Issues
Select Version
miuthi-မိုးထိ
မြန်မာဘာသာ
(SN) Mahāvagga-aṭṭhakathā
(SN) Mahāvagga-aṭṭhakathā

7. Dutiyamittāmaccasuttavaṇṇanā

Author: miuthi-မိုးထိ @ IAPT

သတ္တမေ၊ သတ္တမသုတ်၌။ အညထတ္တံ နာမ၊ တစ်ပါးသော အဖြစ်အားဖြင့် အဖြစ်မည်သည်ကား။ ပသာဒညထတ္တံ၊ ဖြစ်ပြီးသော ပသာဒ၏တစ်ပါးသော ပသာဒအပြားအားဖြင့် ဖြစ်ခြင်းလည်းကောင်း။ ဘဝညထတ္တံ၊ အရည်ဖြစ်ခြင်းဟူသော တစ်ပါးသော အဖြစ်အားဖြင့်ဖြစ်ခြင်းလည်းကောင်း။ ဂတိအညထတ္တံ၊ ဒုဂ္ဂတိ ပဋိသန္ဓေဟူသော တစ်ပါးသော အဖြစ်အားဖြင့် ဖြစ်ခြင်းလည်‌ကောင်း။ လက္ခဏညထတ္တံ၊ သဘာဝဓမ္မတို့၏ ကက္ခဠဖုသနစ‌သော အပြားအားဖြင့်ဖြစ်ခြင်းလည်းကောင်း။ ဝိပရိဏာမ ညထတ္တံ၊ ဌိတဿ အညထတ္တံပညာယတိ ဟူ၍ ဟောတော်မူအပ်သော ဌီမှသည် ဘင်သို့ရောက်‌သောအားဖြင့်ဖောက်ပြန်ခြင်းဟု ဆိုအပ်သော တစ်ပါးသော အပြားအားဖြင့် ဖြစ်ခြင်းလည်းကောင်း။ ဣတိ၊ ဤသို့။ အနေကဝိဓံ၊ တစ်ပါးမကများသော အပြားရှိသည်။ ဟောတိ၊ ဖြစ်၏။
တတ္ထ၊ - ထိုတစ်ပါးမကများသော အညထတ္တတို့တွင်။ မဟာဘူတေသု၊ ပထဝီ, အာပေါ, တေဇော, ဝါယောည မဟာဘုတ်တို့၌။ ဘာဝညထတ္တံ၊ ဘာဝညထတ္တကို။ အဓိပ္ပေတံ၊ အလိုရှိအပ်၏။
ဟိ၊ ထိုစကားကိုထင်ရှားပြအံ့။ သုဝဏ္ဏဒိဘာဝေန၊ ရွှေစသည်တို့၏ အဖြစ်ဖြင့်။ ဃနသန္ဓိကာယ ၁။ ဃနသဏ္ဌိတာယ (ဆဋ္ဌ) ၊ အခဲအလုံးဖြစ်၍စပ်ခြင်းရှိသော။ ပထဝီဓာတုယာ၊ သသမ္ဘာရပထဝီဓာတ်သည်။ ဝီလိယိတွာ၊ ဖို၌မှုတ်သဖြင့် ကြေလတ်၍။ ဥဒကဘာဝွ၊ ရွှေရည်, ငွေရည်အဖြစ်သို့။ အာပဇ္ဇမာနာယ၊ ရောက်လတ်သော်။ ပုရိမဘာဝေါ၊ ရှေးဖြစ်သောခဲသည်မာသည်အဖြစ်သည်။ ဝိဂစ္ဆတိ၊ ကင်း၏။ ဘာဝညထတ္တံ၊ အရည်ဖြစ်ခြင်းဟူသော တစ်ပါးသော အပြားအားဖြင့် ဖြစ်ခြင်းသည်။ ပညာယတိ၊ ထင်၏။
ပန၊ ထိုသို့ထင်သောလည်း။ လက္ခဏံ၊ လက္ခဏာသည်။ န ဝိဂစ္ဆိတိ၊ မကင်း။ ကက္ခဠလက္ခဏာဝ၊ ခက်ထန်ခြင်း လက္ခဏာရှိသည်သာလျှင်။ ဟောတိ၊ ဖြစ်၏။
စ၊ ထိုမှတစ်ပါး။ ဥစ္ဆုရသာဒိဘာဝေန၊ ကြံရည်စသည်တို့၏ အဖြစ်ဖြင့်။ ရသာကာရပတ္တိကာယ ၂။ ယူသာကာရသဏ္ဌိတာယ (ဆဋ္ဌ) ၊ အရည်ဟူသော အဖို့သို့ ရောက်ခြင်းရှိသော။ အာပေါဓါတုယာ၊ သသမ္ဘာရအာပေါဓာတ်သည်။ ပစ္စိတွာ ၃။ သုဿိတွာ (ဆဋ္ဌ) ၊ ကျက်၍။ ဂဏပထဝိဘာဝံ၊ သကြားခဲသကာခဲ ဟူသော ပထဝီဓာတ်၏အဖြစ်သို့။ အာပဇ္ဇမာနာယ၊ ရောက်လတ်သော်။ ပုရိမဘာဝေါ၊ ရှေး၌ဖြစ်သော အရည်၏အဖြစ်သည်။ ဝိဂစ္ဆတိ၊ ကင်း၏။ ဘာဝညထတ္တံ၊ အ ခဲအစိုင်ဖြစ်ခြင်းတည်းဟူသော တစ်ပါးသောအပြားအားဖြင့် ဖြစ်ခြင်းသည်။ ပညာယတိ၊ ထင်၏။
ပန၊ ထိုသို့ထင်သော်လည်း။ လက္ခဏံ၊ လက္ခဏာသည်။ န ဝိဂစ္ဆတိ၊ မကင်း။ အာဗန္ဓနလက္ခဏာဝ၊ ဖွဲ့ယှက်ခြင်း လက္ခဏာ ရှိသည်သာလျှင်။ ဟောတိ၊ ဖြစ်၏။
ပန၊ ဆက်၍ဆိုအံ့။ တတြိဒံ အညထတ္တန္တိ၊ တတြိဒံ အညထတ္တံ ဟူသည်ကား။ ဂတိအညထတ္တံ၊ ဒုဂ္ဂတိပဋိသန္ဓေ ဟူသော တစ်ပါးသော အပြားအားဖြင့် ဖြစ်ခြင်းကို။ အဓိပ္ပေတံ၊ အလိုရှိအပ််၏။ ဟိ(သစ္စံ)၊ မှန်၏။ တံ၊ ထိုဒုဂ္ဂတိပဋိသန္ဓေဟူသော တစ်ပါးသော အပြားအားဖြင့်ဖြစ်ခြင်းသည်။ အရိယသာဝကဿ၊ အရိယာသာဝကအား။ နတ္ထိ၊ မရှိ။
ပသာဒညထတ္တမ္ပိ၊ ဖြစ်ပြီးသော ကြည်ညိုခြင်း၏ တစ်ပါးသော အပြားအားဖြင့် ဖြစ်ခြင်းသည်လည်း။ နတ္ထိယေဝ၊ မရှိသည်သာလျှင်တည်း။ ပန၊ ထိုသို့မရှိသော်လည်း။ ဣဓ၊ ဤသုတ်၌။ ပသာဒဖလံ၊ ပသာဒ၏အကျိုးကို။ ပကာသေတုံ၊ ပြခြင်းငှာ။ ဂတိအညထတ္တမေဝ၊ ဂတိအညထတ္တကို သာလျှင်။ ဒဿိတံ၊ ပြအပ်၏။
သေသံ၊ အကြွင်းသည်။ သဗ္ဗတ္ထ၊ အလုံးစုံသော သုတ်တို့၌။ ဥတ္တာနမေဝ၊ ပေါ်သည်သာလျှင်တည်း။
ဒုတိယော၊ နှစ်ခုမြောက်သော။ ရာဇကာရာမဝဂ္ဂေါ၊ ရာဇကာရာမဝဂ်သည်။ နိဋ္ဌိတော၊ ပြီးခြင်းသို့ရောက်ပြီ။