဿတိ, ဟောဟိဿတိ, ဟေဿတိ ရုပ်များလည်း ရှိသေး၏။]
ဘဝိဿန္တိမှိ- ဘဝိဿန္တီဝိဘတ်ကြောင့်၊ သပစ္စယဿ- ပစ္စည်းနှင့်တကွဖြစ်သော၊ ကရဿ- ကရဓာတ်၏၊ ကာဟော- ကာဟ အပြုသည်၊ ဝါ- ဝိကပ်အားဖြင့်၊ ဟောတိ- ဖြစ်၏။ ဿဿ စ- ဿ ၏လည်း၊ လောပေါ- ကျေခြင်းသည်၊ ဟောတိ- ၏။ ကာဟတိ, ကာဟိတိ စသည်တည်း။
၇၆။ [ကာဟတိ, ကာဟိတိ-ပြုလတ္တံ။]
ကရဿ သပစ္စယဿဤနေရာ၌ ဘဝိဿန္တီဝိဘတ်၏ အဆုံးဖြစ်သော ဿကိုပင် ပစ္စည်းဟု ခေါ်သတဲ့၊ ထို ဿ ပစ္စည်းနှင့်တကွဖြစ်သော ကရဓာတ်ကို ကာဟ ပြုရမည် ဟူလို။
ဿဿ စဤ ဿဿ စပုဒ်သည် ဟောတိဿရေဟောဟေ စသော ရှေ့သုတ်မှ လိုက်လာ၏၊ “ဿတိ စသည်မှ ဿကိုလည်း ချေ”ဟု ဆိုလို သည်၊ သို့ဖြစ်လျှင် “ကရဿ သပစ္စယဿ”၌ သပစ္စယသဒ္ဒါသည် အပို ဖြစ်တော့၏ ဘာကြောင့်နည်း…ဿ ပစ္စည်းနှင့်တကွ ကရကို ကာဟ မပြုဘဲ ကရကိုချည်း ပြု၍ ဿ ကို ချေလျှင် ပြီးနိုင်သောကြောင့်တည်း၊ ထိုသပစ္စယသဒ္ဒါပိုဖြင့် ဝစ မုစ ဘုဇ ဝိသ ဓာတ်များနောင် ဿကို ခ ပြု၍ ဝသ လဘ ဆိဒ ဘိဒ ရုဒ ဓာတ်များနောင် ဿကို ဆ ပြု၏၊ ပုံစံကား… ဝက္ခတိ (ပြောလတ္တံ့), မောက္ခတိ (လွတ်လတ္တံ့), ဘောက္ခတိ (စားလတ္တံ့), ပဝေက္ခတိ (ဝင်လတ္တံ့), ဝစ္ဆတိ (နေလတ္တံ့), လစ္ဆတိ (ရလတ္တံ့), ဆေစ္ဆတိ (ဖြတ်လတ္တံ့), ဘေစ္ဆတိ (ခွဲလတ္တံ့), ရုစ္ဆတိ (ငိုလတ္တံ့) ဟူသည်တည်း။
[ဆောင်] ၁။ သပစ္စယသဒ္ဒါ, အပိုပါသဖြင့်, ဝစာ မုစ, ဘုဇ ဝိသေ, ဓာတ်နောက်နေ, ပြုလေ ဿ ကို ခ။ ၂။ ဝသ လဘ, ဆိ ဘိဒနှင့်, ရုဒ တစ်ထွေ, ဓာတ်နောက်နေ, ပြုလေ ဿ ကို ဆ။ ရုပ်တွက်။ ။ ကာဟတိကို “ကရ”တည်၊ “ကရ၊ ကရဏေ”ဟူသော အနက်၌ ဓာတ်မှည့်, အဆုံးသရချေ, အနာဂတေ ဘဝိဿန္တီသုတ်ဖြင့် ဿတိ ဝိဘတ်သက်, ကရဿ သပစ္စယဿ ကာဟောသုတ်ဖြင့် ကရ ဓာတ်ကို ကာဟ ပြု, ဿ ကိုလည်း ချေ, ကာဟတိ ပြီး၏။ [ကာဟိတိ၌ ကာဟ ပြုပြီးနောက် ဣကာရာဂမော အသဗ္ဗဓာတုကမှိသုတ်ဖြင့် ဓာတ်၏ အဆုံး၌ -ိ လာ, ဟ် ခွင်း, ချေ, ကပ်ရုံသာ။]
သပစ္စယသဒ္ဒါလွန်ဖြင့် ရအပ်သော ရုပ်များမှာ နောင်ခါ အလိုလို ပြီးနိုင်လတ္တံ့၊ နည်းရရုံ တစ်ရုပ်မျှ တွက်ပြမည်။… ဝက္ခတိကို “ဝစ”တည်, “ဝစ၊ ဝိယတ္တိယံ ဝါစာယံ”ဟူသော နက်၌ ဓာတ်မှည့်, အဆုံးသရ ချေ, ဿတိဝိဘတ် သက် (ဝစ်ဿတိ), ကရဿ သပစ္စယဿ ကာဟော သုတ်၌ သပစ္စယသဒ္ဒါပိုဖြင့် ဝစဓာတ်နောင် ဿကို ခ ပြု, ကော ခေ စ သုတ်ဖြင့် နောက် ခ ကြောင့် ဓာတွန် စ် ကို က် ပြု, က် ကို ခ သို့ ကပ်, ဝက္ခတိ ပြီး၏။
အမှာ။ ။ ဤပြခဲ့သောအဓိပ္ပာယ်စုမှာ ကစ္စည်းဝုတ္တိနှင့်တကွ ရူပသိဒ္ဓိ နျာသတို့ အလိုတည်း၊ ဤအခြေပြုအလိုကား… ပစ္စယအရ ကရဓာတ် နောင် သက်မြဲဖြစ်သော သြ ပစ္စည်းကို ယူ၍ လိုက်လာသော “သဿ စ” ဖြင့် ဿပစ္စည်းကို ချေစေလိုသည်၊ ထို့ကြောင့် ဤသုတ်ဖြင့် “ဘဝိဿန္တီ ဝိဘတ်ကြောင့် သြပစ္စည်းနှင့်တကွ ကရဓာတ်ကို ကာဟပြု, ဿကိုလည်း ချေ”ဟု ဆိုစေလိုသည်။
အာချာတ ကပ္ပေ- အာချာတ်ကျမ်း၌၊ တတိယော- ၃ ခန်းမြောက်ဖြစ်သော၊ ကဏ္ဍော- အခန်းသည်၊ ဣတိ- ပြီးပြီ။
အာချာတ်တတိယခန်းပြီး၏။
မိမေသု- မိဝိဘတ်, မဝိဘတ်တို့ ကြောင့်၊ ဒါဒန္တဿ- ဒါဓာတ်၏အဆုံး အာ၏၊ အံ- အံ အပြုသည်၊ ဟောတိ- ဖြစ်၏။ ဒမ္မိ, ဒမ္မ ဟူသည်တည်း။
၇၇။ ဒါဒန္တဿံကို “ဒါဒန္တဿ+အံ”ဟု ပုဒ်ဖြတ်၍ ဒါဒန္တဿကိုလည်း “ဒါ + အန္တဿ” ဟု ပုဒ်ဖြတ်, ဒန္တ ၌ ဒ် ကား အာဂုံတည်း၊ ဒမ္မိ-ပေး၏၊ ဒမ္မ-ပေးကုန်၏။
ဒမ္မိကို “ဒါ”တည်၊ “ဒါ၊ ဒါနေ”ဟူသောအနက်၌ ဓာတ်မှည့်, ဝတ္တမာနာ ပစ္စုပ္ပန္နေသုတ်ဖြင့် မိဝိဘတ်သက်, ဒါဒန္တဿံ မိမေသုသုတ်ဖြင့် ဒါဓာတ်၏ အဆုံး -ါ ကို -ံ ပြု (ဒံ မိ), ဘူဝါဒိတော အသုတ်ဖြင့် အပစ္စည်း သက်, လောပေဉ္စတ္တမကာရောသုတ်ဖြင့် အပစ္စည်းကို ချေ, ဝဂ္ဂန္တံ ဝါ ဝဂ္ဂေ သုတ်ဖြင့် နိဂ္ဂဟိတ်ကို ပဝဂ္ဂန္တ မ် ပြု, မ် ကို မိ သို့ ကပ်, ဒမ္မိ ပြီး၏။
[ဒမ္မ၌ ဝတ္တမာန် မ ဝိဘတ်သက်ရုံသာ၊ ဤသုတ်က မစီရင်သည့်အခါ အပစ္စည်းကို လောပေဉ္စတ္တမကာရောသုတ်ဖြင့် ေ- ပြု, ဒ်ခွင်း, ချေ, ကပ်၍ “ဒေမိ ဒေမ”ဟု ဖြစ်၏၊ ဒါ၏ ဒွေဘော်လာ၍ ရဿပြုလျှင် “ဒဒါမိ ဒဒါမ”ဟု ဖြစ်၏၊ “ဒေတိ ဒေန္တိ, ဒေသိ ဒေထ, ဒေမိ ဒမ္မိ ဒေမ ဒမ္မ”ဟု လည်းကောင်း, “ဒဒါတိ ဒဒန္တိ, ဒဒါသိ ဒဒါထ, ဒဒါမိ ဒဒါမ”ဟုလည်း ကောင်း ကတ္တုရုပ်စဉ်ပါ။]
ကာရိတေ- ကာရိတ်ပစ္စည်းကြောင့်၊ အသံယောဂန္တဿ- သံယုဂ်အဆုံးမရှိ သော ဓာတ်၏၊ ဝုဒ္ဓိ- အာ ဧ သြ ဝုဒ္ဓိအပြုသည်၊ ဟောတိ- ၏။ ကာရေတိ, သယာပေတိ, ဘာဝေတိ, စောရေတိ စသည်တည်း။
၇၈။ အသံယောဂန္တ သံယောဂ+အန္တ၊ သံယောဂ၊ သံယုဂ်, ယှဉ်တွဲနေ သော (မြန်မာအရေးအားဖြင့် ဆင့်လျက် နေသော) အက္ခရာ ၂ လုံး+ အန္တ = အဆုံးရှိသည်၊ စိန္တဓာတ် မန္တဓာတ်ဝယ် “န္တ” ကဲ့သို့ အဆုံး၌ အက္ခရာ၂ လုံးတွဲလျက် (ဆင့်လျက်)နေသော ဓာတ်ကို သံယောဂန္တဓာတ် ဟု ခေါ်၏၊ သံယောဂန္တ = သံယုဂ်အဆုံးရှိသောဓာတ်သည်+အ = မဟုတ်၊ ထို စိန္တဓာတ် စသည်ကဲ့သို့ သံယုဂ်မဆုံးသော ကရ-သီ-သု-စုရ စသော ဓာတ်များကို “အသံယောဂန္တ”ဓာတ် ဟု ခေါ်၏။
ကာရိတ်။ ။ ဏေ ဏယ စသည်ဖြင့် ဏအက္ခရာပါသောပစ္စည်းသည် “ကာရိတ်”မည်၏၊ ထိုကာရိတ်ပစ္စည်းနှောင်းရာဝယ် အသံယောဂန္တဓာတ် များ၏ အစသရကို အာ ဧ သြ ဝုဒ္ဓိ ထိုက်သလိုပြုသော သုတ်တည်း၊ တဒ္ဓိတ်က “အယုဝဏ္ဏာနဉ္စာယော ဝုဒ္ဓိ”သုတ်အရ အ ကို အာ, ဣ ဤကို ဧ, ဥ ဥုကို သြဝုဒ္ဓိပြု။ [ကာရေတိ-ပြုစေ၏၊ သယာပေတိ-အိပ်စေ၏၊ ဘာဝေတိ-ဖြစ်စေ၏၊ စောရေတိ-ခိုး၏။]
ရုပ်တွက်။ ။ ကာရေတိကို “ကရ”တည်၊ “ကရ၊ ကရဏေ”ဟူသော အနက်၌ ဓာတ်မှည့်, အဆုံးသရချေ, ဓာတူဟိ ဏေဏယဏာပေဏာပယ ကာရိတာနိ ဟေတွတ္ထေသုတ်ဖြင့် ဏေပစ္စည်းသက်, ဏေပစ္စည်းကို ကာရိတ်လည်း မှည့်, ကာရိတာနံ ဏော လောပံသုတ်ဖြင့် ဏ်အနုဗန်ကို ချေ, ရ် ကို ေ-သို့ ကပ်, အသံယောဂန္တဿ ဝုဒ္ဓိ ကာရိတေသုတ်ဖြင့် က ၌ ၊ ကို -ါ ဝုဒ္ဓိပြု (ကာရေ), ဝတ္တမာနာ ပစ္စုပ္ပန္နေသုတ်ဖြင့် တိဝိဘတ် သက်, ကာရေတိ ပြီး၏။
အမှာ။ ။ ကာရယတိ၌ ဏယပစ္စည်း, ကာရာပေတိ၌ ဏာပေပစ္စည်း, ကာရာပယတိ၌ ဏာပယပစ္စည်း သက်၍တွက်၊ သယာပေတိ ဘာဝေတိ တို့ကို တေ အာဝါယာ ကာရိတေသုတ်ကျမှ တွက်၊ စောရေတိကို စုရာဒိတော ဏေဏယာ၌ တွက်ခဲ့ပြီ။
ကာရိတေ- ကာရိတပစ္စည်းကြောင့်၊ ဃဋာဒီနံ- ဃဋအတူရှိသောဓာတ်တို့၏၊ ဝုဒ္ဓိ- ဝုဒ္ဓိအပြုသည်၊ ဝါ- ဝိကပ်အားဖြင့်၊ ဟောတိ- ဖြစ်၏။ ဃာဋေတိ, ဃာဋယတိ, ဃဋေတိ, ဃဋယတိ စသည်တည်း။
၇၉။ [ဃာဋေတိ-စေ့ဆော်၏, အားထုတ်၏။] ဤသုတ်ကား…“ဃဋ စသောဓာတ်များ၌ အသံယောဂန္တပင် ဖြစ်သော်လည်း အမြဲ ဝုဒ္ဓိ မပြုဘဲ ရံခါသာ ပြုရမည်”ဟု ဆိုခဲ့ပြီးသုတ်ကို စောင်းသောသုတ်တည်း၊ ဃဋာဒီနံ၌ အာဒိသဒ္ဒါသည် “အတူ”ဟူသော အနက်ရှိ၏၊ ဃဋဓာတ်နှင့် ရုပ်ပြီးပုံ တူသော ဂမု-ဂဏ စသော ဓာတ်များကို ယူ။
ဃာဋေတိကို “ဃဋ”တည်၊ “ဃဋ၊ ဤဟာယံ”ဟူသောအနက်၌ ဓာတ် မှည့်, အဆုံးသရချေ, တိဝိဘတ်သက်, စုရာဒိတော ဏေဏယာသုတ်ဖြင့် ဏေပစ္စည်းသက်,ကာရိတ်မှည့်, ကာရိတာနံ ဏော လောပံသုတ်ဖြင့် ဏ် အနုဗန်ကိုချေ, ဋ်ကို ေ-သို့ကပ်, ဃဋာဒီနံ ဝါသုတ်ဖြင့် ဃ၏ ၊ ကို -ါဝုဒ္ဓိ ပြု, ဃာဋေတိ ပြီး၏။ [ဃာဋယတိ၌ ဏယစ္စည်းသက်၊ ဃဋေတိ, ဃဋယတိ တို့ကား ဝါသဒ္ဒါက တားမြစ်၍ ဝုဒ္ဓိမပြုရဘဲ ပြီးသောပုံစံများတည်း၊၊]
အညေသု စ- ကာရိတ်မှတစ်ပါးသော ပစ္စည်းတို့ကြောင့်လည်း၊ အသံယောဂန္တာနံ- သံယုဂ် အဆုံးမရှိ သော ဓာတ်တို့၏၊ ဝုဒ္ဓိ- ဝုဒ္ဓိ အပြုသည်၊ ဟောတိ- ဖြစ်၏။ ဇေတိ, နေတိ စသည်တည်း။ စသဒ္ဒါဖြင့် ဏုပစ္စည်း၏ ဝုဒ္ဓိအပြုကို ဆည်း၍ သုဏောတိ စသည် ဖြစ်သေး၏။
၈၀။ [ဇေတိ-အောင်၏၊ နိုင်၏၊ နေတိ-ဆောင်ယူ၏။] ရှေ့ ၂ သုတ်က ကာရိတ် နှောင်းရာ၌ ဝုဒ္ဓိ ပြု၍ ဤသုတ်က ကာရိတ်မှ ကြွင်းသော ပစ္စည်း နှောင်းရာ၌ သံယုဂ် အဆုံးမရှိသော ဓာတ်ဟူသမျှကို ဝုဒ္ဓိ ပြုသည်၊ အညေသု စသုတ်၌ စသဒ္ဒါဖြင့် ဓာတ်မဟုတ်သော ဏုပစ္စည်းကိုလည်း ဝုဒ္ဓိပြုသေး၏၊ ဤသုတ်အစီအရင်သည် အလွန်များ၏၊ သတိထားပါကုန်။
ဇေတိကို “ဇိ”တည်၊ “ဇိ၊ ဇယေ”ဟူသောအနက်၌ ဓာတ်မှည့်, တိ ဝိဘတ်, အပစ္စည်းသက်, အညေသု စသုတ်ဖြင့် ဇိ၏ -ိ ကို ေ-ဝုဒ္ဓိ ပြု, လောပေဉ္စတ္တမကာရောသုတ်ဖြင့် အပစ္စည်းကို ချေ, ဇေတိ ပြီး၏။ [ပရာ ဥပသာရပုဒ် ရှေးရှိသည့်အခါ “ပရာဇေတိ=ရှုံး၏”ဟု ဖြစ်၏၊ စစ်တိုက်ရာ, ရုံး၌ တရားတွေ့ရာ, ရန်ဖြစ်ရာ, စာမေးပွဲဖြေဆိုရာ၌ အောင်မှု ရှုံးမှုတို့ သည် ဤ ဇိဓာတ်၏ အနက်ချည်းတည်း။]
နေတိကို “နီ”တည်၊ “နီ၊ နယေ”ဟူသောအနက်၌ ဓာတ်မှည့် စသည် ဖြင့် ရှေးနည်းအတိုင်းတွက်၊ သုဏောတိကား သွာဒိတော ဏုဏာဥဏာ စ သုတ်က အဘိသုဏောတိနှင့် တူပြီ။
ကာရိတေ- ကာရိတ်ပစ္စည်းကြောင့် လည်းကောင်း၊ အညေသု စ- ကာရိတ်မှတစ်ပါးသောပစ္စည်းတို့ ကြောင့်လည်းကောင်း၊ ဂုဟဒုသာနံ- ဂုဟဓာတ်, ဒုသဓာတ်တို့၏၊ သရော- အဆုံးသရသည်၊ ဒီဃံ- ဒီဃအဖြစ်သို့၊ အာပဇ္ဇတေ- ရောက်၏။ ဂူဟတိ, ဂူဟယတိ စသည်တည်း။
၈၁။ ဤသုတ်ကား အသံယောဂန္တဿ ဝုဒ္ဓိ ကာရိတေ, အညေသု စ သုတ်တို့၏ ဝုဒ္ဓိအပြုကို တားမြစ်သောသုတ်တည်း၊ ဤသုတ်က ဒီဃ မပြုလျှင် ထို ၂ သုတ်က ဝုဒ္ဓိပြု၍ “ဂေါဟတိ, ဂေါဟယတိ” စသည် ဖြစ်ရာ၏၊ ထိုကဲ့သို့ မဖြစ်ဖို့ရာ ကြိုတင်၍ ဒီဃပြုထားသည် ဟူလို။
နျာသနှင့်ရူပသိဒ္ဓိဝယ် ကာရိတ်နှောင်းရာ၌သာ ဒီဃပြုဖို့ ဖွင့်ဆိုကြ၏၊ သို့သော် ဂုဟဓာတ်၌ ဂူဟတိစသည်ဖြင့် ကာရိတ်မနှောင်းဘဲ ဒီဃပြုရ သော ပုံစံရှိ၏၊ ဒုသဓာတ်ကား ကာရိတ်မနှောင်းဘဲ ဒုဿတိ ဒုဿနံဟု ဖြစ်၍ ဒီဃမပြုရ။ [ဂူဟတိ-လျှို့ဝှက်၏၊ ဖုံးလွှမ်း၏၊ ဂူဟယတိ-လျှို့ဝှက် စေ၏၊ ဒူသယတိ-ပျက်စီးစေ၏=ဖျက်ဆီး၏။]
ဂူဟတိကို “ဂုဟ”တည်၊ “ဂုဟ၊ သံဝရဏေ”ဟူသောအနက်၌ ဓာတ် မှည့်, အဆုံးသရချေ, တိဝိဘတ်သက်, ဘူဝါဒိ ၊ ပစ္စည်းသက်, ဂုဟဒုသာနံ ဒီဃံသုတ်ဖြင့် ဂုဟဓာတ်၏ ု ကို ူ ဒီဃပြု, ဟ်ကို ၊ သို့ကပ်, ဂူဟတိ ပြီး၏။ [ဂူဟယတိ၌ ကာရိတ် ဏယပစ္စည်းသက်၍ တွက်။]
ဒူသယတိကို “ဒုသ”တည်၊ “ဒုသ၊ အပ္ပီတိမှိ”ဟူသောအနက်၌ ဓာတ် မှည့်, အဆုံးသရချေ, ဓာတူဟိ ဏေဏယ စသောသုတ်ဖြင့် ဏယပစ္စည်း သက်, ကာရိတ်မှည့်, ကာရိတာနံ ဏော လောပံသုတ်ဖြင့် ဏ်အနုဗန်ချေ, ဂုဟဒုသာနံ ဒီဃံသုတ်ဖြင့် ဒုသဓာတ်၏ ု ကို ူ ဒီဃပြု, သ်ကို ၊ သို့ ကပ် (ဒူသယ), တိဝိဘတ်သက်, ဒူသယတိ ပြီး၏။
ယေဘော- ကံဟော ယပစ္စည်းကြောင့်၊ ဝစဝသဝဟာဒီနံ- ဝစ ဝသ ဝဟ အစရှိသောဓာတ်တို့၏၊ ဝဿ- ဝအက္ခရာ, ဝ၏အဆုံး အ အက္ခရာ၏၊ ဥကာရော- ဥအပြုသည်၊ ဟောတိ- ဖြစ်၏။ ဥစ္စတေ, ဝုစ္စတေ, ဝုဿတေ, ဝုယှတေ စသည်တည်း။
၈၂။ ဥစ္စတေ, ဝုစ္စတေ-ပြောဆိုအပ်၏၊ ဝုဿတေ-နေခြင်း၊ တစ်နည်းကျင့်သုံးအပ်၏၊ ဝုယှတေ-ဆောင်အပ်၏၊ မျှောအပ်၏၊ ဝဟာဒီနံ၌ အာဒိ ဖြင့် ဝဍ္ဎဓာတ်ကို ယူ၍ ဝုဍ္ဎတေ (တိုးပွားခြင်း)ဟူသော ပုံစံလည်းရှိ၏။
ဝဿ-ဤပုဒ်၌ “ဝ”အရ (ဝ်)ဗျဉ်းကိုလည်းကောင်း, ဝ၏ အ သရကို လည်းကောင်း ယူရမည်ဟု ရူပသိဒ္ဓိ ဖွင့်၏၊ ဝ်ဗျဉ်းကို ဥပြုရာ၌ ဝ၏ အ သရ မပါသဖြင့် အ သရကို သီးခြား ချေရမည်တဲ့၊ နျာသကား ဝ ကို ဥပြုသည့်အခါ သရပါပြုသောကြောင့် သီးခြားမချေ၊ ရူပသိဒ္ဓိ အကြံလွန် သော်လည်း ခဲခက်၍ ရူပသိဒ္ဓိအလိုကျ ဥစ္စတေကို တွက်ပြအံ့။
ဥစ္စတေကို “ဝစ”တည်၊ “ဝစ၊ ဝိယတ္တိယံ ဝါစာယံ”ဟူသောအနက်၌ ဓာတ်မှည့်, အဆုံးသရချေ, တေဝိဘတ်သက်, ဘာဝကမ္မေသု ယောသုတ် ဖြင့် ယပစ္စည်းသက်(ဝစ်ယတေ), ဝစဝသဝဟာဒီန.မုကာရော ဝဿ ယေ သုတ်ဖြင့် ဝ်ဗျဉ်းကို ဥပြု (ဥ ၊ စ ယ တေ), ကွစိ ဓာတုသုတ်ဖြင့် ၊ သရကို ချေ (ဥ စ် ယ တေ), တဿ စဝဂ္ဂ စသောသုတ်ဖြင့် ဓာတွန်စ်နှင့်တကွ ယပစ္စည်းကို စပြု, သဒိသဒွေဘော် စ်လာ, ဥစ္စတေ ပြီး၏။ [ဘာဝကမ္မေသု ယောသုတ်၌ ဥစဓာတ်ဖြင့် တစ်နည်းတွက်ပြခဲ့ပြီ၊ ဝုစ္စတေ စသည်ကား ဝ ၏ ၊ ကို ု ပြုသော ပုံစံများတည်း။]
ဝုစ္စတေကို “ဝစ”တည်၊ “ဝစ၊ ဝိယတ္တိယံ ဝါစာယံ”ဟူသောအနက်၌ ဓာတ်မှည့်, အဆုံးသရချေ, တေဝိဘတ်, ယပစ္စည်းသက်, ဝစ၀သဝဟာဒီန. မုကာရော ဝဿ ယေ သုတ်ဖြင့် ဝ ၏ ၊ ကို ု ပြု (ဝု စ် ယ တေ), တဿ စဝဂ္ဂ စသောသုတ်ဖြင့် ဓာတွန်စ်နှင့်တကွ ယပစ္စည်းကို စပြု, ဒွေဘော် လာ, ဝုစ္စတေ ပြီး၏။ [နျာသကား တစ်မျိုးတွက်၏။]
ဝုဿတေကို “ဝသ”တည်၊ “ဝသ၊ နိဝါသေ”ဟူသော အနက်၌ ဓာတ် မှည့်, အဆုံးသရ ချေ, တေဝိဘတ်, ယပစ္စည်းသက်, ဝစ၀သဝဟာဒီန. မုကာရော ဝဿ ယေ သုတ်ဖြင့် ဝ ၏ ၊ ကို ု ပြု (ဝု သ် ယ တေ), ပုဗ္ဗရူပဉ္စသုတ်ဖြင့် ယ ကို ပုဗ္ဗရုပ် သ ပြု, သ် ကို သ သို့ ကပ်, ဝုဿတေ ပြီး၏။
ယေ- ယပစ္စည်း ကြောင့်၊ ဟဝိပရိယယော- ဟ ၏ ယ နှင့် ရှေ့ နောက် ပြန် ခြင်းသည်၊ ဟောတိ- ၏။ ယဿ- ယ ပစ္စည်း၏၊ လော ဝါ- ဝိကပ် လ အပြုသည်လည်း၊ ဟောတိ- ဖြစ်၏။ ဝုလှတေ, ဝုယှတေ စသည်တည်း။
၈၃။ [ဝုလှတေ, ဝုယှတေ၊ ဆောင်ယူအပ်၏=မျှောအပ်၏။] ဤသုတ် သည် ဟနှင့်ယကို ရှေ့နောက်ပြန်၍ “ဝုယှတေ”ဟုလည်းကောင်း, ရံခါ ယကို လပြု၍ “ဝုလှတေ”ဟုလည်းကောင်း စီရင်သောသုတ်တည်း။
ဝုလှတေကို “ဝဟ”တည်၊ “ဝဟ၊ ပါပဏေ”ဟူသောအနက်၌ ဓာတ် မှည့်, အဆုံးသရချေ, တေဝိဘတ်သက်, ယပစ္စည်းသက်, ဝစ၀သဝဟာဒီန. မုကာရော ဝဿ ယေ သုတ်ဖြင့် ဝ ၏ ၊ ကို ု ပြု (ဝု ဟ် ယ တေ), ဟ ဝိပရိယယော လော ဝါသုတ်ဖြင့် ဟနှင့်ယကို ရှေ့နောက်ပြန်, ယကိုလည်း လ ပြု, ဝုလှတေ ပြီး၏။
အမှာ။ ။ ဝုယှတေ၌ ယကို လမပြုသည်သာ ထူးသည်၊ ယှ ၌ ယ က ရှေ့, ဟ က နောက်တည်း၊ ထို့ကြောင့် ဝု ဟ် ယ တေ၌ ဟ်နှင့်ယကို ရှေ့နောက် ပြောင်းလွဲှရသည်။
ပ္ပေ- ပ္ပ ပစ္စည်းကြောင့်၊ ဂဟဿ- ဂဟဓာတ်၏၊ ဃေ- ဃေအပြုသည်၊ ဟောတိ- ဖြစ်၏။ ဃေပ္ပတိ စသည်တည်း။
၈၄။ ဃေပ္ပတိ-ယူ၏။ [ဃေပ္ပတိ ဃေပ္ပန္တိ စသည် ရုပ်စဉ်လေ။]
ဃေပ္ပတိကို “ဂဟ”တည်၊ “ဂဟ၊ ဥပါဒါနေ”ဟူသော အနက်၌ ဓာတ်မှည့်, အဆုံးသရချေ, တိဝိဘတ်သက်, ဂဟာဒိတော ပ္ပ ဏှာသုတ်ဖြင့် ပ္ပ ပစ္စည်းသက်, ဂဟဿ ဃေ ပ္ပေသုတ်ဖြင့် ဂဟဓာတ်ကို ဃေ ပြု, ဃေပ္ပတိ ပြီး၏။
ဏှာမှိ- ဏှာ ပစ္စည်းကြောင့်၊ ဂဟဿ- ဂဟ ဓာတ်၏၊ ဟလောပေါ- ဟ ၏ ကျေခြင်းသည်၊ ဟောတိ- ဖြစ်၏။ ဂဏှာတိ စသည်တည်း။
၈၅။ ဂဏှာတိကို “ဂဟ”တည်၊ “ဂဟ၊ ဥပါဒါနေ”ဟူသောအနက်၌ ဓာတ်မှည့်, အဆုံးသရချေ, တိဝိဘတ်, ဏှာပစ္စည်းသက်, ဟလောပေါ ဏှာမှိသုတ်ဖြင့် ဟ်ကို ချေ, ဂဏှာတိ ပြီး၏။
အဇ္ဇတနီမှိ- အဇ္ဇတနီ ဝိဘတ်ကြောင့်၊ ကရဿ- ကရဓာတ်၏၊ ကာသတ္တံ- ကာသ အဖြစ် သည်၊ ဟောတိ- ၏။ အကာသိ, အကာသုံ စသည်တည်း။ ကာသတ္တံ ဟူသော ဘာဝနိဒ္ဒေသဖြင့် အဇ္ဇတနီဝိဘတ်ကြောင့် ကရဓာတ်မှတစ်ပါးသော ဓာတ်နောင် (သ) လာ၍ အဟောသိ, အဒါသိ စသည်ဖြစ်၏။
၈၆။ [အကာသိ-ပြုပြီ၊ အကာသုံ-ပြုကုန်ပြီ၊ အဟောသိ-ဖြစ်ပြီ၊ အဒါသိ-ပေးပြီ၊ လှူပြီ။]
ကာသတ္တံ- “ကရဿ ကာသ.မဇ္ဇတနီမှိ”ဆိုလျှင် ပြီးနိုင်လျက် ဘော အနက်ကို ဟောသော တ္တ ပစ္စည်းဖြင့် “ကာသတ္တံ”ဟု ဆိုသောကြောင့် တ္တ ပစ္စည်းပို၏၊ ထိုတ္တ ပစ္စည်းပိုဖြင့် အခြားဓာတ်နောင် (သ) လာသည်။
အကာသိကို “ကရ”တည်၊ “ကရ၊ ကရဏေ”ဟူသောအနက်၌ ဓာတ် မှည့်, အဆုံးသရချေ, သမီပေဇ္ဇတနီသုတ်ဖြင့် (ဤ)ဝိဘတ်သက်, ကရဿ ကာသတ္တ.မဇ္ဇတနီမှိသုတ်ဖြင့် ကရဓာတ်ကို ကာသ်ပြု, အကာရာဂမော စသောသုတ်ဖြင့် ဓာတ်၏အစ၌ (အ)လာ, တနာဒိတော သြယိရာသုတ် ဖြင့် သြပစ္စည်းသက်, ကွစိ ဓာတုသုတ်ကြီးဖြင့် သြပစ္စည်းကို ချေ, -ီ ကို လည်း -ိ ရဿပြု, သ် ကို -ိ သို့ ကပ်, အကာသိ ပြီး၏။
အသသ္မာ- အသဓာတ်မှ၊ ပရေသံ- နောက်ဖြစ်ကုန်သော၊ မိမာနံ- မိဝိဘတ် မဝိဘတ်တို့၏၊ မှိမှာ- မှိအပြု, မှအပြုတို့သည်၊ ဟောန္တိ- ကုန်၏၊ အန္တလောပေါ စ- ဓာတွန်၏ကျေခြင်းသည်လည်း၊ ဟောတိ- ၏။ အမှိ, အမှ, အသ္မိ, အသ္မ ဟူသည်တည်း။
အမှာ။ ။ အများရုပ်တွက်ပုံမှာ သြပစ္စည်းသက်လေ့မရှိ၊ ရူပသိဒ္ဓိဋီကာ “အကတ္ထ”၌ သြပစ္စည်းချေလျက်ရှိ၏၊ အကာသုံ၌ -ုံ ဝိဘတ်သက်ရုံသာ ထူး၏၊ “အကာသီ, အကာသုံ, အကာသော, အကာသိ, အကာသိတ္ထ, အကာသိံ, အကာသိမှ“စသည်ဖြင့် ရုပ်စဉ်ပါ။
အဟောသိကို “ဟူ”တည်၊ “ဟူ၊ သတ္တာယံ”ဟူသောအနက်၌ ဓာတ် မှည့်, -ီ ဝိဘတ်သက်, ဘူဝါဒိတော အ သုတ်ဖြင့် အ ပစ္စည်းသက်, အညေသု စသုတ်ဖြင့် ဟူ၏ ူ ကို ေ-ါ ဝုဒ္ဓိပြု, လောပေဉ္စတ္တမကာရောသုတ် ဖြင့် အပစ္စည်းကို ချေ, အကာရာဂမော ဟိယျတ္တနီစသောသုတ်ဖြင့် ဓာတ်၏ အစ၌ အ လာ, ကရဿ ကာသတ္တ.မဇ္ဇတနီမှိသုတ်၌ ကာသတ္တံ ဟူသော ဘာဝနိဒ္ဒေသဖြင့် သ်လာ, ကွစိ ဓာတုသုတ်ကြီးဖြင့် -ီ ကို -ိရဿပြု, သ်ကို -ိ သို့ ကပ်, အဟောသိ ပြီး၏။ [အဒါသိ၌ ဒါဓာတ် -ိဝိဘတ်, ၊ ပစ္စည်း, အ လာ, (သ)လည်း လာ, လောပေဉ္စတ္တမကာရောဖြင့် အ ချေ။]
၈၇။ [အမှိ, အသ္မိ-ဖြစ်၏၊ အမှ, အသ္မ-ဖြစ်ကုန်၏။] အသဓာတ်နောင် တစ်ရံတစ်ခါ မိဝိဘတ်ကို မှိ, မဝိဘတ်ကို မှပြု၍ ဓာတွန် သကို ချေသော သုတ်တည်း၊ မှိ မှ မပြုတဲ့အခါ အသ္မိ, အသ္မ ဟု ဖြစ်၏။
အမှိကို “အသ”တည်၊ “အသ၊ ဘုဝိ”ဟူသောအနက်၌ ဓာတ်မှည့်, အဆုံးသရချေ, မိဝိဘတ်သက်, (အ)ပစ္စည်းသက်, (အ)ပစ္စည်းကို ချေ, အသသ္မာ မိမာနံ မှိမှာ.န္တလောပေါ စသုတ်ဖြင့် မိကို မှိပြု, ဓာတွန် သ်ကို လည်းချေ, အမှိ ပြီး၏။ [အမှ၌ မဝိဘတ်ကို မှပြုရုံသာ, အသ္မိ၌ အသဓာတ်, အဆုံးသရချေ, မိဝိဘတ်, အပစ္စည်းသက်, ချေ, သ်ကို မိသို့ ကပ်, အသ္မိ ပြီး၏၊ မဝိဘတ် သက်လျှင် အသ္မ ဖြစ်၏။]
အသသ္မာ- အသဓာတ်မှ၊ ပရဿ- နောက်ဖြစ်သော၊ ထဿ- ထဝိဘတ်၏၊ တ္ထတ္တံ- တ္ထ အဖြစ်သည်၊ ဟောတိ- ၏၊ အန္တလောပေါ စ- ဓာတွန်၏ကျေခြင်းသည်လည်း၊ ဟောတိ- ဖြစ်၏။ အတ္ထ ဟူသည်တည်း။
၈၈။ အတ္ထ-ဖြစ်ကုန်၏။
အတ္ထကို “အသ”တည်၊ “အသ၊ ဘုဝိ”ဟူသောအနက်၌ ဓာတ်မှည့်, အဆုံးသရချေ, ထဝိဘတ်သက်, (အ)ပစ္စည်းသက်, ချေ, ထဿ တ္ထတ္တံ သုတ်ဖြင့် ထဝိဘတ်ကို တ္ထ ပြု, ဓာတွန်သ်ကိုလည်း ချေ, အတ္ထ ပြီး၏။
အသသ္မာ- အသဓာတ်မှ၊ ပရဿ- နောက်ဖြစ်သော၊ တိဿ- တိဝိဘတ်၏၊ တ္ထိတ္တံ- တ္ထိ အဖြစ်သည်၊ ဟောတိ- ၏၊ အန္တလောပေါ စ- ဓာတွန်၏ကျေခြင်းသည်လည်း၊ ဟောတိ- ဖြစ်၏။ အတ္ထိ ဟူသည်တည်း။
၈၉။ အတ္ထိ-ဖြစ်၏၊ ရှိ၏။
အတ္ထိကို “အသ”တည်၊ ဓာတ်မှည့်, အဆုံးသရချေ, တိဝိဘတ်သက်, (အ)ပစ္စည်းသက်, ချေ (အသ်တိ), တိဿ တ္ထိတ္တံ သုတ်ဖြင့် တိကို တ္ထိ ပြု,
ဓာတွန်သ်ကိုလည်း ချေ, အတ္ထိ ပြီး၏။
မှတ်ချက်။ ။ ဤအတ္ထိပုဒ်ကို အာချာတ်ပုဒ်, နိပါတ်ပုဒ်, နာမ်ပုဒ် အားဖြင့် ၃ မျိုးရှိ၏ဟု ခွဲခြားကြ၏၊ “အတ္ထိ-ရှိ၏”ဟူရာ၌ အာချာတ်ပုဒ်, “အတ္ထိ-ရှိကုန်၏”ဟု ဗဟုဝုစ်အနက်၌ နိပါတ်ပုဒ်, “အတ္ထိယာ-အတ္ထိ ပစ္စည်း၌”ဟူရာဝယ် သ္မိံ ကို ယာပြုသောကြောင့် နာမ်ပုဒ်ဟု ဆိုကြသည်။
အသသ္မာ- အသဓာတ်မှ၊ ပရဿ- နောက်ဖြစ်သော၊ တုဿ- တုဝိဘတ်၏၊ တ္ထုတ္တံ- တ္ထု၏ အဖြစ် သည်၊ ဟောတိ- ဖြစ်၏၊ အန္တလောပေါ စ- ဓာတွန်၏ ကျေခြင်း သည်လည်း၊ ဟောတိ- ၏။ အတ္ထု ဟူသည်တည်း။
၉၀။ [အတ္ထု - ဖြစ်စေသတည်း။]
အတ္ထုကို “အသ”တည်၊ ဓာတ်မှည့်, အဆုံးသရချေ, အာဏတျာ သိဋ္ဌေနုတ္တကာလေ ပဉ္စမီသုတ်ဖြင့် တု ဝိဘတ်သက်, အ ပစ္စည်းသက်, လောပေဉ္စတ္တမကာရောသုတ်ဖြင့် အ ပစ္စည်းကို ချေ, တုဿ တ္ထုတ္တံ သုတ်ဖြင့် တုဝိဘတ်ကို တ္ထု ပြု, ဓာတွန် သ်ကိုလည်း ချေ, အတ္ထု ပြီး၏။
သိမှိ စ- သိဝိဘတ်ကြောင့်လည်း၊ အသဿ- အသ ဓာတ်၏၊ အန္တလောပေါ- ဓာတွန်၏ ကျေခြင်းသည်၊ ဟောတိ- ဖြစ်၏။ အသိ ဟူသည်တည်း။
၉၁။ [အသိ-ဖြစ်၏။]
ဤသုတ်ကား ဓာတွန် သ်ကိုသာ ချေ၏, သိဝိဘတ်ကို တစ်စုံတစ်ခုမျှ မစီရင်၊ သိမှိ စ၌ စသဒ္ဒါဖြင့် ဟိဝိဘတ်ကို ဆည်း၍ “အဟိ”ပုံစံကိုလည်း ထုတ်ကြ၏။ [အဟိ-ဖြစ်လော, ဖြစ်၏။]
အသိကို “အသ”တည်၊ ဓာတ်မှည့်, အဆုံးသရချေ, ဝတ္တမာန် သိ ဝိဘတ်သက်, အပစ္စည်းသက်, လောပေဉ္စတ္တမကာရောသုတ်ဖြင့် အ ပစ္စည်းကို ချေ, သိမှိ စသုတ်ဖြင့် ဓာတွန် သ်ကို ချေ, အသိ ပြီး၏။ [အဟိကိုလည်း အသ ဓာတ်, ပဉ္စမီ ဟိဝိဘတ်သက်၍ ရုပ်တွက်ပါ။]
လဘသ္မာ- လဘဓာတ်မှ၊ ပရေသံ- နောက်ဖြစ်ကုန်သော၊ ဤဣံနံ- ဤဝိဘတ်, ဣံဝိဘတ် တို့၏၊ တ္ထတ္ထံ- တ္ထအပြု, တ္ထံအပြုသည်၊ ဟောတိ- ဖြစ်၏၊ အန္တ လောပေါ စ- ဓာတွန်၏ ကျေခြင်းသည်လည်း၊ ဟောတိ- ဖြစ်၏။ အလတ္ထ, အလတ္ထံ ဟူသည်တည်း။
၉၂။ အလတ္ထ-သူရပြီ၊ အလတ္ထံ-ငါရပြီ၊ [“ရအပ်ပြီ”ဟု မဆိုရ။]
အလတ္ထကို “လဘ”တည်၊ “လဘ၊ လာဘေ”ဟူသောအနက်၌ ဓာတ် မှည့်, အဆုံးသရချေ, သမီပေဇ္ဇတနီသုတ်ဖြင့် -ီ ဝိဘတ်သက်, အပစ္စည်း သက်, ချေ, အကာရာဂမော ဟိယျတ္တနီ စသောသုတ်ဖြင့် ဓာတ်၏အစ၌ အ လာ (အလ ဘ် -ီ), လဘသ္မာ ဤဣံနံ တ္ထတ္ထံသုတ်ဖြင့် -ီ ဝိဘတ်ကို တ္ထပြု, ဓာတွန် ဘ်ကိုလည်း ချေ, အလတ္ထ ပြီး၏။ [အလတ္ထံ၌ အဇ္ဇတနီ ဣံ ဝိဘတ် သက်၍ တ္ထံပြုရုံသာ ထူး၏၊ တ္ထ တ္ထံ မပြုတဲ့အခါ “အလဘီ လဘီ, အလဘိ လဘိ, အလဘိံ လဘိံ”ဖြစ်၏။]
ကုသသ္မာ- ကုသဓာတ်မှ၊ ပရံ- နောက် ဖြစ်သော၊ ဤ- ဤ ဝိဘတ်သည်၊ စ္ဆိ- စ္ဆိ အပြုသည်၊ ဟောတိ- ဖြစ်၏၊ အန္တလောပေါ စ- ဓာတွန်၏ ကျေခြင်းသည်လည်း၊ ဟောတိ- ဖြစ်၏။ အက္ကောစ္ဆိ ဟူသည်တည်း။
၉၃။ အက္ကောစ္ဆိ-ဆဲရေးပြီ။ [“ကုဓသ္မာ”ဟု မြန်မာမူရှိ၏၊ သီဟိုဠ်မူ၌ “ကုသသ္မာ”ဟု ရှိ၏၊ ရူပသိဒ္ဓိမှာလည်း ကုသဓာတ်အရာဝယ် ဤသုတ်ကို ပြသောကြောင့်လည်းကောင်း, “အက္ကောစ္ဆိကို အက္ကောသိ”ဟု ကုသဓာတ် ဖြင့် အဋ္ဌကထာဖွင့်သောကြောင့်လည်းကောင်း “ကုသသ္မာ”သာ သင့်၏၊၊]
အက္ကောစ္ဆိကို အာရှေးရှိသော “ကုသ”တည်၊ “ကုသ၊ အက္ကောသေ” ဟူသော အနက်၌ ဓာတ်မှည့်, အဆုံးသရ ချေ, သမီပေဇ္ဇတနီသုတ်ဖြင့် -ီ ဝိဘတ်သက်, အပစ္စည်းသက်, အညေသု စသုတ်ဖြင့် ကု၏အဆုံး ု ကို ေ-ါ ဝုဒ္ဓိပြု, အပစ္စည်းချေ, ကုသသ္မာ ဒီစ္ဆိသုတ်ဖြင့် -ီ ဝိဘတ်ကို စ္ဆိပြု, ဓာတွန် သ်ကိုလည်းချေ (အာကောစ္ဆိ), ပရ ဒွေဘာဝေါ ဌာနေသုတ်ဖြင့် က၏ သဒိသဒွေဘော် က်လာ, ကွစိ ဓာတုသုတ်ကြီးဖြင့် အာကို ၊ ရဿပြု, အက္ကောစ္ဆိ ပြီး၏။
ဒါဓာတုဿ- ဒါဓာတ်၏၊ ဒဇ္ဇံ- ဒဇ္ဇ အပြုသည်၊ ဟောတိ- ဖြစ်၏။ ဒဇ္ဇတိ, ဒဇ္ဇန္တိ စသည်တည်း။
၉၄။ ဒဇ္ဇတိ-ပေး၏၊ “ဒဇ္ဇတိ ဒဇ္ဇန္တိ, ဒဇ္ဇသိ ဒဇ္ဇထ, ဒဇ္ဇာမိ-ဒဇ္ဇေမိ ဒဇ္ဇာမ-ဒဇ္ဇေမ, ဒဇ္ဇတေ”စသည်ဖြင့် ရုပ်စဉ်၊ ဤသုတ်က ဒဇ္ဇ မပြုတဲ့အခါ “ဒဒါတိ ဒဒန္တိ, ဒေတိ ဒေန္တိ” စသည် ဖြစ်၏။
ဒဇ္ဇတိကို “ဒါ”တည်၊ “ဒါ၊ ဒါနေ”ဟူသောအနက်၌ ဓာတ်မှည့်, တိ ဝိဘတ် အပစ္စည်းသက်, အပစ္စည်းကိုချေ, ဒါဓာတုဿ ဒဇ္ဇံသုတ်ဖြင့် ဒါ ဓာတ်ကို ဒဇ္ဇ ပြု, ဒဇ္ဇတိ ပြီး၏။
ဝဒဿ- ဝဒဓာတ်၏၊ ဝဇ္ဇံ- ဝဇ္ဇအပြုသည်၊ ဟောတိ- ဖြစ်၏။ ဝဇ္ဇေတိ, ဝဇ္ဇေန္တိ စသည်တည်း။
၉၅။ ဝဇ္ဇေတိ-ပြောဆို၏၊ “ဝဇ္ဇေတိ ဝဇ္ဇေန္တိ, ဝဇ္ဇေသိ ဝဇ္ဇေထ, ဝဇ္ဇေမိ ဝဇ္ဇေမ ဝဇ္ဇာမ”ဟု စဉ်၊ အတ္တနောပုဒ်ဖြင့်ကား “ဝဇ္ဇတေ ဝဇ္ဇန္တေ စသည်ဖြင့် စဉ်၊ ဤသုတ်က ဝဇ္ဇ မပြုတဲ့အခါ “ဝဒတိ, ဝဒေတိ, ဝဒန္တိ, ဝဒေန္တိ, ဝဒသိ” စသည်ဖြင့် အပစ္စည်းကို ဧ ပြုသောရုပ်များ ဖြစ်၏။
ဝဇ္ဇေတိကို “ဝဒ”တည်၊ “ဝဒ၊ ဝိယတ္တိယံ ဝါစာယံ”ဟူသောအနက်၌ ဓာတ်မှည့်, အဆုံးသရချေ, တိဝိဘတ် အပစ္စည်းသက်, ဝဒဿ ဝဇ္ဇံသုတ်ဖြင့် ဝဒဓာတ်ကို ဝဇ္ဇ ပြု, လောပေဉ္စတ္တမကာရောသုတ်ဖြင့် (အ)ပစ္စည်းကို ေ- ပြု, ဇ်္ဇ ခွင်း, ချေ, ကပ်, ဝဇ္ဇေတိ ပြီး၏။ [ဝဇ္ဇေန္တိ၌ အန္တိဝိဘတ်က အ ကို ကွစိ ဓာတုဖြင့် ချေ, အကြွင်းနည်းတူ။]
ဂမိဿ- ဂမုဓာတ်၏၊ ဃမ္မံ- ဃမ္မအပြု သည်၊ ဟောတိ- ဖြစ်၏။ ဃမ္မတိ, ဃမ္မန္တိ စသည်တည်း။
၉၆။ [ဃမ္မတိ-သွား၏၊ ဃမ္မတိ, ဃမ္မန္တိ ဃမ္မရေ စသည် စဉ်။]
ဃမ္မတိကို “ဂမု”တည်၊ “ဂမု-ဂတိမှိ”ဟူသောအနက်၌ ဓာတ်မှည့်, အဆုံး ု သရချေ, တိဝိဘတ် အပစ္စည်းသက်, ဂမိဿ ဃမ္မံသုတ်ဖြင့် ဂမု ဓာတ်ကို ဃမ္မ ပြု, မ္မ ကို ၊ သို့ ကပ်, ဃမ္မတိ ပြီး၏။
ယမှိ- ဘော ကံဟော ယပစ္စည်းကြောင့်၊ ဒါဓာမာဌာဟာပါမဟမထာဒီနံ- ဒါ, ဓာ, မာ, ဌာ, ဟာ, ပါ, မဟ, မထ အစရှိသောဓာတ်တို့၏၊ အန္တော- အဆုံးသရသည်၊ ဤ- ဤအပြုသည်၊ ဟောတိ- ၏။ ဒီယတေ, ဓီယတေ, မီယတေ, ဌီယတေ, ပဟီယတေ, ပီယတေ, မဟီယတေ, မထီယတေ စသည်တည်း။
၉၇။ ဒီယတေ-ပေးခြင်း, ပေးအပ်၏၊ ဓီယတေ-ဆောင်ခြင်း, ဆောင် အပ်၏၊ မီယတေ-နှိုင်းချင်ခြင်း, နှိုင်းချင်အပ်၏၊ ဌီယတေ-တည်ခြင်း၊ (ဌာဓာတ်၌ ကံမရှိ၊) ပဟီယတေ-ပယ်စွန့်ခြင်း, ပယ်စွန့်အပ်၏၊ ပီယတေသောက်ခြင်း, သောက်အပ်၏၊ မဟီယတေ-ပူဇော်ခြင်း, ပူဇော်အပ်၏၊ မထီယတေ-လုံးထွေးခြင်း, လုံးထွေးအပ်၏။
ရုပ်တွက်။ ။ ဒီယတေကို “ဒါ”တည်၊ “ဒါ၊ ဒါနေ”ဟူသောအနက်၌ ဓာတ်မှည့်, ဝတ္တမာနာ ပစ္စုပ္ပန္နေသုတ်ဖြင့် တေဝိဘတ်သက်, ယပစ္စည်း သက်, ယမှိ ဒါဓာစသောသုတ်ဖြင့် ဒါ၏အဆုံး -ါ ကို -ီ ပြု, ဒီယတေ ပြီး၏။
ဓီယတေကို “ဓာ”တည်၊ “ဓာ၊ ဓာရဏေ”ဟူသောအနက်၌ စသည်ဆို၊ မီယတေကို “မာ”တည်၊ “မာ=မာနေ”စသည်ဆို၊ ဌီယတေကို “ဌာ”တည်၊ “ဌာ=ဂတိနိဝတ္တိမှိ”စသည်ဆို၊ ပဟီယတေကို ပရှေးရှိသော “ဟာ”တည်၊ “ဟာ=စာဂေ”စသည်ဆို၊ ပီယတေကို “ပါ”တည်၊ “ပါ=ပါနေ”စသည်ဆို၊ မဟီယတေကို “မဟ”တည်၊ “မဟ=ပူဇာယံ”ဟူသောအနက်၌ ဓာတ်မှည့်, (အဆုံးသရကို မချေရ), တေဝိဘတ် ယပစ္စည်းသက်၊ မထီယတေကို “မထ”တည်၊ “မထ=ဝိလောလနေ” စသည် ဆိုလေ။
ယမှိ- ဘော ကံဟော ယပစ္စည်း ကြောင့်၊ ယဇဿ- ယဇဓာတ်၏၊ အာဒိဿ- အစ ယ၏၊ ဣ- ဣ အပြုသည်၊ ဟောတိ- ဖြစ်၏။ ဣဇ္ဇတေ စသည်တည်း။
၉၈။ ဣဇ္ဇတေ-ပူဇော်ခြင်း, ပူဇော်အပ်၏။ [ယဇဿာ.ဒိဿိကို “ယဇဿ+အာဒိဿ+ဣ”ဟု ပုဒ်ဖြတ်။]
ဣဇ္ဇတေကို “ယဇ”တည်၊ “ယဇ၊ ဒေဝပူဇာသင်္ဂတိကရဏဒါနေသု” ဟူသောအနက်၌ ဓာတ်မှည့်, အဆုံးသရချေ, တေဝိဘတ်သက်, ဘာ၀ ကမ္မေသု ယောသုတ်ဖြင့် ယပစ္စည်းသက်, ယဇဿာ.ဒိဿိသုတ်ဖြင့် ယဇ ဓာတ်၏ ယကို ဣပြု, တဿ စဝဂ္ဂယကာရဝကာရတ္တံသုတ်ဖြင့် ဓာတွန် ဇ် နှင့်တကွ ယ ပစ္စည်းကို ဇ ပြု, သဒိသဒွေဘော် ဇ် လာ, ဣဇ္ဇတေ ပြီး၏။
သဗ္ဗတော- အလုံးစုံသောဓာတ်မှ နောက်၌၊ ဥံ- ဥံဝိဘတ်သည်၊ ဣံသု- ဣံသု အပြုသည်၊ ဟောတိ- ဖြစ်၏။ ဥပသင်္ကမိံသု, နိသီဒိံသု စသည်တည်း။
၉၉။ [ဥပသင်္ကမိံသု-ချဉ်းကပ်ကုန်ပြီ၊ နိသီဒိံသု-ထိုင်နေကုန်ပြီ။]
ဥပသင်္ကမိံသုကို ဥပရှေ့ သံရှေ့ရှိသော “ကမု”တည်၊ “ကမု၊ ပဒ ဝိက္ခေပေ”ဟူသောအနက်၌ ဓာတ်မှည့်, အဆုံးသရချေ, သမီပေဇ္ဇတနီ သုတ်ဖြင့် ဥံ ဝိဘတ်သက်, သဗ္ဗတော ဥံဣံသု သုတ်ဖြင့် ဥံ ဝိဘတ်ကို -ိံသု ပြု, မ် -ိံ သို့ကပ်, နိဂ္ဂဟိတ်ကို ကဝဂ္ဂန္တ “င်”ပြု, ဥပသင်္ကမိံသု ပြီး၏၊ [နိသီဒိံသုကို သဒဿ သီဒတ္တံသုတ်ကျမှ တွက်တတ်လတ္တံ့။]
ယောဂဝိဘာဂ။ ။ “သဗ္ဗတော ဥံ”ဟူသော ဒွိဓာကရဏ ယောဂ ဝိဘာဂဖြင့် ဥံ ကို အံသု-အာသုံ ပြု၍ “အဂမံသု အဂမာသုံ”စသည်လည်း ရှိနိုင်၏။
[ဆောင်] သဗ္ဗတော ဥံ, ယောဂ ကြုံ, ဥံကို အံသု အာသုံပြု။
ဇရမရာနံ- ဇရဓာတ် မရဓာတ်တို့၏၊ ဇီရဇီယျမီယျာ- ဇီရအပြု, ဇီယျအပြု, မီယျအပြု တို့သည်၊ ဝါ- ဝိကပ်အားဖြင့်၊ ဟောန္တိ- ဖြစ်ကုန်၏။ ဇီရတိ, ဇီယျတိ, မီယျတိ စသည်တည်း။
၁၀၀။ ဇီရတိ, ဇီယျတိ-ဆွေးမြေ့၏၊ အိုမင်း၏၊ မီယျတိ-သေ၏။ [သီဟိုဠ်မူ၌ “ဇီယ=မီယ”ဟု ယတစ်လုံးတည်း ရှိ၏၊ ပါဠိ၌လည်း ဇီယတိ မီယတိ”ဟုပင် အရှိများသည်။]
ဇီရတိကို “ဇရ” တည်၊ “ဇရ၊ ဝယောဟာနိမှိ”ဟူသော အနက်၌ ဓာတ်မှည့်, အဆုံးသရချေ, တိဝိဘတ်သက်, အပစ္စည်းသက်, ဇရမရာနံ ဇီရဇီယျမီယျာ ဝါသုတ်ဖြင့် ဇရ်ဓာတ်ကို ဇီရ်ပြု, ရ်ကို ၊ သို့ကပ်, ဇီရတိ ပြီး၏။ [ဇီယျတိကိုလည်း ဇရ်ဓာတ်ကို ဇီယျ်ပြုရုံသာ၊ ဇီယတိဟု ရှိရာ၌ ယ တစ်လုံးကို ကွစိ ဓာတုသုတ်ကြီးဖြင့် ရူပသိဒ္ဓိ ချေ၏။]
မီယျတိကို “မရ”တည်၊ “မရ၊ ပါဏစာဂေ”ဟူသောအနက်၌ ဓာတ် မှည့်, အဆုံးသရချေ, တိဝိဘတ် ၊ ပစ္စည်းသက်, ဇရမရာနံ ဇီရဇီယျမီယျာ ဝါသုတ်ဖြင့် မရ်ဓာတ်ကို မီယျ်ပြု, ၊ သို့ကပ်, မီယျတိ ပြီး၏။
သဗ္ဗတ္ထ- အလုံးစုံ သော ဝိဘတ် ပစ္စည်းတို့ကြောင့်၊ အသဿ- အသဓာတ်၏၊ အာဒိ လောပေါ စ- အစ အ၏ ကျေခြင်းသည်သာလျှင်၊ ဟောတိ- ဖြစ်၏။ သိယာ, သန္တိ, သန္တော, သမာနော စသည်တည်း။
၁၀၁။ သိယာ-ဖြစ်ရာ, ရှိရာ၏၊ သန္တိ-ရှိကုန်, ဖြစ်ကုန်၏၊ သန္တော သမာနော-ဖြစ်လတ်သော်၊ ရှိလတ်သော်။ [လောပေါ စ၌ စသဒ္ဒါဖြင့် အ ချေပြီးနောက် တစ်စုံတစ်ခုကိုမျှ ဆက်၍ မစီရင်ရဟု တားမြစ်သတဲ့။]
သိယာကို “အသ”တည်၊ “အသ၊ ဘုဝိ”ဟူသောအနက်၌ ဓာတ်မှည့်, အဆုံးသရချေ, ဧယျဝိဘတ်သက်, ၊ ပစ္စည်းသက်, သဗ္ဗတ္ထာသဿာဒိ လောပေါ စသုတ်ဖြင့် အသ်ဓာတ်၏ အ ကို ချေ, လောပေဉ္စတ္တမကာရော သုတ်ဖြင့် အပစ္စည်းကို ချေ, ကွစိ ဓာတုသုတ်ကြီးဖြင့် ဧယျကို -ိယာပြု, သ်ကို -ိသို့ ကပ်, သိယာ ပြီး၏။
အမှာ။ ။ ဧယျုံဝိဘတ်ကို သုတ်ကြီးဖြင့် -ိယုံ ပြုလျှင် “သိယုံ-ဖြစ် ကုန်ရာ၏”ဟု ပြီး၏။ သန္တိ၌ အန္တိဝိဘတ် သက်၍ အသ်ဓာတ်၏ အ ကို ချေလျှင် ပြီး၏၊ သန္တော သမာနောတို့မှာ ဝတ္တမာနေ မာနန္တာသုတ်၌ ပြီးလတ္တံ့။
အသဗ္ဗဓာတုကေ- အသဗ္ဗ ဓာတ် ဝိဘတ်ကြောင့်၊ အသဿ- အသဓာတ်၏၊ ဘူ- ဘူအပြု သည်၊ ဟောတိ- ၏။ ဘဝိဿတိ, အဘဝိဿာ စသည်တည်း။
၁၀၂။ ဘဝိဿတိ-ဖြစ်လတ္တံ့၊ ရှိလတ္တံ့၊ အဘဝိဿာ-ဖြစ်ရာပြီ=ရှိရာပြီ။ [အသဗ္ဗဓာတ်သည် ပရောက္ခာ, အဇ္ဇတနီ, ဘဝိဿန္တီ, ကာလာတိပတ္တိဟု ၄ သွယ်ရှိသော်လည်း ပုံစံအစုံအလင် မထုတ်ကြ၊ ဤသုတ်မရှိသော်လည်း ရိုးရိုး ဘူဓာတ်ဖြင့် ဘဝိဿတိစသော ပုံစံများပြီးနိုင်၏၊ ဤသုတ်ဆိုရ ခြင်း၏အကြောင်းကို ကစ္စည်းဘာသာဋီကာမှာ ရှု။]
ဘဝိဿတိကို “အသ”တည်၊ “အသ၊ ဘုဝိ”ဟူသောအနက်၌ ဓာတ် မှည့်, အဆုံးသရချေ, အနာဂတေ ဘဝိဿန္တီသုတ်ဖြင့် ဿတိဝိဘတ်သက်, ဣကာရာဂမော အသဗ္ဗဓာတုကမှိသုတ်ဖြင့် ဓာတ်၏အဆုံး၌ -ိ လာ, အသဗ္ဗဓာတုကေ ဘူသုတ်ဖြင့် အသဓာတ်ကို ဘူပြု, အညေသုစသုတ်ဖြင့် ဘူ၏အဆုံး ူ ကို သြဝုဒ္ဓိပြု, သြ အဝ သရေသုတ်ဖြင့် သြကို ၊ ဝ်ပြု, ဝ်ကို -ိ သို့ ကပ်, ဘဝိဿတိ ပြီး၏။ [အဘဝိဿာ၌ ကာလာတိပတ္တိ ဿာဝိဘတ် သက်, အကာရာဂမောသုတ်ဖြင့် အ လာရုံသာထူး၏။]
ဉာတော- ဉာဓာတ်မှ၊ ပရဿ- နောက်ဖြစ်သော၊ ဧယျဿ- ဧယျဝိဘတ်၏၊ ဣယာဉာ- ဣယာ အပြု, ဉာ အပြုတို့သည်၊ ဟောန္တိ- ဖြစ်ကုန်၏။ ဝိဇာနိယာ, ဇညာ ဟူသည်တည်း။
၁၀၃။ ဝိဇာနိယာ, ဇညာ-သိရာ၏၊ ဉာဓာတ်နောင် ဧယျဝိဘတ်ကို ဣယာပြု-ဉာပြုသောသုတ်တည်း၊ ဉာဿ ဇာဇံနာသုတ်နှင့် တွဲစပ်ကြည့်မှ ဤသုတ်အဓိပ္ပာယ်ကို သာ၍ နားလည်မည်။
ဝိဇာနိယာကို ဝိရှေးရှိသော “ဉာ”တည်၊ “ဉာ၊ အဝဗောဓနေ”ဟူသော အနက်၌ ဓာတ်မှည့်, အနုမတိပရိကပ္ပတ္ထေသု သတ္တမီသုတ်ဖြင့် ဧယျ ဝိဘတ်သက်, ကိယာဒိတော နာသုတ်ဖြင့် နာပစ္စည်းသက်(ဝိဉာနာဧယျ), ဧယျဿ ဉာတော ဣယျာဉာသုတ်ဖြင့် ဧယျဝိဘတ်ကို -ိယာပြု, ဉာဿ ဇာဇံနာသုတ်ဖြင့် ဉာဓာတ်ကို ဇာပြု, န်ခွင်း, -ါ ချေ, န်ကို -ိ သို့ကပ်, ဝိဇာနိယာ ပြီး၏။
ဉာတော- ဉာဓာတ်မှ၊ ပရဿ- နောက်ဖြစ်သော၊ နာဿ- နာပစ္စည်း၏၊ လောပေါ- ကျေခြင်းသည်သော်လည်းကောင်း၊ ယကာရတ္တံ- ယ အဖြစ်သည် သော်လည်းကောင်း၊ ဟောတိ- ဖြစ်၏။ ဝိဇညာ, နာယတိ စသည်တည်း။
၁၀၄။ [ဝိဇညာ-သိရာ၏၊ နာယတိ-သိ၏။] ဉာဓာတ်နောင် နာပစ္စည်း ကို ချေတန်လျှင် ချေ၍ မချေလျှင် ယပြုသောသုတ်တည်း။
ဝိဇညာကို ဝိရှေးရှိသော “ဉာ”တည်၊ “ဉာ၊ အဝဗောဓနေ”ဟူသော အနက်၌ ဓာတ်မှည့်, ဧယျဝိဘတ်သက်, နာပစ္စည်းသက်, နာဿ လောပေါ ယကာရတ္တံသုတ်ဖြင့် နာပစ္စည်းကို ချေ (ဝိဉာဧယျ), ဧယျဿ ဉာတော ဣယာဉာသုတ်ဖြင့် ဧယျဝိဘတ်ကို ဉာပြု (ဝိဉာဉာ), ဉာဿ ဇာဇံနာသုတ်ဖြင့် ဉာဓာတ်ကို ဇံ ပြု, ဂ္ဂန္တံ ဝါ ဝဂ္ဂေသုတ်ဖြင့် နိဂ္ဂဟိတ်ကို စဝဂ္ဂန္တ ဉ် ပြု, ဉ် ကို ဉာသို့ကပ်, ဝိဇညာ ပြီး၏။
နာယတိကို “ဉာ”တည်၊ ဓာတ်မှည့်, တိဝိဘတ် နာပစ္စည်းသက်, နာဿ လောပေါ ယကာရတ္တံသုတ်ဖြင့် နာပစ္စည်းကို ယ ပြု, ဉာဿ ဇာဇံနာသုတ်ဖြင့် ဉာဓာတ်ကို နာ ပြု, နာယတိပြီး၏။
အကာရော- အပစ္စည်း သည်၊ လောပဉ္စ- ကျေခြင်းသို့သော်လည်းကောင်း၊ ဧတ္တံ- ဧအဖြစ် သို့သော်လည်းကောင်း၊ ဝါ- ပိုင်းခြားသောအားဖြင့်၊ အပဇ္ဇတေ- ရောက်၏။ ဇုဟောတိ, အနုဘောတိ, ဝဇ္ဇေတိ, ဝဒေတိ စသည် တည်း။
၁၀၅။ ဇုဟောတိ-ယဇ်ပူဇော်၏၊ အနုဘောတိ-ခံစား၏၊ ဝဇ္ဇေတိ, ဝဒေတိ-ပြောဆို၏။ [“လောပဉ္စ+ဧတ္တံ+အကာရော”ဟု ပုဒ်ဖြတ်။] ဇရ မရာနံ ဇီရဇီယျမီယျာ ဝါသုတ်မှ (ရူပသိဒ္ဓိအလို-ဧယျဿ ဉာတော ဣယာ ဉာ ဝါသုတ်မှ) ဝါသဒ္ဒါလိုက်လာ၏၊ ထိုဝါသဒ္ဒါ၏ သတ်မှတ်ချက်ကို
ရူပသိဒ္ဓိမှာ ရှု၊ မှတ်နှင့်ရန် ဆောင်ပုဒ်ကား…
[ဆောင်] ဇုဟောတျာဒိ, ဘူဝါဒိဟု, ဝုဒိမသွေ, နောက်နေ အ သာ, ကျေကောင်းရာ၏၊ ဧပြုမှာကား, လွန်နည်းပါးသည်,… လိုက်ငြား ၀၀တ္ထိ-ဝါကြောင့်တည်း။
ရုပ်တွက်။ ။ ဇုဟောတိကို “ဟု”တည်၊ “ဟု၊ ဒါနာ.ဒနဟဗျပ္ပဒါနေသု” ဟူသောအနက်၌ ဓာတ်မှည့်, တိဝိဘတ်, အပစ္စည်းသက်, ကွစာ.ဒိဝဏ္ဏာန မေကဿရာနံ စသောသုတ်ဖြင့် ဟု၏ ဒွေဘော် ဟုလာ, ပုဗ္ဗောဗ္ဘာသော သုတ်ဖြင့် ရှေ့ ဟုကို အဗ္ဘာသမှည့်, ဟဿ ဇောသုတ်ဖြင့် အဗ္ဘာသ၌ ဖြစ်သော ဟ် ကို ဇ် ပြု (ဇုဟု ၊ တိ), အညေသု စသုတ်ဖြင့် ဟု ၏ ု ကို ေ-ါ ဝုဒ္ဓိပြု (ဇုဟော ၊ တိ), လောပေဉ္စတ္တမကာရောသုတ်ဖြင့် အ ပစ္စည်းကို ချေ, ဇုဟောတိ ပြီး၏။
အနုဘောတိ၌ အနုရှေးရှိသော “ဘူ”တည်၊ “ဘူ၊ သတ္တာယံ”ဟူသော အနက်၌ ဓာတ်မှည့်, တိဝိဘတ်, အပစ္စည်းသက်၊ ဘူ၏ ူ ကို ေ-ါ ဝုဒ္ဓိပြု, အပစ္စည်းချေ, အနုဘောတိ ပြီး၏။ [ဝဇ္ဇေတိ ဝဒေတိတို့ကို ဝဒဿ ဝဇ္ဇံ သုတ်၌ တွက်ခဲ့ပြီ။]
သြကာရော- သြပစ္စည်းသည်၊ ဥတ္တံ- ဥအဖြစ်သို့၊ အာပဇ္ဇတေ- ရောက်၏။ တနုတေ, ကုရုတေ စသည်တည်း။
၁၀၆။ [တနုတေ-ချဲ့၏၊ ကုရုတေ-ပြု၏။] ဤသုတ်သည် သြပစ္စည်းကို ရံခါ ဥပြု၏၊ ဥ မပြုတဲ့အခါ တနောတိ, ကရောတိ စသည် ဖြစ်၏။
တနုတေကို “တနု”တည် “တနု၊ ဝိတ္ထာရေ”ဟူသော အနက်၌ ဓာတ် မှည့်, အဆုံး ု သရချေ, ဝတ္တမာနာ ပစ္စုပ္ပန္နေသုတ်ဖြင့် တေဝိဘတ်သက်, တနာဒိတော သြယိရာသုတ်ဖြင့် သြပစ္စည်းသက်, ဥတ္တမောကာရော သုတ်ဖြင့် သြပစ္စည်းကို ု ပြု, န ကို ု သို့ ကပ်, တနုတေ ပြီး၏။
ကရဿ- ကရဓာတ်၏၊ အကာရော စ- အ အက္ခရာသည်လည်း၊ ဥတ္တံ- ဥအဖြစ်သို့၊ အာပဇ္ဇတေ- ၏။ ကုဗ္ဗန္တိ, ကြုဗ္ဗန္တိ, ကုရုတေ စသည်တည်း။
၁၀၇။ [ကုဗ္ဗန္တိ, ကြုဗ္ဗန္တိ (“ကရုဗ်”ဟု ဖတ်) - ပြုကုန်၏။]
ကုဗ္ဗန္တိကို “ကရ”တည်၊ “ကရ၊ ကရဏေ”ဟူသော အနက်၌ဓာတ်မှည့်, အဆုံးသရချေ, အန္တိဝိဘတ်သက်, သြပစ္စည်းသက်, သြပစ္စည်းကို ု ပြု, ကရဿာ.ကာရော စသုတ်ဖြင့် က ၏ ၊ ကို ု ပြု, ု ကို လမှည့်, ယ၀ ကာရာစသုတ်ဖြင့် ု ကို ဝ် ပြု, ဝ်ကို ၊ သို့ကပ်, ကွစိ ဓာတုသုတ်ကြီးဖြင့် ရ်ကို ချေ, ဝ၏ သဒိသဒွေဘော် ဝ်လာ, ဒေါ ဓဿ စသုတ်၌ စသဒ္ဒါဖြင့် ဝ ၂ လုံးကို ဗ ၂ လုံး ပြု, ကုဗ္ဗန္တိ ပြီး၏။ [ကွစိ ဓာတုဖြင့် ကုကို ကြု ပြုလျှင် ကြုဗ္ဗန္တိ ပြီး၏။]
အမှာ။ ။ ကုရုတေ၌ တေ ဝိဘတ်, သြ ပစ္စည်း သက်, သြကို ု ပြု, ဤသုတ်ဖြင့် က၏ အဆုံး ၊ ကို ု ပြု, ရ် ကို ု သို့ ကပ်။
သရေ- သရကြောင့်၊ သြ- ဓာတွန် သြသည်၊ အဝ- အဝ အပြုသည်၊ ဟောတိ- ၏။ ဘဝတိ, စဝတိ စသည်တည်း။
၁၀၈။ [ဘဝတိ-ဖြစ်၏၊ စဝတိ-ရွေ့လျော၏။]
ဘဝတိကို “ဘူ”တည်၊ “ဘူ၊ သတ္တာယံ”ဟူသောအနက်၌ ဓာတ်မှည့်, တိဝိဘတ်, ၊ ပစ္စည်းသက်, အညေသု စသုတ်ဖြင့် ဘူ၏ ူ ကို ေ-ါ ဝုဒ္ဓိ ပြု, သြ အဝ သရေသုတ်ဖြင့် ေ-ါ ကို ၊ ဝ် ပြု, ဘ်ကို ၊ သို့ကပ်, ဝ်ကိုလည်း ၊ သို့ကပ်, ဘဝတိ ပြီး၏။
စဝတိကို “စု”တည်၊ “စု၊ စဝနေ”ဟူသောအနက်၌ ဓာတ်မှည့်, တိ ဝိဘတ်, ၊ ပစ္စည်း သက်, စု၏ ု ကို ေ-ါ ဝုဒ္ဓိ ပြု, ေ-ါ ကို ၊ ဝ် ပြု, စ် ကို ၊ သို့ ကပ်, ဝ်ကိုလည်း ၊ သို့ ကပ်၍ ပြီးစေ။
[ သယတိ-အိပ်၏၊ နယတိ-ဆောင်၏၊ ဇယတိ-အောင်၏။]
သရေ- သရကြောင့်၊ ဧ- ဓာတွန် ဧ သည်၊ အယ- အယ အပြုသည်၊ ဟောတိ- ၏။ သယတိ, နယတိ, ဇယတိ စသည်တည်း။
၁၀၉။ သရနှောင်းရာ၌ ရှေ့သုတ်က ဓာတွန်သြကို အဝ် ပြု၍ ဤသုတ်က ဓာတွန် ဧ ကို အယ်ပြုသည်၊ ဤ ၂ သုတ်က အစီအရင်သည် အလွန်ကျယ်ဝန်း ၏၊ သရနှောင်းရာ၌ စီရင်သောကြောင့် အဝ်, အယ် ပြုတဲ့အခါ ဝ် ယ် တို့၌ သရမပါသင့်ဟု ထင်၏၊ ရူပသိဒ္ဓိ၌ကား ဝ ယတို့၌ သရပါ၏, ဆင်ခြင်လေ။
သယတိကို “သိ”တည်၊ “သိ၊ သယေ”ဟူသောအနက်၌ ဓာတ်မှည့်, တိဝိဘတ်, ၊ ပစ္စည်းသက်, အညေသု စသုတ်ဖြင့် သိဓာတ်၏အဆုံး -ိကို ဧဝုဒ္ဓိပြု, ဧ အယသုတ်ဖြင့် ဧကို ၊ ယ်ပြု, သ်ကို ၊ သို့ကပ်, ယ်ကိုလည်း ၊ သို့ကပ်, သယတိ ပြီး၏။ [တစ်ဆက်တည်း၂ ခု ၃ ခု ကပ်စရာရှိလျှင် နယေ ပရံ ယုတ္တေသုတ်ကို တစ်ခါဆိုရုံဖြင့် ပြီး၏။]
နယတိကို “နီ”တည်၊ “နီ၊ ပါပဏေ”ဟူသော အနက်၌ ဓာတ်မှည့် စသည် တွက်လေ၊ နီဓာတ်၏အဆုံး -ီ ကို ဧဝုဒ္ဓိပြုဟု ဆိုရုံသာ၊ ဇယတိကို “ဇိ”တည်၊ “ဇိ=ဇယေ” စသည်ဆို။
ကာရိတေ- ကာရိတ် ပစ္စည်းကြောင့်၊ တေ- ထိုသြ ဧတို့သည်၊ အာဝါ.ယာ- အာဝအပြု, အာယအပြုတို့သည်၊ ဟောန္တိ- ကုန်၏။ သာဝေတိ, နာယာပေတိ စသည်တည်း။ တေ အာဝါ.ယာဟူသော ဒွိဓာကရဏယောဂ ဝိဘာဂဖြင့် ကာရိတ်ပစ္စည်း မနှောင်းသော်လည်း ဓာတွန် ဧကို အာယပြု၍ ဈာယတိ စသည် ဖြစ်၏။
၁၁၀။ [သာဝေတိ-ကြားနာစေ၏၊ နာယာပေတိ-ဆောင်စေ၏၊ ဈာယတိ-လောင်၏။] သြ အဝ သရေ, ဧ အယ ၂ သုတ်က ကာရိတ် မနှောင်းရာ၌ စီရင်သလို ဤသုတ်က ကာရိတ်ပစ္စည်း နှောင်းရာ၌ သြကို အာဝ, ဧကို အာယ ပြုသည်။
သာဝေတိကို “သု”တည်၊ “သု၊ သယနေ”ဟူသောအနက်၌ ဓာတ်မှည့်, ဓာတူဟိ ဏေဏယဏာပေဏာပယကာရိတာနိ ဟေတွတ္ထေသုတ်ဖြင့် ဏေ ပစ္စသက်၍ ကာရိတ်လည်း မှည့်, ကာရိတာနံ ဏောလောပံသုတ်ဖြင့် ဏ်အနုဗန်ကို ချေ, အသံယောဂန္တဿ ဝုဒ္ဓိ ကာရိတေသုတ်ဖြင့် သု၏ အစိတ် ု ကို သြဝုဒ္ဓိပြု, တေ အာဝါ.ယာ ကာရိတေသုတ်ဖြင့် သြကို -ါဝ ပြု, သ်ကို -ါ သို့ကပ်, ဝ်ကိုလည်း ေ-သို့ကပ်, ဝတ္တမာန် တိဝိဘတ်သက်, သာဝေတိ ပြီး၏။ [နာယာပေတိကို “နီ”တည်၊ “နီ=ပါပဏေ”စသည်ဆို၍ ဏာပေ ပစ္စည်း သက်, နီ ၏ အစိတ် -ီ ကို ဧ ဝုဒ္ဓိ ပြု စသည် ဆိုရုံ သာ။]
ဈာယတိကို “ဈေ”တည်၊ “ဈေ၊ ဒဟနေ”ဟူသောအနက်၌ ဓာတ်မှည့်, တိဝိဘတ်, ၊ ပစ္စည်းသက်, တေ အာဝါယာ ကာရိတေသုတ်၌ တေ အာဝါယာဟူသော ဒွိဓာကရဏ ယောဂဝိဘာဂဖြင့် ဈေ၏အဆုံး ေ-ကို ါယ် ပြု, ယ်ကို ၊ သို့ကပ်, ဈာယတိ ပြီး၏။ [“ဂါယတိ-သီဆို၏”လည်း နည်းတူ, “ဂေ”တည်၊ “ဂေ=သဒ္ဒေ”ဟု အနက်ဆို။]
အသဗ္ဗ ဓာတုကမှိ- ပ, အဇ်, ဘ, ကာ ဟူသော အသဗ္ဗဓာတ် ဝိဘတ် ၄ သွယ်ကြောင့်၊ ကွစိ- အချို့အရာ၌၊ ဣကာရာဂမော- ဣအက္ခရာ လာသည်၊ ဟောတိ- ဖြစ်၏။ ဗဘူဝိတ္ထ, ဘဝိတ္ထ, ဘဝိဿတိ, အဘဝိဿာ စသည်တည်း။
၁၁၁။ ဗဘူဝိတ္ထ-ဖြစ်ပြီတဲ့ (ပရောက္ခာဝိဘတ်ပုံစံ)၊ ဘဝိတ္ထ-ဖြစ်ပြီ (အဇ္ဇတနီပုံစံ)၊ ဘဝိဿတိ (ဘဝိဿန္တီပုံစံ)၊ အဘဝိဿာ (ကာလာတိပတ္တိ ပုံစံ) ရုပ်များကို နည်းမှီး၍ တွက်နိုင်လောက်ပြီ။
အသဗ္ဗဓာတ် ဝိဘတ် ၄ သွယ်နှောင်းရာ၌ဟု သာမညဆိုသော်လည်း အစ၌ ဗျဉ်းရှိသော တ္ထ, မှာစသော ဝိဘတ်မျိုးနှောင်းရာ၌ ကပ်စရာမရှိ၍ -ိလာရသည်၊ အ ဥ စသောဝိဘတ်မျိုးနှောင်းရာ၌ကား ထို သရ ဝိဘတ်သို့ ကပ်နိုင်သောကြောင့် -ိ လာဖွယ်မလို၊ ထို့ကြောင့် ကွစိ ဓာတုသုတ်ကြီးမှ ကွစိသဒ္ဒါ ပြန်၍ လိုက်လာရလေသည်။
[ဆောင်] ကပ်ဖွယ်သရ, မရှိကြသဖြင့်, အသဗ္ဗဓာတ်, ဗျဉ်းစလတ်သည့်, ဝိဘတ်သွယ်သွယ်, နှောင်းရာဝယ်, မှတ်ဖွယ် ဣ လာကို။
ဓာတုဝိဘတ္တိပစ္စယာနံ- ဓာတ် ဝိဘတ် ပစ္စည်း တို့၏၊ ကွစိ- အချို့အရာ၌၊ ဒီဃဝိပရီတာ.ဒေသလောပါ.ဂမာ စ- ရဿ၏ ဒီဃဖြစ်ခြင်း, ဒီဃ၏ ရဿပြန်ခြင်း, အာဒေသ ပြုခြင်း, ချေခြင်း, လာခြင်းတို့သည်လည်း၊ ဟောန္တိ- ကုန်၏။ သူယတိ စသည်တည်း။
၁၁၂။ [သူယတိ-ကြားနာအပ်၏။] အခြားသောသုတ်များဖြင့် မပြီးနိုင် သည့် ရုပ်များကို ပြီးအောင် စီစဉ်ဖို့ရာ ကစ္စည်းကျမ်း၌…
“ မဟာသုတ္တာ တေသု ဝုဒ္ဓိ, ကွစိ ဓာတု စ ပစ္စယာ၊
ဒနိဋ္ဌာ ယဒနုပါဒိ, စတ္တာရိပိ နိပါတနာ”ဟု ၄ သုတ်ရှိ၏။
[၁-တေသု ဝုဒ္ဓိလောပါဂမဝိကာရဝိပရီတာဒေသာ စ, ၂-ကွစိ ဓာတု ၊ပေ၊ ဂမာ စ, ၃- ပစ္စယာဒနိဋ္ဌာ နိပါတနာ သိဇ္ဈန္တိ, ၄- ယဒနုပပန္နာ နိပါတနာ သိဇ္ဈန္တိ။] ထိုသုတ်ကြီးများသည် မိမိဆိုင်ရာနယ်ပယ်၌ မပြီး မနေရ, ပြီးစီးအောင် စီရင်နိုင်ကြ၏၊ အာချာတ်၌လာသော ဓာတ် ဝိဘတ် ပစ္စည်းများသည် ဤ ကွစိ ဓာတုသုတ်၏ နယ်ပယ်တည်း။
ကာရီယ ၅ ပါး။ ။ တစ်စုံတစ်ခု ပြုစီရင်မှုကို “ကာရိယ”ဟု ခေါ်သည်၊ ဤသုတ်၌ ကာရိယသည် ဤသုတ်၌ ကာရိယသည် ဒီဃ, ဒီဃ, ဝိပရီတ, ဝိပရီတ, အာဒေသ, အာဒေသ, လောပ, လောပ, အာဂမဟု ၅ မျိုးရှိ၏၊ ထို ၅ မျိုးကို အစဉ်အတိုင်းပြသော ဝိသုဒ္ဓါရုံ သုတ်နက်လင်္ကာကို ဤအရာဝယ် ကျက်မှတ်နှင့်ရာ၏၊ အဓိပ္ပာယ်ကို ကစ္စည်းဘာသာဋီကာ ဤသုတ်မှာ ရှု။
[ဆောင်] ယပစ္စယ, နှောင်းက ဒီဃာ၊ ပရောက္ခာကြောင့်, အဗ္ဘာ မဟု, ဂမုဒီဃာ၁၊ နာပစ္စယ, သံယောဂကြောင့်, ရဿပြုလတ်, ဟိယျ ဇတ် အာ, ဤဥု မှာကို, ရဿာပြုရ၂၊ နှောင်းအဇကြောင့်, ဂမကို ဂါ၊ စ္ဆမှာကား ဉ္ဆ ၊ ဟိယျ တ္ထကို, ထ တစ်လုံးသာ၊ အဇ အာမှာ, ဒွေဘာ တ္တပြု၊ တိမိတုမိ, ဧယျေ ယျာသိ, ဧယျာမိ ဧယျုံ, ရှစ်တန် ဧပြု, နှစ်ခု အန္တေ, အန္တိ ရေတည်း၊ ဆုံးဿေ အန္တ, ဧကို အ.မှတ်, ဟိယျဇတ်သြ, ပြုလော အ.ဣ၊ ဗြူတိအာဟ, နောက်တိ အ.ပြု, အန္တိ ဥတည်း၃၊ နှစ်ခု ဧသြ, ပရောသရ, ကျေရမြဲမှတ်၄၊ ဟိယျဇတ်ပါ, တ္ထနှင့် မှာကြောင့်, ဥလာရ-ဘိ၅၊ အစရှိကို, ကွစိ ဓာတု, သုတ်ကြီးပြုသည် …ငါးခု ကာရိယအစဉ်တည်း။
အတ္တနောပဒါနိ- အတ္တနောပုဒ်ဝိဘတ်တို့သည်၊ ကွစိ- အချို့အရာ၌၊ ပရဿပဒတ္တံ- ပရဿပုဒ်အဖြစ်သို့၊ အာပဇ္ဇန္တေ- ရောက်ကုန်၏။ ဝုစ္စတိ စသည် တည်း။
၁၁၃။ [ဝုစ္စတိ-ဆိုအပ်၏။] ဤသုတ်ကား အတ္တနောပုဒ်ဝိဘတ်ကို ပရဿပုဒ်ပြန်စေသောသုတ်တည်း၊ ဘော ကံကို ဟောရာ၌ “အတ္တနော ပဒါနိ ဘာဝေ စ ကမ္မနိ”သုတ်အရ ရှေးဦးစွာ အတ္တနောပုဒ်ဝိဘတ်သာ သက်ရ၏၊ ထို့နောက်မှ ပရဿပုဒ်ဝိဘတ်ဖြင့် ရုပ်ရှိလျှင် ဤသုတ်ဖြင့် အတ္တနောပုဒ်ဝိဘတ်ကို ပရဿပုဒ် ပြန်စေရသည်။
အမှာ။ ။ ဝုစ္စတိကို ဝစ၀သဝဟာဒီန.မုကာရော ဝဿ ယေသုတ်က ဝုစ္စတေအတိုင်း တွက်၍ ဝုစ္စတေ ပြီးမှ ဤသုတ်ဖြင့် တေကို တိ ပြု၍ ပြီးစေ၊ အဘိဘူယတေမှ အဘိဘူယတိ ဖြစ်နိုင်ပုံကိုလည်း သိရာ၏။
ဟိယျတ္တနီအဇ္ဇတနီကာလာတိပတ္တီသု- ဟိယျတ္တနီ အဇ္ဇတနီ ကာလာတိပတ္တိ ဝိဘတ်တို့ကြောင့်၊ ကွစိ- အချို့အရာ၌၊ အကာရာဂမော- ဓာတ်၏အစ၌ အ အက္ခရာလာသည်၊ ဟောတိ- ဖြစ်၏။ အဘဝါ, အဘဝီ, အဘဝိဿာ စသည်တည်း။
၁၁၄။ ဤသုတ်ဖြင့် အ မလာတဲ့အခါ ဘဝါ, ဘဝီ, ဘဝိဿာ စသည် ဖြစ်၏၊ မည်သည့်ဓာတ်မဆို ဤသို့ အ လာ-မလာ ၂ မျိုး ရှိ၏။
အ-လာရာဌာန။ ။ “ဟိယျတ္တနီစသော ဝိဘတ်ကြောင့် အ-လာ”ဟု ဆိုသဖြင့် “ဝိဘတ်၏ ရှေ့နားမှာ ကပ်လျက် ဓာတ်၏အဆုံးတွင် လာရ မည်”ဟု ယူဆဖွယ်ရှိ၏၊ သို့သော် အာ ဥု စသော ဝိဘတ်များ သက်ရာ၌ ဆိုင်ရာဗျဉ်းကို ထိုဝိဘတ်သို့ ကပ်နိုင်၏၊ တ္ထ မှာ စသော ဝိဘတ်နှောင်းရာ ၌လည်း ဣကာရာဂမော အသဗ္ဗဓာတုကမှိသုတ်ဖြင့် ဣ လာထားသော ကြောင့် ဆိုင်ရာဗျဉ်းများ ကပ်စရာရှိ၏၊ သို့အတွက် ဓာတ်၏အဆုံးဖြစ်တဲ့ ဝိဘတ်ရှေ့မှာ လာ၍ အကျိုးမရှိရကား ပိဋကပါဠိတော်နှင့် သင့်လျော် အောင် ဓာတ်၏အစမှာသာ (အ) လာရသည်။
[ဆောင်] ဓာတ်အဆုံးမှာ, အ အကရာလျှင်, လာသော် နှိုင်းညှိ, ကျိုးမရှိ၍, ပါဠိတော်စု, လျော်အောင် ရှုလျက်, ဓာတု ရှေ့မှာ, လာဖို့ရာ, မှန်စွာ အမြဲသိ။
တိမှိ- တိဝိဘတ်ကြောင့်၊ ဗြူတော- ဗြူဓာတ်မှ နောက်၌၊ ဤ- ဤ အက္ခရာ လာသည်၊ ဟောတိ- ဖြစ်၏။ ဗြဝီတိ ဟူသည်တည်း။
၁၁၅။ [ဗြဝီတိ-ပြောဆို၏။] ဗြဝီတိကို “ဗြူ”တည်၊ “ဗြူ၊ ဝိယတ္တိယံ ဝါစာယံ”ဟူသော အနက်၌ ဓာတ်မှည့်, တိဝိဘတ်, အ ပစ္စည်း သက်, အ ပစ္စည်းကို ချေ, ဗြူတော ဤ တိမှိသုတ်ဖြင့် ဗြူ ဓာတ်နောင် -ီ လာ, (ဗြူ -ိတိ), အညေသု စသုတ်ဖြင့် ဗြူ၏ ူ ကို သြဝုဒ္ဓိပြု, သြ အဝ သရေ သုတ်ဖြင့် သြကို ၊ ဝ်ပြု, ဝ် ကို -ီ သို့ကပ်, ဗြဝီတိ ပြီး၏။
အနေက သရဿ- များသောသရရှိသော၊ ဓာတုဿ- ဓာတ်၏၊ အန္တော- အဆုံးသရသည်၊ ကွစိ- အချို့အရာ၌၊ လောပေါ- ကျေသည်၊ ဟောတိ- ဖြစ်၏။ ဂစ္ဆတိ စသည်တည်း။
၁၁၆။ ဓာတ်သည် ဘူ, ဟူ, သိ, နီစသော ဓာတ်များကဲ့သို့ သရ တစ်လုံးသာ ပါသော ဧကဿရဓာတ်, ဂမု, ပစ, လဘ, ကိလိသ စသည် ကဲ့သို့ သရ ၂ လုံး ၃ လုံးပါသော အနေကဿရဓာတ်ဟု ၂ မျိုးရှိ၏၊ ထို ၂ မျိုးတွင် ဤသုတ်က အနေကဿရဓာတ်၏ အဆုံးသရကို ချေသည်။
ဓာတုဿန္တော။ ။ ဤပုဒ်၌ အန္တအရ “အစိတ်”ဟုသာ ဆိုရိုးရှိ၏၊ အစိတ်ဆိုလျှင်… “ဂမု”၌ ဂ၏အစိတ် ၊ ကို ချေရမည်လား, မု၏အစိတ် ု ကို ချေရမည်လားဟု ယုံမှားဖွယ်ရှိ၏၊ သို့အတွက် “အန္တော-အဆုံးသရ သည်”ဟု တစ်နည်းကြံလိုက်သည်၊ အဆုံးဆိုလျှင် ယုံမှားဖွယ် မရှိ, မု၏ ု ကို ချေရမည်ဟု သိသာပြီ။
ကွစိသဒ္ဒါ၏အကျိုး။ ။ ကွစိ ဓာတုသုတ်မှ ကွစိသဒ္ဒါ လိုက်လာသော ကြောင့် အနေကဿရဓာတ်ပင် ဖြစ်သော်လည်း “ကေလေ”စသောဓာတ် များ၏ အဆုံး ဧသရ စသည်ကို မချေရ၊ ဆိုလိုရင်းကား-ကေလာယတိ စသည်ဖြင့် ရုပ်ရှိရမည်ဖြစ်၍ ကေလေ၌ ဧ ကို ချေက အာယပြုစရာ သရမရှိ၊ သို့အတွက် ဧကို မချေရ၊ မဟီယတိမဟီယတိဟု ရုပ်ရှိရမည်ဖြစ်၍ မဟ ဓာတ်၌ “၊ ”ကို ချေက ယမှိ ဒါဓာမာဌာ စသောသုတ်ဖြင့် “၊ ”ကို -ိမပြုရမည် စိုး၍ “၊ ”သရကို မချေရ၊ သမထော၌ မ၏အစိတ် “၊ ”ကို ချေက မ၏ မှီရာသရ မရှိမည်စိုး၍ “၊ ”သရကို မချေရ ဟူလို။
ကေလေ ဂိလေ မိလေ သြမာ, စိနေ ဟရေ စ သံကသေ၊ ကွစိပ္ဖလာ အလုတ္တ.န္တာ, ယပရာ စ မဟာဒယော။
ကေလေ-ကေလေဓာတ်သည်လည်းကောင်း၊ ဂိလေ-ဂိလေဓာတ်သည် လည်းကောင်း (စသည်ဆို)၊ ယပရာ-ယ အက္ခရာနောက်ရှိကုန်သော၊ မဟာ ဒယော စ-မဟ မထဓာတ်တို့သည်လည်းကောင်း၊ (သမဓာတ်ပါ ယူ)၊ အလုတ္တန္တာ-မချေအပ်သော အဆုံးသရ ရှိကုန်၏၊ ကွစိပ္ဖလာ-ကွစိသဒ္ဒါ၏ အကျိုးရှိကုန်၏။
ဣသုယမုနံ- ဣသု ဓာတ်, ယမုဓာတ်တို့၏၊ အန္တော- အဆုံးသည်၊ စ္ဆော- စ္ဆ အပြုသည်၊ ဝါ- ဝိကပ်အားဖြင့်၊ ဟောတိ- ၏။ ဣစ္ဆတိ, နိယစ္ဆတိ စသည် တည်း။ “အန္တော စ္ဆော ဝါ”ဟူသော ဒွိဓာကရဏယောဂဝိဘာဂ ဖြင့် အာသဓာတ်၏ အဆုံး သ ကိုလည်း စ္ဆ ပြု၍ အစ္ဆတိ ဟု ဖြစ်၏။
၁၁၇။ [ဣစ္ဆတိ - လိုလား၏၊ လိုချင်၏ = အလိုရှိ၏၊ နိယစ္ဆတိ ရှောင်ကြဉ်၏၊ အစ္ဆတိ-နေထိုင်၏။]
ဣစ္ဆတိကို “ဣသု”တည်၊ “ဣသု၊ ဣစ္ဆာကန္တီသု”ဟူသောအနက်၌ ဓာတ်မှည့်, ဓာတုဿန္တော လောပေါ.နေကသရဿသုတ်ဖြင့် အဆုံးု သရ ကို ချေ, တိဝိဘတ် ၊ ပစ္စည်းသက်၊ ဣသုယမုန.မန္တော စ္ဆော ဝါသုတ်ဖြင့် ဣသုဓာတ်၏အဆုံး သ် ကို စ္ဆ် ပြု, စ္ဆ် ကို “၊ ”သို့ ကပ်, ဣစ္ဆတိ ပြီး၏။ [ဣစ္ဆီယတေ, ဧဝုဒ္ဓိပြု၍ ဧသီယတေ စသော ကမ္မရုပ်ကို သိပါ။]
အမှာ။ ။ နိယစ္ဆတိကို နိ ရှေးရှိသော “ယမု”တည်၊ “ယမု၊ ဥပရမေ” ဟူသော အနက်၌ဓာတ်မှည့်, အဆုံးသရချေ, တိဝိဘတ် “၊ ”ပစ္စည်း သက်၍ ယမုဓာတ်၏ အဆုံး မ် ကို စ္ဆ် ပြုဟု ဆိုလေ။
အစ္ဆတိကို “အာသ”တည်၊ “အာသ၊ ဥပဝေသနေ”ဟူသောအနက်၌ ဓာတ်မှည့်, အဆုံးသရချေ, တိဝိဘတ်, အပစ္စည်းသက်, ဣသုယမုနမန္တော စ္ဆော ဝါသုတ်၌ “အန္တော စ္ဆော ဝါ”ဟူသော ယောဂဝိဘာဂဖြင့် အာသ ဓာတ်၏ အဆုံး သ် ကို စ္ဆ် ပြု, စ္ဆ် ကို “၊ ”သို့ကပ် (အာစ္ဆတိ), ကွစိ ဓာတု သုတ်ကြီးဖြင့် အာ ကို အ ရဿ ပြု, အစ္ဆတိ ပြီး၏။
ကာရိတာနံ- မုချ ကာရိတ်, ရုဠှီကာရိတ်ပစ္စည်းတို့၏၊ ဏော- ဏအနုဗန်သည်၊ လောပံ- ကျေပျောက်ခြင်းသို့၊ အာပဇ္ဇတေ- ရောက်၏။ ကာရေတိ, စောရေတိ စသည်တည်း။
၁၁၈။ မုချကာရိတ် ရုဠှီကာရိတ်။ ။ ဓာတူဟိ ဏေဏယဏာပေ ဏာပယကာရိတာနိ ဟေတွတ္ထေသုတ်ဖြင့် သက်သော ကာရိတ်ပစ္စည်း သည် စေခိုင်းခြင်းအနက်ကို ဟောသောကြောင့် မုချကာရိတ် မည်၏၊ “ကာရိတ-ပြုစေ၏”ဟူသော နာမည်နှင့် လိုက်လျောသော ပစ္စည်းများ ဖြစ်သည် ဟူလို၊ ဓာတုရူပေ နာမသ္မာ ဏယော စ, စုရာဒိတော ဏေဏယာ စသောသုတ်တို့ဖြင့် သက်သော ပစ္စည်းများသည် စေခိုင်းခြင်းအနက်ကို ဟောသောကြောင့် ရုဠှီကာရိတ်မည်၏၊ ကာရိတ်ပစ္စည်းနှင့် သက်ဆိုင် သော အစီအရင်ကို ပြုလို၍ “ကာရိတ”ဟူသော နာမည်ကို တင်စားထား သည်၊ တကယ်တော့ စေခိုင်းခြင်းအနက်ကို မဟောနိုင် ဟူလို၊ ထို့ကြောင့် “စောရေတိ-ခိုး၏”ဟု အနက်ဆို၍ “ခိုးစေ၏”ဟု အနက် မဆိုရ၊ ထို ကာရိတ်ပစ္စည်း ၂ မျိုးတွင် ပါဝင်သော ဏ် အနုဗန်ကို ဤသုတ်က ချေသည်။
အနုဗန်။ ။ အနုဗန္ဓ ဟူသော ပါဠိကို “အနုဗန်”ဟု ခေါ်သည်၊ အနု၊ နောက်ထပ်+ဗန္ဓ=ဖွဲ့စပ်အပ်သော အက္ခရာ၊ ဏေပစ္စည်း သက်ရာ၌ ေ-သရသာ လိုရင်းဖြစ်၏၊ ဏ် အက္ခရာကား နောက်ထပ် ဖွဲ့စပ်အပ်သော အပို အက္ခရာသာ ဖြစ်သည်၊ ထို “ဏ်”အတွက် တစ်စုံတစ်ခုမျှ အနက်မရှိ ဟူလို၊ ထိုသို့ တစ်စုံတစ်ခုမျှ အနက်မရှိသောကြောင့် ထိုအနုဗန် “ဏ်”ကို ချေပစ်ရလေသည်။
မေး။ ။ အနက်မရှိလျှင် ထို“ဏ်”အနုဗန်ကို ဘာ့ကြောင့် ထည့်သွင်း ထားရသနည်း။
ဖြေ။ ။ ဆိုင်ရာသုတ်များဝယ် တိုတိုကျဉ်းကျဉ်း လိုရင်းအားလုံးကို သိမ်းကြုံး ယူလိုသောကြောင့် အနုဗန်အက္ခရာများကို ထည့် သွင်းထားကြသည်။ [အကျယ်ကို ကစ္စည်းဘာသာဋီကာ “တေသံ ဏော လောပံ”သုတ်မှာ ရှု။]
[ဆောင်]၁။ အနက်မစပ်, နောက်ထပ်ကပ်လျက်, ပါလတ်ထိုထို,ဟအကရာပို, ခေါ်ဆို နုဗနာ။ ၂။ သုတ်များထိုထို, စကားဆိုကို, တိုတိုကျဉ်းကျဉ်း, သိမ်းလို ခြင်းကြောင့်, ထည့်သွင်းဟန် ပြု, ဗန်အနု, ကြံရှု တွေ့တိုင်းသာ။
အာချာတ ကပ္ပေ- အာချာတ်ကျမ်း၌၊ စတုတ္ထော- လေးခုမြောက်ဖြစ်သော၊ ကဏ္ဍော- အခန်းသည်၊ ဣတိ- ပြီးပြီ။
ဤတွင် အာချာတ်သုတ်နက်နှင့် ရုပ်တွက်အဓိပ္ပာယ်ပြီးပြီ။