အာမကဓညပေယျာလေ၊ အာမကဓညပေယျာလ၌။
အရိယေနပညာစက္ခုနာတိ၊ အရိယေန ပညာစက္ခုနာဟူသည်ကား။
ဝိပဿနံ၊ ဝိပဿနာဉာဏ်ကို။
အာဒိံ ကတွာ၊ အစပြု၍။
လောကိယလောကုတ္တရေန၊ လောကီ, လောကုတ္တရာဖြစ်သော။
ဉာဏစက္ခုနာ၊ ဉာဏ်စက္ခုဖြင့်။
သုရာမေရယမဇ္ဇပမာဒဋ္ဌာနာ ပဋိဝိရတာတိ ဧတ္ထ၊ သုရာမေရယ မဇ္ဇပမာဒဋ္ဌာနာ ပဋိဝိရတာဟူသော ဤပါဌ်၌။
သုရာ နာမ၊ သုရာမည်သည်ကား။
ပိဋ္ဌသုရာ၊ ဆန်မှုန့်စသည်ဖြင့်ပြုအပ်သော သေလည်းကောင်း။
ဩဒနိယသုရာ
၁။ ဩဒနသုရာ (ဆဋ္ဌ)
၊ ထမင်းဖြင့် ပြုအပ်သော သေလည်းကောင်း။
ပူဝသုရာ၊ မုန့်ဖြင့်ပြုအပ်သောသေလည်းကောင်း။
ကိဏ္ဏပက္ခိတ္တာ၊ တဆေးခပ်၍ပြုအပ်သော သေလည်းကောင်း။
သမ္ဘာရသံယုတ္တာ၊ မုန်ညင်းသီး ဖန်ခါးသီးစသော အဆောက်အဦးယှဉ်စပ်၍ပြုအပ်သော သေလည်းကောင်း။
ဣတိ၊ ဤသို့သော အပြားအားဖြင့်။
ပဉ္စဝိဓာ၊ ငါးပါးအပြားရှိသည်။
ဟောတိ၊ ဖြစ်၏။
မေရယံ နာမ၊ မေရယမည်သည်ကား။
ပုပ္ဖာသဝေါ၊ သစ်မည်စည်ပွင့်ရည်စသည်ဖြင့် ပြုအပ်သော အရက်လည်းကောင်း။
ဖလာသမဝါ၊ ပိန်းနဲသီး, သရက်သီးစသည်ဖြင့် ပြုအပ်သော အရက်လည်းကောင်း။
ဣတိအာဒိနာ၊ ဤသို့အစရှိသည်ဖြင့်။
ဧဝံ၊ ဤသို့။
ဝုတ္တော၊ ဟောတော်မူအပ်သော။
ယော ကောစိ၊ အမှတ်မရှိသော။
အာသဝေါ၊ အရက်တည်း။
မဇ္ဇန္တိ၊ မဇ္ဇံ ဟူသည်ကား။
တဒေဝ ဥဘယံ၊ ထိုသေအရက်နှစ်ပါးစုံသည်ပင်တည်း။
မဇ္ဇံ၊ ယစ်မျိုးမည်၏။
ဝါ ပန၊ တစ်နည်းကား။
အညမ္ပိ၊ သေအရက်မှ တစ်ပါးလည်းဖြစ်သော။
သုရာသဝဝိနိမုတ္တံ၊ ယခင်ဆိုအပ်ပြီးသော သေအရက်မှလွတ်သော။
ယံ မဒနိယံ၊ အကြင်ယစ်မျိုးသည်။
အတ္ထိ၊ ရှိ၏။
တံ၊ ထိုယစ်မျိုးသည်။
မဇ္ဇံ၊ မဇ္ဇမည်၏။
ယာယ စေတနာယ၊ အကြင်စေတနာဖြင့်။
တံ၊ ထိုသေအရက် ယစ်မျိုးကို။
သတ္တာ၊ သတ္တဝါတို့သည်။
ပိဝန္တိ၊ သောက်သုံးကုန်၏။
သာ၊ ထိုစေတနာသည်။
ပမာဒဿ၊ ကုသိုလ်ကောင်းမှု၌ မေ့လျော့ခြင်း၏။
ကာရဏတ္တာ၊ အကြောင်း၏အဖြစ်ကြောင့်။
ပမာဒဋ္ဌာနံ နာမ၊ ကုသိုလ်ကောင်းမှု၌ မေ့လျော့ခြင်း၏ အကြောင်းမည်၏။
တတော၊ ထိုကုသိုလ်ကောင်းမှု၌ မေ့လျော့ခြင်း၏ အကြောင်းဖြစ်သော သေအရက်ယစ်မျိုးကို သောက်သုံးသောအကုသိုလ်စေတနာမှ။
ပဋိဝိရတာ၊ ကြဉ်ကုန်၏။
ဣတိ (အယံ)၊ ဤသည်ကား။
အတ္ထော၊ အနက်တည်း။
မေတ္တေယျာတိ၊ မေတ္တေယျာ ဟူသည်ကား။
မာတုဟိတာ၊ အမိ၏ အစီးအပွားကို ကျင့်ကုန်၏။
မာတရိ၊ အမိ၌။
သမ္မာပဋိပန္နာ၊ ဝတ်ငါးပါးနှင့်ပြည့်စုံသဖြင့် ကောင်းစွာ ကျင့်ကုန်၏။
ဣတိ (အယံ)၊ ဤသည်ကား။
အတ္ထော၊ အနက်တည်း။
ပေတ္တေယျာဒီသု၊ ပေတ္တေယျ အစရှိသည်တို့၌။
ပိတု၊ အဖ၏။
ဟိတာ၊ အစီးအပွားကို ကျင့်ကုန်သည်တို့တည်း။
ပေတ္တေယျာ၊ အဖ၏ အစီးအပွားကို ကျင့်ကုန်သည်။
သမဏာနံ၊ အကုသိုလ်တရားကို ငြိမ်းစေကုန်ပြီးသော ရဟန်းသူတော်ကောင်းတို့၏။
ဟိတာ၊ အစီးအပွားကို ကျင့်ကုန်သည်တို့တည်း။
သာမညာ၊ အကုသိုလ်တရားကို ငြိမ်းစေကုန်ပြီးသော ရဟန်းသူတော်တို့၏ အစီးအပွားကို ကျင့်ကုန်သည်။
ဗြာဟ္မဏာနံ၊ မကောင်းမှုကို အပပြုကုန်ပြီးသော ရဟန္တာအရိယာပုဂ္ဂိုလ်တို့၏။
ဟိတာ၊ အစီးအပွားကို ကျင့်ကုန်သည်တည်း။
ဗြဟ္မညာ၊ မကောင်းမှုကို အပပြုကုန်ပြီးသော ရဟန္တာအရိယာပုဂ္ဂိုလ်တို့၏ အစီးအပွားကို ကျင့်ကုန်ပြီ။
ဧတံ၊ ဤမေတ္တေယျစသော အမည်သည်။
တေသု တေသု၊ ထိုထိုအမိ, အဖ, သမဏ, ဗြာဟ္မဏတို့၌။
သမ္မာပဋိပန္နာနံယေဝ၊ ကောင်းစွာကျင့်ကုန်သောသူတို့၏သာလျှင်။
အဓိဝစနံ၊ အမည်တည်း။
ကုလေ ဇေဋ္ဌာပစာယိနောတိ၊ ကုလေ ဇေဋ္ဌာပစာယိနောဟူသည်ကား။
ကုလေ၊ အမျိုး၌။
ဇေဋ္ဌာနံ၊ ကြီးကုန်သော ဘကြီး, ဘထွေး, အစ်ကို, အမ စသည်တို့အား။
အပစာယိနော နီစဝုတ္တိနော၊ အဘိဝါဒန, ပစ္စုဋ္ဌာန, အဉ္ဇလီကမ္မ, သာမိစိကမ္မ စသည်တို့၏အစွမ်းဖြင့် နှိမ်ချကျိုးနွံသော အကျင့်ရှိကုန်၏။
ဣတိ (အယံ)၊ ဤသည်ကား။
အတ္ထော၊ အနက်တည်း။