သမဏာနံ၊ အကုသိုလ်တရားကို ငြိမ်းစေကုန်ပြီးသော ရဟန်းသူတော်ကောင်းတို့၏။
ဟိတာ၊ အစီးအပွားကို ကျင့်ကုန်သည်တို့တည်း။
သာမညာ၊ အကုသိုလ်တရားကို ငြိမ်းစေကုန်ပြီးသော ရဟန်းသူတော်တို့၏ အစီးအပွားကို ကျင့်ကုန်သည်။
ဗြာဟ္မဏာနံ၊ မကောင်းမှုကို အပပြုကုန်ပြီးသော ရဟန္တာအရိယာပုဂ္ဂိုလ်တို့၏။
ဟိတာ၊ အစီးအပွားကို ကျင့်ကုန်သည်တည်း။
ဗြဟ္မညာ၊ မကောင်းမှုကို အပပြုကုန်ပြီးသော ရဟန္တာအရိယာပုဂ္ဂိုလ်တို့၏ အစီးအပွားကို ကျင့်ကုန်ပြီ။
ဧတံ၊ ဤမေတ္တေယျစသော အမည်သည်။
တေသု တေသု၊ ထိုထိုအမိ, အဖ, သမဏ, ဗြာဟ္မဏတို့၌။
သမ္မာပဋိပန္နာနံယေဝ၊ ကောင်းစွာကျင့်ကုန်သောသူတို့၏သာလျှင်။
အဓိဝစနံ၊ အမည်တည်း။