သာသနဿ၊ သဗ္ဗပါပဿ အကရဏံ ဤသို့အစရှိသောနည်းဖြင့် ဘုရားအဆုံးအမ သာသနာတော်အား။
အနနုလောမတ္တာ၊ မလျော်သည်၏အဖြစ်ကြောင့်။
ဝိသုကံ
၁။ ဝိသူကံ (ဆဋ္ဌ)
ပဋာဏိဘူတံ၊ ငြောင့်တံကျင်သဖွယ်ဖြစ်သော။
ဒဿနံ၊ ရှုခြင်း။
ဣတိ၊ ဤသို့သော အနက်ကြောင့်။
ဝိသုကဒဿနံ၊ ဝိသုကဒဿနမည်၏။
အတ္တနာ၊ မိမိသည်။
နစ္စနနစ္စာပနာဒိဝသေန၊ မိမိကခြင်း သူတစ်ပါးကိုကစေခြင်းစသည်တို့၏အစွမ်းဖြင့်။
နစ္စာ စ၊ မိမိကခြင်း သူတစ်ပါးကို ကစေခြင်းမှလည်းကောင်း။
ဂီတာ စ၊ မိမိသီခြင်း သူတစ်ပါးကို သီစေခြင်းမှလည်းကောင်း။
ဝါဒိတာ စ၊ မိမိတီးမှုတ်ခြင်း, သူတစ်ပါးကို တီးမှုတ်စေခြင်းမှလည်းကောင်း။
အန္တမသော၊ ယုတ်သော အပိုင်အခြားအားဖြင့်။
မယူရနစ္စာဒိဝသေနပိ၊ ဥဒေါင်းကခြင်းစသည်တို့၏အစွမ်းဖြင့်လည်း။
ပဝတ္တာနံ၊ ဖြစ်ကုန်သော။
နစ္စာဒီနံ၊ ကခြင်းစသည်တို့ကို။
ဝိသုကဘူတာ ဒဿနာ စ၊ သာသနာတော်၏ငြောင့်တံကျင်သဖွယ်ဖြစ်သော ကြည့်ခြင်းမှလည်းကောင်း။
ဣတိ၊ ဤသို့သောအနက်ကြောင့်။
နစ္စဂီတ ဝါဒိတဝိသုကဒဿနာ၊ မိမိကခြင်း, သူတစ်ပါးကိုကစေခြင်း, မိမိသီခြင်း, သူတစ်ပါးကို သီစေခြင်း, မိမိတီးမှုတ်ခြင်း, သူတစ်ပါးကို တီးမှုတ်စေခြင်း, ထိုကခြင်း, သီခြင်း, တီးမှုတ်ခြင်းကို သာသနာတော်၏ ငြောင့်တံကျင်သဖွယ်ဖြစ်သော ကြည့်ခြင်း ရှုခြင်းမှ။
ဟိ ယုတ္တံ၊ သင့်၏။
နစ္စာဒိ၊ နစ္စစသည်သည်။
အတ္တနာ၊ မိမိသည်။
ပယောဇေတုံ ဝါ၊ ယှဉ်ခြင်းငှာလည်းကောင်း။
ပရေဟိ၊ သူတစ်ပါးတို့ကို။
ပယောဇာပေတုံ ဝါ၊ ယှဉ်စေခြင်းငှာလည်းကောင်း။
ပယုတ္တာနိ၊ ယှဉ်အပ်သည်တို့ကို။
ပဿိတုံ ဝါ၊ ကြည့်ခြင်းရှုခြင်းငှာလည်းကောင်း။
ဘိက္ခူနံ၊ ရဟန်းတို့အား။
နေဝ ဝဋ္ဋတိ၊ မအပ်သည်သာတည်း။
ဘိက္ခုနီနံ၊ ရဟန်းမိန်းမတို့အား။
န ဝဋ္ဋတိ
၁။ န ဝဋ္ဋန္တိ (ဆဋ္ဌ)
၊ မအပ်သည်သာတည်း။