Issues
Select Version
miuthi-မိုးထိ
မြန်မာဘာသာ
(SN) Mahāvagga-aṭṭhakathā
(SN) Mahāvagga-aṭṭhakathā

8-10. Paṭhamakukkuṭārāmasuttādivaṇṇanā

Author: miuthi-မိုးထိ @ IAPT

အဋ္ဌမေ၊ အဋ္ဌမသုတ်၌။ ဥမင်္ဂေါတိ ၃။ ဥမ္မင်္ဂေါတိ (ဆဋ္ဌ) ၊ ဥမင်္ဂေါ ဟူသည်ကား။ ပညာဥမင်္ဂေါ၊ ပညာဟူသော နှိုက်နှိုက်ချွတ်ချွတ် ပြုတတ်သော တရားသည်။ ပညာဝီမံသနံ၊ ပညာဟူသော စူးစူးစမ်းစမ်းပြုတတ်သော တရားသည်။ ပညာဂဝေသနံ၊ ပညာဟူသော ရှာရှာဖွေဖွေပြုတတ်သော တရားသည်။ ဣတိ (အယံ)၊ ဤသည်ကား။ အတ္ထော၊ ဤအနက်တည်း။
ဧဝံ ဟိ တွံ အာဝုသောတိဣဒံ၊ ဧဝံ ဟိ တွံ အာဝုသော ဟူသော ဤစကားကို။ တဿ၊ ထိုဘဒ္ဒမထေရ်၏။ ပုစ္ဆာပတိဋ္ဌာပနတ္ထာယ၊ ပုစ္ဆာကိုထားခြင်းငှာ။ အာဟ၊ ဆို၏။
နဝမဒသမာနိ၊ နဝမသုတ်, ဒသမသုတ်တို့သည်။ ဥတ္တာနတ္ထာနေဝ၊ ပေါ်သော အနက်ရှိကုန်သည် သာလျှင်တည်း။ ဣတိ၊ ဤကားအပြီးတည်း။
ဒုတိယဝဂ္ဂေါ၊ ဒုတိယဝဂ်သည်။ နိဋ္ဌိတော၊ ပြီးခြင်းသို့ ရောက်ပြီ။