Issues
Select Version
miuthi-မိုးထိ
မြန်မာဘာသာ
(SN) Mahāvagga-aṭṭhakathā
(SN) Mahāvagga-aṭṭhakathā

4. Jāṇussoṇibrāhmaṇasuttavaṇṇanā

Author: miuthi-မိုးထိ @ IAPT

စတုတ္ထေ၊ စတုတ္ထသုတ်၌။ သဗ္ဗသေတေန ဝဠဝါဘိရထေနာတိ၊ သဗ္ဗသေတေန ဝဠဝါဘိရထေန ဟူသည်ကား။ သကလသေတေန၊ အလုံးစုံဖွေးဖွေးဖြူသော။ စတူဟိ ဝဠဝါဟိ၊ လေးစီးသော မြည်းတို့ဖြင့်။ ယုတ္တရထေန၊ ကသောရထားဖြင့်။
သော (ရထော)၊ ထိုဇာဏုဿောဏိပုဏ္ဏားစီးသော ရထားသည်။ သဗ္ဗော၊ အလုံးစုံသော။ သကဋပဉ္ဇရကုဗ္ဗရော၊ ရထားချိုင့်ဝက်စွယ်ကို။ ရဇတပရိက္ခိတ္တော၊ ငွေစင်အတိ ကွပ်မွမ်းအပ်သည်။ ဟောတိ ကိရ၊ ဖြစ်သတတ်။
စ၊ ဆက်၍ဆိုဦးအံ့။ ဧသ (ဧသော) ရထော နာမ၊ ဤရထားမည်သည်။ ယောဓရထော၊ သူရဲစီးသော ရထားလည်းကောင်း။ အလင်္ကာရရထော၊ မင်္ဂလာနေ့၌ တန်ဆာဆင်ပြီးသော သူတို့သည် စီးအပ်သော ရထားလည်းကောင်း။ ဣတိ၊ ဤသို့။ ဒုဝိဓော၊ နှစ်ပါးအပြားရှိသည်။ ဟောတိ၊ ဖြစ်၏။
တတ္ထ၊ ထိုရထားနှစ်စီးတို့တွင်။ ယောဓရထော၊ သူရဲစီးသော ရထားသည်။ စတုရဿသဏ္ဌာနော၊ လေးထောင့်သဏ္ဌာန်ရှိသည်။ ဟောတိ၊ ဖြစ်၏။ နာတိမဟာ၊ မကြီးလွန်း။ ဒွိန္နံတိဏ္ဏံ ဝါ ဇာနာနံ၊ နှစ်ယောက် သုံးယောက်သော ရထားစီးသူတို့ကို။ ဂဟဏသမတ္ထော၊ ဆောင်စွမ်းနိုင်၏။
အလင်္ကာရရထော၊ တန်ဆာဆင်ပြီးသောသူတို့စီးသောရထားသည်။ မဟာ၊ ကြီးသည်။ ဟောတိ၊ ဖြစ်၏။ ဒီဃတော၊ အလျားအားဖြင့်။ ဒီဃော၊ ရှည်၏။ ပုထုလတော စ၊ အနံအားဖြင့်လည်း။ ပုထုလော၊ ကြီးကျယ်၏။ တတ္ထ၊ ထိုအလင်္ကာရ ရထား၌။ ဆတ္တဂ္ဂါဟကော၊ ထီးတော်မိုးသောသူလည်းကောင်း။ ဝါလဗီဇနိဂ္ဂါဟကော၊ သားမြီးယပ်ကိုင်သော သူလည်းကောင်း။ တာလဝဏ္ဋဂ္ဂါဟကော၊ ယပ်ဝန်းကိုင်သော သူလည်းကောင်း။ ဣတိ ဧဝံ၊ ဤသို့သောနည်းဖြင့်။ အဋ္ဌ ဝါ ဒသ ဝါ၊ ရှစ်ယောက်သောသူ တစ်ကျိပ်သောသူတို့သည်မူလည်း။ သုခေနေဝ၊ ချမ်းသာသဖြင့်သာလျှင်။ ဌာတုံ၊ မကျဉ်းမကြပ်ရပ်ခြင်းငှာလည်းကောင်း။ နိသီဒိတုံ ဝါ၊ ထိုင်ခြင်းငှာလည်းကောင်း။ နိပ္ပဇ္ဇိတုံ ဝါ၊ မကျဉ်းမမြောင်း လျောင်းခြင်းငှာလည်းကောင်း။ သက္ကောန္တိ၊ စွမ်းနိုင်ကုန်၏။
အယံပိ၊ ဤဇာဏုဿောဏိပုဏ္ဏား စီးသောရထားသည်လည်း။ အလင်္ကာရရထောယေဝ၊ တန်ဆာဆင်ပြီးသောသူတို့စီးသော ရထားပင်တည်း။
သေတာ သုဒံ အဿာတိ၊ သေတာ သုဒံ အဿ ဟူသည်ကား။ တာဝဠဝါ၊ ထိုရထားကသော မြည်းတို့သည်။ ပကတိယာ၊ ပြကတေ့အားဖြင့်။ သေတဝဏ္ဏာဝ၊ ဖြူသော အဆင်းရှိကုန်သည်သာတည်း။
သေတာလင်္ကာရာတိ၊ သေတာလင်္ကာရာဟူသည်ကား။ တာသံ၊ ထိုရထားကသော မြည်းတို့၏။ ပသာဓနံ၊ ဆင်သောတန်ဆာသည်။ ရဇတမယံ၊ ငွေစင်ဖြင့်ပြီးသည်။ အဟောသိ၊ ဖြစ်၏။
သေတော ရထောတိ၊ သေတော ရထော ဟူသည်ကား။ ရထောပိ၊ ရထားသည်လည်း။ ဝုတ္တနယေနေဝ၊ ဆိုအပ်ပြိးသော နည်းဖြင့်သာလျှင်။ ရဇတပရိက္ခိတ္တတ္တာ စ၊ ငွေစင်အတိ ကွပ်မွမ်းအပ်သည်၏အဖြစ်ကြောင့်လည်းကောင်း။ တတ္ထ တတ္ထ၊ ထိုသို့သင့်လျော်သော အရပ်၌။ ဒန္တကမ္မခစိတတ္တာ စ၊ ဆင်စွယ်ဖြင့်ထုလုပ်အပ်သောတန်ဆာ စီခြယ်အပ်သည်၏အဖြစ်ကြောင့်လည်းကောင်း။ သေတောဝ၊ ဖွေးဖွေးဖြူသည်သာတည်း။
သေတပရိဝါရောတိ၊ သေတပရိဝါရောဟူသည်ကား။ အညေ ရထာ၊ တစ်ပါးသော ရထားတို့သည်။ သီဟစမ္မပရိဝါရာပိ၊ ခြင်္သေ့ရေရံအပ်ကုန်သည််လည်း။ ဟောန္တိ၊ ဖြစ်ကုန်၏။ ဗျဂ္ဃစမ္မပရိဝါရာပိ၊ ကျားရေရံအပ်ကုန်သည်လည်း။ ဟောန္တိ၊ ဖြစ်ကုန်၏။ ပဏ္ဍုကမ္ဗလပရိဝါရာပိ၊ နီသောကမ္ဗလာရံအပ်ကုန်သည်လည်း။ ဟောန္တိ ယထာ၊ ဖြစ်ကုန်ကဲ့သို့။ ဧဝံ (တထာ)၊ ထို့အတူ။ ဧသ (ဧသော)၊ ထိုရထားမူကား။ န ဟောတိ၊ ခြင်္သေ့ရေစသည်ဖြင့် ရံကာအပ်သည် မဟုတ်။
ပန၊ အဟုတ်သော်ကား။ ဧသ (ဧသော)ရထော၊ ဤဇာဏုဿောဏိပုဏ္ဏားစီးသော ရထားသည်။ ဃနဒုကူလေန၊ ငွေပြားအသွေး ဖွေးဖွေးဖြူဖြူသော ဘွဲ့ဖြူပုဆိုးဖြင့်။ ပရိဝါရိတော၊ ဖုံးလွှမ်းကာရံအပ်သည်။ အဟောသိ၊ ဖြစ်၏။
သေတာ ရသ္မိယောတိ၊ သေတာရသ္မိယော ဟူသည်ကား။ ရသ္မိယောမိ၊ ကြိုးတို့ကိုလည်း။ ရဇတပနာဠိသုပရိက္ခိတ္တာ၊ ငွေကျည်သို့ တင့်တယ်စွာ ငွေချည်ဖြင့် ရစ်အပ်ကုန်၏။
သေတာပတောဒလဋ္ဌီတိ၊ သေတာ ပတောဒလဋ္ဌိဟူသည်ကား။ ပတောဒလဋ္ဌိပိ၊ နှင်တံကိုလည်း။ ရဇတပရိက္ခိတ္တာ၊ ငွေချည်ရစ်အပ်၏။
သေတစ္ဆတ္တန္တိ၊ သေတစ္ဆတ္တံ ၁။ သေတံ ဆတ္တန္တိ (ဆဋ္ဌ) ဟူသည်ကား။ ရထမဇ္ဈေ၊ ရထားအလယ်၌။ ဥဿာပိတဆတ္တံပိ၊ စိုက်ဆောက်အပ်သော ထီးသည်လည်း။ သေတမေဝ၊ ဖွေးဖွေးဖြူသည်သာလျှင်။ အဟောသိ၊ ဖြစ်၏။
သေတံ ဥဏှိသန္တိ ၂။ ဥဏှီသန္တိ (ဆဋ္ဌ) ၊ သေတံဥဏှိသံ ဟူသည်ကား။ အဋ္ဌင်္ဂုလဝိတ္ထာရော၊ လက်ရှစ်သစ်အနံရှိသော။ ရဇတမယော၊ ငွေစင်ဖြင့်ပြီးသော။ ဥဏှိသပတ္တော၊ ၃။ ဥဏှီသပဋ္ဋော (ဆဋ္ဌ) သင်းကျစ်ပြားသည်။ သေတော၊ ဖြူ၏။
သေတာနိ ဝတ္ထာနီတိ၊ သေတာနိ ဝတ္ထာနိ ဟူသည်ကား။ ဝတ္ထာနိပိ၊ ဝတ်လဲတို့သည်လည်း။ သေတာနိ၊ ဖြူကုန်၏။ ဖေဏပုဉ္ဇဝဏ္ဏာနိ၊ ငွေမြှုပ်စိုင်နှင့်တူသော အဆင်းရှိကုန်၏။
တေသု၊ ထိုဝတ်လဲတို့တွင်။ နိဝါသနံ၊ ကိုယ်ဝတ်သည်။ ပဉ္စသတဂ္ဃနကံ၊ အသပြာငါးရာထိုက်၏။ ဥတ္တရာသင်္ဂေါ၊ အပေါ်ရုံစုလျားသည်။ သဟဿဂ္ဃနကော၊ အသပြာတစ်ထောင်ထိုက်၏။
သေတာ ဥပါဟနာတိ၊ သေတာဥပါဟနာ ဟူသည်ကား။ ဥပါဟနာ နာမ၊ ဖိနပ်တို့မည်သည်။ မဂ္ဂရုဠဿဝါ ၁။ မဂ္ဂရုဠှဿ ဝါ (ဆဋ္ဌ) ၊ ခရီးသွားသော သူအားမူလည်း။ ဟောန္တိ၊ ဖြစ်ကုန်၏။ အဋဝိံ၊ တောအုပ်သို့။ ပဝိသန္တဿ ဝါ၊ ဝင်သော သူအားမူလည်း။ ဟောန္တိ၊ ဖြစ်ကုန်၏။
အယံ ပန၊ ဤပုဏ္ဏားမူကား။ ရထံ အဘိရုဠှော၊ ရထားစီးခဲ့၏။ တေန၊ ထိုရထားစီးဆဲဖြစ်ခြင်းကြောင့်။ အဿ၊ ထိုပုဏ္ဏားအား။ တဒနုစ္ဆဝိကော၊ ထိုရထားစီးဆဲအခိုက်အားလျောက်ပတ်သော။ ရဇတပ္ပဋိသေဝိတော၊ ငွေစင်ဖြင့် တင့်တယ်လျောပ်ပတ်စွာခြယ်အပ်သော။ ပါဒါလင်္ကာရော နာမ၊ ခြေ၌ဆင်သော တန်ဆာမည်သည်။ (အတ္ထိ၊ ရှိသတတ်။) ဧသ (ဧသော) ပါဒါလင်္ကာရော၊ အတင့်အတယ်ငွေစင်ခြယ်လျက် ရှုဖွယ်စထွေ ခြေ၌ဆင်သော ဤတန်ဆာကို။ ဧဝံ၊ ဤသို့ သေတာဥပါဟနာ ဟူ၍။ ဝုတ္တော၊ ဆိုအပ်၏။ ဣတိ၊ ဤသို့။ ဝေဒိတဗ္ဗော၊ သိအပ်၏။
သေတာယ သုဒံ ဝါလဗီဇနိယာတိ၊ သေတာယ သုဒံ ဝါလဗီဇနိယာဟူသည်ကား။ ဖလိကမယဒဏ္ဍာယ၊ ဖလ်ရိုးတပ်သော။ သေတစမရဝါလဗီဇနိယာ၊ ဖြူသော စမရီသားမြီးယပ်ဖြင့်။
ကေဝလဉ္စ၊ သက်သက်ကား။ အဿ၊ ထိုဇာဏုဿောဏိပုဏ္ဏား၏။ ဧတ္တကမေဝ၊ ဤမျှသော အဆောက်အဦးသည်သာလျှင်။ သေတံ၊ ဖြူသည်။ န အဟောသိ၊ မဟုတ်သေး။ ပန၊ အဟုတ်သော်ကား။ သော ဗြာဟ္မဏော၊ ထိုပုဏ္ဏားသည်။ သေတဝိလေပနံ၊ ဖြူသောနံ့သာပျောင်းကို။ ဝိလိမ္ပိ၊ လိမ်းကျံ၏။ သေတမာလံ၊ ဖြူသောပန်းကို။ ပိလန္ဓိ ပိဠန္ဓိ (ဆဋ္ဌ) ၊ ပန်ဆင်၏။ အဿ၊ ထိုပုဏ္ဏား၏။ ဒသသု အင်္ဂုလီသု၊ လက်ဆယ်ချောင်းတို့၌။ အင်္ဂုလိမုဒ္ဒိကာ၊ လက်စွပ်တို့သည်လည်းကောင်း။ ကဏ္ဏေသု၊ နားနှစ်ဖက်တို့၌။ ကုဏ္ဍလာနိ၊ နားဋောင်းတို့သည်လည်းကောင်း။ ဣတိ၊ ဤသို့။ ဧဝမာဒိအလင်္ကာရောပိ၊ ဤသို့အစရှိသော တန်ဆာသည်လည်း။ ရဇတမယောဝ၊ ငွေစင်အတိပြီးသည်သာလျှင်။ အဟောသိ၊ ဖြစ်၏။
အဿ၊ ထိုဇာဏုဿောဏိပုဏ္ဏား၏။ ဒသသဟဿမတ္တာ၊ တစ်သောင်းအတိုင်းအရှည်ရှိကုန်သော။ ပရိဝါရဗြာဟ္မဏာပိ၊ အခြံအရံ ပုဏ္ဏားလုလင်တို့သည်လည်းကောင်း။ တထေဝ၊ ထိုသူတို့သာမိ ပုဏ္ဏားဓိပတိအတူလျှင်။ သေတဝတ္ထဝိလေပနမာလာလင်္ကာရာ၊ ဖြူသောအဝတ် ဖြူသောနံ့သာပျောင်း ဖြူသောပန်း, ဖြူသောတန်ဆာဆင်ကုန်သည်။ အဟေသုံ၊ ဖြစ်ကြကုန်၏။
ပန၊ ဆက်၍ ဆိုဦးအံ့။ ယံ ဧတံ သာဝတ္ထိယာ နိယျာယန္တန္တိ (ဝစနံ)၊ အကြင်သာဝတ္ထိယာ နိယျာယန္တိံ- ဟူသော စကားကို။ ဝုတ္တံ၊ ဟောတော်မူအပ်၏။ တတြ (ဝစနေ)၊ ထိုသာဝတ္ထိယာ နိယျာယန္တံဟူသော စကား၌။ အယံ၊ ဤဆိုလတ္တံ့သည်ကား။ နိယျာယနဝိဘာဝနာ၊ အတင့်အတယ် ရှုဖွယ်ပြိုးပြောင် ဆောင်ယောင်ကျင်းပ စည်းစိမ်ပြလျက် မြို့တော်မှထွက်သည်ကို ထင်စွာဆိုခြင်းတည်း။ သော၊ ထိုဇာဏုဿောဏိရာထူးရသော ဗြဟ္မမျိုးနွယ် ပုဏ္ဏားကြွယ်သည်။ ဆန္နံ ဆန္ဒံ၊ မင်းနေမြို့တော်ကို။ ပဒက္ခိဏံ၊ လကျာ်ရစ်လှည့်သည်ကို။ ကရောတိ ကိရ၊ ပြုရသတတ်။
"ဣတော၊ ဤနေ့မှ။ ဧတ္တကေဟိ ဒိဝသေဟိ၊ ဤမျှရသောနေ့တို့သည်။ အစ္စယေန၊ လွန်သောကာလ၌။ နဂရံ၊ မြို့တော်ကို။ ပဒက္ခိဏံ၊ လကျ်ာရစ်လှည့်သည်ကို။ ကရိဿတီတိ၊ ပြုလတ္တံ့ဟု။" ပုရေတရမေဝ၊ မဆွကလျှင်။ ဃောသနာ၊ မောင်းခတ်ကြွေးကြော်ခြင်းကို။ ကယိရတိ၊ ပြုအပ်၏။
တံ၊ ထိုကြွေးကြော်သံကို။ သုတွာ၊ ကြား၍။ ယေ၊ အကြင်သူတို့သည်။ နဂရတော၊ မြို့မှ။ န ပက္ကန္တာ၊ အပသို့ မထွက်မသွားကုန်။ တေ၊ ထိုမြို့ပသို့ မသွား မြို့တွင်း၌ရှိသောသူတို့သည်။ ဥပသင်္ကမန္တိ ၁။ န ပက္ကမန္တိ (ဆဋ္ဌ) ၊ ကပ်ရောက်လာကုန်၏။
ယေပိ၊ အကြင်သူတို့သည်လည်း။ ပက္ကမန္တာ၊ မြို့တော်မှ ထွက်သွားကုန်၏။ တေပိ၊ ထိုမြို့တော်မှအခြားသွားခိုက်ဖြစ်သော သူတို့သည်လည်း။ "ပုညဝတော၊ ဘုန်းကြီးသောသူ၏။ သိရီသမ္ပိတ္တိံ၊ အသရေ၏ ပြည့်စုံခြင်းကို။ ပဿိဿာမာတိ၊ ကြည့်ကုန်အံ့"ဟု။ အာဂစ္ဆန္တိ၊ မြို့လည်ပွဲမှီ အညီအညာလာကုန်၏။
ယံ ဒိဝသံ၊ အကြင်အခါရ၍ ကောင်းသော နေ့၌။ ဗြာဟ္မဏော၊ ဇာဏုဿောဏိရာထူးရသော ဗြဟ္မမျိုးနွယ်ပုဏ္ဏားကြွယ်သည်။ နဂရံ၊ မြို့ကို။ အနုဝိစရတိ၊ အစဉ်လှည့်လည်၏။ တဒါ၊ ထိုမြို့လည်သော အခါ၌။ ပါတောဝ၊ စောစောကလျှင်။ နဂရဝီထိယော၊ မြို့တော်မင်းလမ်းမတို့ကို။ သမ္မဇ္ဇိတွာ၊ တံမြက်လှည်းခတ်၍။ ဝါလိကံ၊ သဲကို။ ဩကိရိတွာ၊ ငွေသင်းဖြူးခင်းသို့ ညီလျှင်အောင်ကြဲ၍။ လာဇာပဉ္စမေဟိ၊ ပေါက်ပေါက်လျှင်ငါးခုမြောက်ရှိကုန်သော။ ပုပ္ဖေဟိ၊ အဆင်းအနံ့ကောင်းသော ပန်းတို့ဖြင့်။ ဝိပ္ပကိရိတွာ၊ ကြဲ၍။ ပုဏ္ဏဃဋေ၊ ရေပြည့်အိုးတို့ကို။ ဌပေတွာ၊ ထား၍။ ကဒလိယောစ၊ ဖူးညှောက်မျိုးများ လွှားလွှားညွန့်ရှင် ငှက်ပျောပင်တို့ကိုလည်းကောင်း။ ဓဇေစ၊ တံခွန်တို့ကိုလည်းကောင်း။ ဥဿာပေတွာ၊ စိုက်ဆောက်စေ၍။ သကလနဂရံ၊ မြို့တော်အလုံးကို။ ဓူပိတဝါသိတံ၊ ထုံအပ်သော အခိုးအနံ့ရှိသည်ကို။ ကရောန္တိ၊ ပြုကုန်၏။
ဗြဟ္မဏော၊ ဇာဏုဿောဏိသညီခေါ်တွင် ပဏ္ဏားထင်သည်။ ပါတောဝ၊ စောစောကလျှင်။ သီသံ နှာယိတွာ၊ ဦးဆေးမင်္ဂလာပြု၍ ပုရေဘတ္တံ၊ နံနက်စာကို။ ဘုဉ္ဇိတွာ၊ စား၍။ ဝုတ္တနယေနေဝ၊ ဆိုအပ်ပြီးသော နည်းဖြင့်သာလျှင်။ သေတဝတ္ထာဒီဟိ၊ ဖြူသောပုဆိုး ဝတ်လဲစသည်တို့ဖြင့်။ အတ္တာနံ၊ အတ္တဘောကို။ အလင်္ကရိတွာ၊ တန်ဆာဆင်၍။ ပါသာဒါ၊ ပြဿာဒ်မှ။ ဩရုယှ၊ သက်ဆင်း၍။ ရထံ၊ ငွေစင်ရထားသို့။ အဘိရုဟတိ၊ တက်၏။
အထ၊ ထိုသို့ ရထားထက်သို့တက်လတ်သော်။ နံ၊ ထိုပုဏ္ဏားသူကြွယ်ကို။ တေ ဗြာဟ္မဏာ၊ ထိုတစ်သောင်းသော ပုဏ္ဏားလုလင်တို့သည်။ သဗ္ဗသေတဝတ္ထဝိလေပနမာလာလင်္ကာရာ၊ ထည်လုံးဖြူသော အဝတ်နံ့သာပျောင်း ပန်း တန်ဆာဆင်ကုန်လျက်။ သေတစ္ဆာတ္တာနိ၊ ထီးဖြူတို့ကို။ ဂဟေတွာ၊ ကိုင်စွဲလျက်။ ပရိဝါရေန္တိ၊ ခြံရံကုန်၏။
တတော၊ ထိုနောက်မှ။ မဟာဇနဿ၊ များသော လူအပေါင်း၏။ သန္နိပါတနတ္ထံ၊ စည်းဝေးခြင်းငှာ။ ပဌမံယေဝ၊ လက်ဦးကလျှင်။ တရုဏဒါရကာနံ၊ လူပျိုလူငယ်တို့အား။ မာလာမူလဖလာနိ ၁။ ဖလာဖလာနိ (ဆဋ္ဌ) ၊ ပန်း သစ်မြစ် သစ်သီးတို့ကို။ ဝိကိရန္တိ၊ မိုးပေါက်မိုးဖွဲကြဲကုန်၏။ တဒနန္တရံ၊ ထို၏အခြားမဲ့၌။ မာသကရူပါဒီနိ၊ ဇတုမာသကဒါရုမာသက စသော ပဲရုပ်စသည်တို့ကို။ ဝိကိရန္တိ၊ ကြဲကုန်၏။ တဒနန္တရံ၊ ထို၏ အခြားမဲ့၍။ ကဟာပဏေ၊ အသပြာတို့ကို။ ဝိကိရန္တိ၊ ကြဲကုန်၏။
မဟာဇနော၊ များစွာသော လူအပေါင်းသည်။ သန္နိပတိ၊ သဲသဲရုတ်ရုတ်အုတ်အုတ်ကျက်ကျက်စည်းဝေး၏။ ဥက္ကုဋ္ဌိယော စေဝ၊ ကြွေးကြော်ခြင်းတို့သည်လည်းကောင်း။ စေလုက္ခေပါ စ၊ ပုဆိုးဦးရစ် ကြဲပစ်ခြင်းတို့သည်လည်းကောင်း။ ဝတ္တန္တိ၊ ဖြစ်ကုန်၏။
အထ၊ ထိုအခါ၌။ ဗြာဟ္မဏော၊ ပုဏ္ဏားသည်။ မင်္ဂလိကသောဝတ္ထိကာဒီသု၊ ဇယတု ဘဝံ ဇယတု ဘဝံဟု မင်္ဂလာစကား၌ယှဉ်ကုန်သော သူ, သုဝတ္ထိ ဟောတု တေ ဟု ချမ်းသာ စကား၌ ယှဉ်ကုန်သောသူ အစရှိသူတို့သည်။ မင်္ဂလာနိ စေဝ၊ တို့အရှင် အောင်စေသတည်းဟူသောမင်္ဂလာစကားတို့ကိုလည်းကောင်း။ သုဝတ္ထိယော စ၊ ချမ်းသာ စေသား ချမ်းသာစေသားဟု ချမ်းသာစကားတို့ကိုလည်းကောင်း။ ကရောန္တေသု၊ ကောင်းချီးပြုကုန်လတ်သော်။ မဟာသမ္ပတ္တိယာ၊ ကြီးစွာသော စည်းစိမ်ဖြင့်။ နဂရံ၊ မြို့တော်ကို။ ဝိစရတိ ၂။ ယသသိရိသမ္ပတ္တိယာ (ဆဋ္ဌ) ၊ လှည့်လည်၏။
ပုညဝန္တော၊ ဘုန်းကြီးကုန်သော။ မနုဿာ၊ လူတို့သည်။ ဧကဘူမိကာဒိပါသာဒေ၊ ဘုံတစ်ဆင့်ရှိသောပြသာဒ်စသည်တို့သို့။ အာရုယှ၊ တက်၍။ သုကပတ္တသဒိသာနိ၊ စိမ်းလဲ့အရောင် ကျေးတောင်နှင့်တူသော အဆင်းရှိကုန်သော။ ဝါတပါနကဝါဋာနိ၊ လေသောက် တံခါးရွက်တို့ကို။ ဝိဝရေတွာ၊ ဖွင့်၍။ ဩလောကေန္တိ၊ မျက်ကြောလံမျှ ကြည့်ကြကုန်၏။
ဗြာဟ္မဏောပိ၊ ပုဏ္ဏားသည်လည်း။ အတ္တနော၊ မိမိ၏။ သသိရိသမ္ပတ္တိယာ ၂။ ယသသိရိသမ္ပတ္တိယာ (ဆဋ္ဌ) ၊ အသရေရှိသော စည်းစိမ်ဖြင့်။ နဂရံ၊ မြို့တော်ကို။ အဇ္ဈောတ္ထရန္တော ဝိယ၊ လွှမ်းမိုးအံ့သကဲ့သို့။ ဒက္ခိဏဒွါရာဘိမုခေါ၊ တောင်တံခါးသို့ ရှေးရှုသွားသည်။ ဟောတိ၊ ဖြစ်၏။
တံ၊ ထိုဇာဏုဿောဏိရာထူးရသော ဗြဟ္မမျိုးနွယ် ပုဏ္ဏားကြွယ်လျှင် တင့်တယ်ကျက်သရေ ရေမြေတုန်အံ့သို့ မြို့လည်သည်ကို။ သန္ဓာယ၊ ရည်၍။ ဧတံ (ဝစနံ)၊ သာဝတ္ထိယာ နိယျာယန္တံဟူသော ဤစကားကို။ ဝုတ္တံ၊ ဟောတော်မူအပ်၏။
တမေနံ ဇနော ဒိသွာတိ၊ တမေနံ ဇနော ဒိသွာ ဟူသည်ကား။ မဟာဇနော၊ မြို့သူအများသည်။ တံ ရထံ၊ ထိုဇာဏုဿောဏိပုဏ္ဏား ရထားကို။ ဒိသွာ၊ မြင်၍။
ဗြဟ္မန္တိ ဧတံ၊ ဗြဟ္မံ ဟူသော ဤအမည်သည်။ သေဋ္ဌာဓိဝစနံ၊ အမြတ်၏အမည်တည်း။
ဘော၊ အချင်းတို့။ ယာနံ၊ ဗြဟ္မမျိုးနွယ် ပုဏ္ဏားကြွယ်၏ ရှုဖွယ်မညီးစီးသောယာဉ်သည်။ သေဋ္ဌံ ဝတ၊ လောကဓာတ်တွင် မြတ်သောယာဉ်ပင် ဖြစ်ပေသတတ်။ ဘော၊ အချင်းတို့။ ယာနံ၊ ယာဉ်သည်။ သေဋ္ဌယာနသဒိသံ ဝတ၊ လောကဓာတ်တွင် မြတ်သောယာဉ်နှင့် တူပေသတည်း ဣတိ (အယံ) ၃။ ဗြဟ္မံ ဝတ ဘော ယာနန္တိ (ဆဋ္ဌ) ၊ ဤသည်လျှင်။ အတ္ထော၊ အနက်တည်း။
ဣမဿေဝ ခေါ ဧတန္တိ၊ ဣမဿေဝ ခေါဧတံ ဟူသည်ကား။ အာနန္ဒ၊ အာနန္ဒာ။ မနုဿာ နာမ၊ လူတို့မည်သည်။ ဝဏ္ဏဘာဏကာနံ၊ ကျေးဇူးဂုဏ်ကို ဖွဲ့နွဲ့စီကုံးတတ်သော သူတို့အား။ ဓနံ၊ ဥစ္စာကို။ ဒတွာ၊ ပေး၍။ အတ္တနော၊ မိမိ၏။ ဒါရိကာနံ၊ သတို့သမီးငယ်တို့၏။ ဝဏ္ဏဂီတံ၊ ကျေးဇူးဂုဏ်ကို ဖွဲ့နွဲ့မြှောက်ချီးသော သီချင်းကို။ ဂါယာပေန္တိ၊ သီစေကုန်၏။ "အဘိရူပေါ၊ ထူးမြတ်လွန်ကဲသော အဆင်းရှိသည်။ ဒဿနီယော၊ ရှုခြင်းငှာလျောက်ပတ်သော အဆင်းရှိသည်။ မဟဒ္ဓနော၊ တောင်ပုံအလားများသောဥစ္စာရှိသည်။ မဟာဘောဂေါ၊ မိုးကကျသို့ ကြွယ်ဝသော အသုံးအဆောင်ရှိသည်။ ဟောတိ၊ ဖြစ်၏။" ဣတိ၊ ဤသို့။ ဂါယာပေန္တိ၊ သီစေကုန်၏။ စ၊ ထိုသို့ ပင်သီစေသော်လည်း။ တေန ဝဏ္ဏဘဏနမတ္တေန၊ ထိုသို့ကျေးဇူးသည်လည်းကောင်း။ မဟဒ္ဓနာ ဝါ၊ ဥစ္စာများကုန်သည်လည်းကောင်း။ န ဟောန္တိ၊ မဖြစ်ကုန်။ ဧဝမေဝ၊ ဤအတူသာလျှင်။ မဟာဇနော၊ လူများသည်။ ဗြဟ္မဏဿ၊ ပုဏ္ဏား၏။ ရထံ၊ ငွေဖြူရထားကို။ ဒိသွာ၊ မြင်၍။
"ဘော၊ အချင်းတို့။ ယာနံ၊ ယာဉ်သည်။ ဗြဟ္မံ ဝတ၊ လောကဓာတ်တွင် မြတ်သောယာဉ်ပင်ဖြစ်သတတ်။" ဣတိ ဧဝံ၊ ဤသို့။ ဝဏ္ဏံ၊ ကျေးဇူးကို။ ကိဉ္စာပိ ဘဏတိ၊ အကယ်၍ချီးမွမ်းအံ့။ ပန၊ ထိုသို့ချီးမွမ်းသော်လည်း။ ဧတံ ယာနံ၊ ဤပုဏ္ဏားစီးသောယာဉ်သည်။ ဝဏ္ဏဘဏနမတ္တေနေဝ၊ ကျေးဇူးဂုဏ်ကို ချီးမွမ်းကာမျှဖြင့်လျှင်။ ဗြဟ္မယာနံ နာမ၊ မြတ်သောယာဉ်မည်သည်။ န ဟောတိ၊ မဖြစ်။ ဟိ (ယုတ္တံ)၊ သင့်၏။ ဧတံ (ယာနံ)၊ ဤယာဉ်သည်။
လာမကံ၊ ယုတ်၏။ ဆဝံ၊ အကောင်ပုပ်သဖွယ်ဖြစ်၏။
ပန၊ စင်စစ်သော်ကား။ အာနန္ဒ၊ အာနန္ဒာ။ ပရမတ္ထေန၊ မုချဆတ်ဆတ် ပရမတ်အားဖြင့်။ အရိယဿ၊ ကိလေသာဟူသော ရန်ကိုသတ်တတ်သော။ အဋ္ဌင်္ဂိကဿ၊ အင်္ဂါရှစ်ပါးရှိသော။ ဣမဿေဝ မဂ္ဂဿ၊ ဤမဂ်၏သာလျှင်။ ခေါ၊ စင်စစ်။ ဧတံ အဓိဝစနံ၊ ဤဗြဟ္မယာဉ်စသောအမည်သည်။ ဟောတိ၊ ဖြစ်၏။
ဟိ (သစ္စံ)၊ မှန်၏။ အယံ (အရိယော အဋ္ဌင်္ဂိကောမဂ္ဂေါ)၊ ဤအရိယအဋ္ဌင်္ဂိကမဂ်သည်။ သဗ္ဗ ဒေါသဝိဂမေန၊ ကုန်အောင်စုံသောအပြစ်ဒေါသမှ ကင်းသည်၏အဖြစ်ကြောင့်။ သေဋ္ဌော စ၊ မြတ်သည်လည်း ဟုတ်သတည်း။ ဣမိနာ၊ ဤအဋ္ဌင်္ဂိကမဂ်ဖြင့်။ အရိယာ၊ အရိယာသခင်တို့သည်။ နိဗ္ဗာနံ၊ နိဗ္ဗာန်သို့။ ယန္တိ စ၊ သွားကုန်သည်လည်းဟုတ်သတည်း။ ဣတိ တသ္မာ စ၊ ဤသို့အရိယာသခင်တို့ ပြည်ခွင်နိဗ္ဗာန်သို့ကြွကြောင်း၏ အဖြစ်ကြောင့်လည်း။ ဗြဟ္မယာနံ၊ မြတ်သောယာဉ်မည်၏။ ဣတိပိ၊ ဤသို့လည်း။ (ဝတ္တုံ၊ ဆိုခြင်းငှာ။) ဝဋ္ဋတိ၊ သင့်၏။ ဗြဟ္မဘူတတ္တာ စ၊ မြတ်သည်ဖြစ်၍ ဖြစ်ခြင်းကြောင့်လည်းကောင်း။ ယာနတ္တာ စ၊ ယာဉ်ဖြစ်သည်၏ အဖြစ်ကြောင့်လည်းကောင်း။ ဗြဟ္မယာနံ၊ ဗြဟ္မယာဉ်မည်၏။ ဣတိပိ၊ ဤသို့လည်း။ (ဝတ္တုံ၊ ဆိုခြင်းငှာ။) ဝဋ္ဋတိ၊ သင့်၏။ အနုတ္တရတ္တာ စ၊ အလွန်အကဲမရှိသည်၏အဖြစ်ကြောင့်လည်းကောင်း။ ကိလေသသင်္ဂါမဿ၊ ကိလေသာရန်စစ်ကို။ ဝိဇိတတ္တာ စ၊ အထူးသဖြင့် အောင်မြင်သည်၏အဖြစ်ကြောင့်လည်းကောင်း။ အနုတ္တရော သင်္ဂါမဝိဇယော၊ အလွန်အကဲမရှိကိလေသာရန်စစ်ကို အောင်သောယာဉ် မည်၏။ ဣတိပိ၊ ဤသို့လည်း။ ဝတ္တုံ၊ ဆိုခြင်းငှာ။ ဝဋ္ဋတိ၊ သင့်၏။
ဣဒါနိ၊ ဤအခါ၌။ အဿ အရိယမဂ္ဂယာနဿ၊ ဤအရိယမဂ်တည်းဟူသော ယာဉ်၏။ နိဒ္ဒေါသဘာဝဉ္စ၊ အပြစ်ကင်းသည်၏အဖြစ်ကိုလည်းကောင်း။ သင်္ဂါမဝိဇယဘာဝဉ္စ၊ ကိလေသာရန်စစ် ပယ်လှစ်လွှင့်နှင် အောင်မြင်သည်၏အဖြစ်ကိုလည်းကောင်း။ ဒဿေန္တော၊ ပြတော်မူလိုသည်ဖြစ်၍။ ရာဂဝိနယပရိယောသာနာတိအာဒိံ၊ ရာဂဝိနယပရိယောသာနာ ဤသို့အစရှိသော စကားကို။ အာဟ၊ ဟောတော်မူ၏။
တတ္ထ၊ ထိုစကား၌။ ရာဂံ၊ အလုံးစုံသော ရာဂကို။ ဝိနယမာနာ၊ သမုစ္ဆေဒဝိနည်းအားဖြင့် ပယ်ဖျောက်ဖျက်ဆီး၍။ ပရိယောသာပေတိ၊ မိမိကိစ္စကို ပြီးဆုံးစေ၏။ ပရိယောသာနံ၊ ပြီးဆုံးခြင်းသို့။ ဂစ္ဆတိ၊ ရောက်၏။ နိပ္ပဇ္ဇတိ ၁။ နိပ္ဖဇ္ဇတိ (ဆဋ္ဌ) ၊ အပြီးတိုင်၏။ ဣတိ (တသ္မာ)၊ ထိုကြောင့်။ ရာဂဝိနယ ပရိယောသာနာ၊ ကုန်အောင်စုံသောရာဂကို သမုစ္ဆေဒဝိနည်းဖြင့် ပယ်ဖျောက်ဖျက်ဆီး၍ မိမိကိစ္စကိုပြီးစေသည်။ (ဟောတိ၊ ဖြစ်၏။) သဗ္ဗတ္ထ၊ ဒေါသဝိနယ ပရိယောသာနာစသော ကုန်အောင်စုံသောပုဒ်တို့၌။
ဧသ နယော၊ ဤနည်းကို။ (ဝေဒိတဗ္ဗော၊ သိအပ်၏။)
ယဿ သဒ္ဓါ စ ပညာ စာတိ၊ ယဿ သဒ္ဓါ စ ပညာ စ ဟူသည်ကား။ ယဿ အရိယမဂ္ဂရထဿ ၂။ အရိယမဂ္ဂယာနဿ (ဆဋ္ဌ) ၊ အကြင်အရိယမဂ်တည်းဟူသော ရထား၏။ သဒ္ဓါနုသာရိဝသေန၊ သဒ္ဓါနုသာရီပုဂ္ဂိုလ်၏ အစွမ်းအားဖြင့်။ သဒ္ဓါ၊ သဒ္ဓါတရားလည်းကောင်း။ ဓမ္မာနုသာရိဝသေန၊ ဓမ္မာနုသာရီပုဂ္ဂိုလ်၏အစွမ်းအားဖြင့်။ ပညာ၊ ပညာလည်းကောင်း။ ဣတိ၊ ဤသို့။ ဣမေ ဒွေ ဓမ္မာ၊ ဤသဒ္ဓါ ပညာတရားနှစ်ပါးတို့ကို။ သဒါ၊ အခါခပ်သိမ်း။ ဓုရံ၊ တတြမဇ္ဈတ္တတာဟူသော ထမ်းပိုး၌။ ယုတ္တာ၊ ကအပ်ကုန်၏။ တတြမဇ္ဈတ္တတာယုဂေ၊ တတြမဇ္ဈတ္တတာဟူသောရထားထမ်းပိုး၌။ ယုတ္တာ၊ ကအပ်ကုန်၏။ ဣတိ အတ္ထော၊ ဤအနက်ကို။ (ဝေဒိတဗ္ဗော၊ သိအပ်၏။)
ဟိရီ ဤသာတိ၊ ဟိရီ ဤသာဟူသည်ကား။ အတ္တနာ၊ မိမိနှင့်။ သဒ္ဓိံ၊ တကွ။ အဓိဝိဋ္ဌေန၊ စွဲ၍တည်သော။ ဗဟိဒ္ဓါသမုဋ္ဌာနေန၊ ဗဟိဒ္ဓတရားလျှင် ဖြစ်ကြောင်းရှိသော။ ဩတ္တပ္ပေန၊ ဩတ္တပ္ပတရားနှင့်။ သဒ္ဓိံ၊ တကွ။ အဇ္ဈတ္တသမုဋ္ဌာနာ၊ အဇ္ဈတ္တတရားလျှင် ဖြစ်ကြောင်းရှိသော။ ဟိရီ၊ ဟိရီသည်။ ယဿ မဂ္ဂရထဿ၊ အကြင်မဂ်တည်းဟူသော ရထား၏။ ဤသာ၊ ဟူသည်ကား။
ဝိပဿနာစိတ္တဉ္စ၊ ဝိပဿနာ စိတ်သည်လည်းကောင်း။ မဂ္ဂစိတ္တဉ္စ၊ ကြိုးမည်သည်။ (ဟောတိ၊ ဖြစ်၏။)
ဟိ (ပါကဋံ ကရောမိ)၊ ထိုစကားကိုအစရှိသည်ဖြင့် ပြုအပ်သော။ ယောတ္တံ၊ ကြိုးသည်။ ဂေါဏေ၊ ကသောနွားတို့ကို။ ဧကာဗဒ္ဓေ၊ တစ်ခုတည်းသော ထမ်းပိုး၌ ဖွဲ့စပ်သည်တို့ကို။ ဧကသင်္ဂဟိတေ၊ တစ်ခုတည်းသောထမ်းပိုး၌ ပေါင်း၍ ယူအပ်သည်တို့ကို။ ကရောတိ ယထာ၊ ပြုသကဲ့သို့။ ဧဝံ (တထာ)၊ ထို့အတူ။ မဂ္ဂရထဿ၊ မဂ်တည်းဟူသော ရထား၏။ လောကိယဝိပဿနာစိတ္တံ၊ လောကီဖြစ်သော ဝိပဿနာစိတ်သည်။ အတိရေကပညာသ ကုသလဓမ္မေ၊ ငါးဆယ်ကျော်သော ကုသိုလ် တရားတို့ကို။ ဧကာဗဒ္ဓေ၊ တစ်ခုတည်းသော အာရုံ၌ မြဲစွာဖွဲ့အပ်သည်တို့ကို။ ဧကသင်္ဂဟေ၊ ထိုတစ်ခုတည်းသော အာရုံ၌ပင် ဝိပဿနာကိစ္စ၏အစွမ်းဖြင့် ပေါင်း၍ ယူအပ်သည်တို့ကို။ ကရောတိ၊ ပြုတတ်၏။ လောကုတ္တရဝိပဿနာ စိတ္တံ၊ လောကုတ္တရာဝိပဿနာစိတ်သည်။ အတိရေကသဋ္ဌိ ကုသလဓမ္မေ၊ ခြောက်ဆယ်ကျော်သော ကုသိုလ်တရားတို့ကို။ ဧကာဗဒ္ဓေ၊ တစ်ခုတည်းသော အာရုံ၌မြဲစွာ ဖွဲ့အပ်သည်တို့ကို။ ဧကသင်္ဂဟေ ၁။ ဧကသင်္ဂဟိတေ (ဆဋ္ဌ) ၊ တစ်ခုတည်းသော အာရုံ၌ ပေါင်း၍ ယူအပ်သည်တို့ကို။ ကရောတိ၊ ပြုတတ်၏။
တေန၊ ထို့ကြောင့်။ "မနော ယောတ္တန္တိ၊ မနောယောတ္တံဟူ၍။" ဝုတ္တံ၊ ဟောတော်မူအပ်၏။
သတိအာရက္ခသာရထီတိ၊ သတိအာရက္ခသာရထိ ဟူသည်ကား။ မဂ္ဂသမ္ပယုတ္တာ၊ မဂ်နှင့်ယှဉ်သော။ သတိ၊ သတိသည်။ အာရက္ခသာရထိ၊ ရှေ့သွားအဖြစ်ဖြင့် စောင့်ရှောက်တတ်၍ ရထားထိန်းနှင့်တူသည်။ (ဟောတိ၊ ဖြစ်၏။)
ဟိ (ပါကဋံ ကရောမိ)၊ ထိုစကားကို ထင်စွာပြဦးအံ့။ ရထဿ၊ ရထား၏။ အာရက္ခေါ၊ စောင့်ရှောက် ထိန်းသိမ်းသော သူသည်။ သာရထိ နာမ၊ ရထားထိန်းမည်သည်။ ဟောတိ ယထာ၊ ဖြစ်သကဲ့သို့။ ယောဂ္ဂိယော၊ ရထားထိန်းသည်။
ဓုရဝါဟေ ၁။ ဓုရံ ဝါဟေတိ ယောဇေတိ (ဆဋ္ဌ) ၊ ထမ်းပိုးဆောင် နွားတို့ကို။ ယောဂ္ဂေစ၊ ရထား၌လည်းကောင်း။ သမဂတိယဉ္စ၊ အညီ အညွတ် သွားခြင်း၌လည်းကောင်း။ ယောဇေတိ၊ ယှဉ်စေ၏။ အက္ခံ၊ သွေ့ခြောက်သော ဝင်ရိုးကို။ အဗ္ဘဉ္ဇတိ၊ သွင်းဆီသွတ်၏။ ရထံ၊ ရထားကို။ (စောဒနေန၊ နွားတို့ကို မောင်းသဖြင့်။) ပေသေတိ၊ စေလေ၏။ ရထယုတ္တကေ၊ ရထား၌ကသော နွားတို့ကို။ (ဂမနဝီထိယံ၊ သွားသင့်သော ခရီး၌။ ပဋိပါဒနေန၊ မဖောက်မပြန်သော သွားခြင်းကိစ္စကို ပြီးစေသဖြင့်။) နိဗ္ဗိသေဝနေ၊ တုန်လှုပ်ဆန့်ကျင်ခြင်း ကင်းသည်တို့ကို။ ကရောတိ၊ ပြု၏။ ဧဝံ၊ ဤအတူ။ မဂ္ဂရထဿ၊ မဂ်တည်းဟူသော ရထား၏။ အာရက္ခာ၊ စောင့်ထိန်းပေသော။ သတိ၊ သတိသည်။ သာရထိ နာမ၊ ရထားအထိန်းနှင့် တူသည်မည်၏။
ဟိ (ယုတ္တံ)၊ သင့်၏။ အယံ၊ ဤသတိသည်။ အာရက္ခပစ္စုပဋ္ဌာနာ စေဝ၊ စောင့်ရှောက်ခြင်းကိုလည်း ဖြစ်စေတတ်၏။ ကုသလာ ကုသလာနံ၊ ကုသိုလ်, အကုသိုလ်ဖြစ်ကုန်သော။ ဓမ္မာနဉ္စ၊ တရားတို့၏လည်း။ ဂတိယော၊ ဖြစ်ခြင်းတို့ကို။ သမနွေသတိ စ၊ ရှာလည်း ရှာတတ်၏။ ဣတိ၊ ဤသို့။ ဝုတ္တာ၊ ဆိုအပ်၏။
ရထောတိ၊ ရထောဟူသည်ကား။ အရိယအဋ္ဌင်္ဂိကမဂ္ဂရထော၊ အရိယာအဖြစ်ကိုပြုတတ်သောရှစ်ပါးအင်္ဂါရှိသော မဂ်ရထားသည်။
သီလပရိက္ခာရောတိ၊ သီလပရိက္ခာရော ဟူသည်ကား။ စတုပါရိသုဒ္ဓိသီလာလင်္ကာရော၊ စတုပါရိသုဒ္ဓိသီလတည်းဟူသော တန်ဆာရှိသည်။
ဈာနက္ခေါတိ၊ ဈာနက္ခေါ ဟူသည်ကား။ ဝိပဿနာသမ္ပယုတ္တာနံ၊ ဝိပဿနာနှင့် ယှဉ်ကုန်သော။ ပဉ္စန္နံ ဈာနင်္ဂါနံ၊ ဈာန်အင်္ဂါငါးပါးတို့တွင်။ အဝသေသဇ္ဈာနမယအက္ခေါ၊ မဂ်မည်ထိုက်သော ဝိတက်ဧကဂ္ဂတာမှ ကြွင်းသော ဝိစာရပီတိဝေဒနာဟူသော ဈာန်တည်းဟူသော ဝင်ရိုးရှိသည်။
စက္ကဝီရိယောတိ၊ စက္ကဝီရိယောဟူသည်ကား။ ဝီရိယစက္ကော၊ သမ္မာဝါယာမဟူသော ဘီးရိုးသည်။ ကာယိကစေတိသိကသင်္ခါတာနိ၊ ကာယိကလုံ့လ, စေတသိကလုံ့လဟု ဆိုအပ်ကုန်သော။ ဒွေ ဝီရိယာနိ၊ နှစ်ပါးကုန်သောသမ္မာဝါယာမတို့သည်။ အဿ၊ ထိုအရိယမဂ်ရထား၏။ စက္ကာနိ၊ ဘီးနှစ်ခုတို့သည်။ (ဟောန္တိ၊ ဖြစ်ကုန်၏။) ဣတိ အတ္ထော၊ ဤအနက်ကို။ (ဝေဒိတဗ္ဗော၊ သိအပ်၏။)
ဥပေက္ခာဓုရသမာဓီတိ၊ ဥပေက္ခာဓုရသမာဓိ ဟူသည်ကား။ ဥပေက္ခာ၊ တတြမဇ္ဈတ္တုပေက္ခာသည်။ ဓုရဿ၊ ရထားထမ်းပိုး၏။ သမာဓိ၊ ချီခြင်းကျခြင်းအခြင်းအရာ၏။ အဘာဝေန၊ မရှိခြင်းကြောင့်။ ဒွိနမ္ပိ၊ နှစ်ဘက်အဖို့လည်းဖြစ်ကုန်သော။ ယုဂပဒေသာနံ၊ ထမ်းပိုးအရပ်တို့၏။ သမတာ၊ မကျမချီ ညီသောအဖြစ်တည်း။ ဣတိ (အယံ)၊ ဤသည်ကား။ အတ္ထော၊ အနက်တည်း။
ဟိ (သစ္စံ)၊ မှန်၏။ အယံ တတြမဇ္ဈတ္တုပေက္ခာ၊ ဤတတြမဇ္ဈတ္တုပေက္ခာသည်။ စိတ္တုပ္ပါဒဿ၊ စိတ်ဖြစ်ခြင်း၏။ လီနုဒ္ဓစ္စဘာဝံ၊ တွန့်တိုသည်၏အဖြစ် ပျံ့လွင့်သည်၏အဖြစ်ကို။ ဟရိတွာ၊ ပယ်၍။ ပယောဂမဇ္ဈတ္တေ၊ လုံ့လပယောဂ မျှတူအချိန် ဥဒါသိန်အဖြစ်၌။ စိတ္တံ၊ စိတ်ကို။ ဌပေတိ၊ ထားတတ်၏။ တသ္မာ၊ ထိုသို့မလိုက်မလျော သဘောထပ်သော စိတ်ကို ညီမျှချထားတ်သည်၏အဖြစ်ကြောင့်။ ဣမဿ မဂ္ဂရထဿ၊ ဤမဂ်တည်းဟူသော ရထား၏။ "ဓုရသမာဓိ"တိ၊ "အဦးဖြစ်သော သမာဓိ" ဟူ၍။ ဝုတ္တာ၊ ဟောတော်မူအပ်၏။
အနိစ္ဆာ ပရိဝါရဏန္တိ၊ အနိစ္ဆာ ပရိဝါရဏံ ဟူသည်ကား။ ဗာဟိရကရထဿ၊ သာသနာတော်မှ အပသုံးစွဲရိုး ရထား၏။ သီဟစမ္မာဒီနိ ဝိယ၊ ခြင်္သေ့ရေစသော အကာအကွယ် တို့ကဲ့သို့။ ဣမဿာပိ အရိယမဂ္ဂဿ ရထဿ၊ ဤသာသနာတော်ဝင် အရယမဂ္ဂင်ရထား၏လည်း။ အလောဘသင်္ခါတာ၊ အလောဘဟု ဆိုအပ်သော။ အနိစ္ဆာ၊ အလိုမရှိခြင်းသည်။ ပရိဝါရဏံ နာမ၊ အရံအကာမည်၏။
အဗျာပါဒေါတိ၊ အဗျာပါဒေါဟူသည်ကား။ မေတ္တာ စ၊ မေတ္တာစေတောဝိမုတ္တိသည်လည်းကောင်း။ မေတ္တာပုဗ္ဗဘာဂေါ စ၊ မေတ္တာစေတောဝိမုတ္တိ၏ ရှေ့အဖို့ဖြစ်သော ဥပစာရဏာသည်လည်းကောင်း။
အဝိဟိံသာတိ၊ အဝိဟိံသာဟူသည်ကား။ ကရုဏာ စ၊ ကရုဏာစေတောဝိမုတ္တိသည်လည်းကောင်း။ ကရုဏာပုဗ္ဗဘာဂေါ စ၊ ကရုဏာစေတောဝိမုတ္တိ၏ ရှေ့အဖို့ဖြစ်သောဥပစာရဏာသည်လည်းကောင်း။
ဝိဝေကောတိ၊ ဝိဝေကော ဟူသည်ကား။ ကာယဝိဝေကာဒိ တိဝိဓဝိဝေကော၊ ကာယဝိဝေက, စိတ္တဝိဝေက, ဥပဓိဝိဝေက ဟူသော သုံးပါးအပြားရှိသော ဝိဝေကသည်။
ယဿ အာဝုဓန္တိ၊ ယဿ အာဝုဓံဟူသည်ကား။ အရိယမဂ္ဂရထေ၊ စင်ကြယ်သောမဂ်ဟု ဆိုအပ်သောတရား၌။ ဌိတဿ၊ အသင့်အတင့်ကျင့်သောအားဖြင့် တည်သော။ ယဿ ကုလပုတ္တဿ၊ အကြင် အာစာရကုလပုတ္တ၏။ ဧတံ ပဉ္စဝိဓံ၊ ဤငါးထွေပြားသော တရားသည်။ အာဝုဓံ၊ လက်နက်ကောင်းမည်၏။
ဟိ၊ ထိုအနက်ကို ချဲ့၍ဆိုဦးအံ့။ ရထေ၊ သူရဲစီးသော ရထား၌။ ဌိတော၊ တည်သော သူရဲကောင်းသည်။ ပဉ္စဟိ အာဝုဓေဟိ၊ ဆောက်ပုတ်လေးလှံ တံကျင်သန်လျက် လက်နက်ငါးပါးတို့ဖြင့်။ သပတ္တေ၊ ရက္ခိုသ်အလား စိမ်းစားမူးမူး ပူးဆိုင်လာသော ရန်သူတို့ကို။ ဝိဇ္ဈတိယထာ၊ ထိုးပစ်သကဲ့သို့။ ဧဝံ၊ ထို့အတူ။ ယောဂါဝစရောပိ၊ ကမ္မဋ္ဌာန်း၌ စီးဖြန်းသောပုဂ္ဂိုလ်သည်လည်း။ ဣမသ္မိံ လောကိယလောကုတ္တရမဂ္ဂရထေ၊ ဤလောကီလောကုတ္တရာဟူသော မဂ်ရထား၌။ ဌိတော၊ အသင့်အသင့် ကျင့်သောအားဖြင့် ကောင်းစွာတည်လျက်။ မေတ္တာယ၊ ဥပစာရအပ္ပနာ မေတ္တာလက်နက်ဖြင့်။ ဒေါသံ၊ ဒေါသတည်းဟူသော အတွင်းရန်ကို။ ဝိဇ္ဈတိ၊ ထိုးနှိပ်ချုပ်တည်း၏။ ကရုဏာယ၊ ဥပစာရအပ္ပနာ ကရုဏာလက်နက်ဖြင့်။ ဝိဟိံသံ၊ ညှဉ်းဆဲနှိပ်စက်ပြုရက်လှစွာ အကျင်နာခြင်း ကိုယ်တွင်းရန်ကို။ ဝိဇ္ဈတိ၊ ထိုးနှိပ်ချုပ်တည်း၏။ ကာယဝိဝေကေန၊ မနှောခြွေရွေ ကိုယ်ထည်းနေထ ကာယဝိဝေကဖြင့်။ ဂဏသံသဂဏိကံ ၁။ ဂဏသင်္ဂဏိကံ (ဆဋ္ဌ) ၊ ဂိုဏ်းခြွေရံနှင့် မညံသောသော နှီးနှောခြင်းအတွင်းရန်ကို။ ဝိဇ္ဈတိ၊ ထိုးနှိပ်ချုပ်တည်း၏။ စိတ္တဝိဝေကေန၊ စိတ္တဝိဝေကဖြင့်။ ကိလေသင်္ဂဏိကံ၊ ရာဂစသည်များစွာ ကိလေသာကို မခွာပေါင်းဖက်ခြင်း အတွင်းရန်ကို။ ဝိဇ္ဈတိ၊ ထိုးနှိပ်ချုပ်တည်း၏။ ဥပဓိဝိဝေကေန၊ နိဗ္ဗာန်ဟူဘိ ဥပဓိဝိဝေကဖြင့်။ သဗ္ဗာကုသလံ၊ ကုန်အောင်စုံသော အကုသိုလ်တရားတည်းဟူသော အတွင်းရန်ကို။ ဝိဇ္ဈတိ၊ ထိုးနှိပ်ချုပ်တည်း၏။
တေန၊ ထိုဆိုပြီးသော အကြောင်းကြောင့်။ ဧတံပဉ္စဝိဓံ၊ ဤမေတ္တာ စသား ငါးထွေပြားသော တရားကို။ အဿ၊ ထိုယောဂါဝစရပုဂ္ဂိုလ်၏။ "အာဝုဓံ၊ လက်နက်ကောင်းဟူ၍။" ဝုတ္တံ၊ ဟောတော်မူအပ်၏။
တိတိက္ခာတိ၊ တိတိက္ခာ ဟူသည်ကား။ ဒုရုတ္တာနံ၊ မကောင်းသဖြင့် ဆိုအပ်ကုန်သော။ ဒုရာဂတာနံ၊ ဇာတိဂေါတ္တ စသည်ကျိုးမဲ့ ဝါဒီချဲ့၍ ကဲ့ရဲ့ယုတ်မာအလာဆိုးကုန်သော။ ဝစနပ္ပထာနံ၊ အတုခိုးလျက် နှိပ်စက်အံ့သား သူတစ်ပါး၏အကြောင်းနည်းပြ စကားတို့ကို။ အဓိဝါသနက္ခန္တိ၊ တင်ပုပ်လက်ဆောင် သူလှောင်ပို့လာ ရွံရှာသောအား လက်စားမြည်တမ်း မလှမ်းသောတူ ဆူလှယ်မလိုတုံ့မဆိုဘဲ ကိုယ်သို့နှိမ့်ချ မာနမရှိ သည်းခံချိသည်ကား။
စမ္မသန္နာဟောတိ၊ စမ္မသန္နာယော ဟူသည်ကား။ သန္နဒ္ဓစမ္မော၊ ယောဂေါဝစရပုဂ္ဂိုလ်၏ ကိုယ်၌စွပ်အပ်သော သားရေသင်ဒိုင်းသည်။
ဟိ၊ ထိုအနက်ကို ချဲ့ ဦးအံ့။ ရထေ၊ သူရဲစီးသော ရထား၌။ ဌိတော၊ တည်သော။ ရထိတော၊ ရထားဖြင့် ရန်အောင်သော သူရဲသည်။ ပဋိမုက္ကစမ္မော၊ ကိုယ်လုံးပြည့် သားရေဒူရင် သင်ဒိုင်းဝတ်လျက်။ အာဂတာဂတေ၊ လာတိုင်း လာတိုင်းကုန်သော။ သရေ၊ မြားတို့ကို။ ခမတိယထာ၊ ရေသားမထိ ပကတိခံနိုင်သကဲ့သို့။ တေ သရာ၊ လက်မြန်သူကစက်မီးကျသို့ လွှတ်ကြမနား ထိုမြားတို့သည်။ နံ၊ ထိုရထားရန်အောင် ရဲဆောင်စွမ်းရည် လူဇာနည်ကို။ န ဝိဇ္ဈန္တိ ယထာ၊ အရေကြုတ်မျှ မရှမစူးကုန်သကဲ့သို့။ ဧဝံ၊ ဤအတူလျှင်။ အဓိဝါသနခန္တိ သမန္နာဂတော၊ သည်းခံခြင်းနှင့်ပြည့်စုံသော။ ဘိက္ခု၊ ရဟန်းကောင်းသည်။ အာဂတာဂတေ၊ လာတိုင်းလာတိုင်းကုန်သော။ ဝစနပထေ၊ ဒိဋ္ဌာနုဂတိလိုက်ကုန်သောသူတို့၏ အကြောင်းစကားတို့ကို။ ခမတိ၊ အောင့်ကာမြိုလျက် သူတို့၏အကြောင်းစကားတို့သည်။ နံ (ဘိက္ခုံ)၊ ထိုရဟန်းကို။ န ဝိဇ္ဈန္တိ၊ မထိုးမဆွ မစူးရှနိုင်ကုန်။
တသ္မာ၊ ထိုဆိုအပ်ပြီးသော အကြောင်းကြောင့်။ "တိတိတွာ၊ သည်းခံခြင်းကို။ စမ္မသန္နာဟောတိ၊ ကိုယ်ပြည့်စွပ်ထား သားရေသင်ဒိုင်းနှင့် နှိုင်းသင့်တူလျော်၏ဟု။" ဝုတ္တာ ၁။ ဝုတ္တော (ဆဋ္ဌ) ၊ ဟောတော်မူအပ်၏။
ယောဂက္ခေမာယ ဝတ္တတီတိ၊ ယောဂက္ခေမာယ ဝတ္တတိ ဟူသည်ကား။ စတူဟိ ယောဂေဟိ၊ လေးပါးသော ယောဂတို့ကြောင့်။ ခေမာယ၊ ဥပဒ္ဒဝေါကုန်ရာဖြစ်သော။ နိဗ္ဗာနာယ၊ နိဗ္ဗာန်အကျိုးငှာ။ ဝတ္တတိ၊ ဖြစ်၏။ နိဗ္ဗာနာဘိမုခေါ၊ နိဗ္ဗာန်သို့ရှေးရှု။ ဂစ္ဆတိယေဝ၊ တစိုက်စိုက်သွားသည်သာတည်း။ န တိဋ္ဌတိ၊ မတန့် မရပ်။ န ဘဇတိ ၁။ ဝုတ္တော (ဆဋ္ဌ) ၊ မဆည်းမကပ်။ ဣတိ (အယံ)၊ ဤသည်ကား။ အတ္ထော၊ အနက်တည်း။
ဧတဒတ္တနိ သမ္ဘူတန္တိ၊ ဧတဒတ္တနိ သမ္ဘူတံ ဟူသည်ကား။ ဧတံ မဂ္ဂယာနံ၊ မဂ်တည်းဟူသော ယာဉ်သာသည်။ အတ္တနော၊ မိမိ၏။ ပုရိသကာရံ၊ ယောကျ်ားတော်တကာတို့ ပြုဖွယ်ကိစ္စ သမ္မပ္ပဓာန်လုံ့လကို။ နိဿယ၊ မှီ၍။ လဒ္ဓတ္တာ၊ ရအပ်သည်၏အဖြစ်ကြောင့်။ အတ္တနိ၊ မိမိ၌။ သမ္ဘူတံ နာမ၊ ဖြစ်သည်မည်သည်။ ဟောတိ၊ ဖြစ်၏။
ဗြဟ္မယာနံ အနုတ္တရန္တိ၊ ဗြဟ္မယာနံ အနုတ္တရံဟူသည်ကား။ အသဒိသံ၊ နိုင်းစံစရာ ပမာတူလျော် ဒွေးဘော်မရှိသော။ သေဋ္ဌာယာနံ၊ မြတ်သောယာဉ်သာသည်။ (ဟောတိ၊ ဖြစ်၏။)
နိယျန္တိ ဓီရာ လောကမှာတိ၊ နိယျန္တိ ဓီရာလောကမှာ ဟူသည်ကား။ ယေသံ၊ အကြင် ပညာရှိတို့အား။ ဧတံ ယာနံ၊ ဤအရိယမဂ်တည်းဟူသော ယာဉ်သည်။ အတ္ထိ၊ မပျက်အမြဲ သုံးစွဲသဖြင့်ရှိ၏။ တေဓီရာ ပဏ္ဍိတပုရိသာ၊ ထိုပညာရှိသော ယောကျ်ားမြတ်တို့သည်။ လောကမှာ၊ လောကမှ။ နိယျန္တိ ဂစ္ဆန္တိ၊ ထွက်သွားကုန်၏။
အညဒတ္ထူတိ၊ အညဒတ္ထုဟူသည်ကား။ ဧကံသေန၊ စင်စစ်သဖြင့်။
ဇယံ ဇယန္တိ၊ ဇယံ ဇယံဟူသည်ကား။ ရာဂါဒယော၊ ရာဂအစရှိကုန်သော။ သပတ္တေ၊ ရန်သူတို့ကို။ ဇိနန္တာ၊ အောင်ကုန်သည်ဖြစ်၍။ ဇိနန္တိ ၁။ ဇိနန္တာ (ဆဋ္ဌ) ၊ မအောင်ဖူးမြဲ အောင်စက်ကဲသည့် သူရဲရန်အောင်မည်ကုန်၏။