အဇေဠကာဒီသု ခေတ္တဝတ္ထုပရိယောသာနေသုပိ၊ အဇေဠကအစရှိကုန်သော လယ်ယာအဆုံးရှိကုန်သော ဝတ္ထုတို့၌လည်း။
ကပ္ပိယာကပ္ပိယနယော၊ အပ်, မအပ်သော နည်းကို။
ဝိနယဝသေန၊ ဝိနည်း၏အစွမ်းဖြင့်။
ဥပပရိက္ခိတဗ္ဗော၊ စူးစမ်းဆင်ခြင်အပ်၏။
တတ္ထ၊ ထိုခေတ္တဝတ္ထုဟူသော စကား၌။
ယသ္မိံ၊ အကြင်မြေ အရပ်၌။
ပုဗ္ဗဏ္ဏံ၊ ကောက်သည်။
ရုဟတိ၊ ရောက်၏။
တံ ဌာနံ၊ ထိုမြေအရပ်သည်။
ခေတ္တံ နာမ၊ လယ်မည်၏။
ယသ္မိံ၊ အကြင်မြေအရပ်၌။
အပရဏ္ဏံ၊ ပဲသည်။
ရုဟတိ၊ ရောက်၏။
တံ ဌာနံ၊ ထိုမြေအရပ်သည်။
ဝတ္ထု နာမ၊ ယာမည်၏။
ဝါ၊ တစ်နည်းကား။
ယတ္ထ၊ အကြင်မြေ အရပ်၌။
ဥဘယံ၊ ကောက်ပဲနှစ်ပါးသည်။
ရုဟတိ၊ ရောက်၏။
တံ ဌာနံ၊ ထိုကောက်ပဲရောက်ရာအရပ်သည်။
ခေတ္တံ၊ လယ်မည်၏။
တဒတ္ထာယ၊ ထိုကောက်ပဲနှစ်ပါးစိုက်ပျိုးရာခေတ္တပြုလုပ်ခြင်းအကျိုးငှာ။
အကတဘူမိဘာဂေါ၊ စိုက်ကြဲခြင်းကို မပြုအပ်သေးသော မြေအဖို့သည်။
ဝတ္ထု၊ ယာမည်၏။
စ၊ ဆက်၍ ဆိုအံ့။
ဧတ္ထ၊ ဤဝါကျ၌။
ခေတ္တဝတ္ထုသီသေန၊ လယ်ယာဟူသော ပဓာနဖြင့်။
ဝါပိတဠာကာဒီနိပိ၊ အိုင်အင်းတစ်ဖက်ဆည်ကန်စသည်တို့ကိုလည်း။
သင်္ဂဟိတာနေဝ၊ သင်္ဂြိုဟ်အပ်ကုန်သည်သာတည်း။
ကယဝိက္ကယာတိ၊ ကာယဝိက္ကယာ ဟူသည်ကား။
ကယာစ၊ ဝယ်ခြင်းမှလည်းကောင်း။
ဝိက္ကယာ စ၊ ရောင်းခြင်းမှလည်းကောင်း။
ဒူတကမ္မံ၊ တမန်သည်တို့၏အမှုကို။
ဒုတေယျံ
၁။ ဒူတေယျံ (ဆဋ္ဌ)
၊ ဒုတေယျဟူ၍။
ဝုစ္စတိ၊ ဆိုအပ်၏။
ဂိဟီနံ၊ လူတို့သည်။
ပဟိတံ၊ စေအပ်သော။
ပဏ္ဏံ ဝါ၊ မှာစာကိုလည်းကောင်း။
သာသနံ ဝါ၊ ကမ္ပည်းမှာစာ နှုတ်မှာသတင်းစကားကိုလည်းကောင်း။
တတ္ထ တတ္ထ၊ ထိုထိုရွာတစ်ပါး အရပ်တစ်ပါးသို့။
ဂမနံ၊ ဆောင်သွားခြင်းသည်။
ဒူတကမ္ပံ၊ တမန်သည်တို့အမှုမည်။
ဃရာ၊ တစ်အိမ်မှ။
ဃရံ၊ တစ်အိမ်သို့။
ပေသိတဿ၊ စေအပ်သောသူ၏။
ခုဒ္ဒကဂမနံ၊ သေးသေးဖွဲဖွဲ ခရီးသွားခြင်းကို။
ပဟိနဂမနံ
၂။ ပဟိဏဂမနံ (ဆဋ္ဌ)
၊ စေအပ်သောသူ၏သွားခြင်းဟူ၍။
ဝုစ္စတိ၊ ဆိုအပ်၏။
တဒုဘယမ္ပိ၊ ထိုဒုတေယျပဟိနာဂမန နှစ်ပါးကိုလည်း။
ကရဏံ၊ ပြုကျင့်ခြင်းသည်။
အနုယောဂေါ နာမ၊ အနုယောဂမည်၏။
တသ္မာ၊ ထို့ကြောင့်။
ဒူတေယျပဟိနဂမနာနံ၊ တမန်တို့၏အမှုဖြစ်သောမှာစာ, ဆောင်းပါးနှုတ်မှာ သတင်းစကားကိုယူ၍ ထိုထိုရွာတစ်ပါးအရပ်တစ်ပါးသို့ တစ်အိမ်မှ တစ်အိမ် တောက်တိုမယ်ရ ခရီးတိုစေပါး၍ သွားခြင်းတို့ကို။
အနုယောဂါ၊ ပြုကျင့်ခြင်းမှ။
ဣတိ ဧဝံ အတ္ထော၊ ဤသို့သောအနက်ကို။
ဧတ္ထ၊ ဤဝါကျ၌။
ဝေဒိတဗ္ဗော၊ သိအပ်၏။
တုလာကူဋာဒီသု၊ တုလာကူဋ စသည်တို့၌။
ဝဉ္စနံ၊ လှည့်ပတ်ခြင်းကို။
ကူဋန္တိ၊ ကူဋံဟူ၍။
(ဝုစ္စတိ၊ ဆိုအပ်၏။)
တတ္ထ၊ ထိုတုလာကူဋစသည်တို့တွင်။
တာဝ၊ လက်ဦးစွာ။
တုလာကူဋံ၊ ချိန်ဖြင့်လှည့်တ်ခြင်းသည်။
ရူပကူဋံ၊ ရူပကူဋလည်းကောင်း။
အင်္ဂကူဋံ၊ အင်္ဂကူဋလည်းကောင်း။
ဂဟဏကူဋံ၊ ဂဟဏကူဋလည်းကောင်း။
ပဋိစ္ဆန္နကူဋံ၊ ပဋိစ္ဆန္နကူဋလည်းကောင်း။
ဣတိ၊ ဤသို့သောအပြားဖြင့်။
စတုဗ္ဗိဓံ၊ လေးပါးအပြားရှိသည်။
ဟောတိ၊ ဖြစ်၏။
တတ္ထ၊ ထိုလေးပါးတို့တွင်။
ဒွေ တုလာ၊ ချိန်နှစ်ခုတို့ကို။
သမရူပါ၊ တူမျှသော အဆင်းသဏ္ဌာန်ရှိသည်တို့ကို။
ကတွာ၊ ပြု၍။
ဂဏှန္တော၊ သူ့ဥစ္စာကို ယူသည်ရှိသော်။
မဟတိယာ၊ ချိန်ကြီးဖြင့်။
ဂဏှတိ၊ ယူ၏။
ဒဒန္တော၊ မိမိဥစ္စာကို သူအားပေးသည်ရှိသော်။
ခုဒ္ဒကာယ၊ ချိန်ငယ်ဖြင့်။
ဒေတိ၊ မေး၏။
ဣဒံ၊ ဤချိန်တုဖြင့် လှည့်ပတ်ခြင်းသည်။
ရူပကူဋံ နာမ၊ ရူပကုဋမည်၏။
ဂဏှန္တော၊ သူ့ဥစ္စာကို ယူသည်ရှိသော်။
ကုလာယ၊ ချိန်၏။
ပစ္ဆာဘာဂေ၊ နောက်အဖို့၌။
ဟတ္ထေန၊ မိမိလက်ဖြင့်။
တုလံ၊ ချိန်ကို။
အက္ကမတိ၊ နှိပ်၏။
ဒဒန္တော၊ မိမိဥစ္စာကို သူအားပေးသည်ရှိသော်။
ပုဗ္ဗဘာဂေ၊ ချိန်၏ ရှေးအဖို့၌။
ဟတ္ထေန၊ မိမိလက်ဖြင့်။
တုလံ၊ ချိန်ကို။
အက္ကမတိ၊ နှိပ်၏။
ဣဒံ၊ ဤသို့ချိန်၏ နောက်အဖို့ ရှေ့အဖို့အင်္ဂါကို လိုရာနှိပ်၍လှည့်ပတ်ခြင်းသည်။
အင်္ဂကူဋံ နာမ၊ အင်္ဂကူဋမည်၏။
ဂဏှန္တော၊ သူ့ဥစ္စာကို မိမိယူသည်ရှိသော်။
မူလေ၊ အရင်း၌။
ရဇ္ဇုံ၊ ကြိုးကို။
ဂဏှာတိ၊ ကိုင်၏။
ဒဒန္တော၊ မိမိဥစ္စာကို သူ့အားပေးသည်ရှိသော်။
အဂ္ဂေ၊ အဖျား၌။
ရဇ္ဇုံ၊ ကြိုးကို။
ဂဏှာတိ၊ ကိုင်၏။
ဣဒံ၊ ဤအရင်း အဖျားကိုင်ဆန်းပြား၍ လှည့်ပတ်ခြင်းသည်။
ဂဟဏကူဋံ နာမ၊ ချိန်အကိုင် ဆန်းပြားသဖြင့် လှည့်ပတ်ခြင်းမည်၏။
တုလံ၊ ချိန်ကို။
သူသိရံ၊ အခေါင်းရှိသည်ကို။
ကတွာ၊ ပြု၍။
အန္တော၊ အခေါင်းတွင်း၌။
အယစုဏ္ဏံ၊ သံမှုန့် ကြေးမှုန့်ကို။
ပက္ခိပိတွာ၊ ထည့်၍။
ဂဏှန္တော၊ သူ့ဥစ္စာကိုမိမိယူသည်ရှိသော်။
တံ၊ ထိုအမှုန့်ကို။
ပစ္ဆာဘာဂေ၊ နောက်အဖို့၌။
ကရောတိ၊ ပြု၏။
ဒဒန္တော၊ မိမိဥစ္စာကိုသူအား ပေးသည်ရှိသော်။
တံ၊ ထိုအမှုန့်ကို။
အဂ္ဂဘာဂေဝ၊ အဖျားအဖို့၌သာလျှင်။
ကရောတိ၊ ပြု၏။
ဣဒံ၊ ဤသို့ဖုံးလွှမ်းအပ်သော အမှုန့်ဖြင့် လှည့်ပတ်ခြင်းသည်။
ပဋိစ္ဆန္နကူဋံ နာမ၊ ပဋိစ္ဆန္နကူဋမည်၏။
သုဝဏ္ဏပါတိ၊ ရွှေခွက်ကို။
ကံသော၊ ကံသဟူ၍။
ဝုစ္စတိ၊ ဆိုအပ်၏။
တာယ၊ ထိုရွှေခွက်ဖြင့်။
ဝဉ္စနံ၊ လှည့်ပတ်ခြင်းသည်။
ကံသကူဋံ၊ ကံသကူဋမည်၏။
ကထံ၊ အဘယ်သို့။
ဝဉ္စေတိ၊ လှည့်ပတ်သနည်း။
ဧကံ သုဝဏ္ဏပါတိံ၊ ရွှေခွက်တစ်ခုကို။
ကတွာ၊ ပြု၍။
အညေ၊ တစ်ပါးကုန်သော။
ဒွေ တိဿော လောဟပါတိယော၊ ကြေးနီခွက်နှစ်ခုသုံးခုတို့ကို။
သုဝဏ္ဏဝဏ္ဏာ၊ ရွှေအဆင်းဖြင့် အဆင်းရှိသည်တို့ကို။
ကရောန္တိ၊ ပြုကုန်၏။
တတော၊ ထိုနောက်မှ။
ဇနပဒံ၊ ဇနပုဒ်ကို။
ဂန္တွာ၊ သွား၍။
ကိဉ္စိ ဒေဝ အဍ္ဎကုလံ၊ တစ်စုံတစ်ခုကြွယ်ဝ ကုံထံသောအမျိုးသို့။
ပဝိသိတွာ၊ ဝင်၍။
"သုဝဏ္ဏဘာဇနာနိ၊ ရွှေခွက်တို့ကို။
ကိဏထာတိ၊ ဝယ်ကုန်လော"ဟု။
ဝတွာ၊ ဆို၍။
အဂ္ဃံ၊ အဖိုးကို။
ပုစ္ဆိတေ၊ မေးအပ်သည်ရှိသော်။
သမဂ္ဃတရံ၊ ချိုချိုအဖိုးနည်းမြတ်စွာ။
ဒါတုကာမာ၊ ပေးလိုကုန်သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။
တတော၊ ထိုနောင်မှ။
တေဟိ၊ ထိုဇနပုဒ်သူကြွယ်တို့သည်။
"ကထံ၊ အသို့မူ၍။
ဣမေသံ၊ ဤခွက်တို့၏။
သုဝဏ္ဏဘာဝေါ၊ ရွှေစစ်အဖြစ်ကို။
ဇာနိတဗ္ဗောတိ၊ သိအပ်မည်နည်း"ဟု။
ဝုတ္တေ၊ ဆိုအပ်သည်ရှိသော်။
"ဝီမံသိတွာ၊ စံချ၍။
ဂဏှထာတိ၊ ယူကြကုန်"ဟု။
သုဝဏ္ဏပါတိံ၊ ရွှေမှန်ခွက်ကို။
ပါသာဏေ၊ မှတ်၍။
ဃံသိတွာ၊ သွေး၍။
ကံသပါတိယော၊ ကြေးခွက်တို့ကို။
ဒတွာ၊ ပေး၍။
ဂစ္ဆန္တိ၊ သွားကုန်၏။
မာနကူဋံ နာမ၊ မာနကူဋမည်သည်။
ဟဒယဘေဒသိခါဘေဒရဇ္ဇုဘေဒဝသေန၊ ချင့်အိုးဝမ်းကို ဖောက်ခြင်း ချင်အပ်သော ဆန်စသည်၏အထွတ်အဖျားကိုကျမ်းခြင်း တာကြိုးတာဝါးကို ဖျက်ဆီးခြင်း အလွှဲတခြားလုပ်ခြင်း၏အစွမ်းဖြင့်။
တိဝိဓံ၊ သုံးပါးအပြားရှိသည်။
ဟောတိ၊ ဖြစ်၏။
တတ္ထ၊ ထိုသုံးပါးတို့တွင်။
ဟဒယဘေဒေါ၊ ချင့်အိုးဝမ်းကို ဖောက်ခြင်းကို။
သပ္ပိတေလာဒိမိနနကာလေ၊ ထောပတ်ဆီစသည်ကို ချင့်သော ကာလ၌။
လဗ္ဘတိ၊ ရအပ်၏။
ဟိ၊ အဘယ်သို့ ရအပ်သနည်း။
တာနိ၊ ထိုထောပတ်ဆီစသည်တို့ကို။
ဂဏှန္တော၊ မိမိယူလတ်သော်။
ဟေဋ္ဌာဆီဒ္ဒေန၊ အောက်၌ အပေါက်ရှိသော။
မာနေန၊ ချင့်အိုးဖြင့်။
"သနိကံ
၁။ သဏိကံ (ဆဋ္ဌ)
၊ ဖြည်းဖြည်း။
အာသိဉ္စာတိ၊ လောင်းလော"ဟူ၍။
ဝတွာ၊ ဆို၍။
အန္တောဘာဇနေ၊ မိမိအောက်ခံအိုးတွင်း၌။
ဗဟုံ၊ များစွာ။
ပဂ္ဃရာပေတွာ၊ ယိုစေ၍။
ဂဏှာတိ၊ ယူ၏။
ဒဒန္တော၊ သူတစ်ပါးအားပေးသည်ရှိသော်။
ဆိဒ္ဒံ၊ အပေါက်ကို။
ပိဓာယ၊ ပိတ်၍။
သီဃံ၊ လျှင်စွာ။
ပူရေတွာ၊ ပြည့်စေ၍။
ဒေတိ၊ ပေး၏။
သိခါဘေဒေါ၊ ချင်အပ်သော ဆန်စသည်တို့၏ အထွတ်အဖျားကို ကျမ်းခြင်းကို။
တိလတဏ္ဍုလာဒီနံ၊ နှမ်းဆန်စသည်တို့ကို။
မိနနကာလေ၊ ချင့်သောကာလ၌။
လဗ္ဘတိ၊ ရအပ်၏။
ဟိ၊ အဘယ်သို့ ရအပ်သနည်း။
တာနိ၊ ထိုနှမ်းဆန်စသည်တို့ကို။
ဂဏှန္တော၊ မိမိယူသည်ရှိသော်။
သဏိကံ၊ ဖြည်းဖြည်း။
သိခံ၊ အထွဋ်အဖျားကို။
ဥဿာပေတွာ၊ တက်စေ၍။
ဂဏှာတိ၊ ယူ၏။
ဒဒန္တော၊ သူတစ်ပါးအားပေးသည်ရှိသော်။
ဝေဂေန၊ လျှင်စွာ။
ပူရေတွာ၊ ပြည့်စေ၍။
သိခံ၊ အထွဋ်အဖျားကို။
ဘိန္ဒန္တော၊ ဖြုတ်ချင်းဖျက်လျက်။
ဒေတိ၊ ပေး၏။
ရဇ္ဇုဘေဒေါ၊ ရဇ္ဇုဘေဒကို။
ခေတ္တဝတ္ထုမိနနကာလေ၊ မြေတိုင်းအမတ်ကို လယ်ယာတိုင်းသော ကာလ၌။
လဗ္ဘတိ၊ ရအပ်၏။
ဟိ၊ ထင်ရှားပြအံ့။
လဉ္ဇနံ
၂။ လဉ္ဇံ (ဆဋ္ဌ)
၊ တံစိုးကို။
အလဘန္တာ၊ မရကုန်သည်ရှိသော်။
ခေတ္တံ၊ လယ်ယာကို။
အမဟန္တံပိ၊ မကြီးမကျယ်သည်ကိုလည်း။
မဟန္တံကတွာ၊ အကြီးအကျယ်ပြု၍။
မိနန္တိ၊ တာကုန်၏။
ဥက္ကောဋနာဒီသု၊ ဥက္ကောဋနစသည်တို့၌။
သာမိကေ၊ အမှန်ဥစ္စာရှင်တို့ကို။
အဿာမိကေ ကာတုံ၊ ဥစ္စာရှင်မဟုတ်သည်ကို ပြုခြင်းငှာ။
လဉ္ဇဂဟဏံ၊ တံစိုးစားခြင်းသည်။
ဥက္ကောဋနန္တိ၊ ဥက္ကောဋန မည်၏။
ဝဉ္စနန္တိ၊ ဝဉ္စနံဟူသည်ကား။
တေဟိ တေဟိ ဥပါယေဟိ၊ ထိုထိုဥပါယ်တမည်တို့ဖြင့်။
ပရေသံ၊ သူတစ်ပါးတို့ကို။
ဝဉ္စနံ၊ လှည့်ပတ်ခြင်းပင်တည်း။
တတြ၊ ထိုသို့ဥပါယ်တမည်ဖြင့်လှည့်ပတ်ခြင်း၌။
ဣဒံ၊ ဤဆိုလတ္တံ့သည်ကား။
ဧကံ ဝတ္ထု၊ အခြားမဟုတ်နှုတ်တတ်မှတ်စလွယ်ဝတ္ထုတစ်ခုတည်း။
ကိရ၊ ကြားရသည်ကား။
ဧကော၊ တစ်ဦးသော။
လုဒ္ဒကော၊ မုဆိုးသည်။
မိဂဉ္စ၊ သမင်ကြီးကိုလည်းကောင်း။
မိဂပေါတကဉ္စ၊ သမင်ငယ်တစ်စီးကိုလည်းကောင်း။
ဂဟေတွာ၊ ထမ်း၍။
အာဂစ္ဆတိ၊ လာ၏။
တံ၊ ထိုမုဆိုးကို။
ဧကော၊ တစ်ယောက်သော။
ဓုတ္တော၊ သောက်စားကြူးသော သူသည်။
"ဘော၊ အနောင်။
မိဂေါ၊ အစ်ကို သမင်ကြီးသည်။
ကိံ အဂ္ဃတိ၊ အဖိုးဘယ်မျှထိုက်သနည်း။"
ဣတိ၊ ဤသို့။
အာဟ၊ မေး၏။
မိဂေါ၊ အစ်ကိုသမင်ကြီးသည်။
ဒွေ ကဟာပဏေ၊ နှစ်သပြာတို့ကို။
အဂ္ဃတိ၊ ထိုက်၏။
မိဂပေါတကော၊ သမင်ငယ်သည်။
ဧကံ၊ တစ်သပြာကို။
အဂ္ဃတိ၊ ထိုက်၏။
ဣတိ၊ ဤသို့သော စကားကို။
ဝုတ္တေ စ၊ မုဆိုးက ဆိုသော်ကား။
ကဟာပဏံ၊ တစ်သပြာကို။
ဒတွာ၊ ပေး၍။
မိဂပေါတကံ၊ သမင်ငယ်ကို။
ဂဟေတွာ၊ ယူ၍။
ထောကံ၊ အတန်ငယ်။
ဂန္တွာ၊ သွား၍။
နိဝတ္တော၊ ပြန်လည်ပြန်၍။
"ဘော၊ အနောင်။
မေ၊ ငါ့အား။
မိဂပေါတကေန၊ အစ်ကို့သမင်ငယ်ဖြင့်။
န အတ္ထော၊ အလိုမရှိ။
မေ၊ ငါ့အား။
မိဂံ၊ သမင်ကြီးကို။
ဒေဟီတိ၊ ပေးလော"ဟု။
အာဟ၊ ဆို၏။
တေနဟိ၊ အမောင် ထိုသို့သမင်ကြီးကို လိုချင်မူကား။
ဒွေ ကဟာပဏေ၊ နှစ်သပြာတို့ကို။
ဒေဟီတိ၊ ငါ့အား ပေးလောဟု။
အာဟ၊ မုဆိုးက ဆို၏။
ဘော၊ အနောင်။
မဟာ၊ ငါသည်။
ပဌမံ၊ လက်ဦးစွာ။
ဧကော ကဟာပဏော၊ တစ်သပြာကို။
ဒိန္နော နနု၊ သင့်အား ပေးပြီး မဟုတ်လော။
ဧဝံ၊ ဤသို့ဝယ်သူက ဆိုလတ်သော်။
အာမ ဒိန္နောတိ၊ ဪ ပေးပြီဟု။
အာဟ၊ မုဆိုးကဆို၏။
ဣဒမ္မိ မိဂပေါတကံ၊ ဤသမင်ငယ်ကိုလည်း။
ဂဏှ၊ ယူလော။
ဧဝံ၊ ဤသို့ယူသည်ရှိသော်။
သော စ ကဟာပဏော၊ ထိုလက်ဦးပေးသော တစ်သပြာကိုလည်းကောင်း။
အယဉ္စကဟာပဏဂ္ဃနကော၊ ဤတစ်သပြာထိုက်သော သမင်ငယ်လည်းကောင်း။
ဣတိ၊ ဤသို့နှစ်ခုပေါင်းလတ်သော်။
ဒွေကဟာပဏာ၊ နှစ်သပြာတို့သည်။
ဘဝိဿန္တိ၊ ဖြစ်ကုန်လတ္တံ့။
ဣတိ၊ ဤသို့။
အာဟ၊ သမင်ဝယ်သူကဆို၏။
သော၊ ထိုမုဆိုးသည်။
"ကာရဏံ၊ သင့်သော အကြောင်းကို။
ဝဒတီတိ၊ ဤသူဆိုပေသည်"ဟု။
သလ္လက္ခေတွာ၊ မှတ်၍။
မိဂပေါတကံ၊ သမင်ငယ်ကို။
ဂဟေတွာ၊ ယူ၍။
မိဂံ၊ သမင်ကြီးကို။
အဒါသိ၊ ပေး၏။
ဣတိ ဣဒံ၊ ဤသည်ကား။
ဧကံ ဝတ္ထု၊ အခြားမဟုတ် နှုတ်တက်မှတ်စလွယ် ဝတ္ထုတစ်ခုတည်း။
နိကတီတိ၊ နိကတိဟူသည်ကား။
ယောဂဝသေန ဝိဇ္ဇာဇပ္ပနာဒိပယောဂဝသေန၊ မန္တာန်စိပ်ခြင်း, ဆေးစိပ်ခြင်းစသော ပယောဂ၏အစွမ်းဖြင့်လည်းကောင်း။
မာယာဝသေန ဝါ၊ မန္တဇပ္ပနကို ကြဉ်၍ မဟုတ်သည်ကိုလျက် ဟုတ်သော အခြင်းအရာကဲ့သို့ ထင်မှတ်စေတတ်သော မျက်စိကို မှိတ်တတ်မှောက်မှားစေတတ်သော လှည့်ပတ်ခြင်းမာယာဖြင့်လည်းကောင်း။
အပါမင်္ဂံ၊ စလွယ်သွယ်ပျောင်းစသည်တန်ဆာမဟုတ်သည်ကို။
ပါမင်္ဂန္တိ၊ စလွယ်သွယ်ပျောင်းတန်ဆာဟု။
အမဏိံ၊ အမျက်ရတနာ မဟုတ်သည်ကို။
မဏိန္တိ၊ အမျက်ရတနာဟု။
အသုဝဏ္ဏံ၊ ရွှေမဟုတ်သည်ကို။
သုဝဏ္ဏန္တိ၊ ရွှေဟု။
ကတွာ၊ ပြုလုပ်၍။
ပဋိရူပကေန၊ အတုဖြင့်။
ဝဉ္စနံ၊ လှည့်ပတ်ခြင်းတည်း။
သာစိယောဂေါတိ၊ သာစိယောဂေါ ဟူသည်ကား။
ကုဋိလယောဂေါ၊ ကောက်ကျစ်သော ပယောဂဗျာပါရတည်း။
ဧတံ၊ ဤသာစိယောဂသည်။
ဧတေသံယေဝ ဥက္ကောဋနာဒီနံ၊ ထိုဥက္ကောဋနစသည်တို့၏သာလျှင်။
နာမံ၊ အမည်တည်း။
တသ္မာ၊ ထို့ကြောင့်။
ဥက္ကောဋနသာစိယောဂါ၊ တံစိုးပဏ္ဏားစားခြင်းဟူသော ကောက်ကျစ်စဉ်းလဲခြင်း ပယောဂမှလည်းကောင်း။
ဝဉ္စနသာစိယောဂါ၊ ထိုထိုဥပါယ်တမည်ဖြင့် လှည့်ပတ်ခြင်းဟူသော ကောက်ကျစ်စဉ်းလဲခြင်း ပယောဂမှလည်းကောင်း။
နိကတိသာစိယောဂါ၊ အတုဖြင့် လှည့်ပတ်ခြင်းဟူသော ကောက်ကျစ်စဉ်းလဲခြင်း ပယောဂမှလည်းကောင်း။
ဣတိ ဧဝံအတ္ထော၊ ဤအနက်ကို။
ဧတ္ထ၊ ဤဝါကျ၌။
ဒဋ္ဌဗ္ဗော၊ မှတ်အပ်၏။
ကေစိ၊ မြောက်ကျောင်းနေ ကေစိတို့သည်။
အညံ၊ တစ်ပါးကို။
ဒဿေတွာ၊ ပြ၍။
အညဿ၊ တစ်ပါးကို။
ပရိဝတ္တနံ၊ လဲလှယ်ခြင်းသည်။
သာစိယောဂေါ၊ သာစိယောဂမည်၏။
ဣတိ၊ ဤသို့။
ဝဒန္တိ၊ ဆိုကုန်၏။
ပန၊ ထိုသို့ကေစိတို့ ဆိုသော်လည်း။
တံ၊ ထိုတစ်ပါးကို ပြန်၍တစ်ပါးကိုလဲလှယ်ခြင်းကို။
ဝဉ္စနေန၊ ဝဉ္စနဖြင့်။
သင်္ဂဟိတံ၊ သင်္ဂြိုဟ်အပ်၏။
ဆေဒနာဒီသု၊ ဆေဒနစသည်တို့၌။
ဆေဒနန္တိ၊ ဆေဒနံဟူသည်ကား။
ဟတ္ထစ္ဆေဒါဒီ၊ လက်ခြေဖြတ်ခြင်းစသည်တည်း။
ဝဓောတိ၊ ဝဓောဟူသည်ကား။
မာရဏံ၊ တတောင်လက်ဆုပ်ဖြင့် ပုတ်ခတ်ခြင်း ကြိမ်လှံတံဖြင့်ရိုက်နှက်ခြင်းစသည်တို့ဖြင့် ညှဉ်းဆဲခြင်းတည်း။
ဗန္ဓောတိ၊ ဗန္ဓောဟူသည်ကား။
ရဇ္ဇုဗန္ဓနာဒီဟိ၊ ကြိုးအနှောင်စသည်တို့ဖြင့်။
ဗန္ဓနံ၊ နှောင်ဖွဲ့ခြင်းတည်း။
ဝိပရာမောသောတိ၊ ဝိပရာမောသော ဟူသည်ကား။
ဟိမဝိပရာမောသော၊ ဆီးနှင်းဖြင့် ဖုံးကွယ်၍ လုယူခြင်း။
ဂုမ္ဗဝိပရာမောသော၊ တောချုံဖြင့် ဖုံးကွယ်၍လုယူခြင်း။
ဣတိ၊ ဤသို့သောဘေဒဖြင့်။
ဒုဝိဓော၊ နှစ်ပါးအပြားရှိသည်။
ဟောတိ၊ ဖြစ်၏။
ဟိမပါတသမယေ၊ ဆီးနှင်းထန်သောအခါ၌။
ဟိမေန၊ ဆီးနှင်းဖြင့်။
ပဋိစ္ဆန္နာ၊ ဖုံးကွယ်ကုန်သည်။
ဟုတွာ၊ ဖြစ်၍။
မဂ္ဂပဋိပန္နံ၊ ခရီးသွားကို။
ယံ မုသန္တိ၊ အကြင်လုယူကုန်၏။
အယံ၊ ဤဆီးနှင်းဖြင့် ဖုံး၍လုယူခြင်းသည်။
ဟိမဝိပရာမောသော၊ ဟိမဝိပရာမောသမည်၏။
ဂုမ္ဗာဒိပဋိစ္ဆန္နာ၊ ချုံစေးပျစ်စသည်ဖြင့်ဖုံးကွယ်၍။
မဂ္ဂပဋိပန္နံ၊ ခရီးသွားကို။
ယံ မုသန္တိ၊ အကြင်လုယူကုန်၏။
အယံ၊ ဤချုံစေးပျစ်စသည်ဖြင့် ဖုံးကွယ်၍ လုယူခြင်းသည်။
ဂုမ္ဗဝိပရာမောသော၊ ဂုမ္ဗဝိပရာမောသမည်၏။
ဂါမနိဂမာဒီနံ၊ ရွာနိဂုံးစသည်တို့ကို။
ဝိလောပကရဏံ၊ လုယက်တိုက်ဖျက်ခြင်းကို။
အာလောပေါ၊ အာလောပဟူ၍။
ဝုစ္စတိ၊ ဆိုအပ်၏။
သာသသာကာရောတိ၊ သာသသာကာရော ဟူသည်ကား။
သာသသိကကိရိယာ၊ အနိုင်အထက်နှိပ်စက်သဖြင့် ဖြစ်စေအပ်သော လုယက်ဖျက်ဆီးခြင်း ကိရိယာတည်း။
ဂေဟံ၊ လူကုံထံအိမ်သို့။
ပဝိသိတွာ၊ ဝင်၍။
မနုဿာနံ၊ လူတို့၏။
ဥရေ၊ ရင်၌။
သတ္ထံ ဌပေတွာ၊ ဓားလက်နက်တင်၍။
ဣစ္ဈိတဘဏ္ဍဂဟဏံ၊ အလိုရှိတိုင်းသော ဥစ္စာကိုယူခြင်းတည်း။
ဧဝံ၊ ဤသို့သောနည်းဖြင့်။
ဧတသ္မာ၊ ထိုဆိုအပ်ပြီးသော။
ဆေဒနဝဂဗန္ဓဝိပရာမောသအာလောပသာဟသာကာရာ၊ လက်ခြေစသည်ကိုဖြတ်ခြင်းဖြင့် တတောင်လက်ဆုပ်အုတ်ကျောက်လှံတံဖြင့် ညှဉ်းဆဲရိုက်ပုတ်ခြင်းနှိပ်နင်းလွှမ်းမိုးကြိုးတုပ် မျက်မှောင် နှောင်ဖွဲ့ခြင်း ဆီးနှင်း တောချုံ စုံဂနီုင် မြိုင်စေးပျစ်ပုံကွယ်၍ ခရီးဝယ်လုယူခြင်း ရွာတွင်း မြို့တွင်းအတင်းတိုက်ခိုက် ရိုက်နှက် လုယူခြင်း အိမ်တွင်းစီးဝင် ရင်ထက်ဓားထားလျက် နှစ်သက်သည် ဥစ္စာစုကိုအနုကြမ်းစီးယူခြင်းမှ။
ပဋိဝိရတာ၊ ကြဉ်ကုန်၏။
သေသံ၊ ကြွင်းသော စကားရပ်သည်။
သဗ္ဗတ္ထ၊ အလုံးစုံတို့၌။
ဥတ္တာနမေဝ၊ ပေါ်သည်သာလျှင်တည်း။
ဣတိ၊ ဤသည်လျှင် အပြီးတည်း။
အာမကဓညပေယျာလဝဏ္ဏနာ၊ အာမကဓညပေယျာလအဖွင့်သည်။
နိဋ္ဌိတာ၊ ဥဿုံမကြွင်း ပြီးဆုံးခြင်းသို့ ရောက်လတ်ပြီ။
သာရတ္ထပကာသနိယာ၊ အခွန်ပယ်ပစ် အကာခြစ်၍ အနှစ်အတိဖြစ်သောအနက်ကို ပြရာဖြစ်၍ သာရတ္ထပကာသနီအမည်ရှိသော။
သံယုတ္တနိကာဌဋ္ဌကထာယံ
၁။ သံယုတ္တနိကာယဋ္ဌကထာယ (ဆဋ္ဌ)
၊ သံယုတ္တနိကာယ်အဋ္ဌကထာ၌။
မဟာဝဝဂ္ဂဝဏ္ဏနာ၊ မဟာဝဂ်သံဝဏ္ဏနာသည်။
နိဋ္ဌိတာ စ၊ ဥဿုံမညို အလိုအလျောက် အပြီးရောက်သည်သာလျှင်တည်း။
ဣတိ၊ ဤရွေ့လျှင် အပြီးကပတ်တည်း။
ဟိ၊ ဆက်၍ ဆိုဦးအံ့။
ဧတ္တာဝတာ၊ တတ္ထ ဧဝန္တိ နိပါတပဒံမေတိအာဒီနိ နာမပဒါနိ ဟူသော စကားအစ ဧဝံ မေ တသ္မာ ဆေဒန ဝဓဗန္ဓ ဝိပရာမောသ အာလောပါစ သာဟသာကာရာ ပဋိဝိရတာ အဆုံးကပတ်ဤ၍ (ဤမျှ) ပရိမာဏရှိသော စကားအစဉ်ဖြင့်။
ဝိပဿနာစာရနိပုဏဗုဒ္ဓိနံ၊ အလုံးစုံသော ရုပ်နာမ်တရားကို သုံးသပ်ခြင်းကြောင့် သိမ်မွေ့နူးညံ့သော ပရမတ်တရားလျှင် ဖွဲ့ထားရာအာရုံရှိသော ဉာဏ်နှင့် ပြည့်စုံသည်အဖြစ်ကြောင့် ဝိပဿနာ၏ကျက်စားရာအာရုံဖြစ်သော ရုပ်နာမ်တရား၌သွားလာနိုင်၍ သိမ်မွေ့သော ဉာဏ်ရှိကုန်သော။
ယတီနံ၊ ကောင်းစွာစောင့်စည်းသော ကာယသမာစာရ, ဝစီသမာစာရ ရှိသည်၏အဖြစ်ကြောင့်လည်းကောင်း, သမထဝိပဿနာတို့၌ လွန်စွာ အားထုတ်သည်၏အဖြစ်ကြောင့်လည်းကောင်း, ယတိဟူသော သမ္မုတိကို ရကုန်သော ရဟန်းကောင်းတို့အား။
ဗဟုပကာရဿ၊ ခန္ဓာ, အာယတန, ဓာတ်, သစ္စာ, ဣန္ဒြေ, ပဋိစ္စသမုပ္ပါဒ် အပြားရှိကုန်သော ပရမတ္ထတရားတို့ကို နာနာနယတို့ဖြင့် ဝေဖန်နိုင်သော ဉာဏ်၏ အမှီကောင်းဖြစ်၍ ကျေးဇူးများစွာသော။
သံယုတ္တဝရနိကာယဿ၊ သံယုတ်နိကာယ်မြတ်၏။
အတ္ထသံဝဏ္ဏနာ
၁။ အတ္ထသံဝဏ္ဏနံ (ဆဋ္ဌ)
၊ အနက်ကို ကောင်းစွာ မယုတ်သည်ကိုပြု၍ဖွင့်ခြင်းကို။
ကာတုံ၊ ပြုခြင်းငှာ။
သဒ္ဓမ္မဿ၊ သူတောင်ကောင်းတရားတည်းဟူသော ဘုရားသခင်သာသနာတော်၏။
စိရဋ္ဌိတိံ၊ ငါးထောင်ပတ်လုံး မသုဉ်းမြင့်ရှည် တည်ထွန်းခြင်းကို။
အာသီသမာနေန၊ တောင့်တသည့် သမ္မာဆန္ဒရှိသော။
အဟံ၊ ငါသည်။
သာရတ္ထပကာသနီနာမ၊ အနှစ်အတိဖြစ်သော အနက်ကိုပြရာပြကြောင်း ဖြစ်၍ သာရတ္ထပကာသနီအမည်ရှိသော။
တတော ဧဝ၊ ထိုသို့အနှစ်အတိဖြစ်သော အနက်ကို ပြရာပြကြောင်းဖြစ်ခြင်းကြောင့်လျှင်။
နိပုဏာ၊ သိမ်မွေ့စွာသော။
ယာ အဋ္ဌကထာ၊ အကြင်အဋ္ဌကထာကို။
အာရဒ္ဓါ၊ အားထုတ်အပ်၏။
ဟိ ကသ္မာ၊ အဘယ့်ကြောင့်။
သာရတ္ထပကာသနီ နာမ၊ သာရတ္ထပကာသနီမည်သည်။
ဇာတာ၊ ဖြစ်သနည်း။
သာ ဧသာ အဋ္ဌကထာ၊ ထိုသို့သော အစီအစဉ်ဖြင့် ငါပြုအပ်သော ဤအဋ္ဌကထာသစ်သည်။
မဟာအဋ္ဌကထာယ၊ မဟာအဋ္ဌကထာ၏။
သာရံအတ္ထသာရံ၊ အနှစ်အတိဖြစ်သော အနက်ကို။
အာဒါယ၊ ယူ၍။
ဘာဏဝါရေဟိ၊ ဂါထာနှစ်ရာ့ငါးဆယ်ပမာဏ ဘာဏဝါရအရေအတွက်တို့ဖြင့်။
အဋ္ဌသတ္တတိမတ္တာယ၊ ခုနစ်ဆယ်ရှစ်အတိုင်းအရှည်ရှိသော။
ပါဠိယာ၊ ပါဠိဖြင့်။
ယသ္မာ၊ အကြင်ကြောင့်။
ဌိတာ၊ မလှုပ်မရှားနိုင်ခိုင်ခံ့စွာ တည်၏။
တသ္မာ၊ ထို့ကြောင့်။
သာရတ္ထပကာသနိ နာမ၊ သာရတ္ထပကာသနီမည်သည်။
ဇာတာ၊ ဖြစ်၏။
ဘာဏဝါရေဟိ၊ ဘာဏဝါရအရေအတွက်တို့ဖြင့်။
ဧကူနသဋ္ဌိမတ္တော၊ တစ်ခုယုတ်ခြောက်ဆယ်လောက်သော။
ဝိသုဒ္ဓိမဂ္ဂေါပိ၊ ဝိသုဒ္ဓါမဂ်ကျမ်းကိုလည်း။
အာဂမာနံ၊ နိကာယ်ကြီးလေးပါးတို့၏။
အတ္ထပကာသနတ္ထာယ၊ အနက်ကိုပြခြင်းအကျိုးငှာ။
ယသ္မာ၊ အကြင့်ကြောင့်။
မယာ၊ ငါသည်။
ကတော၊ ပြုအပ်ပြီ။
တသ္မာ၊ ထို့ကြောင့်။
တေန၊ ထိုဝိသုဒ္ဓိမဂ်ကျမ်းနှင့်။
သဟ၊ တကွ။
အယံအဋ္ဌကထာ၊ ဤအဋ္ဌကထာသည်။
ဘာဏဝါရဂဏနာယ၊ ဘာဏဝါရအရေအတွက်အားဖြင့်။
ထောကေန အပရိပူရံ၊ စိုးစဉ်းအားဖြင့် မပြည့်တတ်သော။
သတ္တတ္တိံသသတံ၊ တရာ့သုံးဆယ်ခုနစ်ရှိသည်။
ဟောတိ၊ ဖြစ်၏။
ဧဝံ၊ ဤသို့ ဆိုအပ်ပြီးသော ပကာရအားဖြင့်။
ဘာဏဝါရတော၊ ဘာဏဝါရအရေအတွက် အားဖြင့်။
သတ္တတ္တိံသာဓိကသတပရိမာဏံ၊ သုံးဆယ့်ခုနစ်အလွန်တရာ ပရိမာဏရှိသော။
မဟာဝိဟာရေ၊ မဟာဝိဟာရကျောင်းတိုက်ကြီး၌။
နိဝါသီနံ၊ အဓိကရဖြစ်၍သီတင်းသုံးတော်မူကုန်သော အရှင်မြတ်တို့၏။
သမယံ၊ အယူတော်ကို။
ပကာသယန္တီ
၁။ ပကာသယန္တိံ (ဆဋ္ဌ)
၊ ပြတတ်စွာသော။
မူလအဋ္ဌကထာယ၊ အမြစ်မူလဖြစ်ပေသော သံယုတ်မဟာအဋ္ဌကထာ၏။
သာရအတ္ထသာရံ၊ အခွံပယ်လှစ်အကာခြစ်၍ အနှစ်အတိဖြစ်သော အနက်ကို။
အာဒါယ၊ ဉာဏ်လက်ဖြင့်ယူ၍။
ဣမံ၊ ဤအဋ္ဌကထာသစ်ကို။
ကရောန္တေန၊ ပြုစီရင်သော။
မယာ၊ ငါသည်။
ယံ ပုညံ၊ အကြင်တိဟိတ်ဥက္ကဌ်ကုသိုလ်ကို။
ဥပစိတံ၊ လွန်စွာ ပွားစေအပ်ပြီ။
တေန ပုညေန၊ ထိုပွားစေအပ်ပြီးသောကုသိုလ်ကြောင့်။
သဗ္ဗော လောကော၊ ကာမရူပအရူပဟုသတ္တသုံးလောကသည်။
သုခီ၊ ယထာရဟ အစ္စန္တသုခ ပြည့်စုံသည်။
ဟောတု၊ ဖြစ်စေသော်။
ဧတိဿာ အဋ္ဌကထာယ၊ ဤအဋ္ဌကထာသစ်ကို။
ကရဏတ္တံ၊ ပြုခြင်းငှာ။
သုစိသီလေန၊ ညစ်ကြေးမခြယ်စင်ကြယ်သော သီလရှိပေသော။
သုဘာသိတဿ၊ ကောင်းစွာ ဆိုအပ်သောစကားကို။
ပကာသယန္တဉာဏေန၊ ထင်ရှားပြစွမ်းသောဉာဏ်ရည်ရှိပေသော။
ထေရေန၊ ထေရ်ကြီး, ဝါကြီးဖြစ်ပေသော။
ဘဒ္ဒန္တဇောတိပါလေန၊ ဇောတိပါလအရှင်ကောင်းသည်။
သာသနဝိဘူတိကာမေန၊ သာသနာတော်၏ ထွန်လင်းတောက်ပခြင်းကို အလိုရှိပေသည်။
ဟုတွာ၊ ဖြစ်၍။
ယာစမာနေန၊ ရှေးရှုရိုသေစွာ တောင်းပန်အပ်သော။
မေ မယာ၊ ငါသည်။
သုတဂုဏေန၊ သုတကျေးဇူးဖြင့်။
ယံ ပုညံ၊ အကြင်ကျမ်းပြုသည်မှ တစ်ခြားကုသိုလ်ကို။
သမဓိဂတံ၊ ကောင်းစွာ ရအပ်ပြီ။
တေနပိ၊ ထိုကျမ်းပြုသည်မှ တစ်ခြားရအပ်သော ကုသိုလ်ဖြင့်လည်း။
ဇနောသဗ္ဗောဇနော၊ ခပင်းဥဿုံကုန်အောင်စုံသော သတ္တဝါသည်။
သုခီ၊ အစ္စန္တသုခ ကုံငပြည့်စုံသည်။
ဘဝတု၊ ဖြစ်စေလော။
ဣတိ၊ ဤသည်လျှင် တရပ်အပြီးသတ်တည်း။
ပရမဝိသုဒ္ဓသဒ္ဓါဗုဒ္ဓိဝီရိယပဋိမဏ္ဍိတ သီလာစာရဇ္ဇဝမဒ္ဒဝါဒိဂုဏသမုဒယသမုဒိတေန၊ ပညာရှိတို့မွေ့လျော်အပ်မြတ်သော ညစ်ကြေးမလူး အထူးသဖြင့်စင်ကြယ်သော သဒ္ဓါပညာဝီရိယတို့ဖြင့် တန်ဆာဆင်အပ်သော ဝါရိတ္တသီလ, စာရိတ္တသီလ ဖြောင့်မတ်သည်အဖြစ် နူးညံ့သည်အဖြစ်အစရှိသော ကျေးဇူးအပေါင်းတို့၏ စုဝေးပေါင်းဆုံရာဖြစ်ထသော။
သကသမယ သမယန္တရဂ္ဂဟနဇ္ဈောဂါဟဏသမတ္ထေန၊ မဟာဝိဟာရဝါသီဂိုဏ်းသားဖြစ်သော မထေရ်တို့၏အယူဟူသော သကသမယအဘယဂိရိဝါသီ, ဇေတဝနဝါသီ ဂိုဏ်းသားတို့၏အယူဟူသော သမယန္တရတည်းဟူသော တောအုပ်သို့ သက်စွမ်းနိုင်သောဉာဏ်ရည်ရှိထသော။
ပညာဝေယတ္တိယသမန္နာဂတေန၊ ပညာ၏ အထူးအဆန်းအဓိပ္ပါယ်ကိုသိစွမ်းနိုင်၍ ထက်မြက်သန့်ရှင်းသည်၏အဖြစ်နှင့် ပြည့်စုံထသော။
တိပိဋကပရိယတ္တိပဘေဒေ၊ ပိဋကတ်သုံးပုံဟူသော ပရိယတ်အပြားရှိသော။
သာဠကထေ၊ အဋ္ဌကထာနှင့်တကွဖြစ်သော။
သတ္ထုသာသနေ၊ မြတ်စွာဘုရားသာသနာတော်၌။
အပ္ပဋိဟတဉာဏပ္ပဘာဝေန၊ အပိတ်အပင်ကင်း၍ ချင်းနင်းနိုင်သောဉာဏ်အစွမ်းနှင့် ပြည့်စုံထသော။
မဟာဝေယျာကရဏေန၊ အကြီးအမြတ်ဖြစ်၍ ဗျာကရိုဏ်းတတ်ပုဂ္ဂိုလ်မြောက်ထသော။
ကရဏသမ္ပတ္တိ ဇနိတသုခဝိနိဂ္ဂတမဓုရောဒါရ ဝစနလာဝဏ္ဏယုတ္တေန၊ ကရိုဏ်း၏ပြည့် စုံခြင်းသည် ဖြစ်စေအပ်သော ချမ်းချမ်းသာသာ သန့်ရှင်းစွာထွက်၍ မဓုရဂုဏ်နှင့် ပြည့်စုံသောစကား၏ လေးလေးနက်နက် ထက်မြက်သည်အဖြစ်နှင့် ပြည့်စုံထသော။
ယုတ္တမုတ္တဝါဒိနာ၊ သိကြားလွှတ်သောလက်နက်သို့ ချက်တိုင်းမှန်သဖြင့် အသင့်ဆိုနိုင်တွေးမှိုင်နိုင်းဆ မကြံရလျက် ချက်တပြုတ်လွတ်လွတ်ဆိုနိုင်ထသော။
ဝါဒီဝရေန၊ ကျမ်းဆိုပုဂ္ဂိုလ်တို့ အလယ်၌မြတ်သော ပုဂ္ဂိုလ်ဖြစ်ထသော။
မဟာကဝိနာ၊ အကြီးအမြတ် ပါမောက္ခဖြစ်၍ ကဝေမြောက်ပုဂ္ဂိုလ်ကျော်ဖြစထသော။
ပဘိန္နပဋိသမ္ဘိဒါပရိဝါရေ၊ အပြားအားဖြင့် ဖြစ်သော ပဋိသမ္ဘိဒါဟူသော အခြံအရံရှိထသော။
ဆဠာဘိညာဒိပ္ပဘေဒဂုဏပဋိမဏ္ဍိတေ၊ ခြောက်ပါးသောအဘိာညာဉ်ရှစ်ပါးသော ဝိဇ္ဇာစသည်အထူး ဂုဏ်ကျေးဇူးတို့ဖြင့် တန်ဆာဆင်အပ်သော။
ဥတ္တရိမနုဿဓမ္မေ၊ လူတို့ကုသိုလ်တရား ဆယ်ပါးထက် လွန်မြတ်သော ဈာန်မဂ်ဖိုလ်တရား၌။
သုပ္ပတိဋ္ဌိတဗုဒ္ဓီနံ၊ လှံမစောက်ကောင်းစွာ တည်သောပညာရှိကုန်သော။
ထေရဝံသပ္ပဒီပါနံ၊ သခင်မဟာကဿပအစရှိသော မထေရ်တို့၏ အနွယ်ကိုပညာရောင်ဖြင့် ပြတတ်သည်ဖြစ်၍ မထေရ်တို့၏ အနွယ်၌ ဆီမီးသဖွယ်ဖြစ်ကုန်ထသော။
မဟာဝိဟာရဝါသီနံ ထေရာနံ၊ မဟာဝိဟာရဝါသီမထေရ်တို့၏။
ဝံသာလင်္ကာရဘူတေန၊ အနွယ်အဆက်၏ တန်ဆာဖြစ်၍ ဖြစ်ထသော။
ဝိပုလသုဒ္ဓိဗုဒ္ဓိနာ၊ ပြန့်ပြောစင်ကြယ်သော ပညာရှိထသော။
ဗုဒ္ဓဃောသောတိ၊ ဗုဒ္ဓဃောသဟူ၍။
ဂရူဟိ၊ ကျောက်ထီးကဲ့သို့ အလေးပြုအပ်သော ဆရာမြတ်တို့သည်။
ဂဟိတနာမဓေယျေန၊ မှည့်ခေါ်အပ်သော အမည်ရှိသော။
ထေရေန၊ မထေရ်သည်။
ကတာ၊ စီရင်အပ်သော။
သာရတ္ထပကာသနီ နာမ၊ သာရတ္ထပကာသနီအမည်ရှိသော။
အယံ သံယုတ္တနိကာယဋ္ဌကထာ၊ သံယုတ်နိကာယ်ကျမ်း၏ ဤစီရင်အပ်သောအဋ္ဌကထာသစ်သည်။
ဗုဒ္ဓေါတိ နာမမ္ပိ၊ ဘုရားဟူသော အမည်တော်မျှသည်လည်း။
လောကမှိ၊ လောကသုံးပါး၌။
ပဝတ္တတိ၊ မပြတ်မစဲတတည်သေး၏။
တာဝ၊ ထိုရွေ့အမည်တော်မပြတ်မစဲသမျှကာလပတ်လုံး။
လောကနိတ္ထရဏေသီနံ၊ လောကသုံးပါးမှထွက်မြောက်ခြင်းကိုရှာလေ့ရှိကုန်သော။
ကုလပုတ္တာနံ၊ အမျိုးကောင်းသားတို့၏။
သီလဝိသုဒ္ဓိယာ၊ သီလစင်ကြယ်ခြင်း၏။
နယံ၊ နည်းဥပဒေကို။
ယာဝ၊ အကြင်ရွေ့လောက် ကာလပတ်လုံး။
သုဒ္ဓစိတ္တဿ၊ ရာဂ, ဒေါသ, မောဟအစရှိသော အညစ်အကြေးမှ စင်ကြယ်သော စိတ်ရှိတော်မူထသော။
တာဒိနော၊ လာဘာလာဘအစရှိသော လောကဓံရှစ်ပါး ဣဋ္ဌအနိဋ္ဌအာရုံတိကြောင့် ပကတိသဘောကို မလွန်သဖြင့် တုန်လှုပ်ခြင်းကင်းသော ဂုဏ်နှင့်ပြည့်စုံထသော။
လောကဇေဋ္ဌဿ၊ လောကသုံးပါး၌ သီလ, သမာဓိ, ပညာစသော ဂုဏ်တို့ဖြင့် ကြီးမားသော ပုဂ္ဂိုလ်ဖြစ်ထသော။
မဟေသိနော၊ မြတ်သောကျေးဇူးအပေါင်းစသည်ကို ရှာတော်မူပြီးသော မြတ်စွာဘုရား၏။
ဒဿေန္တီ၊ ပြလျက်။
လောကသ္မိံ၊ လောကသုံးပါး၌။
တီဋ္ဌတု၊ တည်စေသတည်း။
ဣတိ၊ ဤရွေ့လျှင် သံယုတ္တနိကာယ်အဋ္ဌကထာ၏ နိဂုံးစကား အပြီးတည်း။
မဟာဝဂ္ဂသံယုတ္တအဋ္ဌကထာ၊ မဟာဝဂ္ဂသံယုတ်အဋ္ဌကထာသည်။
နိဋ္ဌိတာ၊ အပြီးအဆုံးသို့ရောက်ပြီ။