အနုဋီကာ။ ။သဉ္ဇာတိယံဖြင့် သမုဂ္ဂမသဒ္ဒါ၏ မဖောက်မပြန် မှန်ကန်သော သဒ္ဒ- ပဝတ္တိအနက်ကို ပြ၏၊ ထိုသို့ ပြခြင်းကို “တတူတောတိ”ဟု ဆိုသည်။ တဿ+ ဘာဝေါ တတ္တံ (ဘာ၀အနက်၌ တူ-ပစ္စည်း)။ ထို သမဂ္ဂမသဒ္ဒါ၏ ဖြစ်ကြောင်းဖြစ်ရာ သဗ္ဗပဝတ္တိနိမိတ်တည်း။ အာဒိဥပ္ပတ္တိယံဖြင့် သမဂ္ဂမသဒ္ဓါ၏ ပရိယာယ်အနက်ကို ပြသည်၊ မှန်၏...သမုဂ္ဂမသဒ္ဓါ၏ အဓိပ္ပါယတ္ထမှာ – ခန္ဓာတို့၏ တဘဝ၌ အစစ္စာဖြစ်ခြင်း” ဟူသော အနက်တည်း။
သန္တတိ ကောဋ္ဌာသာ ဝါ။ ။ဤနည်း၌ သီသဒ္ဒါသည် ဦးခေါင်းအနက်ကိုပင် ဟော၏၊ ခန္ဓာကိုယ်တွင် ဦးခေါင်းသည် ပဓာနအင်္ဂါဖြစ်၏။ ဘာ့ကြောင့်နည်း.. ဦးခေါင်း၌ စက္ခု သော ယာန ဇိဝှါ စသော အရေးကြီးသော ဣန္ဒြေများ စုပေါင်း တည်နေသောကြောင့်တည်း။ ထို ့အတူ ဝတ္ထုဒသက စသော အစိတ်အပိုင်းတို့သည် တဘဝတွင် အစဆုံးဖြစ်သောကြောင့် ပဓာနလည်းဖြစ်၏၊ ကလာပ်တခုတခု၌ `ရုပ်ဆယ်ခု အပေါင်းဖြစ်သောကြောင့် ဦးခေါင်းဝယ် အရေးကြီးသော ဣန္ဒြေတို့၏ ပေါင်းနေခြင်း နှင့်လည်း တူ၏။ ထို ့ကြောင့် ဝတ္ထုဒသကစသော (ခန္ဓာကိုယ်၏ အဓိက်အပိုင်းဖြစ် သာ အဘို့အစု) ကောဋ္ဌာသတို့ကို “သိသ”ဟု ဆိုရသည်။
ကမ္မသမုဋ္ဌာနပဝေဏိယာ၊ ကမ္မသမုဋ္ဌာန်ရုပ်အစဉ်၏။ ဝါ၊ ကံဟူသော ဖြစ်ကြောင်းရှိသော ရုပ်အစဉ္၏။ ဝါ၊ ကို။ ဝုတ္တတ္တာ၊ ဆိုအပ်ပြီး၏ အဖြစ်ကြောင့်။ ဥတုစိတ္တာ ဟာရပဇဝေဏီ စ၊ ဥတု, စိတ်, အာဟာရကြောင့် ဖြစ်သော အရုပ်အစဉ်သည်လည်း။ ဧတ္တကံ ကာလံ၊ ဤမျှအတိုင်းအရှည်ရှိသော ကာလကို။ အတိက္ကမိတွာ၊ လွန်၍။ ဟောတိ၊ ၏။ ["ဒုတိယစိတ္တမုပါဒါယ စိတ္တသမုဋ္ဌာနာ, ဌိတိကာလမုပါဒါယ ဥတုသမုဋ္ဌာနာ, ဩဇာဖရဏမုပါဒါယ အာဟာရသမုဋ္ဌာနာ" စသော အဓိပ္ပါယ်နှင့် သဘောတူပင်။] ဣတိ အာဒိနာ၊ ဤသို့ အစရှိသည်ဖြင့်။ ဝတ္တဗ္ဗော၊ ဆိုထိုက်၏။ သိယာ၊ ဖြစ်ရာ၏။
ပန၊ ထိုသို့ပင် ဆိုထိုက်ပါသော်လည်း။ တံ၊ ထို ဥတုစိတ္တာဟာရပဇဝေဏီကို။ ပုဗ္ဗာပရတောတိ ဧတ္ထ၊ ပုဗ္ဗာပရတော ဟူသော ဤအရာ၌။ ဝက္ခတိ၊ ဆိုလတ္တံ့။ ဣတိ၊ ကြောင့်။ အကထေတွာ၊ မဆိုသေးမူ၍။ ကမ္မဇပဝေဏီ စ၊ ကမ္မဇရုပ်တို့၏ အစဉ်ကိုလည်း။ သဗ္ဗာ၊ အလုံးစုံကို။ န ဝုတ္တာ၊ မဆိုအပ်သေး။ ["ဩပပါတိက သမုဂ္ဂမ" ကျန်သေးသည် ဟူလို။] ဣတိ၊ ကြောင့်။ အဝုတ္တံ၊ မဆိုအပ်သေးသော သမ္မဇပဝေဏီကို။ ဒဿေတုံ၊ ငှာ။ ဩပပါတိကသမုဂ္ဂမော နာမ၊ မည်သည်ကို။ ဒဿိတော၊ ပြီ။
အညထာ။ပေ။နတ္ထိ။ ။“ရူပါရူပသန္တတိ” ဂဟေသ္မာ”ကို အည၏ အပါဒါန်ခံပါ။“ရုပ် အစဉ်နာမ်အစဉ်ဟူသည် ပဋိသန္ဓေအခိုက်အတန့်သာမက ပဋိသန္ဓေမှစ၍ ပဌမဘဝင် ဒုတိယဘဝင်၀သည် ဆက်၍ဆက်၍ဖြစ်သော ရုပ်အစဉ် နာမ်အစဉ်တည်း၊ နာမ်က ပဋိသန္ဓေ နောင် ပဌမဝင်ကျမှ ရုပ်ကိုဖြစ်စေသောကြောင့် ပဋိသန္ဓေအခိုက်အတန့်၌ မဖြစ်စေနိုင်။ ထို့ကြောင့် ပဋိသန္ဓေအခိုက်အတန့်၌ဖြစ်သော ခန္ဓာတို့ကိုသာယူလျှင် ရှေ့နောက် ဖြစ်စေရာ ဝယ် ဝိစစ်ဖွယ်ပင် မလိုတော့။ ဝိစာရဏာယ၊ ရှေ့နောက်စိစစ်ခြင်းကို။ ကရိယမာနာယ၊ ပြုအပ်သော်။ အရူပဿ၊ နာမ်၏။ ရူပသမုဋ္ဌာပနမေဝ၊ ရုပ်ကို ဖြစ်စေခြင်းသည်ပင်။ နတ္ထိ၊ မရှိသေး။ (ပဋိသန္ဓေခဏ၌ မရှိသေး)။ ဣတိ၊ ကြောင့်။ ပုဗ္ဗာပရသမုဋ္ဌာပန ဝိစာရဏာဝ၊ ရှေ့နောက်အားဖြင့် ဖြစ်စေခြင်း၌ စိစစ်ခြင်းသည်ပင်။ ဣဓ၊ ဤ ပဋိသန္ဓေခဏ၌။ န ဥပပဇ္ဇတိ၊ မဖြစ်သင့်တော့။ ဣတိ၊ ဤသို့။ ဝတ္တဗ္ဗံ၊ ဆိုဘွယ်သည်။ သိယာ၊ ၏။ ဣတိ၊ ဤသို့ မှတ်အပ်၏။
ယဒိ တဒါ။ပေ။ဘာဝတော။ ။ယဒိ တဒါ။ပေ။ ဘာဝတော” ကား “ဒေါသံ ဒာတိ”အရ အကျယ်ပြသော စကားတည်း။ စိတ်အားလုံး၏ ဌ်အခိုက် ဘင်အခိုက်၌ (ရုပ်ကို မဖြစ်စေနိုင်ပါသလည်း) ပရဝါဒီအလိုအားဖြင့် “ပုရေဇာတ အထောက်အပံ့ရ၍ ရုပ်ကို ဖြစ်စေနိုင်သည်”ဟု ဆိုအံ့၊ (သင့်အလိုအတိုင်းဆိုလျင်) ပဋိသန္ဓေစိတ်သည် လည်း ရှိအခိုက် ဘင်အခိုက်မှာ ရုပ်ကို ဖြစ်စေနိုင်စရာရှိတ်၊ အမှန်အားဖြင့် ထိုအခိုက်မှာ မည်သည့်စိတ်၊ ရုပ်ကို မဖြစ်စေနိုင်ပါ။ [တဒါနောင် "ဥပ္ပါဒက္ခဏေ" ဟု တိုက်ရိုက်ပါသည်ကား မဓုဋီကာအဖွင့်မှ ယူထားဟန် တူသည်။] တဝ၊ သင်ပရဝါဒီ ပုဂ္ဂိုလ်၏။ မတေနပိ၊ အလိုအားဖြင့်လည်း။ ပစ္စယဝေကလ္လမေဝ၊ အကြောင်း၏ ချို့တဲ့သည်၏ အဖြစ်သည်သာ။ (ဟောတိ)၊ (ကသ္မာ၊ နည်း)။ ပဋိသန္ဓိက္ခဏေ၊ ပဋိသန္ဓေစိတ်၏ ဥပါဒ်ခဏ၌။ ပုရေဇာတ နိဿယာဘာဝတော၊ ဝတ္ထု ပုရေဇာတ နိဿယ၏ မရှိခြင်းကြောင့်တည်း။ တသ္မာ၊ ကြောင့်။ (ထိုသို့ စိတ်၏ ဥပါဒ်ခဏ၌သာ ရုပ်ကို ဖြစ်စေနိုင်သည်၏ အဖြစ်, ပဋိသန္ဓေစိတ်၏ ဥပါဒ်ခဏ၌ကား ဝတ္ထုပုရေဇာတ နိဿယ ပစ္စည်း၏ မရှိသည်၏ အဖြစ်ကြောင့်)။ ပဋိသန္ဓိစိတ္တံ၊ သည်။ ရူပံ၊ ကို။ န သမုဋ္ဌာပေတိ၊ မဖြစ်ပေါ်စေနိုင်။ ဣတိ အယံ၊ ဤဆိုအပ်ပြီးကား။ ဧတ္ထ၊ ဤ ယဒိ ဟိ စိတ္တံ အစရှိသော စကားရပ်၌။ အဓိပ္ပါယော၊ အဋ္ဌကထာဆရာ၏ အလိုတည်း။
တဝ ပတေနပိ။ ။အဖြင့် မိမိသကါဒီ၏အလိုကို ပေါင်း။ “ငါ၌ အလိုအား ဖြင့်သာ ပဋိသန္ဓေ၏ ဥပါဒ်၌ ပုရေဒဘပစ္စယဝေကလ္လ ဖြစ်သည် မဟုတ်သေး၊ သ၏ အလိုအားဖြင့်လည်း ပဋိသန္ဓေ၏ ဥပါဒ်မှာ ပဉ္စယဝေကလ္လဖြစ်သည်သာ"ဟူလို။
ဝုတိဝိဝတ္တန။ပေ။ဝိစာရေတဗ္ဗာ။ ။မူလ၏ ငြိမ်းပြီးဖြစ်သည့်အတွက် ရဟန္တာ တို့၏စုတိစိတ်သည် ရုပ်ကိုမဖြစ်စေနိုင်”ဟူသော စကားကို ဋီကာဆရာ မနှစ်သက်၊မနှစ်သက် ခြင်း၏ အကြောင်းကား အဋ္ဌကထာဆရာက “ရဟန္တာတို့၏ စုတိစိတ်သည် ရုပ်ကို ဖြစ် စေနိုင်လျှင် ထိုရုပ်သည် နောက်ဘဝ၌ ဆက်သွားလိမ့်မည်”ဟု ယူဆဟန်တူ၏၊ ထိုသို့ ဆက်သွားမည် မစိုးဘို့ရာ “ စုတိစိတ်ကြောင့်ဖြစ်သော ရုပ်သည် နောက်ဘဝ၌ မဆက်ပါ” ဟု အကြောင်းပြသည်၊ သို့သော် အဋ္ဌကထာဆရာ၏ အလိုမှာ ဋီကာယူဆသလို မဟုတ်၊ “အဝိဇ္ဇာ တဏှာ ဟူသော ဝဋ်မြစ်ရှိသေးလျှင် စုတိပြီးနောက် ပဋိသန္ဓေအသစ် ဖြစ်ရာ၏၊ ထိုပဋိသန္ဓေအသစ်အား ကျေးဇူးပြုဘို့ရန် ရဟန္တာတို့၏ စုတိမှာလည်း အနန္တရသတ္တိရှိရာ ၏၊ အမှန်အားဖြင့် ရဟန္တာတို့၏ စုတိစိတ်မှာ အနန္တရသတ္တိမရှိ၊ ထိုသတ္တိ မရှိသော ကြောင့် ရုပ်ကိုလည်း မဖြစ်စေနိုင်”ဟု မဓုဋိကာ ပြသည်။
ဥတုနာ သမုဋ္ဌိတေ ရူပေ။ ။ဥတုနာအရ ပဋိသန္ဓေစိတ်နှင့် တကွဖြစ်သော ကမ္မဇရုပ် ၃၀- တွင် ပါဝင်သော ဥတု ၃-ခုကိုယူ၍ ထိုဥတုက ပဋိသန္ဓေစိတ်၏ ဌခဏ၌ ရုပ်ကို စ၍ဖြစ်စေရာ ဝယ် ဘင်ခဏရောက်သောအခါ “သတ၊ ဖြစ်ပြီး”ဖြစ်၏၊ ထို့ကြောင့် အနု၌ သမုဋ္ဌိတေ ရူပေတိ ပဋိသန္ဓေစိတ္တသာ ဘင်္ဂက္ခဏေ ရူပေ သမုဋ္ဌိတေ”ဟု ဖွင့်သည်။ မဓု၌ကား ဖြစ်ဆဲခဏကို ရည်ရွယ်၍ “ပဋိသန္ဓေစိတ္တသာ ဗြိတိက္ခဏေ ရူပေ သတေ”ဟု ဖွင့်လေ၏။ အတိတ်ဟော တ-ပစ္စည်းဖြစ်၍ အနုဖွင့်ပုံက ကောင်းမည် ထင်သည်။
ဥပ္ပါဒနိရောဓက္ခဏာ။ ။“သောဠသစိတ္တာနိ ဥပ္ပဇ္ဇိန္နာ နိရုဋ္ဌိ”ဟု ဆိုသောကြောင့် ဥပ္ပါဒအရ အစဆုံးစိတ်၏ ဥပါဒ်ခဏကို၎င်း နိရောဓအရ နောက်ဆုံးစိတ်၏ ဘင်ခဏကို၎င်း ဝဒန္တိဆရာတို့ ယူကြ၏၊ သို့သော် “ရေမာနက္ခဏေ ဂဟိတာ”ဟူသောစကားကို ထောက် လျှင် ဥတု၏ ရေမာနက္ခဏတည်း၊ ထို ့ကြောင့် ဥတု၏ (ဥတုကဲ့သို့သော ရုပ်ဟူသမျှ၏) ဥပ္ပါဒနိရောဓခဏကိုသာ ယူသင့်သည်။ ဥပ္ပါဒနိရောဓက္ခဏာတိ ယထာဝုတ္တေသု သောဠ သသု စိတ္တေသု အာဒိ စိတ္တဿ ဥပ္ပါဒက္ခဏေ, သောဠသမစိတ္တဿ နိရောဓက္ခဏော စာတိ ၀ဒန္တိ၊ ရူပသော ပန ဥပ္ပါဒနိရောဓက္ခဏာ ဝေဒိတဗ္ဗာ။’အနု။] (ဧဝံသတိ၊ သော်)။ ရူပ၊ ရုပ်သည်။ သောဠသစိတ္တက္ခဏာသုကံ၊ ၁၆ ချက် စိတ္တက္ခအသက်ရှိ၏။ ဣတိ၊ ဤအဓိပ္ပါယ်သည်။ ဝါ၊ ကို။ ဝုတ္တံ၊ ဆိုအပ်သည်။ ဝါ၊ ဆိုလိုသည်။ ဟောတိ၊ ၏။ ဥပ္ပါဒက္ခဏံ၊ ဥတု၏ ဥပါဒ်ခဏကို။ အဂ္ဂဟေတွာ၊ ဓရမာနက္ခဏ၌ မယူမူ၍။ နိရောဓက္ခဏောဝ၊ နိရောဓက္ခဏကိုသာ။ အထဂဟိတော၊ အကယ်၍ ဓရမာနက္ခဏ၌ ယူအပ်သည်ဖြစ်အံ့။ (ဧဝံ သတိ၊ သော်။ ရူပံ၊ သည်)။ သတ္တရသစိတ္တက္ခဏာယုကံ၊ ၁၇ ချက် စိတ္တက္ခဏ အသက်ရှိ၏။ ဣတိ၊ သည်။ ဝါ၊ ကို။ (ဝုတ္တံ ဟောတိ)၊ နိရောဓက္ခဏံ၊ ဥတု၏ ချုပ်ရာခဏကို။ (ဘင်ခဏကို)။ အဂ္ဂဟေတွာ၊ ဓရမာနက္ခဏ၌ မယူမူ၍။ ဥပ္ပါဒက္ခဏော၊ ဥတု၏ ဖြစ်ရာ ခဏကို။ ဝါ၊ ဥပါဒ်ခဏကို။ သစေ ဂဟိတော၊ အကယ်၍ ဓရမာနက္ခဏ၌ ယူအပ်သည်ဖြစ်အံ့။ (ဧဝံ သတိ၊ သော်။ ရူပံ၊ သည်) အဓိကသောဠသစိတ္တက္ခဏာယုကံ၊ အပိုအလွန်နှင့် တကွ ၁၆ ချက် စိတ္တက္ခဏ အသက်ရှိ၏။ ဣတိ (ဝုတ္တံ, ဟောတိ)၊ [ချုပ်ရာဘင်ခဏကိုလည်း မယူသောကြောင့် စိတ္တက္ခဏ ၁၆ ချက်ထက် ခဏငယ်တချက်ပိုလွန်သည် ဟူလို။] ပန၊ သို့မဟုတ်။ ဥပ္ပါဒနိရောဓက္ခဏာ၊ ဥတု၏ ဖြစ်ရာခဏ, ချုပ်ရာခဏတို့ကို။ ဓရမာနက္ခဏေ၊ ထင်ရှားရှိရာခဏ၌။ ယဒိ န ဂဟိတာ၊ အကယ်၍ မယူအပ်ကုန်သည်ဖြစ်အံ့။ (ဧဝံ သတိ၊ သော်။ ရူပံ၊ သည်)။ အဓိကသတ္တရသ စိတ္တက္ခဏာယုကံ၊ အပိုအလွန်နှင့်တကွ ၁၇ ချက် စိတ္တက္ခဏ အသက်ရှိ၏။ ဣတိ (ဝုတ္တံ, ဟောတိ)၊ [၁၇ ချက်ထက်ခဏငယ်တချက်ပိုသည် ဟူလို။]
ပဋိသန္ဓေက္ခိဏေတိ ဣဒံ၊ ဟူသော ဤစကားကို။ နယဒဿနမတ္တံ၊ နည်းကို ပြကြောင်းစကားမျှ ဟူ၍။ ဒဋ္ဌဗ္ဗံ၊ မှတ်ထိုက်၏။ [သဒ္ဒါကျမ်း၌ ဥဒါဟ ရုဏ်ပြသကဲ့သို့ နိဒဿနနည်းကို ပြခြင်းဟုမှတ်ပါ။] (ကသ္မာ၊ နည်း)။ တတော၊ ထို ပဋိသန္ဓေခဏမှ။ ပရမ္ပိ၊ ၌လည်း။ (ပဋိသန္ဓေနောင်ပဌမဘဝင် စသော စိတ်၏ ဥပါဒ်တိုင်း၌လည်း)။ ရူပါရူပါနံ၊ ရုပ်တရား, နာမ်တရားတို့၏။ သဟုပ္ပတ္တိသဗ္ဘာဝတော၊ အတူတကွဖြစ်ခြင်း၏ ထင်ရှားရှိခြင်းကြောင့်တည်း။
ပန၊ ဗျတိရိက်ကား။ ဧတံ၊ ပဋိသန္ဓိက္ခဏေ ဟူသော ဤစကားကို။ ပဋိသန္ဓိက္ခဏေ၊ ပဋိသန္ဓေ၏ ဥပါဒ်ခဏ၌။ အဟုပ္ပတ္တိအဘာဝံ၊ အတူတကွမဖြစ်ခြင်း၏ မရှိခြင်းကို။ သန္ဓာယ၊ ၍။ (သင်္ဂဟကာရေန) န ဝုတ္တံ၊ ဆိုအပ်သည် မဟုတ်။ ဣတိ၊ ဤသို့။ ဒဋ္ဌဗ္ဗံ၊ မှတ်ထိုက်၏။ ပဋိသန္ဓိစိတ္တဿ၊ ပဋိသန္ဓေ စိတ်၏။ ဌိတိဘင်္ဂက္ခဏေသုပိ၊ ဌီခဏ, ဘင်ခဏတို့၌လည်း။ ရူပုပ္ပတ္တိံ၊ ရုပ်၏ဖြစ်ခြင်းကို။ သယမေဝ၊ အဋ္ဌကထာ ဆရာ ကိုယ်တိုင်ပင်။ ဝက္ခတိ၊ ဆိုလတ္တံ့။ ဣတိ၊ ဤသို့မှတ်အပ်၏။ န ပနေတံ ။ပေ ။ဒဋ္ဌဗ္ဗံ ။ ။ဤ “ပဋိသန္ဓေက္ခဏေ”ဟူသော ပါဌ်ဖြင့် ပဋိသန္ဓေ၏ ဥပါဒ်ခဏ၌ ရုပ်နှင့်နာမ်တို့ တကူမဖြစ် မရှိ ကန်တကွ ဖြစ်ရသည်သာဟု အမြဲသတ်မှတ် ဆုံးဖြတ်ခြင်းကိုလည်း မရည်ရွယ်ပါ၊ ဘာ့ကြောင့်နည်း’- အရူပ ပဋိသန္ဓေတို့၏ ဥပါဒ် ခဏ၌ ရုပ်နာမ်တို့ အတူတကွဖြစ်ခြင်း မရှိသောကြောင့်တည်း။ ထို့ကြောင့် “န ပနေတံ ။ပေ။ဖွံ့”ဟု မိန့်သည်။ ထို့ပြင်’ပဋိသန္ဓေ၏ ဥပါဒ်ခဏ၌သာ ရုပ်တရားတို့၏ ဖြစ်ခြင်း ရှိသည်ဟုလည်း. မသတ်မှတ်လို၊ ဘာ့ကြောင့်နည်း ဋ္ဌီခဏ ဘင်ခဏတို့၌လည်း ရုပ် တရားတို့ဖြစ်ခြင်းရှိသောကြောင့်တည်း။ ထို့ကြောင့် “ပဋိသန္ဓေစိတ္တဿ။ပေ။ ဝက္ခတိ” မိန့်လိမ့်မည်။ ယထာစ "ပဋိသန္ဓေက္ခဏေ ဝေါ”တိ နိယမော န ဂဟေတဗ္ဗော၊ ဧဝံ “ဧကက္ခဏေ ဧဝ ပါတုဘာဝေါတိပိ နိယမော န ဂဟေတဗ္ဗောတိ ဒန္တော န ပနေတန္တိ အာဒိ မာဟ။-အနု]
အညဿ စိတ္တဿ။ပေ။န သင်္ဂဟိတံ။ ။ထို ၂-ပါးစုံ၌ပင် အခြားသော ရွှေစိတ်၏ ညီခဏ၌ဖြစ်၍ အခြားသောနောက်စိတ်၏ ငြိခဏ၌ ချုပ်လတ္တံ့သော ရုပ်ကို၎င်း, ထိုရုပ်၏ ဒီခဏ၌ဖြစ်၍ ထိုရုပ်၏ ရိုခံဏ၌ပင် ချုပ်လတ္တံ့သော နာမ်တရားကို၎င်း မသိမ်းယူအပ် သေး၊ ထို ရုပ်နာမ် ၂-ရပ်လုံးကိုပင် နောက်၌ ပြအပ်လတ္တံ့ သော “နာနုပ္ပါဒတော နာနာ- နိရောဓကော”၌သာ သိမ်းယူလိမ့်မည်။
ဧ တ္ထ။ပေ။ဒဿိတတ္တာ။ ။တ္တာတိ တသ္မိံ နာနုပ္ပါဒေကနိရောဓတာ ဒီပနေ၊ ဗြိတိက္ခဏေတိ အရူပသ ရူပဿ စ ဌိတိက္ခဏေ ဥပ္ပန္နဿ ရုပဿ စ အရူပ စ ဒဿိတတ္တာ၊ ဤ နာနုပ္ပါဒ ဧကနိရောဓတာကို ပြရာ၌ နာမ်တရား၏ ကေ၌ဖြစ်သော ရုပ်တရားကို ၎င်း, ရုပ်တရား၏ ခဏ၌ဖြစ်သော နာမ်တရားကို၎င်း ပြအပ်ပြီးဖြစ်၏၊ ထိုသို့ဖြစ်ပုံကို အဋ္ဌကထာ၌ရှုပါ၊ ဤသို့ ပြအပ်ပြီးဖြစ်သောကြောင့် မပြအပ်သေးသော ရုပ်တရား နာမ် တရားအတွက် နည်းပြဖြစ်သည် ဟူလို။
အဒဿိတဿ။ “မပြအပ်သေး” ဟူရာ၌လည်း ဤ နာနုပ္ပါဒ ဧကနိရောဓကို ပြရာ ငယ် အကျယ်ဝေဘန်၍ပြသကဲ့သို့ ထို နာနုပ္ပါဒနာနာနိရောဓတာကိုပြရာ၌ အကျယ်ဝေဘန် ၍ မပြအပ်သည်ကို အဒသိတဟု ဆိုလိုသည်။ [အဒဿိဘတ္တံာတိ ယထာ ဧဝံ တ္ထု၊ ဧဝံ တတ္ထ ဝိဘဇိန္နာ အဒသိတဿ။အနု၊
သမတ္တိံ သ ကမ္မဇရူပေသု ဧဝ။ ။ပစ္ဆိမ ကမ္မဇရုပ်ကို ပြရာ၌ အဘယ့်ကြောင့် သမတ္တိ ံသကမ္မဇရုပ်ကိုသာ ယှဉ်စေအပ် သုံးစွဲအပ်ပါသနည်း၊ ဩပပါတိကပုဂ္ဂိုလ်တို့အတွက် သတ္တတိကမ္မဇရုပ်၌ပါသော ပစ္ဆိမကမ္မဇရုပ်ကိုလည်း ယှဉ်စေထိုက်သည်မဟုတ်ပါလောဟု စောဒနာဘွယ်ရှိသောကြောင့် “သမတ္တိ”သ။ပေ။ ယောဇိတံ”ဟု မိန့်သည်။ ဂဗ္ဘသေယျက သတ္တဝါတို့သည် အမိဝမ်း၌ ပဋိသန္ဓေတည်နေစဝယ် သေနိုင်၏၊ ထိုသို့ သေလျှင် ပစ္ဆိမ ကမ္မဇရုပ်သည် သမတ္တိ"သကမ္မဇရုပ်တွင် ပါဝင်သော ကမ္မဇရုပ်သာ ဖြစ်နိုင်၏၊ ဩပပါတိက ပုဂ္ဂိုလ်များကား ထိုကဲ့သို့ အမိဝမ်း၌မသေနိုင်၊ ထို့ကြောင့် သမတ္တိ“သကမ္မဇရုပ်၌ ပါဝင် သော ပစ္ဆိမကမ္မဇရုပ်ကိုသာ ယှဉ်စေအပ် သုံးစွဲအပ်ပါသည်’ဟူလို။
န ဟိ တံ။ပေ။ပဝတ္တေယျ။ ။ထိုသို့ ဖြစ်ထိုက်ခြင်း၏ အကြောင်းကို၊ ပြလိုသော ကြောင့် “န ဟိ တံ” စသည်ကိုမိန့်။ ထိုကံကြောင့်ဖြစ်သော ရုပ်တရား နာမ်တရားတို့တွင် “အချို့ကိုသာဖြစ်စေ၍ အချို့ကို မဖြစ်စေ” ဟု ခွဲခြားဘို့ရန်အကြောင်း မရှိ၊ ထိုသို့မရှိ သောကြောင့် ထိုဝတ္ထုရုပ် ၆-ပါးကို မှီသော ဘဝင်စသောဝိပါက်စိတ်များလည်း ထို ဝတ္ထုရုပ်ကို ဖြစ်စေတတ်သောကံကြောင့်ပင် ဖြစ်သင့်ပါသည်’ဟူလို။
တသ္မာ။ပေ။အနူနတ္တာ။ [တသာ ထို ဟိတ်၏ဖိုလ် စွဲဆိုမြဲထုံးစံ”နှင့် အညီ ဖလဝါကျကို ပြန်၍ စွဲရသည်။] ပြအပ်ခဲ့သည့်အတိုင်း ကမ္မဇရုပ်ဖြစ်သော ဝတ္ထုရုပ် ၆-ပါးနှင့် ဘဝင်စသော နာမ်တရားတို့ ဆက်၍ဖြစ်နေလျှင် အာယု ဥသ္မာ ဘဝင် ၊ ဝိညာဉ်တို့ မလျော့ကြ၊ ထို အားလုံးကိုပင် ဝိတသင်္ခါရ”ဟု ခေါ်သည်။ ဇီဝိတ သင်္ခါရာနံ၊ ဥသ္မာ, ဝိညာဉ် စသည်တို့ကို ပြုစီမံတတ်သော အသက်, အသက်သည် ပြုစီမံအပ်သော ဥသ္မာ, ဝိညာဉ် အစရှိသည်တို့၏။ အနူနတ္တာ၊ မယုတ်လျော့ကုန်သည်၏ အဖြစ်ကြောင့်။ အမရာနာမ ဘဝေယျုန္တိ၊ ဟူ၍။ (သင်္ဂဟကာရေန) ဝုတ္တံ၊ ဆိုအပ်ပြီ။
ဣတိ အဓိပ္ပါယော။ ။အဋ္ဌကထာ၌ “ဧကေဿ စိတ္တဿ ဥပ္ပါဒက္ခဏေ ဥပ္ပန္နံ ရုပ အညဿ ဥပ္ပါဒက္ခဏေ နိရုဇ္ဈတိ” ဟု ဤမျှလောက်သာ ပြထားသော်လည်း ထိုစကားကို အကျယ်ချဲ့၍ ဗြိတိက္ခဏေ ဥပ္ပန္နံ အညာ ဌိတိက္ခဏေ၊ ဘင်္ဂက္ခဏေ ဥ၊ အည ဘင်္ဂက္ခဏေ နိရုဇ္ဈတိ"ဟု ဋီကာဆရာ ဖြည့်စွက်ထားသည်။ ထိုသို့ ဖြည့်စွက်ပြီးလျှင် ဤ အားလုံးသောစကားကို ရှေးအဋ္ဌကထာ၌ လာသောကြောင့်သာ မိမိ (ရှင်ဗုဒ္ဓဃောသ) ဆိုအပ်ပါသည်။ မိမိအလိုကား ဤအတိုင်း မဟုတ်ပါ-ဟူလို။ ဌိတိက္ခဏေ၊ ၁၇ ချက်မြောက် နောက်စိတ်၏ ဌီခဏ၌။ နိရုဇ္ဈဝိ၊ ချုပ်၏။ ဣတိ၊ ဤအနက်အဓိပ္ပါယ်ကို။ ဒီပေတိယေဝ၊ ပြသည်သာ။
ပန၊ ဆက်။ ဧတေဟိ၊ ဤ အဋ္ဌကထာဆရာ ညွှန်ပြအပ်သော ဧကုပ္ပါဒ ဧကနိရောဓတာ, နာနုပ္ပါဒ နာနာနိရောဓတာတို့ဖြင့်။ (တနည်း) ဧတေဟိ၊ ဤ အဋ္ဌကထာဆရာတို့သည်။ ရူပဿ၊ ရုပ်၏။ ယာ သတ္တရသစိတ္တက္ခဏာယုကတာ၊ အကြင် ၁၇ ချက် စိတ္တက္ခဏအသက်ရှိသည်၏ အဖြစ်ကို။ ဝုတ္တာ၊ ဆိုအပ်ပြီ။ အဋ္ဌကထာယံ၊ ရှေးအဋ္ဌကထာ၌။ ရူပဿ၊ ၏)။ ယာ တတိယဘာဂါဓိကသောဠသစိတ္တဥ္ခဏာယုကတာစ၊ အကြင် သုံးခုမြောက်တဘို့ အလွန်ရှိသော ၁၆ ချက် စိတ္တက္ခဏ အသက်ရှိသည်၏ အဖြစ်ကိုလည်း။ [စိတ္တက္ခဏ ၁၆ ချက်နှင့် ခဏငယ် တချက် အသက်ရှိသည်၏ အဖြစ်ကိုလည်း ဟူလို။] (ဝုတ္တာ၊ ပြီ)။ သာ၊ ထို သတ္တရသ စိတ္တက္ခဏာယုကတာ, တတိယဘာဂါဓိကသောဠသစိတ္တက္ခဏာ ယုကတာသည်။ (ဝိရုဇ္ဈတိ ၌စပ်)။ ပဋိစ္စ သမုပ္ပါဒဝဘင်္ဂဋ္ဌကထာယံ၊ ပဋိစ္စသမုပ္ပါဒ် ဝိဘင်း အဋ္ဌ ကထာ၌။ အတီတာရမ္မဏာယ၊ အတိတ် အာရုံဟူသော အာရုံရှိသော။ စုတိယာ၊ စုတိ၏။ အနန္တရာ၊ အခြားမဲ့၌။ ပစ္စုပ္ပန္နာရမ္မဏံ၊ ပစ္စုပ္ပန် အာရုံဟူသောအာရုံရှိသော။ ပဋိသန္ဓိံ၊ ပဋိသန္ဓေကို။ ဒဿေတုံ၊ ပြခြင်းငှာ။ "ဧတ္တာဝတာ ။ပေ။ ပဋိသန္ဓိစိတ္တံ ဥပ္ပဇ္ဇတီတိ၊ ဟူ၍။ ဒဿိတေန၊ ပြအပ်သော။ သောဠသစိတ္တက္ခစာယုကဘာဝေန၊ ၁၆ ချက် စိတ္တက္ခဏ အသက်ရှိသည်၏အဖြစ်နှင့်။ ဝိရုဇ္ဈတိ၊ ဆန့်ကျင်၏။ [အရှင် ဗုဒ္ဓဃောသ ဆရာအလို စိတ္တက္ခဏ တချက်ပိုနေ၏။ ရှေး အဋ္ဌကထာဆရာအလို ခဏငယ် တချက်ပိုနေ၏။ ထို့ကြောင့် ဆန့်ကျင်သည် ဟူလို။]
သာဓက အနက်။ ။ ဧတ္တာဝတာ၊ ဤမျှအတိုင်းအရှည် ရှိသော စကားအစဉ်ဖြင့်။ ဧကာဒသ၊ ၁၁ ချက်ကုန်သော။ စိတ္တက္ခဏာ၊ စိတ္တက္ခဏတို့သည်။ အတီတာ၊ လွန်ကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ တထာ၊ ထိုမှတပါး။ ပဉ္စဒသ၊ ၁၅ ချက်ကုန်သော။ စိတ္တက္ခဏာ၊ စိတ္တက္ခဏတို့သည်။ အတီတာ၊ ကုန်သည်။ ဟောန္တိ၊ ကုန်၏။ အထ၊ ထိုမှနောက်၌. အဝသေသပဉ္စစိတ္တဧကစိတ္တက္ခဏာယုကေ၊ ကြွင်းသော ၅ ခုသော စိတ္တက္ခဏ အသက်ရှိ, တခုသော စိတ္တက္ခဏ အသက်ရှိသော။ တသ္မိံ ယေဝါရမ္မဏေ၊ ထို အာရုံ၌ပင်။ ပဋိသန္ဓိစိတ္တံ၊ ပဋိသန္ဓေစိတ်သည်။ ဥပ္ပဇ္ဇတိ၊ ဖြစ်၏။ [ဧကာဒသစိတ္တက္ခဏလွန်လျှင် ပဉ္စစိတ္တက္ခဏ အသက် ကျန်သောကြောင့်၎င်း, ရုပ်အာရုံ၏ အသက် စိတ္တက္ခဏ ၁၆ ချက်သာရှိသည် ဟူလို။ "ဧကာဒဿစိတ္တက္ခဏာ အတီတာ" နှင့်တွဲဘို့ရန် ""ပဉ္စစိတ္တက္ခဏာယုက" ဟု၎င်း, "ပဉ္စစိတ္တက္ခဏာ အတီတာ" နှင့် တွဲဘို့ရန် "ဧကစိတ္တက္ခဏာယုက" ဟု၎င်း ဆိုသည်။ ပါဠိအကျယ်ကို ပဋိစ္စသမုပ္ပါဒ် ဝိဘင်းအဋ္ဌကထာ၌ ရှုပါ။]
(ကသ္မာ၊ နည်း)။ ဟိ (ယသ္မာ)၊ တေန ဝစနေန၊ ထို ယဿ ကာယသင်္ခါရော အစရှိသော စကားဖြင့်။ အညရူပါနံ၊ စိတ္တဇရုပ်မှ တပါးသော ကမ္မဇ ဥတုဇ အာဟာရဇရုပ်တို့၏။ စိတ္တေန၊ စိတ်နှင့်။ သဟုပ္ပါဒသဟနိရောဓ ပဋိက္ခေပေါ၊ အတူတကွဖြစ်ခြင်း, အတူတကွချုပ်ခြင်းကို ပယ်ခြင်းကို။ န ကတော၊ ပြုတော်မမူအပ်။ နာနုပ္ပါဒနာနာနိရောဓာနုဇာနနမ္ပိ၊ အသီးသီးသော ဖြစ်ခြင်း, အသီးသီးသော ချုပ်ခြင်းကို ခွင့်ပြုတော်မူခြင်းကိုလည်း။ န ကတံ၊ ပြုတော်မမူအပ်။ စိတ္တသမုဋ္ဌာနတော၊ စိတ္တသမုဋ္ဌာန်ရုပ်မှ။ အညဿ၊ အခြားသော ရုပ်၏။ အဗျာကတဘာဝိဝါရဏဉ္စ၊ အဗျာကတ၏ အဖြစ်ကို တားမြစ်ခြင်းကို လည်း။ နေဝကတံ၊ ပြုတော်မမူအပ်သည်သာ။
တသ္မာ၊ ထို့ကြောင့်။ တထာ၊ ထို ဆိုအပ်ပြီးသော အခြင်းအရာအားဖြင့်။ အပ္ပဋိက္ခိတ္တာနာနုညာတာနိဝါရိတာ ဗျာကတဘာဝါနံ၊ မပယ်အပ်သော သဟုပ္ပါဒသဟနိရောဓ၏ အဖြစ်, ခွင့်မပြုအပ်သော နာနုပ္ပါဒ နာနာနိရောဓ၏ အဖြစ်, မတားမြစ်အပ်သော အဗျာကတ၏ အဖြစ်ရှိကုန်သော။ သဟုပ္ပါဒသဟနိရောဓာဒိကာနံ၊ အတူတကဖြစ်ခြင်း, ချုပ်ခြင်း အစရှိသော။ ကမ္မဇာဒီနံ၊ ကမ္မဇ အစရှိကုန်သော ရုပ်တို့၏။ ဧတေန၊ "ယဿ ကုသလာ ဓမ္မာ ဥပ္ပဇ္ဇန္တိ အစရှိသော ပါဠိတော်, န စိတ္တသမုဋ္ဌာနရူပမေဝ" ဟူသော ဤ ယုတ္တိစကားဖြင့်။ [ဧတေနာတိ ယဿ ကုသလာ ဓမ္မာ ဥပ္ပဇ္ဇန္တီတိ အာဒိကေန ပါဌေန, န စိတ္တသမုဋ္ဌာန ရူပမေဝါတိ ယုတ္တိဝစနေနစ။ အနု။] စိတ္တဿ၊ စိတ်၏။ ဥပ္ပါဒက္ခဏေ၊ ဥပါဒ်ခဏ၌။ နိရောဓော၊ ချုပ်ခြင်းကို။ ပဋိက္ခိတ္တော၊ ပယ်အပ်ပြီ။ ဣတိ၊ ထို့ကြောင့်။ ကမ္မဇာဒီနံ၊ ကမ္မဇ အစရှိသော ရုပ်တို့၏။ စိတ္တဿ၊ စိတ်၏။ ဥပ္ပါဒက္ခဏေ၊ ဥပါဒ်ခဏ၌။ နိရောဓံ၊ ချုပ်ခြင်းကို။ ဝတ္တုံ၊ ဆိုခြင်းငှာ။ န သက္ကာ၊ မတတ်ကောင်း။ [ဤတိုင်အောင်သော စကားတို့ဖြင့် "ယော စေတ္တ စိတ္တနိရောဓက္ခဏေ ရူပုပ္ပါဒေါ ဝုတ္တော၊ သော စ ဝိစာရေတဗ္ဗော" ၏ အကျယ္ကို ပြ၏။ သို့သော အကျယ်ကား မကုန်သေးပါ။]
နာပိစ။ပေ။သမုဋ္ဌာပေယျ ။ ရွှေဝါကျမှ စိတ္တံဟူသော ကတ္တားပုဒ်ကို လိုက်စေ၍ ဂစ္ဆတိ၌ စပ်ပါ။ ထိုပျက်ဆဲခဏ၌ စိတ်သည် မိမိကိုယ်တိုင် ရုပ်ကို မဖြစ်စေနိုင်ရုံသာမက, ရုပ်ကို ဖြစ်စေနိုင်သော ဥတု အာဟာရတို့အားလည်း သဟဇာတနိဿယ ပစ္ဆာဇာတ အထိ စသော သတ္တိဖြင့် ကျေးဇူးပြုကာ အဖော်သဟာယ်၏ အဖြစ်သို့သော်မှလည်း မရောက်နိုင်။ [ပိသဒ္ဒါသည် ဂရဟာဇောတ, စ သဒ္ဒါကား ရွှေဝါကျကို ဆည်းသော သမုစ္စည်းတည်း။ သဟာယဘာဝံ နာပိ ဂစ္ဆတိ, နိဿယတ္ထိဘာဝါဒိနာ ပစ္စယဘာဝါ- ဘာဝတော။’အနု။]
ဣတိ ပဋိသန္ဓေစိတ္တေန။ပ။သမုဋ္ဌာပေယျ။ ။အဋ္ဌကထာဆရာတို့အလိုအားဖြင့် ပဋိ- သန္ဓေစိတ်နှင့် အတူဖြစ်သော ကမ္မဇရုပ်တို့တွင် ပါဝင်သော ဥတုသည် ပဋိသန္ဓေစိတ်၏ ဗွီအခိုက်ရောက်သောအခါ ရုပ်ကို ဖြစ်စေနိုင်၏ဟု ယူဆကြ၏။ သို့သော် ရှိခဏလည်း မရှိ စိတ်မှာ ဥပါဒ်နှင့် ဘင်အားဖြင့် ခဏ ၂-ပါးသာ ရှိသည်-ဟူလို။ စိတ်၏ ဘင်ခဏ၌လည်း ပျက်ဆဲစိတ်က ရုပ်အား အဖော်အဖြစ်ဖြင့် ကျေးဇူး မပြုနိုင်၊ ထို ့ကြောင့် ပဋိသန္ဓေ စိတ်နှင့် အတူဖြစ်သော ဥတုသည် ထိုစိတ်၏ အခြားမဲ့ဖြစ်သော ပဌမဘဝင်၏ ဥပ္ပါဒ်ခဏ ကျမှ ရုပ်ကို ဖြစ်စေနိုင်စရာရှိတော့သည်။
စ၊ လဒ္ဓဂုဏ်ကို ဆိုဦးအံ့။ ဧဝံ၊ ဤသို့ ဖြစ်လသော်။ ရူပါ ရူပါနံ၊ ရုပ်တရား နာမ်တရားတို့၏။ အာဒိမှိ၊ တဘဝ၏ အစ၌။ သဟ၊ အတူတကွ။ ဝါ၊ တပြိုင်နက်။ ရူပသမုဋ္ဌာပနတော၊ ရုပ်ကို ဖြစ်စေနိုင်ခြင်းကြောင့်။ ပုဗ္ဗာပရတောတိ ဣဒမ္ပိ၊ ပုဗ္ဗာပရတော ဟူသော ဤ ဒဋ္ဌဗ္ဗာကာရသည်လည်း။ နတ္ထိ၊ မရှိတော့။
စ၊ ဆက်။ စိတ္တံ၊ သည်။ အတိလဟုပရိဝတ္တံ၊ အလွန်လျင်မြန်သော ပြောင်းလွဲခြင်းရှိ၏။ ဣတိ၊ ကြောင့်။ ယေန၊ အကြင်စိတ်နှင့်။ သဟ၊ တကွ။ ဝါ၊ တပြိုင်နက်။ (ရူပံ၊ သည်)။ ဥပ္ပဇ္ဇတိ၊ ဖြစ်၏။ တံ စိတ္တက္ခဏေ၊ ထို စိတ်၏ ဖြစ်ရာ ဥပါဒ်ခဏ ဘင်ခဏ၌။ ရူပံ၊ သည်။ ဥပ္ပဇ္ဇမာနမေဝ၊ ဖြစ်ဆဲသာလျှင်တည်း။ ဣတိ၊ ဤသို့။ ဝတ္တုံ၊ ဆိုခြင်းငှာ။ သက္ကာ၊ တတ်ကောင်း၏။
အတိလဟု။ပေ။ဝတ္ထုံ။ ။စိတ်သည် အပြောင်းအလွှဲ အလွန်မြန်ရကား ရုပ်သည် အကြင်စိတ်နှင့် အတူဖြစ်၏။ ထိုစိတ်၏ဖြစ်ရာ (ဥပါဒ်ခဏ ဘင်ခဏ၌) ထိုရုပ်သည် ဣသို့ မရောက်သေးဘဲ ဖြစ်ဆဲဟုသာ ဆိုသင့်တော့၏၊ “ရုပ်၏ ဥပါဒ်ခဏသည် စိတ္တက္ခဏ (ဥပါဒ် ဘင်နှင့်) ညီမျှ၏”ဟု ဆိုသင့်တော့သည်-ဟူလို။ [တကယ်ကား မဆိုလိုက်ကြောင်းကို နောက်၌ ပြလိမ့်မည်။ တံ စိတ္တက္ခဏေတိ တဿ စိတ္တဿ ခဏေ၊ ခဏယေပီတိ အတ္ထော။’အနု။]
တေနေဝ ဟိ။ ။ဟေဓနဝါတိ အတိလဟုပဝတ္ထိဘာဝေနေဝ၊ အထပါ’တေနေ- ဝါတိ ဒန္ဓပရိဝတ္တိကတာယ ရူပဿ သကလံ ဧကစိတ္တက္ခဏံ၊ (ဥပါဒ်နှင့်ဘင်ခဏပတ်လုံး။) ဥပ္ပဇ္ဇမာနဘာဝေနေဝ။’အနု။] စိတ်က အလွန်မြန်ခြင်း, ရုပ်က အလွန်နှေး၍ စိတ္တက္ခဏ ၂-ခဏကာလ၌ ဖြစ်ရုံသာရှိသေးခြင်းဟူသော ထိုအကြောင်း ၂-ပါးကြောင့်ပင် ထိုစိတ် သည် ပဋိသန္ဓေမှ အထက်ဖြစ်သော နောက်ကာလ၌ (စိတ္တသမုဋ္ဌာန်ရုပ်ကို သဟဇာတ စသော သတ္တိဖြင့် ကျေးဇူးပြုသော်လည်း) စိတ္တသမုဋ္ဌာန် မဟုတ်ကြသော တိသမုဋ္ဌာန် “ ရုပ်တို့ကား မည်သည့်သတ္တိဖြင့်မျှ ကျေးဇူးမပြုနိုင်ဘဲ ရှိရလေသည်။ [ပဋိသန္ဓေခဏ၌ကား ကမ္မဇရုပ်တို့အား ပဋိသန္ဓေစိတ်က သဟဇာတစသော သတ္တိဖြင့် ကျေးဇူးပြုသေးသော ကြောင့် “ပဋိသန္နိတော ဥဒ္ဓံ”ဟု ဆိုသည်။] စ၊ ဆက်။ တဒနန္တရံ၊ ထို ပဋိသန္ဓေစိတ်၏ အခြားမဲ့၌။ တံ၊ ထို ရုပ်သည်။ ဌိတိပ္ပတ္တံ၊ ဌီသို့ ရောက်ပြီ။ ဣတိ၊ ကြောင့်။ တဒနန္တရံ၊ ထို ပဋိသန္ဓေစိတ်၏ အခြားမဲ့၌။ စိတ္တံ၊ ပဌမဘဝင်စိတ်သည်။ တဿ၊ ထို ဌိတိပ္ပတ္တရုပ်အား။ ပစ္ဆာဇာတပစ္စယော၊ ပစ္ဆာဇာတ သတ္တိဖြင့် ကျေးဇူးပြုသည်။ ဟောတိ၊ ၏။ သဟဇာတ ပစ္စယော၊ သဟဇာတ သတ္တိဖြင့် ကျေးဇူးပြုသည်။ န ဟောတိ၊ မဖြစ်။ ဣတိ၊ ဤသို့ မှတ်အပ်၏။ [ဤ၌ ဣတိပါသောကြောင့် "ကသ္မာ ယေန သဟုပ္ပဇ္ဇတိ၊ တံ စိတ္တက္ခဏေ ရူပံ ဥပ္ပဇ္ဇမာနမေဝါတိ ဝတ္တုံ သက္ကာ" ဟု ပုစ္ဆာထုတ် ၍ "ဟိ ယသ္မာ" ဟု ကာရဏဇောကတ ပြုပြီးလျှင် "ဣတိ တသ္မာ ဝတ္တုံသက္ကာ" ဟု ပြန်လှည့်၍ တနည်း အနက်ပေးပါ။]
ယဒိ ဧဝံ။ ယဒိ သကလံ စိတ္တက္ခဏံ(စိတ္တက္ခဏ ၂-ခုလုံး၌) ရူပံ ဥပ္ပဇ္ဇမာနမေဝ ဟောတိ။’အနု။) ရုပ်၏ ဥပါဒ်ခဏသည် စိတ္တက္ခဏတချက် (ခဏငယ် ၂-ချက်) ကြာ လျှင် “ကာယသင်္ခါရဟူသော ဝါယောဓာတ်ရုပ်၏ ဖြစ်ဆဲခဏ၌ ဝစီသင်္ခါရဟူသော ဝိတက် ဝိစာရနာမ်သည် ချုပ်သလော”ဟု မေးရာဝယ် “နော၊ ချုပ်ဆဲမဟုတ်”ဟု မဖြေ သင့်၊ “အာမန္တာ၊ ချုပ်ဆဲဟုတ်၏”ဟုသာ ဖြေသင့်သည်မဟုတ်လောဟု `စောဒနာအံ့၊ “န၊ ဒီလိုမဟုတ်, (နောဟု ဖြေဆိုဆိုက်၏။) ဘာ့ကြောင့်နည်း စိတ်၏ ချုပ်ဆဲခဏ၌ ရုပ်က မဖြစ်သောကြောင့် (စိတ်၏ ဥပါဒ်ခဏ၌သာ ရုပ်ကဖြစ်သောကြောင့် ထိုပြင်ဆဲ အခိုက်၌လည်း ၀စီသင်္ခါရဟူသော ပိတက် ဝိစာရက မချုပ်နိုင်ရကား) နော”ဟုသာ ဖြေ ထိုက်ပါသည်-ဟူလို။